[mrsorcerer:38162] “၉၆၉-မူဝါဒ” အား ခွဲခြမ်းစိတ်ဖြာခြင်း


"၉၆၉-မူဝါဒ" အား ခွဲခြမ်းစိတ်ဖြာခြင်း

by ဒီလူ ပန်းလောင်မြေ (Notes) on Sunday, May 5, 2013 at 3:37pm

စစ်မှန်တဲ့ ဗုဒ္ဓ၀ါဒရဲ့ core vale တွေကို မလျော့ကျစေချင်ပါ။ Apr 19 တုန်းက ပို့စ်လေး ပြန်တင်လိုက်ပါတယ်။

နေရဲ နဲ့ တကွ ၉၆၉ ကို အားပေးသူများ၊ ဦးဝီရသူကို အထိမခံနိုင်သူများ ... အချက်အလက်နှင့်ဆွေးနွေးလိုပါက  ဖိတ်ခေါ်ဆွေးနွေးလိုက်ပါတယ်။



(၁) (၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၂) (၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။

ဤအချက်များအတွက် အငြင်းပွားစရာမရှိပါ။ အကယ်၍ ၉၆၉ ကြောင့် လူသတ်မှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေလျှင် ၉၆၉ လှုပ်ရှားမှုသည် မူလ မူဝါဒနှင့် သွေဖည်သွားမည်ပြီး အန္တရာယ်မကင်းသော နောက်ကြောင်းမအေးသော လှုပ်ရှားမှုဖြစ်ကြောင်း အငြင်းပွားစရာ မလိုအောင် သေချာသွားပါမည်။

*****************************************************

(၃) (၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။

အမျိုးသားအမည်ခံပြီး လူမျိုးရေးခွဲခြားသော စီးပွားရေးခေါင်းစဉ်တပ်၍ အင်အားအများစု ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ အိမ်မြေရောင်းချ၊ ရောင်းဝယ်၊ အလုပ်ပေး ငှားရမ်းခြင်းသည် အနည်းစုအခြားဘာသာဝင်များအား အနိုင်ကျင့်သည့်မူဝါဒ မဟုတ်ပါဟု ငြင်းဆန်ရန်ခက်ခဲမည်။ "၉၆၉-လုပ်ငန်းစဉ်"သည် "၉၆၉-မူဝါဒ" ရှေ့နောက်လျော်ညီခြင်းမရှိ။

*****************************************************

(၄) (၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။

(၅) (၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။

ဤအချက်များအတွက် အငြင်းပွားစရာမရှိပါ။ အကယ်၍ ၉၆၉ ကြောင့် လူသတ်မှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေလျှင် ၉၆၉ လှုပ်ရှားမှုသည် မူလ မူဝါဒနှင့် သွေဖည်သွားမည်ပြီး အန္တရာယ်မကင်းသော နောက်ကြောင်းမအေးသော လှုပ်ရှားမှုဖြစ်ကြောင်း အငြင်းပွားစရာ မလိုအောင် သေချာသွားပါမည်။

*****************************************************

(၆) (၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။

အင်အားအများစု ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ အိမ်မြေရောင်းချ၊ ရောင်းဝယ်၊ အလုပ်ပေး ငှားရမ်းခြင်းသည်လည်းကောင်း၊ တိုင်းရင်းသူဦးရေ မလျော့ပါးရေး၊ တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး၊ တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. ဆိုသော အချက်များသည် သာသနာရေးနှင့် လူမျိုးရေး ရောထွေးပစ်သည့် ထုတ်ပြန်ကြေငြာချက်များသည်လည်းကောင်း လက်တွေ့တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးဖန်တီးဖို့ မဖြစ်နိုင်ပဲ တစ်ဖက်နှင့်တစ်ဖက် တင်းအားပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် "၉၆၉-လုပ်ငန်းစဉ်"သည် "၉၆၉-မူဝါဒ" ရှေ့နောက်လျော်ညီခြင်းမရှိ။

*****************************************************

(၇) (၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။

လက်တွေ့ ၉၆၉ လှုပ်ရှားမှုတွင် အထက်ဖော်ပြပါ အချက်(၇)အား အပြည့်အ၀ ကျူးလွန်စေသည့် ဖြစ်ရပ်များ ဖြစ်ပေါ်စေခြင်းကြောင့် ၉၆၉၏ မူဝါဒနှင့် လမ်းစဉ်သည် ရှေ့နောက်လျော်ညီခြင်းမရှိ။

*****************************************************

(၈) (၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။

လက်တွေ့ ၉၆၉ လှုပ်ရှားမှုအရ ၉၆၉ လှုပ်ရှားသူများကိုယ်တိုင် မိမိကိုယ်မိမိ ပြင်းထန်စွာ ရှုတ်ချရတော့မလို ဖြစ်နေပေသည်။

*****************************************************

(၉) (၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။

ဤအချက်နှင့် ပတ်သက်၍ စောဒကတက်ရန်မရှိပါ။ အမျိုးသမီးမျာ ဘုရားဆုပန်ခွင့် မရှိခြင်း၊ အချို့သော ဘာသာရေးအထွဋ်အမြတ်နေရာများသို့ အမျိုးသမီးများ တက်ရောက်ခွင့် မရှိခြင်းစသည့်အချက်များနှင့်တော့ ကိုက်ညီခြင်း မရှိပါ။

*****************************************************

(၁၀) (၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။

လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို ၉၆၉၏ ပြဌာန်းချက်များကဖြင့် ပြန်လည် ဖောက်ဖျက်နေသည်။

*****************************************************

(၁၁)(၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။

ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ အိမ်မြေရောင်းချ၊ ရောင်းဝယ်၊ အလုပ်ပေး ငှားရမ်းခြင်းသည်လည်းကောင်း၊ တိုင်းရင်းသူဦးရေ မလျော့ပါးရေး၊ တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး၊ တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. ဆိုသော အချက်များသည် သာသနာရေးနှင့် လူမျိုးရေး ရောထွေးပစ်သည့် ထုတ်ပြန်ကြေငြာချက်များသည်လည်းကောင်း အထက်ဖော်ပြပါ အချက်(၁၁)နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သောကြောင့် ၉၆၉၏ မူဝါဒနှင့် လမ်းစဉ်သည် ရှေ့နောက်လျော်ညီခြင်းမရှိ။

*****************************************************

(၁၂) (၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။

အချက်(၁)နှင့်(၂)ကို သုံးသပ်ထားသည့် အတိုင်းပင် ဖြစ်သည်။

*****************************************************

(၁၃) (၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်။

ယုတ်လတ်မြတ်မရွေး ဟူသော ဗုဒ္ဓ၀ါဒ၏ အခြေခံအချက်ကို ကျော်လွန်သည့် ပြဌာန်းချက်များသည်
၉၆၉ လမ်းစဉ်တွင် ပါဝင်ပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ အိမ်မြေရောင်းချ၊ ရောင်းဝယ်၊ အလုပ်ပေး ငှားရမ်းခြင်းသည်လည်းကောင်း၊ တိုင်းရင်းသူဦးရေ မလျော့ပါးရေး၊ တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး၊ တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. ဆိုသော အချက်များသည် သာသနာရေးနှင့် လူမျိုးရေး ရောထွေးပစ်သည့် ထုတ်ပြန်ကြေငြာချက်များသည်လည်းကောင်း အတ္တကို ဗဟိုပြုသည်မှာ ထင်ရှားသောကြောင့် အနတ္တသဘောမှ သွေဖည်ခွဲခွါသော မူဝါဒဖြစ်လာသည်။

*****************************************************

ထိုသို့အနတ္တသဘောမှ သွေဖည်ခွဲခွါသော မူဝါဒ ဖြစ်လာသည့် တပြိုင်နက် ၉၆၉ မူဝါဒသည် အယူလွဲမှားသော အတ္တဒိဋ္ဌိဝါဒ ဖြစ်လာပေမည်။ ယင်းသည် ဗုဒ္ဓ၀ါဒ စစ်စစ် မဖြစ်နိုင်တော့ပေ။

*****************************************************

ဒီနေရာလေးမှာ - မုံရွာ ရွှေစည်းခုံ စေတီ၊ (၁၁)ည ဓမ္မသဘင်ရဲ့ တတိယညမှာ ဆရာတော် ဒေါက်တာ အရှင်အာစာရ၏ တရားတော်ထဲ ကောက်ချက်လေးကို ချပြရင်း အထက်က ၉၆၉ မူဝါဒကို ယှဉ်တွဲ မြင်မိစေလိုပါတယ်။

"မြတ်စွာဘုရားက အနတ္တလို့ ဟောပေမယ့် ဗုဒ္ဓဘာသာဝင်တွေတောင် အတ္တကင်းဖို့ မလွယ်လှဘူး။ ဇီဝအတ္တဆိုတာ မရှိဘူးလို့ ဗဟုသုတ အနေနဲ့ သိမှတ်နိုင်ပေမယ့် လောကီစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့အခါ ငါ့အတွက်၊ ငါ့အမျိုးအတွက်၊ ငါ့နိုင်ငံအတွက်၊ ငါ့သာသနာအတွက် ဆိုတာလိုမျိုး အတ္တနဲ့ တွန်းတင်ပေးရသေးတယ်။ အတ္တဒိဋ္ဌိက သောတာပန် အရိယာဖြစ်မှ ကင်းစင်တာကိုး။ အရိယာ မဖြစ်သေးလို့ အတ္တမစင်သေးပေမယ့် ကိုယ့်အတ္တနဲ့ကိုယ် လောကီစီးပွားအတွက် ဆောင်ရွက်တဲ့ နေရာမှာ သူတစ်ပါးကို မထိပါးရင် တော်လှပါပြီ။
သာသနာမှာ ခေါင်းဆောင်ဖြစ်တဲ့ သံဃာ့လောကမှာကိုပဲ အတ္တမကင်းနိုင်ဘူး။ ဒီကိစ္စ တော်ရုံတန်ရုံဆို တော်သေးတယ်။ မတော်မတရား အဆင့်ထိ ရောက်လာရင် ရှက်ဖို့တောင် ကောင်းတယ်။
အနတ္တ အနတ္တလို့ အာဘောင်အာရင်း သန်သန်နဲ့ ဟောလေ့ရှိတဲ့ ဗုဒ္ဓဘာသာ သံဃာ့လောကမှာ အလားတူ အတ္တဆန်တာတွေ တွေ့တွေ့နေရတာ စိတ်မကောင်းစရာပဲ။ အောက်တန်းကျတဲ့ အတ္တအပြုအမူတွေ ဒီနေ့ခေတ်၊ ဒီနိုင်ငံမှာတောင် ရှိနေသေးတယ်။"

*****************************************************
- ဒါဟာ ဒေါက်တာ အရှင်အာစာရ မုံရွာ ရွှေစည်းခုံ စေတီမှာ ဟောခဲ့တာပါ။
*****************************************************

အချုပ်အားဖြင့်ဆိုရင် ၉၆၉ ရဲ့ မူဝါဒနဲ့ လမ်းစဉ်ဟာ ရှေ့နောက်မလျော်ညီဖြစ်နေပြီး၊ တဖြည်းဖြည်း အတ္တဒိဋ္ဌိဝါဒ ဖြစ်လာတာနဲ့အမျှ ... ၉၆၉ မူဝါဒဟာ ဗုဒ္ဓ၀ါဒလို့ သတ်မှတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ၉၆၉ မူဝါဒဟာ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးသလို ဖြစ်လာတယ်။ ဒါဟာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။

*****************************************************

ငြင်းဆန်ဆွေးနွေးလိုသူများ အချက်အလက်ဖြင့်သာ ဆွေးနွေးပါရန် -

- လေးစားစွာဖြင့် - ဒီလူ (ပန်းလောင်မြေ)



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.