[mrsorcerer:38215] အမျိုးသမီးများအတွက် စစ်ဥပဒေအား ပြင်ဆင်ပေးခဲ့တဲ့ ဘာသာ

အမျိုးသမီးများအတွက် စစ်ဥပဒေအား ပြင်ဆင်ပေးခဲ့တဲ့ ဘာသာ


၂၀၁၃ ခုနှစ်၊ မေလ (၈) ရက် | TEOL

အစ္စလာမ်သာသနာသည် အမျိုးသမီးများအား ချုပ်ခြယ်သည်။ အမျိုးသမီးများအား နေရာမပေးတဲ့ သာသနာ ဖြစ်သည်ဟု အချို့ဉာဏ်ရည်မပြည့်မီသူတို့က ဝေဖန်ကြလေသည်။

ကျနော် ထိုအဆိုကို လုံးဝ ငြင်းပယ်ပါသည်။ အသိဉာဏ်ပြည့်ဝသူများသည် ထိုအချက်ကို ငြင်းပယ်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။

အစ္စလာမ်သာသနာလောက် အမျိုးသမီးများအား တန်ဖိုးထားသောသာသနာ နောက်တစ်ခု လုံးဝ ရှိမည်မထင်ပါ။

အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ ဖြစ်ရမည်ဟု ပြောဆိုခြင်းသည် အစ္စလာမ်ဘာသာအား မလိုမုန်းတီးသူများ၏ စကားလုံး လှည့်ကွက်တစ်ခုသာဖြစ်ပြီး ထိုလှည့်ကွက်ထဲတွင် ကျနော်တို့က လိုက်ပါစီးမျောသွားမိခြင်းသာ ဖြစ်ပါသည်။

ယခင် အမျိုးသမီးများသည် အိမ်တွင်း၌သာနေ၍ သူတို့အရှက်သိက္ခာကို ထိမ်းသိမ်ကြသူများ ဖြစ်ကြပါသည်။ အိမ်မှုကိစ္စ လုပ်ခြင်းသည်လည်း အမျိုးသမီးများ၏ မွေးရာပါ ဝါသနာသာ ဖြစ်ပေသည်။

အသင်စဉ်းစားကြည့်ပါ။ တန်ဖိုးရှိသောကျောက်မြတ်ရတနာ ရွှေ၊ ငွေများအား အသင့်အိမ်ရှေ့ ရှိုးကေစ် မှန်ဘီဒိုမှာ ထားမည်လော (သို့) မီးခံသေတ္တာထဲတွင် ကောင်းမွန် သပ်ရပ်သည့် အဝတ်ဖြင့် အုပ်၍ သိမ်းမည်လော...?

'' အသင်အသိဉာဏ်ရှိသူဟုဆိုလျှင် စဉ်းစားနိုင်မည်ဟု မျော်လင့်ပါသည် ''

ထိုပြင် နောက်တစ်ခုမှာ အပြစ် (ဂိုနဟ်) ဖြစ်စေမည့် လမ်းကြောင်းအား၊ အစ္စလာမ်က ကြိုတင်ကာကွယ်ထားခြင်း ဖြစ်ပါသည်။

ယနေ့ ထိုအချက်ကို လက်မခံသောသူများကြောင့် ဂိုနဟ် (အကုသိုလ်) များ တိုးပွားလာလျက်ရှိသည်မှာလည်း စိတ်မကောင်းစရာပင်ဖြစ်သည်။

အစ္စလာမ်သာသနာလို အမျိုးသမီးအား အခွင့်အရေးပေးသော သာသာနာမရှိဟု ကျနော့်အပေါ်မှာ ပြောခဲ့ခြင်းမှာ အကြောင်းအရာ တစ်ခုအား အခြေခံထားခြင်းဖြစ်သည်။

ထိုအကြောင်းအရာမှာ အစ္စလာမ်သာသနာတော်တွင် တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၀ဖာသ် (တမလွန်သို့ကြွမြန်းခြင်း) နောက်တွင် အစ္စလာမ်ဘာသာဝင်များ၏ လမ်းပြခေါင်းဆောင်များမှ တစ်ဦးဖြစ်သော အမိရွလ်မုအ်မိနီးန် ဟဇရသ် အွမ္မရ်ဘင် ခသ်သွားဗ် رَضِيَ اللهُ عَنْهُ ၏ လက်ထက်တော်တွင် ကျနော်တို့၏ ခလီဖာဟ် (ခေါင်းဆောင်သမ္မတ) ကြီးသည် နေ့တွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်၍ ညဖက်တွင်လည်း တိုင်းပြည်၏ အခြေနေအား လှည့်လည်ကြည့်ရှူ့လေ့ရှိခဲ့သည်။

တစ်ညတွင် သမ္မတကြီးသည် တိုင်းပြည်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးနေရာ အိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦးသည် အချစ်နဲ့ ပက်သက်သည့် ကဗျာ၊ စာသားများအား အော်ဟစ်၍ ရွတ်ဆိုနေသည်ကိုကြားလေရာ အမျိုးသမီး၏ အသံတွင် လွမ်းဆွတ်ကြေကွဲမှုကြောင့် အက်ကွဲသံများပင် ထွက်ပေါ်နေပြီး အချင်းအရာအား မြင်တွေ့ ကြားသိရသည့် သမ္မတကြီးမှာ စိတ်အနှောက်အယှက်ဖြစ်သွားပြီး ထိုအမျိုးသမီး၏ အိမ်သို့ဝင်ရောက်၍ သတင်းမေးမြန်လေတော့သည်။

ထိုအမျိုးသမီးနှင့်သမ္မတကြီးသည် စကားအနည်းငယ် အပြန်အလှန်ပြောဆိုကာ အချင်းများခဲ့ပြီးနောက် သမ္မတကြီးမှာအိမ်တော်သို့ပြန်လည် ကြွမြန်းလာခဲ့လေသည်။ (အမျိုးသမီးမှာ သမ္မတကြီးမှန်း မသိရှိ၍ အချေအတင် ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်)

မနက်ရောက်သည့်အခါ ထိုအမျိုးသမီးအား ပြန်လည်းခေါ်ယူစေ၍ မေးမြန်းလေသည်။ အမျိုးသမီးမှာ ညက သမ္မတကြီးမှန်းမသိ၍ စကားများအား ပွင့်ပွင့်လင်းလင်း ပြောဆိုမိခဲ့သော်လည်း သမ္မတကြီးမှန်းသိရှိရသည့်အခါ ရိုသေစွာဖြင့် ပြန်လည်ပြောဆိုရန်ကိုပင် ကြောက်ရွံ့တုန်လှုပ်မိလေတော့သည်။

သမ္မတကြီးမှ ကြောက်ရွံ့စရာ ဂရုစိုက်စရာမလိုကြောင်း ဖြောင်းဖျပြီးနောက် မေးမြန်းခြင်းကြောင့် အမျိုးသမီးမှာ မိမိ၏လင်ယောက်ျားနဲ့ နေကာဟ်လုပ် (အိမ်ထောင်ပြု) ထားသည်မှာ မကြာသေးပေ။ သို့သော် ယခုအခါ မိမိလင်ယောက်ျားသည် သာသနာတော်ကာကွယ်စောင့်ရှောက်ရေးအတွက် ကျူးကျော်လာသူများရန်မှ ကာကွယ်ရန် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိနေခြင်းကြောင့် သူ၏ ယောက်ျားအား သတိရလွန်း၍ ဆိုမိသွားခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားလေသည်။

ထိုအခါတွင် သမ္မတကြီးသည် သူ၏သမီးတော်လည်းဖြစ်၊ တမန်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၏ ကြင်ယာတော်လည်းဖြစ်သူ မိခင်မွန်ကြီး ဟဇရသ် ဟဖ်စဟ် رَضِيَ اللهُ عَنْهَا အား `အို! သမီးတော်... အမျိုးသမီးတစ်ယောက်သည် အလွန်ဆုံး မိမိအမျိုးသားနှင့်ခွဲခွာ၍ မည်မျှကြာအောင် နေနိုင်မည်နည်း´ဟု မေးမြန်လေရာ သမီးတော်အနေဖြင့် ဖခင်အား ရှက်၍ ပြန်လည်ဖြေကြားခြင်းမရှိရာ သမ္မတကြီးမှ သမီတော်အား ဒီကိစ္စသည် အစ္စလာမ်တစ်ခုလုံးနှင့် သက်ဆိုင်သောကြောင့် ပြန်လည်ဖြေကြားပေးရန် မိန့်ဆိုသောကြောင့် `လေးလ´ဟု ဖြေကြားခဲ့လေသည်။ (အစ္စလာမ့်ခေါင်းဆောင် မြတ်တမန်၏ တပည့်သာဝကများသည် အမှန်တရားအတွက် လိုအပ်လာလျှင် အရှက်အကြောက်ကို ဘေးဖယ်၍ အမှန်တရားပေါ်လွင်စေရန်အတွက် အသားပေး ဦးစားပေးခြင်းသာ ဖြစ်ပေသည်)

ထိုအခါ ချက်ခြင်းပင် သမ္မတကြီးသည် အစ္စလာမ်၏ စစ်ဥပဒေတစ်ခုလုံးကိုပြောင်း၍ အမျိုးသား တစ်ဦးသည် စစ်မြေပြင်တွင် လေးလပြည့်ပါက ပြန်ဆင်းစေ၍ နောက်လူများနှင့် လူလဲပေးရန် အမိန့်ထုတ်ပြန် လိုက်လေသည်။ (ထိုအချိန်ကာလက အစ္စလာမ်ဘာသာအား ဘက်ပေါင်းစုံမှ ရန်ပြုတိုက်ခိုက်ခြင်းကို ခံနေရချိန်ဖြစ်သောကြောင့် ရန်ပြုလာသူများအား ကာကွယ်ရန်အတွက် အစ္စလာမ်တပ်မတော်ကြီးများကို တည်ဆောက်ခဲ့ရပြီး၊ အရွယ်ရောက်သည့် ယောက်ျားလေးများအား မိမိစိတ်အလိုသဘောအရ စစ်မှုထမ်းရွက်မည်ဆိုပါက လက်ခံခဲ့ပြီး စစ်မှုထမ်းရွက်ရန် ဆန္ဒမရှိသူများအား အတင်းအကျပ် စစ်မှုထမ်းစေခြင်းလည်း မရှိခဲ့ပါ။ စစ်မှုထမ်းရွက်နေသူများသည် သာသနာတော်အား ကာကွယ်ရေးအတွက် လုံးပမ်းနေကြရခြင်းကြောင့် အိမ်တွင် ကျန်ရှိခဲ့သည့် ဇနီးနှင့်မိသားစုအား ပြန်လှည့်မကြည့်နိုင်သည်ကို သမ္မတကြီးမှ မိသားစုအား ပြန်လည်ကြည့်ရှုရန်၊ အထူးသဖြင့် အားနွဲ့သည့် ဇနီးမိန်းကလေးများကို ပစ်မထားကြရန်အတွက် အမျိုးသမီးတစ်ဦး၏ လွမ်းဆွတ်တမ်းတနေခြင်းအပေါ် အကြောင်းခံ၍ ယခုကဲ့သို့ စစ်တပ်ဥပဒေအား ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်ပေသည်။)

ဤအချက်ကို ထောက်ရှုဆင်ခြင်သုံးသပ်ပါက စစ်ဥပဒေတစ်ခုလုံးအား ပြောင်းလဲပေးခဲ့သော ဘာသာ သာသနာ နောက်ထက် ရှိသေးလားဟူ၍ အာလုံးကို အမှန်တရားအားမြင်နိုင်ရန် တောင်းဆုပြုလိုက်ရပါသည်။

ပေးပို့သူ » အစ္စလာမ့် သူရဲကောင်း


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.