ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မေ ၇၊ ၂၀၁၃ ငယ်စဉ်အခါက မြန်မာ့ရုပ်မြင်သံကြားတွင် "ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ်သူ့မှမထောက်ပါ သူခိုး၊ ဓါးပြထက် ဆိုးတဲ့ရန် သူဟာ … ဤဇဗ္မူတစ်ခွင်မှာ ရန်သူမီးကို ရှောင်ရှား သတိပြုပါ" ဟူသော သီချင်းစာသားလေးအား မိဘပြည်သူများ သတိရကြဦးမည်ထင်ပါသည်။ အချို့သော အညာဒေသတို့၏ ရွာအဝင်တံခါး ဆိုင်းဘုတ်လေးတွင်လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့ဟူသော မီးသတိပေး ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ယခုပူပြင်း လှသောနွေရာသီအချိန်ကာလတွင် မြန်မာနိုင်ငံအဝှမ်း နေရာဒေသအသီးသီးတို့တွင် မီးလောင်ဆုံးရှုံးမှု သတင်းများ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများတို့တွင် ခပ်စိပ်စိပ်ကလေး တွေ့မြင်ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ။ ကျွန်တော်တို့၏ မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မိဘပြည်သူတို့၏  အသက်အိုးအိမ်စည်းစိမ်နှင့် ငွေကျပ်သန်းပေါင်းများစွာ [...]

Read more of this post