[mrsorcerer:38228] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၅)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 10 May 2013 06:27 AM PDT
၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန်
့မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေ
ကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကာင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)
Ref: Dr Tun Lwin


Posted: 10 May 2013 06:18 AM PDT
ထိုင်းနိုင်ငံတ၀န်း ရောင်းချနေတဲ့ ငံပြာရည် အများစုမှာ တာရှည်ခံအောင်သုံးထားတဲ့ ဓာတုပစ္စည်း ပါဝင်မှုအဆင့်ဟာ စားသုံးဖို့ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီဘူးလို့ လေ့လာတွေ့ရှိချက်တခုကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 06:17 AM PDT
တနာရီကို လေတိုက်နှုန်း ၁၀၃ မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ သန်းခေါင်ယံမှာ ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် ရေတပ်နဲ့လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း ဒီနေ့ညနေပိုင်း ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 06:21 AM PDT
Posted: 10 May 2013 05:15 AM PDT
မေလ ၁၀ ရက် Auto World ဂျာနယ် အတွဲ ၂၊ အမှတ် ၁၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 05:10 AM PDT
မေလ ၁၀ ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal (VOL.4, NO.55)
(နောက်ဆုံးရ သတင်းများနှင့် ချန်ပီယံရှစ်Play-Offs ဆီမီးဖိုင်နယ်ပွဲရလဒ် ပါဝင်သော
သောကြာ နံနက်အချပ်ပို ပူးတွဲပါရှိ)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 May 2013 03:55 AM PDT
ပြည်တွင်း၌ ယခုနှစ်အ တွင်း ဥရောပနှင့် အာရှထိပ်သီး ကားကုမ္ပဏီပေါင်း ရှစ်ခုခန့် တရား
ဝင်ရောင်းချခွင့် ရရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သတင်းရရှိသည်။ ကမ္ဘာကျော် ထိပ်သီးကား ကုမ္ပဏီများဖြစ်သည့် ဂျာမနီနိုင်ငံမှ BMW ၊ အမေရိကန်နိုင်ငံမှ Ford ၊ ကိုရီးယားနိုင်ငံမှ KIA ၊ အိန္ဒိယနိုင်ငံမှ TATA ၊ ဂျပန်အခြေစိုက် Toyota, Nissan, Honda အစရှိသော ကမ္ဘာ့ဈေးကွက်ဝင် ကားကုမ္ပဏီကြီးများက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 03:37 AM PDT
အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ် တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့မှုကို သက်ဆိုင်ရာတွေက ကိုင်တွယ်ရာမှာ ဥပဒေက လျော့ရဲနေ တာကြောင့် ထိထိရောက်ရောက် အရေးယူပေးဖို့ မိခင်ဖြစ်သူက မေလ ၉ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
 



Posted: 10 May 2013 04:02 AM PDT
၁၀့  ၅့   ၂၀၁၃ ယနေ့နံနက် ၈နာရီ ခန့် တွင် အင်းလေး ဟော်တယ်ဇုံ ဒေသ မှ ပုဒ်မ ၁၈၈ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံရသော တောင်သူ ၇ ဦး နှင့် ကန်ဘဲ့ ကျေးရွာ အင်ကြင်းကုန်း ကျေးရွာ မှ တောင်သူ ၅၀ ဦးခန့်သည် ကလောမြို့နယ် တရားရုံးသို့ ခြေလျင် လမ်းလျှောက်လာကြ ကြောင်းသိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 10 May 2013 03:09 AM PDT
မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ကို လုံးဝ အယုံအကြည် မရှိဘူးလို့ ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလို့ မေလ ၉ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 10 May 2013 04:08 AM PDT
ဟင်္သာတမြို့နယ် ကျုံတွမ်ကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တပ်မတော်သား သုံးဦးက လူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သောကြောင့် အသက် ၁၆ နှစ်ခန့် လူငယ်တစ်ဦး သေဆုံးမှုကို တပ်မတော် တရားရုံးက ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း ယင်းတပ်မတော် သားများ တာဝန်ထမ်းဆောင်သည့် အမှတ် (၁၈) ခြေလျင်တပ်ရင်းနှင့် မိသားစုဝင်များ ထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:13 AM PDT
မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ သည့် ပြည်ပ ကုမ္ပဏီများ အကြို နိုင်ငံတကာ ဥပဒေ အကျိုးဆောင် လုပ်ငန်းများ ပြည်တွင်းသို့ အပြိုင်အဆိုင် ၀င်ရောက် လာနေကြောင်း သတင်းရရှိသည်။ လက်ရှိ ပြည်တွင်းတွင် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဂျပန်စသည့် နိုင်ငံများမှ ဥပဒေ အကျိုးဆောင် လုပ်ငန်းများ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:20 AM PDT
တစ်လလျှင် ချီးမြှင့်ငွေ ကျပ်သုံးသိန်းသာ ရရှိသော လွှတ်တော် ကိုယ်စားလှယ် များကို ရုံးခန်း၊ ကားနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပေးရန် စဉ်းစားနေကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြောကြား သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:30 AM PDT
နိုင်ငံတော် သမ္မတကြီးနှင့် ပြန်ကြားရေး ၀န်ကြီးတို့အား သိစေချင်ပါသည်...
ကျွန်မတို့ဟာ (နေပြည်တော်.တပ်ကုန်း) မြန်မာ့အသံရုံး ၀င်းကြီး အတွင်းက ၀န်ထမ်း အဆောင်
တွေမှာ နေထိုင်ကြတဲ့ ၀န်ထမ်းများ ဖြစ်ပါတယ်၊ အခုအခါမှာ ညွှန်ကြားရေး မှုးချုပ်ရဲ့အမိန့်နဲ့ဆိုပြီး ၀န်ထမ်းများ နေထိုင်ရာ လိုင်းခန်းများတွင် မိဘ.ဆွေမျိုးများ အပါအ၀င် မည်သူ့ကိုမျှ ရက်တို/ရက်ရှည် ညအိပ်တည်းခို နေထိုင် ခွင့်မပြုရ ဆိုတဲ့ အမိန့်ကြေငြာစာ စည်းကမ်း ချက်ကြပီး ထွက်ထား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:36 AM PDT
ကလောမြို့ ရွှေတူးဖော်ရေးလုပ်ငန်းခွင် အတွင်း မေလ ၁ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည့် အလုပ် သမားဦးရေမှာ ၁၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကျော်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 04:42 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် သင်္ကြန်လက်ဆေးမိုး ရွာသွန်းမှု မရှိခြင်း၊ အပူရှိန်ပူပြင်းမှု များကြောင့် (၉.၅.၂၀၁၃)ကြာသပတေးနေ့၌ အိမ်မဲမြို့ ဂီတ အစည်းအရုံးဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ မိုးကြိုလွန်ကြိုး ဆွဲပြိုင်ပွဲကို ညနေ(၅း၀၀)အချိန်တွင် အိမ်မဲမြို့ အထက်ပိုင်း ရပ်ကွက်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အိမ်မဲမြို့တွင် မိုးကြို လွန်ကြိုး ဆွဲပြိုင်ပွဲကျင်းပ





Posted: 10 May 2013 04:46 AM PDT
ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀ ကျော် ကျယ်ဝန်းသော အစိုးရ ပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အစိုးရပိုင်မြေ ဧက ၂၀ကျော် ထူးနှင့်ထိုင်းကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ

Posted: 10 May 2013 01:51 AM PDT
မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရဲ့ စခန်းတခုကို  တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့အပိုင် တရုတ်-မြန်မာနယ်စပ်အခြေစိုက် ရှမ်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် တင်းခါးတပ်စခန်း (ဓာတ်ပုံ- သျှမ်းသံတော်ဆင့်

နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စု နေရာပေါင်း ၅ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နော
က် နောင်မကျေးရွာက သူတို့တပ်ရင်း အမှတ်  ၇၀၁ စခန်းကို ဆုတ်ပေးလိုက်ရတယ်လို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

"တိုက်ပွဲဖြစ်တာကြာလို့ သူတို့ဘက်က စစ်ကူတွေ တဖွဲဖွဲ ရောက်လာတယ်။ အစိုးရတပ်ဘက်က အင်အား ၅၀၀-၆၀၀ နဲ့ ကျနော်တို့ကို ၀ိုင်းတိုက်တာ။ ကျနော်တို့ အဲဒေသမှာ ပြောက်ကျားတပ်သားနဲ့ လှုပ်ရှားနေတဲ့ တပ်ဖွဲ့ ၁၀၀-၂၀၀ နည်းပါးရှိတယ်။ တပ်ကလည်း ပြန့်ကျဲနေတော့ တနေရာထဲမဟုတ်တော့ အင်အားချင်းကွာတယ်၊ မခံနိုင်တော့ ဆုတ်ပေးလိုက်တယ်။ နောက် လက်နက်ကြီးကျည်ဆန်တွေကလည်း ကျတာတအားများတော့ ရွာသားတွေရဲ့ အိမ်ခြေတွေကို ထိခိုက်ပျက်စီးမှုတွေ များတော့ တပ်မှူးက မလိုလားဘူး၊ ဆုတ်ပေးလိုက်တယ်။ ညနေ ၃ နာရီလောက်မှာ တပ်စခန်းကနေ ဆုတ်ခွာပေးလိုက်တယ်။ တပ်တွေကတော့ အရင်တုန်းက အပစ်အခတ်မရပ်စဲတဲ့ အနေအထားပဲ ဆက်ရပ်တည်သွားမယ်၊ ပြောက်ကျားတပ်လိုပဲ ဆက်လှုပ်ရှားသွားမယ်လို့တော့ ဆက်အစီအရင်ခံထားတယ်။"

နမ့်ခမ်းမြို့နယ်တွင်း တနေ့တာ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် ရွှေလီမြစ် နှစ်ဘက်ကမ်း ကျေးရွာပေါင်း ၁၉ ရွာက အိမ်ထောင်စု ၆၅၀ ကျော် လူပေါင်း ၂ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး ခိုလှုံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမလုပ်ခင်က မြန်မာ့တပ်မတော်က မေ ၅ ရက်နေ့တုန်းကလည်း တင်းခါးစခန်းကို မီးရှို့ခဲ့သေးတာကြောင့် ဒီဖြစ်ရပ်တွေကို အစိုးရငြိမ်းချမ်းရေးအဖွဲ့ဆီကို ဆက်ဆံရေးရုံးကနေတဆင့် မနေ့က အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး ၁ နှစ်ခွဲနီးပါး အချိန်အတွင်း အစိုးရနဲ့ ပစ်ခတ်မှုပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့တာမှာ မနေ့က တိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က ရဲဘော် ၁ ဦးကျဆုံးကာ  ၂  ဦး ဒဏ်ရာရကြောင်း၊ အစိုးရတပ်ဘက် ကလည်း အနည်းဆုံး ၁၅ ဦးဒဏ်ရာရပြီး အရာရှိတွေပါ ပါဝင်တယ်လို့ ကြားရပေမယ့် ကျဆုံးသူဦးရေ မသိရကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း အစိုးရဘက်က အပစ်အခတ်ရပ် ပျက်ပြားတယ်လို့ မကြေညာမချင်း သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး ပြဿနာကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းလိုတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ကျားဖြူပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက မနေ့က တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ခြမ်းက တရုတ်ဘုံကျောင်း  ၁ ခုကို လက်နက်ကြီးစ ထိမှန်ပြီး နောင်ဆောင်ရွာက နေအိမ်တချို့ ပျက်စီးကြောင်း၊ ပစ်ခတ်မှုတွေဟာ ညနေပိုင်းမှာ ငြိမ်သွားပေမယ့် ရွှေလီကူးတို့ဆိပ်နဲ့ နယ်စပ်လမ်းမှာ အသွားအလာ မရှိသလောက်ဖြစ်သွားပြီး ကုန်ဈေးနှုန်း ၂ ဆ လောက် ခုန်တက်သွားတယ်လို့ ပြောပါတယ်။

မနေ့က ကျားဖြူပါတီက ဇေယျသုခဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၁၀၀ ကျော်အတွက် ထမင်းထုပ်တွေ သွားဝေခဲ့ပြီး တခြားရပ်ကွက်တွေမှာတော့ ရပ်ကွက်သာရေးနာရေးအသင်းက သူအစီအစဉ်နဲ့ သူ ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ဒီနေ့တော့ အိမ်ကို တဖွဲဖွဲပြန်နေကြကြောင်း တရုတ်ဘက်ခြမ်းကို ထွက်ပြေးသွားသူတော့ ပြန်မလာရဲဘဲ ဒီဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ အခြေအနေစိတ်ချရကြောင်း အကြောင်းကြားချက်ကို စောင့်နေကြတယ်လို့  နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းကျော်အုန်းက ပြောပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ)


Posted: 10 May 2013 01:47 AM PDT
ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း မနေ့ကနေ့လည်ပိုင်းက လေပြင်းတိုက်ခတ်သွားတာကြောင့် အိမ်ခြေအလုံး ၄၀၀ နီးပါး ပျက်စီးသွားတယ်လို့သိရပါတယ်။

သရက်ကုန်း၊ ပေါက်ကံ၊ ကံထူး၊ ရွှေပေါက်ပင်စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် သရက်ကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ အဲဒီဒေသခံ ဒေါက်တာလှမိုးက RFA ကို ပြောပါတယ်။

လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် မိုးကြိုးပစ်ခံရတာနဲ့ သစ်ပင်ပြိုတာတွေကြောင့် နွား ၃ ကောင်သေဆုံးပြီး တိရိစ္ဆာန်တချို့ ထိခိုက်မှုရှိတယ်လို့သိရပါတယ်။ ဒေသခံတွေအနေနဲ့လည်း အ၀တ်အစားနဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေပြီး လောလောဆယ်အထိ အာဏာပိုင်တွေဘက်က အကူအညီပေးတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း သရက်ကုန်းကျေးရွာအုပ်စုထဲက ကျေးရွာ ၁၃ ရွာမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၅၈၃ လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

RFA Burmese




Posted: 10 May 2013 01:46 AM PDT
အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ အခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတွေကိုအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်မြို့ American Center မှာ မေလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

အင်တာနက်လူမှုကွန်ရက်မှာ တချို့သူတွေက နာမည်အတု၊ အကောင့်အတုတွေနဲ့ ပြဿနာတွေ ပိုမိုကြီးထွားအောင် တာဝန်မဲ့ပြောဆိုရေးသားနေကြတယ်လိ
ု့ဆိုပါတယ်။ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ရလာတဲ့ ဒီကနေ့အခြေအနေမှာ တာဝန်ယူတဲ့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့လိုပြီလို့လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သံရုံး လူထုဆက်သွယ်ရး လက်ထောက်အရာရှိ Michael Quinlan ကလည်း လွတ်လပ်စွာပြောဆိုခွင့်ကို ဥပဒေနဲ့ သတ်မှတ်ဖို့လိုအပ်ပြီး၊ တရားရေးစနစ်ကလည်း စောင့်ကြည့်နေရမှာဖြစ်ကြောင်း၊ လူမှုရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်တာ၊ အသရေပျက်အောင် စော်ကားရေးသားတွေဟာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်
ရဲ့ အနက်အဓိပ္ပါယ်နဲ့ သဘောသဘာဝ၊ မီဒီယာလွတ်လပ်မှုနဲ့ မြန်မာနိုင်ငံ အခြေအနေ၊ ဆင်ဆာပြဿနာ စတာတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲကို ကျောင်းသူကျောင်းသားတွေ၊ စာရေးဆရာ အယ်ဒီတာတွေနဲ့ ဘလော့ဂါတွေ စုစုပေါင်း လူ ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese


Posted: 10 May 2013 04:58 AM PDT
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မူကြွေးကျန် ပုဒ်မ ၄ဝ၁(၁) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တာဟာ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့် ပြဿနာ တစ်ခု ဖြစ်တယ်လို့ ဦးနေမျိုးဇင်ရဲ့ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ ပြန်လွတ်ပေး လိုက်တာကို ပြည်ထဲရေး ဝန်ကြီး အမိန့်နဲ့  ပြန်ဖမ်းတယ်ဆိုတာ မဆီလျော်ဘူးလို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 May 2013 05:03 AM PDT
မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိစာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ စာသင်တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော ကြက်သား ဒံပေါက်နှင့် ချည်ရည်ဟင်း၊ ငါးပိကြော်တို့ကို နံနက် ၅နာရီအချိန်ခန့် က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 May 2013 07:58 PM PDT
ရိုဝမ်ဒါ နိုင်ငံမှာ ကျောင်းသား ၄ဝ ရာခိုင်နှုန်းကျော်ဟာ လိင်ပိုင်းဆိုင်ရာ အပါအဝင် အဓမ္မ ပြုကျင့်ခံနေရတယ် ဆိုတဲ့ အစီရင်ခံစာ တခု ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် ကျောင်းတွေမှာ မဒိန်းကျင့်ခံရတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ အာဏာပိုင်တွေက သံန္နိဌာန် ချခဲ့ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရိုဝမ်ဒါ နိုင်ငံပြ မြေပုံ

Posted: 09 May 2013 07:36 PM PDT
၂၀၁၃ - မေ ၉ ရက်နေ့ နေ့ လည် ၁၄း၀၀ အချိန်တွင် မိုးရွာသွန်းပြီ လေတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ် သိုက်တူ ကန် ကျေးရွာအုပ်စု၊ သိုက်တူကန် ကျေးရွာ အနီး သံလျင်/သုံခွသွား ကားလမ်းပေါ် ရှိ မှတ်တိုင်အမှတ် (၅၁/၀၂) အကြားတွင် အော်ရီးရှား သစ်ပင်သည် ကားလမ်းမပေါ်သို့လည်ကျရာ ဓါတ်တိုင် တချို့ ပျက်စီးခဲ့ပြီး ခတ္တလမ်းပိတ်ဆို့ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လဲကျတဲ့ သစ်ပင်ဟာ ကားလမ်း ရှိ သိုက်တူကံ ကျေးရွာ သို့ သွယ်တန်းထား သော ကွန်ကရစ် ဓါတ်တိုင် (၂) တိုင်အကြား သို့ကျ ရောက် ပြီး ဓါတ်ကြိုး ပြတ်ကျ၍ ကွန်ကရစ် ဓါတ်တိုင်(၂) တိုင်ကြိုးသွား ကာ သစ်ပင်သည်လမ်းအား (၁၅) မိနစ်ခန့် ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်ပါသည်။

အခင်းအဖြစ်သည့် သိုက်တူးကန်ကျေးရွာသို့ မြို့နယ်ဦးစီး မှူးဦးဌေးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲကျော်စိ
န်လင်း၊ မြို့နယ်လျှက်စစ်ဓါတ်အား ပေးရေးအဖွဲ့ အုပ်ချုပ်ရေး မှူးဦးခင်မောင်ထွန်း တို့ မှသွားရောက်ဖယ်ရှားရှင်းလင်းရာ (၁၄း၃၀)အချိန်တွင်ရှင်းလင်း မှုပြီးစီးခဲ့ ကြောင်း သိရပါသည်။
ဆက် လက်၍သိုက်တူးကန်သို့ လိုက်လံစစ်ဆေးရာ ရွာတောင်ဘက်ကွင်းဘက်ရှိ ပျဉ်ခင်းထရံ ကာ၊ဓနီမိုးလူနေအိမ်တစ်လုံး ပြိုကျ (တန်ဘိုး (၅)သိန်း ကျပ်ခန့်) ပျက်စီးပြီး၊ သုဿာန်ဇရပ်အဟောင်း တစ်လုံပြို ကျ(တန်းဘိုး (၂)သိန်းကျပ်ခန့်ပျက်စီး)၊ ရွာတောင်ဘက်ကွင်းထဲရှိ ကျိုက်သာယာဘုန်းကြီး ကျောင်းသွပ်များ အမိုးလန် (တန်းဘိုး(၂)သိန်ကျပ်ခန့် ပျက်ဆီးပြီးကျေးရွာအတွင်းရှိကို
ယ်အားကိုယ် ကိုးကွန်ကရစ်ဓါတ်တိုင်(၁)တိုင်နှင့် သိုက်တူးကန်ကျေးရွာ တောင်ဘက်ကွင်းပြင်အတွင်းရှိသော ကျိုက်သာယာ ဘုန်းကြီးကျောင်းသို့ သွယ်တန်းထာသော ကွန်ကရစ် ဓါတ်တိုင် (၄၂) တိုင်ကျိုးပဲ့ ပျက်စီး ခဲ့သဖြင့် ကားလမ်း ဘေးရှိ ဓါတ်တိုင်(၂) တိုင်အပါအ၀င်စုစု ပေါင်း ဓါတ်တိုင်(၄၅) တိုင် ပျက်စီးမှု အတွက် တန်းဘိုး(၄၅)သိန်ကျပ်ခန့် ဆုံရှုံးခဲ့ ပါသည်။
သံလျင်/သုံးခွသွား မော်တော် ကား လမ်း မှာပုံမှန်  တိုင်ယာဉ်များ သွားလာလျက်ရှိပြီး ကျိုးပဲ့စီး သွားသော ကွန်ကရစ် ဓါတ်တိုင်များ အား ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ (သုံးခွ)မြို့နယ်မှ ကြီးကြပ် ကွပ်ကဲ၍ အမြန်းဆုံး ပြန် လည်ပြုပြင် သွာ မည် ဖြစ်ကြောင့်နှင့် လေတိုက်ခက်မှု ဖြစ်စဉ်နှင့် ပတ်သတ်၍ လူနှင့် တိရိစ္ဆာန် များ ထိခိုက်ဒဏ် ရာ ရှိမှု တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့ မှသတင်းရရှိပါသည်။

သစ်ထူးလွင်

သိုက်တူးကန်ကျေးရွာ


Posted: 09 May 2013 06:02 PM PDT
ဒီနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှာ မိုးရွာသွန်းပြီး ကွမ်းသီးလုံးလောက်ရှိတဲ့ မိုးသီးတွေ ကျခဲ့တာ တမြို့လုံး ဖွေးသွားတယ်လို့ မြို့ခံ သတင်းဂျာနယ်အယ်ဒီတာ ကိုစန်းယုက ပြောပါ တယ်။ "လေကတော့ တအားကြီး မပြင်းဘူး။ မိုးက နည်းနည်းလေးတော့ သည်းတယ်။ မိုးသီးကတော့ ကောင်းကင်က ကြဲချသလိုမျိုးပဲ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/10/2013 11:34:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.