[mrsorcerer:37015] Abstract Wallpapers




 

 

 

 

 


 


 

 

 


 


 


 


 



★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
           

http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:37014] Fwd: [လူဗိုလ်ဟူသည် ...] 26.01.2013 နေ့ဖတ်ရန်သတင်းများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/26
Subject: [လူဗိုလ်ဟူသည် ...] 26.01.2013 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com


by Myanmar Journal on Saturday, January 26, 2013 at 6:15am ·
အရေးပေါ်နဲ့ မီးဖွားလူနာ အခမဲ့ကုပေးမယ်
မိခင်သေနှုန်းကျဖို့ ဆေးရုံတက် များများမွေးဖို့ အခမဲ့နည်းပါးဖြစ်အောင် လုပ်မယ်လို့ ညွှန်ချုပ်ဆို
အစိုးရဆေးရုံတွေမှာ မွေးလူနာတွေ များနိုင်သလောက် များများ မွေးစေချင်တယ်၊ ဒါမှသာ မိခင်သေနှုန်း ကျသွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။
မီးဖွားလူနာတွေကိုသာမကဘဲ အရေးပေါ် လူနာတွေကိုလည်း လူနာရှင်တွေ ဆေး၊ ပတ်တီးတွေ တတ်နိုင်သမျှ မဝယ်ရအောင် ကူညီ စောင့်ရှောက်မှုတွေ ပေးဖို့ အစိုးရ အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

ဆေးဝါးလုံလောက်မှု မရှိခဲ့လို့ အရေးပေါ် ရောက်လာရင် ဆေးဝယ်ခိုင်းရတာတွေ ရှိခဲ့တယ်၊ အခုတော့ လူနာတွေ သက်သာခွင့် ရအောင် စီစဉ်ပါမယ်လို့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ဘီဘီစီကို ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှာ ဆေးရုံပေါင်း ၉၄၀ ကျော် ရှိပြီး၊ ဆေးရုံမှာ ရှိတဲ့ ကုတင် အရေအတွက် အလိုက် အသုံးစရိတ် ကွဲပြားမှုတော့ ရှိမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးဘက် အစိုးရ ဘတ်ဂျတ် ခွဲဝေ သုံးစွဲမှုက နှစ်ပေါင်းများစွာ အနိမ့်ဆုံး ရောက်ခဲ့လို့ နိုင်ငံတွင်း ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ အိမ်နီးချင်း နိုင်ငံတွေအောက် နိမ့်ကျခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၁ မတ်လကုန်က တက်လာခဲ့တဲ့ အစိုးရသစ် လက်ထက်မှာတော့ ကျန်းမာရေးနဲ့ ပညာရေးဘက် ဘတ်ဂျတ် ရရှိမှုတွေ အနည်းငယ် တိုးတက်မှု ရှိလာခဲ့ပါတယ်။

လိင်တူမြတ်နိုးသူများ ပါလီမန်ရှေ့ နမ်းပြီး ဆန္ဒပြ
ရုရှနိုင်ငံရဲ့ ပါလီမန်ရှေ့မှာ လိင်တူမြတ်နိုးသူတွေက သူတို့ရှေ့ရေး စိုးထိတ်လို့ နမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
လိင်တူချစ်သူများ အခွင့်အရေးကို ပိတ်ပင်တားဆီးတဲ့ အချက်တွေ ပါနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားကြတဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းတခုကို လိင်တူမြတ်နိုးသူတွေက ကန့်ကွက်ကြပါတယ်။
ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လိင်တူမြတ်နိုးသူများအရေး လှုပ်ရှားသူ အယောက် ၂၀ လောက်က ရုရှနိုင်ငံ၊ မြို့တော် မော်စကိုက ပါလီမန်ရှေ့မှာ နမ်းရှုံ့ခဲ့ကြလို့ အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
ဥပဒေမူကြမ်းထဲမှာ ကလေးသူငယ်တွေကို လိင်တူ ချစ်သူတွေနဲ့ဆိုင်တဲ့ သတင်းအလက်တွေ မပေးဖို့နဲ့ လိင်တူချစ်သူများ အခွင့်အရေးကို မြှင့်တင်တဲ့ ပွဲသဘင်တွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။
လိင်တူချစ်သူတွေက လူမြင်ကွင်း လက်တွဲ လမ်းလျှောက်ရုံနဲ့ အဖမ်းခံထိမှာကို စိုးရိမ်နေကြပါတယ်။
ရုရှရဲ့ အာဏာရပါတီကတော့ လိင်တူမြတ်နိုးသူတွေကို ဖိနှိပ်ဖို့ထက် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အခုလို ဥပဒေ ပြဌာန်းဖို့ လုပ်ဆောင်တာလို့ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး တတိယအုပ်စုလိုပြီ
လွှတ်တော်က ကချင်ငြိမ်းချမ်းရေးအတွက် တတိယအုပ်စုလိုတယ်လို့ ဆုံးဖြတ်သလို လွှတ်တော်ပြင်ပမှာလည်း နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။
ကချင်ပြည်ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးပွဲတွေ ပြန်စဖို့ လူအများ လေးစား ယုံကြည်လောက်တဲ့ တတိယအုပ်စုက ကြားဝင် ညှိနှိုင်းပေးဖို့ အမျိုးသားလွှတ်တော်မှာ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က လွှတ်တော်အမတ် ဦးခက်ထိန်နန်က အဆိုပြု ဆွေးနွေးခဲ့တာမှာ ဒီကနေ့တော့ လွှတ်တော်က ဒီလို တတိယအုပ်စုက ကြားဝင် ဆောင်ရွက်ဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
အတည်ပြု ဆုံးဖြတ်ချက် မချမီမှာတော့ လွှတ်တော်တွင်းမှာ ကချင်အရေးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်အမတ် ဦးလှဆွေကတော့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေကို အပြုတ်တိုက်ရမယ်လို့ လွှတ်တော်မှာ သူ တင်ပြ ဆွေးနွေးခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။
တတိယအုပ်စုဆိုတာ ဘယ်သူဘယ်ဝါ၊ ဘယ်အုပ်စုဆိုတာကိုတော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာ တိတိကျကျ ရှင်းလင်း ပြောဆိုခဲ့တာတော့ မရှိပါဘူး။
ဒီကနေ့မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ပြင်ဘက်မှာ လက်နက်ကြီးသံတွေ ကျရောက် ပေါက်ကွဲခဲ့သလို မြို့ခံတွေက ထိတ်လန့်ပြီး နယ်စပ်က ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေး တိမ်းရှောင်ကြတဲ့အတွက် လိုင်ဇာမြို့ဟာ တိတ်ဆိတ် နေတယ်လို့ မြို့ခံတယောက်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လိုင်ဇာမြို့မှာ လူသူ ကင်းမဲ့
သောက်သုံးရေနဲ့ အိမ်သာ မလုံလောက်မှုတွေ ကြောင့် ဒုက္ခသည်စခန်းတွေမှာ ကလေးငယ် အတော်များများ ဝမ်းရောဂါဖြစ်
ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO/ KIA ကချင်လွတ်လပ်ရေး တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုတွေ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေချိန်မှာ လိုင်ဇာမြို့နား မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
လိုင်ဇာမြို့နားမှာ သောကြာနေ့တနေ့လုံး သေနတ်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားနေရပြီး ရှေ့တန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လိုင်ဇာမြို့ခံ ကိုလရစ်က ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လိုင်ဇာမြို့ပေါ် ဗုံးနှစ်လုံး ကျခဲ့တာကြောင့် မြို့ခံအတော်များများ တရုတ် မြန်မာနယ်စပ်က နေရာလွတ်တွေဆီ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသလို တချို့လည်း ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ ဆိုပါတယ်။
လိုင်ဇာမြို့မှာ လာရောက် စီးပွားရေး လုပ်နေတဲ့ တရုတ်လူမျိုးတွေလည်း နေရပ် တရုတ်ပြည်ကို ပြန်ကုန်ကြတဲ့အတွက် ဆိုင်တွေ၊ ဈေးတွေ ပိတ်ကုန်ပြီး မြို့တမြို့လုံး တိတ်ဆိတ် ငြိမ်သက်နေတယ်လို့ ပြောပါတယ်။
အခု လတ်တလော ထပ်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်းတွေမှာ လာရောက်ခိုလှုံသူတွေ အဆမတန် များလာပြီး သောက်သုံးရေ ပြတ်လပ်မှု၊ အိမ်သာ မလုံလောက်မှုတွေကြောင့် ကလေးငယ် အတော်များများ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။
သောကြာနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာတော့ ကချင်ဒေသအရေးနဲ့ ပတ်သက်လို့ နှစ်ဘက် ယုံကြည်လေးစားတဲ့ တတိယ အင်အားစု အဖွဲ့တဖွဲ့က ကြားဝင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦး ခတ်ထိန်နန်က အဆိုပြု တင်သွင်းခဲ့ရာမှာ လွှတ်တော်အမတ်တွေက မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။

မာလီတပ်တွေ ဟွမ်ဘိုရီကို ပြန်ထိန်းချုပ်
မာလီ အစိုးရကို ကူညီတိုက်ပေးနေတဲ့ ပြင်သစ် တပ်သားတွေ
မာလီနိုင်ငံ မြောက်ပိုင်းက အစ္စလာမ်မစ်တွေ သိမ်းယူထားခဲ့တဲ့ ဟွမ်ဘိုရီ မြို့ကို မာလီအစိုးရ နဲ့ ပြင်သစ်တပ်တွေက ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ ဟွမ်ဘိုရီမြို့ဟာ အစ္စလာမ်မစ်သူပုန်တွေ အဓိကတပ်စွဲထားတဲ့ ဂေါင်း ဒေသနဲ့ ကီလိုမီတာ ၁၆၀ လောက်ပဲဝေးပါတယ်။
ပြီးခဲ့တဲ့ မကြာသေးခင် အချိန်ပိုင်းကပဲ ပြင်သစ် စစ်လေယာဉ်တွေဟာ သူပုန်တွေတပ်စွဲထားတဲ့ နေရာအတော်များများနဲ့အတူ သူပုန်တွေရဲ့ လောင်စာ နဲ့ လက်နက်ခဲယမ်း သိုလှောင်ထားတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သူပုန်တွေဘက်ကလည်း မာလီအရှေ့ပိုင်း နီဂျဲ နိုင်ငံကို ဆက်သွယ်ထားတဲ့ တံတားကို ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။
ချာဒီယမ် စစ်သား နှစ်ထောင်ကျော်နဲ့ နီဂျဲ စစ်သား ငါးရာကျော်ဟာ အဲဒီ နီဂျဲ နိုင်ငံကနေ ဝင်ရောက်လာဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

အီဂျစ်တော်လှန်ရေး နှစ်ပတ်လည်မှာ အဓိကရုန်းတွေ ဖြစ်
အီဂျစ်မှာ ဆန္ဒပြသူတွေနဲ့ ရဲ အဓိကရုန်းဖြစ်
အီဂျစ် နိုင်ငံမှာ သမ္မတဟော့စနီ မူဘာရက်ကို ရာထူးကနေ ပြုတ်ကျစေခဲ့တဲ့ လူထုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒုတိယ နှစ်ပတ်လည်နေ့မှာ အစိုးရဆန့်ကျင်သူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကြား အဓိကရုန်းတွေ ဖြစ်ပွားခဲ့လို့ ဆူးအက်မြို့မှာ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။
ကိုင်ရိုမြို့က သမ္မတ အိမ်တော်အပြင်ဘက် နဲ့ တာဟီရာရင်ပြင်မှာ သမ္မတမော်ဆီကို ဆန့်ကျင်သူတွေနဲ့ ရဲတွေ ခိုက်ရန်ဖြစ်ပွားခဲ့သလို အလက်ဇန်းဒရီးယား မြို့မှာလည်း အလားတူ ဖြစ်ခဲ့ပါတယ်။
တော်လှန်ရေးပြီးတာ ၂ နှစ်ရှိသွားပေမယ့် ကျနော်တို့တောင်းခဲ့တဲ့ ပေါင်မုန့် ၊ လွတ်လပ်ခွင့် နဲ့ လူမှုရေးမျှတမှုတွေ အခုထိ ဘာမှ ဖြစ်မလာသေးပါဘူး ဒါကြောင့် ကျနော်တို့ ဆန္ဒပြပြနေ့ကြတာလို့ မနေ့က တာဟီရာရင်ပြင်မှာ ဆန္ဒပြနေသူတဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
အစ္စမိုင်လီယားမြို့ က မူဆလင် ဘရားသားဟုအဖွဲ့ရဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့ Freedom and Justice ပါတီဌာနချုပ်ကို လူငယ်ဆန္ဒပြသူတွေ အတင်းချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး နောက်ပိုင်းမှာ မီးတင်ရှို့ ခဲ့ကြပါတယ်။
The Muslim Brotherhood အဖွဲ့ကတော့ နှစ်ပတ်လည်နေ့မှာ လမ်းမပေါ်ထွက် ချီတက်တာမျိုးမလုပ်ဘဲ နှစ်ပတ်လည်အထိမ်းအမှတ် လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်ထားခဲ့တာပါ။
အီဂျစ်နိုင်ငံတဝှမ်း မှာ လူတိုင်းလူတိုင်း အိမ်ပြင်ထွက် ပြီး ၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေး အပြီးသတ်ဖို့ လိုတယ်ဆိုတာ ပြသကြဖို့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ မိုဟာမက် အဲ ဘာရာဒေး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
လက်ရှ သမ္မတ မစ္စတာမော်ဆီဟာ အာဏာရှင်ဆန်တယ် တော်လှန်ရေးကို သစ္စာဖေါက်တယ်လို ဝေဖန်သူတွေက စွပ်စွဲခဲ့ပါတယ်။
ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ပတ်သက်လို့လည်း သူ့အစိုးရကို အပြစ်ဖို့ကြပါတယ်။
မစ္စတာမော်ဆီကတော့ ဒါကို ငြင်းခဲ့ပါတယ်။
တနိုင်ငံလုံးမှာ လူပေါင်း ၃၃၀ ကျော် ဒဏ်ရာခဲ့တဲ့ အဓိကရုန်းတွေကို အဆုံးသတ်ပြီး အေးအေးဆေးဆေးနေကြဖို့ သမ္မတက ပန်ကြားလိုက်ပါတယ်။

အိုဘားမား အာရှမူဝါဒ ဂျွန်ကယ်ရီ ဝေဖန်

အထက်လွှတ်တော်အမတ် John Kerry
အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ၀န်ကြီးအသစ် အဖြစ်အမည်စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော်အမတ် John Kerry ကို လွှတ်တော်မှာ ကြားနာရာမှာ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ အဓိကနိုင်ငံခြားရေးရာ မူဝါဒတခုဖြစ်တဲ့ အာရှတိုက်ကို ပိုမို အာရုံစိုက်လာတဲ့ အစီအစဉ်အပေါ် ဝေဖန်ခဲ့တဲ့အတွက် အများက အာရုံစိုက်ခံခဲ့ကြရပါတယ်။ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဒီနှစ်ထဲ တာဝန်က အနားယူပြီးချိန်မှာ အထက်လွှတ်တော်အမတ် Kerry ကို အစားထိုး ခန့်အပ်ခံရဖို့ သေချာသလောက် ရှိနေတာပါ။

နိုင်ငံခြားရေးဝန်ကြီအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့အပေါ် ကြားနာပွဲမှာတော့ အာရှတိုက်မှာ အမေရိကန်က စစ်ရေးချဲ့ထွင်မှုတွေ လုပ်သင့်တယ်လို့ သူ့အနေနဲ့ မယူဆကြောင်းနဲ့ ဒီလိုလုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ မလိုအပ်ပဲ ထိပ်တိုက်ရင်ဆိုင် တိုးစေမယ့် အခြေအနေတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားကတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညှိတဲ့ မူဝါဒအဖြစ် ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့နောက် သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်္ကာပူတို့အပြင် အာရှ-ပစိဖိတ် ဒေသတွင်းက တခြား နိုင်ငံတွေမှာ အမေရိကန်ရဲ့ တပ်ဖွဲ့တွေ၊ ပစ္စည်းအသုံးအဆောင်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာခဲ့တာပါ။

အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန် အနေနဲ့ အာရှဒေသနဲ့ အဆက်အဆံတွေ တိုးမြှင့်လာတာဟာ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားလာနေတာကို ထိန်းချုပ်ဖို့ မဟုတ်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံကတော့ ဒီမူဝါဒနဲ့ ပတ်သက်လို့ ဘ၀င်မကျတဲ့ သဘောထားတွေ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ကချင်ကို အပြုတ်တိုက်ဖို့ တိုက်တွန်း
"ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ ကောင်းတယ်" - ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ်)
အစိုးရနဲ့ ကေအိုင်အေ ကေအိုင်အိုကြား တတိယအုပ်စု တခုက ကြားဝင် ညှိပေးဖို့ တင်ပြတဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် အဆိုကို လွှတ်တော်မှာ မဲခွဲခဲ့ရာမှာ အများစု ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပေမယ့် ကချင်ကို အပြုတ် တိုက်ဖို့အတွက် ပြင်းပြင်း ထန်ထန် ပြောဆိုဆွေးနွေး ခဲ့တာတွေလည်း ရှိပါတယ်။
ပြည်ခိုင်ဖြိုး ပါတီရဲ့ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ ကောင်းတယ်လို့ လွှတ်တော်ထဲမှာ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံအတော် များများဟာ သူတို့နိုင်ငံတွေမှာ ရှိကြတဲ့ သူပုန် အုပ်စုတွေနဲ့ ညှိနှိုင်းမှုတွေမလုပ်တဲ့ အမြစ်ပြတ် ရှင်းလေ့ရှိတဲ့ သာဓကတွေ အတိုင်း မြန်မာအစိုးရက လုပ်ဆောင်သင့်ကြောင်း၊ အစိုးရရဲ့ အပစ်ရပ်ဖို့ ကြေငြာခဲ့အပြီးမှာပဲ ကေအိုင်အေရဲ့ တိုက်ခိုက်မှုတွေ ရှိနေတာကို ကြည့်ရင် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်တဲ့အတွက် အမြစ်ပြတ် တိုက်ခိုက်ဖို့ဟာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်တယ်လို့ ဦးလှဆွေက ပြောပါတယ်။
ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် သဘောထားသာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထား မဟုတ်ဘူးလို့ ဦးလှဆွေက ဘီဘီစီကို ပြောဆိုသွားပါတယ်။

အီဂျစ်ဆန္ဒပြမှု ၅ ယောက်ထက်မနည်း သေဆုံး

 အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က Tahrir ရင်ပြင်က ဆန္ဒပြပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၃)
အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဟော်စနီမူဘာရက်ကို ဖြုတ်ချခဲ့တဲ့ ၂ နှစ်ပြည့်အခမ်းအနား လူထုစုဝေးမှုအတွင်း၊ ဆန္ဒပြသူတွေ နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကြား အီဂျစ်နိုင်ငံတ၀ှမ်း သောကြာနေ့က ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ ကိုင်ရိုမြို့မှာတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ တာရီယာရင်ပြင်ကို ချီတက်ခဲ့ကြပြီး၊ အစိုးရ အဆောက်အအုံတွေ ရှိတဲ့နေရာကို ကာထားတဲ့ နံရံတွေနားကို ကပ်လာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရဲတွေကို ခဲနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလက်ဇန္ဒရီယားမြို့၊ စူးအက်ဇ် နဲ့ အစ္စမေးလီးယားမြို့တွေမှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ အဲဒီလိုမျိုး ထိပ်တိုက်တွေ့တာတွေဖြစ်တယ်လို့ ဆိုပါတယ်။သောကြာနေ့က လူထု စုဝေးမှုတွေအတွင်း လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်နိုင်ငံရဲ့ဆေးရုံတွေက တာဝန်ကျဝန်ထမ်းတွေက ပြောပါတယ်။

ဘာသာရေး နဲ့ ကင်းရှင်းတဲ့ အတိုက်အခံအင်အားစုတွေကတော့ သမ္မတမော်စီ နဲ့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ကို ဆန္ဒပြဖို့ တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် မိုဟာမက် အယ်လ် ဘာရာဒေးကတော့ အတိုက်အခံတွေအနေနဲ့  တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ကြဖို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ၊ ပြောလိုက်ပါတယ်။

ဝတပ်ကို တရုတ်လက်နက်ရောင်း

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်သားများကို တရုတ်နယ်စပ်တွင် တွေ့ရစဉ်။
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကိုတရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်ကလက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့ကပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearfဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်ကနောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့ခေတ်မှီလက်နက်တွေကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင်လာဘာလက ထုတ်ပြန်တဲ့ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane ထောက်လှမ်းရေးအစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက်လက်နက်တွေလို့သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက်လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကိုအတိမ်းအစောင်းမရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို လှစ်လျှူရှုထားမထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူမရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက်ကိရိယာတွေကိုတိုက်ရိုက်ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာအစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊အဲဒီလိုပြောလို့ တိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကိုထိန်းထားဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင်ခံစာနဲ့ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊ကျွန်တော်တို့ရဲ့  ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကိုကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖွဲ့ဟာ အင်အားအများဆုံးဖြစ်ပြီးစစ်သားအင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်အစိုးရကဝင်ရောက်မစွက်ဖက်ရေးမူကို မူအားဖြင့် ကျင့်သုံးနေတယ်ဆိုပေမဲ့ ဝတပ်ဖွဲ့ကိုလက်နက်တွေ အကြီးအကျယ် ထောက်ပံ့နေခဲ့တာ ကြာပြီလို့ စစ်ရေးသုံးသပ်သူတွေကဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်ပါတယ်၊တရုတ်အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက်ထောက်ခံလာခဲ့သလိုခွဲထွက်ဖွဲ့စည်းတဲ့ သူပုန်အဖွဲ့တွေနဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊အဲဒီအထဲမှာ တရုတ်အစိုးရဟာ တရုတ်ဘာသာစကားပြောတဲ့ ဝ အဖွဲ့နဲ့ပိုပြီးရင်းနှီးတယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေတဲ့ JoshGordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ်တယ်လို့ သူကဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊မြို့ထဲက နေရာတော်တော်များများမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကိုသုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေကြပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာအပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာအထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားခဲ့ပါတယ်။ ဝဒေသဟာအာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ်လာသလိုဝအဖွဲ့ဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ်လက်ခံကြထားကြပါတယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကိုအလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာအစိုးရအနေနဲ့ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့စိတ်တောင်မကူးနဲ့ဆိုတာမျိုး အချက်ပေးချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှုံ့ဆော်သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည်အားဖြည့်ပေးခြင်းအားဖြင့်သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံအကျိုးအတွက်လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့ကပြန်လည်အားဖြည့်ပေးနေတာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့်စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာအတော်ကို သြဇာညောင်းခဲ့ပါတယ်။  ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက်ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲအနောက်နိုင်ငံတွေက ဆိုင်းငံ့လိုက်ပြီးတဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ်က ဝ တပ်ဖွဲ့ကိုလက်နက်တွေရောက်ပြီး တုံ့ပြန်လိုက်တာလို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/26/2013 10:51:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:37012] Fwd: [လူဗိုလ်ဟူသည် ...] ၂၁ ရာစု အန္ဓ၀န်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/25
Subject: [လူဗိုလ်ဟူသည် ...] ၂၁ ရာစု အန္ဓ၀န်
To: lubo601@gmail.com


by Nan Athinkhayar on Wednesday, May 23, 2012 at 1:19am ·
 
(၁)
            ဘီယာတွေသောက်ပြီး မူးမူးနဲ့ရင်ဖွင့်နေတာ .. သူက လွဲပြီး တခြားကောင်မလေးကို ပန်းကုံးမစွပ်ရဘူးတဲ့ ..။ ငယ်လေးက အသည်းနုလွန်းတယ်ကွာ ..။ မနေ့က တစ်ခြားဝိုင်းမှာ ထိုင်နေရင်းနဲ့တောင်မှ ငါ့ကိုလှမ်းပြုံးပြပြီး ဖုန်းဆက်ဖို့ အချက်ပြသေးတယ်။ သူ ဖုန်းဆက်ခိုင်းတာထက်၊ အိမ်က မိန်းမက အနားမှာပါနေရင် ဆက်ရခက်တယ်။
မနေ့က သမီးကြီးကို ကျူရှင်သွားကြိုတဲ့အချိန် သမီး ကျူရှင်ကဆင်းမလာသေးတော့ အချိန်လေးရတုန်း ဖုန်းဆက်လိုက်သေးတယ်။ ဆယ်တန်းစာမေးပွဲနားနီးတော့ ငါ့သမီးက ကျူရှင်တွေ
ချည်းဆက်တိုက်တက်နေရတာ ..ငါလည်း အဲဒါတွေအကြောင်းပြပြီး သမီးကို ကျူရှင်ပို့ပြီးတာနဲ့ ငယ်လေးဆီ လစ်ရတာပဲ။ ဟိုနေ့က ငါ ၂သိန်းပေးတာ ဖုန်းထပ်ဝယ်လိုက်လို့တဲ့ .. ပိုက်ဆံမရှိတော့ဘူး ဆိုပြီး၊ ငိုနေသေးတယ်။ ငါလည်း မိန်းမမသိအောင် နည်းနည်း ဘုန်းပြီး ထပ်ပေးလိုက်သေးတယ်ကွ။
             အိမ်ကဟာမကြီးကတော့ လွန်တယ်။ သမီးကြီး ကျူရှင်စရိတ်ဆိုတာကတစ်မျိုး၊ သမီးငယ် ကျောင်းမုန့်ဖိုးဆိုတာကတစ်မျိုး၊ သူကိုယ်တိုင်လည်း ဟိုဟာဝတ်ချင် သည်ဟာစားချင်နဲ့၊ ငါ့မှာ လောက်လောက်ငငကို သုံးရတယ်ဆိုတာ မရှိဘူး။ တစ်ခါတစ်လေ ငယ်လေးနဲ့အပြင်သွားချင်ရင်တောင် အဲဒီ့နေ့ကို ကားပြင်သလိုလို၊ ဘာလိုလိုနဲ့ မိန်းမကို လှည့်ပတ်တောင်းနေရတာ။ ၀ဋ်ပဲကွ ..၀ဋ်ပဲ ..။ ဟဲ ..ဟဲ .. ဒါပေမဲ့ချိုမြိန်စရာလေးတွေလည်း အနားရှိနေလို့သာ တော်တော့တယ်။

                                                                                    ++++++

(၂)
            ကိုကို ..နောက်ကျနေပြီထင်တယ်။ ပြန်ရအောင်။ အချစ်ကလည်း နေပါဦးမလုပ်နဲ့။ အခုတောင် ၆နာရီထိုးတော့မယ်။ ကျူရှင်ဆင်းချိန်ရောက်နေပြီ။ အခုလို နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချစ်ရတာ ပျော်တာပေါ့ ..။ အဲဒါကြောင့်လည်း အခုလို ကိုကိုခေါ်တဲ့နောက်ကို လိုက်လာတာ။ အင်း ..အိမ်တောင် ပြန်ချင်ပါဘူး။ စာမေးပွဲက နီးနေလို့ပါ။ မေမေတို့ ကျေနပ်အောင်တော့ စာကလည်း ကျက်ပြရဦးမှာ ကိုကိုရဲ့။ မေမေတို့က ဆယ်တန်းဆိုတော့ စိတ်ပူနေတယ်။ ကျမှာကြောက်နေတာ။ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ကျရင် သူငယ်ချင်းတွေနဲ့ အပြတ်ကဲမယ်။ ရှိုးပွဲတစ်ခုခုသွားမယ်။ ပြီးရင် .... ကိုကိုနဲ့ ..... ခိခိ .....။ အင်းပါ .. အိမ်ကို ပိုင်အောင်ပြောမှာပေါ့ ကိုကိုရဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အိပ်မယ်ပြောမယ်လေ။ ပြီးမှ ..သူတို့အတွဲနဲ့ အတူတူသွားမယ်နော်။          
             ပြီးခဲ့တဲ့လက ကျူရှင်လခတွေ မပေးဘဲ၊ ကိုကိုနဲ့ အတူလျှောက်လည်ရင်း သုံးလိုက်တာသာသိရင် ဆူမှာသိလား။ သြော် ..ဒါနဲ့
ကိုကို တိုက်တဲ့ဆေးတွေ သောက်တယ်နော်။ တစ်ခါတစ်လေတော့ စိတ်ပူတယ်။ ဟို ... ကလေးတွေ ..ဘာတွေ ...။ အင်း ..အင်း ..သိပါတယ်။ စိတ်ပူလို့ပါ ကိုကိုရဲ့ ..။ လက်ကြီးက ဖယ်ဦးလေကွာ ..။ တွေ့တာနဲ့ ကဲမယ်ဆိုတာချည်းပဲ ..။          
             ကိုကို ချစ်တယ်နော် ..။ အခန်းအပ်တော့မယ်ဆို လုပ်တော့လေ။ ပြန်မယ် ပြန်မယ်။ နက်ဖြန်ကျူရှင်က လေးနာရီနော်။
မေ့မနေနဲ့ဦး။ ဖေဖေ လာမကြိုခင် ကျူရှင် အမီပြေးရတော့မယ်။

                                                                                ++++++

(၃)
             အစ်မ ဒီနေ့ ဘာကောင်းလဲ။ အင်း ..ဟုတ်တယ်။ မနေ့က ထိပ်စီးမှန်ရဲ့သားနဲ့။ နောက်ဆို တစ်လုံးဘိုင်ရရင်ပြောနော်။ ကျမကကလန်ဒါ ကျရှိတယ် အစ်မရဲ့။ ဒီတစ်ပတ်လုံး ငါး တစ်လုံးပျောက်နေ တာလေ။ မွေးထား ..မွေးထား။ ဆတိုးပတ်တာအကောင်းဆုံးပဲ။ မနေ့က ပတ်တာက သုံး။ ထွက်တော့ ..ကိုး။ တော်သေးတယ်။ ပေါက်သီး တစ်ထောင်ဖိုးပါလို့။ သြော် .. ပတ်တာက ငါးသောင်း ဖိုးလေ။ ဘိုးတော်က အပိုင်ပဲတဲ့။ အာ ..ဒီလောက် လက်ငါးချောင်းထောင်ပြပြီး အဲဒီ့လက်နဲ့ ခေါင်းကို ရိုက်ပြတာ ..။ ကျမတို့က ငါးနှစ်လို့အပိုင်တွက်တာပေါ့။ လက်က ငါး ..ခေါင်းက နှစ်လေ။ တကယ်ထွက်တော့ ကိုးလေး။ အဲဒါ သွယ်ဝိုက်ပေးတာ။ တကယ်ဆို လက်က ငါးချောင်းလက်ဆိုတာ လေး ငါးချောင်းက ငါး။ ပေါင်းတော့ ..ကိုး။ ခေါင်းဆိုပေမဲ့ ..သူက ရိုက်ပြတာလေ။ အဓိက ရိုက်တာကို ကောက်ရမှာ။ ရိုက်တာက ..လေး။ ကွက်တိပဲ ..ကိုးလေး။ ဟုတ်တယ် ..ဟုတ်တယ် ..။ အဘက ပေးသား။ ကျမတို့က ညံ့တာ။          
             အခု မချိုတို့ သွားနေတဲ့ ဘုန်းကြီးဆိုတာ ..အကြားအမြင်တဲ့။ အတိတ်လည်းပေးတယ်။ အမယ် ..သီလရှင်ကပေးတယ်ဆိုတာ ဒီဘုန်းကြီး ဘယ်မီမလဲ။ အဲဒီ့ ဆရာလေးဆီရောက်ဖူးပါတယ်။ သူက တစ်ပတ်စာပေးတာ။ အခု ဘုန်းကြီးက ရက်အလိုက်ပေးတာတဲ့။
ကိုယ်သာမရောက်ဖူးသေးတာ။ သွားတဲ့လူတွေက ကျိတ်ကျိတ်တိုး။ မနက် ၇နာရီတောင်မထိုးသေးဘူး။ တိုးမပေါက်တော့ဘူး။ ဟိုနေ့က ဘယ်လောက်ထူးဆန်းလဲ ပြောပြဦးမယ်။ အဲဒီ့ ဘုန်းကြီးက တစ်ချိန်လုံး ကွမ်းစားချင်တယ် ကွမ်းစားချင်တယ်လို့ ပြောပြောနေတာ။
လူတွေက နှစ်သုံးကို အောထိုးတာ။ ၀က်ဝက်ကွဲပေါက်ကြတယ်တဲ့။ အဲဒါ ကြားထဲက သွားချင်နေတာ။ အင်း ..သွားကြမယ်လေ။            ဟုတ်ပြီ အစ်မ ..။ ဒီမနက်တော့ ငါးတစ်လုံး ကျိန်းသေပတ်လိုက်နော်။ နက်ဖြန်ကျ မနက် ၆နာရီခွဲလောက် ဆုံရအောင်။ သွားမယ်..သွားမယ်။ ဟင်းအိုး အနံ့ထွက်လာလို့ ပြေးကြည့်လိုက်ဦးမယ်နော်။

                                                                                        ++++++

(၄)
              ဖေဖေ .. မီး ကျူရှင် သွားတော့မယ်။
              မေမေ ...မီးကို မုန့်ဖိုးပေးလေ။

             မိန်းမ ..ငါ့ကားက ဆီအရမ်းစားနေတယ်ကွ။ အေး ..တစ်လက်စတည်း ..အောက်ပိုင်းပါ နည်းနည်း လုပ်လိုက်မယ်။ ငါ သမီးကိုကျူရှင်ပို့ပြီးရင် ၀ပ်ရှော့ပ် ၀င်လိုက်မယ်နော်။ ငါ ..ပိုက်ဆံနည်းနည်းယူသွားတယ်။

              မောင် ... နက်ဖြန် မချိုတို့နဲ့ ဘုန်းကြီးတစ်ပါးဆီသွားမလို့။ အင်း .. ၀တ်အဖွဲ့က လူတွေပါပါတယ်။ သြော် ..မောင့်သမီးက စာကျက်တာများပြီး အားနည်းလို့တဲ့ ..။ ဘရင်း(န်) ကြက်ပေါင်းရည်လေး ၀ယ်တိုက်လိုက်ဦး။             

                                                                                   ++++++

(၅)
               ငယ်လေး .. စောင့်နေရတာ ကြာပြီလား။
               မချို ...စောင့်နေရတာ ကြာသွားလား။
               ကိုကို ...စောင့်နေတာ ကြာပြီလားဟင် ..။


                                                                    +++++++++++++++++++++


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/26/2013 11:01:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:37010] Fwd: [လူဗိုလ်ဟူသည် ...] အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/25
Subject: [လူဗိုလ်ဟူသည် ...] အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၂)
To: lubo601@gmail.com


 
ကနေ့ ရေးသား တင်ပြမှာကတော့ အိုင်ပက် (iPad) ရဲ့ အပ်ပ် (App) အကြောင်းတွေပါ။ အပ်ပ်ဆိုတာ Application ရဲ့ ရှေ့ဆုံး စာလုံး ၃-လုံးဖြစ်တဲ့ App ကို ယူသုံးထားတာ ဖြစ်ပြီး၊ အသုံးချ ဆော့ပ်ဝဲလ် အမျိုးအ စား ဖြစ်တယ်။ Apps (S-ပါတဲ့ ဗဟူဝုစ်) ကို သုံးထားရင် အသုံးချ ဆော့ပ်ဝဲလ် အများကြီးကို ဆိုလိုတာပါ။ ကွန်ပျူတာ ဝေါဟာရနဲ့ နှိုင်းရင် အိုင်ကွန် (icon) နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကွန်ပျူတာမှာ Office ရဲ့ icon ကို ကလစ်နှိပ်လိုက်ရင် စာစီစာရိုက် လုပ်ငန်း လုပ်နိုင်မယ်။ Window Media Player ရဲ့ icon ကို ကလစ်နှိပ် လိုက်ရင် သီးချင်း နားထောင်နိုင်မယ်၊ ဗီဒီယို ကြည့်နိုင်မယ်ပေါ့။ ဒီလိုပါပဲ၊ အိုင်ပက်မှာလည်း Safari ဆိုတဲ့ App ကို ကလစ်နှိပ်လိုက်ရင် အင်တာနက် အဖွင့်မျက်နှာ ရောက်သွားပြီး ကြိုက်ရာ ၀က်ဆိုက်ကို ဖွင့်ကြည့်နိုင် တယ်။ You Tube App ကို ကလစ်နှိပ်လိုက်ရင် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယို၊ သီးချင်း သိန်းသန်းချီကို ကြည့်ရှုနိုင်မှာ ဖြစ်တယ်။ App ကို "အသုံးချ"လို့ ဘာသာပြန်ကြပေမယ့် အရပ်သုံး စကားလုံး နဲ့ဆို ကိရိယာ၊ တန်ဆာပလာ-လို့ ခေါ်ရမယ် ထင်တယ်။ လက်သမားဆရာ တစ်ယောက်မှာ ကိရိယာလို့ ခေါ် တဲ့ ဆောက်၊ တူ၊ ပေါက်ဆိန်တို့ မရှိရင် အလုပ် မလုပ်နိုင်သလို သင်ပုန်း (Tablet) လောကမှာလည်း App ဟာ မရှိမဖြစ် ကိရိယာတွေပါ။  

အိုင်ပက် (iPad) အတွက် အပ်ပယ်လ်ရဲ့ App Store မှာ တင်ထားတဲ့ App အမျိုးအစားပေါင်း သိန်းချီ ရှိပါ တယ်။ App တစ်ခုချင်းစီမှာ သီးသန့် လုပ်ဆောင်ချက် ရှိကြတယ်။ ကိုယ်စီ လက္ခဏာရပ်တွေနဲ့ပေါ့။ စာဖတ်တဲ့ App၊ အဘိဓာန် App၊ သီးချင်းနာထောင်တဲ့ App၊ ဗီဒီယို App၊ မြေပုံကြည့်တဲ့ App၊ မှတ်စုသိမ်းတဲ့ App စတာတွေပေါ့။ App ကို အခမဲ့ ပေးတာ ရှိသလို ပိုက်ဆံပေး ၀ယ်ရတာလည်း အများကြီးပါ။ အခမဲ့ ရရှိတဲ့ App အများစုကိုတော့ အပြည့်အစုံ မပါတတ်ပါ။ သုံးရရုံလေးသာ အခမဲ့ ပေးထားတာပါ။ ၀ယ်သုံးရတဲ့ App တွေကလည်း ဈေးကြီးရင် ကြီးသလောက် ပိုပိုပြီး ပြည့်စုံတယ်။ ဥပမာအနေနဲ့ အဘိဓာန် အပ်ပ် (Dictionary App) ဆိုပါစို့- ပေးထားတဲ့ ဖရီးဗားရှင်း(အခမဲ့မူ) ဆိုရင် မီနင်း (အဓိပ္ပါယ်) တစ်ခုလောက်ပဲ ဖွင့်ပေး ထားတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ၁၀ လောက် ပေးဝယ်ရတဲ့ အောက်စဖို့ အဘိဓာန် အပ်ပ် (Oxford Dictionary App) ဆိုရင် အပြင်မှာ ထုတ်ရောင်းနေတဲ့ စာအုပ်အတိုင်း တအားကို ပြည့်စုံတယ်။ 

အပ်ပ် (App) သိန်းချီ ရှိတဲ့ကြားက အိုင်ပက် (iPad) ၀ယ်ကတည်းက အလိုလို ပါလာပြီးသား အပ်ပ် (App) အကြောင်းတွေနဲ့ စလိုက်ကြရအောင်…။ အိုင်ပက် (iPad) မှာ အော်တိုမတစ် ပါလာတတ်တဲ့ အပ်ပ် (App) ဟာ အမျိုးအစား ၁၇-မျိုးလောက် ရှိတယ်။ အပ်ပ် (App) တွေရဲ့ ပုံပန်း၊ အသုံးပြုနိုင်စွမ်းနဲ့ လုပ်ဆောင် ချက်တွေကို တစ်ခုချင်းစီ ရှင်းပြသွားမှာပါ- 
1. Safari 
2. Mail 
3. Photos 
4. iPod 
5. Calendar 
6. Contacts 
7. Notes 
8. Maps 
9. Videos 
10. You Tube 
11. iTunes 
12. App Store 
13. Game Center 
14. FaceTime 
15. Camera 
16. Photo Booth 
17. Settings
1. Safari (ဆာဖာရီ- အင်တာနက် ဘရောက်ဆာ) 
 အိုင်ပက်နဲ့ အင်တာနက်ကို ချိတ်ဆက်ထားပြီး သုံးတော့မယ်ဆိုရင် အမြဲတန်း ကလစ်နှိပ် ဖွင့်ရတဲ့ အပ်ပ် (App) တစ်ခုပါ။ အိုင်ပက်ကို အလျားလိုက် လှဲထားတာပဲ ဖြစ်ဖြစ်၊ ဒေါင်လိုက် ထောင်ထားတာပဲ ဖြစ်ဖြစ် ဆာဖာရီ (Safari) ကို ဖွင့်လိုက်ရင် မျက်နှာပြင် အပြည့် အလိုလို ပေါ်ပေးတယ်။ ဘယ်လောက်ပဲ ကြီးတဲ့ ၀က်ဆိုက်ဖြစ်ဖြစ်၊ ဘယ်လိုပဲ သေးငယ်တဲ့ ၀က်ဆိုက်ဖြစ်ဖြစ် အပြည့် ပေါ်နေမှာပဲ။ အလျားလိုက်ကို လန်းစကိတ် (Landscape) လို့ သုံးနှုန်းပြီး ဒေါင်လိုက်ကို ပေါ့ထရိတ် (Portrait) လို့ သုံးပါတယ်။ (အဲ… ၀က်ဆိုက် တစ်ခုခုရဲ့ လိပ်စာ မပါရင် အဖြူထည်ကြီးပဲ ပေါ်နေမှာနော့်။) 

ဆာဖာရီကို ဖွင့်လိုက်တာနဲ့ အင်တာနက် စာမျက်နှာ ပွင့်လာမှာပါ။ အင်တာနက် စာမျက်နှာရဲ့ ထိပ်ဆုံးမှာ အလွတ်ကွက် ၂-ခုနဲ့ ဘားတန်းရယ်၊ အပေါင်းလက္ခဏာ (+) ပါတဲ့ ဘားတန်းရယ် ဆိုပြီး ဘားတန်း ၂-ခု ပေါ် လာမယ်။ ထိပ်ဆုံး ဘားတန်းထဲက အလွတ်ကွက် ၂-ကွက်မှာ ရှည်တဲ့ (ဘယ်ဘက်) အကွက်ဟာ ၀ပ်ဆိုက် တစ်ခုခုရဲ့ လိပ်စာ အပြည့်အစုံကို ဖော်ပြပေးတဲ့ အကွက်ဖြစ်ပြီး၊ တိုနေတဲ့ အကွက် (ညာဘက်) ကိုတော့ မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာဖွေရာမှာ အသုံးပြုတဲ့ အကွက် ဖြစ်တယ်။ 

အဲဒီ အလွတ်ကွက် ၂-ကွက်အပြင် ညာဘက်ဒေါင့်နားမှာ အခြား လုပ်ဆောင်ချက်များလည်း ရှိသေးတယ်။ အဲဒါတွေကတော့ နောက်သို့ / ရှေ့သို့ကို ညွှန်ပြတဲ့ မျှား ၂-ခုရယ်၊ ဖွင့်ထားတဲ့ စာအုပ်ပုံစံရယ်၊ စာအုပ် အလယ် ကနေ ဖောက်ထွက်လာတဲ့ မျှားရယ် ဆိုပြီး နောက်ထပ် အပိုဆောင်း လုပ်ဆောင်ချက် ၃-ခု ပါသေး တယ်။ အင်တာနက် စာမျက်နှာ တစ်ခုအတွင်းမှာ ဟိုဟာကြည့်လိုက်၊ ဒီဟာဖတ်လိုက် ထပ်ခါထပ်ခါ နှိပ်ရှာ တဲ့အခါမှာ (စာအုပ်ကို လှန်လှောသလို) ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေမယ်။ အဲဒီအခါ ရှေ့ကို ဆက်သွားချင်ရင် ရှေ့ဘက်ကို ညွှန်ပြထားတဲ့ မျှားကို နှိပ်၊ နောက်ကို ပြန်ဆုတ်ချင်သပဆိုရင် နောက်ဘက်ကို ညွှန်ထားတဲ့ မျှားကို နှိပ်လိုက်ရုံပါ။ ဒီမျှားတွေကို ကက်ဆက်၊ အောက်စက်တွေမှာ သုံးတဲ့ Previous နဲ့ Next တို့ရဲ့ ပုံစံနဲ့ တစ်ထေရာတည်းပါ။ အလယ်မှာရှိတဲ့ စာအုပ်ဖွင့်ထားတဲ့ ပုံစံက ဘွတ်မာ့က် (Bookmarks) ပါ။ ကြိုက်တဲ့ ၀က်ဆိုက်တွေကို မှတ်ထားတဲ့ လင့် (Link) စာရင်းလို့ ပြောရင် ရမလားပဲ။

 နောက်ဆုံးတစ်ခု ဖြစ်တဲ့ စာအုပ်အလယ်ကနေ မျှားဖောက်ထွက်သွားတဲ့ ပုံစံဟာ ကြိုက်တဲ့ ၀က်ဆိုက်ကို မှတ်ထားဖို့ရယ်။ ဟုမ်း (Home) ဆိုတဲ့ မူလမျက်နှာမှာ အပ်ပ် (App) တစ်ခုအနေနဲ့ သိမ်းထားဖို့ရယ်။ အီမေးလ် ကနေတစ်ဆင့် အများကို မျှဝေ ပို့ပေးဖို့အတွက်ရယ်ပါ။ အောက်ဘားတန်းမှာကျတော့ လက်ရှိ ဖွင့် ထားတဲ့ စာမျက်နှာရယ် ဘေးမှာ အပေါင်းလက္ခဏာ (+) ရယ် ရှိတယ်။ အပေါင်းလက္ခဏာ (+) ကို နှိပ်လိုက် ရင်   နောက်ထပ် အလွတ် စာမျက်နှာတစ်ခု ပေါ်လာမယ်။ နောက်ထပ် ၀က်ဆိုက်တစ်ခုကို ထပ်ရှာလို့ ရ တယ်ပေါ့။ အပေါင်းလက္ခဏာကို နှိပ်တိုင်း နှိပ်တိုင်း နောက်ထပ် နောက်ထပ် စာမျက်နှာ အလွတ် အများ ကြီး ပေါ်လာမှာပါ။ ကွန်ပျူတာမှာလိုပဲ အိုင်ပက်မှာလည်း အင်တာနက် စာမျက်နှာ (Web Pages) မြောက်များ စွာ တပြိုင်တည်း ဖွင့်ထားနိုင်ပါတယ်။ ကြည့်ချင်တဲ့ မျက်နှာကို ကလစ်ထပ်နှိပ်လိုက်ရုံပဲ။ Active (နည်းနည်း လင်း) နေတဲ့မျက်နှာဟာ ဖွင့်ထားတဲ့ မျက်နှာပေါ့။ 

မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာချင်တော့မယ်ဆိုရင်- 
(၁) ဘားတန်း ၂-ခုထဲက အပေါ်ကို ရွေး၊ အလွတ်ကွက် ၂-ကွက်ထဲက ညာဘက်ဒေါင့်ကွက်ကို ရွေးပါ။ 
(၂) ညာဘက် အလွတ်ကွက်မှာ ကလစ် ၁-ချက်နှိပ်လိုက်ပါ။ အောက်ကနေ လက်ကွက် (ကီးဘုတ်) အလိုလိုပေါ်လာမယ်။ 
(၃) ကြိုက်တဲ့ စာလုံးပေါင်းတစ်ခုခုကို ရိုက်လိုက်ပါ။ (ဥပမာ book ရိုက်လိုက်တယ် ဆိုပါစို့၊ book နဲ့စတဲ့ စာလုံးတွေ တသီတတန်းကြီး ပေါ်လာမယ်။ အဲဒီထဲမှာမှ ကြိုက်တဲ့တစ်ခုကို ဖွင့်လိုက်ပေါ့။) 

အဲ.. တစ်ခုတော့ သတိထားရမှာက ဇော်ဂျီဖောင့်နဲ့ ရေးတင်ထားတဲ့ မြန်မာဘလော့ဂ် (BlogSpot) တွေ ကိုတော့ ဖတ်လို့ရမှာ မဟုတ်ဘူး။ ဖွင့်လိုက်ရင် လေးကွက် အလုံးတွေပဲ ပေါ်လာ မယ်။ မြန်မာဘလော့ဂ်တွေ ကို ဖတ်ချင်ရင် မိုးကုတ် (Mogok) လို့ခေါ်တဲ့ ၀က်ဘရောက်ဆာကို ဒေါင်းလုတ်ထားရပါမယ်။ 
Tab (အင်တာနက် မျက်နှာ) အများကြီး ဖွင့်ထားတဲ့ အိုင်ပက်ပုံစံ 

ဆက်စပ်လို့ မိုးကုတ် (Mogok) ဒေါင်းလုတ် လုပ်ပုံကို တစ်ခါတည်း တင်ပြသွားပါ့မယ်။ အင်္ဂလိပ် "A" အက္ခရာ လို အပြာရောင်နဲ့ App Store ဆိုတဲ့ အပ်ပ်ကို မူလမျက်နှာမှာ ရှာပါ။ 
(၁) App Store (ဒီစာရင်းထဲမှာ နံပါတ် ၁၂ ခုမြောက်) ကို တွေ့တာနဲ့ ၁-ချက် ကလစ်လိုက်ပါ။ (၂) ပေါ်လာတဲ့ မျက်နှာရဲ့ ညာဘက် (အလွတ်) အကွက်မှာ ၁-ချက် နှိပ်ပါ။ (အောက်ဘက်မှာ ကီးဘုတ် ပေါ်လာမယ်) 
(၃) Mogok လို့ ရိုက်ထည့်လိုက်ပါ။ (Mogok web browser စာတန်းပေါ်လာမယ်။ ရွေးပြီး နှိပ်လိုက်ပါ) 
(၄) အင်္ဂလိပ်လို "M" အကြီးနဲ့ အနီရောင် အကွက် တစ်ကွက်ပေါ်လာမယ်။ 
(၅) (ဘေးနားမှာရှိတဲ့) FREE ကို ၁-ခါနှိပ်၊ ပြီးရင် INSTALL APP ကို ထပ်နှိပ်။ 
(၆) (Apple ID အကောင့် ရှိသူများအတွက်) ပတ်စဝေါ့ (Password) တောင်းလိမ့်မယ်။ ပတ်စဝေါ့ ရိုက်ဖြည့် လိုက်ပါ။ ခဏလေးစောင့် ဒေါင်းလုတ် လုပ်ပေးပါလိမ့်မယ်။ 

ပြီးသွားရင် အဲဒါကို နှိပ်ပြီး ဖွင့်။ ဒါဆိုရင် ဘယ်မြန်မာဝက်ဆိုက်ကို မဆို မြန်မာလို ဖတ်လို့ ရပါပြီ။ (မှတ်ချက်။ ID အကောင့် ရှိသူများအတွက်သာ ဒေါင်းလုတ်လုပ်လို့ ရမယ်။ မရှိသူများအတွက် ထည့်ထားပြီးသား အပ်ပ်တွေကိုသာ သုံးလို့ ရမယ်။ ID အကောင့် ဖွင့်ပုံကို သီးခြား ထပ်ဖော်ပြပါမယ်။)
2. Mail (အီမေးလ်)  
ဘယ်အီမေးလ် အကောင့်ကနေမဆို အီမေးလ် လက်ခံရယူခြင်း၊ ဖတ်ခြင်း၊ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင် တဲ့ အပ်ပ် (App) တစ်ခုပါ။ ဓာတ်ပုံ၊ PDF ဖိုင်တွေကိုလည်း တွဲပို့နိုင်တယ်။ ပေးပို့လာတဲ့ ဓာတ်ပုံ၊ PDF ဖိုင်တွေ ကိုလည်း ပရင်တာ တစ်ခုခုကို ထည့်ထားပါက ပရင့်လည်း ထုတ်နိုင်သေးတယ်။ PDF Creator ထည့်ထားရင် PDF ဖိုင်ပါ လုပ်လို့ရသေးတယ်။ မေးလ်လုပ်ဆောင်ချက်ဖြစ်တဲ့ မိုဘိုင်းမီ၊ မိုက်ခရိုဆော့အိတ်စ်ချိန်းကနေ တစ်ဆင့် အသုံးများနေတဲ့ ရာဟူမေးလ် (Yahoo)၊ ဂူးဂဲလ်မေး (Google)၊ အေအိုအယ်လ် (AOL) မေးလ် ၊ ဟော့မေးလ် (Hotmail) တွေကို သုံးနိုင်ပါတယ်။
 
Mail (အီမေးလ်) အကောင့်တစ်ခုခုကို ၀င်ထားတဲ့ အိုင်ပက်ပုံစံ 

 မေးလ်ကို ဖွင့်နိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်အဆင့်- 
(၁) ဟုမ်း (Home) မှာ ရှိနေတဲ့ (ခွေးစိတ်သွား) Setting ကို နှိပ်ပါ 
(၂) ဘယ်ဘက်ကော်လံမှာ ရှိနေတဲ့ Mail, Contacts, Calendars ကို နှိပ်ပါ။ 
(၃) ညာဘက်ကော်လံမှာ ရှိနေတဲ့ Add Account ကို နှိပ်ပါ။ 
(၄) ညာဘက်ကော်လံမှာ ပြထားတဲ့ မေးလ်အများစုထဲက မိမိသုံးမယ့် Yahoo, Google, Hotmail တစ်ခုခုကို နှိပ်ပါ။ (ဘောက်တစ်ခု ပေါ်လာလိမ့်မယ်။) 
(၅) Name = ……………………, မိမိနာမည် 
Email = ……………………, လက်ရှိသုံးနေတဲ့ အီမေးလ် 
Password = ……………………, လျို့ဝှက်စာဂဏန်း 
Description = ……………………, Yahoo, Google တစ်ခုခုကို ရွေးပါ။ 
(၆) ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ Next ကို ဆက်နှိပ်ပါ။ 
(၇) Save လိုက်ပါ။ ရွေးချယ်ထားတဲ့ မေးလ် အော်တို ၀င်သွားပါပြီ။ 

ဘယ်အချိန်ဖြစ်ဖြစ် မေးလ်ကို သုံးချင်ရင် Mail ဆိုတဲ့ App ကိုသာ နှိပ်လိုက်ပါ။ အလိုလို မေးလ်ထဲ ရောက် သွားလိမ့်မယ်။ ဘယ်ဘက်ကော်လံမှာ ရှိတဲ့ ဇယားတွေက ကွန်ပျူတာမှာ သုံးနေတဲ့ အီမေးလ်အတိုင်းပါပဲ။ (မှတ်ချက်= ဖွင့်ထားတဲ့ မေးလ်အကောင့် အမြဲတန်းလိုလို အော်တို ၀င်နေမှာနော့်။ အိုင်ပက် ပါဝါ မပိတ် မချင်း သူများတွေရဲ့ မေးလ်ထဲမှာ မိမိရဲ့ အီမေးလ်အကောင့် Always ဖြစ်နေမယ်။ စိမ်းနေမယ်။) 
3. Photos (ဓာတ်ပုံ)  

နေကြာပန်းပုံနဲ့ လုပ်ထားတဲ့ အပ်ပ် (App) ကို Photos (ဓာတ်ပုံ) လို့ ခေါ်တယ်။ ဒီ Photos (ဓာတ်ပုံ) ကို နှိပ်ပြီး ဖွင့်လိုက်တာနဲ့ ခေါင်းစီး ၃-ခုရှိတဲ့ စာမျက်နှာ တစ်ခု ပေါ်လာလိမ့်မယ်။ ခေါင်းစီး ၃-ခုကတော့- Photos, Albums နဲ့ Place ပါ။ 

Photos ခေါင်းစီးအောက်ကနေ အိုင်ပက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ အင်တာနက်ကနေ သိမ်းထားတဲ့ ဓာတ်ပုံတွေကို  ကြည့်ရှုနိုင်တယ်။ Albums ခေါင်းစီးအောက်ကနေ အယ်လ်ဘမ်တစ်ခုအနေနဲ့ သိမ်းထားပေး တယ်။ Place ခေါင်းစီးအောက်ကနေ ရောက်ရှိတဲ့ နေရာကို ပြပေးတဲ့ မြေပုံလည်း ရှိတယ်။ မိမိရိုက်ကူး ထားတဲ့ ဓာတ်ပုံဟာ ဘယ်နေရာလဲရှိတာကို ပြသပေးတဲ့ သဘောပါ။
ဓာတ်ပုံတွေကို Slideshow လုပ်ထားတဲ့ နမူနာပုံစံ
 ပြီးတော့ ဒီခေါင်းစီး ၃-ခုဘေးနားမှာ ရှိနေတဲ့ နောက်ထပ် ရှိပါသေးတယ်။ Slideshow နဲ့ မျှားခေါင်းလေးပါ။ Slideshow ဟာ ဓာတ်ပုံတွေကို စလိုက်ရှိုးအနေနဲ့ ကြည့်နိုင်ဖို့ လုပ်ဆောင်ချက်တွေ ထည့်ပေးထားတယ်။ စလိုက်ရှိုးအတွက် ဓာတ်ပုံ တစ်ပုံနဲ့တစ်ပုံ အကူးအပြောင်း လုပ်ပေးတဲ့ ထရန်စီရှင်း (Transition) နဲ့ ထည့်သွင်း ရမယ့် နောက်ခံသီချင်း (Music) လည်း ပါဝင်သေးတယ်။ 

Slideshow ရဲ့ ဘေးနားမှာ ရှိနေတဲ့ မျှားခေါင်းကို နှိပ်ပါက ဓာတ်ပုံကို Share လုပ်ဖို့ (အများဆီကို မေးလ်ကနေ တစ်ဆင့် ပို့ပေးဖို့) လုပ်ဆောင်ချက်ရယ်၊ ကော်ပီ (Copy) ရယ်၊ ဖျက်ဖို့ (Delete) ရယ်ဆိုပြီး နောက်ထပ် ၃-ခု ရှိပါသေးတယ်။ အဲ…ထူးဆန်းတာ တစ်ခုက အခုနောက်ပိုင်း (iOS.5.1.1 စက်လည်ပတ်မှုစနစ် မြှင့် တင်ပြီး နောက် ပိုင်း) အိုင်ပက် လော့ဂ်ကျနေသည့်တိုင် (အိုင်ပက်ကိုဖွင့်တဲ့ မျှားခေါင်းဘေးမှာ ရှိနေတဲ့ ) နေကြာပန်းပုံကို နှိပ်ပါက ဓာတ်ပုံကို ကြည့်ရှုနိုင်ပါသေးတယ်။ 
4. iPod (အိုင်ပေါ့)  
iTunes ကနေတစ်ဆင့် ကိုယ်ပိုင် ထည့်သွင်းထားတဲ့ သီးချင်း၊ အင်တာနက်ကနေ ဒေါင်းလုတ်ထားတဲ့ သီချင်း၊ ရီကော့ လုပ်ထားတဲ့ အသံတွေကို စုစည်းပေးထားတဲ့နေရာကို iPod (အိုင်ပေါ့) လို့ ခေါ်ပါတယ်။ iPod (အိုင်ပေါ့) ကို အသံပိုင်းဆိုင်ရာ ဖွင့်တဲ့ ပလေယာ တစ်ခုအနေနဲ့ သုံးပါတယ်။ စမတ်ဖုန်းမှာ ပါတတ်တဲ့ MP3 ပလေယာပါပဲ။ (အရုပ်မပါ၊ သီချင်း အသံသက်သက် ဖွင့်တဲ့ ကိရိယာပေါ့။) iPod (အိုင်ပေါ့) ကို ဖွင့်ပြီး နားထောင်မယ်ဆိုရင် အောက်ပါ ပေးထားတဲ့ နည်းလမ်း ၂-မျိုးထဲက တစ်မျိုးမျိုးနဲ့ သီးချင်း၊ အသံတွေကို အရင်ထည့်သွင်းထားရပါမယ်။ 
နည်း (၁)
-အိုင်ပက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ 
-iTunes ဆိုတဲ့ ဆော့ပ်ဝဲလ်ကို ဖွင့်လိုက်ပါ။ (ကွန်ပျူတာမှာ iTunes အင်စတောလ် ထားပြီးသား ဖြစ်နေရပါမယ်။) 
- (iTunes ပွင့်လာရင်) File > Add file to Library ကို ရွေးနှိပ်ပါ။ (Add file to Library ဆိုတဲ့ ဘောက်တစ်ခု ထပ်ပေါ်လာမယ်။) 
- (ကွန်ပျူတာမှာ သိမ်းဆည်းထားတဲ့) သီးချင်းရှိတဲ့ ဖိုင်ကို ရှာရွေးပါ။ တွေ့ရင် ကလစ် ၂-ချက် အမြန်နှိပ်ပါ (သို့မဟုတ်) ကလစ် ၁-ချက်နှိပ်ပြီး ဘောက်ထဲက Open ကို ထပ်ဖွင့်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်း၊ အသံက iTunes ထဲ ရောက်လာပြီ။ 
- iTunes ရဲ့ ညာဘက်အောက်ဆုံးဒေါင့်မှာ ရှိနေတဲ့ Sync ကို နှိပ်လိုက်ပါ။ (အိုင်ပက်ထဲ သီချင်း၊ အသံ ၀င်သွားနေတာကို တွေ့ရမှာပါ။ ကြိုက်သလောင် သွင်းပြီးရင် အိုင်ပက်ကို ကြိုးဖြုတ်၊ အိုင်ပက်ထဲက iPod (အိုင်ပေါ့) ကို ဖွင့်လို့ ရပါပြီ။ 
နည်း (၂) 
-အိုင်ပက်ထဲက ဟုမ်း (မူလမျက်နှာ) မှာ ရှိတဲ့ iTunes ကို ဖွင့်ပါ။ (Apple ရဲ့ iTunes Store ရောက်သွားမယ်။) - iTunes Store ရဲ့ စာမျက်နှာ အောက်ခြေမှာ Podcasts, iTunes U, Dowloads ဆိုပြီး စာတန်း သုံးမျိုး ရှိနေမယ်။ အဲဒီသုံးခုထဲက ပထမ ၂-ခုအနက် တစ်ခုခုကို ရွေးပြီး သက်ဆိုင်ရာ အသံဖိုင်၊ သီးချင်းတွေ ရလာလိမ့်မယ်။ ဒေါင်းလုတ် လုပ်ချင်ရင်တော့ နောက်ဆုံးဖြစ်တဲ့ Dowloads ကို ရွေးပေါ့။ iPod (အိုင်ပေါ့) နဲ့ သီးချင်း၊ အသံတွေကို ဖွင့်မယ်၊ ပိတ်မယ်၊ ကျော်မယ်၊ ပြန်ရစ်မယ်ဆိုရင် MP3 Player မှာ လုပ်နေတဲ့ လုပ်ပုံလုပ်နည်းအတိုင်းသာ လုပ်လိုက်ပါ။
5. Calendar (ပြက္ကဒိန်) 
စာရင်းဇယားနဲ့ အစီအစဉ်တွေကို ချမှတ်ဖို့အတွက် အိုင်ပက်မှာ ပြက္ကဒိန်ကို ထည့်ပေးထားတယ်။ နေ့၊ လနဲ့  နှစ်အလိုက် ပြက္ကဒိန်ကို ထည့်ပေးထားသဖြင့် နှစ်ပေါင်းများစွာကို ကြိုတင် ကြည့်နိုင်သလို တရက် တည်းမှာပင် ဖြစ်စဉ် တစ်ခုချင်းစီကိုလည်း ပြည်လည် ကြည့်ရှုနိုင်ပါသေးတယ်။ ဥပမာ- လာမယ့်   အောက်တိုဘာလ ၃၁-ရက်နေ့မှာ သီတင်းကျွတ် မီးထွန်းပွဲတော် နွှဲမယ် ဆိုပါစို့။

ဒီဖြစ်စဉ်ကို ပြက္ကဒိန်မှာ မှတ်တမ်းတင် ထည့်သွင်းထားလိုပါက- 
(၁) ပြက္ကဒိန်ရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ Day, Week, Month, Year, List မီနူထဲက Month ကို ရွေးနှိပ်ပါ။ (၂) အောက်တိုဘာလ ၃၁ ကို ရွေးပါ။ 
(၃) ပြက္ကဒိန်ရဲ့ အောက်ခြေမှာ ရှိနေတဲ့ အပေါင်းလက္ခဏာ (+) ကို နှိပ်ပါ။ (ဇယားတစ်ခု ကျလာလိမ့်မယ်။) (၄) Title နေရာမှာ ပါဝင်ဆင်နွှဲမယ့် အဖြစ်အပျက်ကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ Lighting Festival) -Location နေရာမှာ ပါဝင်ဆင်နွှဲမယ့် နေရာကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ-Shwedagon) -Start, Ends, Time Zone ကို ထပ်နှိပ်ပါ။ (နေ့၊ အချိန်၊ နာရီ ပြောင်းရန်) 
-ဇယားအောက်တွဲမှာ ထပ်ပေါ်လာတဲ့ နေ့ရက်၊ နာရီ၊ အချိန် (မနက် / ညနေ) တွေကို ထပ်ရွေးပါ။ (ဥပမာ Web, 7 PM – 9 PM) ရွေးပြီးပြီဆိုရင်- -(ဇယားထိပ်ဆုံးမှာ ရှိနေတဲ့) Done ကို နှိပ်လိုက်ပါ။ 

ဒါဆိုရင် ပါဝင်ဆင်နွှဲမယ့် သီတင်းကျွတ် မီးထွန်းပွဲတော် အကြောင်းကို ဦးဏှောက်နဲ့၊ မှတ်စုစာအုပ်နဲ့ မှတ်သားစရာ မလိုတော့ဘဲ၊ ပြက္ကဒိန်ကို ကောက်ကြည့်လိုက်တာနဲ့ ပွဲတော်ကို ဆင်နွှဲရမယ့်အချိန်ကို တန်းသိ မှာပါ။ ဆိုလိုတာက ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ ၃၁ (သီတင်းကျွတ်လပြည့်) နေ့၊ ညပိုင်း ၇-နာရီကနေ ၉-နာရီအထိကို အိုင်ပက်ရဲ့ ပြက္ကဒိန်ဇယားကွက်ထဲမှာ ထည့်သွင်းလိုက်တာပါ။ 
-အပိုင်း-၃ ကို ဆက်လက်ဖော်ပြပါမယ်- 
 


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/26/2013 10:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:37010] Fwd: [လူဗိုလ်ဟူသည် ...] “လှကြစမ်းဗျာတို့”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/25
Subject: [လူဗိုလ်ဟူသည် ...] "လှကြစမ်းဗျာတို့"
To: lubo601@gmail.com


by Soe Min on Friday, January 25, 2013 at 9:55am ·

          ဂင်္ဂါငါးနဲ့ ယမုံနာငါး အလှပြိုင်ကြတဲ့အခါ ခုံသမာဓိအဖြစ် ဦးရွှေလိပ်ကို အဆုံးအဖြတ်ပေးခိုင်းတော့ "မင်းတို့နှစ်ကောင်စလုံး ငါ့လိုဝိုင်းဝိုင်းစက်စက် တင့်တင့်တယ်တယ်မှ မရှိပဲနဲ့။ ငါကသာ အလှဆုံး။ ဒါတောင် ရေချိုးရသေးတာ မဟုတ်ဘူး" လို့ ပွဲသိမ်းလိုက်သတဲ့။
ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုးဆိုတာ အဲဒီပုံပြင်ကလာတယ်လေ။ ဟိုးအရင်တုန်းက ဆရာမြို့မငြိမ်းရေးခဲ့တဲ့ အလှပြိုင်ပွဲဆိုတဲ့ သီချင်းကလေးကို ရေးတင်ခဲ့ဖူးသေးတယ်။ ဦးဝင်းဦးကြီးရဲ့ အဆိုနဲ့ပါ။ အခုတစ်ခါ ဒီအကြောင်းကို အစပြန်ဖော်ရတဲ့အကြောင်းကတော့ အရင်တုန်းကနဲ့မတူပဲ အမြင်တစ်မျိုးပြောင်းလာတာကိုး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အလှဆုံး အချောဆုံးထင်ကြတာပဲ ဆိုတာ ဟုတ်ပါ့မလား။
မခံချင်စိတ်နဲ့ အနိုင်ယူပြောနေပေမယ့် အတွင်းစိတ်ထဲမှာ ကိုယ့်ထက်သာတယ်ထင်တဲ့သူကို မနာလိုဖြစ်ရင်း ကိုယ့်ရုပ်ရည်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်တာ ခုမှပဲ သေချာပြန်စဉ်းစားမိတော့တယ်။ ဂရိဒဏ္ဍာရီထဲက နာဆစ်ဆပ်လို ရေထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်ကလေးကိုယ်ပြန်ချစ်သွားပြီး မျက်နှာမလွှဲနိုင်အောင် ဖြစ်သွားတယ်ဆိုတာ လက်တွေ့ဘ၀မှာတော့ ရှားပါလိမ့်မယ်။ လူတိုင်းမှန်ကြည့်တတ်တယ်။ အကြည့်တန်မှ မှန်ကြိုက်တာ မဟုတ်ဘူး။ လှတဲ့သူတွေလည်း လှလေ မှန်ကြိုက်လေ ရှိကြတာပဲ။ ဒါပေမယ့် မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ရုပ်သွင်ကို ကိုယ်ကျေကျေနပ်နပ် ရှိနေတာမဟုတ်ပဲ ကိုယ့်စိတ်ထဲမှာ ကိုယ့်ထက်သာတယ်လို့ထင်တဲ့ တခြားတစ်ယောက်ယောက်ကို အတုခိုးဖို့ စဉ်းစားနေတဲ့သူတွေလည်း ရှိမှာပဲ။ ဒါကြောင့်မို့ ဒီတစ်ခါတော့ အမကြီးနန်းအိအိဇာတို့၊ ဒေါ်တူးတူးမြင့်သိန်းတို့လို အလှအပရေးရာ အဖြေရှာဖို့ တွေးကြည့်လိုက်ပါတယ်။ (ဒါမှ နောက်ဆို ကာယအလှမယ်ပြိုင်ပွဲမှာ ဒိုင်လူကြီးများ လုပ်ရမလားလို့)
          တကယ်တမ်းတော့ လူတိုင်းဟာ သူ့ရုပ်နဲ့သူလှပါတယ်။ ဒါပေမယ့် အများသတ်မှတ်ထားတဲ့ စံတွေနဲ့ ဇလုတ်တိုက်ချလိုက်တော့ အသားဆိုဖြူမှ၊ အရပ်ဆိုရှည်မှ၊ ဟိုလိုမှ သည်လိုမှနဲ့ သူများသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲ ကိုယ့်ကိုယ်ကိုယ် အတင်း သွတ်သွင်းဖို့ အားထုတ်နေခဲ့ရတာလေ။ အနောက်နိုင်ငံတွေမှာတော့ ရိုးကြီးဂေါင်ဂင် ပိန်ကပ်ပါးလှပ်နေမှ လှတယ်ထင်ကြတယ်။ ဟုတ်တာပဲ။ သူတို့ဆီကမော်ဒယ်တွေဆို နံရိုးအပြိုင်းပြိုင်းလေးတွေနဲ့ လှမှလှ။ အိန္ဒိယက လေယာဉ်မယ်ကလေးတွေ မြင်ဖူးတဲ့အခါ သူတို့ဆီမှာတော့ ပုံ့ပုံ့ကလေးစူနေတဲ့ ၀မ်းပျဉ်းကလေးကို ဆာရီချက်ပြုတ်ကလေး လျှော့ဝတ်ထားတာကိုမှ လှတယ်ထင်ကြပြန်တယ်။ ဒါလည်း ကြည့်လို့လှတာပါပဲ။ ကိုယ့်ဆီမှာ လျှမ်းလျှမ်းတောက်နေတဲ့ မင်းသမီးတွေကို သူတို့ဆီကလူတွေက ၀တုတ်မကြီးတွေလို့ ပြောပေမယ့် ကိုယ်တွေမျက်စိထဲမှာကျ လှနေတုန်းပဲ။ နောက်ဆုံးတော့ သဘောပေါက်လာတာက လှတယ် မလှဘူးဆိုတာ စက္ခု ရူပေန သံဝါသာဆိုသလို ရှုမြင်သူမျက်ဝန်းက ပေါ်လာတဲ့ ပုံရိပ်ကို စိတ်ခံစားချက်နဲ့ အတန်းအစားခွဲလိုက်တာသာ ဖြစ်တယ် လို့ပါ။
          ကလေးဘ၀တစ်လျှောက်လုံး လူလားမြောက်သည်အထိကတော့ ကိုယ့်ကိုယ်ကိုယ် အလွန်အကြည့်ရဆိုးတဲ့ ဘဲရုပ်ဆိုးကလေးလို့ပဲ မြင်ပါတယ်။ အခုမှ ခန့်ခန့်ချောချောကြီး ဖြစ်လာတာလေ လို့ ပြောချင်တာ မဟုတ်ပါဘူး။ တသက်တာရဲ့ ငယ်ရွယ်နုပျိုတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခဲ့တဲ့အတွက် လူတောမတိုးရဲခဲ့ဘူးလို့ ဆိုချင်တာပါ။ မနေတတ်မထိုင်တတ်၊ မ၀တ်တတ်မစားတတ်၊ မပြောတတ်မဆိုတတ်နဲ့ ဘယ်နေရာမှ သုံးစားလို့မရတဲ့ ရုပ်ဆင်းရူပကာရှင်ပါ။ သို့သော်ငြားလည်း လှချင်စိတ်က ငယ်ထိပ်ကိုတက်ကပ်နေတာ။ မြို့ထဲရှိသမျှ ဆံပင်ညှပ်ဆိုင် ကုန်လုအောင် လိုက်ညှပ်တယ်။ ဟိုလိုလေးလုပ်ပေးပါ။ သည်လိုလေးလုပ်ပေးပါ။ ကြေးထူတယ်။ ၀က်ခြံတစ်လုံးထွက်ရင် မှန်ပေါက်မတတ် ညှစ်လို့မဆုံးဘူး။ မြင်သူတိုင်းက မျက်စိနောက်လောက်အောင် ပဲတွေဘယ်လောက်ထုတ်ထုတ် နဂိုမရှိတဲ့အတွက် နဂိုင်းလည်း မထွက်ခဲ့ပါဘူး။ အဲဒီနဂိုဆိုတဲ့ဟာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်ကို ပြောတာပါ။
          အင်ဂျင်နီယာ မလုပ်တဲ့ တင်ဆက်သူ ညီမကြီးက မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေအောင် သုံးရမယ့် ပစ္စည်းတစ်ခု ညွှန်းပေမယ့်လည်း ကိုယ်ကတော့ ယောင်္ကျားလေးဖြစ်နေလို့ သူပြောတဲ့ဟာကြီးက အသုံးမတည့်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီက မရွံ့မရဲ မ၀ံ့မရဲ အားငယ်တဲ့စိတ်တွေဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးနဲ့ တော်တော်လေး သူငယ်နာစင်သွားပါတယ်။ လူဆိုတာ ဘယ်လိုရုပ်ရည်မျိုး ရှိသည်ဖြစ်စေ၊ အဲဒါကိုယ်ပဲ။ သူများမဟုတ်ဘူး။ လူတိုင်းမှာ အလှရှိတယ်။ အရေးကြီးတာက ဘယ်လိုဖော်ထုတ်ပြမလဲ ဆိုတဲ့အပေါ်တည်တာတဲ့။ သူကတော့ ပြောအားရှိတာပေါ့လေ။ မင်းသားကိုး။ လူတွေက သူ့ရုပ်ကို ပိုက်ဆံပေးကြည့်ယူရတဲ့အစားမျိုးလေ။ သူနဲ့ပေါင်းလိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲရုပ်က ဘယ်လိုမှ ပြောင်းလဲမသွားပေမယ့်လည်း  လူတွေက ငါ့ကိုကြည့်နေကြပါလားဆိုတဲ့ ရှိုးတိုးရှန့်တန့် ရှက်ကိုးရှက်ကန်းစိတ်တွေတော့ ပျောက်သွားတယ်။ အဲဒါကြောင့် ကြည့်ချင်တဲ့လူကြည့် ကိုယ်လုပ်စရာရှိတာလုပ်ပြီး ဘာမှဂရုမစိုက်ပဲ နေတတ်သွားရော။ ဘယ်လောက်ပဲ လှချင်လှချင် လူကြည့်ရင်ရှက်လှတယ်လေး ဆိုတဲ့ စိတ်အခံနဲ့ဆိုရင် ထင်ပေါ်မှာလည်း မဟုတ်ဘူး။ စင်တော် တက်ရဲစရာလည်း မရှိဘူး။
          သူတို့ မင်းသားမင်းသမီးများဆိုတာ သူလိုငါလို မြင်ရင် အမှတ်တမဲ့ဖြစ်ဖွယ် မထင်မရှား လူတန်းစားမျိုးတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ ရုပ်သွင်တော့ ရှိကြတယ်။ အဲဒီရုပ်သွင်ကလေးကိုလည်း တယုတယ ထိန်းသိမ်းမွေးမြူနိုင်ရတယ်။ အဲဒါ လွယ်လွယ်ကလေးတော့ မမှတ်လေနဲ့။ ကိုယ်တွေလို စားချင်ရာစား၊ သွားချင်ရာသွား၊ အိပ်ချင်မှအိပ် လုပ်လို့မရဘူး။ သူတို့ရုပ်ကလေးကို ဘယ်အကြောင်းနဲ့မှ ထိခိုက်ညှိုးနွမ်းသွားလို့ မဖြစ်ဘူး။ ဒါလေးနဲ့ လုပ်စားနေရတာ။ ဒါကြောင့် ဘယ်မင်းသားပဲ ဖြစ်ဖြစ် သာမာန်အရပ်သားများလို အရက်ကလေးတမြမြ၊ ဘီယာ၊ ဆေးလိပ်၊ ကာရာအိုကေ အမွှေဇယားခင်းဖို့တော့ ယောင်လို့တောင် စိတ်မကူးလေနဲ့။ အဓိကအားဖြင့်တော့ အစားအသောက် အင်မတန် ဆင်ခြင်ရပါတယ်။  ၀က်ဆီတို့ အုန်းနို့တို့ဆိုတာ အဆိပ်ပါသလို ရှောင်ကြရတယ်။ ဒညင်းသီး၊ ကြက်သွန်ဖြူ၊ ငပိရည်ဆိုတာတွေလည်း ဝေရာမဏိရတယ်။ နောက်ဆုံးတော့ သူတို့အတွက် ညနေစာဆိုတာ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်ကလေးကို ထမင်းမပါပဲ တင်းတိမ်လိုက်ကြရတာ တွေ့ဖူးတယ်။ တခါတုန်းက တရုတ်ကုမ္ပဏီတစ်ခုက နံမယ်ကြီး မင်းသားမင်းသမီးတွေအားလုံး ထမင်းဖိတ်ကျွေးတဲ့အခါ ဧည့်မြှောင်လိုက်သွားတဲ့ ကိုယ်ကလွဲရင် ဘယ်သူတစ်ယောက်ကမှ ဟင်းခွက်သုံးရာ လက်ဖျားနဲ့ မတို့ကြဘူး။ တရုတ်အမဲ ဟင်းတွေမို့လို့တဲ့။ ကိုးကွယ်ယုံကြည်မှုကြောင့်လို့ဆိုရင်တော့ အလှအပတစ်ခုကိုပဲ သူတို့ကိုးကွယ်စရာ ရှိပါတယ်။ တကူးတကကြီး စားချင်စိတ်ကို မြိုသိပ်ပြီးထိန်းချုပ်ထားတာတောင် မဟုတ်ဘူး။ အကုန် အသားကျ အကျင့်ရနေပြီး အာသာချင်ခြင်းကို မရှိကြတာ။ လူတိုင်းသူတို့လို လှချင်ကြတာချည့်ပဲဆိုပေမယ့် ဘယ်သူမှ သူတို့လို စည်းကမ်းတကျ အလှအပကို ထိန်းသိမ်းမထားနိုင်ဘူးဆိုတာက သူတို့ရဲ့ လျှို့ဝှက်ချက်ပါ။ ယောင်္ကျားလေးတွေအတွက်တော့ ခန္ဓာကိုယ်ကြံခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရပါသေးတယ်။
          သူများတကာ မျက်စိထဲမှာ ကြည့်ကောင်းနေဖို့အတွက် အဲသလောက်ကြီးတော့ ဒုက္ခမခံနိုင်ပါဘူးလို့ ပြောလို့ရပေမယ့် သူများမျက်စိထဲက ပုံရိပ်ဟာ ကိုယ့်ပုံရိပ်ဖြစ်တာမို့ အလှအပကြိုက်တယ်ဆိုတာလည်း ကိုယ့်ရဲ့ အတ္တပုံရိပ်ကို မွေးမြူခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့တင့်တယ်တဲ့ရုပ်ဆင်းဟာ လူအများပိုက်ဆံပေးကြည့်ချင်စရာ ကုန်ပစ္စည်းတစ်ခုအဖြစ် မရည်ရွယ်ခဲ့ရင်တောင်မှ မြင်သူတိုင်းက ချစ်ခင်နှစ်လိုစိတ် မေတ္တာစိတ်တွေ ယိုဖိတ်လာအောင် လက်နက်သဖွယ်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ထိုင်းက မယင်လက်ကလေး မဲတွေရတဲ့အထဲမှာ သူ့မျက်နှာပေါ်က အပြုံးလှလှကလေးကြောင့် မပါဘူးလို့ ဘယ်သူငြင်းနိုင်မှာလဲ။ ရူပါရုံနဲ့တွေ့ရင် ဘုရားလောင်းဥဒေါင်းမင်းကြီးတောင် ကျော့ကွင်းထဲ ကားကနဲမိသွားတာပဲ မဟုတ်လား။    
          ဒါပေမယ့် ဘယ်လိုအလှမျိုးပဲ ဖြစ်ဖြစ်၊ အနိစ္စဆိုတဲ့ မလွန်ဆန်နိုင်သောသဘောအရ ဇရာရဲ့ဝါးမျိုတိုက်စားခြင်းဒဏ်ကို ခံကြရပါတယ်။ ဒီအခါမှာတော့ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တို့နဲ့ အစားထိုးသလိုပဲ ရုပ်အလှနေရာမှာ စိတ်အလှဆိုတဲ့ အလှစစ်နဲ့ တစတစ အစားထိုးယူရပါတယ်။ ရုပ်အလှကတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့ အတ္တသဘောရှိပြီး စိတ်အလှဆိုတာကတော့ အများအကျိုးအတွက်ကို မေတ္တာထားတဲ့ ပရသဘောပါပါတယ်။ လူဆိုတာ အသက်ကြီးလာလေလေ သူများအပေါ် စေတနာထားရလေလေပါပဲ။ ဒါမှလည်း ရုပ်ဆင်းသဏ္ဍာန် အိုမင်းရင့်ရော်လာသော်ငြား အများမျက်စိထဲမှာ လှသထက်လှပြီး လူချစ်လူခင်ပေါလာမှာပေါ့။ ဂန္ဒီကြီးတို့ မာသာထရီဆာကြီးတို့ဆို မလှဘူးပြောရင် ငိုလိုက်မယ် လုပ်စရာမလိုပေါင်။ အိန္ဒိယနိုင်ငံရဲ့ အလှဆုံးလူသားကြီးတွေ လို့ ဘယ်သူ့မေးမေး အဲဒီအတိုင်းဖြေလိမ့်မယ်။ ကိုယ်တို့ဆီမှာလည်း ဘယ်သူတွေက အသက်ကြီးလေ အလှကျက်သရေပိုလေဖြစ်ပြီး ဘယ်သူတွေတော့ဖြင့် ရွှေတစ်တင်းနဲ့ နေ့ချင်းသေ မေတ္တာအပို့ခံနေရသလဲ သိသားနဲ့။
          ပြောရကြေးဆိုရင် စိတ်ကောင်းနှလုံးကောင်းဆိုတာ အသက်ကြီးလာတော့မှ အိမ်အိုကျားကန် လူအိုပန်းပန်သလို လူကြည်ညိုအောင် မြို့မေတ္တာခံယူဖို့ မွေးယူရတာ မဟုတ်ပါဘူး။ အရွယ်သုံးပါး ကျားမမရွေး ရှိသင့်ရှိထိုက်တဲ့ အခြေခံစိတ်ဓါတ်ပါ။ လူတိုင်းလူတိုင်း ဘယ်သူကမှ အလကားနေရင်း စိတ်ပုပ်စိတ်ယုတ်တွေ မွေးမနေဘူးဆိုပေမယ့် တကယ်တမ်းစိတ်ကောင်းရှိတဲ့သူ ဘယ်လောက်ရှားသလဲဆိုတာ လူမှုအသိုင်းအ၀ိုင်းထဲ ကျင်လည်ဝင်ဆန့်ဖူးသူတိုင်း သိကြပါတယ်။ မျက်စိနဲ့မြင်နေရတဲ့ ရုပ်ဆင်းသွင်ပြင်ဆိုတာ အဘိဓမ္မာသဘောနဲ့ ကြည့်ရင် ကမ္မရုပ်၊ အာဟာရရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်ဆိုတာတွေ ပေါင်းစပ်စုဝေးဖြစ်ပေါ်လာတာမို့လို့ စိတ်ရင်းစေတနာ ဖြူစင်တဲ့သူဟာ ရုပ်လက္ခဏာ ကြည်ကြည်လင်လင်ရှိနေမှာ မလွဲပါဘူး။ ဒါကြောင့် အလှအပကို ကြောင့်ကြစိုက်ပြီး ပြုပြင်ထိန်းသိမ်းချင်တဲ့သူဟာ စိတ်ဓါတ်ကိုလည်း ဖြူစင်ကြည်လင်အောင် ထိန်းသိမ်းဖို့ လိုလာပြန်ပါတယ်။
          ဒီလိုနဲ့ တဖြေးဖြေး အဆင်းကနေ အချင်းဘက်ရောက်အောင် ကြိုးစားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဆင်းလှဖို့ သက်သက်သာကြိုးစားနေရင် အဆင်းလှဆန်း လူ့ပေါက်ပန်းဘ၀နဲ့ တန်ဖိုးမရှိ ဖြစ်သွားတတ်လို့ပါ။ ဒီကနေ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုးတွေထဲက ယောင်္ကျားလေးတွေရော မိန်းကလေးတွေပါ နိုင်ငံတကာက အလှပြိုင်ပွဲတွေမှာ ၀င်နွှဲကြ၊ ဆုတွေရလာကြတဲ့အခါ ရုပ်ရောအရွယ်ပါရှိသေးတဲ့ လူငယ်လေးတွေအတွက် အလှအပဆိုတာ သူများဆံပင်ဆိုးရင်လိုက်ဆိုး၊ သူများမင်ကြောင်ထိုးရင်လိုက်ထိုး၊ သူများနားဋောင်းပန်လို့ လိုက်ပန်ရုံနဲ့တော့ မလုံလောက်သေးဘူးလို့ သိစေချင်ပါတယ်။ အဲဒါတွေက ခေတ်ရေစီးကြောင်းပဲ ရှိသေးတာ။ အချိန်တစ်ခုကုန်ရင် ပြောင်းသွားရော။ အခုပြောခဲ့သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလေးလည်းရှိမှ၊ ဂရုတစိုက်လည်း မွေးမြူထိန်းသိမ်းနိုင်မှ၊ စိတ်ရင်းစေတနာကောင်းလေးနဲ့ လူတဘက်သား အများအကျိုးကို ရွက်ဆောင်နိုင်မှ တကယ့်အလှစစ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ် လို့ ပညာပေးချင်တာပါပဲ။ ဒါမှလည်း သူများနဲ့အလှပြိုင်ရတဲ့အခါ ဦးရွှေလိပ်ကြီးလို "ရုပ်လှရာဝယ် ကျုပ်ကသာတယ် မုချပါကွယ်။" လို့ ခပ်ကြွားကြွား ပြောလို့ရမှာပေါ့။ ဟုတ်တာမဟုတ်တာ အပထား အဲဒီစိတ်ကလေးတော့ရှိနေမှ ရှေ့ဆက်ရမယ့်ခရီးမှာ ရှက်ကြောပြတ်မယ်ကွယ်။ ကျန်တာတော့ ကြည့်တဲ့သူတွေအပိုင်း။ မဟုတ်ဘူးလို့ ပြောတဲ့သူတွေအားလုံးကို ကိုယ့်လောက်မလှလို့ မနာလိုဖြစ်နေတာလို့ သဘောထားလိုက်။ သူတို့က ကြည့်မှ မကြည့်တတ်ပဲနဲ့။ စိတ်ရူးဆိုတာ ဒီလိုပဲ။ ရအောင်ထိန်းလို့ရရင် ထိန်းကြည့်။ မရတော့ဘူးဆို လွှတ်သာပေးလိုက်။ ဆိုက်ချင်တဲ့ဘူတာ ဆိုက်ပစေပေါ့။ အရေးကြီးတာ ကိုယ်စိတ်ချမ်းသာရင်ပြီးတာပဲ။ ဟုတ်ဘူးလား။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/26/2013 10:11:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:37010] Fwd: [လူဗိုလ်ဟူသည် ...] အမေနေ့ အမှတ်တရ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/25
Subject: [လူဗိုလ်ဟူသည် ...] အမေနေ့ အမှတ်တရ
To: lubo601@gmail.com


သမီးလေး မေမေတို့မြို့ထဲမှာ ..ပြာမှုန်တွေကျနေတာ ..ရက်နဲ့ချီကြာပြီ ...။
တချို့တွေက Naples ဘက်ကို ပြောင်းပြေးကြတယ်..။
ဘာမဖြစ်နိုင်လောက်ပါဘူးလေ..

ဒီနေ့ ငလျင်လည်း ခဏခဏ လှုပ်တယ်..။
တိရစ္ဆာန်တွေလည်း အော်နေကြတယ်..။
ခွေးတွေလည်း .. အူနေကြတယ်...။
သမီးကျောင်းမသွားနဲ့တော့ ..
--------------------------
----------------

ဟော...
အသံတွေကြားလာရပြီ...။
မြေကြီးတွေ တုန်လာပြီ..။
မေမေ့ကိုဖက်ထားလေ...
မေမေပုံပြောပြမယ်...။
ဟော.. အပြင်က တော်လဲသံတွေကြားတယ်..။
မကြောက်နဲ့နော်
ငိုလည်းမငိုနဲ့ ....တိတ်ပါသမီးရယ်..။
ခဏနေရင် ပျောက်သွားမှာပါ..။
တဖြေးဖြေးနဲ့ ပူလာတယ်သမီး...။
မြေကြီးက ပိုလည်းတုန်လာတယ်..။
မေမေ့ကိုဖက်ထား..။
ရေစီးသံလိုလို တောင်ပြိုသံလိုလိုကြားနေရတယ
်...။

မေမေ့အနားမှာနေပါ..
ဘယ်မှမသွားနဲ့နော်..။
မေမေအနားမှာရှိတယ်...။
မကြောက်နဲ့နော်....
လုံးဝမကြောက်နဲ့...။

Vesuvius မီးတောင်ကြီးက ...ခေါ်နေပြီ
မေမေတို့ Pompeii မြို့တော်ကြီးရဲ့ ယဉ်ကျေးမှုတွေ..
ဗိသုကာတွေ..
နည်းပညာတွေ ..
အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီ..။
မြေကြီးတွေအက်ကွဲလာပြီ..။
နေရာတိုင်းမှာ ပြာမှုန်တွေနဲ့ပိတ်နေပြီ..။
ဘာမှမမြင်ရတော့ဘူး..။

မျက်လုံးတွေထဲ ခန္ဒာကိုယ်တွေထဲ ချော်ရည်တွေဝင်လာပြီ.။
အရမ်းပူလာပြီ..။
သမီးရော ...
သမီး ....
သမီးလေး...။

====================================================

လွန်ခဲ့သော AD 79 ရာစုနှစ်၊ (နှစ်ပေါင်းနှစ်ထောင်နီးပါး) လောက်က Vesuvius မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော ရောမခေတ် Pompeii မြို့ဟောင်းတွင် တူးဖော်တွေ့ရှိရသော ထောင်နဲ့ချီသော မနုဿ ရုပ်ကြွင်း များစွာအနက်မှ Mother and Daughter ရုပ်ကြွင်းအား ..

အမေနေ့ အထိမ်းအမှတ်..။ မိခင်မေတ္တာ၏ ပြယုဂ်အဖြစ် ခံစားရေးဖွဲ့ပါသည်..။
http://en.wikipedia.org/wiki/Pompeii

ငရဲသား


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/26/2013 10:40:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

RFA Burmese Weekly Newsletter-2013 January 25

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂ဝ၁၃ ဇန်နဝါရီ ၂၅ ရက် အထိ

အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

 

 

* * *

Radio Free Asia

2025 M Street NW, Suite 300,

Washington DC 20036, USA

202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia

 

[New post] မေတ္တာသွေးပွက် ဂယက်လှိုင်း

Aung Htet posted: " ကျော်ဟုန်း ဇန်န၀ါရီ ၂၆၊ ၂၀၁၃ အများစုက ထင်ကြတာ အမေက သားတွေကို ပိုချစ်တယ် အဖေက သမီးတွေဆို ပိုချစ်တယ် မှားတယ်။ တကယ်တော့ သားက စွမ်းအားလူမို့  အမေက မျှော်ချစ်တာ သမီးက အချွဲပို့ လို့  အဖေက ပျော်ချစ်တာ အဖေ၊ အမေက သားနဲ့ သမီးကို ချစ်ကြတာအတူတူပဲ ငြင်းချင်လို "

[New post] ချစ်သော မေမေ ချစ်မေမေ

Aung Htet posted: "ဇေယျသုခ အရှင်နန္ဒဝံသ ဇန်န၀ါရီ ၂၆၊ ၂၀၁၃ ဥသြ ...ဥသြ...ဥသြ.... အရုဏ်ဦးရဲ့ အလင်းရောင် နဲ့ အတူ ပေါ်ထွက်လာလေ့ရှိတဲ့ ဒီ အသံလေးကို လူတိုင်းလိုလို ကြားဖူးနေကြမယ် ထင်ပါရဲ့နော်... နွေကြို တေးကို ဆိုလေ သလား ဆောင်းလွမ်းတွေးကို ဆိုညည်း သလား မတွေးတတ်ပေမဲ့ ငှက်ကလေးရဲ့ ဒ"