[mrsorcerer:36736] Fwd: [လူဗိုလ်ဟူသည် ...] လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/6
Subject: [လူဗိုလ်ဟူသည် ...] လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)
To: lubo601@gmail.com
by လင်း သက် on Sunday, January 6, 2013 at 1:07am ·
လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံ
ဗဟုဝါဒ (Pluralism)နှင့် ယဉ်ကျေးမှုပေါင်းစုံ (Multiculture)တို့ကို ယုံသော လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံနှုန်းမှာ မတူညီသည့် ဆန့်ကျင်ဘက်အမြင်အယူအဆတို့ကို လက်ခံခြင်းပင်ဖြစ်သည်။ ကွဲပြားခြားနားသည့် အတွေးအခေါ်အယူအဆများသည် လူ့အဖွဲ့အစည်းကို တိုးတက်စေသည့် အပေါင်းလက္ခဏာများဟု လက်ခံထားကြသည်။လူတိုင်းသည် ယုံကြည်မှု၊ တွေးခေါ်ယူဆပုံနှင့်အမူအကျင့်၊ ဓလေ့စရိုက်များတူညီနိုင်လိမ့်မည်မဟုတ်။
မတူကွဲပြားမှုများကို လက်ခံနိုင်မည့် ခွင့်လွှတ်သည်းခံနားလည်စိတ်တစ်ခုသာ လိုအပ်သည်ဟုဆိုသည်။ အဆိုပါ Agree to disagree သဘောတရားကို Toleration ဟုခေါ်သည်။ "ခင်ဗျားပြောတာတွေကို ကျွန်တော်သဘောမတူပါဘူး…ဒါပေမယ့် ခင်ဗျားရဲ့ အယူအဆအတွက် ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကိုတော့ သေတဲ့အထိ ကျွန်တော်ကာကွယ်ပေးသွားမယ်" ဆိုသည့် ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တဲယား (Voltaire, 1694-1778)၏ Toleration ကို ဖွင့်ဆိုချက်မှာ ထင်ရှားကျော်ကြားသည်။ ထို့ကြောင့် လစ်ဘရယ်တို့က လွတ်လပ်စွာ ကွဲပြားခြားနားခွင့်ကို အထူးအလေးအနက်ထား လေးစားလိုက်နာကြသည်။
Toleration အယူအဆမှာ ဂျွန်မီလ်တန်၊ ဂျွန်လော့ခ်တို့၏(၁၇)ရာစုတွင် ရေးသားဟောပြောခဲ့သော ဘာသာရေးလွတ်လပ်ခွင့်အယူအဆမှ စတင်ခဲ့သည်ကိုတွေ့ရသည်။ ဂျွန်ခော့ခ်က လူမှု့ဘ၀နှင့် နိုင်ငံရေးကို ပြတ်သားစွာစည်းခြားခဲ့ပြီး၊ အစိုးရများသည် နိုင်ငံသားများ၏ သဘာဝပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်သာ အခွင့်ရှိသည်ဟု ယုံကြည်ခဲ့ရာ၊ ၄င်း၏ ကန့်သတ်အစိုးရ (Limited Government)ပုံစံမှာ လစ်ဘရယ်တို့အတွက် အရေးပါသည့် သဘောတရားအယူအဆတစ်ခုဖြစ်လာ ခဲ့သည်။ လော့ခ်က နိုင်ငံသားတို့၏ ဘာသာရေးယုံကြည်မှု ဆိုသည်မှာ ၄င်းတို့ (လူသားတို့)၏ နောင်တမလွန် ဘ၀နှင့် စပ်ဆိုင်သည့်အရေးကိစ္စသာဖြစ်သဖြင့် အစိုးရတို့က  လူ့အဖွဲ့အစည်း၏ ဘာသာရေးယုံကြည်မှု့အပေါ် ထိန်းချုပ်ကန့်သတ်စရာမလိုဟု မြင်သည်။ နိုင်ငံသားများကို
၎င်းတို့နှစ်သက်ရာ ဘာသာတရားအား ကိုးကွယ်ယုံကြည်ခွင့်ပေးရမည်ဖြစ်သည်။ သို့သော် ချွင်းချက်အားဖြင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နိုင်သည့် (တစ်နည်းအားဖြင့်) လူ့အဖွဲ့အစည်း၏ အေးချမ်းသာယာမှုကို ထိပါးနှောက်ယှက်စေနိုင်သည့် ဘာသာအယူဝါဒများကိုမှု တားမြစ်ကန့်ကွက်ရမည်ဟု ဆိုသည်။ လော့ခ်၏ "Letter on toleration" ကျမ်းမှာ အထူးကျော်ကြားသည်။
ဘာသာရေးအယူအဆနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆတို့၌ နောက်ထပ်ကျော်ကြားသူ တစ်ဦးမှာ ဟော်လန်နိုင်ငံသား၊ ပေါ်တူဂီဂျူးလူမျိုး ဘင်နေဒစ်စပီနိုဇာ (Spinoza, 1632-1677) ဖြစ်သည်။ စပီနိုဇာက လူဆိုသည်မှာ အတ္တဟိတ (Egoism)ကိုအခြေခံသော သတ္တ၀ါဖြစ်သည့်အတွက် လူတို့၏ လုပ်ဆောင်မှု မှန်သမျှသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အဓိကအခြေခံကြောင်း ဆင်ခြင်သုံးသပ် ခဲ့သည်။ သို့သော် အဆိုပါအတ္တဟိတ သည် ဆင်ခြင်တုံတရားကို အသုံးပြုမှသာလျှင် မှန်ကန်မှုရှိနိုင်လိမ့် မည်ဟု ဆိုပါသည်။ ဤနေရာတွင် ဂျင်းဂျက် ရူးဆိုး (Jean-Jacques Rousseau, 1712-1778)ကမူ ပရဟိတ (အများအတွက် အကျိုးစီးပွား)ကို အကျိုး ထိရောက်စေသောဆန္ဒသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အကျိုးထိရောက်စေ သော ပုဂ္ဂလိကဆန္ဒထက် ပိုမိုမှန်ကန်သည်ဟု ထောက်ပြခဲ့သည်။ ရူးဆိုးပြောခဲ့သည် နောက်ထပ်ကိုယ်ကျင့် တရားစံနှုန်းမှာ လူသား အားလုံးတို့သည် တန်းတူညီမျှစွာမွေးဖွားခြင်း၌ ကိုယ်ကျင့် တရားစံနှုန်းများ တူညီစွာ ပိုင်ဆိုင်ကြသည်ဆိုခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ မည်သူမဆိုမွေးဖွားလာခဲ့စဉ် ကာလများ(ကလေးဘ၀) ၌ အပြစ်ကင်းစင်ကြသည်။ ထို့အတွက် မည်သူက မည်သူ့ထက် ကိုယ်ကျင့်တရား အရာတွင် ယုတ်သည်၊ မြတ် သည်ဟူ၍ မရှိ၊ အဆင့် အတန်းကွဲပြားခြင်း မရှိဟုဆိုသည်။ ထိုကလေးများအား ဆိုးသွမ်းခြင်းသည် ပတ်ဝန်း ကျင်၏ သင်ကြားမှုနှင့်သာ ဆိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ ရူးဆိုး၏ပညာရေးဆိုင်ရာ အတွေးအခေါ်များကို ဖေါ်ပြထားသော (Emile) ကျမ်းသည်လည်း ၄င်း၏ လူမှုရေး ပဋိညာဉ် (Social Contract)ကျမ်းကဲ့သို့ပင် ထင်ရှားပါသည်။
လစ်ဘရယ်ရင်ခွင်ထဲဝင်ရောက်လာသော ဆူးများ
လစ်ဘရယ်တို့၏ အထက်ဖေါ်ပြပါ မတူညီမှုအပေါ်လက်ခံသည့် Toleration အယူအဆကို အဓိက ထိုးနှက်လာ သည့် အဓိကအချက်မှာ ယဉ်ကျေးမှုပေါင်းစုံ(Multiculture) ၀ါဒ၏ ရလဒ် ပင်ဖြစ်ပါသည်။ လစ်ဘရယ်တို့၏ မတူညီသည့် ဘာသာအယူဝါဒများ၊ သဘောတရားရေးရာများ၊ လူမျိုးများအပေါ် လက်ခံခြင်းက လစ်ဘရယ်၏ဗဟိုချက်မသို့တိုင် ထိုးနှက်လာနိုင်စေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါမတူညီမှုများ (လစ်ဘရယ်ဝါဒကို ဆန့်ကျင်တော်လှန်သူပင်ဖြစ်ပါစေ) ဇွတ်မှိတ်လက်ခံခိုင်း နေခြင်းက အမျိုးသားရေး အစွန်းရောက်ဝါဒ (Nationalism)နှင့် ဘာသာရေးအစွန်းရောက်ဝါဒ (Fundamentalism)တို့ ကြီးစိုးရာ (၂၁)ရာစုတွင် လစ်ဘရယ် အားလုံးကို စိမ်ခေါ်လာခဲ့သည်။ လစ်ဘရယ်တို့ ယုံကြည်သော Multiculture ၀ါဒ၏ ပျူငှာမှုကပင် အစွန်းရောက် ၀ါဒီတို့ကို အလွယ် တကူစိမ့်ဝင်စေနိုင်ခဲ့ကြောင်း အနောက်လစ်ဘရယ်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ကောင်းစွာ သဘောပေါက်ပြီးဖြစ်ပါလိမ့်မည်။
အပိုင်း (၇)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-                                           
                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
                       ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
                       ၄။ ကမ္ဘာ့သမိုင်းအခြေပြ
                       ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
                       ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
                       ၇။ Political Ideologies: an introduction – Andrew Heywood 
                       ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈) 
                       ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF 
                      ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်
                      ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
                      ၁၂။ The End of History- 1983 – Francis Fukuyama 
                      ၁၃။ Liberalism From Wikipedia, the free encyclopedia
                      ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism
                      ၁၅။Classical liberalism From Wikipedia, the free  
                           encyclopedia                                       
                      ၁၆။ Fundamentals of Political Economy by P.Nikitin
                      ၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau, Teacher  
                             College Press, New York ; 1962.
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/07/2013 01:32:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36736] Fwd: [လူဗိုလ်ဟူသည် ...] ဂျပန်ဆူရှီ လုပ်နည်းလေးတွေပါ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/6
Subject: [လူဗိုလ်ဟူသည် ...] ဂျပန်ဆူရှီ လုပ်နည်းလေးတွေပါ
To: lubo601@gmail.com
ဂျပန်ဆူရှီ
■■■■■■
ဆူရှီတွင် ပါဝင်ပစ္စည်းများ
••••••••••••••••••••
* ရှမ်းဆန် – ၂ခွက်
* ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
* သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ဆူရှီလိပ်တွင် ထည့်ရမယ့် ပစ္စည်းများ
••••••••••••••••••••••••••••••
* မုန်လာဥနီ – ၂ခု (အခွံနွာပြီ အချောင်းလေးများ လှီးထားပါ။ ပြီလျှင် ရေနွေးဖျော်ထားပါ)
* ဂဏန်းချောင်း – ၄ချောင်း ( အရှည် လှီးထားပါ)
* ထောပတ်သီး – တခြမ်း ( အရှည် လှီးပေးပါ)
* သခွာသီး – ၁ခု ( အခွံနွှာပြီ အရှည်လေးများ လှီးထားပေးပါ)
* ဆယ်မွန်ငါး – ၆ခု
ဆူရှီဆန် ချက်နည်း
••••••••••••••••••••••
၁။ အရင်ဆုံး ဆူရှီဆန်ကို အရင်စချက်ပါမည်။ရှမ်းဆန်ကို ရေအေးနှင့် ဆေးပြီ ဇကာဖြင့် ၁နာရီကြာ စစ်ထားပေးပါ။
၂။ ရှမ်းဆန် မြုပ်ရုံ ရေထည့်ပြီ ၁၀မိနစ်ခန့် မီးနည်းနည်းဖြင့် တည်ထားပါ။
၃။ ပြီလျှင် ထမင်းမွှေတဲ့ သစ်သားယောင်းမဖြင့် ခွက်တစ်ခုထဲပြောင်းထည့်ပြီ ရှမ်းဆန်များကို အနည်းငယ် မွှေပေးပါ။
၎။ ပြီမှ ရှာလကာရည်၊ သကြား၊ ဆားတို့ကို လောင်းထည့်ပြီ ဆူရှိဆန်ထဲ နှပ်သွားအောင်အသာအယာ ယောင်းမဖြင့် မွှေပေးပါ။
ပြီနောက်၁၀မိနစ်ကြာအောင် အခန်းအပူအချိန်တွင် ထားထားပေးပါ။
ဆူရှီ လုပ်နည်း
••••••••••••
၁။ ဆူရှီစလိပ်ပါမည်။ 
ဆူရှီလိပ်မည့် ၀ါးယင်းလိပ်ပေါ်သို့ ရေညှိပြားလေး တင်ပေးလိုက်ပါ။
၂။ ပြီမှ ဆူရှီထမင်းများကို ရေညှိပြား ပေါ်သို့ ဖြန့်ပြီတင်လိုက်ပါ။
၃။ ထို့နောက် သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများကို 
ဆူရှီပြားအလယ်တွင် အရှည်လိုက် တင်ထားပေးပါ။
၎။ ဆူရှီ စလိပ်ပါမည်။ ဆှူရှီ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း လိပ်သွားပေးပါ။
၅။ နောက်ဆုံးမှ ဆူရှီကို ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။
၆။ စချင်စဖွယ် ဆူရှီလေးများကို ဂျပန်ငံပြာရည်ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…
http://www.wutyeefoodhouse.com/?p=2230
ဆူရှီ လုပ်နည်း (ပုံစံတစ်မျိုး)
••••••••••••••••••••••••
ပြင်ဆင်နည်း အားလုံး ခုနက အတိုင်းပါပဲ..........ပုံစံပြောင်းပြီး လုပ်မှာပါ
၁။ ဆူရှီစလိပ်ပါမည်။ 
ဆူရှီလိပ်မည့် ၀ါးယင်းလိပ်ပေါ်သို့ပလပ်စတစ်အကြည်ကိုအရင်ခင်းပြီးမှ 
ဆူရှီထမင်းကို တင်ပြီး ရေညှိပြားကို တင်ပါ။
၂။ ထို့နောက် သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများကို ဆူရှီပြားအလယ်တွင် အရှည်လိုက် တင်ထားပေးပါ။
၃။ ဆူရှီ စလိပ်ပါမည်။ ဆှူရှီ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း လိပ်သွားပေးပါ။
၎။ နောက်ဆုံးမှ ဆူရှီကို ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။
၅။ စားချင်စဖွယ် ဆူရှီလေးများကို ဂျပန်ငံပြာရည်ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…
ဒီထဲက ပုံတွေကို ကြည့်ပြီး  အိုးရှင်းကိုယ်တိုင် လိပ်ထားတဲ့ ဆူရှီလေးလဲ သူငယ်ချင်းတွေကို ကြွားဦးမယ် 
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/07/2013 01:24:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36735] Fwd: [လူဗိုလ်ဟူသည် ...] ဒီမိုကရေစီ ကကြီးခခွေး
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/5
Subject: [လူဗိုလ်ဟူသည် ...] ဒီမိုကရေစီ ကကြီးခခွေး
To: lubo601@gmail.com
by Thurein Naywinaung on Saturday, January 5, 2013 at 10:23pm 
ကျွန်တော်က နိုင်ငံရေးကျွမ်းကျင်သူမဟုတ်သလို နိုင်ငံရေးပါတီဝင်တစ်ဦးလည်း မဟုတ်ပါဘူး။
သို့ သော်လည်း  နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူ့ ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။ ကျွန်တော်ဒီလို
စကားခံနေတာက ကျွန်တော်ရေးချင်တာက ဒီမိုကရေစီ ကကြီး ခခွေးဖြစ်နေလို့ ပါ။
ဒီမိုကရေစီဆိုတာဘာလဲ……
အမျိုးမျိုးသော အဓိပ္ပါယ်တွေကို ဖွင့်ဆိုကြပါတယ်။
ပြည်သူကရွေးချယ်တင်မြှောက်တဲ့ အုပ်ချုပ်သူအစိုးရက ပြည်သူကောင်းကျိုးကို ပြန်လည်ပြုလုပ်ပေး
တဲ့ စနစ်ဆိုတာလည်း တစ်ခုအပါအ၀င်ပါ။
ဒီတော့ နောက်တစ်ခုကတော့
ပြည်သူအားလုံးကို တပြည်းညီသတ်မှတ်ထားတဲ့ ဥပဒေဖြင့်စောင့်ရှောက်ခြင်း ဆိုတာလည်းပါတယ်။
ကျွန်တော်ကတော့ ဒီမိုကရေစီစနစ်ဆိုတာ ဥပဒေဆိုတာ အမြင့်မြတ်ဆုံးသောအရာဖြစ်ပြီး ဥပဒေအထက်မှာမည်သူမျှမရှိဆိုတဲ့ အဆိုကို ပိုပြီးကြိုက်တယ်။
ဒီတော့ ဘယ်ဥပဒေလဲ ဆိုတာ မေးဖို့ လိုလာပြီ…မြန်မာနိုင်ငံမှာရှိတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊တရားမဥပဒေ၊ရာဇသတ်ဥပဒေ….
ဒီတော့ကာ ဥပဒေဆိုတာကို လူတိုင်းသိဖို့ လိုအပ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေကို မသိဘဲ ဥပဒေကို အပြစ်တင်လို့ မရပါဘူး။
ကျွန်တော်တို့ ပြည်သူတိုင်း နိုင်ငံသားတိုင်းကိုကာကွယ်ပေးထားတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ
နိုင်ငံသားအခွင့်အရေးဆိုတာကို သိပြီးပြီလား…
ဘာကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောရသလဲဆိုတော့ မိမိကျေနပ်သည်ဖြစ်စေ၊မကျေနပ်
သည်ဖြစ်စေ၊ကြောက်လို့ ထောက်ခံခဲ့သည်ဖြစ်စေ၊အကျိုးလိုလို့ ထောက်ခံခဲ့သည်ဖြစ်စေ..ဥပဒေအရ
နိုင်ငံသားအများစုထောက်ခံခဲ့တဲ့အတွက် အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒီလို အတည်ပြုပြီးပြီဆိုရင်
မိမိနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရပါမယ်။နောက်တစ်ခုကတော့ အခြေခံဥပဒေဆိုတာ ထာဝရ
တည်မြဲသလား ဆိုတာပါပဲ…တကယ်တော့မြန်မာနိုင်ငံမှာ ၁၉၄၇ အခြေခံဥပဒေ၊၁၉၇၄ အခြေခံဥပဒေဆိုတာတွေ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။သို့ သော်လည်း အသစ်ထွက်လာတဲ့ အခြေခံဥပဒေများကြောင့် ပျက်ပြယ်ပြီးလည်း ဖြစ်ပါတယ်။ဒီတော့ အခြေခံဥပဒေဆိုတာ အများဆန္ဒနှင့်
အညီ ပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံရပါမယ်။ဒါဆို ယခုလက်ရှိ အခြေခံဥပဒေကို မကြိုက်ရင် ဘာလုပ်မလဲ…ရှင်းရှင်းလေးပါ…လွတ်တော်အတွင်း အများဆန္ဒနှင့်အညီ လိုအပ်ချက်များကို ပြင်ဆင်ဖို့ ပါ။ဒီလိုပြင်ဆင်ဖို့ အတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲ။လွတ်တော်ကိုယ်စားလှယ်ကြီးများမှာတာဝန်ရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုက်လို့ ဖြစ်စေ၊ကြောက်လို့ ဖြစ်စေ….ပြည်သူတွေကိုယ်တိုင် မိမိတို့ ဒေသ
မိမိတို့ နယ်ပယ်အလိုက် ရွေးချယ်ပြီး ဖြစ်တယ်။ဒီလွတ်တော်ကိုယ်စားလှယ်တွေကို မိမိတို့ လိုအပ်ချက်တွေကို ပြောပြ တင်ပြတောင်းခံခိုင်းဖို့ တာဝန်က ပြည်သူတွေပေါ်ပြန်ရောက်သွားပါပြီ။
ဒီတော့က လက်ရှိကိုယ်စားလှယ်ကိုမကြိုက်ရင် နောင်ေ၇ွးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူကို ပြန်ရွေးနိုင်ပါတယ်။
ဒါတွေကို ရှည်ရှည်ဝေးဝေးဘာလို့ ပြောနေရသလဲဆိုတော့ ယခုလက်ရှိကျွန်တော်တို့ သွားနေတဲ့
လမ်းကြောင်းက လွတ်တော်နိုင်ငံရေးဖြစ်နေလို့ ပါပဲ။
ဒီမိုကရေစီနိုင်ငံတိုင်းလည်း လွတ်တော်နိုင်ငံရေးကိုသာ ကျင့်သုံးကြပါတယ်။ မဲပေးခြင်းစနစ်ကို ကျင့်သုံးကြပါတယ်။
ဒီတော့ လက်ရှိလွတ်တော်ကိုမကြိုက်ဘူးဆိုရင်လည်း နောင်ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့
ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ရှိပါတယ်။ဒီလို ရွေးချယ်ခဲ့ရရင်လည်း ဘာကြောင့်ညာကြောင့်ဆိုတဲ့
ဆင်ခြေဆင်လက်တွေကို မကြားလိုပါဘူး။ကိုယ်ရွေးတဲ့သူ မကောင်းရင် ကိုယ်ခံရမယ်။
ဒီမိုကရေစီစနစ်မှာ မဲပေးခြင်းကိစ္စက အလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ အများဆန္ဒကို
လက်ခံအတည်ပြုပေးရတဲ့အတွက်ပါ။အများရဲ့ သဘောထားကို လက်ခံဆောင်ရွက်ရသည့်နည်းတူ
အနည်းစုရဲ့ သဘောထားကို အလေးထားရပါတယ်။
နောက်တစ်ခုကတော့ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး….ဒါကအရေးကြီးပါတယ်။
ကဲ..ကျွန်တော်မေးချင်တယ်..ခင်ဗျားရဲ့ ကိုယ်ပိုင်အခွင့်အရေးက ဘာလဲ….
သေချာစဉ်းစားပါ…သေသေချာချာသိပါသလား…..
မိမိမှာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုရင် တပါးသူမှာလည်း ကိုယ်ပိုင်အခွင့်အရေးရှိပါတယ်။
ဒါကိုလည်း လက်ခံရပါမယ်။ဒီတော့ လူ့ အခွင့်အရေးဆိုတာကို ဘုံအဖြစ်စံထားကြည့်ကြပါစို့ ။
မိတ်ဆွေရော…လူ့ အခွင့်အရေးဆိုတာကြီးကို သေချာဖတ်ပြီးပြီလား.. သဘောပေါက်လက်ခံပြီးပြီလား.. လိုက်နာဖို့ ရောစဉ်းစားသလား…
ကျွန်တော်မြင်တွေ့ နေရသလောက်တော့ လက်ခုပ်တီးရင်း ဒီမိုကရေစီလိုချင်နေကြသလိုပဲ။
ဒီမိုကရေစီဆိုတာ ခေါင်းဆောင်တစ်ယောက်ကို လက်ခုပ်တီးပေးနေတာလေး တစ်ခုတည်းနှင့်
မရပါဘူး။ ကိုယ်တိုင်လည်း ဒီမိုကရေစီလမ်းစဉ်ကို လျှောက်ရပါမယ်။
ဒီမိုကရေစီဆိုတာ သူများယူပေးရတဲ့ကိစ္စမဟုတ်ဘူး ကိုယ်တိုင်ကြိုးစားပြီးယူရတာပါ။
ဘယ်လိုကြိုးစားမလဲ…အကြောက်တရားကိုဘေးဖယ်… သူများယောင်တိုင်းလိုက်မယောင်ဘဲ
မိမိတို့ ဒေသ၊မြို့ ရွာ၊နိုင်ငံအပေါ် ကောင်းကျိုးပြုနိုင်မဲ့သူကို ခေါင်းဆောင်အဖြစ် (ကိုယ်စားလှယ်အဖြစ်)
ရွေးချယ်ပေးဖို့ လိုပါတယ်။ဒါကြောင့် ဒီမိုကရေစီအစပျိုးခြေလှမ်းဖြစ်တဲ့ မဲပေးခြင်းကိုအရင်ဆုံး ကိုယ်ပိုင်ရပ်တည်ချက်၊ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ခံယူချက်ဖြင့် ရွေးချယ်ဖို့ လိုပါတယ်။
သို့ မှသာ အစိုးရကောင်းတစ်ခုဖြစ်ပေါ်လာဖို့  လွတ်တော်အတွင်း တိုင်းပြည်တိုးတက်ကြောင်းများကို
ဆွေးနွေးနိုင်သူများ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
နောက်ဆောင်းပါးမှာတော့ တာဝန်သိစိတ်၊ တာဝန်ယူစိတ်နှင့် တာဝန်ခံစိတ် ဆိုတာလေးပြောပြချင်ပါတယ်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/06/2013 02:02:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36734] Fwd: [လူဗိုလ်ဟူသည် ...] ဘာတွေ ဖြစ်ကုန်ကြပြီလဲ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/5
Subject: [လူဗိုလ်ဟူသည် ...] ဘာတွေ ဖြစ်ကုန်ကြပြီလဲ
To: lubo601@gmail.com
Yin Yin Ma Yin Yin Hnoung
ဆရာမ မသီတာ စမ်းချောင်းရဲ့  စမ်းချောင်း-အင်းစိန်-ဟားဗတ် စာအုပ်ထဲမှာ ပြောခဲ့တဲ့ ဆရာမင်းလူရဲ့  ဘာတွေဖြစ်ကုန်ကြပြီလဲဆိုတဲ့ကဗျာပါ။ ဆရာမင်းလူ ဒီကဗျာကြောင့် အဖမ်းခံရတယ်လို့ လည်း စာအုပ်ထဲမှာ ဆိုထားပါတယ်။ ဆရာမ စာအုပ်ထဲမှာ ခေါင်းစဉ်ပဲပြောထားတယ်။ ခု အပြည့်အစုံရှာတွေ့ လို့ တင်လိုက်ပါတယ်။
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက " တော်တော် " လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
" ရေဂင် " အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..
(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
" ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ " တဲ့
မှတ်သားလောက်ပါပေရဲ့
" ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
" ဘီလူးသွားကို လဖြဲ " တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
" ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ "
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ……..
မင်းလူ
(၁၉၈၉)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/06/2013 01:19:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[Real Family: 24911] ကျွန်တော်နှင်.အင်္ဂလိပ်စာ - သရ၀ဏ် (ပြည်)
အင်္ဂလိပ်စာကို ငယ်ငယ်ထဲကကျွန်တော် ၀ါသနာပါတာ
။ဒါပေမယ်.ဆယ်တန်းအောင်ပြီးတက္ကသိုလ်ပထမနှစ်ရောက်တဲ.အထိ မယ်မယ်ရရမတတ်ပါဘူး
။ ကျောင်းသင်ခန်းစာလောက် ၊စာမေးပွဲအောင်ရုံလောက်တော.ရတာပေါ.
။ဒါပေမယ်.တစ်နေ.မှာဗျာ ၊ သူငယ်ချင်းတစ်ယောက်နဲ. ပြည်ကနေရန်ကုန်ကို
ခနလာလည်တုန်း ဆူးလေဘုရားနားက ရသာ မုန်.တိုက် ရှေ.မှာ
နိုင်ငံခြားသားကြီးတစ်ယောက်နဲ.တွေ.ပါလေရော ၊
အဲဒိနိုင်ငံခြားသားကကျွန်တော်တို.ကိုတစ်ခုခုမေးတယ် ဗျ ။ ဒါပေမယ်.
သူ.အသံထွက် ကိုနားမလည်တော. ဘာပြောလို.ပြောနေမှန်းကိုမသိပါဘူး ။အဲဒါနဲ.
ကျွန်တော်တို.လဲ ရှက်လဲရှက် စိတ်လဲပျက် ပြီး
ငါတို.တော.ဒီလိုနေလို.မဖြစ်တော.ဘူး အင်္ဂလိပ်စာတတ်အောင်သင်မယ်ကွာဆိုပြီး
ဆရာလိုက်ရှာကြတယ် ။ဆရာလိုက်ရှာတော.
ကိုသက်နိုင်ဆိုတဲ.ကျွန်တော်.မိတ်ဆွေတစ်ယောက်ရှိတယ် ၊
သူကအခုတော.ဆုံးသွားပါပြီ ။ အဲဒိကိုသက်နိုင်က သူ.မှာ အသိမိတ်ဆွေ
အင်္ဂလိပ်ဆရာကြီးတစ်ယောက်ရှိတယ်ပေါ. ။ အဲဒိဆရာ ကြီးနဲ.မိတ်ဆက်ပေးမယ်
။ဆရာကြီးကတော. တော်တော် တော် တယ် ဆိုပြီးကျွန်တော်.ကိုပြောတယ်
။ကျွန်တော်ကလည်း မိတ်ဆက်ပေးပါကိုသက်နိုင်ရယ်ပေါ. ။သူကတစ်ရက်လဲမိတ်ဆက်မပေး
နှစ်ရက်လဲမိတ်ဆက်မပေးဘူးဗျ ။ ဆရာကြီးနေတဲ.နေရာကဝေးတယ်လို.ချည်းပဲ
ပြောနေတာ ။
နောက်မှ သူပြောပြလို.သိရတာက သူကသူ.ကိုယ်သူ အချိန်ယူပြီး
မေးခွန်းထုတ်နေတယ်ဆိုပဲဗျ ။ သူစဉ်းစားနေတာက ငါ ကိုညီ. (ကျွန်တော်)ကို
ဆရာကြီးနဲ.မိတ်ဆက်ပေးလိုက်ရင်တော. သူ အင်္ဂလိပ်စာ တတ်သွားမှာအမှန်ပဲ ။ဒါကို
ငါခံနိုင်မလား ။ ငါ.ထက်သူပိုတော်သွားမှာကိုလက်ခံနိုင်သလား ဆိုတာကို
ခုနစ်ရက်လုံးစဉ်းစားတယ်တဲ.ဗျာ ။ပြီးတော.မှ သူ.စိတ်ကိုသူကြေနပ်တယ်
ကိုညီတတ်သွားလည်းငါ မနာလိုစရာမရှိဘူး မုဒိတာပွားနိုင်တယ် ဆိုတာသေချာမှ
ကျွန်တော်.ကို ပန်းပဲတန်း လမ်းက အင်္ဂလိပ်စာဆရာကြီး ဦးကျော်တင်.ဆီခေါ်
သွားတယ် ။ ကိုသက်နိုင်ဆိုတာအဲဒိလိုထူးထူးဆန်းဆန်းလူမျိုးဗျ ။
သူ.စိတ်ဓါတ်ကို ချီးကျူးဖို.လည်းကောင်းပါတယ်
။ကျွန်တော်.ကိုလည်းအင်မတန်ခင်တယ် ။တကယ်တော. ဆရာ ကြီးနေတဲ.နေရာဟာ
ကျွန်တော်.အိမ်နဲ.မဝေးဘူးဗျ ။ လမ်းလျောက်သွားရင်
ဆယ်.ငါးမိနစ်လောက်ဆိုရောက်တယ် ။ဒါကို ကိုသက်နိုင်က တမင်ဝေးတယ်လို.
မိတ်ဆက်မပေးချင်တာနဲ.လုပ်ထားတာ ။
အဲဒိတုန်းက ဆရာကြီးဦးကျော်တင်းကလည်းတပည်.ငတ်နေတာဗျ ။ သူသင်တဲ.စနစ်နဲ.
ကျောင်းသားတွေက စာမေးပွဲအောင်ရုံလောက်ပဲ တစ်ပွဲထိုး တတ်ချင်တာနဲ.က
ဖီလာကန်.လန်.ဖြစ်နေတယ် ။သူကလူတစ်ယောက်ကိုအင်္ဂလိပ်စာသင်ပေးမယ်ဆိုရင်
အတန်းပညာတွေဘာတွေ စာမေးပွဲဖြေဖို.တွေဘာတွေကိုသိပ် ပြီးထည်.မစဉ်းစားဘူး ။
အင်္ဂလိပ်စာကိုခြေခြေ မြစ်မြစ် အခြေခံကစပြီးတတ်သွားရအောင် သဒ္ဒါ ( Grammar )
ကိုစသင်ပေးတယ် ။ ကျောင်းသားတွေကလဲ ဒါကိုမသင်ချင်ကြတော.
ဒါလာရင်ဒါဖြည်.ဆိုတဲ. ဖော်မြူလာတွေထုတ်သင်တဲ.ကျူရှင်တွေ
ကိုပဲရောက်သွားကြတယ် ။ ကျွန်တော်.ကိုတော. ဆရာတပည်. ရေစက်ပါတယ်ထင်တယ်
တွေ.တွေ.ချင်းပဲ အေးငါသင်ပေးမယ်ကွာ မနက်ဖန်လာခဲ. ဆိုပြီးခေါ်တော.တာပဲ ။
အဲဒိတုန်းကကျွန်တော်.အသက် က (၂၀)ပဲရှိသေးတာ
အင်မတန်ဥာဏ်ရည်ထက်မြက်နေတဲ.အချိန်ပေါ. ။နှစ်လလောက်သင်ပြီးတော. ဂရမ္မာ
ကိုကျွန်တော် အသုံးချလို.ကောင်းကောင်းရတဲ.အထိနားလည်သွားတယ် ။
အင်္ဂလိပ်လိုစာကောင်းကောင်းရေးတတ်လာတယ် ၊ သူများရေးထားတာလဲ
ပိုပြီးနားလည်လာတယ် ။ဖတ်တတ်လာတယ် ။ အဲဒိတော.မှ ဆရာကြီးက
မောင်ညီညီ တဲ. မင်းကိုစကားပြောစပြီးသင်ပေးမယ် ဆိုပြီး
နေ.တိုင်းလက်ဘက်ရည်ဆိုင်ကိုခေါ်သွားပြီး သင်ပေးတော.တာပဲ ။သူသင်ပုံက
ဘာသင်ခန်းစာ ပြဌာန်းစာအုပ်ရယ်လို.မထားဘူးဗျ ၊
မြန်မာလိုလက်ဘက်ရည်ဆိုင်မှာတောင်ရောက်မြောက်ရောက် စကားပြောသလို
စပ်မိစပ်ရာတွေကိုအင်္ဂလိပ်လို လျှောက်ပြောတော.တာပဲ ။
အစပိုင်းမှာကျွန်တော်ကတော.နားထောင်သမားပေါ. ။သူ.ကသံကလဲ ကြားဘူးနေကြ
ငါးပိသံမျိုးမဟုတ်ပဲ အမေရိကန်အသံနဲ.တော်တော် နီးနီးစပ်စပ်တူတာရယ် ၊
မကြားဘူး မသိဘူးတဲ. ဝေါဟာရတွေပါလာကြောင်. မသိတဲ.စာလုံး တွေ.တိုင်း
စာအုပ်ထဲမှာမှတ်ရတာ ၁၀ရက်လောက်အတွင်းမှာ ဗလာစာအုပ်တစ်အုပ်ပြည်.သွားတယ် ။
သိပ်ပြီးပြန်မပြောတတ်သေးပေမယ်. သူပြောတဲ.လေသံကိုတော.နည်းနည်းဖမ်းမိနေပြီ
။ ကျွန်တော်လဲတဖြည်းဖြည်းနဲ. နည်းနည်းချင်း
ခပ်ဖြည်းဖြည်းပြန်ပြောနိုင်လာတယ် ။
အဲဒိမှာသူကနောက်တစ်ဆင်.တက်ရမယ်တဲ. ၊ ဘာလဲဆိုတော.
မင်းနိုင်ငံခြားသားနဲ.ပြောရမယ်တဲ. ။ ပြည်မြို.ကလမ်းတွေမှာ
ဆရာနဲ.ကျွန်တော်ဟာစက်ဘီးတစ်စီးနဲ. ( ဆရာကနင်း ကျွန်တော်ကနောက်ကထိုင် )
နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည် လိုက်ရှာရတယ် ။ အဲဒိခေတ်က
ခရီးသွားလုပ်ငန်းကလဲ မထွန်းကားသေးတဲ.အချိန်ဆိုတော. ပြည်မြို.မှာ
မျက်နှာဖြူတိုးရစ်တစ်ယောက်ကိုတွေ.အောင်လိုက်ရှာရတာ တော်တော်မလွယ်ဘူးဗျ ။
တွေ.တာနဲ.ဆရာက အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တော.မိတ်ဆက်ပြီး
စကားပြောကြတာပဲ ။ နောက်တော.ခင်သွားကြတာများတယ် ။
နောက်တစ်ဆင်.ကျတော.ဆရာက သူကိုယ်တိုင်မလိုက်တော.ဘူး ၊
ကျွန်တော်.ကိုလွှတ်ပြီး တိုးရစ်မြင်ရင်မိတ်ဆက်ပြီး သူ.ဆီပါအောင်ခေါ
်ခဲ.တဲ. လုပ်ရော ။ ကျွန်တော်လဲ အင်္ဂလိပ်စာပိုးက၀င်နေတာရော
ဆရာ.ကိုကြောက်ရတာရော ကြောင်.မရှက်မကြောက် နိုင်ငံခြားသားတွေ
နောက်ကိုလျှောက်လိုက်ပြီးမိတ်ဆက်ရတာပဲ ။ ကိုယ်မသိတဲ.လူတစ်ယောက်
၊အထူးသဖြင်.နိုင်ငံခြားသားတစ်ယောက်ကို သွားပြီး
ကြားလူမိတ်ဆက်မပေးပဲဝင်ရောရတာလွယ်တဲ.အလုပ်တော.မဟုတ်ဘူးဗျ ။ ကျွန်တော်ဟာ
အင်္ဂလိပ် စကားပြောကိုရူးသွပ်လွန်းလို. ဆရာခိုင်းတဲ.အတိုင်းလုပ်ခဲ.တာပဲ
။တစ်ချို.ကလျှောလျှော လျူလျူလိုက်လာပေမယ်. တစ်ချို.ကလဲ မောင်းထုတ်ကြတယ်ဗျ
။တစ်ချို.မြို.ခံတွေကလဲ ဒီကောင်လေး
ဖော်ရိမ်နာဆီကဘာလိုက်တောင်းနေတာလဲလို.တောင်မေးခံရတယ် ။ ဘယ်သူတွေဘာထင်ထင်
ကျွန်တော်ကတော.လုံးဝဂရုမစိုက်ဘူးဗျာ။ လောကကြီးမှာ ရူးမှထူးတယ် တဲ.။
ကျွန်တော်ဟာ သွားလဲ ဒီအင်္ဂလိပ်စာစိတ် ၊ နားလဲ ဒီစိတ် ။ ယုတ်စွအဆုံး
အိပ်ရင်တောင် အိပ်မက်ထဲအထိ အင်္ဂလိပ်စကားပြောတာတွေကပါလာပြီး အင်္ဂလိပ်လို
ယောင်အော်မိတယ် ။ကျွန်တော်တို.ဟာအဲဒိလောက်ဝါသနာကြီးခဲ.တာပါ ။
ကျွန်တော်.မိတ်ဆွေ ကိုသက်နိုင်ဆိုရင်လဲ သူကလူကြောက်တတ်တယ် ။
ဆရာကြီးကနိုင်ငံခြားသားတွေကိုလမ်းပေါ်မှာ စကားပြောမိတ်ဆက်ရမယ်ဆိုတော.
ကြောက်ပြီး ရဲဆေးတင်တဲ.အနေနဲ. အရက်ကလေး တစ်ပက်လောက်ကစ်လိုက်တယ်
။အဲဒိတော.မှ ရဲစိတ်ရဲမာန်တွေကြွပြီးပြောရဲဆိုရဲရှိလာသတဲ.။
ကျွန်တော်ကတော.ပြောင်ပဲ ၊ ဘာရဲဆေးမှမတင်ဘူး ။ကိုသက်နိုင်ဟာ
အဲဒိလိုရဲဆေးတင်ရင်းနဲ.ကြာတော.အရက်ကို စွဲသွားရောဗျို. ။ ကံဆိုးချင်တော.
(အဲဒိတုန်းကတော.ကံဆိုးမှန်းမသိသေးဘူး )သူဟာအဲဒိအချိန်မှာ
စား/ဖျော်ဌာနကဖွင်.တဲ. အရက်ဖြူဆိုင်ခွဲတစ်ဆိုင်မှာ
ဆိုင်တာဝန်ခံဖြစ်ပါလေရော။ အရက်တွေဟာရာဝင် စဉ်.အိုးကြီးနဲ. ထည်.ထားပြီး
သူ.လက်သူ.ခြေဗျာ ။ ကိုသက်နိုင်ဟာ အင်္ဂလိပ်စကားလဲ အတော်ကိုလည်လည်ပတ်ပတ်
သွက်သွက်လက်လက် ပြောနိုင်လာတယ် ။ ဒါပေမယ်.စိတ်မကောင်းစရာက သူဟာ
ကိုယ်.ကိုယ်ကိုမထိန်းနိုင်ပဲ ကိုယ်.ဆိုင်ကအရက်တွေကိုအတိုင်းအဆမရှိ
နေ.တိုင်းအလွန်အကျွံသောက်ရာက ယစ်ထုတ်ကြီးဖြစ်ပြီး ကျွန်တော်
ဧည်.လမ်းညွှန် ဖြစ်ကာစမှာပဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ.ကွယ်လွန်သွားရှာပါတယ် ။
ဆရာကြီးဦးကျော်တင်.နဲ.ကျွန်တော်.အကြောင်းပြန်ဆက်ပါရစေ ။
ကျွန်တော်တို.နှစ်ယောက်ဟာအသက်အရွယ်အားဖြင်. သားအဖလောက်ရှိသော်လည်းပဲ
နှစ်ယောက်စလုံးအင်္ဂလိပ်စာ
၊အင်္ဂလိပ်စကားဝါသနာပါပုံကဖြင်.တော်တော်ကိုတူလွန်းပါတယ် ။အိမ်မှာ
ရုပ်မြင်သံကြားနဲ. VCR အောက် စက်မရှိတာကြောင်. ကိုစန်းမောင်ဆိုသူရဲ.
၈၁လက်မ ဗီဒီယိုရုံမှာ နိုင်ငံခြား ရုပ်ရှင်ကားတွေ ၀င်ကြည်.ပြီး
နားထောင်စွမ်းရည် ( Listening Skill ) ရအောင်လေ.ကျင်.ရတယ်။ နေ.တိုင်းနေ.
တိုင်းအင်္ဂလိပ်လိုမှ နာရီဝက်
တစ်နာရီမပြောရရင်ကျွန်တော်တို.ဟာနေမထိထိုင်မသာ သလိုပဲ ။ဟာတိဟာတာ
တစ်ခုခုလိုနေသလိုပါပဲ ။ နိုင်ငံခြားသား ကိုမြင်ရင်လဲ
စကားပြောချင်တဲ.စိတ်တွေယာတားမနိုင်ဆီးမရ
ရေကာကြီးပေါက်ကွဲပြီးရေတွေလျှံကျလာသလိုပဲဗျို. ။တစ်နေ.တော. အင်္ဂလိပ်
တစ်ယောက် ပြည်မြို.ကိုယောက်လာတယ် ။ သူ.ကိုဝင်ရောဖို.က ပိုက်ဆံလိုတယ်ဗျ ။
အဲဒိအချိန်ကကျွန်.တော်.မှာ
အလုပ်အကိုင်မရှိတာကြောင်.တော်တော်ဘိုင်ကျနေတဲ.အချိန်ဗျ ။ ဆရာကလဲ အခုလောက်
စပီကင်သင်တန်းတွေဘာတွေ မသင်ရတော. အိပ်ထဲမှာပိုက်ဆံမရှိဘူး ။ဒါနဲ.ဆရာက
မိတ်ဆက်စားသောက်ဆိုင်က သူ.တပည်.အောင်ကြီးဆီမှာ ပိုက်ဆံသွားချေးတယ် ။
အောင်ကြီးရယ် ငါ.ကိုပိုက်ဆံ ငါးရာလောက်ချေးကွာ
နောက်တော.အဆင်ပြေတာနဲ.ပြန်ဆပ်ပါ.မယ်ဆိုတော. အောင်ကြီးက ဆရာရယ် ယူသွားပဲ
ပြန်လဲဆပ်ဖို.မလိုပါဘူး ဆိုပြီး ငွေ ၅၀၀ ထုတ်ပေးရှာတယ် ။
ပိုက်ဆံရတာနဲ.ကျွန်တော်တို.လည်း နိုင်ငံခြားသားဆီပြေးပြီး
အင်္ဂလိပ်စကားပြောချင်လို.မိတ်ဖွဲ.ရတာပေါ.။
ဟိုကောင်ကလဲအရေးထဲမှနေ.လည်စာစားလိုက်ဦးမယ်ဆိုတော.
ကျွန်တော်တို.ရှင်းမှကောင်းတော.မှာပေါ.ဗျာ ။ ဒါနဲ.ဆိုင်ထဲမှာ
ကိုယ်တော်ချောက ခေါက်ဆွဲကြော်တစ်ပွဲ ကောင်းကောင်းဝါးတော.
ဆရာနဲ.ကျွန်တော်ဟာ ပိုက်ဆံလဲအများကြီးမပါတော. ၀င်မစားရဲပဲ ဘေးကနေဟန်မပျက်
ထိုင်ကြည်.နေရတာပေါ. ။ ဟို မျက်နှာဖြူငနဲက မင်းတို.ဘာမှမစားဘူးလားဆိုတော.
ဆရာနဲ.ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည်.လို. ငါတို.စားပြီးပါပြီ
လို.ဖြေလိုက်ကြတယ်
။တကယ်တော.ကျွန်တော်တို.နှစ်ယောက်လုံးဗိုက်ဟောင်းလောင်းဗျ ။
အဲဒိပုဂ္ဂိုလ်စားပြီးတော.မှခေါက်ဆွဲကြော်ဖိုးကျွန်တော်တို.ရှင်းပေးပြီး
။ကျန်တဲ.ပိုက်ဆံလေးနဲ.မြင်းလှည်းငှားပြီး
မှော်ဇာမြို.ဟောင်းကိုလိုက်ပို.ရင်းစကားပြောရတာဗျို. ။ အဲဒိလောက်အထိ
ကျွန်တော်တို.ဆရာတပည်.နှစ်ယောက်ဟာ အင်္ဂလိပ်စာကို ရူးသွပ်ခဲ.တာပါ
။ထမင်းအငတ်ခံပြီးအင်္ဂလိပ်စာကိုဝါသနာပါတာ ။ တိုးရစ်ဆီက
ဘာတွေရအောင်ယူလိုက်မယ်ဆိုတဲ.စိတ်ကူးကျွန်တော်တို.မှာလုံးဝမရှိပါ ။
သူတို.ကကိုယ်.ကိုခင်လို.ဘာယူမလဲမေးရင်တောင် အင်္ဂလိပ်စာအုပ်လေးတွေပဲ
ပါရင်ဖတ်ဖို.ပေးခဲ.ပါလို. တောင်းမိတာ အလွန်ဆုံးပါပဲ ။ တစ်ခုအမြတ်ထွက်တာက
နိုင်ငံခြားသားတွေနဲ.ပြောပါများလာတဲ.အခါ
ကျွန်တော်.အင်္ဂလိပ်ဘာသာစကားအရည်အသွေးဟာ အံ.မခန်းတိုးတက်လာတာပါပဲ ။
လူတစ်ယောက်ဟာ ဘာသာစကားတစ်ခုကို (ဒါမှမဟုတ် အတတ်ပညာတစ်ခုကို ) မရမနေ
အင်မတန်ဆန္ဒ ပြင်းပြလာပြီဆိုရင် တတ်ကိုတတ်ရတော.တာပါပဲ ။
ဘယ်အရာကိုမှလွယ်လွယ်နဲ.မရပါ ။
အခုခေတ်မှာ ဂိုဒ်ဖြစ်ချင်လို.ဆိုပြီးကျွန်တော်.ဆီတပည်.လာခံတဲ.သူ
လေးငါးယောက်လောက်နဲ.ကြုံဖူးပါတယ် ။ တကယ်ဝါသနာပါတာ ဟုတ်ရဲ.လား ပေါ
်ပင်အလုပ်မို. သူများယောင်တိုင်းယောင်တာလားဆိုတော.ကျွန်တော် ၊ကျွန်မ
ကတော.တကယ်ဝါသနာပါပြီးလေ.လာချင်တာပါ ၊ ဧည်.လမ်းညွှန်ဖြစ်ချင်တာပါတဲ.။
ကောင်းပြီ ဒါဆို ငါမနက်ဖြန် ရွှေတိဂုံဘုရားကို နိုင်ငံခြားသားတွေနဲ. မနက်
(၇)နာရီတိတိမှာတက် မယ် ၊ လေ.လာပြီး အနီးကပ်ပညာယူချင်ရင် လာခဲ.ပါဆိုတော.
အဲဒိအချိန်ကြီးဆို အိပ်တုန်းပဲ တဲ. အစောကြီးမို.မလာနိုင်ဘူးတဲ.၊
နောက်တစ်ခါမှ ထပ်ခေါ်ပါတဲ .။
စဉ်းစားသာကြည်.တော. ကျွန်တော်တို.တုန်းက ဘယ်သူကမှအခုလိုလက်တွဲခေါ
်ခဲ.တာမဟုတ်ဘူး ။ အခုလိုသာ ဂိုဒ်တစ်ယောက်က လာခဲ.ပါ ပညာပေးမယ်ဆိုလို.ကတော.
မနက်ခုနစ်နာရီမဟုတ်ပါဘူး အုန်းမောင်းခေါက်ထလာရရင်တောင် လာမှာပါပဲ ။
ကျွန်တော်တို.ဟာ အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို ၀ါသနာပါလို. ၊
ကိုယ်.နိုင်ငံအကြောင်း မသိသေးတဲ.သူတွေသိပါစေလို.ပြောပြလမ်းညွှန်ရတာ
ဝါသနာကြီးလွန်းလို.ဒီ တိုးရစ်ဂိုဒ်အလုပ်ကိုရွေးချယ်ခဲ.တာပါ ။
ဒီလောကထဲကိုဝင်လာတုန်းကလည်းပန်းခင်းတဲ.လမ်းကိုလျှောက်လာရတာမဟုတ်ဘူး ။ဒေါ
်လာတွေမက်လောက်အောင်ရဖို.နေနေသာသာ
ထမင်းနပ်မမှန်တဲ.ဂိုဒ်တွေတောင်ခြေချင်းလိမ်နေတဲ.ခေတ်မှာ ဒီအလုပ်ကို
ဝါသနာတစ်ခုနဲ. စလုပ်ခဲ.တာပါ ။
ကျွန်တော်လူငယ်တွေကိုပြောချင်တာက
အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်ငါ.၀ါသနာကဘာလဲ
ငါ.ဘ၀ကိုဘယ်လမ်းကြောင်းနဲ.သွားမှာလဲ ဆိုတာသိဖို.လိုပါတယ် ။
အဲဒိလိုမှမဟုတ်ရင် ဟိုလိုလို ဒီလိုလို နဲ.
DJ တွေခေတ်စားရင် DJ ပဲဖြစ်ချင်သလို Dancer ပဲလုပ်တော.မလိုလို ၊
ဂျာနယ်လစ်ပဲလုပ်တော.မလို ၊ သူများယောင်တာနဲ.
ဧည်.လမ်းညွှန်ဝင်လုပ်တော.မလိုလိုတွေဖြစ်တတ်တယ် ။ ကိုယ်တကယ်ဝါသနာပါတာကို
ကိုယ်.ဘာသာအသိဆုံးပါပဲ ။ အဲဒီတော. ဧည်.လမ်းညွှန်ဖြစ်ချင်တဲ.သူက
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ စာရေးမ၀င်လုပ်နေရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး
၊ ကျောင်းဆရာမဖြစ်ချင်တဲ.လူက ဗျူတီပါလာမှာအချိန်မဖြုန်းသင်.ဘူး ။
နယ်ကတက်လာတဲ.ကောင်မလေးတစ်ယောက်ရှိတယ် တိုးရစ်ဂိုဒ်လုပ်ချင်လို.
ဖောင်ဖျက်ပြီး ရန်ကုန်ကိုဆင်းလာခဲ.ပြီ ကူညီပါဆိုလို.
ခရီးသွားကုမ္မဏီတွေကို ကျွန်တော်ဆက်သွယ်ပေးတယ်
။သူတို.ကအင်တာဗျူးတွေဘာတွေလုပ်ပြီး သဘောကျတယ် ၊နောက်တစ်ပါတ်လောက်ကျရင်
အလုပ်ခန်.မယ်ပေါ. လစာကတော.ပညာသင်ကာလမို. ရှစ်သောင်းလောက်ပဲရမယ် ဒါပေမယ်.
တိုးရစ်ဂိုဒ်သင်တန်းတွေ ဘာတွေလဲပို.ပေးမယ်
ဆိုတော.သူ.၀ါသနာနဲ.ဘ၀ရည်မှန်းချက်နဲ.ရတဲ.အလုပ်ကကွက်တိပေါ.ဗျာ။
ဒါပေမယ်.နောက်နေ.ကျ အဲဒိ ကောင်မလေးက အကြောင်းကြားတယ် ။ဂျပန်တစ်ယောက်ကတဲ.
လစာ တစ်လနှစ်သိန်းပေးပြီး အတွင်းရေးမှူးအလုပ်ခန်.လိုက်လို.တဲ.
အဲဒိအလုပ်ကိုလက်ခံလိုက်ပါပြီတဲ .။သွားပြီပေါ. ၊
ရည်မှန်းချက်မခိုင်မာတာကိုပြောတာပါ ။ ကိုယ်.၀ါသနာ
ကိုယ်.ရည်မှန်းချက်ခိုင်ခိုင်မာမာသိတဲ.လူဟာ
ငွေနဲ.ဘယ်လောက်ပဲဖျားယောင်းခံရလဲ ကိုယ်.ရည်မှန်းချက်ကိုဆက်သွားမှာပဲ ။
ကျွန်တော်ဆိုရင် ၁၉၉၅ မှာ အင်မတန်လခကောင်းတဲ.အလုပ်တစ်ခုကို Summit Park
View ဟိုတယ်မှာ ကျွန်တော်ရနေပြီ ။
ဧည်.လမ်းညွှန်သင်တန်းကျောင်းကအင်တာဗျူးခေါ်လို.သွားဖြေရမယ်.နေ.မှာ
ဟိုတယ်က ခွင်.မပေးဘူး။ ခွင်.မပေးပဲသွားရင် အလုပ်ကအပြုတ်ပဲ ။
ကျွန်တော်ကတော.အလုပ်ပြုတ်ရုံမကလို.ထောင်ပဲကျကျ ဂိုဒ်လုပ်ရရင်
ပြီးရောဆိုတဲ.ကောင်မျိုး။ ဆန်းမစ်ပါတ်ဗျူးဟိုတယ်ကနေ
အလုပ်အပြုတ်ခံပြီးတော.ကို ဟိုတယ်ခရီးမှာအင်တာဗျူးသွားဖြေတယ် ။
အရွေးခံရတယ် ။ ၁/၁၉၉၅ သင်တန်းကိုတက်ပြီး ဂိုဒ်လိုင်စင် G/0789 နဲ.
ဂိုဒ်ဖြစ်လာတယ် ။အဲဒိလိုကိုယ်.ရည်မှန်းချက်အတွက်
အများကြီးစွန်.ပြီးတော.တိုက်ယူခဲ.ရတယ် ။
အဲဒိတော. ယောင်ဝါးဝါးတပည်.ဆယ်ယောက်လောက်တွေ.ပြီးတဲ.အခါ
ကျွန်တော်ကျွန်မတို. တိုးရစ်ဂိုဒ်ဖြစ်ချင်ပါတယ်
ကူညီပါလို.ဘယ်လောက်ပဲပြောလာသည်ဖြစ်စေကျွန်တော်အယုံအကြည်မရှိတော.ဘူး ။
ဂိုဒ်တစ်ယောက်ဖြစ်ဖို.ဆိုတာ ဒီနေ.
ယောင်စိန်လုပ၊်မနက်ဖြန်ဖြစ်တဲ.ကိစ္စမျိုးမဟုတ်ဘူး ။ ဘာသာစကားရော ၊
ဗဟုသုတရော ၊ ၀ါသနာရော ၊အရည်အချင်းရော ၊ဇွဲသတ္တိ နဲ.ခံနိုင်ရည်ရော
ဘက်ပေါင်းစုံကရှိမှရမှာ ။ အခုဝါသနာပါပါတယ်လို.ခပ်လွယ်လွယ်ပြောနေကြသူတွေက
ကျွန်တော်တို. လည်ကတုံးအင်္ကျီအဖြူလေး ကျော.နေအောင်ဝတ် ၊
အဲယားကွန်းကားထဲမှာ ဇိမ်နဲ. ထိုင်လိုက် ၊ လေယာဉ်စီးလိုက်
ဟိုတယ်မှတည်းလိုက်၊ လူရှေ.သူရှေ. ဘုရားဖူးတွေကြားမှာ ဘိုလိုမှုတ်လိုက်
ဆိုတဲ. ဂိုဒ်တစ်ယောက်ရဲ.အပေါ်ယံကိစ္စတွေကိုကြည်.ပြီး အားကျတာနဲ.
ဝါသနာပါတယ်လို.သံယောင်လိုက်အော်နေကြတာပါ ။
ကျွန်တော်တို.အလုပ်ဟာ အဲဒိအပေါ်ယံကြောတွေအပြင် အရေးအကြီးဆုံးဖြစ်တဲ.
စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ဖို. ၊ လူပင်ပန်း စိတ်ပင်ပန်းဒဏ်ကို
ခံနိုင်ဖို. ၊လူတိုင်းနဲ.အဆင်ပြေအောင်ဆက်ဆံတတ်ဖို. ၊ အချိန်တိုအတွင်းမှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ဖို.၊ ဖြစ်လာသမျှကို
တာဝန်ယူရဲဖို.အရေးကြီးပါတယ် ။
ဒါဆိုခင်ဗျားတို.ဂိုဒ်တွေကအားလုံးအဲဒိလိုတော်နေသလားလို.မေးလာရင်တော.
အများစုကတော.၀ါသနာနဲ.လုပ်နေကြတာပါလို.ဖြေရလိမ်.မယ်
။ငွေရချောင်လို.၀င်လုပ်တဲ.ဝေလေလေတွေလည်းအနည်းအပါးတော.ရှိနိုင်တယ်
။ဒါပေမယ်.အဲဒိလို ခံယူချက်မခိုင်မာသူတွေကို
စစ်ဆေးဖယ်ထုတ်တဲ.စာမေးပွဲကြီးနှစ်ကြိမ် မြန်မာပြည်မှာစစ်ခဲ.တယ် ။
လူကစစ်တာမဟုတ်ဘူး ၊ ၀န်ကြီးဌာနကစစ်တာမဟုတ်ဘူး သဘာဝတရားကြီးကစစ်တာ
ပထမစာမေးပွဲကြီးက ၂၀၀၇ မှာစစ်တယ် ။ဘယ်လိုစစ်သလဲဆိုတော. ၂၀၀၇
သံဃာအရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) ဖြစ်တယ် ။ သက်ဆိုင်ရာက
သံဃာတော်တွေကိုအကြမ်းဖက်နှိမ်နှင်းတဲ. သတင်းဓါတ်ပုံတွေ ၊ဗီဒီယိုဖိုင်တွေ
နိုင်ငံတကာသတင်းဌာနတွေမှာပါလာတော. ကမ္ဘာလှည်.ခရီးသွားတွေဟာကြောက်ပြီးတော.
မြန်မာနိုင်ငံကိုမလာကြတော.ဘူးဗျ ။ Tourism ဟာ Zero Level
သုံညအမှတ်နီးပါးအထိ ကျသွားတယ် ။
တိုးရစ်မလာတော.ဂိုဒ်တွေလဲစီးပွားရေးထိပြီပေါ.ဗျာ ။ပထမစမ်းသပ်ချက်ကို
မခံနိုင်တဲ.ဂိုဒ်တွေဟာ နိုင်ငံခြားကိုထွက်သူတွေကထွက်သွားကြတယ် ။
ငါးလျှံတောင်မှာ ရေနံတူးမယ်ဆိုပြီးထွက်သူကထွက်ကြတယ် ။တချို.လဲ
တခြားစီးပွားရေးတွေပြောင်းလုပ်ကြပြီး ဒီလောကထဲကိုပြန်ဝင်မလာကြတော.ဘူး ။
ဒုတိယစာမေးပွဲကတော.နောက်တစ်နှစ်မှာစစ်တယ် ။ စာမေးပွဲမေးခွန်းထုတ်တာက
ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တဲ. ။စာမေးပွဲစစ်တဲ.နေ.က ၂၀၀၈ မေလ ၂ ရက်နေ.ည
ဆယ်နာကျော် ကနေ နောက်နေ.မနက်မိုးသောက်အထိ ။ အဲဒိ စမ်းသပ်ပွဲကြီးမှာ
မုန်တိုင်းဒဏ်ခံ ပြည်သူလူထု ဟာတစ်ညထဲမှာတင်
လူတစ်သိန်းလောက်သေကြေပျက်စီးတယ် ။ကယ်ဆယ်ရေးတွေ နှောင်.နှေးတာ
၊စီမံခန်.ခွဲမှုညံ.ဖျင်းတာကြောင်. အလောင်းတွေကို မသင်္ဂြိုဟ် နိုင်ပဲ
ပုတ်ပွနေတဲ.အလောင်းတွေ မြစ်တွေ ၊ချောင်းတွေ ၊ပင်လယ်ဝတွေမှာ
မြင်မကောင်းရှုမကောင်း မျောပါနေကြတာတွေကိုနိုင်ငံတကာကတွေ.တော.
အံ.သြတုန်လှုပ် ၊ကြောက်ရွံ. သွားကြပြီး (ဘုန်းကြီးတွေကို
အကြမ်းဖက်နှိမ်နှင်းပြီးတာ ရှစ်လပဲ ကြာသေးတဲ.အချိန်) မြန်မာပြည်ဆို
ဝေရာမဏိ ဝေးဝေးကရှောင်ကျဉ်ပါ၏ တွေဖြစ်ကုန်ရော ။
အဲဒိဒုတိယ စာမေးပွဲစစ်ဆေးချက်ကပိုပြီးအထိနာပါတယ် ။ ဟိုတယ်ခရီးဝန်ကြီး
ဌာနရဲ.စာရင်းအရ ၄၀၇၇ ယောက်
လိုင်စင်တရားဝင်ထုတ်ပေးထားပါတယ်ဆိုတဲ.ဧည်.လမ်းညွှန်တွေဟာ ဒီအလုပ်
ဒီဝင်ငွေနဲ.ဆက်လက်မရပ်တည်နိုင်တော.တဲ.အခါ ဖုတ်ဖက်ခါပြီး ဒီလုပ်ငန်း
ကိုစွန်.ခွာသွားလိုက်ကြတာ အခုတော. လက်ရှိမှာ လူ သုံးထောင်လောက်ပဲ
ဂိုဒ်လိုင်စင်လက်ရှိကျန်တော.တယ် ။ဒါတောင် ဒီလူ သုံးထောင်ဟာ အားလုံး
ဒီနယ်ပါယ်ထဲမှာ ဧည်.လမ်းညွှန်လုပ်နေကြတာမဟုတ်ဘူး
လိုင်စင်လက်ရှိစာရင်းကိုသာပြောရတာ။ လက်၇ှိလုပ်နေကြတာက တစ်ပြည်လုံးမှာ
တစ်ထောင်.ငါးရာ(၁၅၀၀) လောက်ပဲရှိတယ် ။ အဲဒိ ၁၅၀၀ လောက်က
မြန်မာတစ်ပြည်လုံးကိုဝင်လာတဲ.တိုးရစ်ခြောက်သိန်းလောက်
ကိုတာဝန်ယူရတာဆိုတော. စဉ်းစားသာကြည်.တော. ဂိုဒ်တစ်ယောက်ကို တိုးရစ် (၄၀၀
) နှုန်းထိန်းရသလို ဖြစ်နေတော. မနိုင်မနင်းတွေဖြစ်ကုန်တာပေါ. ။
ဒီတော. နယ်တွေမှာဂိုဒ်မလုံလောက်တဲ. ပြသနာတွေရှိလာတယ် ။
လက်ပူတိုက်ဖြေရှင်းနည်းကတော. ဂိုဒ်မဟုတ်ပေမယ်.
အင်္ဂလိပ်စကားနည်းနည်းပါးပါးပြောတတ်တဲ.သူတွေကို
ဂိုဒ်ဆိုပြီးထည်.ပေးရတော.တာပဲ ။ ဘာသာစကား ပြောတတ်ပေမယ်.
ဂိုဒ်အစစ်မဟုတ်တော. သက်ဆိုင်ရာအခေါ်အဝေါ်တွေမသိတာ ၊ သမိုင်းကြောင်းတွေ
၊မြန်မာ.ယဉ်ကျေးမှု တွေ မသိတာ ဗုဒ္စဘာသာကိုထဲထဲဝင်ဝင်နားမလည်တာ
၊စာဖတ်မထားတာစတဲ.ပြသနာတွေရှိတယ် ။ ဧည်.သည်က ကက္ကူဘုရားကိုမေးတယ် အရေးပေါ
်ဆွဲခန်.ဂိုဒ်က ကက္ကူဘုရားကိုမသိဘူး ကက္ကူရံခြောက်ပဲသိတယ်
အဲဒိတော.ဈေးထဲခေါ်သွားပြီးငါးခြောက်လိုက်ပြတာမျိုးလဲဖြစ်ဖူးတယ် ။
မဟာမုနိဘုရားကြီးကို ပဉ္စလောဟာ သတ္တုငါးမျိုးနဲ.သွန်းလုပ်ထားတာမသိပဲ
ဒီဘုရားက ဘာသားနဲ.ထုထားတာလဲ လို.လာမေးတဲ. အရေးပေါ
်ဆွဲခန်.ဂိုဒ်ကရှိသေးတယ် ။ ခြုံပြီးပြောရရင်
ဧည်.လမ်းညွှန်မလုံလောက်မှုကြောင်.
ရရာတွေကိုဆွဲသုံးရာက၀န်ဆောင်မှုတွေဟာကျလာတယ် ။ အဲဒါကတော.
မကောင်းတဲ.လက္ခဏာပါပဲ ။ရေတိုမှာလတ်တလောဒီလိုရှင်းလိုက်ပေမယ်.
ရေရှည်မှာတိုင်းပြည်ရဲ. ပုံရိပ်ကိုထိခိုက်စေပါတယ် ။
မြန်မာဧည်.လမ်းညွှန်တွေအရမ်းတော်တယ်ဆိုတဲ.
နိုင်ငံတကာကချီးကျူးသံကိုရအောင်
အနှစ်နှစ်ဆယ်လောက်အားလုံးဝိုင်းပြီးတည်ဆောက်ခဲ.ကြရတာပါ
။နာမည်ပျက်ဖို.ကတော. တစ်နှစ်နှစ်နှစ်လောက်နဲ.တင် လုံလောက်ပါတယ် ။
သက်ဆိုင်ရာကိုပြောချင်တာကတော. မြန်မာပြည်မှာ
တကယ်အရည်အချင်းရှိတဲ.ပညာတတ်လူငယ်တွေအများကြီးရှိတယ် ။သူတို.တွေကို
စနစ်တကျအသုံးချပါ ။ အခွင်.အလမ်းတွေပေးပါ ။ အခုဆိုရင် ဂိုဒ်သင်တန်းကြီးဟာ
လျှို.၀ှက်သောနှင်း ဖြစ်နေတယ် ။ဘာမှပွင်.လင်းမြင်သာမှုမရှိဘူး ။ ဘယ်လမှာ
ဂိုဒ်သင်တန်းဖွင်.မယ် ဘယ်နေ.ကစပြီးလျှောက်လွှာတင်နိုင်တယ် ၊
လူဘယ်နှစ်ယောက်လက်ခံမယ် ။ သင်တန်းပြီးတာနဲ.လိုင်စင် ကို
ဘယ်နှစ်လအတွင်းထုတ်ပေးမယ်ဆိုတဲ.အချက်တွေဟာ ဘာမှ တိတိကျကျမသိရဘူး ။
လူကြီးကိုတင်ပြထားပါတယ် ၊ လူကြီးခွင်.ပြုတာနဲ.ဖွင်.ပါ.မယ် စသည်ဖြင်.
မ.ဆ.လ / န.၀.တ ခေတ်က စကားမျိုးတွေကိုပဲပြောနေကြတယ် ။
တိကျရေရာမှုဘာမှမရှိကြဘူး ။ တိကျရေရာမှု ပွင်.လင်းမြင်သာမှု အားနည်းနေတယ်
။ စီမံခန်.ခွဲမှုအပိုင်း အရမ်းကအားနည်းတယ် ။
တစ်ချို.ဟာကျောင်းထိုင်ဆရာတော်ကြီး
ခွင်.မပြုရင်ဘာမှမလုပ်ရဲတဲ.ဘုန်းကြီးကျောင်းသားလေးတွေလို အပေါ
်ကကျလာမယ်.ညွှန်ကြားချက်ကိုပဲစောင်.နေကြတယ် ။ အပေါ်ကကျမလာရင်
ဒီအတိုင်းပဲ စောင်.နေကြတယ် ။
တကယ်ဆိုရင် ကျွန်တော်တို.နိုင်ငံရဲ.ခရီးသွားလုပ်ငန်းဟာ
မြန်မာ.ခရီးသွားနှစ်လို.သတ်မှတ်ခဲ.တဲ. ၁၉၉၆ ခုနှစ်ကစပြီးတွက်ရင် အခု
ခရီးသွားလုပ်ငန်းအရမ်းဖွံ့ဖြိုးလာတဲ. ၂၀၁၂ ခုအထိ ၁၆ နှစ်လုံးလုံး
ပြင်ဆင်ချိန်ရခဲ.တယ် ။ ဒီအချိန်တွေအတွင်းမှာစနစ်တကျ
မပြင်ဆင်နိုင်ခဲ.ကြလို.သာ
လူ.စွမ်းအားအရင်းအမြစ်ပြသနာတွေနဲ.အခုရင်ဆိုင်နေကြရတာဖြစ်ပါတယ် ။
ခရီးသွားလုပ်ငန်းဆိုတာ သဘာဝသယံဇာတတွေရောင်းစားသလို
အချိန်တန်တော.ကုန်ခမ်းသွားတတ်တဲ.လုပ်ငန်းမဟုတ်ဘူး ။ သစ်တောတွေ ၊
သဘာဝဓါတ်ငွေ.တွေ ၊ကျောက်မျက်ရတနာတွေဟာ တစ်ချိန်ကျရင်သေချာပေါက်
ကုန်ခမ်းသွားပါလိမ်.မယ် ။ဒါပေမယ်. တိုးရစ်တွေကိုခေါ်ပြ
၊ဓါတ်ပုံရိုက်ခိုင်းလို. ပုဂံမြို.ကြီးပျက်မသွားသလို ၊ ဧရာဝတီမြစ်ကြီးလဲ
ပျောက်ပျက်မသွားနိုင်ပါဘူး ။စနစ်တကျ စီမံခန်.ခွဲတတ်မယ်ဆိုရင်
ကမ္ဘာတည်သရွေ. မြန်မာနိုင်ငံကြီးရှိနေသရွေ. တိုင်းသူပြည်သားတွေအတွက်ဝင်ငွေ
ရနိုင်တဲ. လုပ်ငန်းကြီးပါ ။ လေကြောင်းလိုင်းပိုင်ရှင်ကနေ ဆိုက်ကားသမားအထိ
အလုပ်ဖြစ်နိုင်တဲ.လုပ်ငန်းမို. အားလုံးအတွက်
အင်မတန်တွက်ခြေကိုက်တဲ.တိုင်းပြည်ရဲ.အဓိကငွေဝင်ပေါက်ကြီးကိုရေရှည်အတွက်
စနစ်တကျ ကိုင်တွယ် ဆောင်ရွက်သွားကြရမှာပါ ။
အဲဒိလိုလုပ်တဲ.အခါမှာ ပညာတတ်လူငယ်တွေရဲ. လူ.စွမ်းအားအရင်းအမြစ်ဟာ
အရမ်းအရေးကြီးပါတယ် ။ သူတို.ကို လူမှန်နေရာမှန်နေရာပေးတတ်ဖို.လိုပါတယ် ။
လူငယ်တွေကလဲ ကိုယ်ဝါသနာပါတဲ. ဘ၀ရဲ.လမ်းကြောင်းကို ကိုယ်.ဘာသာသိပြီး
ပြင်းပြင်းထန်ထန်ကြိုးစားကြမှ ကိုယ်.လိုင်းနဲ.ကိုယ်
ကျွမ်းကျင်တဲ.လူဖြစ်လာမှာပါ ။ တစ်ခုသေချာတာက လူတစ်ယောက်ဟာ
ဘက်ပေါင်းစုံမတော်နိုင်သလို အားလုံးလဲညံ.မနေ နိုင်ပါဘူး ။
ကိုယ်ဝါသနာပါတဲ.ဘက်ကို မီးကုန်ယမ်းကုန်ကြိုးစားကြဖို.တော.လိုပါလိမ်.မယ် ။
ဘက်ဂရောင်းကောင်းလို.စိုင်ကော်လို.ခြုံပေါ်ရောက်ခဲ.ရင်လဲ
စိုင်ကအမြဲမကော်နိုင်သလို ခြုံပေါ်လဲအမြဲမရောက်နိုင်ပါဘူး ။
ပညာခေတ်မှာဝေလေလေတွေအတွက်နေရာမရှိပါဘူး ။
လောကမှာပညာနဲ.တူတဲ.စိုင်ဆိုတာမရှိပဲ ဘယ်သူမှ လူလေးစားလောက်တဲ. ခြုံပေါ်
်ကိုရောက်မှာမဟုတ်ဘူးလို.ပြောချင်ပါတယ် ။
သရ၀ဏ် (ပြည်)
--
From: Ko Nyi Nyi
Date: 2013/1/4
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
[mrsorcerer:36732] Fwd: [လူဗိုလ်ဟူသည် ...] တရုတ်ရောဂါကြောင့် အိုဘားမား အာရှပစိဖိတ် စစ်ဗျူဟာချမှတ်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/5
Subject: [လူဗိုလ်ဟူသည် ...] တရုတ်ရောဂါကြောင့် အိုဘားမား အာရှပစိဖိတ် စစ်ဗျူဟာချမှတ်
To: lubo601@gmail.com
သူရိယ (WSJ) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဒီသတင်းပတ်မှာ ပင်တဂွန်ကိုသွားပြီးတော့ အီရတ် အာဖဂန် စစ်ပွဲအလွန် အမေရိကန် ကာကွယ်ရေး ဗျူဟာကို ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန် စစ်တပ်ကျစ်လစ်အောင်ဆောင်ရွက်ဖို့ ပြောဆိုနေတဲ့ သမ္မတရဲ့ ပြောကြားချက်မှာတော့ ရာစုသစ်ရဲ့ စိတ်ခေါ်မှုအသစ်တွေ ဆယ်စုနှစ်အကြာ တိုက်ခိုက်မှုအပြီး ဦးစားပေးပြောင်းလဲမှုတွေနဲ့အတူ တရုတ်အကြောင်း အထူးပြု ပြောဆိုနေပါတယ်။
ငြိမ်းချမ်းရေးသမား တဦးအနေနဲ့ ပြန်လည် အရွေးခံရဖို့ ကြိုးစားနေတဲ့ အိုဘားမားက အမေရိကကို စိန်ခေါ်နိုင်တဲ့ တခုတည်းသော ကမ္ဘာစူပါ ပါဝါနဲ့ စစ်အေးတိုက်ပွဲမဖြစ်အောင် မန်းမှုတ်နိုင်ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် အိုဘားမားရဲ့အာရှခရီးစဉ်က အာရှပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့လွမ်းမိုးမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် နေပါ တယ်။ ဗျူဟာကလည်း အာရှ ပစိဖိတ်ဒေသကိုပဲ အာရုံစိုက်ထားပါတယ်။
ပူးပေါင်းဆောင်ရွက်ရေး စစ်ဗိုလ်ချုပ် မာတင်ရမ်ဆေးကလည်း အီရတ်ကနေထွက်လာတဲ့ စစ်သားတွေကို ဘီဂျင်းနဲ့ တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံမပေါ်ပေမယ့် တရုတ်စစ်အသုံးစရိတ်ကြီးမားလာတာကိုတော့ သူလည်း သိနေပါတယ်။
စစ်ဗျူဟာ အထောက်အထားတွေက ဒီတိုးတက်မှုက ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ဖို့ ဗျူဟာကျ ရည်ရွယ်ချက် အတွက် ပိုမိုရှင်းလင်းဖို့လိုတယ်လို့ ဆိုပါတယ်။
တရုတ် ရေငုတ်သဘောင်္နဲ့ ဒုံးတွေက ၁၉၄၅ ကတည်းက အမေရိကန်လွမ်းမိုးလာတဲ့ ဒေသကို ဘယ်လို လုပ်ဆောင်ပေးနိုင် သလဲဆိုတာကို ဒမ်းဆေးက သိမြင်ပြီးသားဖြစ်ပါတယ်။
"ဗျူဟာက အနာဂတ်အပြောင်းအလဲကို ပြောနေတယ်၊ ပထ၀ီရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ အားလုံးသော တိမ်းညွတ်မှုတွေက ပစိဖိတ်ကို ဦးတည်နေတယ်" လို သူက ပြောပါတယ်။
"ကျနော်တို့ ဗျူဟာစိန်ခေါ်မှုကို ကျယ်ကျယ်ပြန်ပြန်ရှေ့ဆက်ဆောင်ရွက်သွားမယ်၊ ဒါဟာလည်း အိန္ဒိယ သမုဒ္ဒရာနဲ့လည်း ပတ်သက်နေပါတယ်"
တရုတ်နဲ့ ပတ်သက်တဲ့အသေးစိတ်ပြောဆိုချက် တခုမှ မရှိပေမယ့် ဘယ်သူကို ပြောနေသလဲဆိုတာကတာ ရိပ်မိပါလိမ့်မယ်။
"ဒီဒေသက အမေရိကန်ရဲ့ စီးပွားရေး လုံခြုံရေး အရေးပါမှုကို ကြီးထွားလာနေတယ်၊ ဆိုလိုတာက ကျနော်တို့ရဲ့ စစ်တပ်ပိုင်း ဆိုင်ရာ နည်းပညာတွေကို တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ပဲဖြစတယ်" လို့ သူက ဆိုပါတယ်။
တရုတ်က တိုက်ရိုက် တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဂလိုဘယ်လ်တိုင်မ်းကတော့ တရုတ်က အမေရိကန်နဲ့ ခြေရာတိုင်းဖို့ အဆင့်သင်ဖြစ်နေပြီလို့ ရှင်းရှင်းလင်းလင်းဆိုပါတယ်။
"ကျနော်တို့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို တားချင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ အိမ်နီးချင်းမှာရှိတဲ့ တရုတ်ရဲ့ လုံခြုံရေးကိုလည်း စွန့်လွတ်ရမယ်အနေအထားကို ရှောင်ကြဉ်ရမယ်" ဟုလည်း အယ်ဒီတာအာဘော်မှာ ရေးသားထားပါတယ်။
အမေရိကန်ရဲ့စေစပ်မှုက တည်ငြိမ်မှုကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို အန္တရယ်ရှိတယ်လို့လည်း တရုတ် ဆင်ဟွာ သတင်းဌာနက သတိပေးလိုက်ပါတယ်။
၂၁ ရာစုမှာ တရုတ်နဲ့ အမေရိကန် ပြိုင်ဆိုင်မှုကတော့ တော်တော်ကို ရှင်းရှင်းလင်းလင်းဖြစ်လာပါပြီ။
ထိုင်ဝမ်အရေးကိစ္စကလည်း တရုတ်နဲ့ အမေရိကန်ကြားက တင်းမားမှုတခုဖြစ်နေပါတယ်။ ဘီဂျင်းက ထိုင်ဝမ်ကို ခွဲထွက်သူအဖြစ်မှတ်ယူထားပါတယ်။
အပြန်အလှန်ဆက်ဆံရေးတွေ တိုးတက်ခဲ့တယ်ဆိုပေမယ့်လည်း ထိုင်ဝမ်ရေလက်ကြားတလျောက်က ဒုံးပျံတွေကတော့ ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။
ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ အမေရိကန်အတွက် အဲဒီဒေသဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
တရုတ်ကလည်း သံယံဇာတပေါကြွယ်တဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြင့်ထားတဲ့ ဗီယက်နမ်နဲ့ပိုင်နက် အငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်။
တရုတ်ရဲ့ကြီးထွားလာမှုကိုလည်း ဂျပန်၊ တောင်ကိုးရီးယား၊ စကာင်္ပူ၊ မလေးရှား၊ သြစတြေးလျမှာလည်း စိုးရိမ်မှုလက္ခဏာတွေ မြင်နေရပါတယ်။
အာရှခရီးစဉ်အတွင်းမှာ အိုဘားမားက ဒါဝင်နဲ့ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းဆောက်ဖို့ အရိပ်အမြွက်ဆိုခဲ့သလို တိုကျိုနဲ့လည်း ဒုံးကာကွယ်ရေးတည်ဆောက်ဖို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတလွှားမှာ စစ်ရေး အသုံးစရိတ် ဖြတ်တောက်တာတွေရှိနေပေမယ့် တောင်ကိုးရီးယားနဲ့ ဂျပန်က တပ်တွေကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရေပိုင်နက် လုံခြုံရေးက အဓိက ဦးစားပေးဖြစ်နေပါတယ်။
အမေရိကန် တရုတ် အပြန်အလှန် လုပ်ဆောင်နေကြတဲ့ တခြားမျက်နှာစာတွေလည်း အများကြီးရှိနေပါတယ်။
တရုတ်ကလည်း  ပါကစ္စတန်၊ သိရီလကာင်္၊ တန်ဇနီးယားတို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု အကူအညီတွေနဲ့ သူရဲ့တည်ရှိမှုကို အိန္ဒိယသမုဒ္ဒရာမှာချဲထွင်နေပါတယ်။
မြန်မာနိုင်ငံကိုလည်း တရုတ်ရဲ့ ကိုယ်ပိုင်ကစားကွက်ထဲကနေ အမေရိကန်က ရယူခဲ့ပြီးတော့ သံတမန်ဆက်ဆံမှုတွေ ချဲထွင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ဆန္ဒကတော့ စစ်မှန်ပေမယ့် အကျိုးစီးပွားကိုလည်း ထည့်တွက်နေပါတယ်။ တစုံတယောက်ကလည်း ၀ီလီယံဟိတ်ကို ပြောပြသင့်ပါတယ်။
တခြားဆောင်ရွက်တာတွေဖြစ်တဲ့ ကုန်ကြမ်းရရှိရေး၊ စီးပွားရေး အရင်းအမြစ်၊ နိုင်ငံရေးလွမ်းမိုးမှု၊ စစ်တပ်အခြေစိုက် တို့အတွက်လည်း အာဖရိကမှာ လုပ်ဆောင်နေပါတယ်။
တရုတ်ကတော့ စီးပွားရေး အကျိးအမြတ်တွေတောင်အာဖရိကကနေ ရရှိနေသလို လူအခွင့်အရေး လွမ်းမိုးမှုတွေအတွက်တော့ ပူပန်စရာတွေ ဖြစ်နေပါတယ်။
အမေရိကန်ရဲ့အပြုအမှုကလည်း အတုယူစရာ ဖြစ်မနေပါဘူး။ ဒီမိုကရေစီလို့ အများကြီးပြောဆိုနေပေမယ့်လည်း အကြမ်း ဖက်မှုနဲ့ လုံခြုံရေးကိုတော့ အမေရိကန်က စိုးရိမ်ပူပန်နေပါတယ်။  မကြာခင်ကလည်း ပင်တဂွန်မှာ အာဖရိကနဲ့ သက်ဆိုင်တဲ့ အဖွဲ့တခု ဖွဲ့စည်းခဲ့ပါသေးတယ်။
တရုတ်ကလည်း သံတမန်ရေးလွမ်းမိုးမှုတွေနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေက မြောက်ကိုးရီးယား၊ ဆီးရီးယား၊ အီရန်နဲ့ ဆူဒန်တို့မှာလည်း ရှိနေပါတယ်။
တရုတ်ကတော့ ကောင်းမွန်တဲ့ နိုင်ငံသားတယောက်ဖြစ်ရေးဆိုတဲ့ တာဝန်ကို လစ်လျူရှုထားလိုက်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးခိုင်မာရေးကို အာရုံစိုက်နေပြီး ဥရောပဇုန် အခက်အခဲကိုတော့ ကူညီဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။
၂၁ ရာစုမှာတော့ တရုတ် အမေရိကန် စစ်အေးတိုက်ပွဲကတော့ မဖိတ်ခေါ်ပဲ ရောက်ရှိလာပါပြီ။ ဆက်ဆံရေးကတော့ ကောင်းတဲ့ ခေါင်းဆောင်မှု၊ ကံကြမ္မာစတဲ့ ၂ ဖက်စလုံးကို အကျိုးရှိစေမှာဖြစ်ပါတယ်။
ဒါပေမယ့် အခြေခံအားဖြင့် ဒီမိုကရေစီ၊ တန်ဖိုး၊ ဘာသာရေး ယုံကြည်မှုနဲ့ စီးပွားရေးပြိုင်ဘက် စတဲ့ ကွဲပြားတဲ့အယူ အဆတွေက အတူတကွလုပ်ဆောင်ဖို့ ရှုပ်ထွေးစေမှာဖြစ်ပါတယ်။
တရုတ်က သူရဲ့စွမ်းအားကြောင့် ၁၉ ရာစု ဗြိတိန်နဲ့ ၂၀ ရာစု အမေရိကလို ယုံကြည်မှုနဲ့ မထိတရီကတော့ အပြည်ရှိနေပါတယ်။
အိုဘားမား ကာကွယ်ရေး ဗျူဟာက အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ 
Source; WSJ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/06/2013 10:51:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36732] Fwd: [လူဗိုလ်ဟူသည် ...] ဆရာ မောင်သွေးချွန် သို့………….
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/5
Subject: [လူဗိုလ်ဟူသည် ...] ဆရာ မောင်သွေးချွန် သို့………….
To: lubo601@gmail.com
  • 'ဖားတုလို့ခရုခုန် အိုင်ပျက်ရုံသာ ရှိမပေါ့' ဆိုသည့် စကားရပ်ကို ကြားဖူးပါသည်။ ဖားကိုလည်း မတုလိုပါ။ ဆရာ့ကိုလည်း စော်ကားရန် ရည်ရွယ်ချက်မရှိပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်မှာ ကျနော်၏ ကိုယ်ပိုင် အခွင့်အရေးဟု မှတ်ယူပါသည်။ 
    ၂-၁-၂၀၁၃ ရက်နေ့ထုတ် Weekly Eleven စာစောင်တွင် ဆရာရေးသားထားသော 'ရွှေတိဂုံဘုရား လင်းတနား တိုင်းကားပြည်ရွာ ပျက်မှာလား' ဆိုသည့် ဆောင်းပါးကို ဖတ်ရှုရပါသည်။ ဗဟုသုတ ရစေသည့်အတွက်လည်း ကျေးဇူးတင်ပါသည်။ စိတ်မကောင်းလည်း ဖြစ်မိပါသည်။
    အခြားအခြားသော ကိစ္စရပ်များကို အငြင်းမပွားလိုသော်လည်း နှစ်ပေါင်းများစွာ အကြောက်တရား အောက်တွင် ရပ်တည်နေထိုင်ခဲ့ရသော ပြည်သူလူထုရင်ထဲ နောက်ထပ်တဖန် အကြောက်တရားများ ကိန်းဝပ်သွားမည်ကို တော့ စိုးရိမ်မိပါသည်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုသည့် စကားကိုလည်း အဖန်တလဲလဲ ကြားယောင်နေမိပါ သည်။
    ကျနော့်အမြင်ကို ဆိုရလျှင် ငှက်သည် တိရစာန်ဖြစ်သည်။ ခရီးရှည် မိုင်ထောင်ချီ ပျံသန်းရသောကြောင့် အတောင်ညောင်းကာ ခေတ္ထခိုလှုံနားခိုခြင်းလည်း ဖြစ်နိုင်သလို တန်ခိုးကြီးမားသော ဘုရားရှင်အား လာရောက် ဦးခိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ အရာရာကို အဆိုးမြင်ဖြင့် ကြည့်လျှင် အဆိုးသာမြင်မည်ဖြစ်ပြီး ကောင်းသော ဘက်မှ တွေးကြည့်ပါကလည်း အကောင်းဖြစ်နိုင်ပါသည်။ 
    မြန်မာ့နိုင်ငံရေးမှာ အကောင်းဘက်သို့ ဦးလှည့်နေချိန်တွင် နောက်ပြန်မလှည့်စေရေးမှာ အားလုံးတွင် တာဝန်ရှိ ပေသည်။ လင်းတနားခြင်း၊ ဆယ့်သုံးဂဏာန်းရောက်ခြင်းတို့မှာ အယူအဆ အစွဲအလမ်းများသာ ဖြစ်ပါသည်။ မည်သည့်အရာမဆို ဘယ်သူကပေးပေး ကိုယ်လက်မကမ်း မဆုပ်ကိုင်ပါက မရှိနိုင်ပါ။ ကိုယ်က လိုလိုချင်ချင် ယူမှသာ ရရှိနိုင်ပါသည်။ မလိုချင် ငြင်းပယ်လိုက်ပါက ဘာတခုမှ မရနိုင်။
    မြန်မာ့နိုင်ငံရေးမှာလည်း နေရာတကာ ခလောက်ဆန်များလုပ်နေကြခြင်း ထင်ယောင်ထင်မှားပြုလုပ်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေပါသည်။ ထိုလုပ်များကို ဝိုင်းဝန်းဆန့်ကျင်ကြရန် လည်း လိုအပ်ပါသည်။
    တိုင်းပြည်အကျိုးအတွက် တချို့ပေးဆပ်ကြရသည်လည်း ရှိနိုင်ပါသည်။ စာရေးသူများအနေဖြင့် ပြည်သူလူထု ကို အကြောက်တရားလွှမ်းခြုံခြင်းမှာ ဆိုးဝါးလွန်းသည်ဟု ယုံကြည်ယူဆ မိပါသည်။
    အကြောက်တရားများ ကင်းဝေးကြပါစေ….။
    အုပ်ကြီးဖေ
    ၈-၁-၂၀၁၃ 
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/06/2013 01:09:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ