ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင် သို့မဟုတ် နိုင်ငံ့စွမ်းဆောင်ရည်ဆု တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မေလ ၄ ရက်) လာပြန်ပြီ  "နိုင်ငံ့စွမ်းဆောင်ရည်ဆု"တဲ့။ ဆုက ၃ မျိုးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု နှင့် နိုင်ငံ့စွမ်းဆောင်ရည်ဂုဏ်ပြုလက်မှတ် ဆိုပြီးဖြစ်ပါတယ်။ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ "ထွင်"လိုက်ပြန်တဲ့"နိုင်ငံ့စွမ်းဆောင်ရည်ဆု"ဆိုတာတွေပေးတဲ့အထဲမှာ "နိုင်ငံရေး"ဆောင်ရွက် ချက်ကို ဦးတည်ပြီးပေးတဲ့ဆု မပါဘူးဆိုတာ ပြည်သူအားလုံးသတိပြုမိလိုက်ကြမှာပါ။             ဗိုလ်နေဝင်း (မဆလ) ထွင်ခဲ့တဲ့ "နိုင်ငံ့ဂုဏ်ရည်ဆု၊ လွတ်လပ်ရေးမော်ကွန်းဝင်" စတဲ့ ဆု/ဘွှဲမျိုးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှုနဲ့ ပါဝင်ခဲ့သူ ပုဂ္ဂိုလ်များကို ပေးတာဖြစ်ပါတယ်။ ဗိုလ်နေဝင်းပေးတဲ့ ဆုကို  နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းက လက်ခံခဲ့တာမဟုတ်ပါဘူး။             နိုင်ငံရေးဆောင်ရွက်ချက်ကို ဦးတည်ပြီးပေးတဲ့ဆုကို (ဗိုလ်) [...]

Read more of this post