[New post] ကာတွန်း ကူမိုးကြိုး – ငါခိုင်းသလိုလုပ် …

admin posted: " ကာတွန်း ကူမိုးကြိုး - ငါခိုင်းသလိုလုပ် … ဇန်န၀ါရီ ၄၊ ၂၀၁၃"

[New post] မုန်တိုင်းတိုက်လဲ လာတာပဲ – Ashin Osadha (Half moon Bay)

admin posted: " မုန်တိုင်းတိုက်လဲ လာတာပဲ အရှင်သြသဓ၊ ဟပ်မွန်းဘေး၊ ဇန်န၀ါရီ ၄၊ ၂၀၁၃           ဆယ်ကျော်သက် လူငယ�"

[aurorageneration] Re: ကျောက်ဖြူနဲ့ မြေပုံက မွတ်ဆလင် ဒုက္ခသည်တွေကို အတည်တကျ နေရာချထားပေးမယ့် မြေနေရာ ရှာဖွေ

ရေးတဲ့လူ သိမှာပါ အရင်တလိုရေးလိုက်ရင် ဖြစ်တတ်ပါတယ်။ မင်းက ဗမာစာ ဘယ်လောက်တတ်လို့လဲ။ အောက်မှာပါတယ် မင်းတိုံ ဘိုးအေ။။ သင်ပေးလိမ့်မယ်။


2013/1/3 Haroon <roon.ha@gmail.com>

'တက်' လို့ ပေါင်းပါတယ်။

ဗမာစာ သိပ်မတတ်ဘူးထင်တယ်။ သင်တန်းလေးဘာလေး 'တက်' ပြီး စာ'တတ်'အောင် အရင် သင်ယူလိုက်ပါအုန်း။

ကုလားလောက်တောင် စာမတတ်ရင် ကုလားကို မဝေဖန်ပါနဲ့။

:)

On Jan 3, 2013 12:42 PM, "အေမီ" <amizarhlaing@gmail.com> wrote:
ငါတို့မြန်မာတွေက ကိုယ်ချင်းစာတရားအပြည့်နဲ့ ခိုးဝင်လာတဲ့ကောင်တွေကို နေရာတွေ ထိုက်သင့်သလောက် ပေးတော့လည်း အလကားရတဲ့နွားသွားဖြဲကြည့်တတ်ကြတဲ့ သူတို့တွေကတော့ အကျင့်တွေကိုမပြောင်းကြသေးဘူး...မိခင်နိုင်ငံမှာလည်း နေစရာမြေမရှိ..စားစရာမရှိနဲ့ဆိုတော့ အများကြီးသာတဲ့ မြန်မာပြည်ကို တပ်မက်နေကြတာ မထူးဆန်းပါဘူး...အမှန်အတိုင်းဝန်ခံရင် မြန်မာတွေမရိုင်းပါဘူး...ကိုလိုနီလက်သစ်ဒီဇိုင်းနဲ့လာလုပ်တာကတော့ ဘယ်ရမလဲ...မြန်မာတွေက အ တာမဟုတ်ဘူး...အားနာတတ်တာ...သနားကြင်နာတတ်တာ...ဒါကိုအခွင့်ကောင်းယူပြီးခေါင်းပေါ် ချီးတတ်ပါချင်ကြတယ်...ပြည်တွင်းနေဆိုတဲ့ကောင်တွေကလည်း ကျေးဇူးတရားတွေမျက်ကွယ်ပြုပြီး သူခိုးဓားရိုးကမ်းလုပ်ကြတယ်...မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ...

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ကျားဖြူပါတီ ဒုတိယအကြိမ်မြောက်ညီလာခံပြီးဆုံး သဘောထား ကြေငြာချက် ၆ ချက် ထုတ်ပြန်

Posted: 03 Jan 2013 08:21 AM PST

ယမန်နေ့ကစတင်သော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ညီလာခံအား ယနေ့ ဂျန္နဝါရီ ၃ ရက် ညနေပိုင်းက သဘောထား ကြေငြာချက် ၆ ချက်ထုတ်ပြန်ကာ အစည်းအဝေးအဆုံးသတ် လိုက်ကြောင်း သိရပါသည်။


ထုတ်ပြန်ကြေငြာချက်များအား ပါတီ၏ဒုဉက္ကဌ ဦးစိုင်းဆောင်ဆီက ဖတ်ကြားပေးခဲ့သည်ဟု သိရ ပါသည်။

ထုတ်ပြန်ကြေငြာချက် ၆ ချက်မှာ -

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံမှထုတ်ပြန်ကြေငြာသော ပါတီ၏သဘောထား

ရက်စွဲ- ၃ ဇန်နဝါရီ ၂၀၁၃


1-ကချင်ပြည်နယ်အတွင်းလက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွါးနေသောကြောင့် အပစ်ရပ်တိုင်းရင်း သားပြည်သူအမြောက်အများ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရပါသည်။ ထို့ကြောင့် သက်ဆိုင်သည့် နှစ်ဘက် စလုံးမှ အပစ်အခတ်ချက်ချင်းရပ်ဆိုင်းရန်တောင်းဆိုသည်။

2-စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမို ကရက်တစ် ပါတီမှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်။

3-တနိုင်ငံလုံး သားစဉ်မြေးဆက်အမွေဆက်ခံနိုင်သည့် ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အမြန်ဆုံးဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးသို့ အလေးအနက်တိုက်တွန်းသည်။

4-လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးတို့ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းနိုင် ရေးအတွက် တိုင်းရင်းသားပါတီများအားလုံးပူးပေါင်း ဆောင်ရွက်မည်။

5- အချိုးကျကိုယ်စားလှယ်စနစ် PR System အား ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် လက်ခံကျင့် သုံးရန် မသင့်လျော်သေးသဖြင့် လုံးဝ လက်မခံနိုင်ပါ။

6- သျှမ်းတိုင်းရင်းသားမျိုးနွယ်စုများအားလုံး တောင့်တလျက်ရှိသည့် ညီညွတ်သော သျှမ်းတိုင်း ရင်းသား နိုင်ငံရေးပါတီများ United Shan Political Parties ပေါ်ပေါက်လာရေးကို အလေး အနက်အဆိုပြု ထောက်ခံသည်။ 

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

ကျားဖြူဥက္ကဌ ရာထူးမှဖယ်ပေးရန် ညီလာခံ၌တောင်းဆိုမှုရှိ

Posted: 03 Jan 2013 08:20 AM PST

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ညီလာခံ ပထမနေ့တွင် ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းအား ရာထူးမှ နှုတ်ထွက်ပေးသင့်ကြောင်း တောင်းဆိုမှုရှိခဲ့သည်ဟု တက်ရောက်သူများက ပြောပါသည်။
alt
"ပါတီဝင်တွေက မြို့နယ်အလိုက် မိမိမြို့နယ်အကြောင်းအစီရင်ခံတင်ကြတယ်။ ငိုက်မြည်းနား ထောင်နေကြ ရတာပေါ့။ မွန်းလွဲပိုင်းလောက်ရောက်တော့ - လူငယ်လေး တယောက်ကကျားဖြူ ပါတီ ဉက္ကဌ ဖြစ်တဲ့ စိုင်းအိုက်ပေါင်း ရာထူးကနေဖယ်ပေးသင့်တယ်လို့ ထပြောမှ လူတွေက လှုပ် လှုပ်ရှားရှားဖြစ်လာတယ်။ အစိုးရရဲ့ ဝန်ကြီး ရာထူးလက်ခံထားရင် ပါတီဥက္ကဌ ရာထူးကခေတ္တ ဖယ်ရှားပေးသင့်တယ် ။ နို့မဟုတ်ရင်တော့ ကျားဖြူပါတီဟာ အစိုးရရဲ့ပါတီ အလိုအလျောက် ဖြစ်သွားမယ်လို့သူက ပြောတာလေ  " - ဟု ညီလာခံတက် ရောက် သည့် နန်းဖေါင် ကပြောပါ သည်။

ကျားဖြူပါတီ၏ ပါတီညီလာခံ ပထမနေ့တွင် လဲချားမြို့နယ် ကျားဖြူပါတီဝင် လူငယ်တဦးဖြစ် သည့် စိုင်းလွန့် ခေး က သျှမ်းပြည်အစိုးရ၏ သတ္တုတွင်းဝန်ကြီးရာထူး ထမ်းဆောင်ထားသည့် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက် ပေါင်း အား ဝန်ကြီးရာထူးလက်ခံထားလျှင် ပါတီရာထူးမှခေတ္တ ဖယ်ရှားပေးသင့်ကြောင်း၊ သာမန်ပါတီဝင် တဦးအဖြစ်သာနေသင့်ကြောင်း တောင်းဆိုခြင်းဖြစ် သည်။

"လူငယ်တဦးက အဲဒီလိုတောင်းဆိုတာမှန်တယ်။ ဒါပေမယ့် စိုင်းအိုက်ပေါင်းက - ဥက္ကဌ ရာထူး ကနေ ထွက် ပေးစေချင်တဲ့ အဲဒီအဆို ကိုထောက်ခံရင် မတ်တပ်ထရပ်ပါ- လို့  စင်ပေါ်တက်လာပြီး ပြောတယ်။ အဆိုတင် တဲ့ ကောင်လေး နဲ့ နောက်တယောက်ကလွဲလို့ လူပေါင်း ၆၀၀ ကျော် က မကန့်ကွက်ဘူး။ ထောက်ခံကြတယ်။ တယောက်မှ မထဘူးလေ" - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်က ပြောပါသည်။

ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးကမူ ဒီမိုကရေစီနည်းကျကျလျှို့ဝှက် မဲစနစ်ဖြင့် ဆန္ဒကောက်ယူလျှင် ပါတီဝင်တို့၏ ဆန္ဒအမှန်ရလိမ့်မည်၊ လုပ်ဖို့လည်းလိုအပ်သည်ဟု သျှမ်းသံတော်ဆင့်အား သုံးသပ်ပြောပြပါသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပမည်ဟု စီစဉ်ထားသည့် ကျားဖြူပါတီ၏ ဒုတိယအကြိမ် မြောက်ညီလာခံ အား မနက်ဖြန် ဂျန္နဝါရီ ၄ ရက်နေ့ ကျရောက်သော လွတ်လပ်ရေးနေ့ဂုဏ်ပြု ညစာစားပွဲသို့ သျှမ်းပြည်အစိုးရအဖွဲ့အနေဖြင့်တက်ရောက်ရန်ရှိသောကြောင့် ဥက္ကဌ စိုင်းအိုက် ပေါင်း က ယနေ့ နံနက်ပိုင်းကပင် နေပြည် တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ ဒုဥက္ကဌ စိုင်းဆောင်ဆီဦးဆောင်မှုအောက်တွင် ဆက် လက် ကျင်းပနေသည့်ညီလာခံအားလည်း ယနေ့မှာပင် ထုတ်ပြန် ကြေငြာ ချက် ၆ ချက်ဖြင့် အဆုံးသတ်မည် ဖြစ် ကြောင်း၊ နက်ဖြန်နံနက်ပိုင်း  ညီလာခံတက်  ကျားဖြူပါတီဝင်များ  ရွှေတြိဂံဒေသသို့ သွားရောက်လည် ပတ်ကာ ညနေပိုင်း၌ မိတ်ဆုံထမင်းဝိုင်း ဝိုင်း၍ အစည်းအဝေးအောင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တက်ရောက် သူများက ပြောကြပါသည်။

ငြိမ်းချမ်းရေးအတွက်ညီလာခံကြီးဖြစ်ရန် SNLD အတွင်းရေးမှူးကွင်းဆင်းပြင်ဆင်

Posted: 03 Jan 2013 01:20 AM PST

ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်သားများကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က သျှမ်းပြည်နယ်မြို့နယ်အများအပြားသို့ ကွင်းဆင်းကာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေပါသည်။
SNLD at Panglong ပင်လုံမြို့ရောက် SNLD အတွင်းရေးမှူးနှင့်အဖွဲ့ (ဓါတ်ပုံ-SNLD)
 
"ကျနော်တို့ ပြီးခဲ့တဲ့အပတ်က လားရှိုးရောက်တယ်။ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့တိုင်းရင်းသားပါတီခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတယ်။ ကျနော့်ခရီးစဉ် က အဓိက က ပြည်ထောင်စုမြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး အမှန်တကယ်ရရှိဖို့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့အတွက် သျှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီးအကောင် အထည်ဖော်သွားနိုင်ဖို့အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်းဘဲဖြစ် တယ်။ အားလုံးမပါရင်မရဘူးလေ မဟုတ်လား။ ဒီနေ့လဲ တောင်ကြီးမှာ အင်းအမျိုးသားပါတီ နဲ့ အခြားပါတီ တွေတွေ့ဖို့ရှိတယ်"- ဟု စိုင်းညွန့်လွင်က ပြောပါသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား တောင်ကြီး သျှမ်းပြည်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် တအာင်းအမျိုးသားပါတီ၊ ကိုးကန့် ဒီမိုကရေ စီနှင့် ညီညွှတ်ရေးပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ အင်းအမျိုးသားတိုး တက်ရေးပါတီ စသည့် သျှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုဆိုသည်။

" ကျနော် မတွေ့ခဲ့ရတာ ဝ ဒီမိုကရက်တစ်ပါတီဘဲကျန်တယ်။ UWSP/UWSA နဲ့က ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန့် သွားတယ်။ နှစ်လအတွင်းညီလာခံ လုပ်နိုင်အောင် လုံးပမ်းနေတယ်။ လွတ်လွတ် လပ်လပ်ပါဝင် ဆွေးနွေးနိုင်အောင် လားရှိုးမြို့မှာလုပ်ဖို့ အစီအစဉ်ရှိတယ်။ တောင်ကြီးမှာဆိုရင် ပြည်နယ် လွှတ်တော်က ရှိတယ်လေ။ လားရှိုးမှာဆိုဘာမှမရှိဘူး။ ပိုလွတ်လပ်မယ်လို့မြင်တယ်" - ဟု SNLD အထွေထွေ အတွင်း ရေးမှူးစိုင်းညွန့်လွင်က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အလွှတ်သဘော လိုက်လံ တွေ့ဆုံ သည့် ခရီးတလျှောက်လုံးအဆင်ပြေကြောင်း ကျေနပ်အားရဖွယ်ကောင်းကြောင်း၊ ဝ အမျိုးသားစည်းလုံး ညီညွှတ်ရေးပါတီ ခေါင်းဆောင် တာ့လုပ်ပေါင်းကိုယ်တိုင်က ဖြစ်လာမည့်သျှမ်းပြည်ညီလာခံအား မဖြစ်မနေ တက်ရောက်မည်ဖြစ်ကြောင်း၊ ဝ အမျိုးသားဆိုင်ရာ စာတမ်းဖတ်နိုင်ရန်လည်း စီစဉ်ထားမည်ဖြစ်ကြောင်း စိုင်းညွန့်လွင်က ပြန်လည်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှုးစိုင်းညွန့်လွင် ၏ ခရီးစဉ်တွင် ရုံးအဖွဲ့မှုးစိုင်းရွှေကြူး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် စိုင်းလိန်မြတ်၊ စိုင်းလှဖေ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ စိုင်းထွန်းအေး၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှစိုင်းဆမ်ဖွဏ်ဆိုင် တို့ပါဝင်သည် ဟုသိရပါသည်။

[mrsorcerer:36693] ကောင်းကင်မှာကောက်ရာတွေနဲ့

ကောင်းကင်မှာကောက်ရာတွေနဲ့

သမိုင်းကြောင်းတွေ တဆစ်ဆစ်အချိုးခံရတဲ့နေ့
ဝတ်ရုံဖားဖားကြီးတွေအောက်က ဆားပေါက်နေတဲ့နေ့

သာသလိုရွေ့ရင်း မြူးထူးပျော်ပါးကြတဲ့နေ့
လေးကောင်ဂျင်ကို လေးနှစ်သား ကစားနေတဲ့နေ့

တစ်တစ်ခွခွအဆဲခံရလည်း အပြုံးမပျက်တဲ့နေ့
မုန့်ဆီကြော်ကို ခက်ရင်းနဲ့ထောက်ပြီး ဒါးနဲ့လှီးစားတဲ့နေ့


အတောင်ပံနဲ့ဂေဘရီယယ်ရဲ့ မြေပေါ်မှာခုန်ဆွခုန်ဆွပြေးလွှားနေတဲ့နေ့
မုန်းသူကိုမှ နှလုံးပူစေတဲ့နေ့
ရှမ်းဘောင်းဘီ ကရင်သင်တိုင်း ချင်းခေါင်းပေါင်းနဲ့ ကချင်ဒါးတို့ ပြေမပြနိုင်သေးတဲ့နေ့

ဂျီဘရာဧရဲ့ မျက်ရည်ကိုတရမဲ့နေ့
ပြုံးသူကိုမှ ရွေးပြီးအကျည်းတန်စေတဲ့နေ့
အလံနဲ့အမည်မှာတစ်ပြည်သာ ဖြစ်စေတဲ့နေ့

မိုးသိကြားကို ခွေးခြေပေါ်သွားထိုင်စေတဲ့နေ့
ပိတ်ရက်တွေကို မိတ်ဆက်ပေးရုံသက်သက်ဖြစ်စေတဲ့နေ့
မွေးတုန်းကအကောင်းပေမဲ့ ကြီးထွားနှုံးဖျင်းတဲ့နေ့ 

ဒီနေ့မှာ မိုးတွေအေးပြီး နှင်းတွေဝေတုန်း နေပြင်းပြင်းတောက်ပါစေ...
ရေးသားသူ
သန့်စင်ဖြိုး

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36691] Fwd: [လူဗိုလ်ဟူသည် ...] လူထုဆီသို့ သယ်ဆောင်လာသော…



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/3
Subject: [လူဗိုလ်ဟူသည် ...] လူထုဆီသို့ သယ်ဆောင်လာသော…
To: lubo601@gmail.com



by Pandora Blogopoet on Thursday, January 3, 2013 at 8:33am 

(Liberty leading the people by Ferdinand Victor Eugène Delacroix)

၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ သေနတ်သံတွေ၊ ကြွေးကြော်ကြုံးဝါးသံတွေ၊ မကျေမနပ်တောင်းဆိုသံတွေ၊ နာကျင်ညည်းတွား သံတွေကတော့ လွတ်လပ်ရေးရပြီး ၆၅ နှစ် တိုင်သည်အထိ ကြားနေရဆဲပါ။


အိုင်အိုဝါတက္ကသိုလ်မှာ International Writing Program တက်နေတုန်း နယူးယောက်မြို့က Battery Dance Company နဲ့အတူ ပူးပေါင်းဖျော်ဖြေဖို့ Ellis Island နဲ့ Veterans Day အတွက် Expressing Freedom ဆိုတဲ့ စင်တင်ကပြမှု အစီအစဉ်အတွက် အမှတ်တရ စာတစ်ခုခု ရေးသားပေးပါလို့ IWP စာရေးဆရာတွေဟာ ဖိတ်ခေါ်ခံရပါတယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး။ ဗော်လံတီယာ စေတနာ့ဝန်ထမ်းပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ကို ရေးပေးခဲ့ပါတယ်။ ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို အကပညာရှင် Carmen Nicole ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။ အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ ဟာရီကိန်း ကြောင့် နယူးယောက်မြို့ ဘရော့ဝေးလမ်းက Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။ IWP က စာရေးဆရာ ကဗျာဆရာ ၁၀ ယောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက် "Liberty Leading the People" ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ဒီကဗျာခေါင်းစဉ်ကတော့ "….leading to the people" ပါ။  ပန်းချီကားအကြောင်းကို တစ်ချိန်က ဘလော့ဂ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  ပြန်ဖတ်လို့ရပါတယ်။http://pandora-and-pandora.blogspot.com/2007/10/blog-post_28.html

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အဲဒီကဗျာကို အမှတ်တရ တင်လိုက်ပါတယ်။ ကဗျာရွတ်ဆိုမှုနဲ့ တွဲဖက်ကပြမှု ဗွီဒီယိုဖိုင်ကိုလည်း အောက်ကလင့်ခ်မှာကြည့်နိုင်ပါတယ်။


လူထုဆီသို့ သယ်ဆောင်လာသော…

ဖြတ်သန်း ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့ ဖြတ်
တဆက်တစပ်တည်း ဖြတ်
တစ်သက်တာထာဝရ ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့ လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့ လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့ လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့ ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့ သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့ ထင်ယောင်ထင်မှားတွေ
ဒါတွေကို လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂

....................


….. leading to the people

pass it and then cut it
cut it in hesitation
cut it in continuous hesitation
and cut it ceaselessly
and cut it forever
with a single hand
with a plural hand
with the number-one hand
with a number of one-hands
with tiny kiddy hands
with shrinking wrinkly hands
with waxy squashy hands
with hungry bony hands
with pinky healthy hands
white hands black hands yellow hands
if one wants to grasp something, one has to release something
(not something but many things)
the goose bumps
the bitten nails
the trembling heartbeats 
the clinging deep-roots
the dragging bulky chains
the wavering myths
the time you drop all of them and hold a torch
it's called liberty

Pandora
26 Oct 2012


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/04/2013 01:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36691] Fwd: [လူဗိုလ်ဟူသည် ...] “လွတ်လပ်ရေး ကြေညာစာတမ်း”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/3
Subject: [လူဗိုလ်ဟူသည် ...] "လွတ်လပ်ရေး ကြေညာစာတမ်း"
To: lubo601@gmail.com



by Zaw Myo Lwin on Thursday, January 3, 2013 at 7:10am 


"အောင်စေသတည်း"  
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါ လရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစ ရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူတခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်းဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။
၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။
၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ငါတို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့ နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/04/2013 01:39:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36689] Fwd: [လူဗိုလ်ဟူသည် ...] တင်ပြ - ချပြနှင့် ပြောင်းလဲရမည့် စိတ်ဓာတ်များ..(ဖေမြင့်)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] တင်ပြ - ချပြနှင့် ပြောင်းလဲရမည့် စိတ်ဓာတ်များ..(ဖေမြင့်)
To: lubo601@gmail.com



by ပြည်သူ့ခေတ် on Wednesday, January 2, 2013 at 9:25pm ·


နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း (၂၆ ဒီဇင်ဘာ ၂၀၁၂) က ထုံးစံအတိုင်း ကောင်းမြဲ ကောင်းနေ သည်။
          လွန်ခဲ့သော တစ်နှစ်နှင့်ကိုးလ၊ ပထမမိန့်ခွန်းတုန်းကတော့ ကောင်းတော့လည်း ကောင်းသည်။ သို့သော် အဲဒါမျိုး တစ်ခါမှ မကြားဖူးသဖြင့် ဟုတ်မှဟုတ်ရဲ့လား။ ဘာသဘောနဲ့ ပြောနေတာလဲ၊ စောင့်ကြည့်စမ်းပါဦးကွာ၊ စသဖြင့် အံ့သြတာနှင့် မယုံကြည်တာတွေ ရောနေခဲ့သည်။

          ယခုတော့ ဒါမျိုးတွေ ကြားလာရတာ အတော်များများ ရှိပြီဆိုတော့ အထက်က နိဒါန်းချီ သလို ထုံးစံအတိုင်း ကောင်းမြဲ ကောင်းသည်ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည်။
          ဘာတွေ ကောင်းသလဲ။
          ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်တာ ကောင်းသည်။ မိမိတို့ ချို့ယွင်းချက်တွေ ထောက်ပြ ဝေဖန်ပြီးနောက် အဲဒါတွေကို ပြင်ဆင်ဖို့ အစီအစဉ်တွေ ချတာကောင်းသည်။ အဲသည် အစီအစဉ်တွေ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လျှင် တကယ်ကောင်းမည်။
          တကယ်က၊ အစိုးရအဆက်ဆက်၏ ချို့ယွင်းချက်တွေ၊ မကောင်းတာတွေ၊ ဆိုးတာတွေ ကို ပြည်သူလူထု ဝေဖန် ထောက်ပြလာခဲ့တာတော့ တစ်သက်လုံးဟုပင် ဆိုရလိမ့်မည်။
          အဲဒါကို ဘယ်တုန်းကမှ နားမထောင်ကြ၊ လက်မခံခဲ့ကြ။ ဝေဖန်သံတွေ ထွက်မလာ အောင် ပိတ်ပင်ဟန့်တားဖို့သာ ကြိုးစားခဲ့ကြသည်။
          ပြီးခဲ့သည့် တစ်နှစ်နှင့် ကိုးလက သမ္မတမိန့်ခွန်း မယုံကြည်နိုင်လောက်အောင် ကောင်းသွားခြင်းသည် ပြည်သူတွေ တစ်သက်လုံး ဝေဖန်လာသမျှကို တာဝန်ရှိသူ တစ်ဦး အနေနှင့် ပထမဆုံးအကြိမ်အဖြစ် လက်ခံအတည်ပြု လိုက်ခြင်းကြောင့် ဖြစ်သည်။
          အဖြေမှန်သည် လူထုကြားထဲမှာ အမြဲ ရှိသည်။
          လူထု၏ သဘောထားများကို ခံယူ-ကိုယ်စားပြု- ပြောဆိုလိုက်သည့်နေ့မှာ အစိုးရသည် ယခင် အစိုးရဟောင်းများနှင့် ကွဲပြားသွားသည်။
          သမ္မတကတော့ ပြောင်းသွားပြီ ဆိုပါတော့၊
          အဲသည်လိုပဲ၊ လွှတ်တော်များဆီကလည်း စကားအသစ်တွေ ကြားလာရသည်။ ပြည်သူ-ပြည်သူ-ပြည်သူ-
          ထို့နောက်၊
          မိဘပြည်သူများ
          ဒီမိုကရေစီ ဘက်တော်သားများ။
          အထက်ပိုင်းဆီက ပြောင်းလဲသည့် အသံဗလံများ၊ ထို့နောက် ပြောင်းလဲသည့် အမူ အရာများ ကြားရ မြင်ရသည်။
          ဆိုပါတော့၊ တိုတိုပြောရလျှင် တစ်ချိန်က ရန်ဘက် ဖြစ်ခဲ့သည့် ပုဂ်္ဂိုလ်များကို အကျဉ်း ထောင်ထဲ နေအိမ်အကျယ်ချုပ်ထဲက ထုတ်ပြီး လက်ဆွဲနှုတ်ဆက်ကြ၊ နိုင်ငံရေးနယ်မှာ နေရာပေးကြတာတွေ မြင်လာရသည်။
          သို့သော်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေပါပြီဟု ဆိုနေကြသည့် ကာလ တစ်လျှောက်လုံးမှာပင် လူထုကြားက အသံဗလံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေခဲ့သည်။
          အထက်ကပြောင်းသည် ဆိုသော်လည်း အောက်က မပြောင်းပါဘူး၊ အောက်မှာ ပြောင်းတာ ဘာတစ်ခုမှ မတွေ့ရသေးဘူး၊ အရင်အတိုင်းပဲ၊ စသဖြင့်။
          ယခုတော့ တစ်နှစ်နှင့် ကိုးလအကြာမှာ သမ်္မတ ကိုယ်တိုင်က ပြောပြန်ပါပြီ။
          ပြည်သူတွေ ဝေဖန်ပြောဆိုနေကြသည့် စကားများကိုပဲ စနစ်တကျ စုစည်းပြီး ပြောခြင်း ပါပဲ။
          ၊         ပြည်သူ့ဆန္ဒပြည်သူ့အသံကို နားမထောင်ဘဲ မိမိတို့ သဘောအတိုင်း လုပ်နေ ခြင်း၊
          ၊         လုပ်ကိုင်တာတွေ ပွင့်လင်းမြင်သာမှု မရှိ၊ လူထုသိအောင် ချပြ၊...အင်း "ချပြ"၊ ချပြ ကိစ်္စနောက်မှ ပြောမည်။ ယခု ပြောတာက ချပြမှု မရှိခြင်း၊
          ၊         လူထု၏ လိုအပ်ချက် တောင်းဆိုခြင်းအပေါ် တာဝန်ယူ ဖြေရှင်းပေးမှု မရှိခြင်း၊
          ၊         ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအတိုင်း မလုပ်ခြင်း၊
          ၊         အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
          ၊         အုပ်ချုပ်ရေးယန္တရား နှောင့်နှေးကြန့်ကြာခြင်း၊ စီမံခန့်ခွဲမှု စွမ်းရည် နည်းပါးခြင်း၊
          ချုပ်ကြည့်လျှင်၊ ကောင်းတာတစ်ကွက်မှ မရှိ။
          အကြောင်းရင်းက၊ စိတ်ဓာတ်တွေ အမူအကျင့်တွေ ချို့ယွင်းပျက်စီးနေခြင်း ဖြစ်၏။
          သမ္မတကြီးက ရှေးယခင် အတွေးအမြင် လုပ်နည်း လုပ်ဟန်တွေအတိုင်း လုပ်နေလို့   မရတော့ဘူးဟု ဆိုသည်။
          သို့သော် အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့် ပုဂ်္ဂိုလ်တွေက အမိန့်ပေးစနစ်၊ အာဏာသုံးစနစ်၊ ဥပဒေက မည်သို့ပင် ဆိုစေကာမူ ငါက သည်လို စီရင်မည်ဟူသော စနစ်၊ စီးပွားရေးအရ တွက်ချေမကိုက်သော်လည်း သည်စီမံကိန်း ကြီးကိုကား ငါစိတ်ဝင်စားသဖြင့် လုပ်ကိုင်လိုက် ဦးမည်ဟူသော စနစ်မျိုးတွေထဲမှာ အနေကြာခဲ့ကြသူများ ဖြစ်သည်။  ပြည်သူလူထုကို မထီမဲ့မြင်ပြုမှု၊ အနိုင်အထက်ပြုမှု၊ အာဏာအလွဲသုံးပြီး ကိုယ်ကျိုး စီးပွားရှာမှု စတာတွေမှာ သူတို့ အကျင့်ပါနေ အသားကျနေ ကျေနပ် ငြိတွယ်နေခဲ့ကြပြီ။
          ဒါကြီးနှင့် ခွဲမရ။
          ဒါကြီးကို မစွန့်လွှတ်နိုင်။
          စိတ်ဓာတ်တွေ ပြောင်းကြပါ၊ ပြောင်းကြပါနှင့် တဖွဖွ ပြောဆိုသံတွေ ကြားရသည်။
          ပြောသာ ပြောကြသည်။ ဘယ်ကစပြီး ဘယ်လို ပြောင်းကြမည်လဲ။
          အောက်ဘက် ရပ်ကွက် ကျေးရွာ အဆင့်မှသည် ဟိုးအထက် ဘယ်အဆင့်ထိ ရောက်နေမှန်း မသိသည့် စိတ်ဓာတ်ဟောင်း အမူအကျင့်ဟောင်း အမှိုက်ပုံ အညစ်အကြေး ပုံကြီး။
          ဒါကြီးမျိုးကို ရှင်းသည့် နည်းလမ်း ရှိတော့ရှိသည်။
          သို့သော် ကြိုက်သလား မကြိုက်ဘူးလား စာဖတ်သူ စဉ်းစားကြည့်ပါ။
     ဂရိဒဏ္ဍာရီထဲမှာ သြဂျီယတ်(စ) (Augeas) ဆိုသော ဘုရင်မှာ နွားအကောင်ထောင်ချီ မွေးထားသည်။ သည်နွားတွေထားသည့် တင်းကုပ်များကို နှစ်ပေါင်း ၃၀ လောက် မသန့်ရှင်း မဆေးကြောဘဲထားရာ နွားချေး၊ နွားကျင်ငယ်ရေ၊ မြက်ခြောက်၊ ကောက်ရိုးစသည့် နွားစာ အကြွင်းအကျန်တွေ အားလုံး ရောထွေးလျက် အညစ်အကြေး အစိုင်အခဲပုံကြီးတွေဖြစ်ကာ  နွားလည်း မနေနိုင်၊ လူလည်း မ၀င်နိုင် ဖြစ်နေသည်။ အဲဒါကို ရှင်းလင်းပေးရန် လူစွမ်းကောင်း ဟာကျူလီကို အပ်တော့ ဟာကျူလီက နွားခြံ ဟိုဘက်ထိပ် သည်ဘက်ထိပ် အကာအရံတွေ ဖြိုဖျက်ပြီးနောက် မလှမ်းမကမ်းရှိ မြစ်နှစ်စင်းကို ဆွဲပေါင်း မြောင်းသွယ်၍ နွားခြံထဲက ဖြတ်ဆင်းစေရာ ရှိသမျှ အားလုံး ရှင်းသွားသည်ဟု ဆိုသည်။
          သည်ရှင်းနည်းမျိုးက ရုပ်ရှင်ထဲကြည့်လျှင် လက်ခုပ် လက်ဝါးတီးပြီး သြဘာပေးစရာ၊ အားရစရာ ဖြစ်ကောင်း ဖြစ်လိမ့်မည်။
          သို့သော် နွားချေးရှင်းရင်းက ခြံစည်းရိုးရော တင်းကုပ် တွေပါ ပါသွားနိုင်သည်။
          ယခု သမ္မတကြီး တင်ပြ-ဟုတ်ကဲ့၊ "တင်ပြ" လာသည့် နည်းလမ်းကတော့ သိမ်မွေ့ သော စိတ်ရှည်သော ဒီမိုကရေစီ ကျသောနည်း ဖြစ်သည်ဟု ကျွန်တော် မြင်သည်။
          အစိုးရအဖွဲ့အစည်း ယန္တရားဖွဲ့စည်း တည်ဆောက်ပုံက အစပြောင်းလဲမည်၊ ရပ်ကျေးမှ သည် ပြည်ထောင်စုအဆင့်အထိ ပုဂ်္ဂိုလ်တို့၏ အတွေးအမြင် အမူအကျင့် လုပ်ပုံ လုပ်နည်း များကို ပြောင်းလဲမည်တဲ့။ ထောင့်အသီးသီးမှာ တစ်စုံလုံးရော တစ်စချင်းပါ ဖျင်သွားပြင် သွားမည့် သဘော၊ လူရောမူပါ အတိုင်းအတာတစ်ခုထိ ပြောင်းလဲမည့် သဘောဖြစ်သည်။
          အသေးစိတ်တွေ မပြောတော့ပါ။
          အထက်မှ အောက်သို့ အာဏာခွဲဝေသော စနစ်နှင့် အဆင့်သီးသီးတွင် အုပ်ချုပ်ရေးပိုင်း ပုဂ်္ဂိုလ်တွေချည်း ဆောင်ရွက်ရာမှ ပြည်သူပြည်သား ကိုယ်စားလှယ်များ ပါဝင်လာမည့် စနစ်သို့ ကူးပြောင်းမည့် ကိစ္စသည် ကြီးကျယ်သည်။ သီးခြား အကျယ်တ၀င့် ဆွေးနွေး ပြောဆိုကြ ရမည့် အရေးကြီးသော အကြောင်းအရာ ဖြစ်သည်။
          ယခုတော့ သည်စာပုဒ် လက်စမသတ်မီ အတွေးအမြင် အမူအကျင့် ပြောင်းလဲရေး ကိစ္စနှင့် စပ်လျဉ်းသည့်အရာ တစ်ခုသာ ပြောလိုသည်။
          တင်ပြ၊ ချပြဆိုသည့် စကားလုံး အသုံးအနှုန်းကိစ္စ။
          အာဏာပိုင်စနစ် ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီစနစ် (လူထုအုပ်စိုးသောစနစ်) သို့ လည်းကောင်း၊ လုပ်သားပြည်သူ ဟူသော စကားမှ မိဘပြည်သူများ မြို့မိမြို့ဖများဟူသော အသုံးအနှုန်းများသို့ လည်းကောင်း၊ ကူးပြောင်းလာသည့် ကာလတွင် အုပ်စိုးသူစိတ်ဓာတ်၊ စီမံ ဖန်တီးသူစိတ်ဓာတ်ဖြင့် ယခင် ပြောဆိုသုံးနှုန်းခဲ့သည့် "ချပြ"ဆိုသော စကားလုံးကို စွန့်ပယ်ဖို့ လိုပြီဟု တင်ပြချင်သည်။
          စင်စစ်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတွင် "ချပြ" မရှိ၊ "တင်ပြ"သာ ရှိသည်ဟု ပြောချင်သည်။
          မြန်မာစာအဖွဲ့က ထုတ်ခဲ့သည့်  မြန်မာအဘိဓာန် ငါးတွဲမှာ ရှာကြည့်သည့်အခါလည်း၊
          "ချပြ"ကို မတွေ့ရ၊ "တင်ပြ"သာ တွေ့ရသည်။
          ၎င်းင်းတို့ပင် ထုတ်သည့် မြန်မာအင်္ဂလိပ်အဘိဓာန်မှာလည်း ထိုနည်း၎င်းင်း။ အဘိဓာန် ဆရာတွေ အဲသည်ခေတ်က  အစိုးရပိုင်း  ပုဂ်္ဂိုလ်များ ခံတွင်းတွေ့ကြသည့် "ချပြ"ကို မကြားဖူးဘဲ နေမည်မဟုတ်။ သို့သော် မထည့်သွင်းခဲ့။
          "ချ" ဆိုတာကိုတော့ အဓိပ္ပာယ် အမျိုးအစား စုံလင်အောင် ဖော်ပြသည်။
          နံပါတ် (၁) အဓိပ္ပာယ်က၊
          အမြင့်မှ အနိမ့်သို့ လည်းကောင်း၊ အမြတ်မှ အယုတ်သို့ လည်းကောင်း၊  အညာမှ အကြေသို့ လည်းကောင်း သက်ဆင်း၊ ဆိုက်ရောက်စေသည်။ တက်ရာမှ ဆင်းစေသည်။ တင်ရာမှ ကျစေသည်။ နိမ့်ကျစေသည်။ အောက်သို့ ရောက်စေသည်။ -ဟူ၍ ဖြစ်သည်။
          "ချပြ"ကို အဲသည် အဓိပ္ပာယ်ဖြင့် သုံးနှုန်းကြတာ ဖြစ်သည်။
          တစ်ဖက်သားကို အားနာစရာ ကောင်းသော အသုံးအနှုန်းမျိုး။
          အများသိအောင် ပြောဆိုသည့် ကိစ္စမှာ "တင်ပြ"သည်ဟု သုံးနှုန်းလျှင်လည်း ရပါ သည်။ စင်စစ်၊ အဲသည်လိုပဲ သုံးနှုန်းသင့်ပါသည်။
          မြန်မာအဘိဓာန်မှာ "တင်ပြ"ကို ဘယ်လို အဓိပ္ပာယ် ဖွင့်သည် ဆိုတာလည်း တင်ပြပါ ဦးမည်။
          အဘိဓာန်က အဓိပ္ပာယ် သုံးမျိုးပေးထားပါသည်။
          (၁) အထက်လူကြီးထံ သိသာရန် ပေးပို့အကြောင်း ကြားသည်။
          (၂) ရှေ့မှောက်သို့ ခေါ်ဆောင် ယူငင်၍ ထင်ရှားစွာ ပြသည်။
          (၃) ရှင်းလင်း ပြောပြသည်။ ဟူ၍ ဖြစ်သည်။
          "ချပြ" သမားတို့က နံပါတ် (၁) အဓိပ္ပာယ်နှင့် ပြောင်းပြန်ယူကာ၊ မိမိတို့ ဆုံးဖြတ် ထားပြီးသည့် ကိစ္စတစ်ခု အောက်လူတို့အား အသိပေးခြင်းမျိုးကို "ချပြ"သည်ဟု သုံးနှုန်း ခဲ့ခြင်း ဖြစ်ပါသည်။ အဲဒါ လူထုနှင့် အစိုးရ ခွဲခြားသောခေတ်၊ လူထုကအောက် အစိုးရက အထက်ဟု မှတ်ယူ ကျင့်သုံးကြသောခေတ်က အသုံးအနှုန်း ဖြစ်သည်။
          ၂၀၁၂ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၈ မှာ "ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှု မရှိခြင်း" ဟူ၍ လည်းကောင်း စာမျက်နှာ ၆ မှာ "...ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ၊ ပညာရှင်များ၊ လူထုလူတန်းစား အသင်း အဖွဲ့များနှင့် လွှတ်တော် ကိုယ်စားလှယ် အားလုံးသိအောင် ချပြပြီး အကြံဉာဏ်ပေးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေး ထုတ်ပြန် အကြံဉာဏ်ယူရန်...။ စသဖြင့် လည်းကောင်း သုံးနှုန်းထားတာ တွေ့ရသည့်အခါ အသုံး မှားနေတာလား၊ အကျင့်ပါ၍ ဆက်သုံးမိနေတာလား တွေးတောမိသည်။
          တကယ်ဆိုလျှင် အဲသည် ချပြတွေ နေရာမှာ "တင်ပြ"ဟု သုံးလိုက်လျှင် ဘယ်လောက်ကောင်းမည်လဲ။
          မိဘပြည်သူများကို ဂါရ၀တရားရှေ့ထား၍ ရှင်းလင်းတင်ပြကြသော အလေ့အထ ထွန်းကားဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း လေးစားစွာ တင်ပြလိုပါသည်။   
         
၂၈-၁၂-၁၂


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 02:27:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36689] Fwd: [လူဗိုလ်ဟူသည် ...] ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )
To: lubo601@gmail.com


  • ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။ ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။
    (လီကွမ်းယု)

    မေး ။ ။ ခုတလော ဘာသာစကားထဲမှာ မစ္စတာလီ စိတ်တော်တော် နစ်မြုပ်နေတယ်လို့ ထင်တယ်။ တရုတ်ဘာသာစကား သင်ကြားရေး၊ ဒါမှမဟုတ် ဘာသာစကားနှစ်ခု ပြိုင်တူသင်ကြားရေးကိစ္စမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ မစ္စတာလီရဲ့ သဘောထားနဲ့ ဘာ့ကြောင့် ဒီလို ဖြစ်နေတယ်ဆိုတာ သိပါရစေလား။

    ဖြေ ။ ။ ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။

    ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။

    မေး ။ ။ မစ္စတာလီလည်း အင်္ဂလိပ်လို ဘွဲ့ရခဲ့တာပဲ။ မစ္စတာလီရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အင်္ဂလိပ်ဘွဲ့ရတွေပဲ မဟုတ်လား။

    ဖြေ ။ ။ စင်္ကာပူမှာ အနိုင်ရဖို့ တရုတ်ဘွဲ့ရတွေကို စည်းရုံးနိုင်မှ ရမယ်ဆိုတာကို ငါတို့ သဘောပေါက်ခဲ့ကြတယ်။ အင်္ဂလိပ်ဘွဲ့ရဆိုတာက လူဦးရေနဲ့စာရင် နည်းနည်းလေးပဲ ရှိတာ။ ဒါ့ကြောင့် တရုတ်ဘွဲ့ရတွေရဲ့အားကို ရအောင်လို့ လက်ဝဲသမားတွေနဲ့ ငါတို့ပေါင်းခဲ့တာ။ တရုတ်ဗီဇသာ ပျောက်သွားရင် ငါတို့ ဘာလူမျိုးတွေဆိုတဲ့ စိတ်လည်း ပျောက်သွားမှာ။ တို့က အနောက်တိုင်းသား မဟုတ်ဘူး။ တို့မှာ အရှေ့တိုင်းသား တရုတ်ဗီဇ ရှိကိုရှိနေရမယ်။ ဒါက ငါ့ကို မောင်းနှင်ပေးလိုက်တဲ့ ပထမအကြောင်းပဲ။

    အခု စင်္ကာပူးရီးယန်းတွေက စင်္ကာပူးရီးယန်းဖြစ်တဲ့အလျှောက် ဒီယဉ်ကျေးမှုတန်ဖိုးကို အလေးမထားတတ်ကြဘူး။

    ယဉ်းကျေးမှုဆိုတာ ဘာလဲ၊ ဒါမျိုးတွေ။

    အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း ငါ ဖတ်ကြည့်တယ်။ လုံးဝမတူဘူး။ မူလဗီဇဓာတ်ခံ ရကိုမရဘူး။ ဒါနဲ့ ငါ ဆုံးဖြတ်ချက်ချပြီး ငါ့သားနှစ်ယောက်ကို ဦးဇွန်းပုတ်ဆံပင်အရွယ် ကတည်းက တရုတ်ကျောင်းကို ထည့်လိုက်တာ။ သူတို့ ကိန်းဘရေး(ဂ်ျ)ကို ရောက်တော့ သူတို့အရွယ် ကလေးတွေအားလုံးက ဆံပင်ရှည်တွေနဲ့ ဖြစ်ကုန်ပြီ။ သူတို့က ဒီအတိုင်းပဲ။ လုံးဝ မပြောင်းကြဘူး။ အနောက်ယဉ်ကျေးမှု လွှမ်းမိုးတာကို သူတို့ မခံကြဘူး။ မင်းကမင်း၊ ငါက ငါပဲ။ မင်း သင်္ချာအကြောင်းပြောရင် ငါလည်း သင်္ချာအကြောင်း ပြောမယ်။ ငါနဲ့မင်း ယှည်လို့ရတယ်။ ဒါပေမယ့် ငါက ငါပဲ။ ဆိုလိုတာက သူတို့မှာ ယုံကြည်မှုအပြည့် ရှိကြတယ်။

    မေး ။ ။ တကယ်လို့ သူတို့များ အင်္ဂလိပ်ကျောင်းကို အရင်သွားခဲ့ကြရင် ...

    ဖြေ ။ ။ ဒါဆိုရင် တစ်မျိုး ဖြစ်သွားနိုင်တယ်။ အင်္ဂလိပ်ကျောင်းသားတွေက ကမ္ဘာရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ ဆံပင်ရှည်ထားရမယ်။ ဒါဟာ ကမ္ဘာ့ယဉ်ကျေးမှုလို့ ထင်ကြတယ်။ ငါ့သားတွေကလည်း ဒီလိုပဲ ထင်မှာပေါ့။ အမြင်သာ မတူကြတာ။ အဲ့ဒီစိတ်ဓာတ်က တရုတ်တော်လှန်ရေးမျိုးဆက်ရဲ့ စိတ်ဓာတ်ပဲ။ အခုတော့ မဟုတ်ဘူး။ အဲ့ဒါက ၁၉၅၀ - နဲ့ ၆၀ - ခုနှစ်တွေက။

    အခုနှစ်တွေမှာ မိဘတွေက တရုတ်စာသင်တာဟာ အချိန်ဖြုန်းတာ သက်သက်လို့ ထင်ကြတယ်။ တန်ဖိုးကို မသိကြတော့ဘူး။ ဒီအချိန်မှာ ရုတ်တရက်ကြီး တရုတ်ပြည်က တက်လာပါလေရော။ တရုတ်စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်တဲ့လူတွေ မရှိရင် အခွင့်အရေးတွေ ငါတို့ ဆုံးရှုံးတော့မယ်။ သူတို့က ဒီကိုလာပြီး စီးပွားရေးလုပ်ကြတော့မှာ။ သူတို့အင်္ဂလိပ်က မကောင်းဘူး။ မလေးလိုလည်း ဟုတ်တိပတ်တိ မတတ်ဘူး။ ဒီတော့ စင်္ကာပူးရီးယန်း စီးပွားရေးမိတ်ဖက်တွေကို သူတို့ လိုလာပြီ။ သူတို့နဲ့ လက်တွဲပြီး စီးပွားရေးလုပ်၊ အင်္ဂလိပ်စကားပြော၊ မလေးစကားပြော၊ သူတို့ကို ဒေသတွင်း အကုန်ခေါ်သွားလို့ ရတယ်။

    တရုတ်စကားမတတ်လို့ကတော့ တရုတ်ပြည်မှာ စီးပွားရေးလုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ တို့ဆီက စီးပွားရေးသမားတိုင်း သဘောပေါက်တယ်။ အင်္ဂလိပ် ပထမဘာသာ၊ တရုတ် ဒုတိယဘာသာအနေနဲ့ သင်တဲ့ ကျောင်းတွေက ကျောင်းသားတွေ၊ ကျေးဇူးတင်စကား လာလာပြောတဲ့ အီးမေးတွေ ငါရတယ်။ ဆိုလိုတာက ကမ္ဘာ့အကြီးဆုံးဈေးကွက်က ငါတို့ကို အများကြီး အကူအညီပေးနိုင်တယ်။ တို့လိုတာက သူတို့နဲ့ ဆက်သွယ်ဖို့ ဘာသာစကားရှိနေဖို့ပဲ။

    အင်္ဂလိပ်စကားနဲ့ အမေရိက၊ ဥရောပနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို ဆက်သွယ်လို့ရတယ်။ ဒါက ဘယ်လို တိုးတက်လာတယ်ဆိုတာကို ပြောတာ။ ဘာဖြစ်လို့ တရုတ်နဲ့ ဆက်ဆံပြီး တရုတ်အောင်မြင်မှုနဲ့ အတူလက်တွဲပြီး မလိုက်နိုင်ရမှာလဲ။ လာမယ့်နှစ် ၂၀၊ ၃၀ နဲ့ ၄၀ မှာ သူတို့စီးပွားရေးဟာ အများကြီး တိုးတက်လာမှာ။ အမေရိကန်တွေရဲ့ လူတစ်ယောက်စီ (တစ်ဦးချင်း) ၀င်ငွေကို မီဖို့တော့ နှစ်ပေါင်း ၆၀၊ ၇၀ လိုလိမ့်ဦးမယ်။

    မေး ။ ။ နောက်ပြန်ကြည့်ရင် ဘာသာစကားနှစ်ခု သင်ယူရမယ်ဆိုတဲ့ ပေါ်လစီချမှတ်မိတာနဲ့ ပတ်သက်လို့ နောင်တရစရာများ ရှိသလား။

    ဖြေ ။ ။ နောင်တတော့ မရဘူး။ အင်္ဂလိပ်စကား အိမ်မှာပြောတဲ့ ကလေးတစ်ယောက်ကို တရုတ်စာ တရုတ်လိုသင်၊ တရုတ်လို ငါနဲ့တူအောင်လိုက်ဆို။ ဒါမျိုးဆိုတော့ ကလေးတွေက မသိဘူး။ နားရှုပ်ကုန်တာ။ သူတို့က တရုတ်ပြည်က ကျောင်းမှာ သင်သလို သင်ကြတာ။ နောက်ပိုင်း ဒီစနစ်ကို ငါပြောင်းပစ်ခဲ့ရတာ။ ငါကြားရတာက တချို့ကလေးမိဘတွေက သူတို့ကလေးတွေ တရုတ်စာသင်ရတာက လွတ်အောင် နိုင်ငံခြားကျောင်း သွားထားကြသတဲ့။

    ဒီနောက် Goh Yeng Seng နဲ့ ငါသွားတွေ့တယ်။ သူက တရုတ်အမျိုးသားပညာရေးဌာနမှာ အကြီးအကဲ၊ ဘာသာဗေဒနဲ့ ဒေါက်တာဘွဲ့ကိုလည်း အင်္ဂလန်က ရထားတာ။ သူလည်း ဒါတွေ လေ့လာတော့မယ်ဆိုတော့ အင်္ဂလိပ်စာ အရင်သင်ယူရတာ။ သူ့အင်္ဂလိပ်စာ လေ့လာတာကလည်း ငါ တရုတ်စာ လေ့လာခဲ့ရသလိုပဲ။ အင်္ဂလိပ်-တရုတ် အဘိဓာန်ကို သုံးရတယ်။ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်ကို သုံးလို့ကတော့ ဒီဟာ မသိလို့ ရှာတယ်။ ဟိုဟာပါ ထပ်မသိနဲ့ အချိန်တွေ အတော်ကုန်တာ။

    ငါ တရုတ်စာသင်တော့လည်း တရုတ်-အင်္ဂလိပ် အဘိဓာတ်ကိုသုံးခဲ့တာ။ ဒါကြောင့် အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ ကလေးတွေကို အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး တရုတ်စာသင်ဖို့ ဆုံးဖြတ်ခဲ့တာ။ အဲဒါအဆင်ပြေသွားတယ်။ အရင်ဆုံး ကျောင်းလေးကျောင်းမှာ စမ်းကြည့်တယ်။ ကလေး မိဘတွေဖက်ကနေ တိုးတက်မှုရှိကြောင်း သတင်းပို့ကြတယ်။ ဒါနဲ့ တရုတ်ဘွဲ့ရအဖွဲ့တွေကို အတိုက်အခံလုပ်ပြီး နောက်ထပ် ကျောင်းတွေမှာ ဆက်ပြီး ဒီစနစ်ကို ကျင့်သုံးခဲ့ကြတယ်။

    အခုအခြေအနေက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားပြီ။ ဆရာတွေကိုယ်တိုင်က ဘာသာစကားနှစ်ခုကို ကောင်းကောင်းပြောနိုင်ကြပြီ။ ဆရာကြီးတွေကို အစားထိုးလိုက်တဲ့ ဆရာငယ်လေးတွေဆိုရင် အင်္ဂလိပ်လို ကောင်းကောင်းတတ်ပြီ။ တရုတ်စာကို ထပ်ပြီး လေ့ကျင့်ပေးလိုက်တော့ ပြဿနာ လုံးဝမရှိတော့ဘူး။ ပြီးတော့ သင်မယ့်နှုန်းကိုလည်း လေ့လာရတယ်။ မော်ဂျူးတစ်ခု ထားရတယ်။ နောက်ဆုံးတော့ ဒီပြဿနာက ဖြေရှင်းနိုင်သွားတယ်။ ဒါပေမဲ့ ငါက ညံ့ခဲ့လို့ နှစ် (၄၀) လောက်တောင် ကြာခဲ့တယ်ကွ။

    ဘာတတ်နိုင်မှာလဲကွာ။ ဒီလောက်ကြီး အခက်အခဲတွေ၊ စိတ်ပျက်စိတ်ညစ်စရာတွေ ရင်ဆိုင်ရမယ်မှန်း သိခဲ့ရင် ငါလုပ်ချင်မှလည်း လုပ်ဖြစ်ခဲ့မှာပေါ့။ ဒါ ဘ၀ပဲလေ။ လေ့လာပြီးတဲ့နောက်မှ ပညာဆိုတာ ရလာတတ်တာပဲ။

    မေး ။ ။ တကယ်တမ်းဆိုရင် အဲဒီအချိန်တုန်းက အင်္ဂလိပ်ဘွဲ့ရ ကလေးမိဘတွေက တော်တော်ကို ဝေဖန်ခဲ့ကြတာ။ အဓိကအချက်ကတော့ သူတို့ကိုယ်တိုင်က တရုတ်စာကို စိတ်မ၀င်စားတာနဲ့ ကလေးတွေကိုလည်း တရုတ်စာသင်ဖို့ အားမပေးကြတာပါ။

    ဖြေ ။ ။ တချို့တ၀က် မှန်ပါတယ်။ သူတို့ကိုယ်တိုင်ကကို စိတ်ဝင်စားမှု မရှိတာ။ ငါကိုယ်တိုင်လည်း ဒီလိုပဲ ကျောင်းမှာသင်၊ ကျောင်းကထွက်တော့မေ့ … ဖြစ်ဖူးတယ်။ အခု တရုတ်ပြည်က တတ်လာပြီ၊ တရုတ်စာ ကောင်းကောင်းတတ်ဖို့ သင့်ပြီ။ မင်းက ရှေ့နေလား၊ စာရင်းစစ်လား။ ဘာပဲဖြစ်ဖြစ် တရုတ်စကားပြောတတ်ရင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေက မင်းကို ငှားကြမယ်။ လစာကလည်း ကောင်း၊ အိမ်ကောင်းကောင်းလည်း ပေး၊ မင်းကလေးတွေအတွက် ပညာရေးကောင်းကောင်းလည်း ပေးထားတယ်။ ပိုက်ဆံ ပိုစုလို့ရ၊ အရင်ထက် ပိုက်ဆံပိုရှိတဲ့ လူအနေနဲ့ ပြန်လာ။ မင်း CV ကလည်း ပိုပြီး အထင်ကြီးစရာကောင်း၊ မင်းနဲ့ စကားပြောရင် သူတို့က တလေးတစား ပြောရတော့မယ်။ ကဲ အခုတော့ စိတ်မ၀င်စားမှုကိစ္စက ပြီးသွားပြီ။ သူတို့ စိတ်ဝင်စားလာကြပြီ။

    မေး ။ ။ တရုတ်ဘွဲ့ရ၊ အင်္ဂလိပ်ဘွဲ့ရ အုပ်စုနှစ်ခုရဲ့ ဘာသာစကား သင်ကြားမှု ပေါ်လစီနဲ့ ပတ်သက်လို့ ခြားနားချက်ကို မစ္စတာလီ ပြောပြခဲ့တယ်။ ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့ရတယ်။ သူတို့ရဲ့ ခြားနားချက်က ဘယ်လောက်ကြီးကျယ်သလဲ။

    ဖြေ ။ ။ အေး … လူငယ်တွေမှာတော့ ဒီခြားနားချက်က နည်းနည်းပဲ ရှိတော့တယ်။ သူတို့က အင်္ဂလိပ်ကို ပထမဦးစားပေး၊ တရုတ်ကို ဒုတိယဘာသာအနေနဲ့ သင်ကြားခဲ့ကြရတာကိုး။ ငါ ဟနွိုင်းကိုရောက်တော့ စထရိတ်တိုင်း(မ်)က ငါ့သတင်းကိုယူဖို့ ပီကင်းက သတင်းထောက်ကို လွှတ်လိုက်တယ်။ အဲဒီကောင်မလေးက ကျောင်းမှာ တရုတ်စာကို ဒုတိယဘာသာအနေနဲ့ သင်ခဲ့ရတာ။ သူ့ CV ကိုကြည့်တော့ သူက လန်ဒန်က စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့တာ။ ငါတို့ သံအမတ်က ပြောတယ်။ သူ ပီကင်းမှာစပြီး အလုပ်လုပ်တော့ ဒုက္ခ တော်တော်ရောက်ခဲ့တယ်။ ခြောက်လလောက်လည်းကြာရော အဆင်ပြေသွားရောတဲ့။ ဒါနဲ့ ငါက ခြောက်လအတွင်း သူတို့ကို မီအောင် ဘယ်လိုလိုက်ခဲ့သလဲလို့ မေးတယ်။

    အိမ်မှာ တရုတ်စကားပြောလို့လို့ သူက ဖြေတယ်။ အရေးနဲ့ အဖတ်မှာတော့ သိပ်ပြီး အဆင့်မြင့်ကြီး ဟုတ်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမြဲတမ်း ပြောနေတော့ သူ့တရုတ်စကားက ချောနေတာပဲ။ အခု နှစ် နှစ်လောက်လည်းကြာရော တရုတ်တွေနဲ့ ဘာမှ ခွဲလို့ မရတော့ဘူး။

    အခု လိုအပ်တာက စီးပွားရေးလေကွာ။ ကဲ … နောက် စီးပွားရေးပါဝါတွေက ဘယ်မှာလဲ။ အမေရိက၊ ဂျပန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ ဆက်ဆံဖို့ အင်္ဂလိပ်စာ။ သူတို့ကို ငါက မစွန့်လွှတ်ဘူး။ သူတို့နဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး သဘောတူညီမှုက ရှိနေမှာပဲ။ အခု ငါတို့ စီးပွားရေးအတွက် အင်ဂျင်အသစ်တွေ ထပ်ပြီး တပ်ဆင်ရတော့မယ်။

    တရုတ်၊ အိန္ဒိယ၊ ပါရှားဒေသ (ပင်လယ်ကွေ့) နိုင်ငံတွေကွာ။ ငါတို့ဆီက တော်တဲ့ကလေးတွေ သူတို့နဲ့ ဆက်ဆံဖို့ အာရပ်စကားတောင် သင်ယူသင့်ပြီ။ ဒီမှာ အာရပ်ရပ်ကွက်လေးလည်း ရှိသင့်တယ်။ ဒါမှ သူတို့ သက်တောင့်သက်သာရှိမှာ။ အစကတည်းက စင်္ကာပူမှာ အာရပ်တွေ ရှိခဲ့တယ်။ ယီမင်က လာကြတဲ့လူတွေ၊ အာရပ်အမည်နဲ့လမ်းလည်း ဒီမှာရှိတယ်။ အာရပ်တွေအတွက် နေရာလေး ဒီမှာရှိရင် သူတို့နဲ့ ဆက်ဆံရတာ ပိုအဆင်ပြေမယ်။ သူတို့က အင်္ဂလိပ်စကားတတ်ပါတယ်။ ဒါပေမဲ့ အဲဒီကိုသွားပြီး စီးပွားရေးလုပ်မယ်ဆိုရင် အလုပ်သမားတွေကို ခြုံငုံမိအောင် အာရပ်စကားနည်းနည်းတော့ ပြောတတ်မှ ကောင်းမယ်။

    အိန္ဒိယနဲ့ ဆက်ဆံဖို့ တမီး(လ်) သင်တာကတော့ သိပ်အသုံးမကျလှဘူး။ ဒီဘာသာက တမီး(လ်) နာဒူးမှာပဲ ပြောကြတာ။ အိန္ဒိယဘာသာစကား သင်မယ်ဆိုရင် ဟိန္ဒီက အကောင်းဆုံး၊ သန်းသုံးလေးရာလောက် ဒီဘာသာနဲ့ စကားပြောလို့ရတယ်။ စီးပွားရေးလုပ်သူတိုင်းက အင်္ဂလိပ်လို ပြောတတ်တော့ ပြဿနာတော့ မရှိလှဘူး။ တရုတ်ပြည်က တရုတ်စကားမတတ်ရင် ဘာမှ လုပ်လို့မရဘူး။ သိပ်ပညာတတ်တဲ့ လူနည်းစုလေးပဲ အင်္ဂလိပ်လိုတတ်တာ။ အိုလံပစ်အတွက်ဆိုပြီး အခု လူတိုင်း အင်္ဂလိပ်စာတွေ သင်နေလိုက်ကြတာ။ ရနိုင်လှ ထမင်းစားရေသောက် စကားပေါ့ကွာ။

    မေး ။ ။ စင်္ကာပူမှာ တစ်ခုတည်းသော တရုတ်ဘာသာနဲ့ သင်ကြားပေးတဲ့ Nantah တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာ ပြောင်းလဲပစ်လိုက်တော့ အဲဒီခေတ်က တရုတ်ဘွဲ့ရပုဂ္ဂိုလ်တွေ တော်တော် စိတ်မကောင်း ဖြစ်ကြရတယ်။ ဒီကိစ္စမျိုးကို ရှောင်လို့ ရနိုင်မယ့် နည်းများ မရှိနိုင်ဘူးလား။ အခုနေ တရုတ်ဘာသာစကားနဲ့ သင်မယ့် တက္ကသိုလ်တစ်ခုလောက် ရှိနေရင် ပို မကောင်းဘူးလား။

    ဆက်ရန် -
    --------------------------------------
    Hard Truths By Lee Kuan Yew
    ဘာသာပြန် - ဇင်ဝေသော်

    လီကွမ်းယု နဲ့ ခရစ်ယန်ဘာသာတရား ( ၆း ၅ )
    http://cammlek.blogspot.sg/2012/10/blog-post_6.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 01:48:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36688] Fwd: [လူဗိုလ်ဟူသည် ...] လူမိုက်တွေ ရမ်းကားခဲ့သောနှစ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/2
Subject: [လူဗိုလ်ဟူသည် ...] လူမိုက်တွေ ရမ်းကားခဲ့သောနှစ်
To: lubo601@gmail.com


The River Club shared 7Day News Journal's photo.
လူမိုက်တွေ ရမ်းကားခဲ့သောနှစ်  ရေးသားသူ- သန်းဌေး၊အေးမြတ်သူ


ရေးသားသူ- သန်းဌေး၊အေးမြတ်သူ

"ဆင်းရဲနွမ်းပါးမှုသည် ရာဇ၀တ်မှုတို့၏ မိခင်ဟုဆိုလျှင် စိတ်ထားကောင်းမရှိခြင်းမှာ ရာဇ၀တ်မှုတို့ ၏ ဖခင်ပင်ဖြစ်သည်"
-ယန်း၊ ဒီ၊ လာ၊ ဘရူယဲ (၁၆၄၅-၁၆၉၆) ပြင်သစ်သရော်စာ စာရေးဆရာ။

မြန်မာနိုင်ငံတစ်ဝန်းမှာတော့ သွေးလန့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အုပ်စုဖွဲ့အကြမ်းဖက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ မီးရှို့၊ လူသတ်မှုများစွာဖြစ်ပွားခဲ့ပါသည်။ အထူးသဖြင့် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းများကြောင့် လူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၊ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ခဲ့ကြပြီး မိမိတို့၏ လုံခြုံရေးအတွက် ပူပန်စိုးရိမ်မှုများပင် ရှိခဲ့ကြသည်။



ဧပြီ ၄ ရက် ညသန်းခေါင်ကျော် လူခြေတိတ်ချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးထက် စက်ပျက်၍ ရပ်ထားသော ပါရမီအဓိပတိ(အဖြူ)ယာဉ်လိုင်းမှ ကားတစ်စီးကို ဂျစ်ကားတစ်စီး ၀င်တိုက်မှုနှင့်ပတ်သက်၍ အဓိပတိယာဉ်လိုင်းမှ မကျေနပ်သောကြောင့် လူ ၃၀ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ဆ/ခ ရပ်ကွက်နေ ပြည်သူများအား ရိုက်နှက်ခဲ့သည်။ ရပ်ကွက်အတွင်းနေ ပြည်သူများအတွက် အုတ်အော်သောင်းတင်း ဖြစ်ရပ်များ ညသန်းခေါင်ကျော် အိပ်မောကျစအချိန်တွင် ကြုံတွေ့ခံစားခဲ့ရခြင်းဖြစ်သည်။

နေပြည်တော် ပျဉ်းမနားမြို့တွင်မဟာသင်္ကြန်ကာလအတွင်း ဧပြီ ၁၇ ရက်၌ အရက်သောက်ထားကြသော အသက်၃၀ခန့် လူငယ်လေးဦးက ၎င်းတို့ ရေကစားမဏ္ဍပ်အတွင်း ၀င်ရောက်ကခုန်သော အသက် ၄၈ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ကာ ၀ိုင်း၍သတ်လိုက်ကြသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မေ ၃၀ ရက် နံနက် ၁၀ နာရီအချိန်ခန့်က လမ်းမတော်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား သာကေတမြို့နယ်အတွင်း နေထိုင်သော အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက အိမ်ထဲဝင်၊ ဓားဖြင့် ထိုးသတ်၍ အလောင်းအား စောင်ဖြင့်အုပ်ပြီး မီးရှို့ကာ အိမ်မှ သိန်းတစ်ရာကျော်တန် ရတနာ
ပစ္စည်းများ ယူဆောင်ခဲ့သော မှုခင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ ရန်ကုန်မြို့လယ်၊ တရုတ်တန်းရှိ လူစည်ကားရာနေရာ နံနက်ခင်းအချိန်တွင်ပင် တိုက်ခန်းအတွင်း၌ မိန်းကလေးငယ်တစ်ဦးတည်းရှိစဉ် ချေးငွေလာယူနေကျ အိမ်အ၀င်အထွက်ရှိဘူးသူက ဓားဖြင့် နောက်မှ ငါးချက်ခုတ်၍ သတ်ဖြတ်ပြီး မီးလောင်ပြီး သေသွားသောပုံစံ ဖန်တီးခဲ့သော လူသတ်မှုကြောင့် ရန်ကုန်မြို့နေ လူအများ ထိတ်လန့်တုန်လှုပ်ခဲ့ရပေသည်။

နောက်တစ်လအကြာ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် လူသတ်မှုဖြစ်စဉ်တစ်ခု လူနေတိုက်ခန်း တစ်ခုအတွင်း ဖြစ်ပွားခဲ့သည်။ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး လှည်းတန်း (၇)လမ်း တိုက်ပေါ်တွင် ဆေးတက္ကသိုလ် ကျောင်းဆင်း ဆရာဝန်မလေး နေသောအခန်းအား ရည်းစားဖြစ်သူက ဓာတ်ဆီလောင်းမီးရှို့ရာ အဆိုပါ မိန်းကလေးမှာ မီးလောင်ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။

မေလ ၂၈ ရက်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂါလီလူမျိုးသုံးဦးက အဓမ္မပြုကျင့်ကာ ပစ္စည်းလုယက်၊သတ်ဖြတ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို မကျေနပ်သော ရခိုင်
တိုင်းရင်းသားအချို့က ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့သို့ ခရီးသည်တင်ကားဖြင့် ရောက်လာသော အစ္စလာမ်ဘာသာဝင် အမျိုးသား ၁၀ဦးအား ၀ိုင်းဝန်းသတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ပဋိပက္ခမှာ ပိုမိုကြီးထွားလာပြီး နှစ်ဖက်စလုံးမှ အုပ်စုဖွဲ့အပြန်အလှန် သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများကြောင့် ဇူလိုင် ၃၀ ရက် သတင်းထုတ်ပြန်ချက်အရ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရသူ ၁၀၉ဦး ရှိခဲ့သည်။

အဆိုပါပြဿနာမှာ နှစ်လခန့်ခေတ္တမျှ ငြိမ်သက်ပြီးနောက် အောက်တိုဘာ ၂၁မှ ၃၀ရက်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရ သူ ၁၃၆ ဦး ရှိခဲ့ပြန်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် သေဆုံးသူစုစုပေါင်း ၁၆၆ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၄၅ ဦးထိပင်ရှိခဲ့ရာ ဆယ်စုနှစ်များစွာအတွင်း လူသေဆုံး၊ ဒဏ်ရာရသူအများဆုံး ပဋိပက္ခဖြစ်ခဲ့သည်။

စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်တွင် ကမာရွတ်မြို့နယ် ဗဟိုလမ်း၌ တိုက်ခန်းငှားနေသော ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင်အဖြစ် အရွေးခံထားရသည့် မေဇွန်၏ အိမ်ဖော်မလေး အသတ်ခံရမှုကလည်း ကြားရသူတိုင်း၏ စိတ်နှလုံးဝယ် မချမ်းမြေ့ဖွယ်ကိစ္စတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက် ညမှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကြီး၊ ရှားခဲလေးအင်း အနီးဝန်းကျင်တွင် ၀ိုင်းဝိုင်းလည်ငါးကုန်ထုတ် သမ၀ါယမအသင်းဝင်လူများနှင့် ဒေသခံ ရေလုပ်သားများအကြား အုပ်စုဖွဲ့ အပြန်အလှန်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်က ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ထိန်းသိမ်းရာမှ သေနတ်ရှစ်ချက်ခန့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာ
ရရှိခဲ့သည်။

ထို့နောက် ရန်ကုန်မြို့၏အထင်ကရနေရာတစ်ခုဖြစ်သော အင်းလျားကန်ပေါင်ပေါ်တွင် အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်က အမျိုးသား ၁၄ ဦးသည် ဆိုင်ကယ်များဖြင့် ရောက်လာကြပြီး ကန်ပေါင်လုံခြုံရေးဝန်ထမ်း တစ်ဦးနှင့် စားသောက်ဆိုင်ဝန်ထမ်းအချို့ကို ရိုက်နှက်ခဲ့ကြသည်။ မြို့လယ်ခေါင်တွင် မင်းမဲ့စရိုက်ဆန်စွာ ထိုသို့ရိုက်နှက်မှုကြောင့် လူအများအံ့သြခဲ့ရသည်။

အောက်တိုဘာ ၁၀ ရက် ညတွင် မြိတ်မြို့နယ် ကန်ဖျားရပ်ကွက်၌ အရက်မူးနေသော အသက် ၂၀ ၀န်းကျင် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် မောင်းသွားရင်း တွေ့သမျှ ကားများ၊ နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးသော လုပ်ရပ်ကို ရပ်ကွက်နေ ပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည်။

အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကားပြိုင် မောင်းနှင်နေသူ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက လမ်းလျှောက်သီချင်းဆိုလာသူ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ သန့်ရှင်းရေးဝန်ထမ်းကို ၎င်းတို့အား စောင်းမြောင်းသီဆိုသည်ဟု စွပ်စွဲကာ ဘိုးဘွားရိပ်သာရှေ့မှာပင် ၀ိုင်းဝန်းရိုက်နှက်ပြီး ရေအိုးဖြင့်
ဦးခေါင်းအား ရိုက်ခွဲခဲ့၍ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ မျက်မြင်သက်သေ
အမြောက်အမြား လူမြင်ကွင်းနေရာတွင် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်နေသည့်တိုင် ၀င်ရောက်ဖျန်ဖြေ တားဆီးနိုင်စွမ်း မရှိခဲ့ဘဲ လူတစ်ယောက်လုံး သေသည်အထိ ရိုက်နှက်နေခြင်းကို လူအများက ရပ်ကြည့်နေခဲ့ကြသည်။

အလားတူ အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီခွဲအချိန်တွင်လည်း ရန်ကုန်မြို့လယ် ဆူးလေ ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ မီးပွိုင့်၌ ကိုယ်ပိုင်ယာဉ် မောင်းလာသူတစ်ဦးကို ပြိုင်ကားမောင်းသူသုံးဦးက သံပိုက်များဖြင့် ရိုက်နှက်ခဲ့သည်။

အထက်ပါဖြစ်ရပ်များဖြစ်ပြီး သုံးရက်အကြာ နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ် အင်းစိန်လမ်း နှင့် စံရိပ်ငြိမ် ၃ လမ်းထိပ်၌ မောင်းနှင်နေသော မတ်ခ်တူးယာဉ်ကို အနက်ရောင်စတစ်ကာကပ်ထားသည့် ယာဉ်တစ်စီးက ကားရှေ့တွင် ပိတ်ရပ်ပြီး အမျိုးသားနှစ်ဦးက ဆဲဆိုကာ သံတုတ်၊ သစ်သားတုတ်များဖြင့် ကားမှန်များအား ရိုက်ခွဲ
ခဲ့ပြီး တစ်ဆက်တည်း လူကိုပါအန္တရာယ်ပြုခဲ့သည်။ အုပ်စုဖွဲ့ ၀ိုင်းရိုက်ခံရသော ကားပေါ်ပါ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။

နိုဝင်ဘာ ၂၉ ရက် ည ၁၁ နာ ရီခွဲအချိန်က လှော်ကားမြို့နယ် တာဆုံလမ်းပေါ်ရှိ လက်ဖက်ရည် ဆိုင်ရှေ့တွင် လူအယောက် ၃၀ ခန့်က လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော လူငယ်တစ်ဦးအား ဓားဖြင့်ထိုး၊ တုတ်ဖြင့်ဝိုင်းရိုက် သောကြောင့် အဆိုပါ တက္ကသိုလ် ကျောင်းသားလူငယ်မှာ သေဆုံးခဲ့သည်။

ရက်စက်စွာပြစ်မှုကျူးလွန်သော အထက်ပါကဲ့သို့ အမှုအခင်းများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားနေခြင်းသည် ငြိမ်ဝပ်ပိပြားမှု မရှိခြင်းနှင့် တရားဥပဒေ စိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်အဖြစ် ဖော်ပြနေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက သုံးသပ် ပြောကြားခဲ့သည်။

မင်းမဲ့စရိုက်ဆန်သော အုပ်စုဖွဲ့လူသတ်မှုများ၊ လူမြင်ကွင်းမှာပင် အတင့်ရဲစွာ လူသတ်မှုများ၊ ယခင် မကြားခဲ့ဖူးဘဲ ဇာတ်လမ်းဆန်ဆန် လူသတ်မှုများ ပိုမိုများလာခြင်းနှင့်ပတ်သက်၍ ပြည်သူအများစုက တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်သည်။ အချို့က ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းလာရာတွင် လူ့အဖွဲ့အစည်း၏ ပိုမိုပွင့်လင်း လွတ်လပ်လာမှု၏ ဘေးထွက်ဆိုးကျိုးဟုလည်း ပြောသူရှိသည်။ အများစုက ရဲတပ်ဖွဲ့များ၏ စွမ်းဆောင်မှုအပေါ် မေးခွန်း
ထုတ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကိုယ်တိုင်ကလည်း အထူးသဖြင့် ရန်ကုန်မြို့တွင် တပ်ဖွဲ့ဝင်အင်အား မလုံလောက်သေးကြောင်း ပြောကြားဖူးသည်။

သေချာသည်က နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ နေထိုင်ကြရန်၊ လူသားအချင်းချင်း စာနာမှုရှိရန်၊ တဒင်္ဂဒေါသကို ရှေ့တန်း မတင်ရန်၊ တရားစီရင်ရေးက ကျောသားရင်သား မခွဲခြားပဲ ဆုံးဖြတ်၍ အပြစ်ဒဏ်များ ချမှတ်ရန်၊ ရဲတပ်ဖွဲ့များ၏ စွမ်းဆောင်ရည် မြင့်မားလာရန် လွန်စွာလိုအပ်နေပြီဖြစ်သည်။

"ရာဇ၀တ်မှုနှင့် ဆိုးရွားသော အသက်ရှင်နေထိုင်ရမှု ဘ၀တို့သည် နိုင်ငံတော်တစ်ရပ်၏ ဆုံးရှုံးမှုကို တိုင်းတာထားခြင်းဖြစ်သည်။ အဆုံးတွင် ရာဇ၀တ်မှုအားလုံးသည် လူ့အဖွဲ့အစည်း၏ ရာဇ၀တ်မှုသာ ဖြစ်ချေတော့သည်။"
-အိပ်ခ်ျဂျီ၊ ၀ဲလ် (၁၈၆၆-၁၉၄၆)
အင်္ဂလိပ်-အမေရိကန်
စာရေးဆရာကြီး။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 01:37:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ