admin posted: " စပွန်ဇာနိုင်ငံရေး ကယ်ပါတိုင်းသား၊ ဇန်န၀ါရီ ၂၄၊ ၂၀၁၃ ကယ်ပါတိုင်းမှာ ခိုးလို့ရတယ်။ လုလို့ရတယ်။ ဓမြတိုက်လို့ရတယ်။ နောက်ဆုံး လူသတ်လို့ရတယ်။ အဲဒီအတွက် ဘာပြဿနာမှကို မရှိဘူး။ ပြီးရင်တော့ စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။ ေ"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[New post] ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၂၊ ဒုတိယပိုင်း)
admin posted: " ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၂၊ ဒုတိယပိုင်း) ပါရီမောင်၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်) LESSON -2 ARTICLE Part ( 2 ) 2 . Definate Article (Article défini) သိပြီး၊သေချာပြီးပစ္စည်းများ ( le , la , les ) လ၊လာ၊လေ ပြင်သစ်စာရေးသားခြင်း၊ "
|
[New post] ဗိုလ်ရွှေမန်းကို မလွန်ဆန်နိုင်သူ ဗိုလ်သိန်းစိန် (Tu Maung Nyo)
admin posted: " ဗိုလ်ရွှေမန်းကို မလွန်ဆန်နိုင်သူ ဗိုလ်သိန်းစိန် တူမောင်ညို၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၃ ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ပေးပို့လာသော "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း"နှင့်" ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သ"
|
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး လူထုအားဖမ်းဆီးရိုက်နက်
- NLD စည်းရုံးရေးခရီးစဉ် သျှမ်းပါတီ၏အားနည်းချက်ကိုထောက်ပြ
- လြယ္ဂ်ယ် - ဗန်းမ္ကောားလမ်း ယာဥ္မ်ားမသြားရန် KIA ညြန်ကြား
| မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး လူထုအားဖမ်းဆီးရိုက်နက် Posted: 23 Jan 2013 03:09 AM PST သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲအတွင်း မြန်မာစစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦးသေဆုံးသွားရကြောင်း၊ ကျေးလက်ရွာသား ၇ ဦးအားဖမ်းဆီးရိုက်နှက်သောကြောင့် ယခုထိ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းကဆိုသည်။ မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိစာသင်ကျောင်း (ဓါတ်ပုံ- google +)"အရင်အပတ်ထဲကဘဲ။ ခမရ ၅၀၂ တပ်ရင်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ကိုင် ရွာထဲဝင်တယ်။ သူတို့ ၂ ဖွဲ့အချင်းချင်း မှားပြီး ပြန်ပစ်ခတ်ကြတယ်။ ၃ ရစ်ဆရာတယောက်ကျတယ်။ သူတို့လူ ပြန်ထိလို့ ရွာသားတွေကိုအပစ်ရှာပြီး ၇ ယောက် ဖမ်းဆီးရိုက်နက်တယ်။ ၂၄ နာရီကျော်ချုပ်ထားတယ်။ ကျားဖြူက လာပြောလို့ ပြန်လွှတ်ပေးတာ။ ဒဏ်ရာပြင်း ထန်တဲ့သူ အခုထိ ကျောက်မဲဆေးရုံမှာဘဲ" ဟု ကျောက်မဲရောက်မိုင်းငေါ့မြို့ နယ်ခွဲဒေသခံတဦးက ပြောသည်။ ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့မြို့နယ်ခွဲ၏အနောက်ဘက် ၈ မိုင်ခန့်ဝေးသော တင်ကိုင်ရွာ၌လယ်တောမှပြန် လာ သော ရွာသားအား မြန်မာစစ်တပ် ခမရ ၅၀၂ စစ်ကြောင်းက တားဆီးပစ်ခတ်ခဲ့သည်ဟုဆို၏။ ရွာပြင်၌စောင့် နေသော အဆိုပါစစ်ကြောင်းမှ တပ်သားတချို့က ရွာတွင်း၌တိုက်ပွဲဖြစ်နေပြီဟုထင်မှတ်ကာ ရွာထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်အချင်းချင်းမှားပစ်ခတ်ကြပြီး တပ်ကြပ်ကြီးတဦးကျဆုံး သွားသည့်အပေါ် ရွာသားများ ကြောင့်ဖြစ်ရ သည်ဟု စွပ်စွဲကာ ရွာ သား ၇ ယောက်ကိုဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း၊ ကျားဖြူပါတီ အကြီးအကဲ အာမခံမှုဖြင့် အဆိုပါ ၇ ဦး အားပြန်လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း ယခုဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ကျောက်မဲဒေသခံ ကပြောပါသည်။ " ရွာသား ၇ ယောက်ကို စစ်ကြောင်းက ဖမ်းဆီးချုပ်နှောင်တာလေ။ ရိုက်ထားတဲ့ဒဏ်ရာတွေ လဲမနည်းဘူး။ ကျောက်မဲ က ကျားဖြူ ဒုဉက္ကဌ စိုင်းဆောင်ဆီ၊ အမတ်စိုင်းခမ်းကျော်၊ အမတ်စိုင်းသန်းမောင်တို့ဆီကိုသတင်းကရောက်သွားတယ်။ စိုင်းခမ်း ကျော်က သွားပြီးအာမခံပေးမှ ပြန်လွှတ်ပေးတာ။ ဒါပေမယ့် ၇ ယောက်စလုံးအခု ကျောက်မဲ ဆေးရုံမှာ မနေ့ကအထိတော့ မဆင်းရသေးဘူး။ ရွာသားတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးရိုက်နှက်တဲ့အတွက် စိုင်းခမ်းကျော်ကနေ တရားစွဲမယ် အမှုဖွင့်မယ်ပြောတယ်။ အခုအဲဒီစစ်ကြောင်းမှူးနဲ့ တပ်ရင်းမှူးက ကျားဖြူအမတ်ကိုပြန်လာပြီး တောင်းပန်ထား တယ်" ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။ ယမန်နှစ် နိုဝင်ဘာလကတည်းက မိုင်းငေါမြို့နယ်ခွဲအတွင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီးပစ်ခတ်မှု များ ကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များ၏ မကြာခဏ ဖမ်းဆီးခြင်းကို ခံကြရ သည်။ |
| NLD စည်းရုံးရေးခရီးစဉ် သျှမ်းပါတီ၏အားနည်းချက်ကိုထောက်ပြ Posted: 23 Jan 2013 03:08 AM PST သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးဆင်းရာတွင် သျှမ်းပါတီ ၂ ခု၏အားနည်းချက်ကိုပါ ထည့်သွင်းထောက်ပြပြောဆိုနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆိုပါသည်။ နမ္မတူမြို့နယ် မိုင်းမုအုပ်စု" ကျနော်တို့ရွာရောက်တုန်းက - ခင်ဗျားတို့သျှမ်းပါတီက ၂ ပါတီဖြစ်နေတယ်။ ဒီကြားထဲ မတည့်ဘူးဖြစ်နေသေးတယ်။ ခင်ဗျားတို့ကိုဘယ်လိုဦးဆောင်မလဲ ။ စဉ်းစားမနေနဲ့ ခင်ဗျားတို့ကိုတကယ်ဦးဆောင်ဦးရွက်လုပ်ပေးမယ့် ခင်ဗျားတို့အကျိုး ကိုတကယ်လုပ်ပေးမယ့်ကျနော်တို့ ပါတီကိုထောက်ခံကြတော့ ။ လူအင်အားများမှ ဒီမိုကရေစီဖော်ဆောင်နိုင်မယ် - လို့ပြော တယ်ဗျာ။ ကျနော်ဆိုရှက်သလားမမေးနဲ့" - ဟု မန်စံအုပ်စုဒေသခံ စိုင်းခေးကပြောပြသည်။ နမ္မတူမြို့နယ် မန်စံအုပ်စုရှိ မိုင်းမု၊ ကောင်းဟုန်း၊ လုံမိတ်၊ မန်မိုင်၊ ဆန်ခါ၊ နောင်ငင်း၊ နမ့်ဆီလင်း၊ ပန်ဟက်၊ ပန်လုံ၊ ပန်ဆပေ၊ ဝမ့်လီတို့ဘက်၌ NLD ပါတီမှ မဲဆွယ်စည်းရုံးနေကြောင်း၊ ပလောင်ရွာသားအများစုမှာ ၎င်းတို့အား ထောက်ခံကြ ကြောင်း အချို့ရွာသားများအားလည်း လက်ဆွဲကာ ပါတီဝင်ခိုင်းစေကြောင်း ရပ်ရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။ " လက်ဆွဲ ဘာဆွဲဆိုတော့ တချို့ကလဲအားနာနာနဲ့ဝင်တာတွေရှိတယ်ပေါ့ဗျာ။ ပန်ဟက်ရွာမှာဆိုရင် တချို့က စဉ်းစား ဦးမယ်လို့ပြောတော့ မရဘူးတဲ့ ဓါတ်ပုံအတင်းရိုက်ခိုင်းပါတီဝင်ဖြည့်ခိုင်း အဲလိုမျိုးတွေရှိတယ်တဲ့ ။ ကျနော့်သူငယ်ချင်း ပြောပြတာ" - ဟု ဒေသခံစိုင်းညွန့်ကပြောပြသည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လိုက်လံစည်းရုံးနေသော အဖွဲ့၏ခေါင်းဆောင်မှာ နမ္မတူမှစိုင်းခမ်းလိုင်ဆိုသူဖြစ်ကြောင်း၊ ၎င်းအဖွဲ့တွင် ဗမာ ၃ ယောက်နှင့် သျှမ်း ၃ ယောက် စုစုပေါင်း ၆ ယောက်ရှိကြောင်း ရွာသားများကဆိုပါသည်။ " ဒီအပတ်ထဲမှာဘဲ ကျနော်တို့နေတဲ့ဘက်ကို သူတို့အဖွဲ့ စည်းရုံးရေး စဆင်းတယ်။ သူတို့ရဲ့ခေါင်းဆောင်က ဦးခမ်းလိုင်တဲ့။ နမ္မတူကဘဲလို့ပြောတယ်။ မန်စံအုပ်စုထဲမှာ တအိမ်တက်ဆင်းလိုက်ပြီး စည်းရုံး နေတယ်။ ပလောင်ရွာတွေတော့ ရွာလုံး ကျွတ် ရွာလုံးကျွတ် NLD ပါတီထဲဝင်နေကြပြီ" ဟု မန်စံဒေသခံတဦးကပြောသည်။ နိုဝင်ဘာလကုန်က ကျင်းပသော ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံ၌ စစ်တမ်းကောက်ယူ စုဆောင်း ရာ၌ သျှမ်းပြည်သားများ၏အဖြေမှာ သျှမ်းပါတီသုံးခု ပြန်လည်ပူးပေါင်းရေးမပူးပေါင်းရေးအတွက် - ပူးပေါင်းသင့်ဟူသည့် အဖြေမှာ ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂%ဟူ၍ဖြစ်သည်။ အလားတူ ကျားဖြူပါတီ၏ ဂျန္နဝါရီလဆန်းနှစ်ပတ်လည်အစည်းအဝေး၌လည်း - သျှမ်းတိုင်းရင်းသားမျိုးနွယ်စုများအားလုံး တောင့်တလျက်ရှိသည့် ညီညွတ်သော သျှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ United Shan Political Parties ပေါ်ပေါက်လာ ရေးကို အလေး အနက်အဆိုပြု ထောက်ခံသည် ဟူသည့်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ |
| လြယ္ဂ်ယ် - ဗန်းမ္ကောားလမ်း ယာဥ္မ်ားမသြားရန် KIA ညြန်ကြား Posted: 23 Jan 2013 03:06 AM PST KIA နွင့် အစိုးရစစ္တပ္တို့ အကြား နွစ္ဘက္တိုက္ပြဲမ်ားကြောင့် တရုတ် -ျမန္မာနယ္စပ် ကုန်ြသယ်ရေးလမ်ျးဖစ်သည့် လြယ္ဂ်ယ် - ဗန်းမော် လမ်းကြောင်းအတြင်း ယာဥ္မ်ားသြားလျာခင်း မျပုလုပ်ကြရန် KIA အဖြဲ့မွ ညြန်ကြားလိုက်ကြောင်း သိရသည် ။ ယမန်နေ့ညပိုင်းက လြယ္ဂ်ယ် - ဗန်းမော် မော်တော်ယာဥ္လိုင်း ဦးစီးအဖြဲ့သို့ KIA အဖြဲ့မွ ယာဉ်သြားလာခြင့်ပိတ္ပင်သည့် စာတစ်စောင် ပေးပို့ထားကြောင်း ဗန်းမော်မြို့ မော်တော်ယာဥ္လိုင်းအဖြဲ့နွင့် နီးစပ်သူတစ်ဦးက သ်ွမ်းသံတ္ဆောင့်သို့ျေပာ သည် ။ "စာက မေန့ညပိုင်းကမွ မော်တော်ယာဥ္လိုင်း ဦးစီးအဖြဲ့ကို လိပ္မူပြီးပို့လာတာ။ လြယ္ဂ်ယ္နဲ့ဗန်းမ္လောမ်းမွာ ယာဉ်တြေ အ သြား အလာ မလုပ္ဖို့ပေါ့နော်။ စစ်ျဖစ်နေတဲ့အတြက် အန္တရာယ်တျြေဖစ္လာရင် တာဝန္မယူတဲ့အေကြာင်းပေါ့နော်" ဟု သူက ဆိုသည် ။ KIA အဖြဲ့၏ အဆိုပါစာပေးပို့အပြီး ယေန့နံနက္ပိုင်းမွစ၍ ဗန်းမော် - လြယ္ဂ်ယ္လမ်း ယာဥ္မ်ာျးေပးဆျြဲခင်း ရပ္နားထား ကြောင်း သိရသည် ။ ယခုရက္ပိုင်းအတြင်း အဆိုပါလမ်းကြောင်းမွ တဆင့် အစိုးရစစ္တပ္မ်ား အဆက္မျပတ် ပို့ဆောင်နေရာ KIA နွင့် အစိုးရ တပ္မ်ား အကြား နေ့စဥ္နီးပါး တိုက္ပြဲမ်ာျးဖစ္ပြားနေကြာင်း နောက္ထပ် ဗန်းမော်မြို့ခံကုန်သည် တစ်ဦးကျေပာသည် ။ "ဗမာဘက္က စစ်ကြောင်းတြေ အဆက္မျပတ် တက်နေတာ ၃ ၊ ၄ ရက်လောက်ရွိပြီ။ ဗန်းမော်ကေန လြယ္ဂ်ယ္နဲ့ နမ့်ခမ်း ဘက္ကို ပို့နေတာ။ မေန့ညပိုင်းကလည်း လြယ္ဂ်ယ္ဘက် ထပ္တက်ြသားတယ်။ မေန့ညေန ၄ နာရီလောက္က မိုးမောက်မြို့ ကော်က္စခန်းနားမွာ တပ္မ ၉၉နဲ့ တိုက္ပျြဲဖစ္တယ် " ဟု ဆိုသည် ။ ယခုလ ၁၉ ရက်နေ့ကလည်း လြယ္ဂ်ယ် - ဗန်းမ္ကောားလမ်း ၂၇ မိုင်အနီးတြင် ဗုံးတစ္လုံး ပေါက္ကြဲမှုကြောင့် ခရီးသည် ၂၂ ဦးထိခိုက္ဒဏ်ရာရရွိခဲ့ကြောင်း သိရသည် ။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[mrsorcerer:36980] BBC အင်္ဂလိပ်စကားပြောသင်ခန်းစာများ
http://www.thebestenglish4you.com/english-speaking-lessons---3.html
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Burma News International - January 23, 2013
| ||||||||||||||||
|
[mrsorcerer:36978] Fwd: [လူဗိုလ်ဟူသည် ...] ထန်းတက်သမား
From: Blogger <no-reply@blogger.com>
Date: 2013/1/23
Subject: [လူဗိုလ်ဟူသည် ...] ထန်းတက်သမား
To: lubo601@gmail.com

နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမား ကဗျာ ကို ဖတ်ပြီးတော့ ၉တန်း ၁၀ တန်း ကျောင်းပိတ်ချိန်တွေ အိမ်မသိအောင်ထန်းတက်ခိုးသင်ခဲ့တာလေးကို သတိရနေတယ် ။ ထန်းတက်ခိုးသင်ရတယ်ဆိုတာ က တော့ အိမ်က အမေက ထန်းတက်တာ လုံးဝခွင့်မပြုဘူး ။ မိဘကိုလုပ်ကျွေးချင်ရင် တခြားအလုပ်အကိုင် နဲ့ လုပ်ကျွေး ထန်းတက် နဲ့ အညာကြိမ်ခုတ် တော့ လုံးဝ လုပ်မကျွေးရဘူးဆိုပြီးအပြတ်ပြောထားတယ်ဗျ ။ ထန်းသမားကျတော့ ရွေးချယ်စရာ လမ်းက ရှားလို့ တဲ့ ၊ သတိတချက်လွတ်လိုက်တာနဲ့ ထန်းပင်ပေါ်က ကျပြီး အသက်ပေး ..ဘဝပေးလိုက်ရတဲ့ လူတွေ က လည်း ရွာတွေဖက်မှ လက်ညှိုးထိုးပြစရာ အပြည့်ပဲမလား ။ ကျွန်တော်တို့ နယ်ကလူတွေ က ဟိုးစစ်ကိုင်းတိုင်းအထက်ပိုင်း တနိုင်းခမြစ်ဝှမ်းဘက် မှာ ကြိမ်ခုတ် ၊ ဝါးခုတ် အငှားလိုက်ကြတဲ့သူတွေရှိတယ် ။ ပြန်လာတဲ့ ခါ လုပ်အားခရလာတဲ့ ပိုက်ဆံလေးတွေ ကို မိသားစုကတော့ စားရပါရဲ့ ကြိမ်ခုတ်သစ်ခုတ်ရာ ပါလာတဲ့ငှက်ဖျားက ကိုယ့် နယ်ပြန်ရောက်တာနဲ့ ဖျားလိုက်တာ နောက် နှစ် အဲဒီကို ပြန်မသွားမချင်းပဲ ။ အဲဒါတွေ အမေက ကြည့်ပြီးတော့ အဲဒီအလုပ် ၂ ခုလုပ်ပြီး သူ့ကိုမကျွေးနဲ့ အဲဒီထမင်းသူမစားဘူးဆိုပြီးပြောထားတယ်ဗျ ။ ကျွန်တော် ကလည်း " ဘမျိုးဘိုးတူ ၊ ဂျိုးလေးကားယား " .. ဆိုသလိုပဲ ။ မြန်မာပီပီ တော်လှန်ချင်တဲ့ ဗီဇလေးကရှိတယ် ။ မလုပ်ပါနဲ့ လို့ တားရင် အရမ်းလုပ်ချင်တာ ။ အဲဒီတော့ အိမ်က နေ လယ်ခင်းကြည့်လိုလို ၊ ယာခင်းပဲသွားသလိုလို ထွက်ပြီး တောထဲရောက်ရင် အကိုဝမ်းကွဲတွေ ဆီကနေ ထန်းတက်သင်တယ် ။
ထန်းတက် နည်း က ၃ မျိုးရှိတယ်ဗျ ။ ရင်းထောင် (အောက်ကထောင်တက်ရတဲ့ လှေကားရှည်ကြီး) ကိုထောင်ပြီးတက်တာရှိတယ် ။ လှေခါး မပါပဲ ထန်းပင်ကို လက်နှစ်ဖက်နဲ့ မြဲ မြဲ ကိုင် .. ခြေဖဝါးအချိုင့်လေး နဲ့ ထန်းပင်ကိုကန်ပြီး တော့လမ်းလျှောက် သလို တက်တဲ့ " ခြေလျှောက်" ဆိုတာတစ်မျိုးရှိတယ် ။ နောက်တခါ ထန်းပင်ကို လက်နဲ့ ဖက် ၊ ပေါင်ကလည်းခွထား ပြီး ခြေထောက်နဲ့ အပေါ် ကို ပင့်ပြီး တက်တဲ့ " ပေါင်ညံထိုး" တက်တာတစ်မျိုးရှိတယ် ။ ခြေလျှောက်တက်တာ က ပိုခက်တယ် ၊ ထန်းတက် ကျွမ်းတဲ့ သူတွေ ပဲ တက်တတ်ကြတယ် ။ ထန်းတက်စသင်ရင် ခပ်ကိုင်းကိုင်း ထန်းပင်လေးမှာ လှေကားအလွတ် တက်နည်းတွေကနေ စသင်တယ် ။ ပြီးမှ ရင်းထောင် အတိုလေးတွေ မတာ ၊ ထန်းပင်လုံး ကို ကပ်တာ သင်ရတယ် ။ စသင်သင်ချင်းဆိုရင် ရင်းထောင် မပြီးလျှောက်တာတောင် မနည်းလျှောက်ရတယ် ။ ဟန်ချက်မညီရင် မလို့မရဘူး ။ လှေကားတစ်ထစ် ချင်းစီ မှာ တစ်တောင်ခွဲရှိတယ် ။ ရင်းထောင် အကြီးတွေက အဲလိုအထစ်ပေါင်း ၂၀ နဲ့ ၃၀ ကြားရှိတတ်တယ် ။ တချို့ ထန်းပင်တွေ က ရင်းထောင်နဲ့ မမှီဘူး ။ အဲဒါဆိုတော့ အပေါ် ကနေ လှေခါးအတိုလေးတွေကို ကြိုးနဲ့ချည်ပြီး တွဲလောင်းချရတယ် ။ ပြီးမှ ထန်းလုံးနဲ့လှေကားကို ကပ်ချည်ထားတယ် ။ အဲဒီလှေခါးလေးတွေကိုတော့ " ရင်းဆွဲ " လို့ခေါ်တယ် ။ ရင်းထောင်နဲ့ ရင်းဆွဲကြား မမှီသေးပဲ လွတ်နေရင်တော့ ပေါင်ညံထိုးတက်တာတို့ ၊ ခြေလျှောက်တက်တာတို့ သုံးပြီးတက်ရတယ် ။
အပေါ် ကပြောတဲ့ ထန်းပင်တက်နည်းတွေ တတ်ရုံ နဲ့ ထန်းပညာ မတက်သေးဘူးဗျ ။ ထန်းရည်များများ ယိုအောင်(ထွက်အောင်) ၊ ထန်းရည်ယိုတဲ့ ထန်းစ တွေ ကြာကြာခံအောင် ၊ထန်းညက် ( ထန်းလျှက် ) များများရအောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်တတ်ရသေးတယ် ။ ထန်းတွေ က ဆောင်းကုန် နွေးကူးလောက်ကနေပြီးတော့ မိုးနှောင်းလောက်ထိ တက်လို့ရတယ် ။ ခုလို ဆောင်းကုန်ခါ နီး တပို့တွဲ လဆုပ်လောက် ဆိုရင် ထန်းအဖို တွေ ကစပြီး ကျေးမြီးလေးတွေ ထွက်တယ် ။ ထန်းအဖိုဆိုတာ က ထန်းသီးမသီးဘူး ၊ ထန်းနို့ အချောင်းတွေပဲထွက်တယ် ။ ကျေးမြီး ဆိုတာ က ထန်းသမားအခေါ် ပေါ့ ။ ထန်းခိုင်တွေက ထက်လက်တွေကြားကနေစထွက်လာတဲ့ချိန် ဆိုရင် အဖျားလေးတွေ က ကျေးတွေရဲ့ အမြီးလို နှစ်ခွ လေးတွေ.. အဲဒါကြောင့်ကျေးမြီးလို့ခေါ်တာ ။ ထန်းတစ်နှစ် မှာ လေးရာသီရှိတယ် ..." ထန်းဖိုဦး ၊ ညှပ်သားရောင် ၊ သီးနု နဲ့ သီးယဉ် " လို့ ခေါ်တယ် ။ " ထန်းဖိုဦး" ဆိုတာ က ထန်းဖိုပင်တွေ ထန်းခိုင် စထွက် ထွက်ချင်း အချိန်ပေါ့ ။ ကျေးမြီးလေးကနေ တဖြည်းဖြည်းကြီး လာတဲ့ခါ တစ်တောင် လောက်ရှိလာတယ် ။ အဲဒီချိန်ကျရင် " တချွန်းဓား ၊ ထန်းလှီးဓား " ဆိုတဲ့ ထန်းကိုင်ဓား ၂ မျိုးကို ဓားအိမ်ထဲထည့် ၊ ကလိုင် ကို လွယ်ပြီး ထန်းပင်ပေါ်စတက်ရတယ် ။ တချွန်းဓားဆိုတာက ဓားအလေး ၊ ထန်းရွက်တွေဘာတွေ ခုတ်ချတဲ့အခါ ၊ ထန်းလက်တွေ ရဲ့ အနားစပ် တွေမှာရှိတဲ့ ရှတတ်တဲ့ ထန်းဇောင်းတွေ ရှင်းပစ်တဲ့အခါ သုံးတယ် ။ ထန်းလှီးဓား ကတော့ ထန်းခိုင် လေးတွေကို ပါးပါးလှီးတဲ့နေရာမှာသုံးတဲ့ ဓားအနုပေါ့ ။ " ကလိုင် " ဆိုတာ ကကျတော့ လေးပေးကျော်လောက်ရှိတဲ့ ဝါးအမာ ၂ချောင်းကို ကြိုးနဲ့ပူးချည်ထားတာ ။ ထန်းပင်ပေါ်တက် ပြီးရင် ထန်းရွက်တွေ ကြားမှာ အဲဒီကလိုင်နဲ့ ကလန့် ပြီး ထန်းသမားက အဲဒီပေါ်မှာ ထိုင်တယ် ။ ဒီတိုင်းထိုင်ရင် ထန်းလက်တွေက ချောနေတာ လိမ့်ကျတာတို့ ၊ ထန်းဇောင်းရှတာတို့ဖြစ်တတ်တယ် ။ အဲဒါကြောင့် ကလိုင်ပေါ် ကျကျ နန ထိုင်ပြီး ထန်းခိုင်လေးတွေကိုပြင်တယ် ။ ထန်းဖိုပင်က စထွက်တဲ့ ထန်းနိုးလေးတွေက လက်ဝါးလေးတွေလိုပဲ ။ နုနုထွတ်ထွတ်လေးတွေ ။ အဲဒါကို ဘေးက အခွံလေးတွေသေချာခွာ ၊ နုနုလေးတွေ ကို မကျိုးအောင် စိတ်ရှည်ရှည်နဲ့ ခွာရတယ် ။ ပြီး ရင် အဲဒီ လက်ချောင်းလေးတွေကို ထန်းဖူး (ထန်းရွက်အဖူး ) လေးတွေကို ကြိုးလိုလုပ်ပြီး စုချည်ရတယ် ။ အဲလိုလေးချည်ပြီးမှ ထန်းခိုင်ရဲ့ ထိပ်လေးတွေ ကို ထန်းလှီးဓားလေးနဲ့ ပွတ်လှီး ထားခဲ့ရတယ် ။ နောက် ရက်ကျရင် လည်းတခါ ထပ်လှီး ၊ အဲလို ၃ ခါလောက်လှီး၊ နှပ်ထား ပြီးမှ ထန်းရည်စခံ လို့ ရတဲ့ အခြေနေရောက်တယ် ။ အဲဒီချိန် လှီးတာ ပါးလွန်းသွားရင်ကျတော့ လေသလပ်ပြီးထန်းရည်သိပ်မယိုဘူး ၊ အကြမ်းပတမ်းလှီးလိုက်လို့ ထန်းစအခြေ က နာသွားရင်လည်း ထန်းရညမယိုပြန်ဘူး ။ အချိန်ဆ မှန်မှန် နဲ့ လှီးပေးမှရတယ် ။ အဲလိုလုပ်တာကိုတော့ " ထန်းနွှေးတယ် " လို့ ခေါ်ကြတယ် ။
ထန်းဖိုပင်မှာ ၁၀ ခိုင်ထွက်တယ်ဆိုရင် ၄ ခိုင်လောက်ကို ထန်ဖိုဦးရာသီ မှာလှီးလိုက်တယ် ။ ကျန်တဲ့ ၆ ခိုင်ကိုတော့ ညှက်သားရောင် အတွက်ချန်ထားတယ် ။ ထန်းဖိုဦး ထန်းညက် (ထန်းလျှက်) မှာထူးခြားတာ က ကိုက်စားလို့ မရဘူးဗျ ။ မာတောက် (အရမ်းမာ) နေတယ် ။ အရည်ဖျော်သောက်ချင်သောက် ၊ ပါးစပ်ထဲထည့်ငုံထားရင်ထား အဲလိုပဲစားလို့ရတယ် ။ ဒါပေမဲ့ သူက ဆေးဖက်ဝင်တယ် ။ ထန်းလျှက်သုံးရတဲ့ တိုင်းရင်းဆေးတွေဆိုရင် ထန်းဖိုဦးထန်းလျှက် ကိုပဲသုံးကြတယ် ။ ကြက်သွန်ဖြူ "ဥတစ်လုံး" ဥ (အမွှားမပါတဲ့ဥကိုပြောတာ) ၊ ရှားစောင်းလက်ပက်တို့ ၊ အုန်းသီးတို့ ကို ထန်းဖိုဦး ထန်းလျှက်နဲ့ ကျိုပြီး မိန်းကလေးတွေ က မိန်းမဆေး အဖြစ်စားကြတယ် ။ အဲလောက်အရမ်းမာတဲ့ ထန်းလျှက်ကို စဉ့်အိုးထဲထည့်လှောင်ထား ..တစ်နှစ်လောက်နေတော့ ထုတ်ကြည့်ရင် အပြင်မှာ မဲတူနေပေမဲ့ အထဲမှာ ဖွေးဥနေတတ်တယ် ။ လက်ဖိနောင့် နဲ့ဖိရုံနဲ့ ကွဲထွက်သွားတယ် ။ အဲလိုထန်းလျှက်ကိုတော့ " အိုးလောင် " လို့ခေါ်ကြတယ် ။
ညှပ်သားရောင် ရာသီမှာ ကျတော့ ထန်းခိုင်တွေက ထန်းနို့လက်ချောင်းလေးတွေ က တဖြည်းဖြည်း ရင့်ပြီးတော့ မာလာတယ် ။ အဲဒီထန်းနို့မှာပဲအပွင့်လေးတွေ ပွင့်ကြတယ် ။ အဲဒီချိန်ကျတော့ ထန်းသမားတွေက " ညှပ် " ဆိုတဲ့ ဟာနဲ့ ထန်းနို့ လေး တစ်ချောင်းချင်းစီ ကို ညှပ်ပေးရတယ် ။ ပြီးတော့ မှာ အဲဒါလေးတွေ စု ပြီး စည်းပေးရတယ် ။ ထန်းလှီးဓားနဲ့ ပါးပါးလေးတွေ လှီးပေးတော့ အဲဒီထန်းနို့လေးတွေ ကနေ ထန်းရည်ယိုတယ် ။ ထန်းညှက်တွေ ထဲမှ ညှက်သားရောင် ထန်းလျှက်က အရည်သွေးအကောင်းဆုံးပဲ ။ထန်းလျှက် ပွဲရုံ က ပွဲစားတွေ က ညိုပြီး ကြားနေတဲ့ ညှက်သားရောင်ထန်းလျှက်ကို ပဲ ပိုပြီးလိုချင်ကြတယ် ။ ထန်းသမားတွေ ရဲ့ ထန်းလျှက် ပိဿာချိန် အများဆုံးအချိန်ဟာလည်း အဲဒီချိန်ပဲ ။
ထန်းပင်တွေမှာ ထန်းမ(ထန်းအစ်မ) ပင်က ထွက်တာပိုပြီးနောက်ကျတယ် ။ ထန်းဖိုပင်တွေ မှာ ထန်းနို့တွေ ရင့် နေမှ ထန်းမ ပင်ကစထွက်တယ် ။ ထန်းသီး အခိုင်လိုက်လေးတွေပေါ့ ။ ထန်းမပင်ကနေ ထန်းသီးခိုင် ၁၀ ခိုင်ထွက်တယ်ဆိုရင် ၄ ခိုင်လောက်ကို သီးနုရာသီမှာသုံးတယ် ။ အဲဒီထန်းသီးခိုင် လေးတွေမှာ ထန်းသီးလုံးလေးတွေက ပီပီပြင်ပြင်မဖြစ်သေးဘူး ။ အဖုလေး ၊ အထစ်လေးတွေပဲရှိသေးတာ ။ အဲဒီ အလုံး ပုံစံ လေးတွေကြား ကို " ထန်းထု " ဆိုတဲ့ ဟာလေးနဲ့ထုပေးရတယ် ။ထန်းထု ဆိုတာ က သံ နဲ့ လုပ်ထားတာ တူလိုမျိုးလေး ပဲ ။ အဲလို ထုပေးပြီးမှ အဲဒီအခိုင်လေးတွေ ကို လှီးပေးတော့ အရည်ထွက်တယ် ။ အဲဒီအချိန်မှာ ထန်းရည်ပိုပြီး ယိုတယ် ။ ထန်းရည်ခါးလုပ်လို့ အကောင်းဆုံး အချိန်ဟာ အဲဒီအချိန်ပဲ ။
နောက် ထန်းသီးလုံးတွေ ကြီးလာချိန်ကျတော့ " သီးယဉ်" ရာသီလို့ ခေါ်တယ် ။ ထန်းသမားတွေ က ထန်းပင်ပေါ်တက် ...ခြေထောက်တစ်ဖက် က ရင်းဆွဲကို ကွပ်ထားပြီးတော့ ထန်းသီးခိုင်ကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး ထန်းပင်အလုံးနဲ့ တိုက်ရတယ် ။ အဲလိုတိုက်လို့ ကြွေ ကျတဲ့ ထန်းသီး က အရမ်းချိုတယ် ၊ ပိုစားလို့ ကောင်းတယ် ။ အဲလို တိုက်ပြီး မှ ထန်းသီးခိုင်က ကနေ ထန်းရည် ယိုတယ် ။ ထန်းသီးခိုင် အားလုံး က လှီးလို့ မနိုင်ဘူး ။ အဲဒီတော့ ကျန်တဲ့ ထန်းသီးတွေကို နုနေတုန်း က လူတွေ စားတယ် ။ မြို့နဲ့ နီးတဲ့ နေရာတွေကျတော့ မြို့ပေါ်သွားရောင်းကြတယ် ။ ကျန်တာတွေကျတော့ ရင့်ပြီး မှည့်အောင်ထား တယ် ။ အဲဒီ အရင့်တွေကို ဓားနဲ့စဉ်း အဖက်တွေ နွားကျွေး ၊ အစေ့ တွေကျတော့ မြေကြီးထဲမြှပ်ထား လိုက်တယ် ။ ဆောင်းရာသီမှာ အဲဒါတွေ က ထန်းပင်မြစ် အဖြစ်စားလို့ရတယ် ။
ထန်းသမားတွေ က ထန်းပင်တစ်ပင်ကို တစ်ရက် ၂ ကြိမ် တက်ရတယ် ။ နေပူလည်း ထန်းပင်လုံးကိုဖက် ၊ မိုးရွာလည်းထန်းပင်လုံး ကိုဖက်ဆိုတော့ တစ်ရက်မှ နားရတယ်မရှိဘူး ။ ရင်ဘက်တွေ ၊ ခြေထောက်တွေ ၊ လက်တွေမှာ အသားမာ တက်နေတယ် ။ အကိုဝမ်းကွဲထန်းသမားတွေ ဆိုရင် လက်ဖဝါးတွေ အသားမာတက်နေလို့ မနက် အိပ်ယာထ ချိန် ဆို မျက်နှာကို မိန်းမ ကသစ်ပေးရတယ် ။ မိသားစုကျတော့လည်း နားရတယ်မရှိဘူး ။ မိန်းမက ထန်းလျှက်ချက် ၊ သားအကြီး ထန်းနိုင်လောက်တဲ့ အရွယ်ဆို အိုးကောက် ၊ သမီးအကြီး ရှိရင် ထမင်းချက်ဟင်းချက် ။ နည်းနည်း ၇ နှစ် ၊ ၈နှစ်လောက်ရှိတဲ့ ကလေးတွေ က ထန်းဇစ် (ထန်းပင်ကထွက်တဲ့ အဖက်) ကောက် ၊ အိုးဖုတ် ။ တစ်မိသားစုလုံး အလုပ်လုပ်ကြရတယ် ။ ကျောင်းတွေ ဘာတွေ ဘယ်လိုလုပ်နေနိုင်ကြမှာလဲ ။ ထန်းလျှက်ဈေးလေးကောင်းတဲ့ နှစ် ဆိုရင်တော့ အကြွေးကျေပြီး အလှုအတန်းလေးလုပ်နိုင်ကြတယ် ။ ထန်းလျှက်ဈေး မကောင်းတဲ့ နှစ်ဆိုရင်တော့ ထန်းမပေါ်ခင် (ထန်းတက်ရာသီမရောက်ခင်) က ဝယ်ထားရတဲ့ မြေအိုးဖိုး ၊ ထန်းလျှက်ချက်တဲ့ ထင်းဖိုး ၊ အိုးမှာတက်တဲ့ ကြိုးဖိုး ၊ လှေခါးလုပ်တဲ့ ဝါးဖိုး ..အဲဒါတွေ မှာ စိုက်ထားရတဲ့ အကြွေးတောင်မကျေကြပါဘူး ။ အွန်လိုင်းမှာ ကျောင်း မနေ ကြရတဲ့ ကလေးလေး တွေ အကြောင်းဓာတ်ပုံတွေ တွေ့ရင် လူတွေကအဲဒီကလေးလေးတွေကို ဝိုင်းသနားကြတာ ။ ကျွန်တော်ကတော့ ကျွန်တော့် တူဝမ်းကွဲ ၊ တူမဝမ်းကွဲလေးတွေ မျက်နှာ ကိုပဲ ပြေးပြေးမြင်မိတယ် ။ ကျွန်တော် က သူတို့ကိုသနားရဖို့ နေနေ သာသာ ..ကျွန်တော် အိမ်ခဏ ပြန်ရင် ဦးလေးစားဖို့ ဆိုပြီး ထန်းလျှက်ကောင်းလေးတွေ ၊ ဇီးဆုပ် ၊ နှမ်းဖက်ဆုပ်လေးတွေ လာပေးတတ်သေးတယ် ။ ထန်းလျှက်ကောင်းက အဆင်သင့် မရှိရင် ထန်းတဲမှာမွေးထားတဲ့ တိုက်ကြက်လေးတွေ က ဥတဲ့ ကြက်ဥ ကို ကျွန်တော်စားဖို့ဆိုပြီးလာပေးတတ်တယ် ။
ကျွန်တော်ကတော့ ဝန်းထမ်းဆိုတော့ လစာကလည်းကိုယ့်ဖို့တောင် မလောက် ၊အိမ် ပြန်ရတာကလည်း ဟိုကနေ ဒီကူး ၊ ဒီကနေ ဟိုအကူးမှာ ဖင်ဂျက်တပ်လွှတ်သလို ပြေးရတာဆိုတော့ သူတို့အတွက် သကြားလုံးလေးတောင် အနိုင်နိုင်ရယ် ။ တခါတခါ ကိုယ့် အမေမျက်နှာတောင် ဘယ်လိုနေပါလိမ့်ဆိုတာ အိမ်က နေပြန်တဲ့ ကားပေါ်ကျမှ စိတ်နဲ့ ပြန်မှန်းပြီးကြည့်ရတယ် ။
ဘာပဲပြောပြောပါ ... ကျွန်တော့် မှာ အဲလိုပတ်ဝန်းကျင်တွေ ၊ အကို အစ်မတွေ ၊ တူလေး ၊ တူမလေးတွေ ရှိနေတာကို ပဲ ကျွန်တော်ကျေနပ်နေမိတယ် ။
(ရုပ်ဆိုး)
ထန်းပင်တွေအောက်မှာ အိုးလိုက်ကောက်တဲ့ကလေးငယ်
ထန်းတဲ နဲ့ ထန်းရည်ခံတဲ့ မြေအိုးဖုတ်ပုံ
ထန်းရည် ကို ထန်းလျှက်ဖြစ်ဖို့ ကျို နေပုံ
ကျိုနေရင်းနဲ့ ပစ်လာပြီ
ထန်းလျှက်လုံးလို့ ရတဲ့ အခြေနေရောက်ပီ ။Photo Credit to >> Ko Bo Hanအပေါ် က စာနဲ့ ကိုဘိုဟန် ဓာတ်ပုံတွေက အယ်လ်ဘမ်လေးကို တွဲကြည့်ရင်မျက်စိထဲပိုမြင်သာမယ်ထင်ပါတယ် ။https://www.facebook.com/media/set/?set=a.341647862575490.79575.100001908372193&type=3
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/23/2013 05:00:00 PM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36977] Fwd: [လူဗိုလ်ဟူသည် ...] အဝေးပြေးလမ်းမပေါ်မှာတော့ နာမည်တစ်ခုပြေးလွှားနေတယ် သူဟာ အဝေးပြေးလမ်းမကနေမှတဆင့် တစ်နေရာကိုဆက်ပြေးနေတယ်
From: Blogger <no-reply@blogger.com>
Date: 2013/1/23
Subject: [လူဗိုလ်ဟူသည် ...] အဝေးပြေးလမ်းမပေါ်မှာတော့ နာမည်တစ်ခုပြေးလွှားနေတယ် သူဟာ အဝေးပြေးလမ်းမကနေမှတဆင့် တစ်နေရာကိုဆက်ပြေးနေတယ်
To: lubo601@gmail.com
တစ်နေ့နေ့မှာတော့ ကိုယ့်မှာနာမည်တစ်ခုရှိလာမယ်လို့ မျှော်လင့်မိတာပဲ
ကိုယ်တို့တစ်ခုခုကိုမုန်းတီးကြတဲ့အခါ နာမည်တွေကရှေ့က
သွေးကြောတစ်လျှောက်လုံးမှာ နာမည်တွေပဲစီးဆင်းနေတယ်
နောက်တော့ နာမည်တွေနဲ့ တိုင်းပြည်တစ်ခုကိုတည်ဆောက်ပလိုက်တယ်
ကိုယ်တို့ရဲ့ဒုက္ခက ကိုယ်တို့အတွက်တွန်းအားဖြစ်စေလိမ့်မယ်
တစ်နေ့တစ်ခြားမွေးဖွားလာတဲ့ နာမည်တွေနဲ့
နေ့တိုင်းနေ့တိုင်း သေဆုံးသွားကြတဲ့ နာမည်တွေ
ဆောင်းဦးပေါက်ရာသီမှာတော့ ကိုယ်တို့နာမည်အသစ်အဆန်းတွေကို
သဘောကျလေ့ရှိတာ တွေ့ရတယ်
သူ့ရဲ့လက်ကောက်ဝတ်မှာ နာမည်တစ်ခုရေးထိုးထားတယ်
လည်တိုင်ပတ်ပတ်လည်ကိုတော့ မရဏမင်းကချည်နှောင်ပတ်ရစ်ထားတယ်
နာမည်မရှိတဲ့လူတစ်ယောက်နဲ့ စတင်တွေ့ဆုံပြီးတဲ့အချိန်ကစပြီး
နာမည်မရှိခြင်းကို ကိုယ်ကြောက်ရွံ့တုန်လှူပ်သွားတယ်
ကိုယ်တို့ နာမည်တွေကို သေကောင်းပေါင်းလဲပြုပြင်ထိန်းသိမ်းကြတယ်
လူသေပေမယ့် နာမည်မသေတာတွေ
လူမသေပေမယ့် နာမည်သေနေတာတွေ
ထူးထူးဆန်းဆန်းနာမည်ကိုမှသဘောကျတဲ့အတွက်
ကိုယ်ဟာနာမည်မရှိခြင်းနဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရ
နာမည်အမျိုးအစားပေါင်းများစွာအောက်မှာ ကိုယ်ဟာရှင်သန်ခဲ့ရ
သေဆုံးသွားတဲ့ နာမည်တွေကိုဝမ်းနည်းပက်လက်ရေတွက်ရင်း ရှင်သန်ခဲ့ရ
ကိုယ့်မှာနာမည်မရှိဘူး ဟန်နီ
နာမည်မရှိခြင်းရဲ့ နောက်ကွယ်မှာတော့ ကိုယ့်ကိုလူတွေက ဟားတိုက်လို့ရယ်မောကြ
ကိုယ့်ခြေဖ၀ါးတောင် ကိုယ့်ကိုလှောင်ပြောင်ရယ်မောလို့
ဒီဘက်ခေတ်မှာတော့
လူတွေဆာလောင်ကြတာ
ဘုရားသခင်နဲ့အစားအစာမဟုတ်တော့ဘူး ဟန်နီ
နာမည်တွေဟာ နာမည်တွေရှိလာဖို့ကိုပဲ အာရုံစိုက်လာကြတော့တယ်
နာမည်မသေအောင်ဂရုစိုက်လာကြတော့တယ်
လွှတွေနဲ့ ခန္ဓာကိုယ်ကိုတိုက်ဖြတ်တာခံကြရပေမယ့်
နာမည်မသေဖို့ကိုတော့ အတင်းရုန်းထိုးကာကွယ်ကြတယ်
ကိုယ်တို့အစာအိမ်ထဲကနေ နာမည်တွေက ခဏခဏထထမြည်တယ်
နာမည်က မီးရှူးမီးပန်းတွေလိုပဲ တဖျစ်ဖျစ်နဲ့ပန်းထွက်တယ်
ဖွာကနဲ ဖွားကနဲပန်းထွက်တယ်
ကိုယ့်မှာ နာမည်မရှိဘူးဟန်နီ

စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားရတဲ့လူတစ်ယောက်ဟာ
နာမည်တစ်ခုကိုပဲ ခဏခဏတမ်းတတယ်လို့ ကိုယ်တော့ထင်တယ်
ဒါမှမဟုတ်လဲ သူဟာ နာမည်ကိုပဲ တမ်းတလိမ့်မယ်
ကိုယ်တို့ရဲ့ဖြစ်တည်မှုရဲ့အစဟာ နာမည်ပဲဖြစ်တယ်
နောက်တော့ ကိုယ်တို့ဟာကိုယ်ပိုင်နာမည်တစ်ခုကို အလူးအလဲရှာဖွေကြရတယ်
အဝေးပြေးလမ်းမပေါ်မှာတော့ နာမည်တစ်ခုပြေးလွှားနေတယ်
သူဟာ အဝေးပြေးလမ်းမကနေမှတဆင့် တစ်နေရာကိုဆက်ပြေးနေတယ်
နာမည်တွေဟာ ကမ္ဘာကြီးကိုချုပ်ကိုင်ဖို့လျှို့ဝှက်ကြံစည်ကြတယ်
သူတို့ဟာ ဘဏ်ဓါးပြတွေလိုပဲ မြင်မြင်ကရာ မှောက်အိပ်ခိုင်းတယ်
အတွေးအခေါ်တွေ ဆင့်ကဲပြောင်းလဲလာသော ပြောင်းလဲမှု ဖြစ်စဉ်တွေ ၊
ရိုးသားအေးချမ်းသော ဘ၀နေထိုင်မှုပုံစံတွေ လူတိုင်းပညာကိုယ်စီတတ်မြောက်ရေး စီမံကိန်းတွေ
အပြစ်အနာအဆာ အတတ်နိုင်ဆုံးကင်းနိုင်မယ့် နိုင်ငံ့ခေါင်းဆောင်တွေ
အသိပညာ အတတ်ပညာကို ကိုယ်စားပြုပြီး ရှင်သန်ကြီးထွားလာမယ့် ခေတ်လူငယ်တွေ
ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်မယ့် လူပုဂ္ဂိုလ်တွေ
ဘာသာရေးကို ကျွမ်းကျင်လိမ္မာစွာကိုင်တွယ်နိုင်မယ့် ရဟန်းသံဃာတော်တွေ
နိုင်ငံတကာကို ရှင်ပြိုင်အန်တုနိုင်မယ့် ပညာရေးစနစ်တွေ
စသဖြင့် နာမည်တွေဟာ အစုလိုက်အပြုံလိုက် လူ့ဘောင်လောကထဲကနေ ရုန်းထိုးထွက်နေတယ်
ကံကြမ္မာရယ် ခြောက်ပစ်ကင်း သဲလဲစင်ရယ် နောက်တော့ ကိုယ်နဲ့ နာမည်ရယ်
ကံကြမ္မာမှာ နာမည်မရှိဘူး ဟန်နီ

နာမည်တစ်ခုရဖို့ ကိုယ်တို့ဟာ အသက်ပေါင်းများစွာကိုသတ်ဖြဲရဲကြတဲ့အထိ
မိုက်ရူးရဲဆန်တတ်ကြတယ် မိုက်ရူးရဲဆန်ကြတယ် မိုက်ရူးရဲကြတယ်
နောက်ဆုံးတော့ နာမည်မရှိတဲ့ဘုရားသခင်ဟာ ကမ္ဘာကြီးကနေကွယ်ပျောက်သွားခဲ့ရတယ်
အဝေးပြေးလမ်းမပေါ်မှာတော့ နာမည်တစ်ခုပြေးလွှားနေတယ်
သူဟာ အဝေးပြေးလမ်းမကနေမှတဆင့် တစ်နေရာကိုဆက်ပြေးနေတယ်
ဇာတိ(ဖျာပုံ)
၁၂ နာရီ ၄၂ မိနစ်
၂၃.၁.၂၀၁၃
www.zartinaung.blogspot.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/23/2013 04:56:00 PM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36977] Fwd: [လူဗိုလ်ဟူသည် ...] ♥ ကောလိပ်ဂျင် နေ၀င်း (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် သူ့နာမည် ♥
From: Blogger <no-reply@blogger.com>
Date: 2013/1/23
Subject: [လူဗိုလ်ဟူသည် ...] ♥ ကောလိပ်ဂျင် နေ၀င်း (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် သူ့နာမည် ♥
To: lubo601@gmail.com
*ရေးသူ- ကေမြူး*
၁၉၈၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် (၀၅း၀၅) နာရီတွင် ရန်ကုန် ဆေးရုံကြီး တွင် သူ ကွယ်လွန် ခဲ့သည်။ သူ ကွယ်လွန်သည့် သတင်းက ရန်ကုန်မြို့ တွင်းသို့ ပျံ့နှံ့သွားပြီး နောက် ဆက်လက်၍ မြန်မာပြည် အနှံ့ အပြားသို့ ရောက်ရှိ သွားခဲ့သည်။
သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့သည် နှမျောတသ ကြသည်။ ကြေကွဲ ၀မ်းနည်းကြသည်။ သူ့အား နာနတ်တော ခရစ်ယာန် သင်္ချိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်စဉ်က ကြက်ပျံမကျ စည်ကားလှအောင် သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့က လိုက်ပါပို့ ဆောင်ခဲ့ကြသည်။
သူ့ဘ၀ အစသည် ခက်ခဲကြမ်းတမ်း လွန်းလှသည်။ သို့သော် သူ့တွင် ဇွဲ၊ လုံ့လ၊ ၀ီရိယဟူသည့် ကြိုးစား အားထုတ်မှု၏ အရင်းအနှီးများ၊ ရိုးသား ဖြူစင်မှုများ၊ စာနာ ထောက်ထား မှုများ မုန်းသူ မရှိဘဲ ချစ်သူသာ ရှိအောင် ပြုမူ နေထိုင် နိုင်မှုများကို ပိုင်ဆိုင်မှုကြောင့် နယ်ပယ်စုံမှ သူလုပ်သမျှ အောင်မြင်မှု ရခဲ့သည်။
သူသည် သူနှင့် ခေတ်ပြိုင် မျိုးဆက်များ သာမက အသစ်ပေါ် ထွန်းနေဆဲ ရှိသော မျိုးဆက်တိုင်း အတွက် အားကျဖွယ်၊ အတုယူဖွယ်၊ လေးစားဖွယ် ကောင်းလှသူ
ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် သူကွယ်လွန်ခဲ့သည်မှာ နှစ်(၃၀) ရှိပြီဖြစ်သည်။ သေသောသူ ကြာလျှင်မေ့ဆိုသော်လည်း သူ့ကို ချစ်ခင် လေးစားသော ပြည်သူများက မေ့မရနိုင်ကြသေး။
ဟင်္သာတမြို့နယ် ညောင်ပင် သာရွာ တွင် ရဲဝန်ထောက် ဦးသက်ဖေနှင့် ဆရာမ ဒေါ်တင်တို့မှ ၁၉၂၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် သူ့ကိုဖွားမြင်ခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့မှ မစ္စတာ ကန်မင်း၊ မစ်ရှင်ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ဘ၀ပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ၀ါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နှုတ်ထွက်ပြီး ၁၉၄၅ ခုနှစ်တွင် တပ်မတော် (ရေ)တွင် သာမန် ရေတပ် သားကလေး ဘ၀ဖြင့် ၀င်ရောက် ခဲ့သည်။ ရေ တပ်သားလေး အဖြစ် တာဝန် ထမ်းဆောင်ရင်း ဘောလုံးကစားရာမှ ၁၉၄၉ ခုနှစ်တွင် တပ်မတော် (ရေ) လက်ရွေးစင် ဘောလုံးသမား ဖြစ်ရုံမျှမက ထူးထူးချွန်ချွန် ကစားနိုင်မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင် ဘောလုံးသမား အဖြစ် ရွေးချယ်ခံ ခဲ့ရသည်။
တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ပြီး တပ်မတော်ကို ကိုယ်စားပြု ဘောလုံး ကစားရုံ မျှမက တစ်ဘက်က တက္ကသိုလ်ဝင်တန်း အောင်မြင် အောင်လည်း သူက ကြိုးပမ်း အားထုတ်ခဲ့ရာ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ တပ်မတော် (ရေ)မှ နှုတ်ထွက်ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ဆက်လက် တက်ရောက် ခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။
တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင် ခဲ့သည်။ ထို့ပြင် တက္ကသိုလ် ကျောင်းသားဘ၀မှာပင် တက္ကသိုလ် လက်ရွေးစင် ဘောလုံးသမား အဖြစ်သာမက မြန်မာ့ လက်ရွေးစင် ဘောလုံးသမား အဖြစ်ပါ ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့ လက်ရွေးစင် အဖြစ် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဂျပန်နှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ပြီး ဘောလုံး ကစားခွင့်ရခဲ့သည့် အပြင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သူ့အား ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။
နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးသမားနှင့် တက္ကသိုလ် လက်ရွေး စင် ဘောလုံးသမားအနေဖြင့် ပညာသင် ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။
မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီး ဇ၀န၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိက ဇာတ် ဆောင်သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။
ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေ၀မ်းဝေဇင်၊ မေမြ၊ အေ၀မ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစေပြီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။ သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။
ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေ၀င်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေ၀င်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေ၀င်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေ၀င်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေ၀င်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။
ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေ၀င်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး လူမ၀င်ခဲ့၊ ၀င်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ၀င်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေ၀င်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေ၀င်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား "ကြေပါတယ် မအေးစိန်" မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။
ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေ၀င်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေ၀င်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာဝ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာဝ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။
မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။ ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ၀မ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊ သဘင်သည် မ၀င်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာဝ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပ၀င်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေ၀င်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရပါသည်။
ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘ၀ကို နာကျည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။
မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ၀င်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင် စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့ပါသည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ် ဂျင်နေ ၀င်း၏ အနုပညာ သတ္တိပင်ဖြစ်ပါသည်။ သဘင်သည် မ၀င်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန် သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသား စိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။
မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေ၀င်း၏ ဈာပန သတင်း အား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မ၀င်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ၀င်ငွေ ကောင်းမွန်ခဲ့သည်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ ကြည်ကြည်ဌေးနှင့် ဘေဘီနွဲ့တို့ အားပြိုင် သရုပ်ဆောင်သော ဒါရိုက်တာ ချစ်ခင်၏ ပန်းပန်လျက်ပါ ရုပ်ရှင်ကားမှာ လူကြိုက်များ ၀င်ငွေကောင်းရုံမျှမက ရန်ကုန်မြို့တွင် ရက်ရှည်ပြသမှု စံချိန်တင် ကားအဖြစ် မှတ်တမ်း တင်ခံခဲ့ရပါသည်။
ကောလိပ်ဂျင်နေ၀င်းမှာ သူ၏ ချွေးနှဲစာဖြင့် မိုးမြင့် သော်တာ ရုပ်ရှင်ကို တည်ထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ တယ်တညင်နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ဘမှန် ဘဇံအကြောင်း ရုပ်ရှင်ကားများကို ကိုယ်တိုင် ထုတ်လုပ် သရုပ်ဆောင်ခဲ့သည်။ အချို့အောင်မြင် ကျော်ကြား သော မင်းသားများ ကဲ့သို့ ဒါရိုက်တာ မလုပ်ဘဲ သရုပ် ဆောင်သက်သက်သာ လုပ်ခဲ့သည်မှာလည်း ထူးခြားမှုပင်။
၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်းများ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်ပါသည်။
ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။ အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ်မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ၀ါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ၀င်ရောက်လုပ် ကိုင်ခဲ့ကြပါသည်။ အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အ၀ ရရှိခဲ့ပါသည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။
သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာ ကိုမိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။ သမီးဖြစ်သူ ဟေမာနေ၀င်းမှ စတိရီ ယိုတေး များရော မြန်မာ သံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘ၀ကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။ ပြီးတော့ သားဖြစ်သူ ရာဇာနေ၀င်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။
သူကွယ်လွန်သည်မှာ နှစ်(၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့လုပ်ရပ်များကြောင့်ကောလိပ်ဂျင်နေ၀င်းဟူသည့် သူ့နာမည်မှာဘယ်တော့မှ သေမည် မဟုတ်ဘဲ ထာဝရ ရှင်သန်နေပါလိမ့်မည်။
-တင်ဆက်ပေးသူ- ကေမြူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တချိန်က လူကြိုက်သိပ်များခဲ့သော မင်းသားကြီးကောလိပ်ဂျင်နေဝင်း
အားအမှတ်တရ အနေနဲ့သူ၏ အကြောင်းလေးအား ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါသည်။
ကောလိပ်ဂျင်နေဝင်း၏ဇနီးမှာ ဒေါ်ခင်မာလာ ဖြစ်ပြီး....
သန္တာနေဝင်း(သမီး)
ရာဇာနေဝင်း(သား)
ဟေမာနေဝင်း(သမီး)
ရူပါနေဝင်း(သမီး)
တို့ မှာ သူ ၏ သားသမီး လေးယောက် ဖြစ်ပါသည်..။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/23/2013 04:56:00 PM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



