သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်

Posted: 30 Jan 2013 02:50 AM PST

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။
li wen -gift-exchange4ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင်ပစ္စည်းများပေးနေသော Li Wen
 
အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ မူးယစ် ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစီမံကိန်းအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ နှင့်၂၉ ရက်နေ့  သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ဒုတိယအကြိမ်တွေ့ ဆုံကြစဉ် Li Wen သည် အစည်းအဝေးနာယက အဖြစ် ဆောင်ရွက်ခဲ့သည်။

ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို

Posted: 30 Jan 2013 02:49 AM PST

အစိုးရမှ အပစ်ရပ်ရေးလုပ်ဆောင်နေသော်လည်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးနည်းဖြင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် သျှမ်းပြည်နယ် နှင့်ကယားပြည်နယ်မှ ကိုယ်စားလှယ်များ၏ ပူးတွဲထုတ်ပြန်ချက်က ဆိုပါသည်။ 
SNLD meet with kayanယခုလဆန်းက SNLD နှင့်ကယန်းအမျိုးသားပါတီတို့တွေ့ဆုံကြစဉ် (ဓါတ်ပုံ- SNLD)
 
"တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကနေ သဘောထားထုတ်ပြန်ကြေငြာချက်မှာ တိုက်တွန်းတောင်းဆို ထားတာပါ" ဟု  ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

အဆိုပါ ကြေငြာချက်ကို လားရှိုးမြို့ SNLD ရုံးခွဲ၌ကျင်းပသော သျှမ်းပြည်တွင်း ပါတီစုံနှင့် လက်နက်ကိုင်တပ်ဖွဲ့ အချို့ပါဝင် သည့် ဆွေးနွေးပွဲအပြီး ဂျန္နဝါရီလ ၂၉ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အခရာကျသည့် ယုံကြည်မှုတည်ဆောက်ခြင်းကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ၁၁ ဦး ကိုလည်း ရွေးချယ်နိုင်ခဲ့ကြောင်းဆိုပါသည်။

"ငြိမ်းချမ်းရေးမရှိရင် နိုင်ငံဟာ မတိုးတက်ဘူး။ အခုအစိုးရကြေငြာနေတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ် ဆိုတာကလဲ ပြည်တွင်းစစ်ဖြစ်နေသေးသရွေ့ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ စစ်ဖြစ်တယ်ဆိုတာကလဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရတဲ့အတွက် ကြောင့်ပါဘဲ။ ဆိုတော့ အစိုးရက အပစ်ရပ်ရေး ကြေငြာနေပေမယ့် တပ်မတော်ပိုင်းက မရပ်ဘဲ ထိုးစစ်ဆက်လက်ဆင်နေမှုဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ် ရေးပိုင်း က သမ္မတဦးဆောင်တဲ့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်  သုံးဘက်သုံးတန်  ညီမျှမှု တူညီမှု ရှိမနေ ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လွှတ်တော်ပြင်ပမှာရှိတဲ့ ကျနော်တို့ နိုင်ငံရေးပါတီဝင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ လူမှုအဖွဲ့အစည်းတွေအားလုံး ကနေ - ၂၀၀၈ အတိုင်းသွားလို့ မရတော့ဘူး။ ပြုပြင်မှရတော့မယ်ဆိုတဲ့ တသံတည်း ထွက်ဆိုကြဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုးပမ်းနေရတာဖြစ်ပါတယ်" ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြ သည်။

နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် ညီလာခံအတွက်  လားရှိုးမြို့၌ မတ်ခ်ျလပထမပတ်အတွင်းကျင်းပမည်ဟု အကြမ်းဖျဉ်းလျာထားကြောင်း စိုင်းလိတ်ကပြောပါသည်။

ဘိန်းဖြတ်ပေးမည်ဟု ဆင့်ခေါ်ခံရသောရွာသား ပစ်သတ်ခံရ

Posted: 30 Jan 2013 02:48 AM PST

ဘိန်းဖြတ်ပေးမည်ဟုဆင့်ခေါ်ပြီး  ပြည်သူ့စစ်လုပ်ခိုင်းသဖြင့်ထွက်ပြေးသော ဒေသခံရွာသားအား ဝမ့်ပန်ပြည်သူ့စစ် တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
labour forceလုပ်အားပေးဆင့်ခေါ် မှုဖြင့် ဝမ့်ပန်တပ်စခန်းအသွားလမ်းအား ရှင်းလင်းပေးနေရသော ဒေသခံရွာသားများ( photo:S3)
 
"ပြည်သူ့စစ်မလုပ်ချင်လို့ထွက်ပြေးတယ်။ မိသားစုပါပြန်ခေါ်မယ်လုပ်တော့ ပစ်သတ်လိုက်တယ်။ ကိုယ့်အချင်းချင်းဗျာ မလုပ်သင့်ပါဘူး" ဟု လဲချားမြို့နေ ဒေသခံတဦးကပြောသည်။

ဆေးစွဲသူများအား ဆေးဖြတ်ပေးမည်ဟု သျှမ်းပြည်တပ်မတော်ခွဲထွက် တပ်မဟာ ၇၅၈ ဗိုလ်မှူးကြီးမိုင်းစင့် (ကွယ်လွန်) ၏ လက်ကျန်တပည့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်စိုင်းထွဲ့က ဝမ့်ထီအုပ်စု အတွင်းရှိ ရွာ ၄ ရွာ မှ ရွာသားများအား ယမန်နှစ်ဩဂတ်စ်လက  ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရွာသားများအား ဆေးမဖြတ်ပေးသည့်အပြင် ပြည်သူ့စစ်လုပ်ခိုင်းကာ သျှမ်းပြည်တောင်ပိုင်းနမ့်ဇန်မြို့နယ်ရှိ ယခင် MTA ဟောင်းမကျိုင်းဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့ထံပစ္စည်းများ ပို့ဆောင်ခိုင်းကြောင်း ထို့ကြောင့် ဒေသခံများ ထိုင်းသို့ထွက်ပြေး ခဲ့ကြ ကြောင်း အဆိုပါ လဲချားဒေသခံကဆက်လက်ပြောပြသည်။

"လဲချားမြို့နယ် ဝမ့်ထီအုပ်စု ဟိုနမ့်ရွာ၊ နောင်ဟေးရွာ၊ ဆလိုင်းရွာ နဲ့ ဝမ့်ကတ်ရွာ ၄ ရွာ က ရွာသား ၁၂ ယောက်ပေါ့။ ဝမ့်ပန်ကိုရောက်တယ်။ အဲ့ထဲမှာ ဝမ်ကတ်ရွာက စိုင်းမြင့် အသက် ၃၀ လဲပါတယ်။ သူ့မှာ ကလေး ၃ ယောက်ရှိတယ်။ ပစ္စည်းပို့ရင်း တိုက်ပွဲဖြစ်လို့သေရင် အလကားသေရမှာ ဆိုတော့  စက်တင်ဘာလထဲမှာ သူလဲ ထိုင်းကိုထွက်ပြေးတာပေါ့။ ထိုင်းမှာ ၃ လ လောက်နေတော့ အခုလ ၇ ရက်က သူ့မိသားစုကို စိတ်ပူလို့ ပြန်ခေါ်ဖို့ လဲချားပြန်သွားတာ ပစ်သတ်ခံရတာ " ဟု သေဆုံးသူနှင့် အမျိုးတော်စပ်သူတဦးက ပြောသည်။ 

လဲချားပြန်ရောက်သော် ရွာထဲမဝင်ရဲဘဲ ၎င်း၏ဇနီးပစ္စည်းသိမ်းဆည်း ပြင်ဆင်မှုကို ရွာပြင်တောစပ်၌  ၃ ည အိပ် စောင့် ရကြောင်း၊ ၄ ရက်မြောက်နေ့ဖြစ်သော ယခုလ ၁၁ ရက် က ဆလိုင်းရွာ အနောက်ဘက် ကိုက် ၃၀၀ အကွာတွင်  ပစ်သတ် ခံရကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးက ပြောပြသည်။

ဂျန္နဝါရီလ ၁၁ ရက်မနက်ပိုင်း ထမင်းပို့ရန်သွားရာ စိုင်းမြင့်အား လည်ပင်း၌ ပစ်သတ်ထားသည်ကို ဇနီးဖြစ်သူကတွေ့ ရှိသည်ဟု အဆိုပါ အမျိုးကဆက်လက်ပြောပြသည်။ စိုင်းမြင့် သေဆုံးမှုအား သတင်းမပေါက်ကြားစေရ၊ သိရှိပါက အဆိုပါသတင်းပေါက်ကြားစေသူအား ပစ်သတ်မည်ဟုလည်း စိုင်းထွဲ့မှ ၎င်းတပည့်များအားအမိန့်ထုတ်ထားကြောင်း အမည်မဖေါ်လိုသည့် ပြည်သူ့စစ်တဦးက ပြောပြပါသည်။

ခေါင်းဆောင်ဖြစ်သူ စိုင်းထွဲ့အား သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်ရယူရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

၂၀၀၅ က သျှမ်းမျိုးချစ် ပုဂ္ဂိုလ်တစုက စစ်အစိုးရအား လွတ်လပ်ရေးကြေငြာပြီးနောက်ပိုင်း  သျှမ်းပြည်တပ်မတော် SSA-S ၏ တပ်မဟာ ၇၅၈  ဗိုလ်မှူးကြီး မိုင်းစင့်နှင့်အဖွဲ့လည်း ခွဲထွက်ကာ အဆိုပါမျိုးချစ်ပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းခဲ့သည်။ ထိုသို့ ပူး ပေါင်းခဲ့ပြီးတနှစ်ခန့်အကြာ ဗိုလ်မှူးကြီးမိုင်းစင့်မှာ အစိုးရထံ လက်နက်ချကာ ပြည်သူ့စစ်အဖြစ် လဲချားမြို့နယ် နမ့်ဟူးဖရား ထမ့်၌ အခြေချနေထိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်မေလ ၂၄ ရက်က အစိုးရ၏ စစ်ယာဉ်တန်းအား သျှမ်းပြည်တပ်မတော်မှ ခြုံခို တိုက်ခိုက်သဖြင့် ဗိုလ်မှူးကြီးမိုင်းစင့် ကွယ်လွန်ပြီးနောက်ပိုင်း လက်ကျန်တပည့် ဖြစ်သော စိုင်းတမှာ နမ့်ဟူးဖရားထမ့် တပ်စခန်း၌လည်းကောင်း၊ စိုင်းကာလိန်ထွဲ့မှာ ဝမ့်ပန် တပ်စခန်း၌လည်းကောင်း  ဌာနေပြည်သူ့စစ် အသွင်ဖြင့်    ရပ်တည်နေထိုင်ခဲ့သည်။  

ကချင်ထိုးစစ် အရှိန်ကျသွားသော်လည်း အစိုးရတပ်များ ပြန်မရုပ်သေး

Posted: 30 Jan 2013 02:47 AM PST

 KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက် ပိုင်း ငြိမ်သက်စပြုလာသော်လည်း  လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရတပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။

burma Army to KIA KIO                                           မြန်မာ့တပ်မတော် အားဖြည့်စစ်ကြောင်း

ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ လေကြောင်း ပစ်ကူ အပါအဝင် အင်အား အလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ။

ယခုအခါ လိုင်ဇာဒေသ စိုးမိုးကုန်းအားလုံးနီးပါးကို အစိုးရတပ်မှ သိမ်းပိုက်ရရှိခဲ့ကာ နှစ်ဘက် တိုက်ပွဲအရှိန်ကျသွား သော် လည်း ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ ရုပ်သိမ်းခြင်း မရှိသေးသဖြင့် အခြေအနေမှာ သောင်မတင်ရေမကျ ဖြစ်နေ ကြောင်း ကျောင်းသား တပ်မတော်မှ တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"မနေ့ကတော့ လဝါးယန်ဘက်မှာ နာရီဝက်လောက်ပစ်ကြတယ်။ ဒီနေ့သူတို့ဘက်က လျှောက်ပစ်နေတာက လွဲလို့ တိုက်ပွဲ မရှိဘူး။ ဒါပေမဲ့သူတို့တပ်တွေက မရုပ်သေးဘူး အလုံးအရင်းနဲ့ရှိနေတုန်းပဲ အခြေအနေက ခန့်မှန်းရခက်တယ် ။" ဟု သူက ဆိုသည် ။

အစိုးရတပ်မှ သိမ်းပိုက်ရရှိသွားသော ၇၇၁ ပွိုင့်ကုန်း ၊ ဘွန်ရယ်ဘွန် ၊ ခါရာဘွန် ၊ အင်တဘွန် ၊ လဂျားယန် ၊ လဝါယန်နှင့် ဖွန်းပျဉ်ဘွန် တောင်ကြောများတွင် အခိုင်အမာ တပ်စွဲထားကြောင်း သူက ဆက်ပြောသည် ။

"စိုးမိုးကုန်းတွေမှာလည်း နေရာယူထားတယ် ။ နောက်တောင်ကြောတွေမှလည်းရှိနေတယ်။ အခုထိုးစစ်ဆင်တဲ့ တပ်အင်အား အတိုင်း ရှိနေတုန်းပဲ" ဟု ဆိုသည် ။

လိုင်ဇာဒေသအား ထိုးစစ်ဆင်ရာတွင် အစိုးရဘက်မှ တပ်မ ၁၀၁ ၊ တပ်မ ၈၈ ၊ စကခ ၃ နှင့် စကခ ၂၁ စသည့် တပ်အများ အပြားပါဝင်ခဲ့ကာ ၄င်းတပ်များမရုပ်သေးကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည် ။

"တပ်မ ၉၉ က တပ်မဟာ (၃) ဧရိယာထဲမှာ ၊ တပ်မ ၃၃က ပူတာအိုဘက်မှာ ၊ နမခ ခေါင်းတစ်ခေါင်းက ဆွမ်ပရာဘွန် နားမှာ  ၊ ဖားကန့်ခွင်ထဲမှာလည်း နမခတပ်တွေပါတယ် ။စကခ ရ တို့ စကခ ၂ တို့လည်းပါတယ် တပ်မတွေထဲက တိုက် ခိုက်ရေးကောင်းတဲ့ တပ်တွေကို ဆွဲထုတ်ပြီးသုံးတာလည်း ရှိတယ် ။တပ်တွေကမဆုတ်သေးဘူး ထပ်တောင် တင်နေသေး တယ် " ဟု သူက ဆိုသည် ။

နှစ်ဘက်တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဆွေးနွေးရေးကိစ္စ သောင်မ တင် ရေမကျ ဖြစ်နေချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်း အခြေစိုက် UWSA  (ခေါ်) ဝ အဖွဲ့က ၄င်းတို့ နယ်မြေ အတွင်း ဆွေးနွေးရန် KIO နှင့် အစိုးရတို့ကို လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖိတ်ကြားခဲ့ကြောင်း သိရသည် ။

၎င်းမှာ အစိုးရ အနေဖြင့် UNFC ဖြင့်သာ ဆွေးနွေးရန် KIO က အစိုးရအပေါ် ပြောဆိုချက်ကို အစိုးရက တုန့်ပြန်ရန် နှောင့် နှေးနေချိန်တွင် ယခုဖိတ်ကြားချက် ပေါ်ထွက်လာခြင်းဖြစ်ပြီး အစိုးရဘက်က အလျှင်အမြန်လက်ခံလိုက်ကြောင်း သိရသည် ။

[mrsorcerer:37076] Fwd: [လူဗိုလ်ဟူသည် ...] အထေ့အသောဝေ့၀ိုက်ပြော (Irony and Litotes)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/29
Subject: [လူဗိုလ်ဟူသည် ...] အထေ့အသောဝေ့၀ိုက်ပြော (Irony and Litotes)
To: lubo601@gmail.com


"မရှောင်ရင်လွတ်တယ်" ဟူသည့်နာမည်ကျော်စကားသည် ကာတွန်းဆွေမင်း(ဓနုဖြူ)၏မြိုင်ရာဇာ တွတ်ပီရုပ်ပြဇာတ်လမ်းများထဲမှ တိရိစ္ဆာန်လေးများ၏လက်သုံးစကားဖြစ်သည်။ မုဆိုးကျော်တွတ်ပီ၏ အလွဲလွဲအချော်ချော်ပစ်ချက်ကိုရှောင်မှတည့်တည့်တိုးသွားသည့်သတ္တ၀ါ၏အဖြစ်မှာ ငိုအားထက်ရယ်အား ပိုစေ၏။ ဘာကြောင့်ထိုကဲ့သို့ရယ်ရွှင်ပြုံးစေသည့်ရလာဒ်ကို ပေးသနည်းဟု ဆန်းစစ်သော် situational irony ဟုခေါ်သည့်အဖြစ်ကို verbal irony နှင့်အားဖြည့်ကာတန်ဆာဆင် ပေးလိုက်သောကြောင့်ဖြစ်သည်။ အင်္ဂလိပ်စာပေတွင် ငေါ့ပြောခြင်း၊ ရွဲ့ပြောခြင်းသည်လည်း အလင်္ကကာတန်းဝင် figure of speech တစ်ခုဖြစ်ပေသည်။


irony ကိုဝိကီပီးဒီးယားက  Irony (from the Ancient Greek εἰρωνεία eirōneía,) meaning dissimulation or feigned ignorance)[1] is a rhetorical device, literary technique, or situation in which there is an incongruity between the literal and the implied meaning.
ဟုဖွင့်ဆိုထားသည်။ မူရင်းအနက်နှင့်ဂယက်အနက်တို့ မတူညီ၊ ဆန့်ကျင်ဖက်အသွင်ဆောင်နေသော အခြေအနေ၊ နှုတ်မှုရေးရားနည်းနာ၊ စာပေတန်ဆာတစ်မျိုးဖြစ်သည်။ irony အသုံးသည် ပရိတ်သတ်နှစ်မျိုးလိုအပ်သည်ဟုဆိုသည်။ ကိုယ်ပြောလိုက်သည့်စကားတစ်ခွန်းကို ကြားသော်လည်း ကိုယ်ပစ်မှတ်ထားသည့်အဓိပ္ပါယ်ကိုနားမလည်သည့်လူနှင့် ကြားပြီးဆင့်ပွားနားလည်သူတို့ဖြစ်သည်။

HW Fowler ၏ A Dictionary of Modern Usage တွင် Irony is a form of utterance that postulates a double audience, consisting of one party that hearing shall hear & shall not understand, & another party that, when more is meant than meets the ear, is aware both of that more & of the outsiders' incomprehension. ဟုဆိုထားလေသည်။

ခေတ်သစ်စာပေသီအိုရီတွေက irony ကို verbal, situational နှင့် dramatic ဟု၍ခွဲခြားကြသည်။

Verbal irony

Verbal irony  သည် ရည်ရွယ်သည့်အဓိပ္ပါယ်နှင့်ဆန်ကျင်ဖက်စကားကိုပြောခြင်းဖြစ်သည်။ ပြောသူ၏ ခံစားချက်ကိုဖော်ပြလို၍လည်းကောင်း၊ ကြားရသူတစ်စုံတစ်ရာခံစားစေလို၍လည်းကောင်း တမင်ပြောခြင်းမျိုးဖြစ်သည်။ အသားမည်းမည်းနဲ့လိမ္မော်ရောင်အင်္ကျီဝတ်လာသူ သူငယ်ချင်းကို "မင်းနဲ့ဒီအင်္ကျီကတော့အရမ်းလိုက်တာပဲဟေ့" နောက်ပြောင်ခြင်းသည် တကယ်တော့လုံးဝ မလိုက်ဖက်ဘူး ဟုပြောချင်၍ပင်။ verbal ဟူသည့်အတိုင်း ပြောသူ၏စကားလုံးအသံနေအသံထား၊ မျက်နှာအမူအရာတွေက သူဆိုလိုသည့်အဓိပ္ပါယ်ကိုညွှန်ပြနေသည်။ verbal irony သည်အသုံး အများဆုံး irony အမျိုးအစားပင်ဖြစ်သည်။ ဟာသရသမြောက်စေရန်သော်လည်းကောင်း၊ သူတပါးအားစကားနာထိုးရာတွင်လည်းကောင်း၊ ပစ်တင်ရှုံ့ချရာတွင်လည်းကောင်းအမျိုးစုံ သုံးစွဲကြလေ့ရှိသည်။

သို့ရာတွင်သုံးစွဲသည့်အခြေအနေနှင့်အချိန်အခါသည်အလွန်အရေးကြီးသည်။ ဥပမာအလင်္ကာနှင့်တွဲကာ  ironic smilie အဖြစ်လည်းသုံးနိုင်သည်။

"The cake is as soft as concrete" "ကိတ်မုန့်ကတော့နူးညံ့လိုက်တာ၊ အင်္ဂတေကျနေတာပဲ။"
"Water is as clear as mud" "ကြည်လိုက်တဲ့ရေ၊ ရွှံ့ကျနေတာပဲ" စတာမျိုးပြောဆိုခြင်းများသည် အညာမှ လှတောသားတို့ပြောဆိုပုံများကဲ့သို့ပင်။

Irony နှင့် sarcasm တို့သည်ရောထွေးတတ်ကြသည်။ နှစ်ခုစလုံးသဘောတရားတူညီကြသော်လည်း sarcasm ကတစ်ဖက်သားကို သရော်သည့်သဘော၊ စော်ကားသည့်သဘောတွေပါဝင်သည်။

Dramatic irony

သူကတော့ ပြဇာတ်များ၊ ၀တ္ထုဇာတ်လမ်းများတွင် သရုပ်ဆောင်သူနှင့်ကြည့်ရှုသူအကြားသိမှုကွာဟ ချက်ကိုပုံဖော်ခြင်းမျိုးဖြစ်သည်။ ပရိတ်သတ်က ရှေ့ဘာဖြစ်မည်ကိုကြိုတင်သိနေပေမယ့် အထဲကသရုပ်ဆောင်ကတော့ မသိ။ သရုပ်ဆောင် ဒီညသေမယ်ဆိုတာသိနေတဲ့အခြေအနေမှာ "မင်းကိုမနက်ဖန်လာတွေ့မယ်"ဟုပြောလိုက်ခြင်းသည် dramatic irony ဖြစ်သည်။ သူရဲကားများနှင့်လူသတ်ဇာတ်လမ်းကားများကအကောင်းဆုံးဥပမာဖြစ်သည်။ Jim Carrey ၏ နာမည်ကျော်ဇာတ်လမ်းဖြစ်သည့် The Trueman Show တွင် မင်းသားဖြစ်သူ Trueman ကသူ့ကိုယ်သူ ရုပ်သံဇာတ်လမ်းထဲတွင်ရိုက်ကူးပြသခြင်းခံနေရသည်ကိုမသိပေမယ့် ပရိတ်သတ်က သိနေပေသည်။

Situational irony

Situational irony သည်အဖြစ်အပျက်တွေဟာ မျှော်လင့်ထားတာကတစ်မျိုး၊ တကယ့်ရလာဒ် ကတစ်မျိုးဖြစ်သည့်အခြေအနေမျိုးကိုဆိုလိုသည်။ လူသားတို့၏မရေရာသည့်ဘ၀၊ အံ့အားသင့်ဖွယ်သဘာဝတရားကိုသရုပ်ဖော်သည်။ ဘယ်လိုမှမနစ်မြုပ်နိုင်ဟူသည့် တိုက်တန်းနစ် သင်္ဘောကြီးနစ်မြုပ်သွားခြင်းသည်လည်းကောင်း၊ အစပိုင်းကဖော်ပြခဲ့သည့် ဆွေမင်း(ဓနုဖြူ)၏ မရှောင်လျင်လွတ်တယ် သည်လည်းကောင်း situatioal irony ပင်ဖြစ်ပေသည်။

Irony လိုပြောတာတခြား၊ ရည်ရွယ်တာတစ်ခြားဖြစ်စေသည့် အလင်္ကာတစ်မျိုးရှိသေးသည်။ သူက Litotes ဟုခေါ်သည်။ ရည်ရွယ်ရည်ရာကိုတိုက်ရိုက်မပြော။ သူ၏ဆန့်ကျင်ဘက်ကို ထပ်မံဆန့်ကျင်ပြောခြင်းဖြင့်သိစေသည်။ An ironical understatement in which affirmative is expressed by the negation of the opposite ဟုအဓိပ္ပါယ်ဖွင့်ကြသည်။ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ် ဘာသာတွေတွင်အသုံးများသည်။ တကယ့်အရှိ တရားထက်ဖော့ပြောခြင်းမျိုးဖြစ်သည်။ double negative များဖြင့်ပြောကြသည်။ အောက်ပါနမူနာတို့တွင်လေ့လာကြည့်နိုင်ပါသည်။

Litotes:
As a means of saying:
"Not bad."
"Good."
"[...] no ordinary city."
"[...] a very impressive city."
"That [sword] was not useless / to the warrior now." (Beowulf lines 1575–1576)
"The warrior has a use for the sword now."
"He was not unfamiliar with the works of Dickens."
"He was acquainted with the works of Dickens."
"She is not as young as she was."
"She's old."
"He's no oil painting."
"He's ugly."
"Not unlike..."
"Like..."
"You are not wrong."
"You are correct."

litotes များသုံးခြင်းဖြင့် စာဖတ်သူကိုတွေးရိုးတွေးစဉ်အတိုင်း မဟုတ်ဘဲ အာရုံပိုစူးစိုက်စေသည်။ ဆင့်ပွား၍တွေးရသည်။ ဒီလိုနှင့်လှပသည့်စာပေ၊ စကားများဖြစ်လာသည်။ Frederick Douglass  ၏ "Freedom now appeared, to disappear no more forever" ဆိုသည့် litotes သုံးကာထားသည့် ရေးအသားမှာအလွန်လှပသည့် စကားစုလေးပင်ဖြစ်သည်။

တိရိစ္ဆာန်တို့ကအသံသာထွက်တတ်သည်။ စကားမပြောတတ်ကြ။ လူသားတို့သည်ကား အသံထွက်တတ်သည်။ စကားပြောတတ်သည်သာမက ပြောသည့်စကားကိုလည်း ကိုယ်လိုရာ ရောက်အောင် ကွေ့ကာဝိုက်ကာ၊ ဖွဲ့ကာနွဲ့ကာလည်းပို့ဆောင်တတ်သည်။ ပို၍အသွေးအရောင် လှပလာအောင်လည်းတန်ဆာဆင်တတ်လေသည်။ ပို၍ရနံ့သင်းထုံအောင်နည်းမျိုးစုံ လည်းသုံးတတ် ကြသည်။ အဆိုပါနည်းမှာ အလင်္ကာဆိုသည့် စကားလုံးများကိုပုတီးကုံးပမာ ရွေးသီခြင်းဟုသာ ဆိုချင်ပါတော့သည်။
ဇာနည်(MyWay!)
ဆက်စပ်ဖတ်ရန်   "စကားတန်ဆာအလင်္ကာ"

Read more: အထေ့အသောဝေ့၀ိုက်ပြော (Irony and Litotes) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A793991&xgs=1&xg_source=msg_share_topic#ixzz2JR8te900

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/30/2013 01:17:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37075] Fwd: [လူဗိုလ်ဟူသည် ...] တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/29
Subject: [လူဗိုလ်ဟူသည် ...] တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး
To: lubo601@gmail.com


ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။

အဲဒါတွေကတော့ ...
1.    အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2.    ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။

3.    သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ သတိထားစရာ အသိပေးလိုခြင်း။
4.    ယဉ်ကျေးသိမ်မွေ့သော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတရားကို ပျက်စီးစေခြင်း။
5.    တရားသူကြီး၏ဆုံးဖြတ်ချက်သည် ယနေ့ဆိုးသွမ်းလူငယ်များကို အားပေးအားမြှောက်ပြုရာကျခြင်း။
6.    အဇာတသတ်လက်သစ်ကို အားပေးအားမြှောက်ပြုသော ငွေကြေးလာဘ်လာဘတစ်ခုတည်းကိုသာ ကြည့်သည့်စဉ်းစားဆင်ခြင်ဥာဏ်ကင်
းမဲ့သော ဒေ၀ဒတ်လက်သစ်များကို တွေ့ရှိရခြင်း။
7.    တရားစီရင်ရေးယန္တရားကို ငွေကြေးဖြင့်ပေါက်ကာ တစ်လွဲအသုံးချနေသည်ကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။

ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် မကြာသေးမီက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို သိစေလိုခြင်းကြောင့် ရေးသားရခြင်း ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသတွင်းရှိ တရားရုံးများတွင် ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးမဏ္ဏိုင် ယိမ်းယိုင်ပြိုလဲနေပြီး
မန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းနေသလို
တောင်ကြီးမြို့တရားရုံးမှာလဲ ရစရာမရှိအောင် ရွံရှာဖွယ်ကောင်းလောက်အောင် ပျက်စီးနေကြောင်း
တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးအဖွဲ့သားများ
တောင်ကြီးတရားရုံးကိုလည်း အရေးတယူဝင်ရောက်စစ်ဆေးပေးစေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။

အမှုအကြောင်းချင်းရာကို စုံစမ်းသိရှိရသည်မှာ- ပြစ်မှုကြီး အမှုအမှတ် ပြစ် ၄၆၆၈/၂၀၁၀
မြေးဖြစ်သူ တရားလို ခွန်သီဟန် (၂၁နှစ်) သည် အဖိုးအရင်းဖြစ်သူ အိမ်တွင် အဖိုး (၈၂နှစ်) နှင့်အတူ နေထိုင်ပါသည်။ အခင်းမဖြစ်မီ ၃ ရက်လောက်ကတည်းက မြေးဖြစ်သူသည် အိမ်သို့ပြန်မလာပါ။
အခင်းဖြစ်သည့်နေ့ (၂၃-၉-၂၀၁၀) တွင် အဖိုးဖြစ်သူက သမီး (ခွန်သီဟန်၏အဒေါ်) အိမ်သို့ သွားရောက်နေပြီး အိမ်တွင်လူမရှိသောကြောင့် သော့ခတ်ထားပါသည်။ မြေးဖြစ်သူ နေ့ခင်း အိမ်သို့ပြန်လာတော့ အိမ်ထဲဝင်လို့မရပါ။ ပုံမှန်ဖြစ်သင့်သည်မှာ မြေးဖြစ်သူခွန်သီဟန်သည် အဒေါ်၏အိမ်သို့ ရောက်နေသောအဖိုးထံ သော့သွားတောင်းသင့်သော်လည်း သွားရောက်တောင်းဆိုခြင်းမပြုခဲ့ပါ။ ညနေခင်းတစ်ခေါက်ပြန်လာချိန်တွင်လည်း အဖိုးပြန်မရောက်သေးသဖြင့် အိမ်ထဲဝင်မရပြန်ပါ။
သို့နှင့် ရက်ကွက်ရုံး၊ ရဲစခန်းသို့ သွားရောက်ပြီး အဖိုးဖြစ်သူကို မတရားတားဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့် တရားစွဲလေတော့သည်။ (အမှုစစ်ဆေးချက်တွင် ပေါ်ပေါက်သည်မှာ ထိုအချိန်တွင် တရားလိုမြေးဖြစ်သူက အရက်မူးနေပြီဖြစ်သည်။)

တကယ်တော့ ဒီအမှုဟာ မိသားစုပြဿနာမျှသာ ဖြစ်ပါသည်။ ကြီးကျယ်သောအမှု မဟုတ်ပါ။ ရက်ကွက်ရုံးမှာတင် ပြီးသင့်သောပြဿနာပါ။ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးကလဲ အစပိုင်းမှာတော့ အမှုမဖွင့်ပေးပါဘူး။ (ဟုတ်တယ်လေ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" ဆိုတာ ရဲစခန်းနဲ့ တရားရုံးတို့ရဲ့ဆောင်ပုဒ်ပဲ မဟုတ်လား။)

ဒါနဲ့တရားလိုက မြို့နယ်ရဲမှူး (ထိုစဉ်က ဦးမောင်ဝင်း) ထံ ချဉ်းကပ်ပြီး အမှုဖွင့်ဖို့ မရ ရအောင် ကြိုးပမ်းတယ်။ "အဖိုးထောင်တစ်ရက်ပဲကျကျ ကျေနပ်တယ်" လို့ မြေးဖြစ်သူက ဆိုပါတယ်။ (ထိုဦးမောင်ဝင်းဆိုသူမှာလဲ မြို့နယ်ရဲမှူးမဖြစ်ခင်က ယာဉ်ထိန်းရဲမှုးဖြစ်ပြီး လာဘ်စားရာတွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ မိန်းမကိစ္စနှင့် ပတ်သက်ပြီးလဲ ရှူပ်ပွေသူတစ်ဦးဟု သိရသည်။ တောင်ကြီးမြို့တွင် သူ့အကြောင်းမသိသူ မရှိပေ။)

ထိုမြို့နယ်ရဲမှူးမှတဆင့် ခရိုင်ရဲမှူး၊ ပြည်နယ်ရဲမှူးအထိ အဆင့်ဆင့်ချဉ်းကပ်ပြီး နောက်ဆုံးတော့ တရားရုံးကို ဒီအမှုတွဲကြီး ရောက်ရှိသွားပါသည်။ တရားလို ခွန်သီဟန်၏အပြောအရ ဒီအမှုတွဲကြီး တရားရုံးကိုရောက်ဖို့ ရက်ကွက်ဥက္ကဠ ဦးကျော်စိုးအောင်၊ ရက်ကွက် ရ-ယ-က အဖွဲ့ဝင် ဦးလှမြင့်၊
အမှတ် (၁) စခန်းမှူး အမှုစစ် ဒုရဲအုပ်တင်မြင့်လွင်၊ မြို့နယ်ရဲမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ ပြည်နယ်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် (ယခု ပင်စင်)၊ မြို့နယ်တရားသူကြီး ဦးစောလွင် (ယခု ပြောင်းရွှေ့) အစရှိသည်တို့ကို လာဘ်ငွေများ အဆင့်ဆင့်ပေးသွားရသည်ဟု သိရသည်။ တရားလိုခွန်သီဟန်ကို နောက်ကွယ်ကနေ အခကြေးငွေယူပြီး အာဏာပါဝါနဲ့ ကူညီပံ့ပိုးပေးနေသူမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင် ဟု ခွန်သီဟန်က ပြောသည်။

နောက်ဆုံး မြို့နယ်တရားသူကြီးဦးစောလွင်က စွဲချက်တင်တဲ့အမိန့် ချလိုက်ပါသည်။ ဒါနဲ့ အဖိုးဖြစ်သူက ခရိုင်ရုံးကို ပြင်ဆင်မှု တက်ပါသည်။ ခရိုင်တရားသူကြီး ဦးခင်ထွန်းကိုလဲ တရားလိုခွန်သီဟန်က ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် လာဘ်ထိုးပြန်ပါသည်။ အဲဒီရှေ့နေဒေါ်ခင်သန့်ဇင်က
ဘယ်သူ့ကို ဘယ်လောက်ပေး အစရှိသဖြင့် ခွန်သီဟန်ကို ညွှန်ကြားဆက်သွယ်ပေးတယ်လို့ သိရပါသည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ၀ိတ်နဲ့ပေါင်းပြီး ခရိုင်တရားသူကြီး ဦးခင်ထွန်းကလည်း မြို့နယ်ရဲ့စွဲချက်ကို အတည်ပြုပြန်သည်။ အဲဒီနောက် မြို့နယ်တရားသူကြီးဦးစောလွင် နယ်ပြောင်းတော့ သူ့နေရာကို ဒေါ်အေးသန်း ရောက်လာပါသည်။ နောက် မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် ပင်စင်ယူပြီး သူ့နေရာကို ဦးတင်မြင့်ကို ရောက်လာပါသည်။ သူတို့ကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ရဲ့အဆက်အသွယ်နဲ့ လာဘ်ငွေပေးကမ်းပြန်ပါသည်။ နောက်ဆုံးတွင် မြို့နယ်တရားသူကြီးဒေါ်အေးသန်းက အဖိုးကို "ဒဏ်ငွေ ၅၀၀ ကျပ် ဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၇ ရက်ကျခံစေ" ဟု ၂၀-၁၂-၂၀၁၁ တွင် အမိန့်ချမှတ်လိုက်ပါသည်။

ထိုသို့ အမိန့်ချမှတ်မှုမှာ ကျွန်တော့်စိတ်ထဲတွင် အလွန်ထူးဆန်းနေပါသည်။ အံ့လည်း အံ့သြမိပါသည်။
မရိုးသားမှုက အရမ်းကိုပေါ်လွင်နေသလားလို့ပါ။ အဖိုးကြီးက သူ့အိမ်နဲ့သူနေပြီး ပြစ်ဒဏ်ချခံရတယ်လို့။
(ထိုအိမ်၏ဂရမ်မှာ အဖိုးကြီးအမည်ပေါက်ဖြစ်ပြီး အဖိုးကြီးလင်မယားနှစ်ယောက် ရိုးသားစွာ ရှာဖွေစုဆောင်းထားသောငွေဖြင့် သားသမီးများမရခင်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။)

အရမ်းကို ထူးဆန်းနေတာက အမှုက ဒီမှာတင်မပြီးသေးဘူးဗျ။ ရှေ့နေဒေါ်မေသန့်ဇင် ဦးစီးပြီး တရားလို ခွန်သီဟန်က သူ့အဖိုးကို ပြစ်ဒဏ်တိုးပေးဖို့ ပြည်နယ်ရုံးကို ပြင်ဆင်မှု ထပ်တက်လာပါတယ်။ ဒီပြင်ဆင်မှုကိုလက်ခံဖို့ ရှမ်းပြည်နယ်တရားရေးဦးစီးမှူးရုံးက ဦးစီးအရာရှိကို ငွေကျပ် ငါးသိန်းပေးရတယ်လို့ သိရပါတယ်။ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကျော်ထူးဝင်းကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် ပေးရသေးတယ်လို့ သိရပါတယ်။ ပြည်နယ်ဥပဒေအရာရှိကလည်း မြက်မြက်ကလေး ရတာကတစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ဖိအားပေးမှုကြောင့်တစ်ကြောင်း  "ဤပြင်ဆင်မှုအားလက်ခံပြီး ဥပဒေနှင့်အညီ သင့်လျော်သည့်ပြစ်ဒဏ် တိုးမြှင့်သတ်မှတ်သည့် အမိန့်တစ်ရပ်ကို ချမှတ်ပေးစေလိုကြောင်း" တင်ပြလျှောက်လဲပါသည်။

ကျွန်တော့်စိတ်ထဲတွင် အတွန်တရာ အံ့သြမိပါသည်။ လာဘ်ငွေကိုမက်ပြီး အပြစ်မရှိသော ၈၂ နှစ် အရွယ် အဖိုးကြီးကို မိဘချင်းကိုယ်ချင်းမစာကာ ပြစ်ဒဏ်ချရက်သော တရားသူကြီး၏စိတ်ဓာတ်ကိုလည်း အလွန်ရွံရှာမိပါသည်။ လာဘ်ငွေဟာ အရမ်းကိုကြောက်စရာကောင်းပါလားဟုလည်း တွေးမိပါသည်။
နောက်ဆုံးမှာတော့ ပြည်နယ်လွှတ်တော်တရားသူကြီး ဦးခင်မောင်ဋ္ဌေးက
ခွန်သီဟန်၏ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားချက်ကို ၂-၄-၂၀၁၂ တွင် ပလပ်လိုက်ပါသည်။

တကယ်တော့ အဖိုးကြီးကျူးလွန်ပါတယ် ဆိုတဲ့ပြစ်မှုဟာ နိုင်ငံတော်ပုန်ကန်မှုလဲမဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်းမဟုတ်ပါပဲနှင့် ထောင်နှုတ်ခမ်းဝနှင့် သီသီလေးသာ လွတ်မြောက်ခဲ့ပါသည်။ ဘာမဟုတ်တဲ့ မိသားစုအမှုအရေးဟာ နေပြည်တော်ရုံးသို့ ရောက်လုနီးနီး ဖြစ်သွားခဲ့ပါသည်။

အဖိုးကြီး၏ရှေ့နေ ရေးသားထားသော အပြီးသတ်လျှောက်လဲချက်မှာလဲ အလွန်ကောင်းမွန်ပါသည်။ ဖတ်ကြည့်ပါ။

"မြန်မာ့လူမှုအဖွဲ့အစည်းတွင် ငယ်သူကကြီးသူအားလည်းကောင်း၊ တပည့်က ဆရာအားလည်းကောင်း၊ သားသမီးက မိဘအားလည်းကောင်း၊ မြေးက အဖိုးအဖွားအားလည်းကောင်း စကားဖြင့် မရိုမသေပြန်လှန်ပြောဆိုသည်ကိုပင် လက်မခံပါ။ မြေးက အဖိုးဖြစ်သူထောင်ကျသည်ကို မြင်လိုသည့်
ဤသို့သော အမှုမျိုးမှာ မြန်မာ့လူ့ဘောင်တွင် ရှားပါးလှပါသည်။ သူ့အိမ်တွင်နေ၊ သူ့အရိပ်ကိုခို၊ သူ့ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူက ကျေးဇူးရှင်ကိုထောင်ချပေးရန် တရားစီရင်ရေးယန္တရားကို တလွဲအသုံးချလာခြင်းသာဖြစ်သဖြင့် ၄င်း၏စွပ်စွဲချက်ကို လက်ခံအသိအမှတ်ပြုပြီး
အသက် (၈၀) ကျော် အဖိုးဖြစ်သူအား အပြစ်ပေးပါက လူမှုရေးတရားမျှတမှု တိမ်းစောင်း၍ တရားစီရင်ရေးတွင် အမည်းစက်စွန်းထင်းဖွယ်ရာ ရှိနိုင်ပါကြောင်း ရိုးသားစွာ ရှု့မြင်သုံးသပ်တင်ပြအပ်ပါသည်။"

အလွန်တန်ဖိုးရှိသော၊ အဓိပ္မါယ်ပြည့်ဝသော၊ လေးနက်သောဗုဒ္ဓတရားတော်နှင့်ကြည့်လျှင် အလွန်ပင်လက်ခံသင့်သော၊ ရှေ့နေများအထူးအတုယူသင့်သော လျှောက်လဲချက်ဖြစ်ပါသည်။

သို့သော် တန်ဖိုးကြီးသောလျှောက်လဲချက်ကြီးသည် အောက်တန်းကျသောလာဘ်ပေးလာဘ်ယူကိစ္စကို မကျော်လွှားနိုင်ခဲ့ပါ။ တရားသူကြီးဟု ခေါ်တွင်သော ဒေါ်အေးသန်းသည် ဤလျှောက်လဲချက်ကို လျစ်လျူရှုပြီး အဖိုးကြီးကို ပြစ်ဒဏ်ပေးသည့်အမိန့်ကို စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့စွာ၊ ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ဗုဒ္ဓတရားတော်ကိုဆန့်ကျင်ကာ မိုက်မိုက်မဲမဲချမှတ်လိုက်ပါသည်

ဒီပြစ်ဒဏ်အမိန့်ကြောင့် နောက်နောင်တွင် မိဘဘိုးဘွားများကို တရားစွဲဆိုမည့် သားသမီးမြေးမြစ်တွေ တိုးပွားလာဖို့သာရှိသည်ကို တရားသူကြီးများ၊ ဥပဒေအရာရှိများ အသိဥာဏ်ကြွယ်ဝမည်ဆိုလျှင် စဉ်းစားဆင်ခြင်ဖို့ကောင်းပါသည်။ လာဘ်ငွေတစ်ခုတည်းကိုသာ မကြည့်သင့်ပါ။
အဇာတသတ်လက်သစ်ဇာတ်လမ်းမှာ ဘာဖြစ်လို့များ ဒေ၀ဒတ်လက်သစ် ဖြစ်ချင်ရပါသလဲ။

ဤဇာတ်လမ်းကို ကျွန်တော်ရေးသားရခြင်းမှာ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်းမဟုတ်ပါ။
ယနေ့နိုင်ငံတော်က တိုက်ဖျက်နေသော အကျင့်ပျက်ချစားမှုကို တောင်ကြီးမြို့ရဲစခန်းနှင့် တရားရုံးများတွင် ရှိနေကြောင်း ဖွင့်ပြလို၍ဖြစ်ပါသည်။

ဤစာတမ်းပါ အချက်အလက်များကို ကာယကံရှင်တရားလို၊ တရားခံများထံမှလည်းကောင်း၊ တရားရုံးဝန်းကျင်မှ ပြောပြဝေဖန်ချက်များမှလည်းကောင်း ရုံးစစ်ချက်စာရွက်စာတမ်းများကို ဖတ်ရှု၍လည်းကောင်း သိရှိရခြင်းဖြစ်ပါသည်။ လုပ်ကြံရေးသားခြင်း တစ်ခုမှ မပါဝင်ပါ။
မြေးဖြစ်သူတရားလိုနှင့် ကိုယ်တိုင်တွေ့ပြီး ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့ရတယ် ဆိုသည်ကို အကုန်သိရှိရပြီး ဖြစ်ပါသည်။

မကြာမီမှာပင် မြေးဖြစ်သူတရားလိုက တစ်အိမ်တည်းနေ ကျေးဇူးရှင်အဖိုးကို ပြစ်ဒဏ်ကျအောင် ရဲစခန်းနှင့် တရားရုံးတို့တွင် မည်ကဲ့သို့ ကလဖန်ထိုးအကွက်ဆင်သည်ကို
မိဘဘိုးဘွား သက်ကြီးရွယ်အိုများ သတိထားနိုင်စေရန်အတွက် ဆက်လက်၍ဖော်ပြပါအုံးမည်။
------------------

ဤစောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။
http://www.taunggyitime.com/2013/01/blog-post_29.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/30/2013 01:10:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37074] Fwd: [လူဗိုလ်ဟူသည် ...] အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/29
Subject: [လူဗိုလ်ဟူသည် ...] အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ
To: lubo601@gmail.com


မာံသူ ရိန္ဒ shared Aye Chan Mon's photo. ဓာတ်ပုံ-The Times of India
အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ  ======================================  အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်  အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။    ဓာတ်ပုံ-The Times of India    အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။    အဲဒီ့ နောက်ဆက်တွဲ အကျိုးဆက်တခု အနေနဲ့ မတရား မုဒိန်းပြုကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအစီအစဉ် ဖြစ်လာခဲ့တယ်လို့ The Times of India အွန်းလိုင်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။    တချိန်က အာဏာရပါတီကြီးဖြစ်ခဲ့တဲ့ Bharatiya Janata Party (BJP) ရဲ့ အဓိက မဟာမိတ် ပါတီ တခုဖြစ်တဲ့ Shiv Sena ပါတီကြီးက အခုလို မွန်ဘိုင်းနဲ့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးတွေကို အသွား ၃ လက်မရှိတဲ့ ဘလိတ် ဓားပေါင်း ၂၁၀၀၀ တွေကိုဝေငှပေးခဲ့ပါတယ်။    သူတို့ပါတီအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကာမကို ထိမ်းသိမ်းကာကွယ်နိုင်ဖို့အတွက် စုစုပေါင်း ဘလိတ်ထား ၁ သိန်းထိ ဝေငှသွားဖို့ အစီအစဉ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေးပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။
အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။

အဲဒီ့ နောက်ဆက်တွဲ အကျိုးဆက်တခု အနေနဲ့ မတရား မုဒိန်းပြုကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအစီအစဉ် ဖြစ်လာခဲ့တယ်လို့ The Times of India အွန်းလိုင်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။

တချိန်က အာဏာရပါတီကြီးဖြစ်ခဲ့တဲ့ Bharatiya Janata Party (BJP) ရဲ့ အဓိက မဟာမိတ် ပါတီ တခုဖြစ်တဲ့ Shiv Sena ပါတီကြီးက အခုလို မွန်ဘိုင်းနဲ့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးတွေကို အသွား ၃ လက်မရှိတဲ့ ဘလိတ် ဓားပေါင်း ၂၁၀၀၀ တွေကိုဝေငှပေးခဲ့ပါတယ်။

သူတို့ပါတီအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကာမကို ထိမ်းသိမ်းကာကွယ်နိုင်ဖို့အတွက် စုစုပေါင်း ဘလိတ်ထား ၁ သိန်းထိ ဝေငှသွားဖို့ အစီအစဉ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။

"ဒါက သင်္ကေတနဲ့ သရော်တဲ့ နည်းတခုပါ"လို့ အဲဒီပါတီ ပြောခွင့်ရ ရာဟူးလ် နာဝပ်ခါက ပြောပါတယ်။

တခါ အဲဒီပါတီကြီးက ဘလိတ်ဓားကင်မ်ပိန်းတာဝန်ယူထားတဲ့ အာဂျေး ချိုဒါရီကလည်း "သင့်ကို တယောက်ယောက်က တိုက်ခိုက်တဲ့အခါ ဒီဓားကို အသုံးပြုဖို့ကို မကြောက်ပါနဲ့၊ ကျနော်တို့မှာ အဲဒီလို လုပ်လိုက်တာကြောင့် ပြဿနာ အမှုအခင်းဖြစ်လာခဲ့ရင် ဘယ် တရားရုံးကိုမဆို လိုက်ပါ ဆောင်ရွက် ကာကွယ်ပေးဖို့ အမှုလိုက်ရှေ့နေ ၉ ဦးပါတဲ့ အဖွဲ့တခုလည်း ဖွဲ့ပြီးပြီ" လို့ ပြောတာကို ပါတီရဲ့ သတင်းစာ
ဖြစ်တဲ့ Saamana မှာလည်းဖော်ပြထားပါတယ်။

အသွား ၃ လက်မသာ ရှိတဲ့အတွက် အသွား ၆ လက်မ ထက်တိုတဲ့အတွက် လက်နက်လည်း မမြောက်ဘူး လို့ သူက ဆိုပါ တယ်။

ဒါပေမယ့် မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ အခုလို အသွား ၃ လက်မ ဓားကို ဆောင်ထားခြင်းဟာ တရားဝင် တယ်၊ မ၀င်ဘူးဆို တာ သူတို့ သေချာ စဉ်းစားနေကြတုန်းပါဘဲတဲ့။

နောက် ငရုပ်သီးမှုန့် ။

ဒါနဲ့ပတ်သက်လို့ကတော့ အမျိုးသမီးတွေအနေနဲ့ ငရုပ်သီးမှုန့်ဆောင်ထားခြင်းဖြင့် ကိုယ့်ရဲ့ ကာမ ကို အဓမ္မ စော်ကားဖို့ ကြိုးစားလာသူရဲ့ မျက်စေ့တွေ ထဲကို ပက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် အိန္ဒိယက အမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငရုပ်သီးမှုန့်၊ ငရုပ်ကောင်းမှုန့်၊ အသွား ၃ လက်မရှိတဲ့ ဓားတွေ ဆောင် ထားလာကြပြီးလို့ အဲဒီသတင်းစာက ဆိုပါတယ်။

အေးချမ်းမွန်မှ မြန်မာ့သားကောင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/30/2013 01:06:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37073] Fwd: [လူဗိုလ်ဟူသည် ...] ဖေ့စ်ဘုတ် ကာတွန်း စုစည်းမှု (၂၉-၁)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/29
Subject: [လူဗိုလ်ဟူသည် ...] ဖေ့စ်ဘုတ် ကာတွန်း စုစည်းမှု (၂၉-၁)
To: lubo601@gmail.com















--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/30/2013 11:37:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37073] Fwd: [လူဗိုလ်ဟူသည် ...] "ဂန္ထဝင်အိပ်မက် (အပိုင်း-၄)"



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/29
Subject: [လူဗိုလ်ဟူသည် ...] "ဂန္ထဝင်အိပ်မက် (အပိုင်း-၄)"
To: lubo601@gmail.com



နာမည်ကျော်ပုဂ္ဂိုလ်တို့အကြောင်းဆိုလျှင် လူတွေက အလွန်စိတ်ဝင်စားကြသည်။ သာမန်မထင်မရှား
လူတစ်ယောက်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာမျိုးကို သက်ဆိုင်ရာ မိသားစုဆွေမျိုးသားချင်းက
လွဲလို့ ဘယ်သူမှ အရေးတယူမရှိလှ။ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ခေါင်းပေါက်သွားတာလောက်
ကျတော့ အကြီးအကျယ်စိတ်ဝင်စားကြသည်။
နောက်ဆက်တွဲအဖြစ် ဘာကြောင့် ခေါင်းပေါက်ရတာလဲ၊ လင်မယားရန်ဖြစ်ပြီး ဆော်ကြ၊ နှက်ကြလို့လား၊
အရက်မူးပြီး ချော်လဲလို့လား၊ မနာလိုတဲ့လူတစ်ယောက်ယောက်က ရိုက်လိုက်တာလား သိချင်ကြသေးသည်။
ဒါတွင်မကဘဲ စိတ်ထင်နှင့် ခန့်မှန်းပြောကြတာလည်းရှိ၏။ ဒါကို နားစွန်နားဖျားကြားသူက တကယ်မှတ်
သွားတာမျိုး၊ ဒီအတိုင်းပဲဖြစ်မှာပါဆိုပြီး တကယ်ဖြစ်သယောင် ပြောတာမျိုးကစပြီး ကောလဟာလတွေ
ဖြစ်လာတတ်သည်။ လူတွေကလည်း ကောင်းတာထက် မကောင်းတာကို ပိုစိတ်ဝင်စားတတ်ကြသည်။

အဆိုတော်ကောင်လေးတစ်ယောက် သံဃာတော်တွေကို နံနက်တိုင်းဆွမ်းလောင်းတတ်တဲ့ ကိစ္စမျိုးကို
'ဩော်....ဘာသာရေးကိုင်းရှိုင်းသားပဲ'ဟု သာမန်လောက်သာ အသိအမှတ်ပြုတတ်သည်။ တကယ်လို့များ
သူက ဘုန်းကြီးကျောင်းလာတာ ဘောင်းဘီတိုနံ့နံ့လေး ဝတ်လာတယ်ဆိုလျှင်တော့ ဟိုးလေးတစ်ကြော်ဖြစ်ပြီပဲ။
ရုပ်ရှင်မင်းသမီးလေးတစ်ယောက် သူ့ခင်ပွန်းနှင့် ချစ်ချစ်ခင်ခင် အဆင်ပြေနေလျှင် သတင်းထူးမဟုတ်။
လင်မယားပြဿနာ တက်နေကြပြီဆိုလျှင် သတင်းထူးဖြစ်၏။ ဘယ်လိုဖြစ်ကြတာလဲ ဘယ်သူကကြားက
ဝင်ရှုပ်လို့လဲ သိချင်လာကြပြီ။ ဒီအခါမျိုးမှာ မင်းသမီးနှင့်တွဲပြီး ဇာတ်ကားအရိုက်များတဲ့ မင်းသားလည်း
အနေခက်ရပြီ။

ဒါမျိုးဆိုတာကလည်း ပရိသတ်သည်းချေကြိုက်ဖြစ်၏။ ဒီတော့ ဒီလိုသတင်းမျိုးကို ဦးစားပေးဖော်ပြတတ်သည့်
တချို့သောစာနယ်ဇင်းများမှ ပုဂ္ဂိုလ်များလည်း အလုပ်ရှုပ်ရပြီ။ သူ့ထက်ငါ သတင်းထူးသတင်းဦးရရန် ကြိုးစားကြ
ရပြီ။ ကာယကံရှင်တွေကလည်း တတ်နိုင်သမျှ လျှို့ဝှက်ထားကြသည်။ လူ့သဘာဝကလည်း လျှို့ဝှက်လေ
သိချင်လေကိုး။ စာနယ်ဇင်းသမားတွေဆိုတာလည်း ခက်ခက်ခဲခဲ လိုက်ယူရတဲ့သတင်းမျိုးကို ပိုပြီးအရသာ
တွေ့တတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့ကြတာတွေလည်းရှိ၏။ ကောလာဟလတွေလည်း ဖြစ်ပေါ်လာ
တတ်၏။

မာရီလင်မွန်ရိုးကိစ္စကိုပဲကြည့်။ မွန်ရိုးသည် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံးအချိန်၊ အရွယ်ကောင်းတုန်းအချိန်၊
လူ့ဘဝမှာနေလို့ အကောင်းဆုံးအချိန်မှာ ကွယ်လွန်ခဲ့ရှာသည်။ တရားဝင်သတင်းထုတ်ပြန်ချက်အရ မွန်ရိုးသည်
အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ လူထုကမယုံကြ။ ဒီလောက်အောင်မြင်
ကျော်ကြားပြီး ချမ်းသာနေသူတစ်ယောက်က သေချင်နေတယ်ဆိုတာမဖြစ်နိုင်။ ပြီးတော့မွန်ရိုးသည် ကြမ်းပိုးဆေး
သောက်ပြီးသေကြောင်းကြံခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့လို ချမ်းသာနေသူတစ်ယောက်က ဈေးကြီးအိပ်ဆေးတွေ
ဝယ်သောက်လို့ရပါလျက် ဒီလောက်နံစော်ပြီး အဝင်ဆိုးသည့် ကြမ်းပိုးဆေးသောက်တယ်ဆိုတာ ယုတ္တိမရှိ။

အိမ်ထောင်ရေး အဆင်မပြေလို့ဆိုတာကလည်း သိပ်သဘာဝမကျလှ။ မွန်ရိုးအနေဖြင့် သာယာချမ်းမြေ့သော
အိမ်ထောင်တစ်ခုကို ထပ်မံထူထောင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးသည်။ အချစ်စစ် အချစ်မှန်ကို ရှာဖွေဖို့
အချိန်တွေအများကြီး ရနိုင်သေးသည်။ သူကသာလက်ခံမယ်ဆိုလျှင် နှစ်နှစ်ကာကာချစ်ခင်ပေါင်းသင်းမယ့်သူတွေ
အများကြီး အဆင်သင့်ရှိနေသည်။ ဒီအကြောင်းတွေကိုကြည့်လျှင် သူ့ကိုယ်သူ သေကြောင်းကြံတယ်ဆိုတာ
မဖြစ်နိုင်။ တစ်ယောက်ယောက်က လုပ်ကြံတာဖြစ်ရမည်ဟု တွက်ဆသူတွေရှိသည်။

ဘယ်သူဖြစ်နိုင်မလဲ။ သူ၏လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုကို မနာလိုမရှုဆိတ်သော ပြိုင်ဘက်
တစ်ယောက်လည်းဖြစ်နိုင်သည်။ ထိုအခါ မွန်ရိုးနှင့် ခေတ်ပြိုင်တွေထဲက ဟိုလူလိုလို ဒီလူလိုလို အထင်ခံရလေသည်။
မွန်ရိုးနှင့် ရုပ်ရှင်တစ်ကားမှာ အတူတွဲသရုပ်ဆောင်ရင်း ကတောက်ကဆဖြစ်ခဲ့ဖူးသော မင်းသမီးတစ်ယောက်
ဆိုလျှင် အိမ်တိုင်ရာရောက် စာပို့ပြီးစွပ်စွဲတာ၊ ခြိမ်းခြောက်တာခံရလို့ အတော်စိတ်ထိခိုက်ခဲ့ရသည်။

တချို့ကလည်း မွန်ရိုးကို အရူးအမူးစွဲလမ်းနေသူ စိတ်ဝေဒနာရှင်တစ်ယောက်၏ လက်ချက်ဖြစ်ရမည်ဟု ဆိုသည်။
တချို့ကတော့ မွန်ရိုးကို အချစ်ကြီးချစ်ခဲ့ပြီးမှ ပိုင်ဆိုင်ခွင့်မရခဲ့သော ချစ်သူဟောင်းတစ်ယောက်ယောက်ဖြစ်နိုင်သည်ဟု
ကောက်ချက်ချသည်။ ဒီလိုနဲ့ မွန်ရိုး သတင်းကို သိချင်သူတွေ၊ အမျိုးမျိုးတွေးထင်သူတွေ များပြားလာခဲ့သည်။
ဒါကိုအခွင့်ကောင်းယူပြီး မဂ္ဂဇင်းတစ်စောင်က အလွတ်စုံထောက်တစ်ယောက်ငှားပြီး ရနိုင်သမျှသတင်း
အချက်အလက်တွေ စုဆောင်းစေသည်။ ဒီတော့မှ ပိုရှုပ်ကုန်တော့သည်။

သူရရှိလာသော သတင်းတစ်ခုအဆိုအရ မွန်ရိုးမှာ အမှန်တကယ် မသေသေးဘူးဆိုပဲ။ မသမာသူတစ်ယောက်က
မျက်နှာကို အက်ဆစ်ဖြင့်ပက်လိုက်သောကြာင့်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသဖြင့် လူမြင်မခံဝံ့ခြင်းဖြစ်သည်။ ထို့ကြောင့်
သေပြီဟု သတင်းလွှင့်လိုက်ခြင်းဖြစ်သည် ဟုဆို၏။ နောက်သတင်းတစ်ခုကတော့ မွန်ရိုးသည် အောင်မြင်
ကျော်ကြားလွန်းသော ဒဏ်ကိုမခံနိုင်တော့ဘဲ ငြီးငွေ့လာသည်။ ပတ်ဝန်းကျင်ရှိလူတွေက သူ့ကိုအမှန်တကယ်
ချစ်ခင်ကြခြင်းမဟုတ် သူ၏ အလှအပ၊ သူ၏ကိုယ်ခန္ဓာ၊ သူ၏ကျော်ကြားမှု၊ သူ၏ ဥစ္စာဓနကြွယ်ဝမှုတို့ကိုသာ
အလေးထားကြခြင်းဖြစ်သည်ဟု ထင်မြင်ယူဆလာသည်။

ထို့ကြောင့် လောဘ၊ မောဟ၊ ပြိုင်ဆိုင်မှု၊ လှည့်စားမှု၊ အတ္တကြီးမှုတွေ ပြည့်နှက်နေသော ရုပ်ရှင်လောကကိုရော၊
ဆက်နွယ်ပက်သက်နေသော ပတ်ဝန်းကျင်ကိုပါ စွန့်ခွာပြီး ဇာတ်မြုပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မွန်ရိုးသည်
စစ်ကိုင်းတောင်ရိုးရှိ လူသူအရောက်အပေါက် အနည်းဆုံးချောင်တစ်ချောင်မှာ သီလရှင်ဘဝဖြင့် အေးချမ်းစွာ
နေထိုင်လျက်ရှိပါသည်။ အနှောင့်အယှက်ကင်းကင်း ဘာဝနာပွားနိုင်အောင် သေပြီဟု သတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟ
ဆိုသည်။ ထိုသတင်းကိုကြားသောအခါ စာနယ်ဇင်းသမားတွေရော တချို့ပရိတ်သတ်တွေပါ စစ်ကိုင်းတောင်ရိုးကို
လိုက်ကြတော့သည်။ ချောင်တကာစေ့အောင် လိုက်ရှာကြသည်။ ဖြူဖြူငယ်ငယ် သီလရှင်မှန်သမျှကို အလွတ်မပေးပဲ
စူးစူးစိုက်စိုက်ကြည့်ရှုအကဲခတ်ကြသည်။

တကယ်တော့ စစ်ကိုင်းတောင်ရိုး ဆိုသည်မှာ ရှုပ်ထွေးပွေလီလှသော လူ့လောကနှင့် ကင်းကင်းနေပြီး တရား
ကျင့်ကြံလိုသော သူတော်ကောင်းတို့ ခိုမှီးရာ အလွန်အေးချမ်းငြိမ်သက်သော နေရာဖြစ်၏။ ခုလိုလူတွေအများအပြား
ခြေရှုပ်နေကြသောအခါ သူတော်ကောင်းများအတွက် အနှောင့်အယှက်ဖြစ်လာသည်။ ထို့ကြောင့် သက်ဆိုင်ရာက
မေတ္တာရပ်ခံတားမြစ်လာရသည်။ ဂျာနယ်တစ်စောင်က သီလရှင်လေးတစ်ပါး တောင်ပေါ်မှနေ၍ မြစ်ပြင်ကို
ငေးကြည့်နေဟန်နောက်ကျောဘက် ခပ်စောင်းစောင်းမှ ရိုက်ကူးထားသောပုံကို ဖော်ပြပြီး မွန်ရိုးကို အဝေးမှ
ခိုးရိုက်ထားသလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လိုက်သေးသည်။

သိက္ခာရှိသော မဂ္ဂဇင်းကြီးတစ်စောင်က မွန်ရိုးကွယ်လွန်စဉ် အလောင်းကို စစ်ဆေးခဲ့ရသော မှုခင်းဆရာဝန်ကို
အင်တာဗျူးလုပ်သည်။ ဆရာဝန်က မွန်ရိုးကွယ်လွန်ကြောင်း သူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း
ပြောပြသည်။ ဝါရင့် စာနယ်ဇင်းဆရာကြီးတစ်ယောက်ကလည်း ခိုင်မာတိကျမှုမရှိသော သတင်းကို အခြေပြု၍
ကိုယ့်ဂျာနယ် ကိုယ့်မဂ္ဂဇင်း ရောင်းကောင်းအောင် လုပ်စားခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း
ဆောင်းပါးတစ်စောင်ရေးသည်။ ဒီတော့မှ ထိုကိစ္စ တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်၏။

ဒိုင်ယာနာကိစ္စတွင်လည်း ကောလဟာလက ဝင်နှောင့်လိုက်သေးသည်။ ဒိုင်ယာနာသည် လူချစ်လူခင်ပေါများသူ
ဖြစ်၏။ အလှူအတန်းရက်ရောသည်။ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ ဦးဆောင်တတ်သည်။ သို့ရာတွင် ဝမ်းနည်း
ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံရရှာသည်။ သူသည် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ရရှာခြင်းဖြစ်၏။ တချို့က
ထိုကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ဟု ဆိုခဲ့ကြသေးသည်။ သူ၏ကိုယ်ပိုင်ကားပေါ်တွင် တခြားအမျိုးသားတစ်ယောက်
အတူရှိနေခဲ့ခြင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သို့ရာတွင် လူထုကတော့ မေတ္တာမပျက်ကြ။ ပိုပြီးတော့တောင် ကရုဏာသက်ပြီးဝမ်းနည်းကြေကွဲရသည်။ သူ့အတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဆုတောင်းမေတ္တာပို့တာတွေ လုပ်ကြသည်။ တေးသံသွင်းလုပ်ငန်းတစ်ခုကတော့
'ဒိုင်ယာနာ အလွမ်းပြေ'ဆိုသော စီးရီးတစ်ခွေထုတ်ဖို့ စီစဉ်သည်။ နာမည်ကြီး သီချင်းရေးဆရာများက မေတ္တာဖြင့်
ကူညီရေးပေးကြသည်။ ထိုသီချင်းစီးရီးကိစ္စမှာလည်း ကသိကအောက်ဖြစ်စရာတစ်ခု ပေါ်လာသေးသည်။
လူတွေကြားမှာ ကောလာဟလသတင်းဖြစ်နေပုံက....

ထိုသီချင်းကို ပရိသတ်ပိုမိုခံစားနိုင်စေရန်အတွက် ဒိုင်ယာနာ၏ သားအကြီးဖြစ်သူ ဝီလျံကိုယ်တိုင်သီဆိုမည်။ ထိုအခါ
သားငယ်ဟယ်ရီက မကျေနပ်။ သူ့အမေနှင့်ပတ်သက်သော သီချင်းဖြစ်သောကြောင့် သူနှင့်လည်းဆိုင်သည်။ သူလည်း
ဆိုခွင့်ရှိသည်ဆိုပြီး ထိုသီချင်းကိုပင် သူ့အသံနှင့် စီးရီးတစ်ခွေ အပြိုင်ထုတ်မည်ဟု သတင်းထွက်လာသည်။ ပရိသတ်
တချို့က ဝီလျံကို အားပေးမည်။ သားကြီးဖြစ်သောကြောင့် ဒီအခွင့်အရေးကို ခံစားထိုက်သည်ဟု ဆိုသည်။
ဒီလိုဘယ်ရမလဲ၊ သားနှစ်ယောက်ရှိရာ ညီတူညီမျှရပိုင်ခွင့်ရှိတာပေါ့ဟု ဟယ်ရီကိုကရုဏာသက်သူတွေက ဆိုသည်။
ထိုကိစ္စအတွက် ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းတောင်မဆိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင်
မပြောနိုင်ဖြစ်နေကြသည်ဟု အတွင်းသိဆိုသူတွေက ပြောနေကြသည်။

တကယ့်ဖြစ်ရပ်မှန်ကတော့.....
ဝီလျံနှင့်ဟယ်ရီ ညီအစ်ကိုနှစ်ယောက်ကြားမှ ဘာပြဿနာမှမရှိ။ ဝီလျံက ဟယ်ရီကို အလွန်ညှာတာတတ်သည်။
ဟယ်ရီကလည်း အစ်ကိုဖြစ်သူကို အလွန်တွယ်တာသည်။ တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်
ရှိကြသည်။ သီချင်းစီးရီးခွေကိစ္စမှာလည်း ဟယ်ရီက ဆိုတောင်ဆိုချင်တာမဟုတ်။ သူက ဘောလုံးကန်ဖို့သာ
စိတ်ဝင်စားသူဖြစ်၏။ အမေနှင့်ပက်သက်သော အလွမ်းပြေဂုဏ်ပြုခြင်း ဖြစ်သဖြင့် အမှတ်တရအဖြစ်ဝင်ဆိုပေးပါဟု
ဝီလျံက အတင်းတိုက်တွန်းသောကြောင့် ပါလာရခြင်းဖြစ်၏။ ညီအစ်ကိုနှစ်ယောက် အခွေ၏ အေဆိုဒ်၊ ဘီဆိုဒ်
တစ်ခြမ်းဆီဆိုဖို့ အစကတည်းက စီစဉ်ထားပြီး ဖြစ်၏။ဒါကို လူစိတ်ဝင်စားပြီး သီချင်းခွေရောင်းကောင်းအောင
စီးပွားရေးသမားတွေက လုပ်ကြံဖန်တီးသတင်းလွှင့်ခဲ့ခြင်းသာဖြစ်လေ၏။

ပန်းချီလောကမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ကောလာဟလမဟုတ်။ အမှန်တကယ်ဖြစ်၏။ နာမည်ကျော် ပန်းချီဆရာ
ပီကာဆိုနှင့်ပတ်သက်သည်။ ပီကာဆိုသည် ထိပ်သီးပန်းချီဆရာကြီးဖြစ်၏။ သူသည် သမားရိုးကျ ပန်းချီပုံစံကို
ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်ဖြင့် လမ်းသစ်ထွင်ခဲ့သူဖြစ်၏။ သူ့ပန်းချီတွေက ရေးချက်တွေကဆန်းသစ်သည်။
တခြားပန်းချီဆရာတွေ တွဲစပ်မသုံးရဲသောအရောင်များကို အချိုးညီအောင် ဖန်တီးနိုင်သောကြောင့်
အချင်းချင်းကပင် သူ့ကိုဖြုံကြရသည်။ သူ့ပန်းချီကားများသည် နက်နဲသည်၊ လျှို့ဝှက်သည်၊
အသိရခက်သည်။ သို့ရာတွင် ကြည့်မိသူတိုင်းကို ညှို့ငင်ဖမ်းစားနိုင်သည်။

သူ့ပညာမာနလည်းကြီးသည်။ သူ့လက်ရာကိုလည်း တန်ဖိုးထားသည်။ သူ့ပန်းချီကားတွေကို ဈေးကြီးကြီးရမှ
ရောင်းသည်။ တစ်ခါက နာမည်ကြီး စီးပွားရေးကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌက သူ့ရုံးခန်းမှာ ချိတ်ဖို့ ပန်းချီကား
တစ်ကား ဆွဲပေးရန်အလုပ်အပ်သည်။ ဆွဲရမှာက သူ၏ပုံတူဖြစ်၏။ ပီကာဆိုက ပန်းချီဆွဲခကို ပုံမှန်ထက်
ငါးဆလောက်ပိုတောင်းသည်။ ကုမ္ပဏီသူဌေးက....

"ဈေးက များလှချည်လားဗျ၊ ခင်ဗျားပုံက အဲဒီလောက်တန်လို့လား"ဟုမေးသည်။
"ကျွန်တော့်ပုံမဟုတ်ပါဘူးလေ၊ ခင်ဗျားပုံပါ၊ ခင်ဗျားရဲ့ပုံဟာ ဘယ်လောက်တန်နိုင်သလဲဆိုတာ
ခင်ဗျားဘာသာ သတ်မှတ်ကြည့်လေ"ပီကာဆိုက ပြန်ပြောသည်။
သူဌေးလည်း ခဏတွေနေပြီးနောက် ခေါင်းညိတ်လိုက်ပြီး.....
"အင်း...ဟုတ်တာပေါ့၊ ကျုပ်ရဲ့ပုံတူဟာ တန်ဖိုး ရှိရမှာပေါ့"ဆိုပြီး ပီကာဆိုတောင်းသည့်ဈေးပေးဖို့
သဘောတူလိုက်၏။ တကယ်တော့ ပီကာဆိုသည် များသောအားဖြင့် ခေတ်သစ်ပန်းချီတွေကိုသာ
ရေးဆွဲလေ့ရှိသည်။ ပုံတူပန်းချီရေးလေ့မရှိ။ ဒီသူဌေးရဲ့ပုံကတော့ ထူးခြားသော
ဥပဓိရုပ်ရှိသဖြင့် စိတ်ဝင်စားမိ၏။ ထို့ကြောင့် လက်ခံလိုက်ခြင်းဖြစ်၏။

ရေးဆွဲပြီးသွားတော့လည်း ပုံတူဆိုတဲ့အတိုင်း တကယ်ကိုတူပါပေသည်။ ဘယ်လောက်ထိလဲဆိုတော့
အဝတ်အစားက ပိတ်စအစစ်တွေကို ဖြတ်ပြီးကပ်ထားသလားထင်ရလောက်အောင် တူသည်။ အထူးသဖြင့်တော့
မျက်လုံးများ။ ဘယ်ကိစ္စမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်သော စူးစူးရှရှအကြည့်။
"တူလိုက်တာဗျာ၊ ကျွန်တော်နဲ့ ပြိုင်ဘက် စီးပွားရေးသမားတစ်ယောက် ပေါ်လာသလားအောက်မေ့ရတယ်"
သူဌေးသည် သူ့ပုံသူကြည့်ပြီး အံ့ဩသွားသည်။ ကျေနပ်ပြီး သဘောလည်းကျသွားသည်။

ပီကာဆိုသည် ကံကောင်းသည်ဟု ဆိုနိုင်သည်။ တချို့ပန်းချီဆရာများသည် သက်ရှိထင်ရှားရှိချိန်မှာ ဆင်းဆင်းရဲရဲ
ငတ်ငတ်ပြတ်ပြတ် နေခဲ့ကြရသည်။ သေပြီးတော့မှပင် သူတို့ပန်းချီကားတွေ ဈေးကောင်းရလာသော်လည်း ခံစားခွင့်
မရတော့။ လောလောဆယ် ခေတ်ပြိုင်ပန်းချီဆရာတွေ ထဲမှာလည်း စားဝတ်နေရေး အဆင်မပြေကြသူတွေများသည်။
ပန်းချီဆရာဆိုတာကလည်း နှစ်မျိုးနှစ်စားရှိသည်။ ကော်မာရှယ်ခေါ် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဒီဇိုင်းလုပ်ခြင်း၊
ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပိုစတာ၊ လက်ကမ်းစာစောင်များရေးခြင်း၊ ဆိုင်းဘုတ်ရေးခြင်းစသော စီးပွားရေး
လုပ်ငန်းများနှင့် ဆက်နွယ်ရေးဆွဲခြင်းကတစ်မျိုး။ ဖိုင်းအတ်ဟုခေါ်သော ပန်းချီကားများရေးဆွဲခြင်းက တစ်မျိုး။

ကော်မာရှယ်သမားတွေက အလုပ်အပ်သူတွေဆီက အခကြေးငွေယူပြီး ရေးဆွဲပေးခြင်းဖြစ်၏။ သူတို့အနေဖြင့်
အလုပ်အပ်သူတွေ စိတ်တိုင်းကျဖြစ်အောင် ရေးဆွဲပေးရသည်။ ပုံမှန်ဝင်ငွေရှိသည်ဟု ဆိုနိုင်သည်။ ဖိုင်းအတ်သမား
ကတော့ ကိုယ်စိတ်ကြိုက် ဆွဲချင်တာကိုဆွဲသည်။ ပြီးတော့မှ ပြပွဲတင်သည်။ ပြပွဲမှာရောင်းရလျှင် ငွေရမည်။
မရောင်းရဘဲလည်း ရှိနိုင်သည်။ ကိုယ်က ကင်းဗတ်စ၊ ဘောင်၊ ဆေး၊ အချိန်၊ ပညာတို့ကို အချိန်ကြာမြင့်စွာ
ကြိုတင်ရင်းနှီးထားရသည်။ ဘယ်လောက်ကြာမှအကျိုးအမြတ်ပြန်ရမလဲ မပြောနိုင်။

ပန်းချီကားတစ်ကားကို ဆွဲပြီး မကြာခင် ရောင်းထွက်ချင်လည်း ထွက်မည်။ နှစ်ပေါင်းများစွာကြာချင်လည်းကြာမည်။
တစ်သက်လုံးမရောင်းရဘဲ ကွယ်လွန်ပြီးမှ ရောင်းချင်လည်းရောင်းရမည်။ ပန်းချီကားတစ်ကားတည်းနှင့် လေးငါး
ခြောက်လ စားလောက်အောင် ရချင်လည်းရသည်။ လပေါင်းများစွာကြာအောင် ဘာဝင်ငွေမှမရှိဘဲ စုတ်ပြတ်ချင်
ပြတ်နေတတ်သည်။

ပန်းချီကားတစ်ကားရေးဆွဲရာမှာလည်း ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်။ သုံးလေးရက်နှင့် ပြီးချင်လည်း ပြီးမည်။
လနှင့်ချီကြာချင်လည်းကြာမည်။ ရေးလက်စကို စိတ်ကြိုက်မတွေ့သဖြင့် နှစ်ပေါက်အောင် ကြာချင်လည်း ကြာသွား
နိုင်သည်။ တချို့ပန်းချီကားတွေကို ပြပွဲတင်သော်လည်း 'ရောင်းရန်မဟုတ်'ဟု စာချိတ်ချင်ချိတ်ထားမည်။ တစ်ခါ
တစ်လေ ကိုယ့်ဘာသာ ကြိုက်လွန်း၍ ပြပွဲတောင်မတင်ရက်ဘဲ သိမ်းထားတာမျိုးရှိသည်။

ပီကာဆိုမှာ ဖိုင်းအတ်သမားဖြစ်သည်။ ဖိုင်းအတ်သမားအများစုမှာ လူအများကြိုက်ကြိုက်မကြိုက်ကြိုက်
ကိုယ်ဆွဲချင်ရာ ဆွဲကြသူများဖြစ်၏။ ထို့ကြောင့် ပုံမှန်ဝင်ငွေလည်း မရှိဘဲ စားဝတ်နေရေးအဆင်မပြေတာက
များသည်။ ပီကာဆိုကတော့ထူးခြားသည်။ သူ့ပန်းချီတွေက ဈေးကောင်းရတတ်သည်။ ထို့ကြောင့်
သူများထက်စာလျှင် ချောင်ချောင်လည်လည် ရှိသည်ဟု ဆိုနိုင်သည်။ သူသည် အသက် ခြောက်ဆယ်စွန်းစွန်း
ရှိလာသည့်တိုင် လူငယ်လေးတစ်ယောက်လို နုပျိုဖြတ်လတ်ဆဲဖြစ်သည်။ စပို့ရှပ်၊ တီရှပ်၊ ဂျင်းဘောင်းဘီတို့
ဝတ်ဆင်လေ့ရှိသည်။ ရွယ်တူ တန်းတူလူကြီးတွေနှင့် မပေါင်းဘဲ လူငယ်ပန်းချီဆရာလေးတွေနှင့်သာ
အဖွဲ့ကျတတ်သည်။

သူ့လက်ရာတွေကို စွဲလမ်းပြီး သူ့ဆီမှာ ပန်းချီပညာသင်ချင်သူလူငယ်တွေလည်း တော်တော်များများရှိ၏။ သို့ရာတွင်
သူ၏ သင်ပုံသင်နည်း စနစ်၏ ဒဏ်ကိုမခံနိုင်သဖြင့် တပ်လန်သွားသူတွေသာများသည်။ ပီကာဆိုက 'ပန်းချီသင်၊
ရွာပြင်ထွက်'ဟုဆိုပြီး လယ်ကွင်းပြင်ကြီးထဲက တဲကလေးတစ်လုံးမှာ တစ်ယောက်တည်းသွားနေခိုင်းသည်။ ဆန်၊
ဆီ၊ ဆား၊ ငါးပိ ငါးခြောက်၊ ကြက်သွန်၊ အာလူး၊ ပဲ စသည်တို့ပေးထားသည်။ ကိုယ့်ဘာသာကိုယ် ချက်စားရသည်။
ဘာအသုံးအဆောင် ပစ္စည်းမှ ယူခွင့်မရှိ။ ရေဒီယို၊ ကက်ဆက်မပြောနဲ့ နာရီတောင်မထားရ။ လျှပ်စစ်မီးလည်းမရှိ။
ပန်းချီသင်တယ်ဆိုသည့်တိုင် ဘာမှ လေ့ကျင့်ရေးဆွဲခွင့်မရှိသေး။ ခဲတံ၊ စုတ်တံ၊ ဆေး၊ စက္ကူစသည်တို့ လုံးဝ
ဆောင်မထားရ။ ယုတ်စွအဆုံး မြေကြီးပေါ်မှာတောင် တုတ်ချောင်းနှင့် ခြစ်ခွင့်မရှိ။

ထိုလယ်ကွင်းထဲက တဲလေးထဲမှာ သုံးလတိတိ တစ်ယောက်တည်းနေရသည်။ ထိုအတောအတွင်းမှာ မနက်နေ
ထွက်လာတာ၊ ညနေဘက် နေဝင်သွားတာကို စောင့်ကြည့်ရသည်။ ကျန်တဲ့အချိန်တွေမှာ ကောင်းကင်ကိုကြည့်ရသည်။
တိမ်တွေကိုကြည့်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားရသည်။ ထိုသို့
ကြည့်ရှုမှတ်သားရင်းက ပန်းချီဆိုတာ ဘာလဲ၊ ဘာကြောင့် ပန်းချီဆွဲချင်တာလဲ၊ အရောင်တွေကို ဘယ်လိုခံစားမိသလဲ၊
ပန်းချီဆရာတစ်ယောက်ရဲ့စိတ်နေစိတ်ထားဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာတွေကို တွေးတော ကြံဆကြည့်ရသည်။
ပီကာဆိုက တစ်ပတ်တစ်ခါလာတွေ့သည်။ ထိုအခါ တပည့်ဖြစ်သူက မိမိတွေးတော ဆင်ခြင်မိတာတွေကို ပြောပြရသည်။

ဒီလိုသုံးလတိတိနေပြီးမှ ဒုတိယအဆင့်ကို တက်ခွင့်ရသည်။ ထိုအဆင့်မှာ တစ်လကြာသည်။ စိတ်ဖြင့်ရေးဆွဲသည့်
အဆင့်ဖြစ်၏။ လက်တွေ့မဆွဲရသေး။ မျက်စိမှိတ်ထားပြီး အရောင်တွေကို အာရုံခံစားရသည်။ မိမိလေ့လာကြည့်ရှု
ထားသော အရာဝတ္ထုများကို စိတ်ကူးဖြင့် ရေးဆွဲကြည့်ရသည်။ အရောင်တွေကို စိတ်ထဲမှာ တွဲစပ်ကြည့်ရသည်။
ထိုအဆင့်ကို လွန်မြောက်ပြီးတော့မှ လက်တွေ့ရေးဆွဲမှုကို စတင်သင်ကြားရသည်။ ပီကာဆိုထံသို့ ပန်းချီပညာသင်ရန်
ရောက်ရှိလာသူတွေထဲက အများစုမှာ လယ်ကွင်းထဲက တဲကလေးထဲမှာ တစ်လလောက်နေပြီးတာနဲ့ ပြန်ပြေးကြ
တော့သည်။ လက်တွေ့ရေးဆွဲရသည့်အဆင့်ထိ ဆန်ခါတင်ကျန်တာဆိုလို့ ဆယ်ယောက်မှာ တစ်ယောက်တောင်
မရှိ။ သူ့ဆီမှာ တပည့်ခံချင်သူများသည် နောက်ဆုံးတွင်.....

"ပန်းချီသင့်မယ့်အစား ရှောင်လင်ကျောင်းမှာ ကွန်ဖူးသွားသင်တာမှ သက်သာလိမ့်ဦးမယ်"ဟု ပြောပြီး ထွက်ပြေးကြ
ရသည်။ ပီကာဆိုကတော့...."ဒါတောင် သင်ရိုးညွှန်းတမ်းကို အများကြီးလျှော့ထားတာ၊ ငါပန်းချီသင်တုန်းကဆိုရင်
ကိုယ်နေမယ့်တဲကို ကိုယ့်ဘာသာဆောက်ခဲ့ရတာ၊ ကိုယ့်ဘာသာ ငါးမျှားပြီး စားခဲ့ရတာကွ"ဟု ပြောလေသည်။
ထိုကဲ့သို့သော ပီကာဆိုသည် အသက်ခြောက်ဆယ်ကျော်တော့မှပင် အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော
မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူလိုက်လေသည်။

အနုပညာလောကတစ်ခုလုံးအံ့ဩကုန်ကြသည်။ ဝေဖန်သုံးသပ်ချက်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။ တချို့က
ပီကာဆိုကို အားကျကြသည်။ ကောင်မလေးက ငယ်ငယ်ချောချောလေးကိုး။ အတော်စွံတဲ့ပုဂ္ဂိုလ်ပဲဟု ချီးကျူးကြသည်။
သူ့ပြိုင်ဘက်တွေကတော့ နည်းနည်းပြောချင်ဆိုချင်သည်။ တချို့ဇာတ်လမ်းလေးတောင် ဆင်လိုက်သေးသည်။
သူတို့အပြောအရဆိုလျှင်တော့.... ကောင်မလေးမှာ ငယ်ရွယ်စဉ်လူမှန်းမသိတတ်ခင်ကတည်းက မိဘတွေဆုံးသွားသဖြင့်
အဘိုးဖြစ်သူ၏ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။ သူတို့နှစ်ဦးမှာ အဘိုးတစ်ခု မြေးတစ်ခုဖြစ်သဖြင့်
တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်က အလွန်ကြီးကြသည်။ တစ်နေ့မှာတော့ ကံကြမ္မာက သူတို့မြေးအဖိုးကို ရက်ရက်
စက်စက်ခွဲခွာ ပစ်လိုက်သည်။ အဘိုးဖြစ်သူသည် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားလေ၏။ မြေးမလေးမှာ
ခိုကိုးရာမဲ့ဖြစ်ရသည်။ သူ့အတွက် အဘိုးသာလျှင် အဖေ၊ အဘိုးသာလျှင် အမေဖြစ်သောကြောင့် ပိုခံစားရသည်။
အဘိုးကို လွမ်းသောစိတ်ဖြင့် ဗုန်းဗုန်းလဲမတတ်ဖြစ်ရသည်။ စိတ်ဝေဒနာသည်မလေး ဖြစ်လုလုအခြေအနေကို
ရောက်ခဲ့ရသည်။ ခုလို အဘိုးကို တမ်းတနေချိန်မှာပင် ပီကာဆိုနှင့် တွေ့ခဲ့ခြင်းဖြစ်၏။ ထိုအခါ ကောင်မလေးမှာ
အဘိုးအစားပြန်ရပြီဆိုသော အစွဲအလမ်းဖြင့် ပီကာဆိုကို တွယ်တာမိရာမှ လက်ထပ်ဖြစ်ခဲ့ခြင်းဟုဆိုသည်

ထိုကိစ္စမှာ ပီကာဆိုကို မနာလိုသူတွေက လုပ်ကြံဖန်တီးပြောဆိုကြခြင်းသာဖြစ်သည်ဟု ပီကာဆို ဘက်တော်သားတွေက
ပြန်လည်ချေပသည်။ ပီကာဆိုကတော့....
"လူတွေက အသက်ကြီးတာနဲ့ အိုမင်းတာကို မခွဲခြားတတ်ကြသေးဘူးဗျ"ဟု
ခပ်အေးအေးလေသံဖြင့်သာ တုံ့ပြန်ပြောဆိုလေ၏။

* * * * *

"မင်္ဂလာရယ်မှ....မဏ္ဍိုင်...လေး..."
"ဟေ့....ဟေ့....ဟေ့....အောင်ပါ....စေ..."
ကုမုဒြာဇာတ်ရုံကြီးအတွင်းမှာ မာသာဂရေဟမ်၏ အသံကဟိန်းထွက်လာသည်။
အသက်ခုနစ်ဆယ်နားကပ်နေသည့်တိုင် သူ့အသံက 'ပေါက်'နေတုန်း။ အဆွဲအငင်၊
အပင့်အရှိုက်တွေ ကျန်နေတုန်း။ အဆိုအဟဲ အောင်နေတုန်းရှိသေးသည်။

"တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ.... သုံးကြိမ်ငယ်မှ
ဦးတင်....ရွာတော်ရှင်....မယ်လျှင်... ကန်တော့ပါ၏ ဘုရား...."
သက်ကြီးအနုပညာရှင်များ၏ ပဒေသာကပွဲဖြစ်လေ၏။ ဂန္ထဝင်အနုပညာကို ချစ်မြတ်နိုးသော လူငယ်တစ်စုက
အကုန်အကျခံပြီး စီစဉ်တင်ဆက်သည်။ သူတို့မှာလည်း စွန့်စွန့်စားစား လုပ်ခဲ့ရခြင်းဖြစ်၏။ ခေတ်ပရိသတ်က
အဘိုးကြီး အဘွားကြီးတွေ ဆိုတာ၊ ကတာကို စိတ်ဝင်စားပါ့မလားဟု စိုးရိမ်ခဲ့ကြရသည်။ တကယ်တမ်းကျတော့
ပရိသတ်မှာ ရုံပြည့်အောင်လာရောက်အားပေးကြသည်။ ငွေတာရီရုပ်မြင်သံကြားဌာနကလည်း လာရောက်ရိုက်ကူးပြီး
တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ပထမဆုံးအစီအစဉ်က မာသာဂရေဟမ်၏ တစ်ချိန်ကနာမည်ကျော် အပျိုတော်အကဖြစ်၏။ အသက်အရွယ်
ထောက်လာသဖြင့် ငယ်ငယ်ကလောက် မသွက်လက်သော်လည်း မျက်ခုံးချီပုံ၊ မေးထိုးပုံ၊ လက်ချိုးပုံ၊
ခြေထိုးပုံတို့မှာ ရက်ပ်သမား၊ တက်ကနိုသမား လူငယ်တွေ ငေးယူရလောက်အောင် ပြောင်မြောက်လှသည်။
"သောက်တော်ဘူးရယ်နဲ့....အိုမကွာ..အိုမကွာ....မင်းကျော်စွာမို့ မကျော်လား...ဝေးရာကရှား"အကဝိဇ္ဇာကြီး
မာသာဂရေဟမ်၏ အဆိုအကကို ဆိုင်းဝိုင်းကြီးက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပို့ပေးနေသည်။ ဆိုင်းအဖွဲ့ကလည်း
မကောင်းဘဲ ခံနိုင်ရိုးလား။ ရွာစားကြီး စိန်မိုးဇက်၊ ငွေနှဲကျော် ချိုက်ကော့စကီးနှင့် ပတ်မတီး ရှိုပင်တို့
လက်စွမ်းပြတီးမှုတ်ဖျော်ဖြေကြတာကိုး။ သူတို့က သံပြိုင်လိုက်ဆိုရမည့်နေရာတွေမှာ ဝင်အော်ပေးကြသေးသည်။

"ကိုကြီးကျော်ရေ...."
"ဗျို့...ဗျို့"
"မောင်ကြီးကျော်...ရေ"
"ဗျာ...ဗျ"
"ဤဇမ္ဗူမှာ ပြိုင်ဘက်ရှား....မိုးကျနတ်သား..."

ဒုတိယအစီအစဉ်ကတော့ နှောင်းခေတ်အဆိုတော်ကြီးများ၏ ဖျော်ဖြေမှုဖြစ်၏။
တွမ်ဂျုံး၏ 'ယောက်ျားမှာလည်း အသည်းနဲ့ပါ'
ကော်နီဖရန့်စစ်၏ 'မေ့ကွက်ကိုရှာ'
အိန်ဂျဲဘတ်၏ 'ချစ်အားငယ်ရသူမယ'်
မေရီဟော့ကင်း၏ 'နက်ဖြန် သို့မဟုတ် ဘယ်သောအခါ'
အင်ဒီဝီလျံ၏ 'မုန်းရစ်လေဦး'
"ရွက်ဝါကြွေ နွေဦး.....လေရူးပွေစ....ညနေဆည်းဆာ...
ဥဩဆွေ.... နွေတေးရှင်ငှက်... ပင်ကိုင်းထက်မှာ...
သံစာစာ... နွေကြိုတေးကိုသာ....လေးတွဲ့မှန်စွာ....
တေးဖွဲ့ပြန်ရှာ...အဖော်ကွဲ...တစ်ကိုယ်တည်း...
ကိုယ်လည်းမင်း...လိုပါပဲ...ကိုယ့်ဘဝမှာ....
ညိုဝါရွှေ....ညောင်းရွက်လေအနော့....ပြေလျော့...ကြွေပေါ့...
နွေတစ်ကျော့...ရောက်ပြန်ပြီလေ...တစ်ခါ...."

ခံစားချက်အပြည့်ဖြင့် သီဆိုနေသော ဂန္ထဝင်အဆိုတော်ကြီး အင်ဒီဝီလျံ၏ သီချင်းသံတွင် ပရိသတ်များ
မိန်းမောနေကြသည်။ ထို့နောက် ဂီတလုလင် ဘီသိုဗင်၏ တစ်ကိုယ်တော် စန္ဒရားလက်စွမ်းပြတီးကွက်များဖြင့်
ပရိသတ်အာရုံကို ချုပ်ကိုင်ဖမ်းစားလိုက်ပြန်သည်။

ဆက်လက်ပြီး စူပါစတား အဆိုတော် ရုပ်ရှင်မင်းသား အဲဗစ် ပရက်စလေနှင့် ခေတ်ဟောင်းမင်းသမီးကြီးများ
ဖြစ်ကြသော အက်ဗာဂါဒနာ၊ မေရီပစ်ဖို့၊ အက်စသာဝီလျံ၊ ဂျူဒီဂါလင်တို့တစ်လှည့်စီစုံတွဲသီဆိုသော သီချင်းများဖြင့်
ဖျော်ဖြေသည်။ ဂျူဒီဂါလင်နှင့်တွဲ၍ သီဆိုသော 'တကူကူးကူ'သီချင်းကို ပရိသတ်တွေ အရမ်းသဘောကျပြီး
ပွဲတောင်းသဖြင့် နှစ်ကြိမ်ပြန် သီဆိုရသည်။

ထို့နောက် ခေတ်ဟောင်း အနုပညာရှင်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ခုတလော အလွန်နာမည်ကြီးနေသော
ဝက်စ်လိုက်ဖ်အဖွဲ့က ဒိုးပတ်ဝိုင်းဖြင့်ဖျော်ဖြေသည်။ မိုက်ကယ်ဂျက်ဆင်ကလည်း ဦးရွှေရိုးအကဖြင့် ပါဝင်ကူညီခဲ့
သေးသည်။ နောက်ဆုံးအစီအစဉ်ကတော့ သက်ကြီးအငြိမ့်ခန်းဖြစ်၏။ မင်းသမီးမှာ ဂျူလီအင်ဒရူးဖြစ်၏။ လူရွှင်တော်များ
အဖြစ် ဘော့ဟုပ်၊ ဂျယ်ရီလူးဝစ်နှင့် နော်မန်ဝစ်စဒမ်တို့က အသုံးတော်ခံကြသည်။ ဘော့ဟုပ်က ခွန်းထောက်တစ်ပုဒ်ဆိုသည်။
ထို့နောက် ပရိသတ်ကို မေတ္တာပို့၊ နှုတ်ဆက်စကားပြောပြီး...
"ကဲ...သူငယ်ချင်းတို့ရေ.... အခုလို ရုံပြည့်ရုံလျှံအောင် လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးဟာ မင်းတို့ ငါတို့ကို ကြည့်ရုံ
သက်သက် မဟုတ်ဘူး၊ မင်းသမီး ဂျူလီအင်ဒရူးလေးရဲ့ ချစ်လှစွာသော ပီယဝါစာ စကားသံလေးတွေ၊ ကြည်လင်ချိုမြတဲ့
တေးသံလေးတွေ၊ နွဲ့နှောင်းသွက်လက်တဲ့ ကကြိုးကဟန်လေးတွေကို ကြားချင်မြင်ချင် ကြည့်ချင်လို့လာကြတာမဟုတ်လားကွယ့်"
"ဟုတ်ပါ့"
"ဒီတော့ မင်းသမီးခေါ်ကြဦးစို့ရဲ့"

ထိုအခါ နော်မန်ဝစ်စဒမ်က ဇာတ်စင်ထောင့်ဆီပြေးသွားသည်။ ဂျယ်ရီလူးဝစ်က....
"ဟေ့ကောင်....ဘယ်သွားမလို့လဲ"
"မင်းသမီးခေါ်ဖို့ ဆိုက်ကားသွားငှားမလို့လေ"
"ဒီလောက်တောင်ညံ့ရသလားဟဲ့၊ မင်းသမီးခေါ်တာ ဆိုက်ကားနဲ့ ရပါ့မလား၊ မသကာ လင်ခရူဆာလောက်တော့ ဖြစ်ရမှာပေါ့"

ဘောဟုပ်ကဝင်၍...
"ဟာ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းသမီးခေါ်ပါဆိုတာက စာချိုးလေးနဲ့လှမ်းခေါ်ဖို့ပြောတာ"
"ဩော်...ဒီလိုလား၊ ဒီလောက်တော့ဖြစ်ပါတယ်ကွ....အဟမ်း...အဟမ်း...ပုဝါနှစ်စအသာချပါလို့"
"မင်းခေါ်ပုံကြီး ရိုးနေပါပြီကွာ"
"ဒါဆိုလည်း မင်းပဲခေါ်လိုက်ပါတော့"

"ကဲခေါ်ပြီနော်...ခင်ကညာမြင် ဘဝင်မှာရွှင်လိုက်ပါတဲ့ အိုးဗျ ဘင်လာဒင်..."
"ဟာ...ဘယ့်နှယ် မင်းသမီးခေါ်ပါဆိုတာ ကဲ ကဲ မင်းတို့ခေါ်လို့တော့ မဖြစ်ပါဘူး၊ ငါပဲခေါ်ပါ့မယ်"
ဂျယ်ရီလူးဝစ်က ပရိသတ်ဘက်ကျောပေးပြီး ကျုံ့ကျုံ့လေးထိုင်နေသော မင်းသမီး ဂျူလီအင်ဒရူးကို
တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးမှ....
"ထားခင်နှမ၊ ခါးရင်အစ၊ ငါးပဉ္စကောင်းခြင်း၊ အကယ်ဒမီ ရွှေစင်လေးလို၊ မယ်မဒီလိုမြင်ရင်
ငေးရပါတဲ့၊ ဂျယ်ရီရဲ့ ခင်ခင်လေး ဂျူလီရေ....."

ဂျူလီအင်ဒရူးသည် ထရပ်လိုက်ပြီး နွဲ့နှောင်းညင်သာစွာ လျှောက်လာသည်။ ပရိသတ်ကို
လက်အုပ်လေးချီ နှုတ်ဆက်လိုက်ပြီးမှ သီချင်းစဆိုသည်။
"အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးနော် သဘောနည်းနည်းကြီးဦးမှပေါ့ သခင်ရယ်...
မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့ သောတော့ မောင့်သဘောက မကြည်မလင်..."

တီးလုံးအပိုဒ်တွင် အကဝင်လာသည်။ ဂျူလီအင်ဒရူး၏ ကဟန်မှာ တချို့မင်းသမီးတွေလို ခုန်ပေါက်
လူးလှိမ့်နေခြင်းမျိုးမဟုတ်။ အလွန်ညက်ညောသည်။ ကကြိုးတစ်ကွက်ချင်းမှာ ပန်းချီကားတစ်ချပ်စီလို
လှပသပ်ရပ်သည် လက်ခုပ်သံတွေမစဲတော့။


--------
မင်းလူ
--------

[အပိုင်း (၅) ကို စနေနေ့၌ ဆက်လက်ဖော်ပြပေးပါမည်။]


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/30/2013 01:02:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] ဆော့ဖ်ဝဲတွေဒေါင်းရင်...

Posted: 30 Jan 2013 06:25 AM PST

[Information & Technology Network] https://www.facebook.com/media/set/?set=a.43596603...

Posted: 30 Jan 2013 03:28 AM PST

[Information & Technology Network] မကြာမီချထားပေးမည့် GSM ဖုန်းများ၏ ဈေးနှုန်းကို...

Posted: 30 Jan 2013 03:16 AM PST

[Information & Technology Network] Cafezee Full version မြင့် တဲ့ Version...

Posted: 30 Jan 2013 02:47 AM PST

[Information & Technology Network] ဍေံတိုန်ဒဿံင် "The computer restarted...

Posted: 30 Jan 2013 02:16 AM PST

[Information & Technology Network] မသိသေးတဲ့သူတွေကော သိပြီးသားသူတွေကော...

Posted: 30 Jan 2013 01:40 AM PST

[Information & Technology Network] တနေ. တနေ့ ဖုန်းသင်တန်းတွေဆိုပြီး...

Posted: 30 Jan 2013 01:14 AM PST

[Information & Technology Network] ဖုန်းတစ်လုံးကို နိုင်ငံကုဒ်ပြောင်းဖို့အတွက်...

Posted: 30 Jan 2013 01:09 AM PST

[Information & Technology Network] SEA Games ပြိုင်ပွဲကျင်းပတဲ့နေရာတွေမှာ Wi-Fi...

Posted: 30 Jan 2013 12:22 AM PST

[Information & Technology Network] android app ကို ကွန်ပြူတာမှာ သုံး၍ကြည့်ချင်သည်...

Posted: 30 Jan 2013 12:07 AM PST

[Information & Technology Network] Status Update

Posted: 29 Jan 2013 11:26 PM PST

[Information & Technology Network] Tango နဲ့ ဖုန်း ဘယ်လိုခေါ်ရလဲဗျာ။ပြောပေးကြပါအုံး။

Posted: 29 Jan 2013 11:07 PM PST

[Information & Technology Network] ကျွန်တော့ ကွန်ပျူတာမှာ ဝါယာလက်သုံးတဲ့ wifi...

Posted: 29 Jan 2013 10:57 PM PST

[Information & Technology Network] Apple iPhone 5 for Sale - 70% Off -...

Posted: 29 Jan 2013 10:26 PM PST

[Information & Technology Network] ကူညီကြပါဦးဗျာ ပညာရှင်များ ကျွန်တော့်...

Posted: 29 Jan 2013 10:16 PM PST

[Information & Technology Network] photo shop free download လုပ်လို့ရတဲ့...

Posted: 29 Jan 2013 10:07 PM PST

[Information & Technology Network] ကျွန်တော့ ကွန်ပျူတာမှာ ဝါယာလက်သုံးတဲ့ wifi...

Posted: 29 Jan 2013 10:06 PM PST

[Information & Technology Network] I want to use zaw gyi font with my laptop, help me

Posted: 29 Jan 2013 09:03 PM PST

[Information & Technology Network] Samsung 3G tools လေးများ Full and free Download...

Posted: 29 Jan 2013 08:39 PM PST

[Information & Technology Network] Mircorsoft Office 2010 ကို Full version...

Posted: 29 Jan 2013 08:23 PM PST

[Information & Technology Network] bro....တို့ေ၇း IDM လို...

Posted: 29 Jan 2013 06:18 PM PST

[Information & Technology Network] နှစ်သိန်းတန် GSM ဖုန်းကို My Ring Tune...

Posted: 29 Jan 2013 06:00 PM PST

[Information & Technology Network] New photo

Posted: 29 Jan 2013 04:58 PM PST

Top news for Moses C.: The 50+ Incredible Offices, Trails (Even Beaches) Where Leaders Work

Posted: 29 Jan 2013 04:49 PM PST

[Information & Technology Network] http://www.moenyothar86.blogspot.com/2013/01/desto...

Posted: 29 Jan 2013 04:29 PM PST