[mrsorcerer:38245] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/11
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၅)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 11 May 2013 04:48 AM PDT
ယနေ့ မြန်မာစံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမို အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ(ကော့သောင်းမြို့)၏ အနောက်တောင်ဘက် မိုင်(၅၁၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၅၀)မှမိုင်(၆၀)အထိရှိနို
င်ပါသည်။

မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်
တိုင်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိ နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ေ
မြပြင် လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင် အထိတိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွ
ဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့  ကွေ့လျက် မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်
လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန


Posted: 11 May 2013 04:23 AM PDT
ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် 01B သည် ပိုမိုအား ကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အပြည်ပြည် ဆိုင်ရာအမည် MAHASEN ဟု အမည်ပေးလိုက်ပြီ။
ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက် တောင်ဘက် ၆၈၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၈၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၉၈ဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC လမ်းကြောင်း ကြိုတင် ခန့်မှန်းချက်တွင် တွေ့ရပါသည်။

*ပုံတွင် - မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြော
င်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမြောက်ပိုင်း ဒေသအချို့အား ပုံတွင် တွေ့မြင်နိုင်ပါသည်။
DVB TV News

Ref: mmweather page
http://blog.mmweather.com/2013/05/11/mahasen-01b-01/

Posted: 11 May 2013 04:05 AM PDT
အလုပ်ရှင်၊ အလုပ်သမား များကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးဖုန်းမြင့်အောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ ပါတီသစ်)




Posted: 11 May 2013 03:43 AM PDT
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဝန်းသိုကျောင်းတိုက်ကယ်ဆယ်ရေးစခန်းက စစ်ဘေးဒုက္ခသည်တွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတချို့ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖေါ်နေကြတယ်လို့ ဒေသခံဒုက္ခသည် တချို့က ပြောပါတယ်၊ "ရွှေတူးဖေါ်တာတွေကြောင့် လမ်းတွေလည်း ပျက်နေပါပြီ၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေလို့ ဒေသခံတွေစိုးရိမ် ။




Posted: 11 May 2013 03:39 AM PDT
မေလ(၁၃)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.18
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm

Posted: 11 May 2013 03:33 AM PDT
မေလ(၁၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၉)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 May 2013 03:21 AM PDT
မန္တလေးမြို့၊ ၈၄လမ်း၊၂၉-၃၀ လမ်းကြားရှိ ဂရိတ်ရှိုင်း လျှပ်စစ်ပစ္စည်း ဆိုင်ရှေ့မှာ မေလ(၉)ရက်၊ ည(၁၁)နာရီဝန်းကျင်က အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေတဲ့အမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 May 2013 02:19 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ရှိ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် ရေလမ်းခရီး ၊ ရေကြောင်း သွားလာမှုသည် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများ အတွက် အဓိက အရေးပါလှသော အချက်ဖြစ်ပါသည်။ ယခုအခါ ရေးလမ်းခရီး သွားလာမှုတွင် မုံရွာမှ ခန္တီးမြို့ထိ သွားလာ ပို့ဆောင် ပေးနေသော ရေယာဉ် လိုင်းများစွာ ရှိသည့် အတွက်ကြောင့် ဈေးကွက် စီးပွားရေးစနစ် အပြိုင်စနစ်ဖြင့် ခရီးသွား ပြည်သူများ အတွက် ဈေးနှုန်းချိုသာခြင်း ၊ ၀န်ဆောင်မှုကောင်းခြင်း ၊ ဆက်ဆံရေး ပြေပြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည့် အတွက် ခရီးသည်များ အနေဖြင့် လိုရာခရီးသို့ အဆင်ပြေ ချောမွေ့စွာဖြင့် စိတ်ချမ်းသာစွာ ခရီးသွား လာနိုင်ပါသည်။

ထိုသို့ အဆင်ပြေနေသော်လည်း မုံရွာမှ ဆယ်ဇင်းသို့ သွားလာသည့် ခရီးသည်များ ၊ ကုန်သည်များအတွက် အပြိုင်ရေယာဉ်လိုင်း မရှိသည့်အတွက် သတ်မှတ်ဈေးနှုန်း အတိုင်းလိုက်ပါရခြင်း ၊ကုန်တင်ဆောင်ရာတွင် တန်ဆာခများခြင်း၊မောက်မာစွာ ဆက်ဆံခြင်း တို့ကြောင့် ခရီးသွားပြည်သူ ၊ ကုန်သည်များအတွက် များစွာ နစ်နာလျက် ရှိပါသည်။ ထို့အတွက်ကြောင့် အပြိုင်ရေယာဉ်လိုင်းများရှိရန် လျှောက်ထားမှု ရှိ/ မရှိ စုံးစမ်း မေးမြန်းသည့်အခါ အမြန်ရေယာဉ်အသင်းတစ်ခုမှ " ကျွန်တော်တို့ လျှောက်ထား တာ ကြာပါပြီ .ဆယ်ဇင်းက ကချင်ပြည်နယ်အတွင်း ပါရှိသည့်အတွက် ကချင်ပြည်နယ် အစိုးရထောက်ခံချက်ရရှိမှ ပြေးဆွဲခွင့်ပြုမည်ဆိုသည့်အတွက် ကချင်ပြည်နယ် အစိုးရ ထံသို့ လူကိုယ်တိုင် သွားရောက်ညှိနှိုင်းခဲ့ပါတယ်.. ကချင်ပြည်နယ်အစိုးရက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ခွင့်ပြုပါမည်ဟု ပြောကြားခဲ့ပါတယ်.. စစ်ကိုင်းတိုင်းဒေသကြီးအစိုး
ရအဖွဲ့သို့ တင်ပြခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေလမ်းညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေး၍ မှန်ကန်ပါက ခွင့်ပြုရန်ညွှန်ကြားခဲ့ပါတယ်.. ရေလမ်းညွှန်ကြားမှု ဦးစီးဌာနမှ လာရောက်စစ်ဆေးမှုလည်း မပြုလုပ်ပါဘူး… တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လည်း ဆက်လက်မတင်ပြပဲ လိုင်းခွင့်ပြုချက် လျှောက်ထားလွှာအား ချောင်ထိုးထားသည့်အတွက် ခွင့်ပြုချက် မရရှိကာ ပြေးဆွဲနိုင်ခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်"ကျွန်တော်တို့က ခရီးသွားပြည်သူများ အတွက် အပြိုင်ဝန်ဆောင်မှု ပေးချင်သော်လည်း ရေလမ်းညွှန်ကြားမှု ဦးစီးဌာနက ဆက်လက်စစ်ဆေးမှု မပြုပေးသည့်အတွက် လက်ရှိ မပြေးဆွဲနိုင်သေးကြောင်း " ဆက်လက်ဖြေကြားသွားပါတယ်။

ထို့အတွက်ကြောင့် ရေလမ်းခရီးသွားမှုတွင် ခရီးသွား မိဘပြည်သူများ ၊ ကုန်သည်များ အတွက် ဈေးကွက်အပြိုင် ၊ ရေယာဉ်အသင်းအပြိုင်ရှိပါက ခရီးသည်ခ ဈေးနှုန်းချိုသာခြင်း ၊ ၀န်ဆောင်မှုကောင်းခြင်း ၊ တန်ဆာခ ဈေးနှုန်းချိုသာခြင်း ၊ ဆက်ဆံရေးပြေပြစ်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသည့်
အတွက် ရေယာဉ်လိုင်း ခွင့်ပြုချက် လျှောက်ထားမှုများတွင် မှန်ကန်မှု ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရေးလမ်းညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုချက် ချပေးသင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ပါသည်။

နေပိုင်
အထက်တန်းပြ
ခန္တီးမြို့နယ် ၊ လိုက်တိုက် နာဂကျေးရွာ

by Myanmar News Now 

ချင်းတွင်းမြစ်ကို စုန်ဆန်နေသော ရှော်တယ်ခေါ် ကားစက်တပ် မော်တော်

Posted: 11 May 2013 02:48 AM PDT
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာ အယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ် တရားရုံးမှာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံ အရေးယူ ဆောင်ရွက် နေပြီလို့ သိရပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေ - ဓါတ်ပုံ - RSV

Posted: 11 May 2013 02:53 AM PDT
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တောက်လျှောက် ဝင်ရောက်နေသည့် မြန်မာနိုင်ငံတွင် နယ်စပ် ကုန်သွယ်ရေးမှ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ တင်သွင်းမှုမှာ ဧပြီလအတွင်း ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြ၀တီ-ကော့ကရိတ် အဆင်းလမ်းကို  တွေ့ရစဉ်

...

[Message clipped]  View entire message


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/12/2013 08:24:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.