admin posted: " အမေရိကန်၏ သတင်းဌာန RFA တိဗက် အုပ်ချုပ်ရေးပိုင်းကို လွှတ်တော်အမတ် မေးခွန်းထုတ် ဘာသာပြန်သတင်း၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃ အမေရိကန်နိုင်ငံခြားသတင်းဌာနတခုအနေနဲ့ RFA ရဲ့လုပ်ရပ်တွေဟာ အဓိကအငြင်းပွားစရာ ဖြစ်လာနေပြီလို့ အမေရိကန်အောက်လွှတ်တော်အမတ်တဦး သတိပေး … RFA တိဗက်ဌာနမှ"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:36890] Fwd: [လူဗိုလ်ဟူသည် ...] အသက် ၅၅ ကျော်- သက်ကြီးရွယ်အို ဆရာဝန်များ၏ အခက်အခဲ
From: Blogger <no-reply@blogger.com>
Date: 2013/1/17
Subject: [လူဗိုလ်ဟူသည် ...] အသက် ၅၅ ကျော်- သက်ကြီးရွယ်အို ဆရာဝန်များ၏ အခက်အခဲ
To: lubo601@gmail.com
နိုင်ငံတော်အစိုးရသည် ဆရာဝန်များ၏ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာ တွင် အောက်ပါ စည်းမျဉ်းများကို ဆိုရှယ်လစ်ခေတ်မှစ၍ ချမှတ်ခဲ့ပါသည်။
(၁) နိုင်ငံခြားသို့ အပြီးအပိုင်သွားရောက်မည့် ဆရာဝန် (အစိုးရဝန်ထမ်းမဟုတ်သူ) များသည် ပညာ သင်လျှော်ကြေးငွေ ကျပ်တစ်ဆယ်သိန်း ပေးလျှော်ကြောင်းထောက်ခံချက်။
(၂) ယာယီနိုင်ငံခြားသို့သွားရောက်သည့်ဆရာဝန် (မည်သည့်အသက်အရွယ်မဆို) များသည် ၂.၁ ပြန်တမ်းဝင်အရာရှိ နှစ်ဦး၏ ထောက်ခံချက်၊ ထိုထောက်ခံချက်သည် နေပြည်တော်ကျန်းမာရေးဦး စီးညွှန်ကြာရေးမှုးရှေ.မှောက်တွင် ပြန်တမ်းဝင်အရာရှိနှစ်ဦးမှ တပြိုင်နက်ထည်း လက်မှတ်ရေးထိုးရ သည့် ထောက်ခံစာ၊
၂.၂ ဆရာဝန်မှတ်ပုံတင် မူရင်းမိတ္တူ ပြရသည့်အပြင် မိမိဆရာ ဝန်ဖြစ်ကြောင်းကို နေပြည်တော်ဝန်ထမ်း ဆရာဝန်များထဲမှ နေပြည်တော်ရုံးရှိ ရုံးအုပ်ရှေ့မှောက်တွင် လိုက်လံ သက်သေထွက်ဆိုပေးရသည့် ထွက်ဆိုချက်၊
အထက်ပါအချက်များနှင့် ပညာရေးကင်းရှင်းကြောင်း ထုတ်ယူရခြင်းဟူသည့် စည်းမျဉ်းဖြစ်ပါသည်။။ ထုပ်ယူသည့်အခါ နှစ်ပတ်ကြာမှရရှိပါသည်။ ထို့ကြောင့်နေပြည်တော်ကျန်းမာရေး ထောက်ခံစာရရှိရန် ထပ်မံသွားရောက်ရပါသည်။
ထိုသို့သတ်မှတ်ခဲ့သည့် အချိန်အခါက ဆရာဝန်များသည် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတွင်း ပညာတတ်ဆရာဝန်ဦးရေ နည်းပါးမည်ကိုစိုးရိမ်ခြင်း၊ နိုင်ငံခြားတွင်သွားရောက်အလုပ် လုပ်ကိုင်ပြီး အခွန်တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့်အထက်ပါ စည်းမျဉ်းများကို သတ်မှတ်သည်ဟု ယူဆရပါသည်။
ယခုအခါနိုင်ငံတော်အစိုးရသည်နိုင်ငံခြားသို.သွားရောက်အလုပ်လုပ်ကိုင်သူများ အပေါ်အခွန်ကင်း လွတ်ခွင်.ပြုခြင်း၊ နိုင်ငံတော်အတွင်းလုပ်ကိုင်သည့် ဆရာဝန်များအပေါ်ခံစား ခွင့်အမျိုးမျိုးပေးခြင်း၊ ဒီမိုကရေစီအသွင်ဆောင်သော လုပ်ဆောင်ချက်များရှိလာသည်ကို တွေ့ရှိရပါသည်။ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ဆရာဝန်များနည်းပါးလာခြင်း၊ ဖြစ်နိုင်ပါက မိမိနိုင်ငံ အတွင်းတွင်သာ မိမိမိသားစုဆွေမျိုးများအတွင်းတွင်သာ လုပ်ကိုင်လိုစိတ်ရှိသဖြင့် ပညာတတ် ယိုစီးမှု နည်းပါးသည်ကို တွေ့ရပါသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မှတ်ပုံတင်နှင့် ပုံစံတစ်ဆယ်၏ အလုပ်အကိုင်တွင် ဆရာဝန်ဟုရေး သွင်းထားသည့်သူများသာ အထက်ပါအခက်အခဲ များကိုရင်ဆိုင်ရပါသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားဧ။် အလုပ်အကိုင်တွင် ဆရာဝန်ဟုအမှန်အကန် မှတ်ချက်ရေးသည့်ဆရာဝန်များသာ အထက်ပါအခက်အခဲများကို ရင်ဆိုင်ရပါသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားဧ။် အလုပ်အကိုင်တွင် ဆရာဝန်ဟု မပါရှိသူများသည် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အထက်ပါထောက်ခံချက် ယူစရာမလိုဘဲ လွယ်ကူသည်ကို တွေ့ရပါသည်။
ထို့ကြောင့် မမှန်မကန်နည်းလမ်းများ ပေါ်ပေါက်ပြီး သတ်မှတ်ထားသည့် ၄င်းစနစ်ကိုဖြတ်ကျော်ရန် မသမာနည်းလမ်းကို အသုံးပြုသဖြင့် ပြည်သူများကို လိမ်လည်ရန်တွန်း အားပေးသလိုဖြစ်နေပါသည်။
အသက် ၅ဝ ကျော်သောသူများကို မည်သည့်နိုင်ငံခြားတိုင်းပြည်များမှ လက်မခံသလို အလုပ်လည်း မပေးလိုပါ။ ဆရာဝန်များကိုယ်တိုင်လည်း မိမိနိုင်ငံမှခွာလိုသူများ မဟုတ်ကြပါ။ အခြားတိုင်းပြည်များမှ Visa ကိစ္စတွင် အသက် ၅ဝ ကျော်များအတွက် မည်သည့် Recommend မှ မလို။ လွယ်လင့်တကူရရှိနိုင် သော် လည်း နိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ခက်ခဲနေကြောင်းတွေ့ရှိပါသည်။
ယခုအခါအသက်အရွယ်ကြီးသူ၊ ကျန်းမာရေးချို့တဲ့သူများကို အိမ်တိုင်ရာရောက် နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေသည်ကို တွေ့ရှိနေရသော်လည်း အသက် ၅ဝ ကျော် ဆရာဝန်များမှာ ယခုတိုင်
(က) နေပြည်တော်သွားရသည့် အခက်အခဲ (အသက်အရွယ်ကြီးခြင်း၊ ရောဂါခံစားနေရ၍ သွားလာ ရန်ခက်ခဲခြင်း)
(ခ) အာမခံပေးမည့် ပန်တမ်းဝင်အရာရှိ နှစ်ဦးရှာရသည့်အခက်အခဲ၊ ၄င်းတို့နှစ်ဦးကို နေပြည်တော် သို့ ခေါ်ယူရသည့် အခက်အခဲ၊ ပြန်တမ်းဝင်အရာရှိ နှစ်ဦးသည်လည်း မိမိအစိုးရတာဝန်ဝတ္တရား များကြောင့် နေပြည်တော်သို့မလိုက်နိုင်ခြင်း၊ နေပြည်တော်ရှိပြန်တမ်းဝင်အရာရှိများနှင့် ကျွမ်းဝင်မှုမရှိက ရုံးသို့လိုက်ပါ အာမခံလက်မှတ်ထိုးမပေးနိုင်သည့်အခက်အခဲ၊
(ဂ) ဆရာဝန်ဖြစ်ကြောင်း ဆရာဝန်မှတ်ပုံတင်မူရင်း (အစိုးရကျန်းမာရေးဦးစီးဌာနမှ စီစစ် ထုပ်ပေး ထားခြင်း) တင်ပြပြီးသော်လည်း ဆရာဝန်အမှန်ဖြစ်ကြောင်းကို ထောက်ခံမည့်သူတဦး (နေပြည်တော် ဆရာဝန်များထဲမှ) ထပ်မံရှာရသည့်အခက်အခဲ၊ နေပြည်တော်တွင် မိမိနှင့်မသိသည့် ဆရာဝန်ဖြစ်ပါက လိုက်လံ၍ ဆရာဝန်ဖြစ်ကြောင်း သက်သေလိုက်ပေးမည်မဟုတ်ပေ။
မှတ်ချက်-မိမိဒေသဆေးရုံအုပ်ကြီး၏ ဆရာဝန်ဖြစ်ကြောင်းထောက်ခံချက်ကို လက်မခံ-
နေပြည်တော်မှ မိမိနှင့် သိသိမသိသိ ဆရာဝန်ထောက်ခံချက်ကိုသာ အတည်ယူခြင်း၊
အသက် ၅ဝ ကျော်ဆရာဝန်များသည် အစိုးရဝန်ထမ်း မလုပ်ကိုင်သော်လည်း ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး လူမှုရေးကိစ္စရပ်များတွင် ဆောင်ရွက်ရင်း အသက် ၅ဝ ကျော်ခဲ့ပါသည်။ ရပ်ရွာပြည်သူလူထု၏ ကျန်းမာရေး ကို ကုသပေးသော်လည်း မိမိကိုယ်တိုင်နာမကျန်းဖြစ်သည့်အခါ နိုင်ငံရပ်ခြားသွားရောက် ကျန်းမာရေး စစ်ဆေးလိုခြင်း၊ ကုသလိုခြင်း၊ နိုင်ငံခြားဘုရားဖူးခရီးစဉ်များ၊ Sponsor မရှိသဖြင့် နိုင်ငံခြားသို့ အလည် အပတ်သွားရောက်လိုခြင်း၊ နိုင်ငံရပ်ခြားတွင် သွားရောက်ဆေးကုသလိုခြင်းစသည့် သက်ရွယ်ကြီးရင့်သူ ဆရာဝန်များသူများသည် နေပြည်တော် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံ ချက်မရရှိသဖြင့် မသွားရောက် နိုင်သူအများ အပြားရှိပါသည်။
သာမာန်လူများ Passport ၃ နှစ်ကိုင်ဆောင်နိုင်ခွင့် ရရှိထားသော်လည်း နိုင်ငံခြားမှကိစ္စပြီးမြောက် ၍ ပြန်လာပါက (နိုင်ငံရပ်ခြားမနေဘဲ မိမိနိုင်ငံပြန်လာခြင်း) Passport ကိုလေဆိပ်မှ သိမ်းဆည်းထားပြီး ထိုသို့သိမ်းဆည်းထားကြောင်းထောက်ခံစာကို ရန်ကုန် Passport ရုံးတွင် ရရှိရန် တပတ်ကြာသဖြင့် ပြည်ပ ခရီးမှပြန်လာသော်လည်း နယ်ဒေသတွင်နေထိုင်သည့်သူများသည် ရန်ကုန်တွင် တည်းစရာခိုစရာ မရှိ တပတ် နေထိုင်ရပြီး ထုပ်ယူရခြင်း) နောက်တခါနိုင်ငံခြားသို့ သွားရောက်လိုပါက နေပြည်တော်ဧ။် အထက်ပါ ပုံစံထပ်မံပြုလုပ်ပြီး Passport ရရှိရန် ထပ်မံလျှောက်ထား ရန်လို ခြင်းစသည့် စည်းမျဉ်းဘောင် များကြောင့် သက်ရွယ်ကြီးဆရာဝန်များသည် သာမာန်ပြည်သူများ ပြင်ပနိုင်ငံများသို့ အလွယ်တကူ သွားရောက်နိုင်သော်လည်း သက်ရွယ်ကြီးဆရာဝန်များသည် သွားရောက်ရန်အခက်အခဲများ စွာ တွေ.ကြုံရပါသည်။
အသက်ကြီးဆရာဝန်များ(၁) နေပြည်တော်သို.အကြိမ်ကြိမ်သွားရသည့် အခက်အခဲ
(၂) အသက်ကြီး၍ အကြိမ်ကြိမ်မသွားနိုင်သည့် အခက်အခဲ
(၃) အကြိမ်သွားရ၍ ကုန်ကျစားရိတ် ပိုမိုခြင်း အခက်အခဲ
(၄) ပြန်တမ်းဝင်အရာရှိ နှစ်ဦးရှာရသည့်အခက်အခဲ
(၅) ဆရာဝန်မှတ်ပုံတင်ပြသော်လည်း ဆရာဝန်ဖြစ်ကြောင်း နေပြည်တော်တွင် ဝန်ထမ်းဆရာဝန်တဦး ထပ်မံရှာရသည့် အခက်အခဲများနှင့် တွေ့ ကြုံရပါသည်။
(၆) ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာထုပ်ယူရန် နှစ်ပတ်ကြာမှထုပ်ယူရသဖြင့် နေပြည်တော်သို့ ထပ်မံသွားရသည့်အခက်အခဲ များစွာတို့ကို ရင်ဆိုင်ရပါသည်။
ယခုအခြားနိုင်ငံများတွင် Internet နှင့် Passport ကို လွယ်လွယ်ကူကူ လုပ်ဆောင်၍ရသည့် Passport & Visa ခေတ်တွင် မြန်မာပြည်အသက် ၅ဝ ကျော် ဆရာဝန်များဧ။် Passport ရရှိရန် ထောက်ခံချက်နှင့် လုပ်ဆောင်ချက်များ၏ အဆင့်များကို အမျိုးသားလွှတ်တော်မှ ပြန်လည်စဉ်းစားပေးစေလိုကြောင်း လေး စားစွာ တင်ပြပါသည်။
ယခုအခါ စင်္ကာပုနိုင်ငံ၏ Visa မှာ အသက် ၅ဝ ကျော် မည်သူမဆိုမည်သည့် Recommendation (တာဝန်ယူထောက်ခံချက်) မလိုဘဲ အလွယ်တကူ ထုပ်ပေးသည်မှာ အသက် ၅ဝ ကျော်သူများကို အလုပ်ခန့်သည့်စနစ်မရှိသောကြောင့် ၅ဝ ကျော်သူများ နိုင်ငံခြားတွင် အလုပ်မလုပ်နိုင်ခြင်း၊ မနေထိုင် နိုင်ခြင်းစသည့် အချက်များကြောင့် ဖြစ်ပါသည်။ အခြားနိုင်ငံများမှ အသက် ၅ဝ ကျော်သူများကှို အလွယ် တကူလက်ခံသော်လည်း မိမိနိုင်ငံအတွင်းတွင် မည်သည့်အကြောင်းကြောင့် ခက်ခဲသည်ကို စဉ်းစားမရ ပါ။ ပြန်လည်ဖြေလျှော့ စဉ်းစားပေးရန် မေတ္တာရပ်ခံပါသည်။
အသက် ၅၅ နှစ်ကျော် ဆရာဝန်တဦး
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/18/2013 04:39:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[New post] မေတ္တာနန္ဒကျောင်း မြန်မာစာသင်တန်း ၁ နှစ်ပြည့် မြင်ကွင်း
admin posted: " မေတ္တာနန္ဒကျောင်း မြန်မာစာသင်တန်း ၁ နှစ်ပြည့် မြင်ကွင်း မိုးမခဓာတ်ပုံသတင်း၊ မေတ္တာနန္ဒ၀ိဟာရ ၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃ ဇန်န၀ါရီ ၁၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၊ ကလေးများအတွက် မေတ္တာနန ကလေးများအတွက် မေတ္တာနန္ဒ တနင်္ဂနွေ မြန်မာစာ"
|
[New post] ဗိုင်းရပ်စ်
admin posted: " မြတ်သောခေတ် ဒီဇင်ဘာ ၁၆၊ ၂၀၁၃ မြတ်သောခေတ် ရေးသားသည့် ဤ၀တ္ထုတိုမှာ ပြီးခဲ့သည့်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါရှိခဲ့သော ၀တ္ထုတို ဖြစ်သည်။ဤ၀တ္ထုတိုနှင့် ပတ်သက်ပြီး အလင်းတန်းဂျာနယ်တွင် ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို တွေ့ရသည်။ ဝေဖန်သုံးသပ်ချက် စာမျက်နှာ "
|
[mrsorcerer:36889] BBC အင်္ဂလိပ်စာသင်ခန်းစာပို့ချချက်အစီအစဉ်
http://www.thebestenglish4you.com/bbc-speaking-english--the-dinner-date.html
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Burma News International - January 17, 2012
| ||||||||||||||||
|
[mrsorcerer:36888] Fwd: [လူဗိုလ်ဟူသည် ...] လက်ထပ်ခြင်းက ကျန်းမာရေးကို ဘာကြောင့် ကောင်းစေသလဲ
From: Blogger <no-reply@blogger.com>
Date: 2013/1/17
Subject: [လူဗိုလ်ဟူသည် ...] လက်ထပ်ခြင်းက ကျန်းမာရေးကို ဘာကြောင့် ကောင်းစေသလဲ
To: lubo601@gmail.com
Timeline Photos
ရောဂါ
ယေဘုယျအားဖြင့် လူတွေဟာ လက်ထပ်ထိမ်းမြားတာကြောင့် အသက်ရှည်ရှည် နေရလေ့ ရှိပါတယ်။ ဒါက ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်း လျော့ကျမှု ရှိလို့ပါ။ ဆီးချိုသွေးချို ရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ အဆုတ်ရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းက လက်မထပ်တဲ့ သူတွေနဲ့ ယှဉ်ရင် လက်ထပ်ထားသူတွေမှာ ဖြစ်နှုန်း ပိုနည်းပါတယ်။ (ကင်ဆာကတော့ စာရင်းထဲမှာ မပါဝင်ပါ။) အိမ်ထောင်ပြုတာကြောင့် အမျိုးသားရော အမျိုးသမီးမှာပါ ရောဂါ အများစုရဲ့ ဖြစ်နိုင်ခြေက ညီတူညီမျှ လျော့နည်းတတ်ပေမယ့် နှလုံးရောဂါကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ နှလုံးရောဂါက အမေရိကန် နိုင်ငံမှာ နံပါတ်တစ် သေဆုံးစေတဲ့ ရောဂါ ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ အမျိုးသားတွေက အိမ်ထောင်မပြုတဲ့ အမျိုးသားတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးဆ ပိုနည်းပေမယ့် အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေကတော့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တစ်ဝက်လောက်ပဲ လျော့နည်းတာကို ၂၀၀၉ လေ့လာမှုအရ သိရပါတယ်။ တိုးတက်မှု အခွင့်အလမ်း အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ပြုတာကြောင့် ပိုပြီး ကျန်းမာ သက်ရှည်တတ်ပါတယ်။
အကြောင်းကတော့ လူပျိုကြီးတွေက အပျိုကြီးတွေထက် ကျန်းမာလူတွေ အိမ်ထောင်ပြုလိုက်တဲ့ အခါမှာ ဘယ်လို ကောင်းကျိုးတွေ ရရှိလာနိုင်သလဲ။ တစ်ကိုယ်တည်း နေချိန်မှာထက် ကျန်းမာရေး အခြေအနေက ပိုတိုးတက်မှု ရှိလို့လား။ အဲဒီအချက်တွေကို သိလိုတာကြောင့် သုတေသီတွေက လေ့လာမှုတွေ ပြုလုပ်ပြီး အောက်ပါ အချက်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ ရောဂါ ယေဘုယျအားဖြင့် လူတွေဟာ လက်ထပ်ထိမ်းမြားတာကြောင့် အသက်ရှည်ရှည် နေရလေ့ ရှိပါတယ်။ ဒါက ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်း လျော့ကျမှု ရှိလို့ပါ။ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ အဆုတ်ရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းက လက်မထပ်တဲ့ သူတွေနဲ့ ယှဉ်ရင် လက်ထပ်ထားသူတွေမှာ ဖြစ်နှုန်း ပိုနည်းပါတယ်။ (ကင်ဆာကတော့ စာရင်းထဲမှာ မပါဝင်ပါ။) အိမ်ထောင်ပြုတာကြောင့် အမျိုးသားရော အမျိုးသမီးမှာပါ ရောဂါ အများစုရဲ့ ဖြစ်နိုင်ခြေက ညီတူညီမျှ လျော့နည်းတတ်ပေမယ့် နှလုံးရောဂါကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ နှလုံးရောဂါက အမေရိကန် နိုင်ငံမှာ နံပါတ်တစ် သေဆုံးစေတဲ့ ရောဂါ ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ အမျိုးသားတွေက အိမ်ထောင်မပြုတဲ့ အမျိုးသားတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးဆ ပိုနည်းပေမယ့် အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေကတော့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တစ်ဝက်လောက်ပဲ လျော့နည်းတာကို ၂၀၀၉ လေ့လာမှုအရ သိရပါတယ်။
တိုးတက်မှု အခွင့်အလမ်း
အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ပြုတာကြောင့် ပိုပြီး ကျန်းမာ သက်ရှည်တတ်ပါတယ်။ အကြောင်းကတော့ လူပျိုကြီးတွေက အပျိုကြီးတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာမှု နည်းပြီး ဆေးလိပ်၊ အရက်နဲ့ တခြားအပျော်အပါးတွေ လိုက်စားနေတတ်လို့ပါ။ အမျိုးသားတွေက အိမ်ထောင်ပြုပြီးတဲ့ အခါကျမှ ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းတွေကို ပိုရှာဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ် လေ့လာမှုအရ လူငယ်တွေကို လက်မထပ်ခင်နဲ့ လက်ထပ်ပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုကို နှိုင်းယှဉ် လေ့လာခဲ့တဲ့အခါ လက်ထပ်ပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုက ချက်ချင်း ရပ်တန့်သွားခဲ့တာကို တွေ့ရပါတယ်။ ဇနီးတွေက သူတို့ရဲ့ အိမ်ထောင်ဖက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ပိုရှိပြီး သူတို့ရဲ့ ခင်ပွန်းသည်တွေကို အရက်နဲ့ ဆေးလိပ် မသောက်သုံးအောင် အားပေးနိုင်စွမ်း ပိုရှိတယ်လို့ လေ့လာသူ Hui Liuu ဆိုပါတယ်။
စိတ်ဓာတ်ကျခြင်း
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် စိတ်ဓာတ်ကျနိုင်ခြေ နှစ်ဆလောက် ပိုများပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့ အခါမှာ အမျိုးသမီးတွေက သူတို့ရဲ့ အိမ်ထောင်ဖက်အပေါ် အာရုံညွတ်နေတာကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်လာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေက စိတ်ဓာတ်ကျရောဂါ အဖြစ်နည်းတာပါ။ ဒါ့အပြင် စိတ်ဓာတ်ကျလိုက်၊ ကြွလိုက် ဖြစ်တာကိုလည်း လျော့ကျစေပြီး တည်တည်ငြိမ်ငြိမ် ဖြစ်စေပါတယ်။ ဘဝအဖော်နဲ့အတူ နေထိုင်တာက အမျိုးသမီး တစ်ဦးရဲ့ ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေပါတယ်။
စိတ်ဖိစီးမှုများခြင်း
အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး စိတ်ဖိစီးမှုကို အလွယ်တကူ ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုအရ စိတ်ဖိစီးမှု ဖြစ်စရာကိစ္စနဲ့ ကြုံတွေ့ရတဲ့ အခါမှာ အမျိုးသားတွေရဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း ကော်တီဆောက အမျိုးသမီးတွေမှာထက် ပိုမိုထွက်ရှိတာကို တွေ့ရပါတယ်။ ကံကောင်းတဲ့ အချက်အနေနဲ့ ချစ်သူရှိပြီး ချစ်သူနဲ့ အဆင်ပြေတာက ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဆိုင်ရာ တုံ့ပြန်မှုကို အမျိုးသားတွေက ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ၂၀၁၀ လေ့လာမှု တစ်ရပ်အရ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေက တစ်ကိုယ်တည်းနေသူ အမျိုးသားတွေထက် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရချိန်မှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အထွက်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။
ကိုယ်အလေးချိန်
အိမ်ထောင်ပြုပြီးတဲ့ အခါမှာ လူအများစုက ဗိုက်ပူပြီး ခါးတုတ်လာတတ် ပါတယ်။ အမျိုးသမီးတွေဆိုရင် ကလေး မမွေးရသေးဘဲနဲ့တောင် လက်ထပ်ပြီးတဲ့အခါမှာ ကိုယ်အလေးချိန်က အနည်းငယ် တက်လာတတ် ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက သူတို့ကိုယ်သူတို့ ထိန်းထိန်း သိမ်းသိမ်း နေတတ်ကြတာကြောင့် အိမ်ထောင်ပြုပြီးချိန်မှာ အဝလွန်တာက အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။
စီးပွားရေး
ယေဘုယျအားဖြင့် အိမ်ထောင်ရှိသူတွေက တစ်ကိုယ်တည်း နေသူတွေထက် ငွေရေးကြေးရေး ပိုမို အဆင်ပြေကြပါတယ်။ တစ်ကိုယ်တည်း နေထိုင်တဲ့ အချိန်မှာ အပူအပင် မရှိဘဲ သုံးဖြုန်းခဲ့ကြပြီး ကျန်းမာရေး ထိခိုက်လာချိန်မှာ ဆေးကုသဖို့ ငွေအလုံအလောက် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိမ်ထောင်ပြုပြီးချိန်မှာတော့ ငွေရေးကြေးရေး အခြေအနေအတွက် စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ လျော့နည်းစေပြီး အဲဒီအချက်က ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။
ကေအမ်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/17/2013 11:41:00 PM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36886] Fwd: [လူဗိုလ်ဟူသည် ...] Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ
From: Blogger <no-reply@blogger.com>
Date: 2013/1/16
Subject: [လူဗိုလ်ဟူသည် ...] Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ
To: lubo601@gmail.com
- I'm (I am)
- you're (you are)
- he's (he is)
- she's (she is)
- it's* (it is)
- we're (we are)
- they're (they are)
- isn't (is not)
- aren't (are not)
- can't (cannot)
- don't (do not)
- who's (who is)
- won't (will not)
ချန်ခဲ့တဲ့ စာလုံးတစ်လုံး ဒါမှမဟုတ် စာလုံးများရဲ့နေရာမှာ Apostrophe အမှတ်အသား ( ' )ကို ထားဖို့ကို သတိထားပါ။ ၄င်းနေရာသည် စာလုံးနှစ်လုံးကို ဆက်တဲ့နေရာဖြစ်ပြီး အမြဲတသမတ်တည်း မဟုတ်ပါ။
*(it is လို့ အဓိပ္ပါယ်ရသော) it's နှင့် ပိုင်ဆိုင်မှုပြနာမ်စား its တို့ကို မရောထွေးပါနှင့်။
ဥပမာ
It's the first day of spring. (ဒါဟာ နွေဦးရဲ့ ပထမဦးဆုံးနေ့ ဖြစ်တယ် ) Our bird escaped from its cage. (ကျွန်တော်တို့ငှက်ဟာ ၄င်း၏ လှောင်အိမ်ထဲက ထွက်ပြေးသွားတယ်။)
2. ဧက၀ုစ်နာမ်တစ်ခုသည် 's' ဖြင့် ဆုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ ၄င်း၏ ပိုင်ဆိုင်မှုကို ပြရန် Apostrophe ကို 's' ဖြင့် တွဲသုံးပါ။
ဥပမာ
- Harold's crayon (Harold ၏ ရောင်စုံဖယောင်းခဲတံ)
- My daughter's First Communion. (ကျွန်တော့် သမီး၏ ပထမဆုံး ကွန်မြူနီယံ)
- Sylvia Plath's poetry (Sylvia Plath ၏ ကဗျာ)
- Dylan Thomas's poetry (Dylan Thamas ၏ ကဗျာ)
- Today's weather report. (ယနေ့၏ ရာသီဥတုသတင်း)
- The boss's problem. (သူဌေး၏ ပြဿနာ)
- Star Jones's talk show (Star Jones ၏ ဆွေးနွေးမှု အစီအစဉ်)
- Victoria Beckham's husband (Vicloria Beckham ၏ ခင်ပွန်း)
3. ဗဟုဝုဒ်နာမ်အများစု၏ ပိုင်ဆိုင်မှုကို ပြရန် Apostrophe ကို 's' မပါဘဲ သုံးပါ။
's' ဖြင့် အဆုံးသတ်သော ဗဟုဝုဒ်နာမ်၏ ပိုင်ဆိုင်မှုကို ပြရန်အတွက် Apostrophe ကို ပဲ ထည့်ပါ။
- The girls' swing set (the swing set belonging to the girls) [မိန်းကလေးများ၏ဒန်းတစ်စုံ (မိန်းကလေးများက ပိုင်ဆိုင်သော ဒန်းတစ်စုံ)]
- The students' project (the project – belonging to the students) [ကျောင်းသားများ၏ ပရော့ဂျက် (ကျောင်းသားများ ပိုင်ဆိုင်သော ပရော့ဂျက်)]
- The Johnsons' house (the house belonging to the Johnsons) [Johnson တို့၏ အိမ် (Johnson တို့က ပိုင်ဆိုင်သော အိမ်)]
- the women's conference (the conference belonging to the women) [အမျိုးသမီးများ၏ ဆွေးနွေးပွဲ (အမျိုးသမီးများက ပိုင်ဆိုင်သော ဆွေးနွေးပွဲ)]
- the children's toys (the toys belonging to the children) [ကလေးများ၏ ကစားစရာများ (ကလေးများက ပိုင်ဆိုင်သော ကစားစရာများ)]
- the men's training camp (the training camp belonging to the men)[အမျိုးသားများ၏ လေ့ကျင့်ရေးစခန်း (အမျိုးသားများက ပိုင်ဆိုင်သော လေ့ကျင့်ရေးစခန်း)]
4. နာမ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော နာမ်များက တစ်မျိုးတည်းသော အရာကို ပိုင်ဆိုင်ထားပါက Apostrophe ကို 's' ဖြင့် တွဲသုံးပါ။
နာမ်နှစ်ခု (သို့) နှစ်ခုထက်ပိုသော နာမ်များက တစ်ခုတည်းသော အရာကို ပိုင်ဆိုင်နေပါက စာရင်း၌ပါသော နောက်ဆုံး နာမ်တွင် Apostrophe ကို 's' နှင့် တွဲသုံးပါ။
- Ben and Jerry's Cherry Garcia Ice Cream (Ben နှင့် Jerry တို့၏ Cherry Garcia ရေခဲမုန့်)
- Emma and Nicole's school project (Emma and Nicole worked together on the same project) [Emma နှင့် Nicole တို့၏ ကျောင်းပရော့ဂျက် (Emma နှင့် Nicole တို့သည် ပရော့ဂျက်တစ်ခုတည်းကို အတူတကွ ပြုလုပ်ကြသည်။)]
- Tim's and Marty's ice cream. (Each boy has his own ice cream) [Tim နှင့် Marty တို့ရဲ့ ရေခဲမုန့် (ကောင်လေးတစ်ဦးစီမှာ ရေခဲမုန့်တစ်ခုစီရှိတယ်)]
- Emma's and Nicole's school projects (Each girl has her own project) [Emma နဲ့ Nicole တို့ရဲ့ ပရော့ဂျက်များ (မိန်းကလေးတစ်ယောက်စီမှာ သူပိုင် ပရော့ဂျက်တစ်ခုစီရှိတယ်)]
5.ပိုင်ဆိုင်မှုပြနာမ်စားများတွင် Apostrophe အသုံးမပြုပါနှင့်။
ပိုင်ဆိုင်မှုပြနာမ်စားများသည် ပိုင်ဆိုင်ကြောင်းပြပြီးသားဖြစ်၍ ၄င်းတို့တွင် Apostrophe ကို ထည့်ရန် မလိုပါ။
- yours (သင်၏)
- his (သူ၏)
- hers (သူမ၏)
- its* (၄င်း၏)
- ours (ကျွန်ုပ်တို့၏)
- theirs (သူတို့၏)
ဒါပေမဲ့လည်း တချို့သော သာမည နာမ်စား (indefinite pronouns)၏ ပိုင်ဆိုင်မှုကို ပြရာတွင် apostrophe ကို 's' နှင့် တွဲ၍ အသုံးပြုပါသည်။
- anybody's guess (တစ်ဦးတစ်ယောက်၏ မှန်းဆချက်)
- one's personal responsibility. (တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်တာဝန်)
- somebody's wallet. (တစ်စုံတစ်ယောက်၏ ပိုက်ဆံအိတ်)
6. ယေဘုယျအားဖြင့် ဗဟုဝုဒ်ကိန်းဖွဲ့ရန်အတွက် Apostrophe ကို အသုံးပြုလေ့မရှိပါ။ အများအားဖြင့်တော့ ရက်စွဲများ၊ အတိုကောက်စာလုံးများနှင့် မိသားစု နာမည်များ စသည်တို့ပါဝင်သော နာမ်များ၏ ဗဟုဝုဒ်ကိန်းများဖွဲ့ရာတွင် apostrophe မပါသော 's' (သို့) 'es' ကို ထည့်ပါ။
- Markets were booming in the 1990s. (၁၉၉၀ ခုနှစ်များမှာ ဈေးတွေဟာ ရုတ်တရက် တိုးတက် လာခဲ့ကြပါတယ်။)
- The tax advantages offered by IRAs make them attractive investments. (IRA တို့က ကမ်းလှမ်းလာသော အခွန်အကျိုးအမြတ်များက ၄င်းတို့ကို ဆွဲဆောင်မှုကောင်းသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေပါတယ်။)
- The Johnsons have sold all of their CDs (Johnson တို့က ၄င်းတို့ရဲ့ CD တွေအားလုံးကို ရောင်းပစ်လိုက်ပြီ။)
ဗဟုဝုဒ်ကိန်းဖြင့် ဖော်ပြလေ့မရှိသော တချို့သော စာလုံးများနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးမှုမရှိစေရန် အတွက် ၄င်းတို့ ၏ဗဟုဝုဒ်ကိန်းများဖော်ပြရာတွင် apostrophe ကို ထည့်ရန် လိုပါသည်။
- Mind your p's and q's. (အတတ်နိုင်သမျှ အယဉ်ကျေးဆုံး ပြုမူပြောဆိုပါ။)
- Let's accept the proposal without any 'if's, and's, or but's. (အဆိုပြုချက်ကို လျှင်တွေ၊ နှင့်တွေ (သို့) ဒါပေမဲ့တွေ မပါဘဲ နှင့် လက်ခံလိုက်ကြရအောင်။)
Read more: Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A783741&xgs=1&xg_source=msg_share_topic#ixzz2IClqqIZ4
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/17/2013 11:48:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



