[mrsorcerer:38245] Fwd: [လူဗိုလ်ဟူသည် ...] ကန့်ကွက်သူကြောင့် ပိုမိုထင်ရှားလာခဲ့သည့် ကာကွယ်ရေး အသုံးစရိတ်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/11
Subject: [လူဗိုလ်ဟူသည် ...] ကန့်ကွက်သူကြောင့် ပိုမိုထင်ရှားလာခဲ့သည့် ကာကွယ်ရေး အသုံးစရိတ်
To: lubo601@gmail.com
  • Zabu Soe shared Opposite Eye's photo.
    ကန့်ကွက်သူကြောင့် ပိုမိုထင်ရှားလာခဲ့သည့် ကာကွယ်ရေး အသုံးစရိတ်  =======================================  ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျတ်အား ကျပ်ငွေ ၂၂၇၅.၄ ဘီလီယံဖြင့် တင်ပြခဲ့ပြီး အဆင့်ဆင့်လျော့ချခဲ့ကာ ယခုနောက်ဆုံး လွှတ်တော်သို့ တင်ပြသည့် လျာထားငွေမှာ ကျပ်ငွေ ၂၀၅၀.၆ ဘီလီယံ ဖြစ်ကြောင်း၊ စတင်လျာထားငွေထက် ကျပ် ၂၂၄.၈ ဘီလီယံ လျော့နည်းကြောင်း၊ ထိုငွေမှာ နိုင်ငံခြား ငွေဖြင့် တွက်ပါက အမေရိကန် ဒေါ်လာ ၂.၄၁၂ ဘီလီယံ သာ ရှိကြောင်း ၊ ကာကွယ်ရေး ဆိုင်ရာ ဘတ်ဂျတ် အနေဖြင့် ပြည်ထောင်စုချုပ်၏ အသုံးစုစုပေါင်း၏ ၁၂.၃၈ ရာခိုင်နှုန်းသာ ရှိပြီး GDP ၏ ၃.၄၇ ရာခိုင်နှုန်းသာ ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ရှင်းပြခဲ့သည်။    ထိုသတင်းနှင့်အတူ ဖတ်လိုက်မိသည်က အမေရိကန် နိုင်ငံ၏ F-35 တိုက်လေယာဉ် အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါးကုန်ကျသည့် သတင်းပင် ဖြစ်သည်။ ကျန်သည့် အာဖဂန်၊အီရတ် ကိစ္စ များ မပါ တိုက်လေယာဉ် အစီအစဉ်တစ်ခု၏ အပုံ ၄၀၀ ပုံ ၂ ပုံသုံးသည့် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစ ရိတ်သည်ကား မည်သို့ ပြောရမှန်းပင် မသိတော့ပေ။ ထို့ပြင် ကာကွယ်ရေးအသုံးစရိတ်ကို ယမန်နှစ်ကထက် လျှော့ချထားသဖြင့် တိုင်းဒေသကြီးအသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မမှီခိုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ ကာကွယ်ရေးကဏ္ဍတွင် ထည့်သွင်းထားကြောင်း သိရသည်။ အနေအထားအရတော့ စစ်တပ်ပင် ကိုယ့်စားရိတ် ကိုယ်ရှာစားရတော့မည့် အနေအထားပင် ဖြစ်နေတော့သည်။    ၀န်ကြီး၏ ရှင်းပြချက်ကို နားထောင်ပြီးတော့ ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေး အသုံးစရိတ်ကို လျော့ ချရန် အဆိုတင်သွင်းခဲ့သည့် ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က အခု မဲခွဲတော့ကျွန်တော် ရှုံးသွားတယ်။ ကျွန်တော့်အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်မှ မဟုတ်ပါဘူး ၀န်ကြီးဌာန အားလုံးရဲ့ အသုံးစ ရိတ်တွေကိုလည်း ကျွန်တော့် ရှုထောင့်က ကျွန်တော်ကြည့်တယ်။ အဲဒီမှာ ကာကွယ်ရေးက များနေလို့ အဆိုပြု ခဲ့တာပါ။ အခု ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ရှင်းပြလိုက်တော့ ကျွန်တော် သဘောပေါက်သွားတယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ပါပဲ။ အစကတည်းက ပွင့်လင်းမြင်သာမှု ရှိခဲ့ရင် ကျွန်တော် အဆိုတင် သွင်း ဖြစ်မှာ မဟုတ်ပါဘူး။ အစကတော့ သူတို့ လုပ်ငန်းအခက်အခဲတွေကို ကျွန်တော် မသိခဲ့ပါဘူး။ အခုတော့ ကျွန်တော် နက်နက်ရှိုင်းရှိုင်း သိလိုက်ပါတယ်။ ဟု ပြောခဲ့သည်။    လွှတ်တော် အတွင်း ဆွေးနွေးရအောင်လည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်သည့် အရည်အချင်းလည်း မရှိ။ နိုင်ငံတကာနှင့် ယှဉ်သည့် ကာကွယ်ရေး သဘောလည်း နားမလည်။ လွှတ်တော် ပြင်ပမှ အစိမ်းရောင် မြင်တိုင်း ကန့်ကွက် အပုပ်ချသူများ နားလည် သင့်ပေသည်။
    ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျတ်အား ကျပ်ငွေ ၂၂၇၅.၄ ဘီလီယံဖြင့် တင်ပြခဲ့ပြီး အဆင့်ဆင့်လျော့ချခဲ့ကာ ယခုနောက်ဆုံး လွှတ်တော်သို့ တင်ပြသည့် လျာထားငွေမှာ ကျပ်ငွေ ၂၀၅၀.၆ ဘီလီယံ ဖြစ်ကြောင်း၊ စတင်လျာထားငွေထက် ကျပ် ၂၂၄.၈ ဘီလီယံ လျော့ နည်းကြောင်း၊
    ထိုငွေမှာ နိုင်ငံခြား ငွေဖြင့် တွက်ပါက အမေရိကန် ဒေါ်လာ ၂.၄၁၂ ဘီလီယံ သာ ရှိကြောင်း ၊ ကာကွယ်ရေး ဆိုင်ရာ ဘတ်ဂျတ် အနေဖြင့် ပြည်ထောင်စုချုပ်၏ အသုံးစုစုပေါင်း၏ ၁၂.၃၈ ရာခိုင်နှုန်းသာ ရှိပြီး GDP ၏ ၃.၄၇ ရာခိုင်နှုန်းသာ ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ရှင်းပြခဲ့သည်။
    ထိုသတင်းနှင့်အတူ ဖတ်လိုက်မိသည်က အမေရိကန် နိုင်ငံ၏ F-35 တိုက်လေယာဉ် အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါးကုန်ကျသည့် သတင်းပင် ဖြစ်သည်။ ကျန်သည့် အာဖဂန်၊အီရတ် ကိစ္စ များ မပါ တိုက်လေယာဉ် အစီအစဉ်တစ်ခု၏ အပုံ ၄၀၀ ပုံ ၂ ပုံသုံးသည့် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစ ရိတ်သည်ကား မည်သို့ ပြောရမှန်းပင် မသိတော့ပေ။ ထို့ပြင် ကာကွယ်ရေးအသုံးစရိတ်ကို ယမန်နှစ်ကထက် လျှော့ချထားသဖြင့် တိုင်းဒေသကြီးအသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မမှီခိုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ ကာကွယ်ရေးကဏ္ဍတွင် ထည့်သွင်းထားကြောင်း သိရသည်။ အနေအထားအရတော့ စစ်တပ်ပင် ကိုယ့်စားရိတ် ကိုယ်ရှာစားရတော့မည့် အနေအထားပင် ဖြစ်နေတော့သည်။
    လွှတ်တော် အတွင်း ဆွေးနွေးရအောင်လည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်သည့် အရည်အချင်းလည်း မရှိ။ နိုင်ငံတကာနှင့် ယှဉ်သည့် ကာကွယ်ရေး သဘောလည်း နားမလည်။ လွှတ်တော် ပြင်ပမှ အစိမ်းရောင် မြင်တိုင်း ကန့်ကွက် အပုပ်ချသူများ နားလည် သင့်ပေသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/12/2013 08:28:00 AM
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.