[New post] 20th Jan – MoeMaKa Radio

admin posted: " ဇန်န၀ါရီ ၂၀ - မိုးမခရေဒီယို စမ်းရေနဲ့ သူ့ကျေးဇူးတွေ - ဒေါက်တာလွဏ်းဆွေ အိမ်ထောင်ပြုမယ့်ယောကျာ်းများ ဒါတွေသတိထား - ဒေါက်တာဇင်မာထွန်းအီးမေး သတင်းတိုထွာ၊ သီချင်းပဒေသာ အယ်ဒီတာ့လက်ရေး - မောင်ရစ်၊ မိုးမခ ချင်းတိုင်းရင်းသူ မီလာစွမ်းရဲ့ အမေရိကန်နိုင်ငံထုတ်"

[New post] (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အပြုတ်တိုက်မည့် “ကမ်းလှမ်းချက်”

admin posted: " (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အပြုတ်တိုက်မည့် "ကမ်းလှမ်းချက်" တူမောင်ညို၊  ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ KIO/KIA အပေါ်လုပ်ရပ်သည် လည်ပင်းညှစ်ပြီး "ဆွေးနွေးပွဲ"သို့ခေါ်ယူလိုက်သည့် လုပ်ရပ် ပင်ဖြစ်သည်။ ယခုအခါ "လိုင်ဇာ"သည် စ"

[mrsorcerer:36937] Fwd: [လူဗိုလ်ဟူသည် ...] အမှတ်တရမုန်တိုင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/19
Subject: [လူဗိုလ်ဟူသည် ...] အမှတ်တရမုန်တိုင်း
To: lubo601@gmail.com


by မင်းလူ၏ ၀တ္တုတိုများ on Sunday, January 13, 2013 at 10:43pm ·


    အချိန်နှင့်အမျှ သူ့ကိုသာ သတိရနေတော့သည်ဟု မပြောလိုပါ။ ဒါမျိုးက ဖြစ်လည်းမဖြစ်နိုင်ပါ။ ဘ၀လမ်းတစ်လျှောက်လုံးကို သတိရခြင်း၊ လွမ်းမောတမ်းတခြင်းတို့ဖြင့်သာ ကုန်ဆုံးသွားစေဖို့ဆိုသည်မှာ ဘယ်လိုမှ သဘာဝမကျသောကိစ္စဟု ကျွန်တော်ထင်သည်။
လက်တွေ့ဘ၀တွင် လုပ်စရာတွေ အများကြီး ရှိသည်။ နေ့စဉ်နှင့်အမျှ သီးခြားမျိုးကွဲပြဿနာတွေနှင့် ကြုံတွေ့ရသည်။ ဒါတွေကို ဖြေရှင်းနေခြင်းကပင် အချိန်များစွာကို သိမ်းပိုက်ထားသည်။ သို့နှင့် သူ့ကို တိုက်ဆိုင်မှုရှိမှသာ သတိရဖြစ်တော့သည်။

                *  *  *

    ကျောင်းဆင်းကာစမို့ အသွားအလာရှုပ်ယှက်ခတ်နေသည်။ သူတို့၏ တိုယိုပက်ကားကလေးသည် လူရှင်းအောင် စောင့်နေရသဖြင့် မထွက်နိုင်သေး။ ကျွန်တော်တို့လို စက်ဘီးနှင့်ကျောင်းတက်သူတွေကတော့ ဘဲလ်သံ "ကလင် ကလင်"ပေးရင်း ကျွမ်းကျင်စွာ ကွေ့ပတ်ရှောင်တိမ်းသွားကြသည်။
    ကားအနီးသို့ရောက်သောအခါ ကားနောက်ပိုင်းမှာထိုင်နေသောသူ့ကို တွေ့ရသည်။ လွန်ခဲ့သော သုံး လေးရက်ကမှ ကျောင်းကိုလာသော ကျောင်းသူအသစ်ကလေးဖြစ်ပါသည်။
    သူတို့ကားဆီက တစ်စုံတစ်ခုကို ကျွန်တော်မြင်သည်။ နို့ဆီခွက်စုတ်တစ်လုံးကို ကြိုးနှင့်ချည်၍ ကားနောက်ဘက်မှ ဆွဲထားခြင်းဖြစ်သည်။ တစ်ယောက်ယောက်နောက်ထားတာပဲ။ ကားထွက်လျှင် နို့ဆီခွက်က ကလုံကလင်မြည်ပြီး ပါသွားမည်။ ၀ိုင်းရယ်ကြမည်။ ဒါမျိုးက ကျွန်တော်လည်း လုပ်နေကျ၊ ဒီတစ်ခါတော့ နို့ဆီခွက်တန်းလန်းနှင့်သာ ကားထွက်သွားရင် ကောင်မလေးတော့ ရှက်သွားမှာပဲဟု တွေးမိသည်။ သူ့ကို သတိပေးဖို့လည်း စိတ်ကူးလိုက်သည်။
    "ဟေ့ ဟေ့၊ နင်တို့ကားနောက်မှာ ဘယ်ကောင် နို့ဆီခွက် လာချည်ထားမှန်းမသိဘူး"
    သူက ကောင်းကောင်းနားမရှင်းဟန်ဖြင့် ကြောင်တောင်တောင်ကြည့်နေသည်။ ဒရိုင်ဘာကြီးက ဘာလဲဆိုပြီး ဆင်းလာသဖြင့် နို့ဆီခွက်ကို လက်ညှိုးထိုးပြလိုက်သည်။ "တော်တော်နောက်တဲ့ ကလေးတွေ" ဆိုပြီး ဒရိုင်ဘာကြီးက နို့ဆီခွက်ကိုဖြုတ်သည်။ ကျွန်တော်လည်း စက်ဘီးကိုနင်းပြီးထွက်လာသည်။ သူ့ကိုတစ်ချက် ကြည့်ခဲ့သေးသည်။ သူက ကျွန်တော့်ကို ဖျတ်ခနဲကြည့်သည်။ သူ့မျက်လုံးတွေက လက်လက်ကလေးတွေပဲ ဆိုတာလောက်သာ သတိပြုမိ၏။

                *  *  *

    စင်္ကြထောင့်က ရေအိုးစင်မှာ တရုန်းရုန်းဖြစ်နေကြသည်။ မုန့်စားဆင်းချိန်ဖြစ်၍ စားချင်တာစားပြီး ရေငတ်သဖြင့် တရုန်းရုန်းဖြစ်နေကြသည်။ မုန့်စားဆင်းချိန်ဖြစ်၍ စားချင်တာစားပြီး ရေငတ်သဖြင့် ပြေးလာကြသူများဖြစ်၏။ ကျွန်တော်ရေသောက်နေတုန်း သူ လာရပ်တာကိုမြင်သည်။ သူသည် ချဉ်ငန်စပ် ခေါက်ဆွဲသုပ်စားလာတာဖြစ်မည်။ တော်တော်လေးစပ်နေဟန်တူ၏။ မျက်ရည်ကလေးတောင် လည်နေသည်။ ပါးစပ်ကလေး ဟစိဟစိနှင့် တရှူးရှူးဖြစ်နေသည်။ နှုတ်ခမ်းပတ်လည်မှာလည်း ချွေးစက်တွေ စို့ထွက်နေ၏။
    ကျွန်တော် ရေသောက်ပြီးသွားသည်။ ရေခွက်ကို လက်ဆင့်ကမ်းရတော့မည်။ တကယ်တော့ သူက နောက်မှ ရောက်လာခြင်းဖြစ်၏။ တခြားကောင်မလေးနှစ်ယောက်က မကျေမနပ်ဖြစ်ပြီး ပွစိပွစိ လုပ်သည်။ သူက ရေခွက်ကို လှမ်းယူရင်း ရယ်ပြသည်။ သူ့သွားတစ်ချောင်းမှာ ငရုတ်သီးဖတ်ကလေး ကပ်နေတာမြင်လိုက်ရ၏။

                *  *  *

    သူနှင့်အတူ ကောင်မလေးတစ်ယောက်ကိုပါ တွေ့ရသည်။ သူ့ထက် နှစ်နှစ် သုံးနှစ်လောက်ငယ်မည်။ ရုပ်ချင်းဆင်သဖြင့် သူ့ညီမဖြစ်မှန်း သိလိုက်၏။ သူက ပြောင်းဖူးတစ်ဖူးကို ကိုက်စားရင်း လျှောက်လာသည်။ ကျွန်တော့်ကိုမြင်တော့ပြုံးပြပြီး
    "စားမလား"
    ပြောင်းဖူးကို လှမ်းပေးသည်။ ကျွန်တော်က ခေါင်းခါပြလိုက်သည်။ သူ့ညီမလေးက-
    "အမယ် ကောင်လေးက ရှက်နေရသေးတယ်"
    ချာတိတ်မက ကျွန်တော့်ကို ကောင်လေးဟု ခေါ်လိုက်သဖြင့် ရယ်ချင်သွားသည်။ သူက သူ့ညီမလေးကို တံတောင်နှင့်တွက်၍ နင်ကလည်း ဆိုသော ဟန်လုပ်ပြသည်။ ချာတိတ်မကတော့ ဂရုမစိုက်။
    "နင် ဘယ်နှတန်းရောက်ပြီလဲ"ဟု မေးသည်။
    အာဂကောင်မလေးပဲ။ သူက လူကြီးကို ပြန်မေးနေရသေးသည်။ သို့ရာတွင် ကျွန်တော်က စိတ်မဆိုးဘဲ
    "ခြောက်တန်းပါခင်ဗျာ။ အစ်မကကော"ဟု ပြန်နောက်လိုက်၏။ ချာတိတ်မက
    "ငါက လေးတန်း၊ ငါ့နာမည်မှတ်ထား ခင်မေတင့်တဲ့။ မမက ခင်မေမြင့်။ ကဲ နင်နဲ့ငါတို့နဲ့ သူငယ်ချင်းဖြစ်ပြီနော်"
    "ဟုတ်ကဲ့ပါခင်ဗျာ"
    "ဒါဆို သွားတော့မယ်။ မမနဲ့စကားပြောလိုက်ဦး"ဆိုပြီး လှစ်ခနဲ ထွက်ပြေးသွားသည်။ ခပ်လှမ်းလှမ်း ရောက်မှ တစ်ချက်လှည့်ကြည့်ပြီး လျှာထုတ်ပြသွား၏။
    "တော်တော်သွက်တယ်နော်"
    ကျွန်တော်က ပြောလိုက်၏။
    "ဟုတ်တယ်၊ စွာလည်း သိပ်စွာတယ်"
    ခင်မေမြင့်က ပြန်ပြောသည်။
    "နင် ခြောက်တန်းဘီက မဟုတ်လား"
    "ဟုတ်တယ်၊ နင်က အေတန်းကနော်"
    "အင်း"
    ချက်ချင်း ခင်မင်ရင်းနှီးသွားကြသည်။ သူက ပြောင်းဖူးကို ရှဥ့်ကလေးတစ်ကောင်လိုပင် အလျင်အမြန် စားပစ်လိုက်သည်။ အကျီ င်္ကြားထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ မရမ်းပြားတစ်ထုပ် ပါလာသည်။
    "စားမလား"
    "ဟင့်အင်း"
    "ဘာဖြစ်လို့လဲ၊ ငါ့အင်္ကျီကြားထဲ ထည့်ထားတာမို့ လို့လား"ပြောပြီး သူ ရယ်သည်။ ထိုအခိုက်မှာပင် ကျောင်းတက်ခေါင်းလောင်းထိုးသည်။
    "ငါသွားမယ်"
    ကျွန်တော်ပြောပြီးလှည့်အထွက် သူက "ဟေ့ ဟေ့"ဟု ခေါ်သည်။ လှည့်ကြည့်တော့
    "နင့်နာမည်လည်း ငါမသိရသေးပါလား"
    "ဟုတ်သားပဲ၊ ငါ့နာမည် အစိုးတဲ့"
    သူငယ်ချင်းတွေက ခေါ်ကြသလိုပဲ ပြောပြလိုက်သည်။ သူက ခစ်ခနဲ ရယ်၏။

                *  *  *

    သူတို့အဖေကအလုပ်က သည်မြို့ကိုပြောင်းလာရခြင်းဖြစ်၏။ သူတို့က နောက်မှရောက်လာသူများ ဖြစ်သော်လည်း ရှိပြီးသားသူငယ်ချင်းတွေထက် ပိုပြီးခင်မင်မိသည်။
    ယောက်ျားလေးသူငယ်ချင်းတွေလည်း ရှိသည့်တိုင် သူ့ကိုမှ ပို၍ခင်မိတာ ထူးဆန်းသည်။ သူ့ညီမ ခင်မေတင့်က ကျွန်တော့်ကိုတွေ့စက နင်တစ်လုံး ငါတစ်လုံးပြောသော်လည်း ခင်မေမြင့်က ကိုယ့်ထက် အသက်ကြီးတဲ့လူကို ရိုသေရမယ်ဆိုသဖြင့် ကိုအစိုးဟု ပြောင်းခေါ်လာ၏။
    ခင်မေမြင့် ကျွန်တော့်ကိုခင်မင်ပုံက ပိုပြီးထူးခြားသည်။ ကျွန်တော်ကမှ တခြားသူငယ်ချင်းတွေနှင့် ရောနှောဆက်ဆံတာရှိသေးသည်။ သူကတော့ ကျွန်တော်မှ ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော့်ကိုလည်း သူ့လိုပဲဖြစ်စေချင်သည်။
    တစ်ရက်တွင် ကျွန်တော်သူ့အတွက် ရှောက်သီးကွင်းကြီးတွေ ၀ယ်လာသည်။ သူ့ကိုပေးတော့ သူက မယူ။ မျက်နှာလည်း မှုန်ကုပ်ကုပ်။
    "ဘာဖြစ်နေတာလဲဟ၊ ယူပါ"
    ကျွန်တော်က အတင်းပေးသောအခါ သူက လက်နှင့်ပုတ်ချလိုက်သည်။ ရှောက်သီးကွင်းတွေ မြေကြီးပေါ် ကျကုန်သည်။ ကျွန်တော် စိတ်ဆိုးသွားသည်။
    "အမယ်၊ ငါက စေတနာနဲ့ပေးတာကို ပုတ်ချတယ် ဟုတ်"
    ကျွန်တော် သူနှင့်စကားမပြောဘဲ နေလိုက်သည်။ သူ ကျွန်တော့်ကို ဘာကြောင့် စိတ်ဆိုးရသလဲဆိုတာကို ခင်မေတင့်က လာပြောပြသည်။
    "ကိုအစိုးက မာရီနဲ့အကြာကြီးသွားစကားပြောနေလို့တဲ့"
    "ဟာ စကားပြောတာ ဘာဖြစ်လဲ။ ရုပ်ရှင်ဇာတ်ကားအကြောင်းပြောတာပဲ ကြာမှာပေါ့"
    "မမက မကြိုက်ဘူး။ နောက်ကို သူများတွေနဲ့အကြာကြီး စကားမပြောတော့ဘူးဆိုရင် ပြန်ခေါ်မယ်တဲ့"
    "ဒါ ငါ့သဘောပါ"
    သို့ရာတွင် သူနှင့်ကျွန်တော် ပြန်ခေါ်ဖြစ်သွားသည်။ သူက "နင်က မာရီနဲ့ စကားပြောတဲ့အခါကျရင် ပါးစပ်ကို ဖြဲနေတာပဲ။ ကြည့်လို့ကိုမရဘူး"
    "ဟ၊ သူက ရယ်စရာရုပ်ရှင်အကြောင်းပြောတာ ရယ်မှာပေါ့"
    "နောက်ကို သူနဲ့မခေါ်နဲ့တော့ဟာ"
    "အမယ်၊ ဟိုလူနဲ့မခေါ်ရဘူး။ ဒီလူနဲ့မခေါ်ရဘူး။ ပြောရအောင် နင်က ငါ့အမေမို့လို့လား"
    "ဟင်း ငါသာ နင့်အမေဆိုရင် နင့်ကို ကြိုးနဲ့တုပ်ပြီး အသေရိုက်တယ် သိလား"
    "ဒါဆိုရင် နင့်အမေ မဖြစ်နိုင်ဘူး၊ မိထွေးပဲ ဖြစ်မှာပဲ"

                *  *  *

    ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဓိကပြဿနာက ကျွန်တော် တခြားလူတွေနှင့် ပေါင်းတာကို သူ မကြိုက်ခြင်းပင်ဖြစ်သည်။ သူ ကျွန်တော့်ကိုခင်မင်ပုံက သည်းထန်လွန်းလှသည်။ တစ်ခါတစ်ခါ သူ့ခင်မင်မှုကို ကြောက်တောင် ကြောက်လာသည်။
    ကျွန်တော်တို့နှစ်ယောက် ပြဿနာဖြစ်ပြီး မခေါ်မပြောဘဲရှိကြလျှင် ကြားက စေ့စပ်ပေးသူမှာ ခင်မေတင့်ဖြစ်၏။ သည်လိုနှင့်ပဲ ရန်ဖြစ်ကြ၊ ပြန်တည့်လိုက်ကြ၊ စိတ်ကောက်ကြ၊ ပျော်ရွှင်ကြရင်း နှစ်တွေ ကုန်လွန်လာခဲ့သည်။
    ဆယ်တန်းရောက်ကြသောအခါ အရင်လို တစ်ပူးတွဲတွဲမနေဖြစ်ကြတော့။ ကိုယ့်ကိုယ်ကိုယ် ကလေးမဟုတ်တော့ကြောင်း သိလာချိန်မှစ၍ ခပ်ခွာခွာဖြစ်လာကြသည်။ ခင်မင်မှုကတော့ လျော့မသွား။ အထူးသဖြင့် သူ။ ကျွန်တော်ကသာ ယောက်ျားလေးအပေါင်းအသင်းတွေနှင့် တရုန်းရုန်းနေနိုင်သော်လည်း ခင်မေမြင့်ကတော့ ဘယ်သူနှင့်မှ သိပ်မပေါင်း၊ တစ်ယောက်တည်းနေတာက များသည်။
    သံယောဇဉ်ဆိုသည်မှာ မမြင်ရသောကြိုးတစ်ချောင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ကျွန်တော်ကတော့ သံယောဇဉ်ကို လေနှင့်တူသည်ဟု ထင်၏။ အနီးအနားမှာ အမြဲရှိနေသည်မဟုတ်လား။
    ဆယ်တန်းစာမေးပွဲဖြေပြီးနောက် ကျောင်းပိတ်ရက်များတွင် ကျွန်တော် ရောဂါတစ်ခုဖြစ်လာသည်။ အလိုလိုနေရင်း လွမ်းသလိုလို၊ ၀မ်းနည်းသလိုလို၊ ဒေါသဖြစ်သလိုလို စိတ်မတည်ငြိမ် လှုပ်ရှားနေခြင်းပင်။ ထိုရောဂါကို သက်သာဖို့နည်းလမ်းကို တွေးကြည့်သည်။
    ရုပ်ရှင်ရုံမှာ မာရီနှင့်တစ်ခါဆုံသည်။ သူကတော့ ထုံးစံအတိုင်း ကျွန်တော့်ကိုမြင်လျှင် ၀မ်းသာအားရ နှုတ်ဆက်ပြီး စကားတွေအများကြီးပြောသည်။ သူ အတော်လှလာတယ်ဟု ထင်မိသည်။ သူ့ကို ကျွန်တော် စိတ်ဝင်စားသွား၏။
    သို့ဖြင့် မာရီကိုပေးဖို့ စာတစ်စောင်ရေးဖြစ်သည်။ မာရီက အင်္ဂလိပ်စာကျူရှင်တက်နေသည်။ ကျူရှင်သို့ သွားရာလမ်းရှိ ရေတွင်းပျက်ကြီးပေါ်မှာ ထိုင်စောင့်နေသည်။ စာကို သီချင်းစာအုပ်ကြားထဲ ညှပ်ထားသည်။ သွားနေကျအချိန်ကျော်သည်ထိ မာရီရောက်မလာသေး။ လာမယ့်လာတော့ ခင်မေမြင့်တို့၏ တိုယိုပက် ကားကလေးဖြစ်နေ၏။ ကားရှေ့ခန်းမှာ သူပါလာသည်။ ကျွန်တော့်ကိုမြင်တော့ သူက ဘာလုပ်နေလဲဟု လှမ်းမေးသည်။ အော်ပြောခြင်းမဟုတ်သော်လည်း ပါးစပ်လှုပ်ပုံကိုကြည့်၍ သိခြင်းဖြစ်၏။
    ကျွန်တော်က ယောင်ယောင်ကန်းကန်းဖြစ်ပြီး လက်ထဲက သီချင်းစာအုပ်ကို မြှောက်ပြလိုက်မိသည်။ သူ အဓိပ္ပာယ်တစ်မျိုးကောက်လိုက်သည်။ ဒရိုင်ဘာကြီးကို ကားရပ်ခိုင်းလိုက်ဟန်တူသည်။ ကားက ကျွိခနဲ ရပ်သောအခါ သူ ဆင်းလာသည်။
    "ဘာလဲ၊ ဘာလဲ၊ ဘာပြောမလို့လဲ"ဟု သူ မေးသည်။
    သူ့မျက်လုံးများက သီချင်းစာအုပ်ကို မျှော်လင့်ခြင်းကြီးစွာ ကြည့်နေသည်ဟု ထင်ရ၏။ ထိုအခိုက်အတန့်မှာပင် ကျွန်တော့်ကိုယ်ကျွန်တော် နားလည်လိုက်သည်။ ကျွန်တော် မာရီ့ကိုချစ်နေတာမဟုတ်။ ကျွန်တော်တကယ်ချစ်နေတာက...
    သို့ရာတွင် သီချင်းစာအုပ်ကြားမှာညှပ်ထားသောစာထဲမှာ မာရီ့နာမည်တပ်ပြီး ရေးထားသည်။ ဘာမှ မတတ်နိုင်ပါ။
    "ဘာမှမဟုတ်ပါဘူး"ဟု ကျွန်တော်ပြောလိုက်သည်။
    သူ့မျက်နှာကွက်ခနဲ ပြောင်းလဲသွားပုံမှာ အံ့သြစရာ။ သည်လိုမျက်နှာမျိုး ကျွန်တော်မြင်ဖူးသည်။ ကျွန်တော်တို့အတန်းထဲမှာ စာအတော်ဆုံးဖြစ်သော မကြည်ဝင်းသည် သူ ပထမရမည်ဟု ယုံကြည်ထားပြီးမှ ဒုတိယဖြစ်သွားသောအခါ ဖြစ်ပျက်သွားသည့်မျက်နှာထားမျိုးနှင့် တစ်ထေရာတည်း။

                *  *  *

    မာရီ့ကို ကျွန်တော် စာမပေးဖြစ်ခဲ့။ ခင်မေမြင့်ကိုလည်း လုံးဝဖွင့်မပြောဖြစ်ခဲ့။ စာထဲက မာရီ့နေရာမှာ သူ့နာမည်ကို အစားထိုးပြီး ရေးပေးရလျှင် မတရားဘူးဟု ထင်သောကြောင့်ဖြစ်၏။ ထို့နောက်ပိုင်းမှာတော့ ကျွန်တော်တို့နှစ်ယောက်သည် ပို၍ ကင်းကွာသွားသည်။
    တစ်နေ့ကျတော့ ခင်မေတင့်နှင့် လမ်းမှာဆုံသည်။ သူက
    "မမကို သွားခါနီး လာနှုတ်ဆက်ဖို့ကောင်းပါတယ်"ဟု ပြောသည်။
    "ဘာ ဘယ်သွားမှာမို့လို့လဲ"
    "ဖေဖေ ရန်ကုန်ကို အလုပ်ပြောင်းရမယ်လေ"
    "ကျွန်တော် သူတို့အိမ်သွားသည်။ သူသည် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ် အေးဆေးနေကြောင်း တွေ့ရသည်။ ကျွန်တော့်ကို ပြောဆိုဆက်ဆံပုံမှာ သာမန်မိတ်ဆွေအဆင့်မျိုးသာရှိ၏။ သူ့ကိုပြောမည်ဟု ပြင်ဆင်သွားခဲ့သောစကားများကို မပြောဖြစ်တော့။
    သူမရှိတော့သည့်နောက်ပိုင်း နှစ်အနည်းငယ်အထိ ကျွန်တော် ခံစားခဲ့ရသည်။ သူက ကျွန်တော့်ဆီ စာမရေးခဲ့။ ကျွန်တော်ကလည်း သူ့လိပ်စာမသိ။ သိသည့်တိုင် ဘာရေးရမလဲ။ သူက ဆယ်တန်းကို နှစ်ချင်းပေါက် အောင်သည်။ ကျွန်တော်က သုံးနှစ်ဖြေပြီးမှ အောင်သည်။ ကျွန်တော်က တက္ကသိုလ်တက်နိုင်သူမဟုတ်။ စာပေး စာယူသင်တန်းသာ တက်ဖြစ်သည်။
    သည်လိုနှင့်ပဲ သူနှင့်ကျွန်တော် ဝေးကွာသွားခဲ့သည်။ သူက ပညာရေးတက္ကသိုလ်မှာ တက်သည်ဟု သတင်းကြားရသည်။ ခုလောက်ဆို ကျောင်းဆရာမကြီးဖြစ်နေမှာပဲ။ ကျွန်တော်သည် ရန်ကုန်မှာ အလုပ် လာလုပ်ရင်းက သူ့ကို တကူးတကရှာဖွေခြင်းမရှိသော်လည်း ကျောင်းစိမ်းလုံချည်ဝတ်ထားသော ဆရာမများကို မြင်တိုင်း ဂရုတစိုက်ကြည့်မိတာတော့ အမှန်ပင်။ ခုထိ ကျွန်တော် ဘာကြောင့် အိမ်ထောင်မပြုသလဲ ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို မမေးမိအောင်နေသည်။
    တစ်ရက်မှာတော့ သူ့ကိုတွေ့ရသည်။ အထက်တန်းကျောင်းတစ်ကျောင်းရှေ့မှာဖြစ်၏။ ကျောင်းရှေ့မှာ ဖြတ်အလျှောက် ကျောင်းဆင်းချိန်နှင့်ကြုံသည်။ အကျင့်ပါနေသဖြင့် ဆရာမများကို မြင်လျှင် စိုက်ကြည့်မိတတ်သည်။ ဆရာမတစ်ယောက်ကိုမြင်သောအခါ ဒိတ်ခနဲ ရင်ခုန်သွား၏။
    ငယ်ငယ်ကရုပ်နှင့် သိပ်မတူတော့။ ပိုပြီးရင့်ကျက်လာသည်။ အသားလည်း ပိုဖြူလာသည်ဟု ထင်၏။ ဘာပဲဖြစ်ဖြစ် သူပါပဲဆိုတာ အလိုလိုသိနေ၏။ သူသည် ကျွန်တော်နှင့်မျက်နှာချင်းဆိုင် လျှောက်လာနေသည်။ ကျွန်တော့်ကိုမမြင်သေး။ ဖြတ်ကျော်သွားခါနီးတွင် ကျွန်တော် ရုတ်တရက် ရပ်လိုက်သည်။ သူသည်လည်း ကျွန်တော့်ထူးခြားမှုကြောင့် တုံ့ခနဲဖြစ်သွား၏။
    တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ သူသည် ပါးစပ်ကလေးဟပြီး "ဟင်"ဟု တိုးတိုးလေး ရေရွတ်သည်။ ကျွန်တော်က
    "ဟုတ်ပါတယ် အစိုးပါ"
    သူက ရယ်လိုက်သည်။ ထိုအခါကျမှ ကျွန်တော် တုန်လှုပ်သွား၏။ သူက
    "ဘာလဲ မမ မှတ်လို့လား။ ကျွန်မ ခင်မေတင့်ပါ"ဟု ပြောသည်။
    ကျွန်တော် မျက်နှာပျက်သွားသည်ကို ကိုယ့်ဘာသာမြင်လိုက်ရသည်ဟု ထင်လိုက်သည်။ ထိုအချိန်တွင် ကလေးငယ်တစ်ယောက်သည် သူ့ကိုပြေးဖက်ပြီး "အန်တီလေး"ဟု  ခေါ်လိုက်၏။ "ဒါ မမရဲ့သမီးလေ"ဟု ခင်မေတင့်ပြောလိုက်သောစကားမတိုင်မီကပင် ကျွန်တော်သိပါပြီ။
    ကျွန်တော်သူ့ ကို အချိန်တိုင်းလွမ်းမနေအားပါ။ လောကကြီးမှာ အချစ်ထက် ပို၍အရေးကြီးသော၊
အချစ်လောက် အရေးမကြီးသော၊ အချစ်နှင့်တန်းတူ အရေးကြီးသော ကိစ္စတွေ အများကြီးရှိသေးသည်။ မည်သို့ပင်ဖြစ်စေ လေဆိုသည်မှာ မမြင်ရသည့်တိုင် အနီးအနားမှာ အမြဲရှိနေတာသေချာသည်။ လူတို့သည် လေကိုမေ့လျော့နေတတ်ကြသော်လည်း တစ်ခါတစ်ခါတော့ သူရှိနေကြောင်းကို မုန်တိုင်းဆင်၍ သတိပေးတတ်ကြောင်း ၀န်ခံရပေမည်။

-----------------
မင်းလူ
ရုပ်ရှင်အောင်လံ၊
ဧပြီ၊ ၁၉၈၉


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 10:14:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36936] Fwd: [လူဗိုလ်ဟူသည် ...] ဟာသစာအုပ်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/19
Subject: [လူဗိုလ်ဟူသည် ...] ဟာသစာအုပ်များ
To: lubo601@gmail.com





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 10:46:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36936] Fwd: [လူဗိုလ်ဟူသည် ...] အမေ့ရဲ့ မျက်လုံးတစ်ဖက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/19
Subject: [လူဗိုလ်ဟူသည် ...] အမေ့ရဲ့ မျက်လုံးတစ်ဖက်
To: lubo601@gmail.com



New MyanmarFoundation shared Royal Hero Media's photo.
အမေ့ရဲ့ မျက်လုံးတစ်ဖက်  ==============  ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိ ကအောက် ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ် … အမေဟာ အိမ်ရဲ့ ၀င်ငွေ အတွက် ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်းရုံမက သူများ အိမ်တွေမှာပါ လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက် လုပ်တယ် …  မှတ်မိပါသေးတယ် …  ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ …  ကျောင်းစုံညီပွဲနေ့မှာ အမေကျောင်းကို ရောက်လာခဲ့တယ် …  အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက

ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိကအောက် ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ်အမေဟာ အိမ်ရဲ့ဝင်ငွေအတွက် ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်း ရုံမက သူများအိမ်တွေမှာပါ လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက်လုပ်တယ် …
မှတ်မိပါသေးတယ် … ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ … ကျောင်းစုံညီပွဲနေ့မှာ အမေကျောင်းကို ရောက်လာခဲ့တယ် … အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက " မင်းအမေက မျက်လုံးတစ်ဖက်ပဲ ရှိတာလား?? " လို့ မေးပြီး လှောင်ပြောင် ကြတယ် … ကျွန်တော် အမေ့ကို ဒီကမ္ဘာပေါ်ကတောင် ပျောက်သွားစေချင်တဲ့ စိတ်တွေဖြစ်ခဲ့တယ် …

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်အမေ့ကို မေးခဲ့တယ် … " အမေ့မှာ ဘာလို့ မျက်လုံး တစ်ဖက် မရှိရတာလဲ?? ကျွန်တော့်ကို တမင် အဟားခံရအောင် လုပ်နေသလိုပဲဗျာ …" အမေက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့တယ် … ကျွန်တော် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရ သလိုပဲ … ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အမြဲပြောချင် နေတဲ့ စကားကို ပြောလိုက်ရတဲ့ အတွက် စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် … ဒါဟာ ဒီလိုပြောလိုက်တဲ့ အတွက် အမေ ကျွန်တော့်ကို ဘာမှ အပြစ်မပေးလို့ ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် အမေ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားလိုက်ရမယ် ဆိုတာကိုတော့ ကျွန်တော် မတွေး မိခဲ့ဘူး …

အဲ့ဒီညမှာပဲ ကျွန်တော် ညတစ်ရေးနိုး ရေသောက်ဖို့ မီးဖိုချောင်ဘက် သွားတော့ ကျွန်တော်နိုးမှာစိုးလို့ အသံမထွက်ဘဲ တစ်ယောက်တည်း ကြိတ်ငို နေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … ကျွန်တော် ညနေက ပြောခဲ့မိတဲ့ စကားအတွက် ရင်ထဲမှာ ဆစ်ခနဲ ခံစားလိုက်ရလို့ သူမကို တစ်ချက်ကြည့်ပြီး ပြန်လှည့် ပြေးလာခဲ့မိတယ် … ဒါတောင်မှ မျက်လုံး တစ်ဖက်တည်းကပဲ မျက်ရည် ကျနေတဲ့ အမေ့ကို ကျွန်တော် မုန်းနေတုန်းပဲ … ဒါကြောင့် ကျွန်တော် ကြီးလာတဲ့အခါ ကြီးပွား ချမ်းသာစေရမယ်လို့ ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့တယ် … ဘာလို့လဲဆိုတော့ မျက်စိ တစ်ဖက်လပ်နေတဲ့ ကျွန်တော့် အမေနဲ့ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ဆင်းရဲနေတဲ့ အမေ့ရဲ့ အခြေအနေကို ကျွန်တော် မုန်းလို့ပဲ …

အဲ့ဒီနောက်မှာ ကျွန်တော်ဟာ စာကို အပြင်းအထန် ကြိုးစားခဲ့တယ် … ဒီလိုနဲ့ ကျွန်တော် ဘွဲ့ရပြီး ၀င်ငွေကောင်းတဲ့ အလုပ်တစ်ခုပါ ရခဲ့တယ် … မရှေး မနှောင်းမှာပဲ ကျွန်တော့် အကြောင်းမသိတဲ့ တစ်ခြားမြို့က ကျွန်တော့် ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သူတို့မြို့မှာပဲ အိမ်တစ်လုံးဝယ်ပြီး အခြေချခဲ့တယ် … အခု ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ရှိတဲ့အပြင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ ပျော်ရွှင်စွာ နေထိုင်နေနိုင်ပြီ ဖြစ်ပါတယ် … ဒီဘ၀မှာနေရတာ ကျွန်တော် အရမ်းပျော်ပါတယ် … ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အမေကို ကျွန်တော် မေ့ထားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေလို့ပါ …

တစ်နေ့မှာ ကျွန်တော့် သမီးငယ်လေးဟာ ကြောက်လန့်စွာ အော်ဟစ်ပြီး အိမ်ထဲ ပြေးဝင်လာပါတယ် … ကျွန်တော် အိမ်ရှေ့ ထွက်ကြည့်တော့ မမျှော်လင့် ထားတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ် … အဲ့ဒါ ကျွန်တော့် အမေပါ … အမေဟာ အရင်လို မျက်လုံး တစ်ဖက်လပ်နဲ့ ဖြစ်နေဆဲပါပဲ … " ခင်ဗျား ဘယ်သူလဲ?? ကျွန်တော် ခင်ဗျားကိုမသိဘူး " လို့ ကျွန်တော် မသိသလိုနဲ့ ပြောလိုက်ပါတယ် … အကြောင်းက ကျွန်တော့် မိန်းမနဲ့ ကလေးက ကျွန်တော့်နောက်မှာ ရှိနေလို့ပါပဲ … အမေဟာ တဒင်္ဂလောက် မှင်သက်သွားပြီးတဲ့နောက် "တောင်းပန်ပါ တယ်ကွယ် … အဒေါ် လိပ်စာ မှားသွားလို့ပါ" လို့ အလျင်အမြန် ပြန်ဖြေပြိး လှည့်ထွက် သွားခဲ့တယ် … အဲ့ဒီတော့မှ ကျွန်တော် စိတ်သက်သာရာ ရသွားတော့တယ် … အမေကျွန်တော့်ကို မသိသလို နေပေးသွားတော့ နောက်ဆိုရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တွေးပူနေစရာ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ …

တစ်နေ့ ကျွန်တော့်ဆီ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအတွက် ဖိတ်စာ တစ်စောင် ရောက်လာခဲ့တယ် … ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်လို့ မိန်းမကို ညာပြီး ဇာတိမြို့လေးကို ထွက်လာခဲ့တယ် … ပွဲလည်း ပြီးရော ကျွန်တော်ငယ်ငယ်က ကစားနေကျ ကောက်ရိုးခင်းနားကို လျှောက်လာ ခဲ့တယ် … ကျွန်တော် လမ်းလျှောက် လာရင်းနဲ့ အေးစက်နေတဲ့ မြေပြင်မှာ လဲနေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … အမေ့လက်ထဲမှာ စာတစ်စောင် ဆုပ်ကိုင်ထားတာကိုတွေ့လိုက်ရတယ် … စာကို ဖောက်ဖတ် ကြည့်လိုက်တော့ …

"သားရေ …

အမေ့အသက်အရွယ်နဲ့ဆို ဒီဘ၀အတွက် နေရတဲ့အချိန်က လုံလောက် နေပါပြိ … ရှေ့ဆက်လည်း သိပ်နေရတော့မယ် မထင်ပါဘူး … သားရှိတဲ့ မြို့ကို အမေနောက်ထပ် မလာတော့ပါဘူး … ဒါပေမယ့် သားရယ် အမေ့ဆီ ကိုတော့ ခဏလောက် ဖြစ်ဖြစ် လာတွေ့ပါလား … အမေ သားကိုအရမ်းလွမ်း လို့ပါ … ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သားလာမယ်ဆိုတာ ကြားရ တော့ အမေအရမ်း ၀မ်းသာတာပဲ … ဒါပေမယ့် သားတို့ကျောင်းကို နောက် တစ်ခါ မသွားဖို့ အမေဆုံးဖြတ် ထားပါတယ် … အမေ့မှာ မျက်လုံး တစ်ဖက်ပဲ ရှိတာ သားကို အရှက်ရစေတဲ့ အတွက် အမေ စိတ်မကောင်းပါ ဘူးကွယ် …

သားသိရဲ့လား?? သားငယ်ငယ်တုန်းက မျက်လုံးကို မတော်တဆ ထိခိုက် မိပြီး သားမျက်လုံး တစ်ဖက် ပျက်စီးသွားတာလေ … အမေတစ်ယောက် အနေနဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ကြီးပြင်းလာရမယ့် သားရဲ့အဖြစ်ကို ဘယ်လို လက်ပိုက်ကြည့် နေနိုင်မှာတဲ့လဲ … အဲ့ဒါကြောင့် အမေ့မျက်လုံး တစ်ဖက် သားကိုပေးခဲ့တာပါ … သားလုပ်ခဲ့သမျှ ပြောခဲ့သမျှတွေအတွက် အမေ ဘယ်တော့မှ အပြစ်မယူခဲ့ပါဘူး … သားအမေ့ကို စိတ်ဆိုးတိုင်း အမေ့ကို ချစ်လို့ ပြောတယ်လို့ပဲ အမေတွေးခဲ့ပါတယ် … သားအမေ့ဘေးမှာ ရှိခဲ့တဲ့ အချိန်တွေကို အမေအရမ်း သတိရတာပဲ … သားကိုလည်း အရမ်းလွမ်း တယ် … အမေသားကိုချစ်တယ် … သားဟာ အမေ့ရဲ့ ကမ္ဘာပါ ... အခုတော့ လည်း အမေ့ ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါပြီကွယ် …
သားရဲ့ အမေ"
စာကိုဖတ်ပြီး ချိန်မှာတော့ ကျွန်တော့်အတွက် အသက်ရှင်နေတဲ့ အမေ့ အတွက် ကျွန်တော် ပထမဆုံးအကြိမ် ငိုကြွေးမိခဲ့ ပါတော့တယ် …

☂Thu Thu Lay☂
-------------------------------
Post From ^..^ Heart Canteen


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 10:53:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36934] Fwd: [လူဗိုလ်ဟူသည် ...] လူတိုင်းပြောတဲ့...OK ...ဆိုတဲ့အကြောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/20
Subject: [လူဗိုလ်ဟူသည် ...] လူတိုင်းပြောတဲ့...OK ...ဆိုတဲ့အကြောင်း
To: lubo601@gmail.com


သူပြော... ငါပြော... OK

အိုကေဆိုတဲ့ စကားလုံးသည် ယနေ့ကမ္ဘာတွင် အတွေ့များသည့် အင်္ဂလိပ် စကားလုံးဖြစ် ပါတယ်။ ဒီစကားလုံးမှာ ထူးထွေဆန်းပြားတဲ့ သမိုင်းနောက်ခံကလည်း ရှိနေပါတယ်လို့ ပညာရှင် Linguist Allan metcalf က ဆိုခဲ့ပါတယ်။
ဒီစကားလုံးဟာ ဂျာနယ်လစ်တစ်ယောက်ဖြစ်လည်းဖြစ်၊ ဘော်စတုန်း မောနင်းပို့စ် သတင်းစာ (Boston's Morning post ) အယ်ဒီတာတစ်ဦးဖြစ်တဲ့ Charles Gordon Greeene က စတင် တီထွင်သုံးစွဲခဲ့လို့ သိရပါတယ်။ ဒီနေ့ ကမ္ဘာမှာ အသုံးများနေတဲ့ အဆိုပါစကားလုံးမှာ မသိနိုင် ကြသေးတဲ့ အချက် ၁၀-ချက်လည်း ရှိနေပါတယ်လို့ သူကဆိုပါတယ်။

1. Genesis: Oll Korrect
မူလဇာစ်မြစ်က oll Korrect (ok) ဆိုတဲ့ စကားလုံးလေး  ဖြစ်ပါတယ်။ ၁၈၃၉-မေလ ၂၃ ရက်
နေ့မှာ အထက်ပါ သတင်းစာကြီးကစတင်ပြီး မထင်မရှား မွေးဖွားလာခြင်းဖြစ်ပါတယ်။ မူရင်း အသံထွက်နှင့်လိုက်ပြီး အသံထွက်ထွက်ကိုယူထားတဲ့ အိုကေ အသုံးလေးဟာ မောနင်းပို့စ် သတင်းစာကနေတစ်ဆင့် ၁၉ရာစုမှာ လူတွေရဲ့ ပါးစပ်ဖျားကိုရောက်ရှိပြီး အင်္ဂလိပ်စားလုံး အဖြစ် တည်ရှိသွားပါတော့တယ်။

2. Shootout at the O.K. Corral
အရီဇိုနားမှာရှိတဲ့ မြင်းမွေးတဲ့ခြံမှာရှိတဲ့သချို
င်းဂူမှာလည်း အမှတ်တံဆိပ်အဖြစ် correct , good ရဲ့အတိုကောက်အစား အိုကေစကားလုံးကို သုံးတာတွေ့ရပါတယ်။ ok.corralဆိုတဲ့
နွားမွေးခြံတစ်ခြံ cowboy တွေရဲ့ ရန်ပွဲက ကမ္ဘာကျော်သွားပြီး ခောတ်ဆက်ဆက် ဟောလိ
ဝုဒ် ရုပ်ရှင်စင်ပေါ်ရောက်ခဲ့တယ်။

3. Okey Dokey
နှစ်ဆယ်ရာစုရောက်လာတဲ့ အခါမှာတော့ သတင်းသမားတွေ၊ မိန့်ခွန်းပြောတဲ့သူတွေ၊ စာရေး ဆရာ၊ စာဖတ်သူတွေကြောင့် မူရင်းစကားလုံး Ok ကနေ ပြောင်းလဲသွားပြီး Okay all right ရယ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ တဆင့်မြင့်သွားပါတော့တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ တီဗီဇာတ် လမ်းတွေမှာ ဟာသအနေနဲ့ okey dokye ဆိုပြီး ထပ်ကာထပ်ကာ သုံးစွဲတာကိုလည်း
တွေ့ရပါတယ်။

4. OK Sign
ဒီတစ်ခါတော့ သင်္ကေတအနေနဲ့ အိုကေကို အသုံးပြုပုံပါ။ ၁၉၄၆-ခုနှစ်ဝန်းကျင်လောက်မှာ လက်မနဲ့ လက်ညှိုး(the index finger and the thumb)ကို ထောင်ပြခြင်းပါပဲ။ အသံလုံ မှန်ခန်းထဲ ကနေ အသံလွှင့်သူနဲ့ စီစဉ်ညွှန်ကြားသူ(director)တို့ အချင်းချင်း အားလုံး အဆင်ပြေကြောင်း၊ အစီစဉ်ကို စတင်လွှတ်လွင့်နိုင်ကြောင်းကို အချက်ပေးတဲ့အနေနဲ့ လက်အမူယာ(sign)ကို အိုကေအစား စတင်သုံးစွဲခဲ့ပါတယ်။

5. Oklahoma – OK!
၁၉၅၃-ခုနှစ်ရောက်တဲ့အခါမှာတော့ Rodger နဲ့ Hammerstein တို့နှစ်ဦးဟာ အိုကေ ဆိုတဲ့
ခေါင်းစဉ်နဲ့ သီချင်းရေးစပ်ပြီး သီချင်းနောက်ဆုံး စာကြောင်းမှာတော့ "We're only sayin' you're doing fine Oklahoma! Oklahoma—O.K.! ရယ်လို့ Oklahoma-ok ဆိုပြီး တစ်မျိုး တစ်ဖုံ သုံးခဲ့တာကို တွေ့ရပါတယ်။
၁၉၆၃-မှာ အမေရိကန်နိုင်ငံစာတိုက်က စာနှစ်စောင်မှာ ok အစား Oklahoma ဆိုတဲ့စကား လုံးနဲ့ အစားထိုး သုံးခဲ့ပါတယ်။

6. E.T. OK
လကမ္ဘာပေါ်မှာ အိုကေစကားလုံးကို ပထမဆုံးသုံးခဲ့တဲ့ ဖြစ်ရပ်လေးပါ။ အပိုလို ၁၁(Apollo 11 Lunar)လကမ္ဘာပေါ်ရောက်စဉ်က pilot Buzz Aldrin က အိုကေလို့ ပေါ်ခဲ့တဲ့ စကားလေး ဟာ လကမ္ဘာပေါ်မှာ ပထမဆုံး သုံးခဲ့တဲ့ စကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

7. Coke
၁၉၉၀-ခုနှစ်ဝန်းကျင်ဖြစ်ပါတယ်။ ကိုကာကိုလာ ကုမ္ပဏီဟာ မလိုသူတွေရဲ့ စီးပွားရေးအရ တိုက်ခိုက်မှုကို ခံရပါတယ်။ Coke ကို OK ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ အဲဒီမှာတော့ OK ဟာ satisfactory ဆိုတဲ့ အဓိပ္ပာယ်လို့ မှတ်ယူခဲ့ပါတယ်။
တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ယနေ့အခါမှာတော့ OK အချိုရည်ဟာ ပျောက်ကွယ်သွား
ခဲ့ပါပြီ။

8. Do It
၁၉၈၀ ခုနှစ်လောက်မှာတော့ Apple company ဟာ မောက်စ်ကို အသုံးပြုရာမှာ အနည်းငယ် ရှုပ်ထွေးမှုတွေနဲ့ ကြုံခဲ့ရတယ်။ တစ်ခုခုကို သေချာကြောင်းပြောတဲ့အခါမှာ ပေါ်ထွက်လာတဲ့ အကွက်လေးမှာ(box)မှာ Do it လို့ တွေ့ရပေမဲ့ ကွန်ပြူတာနဲ့ အသုံးပြုသူတွေကြားမှာ နားလည်မှု လွဲမှားနေတာဖြစ်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ OK ဆိုတာကို အသုံးပြုခဲ့ပါတယ်။

9. The International Word
Dutch, German, Swedish, Polish, Finnish, Italian, Spanish, Welsh, Hebrew, Korean, Japanese, Filipino…နိုင်ငံတွေဟာလည်း Ok စကားလုံးကို သူတို့ရဲ့ ကိုယ်ပိုင်ဘာ သာ စကားအဖြစ် မွေးစားလိုက်ပါတယ်။ နိုင်ငံတကာသုံး စကားလုံး ဖြစ်သွားပါတော့တယ်။

10. The American Word OK
The Improbable Story of America's Greatest Word စာအုပ်ကို ရေးခဲ့တဲ့ Allan Metcalf ကတော့ Ok ဆိုတဲ့ စကားလုံးဟာ တစ်ခုခုကို လုပ်ကိုင်တဲ့နေရာမှာ တိကျတဲ့ စကားလုံး၊ ပြီးပြည့်စုံတဲ့ အမေရိကန်သုံး စကားလုံးဖြစ်ပါတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ရေးသားသူ >> SaiKoThu
မှော်မြို့တော်မှ ကူးယူဖော်ပြပါသည်။
** တွေးဆ ဆင်ခြင်နိုင်ကြပါစေ **
စာဖတ်သူများကို လေးစားလျှက် ...
* ညီမင်းစံ *



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 11:17:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36932] Fwd: [လူဗိုလ်ဟူသည် ...] သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/20
Subject: [လူဗိုလ်ဟူသည် ...] သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ
To: lubo601@gmail.com


ပလီပလာ ထွေကာလီကာ shared Myanmar Online News's photo.
သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ Saturday, 19 January 2013  အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။  ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ - GHB (Gamma Hydroxybutyric Acid) Rohypnol (Flunitrazepam) Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။  Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။  ဆေး၏ ပုံသဏ္ဍာန်  GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။  ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ  ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။  GHB ၏ အာနိသင်များ  အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း  Rohypnol ၏ အာနိသင်များ  ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း  Ketamine ၏ အာနိသင်များ  စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား? ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။  Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။  Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။  GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။  (မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။  Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။ (အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)  Dr.Pwint Phyu Phyu Senior Program Officer Care Lashio  Ref: *http://kyawthetlatt.blogspot.com/*,
Saturday, 19 January 2013

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio

Ref: *http://kyawthetlatt.blogspot.com/*, "Date rape drugs"

ဗဟုသုတ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 11:05:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36932] Fwd: [လူဗိုလ်ဟူသည် ...] ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/20
Subject: [လူဗိုလ်ဟူသည် ...] ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ
To: lubo601@gmail.com


Zayar Zy shared Aye Chan Mon's photo.
ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ  http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင် http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ   http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့် http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက် http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ   http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ) http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်) http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်) http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0 http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ   http://www.mediafire.com/?dluzztilwmb = PC MECHANIC http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက် http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ် http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့် http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ် http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင် http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ  မူရင်း=♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥ Credit by☻☻☻ စိတ်ကူးပျော်ရာ☻☻☻  အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ


http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာမျာ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ


http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ


http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ

မူရင်း=♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥
Credit by☻☻☻ စိတ်ကူးပျော်ရာ☻☻☻

အေးချမ်းမွန်မှ အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 10:59:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36932] Fwd: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/20
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၅)
To: lubo601@gmail.com



၂၀၁၃ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သား လူထုများ သေကြေဒဏ်ရာရပြီးနောက် နိုင်ငံတကာမှ အမြန်ဆုံးတုန့်ပြန်သူမှာ ဗြိတိသျှ ပါလီမန်ဖြစ်သည်။ ထိုနေ့မှာပင် ပါလီမန်အတွင်း ချက်ခြင်းအစည်းအဝေးခေါ်မေးမြန်းမှုများပြုကာ နှစ်ဖက်ကြားနိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံး လုပ် ဆောင်ရန်၊ အရပ်သားများသေကြေသည်အထိ စစ်ဆင်တိုက်ခိုက်မှုများဆက်လုပ်နေပါက ဥရောပ သမဂ္ဂမှ ဆိုင်းငံထား ခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်နိုင်ကြောင်း ဖိအားပေးခဲ့သည်။
ဇန်န၀ါရီလ (၁၅)ရက်နေ့တွင် ဥရောပသမဂ္ဂကလည်း လိုင်ဇာတွင် အရပ်သားလူထုများသေကြေဒဏ်ရာ ရမှုများကို ထောက်ပြပြီး စစ်ဆင်နေမှုများ ကိုရပ်ဆိုင်းရန်၊ စစ်ဘေးဒုက္ခသည်များအနေဖြင့် လူသားချင်းစာနာသည့် အကူအညီများ အဟန့်အတားမရှိ ရနိုင်ရေး ကို အရေးတကြီးဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာက စိုးရိမ်တကြီးနှင့် တိကျသော တိုက်တွန်းမှုများ၊ ဖိအားပေးမှုများ ပေါ်လာခဲ့ပြီဖြစ်သော်လည်း ကချင်စစ်ပွဲနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန် အထိ လေ့လာမှုပင် သေချာစွာ မလုပ်ဆောင်သေး။ ယေဘုယျမျှသာ ပြောဆိုလျှက်ရှိနေသည်။ ဇန်န၀ါရီလ ၁၅ ရက် နေ့တွင် သူမက --------------------
"စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက် ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည် ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်း ကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ် ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲ နိုင်မှာပါ။" ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်းစစ်ပွဲကို မကြိုက်ပါ။ ငြိမ်းချမ်းရေးမြတ်နိုးသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည်ဟု မယူဆပါ။ သို့ရာတွင် ယင်း စိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်ပွဲများတည်ရှိ လာ ခဲ့သည်မှာ ကမ္ဘာဦး အစကထဲကဖြစ်သည်။ ယနေ့လည်းရှိနေသည်။ နောင်လည်းရှိနေဦးမည်ဖြစ်သည်။ စစ်ကို မကြိုက် သော်လည်း မတရားသောစစ်ကို တရားသောစစ်ခုခံဆင်နွှဲ၍ ငြိမ်းချမ်းမှုရှာခဲ့ရသည့် သာဓကများ ကမ္ဘာ့သမိုင်း များစွာ ရှိ ခဲ့သည်။ နိုင်ငံများနှင့် ဒေသကြီးအတော်များများတွင်သာမက ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များကို ကြည့်ပါ။  အဓိကမှာ စစ်ပွဲ များအား ကြိုက်ခြင်း မကြိုက်ခြင်းကို ရှေ့တန်းတင်ရန်မဟုတ်ဘဲ စစ်ပွဲများ ငြိမ်းသွားစေရေး အတွက် သက်ဆိုင်ရာနိုင်ငံ ၏ ထူးခြားသည့် အခြေအနေပေါ်မူတည်လျှက် အကောင်းဆုံးနည်းနာကို ရှာဖွေရန် သာဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်း အကြမ်းဘက်မှုကို မကြိုက်ပါ။ အေးအေးဆေးဆေး နေလိုသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင် လူတဦးက အခြားတဦးအား အကြမ်းဘက်မှုကျူးလွန်ပါက ကျူး လွန်ခံရသူအနေဖြင့် လက်သီးနှင့် ထိုးတာလောက်ကိုမူ သည်းခံကောင်း ခံနိုင်ပါမည်။ ပေါက်ပြဲသွားလျှင် ဆေးကု၍ရနိုင် သောကြောင့်ဖြစ်သည်။ ငှက်ကြီးတောင်ဓါးနှင့် လာခုတ်လျှင်မူ အကြမ်းဘက်မှုကို မကြိုက်ပါဟု ဆိုကာ ငြိမ်ခံနေ၍ မရပါ။ တွေ့ရာတုတ်တချောင်းကိုင်ပြီး ပြန်လည်ခုခံရပါမည်။ ငှက်ကြီးတောင်ဓါး နှင့် လာခုတ်ကြောင်း သက်သေ ထင်ရှားလျှင် ခုတ်ခံရသူက တုတ်နှင့်ပြန်ရိုက်သဖြင့် ဓါးနှင့် ခုတ်သူသေဆုံးသွားပါစေဦး၊ ပြစ်မှုဆိုင်ရာဥပဒေအရ မိမိ ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်း အကြုံးဝင်သဖြင့် တုတ်နှင့်ခုခံသူသည် ပြစ်မှုမမြောက်ပါ။ ဆိုလိုသည်မှာ အဆိုပါ အခြေအနေမျိုး ပြန်လည်အကြမ်းဖက်ခုခံခြင်းကို ဥပဒေကပင် ကို တရားဝင်ခွင့်ပြုထားပါသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့် ဆိုင်ရာပြဌာန်းချက် ပုဒ်မ (၁၀၀) ကို လေ့လာကြည့်ပါ။
ကာချုပ်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သည် ပင်လုံစာချုပ်ပါ သဘောတူညီချက်ကို ချိုးဖေါက်၊ ကချင် ပြည်နယ်အတွင်းသို့ ကချင်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ်ဝင်ရောက်တပ်စွဲရုံသာမက စစ်တိုက် လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များ နှင့် အမြောက်လက်နက်ကြီးများကို ပါ သုံးကာ အကြမ်းဖက်မှုကို ထင်ထင်ရှားရှား ပြုကျင့်နေခြင်း ဖြစ်သည်။ ကေအိုင်အို နှင့် ကချင်လူထုတွင် ကာကွယ်ခုခံပိုင်ခွင့် အပြည့်အ၀ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဘက်မှု ဦးဆောင်ကျူးလွန်သူစစ်အစိုးရကို အဘယ်ကြောင့် ပြစ်တင်ရှုံ့ချခြင်း မပြုသနည်း။ အကြမ်း ဖက်မှုကိုမကြိုက်ဟူ၍ ယေဘုယျမျှသာပြောနေလျှင် ရရာ လက်နက်နှင့် ပြန်လည်အကြမ်းဘက် ခုခံရသည့် ကေအိုင်အေ နှင့် ကချင်လူထုကိုပါ အကြမ်းဘက်သမားများ ဟူ၍ ပြောခြင်၍လော။ သို့မဟုတ် ဒေါ်အောင် ဆန်းစုကြည်က အကြမ်းဘက်မှုကို မကြိုက် ဟု ပြောသဖြင့် အကြမ်းဖက် လာသည့် မြန်မာအစိုးရတပ်ဘာလုပ်လုပ် ပြုသမျှနုရတော့ မည်လော။ ဥပဒေက ပေးအပ်ထားသည့် ပြန်လည်အကြမ်းဖက်ကာ ခုခံပိုင်ခွင့်ကိုပင် အသိ အမှတ်မပြု တော့ပြီလော။
"စစ်ပွဲဆိုရင် ဘာစစ်ပွဲမှမကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်းမကြိုက်ဘူး။" ဆိုပါက စစ်ပွဲနှင့်အကြမ်းဖက်မှုများ ချက်ခြင်း ရပ်ဆိုင်းသွားအောင် စစ်အစိုးရ၏တပ်များ ကချင်ပြည်နယ်မှအမြန်ဆုံးရုပ်သိမ်းကာ နေပြည်တော်သို့ ပြန်လည်ဆုတ်ခွာ သွားဘို့ ဒေါ်အောင်ဆန်းစုကြည်က သမတ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင် တို့အား အတိအလင်း တောင်းဆို ရုံသာရှိသည်။ ယင်းသို့ဖြစ်လျှင် ကေအိုင်အေသည် နောက်မှထက် ချပ်လိုက်ပြီး မည်သည့်စစ်ဆင်မှုမျှ လုပ်မည်မဟုတ် သည်မှာ ရာနုန်းပြည့်သေချာသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ချက်ခြင်းရသွားပါမည်။
ယင်းသို့မတောင်းဆိုနိုင်လျှင် "စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။" ဟု ခပ်လွယ် လွယ် မပြောသင့်ပါ။ ယင်းသို့ပြောခြင်းမှာ (ပင်လုံစာချုပ်အရ ရသင့်သည်လည်းဖြစ်၍ ကေအိုင်အို နှင့် ကချင်လူထုက တောင်းဆိုနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အရေး တစုံတရာမျှပေးစရာမလိုဘဲ) နှစ်ဖက် ချက်ခြင်း အပစ်ရပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ကပါ ၀င်ရောက်ဖိအားပေးနေသလို သက်ရောက်သည်။ တပ်များ အသီးသီး နောက်ဆုံးရောက်ရှိနေသည့် နေရာတွင် ချက်ခြင်းရပ်ရမည့် သဘောဖြစ်သည်။
ဤတွင် ကေအိုင်အိုအနေဖြင့် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း မည်သည့် နိုင်ငံရေးအခွင့်အရေးမျှမရရုံ သာမက၊ ၁၉၉၄ အပစ် ရပ်ခဲ့သည့် မျဉ်းကြောင်းမှ စစ်အစိုးရ၏ တပ်များက ထပ်မံကျူးကျော်တပ်စွဲမှုများ၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ မှစ၍ ယနေ့ လိုင်ဇာမြို့နားရောက်လာသည်အထိ စစ်ရေးမဟာဗြူဟာအရ အရေး ပါသော တောင်ကုန်း များအား စစ်အစိုးရ၏တပ်များက တိုးချဲ့သိမ်းပိုက်တပ်စွဲမှုများအား အသိအမှတ်ပြုပေးရဦးမည့် အနေအထားသို့ရောက် ရှိသွားသည်။ ဤတွင် တနှစ်ခွဲကျော် မလွှဲမရှောင်သာ ခုခံစစ်ဆင်နွှဲနေရသော ကေအိုင်အိုနှင့် ကချင်လူထု ထပ်မံနစ်နာ ပါ ဦးမည်။
နိုင်ငံရေးအရ ဆွေးနွေး၊ ညှိနိုင်းမှုကို ငြင်းပယ်ခဲ့သူမှာ မည်သူနည်း။
ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး၊ ညိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို မကြာမကြာ မီးမောင်းထိုးပြလေ့ရှိ သည်။ ကချင်စစ်ပွဲကို ရည်ညွှန်းလျှက်ပင် မဆွေးနွေးနိုင်လို့ စစ်တိုက်ကြရတာ ဟူ၍ သူမကထောက်ပြခဲ့ဘူးသည်။
ဆွေးနွေး ညှိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို ငြင်းဆိုရန်အကြောင်းမရှိပါ။ သို့ရာတွင် ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာ တဲ့ ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဟူ၍ သူမက သုံးစွဲသွားသောအခါတွင်မူ အဓိပ္ပါယ်မှာ အခြားအစွန်းတဘက်သို့ရောက် သွားပါသည်။ မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနိုင်းအဖြေရှာသည့် ယဉ်ကျေးမှု မရှိခဲ့သလိုလို၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ လူမျိုးအသီးသီးသည် ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေးမှု ကို စတင်ကျင့်သုံးရမလိုလိုဖြစ်နေသည်
ပဒေသရာဇ်ခေတ်ကို ပင်ပြန်ကြည့်ပါ။ ဘုရင်များအချင်းချင်း စစ်တိုက်ကြ၊ ဆွေးနွေးညှိနိုင်းပြီးစစ်ရပ်စဲခဲ့ကြသည့်သာဓက များ များစွာရှိခဲ့သည်။ အနီးခေတ်သမိုင်းကိုလည်း ပြန်ကြည့်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းစစ်ရပ်စဲ နိုင်ရေး အတွက် တွေ့ဆုံးဆွေးနွေးအဖြေရှာရန် စစ်ခေါင်းဆောင်အဆက်ဆက်ကို အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့ဘူး သည်။ တိုင်းရင်းသားတပ်ပေါင်းစု များသည်လည်း ထိုနည်းအတူပင်။ ရှစ်လေးလုံးအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး နယ်ထဲ စ ရောက်လာခဲ့သည့်နောက်ပိုင်း အဓိက တပ်ပေါင်းစုကြီးဖြစ်ခဲ့သော မြန်မာပြည်ဒီမိုကရက်တစ် မဟာ မိတ် အဖွဲ့ချုပ်ကလည်း စစ်အစိုးရအား နိုင်ငံရေးအရ ဆွေးနွေးရန် စတင်လက်ကမ်းခဲ့သည့် အကြိမ်အရေ အတွက်မှာ မနည်းလှ။ (၁၇) နှစ်တာ အပစ်အခတ်ရပ်စဲထားခဲ့သည့် ကာလများအတွင်း နိုင်ငံရေးအရ ဆွေးနွေးရန် ကေအိုင်အို တဖွဲ့တည်းက တောင်းဆိုသည်ကိုပင် စစ်အစိုးရက မည်သည့်အခါကမျှ လိုက်လျောခဲ့ခြင်းမရှိ။
ဒေါ်အောင်ဆန်းစုကြည် ၁၅ နှစ်ကြာမျှ အိမ်အချုပ်နှင့် ရှိနေခဲ့စဉ်အတွင်း နယ်စပ်အခြေပြု ဒီမိုကရေစီအင်အားစုများ နှင့် တိုင်းရင်းသား အင်အားစုများ ပူးပေါင်းကာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအရေးနှင့် စပ်လျှဉ်း၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး ဆုံးဖြတ်ချက်ထွက်လာစေရန် တောင်းဆိုကြိုးပမ်းခဲ့ကြသည်။ တောင်းဆိုသည့်အတိုင်းပင် ကုလသမဂ္ဂ က လည်း အကြိမ်ကြိမ်ချမှတ်ပေးခဲ့သည်။  လက်တွေ့ငြင်းပယ်ခဲ့သူမှာ မည်သူနည်း။
ဆွေးနွေး ညှိနိုင်းပြီး အဖြေရှာသည့်ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက်ငြင်းပယ်နေသူမှာ စစ်အစိုးရ နှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် " ထိုးစစ်တွေ ချက်ခြင်းရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး ညှိနိုင်းမှုတွေ လုပ်ပါ။" ဟု ပြောခြင်လျှင် ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရ ကို တည့်တည့် ပြောဘို့လိုပါ မည်။ ၀ါးလုံးရှည်နှင့်ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်လျှောက်တောင်း ဆိုနေမှုကို အသိအမှတ်မပြုရာ ကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့် သဘောမျိုး သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်းများအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။
အမှန်တရားကို ရှာဖွေခြင်းနှင့် ဖေါ်ထုတ်ခြင်းသည် လူ့လောက၏ တန်ဘိုး။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်းတွင် ပြောကြားသွားခဲ့သည့် အောက်ပါမိန့်ခွန်းကို လေ့လာခြင်းဖြင့် ကချင်ပြည်နယ် စစ်ပွဲများနှင့် စပ်လျှဉ်း၍ သူမ ရှာဖွေလျှက်ရှိသောအရာကို နားလည်နိုင်သည်။
"ကချင်ပြည်နယ်မှာ ဖြစ်တဲ့ ပိပက္ခတွေနဲ့ပတ်သက်ပြီး တချို့က ကျမကို မကြေနပ်ကြဘူး။ မကြေနပ်တာက တဘက် ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။ ကိုယ်မကြိုက်တဲ့ ဘက်နဲ့ပတ်သက်လို့ အဲသည်ဘက်က လုပ်တာတွေဟာ မှား တယ် အပြစ်ရှိတယ် ဆိုတာ ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲ ဆိုတာ မကြေနပ်တာတွေ ရှိကြ ပါတယ်။ သည်လိုပြင်းပြင်းထန်ထန် တဘက်ကို ပြောလို့ ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဘက်လုံး ဘယ်သူမှန် တယ်၊ ဘယ်သူမှားတယ်ဆိုတာထားလိုက်။ တဘက်ကို ပြင်းပြင်း ထန်ထန်ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။ အချင်းချင်း ပိပက္ခတွေ ပိုပြီးကြီးသွားမယ်။ ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။ (လက်ခုပ်သံများ) ပိပက္ခတွေ ပိုပြီးကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ မလုပ်နိုင်ဘူး။"
ဒေါ်အောင်ဆန်းစုကြည်က ပြသနာကို ချဉ်းကပ်ပုံမှာ ခလေးနှစ်ယောက် မုံ့တခုကို သူ ရထိုက် ကိုယ်ရထိုက် လုရင်း ရန်ဖြစ် ကြသည့်အခါ မိခင်က နှစ်ယောက်လုံးကြေနပ်သွားအောင် ၀င်ပြီးဖျန်ဖြေသည့် စဉ်းစားပုံမျိုး ဖြစ်နေသည်။ တတိုင်းပြည်လုံးအတွက် သေရေးရှင်ရေး တမျှ အရေးကြီးလှသည့် ပြည်တွင်းစစ်ပြသနာ ကို ဤသို့မချဉ်းကပ်သင့်ဟု ယူဆသည်။ ပြသနာကို ဖြေရှင်းမည်ဆိုလျှင် ၄င်း၏ အရင်းခံအကြောင်းကိုရှာရပါမည်။ ဤသည်မှာ အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်သည်။ အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ရပါမည်။ အမှန်တရားဘက်တွင် ရပ်တည်ဖြေရှင်းရန် ကြိုး ပမ်းဘို့လိုပါမည်။
အမှန်တရား[i] သည် လောက၏ သစ္စာဖြစ်သည်။ "ဘာသာရေးတွေ အားလုံးရဲ့ဘာသာရေးဟာ အမှန်တရား ဖြစ်တယ်။" ဟူ၍ ထင်ရှားသည့် အိန္ဒိယ ယောဂီကြီးတပါးက မိန့်ကြားခဲ့ဘူးသည်။ တောင်အာဖရိကနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်[ii] ဟူသည်ကိုပင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အောက်ပါ စကားလုံးများကို အသေအချာလေ့လာကြည့်မည်ဆိုလျှင် အမှန်တရားကို ပေါ့ပေါ့ပင် သဘောထားနေသည်ဟု သုံးသပ်ရပါမည်။
"နှစ်ဘက်လုံးဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထားလိုက်။ တဘက်ကို ပြင်းပြင်းထန်ထန်ပြောရင်ဟိုတဘက် က ကြေနပ်မှာလား။ အချင်းချင်း ပိပက္ခတွေ ပိုပြီးကြီးသွားမယ်။"
ဝမ်းနည်းစွာ ဆိုပါမည်။ အထက်ပါ စကားလုံးအရ  ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် သည် အမှန်တရားကို  ရှာဖွေသူ မဟုတ် တော့ပါ။ သို့ဖြစ်လျှင် သူမသည် အမှန်တရား ကိုမြတ်နိုးသူ၊ အမှန်တရားကို အလေးအနက်ထားကာ ဖေါ်ထုတ် မည့်သူ၊ အမှန်တရားအတွက် တိုက်ပွဲဝင်မည့်သူဟု မြှော်လင့်နိုင်ပါတော့မည်လား။
သူမ အနေဖြင့် အမှန်တရား မှာ အဓိကမဟုတ်တော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်မှုပင် ဖြစ်စေဦး၊ ယင်းကို ဖေါ်ထုတ်ဘို့မှာ ပဓါန မကျတော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူ မကြေနပ်မှာပင် စိုးရိမ်နေရသည်။ ထိုသူ မကြေနပ်အောင် သွားမလုပ်နှင့်။ ပြသနာတွေ ပိုပြီးတက်လာနိုင်သည်။ ပိပက္ခတွေ ပိုပြီးကြီးထွားသွားနိုင်သည်။ သို့ဖြစ်၍ိပက္ခတွေ ကြီးထွားမလာစေရေးအတွက် ထိုသူမကြိုက်အောင် ပြင်းပြင်းထန်ထန်မပြောနှင့် ဟု ဆိုလိုခြင်း ပင်။ ယင်းမှာ အမှန်တရား ကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူများဖြစ်စေဦးတော့ ထိုသူများကြေနပ်စေရေးက အဓိက ကဲ့သို့ ဖြစ်နေသည်။
ရှေးသရောအခါ "မတရားတဲ့ အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ဖီဆန်ကြ။" ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ကြွေးကြော်သံထုတ်ကာ လူထုကို လှုံ့ဆော်စည်းရုံးခဲ့ဘူးသည်။ ထိုကြွေးကြော်သံကို ဒီချုပ်ခေါင်းဆောင်များ ၀ိုင်းဝန်း ရေးသားခဲ့ကြစဉ်က " တာဝန်အရ" ဟူသော စကားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်သွင်းခဲ့သည်ဟု လေ့လာရသည်။ ယခု ဒီချုပ်၏ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဆောင်ပုဒ်ကို မည်သို့ သဘောထား ပါဦးမည်နည်း။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်းမတရားတဲ့ အမိန့်အာဏာများ ကင်းစင်သွားပြီဖြစ်သဖြင့် ယင်း ဆောင်ပုဒ်အား အသုံးပြုရန်မလိုတော့ဟု ပြောပါမည်လား။ သို့မဟုတ် ဆောင်ပုဒ်ကို "မတရားတဲ့ အမိန့် အာဏာ ဟူသမျှ၊ တာဝန်အရ၊ ငုံ့ခံကြ။" ဟူ၍ ပြောင်းလဲလိုပါသလား။ ဤသို့ပြောင်းလဲ ကျင့်သုံးလျှင် ဥပဒေစိုးမိုးရေးရနိုင်ပါ မည်လား။
လူ့အခွင့်အရေးချိုးဖေါက်မှုကို ဒေါ်အောင်ဆန်းစုကြည်တကယ်တန်းအရေးယူဆောင်ရွက်မည်လား။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကို ရည်ညွှန်းသည့် အထက်ပါ မိန့်ခွန်းနှင့် တဆက်တည်းမှာပင် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် စပ်လျှဉ်း၍ သူမက အောက်ပါအတိုင်း ပြောကြား သွားခဲ့သည်။
"လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုရင်တော့ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် လို့ပြောပါရစေ။ ဘယ်သူရဲ့ လူ့အခွင့် အရေးဘဲ ဖြစ်ဖြစ် ချိုးဖေါက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ မလုပ်ခြင်းဆိုရင်လဲ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။" (သြဘာသံများ)
ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ပြောကြားချက်ကို လှိုက်လှဲစွာ ကြိုဆိုရပါမည်။ သူမ၏ ရိုးသားသည့် စေတနာ လည်းဖြစ်နိုင်ပါသည်။ သို့ရာတွင် ပွင့်လင်းစွာ ဆိုရလျှင် ယခုအချိန်အထိမူ လူထုအကြိုက် လိုက်ပြီးပြောသည့်အဆင့်၊ အပြောသက်သက် အဆင့်တွင်သာ ရှိနေသေးသည်။  လက်တွေ့ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် မည်သည့် လူ့အခွင့်အရေးချိုးဖေါက်မှု တစုံတရာကိုမျှ ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် ထိထိရောက်ရောက် အရေးယူဆောင် ရွက် နေကြောင်း မကြားသိရပါ။ သာမန်လူ့အခွင့် အရေးချိုးဖေါက်မှု အဆင့်ကို ကျော်ရုံသာမက စစ်ရာဇ၀တ် မှုကြီးကို ကျူးလွန်သည့် အဆင့်သို့ရောက်နေပါပြီ။ သာဓက တခုပြပါမည်။
ကချင်ပြည်နယ်၏ ဒေသတခုအတွင်း ကျူးလွန်ခံခဲ့ရသည့် မိသားစုတစုအား စာရေးသူကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့ သည့် မှုခင်းတခုကို အကျဉ်းမျှ ပြန်လည်မျှဝေပါမည်။ ကာယကံရှင်များ၏ လုံခြုံရေးအရ ၄င်းတို့၏ အမည်နှင့် ဖြစ်ပွား ရာဒေသကိုမူ ဤတွင် ဖေါ်ပြမည် မဟုတ်ပါ။
အစိုးရ စစ်တပ်များ ၄င်းတို့၏ ရွာအတွင်းသို့ဝင်ရောက်လာခဲ့ကြသည်။ ရွာအတွင်းတွင် တိုက်ပွဲလည်း မဖြစ်။ မည်သည့် ကေအိုင်အေ စစ်သားမျှလည်းမရှိ။ ရွာသူရွာသားများအားလုံးနီးပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားခဲ့ကြသည်။ ၄င်းတို့မိသားစုတွင် သားသမီးနှစ်ဦးရှိသည်။ ခင်ပွန်း၏ ဖခင်မှာ အသက်ကိုးဆယ် အရွယ်အဖိုးအို ဖြစ်သည်။ ၄င်းလည်း အတူတကွ တအိမ်တည်းနေထိုင်ခဲ့ကြသည်။ ခင်ပွန်းက ဖခင်အိုကြီးကိုပါ တပါတည်းခေါ်ဆောင်ကာ မိသားတစုလုံး ထွက်ပြေးကြရန် ပြင်ဆင်ရာ ၄င်းက တူးတူးခါးခါး ငြင်းဆန်သည်။ သူ အသက်ကြီးပြီ ဖြစ်၍ အခြား နေရာသို့မသွားလို တော့။ သွားလည်း မသွားနိုင်တော့။ သူတသက်လုံးနေထိုင်ခဲ့သည့် ဤရွာမှာပင် အသေခံတော့မည်ဟု ဆိုသည်။
သို့နှင့် ခင်ပွန်းသည်မှာလည်း ဖခင်အိုကြီးကို ပစ်ထားပြီး မသွားရက်နိုင်သဖြင့် ဇနီး နှင့် ခလေးနှစ်ဦးကို အခြားရွာသူ ရွာသားများနှင့် အတူ ထွက်ပြေးနိုင်အောင် စီစဉ်ပေးလိုက်သည်။ သူကမူ ဖခင်အိုကြီးနှင့် အတူ ရွာနှင့် မလှမ်းမကမ်း တနေရာတွင် တောစပ်ထဲတွင် ပုန်းအောင်းကျန်ခဲ့သည်။ သစ်ခက်သစ်ရွက်များကို အိပ်ယာ အိပ်ခင်းသဘွယ်ပြု၍ မြောက်သတ္တ၀ါများကဲ့သို့ သားအဖ နှစ်ဦးအိပ်စက် နားနေကြရင်း ရွာတွင်းရှိ အစိုးရစစ်ကြောင်း၏ အ၇ိပ် အခြေ ကို စောင့်ကြည့်နေကြသည်။ ဇနီးနှင့် ခလေးနှစ်ဦးမှာ သွားလာရေး အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းပြီး ဒုက္ခသည် စခန်း တခုသို့ ရောက်သွားကြသည်။ ခင်ပွန်းသည်က ၄င်းတို့တွင် ရှိသော တရုတ်ဖုံးကို သုံး၍ ဇနီးထံ အစိုးရ စစ်ကြောင်း၏ အခြေအနေကို ဆက်တိုက်ပြောပြနေရင်းအားပေးနှစ်သိမ့်ခဲ့သည်။
" မိန်းမရေ။ မပူနဲ့ကွ။ စစ်သားတွေ ရွာကနေ ထွက်သွားကြတော့မယ်။ ငါတို့အိမ်ကလေး အခုအချိန်အထိ ဘာမှ မဖြစ်ဘူး။ မင်းတို့ကျမ္မာအောင်နေ။ စိတ်မပူနဲ့။" ယင်းသို့အထပ်ထပ်အားပေးနေသည့်အတွင်း သူ့မျက်စိရှေ့မှောက် မှာပင် စစ်သားများက သူတို့မိသားစု၏ အိမ်ကလေးအပါအ၀င် ရွာအတွင်းရှိ အိမ်အချို့ကို မီးရှို့လိုက်ကြသည်။ ခင်ပွန်း သည်မှာ ကြည့်နေရင်းမှပင် စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာထိခိုက်ခံစားလိုက်ရသည်။ အရူးတပိုင်းမျှ ဖြစ်သွားခဲ့သည်။ ရွာအတွင်းမှ အစိုးရ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူသည် သူ့မိသားစု ရှိရာ ဒုက္ခ သည် စခန်းသို့ သွားရောက်ပြီး မနေနိုင်။ ဖခင်အိုကြီးကို စောင့်ရှောက်ပြီး နေရသည်။ နေစရာအိမ်မရှိ။ စားစရာလည်းမရှိ။ မီးလောင်ပြီး ကျန်ခဲ့သည့် စပါး အကြွင်းအကျန်များကို ရှာဖွေကာ ထုထောင်း အခွံချွတ် ချက်ပြုတ်ပြီး ဖခင်အိုကြီးကို ကျွေးမွေးရသည်။
ဤသည်မှာ တကယ့်အဖြစ်အပျက်ပါ။ ထိုမိသားစုမှာ ယခုတိုင်အသက်ရှင်နေဆဲဖြစ်သည်။ အလားတူ နိုင်ငံတကာ စစ် ရာဇ၀တ်မှုမြောက်သည့်မှုခင်းမျိုးများ ကချင်ပြည်နယ်တွင် အတော်များများ ဖြစ်ပွားလျှက်ရှိသည်။ "လူ့အခွင့်အရေးချိုး ဖေါက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" ဟူ၍ ကမ္ဘာသိကြေငြာကာ လူထုအများ၏ သောင်းသောင်း ဖျဖျ သြဘာလက်ခုပ်များကို ခံယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်အတွင်းရှိမည်သည့် အမှုအခင်း တခုတလေကိုမျှ အရေး ယူကိုင်တွယ်နေသည်ဟု မကြားမိပါ။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၄) ရက်နေ့က လိုင်ဇာတွင် စစ်အစိုးရတပ်များက လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သား သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရခဲ့သည်။ ဤသည်မှာလည်း စစ်ရာဇ၀တ်မှု အထင်အရှားပင်။ " အရပ်သား လူထုတွေ သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါ တယ်။" ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် နုတ်ကလေးမျှပင် ဖွင့်ဟခြင်း မရှိပါတကား။
"ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။" ဟူ၍ ပြောင်ပြောင်တင်းတင်း ပြောခဲ့ သလိုပင်။ သူမသည် မည်သူ ကြေနပ်သည် ဖြစ်စေ၊ မကြေနပ်သည် ဖြစ်စေ၊ ဂရုစိုက်လိမ့်မည် မဟုတ် ဟူသည့် အနေ အထားမျိုးနှင့် ခပ်တင်းတင်းပင်ဆက်လက်လျှောက်လှမ်းတော့မည်လား။ စိုးရိမ်မိသည်မှာ အမှန်ပင်။ ဒီမို ကရေစီရေး လှုပ် ရှားမှုကြီးအတွင်းမှာပင် လူထုအသံဟူသည်မှာ အဓိပ္ပါယ်ရောရှိရဲ့လား။ နိုင်ငံတကာ စစ်ရာဇ၀တ်မှု ကဲ့သို့သော မှုခင်း ကြီးများကိုပင် ဥပက္ခာပြုထားနေလျှင် ဥပဒေစိုးမိုးရေးကို မည်သည့်အခါတွင် ရနိုင်ပါမည်နည်း။ အစရှိသဖြင့် တွေးတော စရာ တပုံတပင် ရှိလာပါတော့သည်။
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆောင်ရွက်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက်               မည်သည့် အခါတွင် အကျိုးရှိနိုင်မည်နည်း။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲအရှိန်ပြင်းထန်လာသည်နှင့် အမျှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်း ပေးရန် တောင်းဆိုသံများ ပို၍ပို၍ ကျယ်လောင်စွာ ကြားလာရသည်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်သည် ဆိုစေဦး။ မည်သည့် အနေအထားဖြင့် ဆောင်ရွက်မည် ဟူသည်မှာ အရေးကြီးလာသည်။ အမှန်တရားကို မဖေါ်ထုတ်၊ အမှန်တရားဘက်မှ မရပ်တည်ဘဲ၊ အလယ်မှာ နေသည်ဟု ကြွေးကြော်ကာ မရှင်းမရှင်း ဆောင်ရွက်မှုများ ရှိလာလျှင် နစ်နာမှုများပေါ်ပေါက်လာနိုင်မလား ဟူ၍ ရိုးသားစွာ စိုးရိမ်မိသည်။ အဘယ်ကြောင့်နည်း။
စစ်အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုများ လုပ်မည်ဟု ကမ်းလှမ်းရာတွင် ဦးအောင်မင်း က ဥပဒေဘောင် အတွင်းက ပေးနိုင်သမျှ အခွင့်အရေးများ အားလုံးပေးသွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ဦးအောင်မင်း ဆိုလိုသည့် ဥပဒေဘောင် ဆိုသည်မှာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ဆိုလိုခြင်းဖြစ်သည်။  
လိုင်ဇာကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက် ဇန်န၀ါရီလ ၁၅ ၇က်နေ့တွင် အစိုးရ၏ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွ် ၏ အပြောကို လေ့လာမည်ဆိုလျှင်လည်း အပစ်အခတ်ရပ်စဲရေးမှာ အဓိကဖြစ်သည်။ ဦးသိန်းစိန်အစိုးရ အနေ ဖြင့် ကေအိုင်အေအား အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးစေခြင်သည်မှာ တပိုင်းသေလောက်အောင် ဆန္ဒရှိနေသည်။ အဘယ်ကြောင့် ဆိုသော် အပစ်ရပ်ပြီးလျှင် ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့များ တရုတ်ကို ရောင်းချုနိင်ရေး အတွက် ကချင်ပြည်နယ် နယ်စပ်ကို ဖြတ်သန်းသွားသည် ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ လုံခြုံစွာလုပ်ဆောင် နိုင်မည်။ အစိုးရလိုင်စင်ချပေးထားသည့် ကျောက်တွင်းတူးကုမ္ပဏီများက တူးယူထားပြီး ဖားကန့်ဒေသ ဂိုဒေါင်များ အတွင်းမှာ ပင်အောင်းနေသည့် ကျောက်စိမ်းတုံးများကို ထုတ်ယူကာ နေပြည်တော်တွင် ကျောက်မျက်ရတနာပြပွဲခင်းကျင်း ရောင်း ချနိုင်တော့မည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်ုးကို ပြန်လည်လုပ်ဆောင်နိုင်မည်။ ကချင်ပြည်နယ်ကို ဖြတ် သန်းပြီး တရုတ်ပြည်ဘက်သို့ကုန်သွယ်ရေးလမ်းကြောင်းသစ်များကို ဖေါက်ပြီးအကျိုးအမြတ်ရှာနိုင်တော့မည်။
သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ထိုးစစ်ကြီးများဆင်နွှဲ၊ စစ်ရေးအရ အကြီးအကျယ် ဖိအားပေး၊ အရပ်သား များနေ ထိုင်နေကြသည်ကို သိပါလျှက် လိုင်ဇာမြို့ကိုပါ အမြှောက် ကြီးများနှင့် ပစ်ခဲ့ခြင်း ဖြစ်သည်။ အရပ်သားများ သေကြေ သည်အထိ စစ်ဖြစ်နေပြီဟု တကမ္ဘာလုံးက သိသွားလျှင် နှစ်ဖက် အပစ်အခတ် ရပ်ကြဘို့ ဖိအားပေးမှုများ အားကောင်း ကောင်းနှင့် ကျရောက်လာမည်။ အပစ်အခတ်ချက်ခြင်းရပ် ဟူသော အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာ မည်။ ထိုအခါတွင် အစိုးရဘက်ကတော့ အပစ်ရပ်ရန် အသင့်ရှိပါလျှက် ကေအိုင်အေက မိုက်မိုက် ကန်းကန်း ဆက် တိုက်နေသဖြင့် မသေသင့်သောလူထုများသေကြေ နေခြင်းဖြစ်သည် ဟု အစိုးရကအသံကောင်းဟစ်ဦးမည်။ ဤသည် မှာ အမှန်တရားဖြစ်သည်။
ယင်း အမှန်တရားကို ဒေါ်အောင်ဆန်းစုကြည် သိမြင်ဘို့ကြိုးစားပါမည်လား။ သိမြင်သည် ထားဦးတော့ ကမ္ဘာသိ အောင် ဖေါ်ထုတ်၇ဲပါမည် လား။ "စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။" ဟူ၍သာ တတွတ်တွတ် ရွတ်နေရုံမျှ ဆိုလျှင်မူ ဦးသိန်းစိန် ၏ စစ်အစိုးရက များစွာဝမ်းမြောက်ပါမည်။ နှစ်ဘက် အပစ်အခတ် ၇ပ်စဲရေးသာ အဓိက ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်စေမည့် နိုင်ငံရေး ဆွေးနွေးပွဲကိုသာ ဦးတည် နေသောကြောင့်ပင်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ၏ အရင်းခံမှာ ပြည်ထောင်စုတည်ဆောက်ရေးပြသနာဖြစ်သည်။ ယင်းနှင့် စပ်လျှဉ်းသည့် အမှန်တရားမှာ ပင်လုံစာချုပ်ဖြစ်သည်။ ပင်လုံစာချုပ်ပါ တိုင်းရင်းသားပြည်နယ်များ၏ အခွင့် အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖေါ်ဆောင်ရန်ကြိုးပမ်းမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အလုပ်မဖြစ်နိုင်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကြီး (၁၁) ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ယူအင်န်အက်ဖ်စီက ပြောကြားခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင် တဖွဲ့ဖြစ်သည့် ကေအိုင်အို ကလည်း ယင်းအတိုင်းပင်ရပ်တည်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တောင်းဆိုသည်။ ၂၀၁၃ ဇန်န၀ါရီလ (၁၄)ရက်နေ့ မှာပင် ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း၏ အောက်ပါ အင်တာဗျူးကို လေ့လာပါ။
"အဓိကကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့ နိုင်ငံ ရေး ဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ အရင်တုန်းက (အစိုးရက) နိုင်ငံရေးဆွေးနွေးဘို့ မပြောဘူး။ ဒီနောက်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးရအောင်လို့ ပြောလာတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင် ထဲကပဲ လုပ်ဆောင်သွား ကြမယ် ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်း ရနိုင်တဲ့ နိုင်ငံရေးဆွေးနွေး မှု ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်သွားမယ်ဆိုရင်တော့ ဒီကိစ္စလွယ် လွယ်နဲ့ ပြေလည်သွားမှာ ပါ။ အခု သူတို့ ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင်တဲ့ကိစ္စဖြစ်တယ်။"
လမ်းနှစ်သွယ်မှာ ရှင်းနေပါသည်။ ဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်၊ နိုင်ငံရေးဆွေး နွေး ပွဲဟူသည်ကို မြှောထားကာ ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား၂၀၀၈ ဖွဲ့စည်း ပုံ ဘောင် အတွင်းသို့ ပြန်လည်ရိုက်သွင်းရန်သာ ဖြစ်သည်။ အမျိုးသားညီလာခံကို ၁၅ နှစ်တာ အချိန်ဆွဲကာ ဦး ဆောင် ကျင်းပခဲ့သော ဦးသိန်းစိန်သည် မည်သည့်ဦးတည်ချက်ကို သွားမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို နောက် ထပ် နှစ်ပေါင်း များစွာ အချိန်ဆွဲကာ ကျင်းပသွားရန်မှာ မည်သို့မျှ အခက်အခဲမရှိနိုင်ပါ။ ဤသည်မှာ စစ်အစိုးရ လျှောက်လှမ်းနေသော နိုင်ငံရေးလမ်းကြောင်းဖြစ်သည်။
သို့ဖြစ်၍ ကေအိုင်အိုသည် နိုင်ငံရေးဆွေးနွေးပွဲ၏ တိကျသော ဦးတည်ချက်ကို ကြိုတင်အာမခံချက် ရထားလိုပုံရှိသည်။ ပင်လုံစာချုပ်ကို ပြန်လည်ဖေါ်ထုတ်ကျင့်သုံးရန် အပစ်အခတ်ရပ်စဲရေးပျက်ပြီးကထဲက ကေအိုင်အိုက ပိုမို အလေး အနက်ထား တိုက်တွန်းလျှက်ရှိသည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း ထပ်ခါထပ်ခါ တင်ပြလျှက်  ရှိသည်။ ပင်လုံစာချုပ် အခြေခံပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု ဦးသိန်းစိန် အစိုးရ က တရားဝင် ကြေငြာပြီးနောက်တွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သွားလိုပုံရသည်။ ဤသည် မှာ ကေအိုင်အို လျှောက်လှမ်းလိုသော နိုင်ငံရေး လမ်းကြောင်းဟု စာရေးသူနားလည်သည်။
ကချင်ပြည်နယ်စစ်ပွဲ ကို အဓိက ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဖြေရှင်း ရန် ကြိုးပမ်းမည် ဆိုပါက ဤလမ်းနှစ်သွယ် အနက် မည်သည့်လမ်းပေါ်တွင်ရပ်တည်၍ ဆောင်ရွက်မည်နည်း။ အလယ် မှာ ရပ်ပြီး နှစ်ဘက်ကြေနပ်အောင်လုပ်ရန် မဖြစ်နိုင်ပါ။ ဆွေးနွေးညှိနိုင်းကြပါ၊ စကားပြောကြပါ ဟု ဆိုကာ စစ်အစိုးရ အလိုကျ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ခေါ်သွင်းသည့် အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်လိမ့်မည် မဟုတ်  ဟု မြှော်လင့်ပါသည်။
၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့တွင် လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက တိုင်းရင်းသားတွေလိုလားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဟုဆိုကာ ဖက်ဒရယ် ဥပဒေမူကြမ်း တခုရေးသားရန် လွှတ် တော် အမတ်များ ဖြစ်ကြသည့် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု တို့အား တာဝန်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးချိန်မှစ၍ ဖက်ဒရယ်ကို ခွဲထွက်ရေးဟူ၍ ၀ါဒဖြန့်ကာ တိုင်းရင်းသားအခွင့်အရေးကို ငြင်းပယ်၊ ပြည်ထောင်စု မပြိုကွဲရေးဟူသည်ကို အကြောင်းပြကာ တိုင်းရင်းသား ပေါင်းစုံ လူထုတရပ်လုံးကို နှစ်ပေါင်း ငါးဆယ်ကျော် ဖိနှိပ်အုပ် ချုပ်ခဲ့သော စစ်အာဏာရှင်များက ဖက်ဒရယ်ဟူသည်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်ပေးသည့် ပြည်ထောင်စု တည်ဆောက်ပုံဖြစ်ကြောင်း အတိအလင်း ၀န်ခံလာခဲ့ရပြီဖြစ်သည်။
သို့ရာတွင် စစ်အာဏာရှင်များသည် ဖက်ဒရယ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှာပင် တည်ဆောက် ၍ ရနိုင်သလိုလို ပုံဖေါ်ကာ တိုင်းရင်းသားအဖွဲ့အစည်းများအား ဆက်လက်လှည့်ဖျားရန်ကြိုးပမ်းနေဆဲဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ အနောက်အရပ်က နေထွက်လာမည် ဟူသည့် ပမာသာ ဖြစ်ပါမည်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပါမည်ဟု ကတိပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း လက်မှတ် ရေး ထိုးချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အခြေခံအပေါ်တွင် ဖက်ဒရယ် ပြည်ထောင်စုသစ် တရပ်တည်ဆောက်ခြင်းဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားလိမ့်မည်ဟု စာရေးသူ မြှော်လင့်နေဆဲဖြစ်ပါသည်။ 
အပိုင်း (၆) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)                                          
ဇန်န၀ါရီလ (၁၇) ရက် ၂၀၁၃ ခုနှစ်
ရည်ညွှန်းချက်များ




[i] Truth
[ii] Truth and Reconciliation Commission


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/20/2013 10:51:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ