ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မေ ၃၊ ၂၀၁၃ ကျွန်တော်တို့လူသားများသည် လူ့လောကသို့ရောက်ရှိလာရန်မှာ လူ့ပြည်မှ အပ်တစ်စင်းနှင့် နတ် ပြည်မှ အပ်တစ်စင်းတို့ ထိစပ်ဖို့ လွယ်ချင်လွယ်မည်။ လူဖြစ်ရန် မလွယ်ကူဟူ၍ ရှေးဆိုရိုးစကားများကို ကြားခဲ့ဖူးပါသည်။ လူ့လောကထဲသို့ ခက်ခက်ခဲခဲ ရောက်ရှိလာပြန်သော်လည်း အချိန်မတန်မှီ လူ့လောကမှ ထွက်ခွါ ဖိတ်စင်မှုများလည်း အမြောက်အများရှိခဲ့ဘူးသည်။ ထိုအထဲတွင် ကုသိုလ်၊ အကုသိုလ်များကို ခွဲခြားမသိသေးသော်လည်း မိဘဘိုးဘွားများ၏ သွန်သင်ဆုံးမှုတို့ကြောင့် ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင် မထိုင်တက်မှီ။ စကားမပြောတတ်မှီကပင် ဘုရား၊ ဘုန်းတော်ကြီးများနှင့် အသက်ကြီးရွယ်ကြီး၊ အဘိုး အဘွားများကို မြင်တွေ့ရသည့်အခါ မိဘ၊ ဦးလေး၊ အဒေါ်၊ အကို၊ အမများမှ ကလေး၏ လက်နှစ်ဖက်အား ပူးတွဲ ထိကိုင်စေကာ "ဦးတော်" ဟူ၍ [...]

Read more of this post