သျှမ်းသံတော်ဆင့် |
- သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်
- ထိုင်းနိုင်ငံချင်းရိုင်းခရိုင်တွင် ယာဘ ၁ သန်းကျော်ဖမ်းမိ - မြန်မာဘက်ခြမ်းမှ ပြည်သူ့စစ်အဖွဲ့၏ပစ္စည်းများဟုဆို
- ရလခ တိုင်းရုံး အခြေစိုက် ခိုလမ်မြို့အနီး ကျေးလက်လူထုအား ကျပ်ငွေသန်းချီ အဓမ္မကောက်ယူမှုရှိ
- အူကြောင်ကြောင် နယ်စပ်ကုန်သွယ်ရေး
| သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့် Posted: 16 Jan 2013 01:54 AM PST လတ်တလော KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ် အတွင်းသို့ သျှမ်း ပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ပို့ဆောင်နေကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည် ။ (ဓါတ်ပုံ- freeburmarangers)သျှမ်းပြည် (မြောက်ပိုင်း) သိန်းနီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံ တပ်ရင်း ၂ ရင်း ယခုရက် ပိုင်း အတွင်း ကချင် ပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "စကခ ၁၆ အောက်က ခမရ ၅၂၂ ရယ် နောက်ထပ်တစ်ရင်းပေါ့။ ဒီရက်ပိုင်း ကချင်ဘက်ကိုကူး သွား တယ်။ မန့်ဝိန်းကြီး ဘက်က နေသွားလိုက်တယ်။ ဗမာတပ်ဘက်က အကျအဆုံးများနေတာလည်း ပါတယ်။ နောက်တစ်ခုက ထိုးစစ်အရှိန် ထပ် မြှင့်မဲ့ အနေအထားလည်း ဖြစ်နိုင်တာပေါ့ " ဟု သူက ဆိုသည် ။ ဒီဇင်ဘာလလယ်ပိုင်းကစ၍ အစိုးရတပ်များက ကချင်ပြည်နယ်အတွင်းရှိ KIO / KIA ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက် KIA တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ဘက် တိုက်ပွဲများ ယနေ့အထိ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ် သည် ။ လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေကို KIA နှင့်အတူ တိုက်ပွဲဝင်နေသည့် ABSDF ကျောင်းသားတပ်မှူး တစ်ဦးက - "ဒီမနက် ၇ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ လဂျာ ယန်တစ်ဝိုက် လိုင်ဇာတစ်ဝိုက် လျှောက်ပစ်နေတာပေါ့။ မနေ့ကတော့ လိုင်ဇာကိုကာထားတဲ့ ခါရာပို့စ်ကို သူတို့အင်အား အလုံးအရင်းနဲ့ တက်ထိုးတယ် ။ လေယာဉ်နဲ့က ၂ ကြိမ်ပစ်တာပေါ့ လိုင်ဇာအပေါ်ကုန်း KIA စစ်ရုံးချုပ်ရှိတဲ့ အလင်းဘွန်ကိုလည်း ၀င်ပစ်သွားတယ် " ဟု ဆိုသည် ။ ယမန်နေ့က ခါရာဘွမ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်သည့် အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ် များ အကျအဆုံး များသဖြင့် ရှေ့ဆက်မတိုးနိုင်ပဲ ဆုတ်ခွာသွားကြောင်း သူက ဆိုသည် ။ "တိုက်ပွဲက မနေ့ မနက်ပိုင်းကနေစဖြစ်တာပေါ့။ လေကြောင်းပစ်ကူက ညနေ ၂ နာရီ ၄၀ လောက်မှာ တစ်ကြိမ် ၊ ၄ နာရီ လောက်မှာ တစ်ကြိမ် ပစ်ကူပေးတယ်။ သူတို့ဘက်က ၄၀ ကျော်လောက်ကျ သွား တယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ် ။ ရှေ့မတိုးနိုင်တော့လို့ မနေ့က ညနေပိုင်းမှာ တပ်တွေပြန် ဆုတ်သွားတယ် " ဟု ဆိုသည် ။ ယခုအခါ KIAကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အစိုးရတပ်ရင်းပေါင်း ရာဂဏန်းကျော်ရှိနေပြီး မြစ်ကြီး နားမြို့ အခြေစိုက် မပခစစ်တိုင်း လက်အောက်ခံတပ်များ အပြင် အခြား စစ်တိုင်းလက်အောက်ခံ တပ်ရင်းများနှင့် ပြည်မရှိ တပ်မ ၄ ခုခန့် ပါဝင်ကြောင်း သိရသည် ။ |
| Posted: 16 Jan 2013 01:53 AM PST ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ် ချင်းရိုင်းခရိုင်အတွင်း မြန်မာဘက်ကမ်းမှလာသော ယာဘသယ်ဆောင်သည့် လားဟူအဖွဲ့အား ထိုင်းလုံခြုံရေးတပ်မတော်က တားဆီးပစ်ခတ်ရာ ယာဘအပြားပေါင်း ၁ သန်းကျော် သိမ်းဆည်း ရမိ ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြသည်။ ထိုင်းတပ်ဖွဲ့မှ ဖမ်းဆီးရမိ ယာဘများ (ဓါတ်ပုံ-မန်နေဂျာအွန်လိုင်း)ချင်းရိုင်းခရိုင် မယ်ဖှာ့လုံမြို့ဧရိယာအတွင်း လွယ်တုန်းတောင်စေတီနှင့်သိပ်မဝေးလှသော တောတွင်းတနေရာ၌ အဆိုပါ ယာဘသယ်ဆောင်လာသည့် လက်နက်ကိုယ်စီကိုင်ဆောင်သော မူးဆေး (လားဟူ) အဖွဲ့အား ထိုင်းလုံခြုံရေး စစ်တပ်က ၁၅ ရက်နေ့ညက တားဆီးခဲ့သည်ဟု ASTV – Manager Online သတင်းဌာနတွင် ဖော်ပြထားသည်။ " ကျနော်တို့တပ်က ကြိုတင်သတင်းရထားလို့ သွားစောင့်တယ်။ အဲဒီအဖွဲ့ဖြတ်လာတဲ့တောလမ်းက လွယ်တုန်း- ဖာချန့် မွတ် ကားလမ်းမအဟောင်းနဲ့ သိပ်မကွာလှဘူး။ လမ်းမကနေ ၅၀၀ မီတာလောက်ဘဲဝေးတယ်။ သူတို့အဖွဲ့ ဘယ်နှစ် ယောက်ပါသလဲတော့ မသိလိုက်ရဘူး။ ညဘက်လဲဖြစ်နေတော့ လေ။ ကျနော်တို့ တားတာကို ဟိုဘက်အဖွဲ့က မရပ်ဘဲ ကျနော်တို့ကို ပစ်ခတ်တာ။ ပစ်ခတ်သံရပ်လို့ သွားစစ်ဆေးကြည့်တော့ အလောင်း ၂ လောင်းတွေ့တယ်။ ကျောပိုးအိတ် ၁၂ လုံးတွေ့တယ်" ဟု ထိုင်း လုံခြုံရေးတပ်ဖွဲ့မှ အရာရှိကပြောသည်။ အဆိုပါယာဘသယ်ဆောင်သည့်အဖွဲ့မှ ပစ်ထားသော ကျောပိုးအိတ်များအတွင်း အိတ်တလုံး ယာဘအပြားပေါင်း တစ်သိန်း ဖြင့် အိတ် ၁၂ လုံးစုစုပေါင်း ယာဘ ၁ သန်း ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ယာဘတံဆိပ်အားလည်း ယခင်က ဖမ်းဆီးရ မိခဲ့ဖူးသော တံဆိပ်များနှင့်တူညီကြောင်း၊ ချင်းရိုင်းခရိုင် တဖက်ခြမ်းရှိ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဖွဲ့ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်းသတင်းတွင်ရေးသားဖော်ပြထားသည်။ အခင်းဖြစ်ပွါးရာနေရာ (ဓါတ်ပုံ-မန်နေဂျာအွန်လိုင်း)ယနေ့ ၁၆ ရက်မနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်၏ ချင်းရိုင်းခရိုင်လုံခြုံရေးတပ်ဖွဲ့က အဆိုပါထွက်ပြေးလွတ်မြောက် သွားသူများအား လိုက်လံရှာဖွေဖမ်းဆီးရန် အမိန့်ထုတ်ထားသဖြင့် တောနင်းလိုက်ရှာသော တပ်ဖွဲ့မှ စက်သေနတ်တလက် ထပ်မံသိမ်းဆည်းမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားပါသည်။ ယခုလ ၆ ရက်နေ့ကလည်း မယ့်ဖှလုံမြို့ဧရိယာအတွင်း အလားတူ ထိုင်းနိုင်ငံအတွင်း ယာဘသယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့အား ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးပစ်ခတ်တိုက်ခိုက်ရာ လားဟူအဖွဲ့မှာ ၅ ယောက်သေဆုံးကာ ယာဘအပြား ပေါင်း ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းလုံခြုံရေးအာဏာပိုင်များကပြောပါသည်။ |
| ရလခ တိုင်းရုံး အခြေစိုက် ခိုလမ်မြို့အနီး ကျေးလက်လူထုအား ကျပ်ငွေသန်းချီ အဓမ္မကောက်ယူမှုရှိ Posted: 16 Jan 2013 01:51 AM PST ရလခရုံးစိုက်ရာ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲ၌ ဒေသခံရွာသားများအား ဖမ်းဆီး၊ ဆက်ကြေး တောင်းမှုရှိနေသေး ကြောင်း ဒေသခံများကပြောပါသည်။ ![]() ယခုအပတ် တနင်္လာနေ့က ခိုလမ်မြို့နယ်ခွဲ ကျေးလက်ဒေသ အုပ်ချုပ်ရေးမှူးအား ခိုလမ်အခြေစိုက် မြန်မာစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူး၏ တူဖြစ်သူအားလည်း သျှမ်းသူပုန်ဟုစွပ်စွဲကာ လိုက်လံဖမ်းဆီး နေကြောင်း ခိုလမ်မြို့ခံတဦးကပြောသည်။ "ခိုလမ်မြို့နယ်ခွဲရဲ့အနောက်တောင်ဘက်လောက်ရှိတဲ့ နမ့်မိုရွာက ရွာသူကြီး လုံးအောင်နဲ့သူ့မိန်းမကို ခိုလမ် - ကတ်လေမှာ အခြေစိုက်တဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကျော်စိုးဝင်းက တနင်္လာနေ့က ဖမ်းလိုက်တယ်။ သူတို့လင်မယားရဲ့တူ စိုင်းလူဟာ သျှမ်း သူပုန်အဖွဲ့ရဲ့လူ လို့စွပ်စွဲတယ်။ အခုအိုက်လူရွာထဲမှာမနေရဲတော့ဘူး။ လုံးအောင်လင်မယားကိုတော့ အင်္ဂါနေ့ည ကပြန်လွှတ် ပေးလိုက်ပြီလို့ကြားတယ်" - ဟု ခိုလမ်ဒေသခံ ကပြောပါသည်။ ထိုသို့ ဖမ်းဆီးရခြင်းမှာ ယခင်အပတ်က နမ့်မိုရွာဘက် ထင်းသွားခုတ်သော နမ့်မော်ခေါက်ဆင့်ရွာသားများအား လက်နက် ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးကာ ဆက်ကြေး ကျပ်သိန်း ၃၀ တောင်းယူကြောင်း၊ ထို့ကြောင့်မြန်မာစစ်တပ်ကလည်း နမ့်မိုရွာ အုပ်ချုပ်ရေးမှူးအား သူပုန်၏အဆက်အသွယ်ဟုဆိုကာဖမ်းဆီးခဲ့ကြောင်း၊ ထိုနောက်ပိုင်း ၎င်း၏တူအား ဆက်လက်ဖမ်းဆီး ရန် ရှာဖွေနေကြောင်း၊ လုံးအောင်လင်မယားအား ပြန်လွတ်ပေးပြီးသော်လည်း ဆက်ကြေးပေးရသူများအား ပြန်လျော် ပေးရန် နမ့်မိုရွာသားများထံမှ ကျပ်သိန်း ၃၀ ပြန်ကောက်ပေးခိုင်းကြောင်း အဆိုပါခိုလမ်ဒေသခံကဆက်ပြောသည်။ " ဆက်ကြေးတောင်းခံရတဲ့သူတွေပြောတာကတော့ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ သျှမ်းစစ်သားနဲ့တူတယ်တဲ့။ ဘယ်အဖွဲ့မှန်း လဲသေသေချာချာမသိရပါဘူး။ အဲ့ဖက်ကို ပအိုဝ်းလက်နက်ကိုင်အဖွဲ့၊ စိုင်းထွဲ့ မန်ပန်ပြည်သူစစ်အဖွဲ့လဲ သွားလာတတ်တယ် လေ။ သျှမ်းစကားပုံမှာရှိတယ်လေဗျာ။ ကျွဲနှစ်ကောင်ခတ်ကြရင် လယ်ကန်သင်းရိုးနာတယ် ဆိုသလိုပေါ့ဗျာ။ ဘယ်လောက် ဘဲ ပြောင်းလဲတယ်ပြောပြော ကျနော်တို့ကျေးလက်ရွာသားတွေအတွက်တော့ အဘက်ဘက်ကို ကြောက်နေရတုန်းဘဲ။ ညလဲ စိတ်ချလက်ချ အိပ်မောမကျရဲသေးဘူး အဲလိုဖြစ်နေတယ်" ဟု ခိုလမ်မှ ကျေးလက်ဒေသခံ အကြီးအကဲတဦးကပြောပါသည်။ အဆိုပါဖမ်းဆီးမှုများနှင့် ပတ်သက်၍ အခင်းဖြစ်ပွါးမှုအသေးစိတ်အချက်အလက်ကို ကျားဖြူပါတီ၏လွှတ်တော်အမတ်များ က စုံစမ်းကောက်ယူနေကြောင်း ပါတီဝင်များပြောပြချက်အရသိရသည်။ "အဖြစ်ပျက်တော့ကျနော်လိုက်ကောက်မေးနေတုန်း။ အခုသိရသလောက်က နမ့်မော်ခေါက်ဆင့်ရွာက တပ်ထွက် တွေနေ တယ်။ မီးသွေးဖုတ်ရောင်းတယ်။ မီးသွေးဖုတ်ဖို့ နမ့်မိုဘက်သစ်သွားခုတ်တော့ သျှမ်းတပ်ဖွဲ့ သစ်တောဘက်လို့ယူဆရတဲ့ တပ်ဖွဲ့က ကျပ် သိန်း ၃၀ နဲ့ သူတို့ဒဏ်ရိုက်တယ်။ သူတို့ကမကျေနပ်လို့အစိုးရတပ်ကိုသွားတိုင်တယ်။ မြန်မာ့အစိုးရပေါ်လစီ မှာလဲ သစ်မခုတ်ရ သစ်တစ်ပင်ထောင်သုံးနှစ်လို့ လမ်းဘေးနှစ်ဘက်မှာ ဆိုင်းဘုတ်ချိတ်ဆွဲထားပါတယ်။ ဒါပေမယ့် နမ့်မော် ခေါက်ဆင့်ရွာသွားတွေဆုံးရှုံးသွားတဲ့ငွေ ပြန်ရဖို့ နမ့်မိုရွာနားမှာအခင်းဖြစ်ပွားလို့ နမ့်မိုရွာသားတွေကို မြန်မာစစ်တပ် ပြန်ပြီး ဒဏ်ရိုက်တယ်။ တပ်ထွက်(နမ့်မော်ခေါက်ဆင့်ရွာသား) တွေကို ကျပ်သိန်း ၃၀ ပြန်လျော်ပေးခိုင်း တယ်။ ရွာသူကြီးကို သျှမ်းတပ်အဆက်အသွယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်" ဟု ဖြစ်စဉ်လိုက်လံစုံစမ်းသည့် ကျားဖြူပါတီ ဝင်တဦး က ပြောပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်ကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်းကျေး လက်ဒေသ၌ အဓမ္မပြုကျင့်ခံရမှု အနည်းငယ်လျော့သွားသည်ဟုဆိုသော်ငြားလည်း ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင်ပစ္စည်း ဥစ္စာခိုးယူခြင်း၊ လူထု အားအဓမ္မခိုင်းစေခြင်း စသည့် လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်နေမှုများ ကို သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့နယ်၊ ခိုလမ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့်မိုင်းတုံမြို့နယ်တို့တွင် အများအပြားဖြစ်ပွါးနေသေးသည်ကို တွေ့ရ ကြောင်း သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ လစဉ်ထုတ်အစီရင်ခံစာ၌ဖော်ပြထားပါသည်။ |
| အူကြောင်ကြောင် နယ်စပ်ကုန်သွယ်ရေး Posted: 16 Jan 2013 01:49 AM PST သို့-သျှမ်းသံတော်ဆင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အခွန်ဆောင်ခြင်းကိုဘယ်လိုဘယ်ပုံဘယ်နည်းနှင့်ဖြင့် အခွန် ဆောင်နိုင်ကြောင်း အများပြည်သူ အများကုန်သည် သိစေရန် သိသာရန် ထပ်မံပို့ချပေးစေ လိုပါ သည်၊ ထပ်မံဟောပြောပေးစေလိုပါသည်။ သူများနိုင်ငံမှာ အခွန်ဆောင်ရင် ၁၅ မိနစ်နဲ့ပြီးတယ်။ ကျနော်တို့နိုင်ငံမှာတော့ တကယ်တမ်း အခွန် ဆောင် တော့ တစ်ရက်တောင်မပြီးပြတ်နိုင်ဆိုတာ မဖြစ်သင့်။ ၀န်ထမ်းမလောက်ငမှုကြောင့်ဆိုပါကလဲ ထပ်မံခေါ်ယူဖို့ တိုက်တွန်းလိုပါသည်။ နယ်စပ်ဆိုသည်မှာ မည်သည့်နယ်စပ်မဆို တဖက်ကမ်းတဖက် နိုင်ငံ နှင့်ယှဉ်လျှင် ကျနော် တို့ နိုင်ငံဟာ ရွာပါ၊ ဟာသရွာပါ၊ လက်ညိုးထိုးပြီး အရယ်ခံရတဲ့ ရွာပါ၊ ဆိုတော့ ကောင်းကောင်း လုပ်သင့် ပါသည်။ ကောင်းကောင်းမွမ်းမံပြင်ဆင် သင့်ပါသည်။ နယ်စပ်ကရတဲ့ငွေတွေ ဘယ်ရောက် ကုန်လဲ၊ ဘာလုပ် လိုက်သလဲ ၊ စာရင်းရှင်းတမ်းလဲမရှိ။ ဒါဟာ ပြည်သူပြည်သား တွေကို တမင်သက်သက် အနိုင်ကျင့်တဲ့ပုံစံဖြစ် နေတယ်။ ဒါမျိုး မဖြစ်သင့်ပေ။ ကျန်ုပ်တို့ နိုင်ငံတိုးတက်သင့်သလောက်မတိုးတက်ပဲ အရမ်း နောက်ကျနေပါပြီ။ အခွန်ဆောင်သည့် ပုံစံ အသေးစိပ် လက်ကမ်းစာဆောင်ထုတ်ဝေပေးပါ၊ ဟောပြောပေးပါ၊ ဟောပြောသည့်အတိုင်း ဆောင်ရွက် နိုင် အောင် တာဝန်ရှိလူကြီးလည်း ပြေလည်အောင် လုပ်ပါ ။ လာဘ်ထိုးမှတို့- ဘယ်သူဘယ်ဝါမှတို့- ပါတနာမှ တို့ အဲဒီအချက်တွေ အင်မတန် အောက်တန်းကျပါတယ်၊ နယ်စပ်တရုတ်ပြည် ရွှေလီမှာဆိုရင် အရေတွက်နည်း သောကုန်စည်များကို တရုတ်ဒိုင်နာကားတစ်စီးလျှင် ၄၅ ယွမ်မှ ၆၀ ယွမ်အထိ ကောက်ခံပါသည်၊ ကြာချိန် ၁၅ မိနစ်သာ။ မြန်မာပြည် နယ်စပ်ကုန်သွယ်ရေးစည်းမျည်း စည်းကမ်းကိုအရမ်းမြှင့်တင်မထားပါနှင့်။ ပညာတတ် ၀န် ထမ်းနည်းလို့ပါ။ အဆင့်မြင့် လာဘ်ယူမှုပညာတော့တတ်မြောက်ကြပါတယ်၊ ရိုးရိုးရှင်းရှင်းလွယ်လွယ် ကူကူပဲ ရေး ဆွဲသတ်မှတ်ပါ၊ ကျနော်တို့အခွန်သာဆောင်နေရတာပါ။ တကယ်တော့ ကျနော်တို့အတွက် အကျိုး မရှိပါဘူး။ ဖြစ်နိုင်တဲ့ဥပဒေ သာချမှတ်ပါ၊ ဥပဒေကသာ အဆင့်မြင့်ပြီး တကယ့်လက်တွေ့ မှာ ကျတော့ တလွဲ ကြီးတွေ တွေ့နေရပါတယ်။ အစိုးရပိုင်းကလည်း ပညာရှိတွေဘဲ။ သူများနိုင်ငံအဖို့ ဟာသ မဖြစ်စေချင်။ အစမ်းသပ်ခံ နိုင်ငံ လည်းမဖြစ်စေချင်၊ တကယ်လက်တွေ့ကျတဲ့ စည်းမျဉ်းကို သတ်မှတ်၊ ယခုဆို ခက်ခဲလွန်းလို့ လုယက်မှု လူသတ်မှုတွေ တနေ့တခြား တိုးပွားနေပြီ၊ ပြည်သူတွေရဲ့ အသက် အိုးအိမ် ခြိမ်းချောက်လာနေပြီ။ နိုင်ငံတော် အခွန်အခ ရလိုလျှင် အများပြည်သူဖိတ်ကြားပြီး ပညာပေးပါ၊ဟောပြောပွဲကျင်းပပေးပါ၊ သက် ဆိုင်ရာ အေးဂျဲန့် တွေသာ တံခါးပိတ် ဟောပြောအသိပေးခေါ်ယူပြီး ကျန်ကုန်သည်များ မသိရှိ နားမလည် မဖြစ်သင့်၊ စည်းမျဉ်းစည်းကမ်းချမှတ်ပြီးရင်ပြီးရော မဖြစ်သင့် ။ နယ်စပ်ဝန်ထမ်းလဲခေါင်းကိုက်၊ ရေရှည် ဌာန ဆိုင်ရာနှင့် ၀န်ထမ်းများလည်း လုံခြုံမှုမရှိ၊ ဆိုလိုသည်မှာ နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်း အလျင်စလို လွယ်ကူ အောင် သက်ဆိုင်ရာက ဖြေရှင်းပါလို့ အနူးအညွတ် ပန်ကြားလိုပါသည်။ ဖော်ပြစာသား ပွင့်လင်းမှာယွင်းက အဓိကမကျပေ၊ အဆင်ပြေ လွယ်ကူ ချောမွေ့ရန်သာ ဖြစ်ပါသည်။ အေးငယ် |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |








