သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့်
ရွှေဖြူစီမံကိန်းကြောင့် အခက်အခဲ ကြုံရသည့်ဒေသခံများ ဆုတောင်းပွဲလုပ်
Posted: 18 Jan 2013 02:20 AM PST
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်သည့် စီမံကိန်းကြောင့် အခက်အခဲ ကြုံ တွေ့နေရသည့် ဒေသခံများ စုရုံး၍ ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလှူအဒါန်းနှင့်တကွ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
white goldတာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်နေသည့် မြင်ကွင်းတစ်ခု (Photo:LWO)
"ရွှေဖြူလာတူးတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ လယ်ယာမြေတွေလည်း ပျက်စီးတယ်။ ဒါကြောင့် ရွာသူရွာသား လယ်သမားတွေ စုပေါင်းပြီး ရေမြေတောတောင်စောင့်နတ်ကို ရည်စူးပြီး အလှူ အဒါန်း ပြုလုပ်ရတာပါ။ ဖြစ်နိုင်ရင်တော့ ဒေသခံလူထုအတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကြီး ရပ်နား သွားစေချင်တယ်လေ" ဟု ကျိန်းလပ်ဒေသခံတစ်ဦးက ပြောပါသည်။
အဆိုပါ အလှူဒါနပွဲကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲ ဝမ့်တုံကျေးရွာ ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေသတွင်း အာဏာပိုင်များနှင့် ဒေသခံလူထု ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု ဆို၏။
"နံနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ သီလဆောက်တည်တယ်။ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပေးတယ်။ နောက် ရေမြေတောတောင်စောင့်နတ်တွေ သတ္တဝါတွေကို ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်" ဟု ၎င်းက ဆက်ပြောပါသည်။
နံနက် ၁၁ နာရီ သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ပါတီအသီးသီး မှ ပုဂ္ဂိုလ်များ၊ ဒေသတွင်း အာဏာပိုင်များထံ လူထုဆန္ဒ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြ ခဲ့ကြောင်း၊ ရွှေဖြူတူးဖော်မှုကြောင့် နောင်ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်၊ ဆိုးကျိုးများ အကြောင်းလည်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။
ဝမ့်တုံကျေးရွာဘက်၌ 'ရွှေထူးစံ' ကုမ္ပဏီက နမ့်ခင်းမ်ချောင်းအတွင်း ရွှေဖြူလာရောက်တူးဖော်လျက်ရှိ ကြောင်း ဆိုပါတယ်။
"ရွှေဖြူလာတူးတာ ဘယ်သူမှ အကောင်းမမြင်ဘူး။ သျှမ်းရွာအပြင် ပလောင်ရွာက ဒေသခံတွေလည်း အကောင်းမမြင်ဘူး။ ရေတွေလည်းနှောက် လယ်တွေလည်းပျောက် ကျနော်တို့အတွက် ဘာကောင်း ကျိုးမှ မရှိဘူး" ဟု ဝမ့်တုံလယ်သမားတစ်ဦးကလည်း ပြောပါသည်။
လားဟူအမျိုးသမီးအဖွဲ့(LWO) ကလည်း တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်း အစီရင်ခံစာ ထုတ်ပြန်ရာ တောတောင်များ ပျက်စီးကာ ဒေသခံများ သစ်ဥမြစ်ဥ ရှာဖွေရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဝမ်းစာအတွက် အကြပ်အတည်း ကြုံတွေ့နေရကြောင်း၊ ရေထုညစ်ညမ်းသဖြင့် သောက်သုံးရေအတွက်လည်း အခက်အခဲကြုံတွေ့နေရ ကြောင်း ဆိုပါသည်။
KIA နှင့် မြန်မာစစ်တပ်တို့ နှစ်ဘက် စစ်ရှိန် မြှင့်တက်နေ
Posted: 18 Jan 2013 02:19 AM PST
ဒီဇင်ဘာလလယ်ပိုင်းမှစ၍ အစိုးရတပ်ဘက်မှ KIO/KIA ဋ္ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့ အနီးတစ် ဝိုက် KIA စခန်း များအား ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယခုအခါ ကချင်ပြည်နယ် နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စစ်ရေးရေချိန် မြှင့်တက်နေကြောင်း သိရသည်။
A-kachin-sniper-in-the-frontline-in-northern-shan-state
အစိုးရဘက်မှ လိုင်ဇာဒေသ ထိုးစစ်အတွက် စစ်တပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ် ပို့ဆောင်နေပြီး ယခင် စစ်မဖြစ်သေးသည့် နေရာများတွင်ပါ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် ယနေ့နံနက်ပိုင်းက KIA နှင့် အစိုးရ တပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"ဒီမနက်ပိုင်းမှာ ရွှေကူနဲ့မိုးဒါးကြားမှာ တိုက်ပွဲဖြစ်နေတယ်၊ မနေ့ညနေ ၄ နာရီခွဲလောက်က ဗန်းမော်မြို့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းရှေ့မှာ မိုင်းတစ်လုံးကွဲတယ်၊ သုံးဘီးသမားတစ်ယောက် လက်နဲ့ခြေထောက်မှာ ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်" ဟု ၄င်းမြို့ခံကပြောသည်။
အဆိုပါတက္ကသိုလ်ရှေ့ ပေါက်ကွဲခဲ့သည့် ဗုံးနှင့် ပတ်သက်၍  မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။
အစိုးရတပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ်ပို့ဆောင်နေမှုနှင့် ပတ်သက်၍ တရုတ်နယ်စပ် စစ်ရေးနိုင်ငံ ရေး စောင့်ကြည့် လေ့လာသူ ဦးအောင်ကျော်ဇောက ယခုလိုဆိုသည်။
"ဗမာအစိုးရဘက်က တပ်တွေကို တစ်သုတ်ပြီး တစ်သုတ်ထပ်တင်နေတယ်၊ အဲလိုတင်နေတာက စစ်ရှိန်လျှော့မယ်ဆို တာမဖြစ်နိုင်ဘူးလို့ ထင် တယ်၊ လွန်ခဲ့တဲ့ ၅ ရက်လောက်က နတခ တပ်တွေ သင်္ဘောနဲ့ ဗန်းမော်ကို ထပ်ရောက်တယ်၊ တပ်မ ရ၇ တပ်တွေလည်းရောက်နေပြီ အခုသိရတာက ဒီလ ၂၀ ရက်နေ့ လိုင်ဇာကို အရသိမ်းမယ်ဆိုပြီး ဗမာအစိုးရ ဘက်က ကြိုးပမ်းနေတယ်" ဟု  ဆိုသည်။
ထို့သို့ အစိုးရတပ်များ ပို့ဆောင်နေချိန်တွင် ယမန်နေ့က တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ် သည့် ဗန်းမော် - လွယ်ဂျယ်လမ်း စိန်လုံအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများခေတ္တရပ် ဆိုင်းသွားကြောင်း လွယ်ဂျယ် ဒေသခံ တစ်ဦးကလည်းဆိုသည်။
"စိန်လုံကမ္ဘာပေါ့ ၂၄ မိုင်နားမှာ မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်တယ် ဆိုင်ကယ်တွေ ကားတွေမတက်နိုင် ဘူး ဒီနေ့မှ ကားတွေ ပြန်သွားနိုင် တယ် ၂၈ မိုင်နားက ထမင်းဆိုင်တွေကိုတော့ စစ်ဖြစ်နေလို့ဆိုပြီး အစိုးရ တပ်က အိမ်ပြန်ခိုင်း လိုက်ပြီ" ဟု ဒေသခံက ဆိုသည်။
KIO/KIA ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၇ မိုင်ခန့်အကွာ လဝါးယန်အနီးတွင် ယမန်နေ့မှ စ၍ နှစ်ဘက်တိုက်ပွဲများ ယနေ့ အထိ ဖြစ်ပွားနေရာနှစ် ဘက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ကျောင်းသားတပ်မတော်မှ ရှေ့တန်းရောက် တပ်မှူးတစ်ဦး ကပြောသည်။
KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ် ရေးလမ်းတစ်ခုဖြစ် သည့် မူစယ် - မန္တလေးလမ်းပေါ်တွင် အစိုးရဘက်မှ စစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်နေရာ ယမန် နေ့ကစ၍ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။
မူစယ်ခရိုင်ဆေးရုံကြီး ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ်
Posted: 17 Jan 2013 06:26 PM PST
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ပြည်သူ့ဆေးရုံကို မြို့ပြင်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက စီစဉ် လျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။
Muse Hospital                                                     Photo: HL/SHAN
"မြို့ပတ်လမ်းမှာရှိတဲ့ အဆင့်မြင့် အားကစားကွင်းဘေးကို ပြောင်းခိုင်းတာ။ မြို့ပြင်ပေါ့။ လူနေအိမ် လည်း မရှိ။ လက်ရှိဆေးရုံကို တိုးချဲ့မယ်ဆိုရင် ကောင်းတာပေါ့။ မြို့လယ်ခေါင်မှာရှိတော့ လိုအပ်တဲ့ ဆေးတွေ စားစရာတွေ ဝယ်ရတာ လွယ်တယ်။ ပြည်ထောင်စု လမ်းမကြီးနဲ့လည်း နီးတယ်။ သွားလာရ လွယ်ကူ အဆင်ပြေတယ်။ လုံခြုံရေးလည်း ရှိတယ်လေ" ဟု မူစယ်ဒေသခံတစ်ဦးက ပြောပါသည်။
ဂျန္နဝါရီလဆန်းပိုင်းခန့်က မူစယ်ဆေးရုံအုပ်အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူပြောဆိုခဲ့ကြောင်း၊ ဆေးရုံအုပ်က ပြောင်းရွှေ့ရန် သဘောမတူကြောင်း ဆေးရုံတက် လူနာတစ်ဦး၏ မိသားစုဝင်က ဤကဲ့သို့ ပြောပါသည်။
"ခေါ်တွေ့တော့ ဆေးရုံအုပ်က သဘောမတူဘူးပေါ့။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက သဘောတူတူ မတူတူ ဆေးရုံရွှေ့ရအောင် လုပ်မယ်လို့ ပြောလာတယ်လို့ ကြားတယ်။ ဒီမိုကရေစီလို့သာ ပြောတယ်။ အာဏာနဲ့ ဖိနှိပ် ချိန်းခြောက်နေတာတွေက ရှိနေသေးတယ်။ လူသူနဲ့ဝေးတဲ့ မြို့ပြင်ကို ပြောင်းခိုင်း တော့ ဘယ်သူက ပြောင်းချင်မှာလဲ။"
ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီးနောက် ဆေးရုံအုပ်က သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ သျှမ်းပြည်နယ် ကျန်းမာရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သွား ရောက်တွေ့ဆုံခဲ့ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးနိုင်ရန် စာတင်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအဝိုင်းက ပြောပါသည်။
"ဗိုလ်ချုပ်ခင်ညွှန့်ခေတ်ကတည်းက စီမံကိန်းရှိထားတာ။ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒီနှစ်မှ အကောင်အထည်ဖော်တာ။ ဘာကြောင့် ပြောင်းခိုင်းသလဲဆိုတာ သေသေချာချာ မသိရဘူး။ ဆေးရုံ မြေနေရာမှာ ကုမ္ပဏီက  အဆင့်မြင့်ဂေဟာတွေဆောက်ပြီး ရောင်းမယ်လို့တော့ ကြားတယ်" ဟု မူစယ်ခေတ်လူငယ်တစ်ဦးကလည်း ပြောပါသည်။
လက်ရှိဆေးရုံမြေနေရာအား 'ထုန့်မောဝ်း' ကုမ္ပဏီမှ ဝယ်ယူမှာဖြစ်ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန် သဘောတူညီချက် ရရှိသည့်အချိန်မှ မြေ ၅ ဧက အကျယ်အဝန်းရှိ အဆင့်မြင့် အားကစားကွင်းဘေး၌ ဆေးရုံသစ်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။
SNLD အထွေထွေအတွင်းရေးမှူး ကျန်းမာရေးဆေးစစ်ရန် ပထမဆုံးအကြိမ်ပြည်ပခရီးစဉ်စတင်
Posted: 17 Jan 2013 06:24 PM PST
ထောင်ဒဏ်နှစ်ရှည်မှ ပြန်လည်လွှတ်မြောက်လာသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး စိုင်းညွန့်လွင်  ပထမဆုံးအကြိမ် ပြည်ပ၌ ကျန်းမာရေး ဆေးစစ်ချက် ရယူရန် ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသို့ ခရီးစဉ် စတင်ခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။
Sai Noot CoupleSNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့်ဇနီး (ဓါတ်ပုံ-ဖေ့စ်ဘုခ်မှကူးယူဖော်ပြသည်)
"ကျနော်တို့ SNLD ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ အနေအထိုင် အစားအသောက် ဒုက္ခဒဏ်တွေ ကြောင့် ဒူလာရောဂါလိုဟာမျိုး စွဲကပ်လာတယ်။ အဲဒီရောဂါကို အပြင်ရောက်တော့ နည်းပေါင်းစုံနဲ့ ကုသတော့လဲ မသက် သာဘူး။ ဒါကြောင့်မို့လို့ အခု အဲဒီရောဂါအပြင် တခြားသော ရောဂါတွေအတွက်လဲ ဆေးစစ်ရင်း ကုသမှု ခံယူစရာရှိရင်လဲ ခံယူရင်း လုပ်ရအောင်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ထွက်သွားပါပြီ" ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ် ဒု-အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းလိတ်က ပြောပါသည်။
၂၀၁၂ နှစ်ဆန်းက နှစ်ရှည်ထောင်ဒဏ်မှ လွတ်မြောက်လာသော စိုင်းနွတ် ခေါ် စိုင်းညွန့်လွင် ဂျန္နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်း က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်း နိုင်ငံသို့ ထွက်ခွါခဲ့ကြောင်း၊ ရောဂါစစ်ဆေးမှုခံယူပြီးနောက်ပိုင်းတွင်လည်း အခြေအနေပေးပါက အလျဉ်းသင့်သကဲ့သို့ ထိုင်းနိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ် ကြောင်း ဆိုပါသည်။
"စစ်မှန်တဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ဘယ်အတိုက်အခံအဖွဲ့အစည်းနဲ့မဆို အစိုးရကိုယ်တိုင်ကတောင်မှ လက်ခံတွေ့ ဆုံနေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့လဲဘဲ တရားဝင်တွေ့ဆုံခွင့်ရှိတယ်လို့ ယူဆတယ်လေ။  ဒါကြောင့်မို့လို့ လိုအပ်ရင် လိုအပ်သလို ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ပုဂ္ဂိုလ်နဲ့မဆို အချိန်ပေးရင်ပေးသလို တွေ့ဆုံသွားဖို့ရှိပါတယ်" ဟု စိုင်းလိတ်က ဆိုပါသည်။
ယမန်နှစ် ဂျူလိုင်နှင့် ဩဂတ်စ်လက SNLD ပါတီဥက္ကဌ ခွန်ထွန်းဦးကလည်း ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျန်းမာရေးဆေး စစ်ချက်ရယူခဲ့သေးသည်။ သို့သော် ထိုစဉ်က ဥက္ကဌကြီးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တိုင်းရင်းသားခေါင်းဆောင် နှင့်မျှ တွေ့ဆုံခြင်းမရှိဘဲ ဆေးကုသမှုခံယူရန် သက်သက်သာ ဖြစ်ပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအပါအဝင် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် သျှမ်း ခေါင်းဆောင် ၈ ဦးအား   အမျိုးသားညီလာခံကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အာဏာရစစ်အုပ်စုက ၂၀၀၅ နှစ်ဦးပိုင်း၌ ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ၇၉ - ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့ သည်။  သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ၂၀၁၂ နှစ်ဆန်းပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြပြီး ပါတီပြန်လည်တည်ထောင်ခဲ့ကြသည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
Posted: 17 Jan 2013 06:23 PM PST
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင်  သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့  ထုတ် ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး သျှမ်းသံတော် ဆင့် သတင်းဌာနက SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကို ဆက်သွယ်မေးမြန်းထားပါတယ်။
003-ပြီးခဲ့သည့်တနင်္လာနေ့က လိုင်ဇာမြို့ထဲသို့ အစိုးရတပ်လက်နက်ကြီးပစ် ရွာသားများထိမှန်သေဆုံး (ဓါတ်ပုံ- ဖေ့စ်ဘုခ်မှ)
မေး။    ။ ကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။    ။ ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိတဲ့အတွက် ကြောင့် တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့  ငြိမ်းချမ်းစွာ ဖြေရှင်းကြရမယ်။ နိုင်ငံရေးစားပွဲဝိုင်းကို အမြန်သွားမှသာလျှင် တိုင်းရင်းသားပြည်သူတွေရဲ့ ဒုက္ခတွေ ကယ်တင် နိုင် မယ်။ ပြီးတော့မှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ကျနော်တို့ အာရုံစူးစိုက်နိုင်မယ်ဆိုတာ အဓိကထားပြီးမှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။
မေး။    ။ ကြေငြာချက်မှာ ကချင်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအများကြီးရှိနေတာ တွေ့မိပါတယ်။ ခွန်ထွန်းဦး ဦးဆောင်လှုပ်ရှားနေတဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် ဖို့ဆိုတဲ့ လုပ်ငန်းမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိပါသလား။
ဖြေ။    ။ ရှိလာနိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူး။ တိုင်းရင်းသား တွေနဲ့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ဘူးဆိုရင် ပြေလည်မှု မရဘူးပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် ဘယ်တိုင်းရင်းသား လူမျိုးတမျိုးကိုမှ ရန်စ ထားလို့ မရဘူး။ ကချင်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်၊ သျှမ်းတွေနဲ့တိုက်ပွဲဖြစ်နေ တယ်။ ကချင်၊ သျှမ်း မပါဘဲနဲ့လည်း ပြည်ထောင်စုဆိုတာ အသွင်သဏ္ဍာန် ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ထို နည်းလည်းကောင်းဘဲ ၀တွေ၊ ပအိုဝ်းတွေ မပါရင်လည်း ပြီးပြည့်စုံမှု မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ ကချင် မှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုကို လုံးဝ ထိခိုက်စေနိုင်ပါ တယ်။ ဒါကို အမြန်ဆုံး ချုပ်ငြိမ်းသွားဖို့ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။
မေး။    ။ ကချင်စစ်ပွဲကို ကြည့်လိုက်မယ်ဆိုရင် အခုက မြန်မာအစိုးရဘက်ကလည်း မိမိကိုယ်ကို ကာကွယ် တိုက်ခိုက်နေတာပါလို့ ပြောတယ်။ ကချင်ဘက်ကတော့ မြန်မာအစိုးရတပ်က  ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်လို့  ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။    ။ စစ်ဆိုတဲ့ သဘောတရားအရဆိုရင်တော့ နှစ်ဖက်စလုံးက သူ့အယူ ကိုယ့်အယူ မှန်တယ်လို့ ယူဆကြမှာဘဲလေ။ ဒါပေမဲ့ ယထာဘူတကျကျ စဉ်းစားကြည့်မယ်ဆိုရင် ကျနော်တို့အားလုံးဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဗမာ့တပ်မတော်ဟာ KIA ကို တိုက် စရာ အကြောင်းမရှိဘူး။ KIA ကလည်း ဗမာ့တပ်မတော်ကို ပြန်ပြီးပစ်ခတ်စရာ အကြောင်းမရှိဘူး။ အဲဒီ လို အကြောင်းမရှိဘူးဆိုတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဖြစ်မလဲဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှဘဲ ကျနော်တို့ ပြဿနာငြိမ်းအေးမှာလေ။ ဒါကြောင့်မို့လို့ သူနိုင် ကိုယ်နိုင် စကားနိုင် လုနေမဲ့အစား ကျနော်တို့ တိုင်းရင်းသားတွေက ဘာတွေကို လိုချင်နေသလဲ၊ ကချင် တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကဘာလဲ၊ ပြည်ထောင်စု အစိုးရဘက်က ဘာတွေများ လိုက်လျောပေး နိုင်မလဲ၊ ဘာတွေများ လုပ်ပေးသင့်သလဲဆိုတာကို ဆွေးနွေးညှိနှိုင်းမှသာလျှင် စစ်ရေးပြဿနာက ပြေ လည်သွားမှာ ဖြစ်ပါတယ်။
SNLD statement                                             statement of SNLD
မေး။    ။ ကချင်တပ်နဲ့မြန်မာအစိုးရတပ်ကြားမှာ ဘာကြောင့်မို့လို့ တခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလို ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။
ဖြေ။    ။ ဒါကလည်းဘဲ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအသွင်သဏ္ဍာန် မှားယွင်းနေတဲ့ အတွက်ကြောင့်ပါဘဲ။ ဘာလို့လဲဆိုရင် စစ်မျက်နှာတခုကိုဖွင့်မယ်။ ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဘက်ကိုကျတော့ ငြိမ်းချမ်းရေး မရ-ရအောင် တည်ဆောက်ထားမယ်။ သူတို့ရဲ့ ပုံစံမကျမှုကြောင့် ဖြစ် တာဗျ။ အမှန်တော့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေသလို အားလုံးသောတိုင်းရင်းသားတွေကို amnesty အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၊ အတိုက်အခံအားလုံးကို စုဆုံပြီးမှ ဆွေးနွေးပွဲ လုပ်ဖို့ ဖိတ်ခေါ်လိုက်။ ဒါဆိုလို့ရှိရင် တိုင်းရင်းသားအားလုံးလည်း လက်နက်တွေ ခဏရုတ်သိမ်းပြီးတော့ မှ တိုက်ပွဲတွေ ခဏရပ်ထားပြီးတော့မှ ဆွေးနွေးလို့ ရတာပေါ့ဗျာ။ အခုတော့ ၁၇/၁ တွေရှိနေမယ်။ တချို့ အဖွဲ့ကိုတော့ ပြေလည်အောင် ညှိနှိုင်းထားပြီးတော့မှ တချို့အဖွဲ့တွေကိုကျတော့ ဆက်လက် ရမယ်ရှာ ပြီး တိုက်ပွဲဝင်နေတယ်ဆိုတာမျိုးကတော့ အစိုးရဘက်က သတ်မှတ်ထားတဲ့ပုံစံ၊ မူဝါဒ သဘောထား မရှိသေးဘူးလို့ဘဲ သုံးသပ်ရမယ်ဗျ။ ဒီအပေါ်မှာ အစိုးရဘက်ကဘဲ လုံးဝ တာဝန်ရှိတယ်လို့ မြင်ပါတယ်။
မေး။    ။ နောက်ဆုံးအနေနဲ့ ကချင်အရေးနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားချင်ပါသလဲ။
ဖြေ။    ။ တခုဘဲ ပြောလိုပါတယ်။ စစ်ဖြစ်တယ်ဆိုလို့ရှိရင် ကချင်လူမျိုးနဲ့ ဖြစ်တယ်ဆိုပေမဲ့လို့ ကျနော် တို့ ပြည်ထောင်စုတခုလုံးကို ထိခိုက်နစ်နာစေပါတယ်။ သျှမ်းနဲ့ဖြစ်ရင်လည်း သျှမ်းလူမျိုးတမျိုးတည်း သျှမ်းပြည်တခုတည်း ထိခိုက်နစ်နာတာ မဟုတ်ဘူး။ ပြည်ထောင်စုတခုလုံးရဲ့ သယံဇာတ အရင်းအမြစ် နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသဖြင့် အားလုံးကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ် တိုင်းရင်းသားနဲ့မှ တိုက်ပွဲ မဖြစ်စေလိုတော့ပါဘူး။ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ဘဲ အားလုံးကို တိုက်တွန်းလိုပါတယ်။ ထိုးစစ် ဆင်တဲ့ဘက်ကရော ခံစစ်ဆင်တဲ့ဘက်ကရော ဘယ်သူဘဲဖြစ်ဖြစ် အားလုံး ငြိမ်းချမ်းရေးကို ဦးတည် ရှေးရှုကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
ကချင် လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ၂၀၁၃ ခုနှစ် ဝင်လာတာနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ နှစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အဆင့်ထိ ဖြစ်လာပြီး အစိုးရတပ်ကနေ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ ပစ်ခတ်မှုတွေ ရှိလာပါတယ်။
ပဋိပက္ခပြေလည်ငြိမ်းအေးအောင် နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ ၊လွှတ်တော်အတွင်း နေရာ အများဆုံးရရှိခဲ့သော ကြံ့ခိုင်ရေးပါတီအမတ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်  ဒေါ်အောင်ဆန်းစုကြည်တို့မှလည်း ဝင်ရောက်ဖြေရှင်းကြ ခြင်းမရှိ သေးတာကိုတွေ့ရကြောင်း ကြေငြာချက်မှာထောက်ပြထားပါတယ်။
ထို့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည်သာ တခုတည်း သောနည်းလမ်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်နိုင်ငံတော်အစိုးရကနေ တွေ့ဆုံဆွေးနွေးရေးအဖြေရှာခြင်းကို အလေးအနက်ထား ဆောင်ရွက်သွား ဖို့ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကနေ ကြေငြာချက်ထုတ်ပြန်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
Posted: 17 Jan 2013 06:20 PM PST
ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး ပညာရှင်အသီးသီးက ဆိုထားတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့  ရှမ်းပြည်နယ်/ရှမ်းလူမျိုးတွေ လက်တွေ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်/အခြေအနေတွေအပေါ်မှာ သုံးသပ်ပြီး နိုင်ငံရေးရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရှမ်းပြည်နယ်အပါအဝင် ဒီနေ့ပြည်နယ်တွေရဲ့ အခြေအနေကို ကြည့်လိုက်ရင် အများစုက အေးချမ်းသာယာမှု ကင်းမဲ့ နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဘာကြောင့် ဖြစ်နေရတာလဲ။ ဘာကြောင့် ယမ်းခိုးတဝေဝေ ဖြစ်နေရ တာလဲ။ သာယာလှပတဲ့ တောင်းတန်းတွေမှာ ပန်းရနံ့တွေ ဝေနေရမယ့်အစား ယမ်းနံ့တွေ ဝေနေရတာ ဘာကြောင့်ပါလဲ။ အဲဒီ ဒေသခံလူမျိုးတွေ အတိဒုက္ခရောက်နေကြတာ ဆယ်စုနှစ်ပေါင်းချီပြီး အတော်ကို ကြာခဲ့ပါပြီ။ ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်အမြောက်အမြားကို ရင်ဆိုင်ခဲ့ကြရတယ်။ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို ဘာကြောင့် မဖယ်ရှားနိုင်သေးတာလဲ။ အေးချမ်းသာယာမှုကို ဘာကြောင့် မတည်ဆောက်နိုင်ကြတာလဲ။ မေးခွန်းတွေ ရှိပါတယ်။ အဖြေတွေ အများကြီးထဲက တစ်ခုကတော့ ယုံကြည်မှု မရှိတာ၊ ယုံကြည်မှု မတည်ဆောက်နိုင်တာပါလို့ ပြောနိုင်ပါတယ်။
ပြည်ထောင်စုကြီးကို တည်ဆောက်တယ်ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ယုံကြည်မှု မရှိဘဲနဲ့ ပြည်ထောင်စုလည်း မဖြစ်နိုင်သလို ငြိမ်းချမ်းရေးလဲ တည်ဆောက်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံမကြည် ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်နိုင်မှာလဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မှာလဲ။ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယုံကြည်မှု ရအောင် အရင်ဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ဒါဆို တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့  ဘာကြောင့် မယုံကြည်နိုင်အောင် ဖြစ်နေရတာလဲ ?
တန်းတူ ညီမျှမှု မရှိတာတွေ၊  ဗိုလ်ကျစိုးမိုး အနိုင်ကျင့်တာတွေ၊  လူ့အခွင့်အရေး ချိုးဖေါက်တာတွေ၊ ကတိမတည် လိမ်လည်လှည့်ဖျားတာတွေ ၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို ချုပ်ချယ်တာတွေ အစရှိတာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူတစ်စုက တစ်ခြားလူတစ်စုကို မယုံကြည်နိုင်လို့ အဲဒီအပြုအမူတွေကို လုပ်ဆောင်တာ ဖြစ်တတ်ပြီး ခံရတဲ့လူတစ်စုကလည်း ပြုလုပ်သူ လူတစ်စုကို တစ်ဖန်ပြန်ပြီး မယုံကြည်နိုင်တော့ပါဘူး။ အဲဒီကနေစပြီး ငြိမ်းချမ်းမှုတွေပျောက်  ပဋိပက္ခတွေ ရောက်လာတော့တာပါဘဲ။
ယုံကြည်မှုကို တစ်ဖက်တည်းက တည်ဆောက်လို့လဲ မရပါဘူး။ နှစ်ဖက် သို့မဟုတ် သုံးဖက် ပါဝင်သူအားလုံးက ပါဝင်တည်ဆောက်မှ ဖြစ်နိုင်တာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် နားလည်မှု နဲ့ လုပ်ပြကိုင်ပြ ဆောင်ရွက်ပြတာတွေကသာ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓါတ် ဆိုတာ မကောင်းသလို ကျန်တစ်ဖက်က ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒ ဆိုတာလည်း မကောင်းပါဘူး။ ကျွန်တော်တိုက်တွန်းချင်တာကတော့ အဲဒီ လွဲမှားမှုတွေကို အားလုံးက ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဖျောက်ဖျက် ပြစ်ဖို့ လိုပါတယ်။ ဒါမှ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာ အခု အပစ်ရပ်စဲရေး စာချုပ်တွေမှာ လက်မှတ်ထိုးကြတော့ "ပြည်ထောင်စုထဲက ခွဲမထွက်ပါဘူး" ဆိုပြီးလက်မှတ် ထိုးရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာတစ်ဖက်ထဲအပေါ်ထားတဲ့ စည်းကမ်းချက်မျိုးပါ။ တစ်ခြားတစ်ဖက်ကလည်း "ပြည်ထောင်စုကြီးထဲက မခွဲထွက်ချင်အောင် ကျွန်တော်တို့ ဘာတွေလုပ်ထားပါတယ် " ဆိုတာမျိုးကြတော့ မပါပါဘူး။ အဲဒီတော့ ယုံကြည်မှုတည်ဆောက်ရာမှာ အခက်အခဲဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က မခွဲထွက်ချင်အောင် ဘာတွေဘာတွေ လုပ်ထားပါတယ်။ ခင်ဗျားတို့ဘက်ကလဲ ခွဲမထွက်ပါနဲ့  ဆိုတာမျိုး နှစ်ဖက်စလုံးက ကတိတွေပေးမှ တရားမျှတတဲ့၊  နားလည်မှုရှိတဲ့ ယုံကြည်မှုတည်ဆောက်တာ ဖြစ်ပါလိမ့်မယ်။
ခွဲထွက်ရေး ဆိုတာကို အကြောင်းပြပြီး လှည့်စားခဲ့တဲ့  အတိတ်ကအရိပ်မည်းကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပါတယ်။
အမှန်တကယ် မရှိခဲ့တဲ့ ခွဲထွက်ရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့လို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီးဟာ ဘာမှအပြစ်မရှိဘဲ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရတယ်။ သူ့သားတစ်ယောက်လည်း အကြောင်းမဲ့ ကျဆုံးခဲ့ရတယ်။ သီပေါစော်ဘွား ကြီးလည်း အဖမ်းခံရပြီး ပျောက်ဆုံးခဲ့ရတဲ့ သမိုင်းအမည်းစက်ကြီး တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ကြပါမလဲ။ ရှမ်းတွေဘက်က မယုံကြည်နိုင်မှုဟာ တရားမျှတမှု ရှိပါတယ်လို့ ပြောချင်ပါတယ်။  ၁၉၆၁-ခုနှစ် တောင်ကြီးမှာပြုလုပ်တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံက ချမှတ်ခဲ့တဲ့ ပြည်ထောင်စုမူဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်သွင်းတဲ့စာတမ်းသာ ဖြစ်ပါတယ်။ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ဥပဒေလမ်းကြောင်းထဲက မူဖြစ်ပါတယ်။ နောင်အခါမှာတော့ အခြေခံဥပဒေနဲ့ အညီအညွတ်လုပ်ထားတဲ့မူကနေ အတင်းအကြပ်စွပ်စွဲပြီး ခွဲထွက်ရေးမူ အဖြစ်ကင်ပွန်းတပ်ခံခဲ့ရတာကို ၀မ်းနည်းဖွယ် တွေ့ကြရမှာပါ။  တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ရပြီး သွေးခွဲအုပ်ချုပ်ခြင်းကို ခံလိုက်ကြရတာဘဲ အဖတ်တင် ကျန်ရစ်ပါတော့တယ်။
ဒီနေ့ ဒီအခြေအနေမှာတော့ သမိုင်းတစ်ခေတ်ကို အစပြုလာပါပြီ။ သမိုင်းရေးရာ အမှန်တရားတွေကို ဖေါ်ထုတ်လာနိုင် ကြပါပြီ။ ဖယ်ဒရယ်စနစ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ အများစုက လက်ခံလာကြပါပြီ။ ဖယ်ဒရယ်ဆိုတာ ပေါင်းစည်းရေး ဆိုတာကို လက်ခံလာကြပါပြီ။ နိုင်ငံရေးသမားတွေပြောတဲ့ စကားလုံးတွေထဲမှာ ဖယ်ဒရယ်စနစ်ဆိုတဲ့စကားလုံး မပါမဖြစ် ပြောဆို နေကြပါပြီ။ တောက်လျှောက်ပြောလာခဲ့တဲ့ ကျွန်တော်တို့တွေထက်တောင်မှ အသုံးပြုတာ များနေပါပြီ။ မဟုတ်မမှန် ဓါးစာခံ လုပ်ခံခဲ့ရတဲ့  "ခွဲထွက်ရေး"  အိပ်မက်ဆိုးကြီးကနေ  နိုးထလာကြပြီလို့ ပြောလိုပါတယ်။ အခုဆိုရင် ဖယ်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေးမဟုတ် ၊ ပူးပေါင်းရေး တနည်းအားဖြင့် ပြည်ထောင်စု စစ်စစ်မူသာဖြစ်ကြောင်း သိလာကြပါပြီ။
ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်တာကတော့ ဒီနေ့ကာလလို သမိုင်းအမှန်ပေါ်လာတဲ့ကာလမှာ ကျွန်တော်တို့ရဲ့ သံသယတွေကို လျှော့ချကြပါ။ နားလည်မှု ပေးကြပါ။ ပြည်ထောင်စုကြီးရဲ့ အနာဂတ်ကို မျှော်တွေးကြပါ။ ယုံကြည်မှု တည်ဆောက်ဖို့ လမ်းဖွင့်ကြပါ။ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုတည်ဆောက်ပါ။ အခွင့်ကောင်းယူကြပါ။ လက်လွှတ် မခံဖို့ တိုက်တွန်းလိုပါတယ်။ ယုံကြည်မှု တည်ဆောက်မှု လမ်းကို ဖွင့်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုကြီးရဲ့ အမာခံအဖွဲ့ဝင် ဖြစ်ကြောင်း "ပင်လုံစာချုပ်" ကတည်းက သက်သေပြ ထားခဲ့တာကို မမေ့ကြပါနဲ့။ ဒါ့အပြင် ကျွန်တော်တို့ စဉ်းစားတွေးတောသလို တစ်ဖက်ကလည်း မှန်မှန်ကန်ကန်လိုက်ပြီး စဉ်းစားဖို့ တွေးတောဖို့တိုက်တွန်း လိုပါတယ်။
ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ ငြိမ်းချမ်းရေးကို မျှော်မှန်းကြပါ။ ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက်  တန်းတူညီမျှမှု ရှိဖို့ လိုပါတယ်။ ကတိတည် ဖြောင့်မတ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖေက်မှုတွေအစား ကူညီရိုင်းပင်းမှုတွေ လိုပါတယ်။ ဗိုလ်ကျ စိုးမိုးမှုတွေအစား ကာကွယ်စောင့်ရှောက်မှုတွေ လိုပါတယ်။ ပင်လုံစာချုပ်ဆိုတာ တောင်တန်းဒေသနဲ့ ပြည်မ တန်းတူညီမျှ ပူးပေါင်းရေးစာချုပ်ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ် အနှစ်သာရကို မမေ့သင့် မဖျောက်ဖျက်သင့်ပါဘူး။ အမြဲလိုက်နာ နေသင့်ပါတယ်။
အခုပြောနေကြတဲ့ ရှစ်ပြည်နယ်မူဆိုတာဟာ အစစ်အမှန်ကိုပြောရရင် "ရှစ်ယူနစ်" ကို ပြောခြင်း ဖြစ်ပါတယ်။ ခင်ဗျား တစ်ယူနစ်ဆိုရင် ကျွန်တော်တစ်ယူနစ်၊ မင်း တစ်ယူနစ်ဆိုရင် ငါ တစ်ယူနစ်ကို ပြောခြင်း ဖြစ်ပါတယ်။  အားလုံးတန်း တူညီမျှတာကို ပြောတာပါ။ တန်းတူညီမျှခြင်းဆိုတာ တစ်ဖက်သားရဲ့ အိတ်ကပ်ထဲကပစ္စည်းကို နှိုက်ယူတာ မဟုတ်ပါဘူး။ ဖယောင်းတိုင် မီးကူးယူသလိုပါဘဲ။ မူလ ဖယောင်းတိုင်မီးဆီက ဘာမှလျှော့သွားတာ မရှိပါဘူး။ ကိုယ့်မှာ ရှိသလို သူ့မှာလည်း ရှိပါစေ ဆိုတဲ့ စေတနာမျိုးထားနိုင်ရင်ဘဲ အလုပ်ဖြစ်နိုင်ပါပြီ။ အားလုံးတန်းတူညီမျှ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်ဖို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံးဟာ ဘယ်လိုနည်းနဲ့မှ ခွဲခွါပြီး မနေနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အတူတကွ ယှဉ်တွဲနေထိုင်တတ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတူတကွ ယှဉ်တွဲနေထိုင်ကြရင်  အရင်ဆုံးလိုအပ်တာက ယုံကြည်မှုဘဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မယုံမကြည် ဖြစ်လို့ မရပါဘူး။  ယုံကြည်မှု တည်ဆောက်ကြဖို့ ဘယ်လို တန်းတူညီမျှ မှုတွေ လုပ်ထားသလဲ။ ဘယ်လို ပြဌာန်းခွင့်တွေ ပေးမှာလဲ။  ခွဲမထွက်ရဆိုတဲ့ သံသယစကား မပြောဘဲနဲ့ ခွဲမထွက်ချင်အောင် ဘာတွေလုပ်ပြထားသလဲ။  မေးခွန်းတွေ ပေါ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်စုနဲ့တစ်စု ဘယ်လို harmony ဖြစ်အောင် နေကြမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို state of peace ဖြစ်ဖို့ ကြိုးစားကြရပါမယ်။
ကျွန်တော်တို့တတွေဟာ ပြည်ထောင်စု မပီသတဲ့ ပြည်ထောင်စုမျိုး၊ ဆိုရှယ်လစ်မပီသတဲ့ ဆိုရှယ်လစ်မျိုးတွေနဲ့ ကြုံတွေ့ ခဲ့ကြဖူးပါပြီ။ ဒါတွေကို သင်ခန်းစာအဖြစ်ယူကြပြီး နောက်တစ်ကြိမ် ထပ်မကြုံမတွေ့ရလေအောင် တားဆီးကြရပါမယ်။ ဆိုရှယ်လစ်အတု၊ ပြည်ထောင်စုအတုတွေလိုဘဲ "ဖယ်ဒရယ်အတု" ကိုလည်း ကျွန်တော်တို့ တားဆီးရှောင်ကျဉ်ကြရပါမယ်။ ဖယ်ဒရယ်မျက်နှာဖုံးတပ်ထားတဲ့ ဖယ်ဒရယ်အတုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အတုတွေနဲ့ ယုံကြည်မှု မတည်ဆောက် နိုင်ပါဘူး။ အတုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရင်လဲ အမှားကြီးမှားပါလိမ့်မယ် ဆိုတာ တင်ပြလိုပါတယ်။
တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ ကိစ္စရပ်အားလုံးမှာ မတူနိုင်ကြပါဘူး။ ကွဲပြားမှုတွေ ရှိနေမှာပါဘဲ။ ဘယ်လိုဘဲ ကွဲပြားပါစေ မတူကွဲပြားမှု ပဋိပက္ခ တွေကို     တွေ့ဆုံဆွေးနွေး ညှိနှိုင်းယူကြတာဟာ အကောင်းဆုံးနည်းလမ်းဘဲ ဖြစ်ပါတယ်။  လက်နက်ကိုင်ကိစ္စကို စဉ်းစားကြည့်လိုက်ရင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ နေရသူတွေအဖို့ လက်နက်ကိုင်စရာ မလိုပါဘူး။ လက်နက်ကိုင်ဖို့လည်း စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ လုံခြုံစိတ်ချရမှု ရှိဖို့ဘဲလိုအပ်ပါတယ်။ ဒါကြောင့် တရားမျှတမှု ၊ ဥပဒေ စိုးမိုးမှု၊ လုံခြုံစိတ်ချရမှု ၊ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လင်းမှု ၊ နိုင်ငံရေး လွတ်လပ်မှုတွေကို ဖန်တီးကြမှသာလျှင် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ   စစ်ပွဲတွေ မရှိဘဲ အေးချမ်းသာယာနေတာ ၊  စားဝတ်နေရေး ဖူလုံမှု ရှိနေတာ ၊  လူထုရဲ့ စိတ်သဘောတွေ တည်ငြိမ်နေတာ ၊  အခြားသူတွေနဲ့ အတူတကွ  harmony ဖြစ်အောင်ယှဉ်တွဲနေနိုင်တာ  ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။  ပြည်ထောင်စုကြီးတစ်ခုထဲမှာ ငြိမ်းချမ်းစွာ အတူတကွ ယုံကြည်မှုတည်ဆောက်သွားဖို့ ၊ ရေရှည်တည်မြဲမဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ဆိုရင် တိုင်းပြည်ကို state of harmony ဖြစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
State of harmony ဆိုတာကတော့  လွတ်လပ်မှု၊  တရားမျှတမှု၊  တန်းတူညီမျှမှု၊  သွေးစည်း ညီညွတ်မှု၊  ရေရှည် ဖွံ့ဖြိုးတိုးတက်မှု၊  တွေ့ဆုံ ဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်မှု စတာတွေကို ဆောင်ရွက်ထားနိုင်တာ ကို ပြောကြခြင်း ဖြစ်ပါတယ်။   နှစ်ဦးနှစ်ဖက် အပေးအယူ မျှမျှတတ ရှိအောင် ကြိုးစားဖို့လိုပါတယ်။ တစ် ဖက်က အသာစီးရနေပြီး အခြားတစ်ဖက်က နစ်နာဆုံးရှုံးနေရတာမျိုးကို ရှောင်ကြဉ်ကြရပါတော့မယ်။ အတိတ်က သင်ခန်းစာတွေကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပြီး အမှားတွေကို ဖေါ်ထုတ် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
နိဂုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို   state of harmony   ဖြစ်အောင် ၀ိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
RFA Burmese Weekly Newsletter-January 18, 2013
 လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ
၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၂ဝ၁၃ ဇန်နဝါရီ ၁၈ ရက် အထိ
အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။
သတင်းလွှာမှာကြားရန်
သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။
သတင်းလွှာရပ်ဆိုင်းရန်
* * *
Radio Free Asia
2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia
[mrsorcerer:36909] အင်္ဂလိပ်စာ ဝေါဟာရများကို အသုံးပြုခြင်း
အင်္ဂလိပ်စာ ဝေါဟာရများကို အသုံးပြုခြင်း
http://www.thebestenglish4you.com/vocabulary-1.html
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
မြန်မာ့သတင်းများစုစည်းရာ
မြန်မာ့သတင်းများစုစည်းရာ
ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း
Posted: 17 Jan 2013 08:52 PM PST
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ကြဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက်ခဲ့ပါတယ်။  ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ်နားမှာြ
ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း
Posted: 17 Jan 2013 08:49 PM PST
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာ လို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာ ကျ
ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်
Posted: 17 Jan 2013 08:43 PM PST
ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။ ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ
[mrsorcerer:36907] Fwd: [လူဗိုလ်ဟူသည် ...] ကောင်လေးနဲ့ခွေးလေး
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] ကောင်လေးနဲ့ခွေးလေး
To: lubo601@gmail.com
ရန်ကင်းသား
စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။
"ခွေးပေါက်ကလေးများရောင်းရန်ရှိသည်" တဲ့။
သည်ကြော်ငြာမျိုးကိုကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့ကခွေးချစ်တတ်သူများမဟုတ်လား။
ခဏအကြာမှာပင် ကလေးတစ်ယောက်ဆိုင်ပေါက်ဝသို့ရောက်လာသည်။
"ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ" သူကမေးသည်။
"ဒေါ်လာ ၃၀ ကနေ ၅၀ အထိဈေးအစားစားရှိတယ်" ဆိုင်ရှင်ကဖြေသည်။
ကောင်လေးက သူ့အိပ်ကပ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေကိုနှိုက်ထုတ်သည်။ "ကျွန်တော်မှာ ၂ ဒေါ်
လာနဲ့ ၃၇ ဆင့်ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလားခင်ဗျ"
ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့်ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီးဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်ကခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်ထဲမှာ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူကတော့ ထော့တီးထော့နဲ့ နဲ့လမ်းမလျှောက်တက်သလို။
ကောင်လေးက သည်ဟာလေး မြင်တော့ချက်ချင်း စိတ်ဝင်စားသွားသည်။ "ခွေးလေးဘာဖြစ်တာလဲဟင်"
ခွေးလေးမှာ မွေးကတည်းက တင်ပဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့ဖြစ်နေမည်ဟု တိရိစ္ဆာန်ဆေးကု ဆရာဝန်ကပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကရှင်းပြသည်။
ကောင်လေးပိုပြီးစိတ်ဝင်စားသွားသည်။
"ဒီခွေးလေးကိုကျွန်တော်ဝယ်ချင်တယ်ဗျာ" သူဆိုသည်။
"ဟာ...မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်"
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့် အမူရာမျိုးနဲ့ ဆိုင်ရှင် ကြီးကိုမော့ကြည့်ပြီးပြန်ပြောသည်။
"အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော်မှ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခုတော့ဒါပဲယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်"
သို့သော် စတိုင်းဆိုင်ရှင်က အလျှော့မပေး။
"မ၀ယ်နဲ့ကလေးရ၊ နောက်ကျတော့မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးကပြေးနိုင်လွှားနိုင်မှာ မဟုတ် ဘူး၊ မင်းနဲ့ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး"
သည်အခါကျတော့မှ ကောင်လေးကဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်နားစကိုလှန် ၍ပြရင်း လေသံတိုးတိုးနှင့်ပြောသည်။
"ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာလဲ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ် ယောက်လောက်တော့ ရှိဖို့လိုမှာပေါ့" တဲ့။
ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ကို ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေတာ လမ်းလျှောက် နိုင်ရန်အတွက် သတ္ထုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။
[မူရင်း။ ။ Dan Clark ၏ Puppies for Sale]
(ကျွန်တော့်ထက်ဗဟုသုတပိုများသော မှော်သယ်ရင်းများလဲပဲ
ညီမ ကို စိတ်ဓာတ်ခွန်အားအတွေးများ ပြောချင်က ပြောနိုင်ရန်
ဖော်ဝက်လုပ်လိုက်ခြင်းသာဖြစ်သည်။ ဂုဏ်ဖော်လိုခြင်းမဟုတ်ပါ။)
ညီမ khine khine tun သို့
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:22:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36906] Fwd: [လူဗိုလ်ဟူသည် ...] မတော်ဘူးဆိုတာ သေချာပြီလား
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] မတော်ဘူးဆိုတာ သေချာပြီလား
To: lubo601@gmail.com
ကျွန်တော်ယခု ပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်ခဲ့ သော၊ မတော်သော၊ အထင်သေးခြင်း ခံရသော သူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော် တွေ ဖြစ်လာသည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ အယ်ဒီဆင်ပြော သလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူ ပြုနိုင်မည် ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေး သူတွေအတွက် လောကတွင် နေရာမရှိဆိုသည့် သဘောဖြစ်သည်။
Woody Allen
အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက် ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေး တက္ကသိုလ်နှင့် နယူးယော့ခ် စီတီး ကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ် တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။
Leon Uris
နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ်ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။
Lucille Ball
၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင် သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက "မင်း ဘာဖြစ်ဖြစ် အခြားအလုပ် တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်" ဟုပြောကြားခဲ့ဖူးသည်။
Clint Eastwood and Burt Reynolds
၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့် အိစ်ဝုဒ်နှင့် ဘတ် ရေးနိုးတို့နှစ် ယောက်ကို ထုတ်ပစ် လိုက်သည်။ ဘတ်ရေးနိုး ကို "အရည်အချင်း မရှိ" ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို "မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်" ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများအဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ်လည်းကောင်း အအောင် မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။
Marilyn Monroe
၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို "မင်း အတွင်း ရေးမှူး အလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်" ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင် မင်းသမီး တစ်ယောက်ဖြစ်လာသည်။
Liv Ullman
အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ် နှစ်ကြိမ် တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင် သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်ချ ခဲ့ဖူးသည်။
Malcolm Forbes
ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင် ဆုံးသော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာ ချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင် ကျောင်းတက်နေစဉ်က ကျောင်းပိုင်သတင်းစာ တစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ် လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။
Beatles
၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည် Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့ အစစ်ဆေးခံနေကြ ခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝ စိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင်တစ်ယောက်က "အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့" ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတပညာရှင်များဖြစ်လာသည်
Buddy Holly Decca Records
တွင် ၁၉၅၆ ခုနှစ်က ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို "ကျုပ်နဲ့ အလုပ် အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး" ဟု မှတ်ချက်ချခဲ့ ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင် ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။
Elvis Presley
၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို "ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ" ဟု မှတ်ချက်ချခဲ့သည်။ နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီးတစ်ယောက်ဖြစ်လာသည်။
Alexander Graham Bell
အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်းသည် စကားပြောခွက်နှင့် အသံထွက် ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က "တီထွင်မှုကတော့ အံ့သြစရာကောင်းပါ တယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ" ဟု မှတ်ချက်ချခဲ့ဖူးသည်။
Thomas Edison
သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင် မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး ကျောင်းလာတက်စဉ်က သူ့ဆရာများသည် "သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ" အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှုများ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှု အမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်ပြသွားနိုင်ခဲ့သည်။ သူက "ပါရမီရှင် ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း" ဟုအဓိပ္ပာယ်ဖွင့်ဆို ပြခဲ့သည်။
Thomas Edison
သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါ သနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က "တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့" ဟုပြန်ပြောလိုက်လေသည်။
Chester Carlson
၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည် ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီ လေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။
John Milton
ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့ သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင်ခဲ့သည်။
Pablo Casals
အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်လေး တစ်ယောက်က မေးခွန်းတစ်ခုမေးလိုက် သည်။ "မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်နေတယ်ဆိုတာ သိပါရစေ" ဟု မေးလိုက် သည်။ ကာဆယ်က "အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာပဲ တွေးပါတယ်" ဟုပြန်ဖြေလိုက်သည်။
Ludwig van Beethoven
နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင် ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို နောက်ဆုံးအချိန်အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။
Douglas Bader
လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန် လေကြောင်းတိုက်ခိုက်ရေး လေယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါသည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည် လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။
Terry Fox
ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေတစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင် ထားခဲ့သည့် ကင်ဆာဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွား နိုင်ခဲ့သည်။
Wilma Rudolph
ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေး တစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင် ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေး သမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင် သည်။ နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။ နောက်နှစ် အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့ မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက "ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးက တည်းက လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့" ဟုပြောကြားခဲ့သည်။
Franklin D. Roosevelt
ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့် ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်သဘော ကျမှု အခံရဆုံး၊ သြဇာအကြီးမားဆုံး ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် ၄ ကြိမ်တိုင် သမ္မတ အဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။
Sarah Bernhardt
ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင် ခြေထောက် ထိခိုက်ဒဏ်ရာရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင်လောကတွင် ခြေချ သွားနိုင်ခဲ့သည်။
Louis L'Amour
လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ် ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရ သည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထု ရှည်ကြီး များကို ကွန်ဂရက်ကပင် အသိအမှတ်ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူး ဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။
Julia Child
၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ် တစ်ခုရေး ထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ "အမေရိကန် မီးဖိုချောင်အတွက် ပြင်သစ်စာချက်နည်း" ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူ ပြုစုရေးသားခဲ့ရသည်။ စာအုပ်ပြီး ချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်း အသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ် ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ် တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ "ပြင်သစ်စာချက်နည်းအနုပညာ" ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။ နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်း စာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရသည်
General Douglas MacArthur
စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှု ရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထား စဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထားရာ နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်း ဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။
Abraham Lincoln
အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက် အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သား အဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။
Edmund Hillary
၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀ ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲတစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။ သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ် ကြီးဖြင့် "ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေ ခဲ့သည်။ နောက်တစ်ကြိမ်တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက် မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ် မြင့်မား နေပြီ" ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။
Ref By - အလင်းအိမ် လူငယ်စာဖတ်အသင်း
Ref Link - http://www.maukkha.org/
ရိုးရာလေး
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:15:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36906] Fwd: [လူဗိုလ်ဟူသည် ...] ငှက်ပျောသီး နှင့် ကျန်းမာရေး ဆေးဖက်ဝင်လို့  ဖတ်ပေး ................
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] ငှက်ပျောသီး နှင့် ကျန်းမာရေး ဆေးဖက်ဝင်လို့  ဖတ်ပေး ................
To: lubo601@gmail.com
Hla Wai shared Mg Mandalay's photo.
ငှက်ပျောသီး နှင့် ကျန်းမာရေး ဆေးဖက်ဝင်လို့  ဖတ်ပေး   ................  ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။   ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။  စိတ်ဖိစီးမှု ....... ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။  အမြင်အာရုံ  ..... တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။  ပျို့အန်ခြင်း ........ အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။  ဆေးလိပ်သောက်ခြင်း  ..... ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။  ခြင်အန္တရာယ် ...... ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။  လေဖြတ်ခြင်း ...... နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။  အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက် ..... အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။  ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။  အရေပြားအတွက်  ............. ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။  ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။  ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။  ကလေးများအတွက်  ...... ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ 8Days
ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။
ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု .......
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။
အမြင်အာရုံ .....
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
ပျို့အန်ခြင်း ........
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း .....
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ခြင်အန္တရာယ် ......
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။
လေဖြတ်ခြင်း ......
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက် .....
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။
အရေပြားအတွက် .............
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။
ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။
ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။
ကလေးများအတွက် ......
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
8Days
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:09:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36904] Fwd: [လူဗိုလ်ဟူသည် ...] *****တတိယမြောက်သမီးတော်***** ရေး လူသား နဲ့ အချစ်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] *****တတိယမြောက်သမီးတော်***** ရေး လူသား နဲ့ အချစ်
To: lubo601@gmail.com
by ဘဘကြီး ဘဘလတ် on Friday, January 18, 2013 at 2:25am ·
ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။
ထိုထိုသော လောဘစေရာနောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန်  ရှင်သန်ရင်းမျှော်လင့်
 ကာ  အဓိပ္ပါယ်တို့  က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။
မျှော်လင့်စရာရှိသူတို့ က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော် လည်း မျှော်လင့်စရာဘာမှမရှိသည့်မိန်းမသား တစ်ယောက်၏ ဘ၀  ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။
                                  နေခြင်းထက် သေခြင်းကို  အလိုရှိခဲ့ပြီ။
    သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံ ကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ .......
                  ++++++++
    သေချင်သူကိုမှ ကယ်တင်မည့် သူက ရောက်ဖြစ်အောင်ရောက်လို့ လာသည်။အသက်ကိုကယ်တင်ရုံ
တင် မဟုတ် ဘ၀ တခုလုံးကိုပါ စောင့်ရှောက်ကယ်တင်မည်တဲ့ ။ ခိုကိုးရာမဲ့နေသူမို့  ယုံကြည်လေးစား
စွာ လက်ခံမိပါတော့သည်။        ခက်သည်က......
 မောင့်မိခင် က တဦးတည်းသောသားရှေ့ မှာ ကြည်ဖြူ သလိုနှင့် ကွယ်ရာမှာ မာန်မာန်မဲမဲ။ကံဆိုးတဲ့သူမို့
ထင်သည်။ မောင် ခရီးထွက်တော့  မောင့်မိခင်က အိမ်ပေါ်ကနှင်ချပြီ။မဆင်းလို့ မရ။မရအရ မောင်းချပြီ။
မောင့်ရင်သွေးလေးကိုလွယ်ပိုးပြီး မောင်ရှိမည်ထင်ရာအရပ်သို့ မှန်းဆကာ ထွက်လာခဲ့ရသည်။
တနေ၀င် တနေထွက် တမြိုဝင် တမြို့ ထွက်ဖြင့်  ရက်ကိုလစား။ကိုယ်ဝန် က ရင့်မာလာပြီ။
လမ်းမှာတွေ့သည့်ဇရပ်ပျက်တစ်ခု ခဏ နားမည်။  အို ... ဗိုက်ကနာလိုက်တာ။
                လူမရှိသူမရှိ တောထဲတောင်ထဲ ဇရပ်ပျက်ကလေးတွင် မီးဖွားသန့် စင်လိုက်သည်။
 ကူညီသူ-နတ္ထိ။
                       မီးဖွားသန့်စင်ပြီးချိန်မှာ တကိုယ်လုံးညစ်ထေးနံစော်နေသော ခန္ဓာကိုယ်ကို ရေမိုးသန့်
စင်လိုလှသည်။ ရေလည်းဆာနေသည်။ နီတာရဲလေးကိုဇရပ်ပေါ်တွင် ခဏထားခဲ့ကာ ရေရှိမည်ထင်ရာ
အရပ်သို့  ခပ်သွက်သွက်လေးလှမ်းလာမိသည်။ရေချောင်းလေးမှာ ရေကိုတ၀ကြီးသောက်လိုက်သည်။
ကိုယ်လက်သန့်စင်သည်။ကလေးကို ထားခဲ့ရသဖြင့် ခပ်သုတ်သုတ် ပြန်လာသည်။
                   သို့ သော် နီတာရဲ ကလေးလေး ဇရပ်ပေါ်တွင်ရှိမနေတော့။ ဘုရား ..ဘုရား
ငါ့သားလေးဘယ်ရောက်သွားပြန်ပြီလဲ။လင်ပျောက်တဲ့ မယား ဘ၀။ သားပျောက်တဲ့အမေ ဘဝ
အပူလုံးကြွလို့  လူလုံးလည်းမလှနိုင်တော့။ရင်ဘတ်ကိုထုပြီး ငိုပွဲဆင်ရလေပြီ။
                 လင်ရှာရင်းသားပါပျောက်ခဲ့ရသည်။ ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားရှိထားသဖြင့်
လင်ကိုရှာ သားကိုရှာ အပူမီးတွေနှင့် ကံဆိုးမ ရဲ့ ဘ၀။
  " ဟဲ့ကောင်မ ရပ်လိုက်စမ်း..   "
            တောလမ်းမှာ မသမာသူ ဓါးကိုင်လူဆိုးတွေနှင့်ရင်ဆိုင်တိုးပြန်သည်။
   " ချမ်းသာပေးပါရှင်..ကျမ မှာပေးစရာငွေလည်းမရှိပါဘူး ပြေးစရာမြေလည်းမရှိပါဘူး  ဒုက္ခရောက်
နေတဲ့ ခရီးသည်ပါရှင်..   "
 " ဟဲဟဲ ပေးစရာငွေမရှိ ပြေးစရာမြေမရှိရင် ကျုပ်အိမ်ကိုလိုက်ခဲ့ပါ  လိုက်မယ်မလား   "
       ဒီလိုနှင့် ကံဆိုးမ ဘ၀ လူဆိုးကြီးမယား ဖြစ်ခဲ့ရပြန်ပေါ့။လူ့ တိရိစ္ဆာန်ကြီး၏ နိုင်ထက်စီးနင်းပြုမူသမျှ
                            ဒီလိုနှင့်သမီးလေးတစ်ယောက်ကိုမွေးဖွားသန့်စင် ခဲ့သည်။ လူဆိုးကြီး က သူ့ သမီး
တော့ သေအောင်ချစ်ရှာသည်။သမီးလေးကိုသနားသော်လည်း ကြမ်းကြုတ်ရက်စက်သော လူဘီလူးကြီးနှင့်
မပေါင်းဖက်လိုတော့သဖြင့် လွတ်ရာကျွတ်ရာကိုပြေးမိသည်။သမီးကိုတော့ထားခဲ့ရသည်။ဒီသမီးကို
ခေါ်သွားပါက မိုးမြေအနှံလိုက်ရှာမည်မှာ ဧကန်မလွဲ။ထို့ ကြောင့် မိခင်တယောက် ရင်တွင်းမချိစွာ ဖြင့် သမီး
ကိုထားခဲ့ရသည်။ ကံကောင်းထောက်မစွာပြေးလွတ်ခဲ့ပြန်သည်။
                            ထေရီအရှင်မ တို့၏ ကျောင်းတိုက်ကြီးတခုတွင် မှီခိုနေထိုင်ရင်း လင်နှင့်သားကို
ရှာဖွေမိပြန်သည်။ အချိန် က ကုန်မှန်းမသိကုန်ခဲ့သည်မှာ   (၁၅)နှစ် ပင် ကျော်ခဲ့ပြီ။လှည်းကုန်သည်တွေ
ရောက်လာတိုင်း သားတို့အဖေ ကိုတွေ့ လေမလားဟု သတင်းအစ အန ရလိုရညား မေးမြန်းစုံစမ်းမိသည်။
ပျောက်နေသော သားနှင့်လင် ကိုရှာရင်းမှ သံယောဇဉ်ကြိုးလေးတမျှင် က  ကပ်ညှိတွယ်ဖို့ကြိုးစားလာပြန်
သည်။ ကောင်လေးအသက် ရှိလှ  ၁၆ နှစ်မျှသာ ဖြစ်မည်။သတိလေးဖြင့်မိမိကိုယ်ကို ထိန်းချုပ်ပြီး ရှောင်
နေရသည်။ကလေးကိုမုန့် ပေးကြိုက်သည် ဟု ပတ်ဝန်းကျင်က ဆိုကြပေမည်။အမှန်တကယ်တော့
သူကလေးကိုတွေ့သည့်အချိန်ကတည်း က ရင်မှာလှူပ်ခတ်ခဲ့သည်သာ။နှစ်သက်မြတ်နိုးဖွယ် ပန်းလေး
တစ်ပွင့်ကို ပန်ဆင်လိုခြင်းထက် တစိမ့်စိမ့် အလှကြည့်နေချင် သည့် ဆန္ဒ က ပိုမိုပြင်းပြနေသည်။
 ဒါကိုပင် ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုမလား။  အတွေ့မခံလိုတော့၍ ကျောင်းအာရာမ် ထဲမှာ ပုန်းအောင်း
နေလိုက်သည်။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ချစ်နှစ်သက်သူနှင့်
ကွေကွင်းရခြင်းဆင်းရဲကို မခံစားနိုင်ပြန်။သူကလေးရှိတတ်သည့်နေရာကို ခိုးကြောင်ခိုးဝှက် သွားချောင်း
ကြည့်မိပြန်သည်။
 " မမ   "
 အို ဘုရားရေ ...သူကလည်း သိနေသည်သာ။ အရွယ်ချင်းအဆင့်ခြင်းကွာခြားသူမို့  မဖြစ်နိုင်ဘူးအခါခါ
ငြင်းဆန်ရင်းနှင့်ပင် သူ့ တွင် မိဘ မောင်နှမ သားချင်းမရှိတော့ကြောင်းသိရသောအခါ။ မိခင်ကဲ့သို့ သော
ချစ်ချင်းမေတ္တာဖြင့် မိခင်နှင့်တူသောမယားအဖြစ်နှင့် သူ့ အနားတွင် နေမိပြန်ပါသည်။သူ့ကို သားကလေးလို
ရင်ခွင်မှာပိုက်ထွေးထားချင်မိသည်။ မျက်စိအောက်ကအပျောက်မခံချင်သလိုဖြစ်မိသည်။
       တနေ့ ...ထိုတနေ့ သည်  မျော်လင့်ပြီးဖြစ်သော်လည်းတကယ်တမ်းရင်ဆိုင်ရသောအခါ မွန်းကြပ်
လွန်းလှသည်။
 " မမ..စိတ်မဆိုးနဲ့နော်..စကားတစ်ခွန်းပြောချင်လို့    "
 "  ပြောမှဖြစ်မယ်ဆိုရင် ပြောလေ  "
 " မိန်းကလေးတစ်ယောက်နဲ့ မေတ္တာမျှမိတယ်  ကျနော်သူ့ကိုအိမ်ခေါ်လာချင်တယ်   "
 " ဪ   "
                ရင်ထဲမှာဝုန်းဒိုင်းကြဲသွားသည်။ယောက်ျားဆိုတာ ဒါပါပဲ ။မိန်းမတစ်ယောက်နှင့်အလှမ်းကွာ
လျှင် ကြာရှည်လွမ်းမနေချင်။သူတို့ဘ၀မှာ အချိန်ကြာကြာကွက်လပ်မထားတတ်ကြပါ။ အဟောင်းထက်
အသစ်ကိုမြတ်နိုးတန်ဖိုးထားလေ့ ရှိပြီး အစားထိုးခြင်းကိုခုံမင်သည်။    ။ဘ၀ အတွေ့ အကြုံ အရ မှတ်ချက်
တွေပဲဖြစ်သည်။
                           ညိုညို ချောချော ကောင်မလေး ရိုးရိုးသားသားလေးဖြစ်သည်။မိဘ မောင်နှမ မရှိသူ။
ဘ၀ တူတွေပါလား။ဒီနေ့ကစလို့   မိခင်တစ်ယောက်နေရာက နေသွားတော့မည်။ ကလေးတွေကို မိခင်
တစ်ယောက်လို  စောင့်ရှောက်မည်။သမီးရင်းလေးလို သဘောထားမည်။သားအရင်းလေးလိုသဘောထား
မည်။သူတို့လေးတွေစုံဖက်ကြပါစေတော့။
    အမေ ငတ်နေသောသူတို့လေးတွေကလည်း မိမိကို မိခင်လိုချစ်ကြသည် ။နေရာပေးကြသည်။
တနေ့ ...သမီးလေးကို ခေါင်းဖီးပေးတော့
"  ဟင်..ခေါင်းမှာအမာရွတ်ကြီးပါလား  "
 "  ဟုတ်တယ် အမေ  သမီး ငယ်ငယ်လေးတုန်း က အဖေ နဲ့အမေ ရန်ဖြစ်တော့ သမီးခေါင်းကိုထိမိလို့ တဲ့
အဖေ ကပြန်ပြောပြတာ  အဲ့ကတည်းက အမေကထွက်ပြေးသွားတာ ဒီနေ့ ထိ သမီးအမေ ကိုမမြင်ဖူးဘူး  "
 "အို  ဘုရားရေ  သမီး သမီးလေး လူဆိုး သူခိုးကြီး အနိုင်ကျင့်ပေါင်းသင်းလို့ ရတဲ့သမီးလေး  အမေ့ သမီးလေး  ပါလားကွယ်    "
                          သားအမိနှစ်ယောက်မျက်ရည်နှင့်မျက်ခွက် တယောက်ကို တယောက်ဖက်ပြီး ငိုနေချိန်  ယောက်ျားဖြစ်သူပြန်လာသည်။ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရသည်။သားအမိ နှစ်ယောက်လုံး
ဒီယောက်ျားတစ်ယောက်ထဲကို လင်တော်နေမိပါလား။
 "လူတိုင်းကတော့ အတိတ်ဆိုတာ ရှိကြတာပဲလေ..ကျနော်လည်း အဖေ အရင်းဘယ်သူမှန်းမသိ သလို
အမေ ဆိုတာ ဘယ်လိုမျိုးမှန်းမသိဘူး  ကျနော့မွေးစားအဖေ က ဇရပ်ပျက်တစ်ခုမှာ ကျနော့ ကို တွေ့လို့ 
မွေးစားခဲ့တာ    "
 "  အို ..ဘယ်လို  ဘုရားရေ...အမှားကြီးမှားပါပေါ့လား  "
              ဖြစ်ကြောင်းကုန်စင် သူသိသမျှ သူပြောပြတော့  မိမိ လိုက်ရှာနေသည့် သားပါလား။
နှစ်နှင့်ချီ၍ ရှာခဲ့စဉ် က မတွေ့ ခဲ့။ခုတွေ့မယ့်တွေ့တော့လည်း သားကောသမီးကော နှစ်ယောက်လုံးနှင့်တွေ့
နေသည်။
 " အမေ ရယ် သားမှာ ခွင့်လွှတ်နိုင်စရာမရှိတဲ့အမှားကို ကျူးလွန်မိတယ်   အမေ နဲ့ ညီမ ကို  မယား လုပ်ခဲ့
မိတယ် ပတ်ဝန်းကျင် က သာသိရင် ကျနော် ဘယ်လိုအသက်ဆက်ရှင်ရမလဲ   "
                                      မိခင်တယောက်၏ ရင်တွင်းမှာ လောင်မြိုက်ရလေပြီ။ဘယ်လိုဝဋ်ကြွေးများ
ကြောင့် ဒီသားဒီအမိ ဒီလိုဘ၀တွေ ဖြစ်ရတာပါလိမ့်။ သားအမိချင်း မောင်နှမ ချင်း သွေး ကစကားပြော၍
 သံယောဇဉ်နွယ်ငင် ခင်မင်သည်ကို မသိပဲ တဏှာပေမ နယ်ထဲသို့  သက်ဆင်းမိခဲ့ကြသည်။
    " သားနဲ့သမီးတို့  သေသေချာချာ နားထောင်နော်...အမေ ကတော့ ဘ၀ ကိုစိတ်ကုန်သွားပြီ
ထိတ်လန့် ကြောက်ရွံသွားပြီ။။သားနဲ့သမီးလည်း သင်ခန်းစာယူပြီး သံဝေဂ ပွားကြပေါ့ အမှားကို အမှန်ပြင်
ကြရအောင်   "
                         သားနှင့်သမီးကလည်း ပြိုင်တူပင် အမေပြောသောစကားကိုမြေ၀ယ်မကျ နားထောင်
ကြသည်။
              သောက အပူမီးတို့ ငြိမ်းအေးရာ  ဆင်းရဲခြင်းတို့ ချူပ်ငြိမ်းရာသို့ ။ မြတ်စွာဘုရားရှင်၏ သာသနာ
တော် နေလိုလလို ထွန်းလင်းတောက်ပ နေချိန်မို့   အမေ နှင့် သမီး က ဥပ္ပလ၀ဏ် ထေရီ အရှင်မတို့  ထံ
သွားရောက်၍ရဟန်းပြုလိုက်ကြသည်။သားဖြစ်သူကလည်း သံဃာတော်များထံမှာရဟန်းပြု လိုက်သည်။
သုံးဦးသား တရားတော်ကို နာကြား၍ ၀ိပဿနာအားထုတ်လိုက်ရာ အာသဝေါကုန်ခမ်းရဟန္တာများဖြစ်
ကြသည်။ သားဖြစ်သူမှာ ဘွဲ့ တော်ထင်ရှားသော" ဂင်္ဂါတီရိယ မထေရ်   " ဟူ၍ ကျော်ကြားခဲ့လေသည်။
(မလေးငြိမ် ၏  ဂန္ထ၀င်ရသများ စာအုပ်မှ မှောင်တကာ့ မှောင်ကို မှီငြမ်း ရေးသားပါသည်)
*****တတိယမြောက်သမီးတော်*****
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/18/2013 11:14:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36904] Fwd: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၄)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၄)
To: lubo601@gmail.com
ကချင်ပြည်နယ် စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့် ကချင် သမိုင်း ဆောင်းပါး တစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင် လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့် တန်ဘိုးထားမိ သည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များ အပေါ် လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များက ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော် နေသည့်အချိန် ကိုဝိုင်ဝိုင်ကေ ၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည် မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါး ထဲမှ စာပုဒ် သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ ကချင်သမိုင်းနှင့် ဆိုင်ပါသည်။
ကချင် လူမျိုးတို့သည်  ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင်  အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုး ကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်း လှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကိုလက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်း အဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်များကို လုံးဝမကြိုက်ပါ။"
" ၁၉၄၂- ခု၊ မေလ()ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ် များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှု ကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကိုလီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန် ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့် ရှု ကြသည်မှာ ကချင် တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်"
ငြိမ်းချမ်းသည့် ပြည်ထောင်စု ကို တည်ဆောက်လိုပါလျှင် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကို တန်ဘိုးထားရပါမည်။ ကချင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေခြင်းများနှင့် စပ်လျှဉ်း၍ " ကေအိုင် အေက မိုင်းခွဲတာတွေ၊ ရိက္ခာပို့ရာမှာ ဟန့်တား နှောက်ယှက်မှုတွေ လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ် ရခြင်း ဖြစ်ကြောင်း၊" အစိုးရက ဇန်န၀ါရီလ (၄) ရက်နေ့၌ ထုတ်ပြန်သွားခဲ့သည်။ ၄င်းအရ မိုင်းခွဲသူ ကေအိုင်အေသည် လူဆိုးဖြစ်ပြီး ကာချုပ်မင်းအောင်လှိုင်၏ စစ်တပ်မှာ လူဆိုးကိုနှိမ်သည့် သူရဲကောင်းအဖြစ် ဖန်တည်းထားသည်။ သို့ရာတွင် မည်သူသည် လူဆိုးဖြစ်ပါသနည်း။ အထက်ပါ သမိုင်းကို အခြေခံ၍ ပြောင်းပြန်လှန်စဉ်းစားဘို့ လိုပါမည်။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့မကျရောက်မီ သမိုင်းအဆက်ဆက် ကချင်လူမျိုးများ လွတ်လပ်စွာနေခဲ့၊ ကိုယ့်မြေ ကိုယ့်ရေကို ကိုယ့်ဖာသာ စီမံခန့်ခွဲ အသုံးချခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် အချိန်တွင်မှ  ကချင် ပြည်နယ်သည် ပြည်ထောင်စုအဖွဲ့ဝင် အဖြစ်ပါဝင်လာခဲ့သည်။ ကချင်တို့သည် အင်္ဂလိပ်ကိုရော ဂျပန်ကိုပါ သတ္တိပြောင် စွာ ခုခံတိုက်ခိုက်ရင်း ၄င်းတို့၏မြေကို ၄င်းတို့ဖာသာ စီမံခန့်ခွဲပိုင်ခွင့်၊ အသုံးချပိုင်ခွင့်တို့အား အသက်ပေး ကာကွယ်ခဲ့ ကြသည်။ ကချင်တို့၏ မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့် မြေ မဟုတ်ပါ။ ကချင်ပြည်နယ် လူထု၏ သဘော ဆန္ဒ နှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူ ဖြစ်သည်။ လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။
အမှန်တရားကို ရှာဖွေရာတွင် အင်အားနှင့် ကြည့်၍မရ။ မကြည့်သင့်။ သမတ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် တပ်မှာ လူဦးရေများသည့် မြန်မာလူမျိုးများအား စစ်သားစုဆောင်းနိုင်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာ ငွေများကို အသုံးချပြီး တပ်အတွက် လိုအပ်သည့် လက်နက်ပစ္စည်း အသုံးအဆောင်များ တပ်ဆင် နိုင်ခြင်းတို့ကြောင့် စစ်အင်အားကြီးမားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သည် အဆများစွာ အင်အားနည်းပါးသည်မှာ မငြင်းနိုင်။  ကိန်းဂဏန်းအရ ဤသို့တွေ့ရပါမည်။
သို့ရာတွင် အင်အားကြီးမားသူက ပြုမူတိုင်း အမှန်တရားအဖြစ် မှတ်ယူ၍မရပါ။ တချိန်တည်း၌ အင်အားနည်းသူက ပြုမူတိုင်းတော့လည်း အမှန်တရား မဖြစ်နိုင်ပါ။ သမိုင်းကြောင်း၊ ဥပဒေ နှင့် ကချင်လူထုဆန္ဒအပေါ် အခြေခံ သုံးသပ် လျှင် အမှန်တရားသည် မိမိတို့မြေ၊ ရေနှင့်လူထုကို ကာကွယ်တိုက်ပွဲဝင်သည့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဘက်တွင်ရှိသည်။ ကေအိုင်အေ၏ ခုခံစစ်သည် တရားသော စစ် ဖြစ်သည်။
ကချင်ပြည်နယ်လူထုပိုင် မြေယာများကို ကြိုက်သလို စိုးမိုးချယ်လှယ်ခွင့်ရရန် စစ်အစိုးရက တပ်ရင်းပေါင်း ရှစ်ဆယ် ကျော်၊ စစ်သည်အင်အား ငါးသောင်း ခန့်မျှ အထိ စေလွှတ်ချထားခဲ့ပြီးပြီ။ ထပ်မံ ပို့လွှတ်ရန် တပ်များစုဆောင်းနေ သည့် သတင်းများလည်း အဆက်မပြတ် ထွက်ပေါ်လျှက်ရှိသည်။ အဓိက အသုံးပြုသည့် လမ်းကြောင်း မှာ မန္တလေး၊ မြစ်ကြီးနားသွားရထားလမ်းဖြစ်သည်
စစ်အစိုးရသည် လူထုသုံးနေသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အဘယ်ကြောင့် စစ်ရေး ရည်မှန်းချက်အတွက် သုံး သနည်း။ စစ်သားများအား အရပ်ဝတ်လဲစေပြီး ရထားပေါ်တင်၊ လက်နက်များကိုမူ လူနှင့်ခွဲထားကာ အခြားတွဲ များ တွင် ဖုံးဝှက်တင်၊ မြစ်ကြီးနားရောက်မှ လူနှင့် လက်နက်ပြန်တပ်ဆင်၊ ကေအိုင်အေ ကို တိုက်ရန် စစ်မြေပြင်ကိုလွှတ် စသည့် နည်းနာများအား မရိုးသားစွာ အဘယ်ကြောင့် သုံးနေသနည်း။ လူသားဒိုင်း[i] ကာ၍ တပ်အရွှေ့အပြောင်း လုပ် နေခြင်းမှာ ဦးသိန်းစိန် အစိုးရတွင် တာဝန်မရှိဘူးလား။ ယင်းကို တားဆီးရန်အတွက် ကေအိုင်အေက ရထားလမ်းများ ကို မိုင်းခွဲဖျက်ဆီးသည့် အခါတွင်မှ လူဆိုးအဖြစ် အဘယ်ကြောင့် အထက်စီးမှ စွပ်စွဲနေသနည်း။
ဦးသိန်းစိန် အစိုးရက ပြောသည်။ ၄င်းတို့၏ တပ်များအတွက်ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်သောကြောင့် ကိုယ့် ကိုယ်ကို ခုခံကာကွယ်ရပါသတဲ့။ ကေအိုင်အေ တပ်တွေ နေပြည်တော်အနီး ပျဉ်းမနား တ၀ိုက်တွင် လာ တပ်စွဲနေမည် ဆိုလျှင် အဆိုပါတပ်များအတွက် ရိက္ခာပို့ခြင်း အား ဦးသိန်းစိန် အစိုးရ က လွတ်လပ်စွာ ခွင့်ပြုမည်လား။
စစ်အစိုးရ၏ စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသော ရထားလမ်းများအား မိုင်းမခွဲစေခြင်လျှင်၊ တပ်များအတွက် ရိက္ခာပို့ရာမှာ အနှောက်အယှက်မဖြစ်စေခြင်လျှင် ကချင် ပြည်နယ်အတွင်း သွားရောက်တပ်စွဲထားသော စစ်အစိုးရ၏ တပ်များအားလုံး ပြန်ဆုတ်ခွါလာကြရန် အမိန့်ပေးလိုက် ရုံပင်ဖြစ်သည်။ ပြည် တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရရှိသွားပါ မည်။ သူ့ပြည်နယ်ကို သူ့ဖာသာ ကာကွယ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အသိအမှတ်ပြုထားသော ကချင်တပ်များ က တာဝန်ယူကြပါလိမ့်မည်။ အထက်ပါ သမိုင်းဆောင်းပါးတွင် ပါရှိသည့် စာပုဒ် ကို လေ့လာပါ။
မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌  ဗမာများက ကချင်များအပေါ်စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့်သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကို မူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ဘာသာရေး လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်း ပေးမည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေးရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင်ကြည်ညိုလေးစားသွားကြပါသည်။ "
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသူများသည် ၄င်း၏မူအပေါ် အခြေခံပြီး ကချင် ပြည်တွင်းစစ်ပြသနာ၊ ပြည် ထောင်စု တခုလုံး ငြိမ်းချမ်းရေး ပြသနာများအား ချဉ်းကပ်ကိုင်တွယ်ရန် လိုပါမည်။
တရားဝင် အစိုးရ ဟူသည်မှာ အဘယ်နည်း။ သူပုန် ဟူသည်မှာ အဘယ်နည်း။
ဦးသိန်းစိန်၏ တပ်များက အစိုးရတပ်ဖြစ်၍ တရားဝင်သည်။ ကေအိုင်အေက သူပုန်ဖြစ်၍ တရားမ၀င်။ အစိုးရ တပ်က သူပုန်ကိုချေမှုန်းခြင်းမှာ တရား မှန်ကန်သည်ဟု ပြောကြသူများကိုလည်း တွေ့ရသည်။ ယင်းအကြောင်းပြချက်အား လက်ခံသင့်မသင့် ရှုဒေါင့် နှစ်ခုမှ စဉ်းစားရန်လိုပါသည်။ စာရေးသူကဲ့သို့ မြန်မာ လူမျိုး များနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်နယ်၏ ရှုဒေါင့် နှင့် မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသား များနှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များ၏ ရှုဒေါင့် ဟူ၍ဖြစ်သည်။
ပထမဆုံးအနေနှင့် အစိုးရ၏ တရားဝင်မှု ကို ဆန်းစစ်ရပါမည်။ အစိုးရကိုယ်တိုင်က တရားဝင်မှသာ ယင်းကိုနာခံ ပေးနေသော တပ်မှာ တရားဝင်ပါမည်။ ဦးသိန်းစိန် အစိုးရမှာ တရားဝင် အစိုးရမဟုတ်ပါ။ အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။ ပထမ အချက်မှာ နာဂစ် မုန်တိုင်းပြင်းထန်စွာကျရောက်နေစဉ် အတွင်း အတင်းအကြပ် အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ များအတွင်း ကြိုတင်မဲများအသုံးပြု၊ မဲကလိန်ကျပြီး အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အများစုအပေါ်အခြေခံ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ကြိုတင်မဲများဖြင့် အနိုင်ယူ ခဲ့ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်ကပင် ၀န်ခံခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရမှာ တရားဝင် အစိုးရ မဟုတ်ပါ။
ဒုတိယအနေနှင့် တရားဝင်အစိုးရ အနေနှင့် စဉ်းစားကြည့်ပါမည်။ လူထုက ဒီမိုကရေစီနည်းကျစစ်စစ်မှန်မှန် ရွေးချယ် တင်မြှောက်သဖြင့် တရားဝင် အစိုးရပေါ်လာပြီ ဆိုကြပါစို့။ လူများစု၏ မဲဆန္ဒအရေအတွက်ကိုသာ အခြေခံစဉ်းစားလျှင် ယင်း တရားဝင် အစိုးရသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများနေထိုင်ရာ မြန်မာပြည်နယ်တွင်သာ အာဏာလွှမ်းမိုးမှု ရှိပါ မည်။ မြန်မာပြည်နယ် အတွင်း ယင်းတရားဝင် အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်သည့် အဖွဲ့အား သူပုန် ဟု ပြောနိုင်ပါမည်။ မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသား များနှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များကို မလွှမ်းခြုံပါ။
တတိယ အနေနှင့် ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များ အားလုံးကိုပါ လွှမ်းခြုံအာဏာသက်ရောက်စေမည့် ပြည်ထောင်စု အစိုးရကို မည်သို့စဉ်းစားမည်နည်း။ နှစ်ချက် လိုပါသည်။ တစ်ချက်မှာ ပင်လုံစာချုပ်ပါ တိုင်းရင်းသား များ၏ အခွင့်အရေးကို ဖေါ်ဆောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရှိရပါမည်။ ယင်း အပေါ်အခြေပြု၍ ကျင်းပသော ရွေးကောက်ပွဲနှင့် အညီ ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသည့် အစိုးရဖြစ်ရ ပါမည်။ သို့မှသာ ပြည်ထောင်စု တခုလုံးကို လွှမ်းခြုံအာဏာသက်ရောက်မည့် တရားဝင် အစိုးရ ရနိုင်ပါမည်။ နောက်တချက်မှာ ပြည်ထောင်စုတပ်မတော်ကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များမှ ပြည်နယ်ကာကွယ်ရေးတပ်များပါ ပါဝင်ဖွဲ့စည်းထား ဘို့လိုပါမည်။ သို့မှသာ တရားဝင် ပြည်ထောင်စု တပ်မတော် တည်ရှိလာပါမည်။
ယင်းအခြေအနေများနောက်ခံတွင် ပေါ်ပေါက်ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင် သည့် တပ်မှာ သူပုန်တပ် ဖြစ်မည်။ သို့မဟုတ်ဘဲ လူများစု မြန်မာလူမျိုးများကို အဓိကထားစုစည်း၊ တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာမှန်သမျှ မြန်မာလူမျိုးတွေသာ ရာထူးရယူ၊ စစ်အာဏာရှင်အခြေခံ ဖြင့် စစ်ရေးအရလွှမ်းမိုးနိုင် ရေး အတွက်သာ တပ်ကိုအသုံးချ၊ ယင်းသို့သော တပ်မှာ အစိုးရတပ်ဖြစ်၍ တရားဝင်ပြီး ယင်းတပ်ကို ခုခံနေသည့် ကေအိုင်အေမှာ သူပုန်ဖြစ်သဖြင့် တရားမ၀င် ဟူသော အကြောင်းပြချက်ကိုစာရေးသူ က လုံးဝလက်မခံပါ။
တိုင်းရင်းသားပြည်နယ်များဘက်မှကြည့်လျှင် လက်ရှိမြန်မာ့တပ်မတော်သည် နယ်ချဲ့ အခြေခံဖြင့် တည်ထောင်ခဲ့သည့် အင်္ဂလိပ်တပ်နှင့် ခြားနားမှုမရှိ။ ပြည်ထောင်စုအဖွဲ့ဝင်တိုင်းရင်းသားပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသား လူထု များ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီးအတင်းအကြပ်ဝင်ရောက် အနိုင်ကျင့် တိုက်ခိုက်မှု မှန်သမျှသည် ပင်လုံစာချုပ်နှင့် ဆန့်ကျင်သည်။ နယ်ချဲ့လုပ်ရပ်ပင်ဖြစ်သည်။
ယင်းသို့သော နယ်ချဲ့လုပ်ရပ်ကို လက်ခံမည်၊ တရားဝင် အသိအမှတ်ပြုမည်ဆိုလျှင် မြန်မာလူမျိုးများ အဘယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို ခုခံခဲ့၊ အင်္ဂလိပ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သနည်း။ အင်္ဂလိပ်တပ်ကို တရားဝင်တပ်အဖြစ် လက် ခံ၊ သူ့နောက်မှာ ရပ်တည်၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်သည် သူပုန် တပ် ဖြစ်နေသဖြင့် ၄င်းတပ်ကို ဆန့်ကျင်။ ဤသို့ရပ်တည်ခဲ့ရမည်သာ ဖြစ်သည်။ ပြန်လည်သုံးသပ်ကြပါကုန်။
ကေအိုင်အို၊ ကေအိုင်အေ သည် ပြည်ထောင်စုမှ ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလား။
ဦးသိန်းစိန် အစိုးရနှင့် ကာချုပ် မင်းအောင်လှိုင် သည် အဘယ်ကြောင့် တပ်အင်အားမြောက်များစွာ ကချင်ပြည်နယ်သို့ စေလွှတ်၊ အဆမတန်ပြင်းထန်သည့် လက်နက်ကြီးများ၊ တိုက်လေယဉ်များပါသုံး၍ အမြစ်ပြုတ် ချေမှုန်းစစ်ဆင်နွှဲနေ သနည်း။ တရားဝင်အကြောင်းပြချက်[ii] သည် အဘယ်နည်း။ မိမိတပ်မှရဲဘော်များဒဏ်ရာရသွားသည့်အခါ ပစ်သတ်ပြီး ထားခဲ့ရန်ပင် အမိန့်ပေးကြောင်း ခမရ (၃၈၂)က ဒုတပ်ကြပ် အောင်မင်းထိုက် က ထွက်ဆိုခဲ့သည်။[iii] မိမိ၏ရဲဘော်များ ၏ အသက်ကိုပင် ဖက်ကလေးလိုသဘောထားလျှက် ဤမျှရက်စက်သည့် စစ်ပွဲကို အဘယ်ကြောင့် သဲကြီးမဲကြီး ဆင်နွှဲ နေသနည်း။ အစိုးရအနေဖြင့် ကိုယ့်ရဲဘော်များ အပေါ်ကိုပါ ပြစ်မှုကျူးလွန်ပြီးဆင်နွှဲသည့် စစ်ပွဲမျိုး ပြည်တွင်းစစ်သမိုင်း တွင် တကြိမ်တခါ မျှ မကြားခဲ့ဘူးပါ။
ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို တွဲဘက် အထွေ ထွေ အတွင်းရေးမှုး ဦးလနန် တို့က ကေအိုင်အို၊ ကေအိုင်အေ သည် ခွဲထွက်ရေးအတွက် တိုက်နေခြင်း မဟုတ်၊ စစ်မှန် သော ပြည်ထောင်စု တည်ဆောက်၇န်၊ အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုး ပမ်းနေကြ ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးကြပြီ။ ကေအိုင်အေ နှင့် အတူတွဲ၍ ခုခံစစ်ဆင်နွှဲနေသော အေဘီအက်စ်ဒီအက်ဖ် သည် လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက်သာ တိုက်ပွဲဝင်နေကြောင်း သိကြပြီးဖြစ်သည်။ မိမိတိုက်နေ သောစစ်ကို လူထုထောက်ခံမှုရရန်အတွက် အစိုးရက ကေအိုင်အို၊ ကေအိုင်အေ တို့သည် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေကြသလိုလို ၀ါဒဖြန့်ချီမှုမျိုး မလုပ်သင့်ပါ။
ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင်လုပ်ရန်မှာ မည်သူ့တာဝန်နည်း။
ပေါင်းစည်းခြင်း ဆိုသည်မှာ မေတ္တာတရားကို အခြေခံလျှက် တဦးကိုတဦးနားလည်မှုရှိစွာ၊ ချစ်ခင်ရင်းနှီးစွာ၊ ကြည်သာ စွာ လက်တွဲနိုင်ကြမှသာ အနှစ်သာရနှင့် ပြည့်စုံသည်။ လင်မယားပင် ဖြစ်စေဦး၊ အတင်းအကြပ်ဓါးမိုး၍ ပေါင်းဖက်ခိုင်း လျှင် ခေတ္တမျှသာ ခံပါမည်။ ကွဲကြပြဲကြမှာ ဖြစ်သည်။
လူများစု မြန်မာလူမျိုးတွေက အနိုင်ကျင့်မည်စိုးရိမ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်များက ခွဲထွက်ခွင့်ကို တောင်းခဲ့ကြ ရာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော်တွင် အသေးစိပ်ဆွေးနွေးရန် တင်ပြခဲ့သည်။ [iv] ထို့နောက်ငါးနှစ် စီမံကိန်းနှစ်ရပ် ဆယ်နှစ်တာကို ရည်ညွှန်းလျှက် ဆယ် နှစ် ကြာပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရန် ဟူသော အချက်ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဌာန်းပေးရန် သဘောတူခဲ့ကြသည်။[v]  " ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့ တတွေ ဆက်ပေါင်းခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ ညံ့လို့ပေါ့" ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်ချက်ပြု ခဲ့ သေးသည်။ [vi] ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ဗမာ ဟု သုံးခဲ့ခြင်းမှာ စာရေးသူကဲ့သို့ မြန်မာလူမျိုးတွေကို ရည်ညွှန်း သည် ဟု နားလည်သည်။
ယခုကြုံတွေ့နေရသည့် ပြည်ထောင်စု ပြသနာမှာ မြန်မာတွေ ညံ့၍ဟု မယူဆပါ။ လူမျိုးပြသနာ မဟုတ်၊ စနစ်ပြသနာ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့်သာ ဤပြသနာပေါ်နေခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန် တွင် ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားများဖက်ဒရယ်တောင်းသည်ကို ခွဲထွက် ရေး ဟု အကြောင်းပြကာ ဖိနှိပ်ခဲ့သည်။ နှစ်ပေါင်းငါးဆယ် ကြာပြီး ယခုအချိန်ရောက်မှ ဖက်ဒရယ်ဟူသည်မှာ ပြည်ထောင်စုတည်ဆောက်ရေးစနစ်ဖြစ်ပြီး တိုင်း ရင်းသားများရထိုက်သော အခွင့်အရေးဖြစ်ကြောင်း စစ်ခေါင်းဆောင်များ ကိုယ်တိုင် လက်ခံလာခဲ့ရသည်။ [vii] တိုင်းရင်း သား များသည် နှစ်ပေါင်းငါးဆယ် ကြာမျှ ဒုက္ခများ ခံစားခဲ့ကြရပါပြီ။
စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် မြန်မာမဟုတ်သည့် တိုင်းရင်းသားတွေသာမက မြန်မာတွေ ပါ ခံစားခဲ့ကြရသည်။ သံဃာတော်များအား မီးလောင်ဗုံးနှင့်ဖြိုခွင်းခဲ့သည့် နောက်ဆုံးသာဓက ကိုကြည့်ပါ။ သံဃာတော် အများစုကြီးမှာ မြန်မာလူမျိုးများဖြစ်သည်။
တိုင်းရင်းသား များ ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင် လုပ်ရန်မှာ စစ်အစိုးရအဆက်ဆက်တွင် တာဝန်ရှိခဲ့သည်။ ကေအိုင်အိုကို ဆင်နွှဲနေသည့် ထိုးစစ်ကို ကြည့်လျှင် အစိုးရက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လိုလားသည် ဟူသည်မှာ မည်သူမျှယုံနိုင်စရာမရှိ။ ကချင်များကို နာကျည်းအောင် လုပ်နေခြင်းဖြစ်သည်။ ကေအိုင်အိုက ပင်လုံစာချုပ် အရ ဖက်ဒရယ်ပြည်ထောင်စု ဘောင်အတွင်းတွင် တိုင်းရင်းသားများ ရရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ကို အသိအမှတ်ပြုဘို့ပြောနေသည်။ အစိုးရက မသိကျိုးကျွန်ပြု၊ အဆမတန် အင်အားသုံး၊ စစ်ရေးအရ ဖိအားပေးကာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသာ လက်မှတ်ထိုးခိုင်းနေသည်။ ကချင်လူမျိုးများ၏ မြို့တော်သဘွယ်ဖြစ်လာနေသော လိုင်ဇာကိုသာ အတင်းအကြပ်တက်သိမ်းမည် ဆိုလျှင် နာကျည်းမှုသည် ခါးသီးသည့် အဆင့်သို့ပြောင်းသွားမည်။ ခုခံမှုသည် ပို၍ အရှိန်မြင့်လာနိုင်သည်။ ကချင် တို့၏ ခုခံစစ်သည် တောင်ပေါ်မှနေ၍ မြေပြန့်ဒေသများသို့ ရွေ့လျှော မလာဟု မည်သူမျှ မပြောနိုင်။
ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေခွဲထွက်သွားစေရေးအတွက် ကြိုးပမ်းမှုများပေါ်လာစေရန် ကေအိုင်အိုနှင့် ကချင် လူထုကို တွန်းအားပေးသည့် လုပ်ငန်းအား သမတ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ လုပ်နေကြသည့် သဘော ဆောင်သည်။ နောင်ဖြစ်လာမည့် ပြသနာ များအတွက် ၄င်းတို့တွင် အဓိက တာဝန်ရှိပါမည်။
ချစ်ခြင်းမေတ္တာအား ပျံ့ပွားစေခြင်းသည် အမုန်းတရားများ လျော့ပါးစေမည့် အကြောင်းရင်းဖြစ်ခြင်း။
ကိုဝိုင်ဝိုင်ကေ ၏ သမိုင်းဆောင်းပါးမှ ကော်ပီကူးထားသော အောက်ပါ ဓါတ်ပုံကလေးကို ကြည့်ပါ။ဗိုလ်ချုပ်အောင်ဆန်း သည် ကချင်အမျိုးသမီးငယ်များ၏ရှေ့တွင်ထိုင်လျှက် အားရပါးရရယ်မောလျှက် ရှိကြောင်းတွေ့ရပါမည်။ ပင်လုံစာချုပ် တွင် တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးကို အာမခံချက်ပေးခဲ့သော ဗိုလ်ချုပ်အား ကချင်များက ချစ်ခင်လေးစား ကြသည်။ မေတ္တာတရား အပေါ်အခြေခံလျှက် ကချင်တွေက မိသားစုသဖွယ် ဗိုလ်ချုပ်ကို စကြ နောက်ပြောင်ကြသည်။ ဗိုလ်ချုပ် ကိုယ်တိုင်လည်းကချင် တို့၏ မေတ္တာကိုခံယူလျှက် ရယ်မောမိသွား၊ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင် တို့သည် ဤ ဓါတ်ပုံကလေးမှ မေတ္တာတရားမျိုးကို မခံစားခြင်ကြပေဘူးလား ဟူ၍ စဉ်းစားမိသည်။
အဘယ်ကြောင့် ဗိုလ်ချုပ် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေသည်ကို ကိုဝိုင်ဝိုင်ကေ က အောက်ပါအတိုင်းရေးထားသည်။
" ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ် တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သား တစ်ယောက်က " ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင် ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ " ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသောဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောသည်။ "
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ ဗိုလ်ချုပ်ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသား များ အပေါ် ရက်စက်လှချေတကား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဖြူစင်သည့် မေတ္တာဖြင့် ပြုံးရွှင်ရယ်မောခဲ့ကြသော ကချင်အမျိုးသမီးတို့မှမွေးဖွားလိုက်သည့်  မြေးငယ်ကချင်သမီးပျိုများသည် ယနေ့ စစ်ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်စွဲ ကာ သူတို့မြေကို သူတို့ခုခံကာကွယ်ရသည့်ဘ၀ သို့ကျရောက်လျှက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် ကတိ စကားများ၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တို့အား မည်သူမျှ လေးစားလိုက်နာခြင်းမရှိကြတော့။
ဗိုလ်ချုပ်အောင်ဆန်း စာချုပ်ချုပ် အာမခံခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေး အတွက် ၄င်း၏ သမီးအရင်း ဖြစ်ရုံသာမက ယနေ့ နိုင်ငံရေးဇာတ်ခုံတွင် ထိပ်ဆုံးပိုင်းမှာနေရာယူထားသော ဒေါ် အောင် ဆန်းစုကြည် အပေါ် ကချင်လူထုက တစုံတရာအားကိုးလိုကြသည်။ သို့ရာတွင် သူမ သည် ယနေ့အချိန်အထိ ခပ်ပေါ့ပေါ့ ပင် သဘောထားလျှက်ရှိသည်။ ရင်ကွဲဘွယ်ကောင်းပါဘိ။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။
ဇန်န၀ါရီလ (၃) ရက်နေ့တွင် ကချင်အရေးနှင့် စပ်လျှဉ်း၍ အာရ်အက်ဖေက အင်တာဗျူးသောအခါ ဒေါ်အောင်ဆန်းစု ကြည်က " ဘယ်လိုဆွေးနွေးနေသလဲ ဆိုတာ အသေးစိပ်မသိ၊ ၀င်ရောက်ပါဝင်ဆွေးနွေးခြင်တဲ့ ဆန္ဒရှိလို့ပြောထားတာ တနှစ်တောင် မကတော့ပါ။ အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာမရှိ။ "
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာတွင် တာဝန်ယူနေသူ ဖြစ်သည်။ မြန်မာ နိုင်ငံသားများအား တာဝန်သိတတ်သူ များဖြစ်စေဘို့ မကြာမကြာ သွန်သင်ဆုံးမလေ့  ရှိသူလည်းဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးပြသနာနှင့် စပ်လျှဉ်း၍ သူမတွင် တာဝန်ရှိသည်ဟု စာရေးသူ ယူဆသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စများဆောင်ရွက်ပါမည် ဟူ၍ လူထုထံမှ မဲများရယူခဲ့ရုံသာမက လက်ရှိ လည်း ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေ၍ ဖြစ်သည်။
ယခု ဆိုလျှင် စစ်ေ၇းအရှိန်မှာ အထွ် အထိပ်ရောက်နေပါပြီ။ လက်နက်ကြီးမျိုးစုံ နှင့် တိုက်လေယာဉ်များပါ သုံးပြီး မီးကုန် ယမ်းကုန် တိုက်နေပါပြီ။ ကချင်ပြည်နယ်အတွင်း သိန်းတချို့ပမာဏရှိသည့် လူထုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိခိုက်ခံစားနေကြရသည်။ ဤမျှ အရေး ကြီးလှသော ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကြီးတွင် ဒေါ်အောင်ဆန်း စုကြည် သည် မိမိ၏တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်မည့် ပိုင်းဖြတ်ချက်[viii] နှင့် နိုင်ငံရေးဆန္ဒ[ix] ကို ယခုအချိန် အထိ မပြသေး ဟု စာရေးသူ ခံစားမိသည်။ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။
ဘယ်လိုဆွေးနွေးနေသလဲ ဆိုသည်ကို မသိသဖြင့် ပါဝင်ဆောင်ရွက်ရန် ကြိုပမ်းခြင်း မရှိဟု သူမပြောသည်မှာ သဘာဝ မကျပါ။ မသိလျှင် သိအောင်လုပ်ရန် တာဝန်ရှိပါသည်။ သူမလို ပုဂ္ဂိုလ်မျိုးအနေဖြင့် သိလိုစိတ်တကယ်ရှိလျှင် မသိ နိုင် စရာ အကြောင်း မရှိပါ။ သို့ရာတွင် သိအောင်လုပ်ရာအမှန်တကယ် အခက်အခဲရှိနေသည် ဆိုပါမူ စာရေးသူ ကူညီ နိုင်ပါသည်။ တာဝန်ရှိသူ များထံမှ ခွင့်ပြုချက်တောင်း၍ သက်ဆိုင်သောစာရွက်စာတမ်းများ၊ ဗွီဒီယို မှတ်တမ်းများ ကို သူမ လက်ဝယ် ရရှိအောင် စီစဉ်ပေးနိုင်ပါသည်။ 
အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းခြင်း မရှိသဖြင့် ၀င်ရောက်ပါဝင်ခြင်း မရှိဟူသည်မှာ ပို၍ပင် မဖြစ်သင့်ပါ။ ဥပဒေ စိုးမိုးရေးကို အဓိကဖျက်ဆီးနေသူမှာ ဦးသိန်းစိန် အစိုးရဖြစ်သည်။ လူထု ကြီးက အားကိုးလိုသော လူထုခေါင်းဆောင် သည် ဥပဒေစိုးမိုးရေး နှင့် ပတ်သက်၍ မည်မျှပင် ကြီးမားသည့် ပြသနာများတက်နေစေဦး အစိုးရမခိုင်းသမျှ ဘာမျှ မလုပ်ဟု ဆိုလျှင် လူထု သည် ဥပဒေစိုးမိုးရေးအား မည်သည့်အခါတွင်မျှ လက်တွေ့ခံစားနိုင်တော့မည်မဟုတ်။ သူမသည်စစ်အစိုးရ နှင့် စစ်ခေါင်း ဆောင်များ ငြိုငြင်မည်ကို မခံလိုသဖြင့် မခိုင်လုံသော အကြောင်းများကို ပြပြီး တမင်ရှောင်၊ လူထုနစ်နာမှုများအား မျက်ကွယ်ပြုနေသည် ဟု စာရေးသူ သံသယဖြစ်မိသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအပါအ၀င် ဥပဒေစိုးမိုးရေး ဆိုင်ရာ ပြသနာများအား ၀င်ရောက်ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်း မည် ဆိုလျှင်လည်း ရပ်တည်ချက်မှာ အရေးကြီးလာသည်။ အစိုးရ နှင့် လူထုအကြား မည်သူ့အမုန်းကိုမျှ မခံရအောင် အလယ်မှာနေ၍ ဖျန်ဖြေပေးသွားမည်[x] ဟူသည့် သူမ၏ရပ်တည်မှုမှာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ် မည် ဟု မယူဆပါ။  ဗုဒဘာသာတွင် ဒေ၀ဒတ်နှင့် မြတ်စွာဘုရားအကြားတွင် စေ့စပ်၍မရပါ။ ပြစ်မှုကျူးလွန်သူဒေ၀ဒတ်အား သဘာဝ တရားက မြေမြို၍ ပြစ်ဒဏ် စီရင်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရားသူကြီးမဟုတ်၊ ကုလသမဂ္ဂ အရာရှိလည်း မဟုတ်သဖြင့် အလယ်မှာ နေသည် ဆိုခြင်းမှာ အဓိပ္ပါယ် မရှိလှပါ။ သူမသည် မြန်မာနိုင်ငံဥပဒေစိုးမိုးရေး လက်တွေ့ရှိလာစေရန် ဦးဆောင် ဖေါ်ဆောင် နေသူဟူ၍သာ စာရေးသူနားလည်သည်။
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်မည် ဆိုလျှင် မျှတသော တရားခွင်[xi] အယူအဆကို ကျင့်သုံးရန်လိုပါသည်။ မုဒိန်းမှု တခုတွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူမှာ စစ်ဗိုလ်ကြီးတဦး ဖြစ်ပြီး ကျူးလွန်ခံရသူမှာ ဆင်းရဲနွမ်းပါးသည့် တိုင်း ရင်းသူ အမျိုးသမီးကလေး ဆိုကြပါစို့။ ၄င်းတို့ နှစ်ဦးလုံးတွင် အခွင့်အရေးတန်းတူရှိသည်။ တရားရုံးတွင် တူညီစွာ အမှု ရင်ဆိုင်နိုင်သည်။ သို့ရာတွင် အာဏာရှိ၊ လက်နက်ရှိ၊ ငွေကြေးရှိ၊ အင်အားရှိသည့် စစ်ဗိုလ်ကြီး နှင့် ယှဉ်ပြိုင်လျှက် အမှုရင်ဆိုင်နိုင်ရန် ညီမျှခြေရှိလာစေရေးအတွက် တိုင်းရင်းသူမလေးအား ဖြည့်ဆည်းပေးဘို့လိုသည်။
ရှက်လွန်းသဖြင့် ရဲစခန်းသွားပြီး အမှုမဖွင့်ရဲလျှင် လူမှုရေးအသင်းအဖွဲ့များ ကူညီလိုက်ပါပေးရန်၊ ဆေးဝါးကုသ ခွင့် လုံလောက်စွာရရှိရန်နှင့် အမှုရင်ဆိုင်နေစဉ်အတွင်း စားဝတ်နေရေးအဆင်ပြေစေရန်ကူညီပေးဘို့လိုသည်။တရားရုံး သွားရန် ခရီးစားရိပ်မရှိလျှင် ရှာပေးဘို့လိုသည်။ မြန်မာစကား ကောင်းစွာ မပြောတတ်လျှင်စကားပြန်စီစဉ်ပေးရမည်။ သူမ၏ မှုခင်းအတွက် တရားလိုအစိုးရ ရှေ့နေ၏ လိုက်ပါဆောင်ရွက်မှုကို မကြေနပ်နိုင်သည့် ခိုင်လုံသော အကြောင်း များတွေ့ရလျှင် အရည်အချင်းနှင့် ပြည့်စုံသော ပြင်ပရှေ့နေတဦးထံမှ ဥပဒေအကူအညီရရှိစေရန် စီစဉ်ပေးသင့် သည်။ နိမ့်သည့် ဘက်ကို ဖြည့်ဆည်းပေးခြင်းသည် မျှတသောတရားခွင်ကိုအားဖြစ်စေပြီး ဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရက လွန်မင်းစွာ အင်အားကြီးလျှက် ရှိသည်။ အဖိနှိပ်ခံလူထု နှင့် တိုင်းရင်းသားများမှာ အဆ မတန် အင်အားနည်းလျှက်ရှိသည်။ အလယ်မှာ နေပြီး နှစ်ဘက်အကြားညှိပေးမည်၊ ဖျန်ဖြေပေးမည် ဟုသာ ဆိုလျှင် လက်တွေ့တွင် အားကြီးသူသာ အကျိုးဖြစ်ထွန်းမည်။ ဥပဒေစိုးမိုးေ၇းကို အမှန်တကယ်မြတ်နိုးလျှင် အနည်းဆုံးအနေ နှင့် အားနည်းသည့်ဘက်တွင် ညီမျှခြေရှိလာစေရန် ဖြည့်ပေးရပါမည်။ နိုင်ငံသားတိုင်းမှာပင် တာဝန်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသောသူမ၏ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများ နှင့် အခွင့်အရေးဆုံးရှုံးနေကြသော တိုင်း ရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်း ရပ်တည်ချက် အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်းချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျှက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများအား စွမ်းစွမ်းတမန် ဆောင်ရွက်လိမ့် မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မြှော်လင့်နေဆဲဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ ရိုးသားသော ကချင်လူမျိုးတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အပေါ် ထားရှိခဲ့သည့် မေတ္တာမှာမူ မည်သည့်အခါတွင်မျှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။
အပိုင်း () ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)                                           ဇန်န၀ါရီလ () ရက် ၂၀၁၃ ခုနှစ်
ရည်ညွှန်းချက်များ
[i] Human shield
[ii] Legitimate reason
[iv] တိုင်းရင်းသား လူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ( မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစု ရေး အဖွဲ့က စိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသည်။ ) စာမျက်နှာ ၅၁၅
[v] ၄င်း။ စာမျက်နှာ ၅၁၆
[vi] ၄င်း။
[vii][vii] ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ ရက်၊ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်အမတ်များဖြစ်သော  ဒေါ်နန်းဝါနု နှင့် ဦးတီခွန်မြတ် တို့အား ဖက်ဒရယ် ဥပဒေ တရပ်ရေးဆွဲရန် တာဝန်ပေးခြင်း။
[viii] Commitment
[ix] Political will
[x] Mediation
[xi] Fair Trial
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/18/2013 11:25:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ