[mrsorcerer:38201] ဖူးဖူးလို့ခေါ်တဲ့သမီးငယ်လေးအတွက်- မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။

by M-Media shared Didi Kgmalay's photo.

ဖူးဖူးလို့ခေါ်တဲ့သမီးငယ်လေးအတွက် သူငယ်ချင်းများ၊ ဗုဒ္ဓဘာသာဝင်များ၊ ပရိဟိတလုပ်ကိုင်နေတဲ့အဖွဲ့အစည်းများ၊ ပရဟိတလုပ်ခြင်းကို နှစ်သက်သူများ ကူညီကြဖို့ ကျွန်မကိုယ်တိုင် မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။ ဖူးဖူး၏ မိခင်မှာ ကလေး အရွယ်မရောက်သေးသော (3)ယောက်အမေဖြစ်ပြီး နေစရာအိမ်မှာလည်း ဖူးဖူးမီးလောင်ခံရသောနေ့မှ စပီး အိမ်ရှင်၏ စာနာမှုကင်းမဲ့မှုကြောင့် နှင်ချခြင်းခံခဲ့ရကာ ယောကျာ်း မှာလည်း တာဝန်မယူထွက်သွားသောကြောင့် အတိဒုက္ခရောက်နေရပါတယ်ရှင်။ ဖူးဖူးမှာ မိခင်မွေးဖွားခဲ့သည့်အချိန်မှ မီးမလောင်ခင်အချိန်ထိကို ၀၀ကစ်ကစ်ချစ်စရာသမီးငယ်လေးတစ်ဦးဖြစ်ပါတယ်။ မီးလောင်ခံရပြီး ဘ၀တစ်ခုလုံးစုတ်ပြတ်သက်သွားအောင် ဝေဒနာလူးလိမ့်အောင်ခံစားရတဲ့ သမီးငယ်လေး (အထူးသဖြင့် မိန်းကလေး)ဖြစ်နေသည့်အတွက် သူအရွယ်ရောက်သောအချိန်တွင် သူ၏ ရုပ်ဆင်းအင်္ဂါမှာ ပျက်စီးစွာရပ်တည်နေရတော့မှာပါ။ ကလေးမိခင်ရဲ့ပြောပြချက်အရ ဆရာဝန်များမှာ သူမကို အသက်သေမည်ဟု ထင်ထားရမှ အသက်မသေဘဲ ပြန်ရှင်သန်လာသည်ကိုအလွန်အံ့သြမိကြောင်းနှင့် ကလေးမှာ အပြင်ပန်းရုပ်ဆင်းအင်္ဂါပျက်စီးသွားရသော်လည်း အတွင်းကလီစာထိခိုက်မှုမရှိ၊ အမြင်အာရုံ၊ အကြားအာရုံကောင်းမွန်နေသေးပါသည်။ စကားလဲပြောနိုင်ပါသည်။ ယခု ဖူးဖူးတက်ရောက်နေသော ဆေးရုံမှ ဖူးဖူးအား ဆေးကုသစရိတ်ကို လုံးဝမယူဘဲ ဆေးဖိုးဝါးခသာ အကုန်အကျခံရမည်ဖြစ်ကြောင်း ပြောပါသည်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ကျွန်မတို့သုံးနေကြတဲ့ အပျော်အဖြစ်စားသုံးနေကြတဲ့ ငွေကြေးလေးကို ဖူးဖူးရဲ့ဘ၀လေးကို တစ်နည်းနည်းနဲ့ ရှင်သန်နိုင်အောင် ကူညီကြပါစို့လားရှင်။ ဖူးဖူးအခုတက်နေတဲ့ ဆေးရုံကတော့ ကြည့်မြင်တိုင်မြို့နယ် နှင့်ကမာရွတ်မြို့နယ် အနီးရှိ အရိုးနှင့်အကြောဆေးရုံကြီး၊ အမျိုးသမီးဆောင် အပေါ်ထပ် အဆောင် (3)ဖြစ်ပါတယ်။ ကိုယ်တိုင်သွားေ၇ာက်ကူညီနိုင်ပါကြောင်းနှင့် နှုတ်၏ဆောင်မခြင်းဖြင့်သော်လည်းကောင်း၊ လက်၏ဆောင်မခြင်းဖြင့်သော်လည်းကောင်း (Share) ပေးခြင်းဖြင့် ကူညီကြပါစို့လားရှင်။ တဆင့်လှူုဒါန်းချင်သည်ဆိုလျှင်တော့ 095033775 (သက်ပိုင်ဦး)နှင့် (09420034065) ကျွန်မ ဒါလီဝင့်တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.