လျှပ်စစ်နှင့်မြန်မာနိုင်ငံ (၂၀၁၃-၂၀၁၅) ဇော်အောင် (မုံရွာ) မေ ၃၊ ၂၀၁၃ စင်ကာပူနိုင်ငံတွင် မြန်မာတတ်သိပညာရှင်များနှင့် ပြည်ထောင်စုအစိုးရ၀န်ကြီးဦးအောင်မင်း၊ သမ္မတအကြံပေးဦးလှမောင်ရွှေအဖွဲ့ မေလ(၁)ရက်၊ ၂၀၁၃ တွင် တွေ့ဆုံဆွေးနွေး၊ အမေးအဖြေများပြုလုပ်ခဲ့ကြပါသည်။ စင်ကာပူရောက်မြန်မာတတ်သိပညာရှင်များ ပြန်လာကြပါဟုဖိတ်ခေါ်သော အမိမြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမျိုးသားစိတ်ဓါတ်ဖြင့် မည်ကဲ့သို့ကူညီနိုင်မည်ကို နေ့၁၂နာရီမှ ညနေ၅နာရီခွဲတိုင်အောင် ဆွေးနွေးကြပါသည်။ လက်တွေ့ဖြစ်ဖို့ မလွယ်သေးသည့် ပေါ်လစီဆွေးနွေးမှုများအဖြစ် ရှိနေပါသေးသည်။  ၀န်ကြီးဦးအောင်မင်းက ပွင့်လင်းစွာဖြင့် မိမိတို့အစိုးရသစ်သည် နိုင်ငံပြုပြင်ပြောင်းလဲကာစ၊ ဘာမှမသိပါကြောင်းဝန်ခံကာ၊ တတ်သိလာစေရန် နေ့ညမပြတ်ကြိုးစားနေရကြောင်း ပြောပြပါသည်။ အမေရိကန်မြန်မာဆရာဝန်များ၊ စင်ကာပူရောက်မြန်မာအင်ဂျင်နီယာများ ကူညီပံ့ပိုးမှု အလွန်လိုအပ်ကြောင်း အမှာစကားပြောသွားပါသည်။  စင်ကာပူမှ ဦးအေးငြိမ်း (စက်မှုအင်ဂျင်နီယာ) ကလည်း လောလောဆယ်  ပြန်လာဖို့ဖိတ်ခေါ်သော်လည်း၊ မိသားစုစားဝတ်နေရေးကြောင့် မပြန်နိုင်သေးပါကြောင်း တင်ပြခဲ့ပါသည်။  ဆွေးနွေးပွဲကို Myanmar Transitional Platform (MTP) [...]

Read more of this post