သန်းဝင်းလှိုင် မေ ၆၊ ၂၀၁၃   ၁၈၄၈ ခုနှစ် မှ ၁၈၅၆ ခုနှစ်အထိ အိန္ဒိယဘုရင်ခံချုပ် (Governor-General of India) အဖြစ် ထင်ရှားခဲ့သော လော့ဒ်ဒါလဟိုစီ (The Marquis of Dalhousie) ၏ အမည်အရင်းမှာ ဂျိမ်းစ်အင်ဒရူးဘရောင်းရမ်ဆေး (James Andrew Brown-Ramsay) ဖြစ်သည်။ သူသည် ဒါလဟိုစီမြို့စားဘွဲ့ကို ၁၈၃၈ ခုနှစ်၌ ရရှိခဲ့သည်။ သူ့လက်ထက်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ရသည်။ စစ်ဖြစ်ရသည့်အကြောင်းမှာ ၁၈၅၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပေါ့တာ (Mr. H. Potter) ဆိုသူက ရန်ကုန်မြို့ မြန်မာအရာရှိများသည် သူ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို နှောင့်ယှက်တားဆီးလျက်ရှိသည့်အပြင် [...]

Read more of this post