[mrsorcerer:36675] Fwd: [လူဗိုလ်ဟူသည် ...] နှစ်ဟောင်းသို့ တစေ့တစောင်း (မောင်ဝံသ-ပြောချင်လွန်းလို့)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] နှစ်ဟောင်းသို့ တစေ့တစောင်း (မောင်ဝံသ-ပြောချင်လွန်းလို့)
To: lubo601@gmail.com



by Myat Thi Ha on Wednesday, January 2, 2013 at 9:20am 

Wednesday, January 2, 2013

NLD က ထုတ်ပြန်ခဲ့တဲ့ "ရွှေဂုံတိုင် ကြေညာချက်" နဲ့ စစ်အစိုးရ လက်ထက် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ဟာ "ဘုန်းကြီးနဲ့ ဘီး" လို မအပ်စပ်တဲ့ အရာနှစ်ခု၊ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို့ အားလုံးက ရှုမြင်ခဲ့ကြ။


ကမ္ဘာ တကယ်မပျက်ခဲ့တဲ့ နှစ်

ကျွန်တော်တို့ ဂျာနယ်ထွက်မယ့်နေ့က ၂၀၁၃ ခု နှစ်သစ်ရဲ့ အစနေ့ ဖြစ်တာမို့ ပြည်သူ့ခေတ် ဂျာနယ်ကို အပတ်စဉ်မပြတ် စောင့်မျှော်အားပေး ဖတ်ရှုနေကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်စွာသော စာဖတ်ပရိသတ်ကြီးသာမက ကမ္ဘာသူ ကမ္ဘာသား အားလုံးပါ အတိုင်းမသိ ၀မ်းမြောက် ပျော်ရွှင်ချမ်းမြေ့ ဖြစ်ကြရမယ့်အကြောင်း တစ်ခု ရှိတယ်ဗျ။

အဲဒါကတော့ အကြားအမြင် ဗဟုသုတကြွယ်ဝပြီး သိမြင်နှံ့စပ်ကြတဲ့ (Well Informed) ပုဂိ္ဂုလ်များ သိရှိထားကြပြီးဖြစ်တဲ့ ကမ္ဘာကြီး နိဂုံးချုပ်မယ့် ဘေးအန္တရာယ်ကနေ လွန်မြောက် နိုင်ခဲ့ပြီဆိုတာကို စိတ်ချလက်ချ ပြောနိုင်ပြီ ဖြစ်လို့ပဲဗျ။ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန် အဆုံးသတ်တဲ့ ၂၀၁၂ မှာ ကမ္ဘာကြီးမပျက်ဘဲ နဂိုအတိုင်း ဆက်ရှိနေတာကို တွေ့ကြရမှာဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသားတစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ စိတ်အေး သွားတာ အမှန်ဖြစ်တယ်ဗျာ။ ၂၀၁၂ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း ကျွန်တော့်ရဲ့ အဲဒီခံစားချက်ကို စာနာနားလည်ပေးနိုင်ကြမယ် ထင်တယ်ဗျ။

တကယ်လို့သာ က်္ဘာကြီး မပျက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ ဖတ်ဖို့ အဲဒီက်္ဘာကြီး ပျက်မယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ ၂၀၁၂ အတွင်း က်္ဘာမှာနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဘာထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို "ပန်းခင်းကို မြင်းစီး၍ ကြည့်ခြင်း"ဆိုတဲ့ ပုံဏ္ဌာန်မျိုးနဲ့ လေ့လာသုံးသပ်ကြည့် ချင်တဲ့ စိတ်ကူးနဲ့ ဒီဆောင်းပါးကိုရေးတာ ဖြစ်တယ်ဗျ။

အိုစမာဘင်လာဒင် အသေဖမ်းမိ

ကမ္ဘာမှာတော့ ၂၀၁၂ အတွင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေ ဖမ်းဆီးရမိခဲ့တာ တစ်ခုလောက်ပဲ ထူးခြားတဲ့ အဖြစ်အပျက်လို့ ဆိုနိုင်လောက်မယ် ထင်တယ် ဗျ။ ကျန်တာတွေကတော့ အရင့်အရင်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေထက် သိပ်အများကြီး ပိုပြီး ထူးခြားလှတယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျာ။ ကမ္ဘာ့ အချမ်းသာဆုံး စစ်အင်အား အကြီးဆုံး နည်းပညာ အမြင့်ဆုံးနိုင်ငံကြီးရဲ့ အမဲလိုက်သလို လိုက်နေခြင်းကနေ ဆယ်စုနှစ် တစ်စုကျော်ကြာအောင် ရှောင်တိမ်းပြေးလွှား ပုန်းအောင်း နေနိုင်ခဲ့သူတစ်ယောက်ကို ဖမ်းဆီး မိခဲ့တဲ့ သတင်းဟာ ကမ္ဘာ့သတင်း လောကအတွက် သတင်းထူးကြီး တစ်ခုဖြစ်ပေမယ့် ဒီသတင်းက ကမ္ဘာ့ရေးရာတွေအပေါ် ထူးခြားတဲ့သက်ရောက်မှုတော့ မရှိလှဘူးလို့ပဲ ကျွန်တော် ယူဆတယ်ဗျာ။

လွှတ်တော်ထဲ ရောက်သွားတဲ့ NLD

ထူးလည်းထူး ကမ္ဘာ့ရေးရာတွေ အပေါ်လည်း သက်ရောက်မှုကြီးမားတဲ့ သတင်းတွေ တစ်ခု မက ထွက်ပေါ်လာခဲ့ရာ နေရာကတော့ ကျွန်တော်တို့နိုင်ငံ ဖြစ်တယ်ဗျ။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေထဲက ပထမဆုံး တစ်ခုကတော့ နံပြားလို ပြားနေအောင် အနင်းခံထားခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ ရာနှုန်း ပြည့်နီးပါး အနိုင်ရပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင် ၄၃ ဦး လွှတ်တော်ထဲ ရောက်သွားခဲ့ကြ တဲ့ အဖြစ် အပျက်ပဲဖြစ်တယ်ဗျ။
ပြန်လည် သုံးသပ် ဆင်ခြင်စရာတွေ

NLD က ထုတ်ပြန်ခဲ့တဲ့ "ရွှေဂုံတိုင် ကြေညာချက်" နဲ့ စစ်အစိုးရ လက်ထက် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ဟာ "ဘုန်းကြီးနဲ့ ဘီး" လို မအပ်စပ်တဲ့ အရာနှစ်ခု၊ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို့ အားလုံးက ရှုမြင်ခဲ့ကြပေမယ့် ကြားဖြတ် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ လွှတ်တော်ထဲ ရောက်သွား ကြတဲ့ မြင်ကွင်းက ပြည်တွင်းပြည်ပက နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှား နေကြသူ အားလုံးကို မိမိတို့ရဲ့ တွေးခေါ် မြော်မြင်ပုံနည်းလမ်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ တာတွေလုပ်ဖို့ အကြံပြုသလို ဖြစ်ခဲ့တယ်ဗျ။ အဖြူနဲ့အမည်းကြားက အရောင်တွေကို မြင်အောင် ကြည့်နိုင်ကြဖို့ ဒီအဖြစ်အပျက်က ကျွန်တော်တို့ အားလုံးကို သတိပေးနေသလို လည်း ကျွန်တော်ခံစားရတယ်ဗျ။ ကမ္ဘာတစ်လွှားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန် နေကြသူ အားလုံးဟာလည်း မြန်မာပြည်က ဒီအဖြစ်အပျက်ကိုကြည့်ပြီး အတွေးသစ် အမြင်သစ် ရှုထောင့်အသစ် ချဉ်းကပ်ပုံ နည်းလမ်းအသစ်တွေ ရလာကြနိုင်စရာ ရှိတာမို့ ကျွန်တော်တို့ဆီက အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့ရေးရာ အထူးသဖြင့် ကမ္ဘာ့ ဒီမိုကရေစီရေးရာ တွေအပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျ။

မြန်မာကို ကမ္ဘာက စိတ်ဝင်စားမှု ပိုလာတဲ့ ရေချိန်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားကိုယ်တိုင် အချိန်လုပြီး မဖြစ်မနေ နေ့ချင်းပြန်ခရီး အလည်လာသွားတာကို ထောက်ချင့်နိုင်တယ်ဗျ။

စာပေစိစစ်ရေး တစ်ခန်းရပ်ချိန်

နောက်ထပ် ထူးခြားတဲ့ အဖြစ်အပျက်ကြီးတစ်ခုကတော့ ကျွန်တော်တို့ စာပေလောကသား တွေ အားလုံး နှစ်ပေါင်းများစွာ "ရွံကြောက်ကြီး ဖြစ်ရလွန်းလို့" "စာပေ ကင်ပေတိုင်"လို့ တညီတညွတ်တည်း အမည်ပေးထားကြတဲ့ စာပေစိစစ်ရေးအဖွဲ့ကြီး နောက်ဆုံးမှာ တကယ်ကို အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်တယ်ဗျ။ ဒီမိုကရေစီနဲ့ ဆင်ဆာစနစ် ဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို အတူတွဲ ရှိမနေသင့်တဲ့အရာ နှစ်ခုမို့ စာပေစိစစ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားတာကို လက်ခုပ်မတီးတဲ့ စာပေ အနုပညာလောက သားတစ်ယောက်မှ ရှိမယ် မထင်ဘူးဗျ။
ဒီမိုကရေစီ ပုံရိပ်ကို ထိခိုက်စေတဲ့ ဖြစ်ရပ်

၂၀၁၂ အတွင်း ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်ကြီး နှစ်ခုကတော့ ထူးခြားတယ်လို့ ဆိုနိုင်ရုံ သာမက ထူးထူးခြားခြား ၀မ်းနည်းစရာ ဖြစ်ရပ်တွေလို့ပါ ဆိုနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြီး ဖြစ်တယ်ဗျ။ လက်ပံတောင်းတောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်တာမို့ ကျွန်တော့်အမြင်ကို လူသိ ရှင်ကြား မပြောလိုသေးပေမယ့် ဖြိုခွဲမှု ဒဏ်ခံခဲ့ကြရတဲ့ သံဃာတော်တွေရဲ့ ပုံကို မီဒီယာတွေ ကတစ်ဆင့် မြင်တွေ့ရတာကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အဖို့တော့ အင်မတန်ကို ထိတ်လန့်တုန်လှုပ်၊ အင်မတန်ကို စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဒီကိစ်္စမှာ သပိတ်သမားတွေနဲ့ အာဏာပိုင်တွေ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ အသာထား၊ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ် ထိခိုက်သွားခဲ့တာတော့ အမှန်ပဲဗျ။

ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေး ဘဝ

၂၀၁၂ ဟာ ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေးဘ၀ အတွက်လည်း အင်မတန်ကို ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်ဗျာ။ အားလုံး သိကြတဲ့အတိုင်း ကျွန်တော့်မှာ အဆုတ်ကင်ဆာ ရောဂါ စွဲကပ်နေပြီ ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာမှ ကံအားလျော်စွာ သိခဲ့ရတယ်ဗျာ။ ဒီတော့ ၂၀၁၂ ဟာ ကျွန်တော့်အတွက် သတင်းဆိုးကို ယူဆောင်လာတဲ့ နှစ်လို့ ဆိုနိုင်တယ်ဗျ။ တစ်ဖက်က ကြည့်ရင်တော့ ဘယ်တုန်းကတည်းက စွဲကပ်နေခဲ့မှန်း မသိရတဲ့ ဒီရောဂါ ကျွန်တော့်ဆီမှာ ရှိနေမှန်း သိလိုက်ရတဲ့နှစ် ဖြစ်နေတာမို့ (တကယ်လို့များ ကျွန်တော်က ရောဂါကို နိုင်ခဲ့မယ်ဆိုရင်) ကုသမှု စတင် ခံယူနိုင်ခွင့်ရခဲ့တဲ့ နှစ်ဖြစ်တာကြောင့် ကောင်းသော နှစ်တစ်နှစ်ဖြစ်တယ်လို့ ယူသော်ရ၏ ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ပဲ သေသေ၊ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်မှပဲသေသေ ကျွန်တော်ကတော့ ကိုယ်ပိုင်တဲ့ ကလောင် တစ်ချောင်းနဲ့ ပြည်သူကို နောက်ဆုံးနေ့အထိ အလုပ်အကျွေးပြုသွားဖို့ ပိုင်းဖြတ်ထားပြီးပြီ ဖြစ်တာကြောင့် နောက်ဆံတင်းနေမှာ မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ နှလုံးသွင်း ထားပါတယ်ဗျာ။

၃၀ ၁၂ ၂၀၁၂


Posted by Htut Htut at 4:30 AM



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 12:34:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36675] Fwd: [လူဗိုလ်ဟူသည် ...] “ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] "ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ"
To: lubo601@gmail.com




ငရဲ သား and 8 other friends shared Ko Myo's photo.
စစ်အာဏာရှင်နှင့်သတင်းစာဆရာတို.ထိပ်တိုက်တွေ.ပွဲ အိမ်စောင့်အစိုးရခေတ်က နေ့တနေ့တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်နေ၀င်း၏ သတင်းစာရှင်းပွဲကို စစ်ရုံးသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် တက်ကြသည်။

ဝန်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးကို ထမ်းရွက်နေသော တာဝန်ခံစစ်ဗိုလ်ကြီးများ ကြိုဆိုပြီး တင်မောင်တို့ သတင်းထောက်များကို အစည်းအဝေးခန်းမတွင် နေရာချပေးပါသည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း မလာသေး သဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သော အချိန်ထက် (၂) နာရီထက်နောက်ကျပြီး ဗိုလ်ချုပ်နေ၀င်း ရောက်လာ သည်။

ဗိုလ်ချုပ်ကြီးနေ၀င်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲတွင် သူ၏၀န်ကြီး စစ်ဗိုလ်ကြီးများ အား အော်ဟစ်ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။ တဖြည်းဖြည်း ဒေါသတိုးတက်လာကာ စစ်ဗိုလ်ဝန်ကြီးများ အားလုံးကို အော်ကြီးဟစ်ကြီး မအေ၊ နှစ်မ ပယ်ပယ်နယ်နယ် ဆဲရေးတော့သည်။ မအေတွေ၊ နှစ်မ တွေကို ငါကိုင်တုတ်ပြီး `မင်းတို့က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ´ လို့ ဆူပူသံကိုလည်း ကြားနေရ သည်။ (၁၅) မိနစ်ခန့် အားရအောင် ဆဲနေရာမှ အစည်းဝေးခန်းမတွင်းသို့ ၀င်လာသည်။ စစ်ဗိုလ်ကြီးများ ခမျာတို့မှာ ရှက်ပြုံးကိုယ်စီနှင့် မချိုမချဉ်၊ လက်များကို နောက်သို့ပစ်ကာ နောက်မှ လိုက်လာကြသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက စင်မြင့်ပေါ်ရှိ သူ၏ ကုလားထိုင်မှာ နေရာယူသည်။ မိန့်ခွန်းတပါဒမှ မချွေဘဲ ငူငူကြီးထိုင် နေသည်။ တင်မောင်တို့ သတင်းထောက်အားလုံးတို့မှာလည်း မည်သို့ မျက်နှာထားရမည်မသိ၊ အူကြောင်ကြောင်နဲ့ ငိုင်ကြည့်နေမိကြသည်။

အတန်ကြာမှ … `ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ´ ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ်နေ၀င်းက နှုတ်ဆက်သည်။ ပြည်တွင်းပြည်ပ သတင်းထောက်ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ်သွားသည်။ မည်သူကမှ မေးခွန်းမမေး ၀ံ့ဘဲ ငြိမ်သွားသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။

`မေးချင်တာ မေးကြလေ´ ဟု သူက နောက်တခွန်းထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်းထုတ်ဝံ့သော သတင်းထောက် တယောက်မှ ထွက်မလာ။

ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာ ထိုင်နေရာမှ ခြေထောက်တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။ လုံချည်လျောကျသဖြင့် ပေါ်လာသည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါးမှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွား သောအခါ ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။

`ဗိုလ်နေ၀င်း´ ဟု ဦးအုန်းခင်က စတင်ခေါ်လိုက်သည်။ တွေ့ဖူးသူများ သိကြသည်။ ဦးအုန်းခင်က အသံအောင်သည်။ ဗိုလ်ချုပ်ကြီး သို့မဟုတ် ၀န်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ်လိုက်သည်ဟု ဗိုလ်ချုပ်နေ၀င်းနှင့် တကွ တခန်းလုံးက သိလိုက်သည်။ နားလည်လိုက်ကြသည်။

`ကျုပ်တို့တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာရှိတယ်ဆိုပြီး ဖိတ်လို့လာကြတာ၊ မေးစရာ မရှိဘူး။ ခင်ဗျား ပြောချင်တာရှိရင် ပြောပါ။ မရှိရင် ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန်မခံနိုင်ဘူး´ ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း၊ တလုံးချင်း ပြောတော့သည်။

သူက ဒေါသမီးတောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။ လင်ရှိမယားနှင့် မင်္ဂလာဆောင် သောနေ့က ဓာတ်ပုံရိုက်မိသူ နေးရှင်းသတင်းထောက်၏ ကုပ်ပိုးကို တချက်တည်းနှင့် အလဲအုပ်ပြီး ကင်မရာကို ရိုက်ခွဲ သည်ကို မြင်ဖူးကြသော တင်မောင်တို့ သတင်းထောက်များမှာ ဦးအုန်းခင်အတွက် စိုးရိမ်မိကြသည်။ ပွဲကြီးပွဲကောင်း တခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။

ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်၏ စကားလုံးများကို စဉ်းစားနေဟန်နှင့် (၅) မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကားတခွန်းမှ နောက်ထပ်မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေးလေတော့သည်။

တပ်မတော်စစ်သေနာပတိ `၀န်ကြီးချုပ်´ ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ ရှမ်းနှင့်ဆင် လယ်ပြင်တွင် တွေ့ကြသော အခါ၌ သတင်းစာဆရာဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရရှာလေသည်။

ထိုသတင်းစာရှင်းပွဲသည် ဗိုလ်နေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံး သတင်းစာ တွေ့ဆုံရှင်းလင်းပွဲကြီး ဖြစ်တော့သည်။ သူ၏ တသက်တာတွင် သတင်းစာရှင်းပွဲ မလုပ်ရဲတော့ပေ။ နိုင်ငံခြား သွားသောအခါများတွင် မြန်မာနိုင်ငံခြားရေး ဌာနက အိမ်ရှင်နိုင်ငံထံ ပထမဆုံးမေတ္တာရပ်ခံချက်မှာ သတင်းထောက်များနှင့် မတွေ့ပါရစေနှင့် ဟူသော ပန်ကြားချက် ဖြစ်တော့သည်။

ဦးအုန်းခင်အား အရှုံးပေးရသောနေ့က စပြီး ဗိုလ်နေ၀င်းက သတင်းစာဆရာဟူသော ဝေါဟာရကို လုံးဝ အသုံး မပြုတော့ဘဲ `သတင်းရောင်းစားတဲ့ကောင်တွေ´ ဟု ခေါ်ဝေါ်လေ့ရှိသည်။

ဇာတ်ပေါင်းပြန်တော့လည်း ဗိုလ်နေ၀င်းကပင် အနိုင်ယူပါသည်။ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အပြီးအပိုင် အာဏာသိမ်း သော တော်လှန်ရေး အစိုးရခေတ်တွင် ပထမဆုံး ဖမ်းခံထိသူမှာ ဦးအုန်းခင် ဖြစ်ရပြန်ရှာသည်။ ။

**အောင်ဗလ (ကြေးမုံဦးသောင်း)**
Status By Baydar Lam


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 12:31:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36675] Fwd: [လူဗိုလ်ဟူသည် ...] “Cherry FM နဲ့အင်တာဗျူး”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] "Cherry FM နဲ့အင်တာဗျူး"
To: lubo601@gmail.com




မေး။ ။မင်္ဂလာပါ..."မ"ရေ...
ဖြေ။ ။မင်္ဂလာပါရှင်

မေး။ ။နာမည်အရင်းက မဥမ္မာ နော်...
ဖြေ။ ။ဟုတ်ပါတယ်..

မေး။ ။ဆိုက်ပရပ်စ်နီုင်ငံကနေ မြန်မာပြည်ကို အလည်ပြန်လာတဲ့ မဥမ္မာရဲ့အတွေ့အကြုံလေးတချို့ကိုမေးချင်လို့ပါ
ဖြေ။ ။ဟုတ်ကဲ့

မေး။ ။ဆိုက်ပရပ်စ်နိုင်ငံရဲ့ တည်နေရာလေးကိုပြောပြပေးပါလာ
ဖြေ။ ။ဆိုက်ပရပ်စ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့အရှေ့ဘက်၊လက်ဘနွန်၊ဆီရီးယား၊အစ္စရေးနိုင်ငံတို့ရဲ့အနောက်ဘက်၊
တူရကီနိုင်ငံရဲ့ တောင်ဘက်၊ အီဂျစ်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပြီး ဧရိယာအကျယ်အဝန်း
စတုရန်းမိုင်ပေါင်း ၃၅၇၂မိုင်ရှိပြီး စင်္ကာပူနိုင်ငံထက် ၁၀ဆကျော် ကျယ်ဝန်းပါတယ်။
လူဦးရေ ၇၈၄၃၀၁ကျော်နေထိုင်တဲ့ အလွန်သာယာလှပတဲ့ ကျွန်းနိုင်ငံလေးတခုပါပဲ။

မေး။ ။ရာသီဥတုလေးကရော
ဖြေ။ ။ရာသီဥတု(၄)မျိုးရှိပေမယ့် နွေ နဲ့ ဆောင်း ရာသီ၂မျိုးကိုပဲ အဓိကရာသီဥတုအဖြစ် သတ်မှတ်ကြတယ်၊
June၊ July၊August လတွေဟာ ဆိုက်ပရပ်စ်နိုင်ငံရဲ့ အပူဆုံးလတွေဖြစ်ပြီးတော့ December ၊January နဲ့ February လတွေမှာ
အရမ်းအေးပြီး မိုးပါရွာတာကြောင့် ရာသီဥတုဆိုးဝါးတဲ့လတွေလို့ ပြောလို့ရပါတယ်။
ကျန်တဲ့လတွေကတော့ အပူအအေးမျှတပြီး နေလို့အကောင်းဆုံးလတွေလို့ ပြောလို့ရပါတယ်။

မေး။ ။လူနေမှုစရိုက်အနေနဲ့
ဖြေ။ ။အလယ်အလတ်တန်းစားတွေပါပဲ။ ရိုးရှင်းတဲ့ သာမန်လူတန်းစားမျိုးဖြစ်ပြီးတော့ မိသားစုဆန်တဲ့
နွေးထွေးတဲ့ စိတ်ဓာတ်လေးတွေရှိကြတဲ့ ခရစ်ယာန်ဘာသာလူမျိုးတွေပါ။

မေး။ ။သဘာဝတောတောင်ရှုခင်း အကြောင်းလေး
ဖြေ။ ။တောင်တွေဝန်းရံထားတဲ့ တောင်ကြီးမြို့လေးနဲ့ခပ်ဆင်ဆင် တူပါတယ်။ ကျွန်းနိုင်ငံလေးဖြစ်တဲ့အတွက်
တဖက်မှာ လှပတဲ့ ပင်လယ်ပြင်ကြီးရှိမယ်၊ ဒဏ္ဍာရီဆန်တဲ့ ကျောက်တုန်းကြီးတွေရှိမယ်၊ ကမ္ဘာလှည့်ခရီးသည်တွေအတွက် သမိုင်းဝင်နေရာတွေရှိမယ်၊
ခရီးသွားလုပ်ငန်းကိုအဓိကထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဟိုတည်နဲ့စားသောက်ဆိုင်တွေရှိမယ်၊
ကျန်တဖက်မှာတော့ တောင်တန်းကုန်းမြင့်တွေပေါ်မှာဆောက်လုပ်ထားတဲ့ လူနေအိမ်လှလှလေးတွေနဲ့ သိပ်လှတဲ့ကျွန်းနိုင်ငံလေးတခုပါပဲ။

မေး။ ။စိတ်ဝင်စားစရာနေရာတွေထဲက တချို့ကိုပြောပြပေးပါလား
ဖြေ။ ။မြန်မာပြည်က ပုဂံမြို့ဟောင်းလိုမျိုး ယို့ယွင်းပျက်စီးနေပြီဖြစ်တဲ့ ဘုရင့်နန်းတော်အဆောက်အဦးတွေရှိမယ်၊
ဆိုက်ပရပ်စ်နိုင်ငံက အချစ်နတ်သမီးမွေးဖွားရာနေရာ၊ အချစ်နတ်သမီးရေချိုးရာနေရာနဲ့ အချစ်နတ်သမီး ချစ်သူနဲ့ကျက်စားရာနေရာနှင်းတောင်နေရာတွေအပြင် တခြားစိတ်ဝင်စားစရာနေရာတွေလည်းအများကြီးပါပဲ။

မေး။ ။ရိုးရာပွဲတော်အနေနဲ့ကရော...
ဖြေ။ ။ခရစ်ယာန်လူမျိုးတွေနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ဘာသာနဲ့ပတ်သက်တ့ ရိုးရာပွဲတော်တွေရှိပါတယ်...၊
ဥပမာ။ ။ အီစတာလမှာကျင်းပတဲ့ ကာနေဗယ်လ်ပွဲတော်၊ X'mas ပွဲတော်၊ New Year ပွဲတော်နဲ့ Katakalimos Day လို့ခေါ်တဲ့
"အညစ်အကြေးတွေကိုဆေးကြောတဲ့ပွဲတော်" တွေရှိပါတယ်..
အဲဒီပွဲတော်ကတော့ ရေပက်ကစားတဲ့ပွဲတော်ဖြစ်တဲ့အတွက် မြန်မာသင်္ကြန်နဲ့ဆင်တူပါတယ်။

မေး။ ။ဆိုက်ပရပ်စ်ရောက် မြန်မာအချင်းချင်းနွေးထွေးမှုရောရှိလား
ဖြေ။ ။တချို့နိုင်ငံတွေမှာ မြန်မာလူမျိုးအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားတာမျိုးတွေရှိတယ်လို့ကြားသိရပါတယ်။
ဆိုက်ပရပ်စ်က မြန်မာတွေကတော့ တော်တော်လေးကိုစည်းရုံးကြတယ်၊ မြန်မာနဲ့တူတဲ့သူ လမ်းမှာတွေ့ရင်တောင် အတင်းလိုက်ခေါ်ပြီးမိတ်ဆက်ကြတာ၊
အချင်းချင်းလည်းကူညီကြတယ်။ တကယ့်ဆွေမျိုး၊ မောင်နှမတွေလိုပါပဲ။

မေး။ ။မြန်မာဓလေ့စရိုက်ရိုးရာပွဲတော် ကျင်းပလေ့ရှိ/မရှိ
ဖြေ။ ။ဆိုက်ပရပ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့မှာ မြန်မာ ခရစ်ယာန်လူမျိုး စစ်စတာကြီးတွေအုပ်ချုပ်တဲ့ "ဆိုရှယ် စင်တာ"ဆိုတဲ့ ဘုရားကျောင်းတခုရှိတယ်၊
အဲဒီဘုရားကျောင်းမှာ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ပွဲတော်ကိုဆင်နွှဲရင်း ဆိုက်ပရပ်စ်မှာရှိတဲ့ အနယ်နယ်အရပ်ရပ်က မြန်မာတွေ တွေ့ဆုံလေ့ရှိပါတယ်။

မေး။ ။စီးပွားရေးအနေနဲ့....
ဖြေ။ ။ဒေသထွက်ကုန်အနေနဲ့ကတော့ အော့လစ်ဗ်(Olive) သီးက ထုတ်လုပ်ရရှိတဲ့ အော့လစ်ဗ်စားသုံးဆီ၊ မျက်နှာလိမ်းကရင်မ်၊
ခေါင်းလိမ်းဆီ။ စပျစ်သီးမှ ထုတ်လုပ်ရရှိတဲ့ အရည်အသွေးမှီ ဝိုင်အမျိုးမျိုး။
သားရဲသရေမှရရှိတဲ့ သားရေအိတ်အမျိုးမျိုး နဲ့ဟိုတည်နဲ့ခရီးသွားလုပ်ငန်းကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြပါတယ်။

မေး။ ။မြန်မာအမျိုးသမီးတယောက်အနေနဲ့နိုင်ငံရပ်ခြားမှာဘယ်လိုနေထိုင်သင့်ပါသလဲ
ဖြေ။ ။အထူးသဖြင့် "မ"တို့လို အရှေ့တိုင်းသား အမျိုးသမီးတွေအတွက် မေးသင့်တဲ့မေးခွန်းပါပဲ..။
မြန်မာလူမျိုးမှမဟုတ်ပါဘူး၊ ဘာလူမျိုးပဲဖြစ်ဖြစ် မိန်းခလေးတယောက်အနေနဲ့ အနေအထိုင်တတ်ဖို့အရေးကြီးပါတယ်။
ကိုယ်က သူများရိုသေအောင်၊ လေးစားအောင် မနေရင်၊အနေအထိုင်မတတ်ရင်တော့ သူတပါးရဲ့ စိတ်ဖြင့်သော်၎င်း၊နှုတ်ဖြင့်သော်၎င်း၊ ကိုယ်ထိလက်ရောက်သော်၎င်း၊
စော်ကားခြင်းကိုခံရပါလိမ့်မယ်။
အဲဒီတော့ သူတပါးရိုသေလေးစားသော သိက္ခာရှိတဲ့ မြန်မာအမျိုးသမီးဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။

မေး။ ။မဥမ္မာကမြန်မာ ဗုဒ္ဓဘာသာပဲနော်...ဗုဒ္ဓဘာသာ လူမျိုးတယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာ ဘာသာရေးအနေနဲ့ဘယ်လိုဖြေရှင်းပါသလဲ
ဖြေ။ ။မိဝေး၊ ဘဝေး မို့ ကိုယ့်ဘေးမှာ အမြဲရှိနေတဲ့ မိမိကိုးကွယ်ရာ ဗုဒ္ဓုဘုရားရှင်ရဲ့ တရားတော်များသာလျှင် အားထားရာမို့ ဘာသာရေးအလုပ်ကိုပိုလုပ်ဖြစ်ပါတယ်..။

မေး။ ။နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေရတဲ့ မြန်မာလူမျိုးတယောက်ရဲ့ခံစားချက်လေးကိုသိပါရစေ
ဖြေ။ ။ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် အနေအထိုင်၊ အပြောအဆို ထိန်းသိမ်းရပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတိုင်း သူတို့ရဲ့လုပ်အားခနဲ့ညီမျှတဲ့ မာန၊သည်းခံမှု၊ လုပ်အား၊ခွန်အား စတဲ့ ပေးဆပ်မှုတွေကို ပေးဆပ်ရပါတယ်။
အထူးသဖြင့် အရှေ့တိုင်းသားဆိုရင် တခြားနိုင်ငံခြားသားတွေထက် ပိုပြီးအနှိမ်ခံရပါတယ်။
အထင်သေးခံရပါတယ်။ "ဈေးပေါတယ်" ဆိုတဲ့အကြည့်နဲ့ အကြည့်ခံရပါတယ်..အဲဒီအတွက် ကိုယ်က တန်ဖိုးရှိအောင် နေတတ်ဖို့ အရေးကြီးပါတယ်။

မေး။ ။နိုင်ငံခြားမှာ အလုပ်သွားရောက်လုပ်ကိုင်မယ့်မြန်မာအမျိုးသမီးတယောက်အတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ
ဖြေ။ ။မြန်မာအမျိုးသမီးအများစုဟာမိဘရဲ့အရိပ်အောက်မှာနေကြတဲ့သူတွေဖြစ်တဲ့အတွက် နိုင်ငံခြားကို သွားရောက်ပြီး အလုပ်လုပ်ဖို့ဆန္ဒရှိသူများဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ သူတပါးကို အားကိုးတဲ့စိတ်ကို ဖျောက်ဖို့၊ စိတ်ဓာတ်မာဖို့၊ အားငယ်တတ်တဲ့စိတ်တွေကို ဖျောက်ဖို့ အရင်ကြိုးစားရပါမယ်။
နောက်တချက်က နိုင်ငံခြားဆိုတာ ကိုယ့်ရဲ့မိဘအိမ်လိုမျိုး မငြိမ်းချမ်းနိုင်ဘူး၊ အဆင်မပြေနိုင်ပါဘူး၊ကြမ်းတမ်းမယ်၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်၊ ပင်ပမ်းမယ်၊ အနှိမ်ခံရမယ်၊
အဲဒါတွေကို ခံနိုင်ရည်ရှိမှ နိုင်ငံခြားထွက်ဖို့ဆုံးဖြတ်စေချင်ပါတယ်။
"မ"ပြောချင်တဲ့စကားတခွန်းကတော့ နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်ခြင်းဟာ အပျော်ခရီးထွက်ခြင်းမဟုတ်ပါ....ဘဝအတွက် တိုက်ပွဲဝင်ခြင်းတမျိုးသာဖြစ်ပါတယ်"..။

မေး။ ။နောက်နှစ်တွေမှာရော မြန်မာပြည်ကိုအလည်လာဖို့ စိတ်ကူးရှိပါသလား
ဖြေ။ ။ရှိပါတယ်...
ပြန်လာမှာပါ

မေး။ ။အခုလို သိချင်တာလေးတွေကို ဖြေကြားပေးသွားတဲ့ မဥမ္မကို ကျမတို့ Cherry FM က အထူးပဲကျေးဇူးတင်ရှိပါတယ်နော်
ဖြေ။ ။ဟုတ်ကဲ့..."မ"ကလည်း Cherry FM မှာ အခုလို ပါဝင်ခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်ရှင်..။


တွေ့ဆုံမေးမြန်သူ....မခင်လိမ္မာ(Cherry FM မန်နေဂျာ)

ကျေးဇူးတင်ရှိခြင်း။ ။ ဆိုက်ပရပ်စ်နိုင်ငံအကြောင်းကို Cherry FM က အင်တာဗျူးမယ်ပြောတော့ ကျမမသိသေးတဲ့ အချက်အလက်တချို့ကို
ကိုနေညိုရင့်က Email ပို့ပြီး ကူညီပေးခဲ့တဲ့အတွက် အဆင်ပြေသွားခဲ့ရတယ်၊
ကိုနေညိုရင့်ရေ....ကျေးဇူးအထူးတင်ပါတယ်နော်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/02/2013 11:34:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36674] Photos: Creative Ways to Stack Firewood




-

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
           

http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36673] Fwd: [လူဗိုလ်ဟူသည် ...] “ဇော်”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] "ဇော်"
To: lubo601@gmail.com



by Soe Min on Wednesday, January 2, 2013 at 1:23am 

      "ဲပြဒါးရှင် ပေးချင်ရဲ့ သည်အရေး။ ဇော်ဂျီမောင် ငါမစစ်လို့ စိတ်ညစ်တယ်လေး။" တဲ့။ တက္ကသိုလ်ကျောင်းသားသပိတ်မှာ ထင်ပါရဲ့။ ဆရာကြီးဦးသိန်းဟန်(ဆရာဇော်ဂျီ) ရေးသွားတဲ့ ညည်းချင်းကဗျာလေး လို့ ကြားဖူးတယ်။ ၈၈တုန်းကလည်း ဆရာကြီးကိုယ်တိုင် အဲဒီကဗျာကလေးကို ပြန်ဖော်ထုတ်လာခဲ့သတဲ့။ ဆရာဇော်ဂျီတို့ ဆရာမင်းသုဝဏ်တို့ဆိုတာ မြန်မာစာပေလောကမှာ နေအရောင်လအရောင်လို ထွန်းပြောင်ထိန်ညီးခဲ့တဲ့ ပညာရှိကြီးတွေဖြစ်ပါတယ်။ အထင်အရှား စိုက်ထူသွားခဲ့တဲ့ စာပေမှတ်တိုင်တွေဆိုတာ မရေနိုင်မတွက်နိုင်အောင်ပါပဲ။ "ဟုတ်လား။ ဖေ့စ်ဘုတ်အကောင့်ရှိရင် ပေးပါဦး။ တို့လည်း အက်ထားမလို့။" လို့ ပြောလာမယ့် အယ်ဒီတာ၊ ဂျာနယ်လစ် ကိုကိုမမတွေကလည်း ဒီခေတ်ထဲမှာ နည်းတော့နည်းမယ် မထင်ပါဘူး။ ဘာကိုမှ မကြားဖူးဘူးဆိုရင်တောင် "ဗေဒါလမ်း" တို့ရဲ့ အရှင်သခင် ဆိုရင်တော့ သိဖို့ကောင်းပါတယ်။
(ဒါမှမသိရင် ဆယ်တန်းအောင်လက်မှတ် ပြန်သိမ်းမယ်။ ဒါပဲ။) သူရေးတဲ့စာတွေကို ချီးမွှန်းခန်းမဖွင့်ပဲ သူရွေးတဲ့ကလောင်နံမယ်လေး နှစ်လုံးတည်းကိုပဲ ဟိမ၀န္တာ ချီးမွှန်းခန်း ဖွင့်ကြည့်ရအောင်နော်။ ဘာလဲ။ ဇော်ဂျီမို့လို့ မကြိုက်ဘူးလား။ ဒါဆိုလည်း ယူနီကုဒ်နဲ့ ပြောင်းရိုက်။
          "ဇော်ဂျီ" ဆိုတာ ဘာလဲ လို့ မေးလာရင် အလွယ်တကူ လက်ညှိုးထိုးပြစရာ ရုပ်သေးရုပ်ကလေးတွေပဲ ရှိပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ "Alchemist" လို့ခေါ်သတဲ့။ အဘိဓါန်ထဲ သွားရှာရင် မသေဆေးကိုဖော်စပ်သူ လို့ ပြောလိမ့်မယ်။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုထဲမှာ ဇော်ဂျီဆိုတာ ကိုယ့်ဆီမှာလို ရုပ်ဆင်းသဏ္ဍာန် ပီပီပြင်ပြင် သရုပ်ဖော်မထားဘူး။ ဟယ်ရီပေါ်တာလိုလို၊ ဒေးဗစ်ကော်ပါဖီးလ်လိုလို၊ စုန်းသာသာ ကဝေသာသာအရုပ်တွေပဲ ရှိတယ်။ တို့ဆီကဇော်ဂျီကတော့ ဘယ်ဇာတ်ထဲဖြစ်ဖြစ် သိုရင်းအင်္ကျီအနီရဲရဲ၊ ပုဆိုးအောက်ပိုးကျိုက်၊ ချည်နီဘောင်းတွတ်တွတ်၊ ဆေးကြိမ်လုံးလေးကိုင်လို့ တွေ့ရမယ်။ တီးလုံးကလေးကိုက သတ်သတ်ရှိတယ်။ "ဇော်ရောင်ဂျီရောင် ဆေးကျိတ်တဲ့တောင် ဆေးကျိတ်တဲ့တောင်။ ကိုင်ဆောင်တောင်ဝှေး လို လိုရာသွေးပါတယ်။ ဆေး ကျိတ်တဲ့တောင်။ ဆေး ကျိတ်တဲ့တောင် ဆေး လေလေ့ ကျိတ်တဲ့တောင်….။" မြန်မာအကထဲမှာ ဇော်ကလောက် ပင်ပင်ပန်းပန်း ခုန်ပေါက်ပစ်ခတ် ကရတာ မရှိဘူး။ သူငယ်တန်းကတည်းက သိတာ။ "ဇော်က ကနေသည်။ ခါးကော့ထားပါ။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။ တော်တော်မောသလား။" တဲ့။ အောက်ကဆိုင်းနောက်ထတွေကလည်း ၀ိုင်းတိုင်ပေးကြလိမ့်မယ်။ "တောင်ဝှေးထောက်ပါလို့ တောင်မြောက်မျှော် တောင်မြောက်မျှော်။ ဇော်ဂျီဆိုတာ ကျုပ်တို့ပါပဲ။" လို့။ ရုပ်သေးကြိုးဆွဲတဲ့အထဲမှာ အခက်ဆုံးက ဇော်ဂျီအကပါတဲ့။ ကျွမ်းတွေလည်း ပစ်ပြရသေး။ တောင်ဝှေးကလေးလည်း ခိုစီးပြရသေး။ ပျံကာဝဲကာ မာန်ပါပါနဲ့။ အဲဒါကြောင့် ဇော် ဆိုတဲ့အဓိပ္ပါယ်ကို တစ်ဘက်ကမ်းခတ် ကျွမ်းကျင်တဲ့သူ၊ ထိပ်ထိပ်ကျဲ ထူးချွန်တဲ့သူလို့ တင်စားကြတယ်။ လူပေါ်လူဇော်လုပ်တယ် ဆိုတာ အဲဒီကလာတာ။
          ဇော်ဂျီဆိုတဲ့ဇာတ်ကောင်ဟာ ဗုဒ္ဓဘာသာ အယူဝါဒတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတော်ထဲမှာလည်း မြတ်စွာဘုရားရှင် နုစဉ်အခါက ဇော်ဂျီဘ၀နဲ့  ကျင်လည်ရတယ် လို့လည်း မဖတ်ဖူးပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဗုဒ္ဓ၀ါဒဆိုတာ မသေဆေးရှာတဲ့ အတ္တ၀ါဒ မဟုတ်ပဲ အနတ္တ၀ါဒမို့ပါ။ သို့သော်လည်းပဲ မြန်မာတို့ရဲ့ ကိုးကွယ်ယုံကြည်မှုနယ်ပယ်မှာ ၀ိဇ္ဇာရှစ်သောင်း၊ ဆရာအပေါင်းနဲ့ ထွက်ရပ်ခိုဝင် သူတော်စင်ကြီးများဟာ နတ်များသနင်း သိကြားမင်းရဲ့အထက်မှာထားပြီး အကြီးအမှူးပြုရတဲ့ အမတကြီးတွေ ဖြစ်သတဲ့။ တရုတ်တွေဆီက ကွမ်ရင်ဘောစတို့၊ အန်းကုန်းဘိုးတော်တို့၊ ရသေ့ကြီးကျိကုန်းတို့လိုနေမှာပေါ့။ ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့၊ ယက္ကန်းစင်ထောင်ဆရာတော်တို့၊ ရှင်အဇ္ဇဂေါဏတို့လို အင်မတန်အိပ်မက်ပေးလေ့ရှိသော သူတော်စင်ကြီးများနဲ့ တစ်ဂိုဏ်းတည်းထားလေ့ရှိကြပါတယ်။
        သို့သော်လည်း ဖေဇော်ဂျီတို့ကတော့ ကျောက်ရုပ်မဟုတ်ဘူး။ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့လို့ ဆိုရပါမယ်။ "စုံမြိုင်လယ် ပင်နန်းဝယ် တင့်ဆန်းတယ် ရွှင်လန်းဖွယ် သူယောင်မယ် လှသူရယ် ရွှေဖူးစာမျှမယ်" ဆို တုတ်ကလေးနဲ့ တို့လိုက်ရုံနဲ့ လေဒီဂါဂါအစ၊ ဘရစ်တနီစပီးယားအဆုံး အမုန်းဆွဲလို့ရလေသတဲ့။ သူ့ဘာသူ တောထဲသွားပြီး ခိုးစားတာတောင် နံမယ်ကောင်းကလည်း ရသေးဗျား။ "တကယ်မြင့်မြတ်သူ ချူပါလှဲ့ကွယ်။ ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲဆန်းလှတယ် …" တို့ "ဘုန်းရှိသူ ခူးစေဖွယ် မြတ်တဲ့နတ်မျိုးနွယ်" တို့ ဆက်ဆိုကြသေးတယ်။ တခါတခါတော့လည်း အပျိုစင်သူယောင်မယ်လေးတွေနဲ့တင် မတင်းတိမ်နိုင်လို့ထင်ပါရဲ့။ "မျက်စိအောက်က ပျောက်မှာပင် လွန်စိုးတယ်။" ဆိုပြီး တာနောယက္ခဘီလူးကြီး ပါးစပ်ထဲမှာ ငုံထားတဲ့ သမုခသိင်္ဂီင်္ီ ချစ်တုံးကလေးနဲ့လည်း ဇယားပြေးရှုပ်ချင်ရှုပ်တယ်။ မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဘုရားနားက ကျီးကန်းပါးစပ်ဂူထဲမှာ သူ့ဘာသာနေတဲ့ နဂါးမယ်လေးနဲ့လည်း ကလေးနှစ်ယောက်မွေးချင် မွေးပလိုက်တယ်။ ကိုကိုလူဆိုးဇော်ဂျီတွေလည်း ရှိသေးတယ်နော့။
          ဘယ်လောက်ပဲ မိုးပျံအောင်တော်နေတဲ့ ဇော်ဂျီဖြစ်ပစေ။ မြို့ပေါ်မှာတက်မွှေတဲ့ အကျင့်တော့ မရှိကြပါဘူး။ လူသူမနီး တောကြီးမြိုင်လယ်မှာသာ ကျွမ်းထိုးနေကြတဲ့အမျိုးဗျ။ သူတို့ကို လိပ်စာတောင်းရင် နန္ဒမူလိုဏ်ဂူတို့၊ ဟိမ၀န္တာတောခြေတို့၊ ပေးလိမ့်မယ်။ မြန်မာပြည်က ဌာနခွဲဆိုရင်တော့ တောင်တော်ရွှေပုပ္ပားပေါ့ဗျာ။ မန္တလေး၊ အင်းဝအနားမှာတော့ ဇော်ဂျီမြစ်ဆိုတာ ရှိတယ်။ "စကားပွင့် ဂမုံးရယ် အများဖြင့်သုံးတယ်။ ပုပ္ပားတောင်မြတ်တောင်ကလပ်ဝယ်။ ၀ိဇ္ဇာ တပသီ ဇော်ဂျီတွေ ဆေးကျိတ်ပါတယ်။" တဲ့။ တောင်ကလပ်ပေါ်မှာ ဇော်ဂျီတွေဆေးလာကျိတ်တဲ့ ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာကြီး မြင်ဖူးတယ် မဟုတ်လား။ သူတို့က ဘာလို့ ဆေးကျိတ်ရတာလဲ။ ဆရာဝန်မို့လား လို့ မေးလာရင်တော့ ဖြေရခက်သား။ ၀ိဇ္ဖာလောကမှာ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုတာ ရှိသတဲ့။ အဂ္ဂိရတ်ပညာဆိုတဲ့အတတ်ဟာ အခုထက်ထိ ယုံကြည်လိုက်စားနေတဲ့သူတွေ ရှိသေးတယ်။ "သိဒ္ဓိအဖုံဖုံ ကုံလုံစေမည်။ နေ့စဉ်ဖိုမထိုးပဲ အကျိုးပေးနိုင်မည်" ဆိုတဲ့ နဂါးနီသီချင်းဟာ တိုင်းပြည်ကြွယ်ဝဖို့ ရွှေမိုးငွေမိုးရွာစေတယ်ဆိုတဲ့ ပုဂံခေတ် ရှင်အဇ္ဖဂေါဏရဲ့ ထွက်ရပ်ဝါဒကို ညွှန်းတာ။ နားမလည်ပါးမလည်နဲ့ နေ့စဉ် ဖုန်မတိုးပဲ လို့ ဆိုကြတာ ရယ်စရာထက် ရှက်စရာသာ ကောင်းတော့တယ်။ "သံသေ တပြေ၀၊ ပြဒါးသေ တဆွေဝ။" တို့ဆိုတာ အဂ္ဂိရတ်ကလာတဲ့ စကားပုံတွေပေါ့။ ပြဒါးကိုသေအောင်ထိုးတော့ ပြဒါးရှင်လုံးဆိုတာ ရသတဲ့။  အဲဒါရလို့ကတော့ ဥုံဖွ၊ အပ်ချလောင်း လိုရာဆုတောင်းနိုင်တယ် ဆိုပဲ။ ပွတ်ရင်ပြောင် ဆောင်ရင်လေး၊ ရေစိမ်သောက် ရှူးပေါက်တဲ့ဆေးဆိုတဲ့ ဓါတ်လုံးတွေလိုပေါ့။ ဆရာဇော်ဂျီပြောတာ အဲဒါလေ။ သူသာဇော်ဂျီအစစ်များဖြစ်လို့ကတော့ ပြဒါးရှင်လုံးကြီးပွတ်ပြီး "ပြောင်စေသတည်း" လုပ်ပလိုက်မှာတဲ့။ (အခုလည်းပဲ ပြောင်ပါတယ် ဆရာကြီးရယ်)
           တကယ်ရှိလို့လားဆိုရင်တော့ ပုဂံခေတ်က ပုံပြင်တစ်ခုပဲ ပြန်ကောက်ရဦးမယ်။ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည်က အိန္ဒိယကလာတဲ့ ပဋိက္ခရားမင်းသားလေးနဲ့ ကြိုက်သတဲ့။ ဟိုခေတ်က အင်တာနက်မပေါ်သေးတော့ ချတ်တင်မထိုင်နိုင်သော်ငြားလည်း ဟိုကမင်းသားလေးမှာ ပြဒါးရှင်လုံးတော့ ရှိသတဲ့ကွယ်။ အဲသဟာကလေးကို ငုံလို့ အဲယားပုဂံစီးစရာမလိုပဲ အင်ဒီးယား-ပေါက္ကံ ဒေးလီးချတ်တာဖလိုက်နဲ့ မှန်မှန်လာကြူသတဲ့။ ဒီလိုတော့ မဖြစ်သေးပါဘူးလေ။ သူ့မြေးလေးတွေကျရင် မှတ်ပုံတင်မရပဲနေမှာပေါ့ လို့တွေးပြီး ဒယ်ဒီကျန်က သူ့သမီးလေးကို တက်သုတ်ရိုက်ပြီး လင်ပေးစားလိုက်တာပေါ့။ ပျံရင်းသန်းရင်း မိုးပေါ်လမ်းခုလတ်မှာ နန္ဒမူလိုဏ်ဂူက ပစ္စေကဗုဒ္ဓများနဲ့တွေ့တော့ ပဋိက္ခရားလေးက လက်အုပ်လေးချီပြီး "အညာကဆရောပါ ဘုန်းဘုန်း။ ဘယ်ကပြန်လာကြတာတုန်း။" လို့ လျှောက်သတဲ့။ "စီဒိုးနားက သမီးတော် မင်္ဂလာဆောင်က ဆွမ်းစားပြန်လာတာပါတကာ။ အသေးစိတ်သိချင် အခွေထွက်တော့ စောင့်ကြည့်။" လို့ ဖြေတဲ့အခါ ကောင်လေးလည်း တခါတည်း "ဟာရေး အမား။" လို့ တ လိုက်တာ၊ ပါးစပ်ထဲက ပြဒါးရှင်လုံးထွက်ကျပြီး ကွင်းမှားဆင်းသွားသတဲ့ကွယ်။ သူလည်းပဲ အယ်တီကျုမီတာကြီးက ကောင်းကောင်း မပြဘူး ထင်ပါရဲ့နော်။
          ထေရ၀ါဒ မျိုးစေ့ချကာစ ပုဂံခေတ်သာသနာမှာ ဇော်ဂျီတွေ ပြဒါးရှင်လုံးတွေ ခေတ်စားခဲ့တာ သိပ်တော့ မဆန်းပါဘူး။ ကုလားကလေးတွေ မြန်မာပြည်ထဲရောက်လာတာလည်းပဲ လူသက်သေတင်မဟုတ်ဘူး။ နတ်သက်သေပါရှိတယ်။ ဗျတ်ဝိ နဲ့ ဗျတ္တ ရေမျောကမ်းတင် ညီနောင်နှစ်ဖော်ဟာ မြန်မာပြည်ရောက်တော့ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ လူလားမြောက်ကြရတာပေါ့။ မစားကောင်းတဲ့အသီးကို စားမိတဲ့ ကိုအာဒံ မအေးဝတို့ကြောင့် အချစ်တွေဖြစ်လာသလိုပဲ မစားကောင်းတဲ့အသားကို စားမိတဲ့ အဲဒီညီနောင်ကတော့ ကျောင်းသင်္ခန်းကြီး ဇောက်ထိုးဖြစ်အောင် ဆော့နိုင်ကြပါသတဲ့။ ဖောင်ဒေးရှင်းတွေ၊ စထြပ်ချာတွေ လေ့လာကြဟန်တူပါတယ်။ သူတို့စားမိတဲ့အသားကတော့ ဇော်ဂျီဖိုလ်ဝင်သား လို့ခေါ်ပါတယ်။ ဇော်ဂျီက မီးဖိုထဲဝင်ဆော့လို့ ဘာဘီကျူးဖြစ်သွားတာ မဟုတ်ပါဘူး။ ဈာန်ကစားတဲ့ဇော်ဂျီဟာ သူ့ကိုယ်က နာမ်ကလေးခွာသွားတဲ့အခိုက် ကျန်ရစ်နေတဲ့ ခန္ဓာက ငါးကျည်းကြပ်တိုက်ကလေးလို ကျုံ့သွားတယ်ဆိုပဲ။ အဲဒါစားရင် အ၀ှာပြုတယ်ဆိုတာ ဟုတ်မဟုတ်တော့ မသိပါဘူး။ ညီညီဗျတ္တကတော့ ပုပ္ပား ပုဂံ တနေ့သုံးခေါက်ကျအောင် ပြေးနိုင်တဲ့ မာရသွန်မင်းကြီး ဖြစ်သွားတယ်။   ကိုကိုဗျတ်ဝိက မနူဟာဆီမှာ အသတ်ခံရတာ။ လွယ်လွယ်နဲ့တော့ သတ်မရဘူး။ ဇော်ဂျီသားစားထားလို့ ဓါးနဲ့ထိုး ဓါးကျိုး၊ လှံနဲ့မွှေ လှံခွေသတဲ့။ နောက်ဆုံးတော့ သူ့ချစ်သူမအိုဇာက ကွမ်းတစ်ယာ ရေတစ်မှုတ်ကမ်းလိုက်တော့မှ အတိတ်က ကြည်နူးခဲ့ပုံတွေကို ပြန်တွေးပြီး ကွမ်းသီးလုံးကို အံကြိတ်ကိုက်ချလိုက်တာ ထွက်သွားရော အသက်။ အဲ့လူကြီးတွေ X-men ဖြစ်ကုန်စေတဲ့သတ္တိက မွေးလာတဲ့ သားလေးတွေမှာတောင် ပါသေးတယ်။ ရွှေပြုံးမင်းညီနောင်လေဗျာ။ အဲဒီနတ်တွေကို ယုံတယ်ဆိုရင် ဇော်ဂျီကိုလည်း မယုံလို့ ဘယ်ရမလဲ။ သူကစတာ မဟုတ်လား။
          ဇော်ဂျီတွေရဲ့ အစွမ်းသတ္တိထဲမှာ မြေလျှိုးနိုင်တယ်၊ မိုးပျံနိုင်တယ် အပြင် ရှိန်းဆာယာဖိုမောက်လို့ ကိုယ်ဖျောက်နိုင်တဲ့ စွမ်းအင်လည်းရှိပါသတဲ့။ ဟောလီးဝုဒ်ကလူတွေ စိတ်ကူးဥာဏ်ကွန့်မြူးတာထက် တို့မြန်မာတွေက နှစ်ပေါင်းထောင်ချီပြီး အိုင်ဒီယာဦးတာ တွေ့ပလား။ ဆေးဒါန်းမြင်းသီလာကျောက်ဖျာကြီးနဲ့ သစ်မြစ်သစ်ဖုတွေကိုရှာပြီး ဆေးကျိတ်တယ်ဆိုတော့ မဟုတ်မှလွဲရော။ ကိုယ်တို့ ဆေးလောကကြီးဟာလည်း ၀ိဇ္ဖာဇော်ဂျီတွေရဲ့ ဂန္ဒာရီအတတ်ပညာတွေကများ ဆင်းသက်လာသလား မဆိုနိုင်ပါဘူး။ မယုံရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြဗျာ။ ဆရာဝန်တစ်ယောက်ဆီရောက်သွားရင် မျက်နှာချိုချိုလေး ပြုံးပြပြီး လက်ဖ၀ါးနုနုလေးနဲ့ ကိုင်တွယ်စမ်းသပ်လိုက်ရုံနဲ့ ကိုးဆယ့်ခြောက်ပါးရောဂါတွေ ပိန်းကြာဖက် ရေမတင်သလို ကင်းစင်လွင့်ပျောက်သွားချင်တယ် မဟုတ်ဘူးလား။ ဆေးမှန်မှန်သောက်ပါဆို နားမထောင်ဘူး။ ဒါလေးတွေ စစ်ဆေးကြည့်ရအောင်ဆို အိပ်ကပ်ထဲစမ်းကြည့်တယ်။ ခွဲမှပျောက်မှာပါ လို့ပြောရင် ဘယ်လောက်ကုန်မှာတုန်း သိချင်တယ်။ ဒီလိုလူတွေအတွက် ဖေဇော်ဂျီရဲ့ ဆေးကြိမ်လုံးထက်ကောင်းတာ ဘာရှိဦးမှာလဲ ပြော။ တကယ်မရှိတာတွေကို ပေါက်ပန်းဈေး လျှောက်ပြောနေတယ် မထင်ပါနဲ့။ ကိုယ်တို့မြန်မာဇော်ဂျီတွေ ဆေးကျိတ်သလိုပဲ၊ သူတို့ဆီက Alchemist တွေလည်း ဆေးဖျော်ကြတာပဲ။ Alchemist ဆိုတဲ့ စကားလုံးကိုက Chemist ဆိုတဲ့ဆီက လာတာလေ။ Chemical ဆိုတဲ့ ဓါတုပစ္စည်းတွေရဲ့ ပေါင်းစပ်စွမ်းအင်တွေကို တန်ခိုးအာနိသင်ကနေ တန်ခိုးဣတ္တိပတ်ဖြစ်အောင် စွမ်းဆောင်တဲ့သူပေါ့။ ဒါကြောင့်မို့ပြောတာ။ ဆရာဝန်ပညာဟာလည်း ၀ိဇ္ဖာတို့ရဲ့ထွက်ရပ်လမ်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်မယ်။ စဉ်းစားကြည့်လေ။ မသေဆေးကို ရှာနေတယ်ဆိုတဲ့သူဟာ ဆရာဝန်မဟုတ်လို့ ဘယ်သြူဖစ်ရဦးမှာတုန်း။ လောလောဆယ်လည်း သေမယ့်သူတွေကို မသေအောင် ဆေးပေးနေတယ် မဟုတ်ဘူးလား။ အားတင်းထားကွဲ့။ မတွေ့တွေ့အောင် ရှာမှာ။ တွေ့တော့မှ "ခုံဘိနပ်ကို တော်တဲ့သူ တွေ့အောင်ကြိုးစားပါ။ ခုံဘိနပ်ကို ပိုင်တဲ့သူ ဒီမှာပါ ကိုကိုရာ..။" ဆို ဇော်ဂျီဘွဲ့ ခံပလိုက်ဦးမယ်။ ပိတ်သတ်ကြီးကလည်း မှုန်ရွှေရည်ကားထဲမှာ ဦးစံမတူကြီးဆိုတဲ့ သီချင်းလေး ကျက်ထားနှင့်နော်။ ဘာတဲ့။ "ဖေဇော်ဂျီရယ်လေ ကျွန်မကိုခိုး…။ ကျွန်မက မကြိုက်။ အမေ့ဆီ ပြန်ပို့ ပြန်ပို့။" တဲ့။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/02/2013 11:36:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Re: [aurorageneration] Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၃)


  မဟုတ်ဘူးလေခွေးဘယ်လောက်ဟောင်ဟောင် လမင်းကြီးကတော့ သာလျက်ပါပဲကွယ်...
မကောင်းတဲ့သူမကောင်းတဲ့လမ်း ကောင်းတဲ့သူကောင်းတဲ့လမ်း တတားမကျိုးဘူး လမ်းမပျက်ဘူး..အချိန်က အဖြေပေးလိမ့်မယ်..စောင့်ကြည့်ပါအုံး..ဘယ်လိုလူ ဘယ်လိုဖြစ်မယ်ဆိုတာ..ခုတောင် တယောက် ၀ဋ်လည်နေပီ.. သူများမဟုတ်တာစွတ်စွဲရင် ကိုယ်လဲ ပြန်ခံရတတ်တယ်နော်.. သတိသာ ထားပေတော့.. ကာယကံရှင်က ခံပေမယ်. လောကကြီးက မခံဘူး ဟေ့ရောင်.. ၀ဋ်လည်မယ် သတိထား 

ကျနော်ရေးထားချင်းမဟုတ်ပါ.... ကျနော်တို.ထံလဲ မရောက်ပါ... မှော်စည်းအတွင်းမှာပဲ ရူးပီမဲပြာ ကုလားအဖွဲ. ဖင်ပိတ်အော်ရှင်းနေခြင်းဖြစ်ပါသည်....ရှက်ပါသည်...
လူပုံအလယ်မှာ မရှင်းရဲပဲနဲ.... ဟ ဟဟ ဟဟဟားးးးးးးးးးးးးး ကလိန်ကကျစ်ကုလားတွေနဲ.လာတိုးနေတယ်..... သတ္တိရှိရင် မှော်စည်းအပြင်ထွက်ခဲ.ပါ..ရူးပီးမဲပြာရေ....  ကမ္ဘာကြီးက အကျယ်ကြီးပါ နင်က မှော်မှာ အမှောင်ချပြီး တစ်ယောက်တည်းရှင်းနေတာကိုးဟ... ကုလားမရေ မြဲမြဲမှတ်ထားပါ.... မဟုတ်တာလုပ်ရင် စိတ်ဓာတ်မမှန်ရင် ကာလနာတိုက်ပြီးသေတတ်ဆိုတာ..
.
2013/1/1 ပြည်ချစ်စစ်သွေး <pyichitsitthwe@gmail.com>
မှော်ကုလားအကြောင်းကို ဘယ်မှာတင်တင် မင်းတို့ပထွေးမဟုတ်ရင် မင်းတို့ ဒီလိုဝင်ပြောနေဖို့မလိုဘူး မင်းတို့က နာပြီးဝင်ပြောနေတယ်ဆိုကတည်းက မင်းတို့ပထွေးဆိုတာသေခြာနေပြီးသား ဟုတ်မဟုတ် သက်သေပြဖို့က ကုလားတွေဆိုတာ ဗြောင်လိမ်ဗြောင်ငြင်းတွေဆိုတော့ သူသိက္ခာကျမှာစိုးတာနဲ့ကို ငြင်းဖို့က ၈၀ % သေခြာနေပြီးသား မင်းတို့ဖာကုလားအုပ်စုလည်း အောက်တန်းစားစိတ်တွေပြင်သင့်နေပြီ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

Re: [aurorageneration] Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၃)


  မဟုတ်ဘူးလေခွေးဘယ်လောက်ဟောင်ဟောင် လမင်းကြီးကတော့ သာလျက်ပါပဲကွယ်...
မကောင်းတဲ့သူမကောင်းတဲ့လမ်း ကောင်းတဲ့သူကောင်းတဲ့လမ်း တတားမကျိုးဘူး လမ်းမပျက်ဘူး..အချိန်က အဖြေပေးလိမ့်မယ်..စောင့်ကြည့်ပါအုံး..ဘယ်လိုလူ ဘယ်လိုဖြစ်မယ်ဆိုတာ..ခုတောင် တယောက် ၀ဋ်လည်နေပီ.. သူများမဟုတ်တာစွတ်စွဲရင် ကိုယ်လဲ ပြန်ခံရတတ်တယ်နော်.. သတိသာ ထားပေတော့.. ကာယကံရှင်က ခံပေမယ်. လောကကြီးက မခံဘူး ဟေ့ရောင်.. ၀ဋ်လည်မယ် သတိထား 

ကျနော်ရေးထားချင်းမဟုတ်ပါ.... ကျနော်တို.ထံလဲ မရောက်ပါ... မှော်စည်းအတွင်းမှာပဲ ရူးပီမဲပြာ ကုလားအဖွဲ. ဖင်ပိတ်အော်ရှင်းနေခြင်းဖြစ်ပါသည်....ရှက်ပါသည်...
လူပုံအလယ်မှာ မရှင်းရဲပဲနဲ.... ဟ ဟဟ ဟဟဟားးးးးးးးးးးးးး ကလိန်ကကျစ်ကုလားတွေနဲ.လာတိုးနေတယ်..... သတ္တိရှိရင် မှော်စည်းအပြင်ထွက်ခဲ.ပါ..ရူးပီးမဲပြာရေ....  ကမ္ဘာကြီးက အကျယ်ကြီးပါ နင်က မှော်မှာ အမှောင်ချပြီး တစ်ယောက်တည်းရှင်းနေတာကိုးဟ... ကုလားမရေ မြဲမြဲမှတ်ထားပါ.... မဟုတ်တာလုပ်ရင် စိတ်ဓာတ်မမှန်ရင် ကာလနာတိုက်ပြီးသေတတ်ဆိုတာ..
.
2013/1/1 ပြည်ချစ်စစ်သွေး <pyichitsitthwe@gmail.com>
မှော်ကုလားအကြောင်းကို ဘယ်မှာတင်တင် မင်းတို့ပထွေးမဟုတ်ရင် မင်းတို့ ဒီလိုဝင်ပြောနေဖို့မလိုဘူး မင်းတို့က နာပြီးဝင်ပြောနေတယ်ဆိုကတည်းက မင်းတို့ပထွေးဆိုတာသေခြာနေပြီးသား ဟုတ်မဟုတ် သက်သေပြဖို့က ကုလားတွေဆိုတာ ဗြောင်လိမ်ဗြောင်ငြင်းတွေဆိုတော့ သူသိက္ခာကျမှာစိုးတာနဲ့ကို ငြင်းဖို့က ၈၀ % သေခြာနေပြီးသား မင်းတို့ဖာကုလားအုပ်စုလည်း အောက်တန်းစားစိတ်တွေပြင်သင့်နေပြီ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

Burma News International

Burma News International

Burma News International
January 2, 2013

Kachins says air strikes are continuing

Burmese government forces on Wednesday continued their ground offensive against the Kachin Independence Army (KIA) near the village of Nam Sang Yawng in Kachin State while supported by two fighter jets and two helicopter gunships, said Maj. Min Htay, the information officer of the All Burma Students Democratic Front (ABSDF) Northern Branch.

Thein Sein delivers New Year’s radio address to nation

Burma’s President Thein Sein said the world was amazed by Burma’s program of democratic reforms in 2012, and called on the people of Burma to join hands with the government in working toward a fruitful future.

Hundreds of Rohingya travelling by boat arrive in Malaysia

Over 450 Muslims who fled by boat from Arakan state have arrived safely in Malaysia according to Rohingya  leader Professor Abdul Hamid. But one person died during the two week journey in the rickety wooden boat.

Nasaka arrest and torture Muslim man

A Muslim man was nabbed by the notorious Nasaka (Burma’s border security force) over allegations he was running a human trafficking ring in Maungdaw south, according to one businessman who didn’t want his name used.

VISA experiencing teething problems in Burma

While Burma’s Kanbawza Bank (KBZ) says its electronic operations with VISA cards are so far running smoothly, rival Cooperative Bank (CB) says it has been inundated with customer complaints due to technical problems, according to a report by Justin Heifetz in the Myanmar Times on Monday.

Dragonair celebrates Rangoon launch with discounted air fares

For only US $388 you can now fly return from Rangoon to Hong Kong.

Security forces attempt to rape the females of a Rohingya household

Six security personnel allegedly tried to rape the female members of a Rohingya family living near their station on Dec.31, according to a member of the village administration.

Rangoon hosts the Burmese Oscars

The Myanmar Motion Picture Academy Awards, a local version of Hollywood’s Oscars, celebrated its return to Rangoon on Sunday night after four years in the new capital Naypyidaw.

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp