မဟေသီပရိသတ်မဖတ်လိုက်ရတဲ့ ဆောင်းပါးတပုဒ် မီနီရှဲလ် ၊ မေ ၁၁၊ ၂၀၁၃ ဖေဖော်ဝါရီလ မဟေသီမဂ္ဂဇင်းကို ဂျပန်က ၀ယ်ဖတ်လို့ ရတာမို့ (မဂ္ဂဇင်းတိုက်တွေက ပို့မပေးကြတော့ဘူးတဲ့။ စာပို့ခတွေ ဈေးတက်သွားလို့ ဆိုလားပဲ၊ မပို့တော့ဘူးတဲ့။ ဗဲရီးဆောရီးတဲ့)။ ဆရာမကြီး ဒေါက်တာယုဇနစောမြင့်ရဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာမကြီးက မေတ္တာနဲ့ ဆုံးမထားတာမို့ ကျေးဇူးတင်ပါတယ်။ ကျမတို့ကလည်း နပ်စ်တွေဆီကတောင် သင်ယူတတ်ရင် ပညာဆိုတာ ရတာပဲ။ sensitive ဖြစ်တဲ့သူတွေထဲမှာ ကျမ မပါလို့ပါ။ လူဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားပိုင်ခွင့်၊ ရှင်းလင်းနိုင်ခွင့် ရှိရမယ်။ ကျမတို့ စာရေးတယ်ဆိုတာ စာမူခမရပါဘူး။ အခုဆိုရင် စာအုပ်တောင် မရပါဘူး။ အခန့်မသင့်ရင် လူမုန်းတောင် ခံရပါသေးတယ်။ ဒါပေမယ့် ကျမကတော့ ဆရာဝန်စာရေးဆရာပီပီ ပြည်သူတွေဖက်ကပဲ […]

Read more of this post