(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၃၊ မေလ ၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (19) အောင်ဒင် အပိုင်း (၁၉) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဃ) ဒေသန္တရအုပ်ချုပ်ရေး ၂၀၀၈ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သူ့စိတ်ကြိုက်ခန့်အပ်၊ ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာ ဝန်ကြီးဋ္ဌာနများအတွက် သူ့စိတ်ကြိုက် တပ်မတော်သားကိုယ်စားလှယ်ကို ခန့်အပ်ကြတဲ့အပြင် အခြားပြည်နယ်ဝန်ကြီးများဟာလဲ ပြည်နယ်ဝန်ကြီးချုပ်က ရွေးချယ်တာဖြစ်ပေမည့် နိုင်ငံတော်သမ္မတထံ တင်ပြရပြီး သမ္မတ သဘောတူမှပဲ ခန့်အပ်တာဝန်ပေးနိုင်တာပါ၊  တခါ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများကို တာဝန်မှ ထုတ်ပယ်နိုင်ပါတယ်၊ အစားထိုးခန့်အပ်နိုင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကလဲ သူခန့်ထားတဲ့ တပ်မတော်သားဝန်ကြီးများကို [...]

Read more of this post