သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ညီလာခံကြီးမှ အချက် ၆ ချက် သဘောတူညီမှု ရရှိ

Posted: 15 Jan 2013 01:08 AM PST

ရခိုင်တမျိုးသားလုံး ညီညွှတ်ရေးကို အကြောင်းပြုပြီး ၄ ရက်ကြာ ပြုလုပ်ကျင်းပသည့် ညီလာခံကြီးမှ သဘောတူညီချက် ၆ ချက်ရရှိကြောင်း သိရှိရပါသည်။
Arakan                                           Photo:Workshop Committee

"ရခိုင်လူမျိုးတွေ ညီညွှတ်ရေးအတွက် ကြိုးစားလာတာကြာပြီ။ ဒါပေမဲ့ တည်ဆောက်တိုင်း ပြိုကွဲခဲ့ တယ်။ ကျမတို့ တိုင်းပြည်မှာ နိုင်ငံရေး အခြေအနေ ပွင့်လင်းလာစရှိပြီ။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ လည်း တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့လိုတယ်။ ဒါကြောင့် ညီညွှတ်ရေးကို အကြောင်းပြုပြီး ညီလာခံပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်း က ပြောပါသည်။

ရခိုင်တမျိုးသားလုံး ညီလာခံကို ၂၀၁၃ ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ ၄ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ ရဟန်းသံဃာအဖွဲ့၊ ရခိုင်နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ အမျိုး သမီးအဖွဲ့ စသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

"ရခိုင်တိုင်းရင်းသား ညီညွတ်ရေးဆောင်ရွက်ဖို့ အဓိကဆွေးနွေးတယ်။  မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်တွင်းက အဓိကရုဏ်းကိစ္စ၊ ရှေးဆက် ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတာ စုံစုံလင်လင် ဆွေးနွေးခဲ့ကြပါတယ်" ဟု စောမြရာဇာလင်း က  ဆက်ပြောပါသည်။

ညီလာခံကြီးမှ ရရှိလာသည့် သဘောတူညီချက် ၆ ချက်မှာ -

၁) ရခိုင်တို့၏ ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးမူအပေါ်တွင် ညီညွှတ်စွာ လက်တွဲလုပ်ဆောင်ရန် သဘောတူကြသည်။

၂) ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်လက်လုပ်ဆောင်ရန် ရခိုင်အမျိုးသားညီညွတ်ရေး အကျိုးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။

၃) တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားစီစစ်ရေး လုပ်ငန်းများကို မှန်ကန်စွာ ပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံအစိုးရအား တောင်းဆိုသည်။

၎) ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော ရသေ့တောင် လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက်များ၊ ကန့်ကွက်ချက်များနှင့် အဆိုပြုချက်များကို ထောက်ခံသည်။ ထို့အတူ တောင်ကုတ်မြို့ ရခိုင်ကွန်ယက်၏ ပထမအကြိမ် ၁၈ မြို့နယ် ညီလာခံမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ချက်ကိုလည်း ထောက်ခံသည်။

၅) ပြည်တွင်း/ပြည်ပ ရခိုင်လူမျိုးများ နေ့စဉ်ရက်ဆက် ချိန်းခြောက်ခံနေရခြင်း၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် စော်ကားခံနေရခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခံနေရခြင်းတို့ကို ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာ နိုင်ငံတော် အစိုးရများထံမှ ကာကွယ်စောင့်ရှောက် အရေးယူပေးရန် အလေးအနက် တောင်းဆိုသည်။

၆) ယနေ့ ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်သည့်အပေါ် ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် လက်ရှိမြန်မာနိုင်ငံ အစိုးရအား တိုက်တွန်းသည်။

"ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် သျှမ်းတမျိုးသားလုံး ညီလာခံကြီးကို လည်း ၂၀၁၂ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ၃ ရက်ကြာ ရန်ကုန်မြို့ 'တော်ဝင်နှင်းဆီ' ခန်းမ၌ ကျင်းပ ခဲ့ပါသည်။ သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံပါဝင်မည့် ညီလာခံကြီးအားလည်း လာမည့်ဧပြီလ မတိုင်မှီ ကျင်းပနိုင်ရန် SNLD က ဦးဆောင်ပြင်ဆင်နေဆဲဖြစ်ပါသည်။

ကချင်စစ်ပွဲရပ်တန့်ရေး UWSA အပါအဝင် သျှမ်းပြည်လက်နက်ကိုင်အဖွဲ့ကြီး ၃ ဖွဲ့ ပူးပေါင်းတောင်းဆို

Posted: 15 Jan 2013 01:07 AM PST

စစ်ပွဲအဆင့်တိုးမြင့်လာနေသော ကချင်ပြည်နယ် တိုက်ပွဲ အမြန်ဆုံးရပ်တန့်အောင်အစိုးရမှဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
NDAA  UWSA and SSPP
မိုင်းလားတပ်မတော် ၊ ဝ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA 
 
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၂ ပန်ဆန်းအခြေစိုက် UWSP / UWSA ၊ သျှမ်းပြည်အလယ်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် အထူးဒေသ ၃ (SSPP/SSA) ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ (မိုင်းလား) တို့ ပူးပေါင်း၍ ကချင်ပြည်နယ်တိုက်ပွဲ များရပ်တန့်ရန် ကြေငြာချက်ကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

" ဟုတ်ပါတယ် ကျနော်တို့ ၃ ဖွဲ့ တွေ့ဆုံပြီးတော့မှ ဒီကချင်ပြည်နယ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ။ ကျနော်တို့တိုင်းရင်းသားတွေ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလ အေးအေးချမ်းချမ်း မနေရ သေးဘူး။ အစိုးရရဲ့မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားတွေအပေါ် စစ်အင်အားသုံးတိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန် အစိုးရကနေ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ဝတ္တရားအရ တားဆီးပေးဖို့ပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ ဇာတ်ဆွေးကြီးကို အစိုးရကနေ ဖြစ်သမျှ နည်းပေါင်းစုံနဲ့ ပြန်ပေါ်မလာအောင် တားဆီးပေးဖို့ အလေးအနက်တိုက်တွန်း ထားတဲ့ ကြေငြာချက်ဖြစ်ပါတယ်"  ဟု ဝ ပြည် အထူးဒေသ ၂ မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့က ပြောပါသည်။

လွတ်လပ်ရေးရပြီးချိန်ကစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၆၀ တာကာလ အတွင်း တိုင်းရင်းသားနှင့်အစိုးရအကြား ယုံကြည် မှုမရှိသဖြင့် တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျကာ စစ်မီးတောက်လောင်ခဲ့ရသည်ဟုလည်း ကြေငြာချက် တွင်ဖော်ပြထားသည်။

" သမ္မတကြီးအနေနဲ့ တိုင်းရင်းသားအငြင်းပွါးမှုကို ပြေငြိမ်းစေပြီးသင့်မြတ်စွာနေထိုင်နိုင်ရေးအတွက် လက်နက် ကိုင် တိုင်း ရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးပမ်းတယ်။ မြန်မာကို ကမ္ဘာက သိလာပြီးတော့ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲ လျှော့ပေးတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ မြန်မာ့တပ်မတော်ကနေ KIA အပေါ် ထိုးစစ်ဆင်နေမှု တွေ ကိုရပ်စဲပေးသင့်ပြီ။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အချိန်တန်ပြီ လို့ကျနော်တို့ တိုက်တွန်းချင်ပါတယ်" ဟုလည်း ဆိုပါသည်။

နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုသည့်ကြိုတင်မူဘောင်အောက်တွင် မြန်မာ့တပ်မတော်မှ KIA ကချင်တပ်မတော် အား ရည်စူး သည့် စစ်ဆင်ရေးကိုချက်ချင်းရပ်စဲကာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်ရန် အဆိုပါ ကြေငြာချက်၌ ဖော်ပြ ထားသည်။

ထုတ်ပြန်ကြေငြာချက် တရုတ်ဘာသာကို ၁၂ ရက်နေ့၌လည်းကောင်း အင်္ဂလိပ်ဘာသာကို ၁၄ ရက်နေ့တွင်လည်းကောင်း မြန်မာဘာသာကို ၁၅ ရက်နေ့တွင်လည်းကောင်း ဂျန္နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။  

12345

Burma News International - January 15, 2012

Burma News International

Burma News International
January 15, 2013

Burmese attacks pose significant risk of Kachin civilian casualties, says UK Minister

A UK Foreign Office Minister on Monday addressed a question in Parliament about the conflict in Kachin State, saying the British government was “deeply concerned” by reports of an escalation in hostilities, including the use of Burmese military helicopters and aircraft against Kachin Independence Army positions near state capital Laiza.

CNF opens new headquarters

The Chin National Front (CNF) have re-established their headquarters in Than Tlang Township, Chin state, following agreements that were reached during union-level peace negotiations with the central government. The new headquarters has been named Camp Victoria - the same as the one it replaced in India, but was closed in 2005 after pressure by the Indian government.

Thein Sein meets with Red Cross President

The President of the International Committee of the Red Cross (ICRC) Peter Maurer met with President Thein Sein in Naypyitaw on Monday on the first leg of a surprise landmark visit by the ICRC to Burma.

Burma, Singapore to strengthen military cooperation

High-ranking military officers from Burma and Singapore on Monday discussed plans to strengthen mutual cooperation, including infrastructural development, training, and the exchange of visits of warships, Burma’s state media have reported.

Laos and Burma ready to bridge the Mekong

Laos and Burma will next month begin building a “Friendship Bridge” across the Mekong River, according to a report in the Vientiane Times on Monday.

China Unicom to invest $40million in new Internet cable

Mizzima has learned of a deal that will see US $40 million invested in a fiber optic cable that will help to improve Burma's Internet connection. The agreement was signed at the end of 2012 between Burma’s Ministry of Communications and China Unicom.

ကချင်စစ်ပွဲရပ်တန့်ရေး UWSA အပါအဝင် သျှမ်းပြည်လက်နက်ကိုင်အဖွဲ့ကြီး ၃ ဖွဲ့ ပူးပေါင်းတောင်းဆို

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲအဆင့်တိုးမြင့်လာနေမှု အမြန်ဆုံးရပ်တန့်အောင် အစိုးရမှဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

အစိုးရတပ် လေကြောင်းမှ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲဟု KIO ပြော

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့နှင့် ၅ မိုင်အကွာရှိ ခရားဘွမ် တဝိုက်တွင် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ မြေပြင်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို အစိုးရတပ်က လေကြောင်းဖြင့် ပစ်ကူနေကြောင်း သိရသည်။

အမေရိကန် သံအမတ်နှင့်အဖွဲ့ မွန်ဆရာတော်များအားတွေ့ဆုံခဲ့

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်အပါ အဝင် အဖွဲ့ဝင် ၃ ဦးတို့သည် ငြိမ်းချမ်းရေးအကျိုးဆောင် အထင်ကရမွန်ဆရာတော်များအား မွန်ပြည်နယ် မော်လမြိုင်မြို့ သိမ်ကုန်းရပ်ရှိ အောက်ပဲခူး၊ မွန်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီလ (၁၃) ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြသည်။

Citizen Journalist and Online Media သင်တန်း အာဏာပိုင်များ ဟန့်တား

မင်းပြားမြို့တွင် ဒေသခံ လူငယ်များ  ပြုလုပ်ခဲ့သော Citizen Journalist and Online Media သင်တန်းကို မြို့နယ် အာဏာပိုင်များက လာရောက်ဟန့်တားသဖြင့် ရပ်နားလိုက်ရသည်ဟု သတင်းရရှိသည်။

ပုလဲသွယ်စပ်မျိုးစပါး စိုက်မည့်ကိစ္စ တောင်သူများ အခက်အခဲဖြစ်နိုင်

ပုလဲသွယ်စပ် မျိုးစပါးများကို အစိုးရ စီမံချက်ဖြင့် စိုက်ပျိုးရမည်ဆိုပါက တောင်သူများ ခက်ခဲနိုင်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သျှမ်းပြည်နယ် ကျိုင်းတုံမြို့မှ ဆန်စပါးအသင်းဥက္ကဌ ဦးအောင်ဖြူက ယခုရက်ပိုင်းအတွင်း၌ ပြောကြားလိုက်သည်။

CNF ဥက္ကဌ CNA သင်တန်းသားများအား ကြည့်ရှုစစ်ဆေး

ချင်းအမျိုးသားတပ်ဦး CNF ၏ ၂၀၁၃–၁၄ သက်တမ်း ဥက္ကဌ Pu Lian Uk  ယနေ့ နံနက် (၉) နာရီခန့်က ချင်းအမျိုး သားတပ်မ တော် CNA အခြေခံ စစ်သင်တန်း သားများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ညီလာခံမှ အချက် ၆ ချက် သဘောတူညီမှု ရရှိ

ရခိုင်တမျိုးသားလုံး ညီညွှတ်ရေးကို အကြောင်းပြုပြီး ၄ ရက်ကြာ ပြုလုပ်ကျင်းပသည့် ညီလာခံကြီးမှ သဘောတူညီချက် ၆ ချက်ရရှိကြောင်း သိရသည်။

သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ပစ္စည်းများ အလှူခံမည်

ပြန်လည်တည်ဆောက်မည့် သေမင်းတမန်မီးရထားလမ်း ပြတိုက်အတွင်း အသုံးပြုရန်အတွက် ဂျပန်ခေတ်က အသုံးအဆောင်ပစ္စည်းများနှင့် မှတ်တမ်းများကို အလှူခံလျက်ရှိကြောင်း ပြတိုက်တည်ဆောက်မည့် တလမွန်ကုမ္ပဏီမှ ဒါရိုက်တာ နိုင်မောင်တိုးက ပြောသည်။

သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ပစ္စည်းများ အလှူခံမည်

ပြန်လည်တည်ဆောက်မည့် သေမင်းတမန်မီးရထားလမ်း ပြတိုက်အတွင်း အသုံးပြုရန်အတွက် ဂျပန်ခေတ်က အသုံးအဆောင်ပစ္စည်းများနှင့် မှတ်တမ်းများကို အလှူခံလျက်ရှိကြောင်း ပြတိုက်တည်ဆောက်မည့် တလမွန်ကုမ္ပဏီမှ ဒါရိုက်တာ နိုင်မောင်တိုးက ပြောသည်။

MRTV-4 ရုပ်သံလိုင်းကို တေးရေး ကေအေတီ တရားစွဲရန်ပြင်ဆင်

တေးရေးဆရာများ၏ မူပိုင်ခွင့်အား ကာကွယ်ရန်နှင့် မူရင်းအဆိုတော်တို့ကို ဦးစားပေးလိုသည့် ရည်ရွယ် ချက်ဖြင့် သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့်သွားသည့် MRTV4 ရုပ်သံလိုင်းအား တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု တေးရေးဆရာ ကေအေတီ က ပြောသည်။

Geneva Call စာချွန်လွှာလေ့လာစောင့်ကြည့်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မင်းတော်လဝီ – လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အသုံးမပြုရေးနှင့် ပတ်သက်၍ Geneva Callနှင့် ချုပ်ဆိုသော နားလည်မှုစာချွန်လွှာအရ လိုက်နာရမည့် တာဝန်များဆိုင်ရာ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၂-၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးဝန်ကြီး ၃ဝ ရာခိုင်နှုန်းရရေး ရခိုင်အမတ် လွှတ်တော်တွင် အဆိုတင်မည်

အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းသည် အမျိုးသမီးဖြစ်စေရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်း၍ ကြိုးပမ်းမည်ဟု ရခိုင်အမျိုးသမီး အောက်လွှတ်တော်အမတ် ဒေါ်ခင်စောဝေက မဇ္ဈိမကိုပြောသည်။

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

ရန်ကုန်ရှိ အာလိန်ငါးဆင့် နှစ်သစ်ကူး ပွဲတော်သို့ KNU ခေါင်းဆောင်အချို့ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့်တွင် ကျင်းပသော ၇၅ နှစ်မြောက် ကရင်နှစ်သစ်ကူး စိန်ရတုပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုစောသမိန်ထွန်းနှင့် ပဒိုစော အယ်ကလူစေးတို့ တက်ရောက်ခဲ့ကြသည်။

“ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ”

၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ဦးဆောင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဟိုဝါး ဒူဝါဇော်ဂမ် Howa Duwa Zau Gam အား ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။

“လူထုဟာ အံ့သြစရာ ကောင်းလောက်တဲ့ သတ္တိတွေနဲ့ ပိုင်းဖြတ်ချက်တွေကို ဖော်ပြခဲ့ကြတယ်”

နှစ်တနှစ်သည် ခေတ်တခေတ်၏ အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်သော်လည်း အရေးကြီးသော အဖြစ်အပျက်များသည် နှစ်တနှစ်တွင် များမြောင်လှတတ်သည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:36857] Fwd: [လူဗိုလ်ဟူသည် ...] လူမှုဆက်ဆံရေးစကားလုံးအမျိုးမျိုး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/14
Subject: [လူဗိုလ်ဟူသည် ...] လူမှုဆက်ဆံရေးစကားလုံးအမျိုးမျိုး
To: lubo601@gmail.com


လူဟာသဘာဝအားဖြင့် လူမှုရေးသတ္တ၀ါဖြစ်သည်။ Man is by nature a social animal. လို့ Aristotle ကဆိုတယ်။ လူဟာတစ်ယောက်တည်းမနေတတ်။ နေလို့မဖြစ်။ တူရာတူရာ အုံနဲ့ကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းနေတတ်တဲ့အမျိုးဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာဦးကစလို့ ယနေ့အထိ မျိုးနွယ်စုတွေ၊ တိုင်းရင်းသားတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေ အသီးသီးပေါ်ပေါက်လာကြတယ်။ နောက်တစ်ခုက လူဆိုတာ ဟန်ဆောင်တတ်တဲ့သတ္တ၀ါ၊ အမှားတွေလည်းလုပ်တတ်တဲ့သတ္တ၀ါ၊ ကြင်နာတတ်၊ သနားတတ်၊ အတ္တကြီးတတ်တဲ့သတ္တ၀ါဖြစ်နေတော့ လူအချင်းချင်းကြားမှ ဆက်ဆံရေးက တစ်မျိုးတည်းရှိမနေ။ လူယောက်ျားနှင့်လူမိန်းမ၊ လူယောက်ျားနှင့်လူယောက်ျား၊ လူမိန်းမနှင့်လူမိန်းမ ပေါင်းသင်းဆက်ဆံရေးတွေ ဘယ်နှစ်မျိုးများရှိနိုင်မလဲစဉ်းစားကြည့်ရတာ စိတ်ဝင်စားစရာဖြစ်သည်။
အောက်မှာဖော်ပြထားသည် တို့ကတော့ ဆက်ဆံရေးအခြေအနေတွေကိုဖော်ပြတဲ့ အင်္ဂလိပ်အသုံးအနှုန်းပေါင်းများစွာတို့အနက် တစ်ချို့ဖြစ်သည်။

Words used to describe relations and relationships
acquainted (adjective) မျက်မှန်းတန်းမိရုံဆက်ဆံရေး
if two people are acquainted, they know each other, usually not very well
တစ်ယောက်နဲ့တစ်ယောက်မြင်ပါများတော့ သိနေကြတယ်။ မိတ်ဖြစ်ဆွေဖြစ်စကားအနည်းအပါးပြောဖူးတယ်။ ဒါပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိကြသူတွေ။

arm's-length (adjective) ပုဝါတစ်ကမ်းလက်တစ်လှမ်းဆက်ဆံရေး
used for describing something such as a business deal in which the different sides avoid having a close relationship with each other
စီးပွားရေးကိစ္စတွေအတူတွဲလုပ်ရတဲ့အဖွဲ့အစည်းနှစ်ခုက လူတွေ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးမသွားအောင်စည်းတားထားတဲ့သဘောဖြစ်တယ်။

brittle  (adjective) အထိမခံရွှေပန်းကန်ဆက်ဆံရေး
a brittle relationship or situation is not very strong and could easily be damaged
brittle ဆိုတာက ကြွပ်ဆတ်တာ။ ကြေကွဲလွယ်တာကိုခေါ်တယ်။ လူနှစ်ဦး ဆက်ဆံရေးဟာ အလွယ်တကူပျက်စီးသွားနိုင်တယ်။ အမှားမခံဘူးဆိုတဲ့အခြေအနေမျိုးဖြစ်တယ်။

broken (adjective) ကျိုးပျက်သွားတဲ့ဆက်ဆံရေး
a broken relationship has failed
တစ်ယောက်နဲ့တစ်ယောက်ပြတ်ဆဲသွားကြပြီ။ ရှေ့ဆက်ပေါင်းဖို့မဖြစ်နိုင်တော့လမ်းစမရှိတော့ပြီ။

bromantic (adjective) ညီရင်းအကိုလိုဆက်ဆံရေး
typical of or relating to a very close friendship between two men brotherly
သူငယ်ချင်းနှစ်ယောက်အရမ်းခင်ကြတဲ့အခါ ညီအစ်ကိုရင်းတွေထက်ကို စားလည်းအတူ၊ သွားလည်းအတူ ဆိုးတူကောင်းဖက်ဖြစ်ကြပါတယ်။

brotherly (adjective) ညီအစ်ကိုဆက်ဆံရေး
typical of the feelings that a man or boy has for his male friends
အပေါ်ကလိုပဲ သူငယ်ချင်းကို ညီအစ်ကိုလိုဆွေမျိုးရင်းချာလိုခင်တာမျိုးပါ။

chummy (adjective)
chummy people are friendly with each other, especially in a way that stops other people from joining the group
သူငယ်ချင်းနှစ်ယောက်အရမ်းရင်းနှီးတဲ့အခါသူတို့နှစ်ယောက်ကြားကို တခြားတစ်ယောက်ဝင်ဖို့ မလွယ်လောက်အောင်နီးကပ်တတ်ပါတယ်။ ဒီလိုဆက်ဆံရေးမျိုးကို chummy လို့ခေါ်ပါတယ်။

clannish (adjective) မျိုးနွယ်စုဆက်ဆံရေး
concentrating on people in your own family or group and not wanting other people to join it
ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းအုပ်စု ကလေးနဲ့ပဲသီးခြားနေချင်ပြီး တစ်စိမ်းလူတွေဝင်လာတာကို မလိုလားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ မျိုးနွယ်စု၊ ရိုးရာတူလူစု clan ဆိုတဲ့စကားကလာပါတယ်။

close (adjective) ရင်းနှီးသော၊ နီးကပ်သောဆက်ဆံရေး
connected by shared interests and shared feelings such as love and respect
used about relationships
directly involved with someone and communicating with them a lot, especially as part of your job
တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတာချင်းတူမယ်၊ အကြိုက်ချင်းတူမယ်၊ တန်ဖိုးထားတာချင်း၊ ရည်မှန်းချက်ချင်းတူမယ်။ မကြာခဏတွေ့ဆုံစကားပြောမယ်။ စတဲ့ဆက်ဆံရေးမျိုးဟာ နီးကပ်တဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။

cosy/cozy (adjective)
a cosy relationship, in business or politics, involves people who seem to be using their relationship in a dishonest way to get benefits for each other
စီးပွားရေး၊ နိုင်ငံရေး စတာတွေမှာ ရင်းနှီးမှုကိုအကြောင်းပြုပြီး ကိုယ့်အကျိုးစီးပွားအတွက် မရိုးမသား အမြတ်ထုတ်နေကြတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။

estranged (adjective) ခပ်တန်းတန်းဆက်ဆံရေး
not seeing friends or relatives very often, especially because of having fought with them
တစ်ယောက်နဲ့တစ်ယောက်စကားများထားကြလို့ခပ်ရှောင်ရှောင်ခပ်တန်းတန်းဆက်ဆံရေးမျိုးကိုဆိုလိုပါတယ်။

fragile (adjective) ကွဲအက်လွယ်ဆက်ဆံရေး
used about a situation, agreement, or relationship that can easily be damaged or destroyed
fragile ဆိုတာလည်း အထိမခံသော၊ ကွဲအက်လွယ်သောလို့အဓိပ္ပါယ်ရပါတယ်။ အခြေအနေတစ်ခု၊ သဘောတူညီချက်တစ်ခု၊ လူနှစ်ဦးကြားဆက်ဆံရေးတစ်ခုဟာ အလွယ်တကူပျက်စီးသွားနိုင်တယ်။ အမှားမခံဘူးဆိုတဲ့အခြေအနေမျိုးဖြစ်တယ်။

illicit  (adjective) တိတ်တိတ်ပုန်းဆက်ဆံရေး
an illicit relationship, activity, or situation is one that people do not approve of
လူမှုပတ်ဝန်းကျင်ကလက်မခံသော၊ ဖောက်ပြားသောဆက်ဆံရေးမျိုး။ ဥပမာ အိမ်ထောင်ရှိယောက်ျား၊ မိန်းမ နှင့်တခြားသူတစ်ဦးဦးတို့၏ဆက်ဆံရေး။

inseparable (adjective) ကြားလေသွေးလို့မရတဲ့ဆက်ဆံရေး
people who are inseparable have a very close relationship and spend all their time together
တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်မခွာနိုင်ကြားလေသွေးရင်ဝေးမှာစိုးလို့တပူးတွဲတွဲရှိနေကြသူတွေပေါ့။

one-sided (adjective) တစ်ဖက်သတ်ဆက်ဆံရေး
in a one-sided relationship, one person does more than the other person or shows more love than the other person
တစ်ယောက်ကပိုချစ်ရတာ၊ တစ်ယောက်ကပိုကြင်နာ၊ အနစ်နာခံရတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ ပိုချစ်တဲ့သူကပိုပေးဆပ်ရတာပေါ့။

platonic (adjective) ၅၂၈ သွယ်မေတ္တာဆက်ဆံရေး
a platonic relationship is one that is friendly but does not involve sex
အချစ်ဆိုတာရယူချင်းမဟုတ်။ ပေးဆပ်ချင်းလို့ခံယူထားသူတွေ။ ကိုယ်ချစ်တဲ့သူကို ချစ်နေရယုံနဲ့ပြီးပြည့်စုံသူတွေ။ ကာမမပါတဲ့ဆက်ဆံရေးမျိုး။

rocky (adjective) လှိုင်းထန်နေတဲ့ဆက်ဆံရေး
a rocky relationship, situation, or period of time is one in which there are a lot of problems
ပြဿနာများစွာနဲ့တစ်ယာက်နဲ့တစ်ယောက်ကတောက်ကဆ မကြာခဏဖြစ်ရတဲ့ကာလတွေပေါ့။ အဲဒီကာလကို ကျော်ဖြတ်နိုင်သူတွေရှိသလို အရှုံးပေးသွားသူတွေလည်းမနည်းပါ။

same-sex (adjective) လိင်တူဆက်ဆံရေး
used for referring to sexual relationships involving either two men or two women
မိန်းမအချင်းချင်း၊ ယောက်ျားအချင်းချင်းကိုမှတွယ်တာစိတ်ဝင်စားကြသူတွေရဲ့ဆက်ဆံရေးပါ။
ဇာနည်(MyWay!)

Read more: လူမှုဆက်ဆံရေးစကားလုံးအမျိုးမျိုး - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A782491&xgs=1&xg_source=msg_share_topic#ixzz2I17XGvJ0

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/15/2013 12:00:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36856] Fwd: [လူဗိုလ်ဟူသည် ...] အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/14
Subject: [လူဗိုလ်ဟူသည် ...] အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များ
To: lubo601@gmail.com


ရေးသားသူ- ဥက္ကာကိုကို

ရုတ်တရက် ရှေ့မှာ ထိုးရပ်လိုက်သည့် ကားနှစ်စီးပေါ်က ခုန်ဆင်းလာသော လူဆယ်ဦးခန့်ကို တွေ့ လိုက်ရပြီး မရှေးမနှောင်းပင် ညာဘက်ပါးချိတ်ပေါ်သို့ ကျရောက်လာသည့် လက်သီး တစ်ချက်ကြောင့် ကျွန်တော်နောက်လန်ကျသွားသည်။ အချိန်က ညသန်းခေါင်ကို ကျော်လွန်ခဲ့ပါပြီ။
လူသွားလူလာ တိတ်ဆိတ်နေသည့် ညတစ်ညရဲ့ ပြန်နေကျ လမ်းပေါ်မှာ ကားစောင့်နေချိန် ၀ိုင်းဝန်းရိုက်နှက်ရန် ကြံစည်ခံရလိမ့်မည်ဟု ကျွန်တော်မထင်မှတ်ထားခဲ့ဖူးပါ။ နောက်လန်ကျတဲ့ ခဏမှာ ချက်ချင်းပြန်ထပြီး ၀ိုင်းလာတဲ့ လူတစ်စုကြားထဲက တိုးထွက်နိုင်ခဲ့သည်မှာလည်း
ကံကြမ္မာကြောင့်မဟုတ်ဘဲ အပြေးမြန်ခြင်းကြောင့်သာလျှင်ဖြစ်ပါသည်။

လွတ်မည့်လမ်းကြားတွေထဲ ကွေ့ပတ်ဝင်ပြေးရင်း အန္တရာယ်ကင်းလောက်ပြီထင်၍ မူလနေ ရာသို့ ပြန်ရောက်သွားသောအခါ ကားစောင့်တုန်းက ဘေးမှာချထားသော ကျောပိုးအိတ် မရှိတော့။ ကျောပိုးအိတ်ထဲပါသွားသည့် စီဒီအမ်အေ ဖုန်းတစ်လုံး၊ Canon ၅၅၀ ဒီကင်မရာတစ်လုံး၊ ဘဏ်စာအုပ်တစ်အုပ်၊ သတင်းမှတ်စုများ၊ မှတ်ပုံတင်နှင့် ပိုက်ဆံအိတ်တို့ကို နှမြောတသ ဖြစ်ရုံသာ။

"ပြောရလျှင် ဘာကိုမှ ဆက်စပ်စဉ်းစားမရအောင် ဖြစ်နေခဲ့သည်။ ရန်ငြိုးရန်စလည်း မရှိ။ ဘယ်သူတွေမှန်းလည်း မသိ။ ဘာကြောင့်မှန်းလည်း မသိ။ "အဲဒီနေ့ ကနောက်ကနေ ၀ိုင်းလိုက်ကြတာ ၁၀ ယောက်ကျော်တယ်။ လက်ထဲမှာ အုတ်ခဲတွေ၊ တုတ်တွေ ကိုင်ထားကြတယ်" ဟု ထိုနေရာအနီး လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးတစ်ဦးက နောက်တစ်နေ့မှာ ပြန်ပြောပြသည်။

အုပ်စုဖွဲ့ ရိုက်နှက်မှု၊ လုယက်မှု၊ အနိုင်ကျင့်မှု၊ ရန်ပွဲများစသဖြင့် ယခုရက်ပိုင်းတွေမှာ အမှုအခင်းများ နာမည် ကျော်လာသည်။ ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွင်း အုပ်စုဖွဲ့ရမ်းကားသော အမှုတွေ ပိုများလာသည်။ အမှုအခင်းများမှာ ယခင်ကတည်းက ဖြစ်ပျက်နေကျဖြစ်သော်လည်း ယခုအခါ
မီဒီယာအသီးသီးမှ ဖော်ထုတ်ရေးသားလာ ကြသောကြောင့် လူအများသိရှိလာရသည်။

တချို့အမှုများမှာ လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သောကြောင့် တရားဥပဒေ  စိုးမိုးမှုအပေါ် ပြည် သူအများက သံသယ၀င်လာကြတော့သည်။ ရက်စက်စွာပြစ်မှုကျူးလွန်ခြင်းများ မကြာခဏ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်း တို့၏ အကျိုးဆက်ပင်ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက 7Day News သို့ပြောခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပုဇွန်တောင်မြို့ နယ်အတွင်း ကားပေါ်မှလူက ကားအပြင်မှ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် လမ်းတစ်လျှောက်တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် သေဆုံးမှုဖြစ်ခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်တွင် စားသောက်ဆိုင်အတွင်း ထိုင်နေသူကို ကားသုံးစီးဖြင့် ရောက်ရှိလာသူ လူနှစ်ဆယ်ကျော်က လူအများ ရှေ့မှာပင် ဓားများဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ရာ ပြည်သူများကြား အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

ထိုမှတစ်ဖန် အင်းလျားကန်ပေါင်တွင် ဆိုင်ကယ်များဖြင့် ရောက်လာသူ ၁၄ ဦးက ကန်ပေါင်တာဝန်ကျ ၀န်ထမ်းကို ဓားဖြင့် ထိုးကာ ဆိုင်ခန်းများကိုတုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပြန်သည်။

ယခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကားပြိုင်မောင်းနှင်နေသူ လူငယ်ကိုးဦးက လမ်းလျှောက်သီချင်းဆို လာသူ နှင်းဆီကုန်းဘိုးဘွားရိပ်သာ သန့်ရှင်းရေးဝန်ထမ်းကို ၎င်းတို့အား စောင်းမြောင်းသီဆိုသည် ဟူ၍ စွပ်စွဲလျက် ဘိုးဘွားရိပ်သာ ရှေ့မှာပင် ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။

အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီခွဲမှာပင် ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့် မီးပွိုင့်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးကို ပြိုင်ကားမောင်းသူ များက သံပိုက်များဖြင့် ရိုက်နှက်ခဲ့ကြပြန်သည်။

ထိုမှတစ်ဖန် နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ပြိုင်ကားတစ်စီးနှင့် အခြားယာဉ်သုံးစီးက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှ လူများကို သံတုတ်၊ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ကျွန်တော့်ကို ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစားပြီး ပစ္စည်းများ ပျောက်ဆုံးခဲ့ရသည့် နိုဝင်ဘာ ၂၉ ရက်ည ၁၁ နာရီခွဲ အချိန်မှာပင် လှော်ကားမြို့နယ်တွင် လူအယောက်သုံးဆယ်ခန့်က ၀ိုင်းဝန်းရိုက်နှက်၍ ဓားဖြင့် ထိုးသတ်ခဲ့မှုကြောင့် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေးတစ်ဦး အသက်ဆုံးရှုံး သွားခဲ့သည်။

ဤအမှုအခင်းများသည် တရားဥပဒေစိုးမိုးရေးကို ပေါ်ပေါ်ထင်ထင်စိန်ခေါ်လိုက်ကြပြီ ဖြစ်သည်။ ထို့အပြင် မင်းမဲ့ စရိုက်ဆန် ဆန်ပြုမူလိုက်ကြခြင်း တစ်ရပ်လည်း ဖြစ်သည်။

ဖြစ်စဉ်တိုင်းတွင် ပါဝင်ကျုးလွန်ခဲ့သူများကို လေ့လာကြည့်လျှင် လူရွယ်ပိုင်းက ပိုများပြီး တချို့ဖြစ်စဉ် များတွင်တော့ အခကြေး ငွေပေး၍ စေခိုင်းမှုများ ပါဝင်နေသည်ကို တွေ့ရသည်။

"အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစား သွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုး ကတော့ နည်းပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက 7Day News သို့ အောက်တိုဘာလ နောက်ဆုံးပတ်က ပြောခဲ့သည်။

"တရားဥပဒေ စိုးမိုးမှုကင်းမဲ့ခြင်းရဲ့ ရလဒ်လို့ထင်ပါတယ်။ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မရှိခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်လို့လည်း ခေါ်နိုင်မှာပါ" ဟု ဘလော့ဂ်ဂါတစ်ဦးဖြစ်သည့် ကိုလူဘို ကဆိုသည်။

အုပ်စုဖွဲ့ကျုးလွန်သည့် ဖြစ်စဉ်တချို့တွင် အစိုးအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သားသမီးတချို့လည်းပါ ၀င်နေကြခြင်းက "ငွေများ တရားနိုင်" ဟူသည့်စကားပုံအရ စိုးရိမ် စရာ ဖြစ်လာသည်။ အဓိကကျသော ဥပဒေ၀န်ထမ်းများအနေဖြင့် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ တန်းတူညီမျှ အရေးယူဆောင်ရွက်သွားရန် မဖြစ်မနေ လိုအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသက်လွင်ကတော့ "ဥပဒေဆိုတာ တစ်ဦး တစ်ယောက်တည်းအတွက် ထုတ်တာမဟုတ်ဘဲ အားလုံးအတွက် ကြေညာပြီးမှ ထုတ်ပြန်ထားတာပဲ။ ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုတာကြောင့် ဥပဒေအရ အရေးမယူတာမျိုး မရှိပါ ဘူး။ ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်မှာပါ" ဟု Popular News ဂျာနယ်နှင့် တွေ့ဆုံခန်းတွင် ဖြေကြား ထားခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျုးလွန်သည့် အမှုများသည် ညအချိန်များတွင် အများဆုံးဖြစ်တတ်ကြသဖြင့် ညဖက် သွားလာတတ်သော လူငယ်များအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များမှာလည်း အခင်း ဖြစ်နေရာများတွင် ကြိုတင်ရှိမနေနိုင်ကြပါ။ ဤသည်မှာလည်း ပြည်သူ ဦးရေနှင့် မမျှတသော ရဲတပ်ဖွဲ့ဝင် အင်အားနည်းပါးလွန်းခြင်းကြောင့် ဖြစ်ပါသည်။

ရန်ကုန်နေ လူဦးရေမှာ ခြောက်သန်းကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အားမှာ ခုနှစ်ထောင်ကျော်မျှသာရှိကြောင်း သိရသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့မှလည်း ပြည်သူလူထု ပူးပေါင်းပါဝင်ရန် အစဉ်အမြဲနှိုးဆော်ခဲ့ကြ ရသည်။ အုပ်စုဖွဲ့ကျူးလွန်မှုများဖြစ်ပွားပါက ပြည်သူများက ၀ိုင်းဝန်းတားဆီးခွင့်၊ ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း Popular
News ဂျာနယ်နှင့် တွေ့ဆုံခန်းတွင်ပင် ရဲမှူးမြင့်ထွေးက ဖြေကြားခဲ့သည်။

"တရားဥပဒေစိုးမိုးဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါမယ်။ နိုင်ငံသားတိုင်းက သေတော့မယ်၊ သတ်တော့မယ်ဆိုရင် ၀ိုင်းတားလို့ရတယ်။ နိုင်ငံသားတိုင်း ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အနည်းဆုံးတော့ ရဲကိုအပ်ရမှာပေါ့။ ရိုက်နှက်တာမျိုးတော့ မလုပ်ရဘူး။ အဲဒါကို ရိုက်ရင် ရိုက်တဲ့လူက တစ်မှုပဲ" ဟု ရဲမှူးမြင့်ထွေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အုပ်စုဖွဲ့ ရိုက်နှက်မှုများအပြင် အုပ်စုဖွဲ့လုယက်များလည်း ရှိနေပြီး ထိုအထဲမှ အမှုတစ်မှုကို အမျိုးသမီးများက ကျူးလွန်ခဲ့ကြသည်။ တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ ဟေမ၀န်ဈေး၊ သားငါးတန်းအနီးတွင် ဈေးဝယ်နေသော ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိက ဆရာမတစ်ဦး၏ ရွှေလက်ကောက်ကို အကွက်ဆင်လုယက်ခြင်း ဖြစ်သည်။

အင်တာနက်ပေါ် ရေးသားထားသည့် စာနှင့်ပတ်သက်၍ မန္တလေးမြို့၊ မြရည်နန္ဒာရပ်ကွက်နေ ကဗျာဆရာ ဦးဥက္ကာကျော်အား လက်ဖက်ရည်ဆိုင်အတွင်း ၀င်ရောက်၍စွပ်စွဲထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်က လည်း အောက်တိုဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။

အသက်နှစ်ဆယ်ကျော် လူငယ်များက အသက် ၁၄ နှစ်နှင့် ၃၀ အရွယ်အမျိုးသမီး နှစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ ကြသည့်ဖြစ်ရပ် တစ်ခုလည်း အောက်တိုဘာ ၃ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် ဖြစ်ပွားခဲ့သေးသည်။

၂၀၁၂ ခုနှစ် ကုန်လွန်ခါနီးချိန်တွင် အုပ်စုဖွဲ့ရမ်းကားသည့် အထက်ပါဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ အဆိုပါ အမှုများအားလုံးကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် တရားစွဲ အမှုဖွင့် ထားသော်လည်း လွတ်မြောက်နေသည့် တရားခံများစွာ ကျန်ရှိနေသေးသည်။

ရန်ကုန်မြို့ရှိ ပြိုင်ကားမောင်းနှင်သည့် အုပ်စုများကိုမူ အောက်တိုဘာနောက်ဆုံးပတ်မှစတင်ကာ ညပိုင်းများတွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စစ်ဆေးမှုများစတင်ခဲ့ပြီး တစ်ညအိပ် ထိန်းသိမ်းခြင်းနှင့် ဒဏ်ရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

"တရားဥပဒေစိုးမိုးမှု လျော့နည်းနေလို့ပါ။ နောက်ပြီး လုံခြုံရေးအင်အားတွေ နည်းပါးပြီး ရဲစခန်းတွေ တရားရုံးတွေကလည်း တရားဥပဒေစိုးမိုးမှုကို ကိုင်တွယ်ဖို့ အားပျော့နေတာရယ်၊ ပြီးတော့ လုပ်ငန်းလည်ပတ်မှု အားနည်းတာရယ်ကြောင့်ပါ။ တရားရေးအဖွဲ့အစည်းတွေရဲ့ စာရိတ္တကြံ့ခိုင်ဖို့လည်း လိုနေပါသေးတယ်။

အဲဒါကြောင့် အုပ်စုဖွဲ့ရမ်းကားမှုတွေ ဓနအားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်မှု ဆက်တိုက်ဖြစ်ပေါ်နေတာပါ" ဟု ကဗျာဆရာ၊ ဘလော့ဂ်ဂါတစ်ဦး ဖြစ်သော ကိုမိုးလှိုင်ညက မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားမှုများအပေါ် သုံးသပ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးကြောင်းကို တစ်လျှောက်လုံး ပြောဆိုနေ ခဲ့သည်။

"တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်လိုပဲ အပြောင်းအလဲတွေ လုပ်လုပ် ရေရှည်မခံပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိရင် လုံခြုံစိတ်ချရမှုကိုလည်း ပြည်သူတွေ ခံစားကြရမှာ မဟုတ်တာကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေ တယ်လို့လည်း ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ လုပ်နေတယ်ဆိုတာကို ပြသဖို့လိုတာကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ လိုအပ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ချက်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပသော ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး (Democracy and the rule of law) ၁၅ ကြိမ်မြောက် ဖိုရမ်တွင် ပြောကြားခဲ့သည်။

တရားစီရင်ရေးနှင့် ဥပဒေရေးရော ကော်မတီဥက္ကဌ သူရဦးအောင်ကိုကလည်း "ယနေ့ မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံးနိုင်ငံများ စာရင်းမှာ ကမ္ဘာကထည့်သွင်းထားပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ အဂတိ တရားများ ဖုံးလွှမ်းနေဆဲဖြစ်ကြောင်း ပြည်တွင်းပြည်ပကလည်း ကျယ်လောင်စွာ
အော်ဟစ်နေကြပါတယ်" ဟု လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများသည် ငြိမ်းချမ်းတည်ငြိမ်လုံခြုံစွာ တိုးတက်နေကြပြီး တရားဥပဒေ စိုးမိုးမှု မရှိသည့် နိုင်ငံများမှာတော့ ယခုထိ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ကူးခတ်နေကြရ ဆဲဖြစ်ကြောင်း သတင်းစာဆရာ မောင်ဝံသက "ဒီမိုကရေစီရဲ့ အသက်ဝိညာဉ် တရားဥပဒေ
စိုးမိုးမှု"ဆောင်းပါးတွင် ရေးသားခဲ့သည်။

"တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအနေနဲ့ စနစ်တကျ တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်။ ဒီလိုတွေဖြစ်လာရတာကလည်း တစ်ချိန်က အာဏာကို အလွဲသုံးစား
လုပ်ခဲ့ကြတဲ့ အာဏာရှင် စရိုက်ကြောင့် ဖြစ်လာတာပါ၊ အခုအာဏာရှင်စနစ်မဟုတ်တော့ဘူး ဆိုရင် ဒါမျိုးတွေမဖြစ်သင့်တော့ပါဘူး" ဟု ဂျပန်နိုင်ငံတွင် နေထိုင်သည့် ကိုထွန်းဝေက သုံးသပ်သည်။

လူငယ်များအနေဖြင့် လက်နက်ကိုင်ဆောင်ရခြင်း၊ ဂိုဏ်းဂဏဖွဲ့၍ သွားလာရခြင်းတို့ကို အားကျအတုယူတတ်ကြသည့်အပြင် မိဘငွေကြေးတောင့်တင်းသည်ကို အခွင့်ကောင်းယူ၍ မိုက်ရူးရဲစိတ် မွေးတတ်ကြသဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းကြစေလိုကြောင်း အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

ပြောင်းလဲတိုးတက်လာသည့် ခေတ်နှင့်အညီ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ နိုက်ကလပ်များ၊ ပွဲလမ်းသဘင်များတွင် လူငယ်များအနေဖြင့် အုပ်စုဖွဲ့မူးယစ် ရမ်းကားမှုများ ဖြစ်ပွားလေ့ရှိကြပြီး လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသော ဥပဒေများကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရှေ့နေဦးအောင်သန်းစိုးက 7Day News သို့ပြောပါသည်။ ပျောက်ဆုံးသွားသော ပစ္စည်းများနှင့် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကို လှိုင်မြို့နယ် ရဲစခန်းကို ကျွန်တော်သွားအသိပေးခဲ့သည်။ သူတို့က ဖြစ်ဖြစ်ချင်း လာရောက်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ ကားဖြင့် ရောက်ရှိလာသူများ ဖြစ်သည့်အတွက် အနီးအနားတ၀ိုက်မှ လူများလည်း မဖြစ်နိုင်ကြောင်း၊ ရန်ပွဲအသွင် မဖြစ်ပွားခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာလည်း ပြောပလောက်အောင် မရရှိသည့် အတွက် အမှုဖွင့်ရန်အခက်အခဲရှိကြောင်း စသဖြင့်ပြောကြသည်။

ကျွန်တော်က အမှုဖွင့်ရန် သွားခြင်းဖြစ်သည်။ ကျွန်တော်ပြောသည့် အကြောင်းအရာများကို စာအုပ်သေးသေးလေးလေးမှာ ရေးမှတ်ထားပြီး မှတ်ပုံတင်၊ ဘဏ်စာအုပ်နှင့် ဖုန်းပျောက် ဆုံးကြောင်း ထောက်ခံစာတစ်စောင်ကိုသာ ရေးပေးလိုက်ကြသည်။ ပစ္စည်းများပြန်ရနိုင်ဖွယ် မရှိတော့ကြောင်း နှလုံးသွင်းပြီး စိတ်ကိုလျှော့ကာ ပြန်လာခဲ့သည်။

စုစုပေါင်း သိန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ ပစ္စည်းများပါ သွားတာကလွဲ၍ ကျွန်တော့်ကိစ္စက အသေးအဖွဲသာ ဖြစ်သည်။အုပ်စုဖွဲ့ရမ်းကားမှု ကျူးလွန်သူတို့ကြောင့် ဒဏ်ရာကြီးမားစွာ ရရှိသူများနှင့် အသက်တစ်ချောင်း ဆုံးရှုံးသွားရသူများအကြောင်းစဉ်းစားရင်း တရားဥပဒေစိုးမိုးမှုကို နိုင်ငံတော်မှ ထိရောက်စွာ ကိုင်တွယ်လာနိုင်ပါစေဟုသာ ဆုတောင်းမိသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဂျာနယ်သို့ မကြာသေးမီကပြောဖူးသည့်စကားကို ပြန် အမှတ်ရမိသည်။ ရာဇ၀တ်မှုထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာခြင်းတို့၏ အကြောင်းရင်းမှာ တရားဥပဒေစိုးမိုးရေး ယန္တရားကောင်း မွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိက တာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟူ၍ ဖြစ်ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/15/2013 02:30:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36855] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာစာအုပ်များ မှ စာအုပ်တချို့ ..



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/15
Subject: [လူဗိုလ်ဟူသည် ...] မြန်မာစာအုပ်များ မှ စာအုပ်တချို့ ..
To: lubo601@gmail.com


  1. မက်ဆေ့မှတဆင့်တောင်းလာလို့ တင်ပေးလိုက်ပါသည်။

    ကာမသိဒ္ဓိကျမ်း - ပီမိုးနင်း

    http://www.mediafire.com/?2pz81vzffmitmfh


  2. ခါကာဘို စုစည်းမှု(၂၀၀၉ မဂ္ဂဇင်းဝတ္ထုတိုများ)

    http://www.mediafire.com/?ole06n09ijgp868

    https://www.sugarsync.com/pf/D0269685_62561891_676015

    ဘဂ္ဂဒက်မြို့မှ သူခိုးအာမက် - သခင်ဘသောင်း

    http://www.mediafire.com/?t0c1ewa8leq8tmc

    https://www.sugarsync.com/pf/D0269685_62561891_676991

  3. Her Infinite Variety and Other Stories ....... Khin Myo Chit

    http://www.mediafire.com/?2mouesr2nwt73mo
  4. အကွဲအပြဲဇာတ်လမ်း - ဂါးဒီးယန်းဦးစိန်ဝင်း

    http://www.mediafire.com/?rfkrvdbbkh6lpvp

    https://www.sugarsync.com/pf/D0269685_62561891_676611

    ရာဇဓိရာဇ်အရေးတော်ပုံကျမ်း - နိုင်ပန်းလှ

    http://www.mediafire.com/?9i78w4jb6u62602
  5. ကမ္ဘာမြေအောက်ခရီး - ဒဂုန်ရွှေမျှား

    http://www.mediafire.com/?d6644bqn77sp0fl

    ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

    http://www.mediafire.com/?kwkctv55zwt902x
  6. မအိမ်ကံ - ခင်ခင်ထူး


    http://www.mediafire.com/?v1q79dbshsl8abi

    လှည်းယဉ်ကြော့ ၀တ္ထုတိုများ - ခင်ခင်ထူး

    http://www.mediafire.com/?pp5rb1zgjoo9i0i

    https://www.sugarsync.com/pf/D0269685_62561891_675824
  7. ရွာ၏အခြားတစ်ဖက်ရှိ ချောင်းမှရေနောက်ကျိရသည့်အကြောင်းများ - မြင့်သန်း



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/15/2013 03:10:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36853] Fwd: [လူဗိုလ်ဟူသည် ...] - အဆုံးသတ် ခဏတိုင် -



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/15
Subject: [လူဗိုလ်ဟူသည် ...] - အဆုံးသတ် ခဏတိုင် -
To: lubo601@gmail.com


Myint Myint Thein shared Zay Ya's photo.
- အဆုံးသတ် ခဏတိုင် -   နားစည် ကို ရိုက်ခတ်၍ ညက်ညောစွာ ထွက်ရှိလာသည့် ၎င်းကို

နားစည် ကို ရိုက်ခတ်၍ ညက်ညောစွာ ထွက်ရှိလာသည့် ၎င်းကို "Until the Last Moment ~ နောက်ဆုံး ခဏထိတိုင်" ~ ဟု အမည်တပ်ဆိုရပါမည်။ ၎င်း၏ တသွင်သွင် စီးမျောနေသည့် သန္တာန် မှာ ညင်ညင် သာသာ ရှိပါ၏။ သို့သော် တစ်လုံးချင်း ပီပီသသ။ အဓိပ္ပာယ် အနက် အနှစ်သာရ တို့ ရှာဖွေနေသမျှ တို့သည် ခေတ္တ ရပ်တန့် သွားကြသည်။ ရှူရှိုက်နေသော ထွက်သက် ဝင်သက်တို့ - တန်ဖိုး အနဂ္ဃ ဆောင်ကျဉ်းသွားကြသည်။ ပျော့ပျောင်း သော်လည်း ခိုင်မာသည့် ဟန် အပြည့် ရှိကြပါ၏။

ဤအရာကို မည်သို့ ခွဲခြား၊ ညွှန်းဆို ပြရပါမည်နည်း။ သူနှင့် ကျနော် အကြား ဘာမျှ မလို။ "ဟုတ်ကဲ့ နှင့် ဟင့်အင်း" - အကြား - မည်သည့် အရာမျှ ခြားနား ထားခြင်း မရှိ။ ပြုံးရယ်သမျှ နှင့် ငိုကြွေးမြည်တမ်း သမျှ အကြား - တံတိုင်း အဆီးအတား မရှိ။ ဆန့်ကျင်ဘက် ဒွိသဘာဝများ မဟုတ်ဘဲ တစ်သားတည်း စီးဆင်း နေရာယူသည်။ သူသည် ချစ်စဖွယ်ကောင်းလှပါပကော ~ နှုတ်ခမ်း နှစ်လွှာ၏ အလှုပ်အဟ ကြားတွင် တင်းအားတို့ ပြေလျော့ ကုန်ကြသည်။

ဖြူလွင်လွင် ယိမ်းနွဲ့နေသော်လည်း - အသေအချာ ရှုကြည့်မည် ဆိုပါက - ငြိမ်ဝပ်သော သူ့သွင်ပြင် ကို သင် အတိုင်းသား မြင်နိုင် လိမ့်မည်။ တလှုပ်ရွရွ ကင်းပြတ် ကုန်ဆုံး သွားကြသော အရာရာတိုင်း ကို ကျေနပ်စွာ ခံယူလျက် သူ ပြုံးနေ လိမ့်မည်။ တခဏတိုင်း မပြတ် ရောက်ရှိ လာသော ဧည့်သည် မိတ်သင်္ဂဟ အပေါင်း တို့ တွင် သူသည် တစ်ခါတစ်ရံ မင်္ဂလာ လည်း ရှိ၏။ တစ်ခါတစ်ရံ အမင်္ဂလာလည်း ရှိ၏။ သို့သော် သူ့အတွက် မင်္ဂလာ၊ အမင်္ဂလာ တို့သည် ကိစ္စမရှိ။ နတ္ထိ ဗလာကျင်းနေသည့် သူ၏ ရင်ဘတ် အစုံ သည် ခရီးသွား ဧည့်ဆောင်သည် တို့ ဥဒဟို ဖြတ်သန်းသည် ဖြစ်၍ သလာယံ ဇရပ် ဖြစ်လျက် ရှိ၏ ဟု ဆိုပါမည်။

"နောက်ဆုံး" ~ "အဆုံး" ~ "အန္တိမ" စသည့် စကားဝတ်ရည်တို့ နှင့် - "အတ္ထိ" ~ "နတ္ထိ" ~ "မရဏ" စသည့် အနတဂ္ဂမ ဝေါဟာရတို့တွင် - ဘယ် စကား အစ၊ အဘယ် ဝါကျ ကိုမျှ စပ်ယူ၊ မသုံးစွဲလိုပေ။ "သူလည်း ဖြစ်၍ ကျနော်လည်း ဖြစ်သည်" ဆိုခြင်း၌ အဘယ် ဝါစင်္ဂမျှ မလိုအပ်။ သဇင် ကြွေခြင်း - ခေါင်ရမ်းပွင့်ခြင်း တို့ တစ်ပြိုင်နက် ဖြစ်တည်နေသမျှ ကျနော်တို့ အကြား - မည်သည့် အရာသည် - မည်သို့မျှ အနှောင့်အယှက် ပြုနိုင်ကြမည် မဟုတ်။ စင်စစ် ကျနော်တို့၏ ချစ်ခြင်း အတွင်း အနှစ်သာရ ၌ သဇင်လည်း ပါသည်၊ ခေါင်ရမ်းလည်း ပါသည်။ အဘိဓာန် မပြုထား မိသေးသော လူသူ မသိ ပန်းပွင့် ဝါဝါကလေး လည်း ပါဝင်မည်။

ယင်းတို့ အဘယ်ကြောင့် ဖြစ်တည်နေပါသနည်း ဟု အသင် မေးလိုဟန် ရှိပါသလော။ ဖြေပါမည်။

ကြွေလွင့်ခြင်း၌ အဘယ်အကြောင်း ရှိရ ပါဦးမည်နည်း။ ကြွေလွင့်ခြင်း၌ အရာအားလုံး ထပ်တူညီ ကြောင်း အသင် မကြားသိနိုင်သလော။ ခဏပေါင်းများစွာ မဖြတ်သန်း ခဲ့ပါသလော။ မသိကျိုးကျွံပြု၍ အသိခေါက်ခက် အဝင် နက်ခဲ့သလော။ တီးတိုး ဆိုပါမည်။ သင်ဖြစ်စေ၊ ကျနော်ဖြစ်စေ၊ သရဖီ၊ စကားဝါ ခတ္တာ ဖြစ်စေ ~ "ကြွေလွင့်ခြင်း ၌ အရာအားလုံး ထပ်တူညီ၏။"

လောက၌ ကြာနွယ်သည်လည်း နှင်းဆီ ဖြစ်နိုင်သေးသည် ၊ သို့သော် မသေချာ။ ပိုးတီသည်လည်း လိပ်ပြာငယ် ဖြစ်နိုင်သေးသည်၊ မသေချာ။ ဝတ်လွှာ သည်လည်း အမြိုက်ဆံ ဖြစ်နိုင်သေးသည်၊ မသေချာ။ နောက်ဆုံး ~ သင်သည်လည်း ကျွန်ုပ် ဖြစ်နိုင်သည်၊ သို့သော် မသေချာ။

သေချာသည်က ယင်းအရာအားလုံး ~ "အဆုံးသတ် ကြွေလွင့်မှု" သက်သက် သာ ဖြစ်သည်။ အမည်နာမ တပ်စွဲ ခေါ်ဝေါ်ကြသည့် ထိုထိုသော အရာများ အားလုံး ၌ "နောက်ဆုံးခဏ" ကို ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ကြသည်ချည်း ဖြစ်သည်။ ထိုခဏ သည် အားလုံးအတွက် တူညီသော ခဏ ဖြစ်ကြောင်း သိမြင်နိုင်ရန် - သင်ရော ကျနော် ပါ ခဏပေါင်းများစွာ ဖြတ်သန်း ခဲ့ပြီးချေပြီ ။ သင် သံသယ ရှိပါသေး သလော။ ယင်း နောက်ဆုံး တခဏ အတွက် အဘယ်ကြောင့် ခဏပေါင်း များစွာ ကျနော်တို့လိုအပ်ခဲ့ရသနည်း။ ထိုတခဏကို မြင်သိဖို့ရာ နောက်ထပ် ခဏပေါင်း မည်ရွေ့မည်မျှ လိုအပ်နေ ပါသေးသနည်း။ ဤမေးခွန်း ၏ အဖြေကို - သူလည်း မသိ၊ ကျနော်လည်း မသိ။ ထိုခဏသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိမှသာ မလွဲမသွေ ဖြေဆိုနိုင်ခဲ့လိမ့်မည်။ အရာအားလုံး ကိုလည်း အသီးသီး ဖြေဆိုပေး ခဲ့ကြလိမ့်မည်။

ထိုခဏ၏ ဂါထာ ကို ယခု ကျနော် နောက်တစ်ခေါက် ထပ်၍ သရဇ္ဈာယ် ကြည့်ပါမည်။

~ "ကြွေလွင့်ခြင်း၌ အရာအားလုံး ထပ်တူညီ၏"
.............
Jan. 31st. 2012 at 1:00 PM
.............
For my Beloved, Ma


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/15/2013 11:13:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ