[mrsorcerer:38217] အလင်းမျက်ဝန်းမှ သတင်းများ

ကမ္ဘာကျော် Anonymous ဟက်ကာအဖွဲ့မှ မြန်မာအစိုးရ အာဏာပိုင်တွေကို နည်းပညာဖြင့် တိုက်ခိုက်မည်ဟုကြေငြာ


၂၀၁၃ ခုနှစ်၊ မေလ (၉) ရက် | MMV

ကမ္ဘာကျော်နာမည်ကြီး ဟက်ကာ (Hacker) တွေပါဝင်တဲ့ Anonymous ဟက်ကာအဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသုတ်သင်မှု ပြုလုပ်နေခြင်းအတွက် ဒီကိစ္စတွေအပေါ် အရေးယူ ဆောင်ရွက်ခြင်း မရှိသူတွေ၊ မြန်မာအစိုးရအာဏာပိုင်တွေကို အွန်လိုင်းကနေတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ကြောင်း Global Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Anonymous ဟက်ကာအဖွဲ့ရဲ့ Twitter အသုံးပြုသူ @CIApressoffice ကနေတဆင့် ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာအတွင်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသုတ်သင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် Anonymous ဟက်ကာအဖွဲ့က ယခုလို ထပ်မံပြောဆိုခဲ့တာပါ။

"ကျွန်တော်တို့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေဆီကလည်း သတင်းအချက်အလက်တွေရယူ နေပါတယ်" လို့ @CIApressoffice အမည်ရှိ Anonymous ဟက်ကာအဖွဲ့ကို ကိုယ်စားပြုထားတဲ့ Twitter အသုံးပြုသူက ဆိုပါတယ်။ ဆက်လက်ပြီး "ဒါဟာအတော်ကို ဝမ်းနည်းစရာကောင်းပါတယ်။ OpRohingya လို့ အမည်ပေးထားတဲ့ ဒီအွန်လိုင်းအဖွဲ့ မပေါ်ပေါက်မီအထိ ရိုဟင်ဂျာတွေကို ကမ္ဘာကမသိခဲ့ရပါဘူး၊ ဒါကြောင့် Anonymous ဟက်ကာအဖွဲ့အနေနှင့် အသံတိတ်နေရတဲ့ ရိုဟင်ဂျာတွေကိုယ်စား ကမ္ဘာကို သိအောင် တင်ပြပေးမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

OpRohingya ကို ဦးဆောင်နေတာကတော့ Anonymous ဟက်ကာအဖွဲ့ဝင်တွေ ပါဝင်တဲ့ "Anons" အမည်ရှိ ဟက်ကာအဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ "ရိုဟင်ဂျာတွေဟာ (၂) ဖက်ကနေ ဖိအားပေး နှိပ်ကွပ်မှုတွေခံနေရပါတယ်။ တစ်ဖက်က အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ မြန်မာအစိုးရပါပဲ"လို့ "Anons" အဖွဲ့သားတစ်ဦးက Anonymous ဟက်ကာအဖွဲ့ရဲ့ အခြား Twitter Account တစ်ခုဖြစ်တဲ့ @Crypt0nymous ကနေ ပြောဆိုလိုက်ပါတယ်။

Anonymous ဟက်ကာအဖွဲ့ရဲ့ OpRohingya အတွက် ပြုလုပ်ထားတဲ့ ဗီဒီယိုကိုလည်း အွန်လိုင်းဗီဒီယို ဝဘ်ဆိုဒ်တစ်ဖြစ်တဲ့ Youtube မှာတင်ပြထားပါတယ်။ ဒီဗီဒီယိုကိုတော့ Anonymous ရဲ့ Crypt0nymous အမည်ရှိ Youtube အသုံးပြုသူက လွှင့်တင်ထားတာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (Rakhine Nationalities Development Party)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army)၊ န.စ.က လုံထိန်းတပ်ဖွဲ့တွေအပြင်၊ "ဘားမား ဘင်လာဒင်" လို့ ကြွေးကြော်ထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ "၉၆၉" ဘုန်းကြီးတွေအပြင် မြန်မာအစိုးရလည်း နောက်ကွယ်က ပါဝင်တယ်လို့ ဆိုထားပါတယ်။

ကိုးကား – Global Post, Independent (UK)





အုပ်ချုပ်ရေးမှုးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နေသလား...? (ပျော်ဘွယ်မြို့သတင်း)

၂၀၁၃ ခုနှစ်၊ မေလ (၅) ရက် | TEOL
အလင်းမျက်ဝန်း အီးစီဂျေကဏ္ဍတွင် အီးမေလ်ဖြင့်
ပေးပို့လာသော သတင်းများအား
ပြန်လည်တင်ပြပေးနေပါပြီ။

ပျော်ဘွယ်မြို့မှာလဲ ၃-၅-၂၀၁၃ ရက် ညပိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။

ရွှေပြည်ရန်အောင် ၅ လမ်း၊ ရပ်ကွက်ထဲကအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှာ ဗလီဝတ်ပြုကျောင်းတော်ကို ဝင်ရှာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဗလီမှ လူကြီးများကို ရုံးသို့လိုက်ခဲ့ပါဆိုပြီး ခေါ်သွားပါတယ်။

ထိုသို့ အုပ်ချုပ်မှုပိုင်းမှ တာဝန်ရှိသူများ ပြုလုပ်နေသော အမူအရာများမှာ အကြမ်းဖက်မှုကို ကာကွယ်တားဆီးခြင်း မဟုတ်ဘဲ အများပြည်သူများ၏ အရှေ့တွင် စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်သွားပါတယ်။

မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၏ စိတ်ထဲတွင် ဗလီဝတ်ကျောင်းတော်မှာ လက်နက်တွေရှိသလိုလို ပုံပေါ်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေကပဲ အကြမ်းဖက်မှုတွေ လုပ်တော့မလိုလို ဖြစ်နေပါတယ်။

ထိုစစ်ဆေးမှုများ ပြုလုပ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြားမှာ အမြင်မှားစရာတွေ ဖြစ်နေပါတယ်။

တခြားမြို့နယ်တွေဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အုပ်ချုပ်ရေးမှုးတွေပါနေတာကိုလည်း တွေ့ရပါတယ်။
အုပ်ချုပ်ရေးမှုးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နေသလား ဆိုတာတောင် စဉ်းစားမိပါတယ်။

သို့ပါသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာ စကားတွေကို ဆင်ဆင်ခြင်ခြင်သုံသပ်ပြီး ပြောဆိုပါ။ အရိပ်သုံးပါနားလည်ပါ။ ဦးနှောက်ရှိကြပါ။ အရင်တုန်းကခေတ်မဟုတ်တော့ပါဘူး။ ဒီမိုကရေစီစနစ်ကို ရောက်နေပါပြီ။ အုပ်ချုပ်ရေးမှုးက အကြမ်းဖက်မှုမီးတွေကို စပြီး မရှို့မိပါစေနဲ့။
လူမျိုးရေးခွဲခြား တာတွေကိုလဲ မလုပ်မိပါစေနဲ့။ လူမုန်းမခံပါနဲ့။ မျှမျှတတအုပ်ချုပ်ပါလို့ ပြောချင်ပါတယ်။

ပျော်ဘွယ်မြို့မှာလည်း အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံတော်မှလဲ ကြိုတင်ပြီး ကာကွယ်တာဆီး ဆောင်ရွက်ပေးစေလိုပါတယ်။ ပျက်ပြီးမှဘာမှ လုပ်မရပါ။

ပေးပို့သူ » Real Man

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သတင်း

၂၀၁၃ ခုနှစ်၊ မေလ (၃) ရက် | TEOL CJ

အလင်းမျက်ဝန်း အီးစီဂျေကဏ္ဍတွင်
အီးမေလ်ဖြင့် ပေးပို့လာသော
သတင်းများအား ပြန်လည်တင်ပြပေးနေပါပြီ။
မွန်ပြည်နယ် ကျိုက်မရောမြို့ သွေးသောက်ကျေးရွာအနီး အနောက်ဘက် ရာဘာခြံ၌ အကြမ်းဖက်များ လူစုနေပါသည်။

စစ်တပ်မှလည်း လုံခြုံရေးချထားသည်ဟု သိရပါသည် ပြည်သူပြည်သားများ သတိထားရန်နှင့် အချိန်မီ တားစီးနိုင်ရန် လိုအပ်လှပါသည်။

ပေးပို့သူ » Myit Myat Thu
12:25 AM

◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘

ယနေ့ရရှိသောသတင်းမှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သွေးသောက်
ကျေးရွာနောက်ဘက်ရှိ ရာဘာခြံ (ရာဘာတော) ကြီးတွင် အကြမ်းဖက်သမားများကို အထောက်အပံ့များ ပေးအပ်၍
လေ့ကျင့်ရေးများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

မြို့ပေါ်တွင် ရဲများလည်း ပို၍ ကင်းလှည့်နေကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် မွန်ပြည်နယ်သို့ လာရောက်စဉ် နေထိုင်သွားသော ကျေးရွာ
ဖြစ်ကြောင်း သတင်းပေးပို့သူက ပြောပါသည်။

တတ်နိုင်သမျှ မျှဝေပေးပါရန်နှင့် မွန်ပြည်နယ်ကို အကြမ်းဖက်များရန်မှ ကာကွယ်ပေးရန် နိုင်ငံတော်အစိုးရ အပါအ၀င်
ပြည်သူများသို့ အသိပေးအပ်ပါသည်။

ပေးပို့သူ » မောင်ကျောင်းသား
12:41 AM



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.