ဇေယျသုခ အရှင်နန္ဒဝံသ ဇန်န၀ါရီ ၁၃၊ ၂၀၁၃ တမူးရလို့ တပဲလှူ.. ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလားတဲ့။ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော စကားလေးတစ်ခွန်းပါ။ ဘာကိုဖေါ်ညွှန်းပါလိမ့် မလဲလို့ ရင်ထဲတွေးခဲ့ဘူးပေါင်းလဲ အကြိမ်းအားဖြင့် မနဲတော့ချေ။  အခုတော့မူ  မြန်မာဟူသည် အလှူနဲ့ကင်း၍ မတင်းတိမ်နိုင်သော လူမျိုး ဆိုတာ သိလာရပေပြီ။ စာရေးသူအခြေချ သီတင်းသုံးရာ ကျောင်းလေးသည်ကား ပမာဏအားဖြင့် ကြီးကျယ်သည်ဟု ဆိုဖွယ်ရာမရှိသေးပါချေ။ သဘာဝဘေးဒဏ် အမြဲခံရတတ်သည့်ရပ်ဝန်းကျင်တွင်တည်ရှိသောကြောင့်လည်း ကျောင်းဝန်းကျင်သည် သယာဖွယ်တို့နှင့် တင့်တယ်လှသည်ဟု မဆိုသာ ပေ။   နွေလဲ နွေမို့ အပူတို့က ကြီးစိုးမင်းမူကြစမြဲ။ ဆောင်းလဲ ဆောင်းအလျှောက် နှင်းပေါက်တို့က  ကျရောက်စမြဲ။ ● အပူကိုမကြောက် နှင်းထုကိုဖောက်၍ မြို့ကြီး ပြကြီး ကျောင်းကြီးတွေလို မစိုပြေ မသာယာ မခန့်ငြားပေမဲ့ စည်ကားမှုကတော့ [...]

Read more of this post