လူ့ဘုံကို နောက်ဆုံးလာသူနှင့် သွားချည် လာချည် ဖောက်သည်များ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ မေ ၁၁၊ ၂၀၁၃ မှတ်မှတ်ရရ ၂၀၁၃-ခု၊ ဧပြီလ (၁၃)ရက်၊ မြန်မာတို့ရဲ့ သင်္ကြန်အကြိုရက်က တောင်ငူမြို့၊ သာသနာ့ဝိဟာရီ၊ ရွှေဆံတော်(မရမ်းကျောင်း)တိုက်မှာ သင်္ကြန်တွင်း "ဓမ္မစကြာအဓိပ္ပာယ် သင်တန်း"စတဲ့နေ့ ညပိုင်းပေါ့။ တပည့်ဖြစ်တဲ့ ဦးဇင်းမောင်ဝါက ဖုန်းဆက်လာတယ်။ USA-L.A က ကိုမျိုးဆီက အီးမေးလ်လာလို့တဲ့။ L.A ကလာတာဆိုတော့ ဒီမှာ ဧပြီ ၁၃ ရက်ဆိုရင် သူတို့ဆီမှာတော့ ဧပြီ - ၁၂ ရက် ဖြစ်ပါလိမ့်မယ်။ "ဘာအကြောင်းကိစ္စပါလိမ့်"ဆိုတော့ "ဒေါက်တာမောင်မောင်ဦး ဧပြီ ၁၁ ရက်ညက ဆုံးသွားလို့တဲ့ ဘုရား၊ အသဲ ရောဂါခွဲစိပ်ကုသရာက အဆင်မပြေဖြစ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်"တဲ့။             L.A […]

Read more of this post