မိုးမခရဲ့ ဧပြီလ စာကိုး စကားကိုး မေ ၆၊ ၂ဝ၁၃ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာနတို့၏ ထောက်ခံချက်မပါသော ရယ်ဒီမိတ်အသားများ၊ မှောင်ခိုသားငါးများ စားသုံးခြင်းကို လုံးဝရှောင်ရှားရပါမည်။ ဈေးဖိုးထက် ဆေးဖိုးက ကြီးသွားပါမည်။ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် ဟော်မုန်းဆေးများ အလွန်အကျွံ သုံးထားသည့်၊ အမျိုးအမည် ခွဲရန်ခက်ခဲပြီး သာမန်ထက် ထူးကဲသန်စွမ်းနေသည့်၊ ရောင်းချသူကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်မှုကို ရေရာသေချာစွာ ရှင်းမပြနိုင်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ရှောင်ရှားရပါမည်။ ထို့နောက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ထားသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များကို အားပေးကြရန်သာဖြစ်ပြီး နောက်ဆုံး ကိုယ်တိုင်စိုက်ပျိုးစားသုံးခြင်းက အကောင်းဆုံးစားသုံးခြင်းသာ ဖြစ်ပါသည်။ သားငါးကို ရံဖန်ရံခါမှသာ စားသုံးကြသော်လည်း အသီးအရွက်ကိုတော့ နေ့စဉ် စားသုံးကြရမည်ဖြစ်ပါသည်။ မိမိတွင်ရှိသည့် မြေပို၊ မြေလွတ်ကလေးများတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စိုက်ပျိုးစားသုံးခြင်းသည် ကျန်းမာရေးနှင့် ချွေတာရေးကို [...]

Read more of this post