[mrsorcerer:38223] Fwd: [လူဗိုလ်ဟူသည် ...] ရွှေနန်းဆီသို့ ( ၁- က )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/9
Subject: [လူဗိုလ်ဟူသည် ...] ရွှေနန်းဆီသို့ ( ၁- က )
To: lubo601@gmail.com


Photo: ရွှေနန်းဆီသို့ ( ၁ )    ( က )တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။    မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။     မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊မိမိ၏အမိမြေသည် မည်သို့သောအခက်အခဲများကိုကျော်ဖြတ်လာရသလဲ ၊မြန်မာဟူသောခေါင်းစဉ်အောက် နားလည်မှုများကို မည်မျှအချိန်ပေး တည်ဆောက်ခဲ့ရသလဲ ၊တချိန်က မည်သို့သော ပြင်မရသည့် အမှားများ ကျုးလွန်ခဲ့ကြသလဲ ၊ထိုအမှားများထဲမှ မည်သည်ကို သင်ပုန်းချေ၍ မည်သည်ကို အတုယူရမလဲ၊ လူမျိုးခြား များကအမေးရှိလာသော် အပြောသွက်သွက် အပြောမခက်ဖို့ မြန်မာ့သမိုင်း ( တိုင်းရင်းသားများအပါအဝင်) ကိုလေ့လာထားသင့်ပါသည်။ သမိုင်းသင်တာ မအ အောင်လို့ ဆိုသည်ထက် ကျယ်ပြန့်သော ခံယူချက်ထားသင့်ပါပေသည်။    ချိယန်/ တိဗက်-မြန်မာ ဆိုသည့် အထောက်အထား ။    တရုတ်ပြည်၏ အနောက်ဖက်မှ စီးဆင်းနေသော မြစ်ဝါမြစ် ဖျားပိုင်းတွင် တောင်ဖက်မှစီးဝင်သော ထောင် မြစ်လက်တက်၏ မြစ်ဝှမ်း တွင် ရှေးကျောက် ခေတ်သစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရှေးလူသားတို့၏ ရုပ်ကြွင်း များနှင့် ယဉ် ကျေးမှု အထောက်အထား များစွာကို သုတေသန သမိုင်းပညာရှင်တို့ တူးဖော်တွေ့ရှိခဲ့ကြသည်။  ဘီစီ ၂၀၀၀(ဝါ) လွန်ခဲ့သော နှစ်ပေါင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ထိသက်တမ်း ရှိနေပြီ ဖြစ်သည်။  ပညာရှင်တို့၏ ကောက်ချက် အရ ဘီစီ ၃၀၀၀ ခန့်ကပင် ယင်း ထောင်မြစ်ဝှမ်း ၌ ရှေးဦး တရုတ်လူတို့နှင့်မတူပဲ သီးခြား ယဉ်ကျေး မှု အစဉ်အလာ ရှိသော လူမျိုးစု ဖြစ်ကြောင်း ကိုလည်းလေ့လာသိရှိ အတည်ပြုခဲ့ကြသည်။  ထောင်မြစ်ဝှမ်းနေ လူတို့မှာ တိဘက် မြန်မာစကား ပြောသော ရှေးမြန်မာ ဘိုးဘေးများပင် ဖြစ်ကြသည်။  ထောင်မြစ်ဝှမ်းနေ ရှေးမြန်မာ တို့သည် မြစ်ဝါ မြစ်ဝှမ်း အလယ် နှင့် အောက် ဖက် ရှိ ရှေးဟောင်း တရုတ်တို့ ၏ ကျောက်ခေတ်သစ် ယဉ်ကျေးမှုနှင့် အပြိုင် ဖြစ်သည်။ဤ တိဘက်မြန်မာ စကားပြော ရှေးအနွယ်ဝင် တို့သည် ငြိမ်းချမ်း အေးဆေးစွာလုပ်ကိုင်စားသောက် လိုသူများ ဖြစ်ကြ၏။တရုတ်တို့က ထောင်မြစ်ဝှမ်းသားတို့ ကို ချိယန် ဟုခေါ်ကြသည်။ သိုးမွေးသူ ဆိတ်မွေးသူ ဟု အဓိပ္ပါယ် ရကာ ဘီစီ ၂၀၀၀ ခန့် ကတိရိစ္ဆာန်မွေးမြူ ခြင်းဖြင့် အစားအစာ ထုပ်လုပ်သော ယဉ်ကျေးမှုအဆင့် အတန်းသည် ရှေးတရုတ်လူ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း နှင့် ယှဉ်ပြိုင်နိုင်သော ယဉ်ကျေးမှု အထက်တန်းကျ လှကြောင်း ရှေးတရုတ် ရာဇဝင်တို့က ဆိုခဲ့သည်။တရုတ်တို့ သည် မြစ်ဝါ မြစ်ကွေ့ကြီးသို့ အရှေ့ ဖက်အောက်ထောင့်တွင် စီး ဝင်သော ဝေမြစ်ဝှမ်း မှ အနောက်ဖက်သို့ တဖြည်းဖြည်း နယ်မြေ ချဲ့ လာကြ သောအခါ ထောင်မြစ်ဝှမ်း ရှိ ချိယန် လူမျိုးစု ကို ထိပါးလာကြချေ၏။ ဤသို့ ဖြင့် ချိယန် တို့မှာ ဘီစီ ၃၀၀ ထိတိုင်အောင် တရုတ် တို့မှနှိပ်စက်၍ အနောက်ဖက် သို့ တဖြေးဖြေး ရွှေ့ပြောင်းလာကြပြီ အချို့ ချိယန်တို့မှာ တောင်ဖက်သို့ ပြောင်းရွှေ့ရာမှ တိဘက် ကုန်းမြင့်သို့ လည်းကောင်း အနောက်ဖက်သို့ ပြောင်းရွှေ့ရာမှမြန်မာ နိုင်ငံ မြောက်ဖက် အစွန်လောက်သို့ ရောက်သောအခါ ယခု မြန်မာ နှင့် တိဘက် နယ်နိမိတ် စပ်ကြားလောက်မှ အနောက်ဖက် ကိုလမ်းခွဲကာ ဗြဟ္မာပုတ္တမြစ်၏ မြစ်လက်တက်ဖြစ်သော လူဟစ်မြစ်ကြောင်း အတိုင်းသို့ လိုက်ခဲ့ ကြသည်ဆို၏။ကြမ်းတမ်း ခက်ခဲလွန်းသော လူသူအရောက်အပေါက်နည်းသော ပထဝီ အနေအထား ကိုဖြတ်ကျော်ခဲ့ရ၍ ရိုးရာအလေ့အထတွင် ယဉ်ကျေးမှုအသစ်အဆန်းများ ရသင့်သလောက် မရခဲ့ပဲ ဇွဲ၊လုံ့ လ၊ ဝရိယ နှင့်အတူ သန်မာခြင်း၊ ဖျတ်လတ် ရဲရင့်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း ၊အကြမ်းပတမ်း ခံနိုင်ရည်ရှိခြင်း၊ရဲစွမ်းသတ္တိရှိခြင်း၊ အခက်အခဲကို ကြံ့ကြံ့ ခံ ရင်ဆိုင်နိုင်စွမ်းရှိခြင်း ဟူသော ဝိသေသ များနှင့်အတူ တောင်ကြား ဒေသများမှတဆင့် မြန်မာ့ရှေးဦးလူတို့ ရောက်ရှိလာကြတော့သည်။ဤ ဖော်ပြချက်ကား အကျဉ်းမျှသာဖြစ် သည်။ ဤနည်းဖြင့် ဝင်ရောက်လာသောသူများသည် အေဒီ ၇ ရာစုလောက် အထိ နေရာအနှံ့အပြားသို့ အစုလိုက် အခြေချကြရာမှ မြန်မာ့တိုင်းရင်းသား များအသွင်သို့ တစ်ဆင့်ခြင်း ကူးပြောင်းသွားကြသည်။   ရှေးဦးမြန်မာ တို့သည် တရုတ်တို့ ၏နှိပ်စက်ခြင်း ကို အလီလီ ခံစားခဲ့ ရသည်။ သုံ့ပန်း အဖြစ် ဖမ်းဆီးခြင်းခံ ရ၍ ကျွန်အဖြစ်သော်အခါ၎င်း ယစ်ပူဇော်ခြင်း အတွက်သော်၎င်းအသုံးချခံ ရသောအခါ ဇာတိမြေကို စွန့် ခွာပြီး အိမ်မက်သစ်ထူထောင်ခဲ့ ကြောင်း တွေ့ရှိ ပြီးဖြစ်သည်။သူတို့ သည် ဘဝသာယာ အေးချမ်းရေးနှင့် တိုးတတ်မှု ရှိနေပြီ ဖြစ်သော ယဉ်ကျေး မှု ထက် ကိုယ်ပိုင်လွပ်လပ် မှုကို ပိုမိုမြတ်နိုးသူများ ဖြစ်၍ မူရင်း ဒေသကိုပင် စွန့်ခွာခဲ့ ကြသည်။ပါမောက္ခ လုစ် ၏အလိုတည်း။  (ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ-၁၉၇၅ ဒုတိယအကြိမ် )    G H Luce ၏ ချိယန်၊တိဗက်-မြန်မာ တို့နှင့် ကျောက်ဆည် လွင်ပြင် ဆက်စပ်ပုံ။    ဆရာကြီးလုစ် က၁၉၃၁ ခုနှစ်တွင် ပုဂံဆက် အောက်မြန်မာပြည် ပထဝီဝင် အကြောင်းကို ဟောပြောရာတွင် မြန်မာများ၏ ဖြစ်ကောင်းဖြစ်မည့် ရင်းမြစ် ၊သူတို့နှင့် နန်းစော တို့၏အဆက်အသွယ် ၊သူတို့၏မြောက်ပိုင်းရှမ်းပြည်မှ မြန်မာပြည် မြေလွတ်များအတွင်းသို့ ကဒူး၊သက်နှင့် စကောလူမျိုးများကိုဖြတ်သန်း၍ မြေလွတ်များတွင် အခြေချ ဝင်ရောက်လာပုံ အရ မြစ်သား တစ်ဆယ့်တစ်ခရိုင်ခေါ် မြစ်သား ( ဝါ ) ကျောက်ဆည်နယ်သည် မြန်မာတို့ ရှေးဦးနေထိုင်ရာ ဒေသသာ ဖြစ်သည် ဟု အတည်ပြု ခဲ့သည်။  ထို့နောက် ၁၉၄၀ ခုနှစ်တွင် ဆရာလုစ်ကပင် Economic of the Early Burma ဆိုသောခေါင်းစဉ်ဖြင့် မြန်မာ့ ရှေးဦး စီးပွားရေးအကြောင်း ဟောပြောရာတွင် မြေပြန့် လွင်ပြင်တွင်မြန်မာတို့ရှေးဦးစွာနေထိုင်ခဲ့သော ဒေသမှာ ကျောက်ဆည်ဒေသပင်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ ဟုကြော်ငြာပါတော့သည်။ ကျောက်ဆည် ဒေသတွင် ရှိရင်းစွဲ မွန်လူမျိုး တို့နှင့် ရောနှောနေထိုင်ပြီး လူဦးရေ များပြားလာသောအခါ မြန်မာပြည်အခြား ဒေသများသို့ ယပ်တောင်သဖွယ် ပြန့်ကား၍ ထွက်သွားကာ အခြေချနေထိုင် ကြလေ၏။ ဤသို့ဖြင့် မြန်မာအစ- ကျောက်ဆည်က ဟူသော ယူဆချက်ကို အသက်သွင်း ခဲ့သည်။     ထိုကာလ၌ မြန်မာ့မြေပေါ် သို့ လူမျိုးများအခြေချနေထိုင်ကြပုံ။    ထိုနောက်ပိုင်းတွင် ခရစ်နှစ် အေဒီ ၈၀၀ ခန့်လောက်တွင် မြန်မာနှင့် မြန်မာ့အနွယ်တို့သည် သံလွင်မြစ်ကြောင်းကိုလိုက်၍ ကျောက်ဆည်နယ် မြို့အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်ကြားလမ်းမှ ဆင်များ၊ မြင်းများနှင့် ဆင်းသက်လာပြီးလျှင် ကျောက်ဆည် လွင်ပြင် ၌ လည်းကောင်း ထိုဒေသ တဝိုက်တွင်နေထိုင်သော ကဒူးနှင့် သက် တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ဧရာဝတီ မြစ်၏ အရှေ့ ဘက်ကမ်းရှိ တကောင်းပြည်၌ လည်းကောင်း ၊ ရှေးရခိုင်တို့သည် အနောက်အရပ်ရှိ ဝေသာလီပြည် ၌လည်းကောင်း၊ မွန်တို့သည် တောင်ဖက် ကမ်းခြေရှိ သထုံပြည် ၌လည်းကောင်း ၊ပျူတို့သည် ယခုခေတ် ပြည်မြို့၏အရှေ့ဖက် မှော်ဇာ ရွာတည်အရပ်ရှိ သရေခတ္တရာ ၌လည်းကောင်း အသီးသီး အခြေချ နေထိုင်လျက်ရှိကြပြီးဖြစ်သည်။ ( ၁၉၆၆ ခုနှစ်က ပထမအကြိမ် ရိုက်နှိပ်သော မြန်မာ့ စွယ်စုံကျမ်း ပထမအတွဲ၊ စာမျက်နှာ -၂၃၄ ၊ မြန်မာနိုင်ငံ သမိုင်းခေါင်းစဉ် )    မှတ်တမ်းများကပါ ကိုးကားကြပုံ။    မြင်းများကိုစီးလျက် နတ်တောင်ကြားလမ်းမှဝင်ရောက်လာပြီးလျှင် ကျောက်ဆည်နယ်မြေသို့ ရောက်လာကြသည်။ ထိုဒေသတွင် ရှိခဲ့ပြီးသော မွန်တို့ နှင့် ရောနှောကာ ခရိုင် ဆယ့်တစ်ခုဖွဲ့ ၍နေထိုင်ကြလေ၏။ကာလ ကြာသော် လူဦးရေတိုးပွားလာပြီး မြေသစ်ကို ရှာကြပြန်၏။အချို့တို့သည် တောင်တွင်း နတ်မောက် အရပ်ကို ပြောင်း၍ နေထိုင်ကြကာ၊ အချို့မှာ ဧရာဝတီ မြစ် ကိုကူးပြီး စလင်းချောင်း မုန်းချောင်း ရှိရာ အရပ်သို့ သွားသည်။ အချို့မှာ ပုဂံ အရပ်သို့သွားသည်။ ( နတ်မောက်ဘုန်းကျော် ရှေးခေတ်မြန်မာ့ တပ်မတော်မှတ်စုများ -၁၉၆၇ )    မည်သည့်အတွက်ကြောင့် ချိယန်၊တိဗက်၊ မြန်မာတို့ ကျောက်ဆည်နယ်အတွင်း သို့သာအခြေချ နေထိုင်သနည်း။    ကချင်ပြည်နယ်အတွင်းရောက်နေသော ရှေးဟောင်းမြန်မာတို့သည် ထိုပြည်နယ်အတွင်းအဘယ့်ကြောင့် ဧရာဝတီမြစ်ကိုဖြတ်ကူး၍ မြေပြန့်သို့မဆင်းခဲ့သနည်းဟုမေးရန်ရှိသည် ။အမှန်စင်စစ် သူတို့သည် ဧရာဝတီ မြစ်ကိုဖြတ်ကူး၍ တောင်ဖက်သို့ပြောင်းရွှေ့ရန် ကြိုးစားခဲ့ဟန်တူသည်။သို့သော်ထိုစဉ်က ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဝှမ်း တို့တွင် သက်လူမျိုးတို့ ကြီးစိုးနေသော တကောင်းပြည်ရှိနေသောကြောင့် ရှေးဦးမြန်မာများ ဤဘက်မှ မြေပြန့်လွင်ပြင်သို့ မထိုးဖောက်နိုင်ပဲ ရှေးဦးဆုံးရွေ့လာသူတို့သည် ဧရာဝတီမြစ်ကျဉ်း အရပ်တွင် မွန်တို့ အဖြစ် ရပ်တန့်နေကြသည်။တောတောင် ရေမြေ အခြေအနေကလည်း ခက်ခဲလှသည်။သို့ဖြစ်၍ တပိန်ရွှေလီမြစ်ကြောင်းများ ယင်းတို့မှတဆင့် ဧရာဝတီ မြစ်ကြောင်း အတိုင်းကို မလိုက်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုရပါမည်။ဤသို့သောအခြေအနေတွင် ရှေးဟောင်း မြန်မာများအတွက် ခရီလမ်းလည်းလွယ်ကူ အဟန့်အတားလည်းနဲပါးသော မြေလွတ်ဒေသမြောက်ပိုင်းနှင့် မြေပြန့်ဆက်ရာ ကျောက်ဆည် ခရိုင်လောက်ဆီမှ လွင်ပြင်ဒေသသို့းဝင်ရောက်ရန်သာရှိတော့သည်။ (ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ-၁၉၇၅ ဒုတိယအကြိမ် )    ဒေါက်တာသန်းထွန်း၏စာတမ်းများထဲမှ သဘောထား။     ပညာရှာသူအများစုဟာ တိဗက်မြန်မာစကားပြောတဲ့ လူတွေရဲ့ ရှေးပဝေဏီက နေရာအရပ်ကို ကန်စူ နယ်ဖြစ်ဖို့များတယ်။ အဲဒီနယ်ဟာ တရုတ်အနောက်မြောက် ဂိုဘီသဲကန္တာရ နဲ့ တိဗက်အရှေ့မြောက်ကြား ဒေသဖြစ်မယ်လို့ ပြောကြတယ်။ ကျောက်ခေတ်သစ် နှောင်းပိုင်းကာလ၊ အရင် နှစ်လေးထောင် (၂၀၀၀-ဘီစီ)က ကန်စူဟာ အရိုင်းဘဝကလွတ်မြောက်ခဲ့ပြီး တရုတ်တွေထက်တောင်အခြေအနေ သာလွန်ကောင်းမွန်ခဲ့တယ်လို့ ဆိုနိုင်စရာရှိတယ်။ အဲဒီအရပ်ကထွက်တဲ့ ပန်းလှလှခြယ်ထားတဲ့ အိုးချောချောတွေဟာ ကျောက်ခေတ်သစ်လောက မှာ ဗိုလ်စွဲတယ်။(၁) ဒီလိုအိုးမျိုး ထုတ်လုပ်နိုင်သူဟာ တရုတ်လား၊ တိဘက်မြန်မာအနွယ်ဝင်လားလို့မေးရင် တိဗက်မြန်မာ အနွယ်ဝင်တွေဖြစ်ဖို့များတယ်။ တရုတ်တွေ ကြေးသတ္တုကိုအရည်ကျိုပုံလောင်းပြီး ဓားလှံ အိုးခွက်လုပ်တဲ့ပညာကို ကန်စုဒေသမှလူတွေဆီကမှတဆင့်ရတာလို့ ထင်တယ်။ ဒါပေမယ့် ပစ္စည်းပုံစံနဲ့ လက်ရာကိုယှဉ်ကြည့်ရင် ကန်စူ ပစ္စည်းက ရှန်ခေတ် တရုတ်လက်ရာကိုမမီပါ။ (၂) တရုတ်တွေတီထွင်အသုံးပြုတဲ့ မှတ်တမ်းတင်ပုံဟာ အရင်နှစ် ၂၀၀၀ မရှိတရှိလောက်ကလို့ မှတ်ယူပါတယ်။ အဲဒီအခါက ထားခဲ့တဲတရုတ်မှတ်တမ်းတွေမှာ တရုတ်အနေများတဲ့ရပ်ဝန်းအနောက် ရှန်စီကုန်းမြင့်ရဲ့အရှေ့ဖက် တောင်ကမ်းပါးတောင်ခြေဖြစ်တဲ့ အန်ယန်င် ဒေသမှာ ချိယန်လူမျိုးတွေနေတယ်လို့ မကြာခဏရေးမှတ်ထားတာ တွေ့ရပါတယ်။ ဒီချိယန်လူမျိုးတွေဟာ ဆိတ်ထိန်း၊ သိုးထိန်းတွေပါ။ တရုတ်ကတောင်သူ သိုး၊ဆိတ်မကိုင်ပဲ ကျွဲ၊နွား၊ဝက်တွေပဲမွေးတယ်။ သိုးသောက်တဲ့ရေအိုင်၊ စမ်းချောင်းမှာ နွားမသောက်မစား။ ဒါကြောင့် သိုးထိန်းနဲ့နွားထိန်း ဟာရန်ဘက်၊ တရုတ်မှတ်တမ်းမှာ တရုတ်က မကြာခဏ ချိယန်တွေရဲ့အိုးအိမ်ကိုဖျက်ဆီး လုယက်ပြီး ချိယန် အမြောက်အမြားကို ဖမ်းယူသတ်ဖြတ်ပြီးယဇ်ပူဇော်တယ်။(၃) ချိယန်တွေဟာ အနောက်ကန်စူမှာပြေးပုန်း ခိုလှုံတယ်။ နောက်တိဗက်အရှေ့မြောက် မြစ်ဝါရဲ့မြစ်ဖျားခံရာ အရပ်နဲ့ကိုကိုနောမှာခိုလှုံတယ်။ အဲဒီနေရာကိုပဲ တွိုင်က တရုတ်မင်းတွေဟာ ခရစ်မပေါ်မီ နှစ်တစ်ထောင်အတွင်းမှာလိုက်ပြီးတိုက်ခိုက်သေးတယ်။ ဒါနဲ့ချိယန်တချို့ဟာတောင်ကြီးတွေနဲ့ လျှိုတွေကိုဖြတ်ကျော်ပြီး တောင်ဘက်ကိုပြေးကြရပြန်တယ်။ ရာစုနှစ်တွေတော်တော်ကြာ အောင်ခြေရာပျောက်နေကြပြီးမှ တချို့ကိုတိဗက်၊ တချို့ကိုနောင်မြန်မာနိုင်ငံလို့ခေါ်မယ့်နေရာမှာ ပြန်ပေါ် လာတာကိုတွေ့ရတယ်။ အခုပြောသမျှဟာ အကျဉ်းချုံ့နိုင်သမျှ ချုံ့ပြီးပြောတဲ့ မြန်မာ အမျိုးသားတွေရဲ့နောက်ခံသမိုင်းဖြစ်တယ်။ ကျောက်ဆည်နယ်ဟာ သူတို့ကိုဒုက္ခအတွင်းက ကယ်ဆယ်တယ်လို့ဆိုနိုင်ပါတယ်။ ရှေးမြန်မာတွေခေါ်တဲ့ မ္လစ်သာ( မြစ်သား ) တစ်ဆယ့်တစ် လရိုန် ( ခရိုင်) ဟာ သူတို့နေပျော်တဲ့ဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ ( ပုဂံခေတ် လူမှုရေး စာတမ်း-ရှေးမြန်မာတို့ ဝမ်းစာရှာပုံ ၊ ဒေါက်တာသန်းထွန်း-၂၀၀၅၊ သြဂုတ်လ)    စာရေးသူ အမြင် ။    ထို သို့သောအယူအဆများကို ရှေးဟောင်းတရုတ်ရာဇဝင်ကျမ်းများ၊ တရုတ် ဒေသဆိုင်ရာ မှတ်တမ်းများ မန်ရှု ကျမ်း၊ ထန်ရာဇဝင်ဟောင်း ကျမ်း၊ ထန်ရာဇဝင်သစ်ကျမ်း ၊နန်စော ရာဇဝင်၊ ထိုအခါ အကာလမှ တရုတ် ရှေးဟောင်းသုသေသန ပညာရှင်များ၏ ထင်မြင်သုံးသပ်ချက်များစသည်ဖြင့် အင်မတန်မှ တန်ဖိုးထားကိုးကားထားသည်ကို လေ့လာမိပါသည်။ ပညာရှင်ဟူကား အစွဲမထားသင့်ပါ။ မြန်မာ့အစ ကိုမြန်မာ့ မှတ်တမ်းများ၊ မြေပေါ်မြေအောက် အထောက်အထားများ၊ ခေတ်ပြိုင်ဒေသ အသီးသီးမှ မှတ်တမ်းများ ( အိန္ဒိယ၊ တရုတ်၊ မွန်၊ ရှမ်း၊ ရခိုင်၊ပျူ ၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ပြင်သစ် ၊ စပိန်၊ ဂျာမန် ) စသဖြင့် မှီငြမ်းကိုးရားတိုက်ဆိုင်မှသာ တရားမျှတပါမည်။ အရာရာတိကျသေချာလွန်း ၍ စည်းစနစ်ကြီးမားပြီး နိုင်ငံကြီးသားပီသလှပါသည်ဆိုသော အင်္ဂလိပ်လူမျိုး တစ်ယောက်အဖို့ မိမိ၏ အတွေးယူဆချက်ကို ပို၍ခိုင်မာအောင်ကြိုးပမ်း အသက်သွင်းမှုဟာ တရုတ်မှတ်တမ်း များကို မှီခိုလွန်း သည်မှာ လူရယ်စရာဖြစ်နေပါသည်။ ထိုအယူအဆများကိုကား အမျိုးသား ပညာဝန် ဦးဖိုးကျား နှင့် ဦးဖိုးလတ်မှ ကနဦး ကန့်ကွက်၍ မြန်မာ့ နှောင်းသုတေသန သမားများက ဖြစ်ရပ်မှန် ပေါ်ပေါက်စေရေးအတွက် အပင်ပမ်းခံ ၍ဇွဲနပဲကြီးစွာ ဆက်လက် အကောင်အထည် ဖော်နေကြပါသည်။ဆရာချစ်စံဝင်း၏ အလိုအရမူ မြစေတီကျောက်စာ တနည်း ရာဇကုမာရ် ကျောက်စာတစ်ချပ်တည်းနှင့်ပင် ရှေးမြန်မာတို့အား အေဒီ ၈ ရာစုမှ ကျောက်ဆည်သို့ ဝင်ရောက်လာသည်ဆိုခြင်းကို ပယ်နိုင်ပါသည်တဲ့။ အကြောင်းမှာ ထိုကျောက်စာ၏ ထိုးချိန်ကာလ နှင့် ရှေးမြန်မာတို့ ဝင်ရောက်လာချိန်မရှေးမနှောင်း ဖြစ်ခြင်း မြန်မာ့ ရှေးဦး အက္ခရာ အဆင့်ဆင့်ပြောင်းလဲ ရန် အချိန်မလုံလောက်ခြင်း မိမိတို့အခြေချ ရန်ဒေသကို လူများကနောက်မှရောက်လာပြီး မြန်မာစာကို အရင်ပို့ ထားသည်ဆိုခြင်းမှာ ယုတ္တိမတန်ခြင်း မွန် ဗမာ ပျူ ပါဋိ လေးဘာသာဖြင့် ရေးထိုး ထားသောကျောက်စာ၏ အဆင့်အတန်းမြင့် မားလွန်းခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်တဲ့။ မည်သို့ဆိုစေ မြန်မာ့ ရှေးဟောင်းသမိုင်းသုတေသန ဌာန၏ ကြိုးပမ်းအား ထုတ်မှုများကြောင့် အသစ်အသစ် သောတွေ့ရှိမှုအောက်တွင် မခိုင်မာသော ယုတ္တိမတန်သော လက်တွေ့မဆန်သော ယူဆချက်များ မှေးမှိန်၍ ကျောက်ခေတ်မှအစပြုသော မြန်မာ့ယဉ်ကျေးမှု အစစ်အမှန်ကားဖုံးကွယ်၍ မရနိုင်ပါ။ သို့သော် ထိုခေတ်ထိုအခါ မှ ၎င်း တို့ တွေ့ရှိထားသောအထောက်အထား များအပေါ် ဖြစ်နိုင်ချေရှိသောမှတ်တမ်းနှင့်တိုက်ဆိုင် အတည်ပြု ထားကြခြင်းသာဖြစ်သည်။ ပညာရှင်ဟူကား မိမိတို့လူ့လောကမှ မျက်ကွယ်ပြုသွားရပြီးနောက် မိမိရှာဖွေအတည်ပြုထားသမျှ နှောင်းလူတို့မှ ကဲ့ရဲ့ဝေဖန်မည်ကို သေရမည်ထက် စိုးကြောက်တတ်ကြစမြဲပါ။ ထို့ကြောင့် တတ်နိုင်သမျှ တိကျသေချာအောင် ကြိုးစားအားထုတ်လေ့ရှိပါသည်။ ပါမောက္ခ လု့စ် ယူဆထားသော အထောက်အထားများသည် ထိုခေတ်ထိုအကာလမှာတွေ့ရှိသမျှ မြေပေါ် အထောက်အထားများ၊ ပုဂံခေတ် သက္ကရာဇ် နှင့်ရေး ထိုးထားသောကျောက်စာများ ၊မျက်မြင် လက်ငင်းလေ့လာနိုင်သော အပျက်အစီးနည်း ၍ လေ့လာရန်လက်လှမ်းမီသော သမိုင်းဝင် တည်ရှိနေသောနန်းတော်ရာဟောင်းများ အပေါ် စနစ်တကျ အခြေပြု၍ လေ့လာကာ ကောက်ချက်ချသွားခြင်းဖြစ်သည်။ ဤအယူအဆကိုပယ်လိုလျှင် လက်တွေ့ကျသော အထောက်အထားများကို ရှာဖွေ၍ သက်သေခိုင်ခိုင်မာမာ တင်ပြသင့်ပေသည်။ မြန်မာ့သုတေသန ပညာရှင်များမှလည်း အထူးအားထုတ်၍ ရှေးဟောင်းသမိုင်းဝင်ဒေသများသို့ ကွင်းဆင်းလေ့လာပြီး သုတေသနပြုလျက်ရှိနေပါသည်။ ဤအကြောင်းအရာများကို ကျမ လေ့လာဖတ်ရှု၍ သိရှိသမျှအားနောက်ထပ်ဆက်လက်ပြီး အလျဉ်းသင့်သလိုဖော်ပြပေးသွားမည်ဖြစ်ပါသည် ။    သျှင် လေညင်း (၁၃၊၂၊၂၀၁၃)

( က ) တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။
မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။

မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊မိမိ၏အမိမြေသည် မည်သို့သောအခက်အခဲများ ကိုကျော်ဖြတ်လာရသလဲ ၊မြန်မာဟူသောခေါင်းစဉ်အောက် နားလည်မှုများကို မည်မျှအချိန်ပေး တည်ဆောက်ခဲ့ရသလဲ ၊တချိန်က မည်သို့သော ပြင်မရသည့် အမှားများ ကျုးလွန်ခဲ့ကြသလဲ ၊ထိုအမှားများထဲမှ မည်သည်ကို သင်ပုန်းချေ၍ မည်သည်ကို အတုယူရမလဲ၊ လူမျိုးခြား များကအမေးရှိလာသော် အပြောသွက်သွက် အပြောမခက်ဖို့ မြန်မာ့သမိုင်း ( တိုင်းရင်းသားများအပါအဝင်) ကိုလေ့လာထားသင့်ပါသည်။ သမိုင်းသင်တာ မအ အောင်လို့ ဆိုသည်ထက် ကျယ်ပြန့်သော ခံယူချက်ထားသင့်ပါပေသည်။

ချိယန်/ တိဗက်-မြန်မာ ဆိုသည့် အထောက်အထား ။

တရုတ်ပြည်၏ အနောက်ဖက်မှ စီးဆင်းနေသော မြစ်ဝါမြစ် ဖျားပိုင်းတွင် တောင်ဖက်မှစီးဝင်သော ထောင် မြစ်လက်တက်၏ မြစ်ဝှမ်း တွင် ရှေးကျောက် ခေတ်သစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရှေးလူသားတို့၏ ရုပ်ကြွင်း များနှင့် ယဉ် ကျေးမှု အထောက်အထား များစွာကို သုတေသန သမိုင်းပညာရှင်တို့ တူးဖော်တွေ့ရှိခဲ့ကြသည်။
ဘီစီ ၂၀၀၀(ဝါ) လွန်ခဲ့သော နှစ်ပေါင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ထိသက်တမ်း ရှိနေပြီ ဖြစ်သည်။
ပညာရှင်တို့၏ ကောက်ချက် အရ ဘီစီ ၃၀၀၀ ခန့်ကပင် ယင်း ထောင်မြစ်ဝှမ်း ၌ ရှေးဦး တရုတ်လူတို့နှင့်မတူပဲ သီးခြား ယဉ်ကျေး မှု အစဉ်အလာ ရှိသော လူမျိုးစု ဖြစ်ကြောင်း ကိုလည်းလေ့လာသိရှိ အတည်ပြုခဲ့ကြသည်။
ထောင်မြစ်ဝှမ်းနေ လူတို့မှာ တိဘက် မြန်မာစကား ပြောသော ရှေးမြန်မာ ဘိုးဘေးများပင် ဖြစ်ကြသည်။
ထောင်မြစ်ဝှမ်းနေ ရှေးမြန်မာ တို့သည် မြစ်ဝါ မြစ်ဝှမ်း အလယ် နှင့် အောက် ဖက် ရှိ ရှေးဟောင်း တရုတ်တို့ ၏ ကျောက်ခေတ်သစ် ယဉ်ကျေးမှုနှင့် အပြိုင် ဖြစ်သည်။ဤ တိဘက်မြန်မာ စကားပြော ရှေးအနွယ်ဝင် တို့သည် ငြိမ်းချမ်း အေးဆေးစွာလုပ်ကိုင်စားသောက် လိုသူများ ဖြစ်ကြ၏။တရုတ်တို့က ထောင်မြစ်ဝှမ်းသားတို့ ကို ချိယန် ဟုခေါ်ကြသည်။ သိုးမွေးသူ ဆိတ်မွေးသူ ဟု အဓိပ္ပါယ် ရကာ ဘီစီ ၂၀၀၀ ခန့် ကတိရိစ္ဆာန်မွေးမြူ ခြင်းဖြင့် အစားအစာ ထုပ်လုပ်သော ယဉ်ကျေးမှုအဆင့် အတန်းသည် ရှေးတရုတ်လူ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း နှင့် ယှဉ်ပြိုင်နိုင်သော ယဉ်ကျေးမှု အထက်တန်းကျ လှကြောင်း ရှေးတရုတ် ရာဇဝင်တို့က ဆိုခဲ့သည်။တရုတ်တို့ သည် မြစ်ဝါ မြစ်ကွေ့ကြီးသို့ အရှေ့ ဖက်အောက်ထောင့်တွင် စီး ဝင်သော ဝေမြစ်ဝှမ်း မှ အနောက်ဖက်သို့ တဖြည်းဖြည်း နယ်မြေ ချဲ့ လာကြ သောအခါ ထောင်မြစ်ဝှမ်း ရှိ ချိယန် လူမျိုးစု ကို ထိပါးလာကြချေ၏။ ဤသို့ ဖြင့် ချိယန် တို့မှာ ဘီစီ ၃၀၀ ထိတိုင်အောင် တရုတ် တို့မှနှိပ်စက်၍ အနောက်ဖက် သို့ တဖြေးဖြေး ရွှေ့ပြောင်းလာကြပြီ အချို့ ချိယန်တို့မှာ တောင်ဖက်သို့ ပြောင်းရွှေ့ရာမှ တိဘက် ကုန်းမြင့်သို့ လည်းကောင်း အနောက်ဖက်သို့ ပြောင်းရွှေ့ရာမှမြန်မာ နိုင်ငံ မြောက်ဖက် အစွန်လောက်သို့ ရောက်သောအခါ ယခု မြန်မာ နှင့် တိဘက် နယ်နိမိတ် စပ်ကြားလောက်မှ အနောက်ဖက် ကိုလမ်းခွဲကာ ဗြဟ္မာပုတ္တမြစ်၏ မြစ်လက်တက်ဖြစ်သော လူဟစ်မြစ်ကြောင်း အတိုင်းသို့ လိုက်ခဲ့ ကြသည်ဆို၏။ကြမ်းတမ်း ခက်ခဲလွန်းသော လူသူအရောက်အပေါက်နည်းသော ပထဝီ အနေအထား ကိုဖြတ်ကျော်ခဲ့ရ၍ ရိုးရာအလေ့အထတွင် ယဉ်ကျေးမှုအသစ်အဆန်းများ ရသင့်သလောက် မရခဲ့ပဲ ဇွဲ၊လုံ့ လ၊ ဝရိယ နှင့်အတူ သန်မာခြင်း၊ ဖျတ်လတ် ရဲရင့်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း ၊အကြမ်းပတမ်း ခံနိုင်ရည်ရှိခြင်း၊ရဲစွမ်းသတ္တိရှိခြင်း၊ အခက်အခဲကို ကြံ့ကြံ့ ခံ ရင်ဆိုင်နိုင်စွမ်းရှိခြင်း ဟူသော ဝိသေသ များနှင့်အတူ တောင်ကြား ဒေသများမှတဆင့် မြန်မာ့ရှေးဦးလူတို့ ရောက်ရှိလာကြတော့သည်။ဤ ဖော်ပြချက်ကား အကျဉ်းမျှသာဖြစ် သည်။ ဤနည်းဖြင့် ဝင်ရောက်လာသောသူများသည် အေဒီ ၇ ရာစုလောက် အထိ နေရာအနှံ့အပြားသို့ အစုလိုက် အခြေချကြရာမှ မြန်မာ့တိုင်းရင်းသား များအသွင်သို့ တစ်ဆင့်ခြင်း ကူးပြောင်းသွားကြသည်။
ရှေးဦးမြန်မာ တို့သည် တရုတ်တို့ ၏နှိပ်စက်ခြင်း ကို အလီလီ ခံစားခဲ့ ရသည်။ သုံ့ပန်း အဖြစ် ဖမ်းဆီးခြင်းခံ ရ၍ ကျွန်အဖြစ်သော်အခါ၎င်း ယစ်ပူဇော်ခြင်း အတွက်သော်၎င်းအသုံးချခံ ရသောအခါ ဇာတိမြေကို စွန့် ခွာပြီး အိမ်မက်သစ်ထူထောင်ခဲ့ ကြောင်း တွေ့ရှိ ပြီးဖြစ်သည်။သူတို့ သည် ဘဝသာယာ အေးချမ်းရေးနှင့် တိုးတတ်မှု ရှိနေပြီ ဖြစ်သော ယဉ်ကျေး မှု ထက် ကိုယ်ပိုင်လွပ်လပ် မှုကို ပိုမိုမြတ်နိုးသူများ ဖြစ်၍ မူရင်း ဒေသကိုပင် စွန့်ခွာခဲ့ ကြသည်။ပါမောက္ခ လုစ် ၏အလိုတည်း။
(ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ-၁၉၇၅ ဒုတိယအကြိမ် )

G H Luce ၏ ချိယန်၊တိဗက်-မြန်မာ တို့နှင့် ကျောက်ဆည် လွင်ပြင် ဆက်စပ်ပုံ။

ဆရာကြီးလုစ် က၁၉၃၁ ခုနှစ်တွင် ပုဂံဆက် အောက်မြန်မာပြည် ပထဝီဝင် အကြောင်းကို ဟောပြောရာတွင် မြန်မာများ၏ ဖြစ်ကောင်းဖြစ်မည့် ရင်းမြစ် ၊သူတို့နှင့် နန်းစော တို့၏အဆက်အသွယ် ၊သူတို့၏မြောက်ပိုင်းရှမ်းပြည်မှ မြန်မာပြည် မြေလွတ်များအတွင်းသို့ ကဒူး၊သက်နှင့် စကောလူမျိုးများကိုဖြတ်သန်း၍ မြေလွတ်များတွင် အခြေချ ဝင်ရောက်လာပုံ အရ မြစ်သား တစ်ဆယ့်တစ်ခရိုင်ခေါ် မြစ်သား ( ဝါ ) ကျောက်ဆည်နယ်သည် မြန်မာတို့ ရှေးဦးနေထိုင်ရာ ဒေသသာ ဖြစ်သည် ဟု အတည်ပြု ခဲ့သည်။
ထို့နောက် ၁၉၄၀ ခုနှစ်တွင် ဆရာလုစ်ကပင် Economic of the Early Burma ဆိုသောခေါင်းစဉ်ဖြင့် မြန်မာ့ ရှေးဦး စီးပွားရေးအကြောင်း ဟောပြောရာတွင် မြေပြန့် လွင်ပြင်တွင်မြန်မာတို့ရှေးဦးစွာနေထိုင်ခဲ့သော ဒေသမှာ ကျောက်ဆည်ဒေသပင်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ ဟုကြော်ငြာပါတော့သည်။ ကျောက်ဆည် ဒေသတွင် ရှိရင်းစွဲ မွန်လူမျိုး တို့နှင့် ရောနှောနေထိုင်ပြီး လူဦးရေ များပြားလာသောအခါ မြန်မာပြည်အခြား ဒေသများသို့ ယပ်တောင်သဖွယ် ပြန့်ကား၍ ထွက်သွားကာ အခြေချနေထိုင် ကြလေ၏။ ဤသို့ဖြင့် မြန်မာအစ- ကျောက်ဆည်က ဟူသော ယူဆချက်ကို အသက်သွင်း ခဲ့သည်။

ထိုကာလ၌ မြန်မာ့မြေပေါ် သို့ လူမျိုးများအခြေချနေထိုင်ကြပုံ။

ထိုနောက်ပိုင်းတွင် ခရစ်နှစ် အေဒီ ၈၀၀ ခန့်လောက်တွင် မြန်မာနှင့် မြန်မာ့အနွယ်တို့သည် သံလွင်မြစ်ကြောင်းကိုလိုက်၍ ကျောက်ဆည်နယ် မြို့အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်ကြားလမ်းမှ ဆင်များ၊ မြင်းများနှင့် ဆင်းသက်လာပြီးလျှင် ကျောက်ဆည် လွင်ပြင် ၌ လည်းကောင်း ထိုဒေသ တဝိုက်တွင်နေထိုင်သော ကဒူးနှင့် သက် တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ဧရာဝတီ မြစ်၏ အရှေ့ ဘက်ကမ်းရှိ တကောင်းပြည်၌ လည်းကောင်း ၊ ရှေးရခိုင်တို့သည် အနောက်အရပ်ရှိ ဝေသာလီပြည် ၌လည်းကောင်း၊ မွန်တို့သည် တောင်ဖက် ကမ်းခြေရှိ သထုံပြည် ၌လည်းကောင်း ၊ပျူတို့သည် ယခုခေတ် ပြည်မြို့၏အရှေ့ဖက် မှော်ဇာ ရွာတည်အရပ်ရှိ သရေခတ္တရာ ၌လည်းကောင်း အသီးသီး အခြေချ နေထိုင်လျက်ရှိကြပြီးဖြစ်သည်။ ( ၁၉၆၆ ခုနှစ်က ပထမအကြိမ် ရိုက်နှိပ်သော မြန်မာ့ စွယ်စုံကျမ်း ပထမအတွဲ၊ စာမျက်နှာ -၂၃၄ ၊ မြန်မာနိုင်ငံ သမိုင်းခေါင်းစဉ် )

မှတ်တမ်းများကပါ ကိုးကားကြပုံ။

မြင်းများကိုစီးလျက် နတ်တောင်ကြားလမ်းမှဝင်ရောက်လာပြီးလျှင် ကျောက်ဆည်နယ်မြေသို့ ရောက်လာကြသည်။ ထိုဒေသတွင် ရှိခဲ့ပြီးသော မွန်တို့ နှင့် ရောနှောကာ ခရိုင် ဆယ့်တစ်ခုဖွဲ့ ၍နေထိုင်ကြလေ၏။ကာလ ကြာသော် လူဦးရေတိုးပွားလာပြီး မြေသစ်ကို ရှာကြပြန်၏။အချို့တို့သည် တောင်တွင်း နတ်မောက် အရပ်ကို ပြောင်း၍ နေထိုင်ကြကာ၊ အချို့မှာ ဧရာဝတီ မြစ် ကိုကူးပြီး စလင်းချောင်း မုန်းချောင်း ရှိရာ အရပ်သို့ သွားသည်။ အချို့မှာ ပုဂံ အရပ်သို့သွားသည်။ ( နတ်မောက်ဘုန်းကျော် ရှေးခေတ်မြန်မာ့ တပ်မတော်မှတ်စုများ -၁၉၆၇ )

မည်သည့်အတွက်ကြောင့် ချိယန်၊တိဗက်၊ မြန်မာတို့ ကျောက်ဆည်နယ်အတွင်း သို့သာအခြေချ နေထိုင်သနည်း။

ကချင်ပြည်နယ်အတွင်းရောက်နေသော ရှေးဟောင်းမြန်မာတို့သည် ထိုပြည်နယ်အတွင်းအဘယ့်ကြောင့် ဧရာဝတီမြစ်ကိုဖြတ်ကူး၍ မြေပြန့်သို့မဆင်းခဲ့သနည်းဟုမေးရန်ရှိသည် ။အမှန်စင်စစ် သူတို့သည် ဧရာဝတီ မြစ်ကိုဖြတ်ကူး၍ တောင်ဖက်သို့ပြောင်းရွှေ့ရန် ကြိုးစားခဲ့ဟန်တူသည်။သို့သော်ထိုစဉ်က ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဝှမ်း တို့တွင် သက်လူမျိုးတို့ ကြီးစိုးနေသော တကောင်းပြည်ရှိနေသောကြောင့် ရှေးဦးမြန်မာများ ဤဘက်မှ မြေပြန့်လွင်ပြင်သို့ မထိုးဖောက်နိုင်ပဲ ရှေးဦးဆုံးရွေ့လာသူတို့သည် ဧရာဝတီမြစ်ကျဉ်း အရပ်တွင် မွန်တို့ အဖြစ် ရပ်တန့်နေကြသည်။တောတောင် ရေမြေ အခြေအနေကလည်း ခက်ခဲလှသည်။သို့ဖြစ်၍ တပိန်ရွှေလီမြစ်ကြောင်းများ ယင်းတို့မှတဆင့် ဧရာဝတီ မြစ်ကြောင်း အတိုင်းကို မလိုက်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုရပါမည်။ဤသို့သောအခြေအနေတွင် ရှေးဟောင်း မြန်မာများအတွက် ခရီလမ်းလည်းလွယ်ကူ အဟန့်အတားလည်းနဲပါးသော မြေလွတ်ဒေသမြောက်ပိုင်းနှင့် မြေပြန့်ဆက်ရာ ကျောက်ဆည် ခရိုင်လောက်ဆီမှ လွင်ပြင်ဒေသသို့းဝင်ရောက်ရန်သာရှိတော့သည်။ (ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ-၁၉၇၅ ဒုတိယအကြိမ် )

ဒေါက်တာသန်းထွန်း၏စာတမ်းများထဲမှ သဘောထား။

ပညာရှာသူအများစုဟာ တိဗက်မြန်မာစကားပြောတဲ့ လူတွေရဲ့ ရှေးပဝေဏီက နေရာအရပ်ကို ကန်စူ နယ်ဖြစ်ဖို့များတယ်။ အဲဒီနယ်ဟာ တရုတ်အနောက်မြောက် ဂိုဘီသဲကန္တာရ နဲ့ တိဗက်အရှေ့မြောက်ကြား ဒေသဖြစ်မယ်လို့ ပြောကြတယ်။ ကျောက်ခေတ်သစ် နှောင်းပိုင်းကာလ၊ အရင် နှစ်လေးထောင် (၂၀၀၀-ဘီစီ)က ကန်စူဟာ အရိုင်းဘဝကလွတ်မြောက်ခဲ့ပြီး တရုတ်တွေထက်တောင်အခြေအနေ သာလွန်ကောင်းမွန်ခဲ့တယ်လို့ ဆိုနိုင်စရာရှိတယ်။ အဲဒီအရပ်ကထွက်တဲ့ ပန်းလှလှခြယ်ထားတဲ့ အိုးချောချောတွေဟာ ကျောက်ခေတ်သစ်လောက မှာ ဗိုလ်စွဲတယ်။(၁) ဒီလိုအိုးမျိုး ထုတ်လုပ်နိုင်သူဟာ တရုတ်လား၊ တိဘက်မြန်မာအနွယ်ဝင်လားလို့မေးရင် တိဗက်မြန်မာ အနွယ်ဝင်တွေဖြစ်ဖို့များတယ်။ တရုတ်တွေ ကြေးသတ္တုကိုအရည်ကျိုပုံလောင်းပြီး ဓားလှံ အိုးခွက်လုပ်တဲ့ပညာကို ကန်စုဒေသမှလူတွေဆီကမှတဆင့်ရတာလို့ ထင်တယ်။ ဒါပေမယ့် ပစ္စည်းပုံစံနဲ့ လက်ရာကိုယှဉ်ကြည့်ရင် ကန်စူ ပစ္စည်းက ရှန်ခေတ် တရုတ်လက်ရာကိုမမီပါ။ (၂) တရုတ်တွေတီထွင်အသုံးပြုတဲ့ မှတ်တမ်းတင်ပုံဟာ အရင်နှစ် ၂၀၀၀ မရှိတရှိလောက်ကလို့ မှတ်ယူပါတယ်။ အဲဒီအခါက ထားခဲ့တဲတရုတ်မှတ်တမ်းတွေမှာ တရုတ်အနေများတဲ့ရပ်ဝန်းအနောက် ရှန်စီကုန်းမြင့်ရဲ့အရှေ့ဖက် တောင်ကမ်းပါးတောင်ခြေဖြစ်တဲ့ အန်ယန်င် ဒေသမှာ ချိယန်လူမျိုးတွေနေတယ်လို့ မကြာခဏရေးမှတ်ထားတာ တွေ့ရပါတယ်။ ဒီချိယန်လူမျိုးတွေဟာ ဆိတ်ထိန်း၊ သိုးထိန်းတွေပါ။ တရုတ်ကတောင်သူ သိုး၊ဆိတ်မကိုင်ပဲ ကျွဲ၊နွား၊ဝက်တွေပဲမွေးတယ်။ သိုးသောက်တဲ့ရေအိုင်၊ စမ်းချောင်းမှာ နွားမသောက်မစား။ ဒါကြောင့် သိုးထိန်းနဲ့နွားထိန်း ဟာရန်ဘက်၊ တရုတ်မှတ်တမ်းမှာ တရုတ်က မကြာခဏ ချိယန်တွေရဲ့အိုးအိမ်ကိုဖျက်ဆီး လုယက်ပြီး ချိယန် အမြောက်အမြားကို ဖမ်းယူသတ်ဖြတ်ပြီးယဇ်ပူဇော်တယ်။(၃) ချိယန်တွေဟာ အနောက်ကန်စူမှာပြေးပုန်း ခိုလှုံတယ်။ နောက်တိဗက်အရှေ့မြောက် မြစ်ဝါရဲ့မြစ်ဖျားခံရာ အရပ်နဲ့ကိုကိုနောမှာခိုလှုံတယ်။ အဲဒီနေရာကိုပဲ တွိုင်က တရုတ်မင်းတွေဟာ ခရစ်မပေါ်မီ နှစ်တစ်ထောင်အတွင်းမှာလိုက်ပြီးတိုက်ခိုက်သေးတယ်။ ဒါနဲ့ချိယန်တချို့ဟာတောင်ကြီးတွေနဲ့ လျှိုတွေကိုဖြတ်ကျော်ပြီး တောင်ဘက်ကိုပြေးကြရပြန်တယ်။ ရာစုနှစ်တွေတော်တော်ကြာ အောင်ခြေရာပျောက်နေကြပြီးမှ တချို့ကိုတိဗက်၊ တချို့ကိုနောင်မြန်မာနိုင်ငံလို့ခေါ်မယ့်နေရာမှာ ပြန်ပေါ် လာတာကိုတွေ့ရတယ်။ အခုပြောသမျှဟာ အကျဉ်းချုံ့နိုင်သမျှ ချုံ့ပြီးပြောတဲ့ မြန်မာ အမျိုးသားတွေရဲ့နောက်ခံသမိုင်းဖြစ်တယ်။ ကျောက်ဆည်နယ်ဟာ သူတို့ကိုဒုက္ခအတွင်းက ကယ်ဆယ်တယ်လို့ဆိုနိုင်ပါတယ်။ ရှေးမြန်မာတွေခေါ်တဲ့ မ္လစ်သာ( မြစ်သား ) တစ်ဆယ့်တစ် လရိုန် ( ခရိုင်) ဟာ သူတို့နေပျော်တဲ့ဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ ( ပုဂံခေတ် လူမှုရေး စာတမ်း-ရှေးမြန်မာတို့ ဝမ်းစာရှာပုံ ၊ ဒေါက်တာသန်းထွန်း-၂၀၀၅၊ သြဂုတ်လ)

စာရေးသူ အမြင် ။

ထို သို့သောအယူအဆများကို ရှေးဟောင်းတရုတ်ရာဇဝင်ကျမ်းများ၊ တရုတ် ဒေသဆိုင်ရာ မှတ်တမ်းများ မန်ရှု ကျမ်း၊ ထန်ရာဇဝင်ဟောင်း ကျမ်း၊ ထန်ရာဇဝင်သစ်ကျမ်း ၊နန်စော ရာဇဝင်၊ ထိုအခါ အကာလမှ တရုတ် ရှေးဟောင်းသုသေသန ပညာရှင်များ၏ ထင်မြင်သုံးသပ်ချက်များစသည်ဖြင့် အင်မတန်မှ တန်ဖိုးထားကိုးကားထားသည်ကို လေ့လာမိပါသည်။ ပညာရှင်ဟူကား အစွဲမထားသင့်ပါ။ မြန်မာ့အစ ကိုမြန်မာ့ မှတ်တမ်းများ၊ မြေပေါ်မြေအောက် အထောက်အထားများ၊ ခေတ်ပြိုင်ဒေသ အသီးသီးမှ မှတ်တမ်းများ ( အိန္ဒိယ၊ တရုတ်၊ မွန်၊ ရှမ်း၊ ရခိုင်၊ပျူ ၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ပြင်သစ် ၊ စပိန်၊ ဂျာမန် ) စသဖြင့် မှီငြမ်းကိုးရားတိုက်ဆိုင်မှသာ တရားမျှတပါမည်။ အရာရာတိကျသေချာလွန်း ၍ စည်းစနစ်ကြီးမားပြီး နိုင်ငံကြီးသားပီသလှပါသည်ဆိုသော အင်္ဂလိပ်လူမျိုး တစ်ယောက်အဖို့ မိမိ၏ အတွေးယူဆချက်ကို ပို၍ခိုင်မာအောင်ကြိုးပမ်း အသက်သွင်းမှုဟာ တရုတ်မှတ်တမ်း များကို မှီခိုလွန်း သည်မှာ လူရယ်စရာဖြစ်နေပါသည်။ ထိုအယူအဆများကိုကား အမျိုးသား ပညာဝန် ဦးဖိုးကျား နှင့် ဦးဖိုးလတ်မှ ကနဦး ကန့်ကွက်၍ မြန်မာ့ နှောင်းသုတေသန သမားများက ဖြစ်ရပ်မှန် ပေါ်ပေါက်စေရေးအတွက် အပင်ပမ်းခံ ၍ဇွဲနပဲကြီးစွာ ဆက်လက် အကောင်အထည် ဖော်နေကြပါသည်။ဆရာချစ်စံဝင်း၏ အလိုအရမူ မြစေတီကျောက်စာ တနည်း ရာဇကုမာရ် ကျောက်စာတစ်ချပ်တည်းနှင့်ပင် ရှေးမြန်မာတို့အား အေဒီ ၈ ရာစုမှ ကျောက်ဆည်သို့ ဝင်ရောက်လာသည်ဆိုခြင်းကို ပယ်နိုင်ပါသည်တဲ့။ အကြောင်းမှာ ထိုကျောက်စာ၏ ထိုးချိန်ကာလ နှင့် ရှေးမြန်မာတို့ ဝင်ရောက်လာချိန်မရှေးမနှောင်း ဖြစ်ခြင်း မြန်မာ့ ရှေးဦး အက္ခရာ အဆင့်ဆင့်ပြောင်းလဲ ရန် အချိန်မလုံလောက်ခြင်း မိမိတို့အခြေချ ရန်ဒေသကို လူများကနောက်မှရောက်လာပြီး မြန်မာစာကို အရင်ပို့ ထားသည်ဆိုခြင်းမှာ ယုတ္တိမတန်ခြင်း မွန် ဗမာ ပျူ ပါဋိ လေးဘာသာဖြင့် ရေးထိုး ထားသောကျောက်စာ၏ အဆင့်အတန်းမြင့် မားလွန်းခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်တဲ့။ မည်သို့ဆိုစေ မြန်မာ့ ရှေးဟောင်းသမိုင်းသုတေသန ဌာန၏ ကြိုးပမ်းအား ထုတ်မှုများကြောင့် အသစ်အသစ် သောတွေ့ရှိမှုအောက်တွင် မခိုင်မာသော ယုတ္တိမတန်သော လက်တွေ့မဆန်သော ယူဆချက်များ မှေးမှိန်၍ ကျောက်ခေတ်မှအစပြုသော မြန်မာ့ယဉ်ကျေးမှု အစစ်အမှန်ကားဖုံးကွယ်၍ မရနိုင်ပါ။ သို့သော် ထိုခေတ်ထိုအခါ မှ ၎င်း တို့ တွေ့ရှိထားသောအထောက်အထား များအပေါ် ဖြစ်နိုင်ချေရှိသောမှတ်တမ်းနှင့်တိုက်ဆိုင် အတည်ပြု ထားကြခြင်းသာဖြစ်သည်။ ပညာရှင်ဟူကား မိမိတို့လူ့လောကမှ မျက်ကွယ်ပြုသွားရပြီးနောက် မိမိရှာဖွေအတည်ပြုထားသမျှ နှောင်းလူတို့မှ ကဲ့ရဲ့ဝေဖန်မည်ကို သေရမည်ထက် စိုးကြောက်တတ်ကြစမြဲပါ။ ထို့ကြောင့် တတ်နိုင်သမျှ တိကျသေချာအောင် ကြိုးစားအားထုတ်လေ့ရှိပါသည်။ ပါမောက္ခ လု့စ် ယူဆထားသော အထောက်အထားများသည် ထိုခေတ်ထိုအကာလမှာတွေ့ရှိသမျှ မြေပေါ် အထောက်အထားများ၊ ပုဂံခေတ် သက္ကရာဇ် နှင့်ရေး ထိုးထားသောကျောက်စာများ ၊မျက်မြင် လက်ငင်းလေ့လာနိုင်သော အပျက်အစီးနည်း ၍ လေ့လာရန်လက်လှမ်းမီသော သမိုင်းဝင် တည်ရှိနေသောနန်းတော်ရာဟောင်းများ အပေါ် စနစ်တကျ အခြေပြု၍ လေ့လာကာ ကောက်ချက်ချသွားခြင်းဖြစ်သည်။ ဤအယူအဆကိုပယ်လိုလျှင် လက်တွေ့ကျသော အထောက်အထားများကို ရှာဖွေ၍ သက်သေခိုင်ခိုင်မာမာ တင်ပြသင့်ပေသည်။ မြန်မာ့သုတေသန ပညာရှင်များမှလည်း အထူးအားထုတ်၍ ရှေးဟောင်းသမိုင်းဝင်ဒေသများသို့ ကွင်းဆင်းလေ့လာပြီး သုတေသနပြုလျက်ရှိနေပါသည်။ ဤအကြောင်းအရာများကို ကျမ လေ့လာဖတ်ရှု၍ သိရှိသမျှအားနောက်ထပ်ဆက်လက်ပြီး အလျဉ်းသင့်သလိုဖော်ပြပေးသွားမည်ဖြစ်ပါသည် ။

သျှင် လေညင်း (၁၃၊၂၊၂၀၁၃)
23540

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/09/2013 10:18:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.