[mrsorcerer:38241] Fwd: [လူဗိုလ်ဟူသည် ...] ဆိုင်ကလုန်း မုန်တိုင်းအတွက် သတိပြုရန်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/10
Subject: [လူဗိုလ်ဟူသည် ...] ဆိုင်ကလုန်း မုန်တိုင်းအတွက် သတိပြုရန်များ
To: lubo601@gmail.com


by ကို သာ ပို (Notes) on Friday, May 10, 2013 at 5:56pm
ဆိုင်ကလုန်း မုန်တိုင်းရာသီ မရောက်ခင် (မိုးကြိုကာလနှင့် မိုးနှောင်းပိုင်းတွင်)
  • မိမိနေထိုင်ရာ နေအိမ် အဆောက်အဦးကို ပိုမိုခိုင်ခံအောင် ပြင်ဆင်ဆောင်ရွက် ထားသင့်ပါတယ်။
    (ပြင်ဆင်ဆောင်ရွက်ရန် အကြံပြုချက်များကို အောက်ကလင့်များတွင် ဖတ်ရှုပါ)
  1. ပိုခိုင်တဲ့ သစ်သားအိမ်
  2. ဘေးကင်းလုံခြုံသော အုတ်တိုက်ဆောက်လုပ်ရာတွင် လိုက်နာသင့်သော အချက်များ
  • အိမ်ခေါင်မိုး၊ အိမ်နံရံနဲ့ တံစက်မြိတ်တွေရဲ့ ခိုင်ခန့်မှုကို စစ်ဆေးထားပါ။
  • လေပြင်းတိုက်ခတ်သောအခါ အိမ်ပေါ်ကို လဲပြိုကျနိုင်၊ ကျိုးကျနိုင်သော၊ အိမ်ကိုလာရောက် ရိုက်ခတ်နိုင်သော အပင်အကိုင်းအခက်များကို ခုတ်ထွင် ရှင်းလင်းထားပါ။
  • ပြုတင်းပေါက်များ တံခါးများကိုလဲ ခိုင်ခံအောင် ပြုပြင်ထားသင့်ပါတယ်။
    မှန်တံခါးများထက် သစ်သားတံခါး၊ အလူမီနီယမ်တံခါးများကို အစားထိုးသင့်ပါတယ်။ တရုတ်ကပ်မှန်များအစား အလူမီနီယံ တရုတ်ကပ်များကို ပြောင်းသုံးတာက ပိုမိုစိတ်ချရပါသည်။
  • ဆွေးမြေ့ယိုင်နဲ့နေသော နေရာများ၊ လေပြင်းတိုက်ခတ်ရာတွင် ပျက်စီးပြုတ်ထွက်နိုင်သော နေရာများကို ပြင်ဆင်အစားထိုး ထားသင့်ပါတယ်။
  • မုန်တိုင်းဒီရေနှင့် ထူးကဲဒီရေစသော မုန်းတိုင်းကြောင့် ဒီရေတက်ခြင်း ဖြစ်လာပါက အလွယ်တကူ ရှောင်ရှားခိုလှုံနိုင်အောင် အနီးစပ်ဆုံး ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အစရှိသည်တို့ကို လေ့လာမှတ်သားထာပြီး မိသားစုနှင့် အလွယ်ကူဆုံး လမ်းကြောင်းကို ရွေးချယ်တိုင်ပင်ထားပါ။
  • ခိုင်ခံပြီး အလွယ်တကူ ရေမစိုနိုင်သော အရေးပေါ် အိတ်ကိုပြင်ဆင်ထားပါ။
    (အောက်တွင် ဖော်ပြထားသော ပစ္စည်းများ အိတ်အတွင်း ပြည့်စစုံနေပါစေ)
  1. မုန်တိုင်းသတင်းကို စောင့်ကြည့်နားထောင်နိုင်ရန် ဘက္ထရီရေဒီယို တစ်လုံးနှင့် ဓါတ်ခဲအပိုများ။
  2. လက်နှိပ်ဓါတ်မီးနှင့် ဓါတ်ခဲအပိုများ။
  3. ရေသန့်သောက်ရေဗူး၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ အသားဘူး၊ ငါးသေတ္တာ အစရှိသော အလွယ်တကူ စားနိုင်သော အစားအသောက်များ။
  4. မီးခြစ်၊ ဖယောင်းတိုင်များ။
  5. မတော်တဆ ထိခိုက်ဒဏ်ရာရရှိပါက အသုံးပြုနိုင်ရန် အရက်ပျံ၊ အနာကျက်ဆေး၊ ပလာစတာ၊ မျက်နှာဖုံး၊ ပတ်တီး၊ ဂွမ်း အစရှိသည်တို့ ပါဝင်သော ဆေးသေတ္တာတစ်လုံး။
    (ဝမ်းနှင့်ပက်သက်သော ရောဂါများအတွက် ဓါတ်ဆားထုတ်၊ ဝမ်းပိတ်ဆေးနှင့် ရေသန့်ဆေး (ကလိုရင်း) အစရှိသည်တို့ကိုလဲ ဆောင်ထားသင့်ပါသည်။)
  • အရေးပေါ် ခေါ်ဆိုရမည့် ရဲစခန်း၊ ဆေးရုံစသည့် ဖုန်းနံပါတ်များနှင့် မိဘဆွေးမျိုး၊ မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို သေချာစွာရေးမှတ်ပြီး ရေမစိုစေရန် ပလပ်စတစ် လောင်းထားပါ။
  • မိမိ၏ အိမ်နီးနားချင်းများ မိတ်ဆွေများကိုလဲ ပြင်ဆင်ဆောင်ရွက်စေရန် ဆော်သြတိုက်တွန်းပါ။

မုန်တိုင်းရှိနေကြောင်း ကြေညာချက်ထွက်ပေါ်လာပါက
  • မိမိအိမ်၏ ဆွေးမြေ့ပျက်စီးနေသည်များ ရှိမရှိနှင့် တံခါးများ ခေါင်မိုးများ ခိုင်ခံမှုရှိမရှိ စစ်ဆေးပြင်ဆင်ပါ။
    (ပေါ့ပါး၍ လွင့်ထွက်လွယ်သည်များ၊ ခေါင်မိုးစွန်းများကို ကြိုဖြင့် နာနာတုပ်ထားပါ။)
  • အရေးပေါ်အိတ်ကို ပြည့်စုံလုံလောက်ခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပါ။ သောက်ရေဗူးများ ဖြည့်တင်းထားပါ။
  • အရေးပေါ် အခြေအနေ ဖြစ်လာလျှင် ခိုလှုံရန် မိမိအိမ်၏ အခိုင်ခံ့ဆုံးနေရာကို ရွေးချယ်ခြင်း၊ အနီးအနားရှိ ခိုလှုံနိုင်သော ဆေးရုံ၊ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ စသည်တို့ကို သွားရမည့် လမ်းကြောင်းကို ဆွေးနွေတိုင်ပင်ခြင်းကို မိသားစုနှင့် အတူတကွ လုပ်ကိုင်ဆောင်ရွက်ပါ။
  • မုန်တိုင်းသတိပေးချက်ကို ကြားသိရစေရန် လေဒီယို၊ ရုပ်မြင်သံကြား စသည်တို့ကို တစ်ချိန်လုံး ဖွင့်ထားပါ။
  • မိမိ အိမ်နီးချင်းများကိုလဲ သတိပေးရန် မမေ့ပါနှင့်.

ဆိုင်ကလုန်း မုန်တိုင်းသတိပေးချက် ထွက်ပေါ်လာပါက ဆောင်ရွက်ရန်။
(ရေဒီယို၊ ရုပ်မြင်သံကြား၊ ရပ်ကွတ်၊ ကျေးရွာအုပ်ချုပ်ရေးမှုများ၊ တာဝန်ရှိသူများ၏ ထုတ်ပြန်ကြေညာချက်)
  • ဒေသဆိုင်ရာ အာဏာပိုင်များ၏ သတိပေးချက်များ ထွက်ပေါ်လာပါက (သို့မဟုတ်) သတိပေးပါက စာသင်ကျောင်းများမှ မိမိရင်သွေးများကို အိမ်ပြန်ခေါ်ထားနိုင်ပါပြီ။
  • ပြုတင်းပေါက်များ၊ အိမ်တံခါးများကို သေခြာစွာ ပိတ်ထားပါ။
  • အိမ်၏ လေဝင်နိုင်သော နံရံအကြားအစပ်များ၊ ပြုတင်းပေါက် နေရာများကို တိပ်ဖြင့် လုံခြုံစွာပိတ်ပါ။
  • အရေးပေါ်အိတ်ကို ပြင်ဆင်စစ်ဆေးပါ။ ရေဗူးများ ရေဖြည့်ပါ။
  • မိုးကာ အနွေးထည်များ အသင့်ပြင်ထားပါ။
  • အရေးကြီးစာရွက်စာတမ်းများကို ရေလုံသည့် ပလပ်စတစ်အိတ်များအတွင်း ထည့်သွင်းပါ။
  • မိသားစုတစ်ခုလုံး (အိမ်မွေးတိရစ္ဆာန်များ အပါအဝင်) အိမ်ထဲတွင်သာ နေပါ။
  • မုန်တိုင်းသတင်း နားထောင်ရန် ရေဒီယို ရုပ်မြင်သံကြားများကို အမြဲဖွင့်ထားပါ။

လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးချက်များ ထွက်ပေါ်လာပါက
(ပြင်းထန်သော လေတိုင်နှုန်း၊ မုန်တိုင်းဒီရေ၊ ထူးကဲဒီရေများကြောင့် သက်ဆိုင်ရာ မိုးလေဝသနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ သတိပေးချက် လက်ခံရရှိပါက)
  • ထူထဲပြီးနွေးထွေးသော အဝတ်များ၊ မိုးကာအင်္ကျီများ ဝတ်ဆင်ထားပါ။
  • တံခါးတွေကို သေသေချာချာ ပိတ်ပါ။
  • လျှပ်စစ်မီး မိန်းခလုပ်များ၊ ဂတ်စ်မီးဖို ဂတ်စ်အိုးများကို သေသေချာချာ ပိတ်ထားခဲ့ပါ။
  • အရေးပေါ်အိတ်နှင့် သောက်ရေဗူးများ တပါတည်း ယူဆောင်ပါ။
  • သတိပေးချက် ရလျှင်ရခြင်း အမြန်ဆုံးထွက်ခွာနိုင်ရန် ဆောင်ရွက်ပါ။ (အိမ်မွေးတိရစ္ဆာန်များကိုလဲ သေသေချာချာ ခေါ်ဆောင်နိုင်ရန် စီစဉ်ပါ။ ခေါ်ဆောင်၍ မရနိုင်သော နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်များကို သူတို့ဘာသာ ဘေးကင်းရာကို ထွက်ပြေးနိုင်ရန် ကြိုးဖြေပေးခြင်း၊ ခြံလှောင်အိမ် ဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ရန် မမေ့ပါနှင့်။)
  • မိမိပြောင်းရွှေ့ခိုလှုံရမည့် နေရာသည် လုံခြုံစိတ်ချရခြင်း ရှိမရှိကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြုချက် ရယူရန် မမေ့ပါနှင့်။
  • အကယ်၍ ကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသော လူအများစုအတွက် စီစဉ်ထားသော နေရာများကို သွားရောက်ခိုလှုံရမည် ဆိုပါက
  1. အိမ်မွေးတိရစ္ဆာန်များကို အစာရေစာ လုံလောက်အောင် ပေးထား စီစဉ်ထားပြီးမှ သွားရန်။
  2. အိပ်ရာခင်း၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံးစသည်တို့နှင့် ကလေးသူငယ် များအတွက် ဝန်နည်းသော ကစားစရာတစ်ခုခု ယူသွားဖို့ မမေ့ပါနှင့်။
  • မိမိအိမ်နီးချင်များကိုလဲ သတိပေးပါ။

မုန်တိုင်း တိုက်ခတ်ပါက
  • လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ အကုန်လုံးကို ပလပ်ဖြုတ်ပါ၊ မီးခလုပ်များ၊ မိန်းများချထားပါ။ မုန်းတိုင်းသတင်း နားထောင်ရန် ဘက္ထရီ ရေဒီယိုကိုသာ ဖွင့်ထားပါ။
  • အိမ်ထဲမှာသာနေပါ။ ပြုတင်းပေါက်များ၊ တံခါးများကို လုံခြုံအောင်ပိတ်ပါ။ အိမ်၏ အခိုင်အခန့်ဆုံး အပိုင်းတွင်  မိသားစုများ စုနေပါ။
  • အရေးပေါ်အိတ်နှင့် ရေဗူးများကို ကိုယ်နဲ့မကွာ ရှိနေပါစေ။ ထူထူထဲထဲနှင့် မိုးကာသော အဝတ်များ ဝတ်ဆင်ထားပါ။
  • အပျက်အစီ အပိုင်းအစများ  လွင့်ထွက်လာပါက ကောဇော၊ ဖျာ၊ စောင် အစရှိသည်တို့နှင့် ကာကွယ်ထားနိုင်ပါသည်။
  • ရုတ်တရတ် မုန်တိုင်းဆဲသွား (သို့မဟုတ်) လေငြိမ်သွားပါက မုန်တိုင်းပြီးဆုံးသွားခြင်း မဟုတ်ကြောင်း သတိရပါ။ (လေခဏငြိမ်ချိန်တွင် မိသားစုဝင်များ၏ အခြေအနေကို တစ်ဦးချင်းစစ်ဆေးပါ။ မကြာခင် ပိုမိုပြင်းထန်သော လေထပ်မံ တိုက်ခတ်မည်ကို သတိထားပါ။)

ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက်
  • မုန်တိုင်းကင်းစင်ကြောင်းကို မိုးလေဝသဌာနမှ အတည်ပြုချက်ပေးမှသာ အကာအကွယ်ယူ နားခိုနေသောနေရာမှ ထွက်ပါ။
  • မိသားစု အားလုံး ဘေးကင်းလုံခြုံမှု ရှိမရှိ၊ ဒဏ်ရာရမရာ စစ်ဆေးပြီး အရေးပေါ် ဆောင်ရွက်ပါ။
    (ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရန် မည်သူ၏ အကြံပြုချက်မှ စောင့်မနေပါနှင့်။)
  • လျှပ်စစ်ပစ္စည်းများ (လုံးဝ)အသုံးမပြုပါနှင့်။ ဂတ်စ်မီးဖို၊ ဂတ်စ်အိုးများ ယိုစိမ့်နေမနေ စစ်ဆေးပါ။
  • ရေဒီယိုမှ ထုတ်ပြန်သော သတိပေးချက်များ၊ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ပါ။
  • ပျက်စီး၊ ပြတ်ကျနေသော ဓါတ်ကြိဲုးများ၊ အပျက်အစီး အပိုင်းအစများ၊ သစ်ပင်များ၊ ပျက်စီးနေသော အဆောက်အဦးများကို ရှောင်ပါ။
  • ရေထဲလုံးဝ မဆင်းပါနှင့်။
  • မုန်တိုင်းတိုင်ပြီးကာစ အပျက်အစီးများ လိုက်ကြည့်နေမည့်အစား မိမိအိမ်နီးချင်းများ အကူအညီလိုမလို မေးမြန်းစူးစမ်း ကူညီခြင်းက ပိုအကျိုးရှိစေပါသည်။
  • အရေးမကြီးပါက မည်သည့်တယ်လီဖုန်းကိုမျှ မခေါ်ပါနှင့်။ တယ်လီဖုန်း လိုင်းကြပ်ခြင်းများ ဖြစ်တတ်၍ မိမိခေါ်နေသော ဖုန်းကြောင့် အရေးပေါ်ကယ်ဆယ်ရန် လိုအပ်သူများ အချိန်မီ အဆက်အသွယ်မရ၍ သေကြေဒုက္ခရောက်နိုင်သည်ကို သတိထားပါ။

http://www.bom.gov.au/cyclone/about/tc-checklist.shtml ကို နားလည်သလို ဘာသာပြန်ပါသည်။

Luminox
11.5.2013


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/11/2013 12:35:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.