[mrsorcerer:36927] Fwd: [လူဗိုလ်ဟူသည် ...] အမျိုးသားတို့ အထင်ကြီး၊ သဘောကျအောင် အမျိုးသမီးတို့အတွက် ဆောင်ရန် ၁၃ ချက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] အမျိုးသားတို့ အထင်ကြီး၊ သဘောကျအောင် အမျိုးသမီးတို့အတွက် ဆောင်ရန် ၁၃ ချက်
To: lubo601@gmail.com



1. Don't be judgmental
အကဲဖြတ်ဒိုင်လူကြီးလို မနေဖို့ ဖြစ်ပါတယ်။ သူဘက်က စကားတစ်ခွန်းခွန်း ဆိုလိုက်တိုင်း ကိုယ်က လိုက်ပြီးတော့ အကဲဖြတ်နေတာမျိုးကို အမျိုးသားတို့ မကြိုက်ကြပါဘူး။ သူပြောတဲ့အကြောင်းအရာကို မကြိုက်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။ ပြီးတော့ သူပြောတဲ့အကြောင်းအရာများကို စိတ်ဝင်စားသယောင်လေးပြပါ။

2.Punish him when he's cocky
ဟုတ်ပါတယ်။ အမှားလုပ်တတ်တဲ့ ဘယ်အမျိုးသားကိုမှ ဒီတိုင်း ခွင့်မလွတ်လိုက်ပါနဲ့။ ချိန်းထားတာထက် ၂ နာရီထက်ပိုနောက်ကျတဲ့ သူ့ကို ခွင့်လွတ်မိရင်တော့ အမှားကြီးမှားပါပြီ။ နောက် ဒါမျိုး လုပ်နေတော့ မှာ ဖြစ်ပါတယ်။ ချိန်းထားတာမှမဟုတ်ပဲ ကိုယ်နဲ့လမ်းလျှောက်နေစဉ် အခြား တစ်ဖက်ဖက်ကို ဘာမပြော၊ ညာမပြော ခဏလှည့်ထွက်သွားတာမျိုး ဆိုရင် စောင့်ဆိုင်းမနေပါနဲ့။ ကိုယ့်လမ်းကို ဆက်လျှောက်သွားပါ။ စကားပြောရင်း ရိုင်းပြတဲ့စကားလုံးပါလာတာမျိုးဆိုရင်လည်း ခွင့်မလွတ်ပါနဲ့။ မှတ်သားလောက်အောင် အပြစ်တစ်ခုခုပေးလိုက်ပါ။ ဥပမာ-စကားဆက် မပြောတော့တာမျိုး၊ ဖုန်းချလိုက်တာမျိုး၊ ခဏ ရှောင်နေလိုက် တာမျိုး။ ဒီလောက်ဆို သူတို့ အမှားမလုပ်ရဲတော့ပါဘူး။

2. Smile and laugh a lot around him
အမျိုးသားတွေဟာ ပွင့်ပွင့်လင်းလင်း မရှက်မရွံ့ ရယ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရယ်တတ်သည်ဖြစ်စေ။ ပဲမများပဲ စိတ်ထဲရှိသလို ရယ်တတ်စေဖို့ ဖြစ် ပါတယ်။ အဲဒီလို ရယ်ခြင်းက ရိုးသားပွင့်လင်းမှုကို သဘောကို ဆောင်ပါတယ်။

3. Debate with him, And win it.
စကားနိုင်လုပါ။ အမျိုးသားတွေဟာ အမျိုးသမီးတို့ရဲ့  ဥာဏ်ရည်သဏ်သွေး ကို စမ်းသပ်ချင်ကြပါတယ်။ အကယ်၍ သူကစမ်းသပ်လာပြီး စကားနိုင်လုပြီ ဆိုရင် အရှုံးမပေးပါနဲ့။ တကယ်မနိုင်ဘူးဆိုရင်တောင် ဇွတ်အတင်း ကိုယ့်ဘာကိုယ်နိုင်တယ်လို့ သဘောထားလိုက်တဲ့ အမူအရာလေးပြလိုက်ပါ။ အဲဒီလို အရှုံးမပေး တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကိုလည်း အမျိုးသားတွေက သဘောကျကြပါတယ်။

5.Be naughty
ပြောင်နောက်၊ စနောက်တတ်ရပါမယ်။ စကားပြောတယ်ဆိုတာ တစ်ဖက်သားကို ကဲ့ရဲ့ သလို စနောက်မှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ- အနားမှာရှိတဲ့အခါ အိင်္ကျီမပေ၊မဟောင်းပဲနဲ့၊ အိင်္ကျီအပေ၊ အဟောင်း အစုပ်ကြီး အစရှိသဖြင့် မျက်နှာအမူအရာလေးနဲ့ ကဲ့ရဲ့ နောက်ပြောင်လိုက်ပါ။ သို့ပေမယ့် ရိုးရိုးသားသား စိတ်ထဲရှိသလို စနောက်၊ပြောင်နောက်ဖို့ လိုပါတယ်။ တမင်ဟန်ဆောင်ရင်တော့ မထူးပါဘူး။ အဲလို စနောက်ပြီး ကွိုင်ရှာတတ်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက သဘောကျတတ်ပါတယ်။

6.Don't give in too easily
သူကကိုယ့်ကိုကြိုက်နေတယ်။ ကိုယ်ကလည်း သူ့ကိုပြန်ကြိုက်တယ်။ ဒါဆိုပြီးပြီဆိုပြီး ချက်ချင်း အဖြေပေးလိုက်တာမျိုး၊ အခွင့်အရေးတွေ အများကြီး ပေးလိုက်တာမျိုးလုံးဝမလုပ်လိုက်ပါနဲ့။ ယောင်္ကျားလေးတွေက အလွယ်တကူရရင် တန်ဖိုးထားမှု သိပ်မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ သူ့ဖက်က ဖွင့်ပြောလာပြီး ကိုယ်ကချစ်နေရင်တောင် အဖြေမပေးသေးပါနဲ့။ အပြင်မှာ တွေ့ဆုံ စကားပြောပါ၊ ဖုန်းဆက်စကားပြောပါ၊ သူတကယ်ချစ်တာ မှန်မမှန် သေချာ သဘောပေါက်နိုင်တဲ့အထိ လေ့လာပါ။ အဲဒီလိုမဟုတ်ပဲ ချက်ချင်းအဖြေပေးလိုက်ရင် ကိုယ်က ချစ်ပါတယ်လို့ အရင်ပြောတဲ့ သဘော သက်ရောက်သွားပြီး လွယ်လွယ်နဲ့ရတာလို့ ယူဆတတ်ကြပါတယ်။

7.Tempt him with your appearance
အလှပြင်ထားပါ။ အလှပြင်ဆိုလို့ လှတဲ့သူတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ သူတို့နဲ့တွေ့တဲ့အခါ ကိုယ့်အနေနဲ့ Perfect ဖြစ်မယ်လို့ ယူဆတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို သုံးစွဲပါ။ အဲလိုအကောင်း ဆုံးပြင်ဆင်ထားတဲ့ အမျိုးသမီးနဲ့ အတူတူထိုင်ရင် အမျိုးသားတွေဟာ အခြား ကောင်မလေးလေး၊ အတွဲများထက် ကိုယ့်ကိုယ် ပြန်လည် အထင်ကြီး တတ်ကြပါတယ်။ ဒါကိုပဲ သူတို့က မျော်လင့်တာ ဖြစ်ပါတယ်။

8.Smell great
အမျိုးသားတွေ ရေမွေးမကြိုက်ဘူးဆိုတာ အလကားပြောတာပါ။ ဘာပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက်မှာ အနံ့တစ်မျိုး ရှိနေတာမျိုးကို သဘောကျတတ်ကြပါတယ်။ အဲဒီအနံ့ကို စွဲလမ်းပြီး သူမရှိတဲ့အချိန်တောင် အနံ့ကလေးကို ပြန်လည် တတိရတာမျိုးတို့ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွေးတစ်မျိုးမျိုးကို စွဲသုံးရန် လိုအပ်ပါတယ်။

9.Be kind to everyone
သူနဲ့တွေ့တဲ့အချိန်တိုင်း ကိုယ်က ကြင်နာတတ်တဲ့သူတစ်ယောက်ပုံစံ ရှိနေရန်လိုအပ်ပါတယ်။ ဥပမာ- ဆိုင်မှာ ထိုင်ရင်း အအေးသောက်တုန်း အလှူခံများ၊ ဒါမှမဟုတ်လည်း သူတောင်းစားများ လာတောင်းရင် လှူတန်းပေး ရပါမယ်။ အမျိုးသားက ဝမ်းနည်းစရာ တစ်ခုခု ပြောပြတဲ့အခါ အရမ်းသနားသယောင်နားထောင်ပြီး လိုက်ခံစားပေးပါ။ အမျိုးသမီးတွေရဲ့ သနားတတ်တဲ့ စိတ်ကိုလည်း အမျိုးသားတွေက နှစ်သက်ကြပါတယ်။

10 Be spontaneous and alive
ပျင်းရိနေတဲ့ပုံ ပေါက်မနေပါနဲ့။ သူနဲ့ ရှိနေစဉ် ကိုယ်က စိတ်ဝင်စားမှု သယောင်နေရပါမယ်။ သူဘာလုပ်လုပ် ကိုယ်လည်း စိတ်ဝင်တစား လိုက်လုပ်တာမျိုး ဖြစ်ပါတယ်။ ပြီးတော့ သူ့မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေး တဲ့အခါ ရှက်ရွံ့ တဲ့အမူအရာ ဖြစ်မနေပဲ ရင်းနှီးစွာ ပြောဆို ဆက်ဆံရဲရ ပါမယ်။ အချို့ က ရှက်တတ်တဲ့ မိန်းကလေးကို သဘောကျတယ် လို့ ပြောကြပါတယ်။ အမှန်တော့ အဲလိုရှက်တာဟာ မာယာသဘော သာ ဖြစ်ပါတယ်။ မရှက်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆို၊ သွက်လက်နေတဲ့ မိန်းကလေးကို သဘောကျတတ်ကြပါတယ်။

10.Show the guy the competition
သူဘက်က လိုက်တုန်းပဲရှိသေးတယ်။ ကိုယ်ကကြိုက်နေပြီဆိုတော့ အခြားကောင်လေးတွေကို လှည့်မကြည့် တော့တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကို တွေ့လို လာနှုတ်ဆက်တဲ့ မိတ်ဆွေ ကောင်လေးတွေ၊ ကိုယ်မကြိုက်ပေမယ့် တစ်ဖက်သက် သဘောကျနေတဲ့သူတွေကို ရင်းရင်းနှီးနှီး ပြောဆိုပါ။ အဲလို ရင်းရင်းနှီးနှီးပြောဆိုခြင်းကို အမျိုးသားတို့က သဝန်တိုတတ်ကြပါတယ်။ ပြီးတော့ အပြိုင်အဆိုင်တွေရှိလာပြီလို့ သတ်မှတ်ပြီး ပိုပြီးတော့ ကြိုးစားလာတတ်ကြပါတယ်။ ပြိုင်ဆိုင်မှုနဲ့ ရတဲ့ မိန်းကလေးဆိုရင် အမျိုးသားတို့က တန်ဖိုးထားတတ်ကြပါတယ်။

12.Don't use him.
သူကိုယ့်ကို ချစ်ခွင့်ပန်ပြီးဖြစ်စေ၊ သဘောကျတဲ့အဆင့်ပဲ ရှိသေးတယ်ပဲဖြစ်စေ ဘယ်တော့မှ မခိုင်းပါနဲ့။ ပစ္စည်းမှာလိုက်တာမျိုး၊ စကားမှာခိုင်းတာမျိုးတို့ပေါ့။ အမျိုးသားတို့က အဲလိုခိုင်းတာ သိပ်မကြိုက်ချင်ကြပါဘူး။ အဲလိုခိုင်းပြီဆိုရင်လည်း သူတို့ဘက် က သေချာနေပြီလို့ အပိုင်တွက်တတ်ကြပါသေးတယ်။ ဒီတော့ ခိုင်းမယ့် အစား အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်ဘူး အကူအညီ လိုအပ်တယ်ဆိုတာကို သာ သိအောင်ပြပြီး သူ့ဘက်က အလိုလို ကူညီတာကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အမျိုးသားများက အဲလိုနေရာ ကျရင် လူစွမ်းကောင်းပမာ ကျေနပ်နေတတ်ကြပါတယ်။

13.Leave in a memorable manner
သူ့ကိုယ် ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ်လေး ပြောပြပါ။ ဒီထက်ပိုလိုအပ်တာ ကတော့ သူနဲ့ အမှတ်ရစရာ တစ်ခုခု ရှိသွားဖို့ဖြစ်ပါတယ်။ တကယ်ပဲ သာမန် ကိစ္စလေးဖြစ်နေရင်တောင် အမှတ်ရစရာ မရှိဘူးဆိုရင် အမှတ်ရစ ရာ ဖြစ်အောင် လုပ်ရပါမယ်။ ပြီးတော့ ဒါကိုလည်း တကယ်အမှတ်ရနေဖို့ လိုပါတယ်။ ဥပမာ- ပလာဇာမှာ သူနဲ့ အတူတူ ရှော်ပင်ထွက်ရင်း အဝတ်တစ်ထည် ကျန်ခဲ့တာမျိုး။ သူနဲ့ချိန်းမှ မိုးရွာပြီး ထီးမပါတာမျိုး။ အဲဒါမျိုးကို တကယ်ပဲအမှတ်ရနေသယောင် ရင်ဖွင့်ပြောပြပါ။ အဲလို သူနဲ့ အတူ အမှတ်ရပေးတဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေက သဘောကျ တတ်ကြပါတယ်။
အထက်ပါအချက်များအတိုင်း လိုက်လံကျင့်သုံးရင် အမျိုးသားတို့ဟာ အမျိုးသမီးတစ်ဦးကို ကြိမ်းသေ သဘောကျလာမှာဖြစ်တယ်လို့ ယင်း ဝဘ်ဆိုဒ်က အာမခံထားပါတယ်။ သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယင်း အချက်များ အတိုင်း လိုက်လံကျင့်သုံးခြင်းဟာ အမျိုးသမီးတိုင်းနဲ့ သင့်တော်တာမို့ ရေးသား မျှဝေပေးလိုက်ရပါတယ်။
---



Ko Nyo Win မှကူးယူဖေါ်ပြသည်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 10:28:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36926] Fwd: [လူဗိုလ်ဟူသည် ...] မောင့်ချစ်သူ ဗမာမလေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] မောင့်ချစ်သူ ဗမာမလေး
To: lubo601@gmail.com




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:28:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36925] Fwd: [လူဗိုလ်ဟူသည် ...] 19.01.2013 နေ့ဖတ်ရန်သတင်းများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] 19.01.2013 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com


by Myanmar Journal on Friday, January 18, 2013 at 9:12pm ·
စပစ်တ်ဖိုင်းယား တိုက်လေယာဉ်တွေ ရှာမတွေ့
ရန်ကုန်လေဆိပ်မှာ မတွေ့ပေမယ့် တခြား နေတွေမှာ မြှုပ်ထား မယ်လို့ စီမံကိန်း ခေါင်းဆောင်က ယုံကြည်နေ
ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ နိုင်ငံမှာ ဗြိတိသျှ စစ်တပ် ကနေ စပစ်တ် ဖိုင်းယား တိုက်လေယာဉ် တွေ ကို မြှုပ်ထား ခဲ့တယ်ဆိုပြီး ပြန်လည် ရှာဖွေတူးဖေါ် နေရာမှာ ဘာ လေယာဉ်မှ မတွေ့ရတဲ့အတွက် တူးဖေါ်ရေးမှာပါဝင်တဲ့ ရှေးဟောင်း သုတေသနပညာရှင်တွေက ဒီလေယာဉ်တွေ မြှုပ်ထားတာမဟုတ်ဘူးဆိုပြီး လက်ခံလိုက်ကြပါပြီ။

ဒီစပစ်ဖိုင်းယား လေယာဉ် တွေကို သေတ္တာကြီးတွေ ထဲထည့်ပြီး ရန်ကုန် လေဆိပ်နဲ့ တခြား လေဆိပ်တွေမှာ မြှုပ်ထားတယ်လို့ ယူဆ ထားကြတာ ဖြစ်ပါတယ်။
တူးဖေါ်ရေးမှာ ပါဝင် ဆောင်ရွက် နေတဲ့ ကုမ္ပဏီ ကနေ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ တူးဖေါ် မှုတွေကို ရပ်ဆိုင်းထား လိုက်တယ်လို့ ပြောပါတယ်။ ဘာ စပစ်တ်ဖိုင်းယားမှ မရှိဘူး လို့လည်း ကုမ္ပဏီရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ဒါပေမယ့်လို့ ဗြိတိန်က ဒီတူးဖေါ်ရေး စီမံကိန်း ခေါင်ဆောင်း ကတော့ ရန်ကုန် လေဆိပ်မှာ တူးတဲ့ နေရာ လွဲနေတာ ဖြစ်မယ်လို့ ပြောပါတယ်။
ဒီတိုက်လေယာဉ်တွေ ကို မြန်မာ နိုင်ငံ တခြား နေတွေမှာ မြှုပ်ထားမှာ ဖြစ်တယ် ဆိုပြီးလည်း သူက ယုံကြည်နေ ပါတယ်။

ကချင် စစ်ပွဲတွေရပ်ဖို့ ပြည်သူ့ လွှတ်တော် ဆုံးဖြတ်
အစိုးရ စစ်တပ်ကနေ လေယာဉ်တွေနဲ့ပါ တိုက်ခိုက် လာ ခဲ့တာ ဖြစ်ပါတယ်
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်ပြီး၊ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးကနေ တပ်မတော်သား ကိုယ်စားလှယ် အများ အပါအဝင် ကန့်ကွက်သူမဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ကချင်ပြည်နယ် အင်ဂျန်းယန် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူတင်တဲ့ ဒီအဆိုကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့တောင် မလိုတဲ့ ထင်ပေါ်ပြီးသား အကြောင်းအရာ ဖြစ်တာမို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူမယ်ဆိုပြီး ဆုံးဖြတ် စေရာမှာ ကန့်ကွက်သူမဲ့ အဆို အောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆိုင်ရာ အဖွဲ့အစည်း တွေဆီကို လည်း ဆက်လက် ပေးပို့မယ်လို့ သိရပါတယ်။
လက်ရှိ အနေ အထားမှာတော့ ကချင်ပြည်နယ်မှာ အစိုးရ တပ်တွေနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အေကြား နှစ်ဘက် တိုက်ခိုက် မှုတွေ ရှိနေဆဲ ဖြစ်သလို အစိုးရနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကလည်း ပြန်မစ နိုင်ဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

ထိုင်းရှိ မြန်မာအလုပ်သမားတွေကို ပတ်စ်ပို့ ပေးမယ်
မတရား သဖြင့် ငွေယူတဲ့ ပွဲစားနဲ့ အေးဂျင့်တွေ ကို အရေးယူ သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်
ထိုင်းနိုင်ငံ အတွင်းမှာ တရားမဝင် အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံသား တွေကို မြန်မာ အစိုးရ အနေနဲ့ ထိုင်းနိုင်ငံမှာဘဲ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး တော့မှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက တရားဝင် ပြောကြား လိုက်ပါတယ်။
ထိုင်းအစိုးရ ဘက်ကတော့ နေထိုင်ခွင့် ဗီဇာနဲ့ အလုပ် လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်ကြောင်း သောကြာနေ့က မြန်မာ သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သံအမတ်ကြီးက ပြောကြား သွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အလုပ် သမားတွေ မှတ်ပုံတင် ဖို့ အတွက်၊ အရင်က ထိုင်း အစိုးရ ကသာ လုပ်ခဲ့တာ ဖြစ်ပြီး အခု တခေါက် မှာတော့ မြန်မာ အစိုးရကပါ ပါဝင် လုပ်ဆောင် ပေးတော့မှာပါ။
နိုင်ငံသား ဟုတ်မဟုတ်နဲ့ မှတ်ပုံတင် ရှိမရှိကို အရင်တုန်းက တော့ မြန်မာ နိုင်ငံကို ပို့ပြီး စိစစ် ရပေမယ့် အခု အချိန် မှာတော့ ထိုင်းနိုင်ငံ အတွင်း၊ ရုံး ၁ဝ ရုံး ဖွင့်ပြီး ဒီမှာပဲ ဆုံးဖြတ် လုပ်ပေးမှာ ဖြစ်လို့ အရင်ထက် လွယ်ကူမှု ရှိသွားမှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး နောက်လ ၁၅ ရက်နေ့ အထိ ကိုတော့ ထိုင်း အလုပ်ရှင်တွေက အလုပ်သမား ငှါးလိုတဲ့ အရေ အတွက်နဲ့ အလုပ်သမား အမည်စာရင်း တွေကို ခရိုင် အလိုက် ထိုင်း အလုပ်သမား ရှာဖွေရေး ရုံးတွေမှာ စာရင်း ပေးရမှာ ဖြစ်ပြီး၊ နောက်လ ၁၅ ရက်နေ့ က စလို့ ၃ လ အတွင်း နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေး တော့မှာလည်း ဖြစ်ပါတယ်။
နိုင်ငံကူး လက်မှတ် လုပ်ဖို့ အတွက် တရားဝင် ကုန်ကျ စရိတ် ကတော့ ဘတ်ငွေ ၆ ထောင်ကျော် ဖြစ်ပြီး မတရား သဖြင့် ငွေယူတဲ့ ပွဲစားနဲ့ အေးဂျင့်တွေကို ထိုင်းနဲ့ မြန်မာ အစိုးရ တို့က အရေးယူ ဆောင်ရွက် သွားဖို့ စီစဉ် မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။


ကေအိုင်အေကို စစ်ဆင်မှု ရပ်စဲမယ်လို့ အစိုးရကြေညာ
ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် တိုက်ပွဲတွေ ရပ်ဖို့ အတည်ပြုပြီး နာရီပိုင်းမှာပဲ အစိုးရ ကနေ အခုလို ကြေညာ
ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေ အပေါ် တိုက်ခိုက် နေတဲ့ လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင် ရေးတွေ ကို ရပ်ဆိုင်း တော့မယ် လို့ အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က သောကြာနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကချင် ပြည်နယ် တိုက်ပွဲတွေ ရပ်ဖို့ ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ပြီး နာရီပိုင်းမှာပဲ အစိုးရ ကနေ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ စနေနေ့ မနက် ၆ နာရီက စလို့ စစ်ဆင်ရေး တွေကို ရပ်ဆိုင်း သွားမှာ ဖြစ်တယ်လို့ ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။
 မြန်မာ့ တပ်မတော် အနေနဲ့ လုံခြုံရေး အတွက် လိုအပ်တဲ့ ကန့်သတ် ရည်မှန်း ချက်တွေ ရရှိပြီ ဖြစ်တာကြောင့် အခုလို စစ်ဆင်မှု ရပ်ဆိုင်းမှာ ဖြစ်တယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရ အကြား ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲထားမှု၊ ၂၀၁၁ နှစ်လယ်ပိုင်းမှာ ပျက်ပြား ခဲ့ရပြီးနောက်၊ အစိုးရ ကနေ ကချင် ဒေသမှာ ထိုးစစ် ဆင်မှုတွေ ပြုလုပ်ခဲ့ ရာမှာ လေယာဉ်နဲ့ပါ တိုက်ခိုက်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။
အခုလို အစိုးရ ရဲ့ ကြေညာချက် အပေါ် လောလောဆယ် ကေအိုင်အေ ဘက်က ဘာမှာ တုံ့ပြန် ပြောကြားခြင်း မရှိသေးပါ။
အခုလို ပြန်ဖြစ် ခဲ့တဲ့ တိုက်ပွဲ တွေကြောင့် လူပေါင်း သောင်းနဲ့ချီပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

ဓာတ်ငွေ့စက်ရုံ စီးနင်းမှုမှာ ၁၂ ဦး မနည်း သေဆုံးခဲ့ရ
စစ်သွေးကြွတွေ စီးနင်းခဲ့တဲ့ ဓာတ်ငွေ့ စက်ရုံ
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစ္စလာမ်မစ် စစ်သွေးကြွ တွေက သဘာဝ ဓာတ်ငွေ့ စက်ရုံကို ဝင်ရောက် တိုက်ခိုက် စီးနင်း ခဲ့ရာမှာ နိုင်ငံခြားသားနဲ့ အယ်လ်ဂျီးရီးယား လူမျိုး ၁၂ ဦးထက်မနည်း အသက်ဆုံးရှုံး ခဲ့ရတယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။
အဲဒီ သေဆုံး ခဲ့ရတဲ့ နိုင်ငံခြားသား တွေထဲက တဦးက ပြင်သစ် နိုင်ငံသား ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အယ်လ်ဂျီးရီးယား ဘက်က သတင်းတွေ အရတော့ အဲဒီ စက်ရုံကို ပြန်လည် စီးနင်းစဉ်မှာ စစ်သွေးကြွ ၁၈ ယောက်ထက် မနည်း သေဆုံး ခဲ့သလို နိုင်ငံခြားသား ၃၀ နီးပါးလောက်လည်း ပျောက်နေ သေးတယ်လို့ ဆိုပါတယ်။
အဲဒီကနေ ဓားစာခံ အဖြစ် အဖမ်းခံ ထားရသူ ၁၀၀ ကျော် ကိုတော့ ကယ်တင် နိုင်ခဲ့ ကြပါတယ်။
အဲဒီ စက်ရုံကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်သွေးကြွ ၃၀ မကရှိပြီး နိုင်ငံ ပေါင်းစုံက လူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
လတ်တလော မှာတော့ အယ်လ်ဂျီးရီးယား အစိုးရ တပ်ဖွဲ့တွေက ကျန်နေ နိုင်သေးတဲ့ စစ်သွေးကြွ တွေနဲ့ ဓားစာခံ တွေကို လိုက်လံ ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးလို့ အမေရိကန်ပြော
ပြန်လည် လွတ်မြောက်လာကြတဲ့ ဓားစာခံများ
အယ်လ်ဂျီးရီးယားက သဘာဝ ဓာတ်ငွေ့ စက်ရုံကို စီးနင်းခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွ တွေက အဲဒီ စက်ရုံက အမေရိကန် ဓားစာခံ ၂ ယောက်နဲ့ အမေရိကန်မှာ ဖမ်းဆီးထားတဲ့ နာမည်ကြီး အကြမ်းဖက် သမား ၂ ယောက်ကို လဲလှယ်ဖို့ ကြိုးစား ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ သူတို့ အနေနဲ့ အကြမ်းဖက် သမားတွေနဲ့ စေ့စပ် ညှိုနှိုင်း တာမျိုး မလုပ်ဘူးလို့ ဆိုလိုက်ပါတယ်။
ဆက်လက်ပြီး အယ်လ်ဂျီးရီးယား နိုင်ငံကိုလည်း ဓားစာခံ တွေရဲ့ လုံခြုံရေး နဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက် ပေးဖို့ကို အမေရိကန်ဘက်က ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန် အနေနဲ့ ဒီတိုက်ခိုက်မှုမှာ အသက်ဆုံးရှုံး ခဲ့ရသူတွေအတွက် ဝမ်းနည်း ကြေကွဲမိတဲ့ အကြောင်း၊ အသက်ရှင် ကျန်နေသူတွေ အတွက်လည်း အလွန် စိုးရိမ်မိတဲ့ အကြောင်း၊ အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ် ကိုလည်း နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သူဆက်သွယ် မေးမြန်းခဲ့ပြီး အပြစ်မဲ့တဲ့ လူတွေ အသက်အန္တရာယ် မရှိဖို့ အတတ်နိုင်ဆုံး ဂရုစိုက် ကြဖို့ ပြောခဲ့တဲ့ အကြောင်း ပြောကြား သွားပါတယ်။
ဂျပန်နဲ့ နော်ဝေး နိုင်ငံတွေ ဘက်ကလည်း အလားတူ ဂရုစိုက် ကြဖို့ တောင်းဆို ခဲ့ကြပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ အဲဒီ စက်ရုံမှာ အန္တရာယ် ကြုံရ နိုင်တယ်လို့ မှန်းထားတဲ့ ဗြိတိသျှ လူမျိုး အရေအတွက်ဟာ အစောပိုင်းက မှန်းထားခဲ့တဲ့ အယောက် ၃၀ ထက် တော်တော် ပိုပြီး နည်းတယ်လို့ ပြောပါတယ်။
တချိန်ထဲမှာပဲ ရေနံ ကုမ္ပဏီ ဘီပီက အယ်လ်ဂျီးရီးယား မှာ ရှိနေတဲ့ အရေးမကြီးတဲ့ လုပ်သားတွေကို အဲဒီ တိုင်းပြည်ထဲက ယာယီ ပြန်လည် ခေါ်ယူ ထားပါတယ်။

မာလီနိုင်ငံ ဒီယာဘလီမြို့က သူပုန်တွေ ပြန်ဆုတ်သွား
မာလီမှာ တိုက်ခိုက်နေကြတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်များ
မာလီ နိုင်ငံမှာ အစ္စလာမ်မစ် သူပုန် တွေဟာ တနင်္လာနေ့က သူတို့ သိမ်းယူ ခဲ့တဲ့ ဒီယာဘလီ မြို့ကနေ ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြပြီလို့ မာလီ အာဏာပိုင် တွေက ပြောပါတယ်။
ပြင်သစ် တပ်ဖွဲ့တွေ ဘက်က အဲဒီ မြို့ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီးမှာ အခုလို ဆုတ်ခွာ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ကလည်း မာလီ စစ်တပ်ဘက်က ခိုနာမြို့ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သတင်းတွေ ရတဲ့ အကြောင်း ပြောပါတယ်။
ဒုက္ခသည်တွေက သူတို့ကို အသက် သတ်တာတွေ၊ ကိုယ်လက် အင်္ဂါတွေကို ဖြတ်တောက် တာတွေနဲ့ ကလေးစစ်သား စုဆောင်းမှု လုပ်တာတွေ ကြုံတွေ့ ခဲ့ရကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။
UNHCR ရဲ့ အဆို အရတော့ ရှိပြီးသား စစ်ပြေး ဒုက္ခသည် ၄ သိန်း အပြင် နောက်ထပ် လူပေါင်း ၇ သိန်းလောက် ထပ်ပြီး ပြေးလာကြရမယ့် အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:25:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36923] Fwd: [လူဗိုလ်ဟူသည် ...] အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/19
Subject: [လူဗိုလ်ဟူသည် ...] အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ
To: lubo601@gmail.com


အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ  =====================  သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့နေသူများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။  Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုး သမီး ၄၈၀၂ ဦးကိုခေါ် ယူခဲ့သည်။ ၎င်းတို့အားလုံး မှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များတွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာ ရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်းတစ်ခုလည်းဖြစ်သည်။  လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုးသက်ရောက် ပုံကို လေ့လာခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှုရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှုစီးပွားရေး အခြေအနေတို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူစသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှစ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံများထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆအလားအလာ များကြောင်း သိရသည်။  တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြား သည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူများ၌ ပါတွေ့ရတတ်သည်။  လက်မထပ်ဘဲ အတူနေထိုင်တဲ့ ပုံစံကို အာရုံစိုက်လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေအတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူတွေဟာ စောစီးစွာသေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမိုပေးအပ်သင့်ပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်းအားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိလာရပါတယ် ဟု သုတေသန စာတမ်းပြုစုသူများ က ထည့်သွင်းဖော်ပြ ထားသည်။  သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာဂျာနယ် (journal Annals of Behavioral Medicine) တွင်ဖော်ပြထားသည်။  သီဟ Source:MDI Health Updates Journal Vol-2,No-4သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့နေသူများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာဌာန၏ လေ့လာမှု တွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုး သမီး ၄၈၀၂ ဦးကိုခေါ် ယူခဲ့သည်။ ၎င်းတို့အားလုံး မှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များတွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရးကို ခြေရာ ခံစောင့်ကြည့်နေ ခဲ့သည့် သင်တန်းတစ်ခုလည်းဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုးသက်ရောက် ပုံကို လေ့လာခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှုရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှုစီးပွားရေး အခြေအနေတို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူစသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှစ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံများထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆအလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြား သည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူများ၌ ပါတွေ့ရတတ်သည်။

လက်မထပ်ဘဲ အတူနေထိုင်တဲ့ ပုံစံကို အာရုံစိုက်လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေအတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူတွေဟာ စောစီးစွာသေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမိုပေးအပ်သင့်ပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်းအားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိလာရပါတယ် ဟု သုတေသန စာတမ်းပြုစုသူများ က ထည့်သွင်းဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာဂျာနယ် (journal Annals of Behavioral Medicine) တွင်ဖော်ပြထားသည်။

သီဟ
Source:MDI
Health Updates Journal
Vol-2,No-4


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 12:30:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36923] Fwd: [လူဗိုလ်ဟူသည် ...] ပွင့်သောပန်းတိုင်း လှစေချင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/19
Subject: [လူဗိုလ်ဟူသည် ...] ပွင့်သောပန်းတိုင်း လှစေချင်
To: lubo601@gmail.com



အင်တာနက်ဆိုင်ဆိုတာကြီးကို လုံးဝမထိုင်ချင်တော့ပါဘူး။
ဒီနေ့ ခိုင်လေး ညဂျူတီချိန်းတော့ စိတ်ပျက်စရာအကြောင်းအရာတွေကို တွေးတောရင်း လေးပင်တဲ့ ခြေလှမ်းတွေ နဲ့ အခန်းထဲကိုရောက်လာခဲ့ပါတယ်။
ခိုင်လေး နားချိန်ကိုရောက်နေပြီဖြစ်ပေမယ့် အတွေးတွေကတော့ ရပ်နားခြင်းမရှိသေးပါဘူး။
ခိုင်လေး အမေကအင်တာနက်ဆိုင်ဖွင့်ထားတာပါ။
မေမေ့ဆိုင်မှာ မနက်(၇)နာရီခွဲကနေ ညနေ(၆)နာရီထိဆိုင်ထိုင်ပေးရပါတယ်။
နေ့စဉ်မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေမဆန်းပြားပေမယ့်၊ ဒီနေ့လေးမှကြုံတွေ့ ခဲ့ရတဲ့အဖြစ်အပျက်လေးကတော့ ရင်ထဲကိုတော်တော်လေးမချိအောင်ခံစားရပါတယ်။
ဖြစ်ပုံလေးကတော့ .....

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာ၊ ခိုင်လေးတို့ အင်တာနက်ဆိုင်မှာ အင်တာနက်သုံးသူတွေအရင်ကထက်ပိုများလာပါတယ်။
ပိုများလာတဲ့သူတွေဟာ ခုမှအင်တာနက်သုံးတဲ့ ကလေးတွေဆိုပိုမှန်ပါလိမ့်မယ်။
ဒီနှစ်မှ (၁၀)တန်းအောင်တဲ့ကလေးတွေပေါ့ ။
အဲဒီထဲက အသားဖြူဖြူနဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်ကို ခိုင်လေးသတိထားမိပါတယ်။
သူ့ခမျာအင်တာနက်သုံးချင်လွန်းလွန်းလို့ သူငယ်ချင်းအကောင့် နဲ့ ငှားသုံးနေရသူလေးပေါ့။
အဲဒီအချိန်တုန်းကတော့ စာတောင်ကောင်းကောင်မရိုက်တက်သေးပါဘူး။

တစ်နေ့ ခိုင်လေးကောင်တာကိုရောက်လာပြီး အကောင့် သစ်တစ်ခုဖွင့်ခိုင်းပါတယ်။ ခုချိန်မှာအကောင့်သစ်တစ်ခုဖွင့် ဖို့ ဆိုတာအင်မတန်ခက်ခဲပါတယ်။
ဒါပေမယ့် ခိုင်လေးက သူ့ကိုသနားတာနဲ့ ကြိုးစားပြီး အကောင့် လေးတစ်ခုဖွင့် ပေးလိုက်မိပါတယ်။
 ဒီကလေးမလေးက တစ်နေ့ ကို(၃)နာရီလောက် အင်တာနက်ထိုင်တက်လာပါတယ်။
ခိုင်လေးမျက်စိရှေ့မှာတင် သူမအကောင့် လေးမှာ လူပေါင်းများစွာရှိလာပါတော့ တယ်။
ဒီအထိတော့ သဘာဝအတိုင်းဖြစ်နေပါသေးတယ်။

သဘာဝကိုပုန်ကန်တဲ့ ဖြစ်ရပ်လေးစတင်လာခဲ့ တာကတော့ ၊ ခိုင်လေးတို့ ဆိုင်မှာ သူ့လိုပဲ အမြဲအင်တာနက်သုံးတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က ကိုသူရလို့ ခေါ်ပါတယ်။ အသက်က(၂၅)နှစ်လောက်ရှိပါပြီ။
ဆိုင်ထဲမှာသုံးနေရင်း ခုနကောင်မလေးအကောင့် ကိုရသွားပါတယ်။ သူတို့ နှစ်ယောက် အကောင့်ထဲကနေ စကားတွေနေ့တိုင်းပြောကြတယ်။
 နေ့ တိုင်းစကားတွေပြောနေကြပေမယ့် ၊ ကောင်မလေးက သူရနဲ့ သူမ တစ်ဆိုင်ထဲပြောနေကြမှန်း လုံးဝကိုမသိပါဘူး။
ဒီလိုနဲ့ သူရတစ်ယောက် ရန်ကုန်မှာသင်တန်းသွားတက်တော့ ၊ ရန်ကုန်ကနေ ကောင်မလေးကိုချက်တင်ထိုင်ကြတယ်။

ဒီအခြေအနေတွေရောက်တဲ့အထိခိုင်လေးမသိရှိခဲ့ ပါဘူး။ တစ်နေ့ သူရကကောင်မလေးကို(VZO)ချက်ဖို့ ပြောလာပါတယ်။
 ကောင်မလေးက မဖွင့် တက်ဘူးဖြစ်နေတယ်။
ဒီမှာပဲ သူရက ကောင်တာကမခိုင်လေးကိုလုပ်ပေးခိုင်းဖို့ ပြောလိုက်တော့ကောင်မလေးက လာပြောပါတယ်။

" VZO ကို ဖွင့်ပေးပါလို့ ကိုသူရကပြောခိုင်းလို့ ပါအမ။ "
" ရှင်  ...  ညီမလေးကကိုသူရနဲ့ သိလို့ လား VZOဖွင့် ချင်တယ်ဆိုတော့ ညီမလေးအကောင့်ရှိလို့ လား "လို့  ခိုင်လေးကမေးလိုက်တယ်။
ကလေးမလေးက သူမမှာအကောင့် မရှိကြောင်းနဲ့ ဖွင့်လည်းမဖွင့် တတ်ကြောင်း၊ သူရက မခိုင်လေးကို လုပ်ခိုင်းဖို့ ပြောလို့  လာပြောရကြောင်း ပြောပြပာတယ်။

ခိုင်လေးလည်း အရမ်းအံ့သြသွားမိပါတယ်။ သူရအကောင့် ကိုသွားကြည့်တော့ခိုင်လေးသိတဲ့ သူရဖြစ်နေပါတယ်။

ဒါနဲ့ မုန်းချင်လဲမုန်းပါစေ မဖြစ်သင့် တာကိုတော့ အသိပေးရမယ်ဆိုပြီးကောင်မလေးကို သူရ နဲ့ ပက်သက်တာတွေကို ပြောပြလိုက်မိပါတယ်။

သူရဟာ လူပျိုတစ်ယောက်မဟုတ်ဘူးဆိုတာကိုပေါ့။
သူရတို့ တွေ့ဆုံမှုက သာမန်ခင်မင်တာထက်ကို ပိုနေပြီလားလို့ တွေးလိုက်မိတာနဲ့၊ ကောင်မလေးကိုသူရအကြောင်းတွေကိုပြောပြလိုက်မိပါတယ်။
" ညီမလေးသူရက အရင် ရွှေတောင်မှာနေတာပါပဲ။
ဒီဆိုင်မှာအမြဲသုံးတယ်လေ။ တစ်ခါတစ်လေညီမရှိတဲ့ အချိန်တွေတောင်ဒီဆိုင်ထဲသူရှိနေတတ်တယ်လေ။
ခုမှတစ်ပတ်လောက်ပဲရှိဦးမယ်၊ နိုင်ငံခြားသွားဖို့ ရန်ကုန်မှာသင်တန်းသွားတတ်တာပါ " ။
အကြောင်းစုံ ပြောပြလိုက်တော့ ကောင်မလေးခမျာ အံ့သြနေတဲ့ အရိပ်အရောင်တွေနဲ့ မင်သက်နေသလိုပါပဲ။
" သူကရန်ကုန်ကလို့ ပြောတာမမ။
သူမှာမိန်းမရှိတယ်ဟုတ်လား။ "
" ဟုတ်တယ်ညီမ။ သူ့မှာမိန်းမရှိတယ်။ တကယ်ပြောတာပါ။ ရိုးရိုးတန်းတန်းခင်နေတယ်ဆိုရင်တော့ အကြာင်းမဟုတ်ပါဘူး။ "
" ဟုတ်ကဲ့ မမ။ကျေးဇူးတင်ပါတယ်။ "
ဒီအကြာင်းကိုလဲ ခိုင်လေးစိတ်ထဲမေ့ တေ့ တေ့ ဖြစ်သွားပါတယ်။

နောက်တစ်လလောက်ကြာတဲ့ အချိန်မှာ ခိုင်လေး သတင်းတစ်ခုကြားသိခဲ့ ရပါတယ်။
ခုနကောင်မလေးက တက္ကသိုလ်မှာကျောင်းမတက်ခင် သင်တန်းတစ်ခုတက်နေပါတယ်။
ခိုင်လေးပြောပြီးတဲ့ နောက်ပိုင်းသူရနဲ့ ဆက်ပြီးချက်တင်ထိုင်ပြီး ရင်းနှီးမှုတစ်ခုထက်ပိုခဲ့ ကြတယ်တဲ့လေ။
အဲဒီနေ့ ကကောင်မလေးသင်တန်းကိုသူရကလိုက်သွားပြီးအပြင်ခေါ်သွားပါတယ်။
ကောင်မလေးကသင်တန်းမတက်ဘဲလိုက်သွားတော့၊ သင်တန်းဆရာကအိမ်ကိုပြန်တိုင်လိုက်ပါတယ်။
အိမ်ပြန်ရောက်တာနဲ့ ကောင်မလေးပြဿနာတွေတက်ပါရော။
အဲဒီအချိန်က သူရဟာ ခိုင်လေးဆိုင်ကိုရောက်နေတဲ့အချိန်ပေါ့။
ကောင်မလေးသူငယ်ချင်းကသူရကိုစာပေးခိုင်းလိုက်တယ်။
ကောင်မလေးသူငယ်ချင်းက သူရကိုမသိတော့ ခိုင်လေးကိုတဆင့် ပေးခိုင်းတော့ မှ၊ ခိုင်လေးမှာ အကြောင်းစုံသိခွင့်ရပါတော့တယ်။

သိသိချင်း ပထမဆုံးအံ့သြတယ်....... ။
ဒုတိယ အနေနဲ့ အသားတွေတဆက်ဆက်တုန်တဲ့အထိ စိတ်တိုမိပါတယ်။
နောက်တော့ မိုက်မဲလွန်းတဲ့ကောင်မလေးကိုနှမြောမိတယ်။
ဒီလို ခံစားချက်ပေါင်းများစွာ ခိုင်လေးရင်ထဲမှာဖြစ်ပေါ်နေပါတယ်
 ကောင်မလေးလို အဖြစ်ပျက်မျိုးကို ကြူံတွေ့နေရတဲ့ မိုက်မဲနေတဲ့ ကလေးမတွေ ဘယ်လောက်များနေပြီလဲ။
အင်တာနက်ကို အသုံးပြုကြရာမှာ၊ ချက်တင်ထိုင်ဖို့တစ်ခု အတွက်ပဲ ကလေးတွေဘာလို့သဘောထားနေကြတာလဲလို့တွေးမိလာပါတယ်။

ချက်တင်ထဲကစာသားလေးတွေပေါ်ကိုသာယာစီးမျောပြီး၊ ဖောက်ပြန်မှုဆိုတဲ့ မိုက်မဲခြင်း ၀ဲဂယက်အတွင်းကို ဆင်းသက်မိကြရတယ်။

ဒီဖောက်ပြန်မှုတွေကနေ မိမိတို့နစ်နာနေကြပြီဆိုတာကို ညီမငယ်တို့သိသိကြီးနဲ့၊ ဘာလို့မိုက်တွင်းနက်နေကြရတာလဲလို့ တွေးမိပြီး စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်
အင်တာနက်ပေါ်မှာ လူတော်တော်များများက အမှန်တရားဆိုတာကို မျက်ကွယ်ပြုပြီး၊ ကိုယ်ထင်ရာတွေကိုလုပ်နေကြပါတယ်။
ရှုပ်ထွေးမှုတွေနဲ့ ယဉ်ပါးနေကြပြီး၊ သစ္စာစောင့်သိမှု၊ နှမချင်းစာနာမှုတွေ နည်းပါးလာကြပါပြီ။
ဗုဒ္ဓဘုရား ဟောခဲ့တဲ့ တရားတော်တွေကိုလဲမေ့၊ လူ့ကျင့်ဝတ်ဆိုတာတွေကိုပါ မျက်ကွယ်ပြုလာတာဟာ အဆိုးဘက်ကို ဦးတည်နေတာဖြစ်ပါတယ်။
ဒီလိုအဖြစ်ပျက်လေး နဲ့ ဒီဆောင်းပါးလေးက၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေးလက်စနဲ့ သိမ်းထားတာလေးပါ။

ဒီဆောင်းပါးလေးကို ရှေ့ဆက်ရေးသားချင်မိပါတယ်။
ခုဆို ခိုင်လေး မလေးရှားကို ရောက်နေတာ 6 လ ကျော်ရှိနေပါပြီ။
ကိုယ်မကြားဖူး မမြင်ဖူးတဲ့ လူတွေရဲ့ အနေထိုင် စိတ်ဓာတ်တွေကို အခု မလေးရှားကို ရောက်ချိန်မှာ၊
လက်တွေ့ မျက်ဝါးဝါးထင်ထင် တွေ့ရှိလာရတော့ အလွန်တစ်ရာ ရင်ထုမနာ ဖြစ်ရပါတယ်။
မလေးရှားရောက်မှ ခိုင်လေး ရေးဖြစ်ခဲ့တဲ့ ဆောင်းပါး လေးတွေမှာ တစ်ချို့တစ်ချို့သော သူတွေက မနှစ်မြို့စွာ တုံ့ပြန်ကော်မန့်လေးတွေ ရေးထားတာကို ဖတ်ရှူရပါတယ်။

မလေးရှားမှာ မိန်းကလေးတစ်ယောက် 100 မှာ 80 ဟာ အလွန်ဆုံး လခ မလေးငွေ RM1000 ကျော်ကျော်လေးနဲ့ အဲဒီဝန်းကျင်ဟာ အများဆုံးပါ။
မလေးငွေ တစ်ထောင်ကျော်လေးဆိုရင်တောင် မိန်းကလေးတွေ အတွက် များလှပြီလို့ ပြောမယ်ဆိုရင်တောင် ရနိုင်ပါတယ်။
ခုလက်ရှိ ငွေဈေးက 275ကျပ်ပါ။ မလေးငွေ တစ်ထောင်ဆိုရင် မြန်မာငွေ နှစ်သိန်းခုနှစ်သောင်းငါးထောင်ရပါ့မယ် ။
ဒီလောက်ပဲရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အသုံးစရိတ် တစ်လကို ပျမ်းမျှ 400 သုံးမယ်ဆိုရင် 600 ပဲ ပိုပါတော့တယ် ။
ဒီလောက်ပဲ ၀င်ငွေရှိတဲ့ မိန်းကလေးတစ်ယောက်က  တစ်လတစ်လ အိမ်ကို 3 ၊ 4 သိန်းပို့နေပြီဆိုရင် မိဘတွေ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ လိုအပ်နေပါပြီ။
မိဘတွေကတော့ ငါသမီးလေး အပျိုလေးလို့ဘဲ ထင်မှတ်နေချိန်မှာ၊
ဒီမှာတော့ တရားဝင်လက်ထပ်တာလည်း မဟုတ် ချစ်သူတွေနဲ့ တူတူနေကာ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး ။
ခုပြောတာတွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလိုမုန်းတီးခြင်း အလျဉ်းမရှိပါ ။
 မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ရင်နာရလွန်းလို့ သတိပေးရေးသားခြင်းသာဖြစ်ပါတယ် ။
ဒါတွေဟာ တကယ်ဟုတ်မဟုတ်ဆိုတာ၊ မလေးရှားရောက် မြန်မာတိုင်းသိကြမှာပါ။
မိတွေရင်ခွင်မှာ ကလေးလေးတွေလို နေခဲ့ကြတဲ့ ညီမငယ်တွေလည်း ဒီရောက်လို့မကြာခင်မှာ မှားယွင်းတဲ့ လမ်းမပေါ်ကို စလျှောက်မိကြတော့တာပါဘဲ ။
ဒီမှာလည်း တရားဝင် သံရုံးကိုသွားပြီး လက်ထပ်လို့ရပါရဲ့နဲ့၊
လွယ်လွယ်ကူကူ တူတူနေခြင်းဆိုတဲ့ လမ်းမှားကြီးကိုဘဲ လျှောက်လှမ်းနေကြတာဟာ၊ သိပ်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။

မိဘတွေ အနေနဲ့ ဆင်ခြင်စဉ်းစားပေးကြပါ။
ပိုက်ဆံပိုရတာ တစ်ခုထဲကို မကြည့်ဘဲ မိမိတို့ သမီးလေးတွေရဲ့ တန်ဖိုးလေးတွေကို ထည့်တွေးစဉ်းစားပေးကြပါ။
ငါ့သမီးလေး ငွေတွေ ပို့လိုက်တာဆိုတဲ့ ကြည်နူးပျော်ရွင်ခြင်းတွေကိုဘဲ မတွေးမိပါစေနဲ့ ။
ရတဲ့ ၀င်ငွေထက် ပိုနေတဲ့ ဒီငွေတွေကို ငါတို့ သမီးလေး ဘ၀နဲ့ရင်း ရှာနေသလားဆိုတဲ့ အချက်လေးကိုလည်း ထည့်တွက်စဉ်းစားပေးကြပါ ။
မိကျောင်းခင်းရေခင်းပြ ဆရာ လုပ်နေရခြင်းမဟုတ်ရပါ။
တစ်ကယ်ဖြစ်နေတောတွေကို အမြင်တိုင်းတင်ပြခြင်းသာ ဖြစ်ပါတယ်။
ကောင်းကောင်းမွန်မွန်နေနေတဲ့ မိန်းကလေးတွေလည်းရှိနေပါတယ် ။
ဒီလိုနေတဲ့ မိန်းကလေးတွေရဲ့ ဦးရေတွေ တိုးပွားလာစေချင်ပါတယ် ။
သူတစ်ပါးနိုင်ငံမှာ မြန်မာမိန်းကလေးတွေဆိုတာ ဒါမျိုးတွေလားလို့ အထင်မခံစေချင်ပါဘူး။
 မြန်မာမိန်းကလေးတွေဆိုတာ အစဉ်လာနဲ့ ဂုဏ်သိက္ခာကြီးစွာနေလာကြသူတွေဆိုတာကို၊ လူမျိုးခြားတွေ အလည်မှာ လက်မထောင်ချင်မိတယ် ။ အိမ်ထောင်ရှင်တွေ ဖြစ်နေပါရက်နဲ့လည်း အနေထိုင်တွေ မဆင်ခြင်ကြ။ ကိုယ့်သူငယ်ချင်းမိန်းမလည်းမရှောင် ။
လူမျိုးခြားတွေကြားထဲမှာ သိပ်ကို အရှက်ရစရာကောင်းလွန်းနေပါပြီ။
ဒီအကျင့်ဆိုးတွေကို ကျွန်မတို့ အမြန်ဆုံးတိုက်ထုတ်ပစ်ဖို့ဆိုတာ
အားလုံးရဲ့ အသိဥာဏ်တွေထဲမှာ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ခြင်းဆိုတဲ့ အသိတွေ ၀င်လာဖို့ ပိုအရေးကြီးပါတယ် ။

သစ္စာစောင့်သိဖို့ဆိုတာလည်း သတိမရ ။
လွတ်လပ်ခြင်းအရသာကို အခွင့်ရေးပေးသလောက် အသုံးချပစ်ဖို့ကိုသာ ဦးတည်ကြိုးစားနေကြခြင်းဟာ၊
သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။

မလေးရှား ရောက် မြန်မာတွေမှာ လူတန်းစာ 4 မျိုးရှိပါတယ် ။
နံပတ် ( ၁ ) ။ မလေးကိုရောက်ကာစ လူတွေ ။ အလုပ်ကို အရမ်းကြိုးစားမယ် ။ အားတယ်ဆိုတာနဲ့ အိမ်ကိုလွမ်းနေမယ် ။ လကုန်တယ်ဆိုတာနဲ့ အိမ်ကိုငွေပို့မယ် ။
နံပတ် ( ၂   ) ။ ရောက်တာ နည်းနည်းလေးကြာလာပြီ။ အရက်သောက်ခြင်းဘက်ကို ဦးတည်သွားသူတွေပါ ။ တစ်လတစ်လကို အရက်ဖိုးကို အလျှင်မှီအောင် ရှာနေရသူတွေ ။
နံပတ် ( ၃ ) ။ ရောက်တာ ကြာလာတော့ ကောင်မလေးရပြီး တူတူနေကြသူတွေ ။

တရားဝင်လက်ထပ်တာမျိုးလည်းမဟုတ် ။ အိမ်ကို ငွေပို့ဆိုတာလည်း မဖြစ်နိုင်တော့ပါ ။ ကောင်မလေးတွေကို ထောက်ပံ့နေရသူတွေပေါ့ ။

နံပတ် ( ၄ ) ။ အတည်တကျ အိမ်ထောင်ပြုကာ ဇနီးမောင်နှံ တူတူနေကာ ဒိုးတူဘောင်ဖက်  အလုပ်လုပ်နေကြသူမျိုး ။

ဒီလူလေးမျိုးထဲက အရက်သမားတွေကိုမှ ရွေးချယ်မိသူတွေလည်းရှိပါတယ် ။
ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ကောင်လေးက ငယ်မယ် 20 နဲ့ 25 ဝန်းကျင်……….
မိန်းကလေးတွေက အပျိုကြီး အသက် 40 နီးနီးတွေ 40ကျော်တွေပါ ။
ဘာထောက်ပံ့ခြင်းမှ မရတဲ့အပြင် တူတူလည်းပေါင်းရတယ် ။ ယောကျာင်္းလေးတွေဆီလည်း ကိုယ်ဘာကို သွားရ ချက်ပြုတ်ကျွေးရ ။ ၀ယ်ခြမ်းပေးရတယ် ။
ဒီလောက်ကွာခြားနေတဲ့ အသက်ရွယ်တွေ ဘယ်သူက ယူမှာလည်းရှင်။
ဒါတွေကို မတွေးတာ မသိတာ မဟုတ်ဘဲ သိသိနဲ့ မိုက်တွင်းနက်နေကြတဲ့ မမတွေရယ် ကိုယ့်လုပ်ရပ်တွေက ရှက်စရာဆိုတာကို မြင်လှည့်ကြပါတော့ ။
 မမတို့ ကွယ်ရာမှာ အားမနာပါးမနာ ပြောနေကြတဲ့ ရှုံ့ချပြောဆိုသံတွေကို ကြားလှည့်ကြပါတော့ ။
အိမ်ထောင်ရှင်တွေအနေနဲ့ ခင်ပွန်းသည်မပါဘဲ မိမိတို့ဇနီးမယားတွေကို မလေးရှားဆိုတာကို အလုပ်လုပ်ဖို့ မလွတ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် ။

 ယောကျာင်္းမပါဘဲ လာကိုမလာသင့်ဘူးလို့လည်း ထင်မြင်ယူဆမိပါတယ် ။
ကိုယ့်ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ဓလေ့အကျင့်စရိုက်တွေကို အတုယူမမှားကြပါနဲ့ရှင်။
ယနေ့ခေတ်အခါမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွန်မတို့လို နိုင်ငံလေးတွေကို စစ်အင်အားသုံးငွေကြေးအကုန်ကျခံ မသိမ်းပိုက်တော့ပါဘူး ။
မိမိတို့နိုင်ငံ ယဉ်ကျေးမှုတွေကို ပျက်ယွင်းအောင် ကြိုးစားတဲ့ နည်းစနစ်တွေကိုသာ အသုံးလာကြပါတယ် ။
ဒါကို ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ စနစ် အလေ့ထတွေနောက်ကို မျောပါမသွားဘဲ၊
မိမိတို့ ယဉ်ကျေးမှု စနစ်တွေကို ကြံ့ကြံ့ခံကာကွယ်ရပါ့မယ် ။
တိုင်းပြည်ကို ချစ်တယ်ဆိုတာ ပါးစပ်ကနေ အော်နေရုံနဲ့ မပြီးပါဘူး။
ဘာမှ မလုပ်နိုင်ရင်တောင် မိမိတစ်ကိုယ်ရည်အတွက် ပြင်ဆင် ကာကွယ်ခြင်းကလည်း တိုင်းပြည်အတွက် အထောက်ကူဖြစ်စေပါတယ် ။

သူများနိုင်ငံကို ကျွန်မတို့လာကြတယ် ။ ဘာလုပ်ဖို့လည်းဆို ငွေရှာဖို့ပါ။
အချိန်တန်ရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်နိုင်ရမယ်။
လုံလောက်တဲ့ ငွေကြေးစုဆောင်းနိုင်ရပါ့မယ် ။
အကျိုးမရှိတာတွေ အချိန်တွေဖြုန်းနေတာတွေကို ရပ်တန်းက ရပ်သင့်နေပါပြီ။

ခုဆို အသစ်တွေ ရှိလာသေးတယ် ။
မလေးကနေ စင်ကာပူက homemade လုပ်သူတွေနဲ့ ဖုန်းတွေ ပြောကြတယ် ။
အင်တာနက်ချက်တင်ကမှ vzo ထဲ ပုံမြင်ဖူးပါဦးမယ်။
ခုဟာက ဘယ်ပုံ ရှိမှန်းလဲ မသိ ချစ်တယ်လို့ အဖြေပေးတယ် ။
ဒီဘက်က ပြောနေတဲ့သူက အအိုလား လူပျိုလားမသိ။
ရင်မောစရာ ကောင်းပါဘိ မြန်မာ မိန်းကလေးတွေရေ ။

ခုလိုရေးနေတာတွေဟာ မြန်မာမိန်းကလေးတွေကို မုန်းလို့မဟုတ်ပါဘူး ။
ကျွန်မတို့ မြန်မာမိန်းကလေးတွေ ညီမတွေ အမတွေကို သိပ်ချစ်လို့ပါ။
ကျွန်မသိပ်ချစ်တဲ့ မြန်မာမိန်းကလေးတိုင်းကို တန်ဖိုးရှိတဲ့ မိန်းကလေးတွေ ဖြစ်စေချင်မိတဲ့စေတနာနဲ့ပါ။
 ပြောနေကျစကားလေးလိုပါဘဲ ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ တပါးသူကလည်း တန်ဖိုးထားမယ်ဆိုတာ မမေ့ကြပါနဲ့ ။

အပျိုလည်း အပျိုဂုဏ်ဆိုတာကို တန်ဖိုးထားနားလည်စေချင်မိပါတယ် ။
အိမ်ထောင်ရှင် မိန်းကလေးတွေ အနေနဲ့လည်း မိမိတို့ အိမ်ထောင်ရေးအပေါ် တန်ဖိုးထားတတ်ပါစေ။
ဇနီးမယားဆိုသည်မှာ လင်ယောကျာင်္းများဧ။် မိတ်ဆွေကောင်းများသာ ဖြစ်သင့်ပေတယ်။
 ရင်မှာဖြစ်လာသော မေတ္တာတရားကို အခြေခံကာ မွန်မြတ်တဲ့ စိတ်ထားနဲ့ အိမ်ထောင်မှုဘ၀ကို အကောင်းဆုံးတည်ဆောက်သင့်ပါတယ် ။

 *မယားအပြားခုနှစ်ပါး*ရှိပါတယ် ။
မယားအပြား ခုနှစ်ပါး
၁။ သူသတ်သမားနဲ့တူသော ၀ဓကမည်သောမယား။
၂။ခိုးသူနဲ့ တူသော စောရီမည်သော မယား ။
၃။ အရှင်နဲ့ တူသော အယျာမည်သော မယား။
၎။အမိနဲ့တူသောာ မာတာမည်သော မယား။
၅။နှမနဲ့တူသော ဘဂိနိမည်သော မယား။
၆။အဆွေခင်ပွန်းနဲ့ တူသော သခီမည်သောမယား။
၇။ကျွန်မနဲ့ တူသော ဒါသီမည်သော မယား။ တို့ ဖြစ်ကြပါတယ်။
ဒီခုနှစ်မျိုးထဲက သူသတ်နဲ့တူသော မယား ၊ ခိုးသူနဲ့သူသော မယား ၊ အရှင်နဲ့ တူသော မယား  တို့သည် ကိုယ်ကျင့်သီလကင်းမဲ့ကြသူများဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာမိန်းကလေးတွေအနေနဲ့လည်း ဒီမယားသုံးမျိုးထဲကို ပါဝင်သူတွေ မဖြစ်ကြပါစေနဲ့ရှင်။
နိုင်ငံရပ်ခြားမှာ မိမိခင်ပွန်းသည်သာ ကိုးကွယ် ယုံကြည်ရာလို့ သဘောထား သစ္စာရှိကြပါ။
အိမ်ထောင်ရှင် မိန်းကလေးများအနေနဲ့ မိမိခင်ပွန်းသည်မှ လွဲပြီး တခြားမည်သည့် ယောကျာင်္းလေးနဲ့မှ လိုအပ်တာထက် ပိုတဲ့ ရောနှောနေထိုင်ခြင်းမျိုးတွေလည်း မပြုသင့်ပါ ။
ခုလိုရေမြေခြားမှာ ပိုတောင် သတိထားရပါ့မယ် ။

လူမျိုးခြားတွေနဲ့ အလွန်တစ်ရာ ခြေပုတ်လက်ပုတ်နေသူ မြန်မာမိန်းကလေးတွေကို လက်တွေ့မြင်တွေ့နေရပါတယ် ။
ကွယ်ရာရောက်တာနဲ့ မိမိတို့ကို ရစရာမရှိအောင် ပြောဆိုဝေဖန်ကြတယ်ဆိုတာကို သတိမူမိကြစေချင်ပါတယ် ။
မိန်းကလေးတစ်ယောက် ဘာကို ထိန်းသိမ်းတန်ဖိုးထားရမယ်ဆိုတာကို မမေ့လျော့ဘဲ တန်ဖိုးတွေ မြင့်တက်လာကြပါစေ ။
အချုပ်ဆိုရမယ်ဆိုရင် မိဘတွေအနေနဲ့ ငါ့သမီး ခေတ်မီလို့  အင်တာနက်သုံးနေတာဘဲ ဆိုပြီး လွှတ်ပေးမထားကြပါနဲ့ ။
ချက်တင်ဘဲ သုံးနေတာမျိုးဆို နားလည်သဘောပေါက်အောင် ပြောပြဆုံးမပေးကြပါ ။
မလေးရှားရောက်နေတဲ့ သမီးရှင်မိဘတွေအနေနဲ့ ကျွန်မတွက်ပြသွားသလို လိုတာထက် ပိုတဲ့ငွေကြေးတွေ ပို့လာပြီဆို သုံးသပ်ဝေဖန်ပိုင်းခြားစေချင်ပါတယ် ။
 ဖြစ်နိုင်မယ်ဆို မိမိတို့ တန်ဖိုးရှိလှတဲ့ သမီးငယ်လေးတွေကို ရေမြေခြားကို မသွားခိုင်းကြပါနဲ့ရှင် ။
 မိမိတို့ရင်ခွင်မှာသာ သူတို့ဘ၀လေးတွေ ဖူးဝေပွင့်လန်းကြပါစေ ။
မိမိသားသမီးရဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကို မိမိတို့ အသိဆုံးဖြစ်မှာပါ ။ ဝေဖန်ပိုင်ခြား ဆင်ခြင်ပြီးမှ လွှတ်သင့်ပါတယ် ။
တချို့တကယ်ထူးချွန်ထက်မြက်တဲ့ မြန်မာမိန်းကလေး နိုင်ငံရပ်ခြားမှာ သိက္ခာရှိရှိ ရပ်တည်နေသူတွေအများကြီးရှိပါတယ် ။
ဒီလိုတန်ဖိုးရှိတဲ့ အရေအတွက်တွေ များပြားလာပါစေ ။

မြတ်စွာဘုရား ပရိနိဗ္ဗန်စံတော်မူတာကိုပင် ဆုံးမသူ ကွပ်ညှပ်မည့်သူ မရှိတာ ကောင်းတယ် ။
ငါတို့ အခွင့်ရေးရပြီကွ လို့ ယူဆသူ၊ ၀ိနယ ( ဝိနည်း )ကို မကြိုက်သူတွေ မလိုက်နာချင်သူတွေ သွေဖယ်သူတွေ ရှိခဲ့သေးတာပဲလေ။
ကျွန်မ လို သာမာန်လူတစ်ယောက်ရဲ့ စေတနာ နဲ့ သတိပေးမှုတွေကို မလိုသူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ် ။
ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီဆောင်းပါးေးလကို ရေးသားတင်ပြလိုက်ရပါတယ်ရှင် ။

ခိုင်လေး ( ရွှေတောင် )


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 12:42:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Jan 19, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

လဂျားယန်ဟာ ပထမ ခြေလှမ်းဖြစ်နိုင်ပါတယ်။ နောက် ကချင်ပြည်နယ် တနယ်လုံးအတွက် ဘယ်နေ့ ဒီလို ကြေညာလာမလဲ ဆိုတာ ကျနော်တို့ မျှော်လင့်နေတယ် Read More

 

မန္တလေး ရန်ပုံငွေ အနုပညာပွဲများမှ ငလျင်ဒဏ်ထိ ဒေသများကို ကျပ်သိန်း ၃၀၀ နီးပါး လှူဒါန်း

စေတနာ လူရွှင်တော်များသည် ဇန်န၀ါရီလ ၁၅ ရက်နေ့ မနက် ၈ နာရီမှ စတင်ကာ မန္တလေးမြို့အနှံ့ လှည့်ပတ်ပြီး လူရွှင်တော် ၀တ်စုံများနှင့် အလှူငွေများ လှည့်လည် ကောက်ခံခဲ့သည်။ Read More

 

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်

ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ် Read More

 

“ညှို့” ၏ ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း

မင်းသား မင်းသမီးက တားလိုက်ရင် စိစစ်ရေးရုံး ကရေးခွင့်ပိတ်လိုက်တော့ တာပဲ။ မသိဘဲပါ သွားပြီဆိုတာနဲ့ စိစစ်ရေးရုံးရဲ့ အကြိမ်း အမောင်း နဲ့ သတိပေးခြင်း ကို ခံရပါတယ်။ Read More

 

မြေဇာပင် တဖြစ်လဲ လိုင်ဇာမြို့

အရင်တုန်းက ရောင်းသံဝယ်သံတွေ၊ စားသောက်ဆိုင်ဖွင့်တဲ့ အသံတွေနဲ့ နေ့သစ် စတဲ့လေ့ရှိတဲ့မြို့ဟာ အခုတော့ မိုးမလင်းတလင်းကတည်းက လက်နက်ကြီးသံနဲ့ စတင်ပါတယ်။ Read More

 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။

 

[mrsorcerer:36922] Fwd: [လူဗိုလ်ဟူသည် ...] သမိုင်းတကွေ့မှ နိုင်ငံခြားသားများ၊ အိမ်ရှေ့စံ ဝေလမင်းသား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/18
Subject: [လူဗိုလ်ဟူသည် ...] သမိုင်းတကွေ့မှ နိုင်ငံခြားသားများ၊ အိမ်ရှေ့စံ ဝေလမင်းသား
To: lubo601@gmail.com


By သန်းဝင်းလှိုင်

၁၉၂၁ ခု အောက်တိုဘာလ ၂၁ မှ ၂၄ရက်ထိ မန္တလေးမြို့တွင် နဝမအကြိမ်မြောက် ဂျီစီဘီအေ ခေါ် မြန်မာအသင်းများ၏ အသင်းချုပ်ကြီး ညီလာခံကျင်းပနေစဉ်မှာပင် ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏သားတော်ကြီး အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာ မည့်သတင်းရောက်ရှိလာရာ ...


ညီလာခံ ဒုတိယနေ့ ညနေပိုင်းတွင် ပြည်သူလူထုတို့ လိုလားသော အုပ်ချုပ်ရေးကို စီမံ၍ မပေးသော ဗြိတိသျှဘုရင်၏ကိုယ်စားလှယ်တော် အိမ်ရှေ့စံဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာလျှင် ခရီးဦးကြိုမပြုဘဲ သပိတ်မှောက်ရန်နှင့် ကြိုဆိုဧည့်ခံသူများကိုလည်း သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ ကြလေသည်။
ဂျီစီဘီအေ ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဝေလမင်းသားအားကြိုဆိုခြင်း မပြုရန် မန္တလေးမြို့တွင် တရားဟော ဆရာ ဦးငွေသော်က တရားဟောခဲ့သည်။ ထို့ကြောင့် တရားဟောရာတွင် အစိုးရကို အကြည်ညိုပျက်စေသော စကားလုံးများပါသည်ဟူ၍ အစိုးရက တရားစွဲပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် အပြစ်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ ဂျီစီဘီအေ အသင်းချုပ်ဥက္ကဋ္ဌကြီးဦးချစ်လှိုင်အား တောင်ကြီးသို့လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဝတ်လုံ ဦးဘစီအား ကော့သောင်းသို့လည်းကောင်း၊ ဝတ်လုံ ဦးကွန်းအားလားရှိုးသို့လည်းကောင်း ဖမ်းဆီးပြီးလျှင် ဒီဇင်ဘာလ အတွင်းကပင် နယ်နှင်ဒဏ် ပို့ထားလေသည်။
နယူးဘားမား (New Burma)၊ ဘားမားအော့ဇာဗား (Burma Observer) သတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့ဝန်ထမ်း သတင်းစာ တို့ကလည်း ဝေလမင်းသားအား ဆန့်ကျင်သော သတင်းများရေးသားဖော်ပြခဲ့မှုကြောင့် နယူးဘားမား သတင်းစာ အယ်ဒီတာလွယ်အိတ်ကြီး ဥင်္ီးဘလှိုင်၊ အားမော်လိုက်သို့လည်းကောင်း၊ မြန်မာ့အလင်းသတင်းစာအယ်ဒီတာ ဦးစိန်းအား ပုမ္မလင်းသို့လည်း ကောင်း၊ မြန်မာ့ဝန်ထမ်း သတင်းစာ ရမ်းဗြဲဦးမောင်မောင်တို့အား မေမြို့ (ပြင်ဦးလွင်)သို့ လည်းကောင်း၊ မန္တလေးဗဟိုရ်စည်သတင်းစာတိုက်အယ်ဒီတာ ဦးဘဦး အား သံတွဲသို့လည်းကောင်း၊ မန္တလေးမြို့မှ စီပီခင်မောင်အား မြစ်ကြီးနားသို့လည်းကောင်း၊ အော့ဇာဗားသတင်းစာ အယ်ဒီ တာ ဦးခင် မောင်နှင့် အိန္ဒိယခေါင်းဆောင် မစ္စတာထရပ်ဂျီအား အမည်မသိမြို့သို့လည်းကောင်း အမိန့်ထုတ်ဆင့်၍ နယ်နှင်ဒဏ်ပေးခဲ့သည်။
ယင်းပြုမူချက်ကို သတင်းစာများကလည်း ပြင်းထန်စွာ ကန့်ကွက်ရေးသားကြ၍ တစ်ပြည်လုံးကလည်း စည်းဝေး ကန့်ကွက်ကြလေသည်။
သို့ကလို ဝံသာနုသတင်းစာတိုက်များက ဝေလမင်းသားအား သပိတ်မှောက်ရန် ထောက်ခံခဲ့ကြသော်လည်း၊ မထောက်ခံသည့် သတင်းစာ တိုက် တစ်တိုက်လည်းရှိခဲ့သည်။ အဆိုပါ သတင်းစာတိုက်မှာ အင်္ဂလိပ်အလိုတော်ရိ သတင်းစာတိုက်ဖြစ်သည့် 'ပညာ့အလင်း' သတင်းစာ တိုက်ပင် ဖြစ်သည်။ ယင်းသတင်းစာတိုက်သည် အင်္ဂလိပ်အစိုးရ ဘာလုပ်လုပ် သဘောတူသဘောကျထောက် ခံရုံသာမက အင်္ဂလိပ်အစိုးရ၏ ဝါဒဖြန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည်။ ထိုစဉ်က ယင်းသတင်းစာသည် ထောက်ခံခဲ့သည့်အပြင်၊ ဝေလမင်းသားလာရောက်သည့်အခါ ဧည့်ခံပွဲများ ဘောလ်ဒန့်စ် ပါတီပွဲများ၌ မြန်မာလူကြီးလူကောင်းသားသမီး၏ သမီးပျိုသားပျိုများလည်း တက်ဖို့သင့်ကြောင်းကိုပင် ထောက်ခံရေးသားခဲ့သေးသည်။
ထို့နောက် မြန်မာနိုင်ငံတွင်၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် မှ ၁၀ ရက်နေ့အထိ နေထိုင်ရန် ဗြိတိသျှ အိမ်ရှေ့စံဝေလမင်းသားဆိုက်ရောက်လာသောအခါ အစိုးရအာဏာပိုင်များက ခမ်းနားစွာ ကြိုဆို၍ ကန်တော်ကြီးတွင် ခြိမ့်ခြိမ့်သဲမျှ မီးရောင်စုံထွန်းညှိခြင်း၊ မီးပန်းစုံလွှတ်ခြင်း၊ လှေပြိုင်ပွဲများကျင်းပခြင်းတို့ကို ပြုကြလေသည်။ ဝေလမင်းသား ရောက်စဉ်အတွင်းမှာပင် ဝံသာနုအင်္ဂလိပ်နေ့စဉ်သတင်းစာ၌ မြန်မာပြည်၏ အုပ်ချုပ်ရေးသည် ခေတ်မမီကြောင်း၊ ကျေးရွာသူကြီးက မိမိဆင့်ခေါ်သည်ကို အချိန်နောက်ကျသည်ဟု သာယာဝတီခရိုင် (ဖြူကလေးကွင်းမှ ဆေးဆရာ ဦးအောင်ကြီးအား တစ်ပေါက်ကျော် ထိပ်တုံးခတ်၍ နေပူကြဲကြဲမှာ နေလှန်းထားသော ဓါတ်ပုံနှင့်တကွ ကျေးရွာအုပ်ချုပ်ရေးစနစ်၏ ခေတ်မမီပုံ ဆိုးဝါးပုံများကို သရုပ်ဖော်၍ အကျယ်တဝင့် ရေးသားထုတ်ဝေခဲ့သည်။ တဖန် ထောင်များအတွင်းရှိ အကျဉ်းသားတို့အား လေးလံသော ခဲတုံးတံဆိပ်ကြီးများကို သံကွင်းနှင့်လည်ပင်းမှာ ဆွဲထားစေ သဖြင့် ရင်ဘတ်တွင် အရေပြားများ အလွှားအလွှားကွာပြီး အနာများဖြစ်ရပုံများကိုလည်း အကျယ်တဝံ့ရေးသားခဲ့သည်။ ထို့ဝံသာနုအင်္ဂလိပ်သတင်းစာကိုလည်း ဝေလမင်းသားပြန်သွား၍ မကြာမီပင် အင်္ဂလိပ်အစိုးရက ကျေးရွာများတွင် ထိပ်တုံးခတ်သောအပြစ်ဒဏ်ကို ပယ်ဖျက်ရန်နှင့် ထောင်ကျသော အကျဉ်းသားတို့အားခဲတုံးသံကွင်းအစား နံပါတ်ပြား ငယ်များကို အင်္ကျီတွင် ဆွဲချိတ်အသုံးပြုရန် ပြုပြင်လိုက်သည်။
သို့ကလို သတင်းစာတိုက်များနှင့် လူထု၏ကန့်ကွက်သပိတ်မှောက်ခံရသည့် ဝေလမင်းသားသည် ဗြိတိသျှ ပဉ္စမမြောက်ဦးအနက် အကြီးဆုံးသားတော်ဖြစ်ပြီး၊ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် လန်ဒန်မြို့ ရစ်မွန်ပန်းခြံ ဝှိုက်လော့ခ်ျဒ်၌ ဖွားမြင်ခဲ့သည်။ သူ၏ နာမည်အပြည့်အစုံမှာ Edward Albert Christian George Andrew Patrick David ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ဝေလမင်းသားဘွဲ့ကို မင်းခမ်းမင်းနားဖြင့် ခံယူခဲ့သည်။
မင်းသားဘဝက အော့စဗွန်း (Osborne)နှင့် ဒါတ်မောက်(Darkmouth) တော်ဝင်ရေကြောင်းကောလိပ် သို့ တက်ရောက်သင်ကြားခဲ့သည်။ ၁၉၁၂ တွင် ရေကြောင်းအတက်သင်ကောလိပ်မှ ထွက်၍ အောက်စဖို့တက္ကသိုလ် မော့ဒလင်းကောလိပ်တွင် နှစ်နှစ်ခန့် ပညာဆက်လက်သင်ကြားခဲ့ပြန်သည်။ သို့သော် ကောလိပ်မှ ဘာဘွဲ့မှ မရခဲ့ချေ။
ဝေလမင်းသားသည် အဘိုးတော်စပ်သူ သတ္တမမြောက် အက်ဒဝပ်ဘုရင်ကဲ့သို့ နိုင်ငံတကာသို့ ခရီးလှည့်လည် လိုသူ ဖြစ်သည်။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗြိတိသျှတို့၏ ကုန်သွယ်ရေးကို ရှေးရှုကာ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကန်တိုက်၊ အိန္ဒိယ၊ မြန်မာ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်ကျွန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။
အပေါင်းအသင်းဆံ့သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ မင်းသားသည် လူချစ်လူခင်ပေါများသည်။ သာမန် အရပ်သားတို့နှင့် ပွန်းပွန်းတီးတီး ပေါင်းသင်းဆက်ဆံတတ်သူလည်း ဖြစ်သဖြင့် လူတိုင်းချစ်ခင် ကြည်ညိုခြင်း လိုခံခဲ့ရသည်။ သူသည် အထူးသဖြင့် စစ်ပြန်ရဲဘော်များနှင့် လူငယ်များအရေးတွင် ပိုမိုစိတ်ဝင်စားခဲ့သည်။
၁၉၃၁ ဆောင်းရာသီတွင် မမျှော်လင့်ဘဲ အမေရိကန်သူ မစ္စစ်ဝေါလစ်ဝါဖီးဆင်မဆင် (Ms.Wallis Warfiekd Simpson)ကို တွေ့ရှိခဲ့ပြီး မေတ္တာသက်ဝင်ခဲ့သည်။
သို့ရာတွင် ဗြိတိသျှအစိုးရအဖွဲ့နှင့် တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုကို မလိုက်လျောနိုင်ခဲ့ချေ။ မစ္စစ် ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ဖူးရုံမျှသာမက ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း တရားဝင် မပြတ်ဆဲ ရသေးသဖြင့် ဗြိတိသျှထီးနန်းကျက်သရေနှင့် အင်္ဂလန်ကျောင်းတော် (Church of England)၏ ထုံးထမ်းစဉ်လာကို ငဲ့ကွက်ကာ ဘုရင့်အလိုသို့ မလိုက်လျောနိုင်ခြင်းဖြစ်သည်။ ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် စတင်လီဘော်ဒွင် (Stanley Baldwin) က တလင်ကွာ မိန်းမကို မိဖုရားအဖြစ်တင်မြှောက်ပါက နန်းရင်းဝန်ရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာခဲ့သည်။
ဗြိတိသျှဘုရင်နှင့် ဘုရင်မတို့၏အိမ်တော်ရေး (ဝါ) ထိမ်းမြားလက်ထပ်ရေးကိစ္စနှင့် ပတ်သက်၍ ၁၇၇၂ ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့သော တော်ဝင်တို့၏ ထိမ်းမြားလက်ထပ်ရေးအက်ဥပဒေ (Royal Marriages Art) နှင့်လည်း အကျုံးဝင်နေလေရာ၊ ဘုရင့်သားတော်၊ သမီးတော်များ အိမ်ထောင်ပြုသည့်အခါ ဘုရင်ကြီးနှင့် ပါလီမန်လွှတ်တော်တို့က သဘောတူမှသာ ဖြစ်နိုင်သည်ဟု ဆိုထားလေသည်။
အက်ဒဝပ်ဘုရင်နှင့် မစ္စစ်ဆင်မဆင်တို့အား သဘောတူရန် မဖြစ်နိုင်သော အဓိကအကြောင်းရင်းတစ်ခုမှာ မစ္စစ်ဆင်မဆင်သည် မလွတ်လပ်သော (အိမ်ထောင်ရှင်) အမျိုးသမီးဖြစ်နေခြင်းပင် ဖြစ်သည်။
အကယ်၍ ဆဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် ထိမ်းမြားလက်ထပ်လိုလျှင် မစ္စစ်ဆင်မဆင်အနေဖြင့် ခင်ပွန်းဖြစ်သူ မစ္စတာအားနက်ဆင်မဆင် (Ernest Simpson)နှင့် တရားဝင်ကွာရှင်းပြတ်စဲရမည်ဖြစ်၍ ထိုသို့ လင်မယားကွာရှင်းပြတ်စဲခြင်းကို ဗြိတိန်နိုင်ငံ၏ အင်္ဂလန်ခရစ်ယာန်ဘုရားကျောင်းဂိုဏ်းက အသိအမှတ်မပြုချေ။
ဗြိတိန်နိုင်ငံ ထုံးထမ်းစဉ်လာ ဥပဒေအရ ဘုရင်သည် သာသနာရေးဆိုင်ရာ အကြီးအကဲအထွဋ်အထိပ်လည်း ဖြစ်လေရာ လင်ကွာမယားကွာကိစ္စတွင် တင်းမာပြတ်သားရန် ဘုရင်လုပ်သူအနေဖြင့် တိုက်ရိုက်တာဝန်ရှိလေသည်။
အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်၏ ဘိုးတော်သတ္တမမြောက်အက်ဒဝပ်ဘုရင်ကြီးလက်ထက်ကဆိုလျှင် လင်နှင့် ကွာထားသူတစ်ခုလပ်မိန်းမ များ၊ မယားနှင့်ကွာရှင်းပြတ်စဲထားသူယောက်ျားများသည် မင်းခမ်းမင်းနားအခမ်းအနားသို့ တက်ရောက်ရန်ပင် ခွင့်မပြုဘဲ တင်းကျပ်စွာ တားမြစ်ထားသည်။
သို့သော် ထိုစဉ်က အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်ဘက်မှ ထောက်ခံသူများလည်း တစ်နေ့တစ်ခြား တိုးပွား လာခဲ့သည်။ လူငယ်ပေါင်း ၃၀၀ခန့်သည် ဘက်ကင်ဟမ်နန်းတော်သို့လာ၍ ဘုရင့်ဘက်မှ အားပေးထောက်ခံကြသည်။ နန်းတွင်းဝန်(ဝန်ကြီးချုပ်) စတင်လီဘော်လ်ဒွင်ကိုလည်း ပြစ်တင်ရှုတ်ချကြသည်။
အတိုက်အခံပေါင်းစုံသမဂ္ဂအဖွဲ့များကလည်း ဘုရင့်ဘက်မှ မားမားမတ်မတ်ရပ်မည်ဟု ကြေညာခဲ့သည်။ သတင်းစာများကလည်း ဘုရင်ဘက်မှ ထောက်ခံရေးသားကြသည်။ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဂျော့ဘားနတ်ဂှော ပင်လျှင် စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်ကို ရေးသားက 'ဘုရင်အဖွဲ့'ကို အားပေးချီးမြှောက်လုပ်ခဲ့သည်။ ကွန်မြူနစ်ပါတီဝင် ပါလီမန်အမတ် မစ္စတာဂလက်ချာက -
"ဘုရင်ဟာ သူချစ်တဲ့သူကို ယူပါစေ။ သူတို့ချစ်ခြင်းကို မနှောင့်ယှက်ကြပါနဲ့" ဟု ကြေညာခဲ့ပြန်သည်။ "ဘုရင်သည် ယခုကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှား၊ မတည်မငြိမ်းဖြစ်နေချိန်၌ အလွန်ခဲယဉ်းကြီးမားသော ဆုံးဖြတ်တရပ်ကို ဝန်ကြီးချုပ်က အတင်းအကျပ် မတောင်းခံသင့်ကြောင်း"
ဝင်စတန်ချာချီက သတင်းစာမှတဆင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ၎င်းကပင် -
"အချိန်ပေးရန်နှင့် စိတ်ရှည်သည်းခံကြဖို့ ကျွန်ုပ်အနူးအညွတ်တောင်းပန်အပ်ပါသည်။ ဘုရင်နှင့်ပါလီမန်သည် အမှန်ဆိုရလျှင် ပဋိပက္ခဖြစ်နေခြင်းကို လုံးဝမရှိသင့်ပါ။ အဓိကအချက်မှာ ဘုရင်မင်းမြတ်သည် သူ၏ လက်အောက်ခံ အစိုးရနှင့် ဝန်ကြီးများက 'နန်းစွန့်ပါ'ဟူ၍ အကြံပေးရရိုးထုံးစံမရှိရှံသာမက နိုင်ငံတော်အစိုးရက မိမိဘုရင်အား 'နန်းစွန့်ပါ'ဟူ၍ အကြံပေးနိုင်သည့်အခွင့်အာဏာလည်း လုံးဝမရှိပါ။"
"အစိုးရဝန်ကြီးများက ပေးသောအကြံဥာဏ်ကိုဘုရင်က လိုက်နာရန် ငြင်းပယ်လိုက်လျှင် အစိုးရတဖွဲ့လုံး နှုတ်ထွက်သွားရုံသာရှိပါသည်။ မည်သို့ဖြစ်စေ…… အချိန်ပေးရန်နှင့် စိတ်ရှည်သည်းခံကြရန်ကိုသာ ကျွန်ုပ်က မေတ္တာရပ်ခံနေခြင်းသာ ဖြစ်ပါသည်။" ဟူ၍ ဆောင်းပါးရှည်ကြီးရေးသား၍ သတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။
အစိုးရ၏အတိုက်အခံလေဘာပါတီ ပါလီမန်အမတ်တစ်ဦးကလည်း "ဘုရင်ကို မညှင်းဆဲပါနှင့်။ ဘုရင် နန်းစွန့်ရေးကို ကျွန်ုပ်တို့က အစွမ်းကုန်ကာကွယ်ရမည်။ ဘုရင်မင်းမြတ်ကို လူတိုင်းချစ်မြတ်နိုးကြသည်။ တိုင်းပြည်ကို နှစ်ခြမ်းမခွဲပါနှင့်" ဟူ၍ သတင်းစာထဲ၌ပင် ရေးသားလာခဲ့လေသည်။
အကြွေပန်းဖို့ ရွှေနန်းနှင့် လုံးဝမထိုက်တန်သည့် မိန်းမကို ယူ၍ မိဖုရားအရာသွင်းလျှင် နန်းစွန့်ရမည်ဟု ဝိုင်းဝန်းအကျပ်ကိုင်သူများကလည်း မနည်းလှချေ။ သို့သော် အက်ဒဝပ်ဘုရင်သည် မတုန်လှုပ်ခဲ့ချေ။ သူ့ရင်ခွင်နန်းတော်၌ စိုးမိုးနိုင်စွမ်းရှိသည့် ဝေါလစ်ဆင်မဆင်နှင့်အတူသာ ရွှေဘုံပေါ်၌ စံမြန်းလို၍ လုံးဝလမ်းမခွဲနိုင်ဟု အဋ္ဌမအက်ဒဝပ်က ပြတ်ပြတ်သားသား ဆိုခဲ့သည်။ ကာယကံရှင်ချင်းသာ နားလည်ခံစားနိုင်စွမ်းရှိသည့် ချစ်ခြင်းမေတ္တာကို သရုပ်ဖော် ပေါ်အောင် ချစ်သက်သေပြခဲ့လေသည်။
သို့ဖြင့် အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် အမေရိကန် မစ္စတာဆင်မဆင်ကို မစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗြိတိသျှထီးနန်းကို စွန့်လွှတ်လိုက်လေသည်။ အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်၏ 'နန်းစွန့်သည့်စာချုပ်' (Instrument of Abdication) ၌ ညီတော် သုံးပါးဖြစ်သည့် အဲလ်ဘတ်၊ ဟင်နရီ၊ ဂျော့ခ်ျတို့က အသိသက်သေလက်မှတ်များ ရေးထိုးပေးခဲ့ကြသည်။
နန်းစွန့်သည့်စာချုပ်၌ -
"ဂရိဗြိတိန်၊ အိုင်ယာလန်နှင်ပင်လယ်ရပ်ခြားရှိ ဗြိတိသျှဒိုမီနီယန်နိုင်ငံများ၊ အိန္ဒိယနိုင်ငံ၏ ဘုရင်ဧကရာဇ်မင်းမြတ်၊ အဋ္ဌမမြောက် အက်ဒဝပ်ဖြစ်သော ကျွန်ုပ်သည် မိမိအတွက်သော်လည်းကောင်း၊ မိမိမှ ထွန်းကားလာမည့် သားစဉ်မြေးဆက်များအတွက်သော်လည်းကောင်း ထီးနန်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ဘယ်သောအခါမှ ပြန်လည်ရုပ်သိမ်း၍ မရနိုင်သော ဆုံးဖြတ်ချက်နှင့်တကွ ဤစာချုပ်ကိုလည်း ချက်ချင်းပင် အတည်ဖြစ်စေရန် ဆန္ဒရှိပါကြောင်း ကြေညာလိုက်လေသည်။"
ဤသို့ပြုကြောင်း ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ အောက်ပါလက်မှတ်နှင့် သက်သေများ ရှေ့မှောက်၌ ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါသည်။
အဆိုပါစာချုပ်ကို 'အက်ဒွပ်၊ အာရ်၊ အိုင်' (Edward R.I) ဟူ၍ လက်မှတ်ရေးထိုးလိုက်သည်။ လက်တင်ဘာသာစကား 'အာရ် အိုင်' (R.I) ဆိုသည်မှာ Rexet Imperator) ဖြစ်ပြီး 'ဘုရင်ဧကရာဇ်မင်း' ဟူသော အနက်အဓိပ္ပါယ်ရလေသည်။
ထိုစာချုပ်ကို လက်မှတ်ထိုးလိုက်သည်နှင့်တပြိုင်နက် အက်ဒဝပ်ဘုရင်သည် ကမ္ဘာပေါ်ရှိ စတုရန်းမိုင်ပေါင်း ၁၃ သန်း ဧရိယာရှိ လူသန်းပေါင်း ၅၀၀ ကို စိုးစံနေသည့်မင်းအဖြစ်မှ ရပ်စဲသွားလေတော့သည်။
အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် လက်နိုပ်စက်ရိုက်ပြီးသော စာချုပ်ခုနှစ်စောင်ကို ထိုးပြီးနောက် ညီတော်သုံးပါးကိုပါ အသိသက်သေလက်မှတ်ရေးထိုးစေရန် ပြုံးပြီးနေရာမှ ထပေးလိုက်သည်။ ညီတော်များလက်မှတ် ထိုးနေကြစဉ် သူသည် ခြံထဲ၌ လမ်းလျှောက်နေပါတော့သည်။
အဆိုပါစာချုပ်များကို ဘုရင့်အကြံပေးအရာရှိဝေါတာမော့တင် (Walter Monckton) ထိပ်တန်းလျှို့ဝှတ် သေတ္တာ နီထဲတွင် ထည့်သွင်း၍ ဘုရင့်ကိုယ်ရေးအတွင်းဝန်ဗိုလ်မှူးဟာဒင်အား ဝန်ကြီးချုပ်ထံ သွားရောက်ပေးပို့စေသည်။
နောက်တနေ့ ဒီဇင်ဘာလ ၁၁ ရက် သောကြာနေ့တွင် ပါလီမန်၌ ဝန်ကြီးချုပ်က ဘုရင် နန်းစွန့်သွားသည့်အထိ ဖြစ်ပျက်ခဲ့သမျှ အကုန်အစင်ကို မိန့်ခွန်းပြောကြားပြီးပါလီမန်တွင် တင်ပြခဲ့သည်။ ယင်းနောက်ယောင်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးပါဝင်သော တော်ဝင်ကောမရှင်အဖွဲ့ဝင်တို့က အတည်ပြု လက်မှတ်ရေးထိုးပြီးသောအခါ အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် ဗြိတိသျှအင်ပါယာ၏ ရာဇပလ္လင်ထက်၌ ၃၅၂ ရက်၊ ၁၃ နာရီနှင့် ၅၇ မိနစ်တိတိ သာစိုးစံခဲ့ကြောင်း မှတ်တမ်းဝင်သွားခဲ့လေသည်။ ထီးနန်းစွန့်လွှတ်ပြီးနောက် နောက်တနေ့တွင် အက်ဒဝပ် ဘုရင်ဟောင်းက -
"ကျွန်ုပ်၏ ချစ်မြတ်နိုးလှသော အမျိုးသမီးရဲ့အကူအညီမပါဘဲ ဤမျှကြီးမားလှတဲ့ ဘုရင်တပါးရဲ့တာဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်မဟုတ်ပါ ဟု ဆိုလျှင် သင်တို့ ယုံကြည်နိုင်မည်မဟုတ်ပါ။"
ဟူ၍ ပြောကြားလိုက်ရာ ဗြိတိန်ပြည်သူတရပ်လုံးနှင့် ကမ္ဘာတဝှမ်းမှ လူထုတရပ်လုံးက အံ့သြတုန်လှုပ် သွားကြသည်။
ထိုစဉ်က ဒုတိယကမ္ဘာစစ်မဖြစ်မီကာလဖြစ်ပြီး ဗြိတိသျှတို့သည် ကိုလိုနီပေါင်းများစွာကို သိမ်းပိုက် အောင်မြင်ပြီး၊ နေမဝင်အင်ပါယာ ဟု ကြွေးကြော်ကာ၊ လျှမ်းလျှမ်းတောက်ဟုန်းမီး နေ လ တောက်ပနေချိန်လည်း ဖြစ်သည်။ လူသားတို့အတွက် အမြင့်ဆုံးနှင့် အမြတ်ဆုံးဖြစ်သော ထီးနန်းစည်းစိမ်ကိုပင် စွန့်လွှတ်လျက် အချစ်သရဖူကို ရဲရဲဝံ့ဝံ့သစ္စာရှိစွာ ဆောင်းပြခဲ့သည့် အက်ဒဝပ်ဘုရင်နှင့် သူ၏ချစ်သူကို တကမ္ဘာလုံးက သိချင်ကြ၊ စိတ်ဝင်စားခဲ့ကြသည်။ ထိုစဉ်က မစ္စစ် ဝေါလစ်ဆင်မဆင်မှာ အသက် ၃၉ နှစ်သာရှိပြီး အက်ဒွပ်ဘုရင်မှာ ၄၂ နှစ်ရှိပြီ ဖြစ်သည်။ မစ္စစ် ဆင်မဆင်ကို ၁၈၉၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ပင်ဆီဗန်နီးယားပြည်နယ် Blue Ridge Summit တွင် ဖွားမြင်ခဲ့သည်။ သူသည် အမေရိကန် ဆွေကြီး မျိုးကြီးထဲမှ ပေါက်ဖွားလာသူဖြစ်ပြီး၊ ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့၍ အဒေါ်သူဋ္ဌေးမကြီးနှင့်အတူ တင့်တင့်တယ်တယ်နေခဲ့ရသည်။ ဝေါလစ်မှာ ပိတုန်းကေသာရောင်ရှိ၍ မျက်လုံးအပြာ၊ ကိုယ်ဟန်ကိုယ်ထည် လှပကျော့ရှင်းသည်။ စကားအပြောအဆိုဟန်ပန်အမူအရာညက်ညောသူ ဖြစ်သည်။
အရွယ်ရောက်သောအခါ အမေရိကန်ရေတပ်မှ ရေကြောင်းလမ်းပြ အားလ်ဝင်ဖီးလ်စပင်ဆာ အငယ် (Earl Winfield Spencer Jr.) နှင့် တွေ့ဆုံမေတ္တာမျှ၍ ၁၉၁၆ နိုဝင်ဘာလ ၈ ရက်တွင် လက်ထပ်ခဲ့သည်။ ထိုသူနှင့် အိမ်ထောင်သက် ၁၀နှစ်ကျော်အကြာတွင် အိမ်ထောင်ရေးအဆင်မပြေသဖြင့် ၁၉၂၇ ဒီဇင်ဘာလ ၁၀ ရက်နေ့ တရားဝင်ကွာရှင်း ပြတ်စဲခဲ့သည်။
ထို့နောက် ၁၉၂၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကန်ဇာတိ အင်္ဂလိပ်လူမျိုး တစ်ခုလပ် အားနက်စ်ဆင်မဆင် (Ernest Aldrich Simpson)ဆိုသူနှင့် ဒုတိယအိမ်ထောင်ထူခဲ့သည်။ ဆင်မဆင်မှာ သဘောင်္ကုမ္ပဏီတစ်ု၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပြီး အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ စာပေ ဝါသနာထုံ၍ အနုပညာဝါသနာပါသည်။ ဆင်မဆင်တို့ စုံတွဲသည် မင်းခမ်းမင်းနားသဘင်များသို့ တတူတကွသွားရောက်ရာမှ ၁၉၃၅ ခုနှစ်တွင် ငယ်နာမည် ဒေးဗစ် ခေါ်သော ဝေလမင်းသားနှင့် ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ ဝေလမင်းသားသည် ဝေါလစ်ကို မြင်မြင်ချင်း ချစ်ခင်စွဲမက်ကာ နေရာတကာ၌ သူတို့သုံးဦးကို အတူတွေ့ရလေသည်။
နှစ်ပေါင်းများတိတ်တိတ်ပုန်းတွဲခုတ်ကြပြီးနောက် ဝေါလစ်နှစ် ဝေလမင်းသားတို့သည် တစ်ဦးအပေါ် တစ်ဦး မခွဲခွာရက်လောက်အောင် ချစ်ခင်စုံမက်ခဲ့ကြသည်။ ထို့နောက် မစ္စစ်ဆင်မဆင်နှင့် သူ့ခင်ပွန်းထံ ကွာရှင်းခွင့် တောင်းခံသည့်အထိ ဖြစ်လာခဲ့သည်။
ထို့အချိန်၌ပင်ခမည်းတော်နတ်ပြည်စံပြီးနောက် ဘုရင်အရိုက်အရာကို မိဖုရားမရှိဘဲနှင့် ဆက်ခံခဲ့သည်။ ဘုရင်တစ်ပါးအဖြစ် မြေထဲပင်လယ်သို့ တိုင်းခန်းလှည့်လည်ရာတွင် ဝေါလစ်ကိုပါ တပါးတည်းခေါ်သွားခဲ့သဖြင့် နန်းတွင်းရှိ ဆွေတော်မျိုးတော်တို့က မခံမရပ်ဖြစ်လာခဲ့ကြသည်။
ဤသို့ ဗြိတိသျှနန်းတွင်းအရေးတော်ပုံတမျှ ကြီးကျယ်နေစဉ် "အလေးအနက်စဉ်းစားသင့်သော ပြဿနာဖြစ်လာပြီ" ဟု ဝေါလစ်က အက်ဒဝပ်ထံစာရေးခဲ့ရာ အက်ဒဝပ်ကလက်မခံဘဲ လက်ထပ်ရန် ကိုသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ အချစ်နှင့်ပတ်သက်လျှင် စွန့်လွှတ်နိုင်စွမ်းရှိသူအဖြစ် ကမ္ဘာကုန်ကျယ်သရွေ့ ကမ္ဗည်းထိုးခဲ့သော အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်ဟောင်းသည် နန်းစွန့်ပြီး ငါးလကြာမှ ၁၉၃၇ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ Chateau de Cande ၌ လက်ထပ်ခဲ့ကြသည်။
အဋ္ဌမမြောက် အက်ဒဝပ်ဘုရင် နန်းစွန့်သည့်နေ့က နန်းစွန့်သတင်းကို 'အမ်ရီတာဘဇားပက်ထရီကာ' သတင်း၌ သတင်းထူးသတင်းဦးအဖြစ် ပထမဆုံးပါလာရာ၊ ထိုစဉ်က ကလကတ္တားမြို့ (ယခု ကိုးလ်ကာတား) ၌ ဥပဒေပညာသင်ယူနေ မြန်မာ့အလင်း သတင်းစာတိုက်၏ကလကတ္တားသတင်းထောက်အဖြစ် ဆောင်ရွက်နေသော စာရေးဆရာ သိန်းဖေမြင့်က ဖတ်ရှုမိရာမှ မြန်မာပြည်အတွက် သတင်းဦးသတင်းထူးဖြစ်သဖြင့် ထိုသတင်းကို သေချာသည်ထက် သေချာနိုင်ရန် ၎င်းသတင်းပါသော စာမျက်နှာကို ဖြတ်၍ စာအိတ်ထဲထည့်ပြီး မြန်မာပြည်ထွက်မည့် လေယာဉ်ဖြင့် အချိန်မီ ထည့်ပေးလိုက်သည်။
မြန်မာပြည်ရောက်လာသော လေယာဉ်ပါလာသောစာများ ညနေပိုင်းဝေငှသောကြောင့် အိန္ဒိယနိုင်ငံမှ ဦးသိန်းဖေမြင့်ထည့်လိုက်သော သတင်းသည် မြန်မာ့အလင်းသတင်းစာတိုက်သို့ နေ့ချင်းရောက်ရှိလာသည်။
ထိုသတင်းအား မြန်မာ့အလင်း အယ်ဒီတာတစ်ဦးဖြစ်သည့် ဆရာကြီးဦးသန်းတင့် (စူဝံ)သည် လက်ခံ ရယူပြီးနောက် ဖောက်ကြည့်ရာ အထက်ပါဝေလမင်းသားနန်းစွန့်ကြောင်း ခိုင်မာသောသတင်းကို ရရှိခဲ့သည်။ ဦးသန်းတင့်က မြန်မာ့အလင်းသတင်းစာတိုက်အုပ် 'ဦးတင်'နှင့် တိုင်ပင်ပြီးအထူးသတင်းညနေခင်း ထုတ်ဝေရန် တိုင်ပင်ခဲ့ကြသော်လည်း အချိန်မရ၍ မထုတ်ဝေနိုင်ခဲ့ပါ။ ညနေပိုင်းတွင် နိုင်ငံခြားကြေးနန်း ဘာသာပြန်အယ်ဒီတာ 'ဆရာ ဇဝန'သည် အဆိုပါသတင်းအား မြန်မာဘာသာပြန်ကာ သတင်းရေးသားပြီးနောက် မျက်နှာဖုံး၌ ခြောက်လိုင်းစာလုံး မည်းကြီးဖြင့် ဝေဝေဆာဆာ ဖေါ်ပြလိုက်သည်။
နောက်တစ်နေ့တွင် ယင်းသတင်းဖော်ပြလိုက်သည့်အတွက် မြန်မာပြည်အနှံ့အပြားနှင့် ရန်ကုန်မြို့တွင် အံ့သြပြင်းထန်သော ဂယက်ဖြစ်ပေါ်လာခဲ့ကြသည်။ အစိုးရဌာနဆိုင်ရာများ၊ အစိုးရသတင်းစာများ၊ ပုဂ္ဂလိကသတင်းစာများ၊ ကြေးနန်းစာမဝင် သတင်းဖေါ်ပြမှုမရှိဘဲ မြန်မာ့အလင်းသတင်းစာတစ်စောင်တည်းကသာ ဖော်ပြနိုင်ခဲ့သည့်အတွက် အချို့ မယုံတဝက်ယုံတဝက်ဖြင့် သို့လောသို့လော ဖြစ်ခဲ့ကြရသည်။
ထိုသတင်းနှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံ၊ သတင်းစာတိုက်ပေါင်းစုံ၌ ကြေးနန်းပင်မဝင်ဘဲ မြန်မာ့အလင်းက ထိုသတင်းဖေါ်ပြမှုကြောင့် အစိုးရအတွင်းဝန်ချုပ် မစ္စတာဘုသ်ဂရေဗလီက သူကြီးဂေဇက် ဦးခင်မောင်အား မြန်မာ့အလင်းသတင်းစာတိုက်တာဝန်ရှိသူများ အားလုံးကို အတွင်းဝန်ရုံးသို့ အခေါ်လွှတ်ရာ ဂျာနယ်ကျော်ဦးချစ်မောင် ဦးဆောင်၍ တာဝန်ရှိ အယ်ဒီတာ (၅) ဦးစလုံးလိုက်ပါသွားကြသည်။ ဦးချစ်မောင်သည် လုပ်ငန်းခွင်မှ ထလိုက်သွားရသည့်အတွက် တိုက်ပုံအင်္ကျီပင် မဝတ်ခဲ့ရချေ။ အလုပ်ဝတ်အဝတ်စားနှင့် ဖြစ်သည်။
အတွင်းဝန်ရုံးအတွင်းဝင်လိုက်သည်နှင့် အောက်မှတမံသလင်းနှင့် ခုံဖိနပ်ကို ဦးချစ်မောင်က အသံမြည်သည်အထိ ခတ်ကြမ်းကြမ်းစီးရင်းလိုက်ပါလာခဲ့သည်။ အင်္ဂလိပ်အတွင်းက ရောက်လာသူများအား ထိုင်ပါဟု နေရာမပေးသော်ကြောင့် ဦးချစ်မောင်သည် သူ့ရှေ့က ကုလားထိုင်ကို အသံထွက်အော်ဆွဲလိုက်သောအခါမှ အတွင်းဝန်က မျက်လုံးလှန်ကြည့်ပြီး "မင်း ဘယ်သူလဲ"ဟု မေးသည်။ ဦးချစ်မောင်က "ချစ်မောင် မြန်မာ့အလင်းတာဝန်ခံအယ်ဒီတာ"ဟု ပြောလိုက်သည်။
"ဒီနေ့ ထည့်တဲ့နန်းစွန့်တဲ့သတင်းဟာ ဘယ်ကရလို့ ထည့်သလဲ" ၎င်းကမေးရာ ဦးချစ်မောင်က-
"ခင်ဗျားဆီကို ဘယ်ကရလို့ထည့်တာပါလို့ ခိုင်လုံကြောင်းကို ကျုပ်အစစ်ဆေးလာခံတာမဟုတ်ဘူး" ဟု ပြောလိုက်ရာ အတွင်းဝန်ချုပ်သည် နဖူးကြောကြီး တောင်ထ၍ -
"ဒီသတင်းဟာ မမှန်ရင် မင်း ဘယ်လိုဖြစ်မယ်ဆိုတာ မင်းမထည့်ခင်က မင်းတာဝန်ကို သတိရပြီး စဉ်းစားမိရဲ့လား" ဟုမေးရာ၊
"ခင်ဗျား ကျုပ်ကို မြန်မာ့အလင်းသတင်းစာတိုက်က တာဝန်ခံအယ်ဒီတာမှန်းသိတယ်မဟုတ်လား" ဟု ဦးချစ်မောင်က ပြန်ဖြေခဲ့သည်။ ထိုအခါ အတွင်းဝန်ချုပ်သည် စားပွဲကိုလက်သီးဖြင့် ထု၍ -
"ဒီသတင်းဟာ အခု မမှန်သေးဘူး၊ ဘိလပ်က ဒီသတင်းနဲ့ပတ်သက်လို့ ဘာမှမရသေးဘူး။ နက်ဖြန်သတင်းစာမှာ အတည်မဟုတ်သေးဘူးဆိုတာ မင်းပြန်ပြင်ပြီး ထည့်ပါ။ မထည့်ရင် မင်းကို တရားစွဲရလိမ့်မယ်။ အချိန်မီအမြန်ဆုံးထည့်ပါ။"ဟု ဆို၍ ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ သို့သော် ဦးချစ်မောင်က -
"ဒီမှာ အတွင်းဝန်ချုပ်ကြီးခင်ဗျား။ ဒီသတင်းကို ပြင်လိုက်ရအောင် ကျုပ်ဟာ ခင်ဗျားတို့ အစိုးရတဖွဲ့လုံးရဲ့ တာဝန်ခံ ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး။ ကျုပ်ဟာ မြန်မာ့အလင်းသတင်းစာရဲ့ တာဝန်ခံပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ခင်ဗျားတို့ သိဖို့ကောင်းပါတယ်။ ခင်ဗျားတို့အစိုးရသတင်းအရ နောက်ကျနေတာကို ကျုပ်က တိုင်းသူပြည်သား တစ်ယောက်အနေနဲ့တော့ အများကြီးဝမ်းနည်းပါတယ်။ ဒီသတင်းဟာ အမှန်သတင်းဖြစ်နေပြီမို့ ကျုပ်ပြင်ပြီး ထည့်မပေးနိုင်ပါဘူး။ အချိန်မကြာတော့ပါဘူး။ ဘိလပ်က ဒီသတင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဆီ အမြန် ရောက်လာတော့မို့ ခင်ဗျားတို့အစိုးရအဖွဲ့ကြီး မကြာခင် လိမ္မာလာပါလိမ့်မယ်" ဟူ၍ အင်္ဂလိပ်လို wiser သုံးပြီး ပြောခဲ့သောကြောင့် အတွင်းချုပ်ကြီးသည် ဆက်ဆက်ခါ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။
မည်သို့ဆိုစေ…. မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်ဟောင်းအား ဆွေတော်မျိုးတော်များက အဆက်ဖြတ်လိုက်ကြသော်လည်း ညီတော် ဆဋ္ဌမမြောက် ဂျော့ဘုရင်က ဝင်ဆာမြို့စားဘွဲ့နှင့် အတူ တစ်လုံးတခဲတည်း ထောက်ပံ့ငွေ စတင်လင်ပေါင် ၂ သန်းအပြင် နှစ်စဉ်စတာလင်ပေါင် ခြောက်သောင်းကို ထောက်ပံ့ပေးခဲ့သည်။
နန်းစွန့်ဘုရင်နှင့်ကြင်ယာတော်တို့နှစ်ဦးသည် ပြင်သစ်နိုင်ငံပါရီမြို့ဆင်ခြေဖုံးတစ်နေရာတွင် အခန်းပေါင်း ၃၀ ပါသော အိမ်ကြီးတစ်လုံး၊ နယူးယောက်မြို့၌ မိုးပျံတိုက်ကြီးမှ အခန်းကျယ်တစ်ခန်းတို့ ပိုင်ဆိုင်ပြီး အလှည့်ကျ နေထိုင်ကြသည်။
သူတို့ဇနီးမောင်နှံသည် နိုင်ငံတော်တကာသို့ သွားလာလည်ပတ်ခြင်း၊ နိုင်ငံတကာမှ အကျော်အမော်များကို ဧည့်ခံခြင်းဖြင့်သာ အချိန်ကုန်စေခဲ့သည်။ ၁၉၃၇ ခုနှစ် အောက်တိုဘာလတွင် ဂျာမနီအာဏာရှင်တစ်ယောက်ထံသို့ပင် သွားရောက်လည်ပတ်ခဲ့သေးသည်။
ဗြိတိန်နိုင်ငံကိုမူ လုံးဝမသွားကြချေ။
ဝေါလစ်က "အဲဒီနိုင်ငံကို မုန်းတယ်။ ငါသေတဲ့အထိ မုန်းသွားမယ်" ဟူ၍ ပြောဆိုခဲ့သည်။
၁၉၄၀ ပြည့်နှစ်မှာ ၁၉၄၈ခုနှစ် စစ်ကြီးအတွင်း ဝင်ဆာမြို့စားအက်ဒဝပ်သည် ဗြိတိန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် စစ်ကြီးအတွင်း ပြင်သစ်နိုင်ငံရှိ ဗြိတိသျှစစ်မစ်ရှင်အဖွဲ့၌ ထမ်းရွက်ခဲ့သေးသည်။ ဝေါလစ်ကမူ ကြက်ခြေနီအသင်းတွင် ပါဝင်ဆောက်ရွက်ခဲ့သည်။
သို့သော် မကွယ်လွန်မီ ၁၉၄၆ အောက်တိုဘာလတွင် မြို့စားနှင့် မြို့စားကတော်တို့သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ နန်းစွန့်ပြီးနောက် ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့ကြသေးသည်။ ထို့နောက် ပြင်သစ်နိုင်ငံ ပါရီမြို့ Neuilly-Sur-Seine ရှိ Y Routeder Champ & Entrainement စံအိမ်တော်၌ပင် ၁၉၇၂ ခုနှစ် မေလ ၂၈ ရက် အသက် ၇၇ နှစ်အရွယ်တွင် ကံကုန်သွားခဲ့လေသည်။ သူ၏ ရုပ်ကလပ်ကို လန်ဒန်မြို့သို့ ပြန်လည် သယ်ဆောင်၍ ဝင်ဆာရဲတိုက် မြှပ်နှံခဲ့သည်။ ဝင်ဆာမြို့စားနှင့် ဝေါလစ်ဆင်မဆင်တို့ ရည်းစားဘဝက ရေးသားခဲ့သော ရည်းစားစာများကို လန်ဒန်မြို့ရှိ ဒေးလီမေးလ် (Daily Mail) သတင်းစာတိုက်က စတာလင်ပေါင် ငါးသိန်းနှင့် မြို့စားကတော်ထံမှ ဝယ်ယူခဲ့သည်။
ဝေါလစ်၏ဘဝတွင် အကြွေပန်းဖို့ ရွှေနန်းနှင့် ဝေး၍ မိဖုရားမဖြစ်ရသည့်တိုင် တူညီသောကျော်ကြားမှု၊ လူအများ၏ စိတ်ဝင်စားမှုများ ရရှိခဲ့သည်။ ထို့ပြင် အမျိုးသမီးတိုင်းတောင်းတခဲ့ကြသည့် မိမိချစ်လင်၏ ချစ်မေတ္တာ အကြွင်းမဲ့ရရှိခဲ့သဖြင့် ဂန္တဝင်တွင်လောက်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လေသည်။ ဝင်ဆာမြို့စားကြီးနှင့် ဝေါလစ်တို့သည် သားသမီး မထွန်းကားခဲ့ပေ။ အထီးကျန်ဘဝဖြင့် ၁၄နှစ်လုံးနေခဲ့ပြီးနောက် ဝေါလစ်သည် ၁၉၈၆ ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဝေါလစ်၏ ရုပ်ကလပ်ကို လည်း ပြင်သစ်နိုင်ငံမှ လန်ဒန်မြို့သို့ ပြန်လည် သယ်ဆောင်ကာ ဝင်ဆာရဲတိုက် Frogemore နေရာ၌ပင် ကြင်ယာတော်နန်းစွန့်ဘုရင်အုတ်ဂူဘေး၌ ယှဉ်တွဲလျက် မြှပ်နှံခဲ့ကြသည်။
မေတ္တာမပျက်သစ္စာဖက်ပြီး ရွှေလက်မြဲမြဲ တွဲကာ အချစ်သရဖူ ဆောင်းခဲ့ကြသည်။ အချစ်ဆုံးသူနှစ်ဦး၏ အုတ်ဂူနှစ်လုံးမှာ ယနေ့တိုင် ယှဉ်တွဲလျက်ရှိနေလေသည်။

စာကိုး

(၁) သန်းဝင်းလှိုင်၊ နိုင်ငံ့ဥသျှောင်မင်း ဧကရာဇ်များ ကံ့ကော်ဝတ်ရည်စာပေတိုက် ၂၀၁၀။
(၂) Edward VIII, wikipedia, the free encyclopedia
(၃) Wallis Simpson, Wikipedia, the free encyclopedia
(၄) ဂျာနယ်ကျော်မမလေး၊ သူလိုလူ၊ သီဟရတမှာစာ အုပ်တိုက် ဒသမအကြိမ် ၂၀၀၃။
(၅) ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေးသမိုင်း စာပေလောကနှစ်တွဲပေါင်း ပကြိမ် ၂၀၁၂။



NLABR
Web-site: www.nlabr.com


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/19/2013 12:52:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

သစ်ထူးလွင်

သစ်ထူးလွင်


မဲဇာ မှ နန့်စီးအောင်အထိ သံလမ်းတလျောက် ညမထွက်ရအမိန့်ထုတ်ပြန်

Posted: 19 Jan 2013 07:00 AM PST

အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ၁၆.၁.၂၀၁၃ ရက်စွဲပါအမှတ် ၅/၄၃-၁၅ / ဦး၆ (၀၇၈)ဖြင့်
သံလမ်းတလျှောက်ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မဲဇာ ရွာ မှ စတင်၍ စစ်ကိုင်းတိုင်း နယ်နမိတ်အဆုံး နန့်စီးအောင် ရွာအထိ ရထားသံလမ်းဝဲယာတလျှောက်အား ဇန်န၀ါရီလ (၁၆)ရက်မှ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့၊
ည(၈)နာရီမှ မနက်(၅)နာရီ အထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မဲဇာဘူတာ၏ တောင်ဖက် (၇)မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ၅၆၈/၆ မှစတင်၍ နန့်စီးအောင်ဘူတာ၏ မြောက်ဖက် (၆)ဖာလုံခန့်အကွာ မိုင်တိုင်အမှတ် ၆၁၂ / ၃ အထိ သံလမ်းဝဲယာ (၇၅) ပေအား သတ်မှတ်ဧရိယာအဖြစ် သတ်မှတ်ခဲ့သည် ဟု သတင်းရရှိသည်။

Katha Town

ယနေ့ (ဇန်န၀ါရီ၊၁၃၊၂၀၁၂)နံနက် ၃နာရီ၁၇မိနစ် အချိန်တွင် မြေပလ္လင် နှင့် နန့်စီးအောင် ကျေးရွာ အကြား ရထားလမ်း မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့စဉ်။

ကာမိုင်းမြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်မီးရှို့

Posted: 19 Jan 2013 06:53 AM PST

ဇန်န၀ါရီလ ၁၉ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကာမိုင်း မြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ၀င်ရောက်မီးရှို့သွားကြောင်းနှင့် လျှပ်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


KIA တပ်ရင်း (၆) ရှိရာ ဖားကန့်ဒေသ ကံဆီးဘက်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာကြောင်းသိရ

Posted: 19 Jan 2013 06:41 AM PST

KIA တပ်ရင်း(၆) ရှိရာ ဖားကန့်ဒေသ ကံဆီးဘက်တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ '' ဒီနေ့ (ဇန်န၀ါရီလ ၁၉ရက် နေ့) ညနေ၅ နာရီ လောက်မှာ KIA တပ်ရင်း(၆) ဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ မိနစ် ၂၀ အတွင်းမှာ တင် ၁၂ လုံးလောက် ပစ်တာကို ကြားရတယ်'' -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဂျယ်ယန်း စစ်ပြေး ဒုက္ခသည်စခန်းအတွင်း ကလေးငယ်များ ဝမ်းပျက်ရောဂါ ဖြစ်ပွားနေ

Posted: 19 Jan 2013 06:25 AM PST

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ ဂျယ်ယန်း စစ်ပြေး ဒုက္ခသည် စခန်းတွင် ကလေးငယ်များ အဖျားတက်၊ အော့အန်ခြင်းနှင့် ဝမ်းလျောရောဂါ ဖြစ်ပွားနေသည်ဟု စစ်ပြေး ဒုက္ခသည်များထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကချင်ဒေသအနှံ့ ထိုးစစ်မဆင်ရန် ကေအိုင်အိုတိုက်တွန်း

Posted: 19 Jan 2013 06:17 AM PST

ကချင်ပြည်နယ် လဂျားယန် ဒေသတွင် စစ်ဆင်ရေးများကို ယနေ့နံနက်မှ စတင်ကာ ရပ်ဆိုင်းမည်ဖြစ်ကြေင်း အစိုးရ၏ ထုတ်ပြန်ချက်အပေါ် လဂျားယန်အပြင် ကချင်ဒေသ အနှံ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းသင့်ကြေင်း ကချင်လွတ် မြောက်ရေး အဖွဲ့ KIOမှ တုံ့ပြန်လိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေ

Posted: 19 Jan 2013 06:01 AM PST

 မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ကုန်းတွင်း လုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝ ဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ် နေကြောင်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ့ကမ်းလွန်ပင်လယ်ရှိ ရတနာ သဘာဝဓါတ်ငွေ့ လုပ်ငန်းခွင်



စပစ်တ်ဖိုင်းယား တိုက်လေယာဉ်တွေ ရှာမတွေ့

Posted: 18 Jan 2013 05:29 PM PST

ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ နိုင်ငံမှာ ဗြိတိသျှ စစ်တပ် ကနေ စပစ်တ် ဖိုင်းယား တိုက်လေယာဉ် တွေကို မြှုပ်ထား ခဲ့တယ် ဆိုပြီး ပြန်လည် ရှာဖွေ တူးဖေါ် နေရာမှာ ဘာ လေယာဉ်မှ မတွေ့ ရတဲ့ အတွက် တူးဖေါ် ရေးမှာ ပါဝင်တဲ့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်လေဆိပ်မှာ မတွေ့ပေမယ့် တခြား နေတွေမှာ မြှုပ်ထား မယ်လို့ စီမံကိန်း ခေါင်းဆောင်က ယုံကြည်နေ

ပြန်ပေးဆွဲခံရသူတွေအရေး အမေရိကန်စိုးရိမ်

Posted: 18 Jan 2013 05:16 PM PST

အယ်လ်ဂျီးရီး ယားနိုင်ငံမှာ ဖြစ်နေတဲ့ ဓါးစာခံ ပြဿနာနဲ့ ပတ်သက် ပြီးတော့ အထူးပဲ စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန်က ပြောကြားလိုက်ပြီး၊ အဲဒီဓါးစာခံတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အယ်လ်ဂျီးရီးယား အစိုးရအနေနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သတင်းစာရှင်းလင်းပွဲအတွင်း အယ်လ်ဂျီးရီးယားအရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောကြားနေစဉ်။

တရုတ်နိုင်ငံ ဆင်းရဲချမ်းသာကွာဟမှု နက်ရှိုင်း

Posted: 18 Jan 2013 05:07 PM PST

တရုတ်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် ကတည်းက လူသိရှင်ကြား ထုတ်ပြန်တာတွေ မရှိတော့တဲ့ ဆင်းရဲချမ်းသာ ၀င်ငွေကွာဟမှု ကိန်းဂဏန်း အချက်အလက်တွေကို အခုနောက်ဆုံး အာဏာပိုင်တွေက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။-----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရုတ်ပြည်သူများ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေစဉ်။

ထိုင်းရောက် တရားမဝင် မြန်မာတွေကို ယာယီနိုင်ငံ ကူးလက်မှတ် ထုတ်ပေးမည်

Posted: 18 Jan 2013 05:01 PM PST

ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် မရှိသေးတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေကို ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်း က ပြောလိုက်ပါတယ်၊။ မြန်မာနဲ့ ထိုင်းအစိုးရ ၂ ခုကြား သဘောတူ ညီချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး တရားမဝင် အလုပ်သမားစာရင်း ကောက်ခံမှု လုပ်ငန်းတွေ စတင်လုပ်နေပြီး မေလ ၁၅ ရက်နေ့အထိ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို
မစုမြတ်မွန်က တင်ပြပါမယ်၊

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေအတွက် ယာယီ
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကို ထိုင်းဝန်ကြီးအဖွဲ့က ၃ လ သက်တမ်းတိုးဖို့ လက်ခံ ဆုံးဖြတ် ခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ထဲက တရားမဝင် မြန်မာအလုပ်သမား စာရင်း ကောက်ခံမှုတွေကို စတင်နေပြီ လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
သောကြာနေ့က မြန်မာသံရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင်အလုပ်သမား စာရင်းကောက်ခံမှုကို ထိုင်းအလုပ်သမားကြီးကြပ်ရေးရုံး
Department of Employment ရုံးတွေနဲ့ ထိုင်းအလုပ်ရှင်တွေ ပူးပေါင်းပြီး
လုပ်နေတဲ့ အကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

"ထိုင်းဝန်ကြီး၊ ထိုင်းအလုပ်သမားဌာနကနေပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေဆီမှာ ကျန်နေသေးတဲ့ တရားမဝင်ကျန်နေသေးတဲ့ မြန်မာအလုပ်သမားတွေ စာရင်းကို သူတို့ကတောင်းတယ်။ အဲ့တော့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေကနေပြီးတော့ သူတို့မှာ ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို သူတို့ကနေ တောင်းဆိုရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ ထိုင်းလုပ်ငန်းရှင်တွေကနေ တဆင့် မြို့နယ်ကိုသွားမယ်၊ မြို့နယ်ကနေ ခရိုင် ရုံးချုပ်ကိုဆက်ပြီးတော့ တင်ပြတောင်းခံရမယ့် အစီအစဉ်ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၄ သန်းလောက်ရှိမယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်၊ အဲဒီ့ ထဲမှာတရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းရှိသူပေါင်းက ၂ သန်း နီးပါးပဲ ရှိပါတယ်၊ ထိုင်းနိုင်ငံထဲမှာ ရှိနေသမျှ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံး တရားဝင် နေထိုင်နိုင်အောင် နဲ့ ရသင့်တဲ့ အခွင့်အရေးတွေ ရရှိနိုင်အောင် မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်တွေ ကို ဖေဖော်ဝါရီ ၁၅ ကနေ  ကနေ မေလ ၁၅ ရက်နေ့အတွင်း ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ပြန်ဖွင့်ပြီးတော့ ထုတ်ပေးသွားမှာဖြစ်တယ် လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်၊

"ကာလအားဖြင့်ဆိုရင် ပထမရက်သုံးဆယ် ဇန်နဝါရီ ၁၅ရက်ကနေ ဖေဖော်ဝါရီ ၁၅ပေါ့နော်။ စာရင်းကောက်ပြီးတဲ့အခါမှာ ရလာတဲ့ မှတ်ပုံတင်စာရင်းအရ သုံးလအတွင်းမှာ One Stop Service နဲ့ စခန်း ၁၀ခုမှာ ယာယီနိုင်ငံကူးလက်မှတ် Temporary Passport ထုတ်ပေးမယ်။ မြန်မာဘက်ကပေါ့လေ။ ထိုင်းဘက်ကတော့ နေထိုင်ခွင့်ဗီဇာ။ ကုန်ကျစားရိတ်နဲ့ပတ်သက်လို့ ကျနော်တို့ နှစ်ဖက်စကားပြောကြတဲ့အခါကျတော့ တရားဝင် ညှိနှိုင်းပြီးတော့မှ ကုန်ကျစားရိတ်ကို အနည်းဆုံးဖြစ်အောင် အလုပ်သမားတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အသက်သာအချောင်ချိဆုံးဖြစ်အောင် ဆိုတာမျိုးတော့ ကျနော်တို့ အကြမ်းဖြင်း ညှိထားတယ်။ မူအားဖြင့် ညှိနှိုင်းသဘောတူထားတယ်။ ပမာဏဆိုတာတော့ သူတို့ အသေးစိတ် မသိရသေးဘူး။"

ထိုင်းအစိုးရရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကြမဲ့သူတွေဟာ ထိုင်းအလုပ်ရှင်တွေရဲ့ အလုပ်ခန့်စာ၊ နိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် စတဲ့ အထောက်အထားတွေ ရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကနေ
အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကိုရောက်ရှိနေပြီးသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ သူတို့ရဲ့ ကလေးတွေကို အခု မြန်မာသံရုံးကနေ မှတ်ပုံတင် အထောက်အထား မရှိရင်တောင် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်ကြီး
ဦးတင်ဝင်းက သတင်းစာရှင်းပွဲမှာ အခုလို ပြောသွားခဲ့ပါတယ်၊

"မြန်မာပြည်မှာ ပြန်ပြီးတော့ Nationalities Verification တွေ မလုပ်တော့ဘူး။ ဒီမှာပဲ သံရုံးမှာတင်ဖြတ်ပြီးတော့ ကျနော်တို့ တခါတည်း လုပ်ပေးမယ်။ ဒါပေမဲ့ မျက်မြင်ကြည့်လိုက်မှာပေါ့နော်။ မျက်မြင်ကြည့်ပြီးတော့မှ ကျနော်တို့ မြန်မာလူမျိုးတွေ၊ တိုင်းရင်းသားတွေဆိုရင်တော့ ကျနော်တို့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ ယာယီနိုင်ငံကူးလက်မှတ်ပေါ့။ ကျနော်တို့တာဝန်က အဲ့တာ ထုတ်ပေးမှာလေ။ ကျနော်တို့ယုံကြည်တယ်ဆိုရင် ကျနော်တို့ အာဏာပိုင်တွေပေါ့နော်။ ကျနော်တို့ကနေ တာဝန်ပေးထားတယ်ဆိုတဲ့ ဝန်ထမ်းတွေက ကြည့်ပြီးတော့ ယုံကြည်ရတယ်ဆိုရင် ကျနော်တို့က ဒီတကြိမ်မှာတော့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ မှတ်ပုံတင်ပေါ့။"

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် တရားဝင်စာရွက် စာတမ်းရရှိနိုင်ဖို့
အဓိက စိတ်ခေါ်မှုက ကုန်ကျစရိတ်ဖြစ်ပါတယ်၊ ဒါကြောင့် အထောက်အထား စာရွက်စာတမ်း ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျော့ပေးဖို့၊ ပွဲစားတွေရဲ့ ဈေးတင်တောင်းမှုကို
ဖြေရှင်းဖို့ နဲ့ အလုပ်သမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တရားဝင် လက်မှတ် လုပ်ခွင့်မပေးတဲ့ ထိုင်းအလုပ်ရှင်တွေကို ထိုင်းအလုပ်သမား ကြီးကြပ်ရေးရုံးတွေနဲ့ ပေါင်းပြီး
အရေးယူနိုင်ရေး ကိစ္စတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
ပြောသွားပါတယ်။

 စုမြတ်မွန် - ဗွီအိုအေ (မြန်မာပိုင်း)


ကချင်ထိုးစစ်ရပ်ဖို့ အစိုးရ ကြေညာ

Posted: 18 Jan 2013 04:57 PM PST

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင် လက်နက်ကိုင် တပ်တွေအပေါ် ထိုးစစ်တွေ ဆင်နွှဲ နေတာကို စနေနေ့ မနက်ကစပြီး ရပ်ဆိုင်းမှာ ဖြစ်တဲ့ အကြောင်း အစိုးရက ကြေညာ လိုက်ပါတယ်။ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုကြောင့် လက်တုန့်ပြန်တဲ့ အနေနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

KIA, Kachin Independent Army and All Burma Students Democratic Front forces tried to take back Bum Lwi Post hill from Myanmar Army. (January 1st, 2013) Photo/ABSDF

မဲဆောက်မြို့ တရုတ်အထည်ချုပ်စက်ရုံ မြန်မာ လုပ်သားတွေ လစာတိုးရေးဆန္ဒပြ

Posted: 18 Jan 2013 04:40 PM PST

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဝှေ့ကလုတ်ရွာမှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဝ က သူတို့ရဲ့လုပ်အားခလစာတိုးပေးဖို့ အလုပ်မဆင်းဘဲ စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်းနိုင်ငံက ငါးဒိုင်တခုမှာ မြန်မာရွေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် မြင်ကွင်းတခု။RFA

ပညာရေးရန်ပုံငွေအတွက် လှူတာတွေကို လက်ခံနိုင်တယ်လို့ ဒေါ်စုပြော

Posted: 18 Jan 2013 04:34 PM PST

ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



NLD အခမဲ့ပညာရေးကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတွင် လေလံတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီ။ Photo: RFA/Myo Zaw Ko

ကချင်ဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေ ဆိုးရွား

Posted: 18 Jan 2013 04:28 PM PST

ကချင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေထံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိရေးအခြေအနေ ပိုမိုဆိုးရွား လာနေတဲ့တွက် ဒီကိစ္စကို အရေးတကြီး ဆွေးနွေးကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တောင်းဆို လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးစစ်မြိုင်

သမ္မတက ဖွံ့ဖြိုးရေးမူဝါဒ ကြေညာရန်ရှိ

Posted: 18 Jan 2013 04:22 PM PST

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အခုရက်ပိုင်းအတွင်း  နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိနေသလို  ပြည်တွင်းက အန်ဂျီအိုတွေနဲ့လည်း  ရန်ကုန်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဧပြီ ၁ ရက်ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ရတော့မည်

Posted: 18 Jan 2013 04:15 PM PST

လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ရတော့မယ် လို့ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ဇန်န၀ါရီ ၇ ရက်က ကျင်းပခဲ့တဲ့ အရန်ဆန်တင်ပို့ရေး အစည်းအဝေးမှာ လယ်ယာနဲ့ စိုက်ပျိုးရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၂၉

Posted: 18 Jan 2013 02:05 PM PST

ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၂၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ ၁၇ ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၄၂၀)

Posted: 18 Jan 2013 02:02 PM PST

ဇန်န၀ါရီလ ၁၇ ရက်နေ့ ထုတ်  ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၄၂၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ ၁၆ ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၀)

Posted: 18 Jan 2013 01:59 PM PST

ဇန်န၀ါရီလ ၁၆ ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဇန်န၀ါရီလ ၁၈ ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂၅)

Posted: 18 Jan 2013 01:56 PM PST

ဇန်န၀ါရီလ ၁၈ ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၃)

Posted: 18 Jan 2013 01:51 PM PST

ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ






အစိုးရတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ရွာသားများ ရိုက်နှက်ခံရ

Posted: 18 Jan 2013 10:12 AM PST

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ထဲမှာ အစိုးရ တပ်သား အချင်းချင်း ပစ်ခတ် သေဆုံးမှုနဲ့ပတ်သက်ပြီး  ဒေသခံရွာသား ၉ ဦး ဖမ်းဆီး နှိပ်စက်ခံခဲ့ရပါတယ်။ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန် ကျေးရွာ အုပ်စု ကျိန်ကိုင်ရွာနားမှာ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်းက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီး တောင်ကုန်းများကို သိမ်းပိုက် (သတင်း-ရုပ်/သံ)

Posted: 18 Jan 2013 08:49 AM PST


ဒီဗွီဘီ ၁၈ ဇန်န၀ါရီ ၂၀၁၃

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်အကွာက တောင်ကုန်း တချို့ကို အစိုးရ တပ်များက တက်ရောက်နေရာ ယူနေပြီ ဖြစ်ကြောင်း ကျောင်းသား တပ်မတော် (အေဘီ အက်စ်ဒီအက်ဖ်၊ မြောက်ပိုင်း) က ပြောဆို လိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာကို သိမ်းပိုက်ဖို့ အတွက် အခုလက်ရှိ အစိုးရ တပ်တွေက လဂျား ယန်တောင်ကုန်းကို တက်ရောက်နေရာ ယူနေတာလို့ ကျောင်းသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မင်းဌေးက ပြောပါတယ်။

"လဂျားယန်နဲ့ လ၀ါယန်ရှိနေတဲ့ တောင်ကုန်းတွေ အကုန်လုံးကို တက်ထိုင်လိုက်ပြီဆိုရင် လိုင်ဇာက အောက်မှာ ရောက်သွားပြီ။"

အခုလက်ရှိ အစိုးရတပ်အင်အား အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် လစိုင်းက အခုလိုပြောပါတယ်။

"အင်အားက အရမ်းများတယ်။ မနေ့ကလည်း လေယာဉ်နဲ့ သူတို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဆီကို လက်နက်ကြီးတွေနဲ့ ၈ နေရာကနေပစ်ပြီးမှ ထိုးစစ်ဆင်နေတယ်။ အခုထိ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။"

လက်ရှိ လိုင်ဇာအခြေအနေနဲ့ ပတ်သက်ပြီးလည်း ရဲဘော်မင်းဌေးက အခုလိုပြောပါတယ်။

"လိုင်ဇာက ဟိုတလောက လက်နက်ကြီးတွေ ပစ်ပြီးတဲ့နောက်ပိုင်း အရပ်သားတွေ အတော်များများက တိမ်းရှောင်သွားကြတယ်။"

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တရုတ်ကလည်း  တိုက်တွန်း ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၊ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မလား

Posted: 18 Jan 2013 07:25 AM PST

ယခုအခါ မြန်မာအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများလည်း
ရုပ်သိမ်း ခဲ့ပြီးနောက် အနောက်တိုင်းစီးပွားရေးလုပ်ငန်းများ
သည်လည်း ကမ္ဘာ၏ အသစ်လွင်ဆုံး စီးပွားရေးမျက်နှာစာ
ဖြစ်သည့် မြန်မာသို့ အပြေးအလွှား ဝင်လာနေကြသည်။

ဤပြဇာတ်ဆန်သည့် နိုင်ငံရေး ရာသီဥတု အပြောင်းအလဲမှာ
တစ်ခါက တိုင်းပြည်ကို အုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး၊ ယင်းပြုပြင် ပြောင်းလဲရေးသမားများထဲမှ ခေါင်းဆောင်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်တော့သည်။

အသားဖြူရော်ရော်၊ နဖူးပြောင်နှင့် မြန်မာ၏ ဂေါ်ဘာချက်ဗ်
ဖြစ်သည့် ဦးသိန်းစိန်သည် ယခုအပတ် တိုင်းမ်မဂ္ဂဇင်း၏
အထူးပြုဖေါ်ပြရာ လူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
ရုရှားကား ၎င်း၏ ဒီမိုကရေစီသို့ သွားရာလမ်း၌ နှောင့်နှေးချိန်တွင်
"ဘားမား" ဟု လူသိများသော မြန်မာသည်ကား ရုရှားနှင့်မတူ
ကွဲပြားခြားနားသော ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနိုင်ခွင့်
ရှိနေသည်။

ဦးသိန်းစိန်သည် တစ်ခါက သြဇာကြီးသော ဒေါ်အောင်ဆန်း
စုကြည် အပါအ၀င် စစ်အစိုးရ၏ အညှာအတာကင်းမဲ့စွာ
ခြောက်လှန့်ခြင်း ခံခဲ့ရသော မြန်မာ့အတိုက်အခံများကို စိတ်ဒေါသ
ပြေစေခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာက နယူးယောက်မြို့တွင်
ပြုလုပ်သော ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောရာ
တွင်လည်း သူက ၎င်းကိုယ်တိုင် ပါဝင်ခဲ့ဖူးသော စစ်အစိုးရ၏
အဏာရှင်ဆန်သည့် သဘော သဘာဝကို အသိအမှတ်ပြုဖေါ်ပြ
ခဲ့ပြီး၊ ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုများအတွက် သူမ၏
ကြိုးပမ်းအားထုတ်မှုများကြောင့် အမေရိကန်တွင် ဆုများ လက်ခံ
ရရှိခြင်းအတွက် လည်း ဒေါ်စုကို ချီးကျူးဂုဏ်ပြုခဲ့သည်။

အောင်ဆန်းစုကြည်စတင် ကျော်ကြားလာခဲ့သည့် ၁၉၈၈ ဒီမို
ကရေစီရေး လှုပ်ရှားမှု ကြီးကို စစ်ဗိုလ်ချုပ် များက ကြမ်းတမ်းစွာ
ဖြိုခွဲခဲ့ပြီး၊ ဆန္ဒပြ သူရာနှင့်ချီ သတ်ဖြတ်မှုများ ဖြစ်ပြီးနောက်
ကျာင်းသားများ၊ ဘုန်းတော်ကြီးများ လည်း အိမ်နီးချင်းနိုင်ငံ
များသို့ ထွက်ပြေးခဲ့ကြရသည်။ ၎င်းနှင့် လုပ်ဖေါ်ကိုင်ဖက်
ဗိုလ်ချုပ်များက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမားများကို
ထောင်ချနေစဉ် ဦးသိန်းစိန်ကတော့ တချို့ကို တိတ်တဆိတ်ပင်
ပြန်လွှတ်ပေးခဲ့သည်။ "ဦးသိန်းစိန်ဟာ လူတော်တစ်ဦး မဟုတ်
ပေမယ့် ရိုးသားသူ တစ်ဦးပါ။ သူဟာ နိုင်ငံရေးသမား မဟုတ်ဘဲ
တိုင်းပြည်ပြု ခေါင်းဆောင် statemanဖြစ်ပါတယ်" ဟု
ယခင်မြန်မာ့ရေတပ် အကြီးအကဲဟောင်း၊ ယခုအခါ သမ္မတရုံး၏
ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးတစ်ဦးဖြစ်နေသူ ဦးစိုးသိန်းက
ပြောကြားသည်။

တစ်ခါက ကြောက်စရာကောင်းသော အစိုးရတစ်ရပ်သည်
တိုင်းပြည်ကို ၂၀၀၈တွင်နာဂစ်မုန်တိုင်းက ပြင်းထန်စွာ တိုက်
ခတ်ခဲ့ပြီးနောက် စတင်အသွင်ပြောင်းလဲခဲ့သည်။ အစိုးရ၏ မုန်တိုင်းအပေါ်တုံ့ပြန် ဆောင်ရွက်မှုကို ဝေဖန်ခဲ့သော မြန်မာ
များမှာ ထောင်ဒဏ်ကျခံခဲ့ရသည်။ မုန်တိုင်းသင့်သည့် ထိုနယ်စွန်
နယ်ဖျားက ရွာများသို့ ပြည်တွင်းနှင့် ပြည်ပမှ အထောက်အပံ့များ စတင်ရောက်ရှိချိန်တွင် နောက်ထပ် လူလုပ် အကျပ်အတည်း
တစ်ရပ်က တားမြစ်ခဲ့သည်။ သို့ပေမယ့် အစိုးရအပြောင်းအလဲကို ဆန့်ကျင်သော၊ ဒေါ်လာဘီလီယံနှင့်ချီ အကုန်ခံ တည်ဆောက်
ထားသော မြို့တော်သစ်နေပြည်တော်၌ပင် ဗိုလ်ချုပ်ကြီးများ၏
မုသားထဲ၌ပင် မြန်မာကို အုပ်စိုးထားသူများသည် အခြေအနေက
ရွေ့လျားပြောင်းလဲလာနေပြီ ဖြစ်ကြောင်း ခံစားမိလာခဲ့ကြသည်။

ယခုအခါ အသက် ၈၀ အရွယ်တန်းထဲရောက်နေသော စစ်အစိုးရ
ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ၎င်း၏ ဂုဏ်
သတင်း အမွေအနှစ်အတွက် ကျိန်းသေစိုးရိမ်ခဲ့မည်ဖြစ်သည်။
ယခင် စစ်အစိုးရ၏ ခေါင်းဆောင်များမှာလည်း အငြိမ်းစားယူကာ
အနားယူသွားခဲ့ပြီ။ ဦးသိန်းစိန်၏ လက်ထောက်တစ်ဦးကလည်း
"ဗိုလ်ချုပ်မှူးကြီးက သူ့နောက် ဆုံး နှစ်ကာလတွေကို နေအိမ်
အကျယ်ချူပ်နဲ့ မကုန်ဆုံးချင်ဘူး။ သူက သူ့ကို ဂုဏ်သိက္ခာရှိရှိ
ပျောက်ကွယ်စေဖို့ ဦးသိန်းစိန်က ကတိ ပေးထားတာကိုလည်း ယုံကြည်စိတ်ချခဲ့ပါတယ်"ဟု ပြောကြားသည်။ ဦးသိန်းစိန်ကလည်း
သူနှင့် သူ၏ အထက် လူကြီးဟောင်းသည် ပုံမှန်စကားပြော ဖြစ်ခြင်း
မရှိကြောင်း တိုင်းမ်သို့ ပြောကြားခဲ့သည်။


၎င်း၏အာဏာပိုင်ဆိုင်ထားမှုအပေါ် ချီးမွမ်းမှုအာလုံး စုပုံထားမှုအတွက်
ကြောင့် သမ္မတဦးသိန်းစိန်နှင့် မျက်နှာသစ် တိုင်းပြည်သစ် ဖြစ်နေသော
မြန်မာမှာ ထည့်သွင်းစဉ်းစားဖွယ်ရာ အခက်အခဲများ ကြုံနေရသည်။
အကယ်၍၎င်းသည် လက်ရှိအချိန်၏ လုံးဝလိုအပ် လျက်ရှိနေသော သူသာ ဖြစ်ခဲ့ပါမူ အောင်မြင်မှုမှာ အရေးတကြီးဆွေးနွေးစရာ ကိစ္စ
ဖြစ်သည်။ သူသည် သူ့နှလုံးသားအတွက် ငြိမ်းချမ်းရေးသမားအသွင် ၀တ်စုံ ၀တ်ဆင်ထားသည်။ သမိုင်းက အပြောင်းအလဲကာလ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒီဇိုင်းဆင်ထားသော သူတစ်ဦး ဖြစ်နေသောသူသည် ကိုယ်တိုင်၏ အပြောင်းအလဲကို လက်ခံနိုင်လိမ့်မည်မဟုတ်သည့် အန္တရာယ်လည်း ရှိနေပါသည်။

အကယ်၍ မြန်မာသည် စစ်မှန်သောနိုင်ငံတကာ ထောက်ခံမှုကို
လိုချင်ပါက ဥပဒေသစ်များက ကတိပြုမှုနှင့် ထိုဥပဒေများက ယခုအထိ
ပြဋ္ဌာန်းနေသောအရာတို့ ကြားကကွက်လပ် အပါအဝင် ကျိုးပျက်နေသော စီးပွားရေးကိုလည်း ပြန်လည် မ,တင်နိုင်ရပါမည်။ မြန်မာတွင် နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၁ ကနှင့် နှိုင်းယှဉ်လျှင် ၂၀၁၂၏ ပထမကိုးလတာ
အတွင်း အမှန်တကယ် ကျဆင်းခဲ့သည်။ အစိုးရ၏ ခရိုနီများမှာ နိုင်ငံ၏ သဘာဝသံယံဇာတများကို ပျော်ပျော်ကြီးယူနေဆဲ၊ မြေယာများနှင့် လက်
သိပ်ထိုးကန် ထရိုက်များကို သိမ်းပိုက်မိနေဆဲဖြစ်သည်။ လဘ်စားမှု
ပမာဏမှာ ကပ်ရောဂါဆိုးသဖွယ် ဖြစ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာတွင်
လူဆိုးများက တရုတ်လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနှင့်
ဆက်နွယ်နေသော ကြေးနီမိုင်းတစ်ခုအား ဗုဒ္ဒဘာသာသံဃာတော်များက
ဦးဆောင်ဆန္ဒပြနေမှုကို ဖြိုခွဲခဲ့သည်။ ဤပုံစံမှာ စစ်အစိုးရ ခေတ်ကာလက
လုပ်နေကျ အကြမ်းဖက်နည်းနာပင် ဖြစ်သည်း။ (အစိုးရသည်
နောက်ပိုင်းတွင် ဖြိုခွဲခံရမှု၌ မီးလောင် ဒဏ်ရာရခဲ့သော ဆန္ဒ
ပြသူသံဃာများကို ပြန်လည်တောင်းပန်ခဲ့သည်။)

မြန်မာအတွက် အရေးအပါဆုံးနှင့် ရှင်သန်ဖြစ်တည်နေမှု အရှိဆုံး
စိန်ခေါ်မှုကား လူမျိုးစုများကြား အက်ကြောင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ယင်းကိစ္စမှာ ကိုလိနီခေတ် မြေပုံများပေါ် ဆွဲခဲ့သော မျဉ်းများထက်ပင်
အတူတကွ စုစည်းမှုနည်းလှသည့် နိုင်ငံတစ်ခုကို ခွဲခြမ်းထားစေနိုင်သည်။
ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုနှင့် လူမျိုးစု အချင်းချင်း မယုံကြည်ရမှုတို့က
မြန်မာတွင် လူပေါင်းတစ်သန်းကျော်ကို နိုင်ငံမဲ့ သို့မဟုတ် နေရာ ရွှေပြောင်း
နေထိုင် ရသောသူများ ဖြစ်စေခဲ့သည်။

ယင်းမှ အပြင်းထန်ဆုံးဒေသမှာ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဖြစ်ပြီး၊
ထိုဒေသတွင် ဗုဒ္ဒဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့
မူဆလင်များ ရှိနေသည်။ ယခင်နှစ် ဇွန်လမှစ၍ ရခိုင်များနှင့် မူဆလင်
များကြား ပဋိပက္ခများကြောင့် ပြည်နယ်တစ်လျှောက် အနည်းဆုံး လူပေါင်း ၁၀၀ကျော်သေဆုံးခဲ့ရပြီး ဖြစ်သည်။ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့
ခဲ့ရပြီးဖြစ်သည်။

မြန်မာကို ၁၉၆၂တွင် အရပ်ဘက်အစိုးရထံမှ အာဏာသိမ်းယူကာ
ထိန်းချုပ်ခဲ့သော ဗိုလ်ချုပ်များသည် သူတို့၏အုပ်စိုးမှုကို ဒုက္ခအများကြီး
တွေ့အောင် မလုပ်ခဲ့ကြပါ။ သို့သော် စစ်အစိုးရအနေဖြင့် ပိုင်ဆိုင်ခဲ့သမျှ
ဂုဏ်သတင်း အမွေအနှစ်မှာ ဤကွဲပြားခြားနားမှုစုံသော တိုင်းပြည်မှ
ခွဲထွက်လိုသော အင်အားစုများကို တားမြစ်ထားနိုင်စွမ်းမှသာ လာပါသည်။ ဗြိတ်သျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာပြီးနောက် မြန်မာမှာ
တရားဝင် အသိအမှတ်ပြုထားသော တိုငးရင်းသားလူမျိုးစု ၁၃၅ မျိုးဖြင့်
အဆင်အသွေးစုံ တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ (ရိုဟင်ဂျာ
များမှာမူ ထိုကဲ့သို့ တရားဝင် လူမျိုးအဖြစ် အသိအမှတ်ပြု
မခံခဲ့ရပေ။)

အာဏာရလာပြီးကတည်းကပင် ဦးသိန်းစိန်၏ အစိုးရသည်
အဓိက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၀စုနှင့် အပစ်အခတ်
ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၎င်းအဖွဲ့များမှာ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော အဖွဲ့များဖြစ်သည်။ တစ်ခုထဲသော
တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ)သာ စစ်တိုက်နေဆဲ ဖြစ်သည်။

ကချင်ဒေသများတွင် ၂၀၁၁ ဇွန်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူရာပေါင်းများစွာ
သေဆုံးပြီး၊ လူ ၁၀၀,၀၀၀ (တစ်သိန်း)ခန့် နေရာရွေ့ပြောင်း နေထိုင်ခဲ့ရကာ အများစုမှာ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု
မရကြပါ။ မကြာသေးမီ ရက်ပိုင်းအတွင်းကမူ မြန်မာစစ်တပ်သည် ကချင်တွင်
လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်က နောက်ထပ်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခြင်းသည်
မြန်မာ၏ တိုင်းရင်းသား လူမျိုးစုဆိုင်ရာ ပြဿနာကို ဖြေရှင်းရေး
သော့ချက်ပင် ဖြစ်သည်ဟု ပြောကြားသည်။

ယခင်က ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး၊ ယခုအခါ တိုင်းရင်းသား
ရေးရာကိစ္စများ ကိုင်တွယ် နေသော ၀န်ကြီးဦးအောင်မင်းကလည်း
"ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်နဲ့မှသာ ငြိမ်းချမ်းရေး တည်တံ့အောင်
ကျနော်တို့ လုပ်နိုင်မှာပါ"ဟု ပြောကြားသည်။ ၎င်းက လူနည်းစုလူမျိုးများ
အတွက် အာဏာခွဲဝေရေး အစ်ီအစဉ်များအကြောင်း ဆွေးနွေးနေသည်။

လူနည်းစု တိုင်းရင်းသားများမှ အများစုမှာ သံယံဇာတကြွယ်ဝသော
နေရာများတွင် နေထိုင်နေကြ ပြီး ၎င်းတို့အနေဖြင့် ခေါင်းပုံဖြတ်
ခံနေရသည်ဟု မခံစားမိစေ ရန် အာမခံဖို့ လိုသည့် အစီအစဉ်များ အကြောင်း
ပြောနေပါသည်။ ဦးအောင်မင်းက "သမ္မတကြီးက ကိစ္စတွေ အများကြီးကို
လုပ်ချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ သူက စစ်တပ်ကို သုံးတယ်ဆိုတာ ပဋိပက္ခကို ဖြေရှင်းဖို့ နောက်ဆုံးနေရာမှာသာ ဖြစ်သင့်တယ်လို့ နားလည်
ထားပါ တယ်"ဟု ပြောကြားသည်။

တစ်ခါတစ်လေတွင်တော့ ပြုပြင်ပြောင်းလဲရေးသမားများသည်သာ
ဆက်သွားနေဖို့  ဆန္ဒရှိပုံပေါ်ကြသည်။ မြန်မာစစ်တပ်၏ ကချင်ကို ဗုံးကြဲ
တိုက်ခိုက်မှုက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူမည်ဟု
ပြောထားသည့် ဦးသိန်းစိန်၏ ကြုံးဝါးမှုကို ဖျက်ဆီးနေသည်။

ဤအတွင်း ၎င်း၏ ရခိုင်အရေးကိစ္စအပေါ် တုံ့ပြန်မှုသည်လည်း မဆို
သလာက်သာ အကောာင်းဆုံးဖြစ်ခဲ့ရသည်။ ပထမတွင် ၎င်းသည်
ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့သင့်ကြောင်း ညွှန်ပြတော့မည့်ပုံ
ပေါ်သည်။ ရိုဟင်ဂျာဆိုသူများမှာ ဘင်္ဂါလီရွှေ့ပြောင်းဝင်ရောက်လာ သူများသာ ဖြစ်ကြောင်းငြင်းဆိုထားသည်။ (ဘင်္ဂလားဒေရှ်မှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း သောင်းဂဏန်းကျော်ကို လက်ခံထားရှိပေးထားပြီး၊ နောက်ထပ်
လူများကို လက်ခံရန် ငြင်းဆိုထားခဲ့သည်။)

တိုင်းမ်မဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဦးသိန်းစိန် စိတ်တို
သွားသည့်ပုံ ပေါ်သည့် တစ်ခုထဲသော အချိန်မှာ တိုင်းမ်က ၎င်းကို
ရိုဟင်ဂျာများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ဖိမေးသော အချိန်ဖြစ်သည်။
သူက "နောက်ထပ်မေးခွန်း ဆက်မေးပါ" ဟု ပြောကြားခဲ့သည်။

ကိုယဉ် - The Myanma Age

Ref: The Regine's Inner Reformist : Can Thein Sein Change Burma. / Time/

ယခုဆောင်းပါးကို မူရင်း ရေးသားသူ ဟန်နာဘိခ်ျ Hanna Beech မှာ တိုင်းမ်မဂ္ဂဇင်း၏ အရှေ့အာရှရေးရာ သတင်းထောက်နှင့် ဘေဂျင်း အခြေစိုက် တိုင်းမ်၏ တရုတ်ဗြူရို အကြီးအကဲ အဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။


ဦးတေဇ ဂုဏ်သိက္ခာမထိခိုက်ရန် ၈၈မျိုးဆက်ကျောင်းသားများမေတ္တာရပ်ခံ

Posted: 18 Jan 2013 07:17 AM PST

ဦးဝိစာရ လမ်းပေါ်ရှိ မြေနီကုန်း ဈေးမှ ဈေးသည်များအား ယာယီ ဖယ်ခိုင်း ပြီးနောက် မြေရောင်းစားသော ကိစ္စတွင် ဦးတေဇ ပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာ ထိခိုက် နိုင်သဖြင့် ဖြေရှင်းပေးရန် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ