[Real Family: 24917] ညိုနိုင်းတိုင်ပင်ခြင်း - တောသူမလေးမှ

ညိုနိုင်းတိုင်ပင်ခြင်း
    
မိသားစုတစ်စုမှာ (၈)နှစ်အရွယ် သားငယ်လေးတစ်ယောက် ၇ှိပါတယ်။ တစ်နေ့ကျတော့ ဒီသားငယ်လေးဟာ ကျောင်းစာမေးပွဲမှာဆုရတယ်။ သူဆုယူရမယ့်အကြောင်းကို သူ့ရဲ့အမေ ရယ် အဒေါ်ရယ် အဖွားရယ်ကို ပြောပြလိုက်တယ်။ ဒါကြောင့် ဆုယူရမယ့် နေ့မတိုင်ခင်မှာ သားငယ်လေးအတွက် သူ့အမေဟာ ဆုယူဝတ်စုံတစ်စုံကို ၀ယ်လာခဲ့တယ်။ အိမ်ရောက်တော့ ၀ယ်လာတဲ့ ၀တ်စုံကို သားငယ်လေးအား ၀တ်ခိုင်းကြည့်လိုက်တော့ ဘောင်းဘီဟာ ကြီးနေ တောကို တွေ့ရတယ်။ ဈေးကိုပြန်ဝယ်ဖို့ အချိန်ကလဲမရတော့ဘူး။ မနက်ဖြန်ဆိုရင်လဲ ဆုယူရ တော့မှာဖြစ်တယ်။ အဲဒီအတွက် အဖွားနဲ့ အဒေါ်ကလဲ စိတ်ပူသွားတယ်။ ဒီလိုနဲ့ ညအိပ်အချိန် ရောက်လာခဲ့တယ်။ အားလုံးအိပ်ပျော်နေတဲ့ အချိန်မှာ သားငယ်လေးရဲ့အမေက ဘောင်းဘီ ကို ထားရာ နေနရာကယူပြီး လက်တစ်လုံးလောက် ကတ်ကျေးနဲ့ဖြတ်ကာ နှုတ်ခမ်းသားတွေ ကို သပ်သပ်ရပ်ရပ်ပြန်လည် ချုပ်ပေးလိုက်တယ်။ ပြီးတာနဲ့ သေချာစနစ်တကျခေါက်ပြီး ဘီရိုထဲကို ပြန်ထည့်ထားလိုက်တယ်။ ပြီးတာနဲ့ အိပ်ရာထဲဝင်ပြီး ပြန်အိပ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သားငယ်လေးရဲ့အဒေါ်က တရေးနိုးလာပြီး သားငယ်လေးရဲ့ ဘောင်းဘီ ရှည်နေမှန်းသိတဲ့အတွက်ကြောင့် သူကလဲဘီရိုထဲက အသာထုတ်ပြီး လက်နှစ်လုံးခန့် ကတ်ကျေးနဲ့ ဖြတ်ကာ စန်စ်တကျ ပြန်လည် ချုပ်လိုက်ပါတယ်။ ပြီးတာနဲ့ ဘောင်းဘီကို သပ် သပ်ရပ်ရပ် ခေါက်ပြီးဘီရိုထဲကို ပြန်လည်ထည့် လိုက်ပါတယ်။ ပြီးတာနဲ့ အိပ်ရာထဲအသာအရာ ၀င်အိပ်လိုက်ပါတယ်။
အဲဒီလိုနဲ့ ညသန်ခေါင်ရောက်တော့ အဖွားက အိပ်ရာကနိုးလာ ပြန်ပါတယ်။ အိပ်ယာကနိုးနိုး ခြင်း သူ့မြေးရဲ့ ဘောင်းဘီရှည်နေတာကို သတိရတယ်။ ဒါကြောင့် သူကလဲဘောင်းဘီကို ထုတ်ပြီး ကတ်ကျေးနဲပလက်နှစ်လုံးလောက် ညှပ်ကာ စနစ်တကျပြန်လည်ချုပ်ပြီး ဘီရိုထဲကို ထည့်သိမ်း ထားလိုက်ပြန်ပါတယ်။ ဒီလိုနဲ့နောက်နေ့ ဆုသွားယူမယ့် အချိန်ကို ရောက်လာခဲ့ တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်ဟာ သားငယ်လေးကို ဘောင်းဘီဝတ် ပေးလိုက်ပါတယ်။ သူတို့ သုံးယောက်စလုံး မျက်လုံးအပြူးသား အံ့သြသွားကြတယ်။ ဘာ ကြောင့်လည်းဆိုတော့ သူတို့ဖြတ်ထားတာထက်ကို အရမ်းတိုနေတဲ့အတွက်ကြောင့်ပဲ ဖြစ် တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်စလုံးဟာ ဘယ်သူ့ကိုမှမပြောဘဲ ညှိနှိုင်းတိုင်ပင်ခြင်း မပြုပဲပြန်လည် ပြင်ချုပ်ခဲ့တဲ့အတွက်ကြောင့် ဘောင်းဘီအရမ်းတိုသွားရ ခြင်းဖြစ်တယ်။ သူတို့ သုံးယောက်ဟာ သားငယ်လေးအတွက် အဆင်မပြေမှာကိုပဲ စိတ်ပူတဲ့ အတွက်ကြောင့် စေတနာကောင်းနဲ့ ပြင်ဆင်ပေးခဲ့တာဟာ အခြေအနေကို ပိုမိုဆိုးရွား လာစေခဲ့တယ်လို့ ပြောချင်တာပါပဲ။ အကယ်၍ တစ်ဦးနှင့်တစ်ဦးလှိနှိုင်းတိုင်ပင်ပြီးတော့ သာလုပ်မယ်ဆိုလျှင် ဒီ့ထက်ကောင်းတဲ့ စနစ်တကျရှိတဲ့ ဘောင်းဘီကောင်းတစ်ထည်ကို လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်တယ်။ အထက်ပါ ဥပမာရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကတော့ အဖွဲ့အစည်းနဲ့ လုပ်ရမယ့်ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခြင်းမပြုပဲ ကိုယ်စီအသိတရားဖြင့် ကိုယ့်ရူထောင့်ကနေ ကိုယ်လုပ်မယ်ဆိုလျှင် (ညိုနှိုင်းတိုင်ပင်မှု မရှိဘူးဆိုလျှင်) ကောင်းကျိုးမှ သည် ဆိုးကျိုးအသွင်ပြောင်းလဲသွားနိုင် ပါတယ်။

မှ...
တောသူမလေး စာဖတ်သူမိတ်ဆွေအပေါင်းတို့..မိမိစိတ်ထဲရှိတာလေးတွေ၊ မိမိဖတ်ဖူးသမျှစာလေးတွေကို ပြန်လည် မျှဝေလိုက်ရသည်ဖြစ်ရာ၊ မည်သည့်စာကိုမဆို ပြန်လည်ကူးယူမျှဝေနိုင်ပါသည်။
Article credit - တောသူမလေး
Image credit - Yahoo search

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24916] မေမေ.....မေမေ.... မေမေ.. ရေးသားသူ အာကာ


မေမေ.....မေမေ.... မေမေ..

မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိ၇ှာမှာတုံး ။သားက
အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့
သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်
နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ
မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။
အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ
မေမေရဲ. ။
သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။
"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ.
သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား
ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..

သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်

..မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ

သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။



သားကတိပေးပါတယ် မေမေရယ်...

ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. ...
အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ...



ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော်

... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..



အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...



အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။
မေမေက အရမ်းကို

စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက

မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။



မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..
သားကြောက်လာပြီနော် မေမေရယ်...

တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ

ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့

စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း

ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။

အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ

မေမေရယ် ။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..



ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..

ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...

သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..



သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က

မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်"

လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။



သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..



မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ

ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ .. မေမေ့ဗိုက်လေး

ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?



မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက
အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..

မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို

သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။





မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..
သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်

သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။





ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ
အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့

ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ

များကြတယ်လေ ..



သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်

.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး ..

သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို.

ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို

သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက

သားကိုဘာလို. မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို

ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။





"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို
ဘာမှလဲ မပြောဘူးနော်..

မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ



အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ

သားကိုဂရုမစိုက်တော့ဘူး ။



မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?

ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.

သားခံစားရတယ် မေမေရယ်...။



ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိးနေတဲ့ အချိန်မှာ ဘာလို.

အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲ

မေမေရယ် .. သားငို ချင်လာပြီနော်.. ။



သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင်
..?? သားတို. ဒီနေ. နေရာသစ်ကို

သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့

အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ ...



အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ
သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သားပျော်ပါတယ် မေမေရယ်...။

သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကို

သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု

သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ်

မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်

ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။



မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ
တွေမြန်လာသလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား

လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ

မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်

မေမေရယ် .. ပြောပါ ပြောပါ။



သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။



မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..

မေမေ့.. သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ

မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်..

နော်.............................



/\iv./\iv./\iv./\iv/\iv./\iv/\iv...../\iv ....
______________________________________ (Heart Beats)



မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ
နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ

ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (

Abortion )





မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိ
ုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ

မေမေရယ်..။ သူတို. သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ

မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

ပညာရှင်ကြီးဖြစ်အောင်ကြိုးစားပြိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့
သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..
သား အမေ့ကို နမ်းချင်တယ်..

မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...

သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..



သာဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်...



သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင်
တောင်းပန်ပါတယ် မေမေရယ်..





ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...



သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး



" သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "



Every abortion is just…





One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

ကျွန်တော် ဒီစာလေးရဲ. မူရင်း (English version) ကို ဖတ်ပြီးပြီးချင်း ..
မျက်ရည်ကျမိလို.ဗျာ...



ဒါကြောင့် မနေနိင်တော့ဘဲ ဘာသာလေးပြန်ပြီး ဒီစာလေးရေးလိုက်တာပါဗျာ ..

ကျွန်တော် ဘာသာပြန်တာ မကောင်းခဲ့ ဘူးဆိုရင် တောင်းပန်ပါတယ်ဗျာ...

( သင် Abortion ကို ဆန်.ကျင်တယ်ဆို ဒီ mail လေးကို FWD: လုပ်ပေးပြီး
လူတွေ သိအောင် လုပ်ပေးပါဗျာ ...)



ကျေးဇူးတင်ပါတယ်ဗျာ...

အာကာ

image credit www.sodahead.com

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24915] ဇွဲတင်းနမူနာ လူသား ဆယ်ယောက် - မောင်ဝံသ


လူတိုင်းရဲ့ဘ၀မှာ အခက်အခဲ အကျပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့ရတတ်စမြဲပါ။ အဲသလို ကြုံရတဲ့အခါများမှာ မိမိထက်ပိုပြီး ကြီးကျယ်တဲ့ လူသားကြီးတွေလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ကြတာပဲ၊ သူတို့ဟာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မလျှော့သော ဇွဲလုံ့လ၀ီရိယနဲ့ ကျော်လွှားနိုင်ခဲ့ကြလို့ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့ကြတယ် မဟုတ်ပါလားဆိုတဲ့ ဇွဲတင်းစိတ်ကို မွေးနိုင်ကြဖို့ အရေးကြီးတယ်။

ဇွဲတင်းစိတ်ကို စံနမူနာပြခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီး (၁၀) ယောက် အကြောင်းကို www.school-teacher-student-motivation-resources-courses.com က ဖော်ပြပြီး လူငယ်တွေကို အားပေးထားတယ်။ ထိုပုဂ္ဂိုလ်များကတော့ -

(၁) ဟယ်လင်ကဲလား (Helen Keller)

အသက် ၂ နှစ်သမီးအရွယ်ကတည်းက မျက်မမြင်၊ ဆွံ့အနားမကြား ဖြစ်ခဲ့တယ်။ သို့ပေမယ့် သူမဟာ ပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပြီး ကမ္ဘာအနှံ့ ခရီးလှည့်လည်ကာ လူတွေကို အားပေးစကား ပြောခဲ့သေးတယ်။ ဟယ်လင်ကဲလား (၁၈၈၀-၁၉၆၈) ရဲ့ လက်သုံးဆောင်ပုဒ်က "ကမ္ဘာကြီးဟာ ဒုက္ခသုက္ခတွေနဲ့ ပြည့်ကောင်းပြည့်နေမယ်၊ ဒါပေမယ့် အဲသည် ဒုက္ခတွေကို ကျော်လွှားလွန်မြောက်နိုင်မှုတွေကလည်း အပြည့်ပါပဲ" "The world may be full of suffering but it is also full of overcoming" တဲ့။

ဘ၀မှာ ကြီးမားလှပါတယ်ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသူတွေဟာ ဟယ်လင်ကဲလားအကြောင်းကို သိလာပြီး သူမနဲ့ ယှဉ်ကြည့်လိုက်တော့မှ သူတို့ကြုံနေရတဲ့ ပြဿနာဆိုတာ ပြောပလောက်စရာ မဟုတ်တော့ဘူးလို့ နားလည်သွားကြတယ်။ ဟယ်လင်ကဲလားတောင် ပြဿနာတွေကို ကျော်လွှားနိုင်သေးတာပဲ မိမိက ဘာကြောင့် မကျော်လွှားနိုင်ရမလဲ။ မုချ ကျော်လွှားနိုင်ရမယ်လို့ ဇွဲတင်းနိုင်ခဲ့ကြပါတယ်။

(၂) လန့်စ် အမ်းစထရောင်း (Lance Armstrong)
ကင်ဆာရောဂါကို လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ၊ ဓာတုနည်းနဲ့ ကုသမှုတွေ မဆုတ်မနစ်ပြုလုပ်ကာ အောင်နိုင်ခဲ့သူ၊ ကမ္ဘာ့ပြိုင်စက်ဘီးစီး ချန်ပီယံအဖြစ် ၁၉၉၉ ကစလို့ ခုနစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သူ။ သူ့အမှတ်တံဆိပ် ရော်ဘာ လက်စည်းကလေးကို ၀ယ်ပြီး သူ့ဆီက အားမာန်တွေကို ကူးစက်ယူကြတယ်။ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ အောင်ရမယ်၊ ကြံ့ခိုင်စွာနေရမယ် (Livestrong) ဆိုတဲ့ စွဲမြဲယုံကြည်မှုဟာ ဇွဲတင်းလိုသူတွေအဖို့ တန်ဖိုးကြီးလှပါတယ်။

(၃) မာတင်လူသာကင်း (Martin Luther King)
လူမျိုးနဲ့ အသားအရောင်ခွဲခြားမှုနဲ့ ဆင်းရဲငတ်မွတ်မှုတို့ကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့သူ၊ အမေရိကမှာ လူလူချင်း တန်းတူညီမျှရေး လမ်းဖွင့်ပေးခဲ့သူ။ လူတစ်ယောက်ဟာ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ကျွန်တော်တို့ အားလုံးဟာ အပြောင်းအလဲကို ဖြစ်စေနိုင်ကြတာပဲ။ လိုအပ်တာ တစ်ခုတည်းရှိတယ်။ အဲဒါကတော့ မွတ်သိပ်ခြင်းပဲ။ တစ်ခုခုကို ပြင်းပြင်းပြပြ လိုလားမွတ်သိပ်နေဖို့ပဲ ဖြစ်တယ်

(၄) မဟတ္တမ ဂန္ဒီ (Mahatma Gandhi)
ဗြိတိသျှအင်ပါယာကြီးကို အကြမ်းမဖက် နှလုံးရည်တိုက်ပွဲဖြင့် တော်လှန်ပြီး အိန္ဒိယပြည်ကြီးကို လွတ်လပ်စေခဲ့သူ။ အသားအရောင် ခွဲခြားမှုမရှိ၊ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုမရှိ၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိ၊ ငြိမ်းချမ်းရေးသမားသက်သက် ဖြစ်ပါတယ်။ သူ့ကို တစ်ကမ္ဘာလုံးက ကြည်ညိုလေးစားကြတယ်။ သူသေတော့ ပိုင်ဆိုင်မှုဆိုလို့ မဆိုစလောက် အသေးအဖွဲ ပစ္စည်းကလေးတွေပဲ ကျန်ရှိတယ်။

(၅) ထောမတ် အက်ဒီဆင် (Thomas Edison)
တစ်စုံတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲရှိရင် အဆုံးတစ်နေ့မှာ အောင်မြင်နိုင်တာပဲဆိုတာကို သက်သေထူသွားသူ ဖြစ်တယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့ရာမှာ အကြိမ်ပေါင်း တစ်သောင်း မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်ဆုံးကျတော့ အောင်မြင်သွားပါတယ်။ အက်ဒီဆင်က ဆုံးရှုံးခဲ့တဲ့ အကြိမ်တိုင်းဟာ အောင်မြင်မှုပန်းတိုင်ဆီကို တစ်လှမ်းချင်း နီးကပ်လာတာပဲလို့ ပြောခဲ့ပါတယ်။

(၆) အိုင်းစတိုင်း (Einstein)
၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး ပညာရှင်ကြီး ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီ သီဝရီဟာ သိပ္ပံလောကကြီး တစ်ခုလုံးကို လှုပ်ရှားသွားစေခဲ့တယ်။ သူဟာ တက္ကသိုလ်ကျောင်း မနေခဲ့ဖူးဘူး။ မှတ်ပုံတင်ရုံးက စာရေးလေးဘ၀ကနေ ကိုယ်ထူကိုယ်ထ လေ့လာဆည်းပူးပြီး သိပ္ပံပညာရှင်ကြီး ဖြစ်လာခဲ့တယ်။ အိုင်းစတိုင်း ကလေးဘ၀က တော်တော်နဲ့ စာသင်လို့ မရဘူး။ အသက် ၂ နှစ်ကျော်အထိ စကားမပြောခဲ့ဘူး။ အိုင်းစတိုင်းက "စိတ်ကူးဟာ သုတပညာထက် ပို အရေးကြီးတယ်" လို့ ပြောခဲ့တယ်။ သည်စကားဟာ ကိုယ့်ဘ၀ကိုယ် အားငယ်နေသူတွေအတွက် ဘယ်လောက်ကောင်းတဲ့ အားဆေးကြီးလဲ။ ပညာ ကောင်းကောင်း မသင်ခဲ့ရလို့ စိတ်ငယ်နေသူတွေအတွက် ဇွဲတင်းစရာ ဖြစ်လာပါတယ်။

(၇) ၀င်စတန်ချာချီ (Winston Churchill)

ဒုတိယကမ္ဘာစစ်မှာ ဂျာမနီကို အနိုင်တိုက်ကာ ဗြိတိန်နိုင်ငံကို နာဇီတို့လက်အောက် မကျရောက်အောင် ကယ်တင်ခဲ့သူဖြစ်တယ်။ ချာချီဟာ ဘ၀တစ်လျှောက်လုံး အမြဲတမ်း အောင်မြင်ခဲ့သူ မဟုတ်ဘူး။ ၆ တန်း ကျောင်းသားဘ၀မှာ စာမေးပွဲ ကျရှုံးခဲ့တယ်။ နိုင်ငံရေးထဲ ၀င်တော့လည်း ရွေးကောက်ပွဲဝင်တိုင်း ရှုံးခဲ့တာ အသက် ၆၂ နှစ် အထိတိုင်ဖြစ်တယ်။ နောက်ဆုံးမှာ ရွေးကောက်ပွဲနိုင်ပြီး ၀န်ကြီးချုပ်ဖြစ်လို့ သူ့တိုင်းပြည်ကို ကယ်ဆယ်ခွင့် ရခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့နောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ချာချီကြီး ရှုံးပြန်တယ်။ သူ့တိုင်းပြည်က သူ့ကို လိုတဲ့အချိန်မှာ သုံးပြီး မလိုတဲ့အချိန်မှာ ဖယ်လိုက်တာလို့ ပြောစမှတ် ဖြစ်ခဲ့တယ်။ သို့ပေမယ့် ချာချီဟာ နိုင်ငံရေးကို မစွန့်ခွာဘဲ ဖက်တွယ်နေခဲ့တယ်။ ၁၉၅၁ မှာ ၀န်ကြီးချုပ် ပြန်ဖြစ်တယ်။

(၈) အေဘရာဟမ် လင်ကွန်း (Abraham Lincoln)
စစ်တပ်ထဲ ၀င်တော့လည်း မအောင်မြင်၊ စီးပွားရေးလုပ်တော့လည်း ကုန်ရှုံး ကြွေးတင်၊ ချစ်သူရည်းစား ထားပြန်တော့လည်း အိမ်ထောင်သည်ဘ၀ မရောက်ခင် ချစ်သူက ကွယ်လွန်၊ သူကိုယ်တိုင်လည်း ဘ၀ရဲ့ ထုထောင်းချက်တွေကြောင့် စိတ်ဓာတ်တွေ ကျခဲ့ရတဲ့ လင်ကွန်း။ နိုင်ငံရေးလုပ်ပြန်တော့လည်း ပါဝင်အရွေးခံသမျှ ရွေးကောက်ပွဲတွေမှာ ရှုံးပြီးရင်း ရှုံး။ ကွန်ဂရက်လွှတ်တော်အမတ် ၀င်အရွေးခံတယ်။ ရှုံးတယ်။ ဆီနိတ်ခေါ် အထက်လွှတ်တော်အမတ် ၀င်အရွေးခံတယ်။ ရှုံးပြန်တယ်။ ၁၈၅၆ ကျတော့ ဒုတိယသမ္မတလောင်းဖြစ်ဖို့ ၀င်ပြိုင်တယ်။ ရှုံးတာပါပဲ။ သည်လိုနဲ့ ဇွဲခတ်ပြီး ၁၈၆၀ မှာ သမ္မတလောင်းအဖြစ် ၀င်အရွေးခံတော့ အနိုင်ရခဲ့တယ်။ အမေရိကန်သမိုင်းမှာ အကြီးမြတ်ဆုံး သမ္မတကြီးလို့ ကမ္ပည်းထိုးခံရတယ်

(၉) အက်ဖ် ဒဗလျူ ၀ူးလ်ဝပ် (F.W.Woolworth)
အမေရိကန်က ၁၀ ပြားဆိုင်များရဲ့ သူဌေးကြီး ၀ူးလ်ဝပ် (၁၈၅၂-၁၉၁၉) ဟာ ကုန်ခြောက်ဆိုင် လုပ်သားလေးဘ၀မှာ အလုပ်ရှင်သူဌေးက သူ့ကို ဖောက်သည်တွေနဲ့ စကားပြောခွင့်တောင် မပေးခဲ့ဘူး။ သူ့မှာ ဈေးဝယ်တွေနဲ့ စကားပြောတတ်တဲ့ အရည်အချင်းတောင် မရှိဘူးလို့ အထင်ခံခဲ့ရတာပါ။ အဲသလောက် သူရာမ၀င်ခဲ့သူ ၀ူးလ်ဝပ်ဟာ ၁၉၁၁ ခုနှစ် ရောက်တော့ အမေရိကန်တစ်နိုင်ငံလုံးမှာ ကုန်စုံဆိုင်ကြီးပေါင်း ၅၈၆ ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်လာတယ်။

(၁၀) ရစ်ချတ် ဘက် (Richard Bach)
၁၉၇၀ ပြည့်နှစ်က ထုတ်ဝေတဲ့ ယောနသန်ဇင်ယော် (Jonathan Livingston Seagull) ပုံပြင်စာအုပ်ကလေးကို ရေးခဲ့သူ စာရေးဆရာ။ သူရေးထားတဲ့ ဇင်ယော်ပုံပြင်ကို ထုတ်ဝေသူပေါင်းများစွာက ပယ်ချခဲ့ကြတယ်။ ဒါပေမယ့် သူစိတ်မပျက်ဘူး။ စာအုပ်တိုက် တစ်တိုက်ပြီးတစ်တိုက်ကို ဆက်သွယ်ပြီး ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ မက္ကမီလန် စာအုပ်တိုက်က ယောနသန် ဇင်ယော်ကို ၁၉၇၀ မှာ ထုတ်ဝေခဲ့တယ်။ ၁၉၇၅ ခုနှစ်ရောက်တော့ အဲဒီစာအုပ်ကလေးဟာ အုပ်ရေပေါင်း (၇)သန်း ထုတ်ဝေခဲ့ရပြီးပါပြီ။

ကိုင်း.... သင် ဘယ်လောက် ကံဆိုးနေသလဲ။ ဘယ်လောက် အဆင်မပြေဖြစ်နေသလဲ။ ဘယ်လောက် အခက်အခဲတွေ တွေ့နေရသလဲ။ အထက်ပါ လူဆယ်ယောက်အကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ဆီက ဇွဲ သတ္တိတွေကို ဓာတ်ကူးလိုက်စမ်းပါ။ သင်လည်း မုချ အောင်မြင်တော့မည် အသေအချာ။

[မောင်ဝံသ၊ ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ၊ စာမျက်နှာ-၄၄၅ မှ ၄၄၈]
Article credit to MYANMARTHWAY BLOG by Ko Nyan
Image credit to depositphotos.com

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ (UNFC သတင်းစာရှင်းလင်းပွဲမှ သတင်းထောက်များအား ဖြေကြားချက်)

Posted: 11 Jan 2013 12:52 AM PST

ဂျန္နဝါရီလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ကအစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ်နဲ့တရားဝင်တွေ့ဆုံဖို့အတွက် ပြင်ဆင်တဲ့အစည်းအဝေးလို့သိရပါတယ်။ ဘာအကြောင်း တွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်လိုပြင်ဆင်ထားကြသလဲဆိုတာ သိရအောင် အစည်းအဝေးအပြီးမှာ သတင်းဌာနအသီးသီးက သတင်းထောက်တွေကနေ UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာကို မေးမြန်း ထားတာကို ပြန်လည်တင်ပြလိုက်ရပါတယ်။
nainghantharUNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာ
 
မေး။    ။ အစိုးရနဲ့စစ်တပ်ရဲ့သဘောထား ကိုဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။အစိုးရနဲ့စစ်တပ်မှာကွဲနေတဲ့အနေအထားရှိတယ် အစိုးရဘက်ကဆွေးနွေးချင်ပြီးတော့ တပ်ဖက်က ဖျက်လိုဖျက်ဆီးဆန္ဒနဲ့တိုက်နေသေးတာကိုတွေ့ရတယ်။

မေး။    ။ အခုလို ဖြစ်စဉ်ဟာ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်နေလား။

ဖြေ။    ။ဟုတ်တယ် အများကြီးဖြစ်နေတယ်။

မေး။    ။ ဦးအောင်မင်းကနေ ထပ်မံတွေ့ဆုံဖို့ကမ်းလှမ်းလာတယ်လို့ကြားရတယ်။

ဖြေ။    ။ဟုတ်တယ်။ ဦးအောင်မင်းနဲ့ လွန်ခဲ့တဲ့ နိုဝင်ဘာလထဲမှာ အလွတ်သဘောဘဲ ဆွေးနွေးခဲ့ ရတယ်။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမှရမယ်ဆိုတာ ကျနော်တို့က တင်ပြတော့ သူတို့ က လက်ခံတယ်။ သူတို့လဲနိုင်ငံရေးနည်းနဲ့ဖြေရှင်းချင်တယ်။ အဲလိုဆန္ဒတူညီမှုအပေါ် ကျနော်တို့က တကယ်နိုင်ငံရေးဆွေးနွေးဖို့ Frame Work / Time Frame/ Agenda တို့အပေါ်မှာ သဘောထားပေး ထားတယ်။   သူတို့က ကျနော်တို့ကိုပြည်တွင်းမှာလာဆွေးနွေးစေချင်တယ်။ ကျနော်တို့ အဖွဲ့ဝင်တွေတချို့ကို သူတို့က  Black List ကြေငြာထားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် တွေကို စစ်တပ်က တိုက်နေဆဲဖြစ်တယ်။ ဒါတွေကိုသူတို့မရုပ်သိမ်းသေးရင်ကျနော်တို့က သွားဖို့မသင့် သေးဘူး။ လုံခြုံရေးအရ စိတ်မချရသေးတဲ့အနေအထားမျိုးမို့လို့ ကျနော်တို့က မသွားတာဖြစ်ပါတယ်။ ကျနော်တို့တွေ့နိုင်တဲ့နေရာကိုဆွေးနွေးမယ် ဆိုပြီးပြန်ကြားလာတာတွေ့တယ်။

မေး။    ။ UNFC နဲ့ဆွေးနွေးရင် ကေအိုင်အိုနဲ့ဆွေးနွေးတာနဲ့အတူတူဘဲလို့သူပြောဖူးတယ်မဟုတ်လား။

ဖြေ။    ။ ဟုတ်တယ် ကျနော်တို့လဲသဘောတူတယ်။ UNFC နဲ့ဆွေးနွေးရင် ကေအိုင်အိုအပါ အဝင်ဖြစ် တယ်။ ကေအိုင်အိုနဲ့ဆွေးနွေးမှုတစိတ်တပိုင်း ပါဝင်သွားမယ်ဆိုတဲ့ဟာမျိုးလဲ ဖြစ်စေချင် တယ်။

မေး။    ။ ဒီလထဲမှာတွေ့ဖြစ်မယ်လို့ပြောတယ် ဘယ်နေ့လောက်ဖြစ်မှာလဲ။

ဖြေ။    ။ ဟုတ်တယ်ဒီလထဲမှာဖြစ်မယ်။ ဒါပေမယ့်ဘယ်နေ့လဲဆိုတာ ကျနော်တို့ကို ဦးအောင်မင်းက အကြောင်းမပြန်သေးဘူး။ နေရာကတော့ ထိုင်းနိုင်ငံထဲမှာ ဖြစ်မယ်။

မေး။    ။ ကေအိုင်အိုကိုထိုးစစ်ဆင်တဲ့အကြောင်းတွေဆွေးနွေးမှာလား။

ဖြေ။    ။ဟုတ်တယ်။ ကေအိုင်အိုကိုထိုးစစ်ဆင်နေတာတွေရပ်တန့်ဖို့ အဲတာကိုပြောမယ်။

မေး။    ။ အစိုးရက နိုင်ငံရေးဆွေးနွေးမှုကိုရှောင်နေတယ်လို့ ပြောသံကြားနေတယ်။ ဘာကြောင့်သူက နိုင်ငံရေးဆွေးနွေးမှုကိုရှောင်ချင်တာလဲ။တိုင်းရင်းသားတွေလိုချင်တာကိုသူ့အနေနဲ့မပေးချင်လို့ရှောင်တာလား။

ဖြေ။    ။ဟုတ်တယ် ကျနော်တို့အဲလိုဘဲမြင်ပါတယ်။  နိုင်ငံလွတ်လပ်ရေးမရခင်က ဖဆပလ အနေနဲ့ အင်္ဂလိပ်တွေကိုတော်လှန်တုန်းက လွတ်လပ်ရေးရပြီးရင် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို တန်းတူညီမျှပေးမယ်။ ဗမာအပါအဝင်ပေါ့နော် အဲသလို သဘောတူညီထားကြတယ်။ ကတိတွေ ပေးထား ကြတယ်။ ပင်လုံစာချုပ်မှာလဲအဲလိုပြော ထားတယ်။ ဒါပေမယ့်လွတ်လပ်ရေးရပြီးနောက်ပိုင်း အဲဒါတွေ မပေးဘူး။ မပေးတဲ့အတွက် တိုင်းရင်းသားတွေကတောင်းဆိုတယ်။ အရေးယူမှုတွေရှိ လာ တယ်။ လက် နက်ကိုင်တော်လှန်မှုတွေရှိလာတယ်။ အဲဒီတော့တိုင်းရင်းသားတွေက သူတို့ရဲ့ရပိုင်ခွင့်ကို ရနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးခွင့်ကို အမြဲတမ်း အမြဲတမ်းတောင်းဆိုတယ်။ အစိုးရက ဘယ်တော့မှ နိုင်ငံရေးမဆွေး နွေးချင်ဘူး။ သဘောကတော့ ဒီအခွင့်အရေးကိုမပေးချင်တာဘဲ။ သူတို့အမြဲတမ်း ပြော နေတဲ့စကားက အနောက်ဘက်မှာလူဦးရေ သန်းထောင်ချီရှိတဲ့အိန္ဒိယ အရှေ့ဘက်မှာ သန်းထောင် ကျော် တဲ့တရုတ်။အဲဒီ ၂ ခုကြားမှာဗမာပြည်က သေးသေးကျဉ်းကျဉ်းလေး။ ဒီထဲမှာ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံဖြစ်နေရင် အားမရှိဘူး လူမျိုးတမျိုးထဲဖြစ်ရမယ် ဆိုတဲ့ခံယူချက်တွေ သူတို့ဆီမှာရှိနေတယ်။ အဲတာ သဘော က တော့ ကျနော်တို့တိုင်းရင်းသားတွေကို အားလုံး ဗမာ ဖြစ်ရေးဆိုတဲ့ မဟာလူမျိုးကြီး ဝါဒ သူတို့လုပ် ဆောင်နေတယ်ဆိုတဲ့အပေါ်မှာ တကယ်လို့တွေ့ဆုံတယ်ဆိုရင် ကျနော်တို့က ကိုယ့် အခွင့်အရေးကို တောင်းမယ် သူတို့ကမပေးနိုင်ဘူး အဲသလို အခြေခံအမြင်တွေမတူကြဘူး။ အဲတာ ကြောင့် ဘဲ။ သဘော ကတော့ တိုင်းရင်းသားတွေတောင်းနေတဲ့အခွင့်အရေးကို စားပွဲခုံမှာ သူတို့က ရင်ဆိုင်ပြီးမဖြေရှင်း ချင်ဘူး။ ဖြေရှင်းရင် ဒါ သူတို့ဘက်ကမှားနေတယ် သူတို့ဘက်ကလွန်နေတယ် ဆိုတာ သူတို့ သိတယ်။ ဒါကြောင့် သူတို့ရှောင်နေတာပါလို့ ကျနော်က အဲလိုမြင်ပါတယ်။

မေး။    ။ ကချင်တိုက်ပွဲရပ်တန့်ရေးကိုဆွေးနွေးမယ်။ သို့ပေမယ့် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုကို မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်နေဦးမယ်ဆိုရင် UNFC အနေနဲ့ တခြားနည်းလမ်းကိုသုံးပြီး   ဖြေရှင်း ရမယ်ဆိုတာကကော ဘယ်လိုနည်းလမ်းကိုဆိုလိုပါ သလဲ။လက်နက်ကိုင်တိုက်သွား မယ်ဆို တဲ့သဘော လား။

ဖြေ။    ။အဲဒီကိစ္စကိုကျနော်တို့ လောလောဆယ် မဆုံးဖြတ်ရသေးဘူး ။လာမယ့်အစည်းအဝေး တွေမှာ ဆွေးနွေး ပြီး တော့ ဆုံးဖြတ်သွားမယ်။ သဘောကတော့ ကျနော်တို့ ဦးအောင်မင်းနဲ့တွေ့ပြီးတော့ ပြောရဦးမယ်။ သူတို့တုန့်ပြန်တဲ့အပေါ်မှာဆက်ပြီးတော့ စဉ်းစားသွားမယ်။ လိုအပ်မှပေါ့လေ။ မလွဲ မရှောင်သာ လွန်းရင်တော့ စစ်ရေးနည်းနဲ့ပြန်တုန့်ပြန်သင့်ရင်လဲ ပြန်တုန့်ပြန်ရမယ်။ ဒါပေမယ့် ဒီနည်း ဟာဖြင့် အကျိုးမရှိဘူးလို့တော့မြင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့်ရှိမယ်ဆိုရင်တော့ နည်းလမ်းရှာပြီး တော့မှ ဖြေရှင်းသွားမယ်။

မေး။    ။ နိုင်ငံတကာကို ကြားဝင်ဖြေရှင်းပေးစေချင်တယ်ဆိုတာကကော။

ဖြေ။    ။အော်- နည်းပေါင်းစုံရှိပါတယ် နိုင်ငံတကာကို ကြားဝင်ပေးအောင်တောင်းဆို ဖို့က။ တချို့အနေ အထားမှာ  သူတို့ကနေကြားဝင်လို့ရပေမယ့် တချို့အနေအထားမှာကျတော့ စီးပွါးရေးအရ နိုင်ငံရေး အရ သူတို့အကျပ်ကိုင်တဲ့နည်းနဲ့ သူတို့လုပ်လို့ရတယ်။ ဒါပေမယ့် သူတို့က ဒီလိုအယူအဆ သူတို့ဟာ သူတို့ နားလည်မှုရှိရင် သူတို့ဟာသူတို့လုပ်နိုင်တဲ့နည်း လမ်းကပေါင်းစုံရှိတယ်။ ဘယ်ဟာကို အဓိက ထား လုပ်မလဲဆိုတာကို ကျနော်တို့မပြောနိုင်သေးပါဘူး။ ဥပမာ စီးပွါးရေးရင်းနှီးမြှုပ်နှံမှုကိုပိတ်ပင်မယ် နိုင်ငံရေးအရ အကျပ်ကိုင်မယ်။ နည်းပေါင်းစုံရှိတယ်လေ။ တဖက်က ကျနော်တို့ကိုကူညီမယ် စသဖြင့် လုပ်နိုင်တာပေါ့။ အတိအကျလို့တော့ မဆိုလိုပါဘူး။ သူတို့လုပ်သင့်တဲ့နည်းလမ်းလို့ဘဲဆိုတာပါ။ 

မေး။    ။ UNFC အနေနဲ့ အကူအညီတောင်းဆိုချင်တယ်ဆိုတာက ဘယ်လိုနိုင်ငံများကိုအဓိက ရည်ရွယ် ပါသလဲ။

ဖြေ။    ။ ဗမာအစိုးရကို အကျပ်ကိုင်နိုင်တဲ့နိုင်ငံတွေကတော့ အမေရိကန်တို့လို အီးယူတို့လို ဂျပန်နိုင်ငံ တွေတို့လို အင်အားကြီးနိုင်ငံတွေ နိုင်ငံရေးအရရော စီးပွါးရေးအရရော ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်နိုင်တဲ့ အနေ အထားမှာပေါ့နော်။ အဲဒီနိုင်ငံတွေရဲ့တွန်းအားပေးမှုကိုသူတို့တော်တော်လေး အလေး ထားနေတယ်။တကယ်လို့အဲဒီအရေးမှာလုပ်ဆောင်ပေးမယ်ဆိုရင်တော့ တော်တော်လေးထိရောက်မယ် လို့ ကျနော်မြင်ပါတယ်။

မေး။    ။ UNFC ရဲ့ ၂ နှစ်တာကာလမှ အောင်မြင်မှုတွေ ဘာတွေရခဲ့လဲ။

ဖြေ။    ။ဒီနောက်ပိုင်းမှာတိုင်းရင်းသားတွေရဲ့ စုစည်းညီညွတ်မှုအထိုက်အလျောက်ရလာတာ။ နောက် နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော လူထု တွေရော ကျနော်တို့တိုင်းရင်းသားတွေရဲ့ လိုလားတောင်းဆိုမှုကို သူတို့နားလည်လာတယ်။ တိုင်းရင်း သားတွေရဲ့လိုချင်တဲ့ပြဿနာ တိုင်းရင်းသာတွေ ဖြစ်နေတဲ့ အဓိက ပဋိပက္ခကို မဖြေရှင်းနိုင်ရင် ကျနော် တို့တိုင်းပြည်ဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ မတိုးတက်နိုင်ဘူးဆိုတာ အများစုက သိလာတယ်။ နားလည်လာတယ်။ ဒါတိုးတက်မှုလို့ကျနော်မြင်တယ်။ အခုနောက်ပိုင်း နိုင်ငံ တကာက ကျနော်တို့ UNFC ကိုအများကြီးအသိအမှတ်ပြုလာတယ်။ ဆွေးနွေးညှိနှိုင်းလာတယ်။ ဒါလဲ ရှိတယ်။တချို့နိုင်ငံတွေက အခုလို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပေါ်လာတဲ့အပေါ် တပ်ပေါင်းစုံ ကနေ အကူအညီပေးလာတာရှ်ိတယ်။ ဥပမာ ဒုက္ခသည်တွေကိုအကူအညီပေးတယ်။ ဆက်ဆံရေးရုံး တွေကို အကူအညီပေးတယ်။ နောက်တွေ့ဆုံဆွေးနွေးဖို့ ဒီဝေါ့ခ်ရှော့ပ်တွေပေးပြီးတော့ အသိပညာ ဗဟုသုတ တွေ ပေးတာ။ တိုင်းရင်းသားညီလာခံတွေ အစည်းအဝေးတွေလုပ်ရင် အကူအညီပေးတာ အဲလိုဟာတွေ အများကြီးရှိလာတယ်။ ဒါ ကျနော်တို့ကိုနိုင်ငံတကာကပေးတဲ့အားပေး ကူညီမှုဘဲလို့ ကျနော်မြင်တယ်။

မေး။    ။ အားနည်းချက်တွေကော် ဘာတွေတွေ့ရလဲ။

ဖြေ။    ။အားနည်းချက်ဆိုတော့ ကျနော်တို့အထဲမှာ အမြင်မတူတာအနည်းအကျဉ်းတော့ရှိတာပေါ့နော်။ အဖွဲ့အစည်းတခုချင်းထဲမှာလဲရှိတယ်။ UNFC ထဲမှာလဲရှိတယ်။ တချို့ကတော့အစိုးရရဲ့ဒီအပစ် အခတ် ရပ်စဲရေးနဲ့ ဒီငြိမ်းချမ်းရေးကိစ္စအပေါ်မှာ အယုံအကြည်  များနေတယ်။တချို့လဲ ယုံကြည်မှုနဲ တယ်။ နောက်အရေးကြီးတဲ့ကိစ္စတခုက အခုလို ကချင်က တဖွဲ့တည်းအတိုက်ခံနေရတဲ့အပေါ် ကျနော် တို့ ဘက်က စစ်ရေးနည်းနဲ့ ဘက်ပေါင်းစုံကနေပြန်မတိုက်ကူနိုင်တဲ့ကိစ္စ ကျနော်တို့ရဲ့အားနည်းချက်လို့ ကျနော်တို့လဲမြင်တယ် အများလဲမြင်တယ်။  ဒါပေမယ့် အဲလိုပြန်တုန့်ပြန်မယ်ဆိုရင်လဲ ရထားတဲ့ နိုင်ငံရေးဆွေးနွေးချက်ကို အပျက်မခံချင်တဲ့ဆန္ဒတွေလဲ တချို့တော်တော်များများ တွေမှာရှိနေသေး တော့ ဒါကိုချိန်ဆပြီးတော့ လုပ်နေရတာပါ။

မေး။    ။ ကေအိုင်အိုကို သွားပြီး ကူညီတိုက်ခိုက်ဖို့ဆိုတာ ဒီ ၄ ရက်တာအစည်းအဝေးမှာကော ဆွေး နွေးဖြစ်သေးလား။

ဖြေ။    ။မြောက်ပိုင်းမှာ ရခိုင်တို့ ပလောင်တို့ ကျောင်းသား ABSDF တို့ ပေါင်းပြီးတိုက်နေတာလဲ ရှိပါ တယ်။ နောက်သျှမ်းတွေနဲ့လဲ ဝိုင်းပြီးတော့ ခံတိုက်နေရတာကိုး။ တောင်ပိုင်းမှာအပစ်ခတ်ရပ်စဲမှုမှာ နဲနဲမြင့်တယ်လို့ပြောရမှာပေါ့ ။ အဲဒီကိစ္စကတော့ ဒီတောင်ပိုင်းမှာ လက်တွေ့တပ်ဖွဲ့တွေ ထပ်တိုက်မယ် ဆိုတဲ့ အနေအထားကတော့မရှိသေးဘူးပေါ့နော်။တောင်ပိုင်းမှာ စစ်ရေးနည်းနဲ့ ဘယ်လိုမြင့်တင်နိုင် မလဲဆိုတာ ကျနော်တို့ အတွင်းမှာ အများကြီးဆွေးနွေးရဖို့ရှိပါသေးတယ်။

မေး။    ။ UNFC ထဲမှာ အဖွဲ့ဝင်တချို့ကလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတယ်။ တချို့လဲ စစ်တွေတိုက်နေရဆဲ တွေ့ရတယ်။ အမှန်ဆို UNFC ကနေတစ်သံတည်း မထွက်နိုင်ဘူးလား။

ဖြေ။    ။ဒီလိုပါ။ တသံထည်းထွက်ဖို့ဆိုတာ အမြင်မတူတဲ့အပိုင်းတွေက ရှိနေသေးတာကိုး။ တူညီတဲ့ အပိုင်း လဲရှိတယ်။ နိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့နေရာမှာ တပြည်လုံးခြုံပြီး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်။ အဲဒီမှာတိုင်းရင်းသားတွေ ကျနော်တို့အဖွဲ့အစည်းတွေအားလုံးပေါ့နော်UNFC အနေနဲ့ ဒါမှမဟုတ် ဒီ့ထက်ပိုကျယ်ပြန့်ဖို့က လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့အားလုံး  စုပြီးတော့ဆွေးနွေး ရမှာ။ အဲလိုမှပြေလည်နိုင်တယ်ဆိုတဲ့ ခံယူချက်ကတော့ တူညီကြတယ်။ အခိုင်အမာဘဲရပ် တည်နေကြ တယ်။

မေး။    ။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ဆိတ်နေမှုကိုရော ပြောပြပေးပါဦး။

ဖြေ။    ။ကျနော်တို့မြင်တာက သူက တဖက်က နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းပေါ့နော်။ လက်ရှိ အစိုးရနဲ့ စစ်တပ်တွေနဲ့ နားလည်မှုရပြီးတော့ အနီးကပ်ပေါင်းသင်းပြီးတော့မှ ယုံကြည်မှု တည် ဆောက်မှု ခိုင်မာလာတဲ့အပေါ်မှာမှ အပြောင်းအလဲလုပ်လို့ရမယ်ဆိုတဲ့အနေအထားမျိုးနဲ့သူက ဝင်ပြီး တော့ ပူးပေါင်းနေတယ်။ ရွေးကောက်ပွဲဝင်တယ်။ အခု အထဲမှာရောက်နေတယ်။ ဝင်ပြီးတော့ ညှိနှိုင်း နေတယ်။ အဲဒီလမ်းစဉ်အရသူသွားနေတဲ့အနေအထားမျိုးမှာတဖက်က ကျနော်တို့ကိစ္စတွေမှာအတိုက် အခံဖြစ်နေတယ်။ ဒါကို သူက ဒီဘက်ကိုလျှော့ပြီးတော့မှ ဟိုဘက်ကို အားသွင်းနေတဲ့သဘော မျိုးတခုရှိ တယ်။ နောက်တဖက်က သူက တိုင်းရင်းသားမဟုတ်တော့ ကျနော်တို့ရဲ့ခံစားချက်တွေကို သူသိပ်နား မလည် ဘူး။ အပေါ်ယံအားဖြင့်တော့ သူနားလည်နိုင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမရှိရင် ကျနော်တို့နိုင်ငံက ဘယ်လိုမှမအေးချမ်းနိုင်ဘူး ဆိုတာကိုတော့ သူသိတယ်။ ကျနော်တို့တိုင်းရင်းသား တွေ လို နာကျည်းမှုတော့ သူ့မှာ မရှိဘူးပေါ့။ ဒီတော့ သူ့မှာ အဓိက နဲ့ အရံပြဿနာ ကိုရွေးချယ်တဲ့ နေရာ မှာ ဒါကတော့ အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ အေးအေးချမ်းချမ်းနဲ့ ဒါ နားလည်မှုခိုင်မာတဲ့ အပေါ် မှာ  လုပ်သွားရင် ပိုပြီးထိရောက်မယ်ဆိုတဲ့အမြင်မျိုးရှိနေလိမ့်မယ်လို့တော့ ယုံကြည်တယ်။

မေး။    ။ ခုတလောမှာ တိုင်းရင်းသားကိစ္စအတွက် အစိုးရက သူ့ကို တာဝန်မပေးလာလို့ သူနှုတ်ဆိတ်နေရ တယ် လို့ ပြောဆိုတဲ့အသံတွေ ထွက်လာပါတယ်။

ဖြေ။    ။အော် အဲလိုလား။ အစိုးရကတာဝန်ပေးလာမှ လုပ်မယ်ဆိုတဲ့သဘောမျိုး အဲ့လိုဆိုရင်တော့ အစိုးရနဲ့ ဆန့်ကျင်ဘက်အမြင် မဖြစ်အောင် သူ တော်တော်လေး ထိန်းနေရတာဖြစ်မယ်။ အပျက်မခံ နိုင်ဘူး လို့မြင်ပါတယ်။

မေး။    ။ ၄ ရက်အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်တွေရှိသလဲ။

ဖြေ။    ။အဓိကက ကျနော်တို့လုပ်ငန်းတွေကို တိုးချဲ့မြင့်တင်သွားဖို့။ နိုင်ငံတကာဆက်ဆံရေး မှာရော ပြည်တွင်း ဆက်ဆံရေးမှာကော ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့၊ UNFC ရဲ့ အဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ နားလည်မှုရယူဖို့  နိုင်ငံတကာမှာထိုးဖောက်နေရာယူနိုင်ဖို့ စတဲ့ လုပ်ငန်းတွေကို ချမှတ် နိုင်ခဲ့တယ်။ ကေအိုင်အိုကိုလဲ ဘယ်လိုကူညီမှုပေးသင့်မလဲဆိုတာတွေကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်။

RFA Burmese Weekly Newsletter-January 11, 2013

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၁၁ ရက် အထိ

အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်




* * *

Radio Free Asia

2025 M Street NW, Suite 300,

Washington DC 20036, USA

202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia

Burma News International - January 11, 2012

Burma News International

Burma News International
January 11, 2013


Thousands of Kachins protest at Chinese border

More than 1,200 Kachin people living in Yunnan Province marched to the Sino-Burmese border on Thursday in an act of solidarity with their ethnic brethren in Kachin State. At the same time, thousands of Kachins protested on the Burmese side of the border.

No peace talks while war on Kachin goes on

Winding up the 4-day United Nationalities Federal Council (UNFC) meeting yesterday, General Secretary of the 11 member organization alliance Nai Hongsa reiterated this morning that there would be nothing to talk about at the next round of peace talks with Naypyitaw’s point man U Aung Min as long as the offensive against Laiza, the headquarters of its leading member Kachin Independence Organization / Kachin Independence Army (KIO/KIA) continues.

China reported sending troops to Burma border

China has reportedly sent soldiers to its border with Burma amid concern that escalating violence between Burmese government forces and the Kachin Independence Army (KIA) may spill over into Yunnan Province, Reuters reported on Friday evening, quoting Chinese media.

Burmese sex education magazine deemed ‘near pornography’

Burma’s first “sex education” magazine has proven a bit too steamy for Burma’s notoriously draconian censors who have banned its publication after only one issue.

SME committees to be headed by President and Vice-Presidents

Burma’s President’s Office has announced that two committees have been formed to promote the development of small and medium enterprises (SMEs) with effect from January 9.

President hints at pay rise for govt employees

In a presidential address to Parliament on Thursday, Thein Sein hinted that he would approve increasing the salaries of civil servants in the coming fiscal year.

ဆွေးနွေးပွဲများဖြစ်ပေါ်လာရန် စစ်ပွဲအရှိန်လျှော့ချဖို့လိုကြောင်း ၈၈ ခေါင်းဆောင်ပြော

ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် ယခုဖြစ်နေသည့် ကချင်ဒေသအတွင်းရှိ စစ်ပွဲအရှိန်ကို လျှော့ချပေး ရန်လိုကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ ယမန်နေ့ က ပြောကြားခဲ့သည်။

Electronic Online ဆွေးနွေးရန် KIO နှင့် အစိုးရငြိမ်းအဖွဲ့သို့ လွှတ်တော် တိုက်တွန်း

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား မျက်နှာချင်းဆိုင် ပြန်လည်မတွေ့ဆုံနိုင်မီ နှစ်ဖက် Electronic Online ဆွေးနွေးမှုများ ပြုလုပ်ကြပါရန်
ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်းအကြံပြုလိုက် သည်။

နဘုလယ်ဒေသခံများကို အိမ်ခြံမြေများ ပြောင်းရွှေ့ပေးရန် အီတာလျံထိုင်းကုမ္ပဏီ ဖိအားပေးနေ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာများသို့ အီတာလီလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ကုမ္ပဏီမှ ၎င်းတို့၏ စီမံကိန်းနယ်မြေများ အတွက် ဒေသခံများ၏အိမ်ခြံမြေများကို ပြောင်းရွှေ့ပေးကြရန် ဖိအားပေးခိုင်းစေနေကြကြောင်း နဘုလယ်ဒေသမှလာသည့်သတင်းများအရ သိရသည်။

ရခိုင်ဗီဒီယိုကား ၂၂ ကား ရိုက်ကူး ထုတ်လုပ်ခဲ့သူ ဦးမောင်ညိုအား ဂုဏ်ပြုလွှာ ပေးအပ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို (ပန်းချီ မင်းညို) အား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ ရခိုင်ပြည်နယ် ဗီဒီယို အခြေခံ အဖွဲ့က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်ဟု သိရသည်။

ကော့သောင်းရောက် ဒုက္ခသည် ၈၅ ဦး ရန်ကုန်သို့ ပို့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား လှေစီး ဒုက္ခသည် ၈၅ ဦးကို သောကြာနေ့ နံနက်က ရန်ကုန် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

KIA တပ်ဖွဲ့များ အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်

ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ ဒေါ့ဖုန်းယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောသည်။

အိန္ဒိယ ၇ ပြည်နယ် စီးပွားရေးညီလာခံ စစ်ကိုင်း ဝန်ကြီးချုပ် တက်ရောက်

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ၇ ပြည်နယ်၏ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ (NEBS) သို့ မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သမ္မတထံ လိပ်မူသည့် အိတ်ဖွင့်ပေးစာ ထိုင်းရဲမှတဆင့် ပေးပို့ခဲ့ရ

ယနေ့ မြန်မာသံရုံးရှေ့ အိတ်ဖွင့် ပေးစာကမ်း ဆန္ဒပြနေမှု မြင်ကွင်း (ဓါတ်ပုံ-Tai Community Online)ကချင် စစ်ပွဲ ရပ်ဆိုင်ရေး အပါအဝင် အချက် လေးချက် ပါသည့် အိတ်ဖွင့် ပေးစာအား ကချင်နှင့် အခြား တိုင်းရင်သား ညီအစ်ကို များမှ သမ္မတထံ လိပ်မူ၍ အိပ်ဖွင့် ပေးစာပေးပို့ခဲ့ရာ ဗန်ကောက် မြန်မာ သံရုံးမှ အရာ ရှိများက လက်ခံ ယူခဲ့ခြင်း မရှိဘဲ ထိုင်းရဲမှ တဆင့် ပေးအပ် ခဲ့ရကြောင်း အိတ်ဖွင့် ပေးစာ ကမ်းရာ၌ ပါဝင် တက်ရောက် ခဲ့သူ တစ်ဦး ဖြစ်သည့် ကို Slg.La Nu Nam မှ ပြောသည်။

နှစ်သစ်ကူးပွဲတော်အကြိုနေ့အဖြစ် မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့်တွင် စတင်ကျင်းပ

ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ်။ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်(၇၅ နှစ်မြောက် စိန်ရတု) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ မဟာဆေး ၀င်္ဂဘာ အာလိန်ငါးဆင့်ကျောင်းဝင်းအတွင်း၌ ပွဲတော်အကြိုနေ့အဖြစ် ယနေ့ စတင် ဖွင့်လှစ်ကျင်းပလိုက်သည်။

တနင်္သာရီ ဝန်ကြီးချုပ် ထိုင်း စီးပွားရေးဇုန်များသို့ သွားရောက်လေ့လာ

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ပြီး ဒေသနှင့် သင့်လျော်သည့် စီးပွားရေး လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့သည် ထိုင်းနိုင်ငံရှိ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် စသည်တို့ကို သွားရောက် လေ့လာခဲ့ကြောင်း ခရီးစဉ်အတွင်း လိုက်ပါလာသည့် စီးပွားရေး လုပ်ငန်းရှင်နှင့် နီးစပ်သူတို့က ပြောသည်။

သတ္တုတွင်း ၀န်ကြီးဋ္ဌာနမှ ရှစ်လတာ တရားစွဲမှု ပြေလည်

သတ္တုတွင်း ဝန်ကြီးဋ္ဌာန နှင့် အခြား ဝန်ကြီးဋ္ဌာန များတွင် ငွေကြေး အလွဲသုံးစားမှုများ ရှိကြောင်း ဖော်ထုတ် ရေးသား ခဲ့သည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီး ဌာနမှ အသရေ ဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဆွဲဆို ထားခြင်းကို ၀န်ကြီးဋ္ဌာန ဘက်မှ ပြန်လည် ရုပ်သိမ်းရန် သဘောတူလိုက်ပြီဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံသို့ သွားမည်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပထမဦးဆုံး ပြည်ပခရီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မဏိပူရ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် စစ်ကိုင်းတိုင်း စိတ်ဝင်စား

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းက ဝယ်ယူသုံးစွဲဖွယ်ရှိ ကြောင်း သိရှိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[aurorageneration] Re: မွတ်စလင် စစ်တမ်း

ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးပြည်ကြီးပေါက် ကုလားလား။
ဘင်္ဂလီကုလားလားပြောအုံး။

On 1/11/13, SOE HTUT <soehtut1@gmail.com> wrote:
> ဟာရွန်းနော် ကုလားနော်.... ကိုယ်နိုင်မယ်ထင်ရင် ၀င်ပြောမယ်...ဟာရေး..
> ခံရမယ့်မေးလ်ဆို ဟာရွန်းနော် မဖတ်မိချင်ယောင်ဆောင်တယ်
> ၀င်မပြောတော့ဘူး...အလာ့ကို ပြောတာ ဟာရွှန်းမသိဘူး.. ဟာရွန်းနဲ့ ဆိုင်ဘူး...
> အလာလဲ ကိုယ်ဖြစ်ကိုယ်ခံဘဲ...ဟာရွန်းကို ဆွဲမသွင်းချနဲ့ ကုလားနော်
> အားကြီးရှင်းရခက်တယ်........ဟာရွှန်းကုလားနော် ဒါပေမယ့် အားကြီးလည်တယ်.....
> မြန်မာရယ်လည်တယ်............. ဟာရွှန်းလည်း ကုလားဘဲ ကုလားရုပ်ပေါက်တယ်နော်....
> နောက်တစ်ချိန် ဟာရွန်း ဆောက်ဒယ်က ဒေါ်လာပေးရင် ကုလား တိုက်ဆောက်မယ်......
> ဟာရွှန်းကို ကုလားလို့မခေါ်နဲ့ အားကြီးစိတ်ဆိုးလယ်...... မြန်မာတွေ ဟာရွန်းကို
> ကုလားလို့ခေါ် အသေမုန်းတယ်... ဆောက်ဒီက ပိုက်ဆံပေးမယ်ဆို ဟာရွန်းနော်
> ချက်ချင်းကုလားဖြစ်တယ်......ဟာရွန်းနော် ပိုက်ဆံမက်ဘူး... ဘာသာအတွက်
> အသေခံမယ်..... ဘာာာာာာာာာာာာာာာ ဒီလောက်လေးပေးလို့ရမလား အနဲ.....ဆလံမာလေးကွမ်း
> မာလေးကွမ်းဆလံမရဘူး..........ဖုန်းကိုဈေးတင်ရောင်းမယ်... ကြာသပတေးနေ့
> ဟာရွန်းနော် ကုလားနော်.....ပလီသွားတယ် သူများဘာသာတွေကို မဆဲဘူး.....
> မေတ်တာပို့တယ်..... ငါ့ကို မေးလ်ပို့တဲ့သူတွေ သေချင်းဆိုးနဲ့ သေပါစေဆိုပြီး
> ...........
>
> ပျော်ရွင်ပါစေ..................ဟဟဟဟ
>
> On Fri, Jan 11, 2013 at 7:07 PM, Haroon <roon.ha@gmail.com> wrote:
>
>> သနား သနား သနားတယ်
>> On Jan 11, 2013 4:24 PM, "သုရှင်" <cyniccancer@gmail.com> wrote:
>>
>>> တစ်ကမ္ဘာလုံးသိပါတယ် ဟာရူး ရာ။ မင်းတို့ မွတ်စလင်တွေ ဘာတွေ ဆိုတာကို။
>>>
>>> On 1/11/13, Haroon <roon.ha@gmail.com> wrote:
>>> > This is my status abt stereotypes :
>>> >
>>> > -
>>> > You think Muslims are bad after seeing some Muslims with rocket
>>> > launchers.You might be a Buddhist extremist.
>>> >
>>> > -
>>> > You will say about peace and love which laung Buddha has taught, then
>>> you
>>> > will just shout out loud to kill all Rohingyas. You might be a Buddhist
>>> > hypocrite.
>>> >
>>> > -
>>> > You call Monks to assist in protests and when they get hurt, you blame
>>> on
>>> > the local authority.
>>> > You might be a stupified Buddhist.
>>> >
>>> > -
>>> > You tell how good Buddhism is and say that Muslims worship air. And
>>> > then
>>> > you will bow your head and worship a lifeless statue.
>>> > You might be a one-eyed Buddhist.
>>> >
>>> > -
>>> > You talk about how Muslims are destroying the world and you again will
>>> > rudely act upon other people's religious buildings. Sometimes even
>>> > break
>>> > down them. You might be a mad Buddhist.
>>> >
>>> > - You can't think beyond your imagination and you believe rumours and
>>> > mouth-stories without thinking. You will then argue with righteous
>>> people.
>>> > You might be a stupid silly Buddhist.
>>> >
>>> > Enough or want more?
>>> > I can think of ten more stats.
>>> >
>>> > ;)
>>> >
>>> > Stereotypic bitches and the puppy followers.
>>> >
>>>
>>>
>>> --
>>> *အမှန်မြင်မှ...အမြင်မှန်မည်။*
>>>
>>> *သုရှင်*
>>>
>>
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.

[aurorageneration] Re: ဗုဒ္ဓသာသနာရဲ့အနာဂတ်မျိုးဆက်လေးများ...(ဗုဒ္ဓဘာသာဝင်သူငယ်ချင်းများအတွက်)

ဒါပေါ့ လူကမွေးတော့ လူပေါ့ ။ အသိပညာ တွေသင်ပေးတာလေ။မွတ်စလင် ကုလားကမွေးတော့
အကြမ်း ဖတ်သမား မုဒိမ်းကောင် ဇြစ်ရတာပေါ့။ ဒါခြားနားချက်နော်
မြင်အောင်ကြည်မှ မြင်မယ်။
ဗိုက်ဆာ လို ပါမုန့်ခိုးစားလည်း ကလေးလက် ကားဘီးနဲမကြိတ် ဘူး တိုဗုဒ္ဓ ဘာသာမှာ
ကလေးဘ၀ ခြင်တောင် မသတ်ရဘူး ။ကဲပြောကြပါအုံး မွတ်စလိမ်တွေမင်းတိုမြင်မြတ်ပါတယ်
ဆိုတဲ အလာ ကြီး လိမ်မာအောင်မသင်ပေးဘဲ မုဒိမ်းကျင် အကြမ်းဖတ်လူသတ်ဖိုသင်ပေးခဲသလား။

On 1/11/13, သုရှင် <cyniccancer@gmail.com> wrote:
> မွတ်စလင် တဏှာရူးတွေနဲ့တော့ ကွာပါ့ကွာ။
>
> On 1/11/13, ပြည်ချစ်စစ်သွေး <pyichitsitthwe@gmail.com> wrote:
>> သာဓု သာဓု သာဓု အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးပါအေမီရေ
>>
>
>
> --
> *အမှန်မြင်မှ...အမြင်မှန်မည်။*
>
> *သုရှင်*
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.

[aurorageneration] Re: သို့ဋ္ဌေးလွင်ဦး သိစေရန် ရက် စွဲ ။ ဇန္န ၀ါရီ လ (၉)ရက်၊ ၂၀၁၃ ခုနှ စ်။

မွတ်မ တွေက ခေါင်းမူးသာခြုံတာဗျာ ဖင်တော့မလုံဘူး။ ဒါကြောင့်ထင်တယ်မွေးလိုက်တာများ
စက်တတ်ထားတဲ့အတိုင်းဘဲ။ နောက်က နှိက်နေတာ လင်းထက်ဆွေ လေ
NGO မှာသူ ဒီလိုဘဲလုပ်စားနေတာ။ လက်ထိပ်လေး အရသာခံရလည်း မနည်းဘူးဆိုတဲလုမျိုးလေ။

On 1/11/13, သုရှင် <cyniccancer@gmail.com> wrote:
> စကားလုံးများစွာတို့သည် နောက်ဆုံးပုံတစ်ပုံကြောင့် ဟာသဖြစ်ရပေတော့သည်။
> မွတ်စလင်တွေ မွတ်စလင်တွေ။
>
> On 1/11/13, ပြည်ချစ်စစ်သွေး <pyichitsitthwe@gmail.com> wrote:
>> [image: Inline image 1]
>>
>
>
> --
> *အမှန်မြင်မှ...အမြင်မှန်မည်။*
>
> *သုရှင်*
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.