[mrsorcerer:37125] အင်္ဂလိပ်စာ အဖတ်စွမ်းရည်အတွက် သင်ခန်းစာများ

အင်္ဂလိပ်စာ အဖတ်စွမ်းရည်အတွက် သင်ခန်းစာများ
http://www.thebestenglish4you.com/4129412641434150415240974154412940984196412441414117415341014140-41144143.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရန်ကုန် သျှမ်းပြည်နယ်နေ့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်

Posted: 01 Feb 2013 03:08 AM PST

ရန်ကုန်မြို့ရောက် တောင်ကြီးအသင်းက နှစ်စဉ်ဦးဆောင်ကျင်းပလျက်ရှိသော ဖေဖော်ဝါရီလ ၇ ရက် သျှမ်းပြည် နယ်နေ့ ခေါ် သျှမ်းပြည်အမျိုးသားနေ့အား ယခုနှစ် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း  ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ လူငယ်တဦးက ပြောပါသည်။
panglong-co-agပင်လုံစာချုပ်လက်မှတ်ရေးထိုးကြသည့်ပုံတူပန်းချီနှင့် ပင်လုံစာချုပ်ပုံ
 
"အရင်နှစ်တွေလိုဘဲ တောင်ကြီးအသင်းကဘဲ ဦးဆောင် ကျင်းပမှာ။ ဒါပေမယ့် ကိုးမိုင် သျှမ်းကျောင်းမှာ မဟုတ် တော့ဘူး။  ဒီနှစ်အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်။ သျှမ်းပြည် သမိုင်းကြောင်းနဲ့ဆိုင် တဲ့ပြ ခန်း ရှိမယ်။ သျှမ်း ရိုးရာအစားအစာတွေရောင်းတဲ့ဆိုင်ခန်းတွေရှိမယ်။ ဒီနှစ် ပွဲလက်မှတ်ရောင်း ကောင်း တယ် ။ ဂျန္နဝါရီလ မကုန် ခင်ကတည်းက လက်မှတ်ကုန်သလောက်ရှိနေပြီ" ဟု အဆိုပါလူငယ်က ပြော ပါသည်။

သျှမ်းပြည်နယ်နေ့အား ၁၉၉၆-၉၇ ခုနှစ်ခန့်ကတည်းက (ထိုစဉ် )စစ်အစိုးရက သျှမ်းပြည်နယ်နေ့ ဆိုင်း ဘုတ် တပ်ခွင့်မပြု ၊ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မပြုသဖြင့် ကိုးမိုင်ရှိအောင်မြေဘုံသာသျှမ်း ကျောင်း၌ သျှမ်းပြည် အမျိုးသား ပဒေသာကပွဲအမည်ဖြင့်သာ ကျင်းပခဲ့ရသည်။

ယခုနှစ်တွင်မူ စကိုင်းနက် ရုပ်သံမှလည်း မေတ္တာဖြင့် ရိုက်ကူးကာ တိုက်ရိုက်ထုတ်လွှင့်ပေမည်ဖြစ် ကြောင်း လည်း သိရပါသည်။

" ဒီနှစ် အလှူငွေတွေလဲ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက်ရမယ်။ ကမ္ဘောဇဘဏ်က ကျပ်သိန်း ၅၀ ၊ ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီက ကျပ်သိန်း ၅၀ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၅ သိန်း ကျန်တာက ဆင်ခြောက်ကောင်ဆေးတိုက်နဲ့ တခြားစီးပွါးရေးလုပ်ငန်းရှင်တွေရဲ့အလှူငွေတွေပေါ့။ ပွဲဝင်လက်မှတ်ကိုလည်း ကျနော်တို့ ကျပ် ၂၀၀၀-၃၀၀၀-၅၀၀၀ အစရှိသဖြင့် ရောင်းတယ်။ လူတွေ တော်တော် စိတ်ဝင်စားကြတယ်ဒီနှစ်။ ပြီးတော့ လူငယ်တွေလဲ တက်ကြွစွာ ပါဝင်လှုပ်ရှားကြတာကို တွေ့ရတယ်" ဟု  သျှမ်းစာယဉ်အသင်း၌တက်ကြွ လှုပ်ရှားသည့်အဆိုပါလူငယ်က ဆက်လက် ပြောပြ သည်။

ဖေဖော်ဝါရီလ ၇ ရက် ၆၆ နှစ်မြောက်သျှမ်းပြည်နယ်နေ့အား  ရန်ကုန်ရောက် တောင်ကြီးအသင်းက ကမ ကထ ပြုကာ အမျိုးသားကဇာတ်ရုံ၌ မွန်းလွဲ ၁ နာရီ ပွဲဖွင့်လှစ် ကျင်းပမည်ဖြစ်ကြောင်း၊ ညနေ ၆ နာရီ မှစ၍ ကပွဲ ပဒေသာ ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်း တအာင်း လားဟူ ဓနု အင်းသား ကျောက်မဲ အသင်း သီပေါအသင်း မိုးကုတ်အသင်း ထုန့်မောဝ်အသင်း ကျိုင်းတုံအသင်း ရန်ကုန်သျှမ်းစာပေ ယဉ်ကျေးမှု အသင်းတက္ကသိုလ်များ စာပေယဉ်ကျေးမှုအသင်း နှင့်တောင်ကြီးအသင်းတို့ မှ အဆိုအကများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သျှမ်းပြည်လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင် ကာ သျှမ်းပြည်အလယ်ပိုင်း  လဲချားစော်ဘွားနယ် ပင်လုံ၌  ၁၉၄၇ ဖေဖေါ်ဝါရီ ၃ မှ  ၁၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော ဒုတိယ ပင်လုံညီလာခံမှ ဖေဖေါ်ဝါရီ ၇  ရက် သျှမ်းပြည်အမျိုးသားနေ့နှင့်  ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (သို့) ပြည်ထောင်စုနေ့  ပေါ်ပေါက်စေခဲ့ သော ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ပါသည်။

သျှမ်းမြောက် နမ့်ခမ်းဘက်မှ သစ်များ တရုတ်နိုင်ငံက နေ့စဉ်လာရောက်သယ်ယူနေ

Posted: 01 Feb 2013 03:06 AM PST

မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။
002-                                        နမ့်ခမ်းဘက်မှ သစ်လုံးတင် တရုတ်ကား

"တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ   တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ်  " ဟု နမ့်ခမ်းဒေသခံ ဈေးပတ် လိုက်ရောင်းနေသော ဈေးသည် တစ်ဦး ပြော သည်။
004-                                                      သစ်လုံးတင်ကားများ

သစ်များကို ကချင်ပြည်နယ် KIA တပ်မဟာ ၃ ဖြစ်သည့် အင်ပါပါမြို့နယ်ဘက်မှ တနေ့အစီး တစ်ရာ ကျော် သယ်ထုတ်နေကြောင်း၊ သို့သော် ကချင်ပြည်နယ် ထဲမှ သစ်များ မဟုတ် ကြကြောင်း ၊ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်  လွိုင်စောဝ် အနီးရှိ သစ်များဖြစ်ကြ ကြောင်း သစ်တင်ကား မောင်း သမား တစ်ဦးကဆိုသည်။

"တရုတ်တွေ ကျနော်တို့ဘက်က သစ်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်နေတာကြောင့် ရာသီဥတု ဖောက် ပြန် မှုတွေ သိသိသာသာကြီး ဖြစ် ပေါ်နေတယ်၊ အခုဆောင်းရာသီလဲ အအေးချိန်လွန်ကဲတယ်၊ တဖက်ကလဲ နမ့်ခမ်းမြို့ ရပ်ရွာထဲက ရေတွင်းတွေခန်းခြောက်ကုန်တာ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်တို့အိမ်က ရေတွင်းက ရေစုပ်မော်တာ ၃ လုံးနဲ့စုပ်ပြီး စိတ်ကြိုက်သုံးလို့ရတယ်၊ အခုတော့ တလှည့်စီ စုပ်ပြီးရေကို ချွေတာသုံးနေရ တယ်" ဟု နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် လူငယ်စိုင်းခမ်းကပြောသည်။
005-
 နမ့်ခမ်းဘက်မှမြေဆီများကိုအိတ်များဖြင့်ထည့်၍တရုတ်ပြည်ဘက်သယ်ယူ
တရုတ်ကုမ္မဏီများ သျှမ်းပြည် ကချင်ပြည်မှ သစ်ပင်များကို ခုတ်ယူရုံတင်မက အမြစ်ပါနုတ်ယူသွားပြီး ကျန်ရှိနေသည့် မြေဆီ ကိုလည်း ဘိလပ်မြေအိတ်ဖြင့် ထည့်ယူသွားကြကြောင်း ၊ တရုတ်နိုင်ငံ ဘက် ရွှေလီနှင့် ဂျယ်ကောင်မြို့ များ တွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေကြောင်း မြန်မာနိုင်ငံဘက် နမ့်ခမ်းမြို့တွင်မူ သစ်ပင်များမရှိတော့သလောက်ရှားပါး သွားကြောင်း ၄င်းကဆိုသည်။ 
 003-
                                       ရွှေလီဘက်၌တွေ့ရသော စိမ်းလန်းစိုပြေမှု


တရားမဝင် တရုတ်သစ်တင်ကားများကို ဖမ်းဆီး ခြင်းမရှိသည့် အပြင် မြန်မာအစိုးရနှင့် KIO  သက်ဆိုင် ရာအာဏာပိုင်များကလည်း အခွန်ကောက်ခံပြီး လွတ်လပ်စွာ စိတ်ကြိုက် သယ်ယူ ခုတ်ခွင့် ပေးနေ ကြောင်း  သိရှိရသည်။




ဖြစ်သင့်တာတွေ ဖြစ်ရအောင်လို့ ပြောပြလိုက်မယ်

Posted: 01 Feb 2013 03:03 AM PST

သို့- သျှမ်းသံတော်ဆင့်

 မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးကိုရွှေ့တော့မယ်၊ နေရာဟောင်းမှာ ဟော်တည်ဇုံ အစားထိုးမယ်၊ မူဆယ်မြို့ဒေသခံ ထုန့်မောဝ် အများပိုင်ကုမ္ပဏီကြီးကလုပ်မယ်  ဆိုတဲ့စကားတွေက ဒီနေ့မူဆယ်မြို့ကြီးမှာ ရေပန်းစားနေတော့  ဖြစ်သင့်ဖြစ်ထိုက်သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်တာတွေ သျှမ်းသံတော်ဆင့်ကဘဲ သွန်ပြရတော့တာပေါ့ရှင့်..

ထုန့်မောဝ်အများပိုင်ကုမ္ပဏီဆိုတာ ဒုသမ္မတ ကထောင်ခိုင်း ထားတာဆိုပြီးပြောကြတယ်။ အမှန်တော့ ဒုသမ္မတရဲ့ Second Lady ရဲ့ဆန္ဒလို့ထင်တယ် ။ လေဒီရဲ့ဖဲရိုက်ဖေါ်ရိုက်ဖက် နဲ့ နွယ်ရာ စိုင်းထွန်းလှ ကနေ လိုက်စည်းရုံးရင်း အမျိုးသားလွတ်တော်အမတ်(မူဆယ်) ဦးဝင်းမောင်၊ ပြည်သူ့ လွှတ်တော်အမတ် (နမ့်ခမ်း) Dr.ကျော်အုန်း၊ ပြည်နယ်လွှတ်တော်အမတ်(နမ့်ခမ်း) ဦးတင်ဦး အပါအဝင် နမ့်ခမ်းနဲ့မူဆယ်မြို့မျက်နှာဖုံး များလို့ဆိုရမဲ့ကိုယ့်ကိုယ်ကို ဘာ ကျားမှန်းမသိတဲ့... ရေပေါ်ဆ ကျား ..ငကြောင်များပါတာပေါ့။ ထွန်းလှ (သုံးဘီး ) ကနောက်ခံသူဌေးကြီးလုပ်ပြီး ငွေထဲ့စရာ မလိုဘူး တစ်ဦးကိုသိန်းတစ်ရာစီအခ မဲ့ ထဲ့ပေးမယ်လို့စည်းရုံးပြီးတော့ထောင်ထားတဲ့ကုမ္မဏီရဲ့  MD  က ဦးစိုင်းမောင်စိန်တဲ့။ အခုထိတော့လိုင်စင်တောင်တရားဝင်မကျသေးပါဘူး။ နမ့်ခမ်းအမတ်များလဲ တလောကထွက်ထားတဲ့စီမံကိန်း..သဘောထားကြေညာချက်ကိုမေ့သွားလားမသိ။
 
ဆေးရုံကြီး ကိုရွှေ့ဖို့မကြိုးစားခင် (၁) MDဦးမောင်စိန်အိမ်ရှေ့ကလို မူဆယ်မိုးရွာရင်လမ်းဘေးမြောင်း လျှံ ပြီးရေကျော်နေတဲ့ကိစ္စ (၂) ကုမ္မဏီ ဒါရိုက်တာကြီးများရဲ့အိမ်ရှေ့တွေမှာအခန်းဖွဲ့ အဖီထိုး ဆိုင်ခန်း ငှား ထားလို့ ဈေးဆိုင်ခန်းများကြောင့်ဖြစ်နေတဲ့လမ်း ယာဉ်ပိတ်ဆို့မှုဒါတွေအရင်မစဉ်းစားသင့်ဘူးလား၊ ဒါမှမဟုတ် မူဆယ်မြို့တော်ရဲ့စည်ကားလို့သွားလာနေတဲ့လူတွေအတွက်ဒါရိုက်တာကြီးများရဲ့ လက်ရှိအိမ်နေရာတွေမှာ မြို့စည်ပင်သာယာဝပြောစေမဲ့ သန့်စင်ခန်း (အိမ်သာ) တွေဆောက်။ ပိုက်ဆံကောက်.. ခင်းဗျားတို့က အခုရွှေ့ မဲ့ ဆေးရုံနေရာမှာပြောင်းနေ ..ဒီလိုဆိုရင်ကုသိုလ်လဲရ ၀င်ငွေလဲကောင်း မြို့ကြီးလဲ စည်ပင်ပေါ့။ မဟုတ်ဘူးလား။

ဒီလိုမှမဟုတ်....ဆေးရုံကြီးကိုရွှေ့မယ်ဆိုရင်တော့  လူထုရဲ့ သဘောထားစစ်တမ်းလေးအရင်  မကောက်သင့်ဘူးလား။ လက်ရှိဆေးရုံနေရာကိုရော အဆင့်မြင့်အောင် မလုပ်သင့်ဘူးလား ( မလုပ်နိုင်ဘူးလား ) ရွှေ့သင့်ရွှေ့ထိုက်တယ်ဆိုလဲ ပြည်သူကိုအကြိုးအကြောင်း ဆီလျော်အောင် ရှင်းလင်းပြောပြဒါမျိုးမလုပ်သင့်ဘူးလား....... အများပိုင်ကုမ္မဏီကြီး ရှင်. ... သေချာလဲစဉ်းစားကြပါအုံး ပညာရှိမြို့မျက်နှာဖုံးကြီးများရယ် . .. . 

မြို့ခံပြည်သူ
 မူဆယ်မြို့

မြေမျို၍ လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာ

Posted: 01 Feb 2013 03:02 AM PST

သို့- လဝက ဝန်ကြီး ဦးခင်ရီနှင့် သျှမ်းသံတော်ဆင့်ခင်ဗျား

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ရပ် ကွက်/ကျေးရွာ အလိုက် စာရင်းပြုစု၍ ၂၀၁၂ ခုနှစ်တွင် ထုတ်ပေးလျက်ရှိရာပန်လုံလမ်းရပ်ကွက်လူဦးရေ စာရင်း ပြုစုသူမှာ ဟိုပန်မြို့နယ် လဝကရုံးမှ လ/ထ လဝကမှူး ဒေါ်ရွှေအိမ် ဖြစ် ပါ တယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးချိန်တွင် မသဇင်ဦးတို့ မောင်နှမ နှစ်ယောက်စလုံး နိုင်ငံ သားကတ် မရရှိခဲ့ပါ။ ၎င်းကိစ္စနှင့် ပတ်သက်၍ လဝကမှူး ဒေါ်ခင်နှင်းအေးထံ သွားရောက်မေးမြန်း စုံစမ်းရာ အမှုတွဲများ ပြည်နယ်လဝကရုံးသို့ တင်ပြချိန်တွင် မသဇင်ဦး တို့မောင်နှမ နှစ်ယောက်စလုံး၏ အမှုတွဲအား လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ ထုတ်ပယ်ထားခြင်း ဖြစ် ကြောင်း ဒေါ်ခင်နှင်းအေးမှ ပြော ကြားခဲ့ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ မသဇင်ဦးအား ၎င်း၏နေအိမ်၌ လာရောက်တွေ့ဆုံ ညှိနှိုင်း နိုင်ကြောင်း ပြောကြားရာ မသဇင်ဦးလည်း သွားရောက်ခြင်း မရှိပါ။

နိုင်ငံ့ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရုံး၌သာ ဖြေရှင်းရမည်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် နေ အိမ်သို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းရသနည်း။ ဒါဟာ တံစိုးလက်ဆောင် လာဘ်လာဘ လိုချင်၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်နိုင်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ၁၀ တန်းမအောင်ခဲ့ပါ။ ဟိုပန်မြို့၌ တာဝန်ထမ်း ဆောင်သည် မှာ နှစ်ပေါင်း (၂၀)ကျော်နေပြီ ဖြစ်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ကားသမား (အမည် မမှတ်မိ၊ ကုလား ရုပ်)နှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး သားသမီး (၅)ဦး ထွန်းကားခဲ့ပါ တယ်။ အဆိုပါ ကားသမား (ကုလား)သည်အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် မန္တလေးမြို့၌ ၎င်း၏ ဇနီးနှင့်အတူနေထိုင်လျက် ရှိပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ဟိုပန်မြို့၊ ပန်လုံ လမ်းရပ်ကွက်၌ နေထိုင်၍ ပန်လုံလမ်း ရပ်ကွက် တွင် ကိုးကန့်လူမျိုး အများဆုံးနေထိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသားများလည်း အများအပြား လာရောက်နေထိုင်လျက်ရှိရာ အဆိုပါ တရုတ်နိုင်ငံသားများထံ ငွေကြေးရယူကာ ရပ်ကွက်အတွင်း သေဆုံးသွားသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နေရာတွင် အစားထိုး၍ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ပါတယ်။ ဟိုပန်မြို့နယ် လဝကရုံးမှ လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့ နှစ်ဦးမှ တရုတ်နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု စာရင်းမှာ ပန်လုံလမ်းရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးစောညန့် ထံ စုံစမ်း အတည်ပြုနိုင်ပါတယ်။ ၁၃/ဟပတ(နိုင်) ကိုင်ဆောင်သော တရုတ်နိုင်ငံသား အချို့မှာ ယခုအချိန်တွင် ရန်ကုန်နှင့် မန္တလေးမြို့၌ နေထိုင်လျက်ရှိပါတယ်။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဆိုတဲ့ လဝက ဆောင်ပုဒ်အတိုင်း ဟိုပန်မြို့တွင် လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာနေပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်မှာ ဒီလို ဝန်ထမ်းမျိုးရှိနေခြင်းသည် ဝန်ထမ်းဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်အပြင် နိုင်ငံတော် အတွက် လည်း နစ်နာအကျိုးရုတ်စေခဲ့ပါတယ်။

လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့နှစ်ဦးသည် ဟိုပန်မြို့၌ တာဝန်ထမ်းဆောင်သည် မှာ အလွန်ကြာခဲ့ပါပြီ။ မြို့သူ/သား များနှင့်လည်း အဆင်ပြေခြင်း မရှိသည့်အပြင် နှစ်သက်ခြင်း မရှိသည့်အတွက် ၎င်းတို့နှစ်ဦးအား အခြားမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချထားစေလိုပါတယ်။ လဝကမှူး ဒေါ်ခင်နှင်းအေးသည် အသက်(၆၀)ကျော်နေပါပြီ။ ၎င်းကိုယ်တိုင် လဝက ဝန်ထမ်းဖြစ်သည့် အတွက် ၎င်း၏အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အသက်လိမ်လည်ထည့်ထားခြင်းကြောင့် ယခုအချိန်ထိ ပင်စင်ယူခြင်း မရှိပါ။

စိုင်းစွမ်


[New post] ရေ၀န်းဘုန်းတော်ကြီးသင်ကျောင်း မြင်ကွင်း၊ တဲစု၊ ၀မ်းတွင်း၊ မန္တလေးတိုင်း (Ashin Pyinnya Nanda)

admin posted: " ရေ၀န်းဘုန်းတော်ကြီးသင်ကျောင်း မြင်ကွင်း၊ တဲစု၊ ၀မ်းတွင်း၊ မန္တလေးတိုင်း အရှင်ပညာနန္ဒ၊ မိုးမခရုပ်သံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၃ စေတနာရှင်၊ ပညာဒါနအလှူရှင်များကို လိုအပ်နေတဲ့ စာသင်ကျောင်းဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဇောတိကရဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။ ကျောင်"

[New post] အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် (Tu Maung Nyo)

admin posted: " အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် တူမောင်ညို၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၃ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ဘဝက "ခေတ်အဆက်ဆက်တင်ခဲ့တဲ့ ကြွေးဟောင်း"ကို "ကြွေးသစ်ချေး" ပြီး လက်လွှဲဆပ်လိုက် နိုင်တာကို "သတင်းကောင်း" တစ်ခုအဖြစ် ကြံဖန်ဂုဏ"

Burma News International - February 1, 2013

Burma News International

Burma News International
February 1, 2013

Laiza “as good as occupied”

With the seizure of elevations dominating Laiza, the Kachin Independence Organization / Kachin Independence Army (KIO/KIA) capital, the town is “as good as occupied” by the Burmese military, according to prominent military analyst Aung Kyaw Zaw.

HRW director criticizes ‘international oversell and hasty praise’ for Burma govt

“Burma’s reforms over the past year are hindered, not helped, by international oversell and hasty praise in the face of continued serious human rights abuses,” says Phil Robertson, the deputy Asia director at Human Rights Watch. “No one expects that a rights-respecting democracy will arrive overnight, but Burma is still failing basic rights tests on its remaining political prisoners, blocked humanitarian aid, and ensuring accountability for war crimes.”

World-famous authors come to Rangoon

Dozens of leading authors have gathered in Rangoon for The Irrawaddy Literary Festival this weekend.

Japan cancels $3.58 billion Burma debt

The Japanese Embassy in Rangoon has announced that Japan has relieved Burma of 326.3 billion yen (US$3.58 billion) of debt.

တတိယတန်း ကျောင်းသူ အဓ္ဓမပြုကျင့်ခံရမှုဖြင့် ရဲစခန်းမှ အမှုဖွင့်

ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်း ကျောင်းသူ အား စစ်လေ့ကျင့် ရေးကျောင်း ဆောက်လုပ်ရေး အလုပ်သမားတဦးမှ တောထဲသို့ ခေါ်ဆောင်သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့က အဓ္ဓမပြုကျင့်မှုဖြင့် ရဲစခန်းမှ အမှုဖွင့်လှစ် လိုက်ပါတယ်။

ဗြိတိန်သံအမတ်က ရိုဟင်ဂျာကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူ ပွဲထုတ်နေ၍ စိတ်ပျက်မိကြောင်းပြော

မြန်မာတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆုံတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးက ရိုဟင်ဂျာ တစ်ဦးပါ ခေါ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ ပွဲထုတ်နေတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

ဝဥ နှင့် ဂမုန်းဈေး အဆမတန် ကျဆင်း၊ တောင်သူများ အခက်ကြုံ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းကစပြီး ၀ဥ နှင့် ဂမုန်းဈေး အဆမ တန်ကျဆင်းမှုကြောင့် ဒေသခံတောင်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်း လာကြောင်း သိရသည်။

အဲပုဂံ လေယာဉ်မတော်တဆမှုမှာ လေယာဉ်မှူး၏ တဒင်္ဂဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု ကောက်ချက်ချ

အဲပုဂံ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး၏ တဒင်္ဂ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ထုတ်ဖော် ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

လူထုအားလုံး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နိုင်ဖို့အတွက် ကယား(ကရင်နီ)ပြည်နယ် ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်တွေ၊ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ စုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့ ကက်သလစ်ဓမ္မရုံမှာ ကျင်းပကြပါတယ်။

ခြောက်လုံးပြူးနဲ့ WY စိတ်ကြွဆေးပြား ကယ်ရီ လုပ်ပေးရာမှ ရဟန်းတော် အဖမ်းခံရခြင်းဟု ဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှာ ခြောက်လုံးပြူးတစ်လက်၊ WY လို့ခေါ်တဲ့ ယာဘားဆေးပြား တွေနဲ့ အတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းခံခဲ့ရတဲ့ ရဟန်းတော်ဟာ သူများ ပစ္စည်း ကယ်ရီလုပ်ပေးရာ ကနေ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။

KNU ဖားအံခရိုင်မှ ၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ BGF တက်ရောက်ဆင်နွှဲ

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဌာနချုပ်နယ်မြေ၌ ယနေ့ကျင်းပသည့် ၆၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ၅၀ ခန့် တက်ရောက်ဆင်နွှဲခဲ့သည်။

အမျိုးသမီးအဆောင်မှူး၏ မတရားလုပ်ရပ် အထက်က လစ်လှူရှု

မတူပီမြို့နယ် မားဒူ အလယ်တန်းကျောင်း အမျိုးသမီးအဆောင်မှူး ဒေါ်သင်းသင်းမာသည် အဆောင်နေ ကျောင်းသူများ အပေါ် မတရား ဆက်ဆံပြုမှုနေကြောင်း သိရသည်။

ပြည်နယ်အစိုးရက ပြည်သူထံ ရှေ့လုပ်ငန်းစဉ်များ ချပြ

ဇန္န၀ါရီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင်းနှင့် ၀န်ကြီးများသည် ဒေသခံ ပြည်သူလူထုထံ ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းချပြကြသည်ဟု သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:37124] Fwd: [လူဗိုလ်ဟူသည် ...] "ဆေးကျောင်းမတက်ဘဲ ဟောက်စ်မဆင်းဘဲ ဆရာဝန် ဖြစ်သင့်သလား။"



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/1
Subject: [လူဗိုလ်ဟူသည် ...] "ဆေးကျောင်းမတက်ဘဲ ဟောက်စ်မဆင်းဘဲ ဆရာဝန် ဖြစ်သင့်သလား။"
To: lubo601@gmail.com


Myint Myint Thein and ကျွန်တော် မျီုးကြီးလဲ shared Maung Maung Oo's photo.
"ဆေးကျောင်းမတက်ဘဲ ဟောက်စ်မဆင်းဘဲ ဆရာဝန် ဖြစ်သင့်သလား။"    "မင်းနားထောင်ကွ။ Diastolic Murmur ကြားပြီလား။"  နားကြပ်နဲ့ ပြန်နားထောင်လဲ ကိုယ့်စိတ်ထဲ Systolic လို့ပဲ ထင်နေတုန်း။ ဆရာကိုတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့။ ကျောင်းသားဘ၀က အတွေ့အကြုံ။    Systolic ဆိုတာက ဒီလို။ နှလုံးဟာ တကယ်တော့ သွေးပေါင်ချိန်တိုင်းတဲ့ ကရိယာက ရာဘာဘောလုံးက လေကို ညှစ်သွင်းပေးနေသလိုမျိုး သွေးတွေကို ညှစ်ထုတ်နေခဲ့တာပါ။ ညှစ်နေတဲ့ အချိန်လေးကို Systolic၊  ပြန်ဖောင်း Relax လာတဲ့အချိန်လေးကို Diastolic။ ဘယ်အချိန်ဟာ Systolic ဘယ်အချိန်ဟာ Diastolic ဆိုတာကို နားကြပ်တတ်နားထောင်နေသူအဖို့ ခွဲခြားရခက်လှပါတယ်။ ဒီတော့ သိအောင် လည်ပင်းသွေးကြောမကြီး Carotid ရဲ့ သွေးခုန်နှုန်းနဲ့ တိုင်မင် ပြန်ယူရပါတယ်။ သွေးခုန်နှုန်း Carotid Pulse နဲ့ တပြိုင်နက်လာရင် Systolic၊ Carotid Pulse ၂ ခုကြားရောက်နေရင် Diastolic။    ဒီလို တိုင်မင်ယူနိုင်ဖို့ လွယ်သလားလို့ မေးရင် မလွယ်လှပါဘူး။ ဒီနေရာမှာ Musical Practice ရှိထားခဲ့တဲ့ ကျနော့်အဖို့ သိပ်လွယ်ပါတယ်။ On & Off Beat သိတာမျိုး လိုအပ်တာပါ။ တချို့  လေ့ကျင့်ဖို့ လိုပါတယ်။ ကျနော်တုန်းက ဂီတသင်္ကတတွေ လေ့လာခဲ့လိုပါ။ ဆေးကျောင်းသားအတော်များများမှာ လေ့ကျင့်ဖို့ လိုအပ်နေသေးတာ တွေ့ရပါတယ်။ ဒီတော့ လူနာမပါဘဲ အဝေးသင်သင်တန်း ဖွင့်ရင် ကျောင်းခေါ်ချိန်မပြည့်တဲ့ ကျောင်းသား မတတ်နိုင်ပါဘူး။    ++++++++++++++++    "ဟယ်လို -- ဆရာ၊ ကျမနေမကောင်းဘူးဆရာ။ ညောင်းကိုက်နေတယ်။ ဒီနှစ်ဆောင်းကလည်း ပိုချမ်းသလိုပဲ။ ၀မ်းကလည်း ချုပ်လွန်းလို့ ၀မ်းနှုတ်ဆေးကူနေရတယ်။" တယ်လီဖုန်းပေါ်က ကြားရတဲ့ လေးပင်ဖင့်တွဲ့တဲ့ လေယူလေသိမ်းနဲ့ Low Tone အက်ကွဲနေတဲ့ အသံကြောင့် တဖက်က ဆရာဝန်က မင်းမှာ Hypothyroid ဖြစ်နေတာလို့ ချက်ခြင်းပြန်ပြောနိုင်ခဲ့ဖူးတယ်။    ဆရာဝန်ဘ၀မှာ အာရုံငါးပါးလုံး သုံးရပါတယ်။ (အဲ-- လျှာတော့ သုံးလေ့ မရှိပါဘူး။) စာထိုင်ကျက်နေရုံနဲ့ ဆရာဝန်အတတ် မတတ်ပါဘူး။  ဒီလိုမျိုး အရက်သမားလေယူလေသိမ်းနဲ့ ပြောနေရင် cerebellar disease။ ဒီလို အသားအရောင်မျိုးက Swallow Colour လို့ခေါ်တယ်။ အဲဒီအသားအရောင်ကို ကျောက်ကပ်ပျက်စီးနေသူတွေမှာတွေ့ရတယ်။ ဟော-- ဒီလူနာ အသက်ရှူလိုက်တိုင်း Ketone Smell ရနေပြီဟေ့-- DKA ၀င်နေပြီ။ မှတ်သားသင်ယူသင်ပေးဖူးတာတွေထဲက တချို့ ။    "ဒါလေးကတော့ ပျော့တယ် Soft လို့ သတ်မှတ်တယ်ဟေ့။ ဒါကတော့ Firm in consistency ခပ်တင်းတင်းလေးပေါ့။ ဒါကတော့ Hard မာလွန်းတယ်။" စသည်ဖြင့် အပျော့အမာ ခွဲခြားနိုင်ဖို့ကလည်း ရောဂါတွေအတွက် အရေးကြီးပြန်တယ်။    ဒီတော့ ဆေးကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ လိုတယ်ဆိုတာ သိသာပါတယ်နော်။    +++++++++++++++++    သမားဆို အိုမှတဲ့။ အတွေ့အကြုံက ဆရာဝန်ကို သင်သွားတာ။ အတွေ့အကြုံ ရှိတာချင်းအတူတူ ခံယူ Absorb လုပ်နိုင်တာခြင်းတော့ ကွာပါတယ်။ သို့သော် အတွေ့အကြုံက မရှိမဖြစ်လိုပါတယ်။ ဆေးကျောင်းတစ်လျှောက်လုံးက Theory နဲ့ လက်တွေ့ မျှသင်ခဲ့ပေမယ့် လက်တွေ့ က အပေါ်ယံကျလွန်းတယ်။ ကျောင်းသားက ကိုယ်တိုင် ဆုံးဖြတ်စရာတွေ မရှိခဲ့ဘူး။ အရေးပေါ်အနေအထား Medical Emergency တွေကို မမြင်ဘူးခဲ့ဘူး။ စာသင်တုန်းက သက်သာနေတဲ့ လူနာတွေနဲ့ သင်ထားတာ။    ဒီတော့ ဟောက်ဆာဂျင်ဘ၀ဟာ စာတွေ့လေ့လာခဲ့သမျှအားလုံးနဲ့ Real Life မှာ ရှိတဲ့ လက်တွေ့နဲ့ ပေါင်းစပ်တဲ့ ကာလပါ။ ဒီကာလဟာ ဆရာဝန်နောက်သက်တန်း တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးကာလပါပဲ။ ဒီကာလကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းခဲ့တဲ့ ဆရာဝန်တွေကို လက်ခံချင်တယ်ဆိုရင်ဖြင့် သမားသင်တုန်း ဆွေမျိုးဖြုန်း ဆိုသလို ဖြစ်တော့မယ်။ ဆမ ရပြီးတော့မှ လေ့ကျင့်ကွင်းဆင်သလိုမျိုး ဆေးကုသမှုကို စမ်းသပ်ကုတာကို ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေး Guinea Pig တွေလို စမ်းသတ်တာကို ခံချင်ကြသလား မေးလိုပါတယ်။    +++++++++++++++++++    Vesicular Breath Sound ဆိုတာ Normal Aerated Lung ပေါ်မှာ ကြားရတဲ့ အသံ။  လေ၀င်တဲ့ inspiratory phase ထက် လေထွက်တဲ့ expiratory phase က ပိုတိုတယ်။ အဲဒီ ၂ ခုကြားမှာ Gap မရှိဘူး။ expiratory phase က အဖျားရှူးသွားတယ်။  Bronchial Breath Sound ဆိုတာ inspiratory phase ထက် လေထွက်တဲ့ expiratory phase duration ချင်း တူမယ်။ ၂ ခုကြားမှာ Gapရှိမယ်။ expiratory phase က အဖျားရှူးမသွားဘူး။    Collapsing Pulse ဆိုတာ လက်ကို အောက်ချထားတုန်း စမ်းရင်း ရတဲ့ သွေးခုန်ပုံကို အရင်မှတ်။ ပြီးရင် လက်ကို မြှောက်လိုက်။ အဲဒီအချိန်မှာ ကိုယ့်လက်ကို သွေးလာတိုးတာ လျော့ချင်လျော့ ပျောက်ချင်ပျောက်မယ်။ ပြီးရင်ပိုပြီး အားကောင်းတဲ့ သွေးခုန်နှုန်းတွေ ပေါ်လာတာကို ပြောတာ။    ဒါတွေကို ဖတ်လိုက်သူတွေ နားလည်မယ်။ ဒါဆို လူနာမှာ စမ်းကြည့်ရင် လူနာမကိုင်ဘူးတဲ့ ဆေးကျောင်းသားက ဘယ်ဟာက ဘယ်လို သိမယ်ထင်လား။    ရေထဲမဆင်းဘဲ စာဖတ်ပြီး ရေကူးသင်လို့ မရပါဘူး။ စက်ဘီးပေါ် တက်မစီးဘဲ စာဖတ်ပြီး စက်ဘီးစီးတတ်ချင်လို့ မရပါဘူး။ ဆေးရုံမလာ လူနာမထိဘူးပဲ ဆေးကုချင်လို့ မရပါဘူး။    ++++++++++++++++++    Steve Jobs & Bill Gate တို့လို အက်ဒီဆင်တို့လို လူတွေက လောကကြီးမှာ Pioneer တွေလေ။ သူတို့အရင် အဲဒီနယ်ပယ်မှာ အရင်လူ မရှိဘူး။ နယ်ပယ်သစ် ရှာသလိုမျိုး အသစ်တွေ ရှာဖွေတွေ့သွားကြတာမျိုး။ ဒီလို အသစ်တွေ တွေ့သွားဖို့အတွက် ကျောင်းတက်ဖို့ မလိုပါဘူး။ အခုဆေးပညာကတော့ အခြေခိုင်ပြီးသား လူအသက်ကို အရင်းတည်ရတဲ့ ပညာဖြစ်တော့ကာ အက်ဒီဆင်လို အမှားမခံပါဘူး။ ဆရာဝန်မှားရင် လူသေမှာလေ။ စလုပ်ကတည်းက အောင်မြင်ဖို့ လိုပါတယ်။ ဆရာလိုပါတယ်။ ဒါကြောင့် ဆေးကျောင်းကို တက်ဖို့ လိုပါတယ်။ ဟောက်စ်ဆင်းဖို့ လိုပါတယ်။    မောင်မောင်ဦး။

"မင်းနားထောင်ကွ။ Diastolic Murmur ကြားပြီလား။"
နားကြပ်နဲ့ ပြန်နားထောင်လဲ ကိုယ့်စိတ်ထဲ Systolic လို့ပဲ ထင်နေတုန်း။ ဆရာကိုတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့။ ကျောင်းသားဘ၀က အတွေ့အကြုံ။
Systolic ဆိုတာက ဒီလို။ နှလုံးဟာ တကယ်တော့ သွေးပေါင်ချိန်တိုင်းတဲ့ ကရိယာက ရာဘာဘောလုံးက လေကို ညှစ်သွင်းပေးနေသလိုမျိုး သွေးတွေကို ညှစ်ထုတ်နေခဲ့တာပါ။ ညှစ်နေတဲ့ အချိန်လေးကို Systolic၊ ပြန်ဖောင်း Relax လာတဲ့အချိန်လေးကို Diastolic။ ဘယ်အချိန်ဟာ Systolic ဘယ်အချိန်ဟာ Diastolic ဆိုတာကို နားကြပ်တတ်နားထောင်နေသူအဖို့ ခွဲခြားရခက်လှပါတယ်။ ဒီတော့ သိအောင် လည်ပင်းသွေးကြောမကြီး Carotid ရဲ့ သွေးခုန်နှုန်းနဲ့ တိုင်မင် ပြန်ယူရပါတယ်။ သွေးခုန်နှုန်း Carotid Pulse နဲ့ တပြိုင်နက်လာရင် Systolic၊ Carotid Pulse ၂ ခုကြားရောက်နေရင် Diastolic။

ဒီလို တိုင်မင်ယူနိုင်ဖို့ လွယ်သလားလို့ မေးရင် မလွယ်လှပါဘူး။ ဒီနေရာမှာ Musical Practice ရှိထားခဲ့တဲ့ ကျနော့်အဖို့ သိပ်လွယ်ပါတယ်။ On & Off Beat သိတာမျိုး လိုအပ်တာပါ။ တချို့  လေ့ကျင့်ဖို့ လိုပါတယ်။ ကျနော်တုန်းက ဂီတသင်္ကတတွေ လေ့လာခဲ့လိုပါ။ ဆေးကျောင်းသားအတော်များများမှာ လေ့ကျင့်ဖို့ လိုအပ်နေသေးတာ တွေ့ရပါတယ်။ ဒီတော့ လူနာမပါဘဲ အဝေးသင်သင်တန်း ဖွင့်ရင် ကျောင်းခေါ်ချိန်မပြည့်တဲ့ ကျောင်းသား မတတ်နိုင်ပါဘူး။

++++++++++++++++

"ဟယ်လို -- ဆရာ၊ ကျမနေမကောင်းဘူးဆရာ။ ညောင်းကိုက်နေတယ်။ ဒီနှစ်ဆောင်းကလည်း ပိုချမ်းသလိုပဲ။ ၀မ်းကလည်း ချုပ်လွန်းလို့ ၀မ်းနှုတ်ဆေးကူနေရတယ်။" တယ်လီဖုန်းပေါ်က ကြားရတဲ့ လေးပင်ဖင့်တွဲ့တဲ့ လေယူလေသိမ်းနဲ့ Low Tone အက်ကွဲနေတဲ့ အသံကြောင့် တဖက်က ဆရာဝန်က မင်းမှာ Hypothyroid ဖြစ်နေတာလို့ ချက်ခြင်းပြန်ပြောနိုင်ခဲ့ဖူးတယ်။

ဆရာဝန်ဘ၀မှာ အာရုံငါးပါးလုံး သုံးရပါတယ်။ (အဲ-- လျှာတော့ သုံးလေ့ မရှိပါဘူး။) စာထိုင်ကျက်နေရုံနဲ့ ဆရာဝန်အတတ် မတတ်ပါဘူး။ ဒီလိုမျိုး အရက်သမားလေယူလေသိမ်းနဲ့ ပြောနေရင် cerebellar disease။ ဒီလို အသားအရောင်မျိုးက Swallow Colour လို့ခေါ်တယ်။ အဲဒီအသားအရောင်ကို ကျောက်ကပ်ပျက်စီးနေသူတွေမှာတွေ့ရတယ်။ ဟော-- ဒီလူနာ အသက်ရှူလိုက်တိုင်း Ketone Smell ရနေပြီဟေ့-- DKA ၀င်နေပြီ။ မှတ်သားသင်ယူသင်ပေးဖူးတာတွေထဲက တချို့ ။

"ဒါလေးကတော့ ပျော့တယ် Soft လို့ သတ်မှတ်တယ်ဟေ့။ ဒါကတော့ Firm in consistency ခပ်တင်းတင်းလေးပေါ့။ ဒါကတော့ Hard မာလွန်းတယ်။" စသည်ဖြင့် အပျော့အမာ ခွဲခြားနိုင်ဖို့ကလည်း ရောဂါတွေအတွက် အရေးကြီးပြန်တယ်။

ဒီတော့ ဆေးကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ လိုတယ်ဆိုတာ သိသာပါတယ်နော်။

+++++++++++++++++

သမားဆို အိုမှတဲ့။ အတွေ့အကြုံက ဆရာဝန်ကို သင်သွားတာ။ အတွေ့အကြုံ ရှိတာချင်းအတူတူ ခံယူ Absorb လုပ်နိုင်တာခြင်းတော့ ကွာပါတယ်။ သို့သော် အတွေ့အကြုံက မရှိမဖြစ်လိုပါတယ်။ ဆေးကျောင်းတစ်လျှောက်လုံးက Theory နဲ့ လက်တွေ့ မျှသင်ခဲ့ပေမယ့် လက်တွေ့ က အပေါ်ယံကျလွန်းတယ်။ ကျောင်းသားက ကိုယ်တိုင် ဆုံးဖြတ်စရာတွေ မရှိခဲ့ဘူး။ အရေးပေါ်အနေအထား Medical Emergency တွေကို မမြင်ဘူးခဲ့ဘူး။ စာသင်တုန်းက သက်သာနေတဲ့ လူနာတွေနဲ့ သင်ထားတာ။

ဒီတော့ ဟောက်ဆာဂျင်ဘ၀ဟာ စာတွေ့လေ့လာခဲ့သမျှအားလုံးနဲ့ Real Life မှာ ရှိတဲ့ လက်တွေ့နဲ့ ပေါင်းစပ်တဲ့ ကာလပါ။ ဒီကာလဟာ ဆရာဝန်နောက်သက်တန်း တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးကာလပါပဲ။ ဒီကာလကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းခဲ့တဲ့ ဆရာဝန်တွေကို လက်ခံချင်တယ်ဆိုရင်ဖြင့် သမားသင်တုန်း ဆွေမျိုးဖြုန်း ဆိုသလို ဖြစ်တော့မယ်။ ဆမ ရပြီးတော့မှ လေ့ကျင့်ကွင်းဆင်သလိုမျိုး ဆေးကုသမှုကို စမ်းသပ်ကုတာကို ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေး Guinea Pig တွေလို စမ်းသတ်တာကို ခံချင်ကြသလား မေးလိုပါတယ်။

+++++++++++++++++++

Vesicular Breath Sound ဆိုတာ Normal Aerated Lung ပေါ်မှာ ကြားရတဲ့ အသံ။
လေ၀င်တဲ့ inspiratory phase ထက် လေထွက်တဲ့ expiratory phase က ပိုတိုတယ်။ အဲဒီ ၂ ခုကြားမှာ Gap မရှိဘူး။ expiratory phase က အဖျားရှူးသွားတယ်။
Bronchial Breath Sound ဆိုတာ inspiratory phase ထက် လေထွက်တဲ့ expiratory phase duration ချင်း တူမယ်။ ၂ ခုကြားမှာ Gapရှိမယ်။ expiratory phase က အဖျားရှူးမသွားဘူး။

Collapsing Pulse ဆိုတာ လက်ကို အောက်ချထားတုန်း စမ်းရင်း ရတဲ့ သွေးခုန်ပုံကို အရင်မှတ်။ ပြီးရင် လက်ကို မြှောက်လိုက်။ အဲဒီအချိန်မှာ ကိုယ့်လက်ကို သွေးလာတိုးတာ လျော့ချင်လျော့ ပျောက်ချင်ပျောက်မယ်။ ပြီးရင်ပိုပြီး အားကောင်းတဲ့ သွေးခုန်နှုန်းတွေ ပေါ်လာတာကို ပြောတာ။

ဒါတွေကို ဖတ်လိုက်သူတွေ နားလည်မယ်။ ဒါဆို လူနာမှာ စမ်းကြည့်ရင် လူနာမကိုင်ဘူးတဲ့ ဆေးကျောင်းသားက ဘယ်ဟာက ဘယ်လို သိမယ်ထင်လား။

ရေထဲမဆင်းဘဲ စာဖတ်ပြီး ရေကူးသင်လို့ မရပါဘူး။ စက်ဘီးပေါ် တက်မစီးဘဲ စာဖတ်ပြီး စက်ဘီးစီးတတ်ချင်လို့ မရပါဘူး။ ဆေးရုံမလာ လူနာမထိဘူးပဲ ဆေးကုချင်လို့ မရပါဘူး။

++++++++++++++++++

Steve Jobs & Bill Gate တို့လို အက်ဒီဆင်တို့လို လူတွေက လောကကြီးမှာ Pioneer တွေလေ။ သူတို့အရင် အဲဒီနယ်ပယ်မှာ အရင်လူ မရှိဘူး။ နယ်ပယ်သစ် ရှာသလိုမျိုး အသစ်တွေ ရှာဖွေတွေ့သွားကြတာမျိုး။ ဒီလို အသစ်တွေ တွေ့သွားဖို့အတွက် ကျောင်းတက်ဖို့ မလိုပါဘူး။ အခုဆေးပညာကတော့ အခြေခိုင်ပြီးသား လူအသက်ကို အရင်းတည်ရတဲ့ ပညာဖြစ်တော့ကာ အက်ဒီဆင်လို အမှားမခံပါဘူး။ ဆရာဝန်မှားရင် လူသေမှာလေ။ စလုပ်ကတည်းက အောင်မြင်ဖို့ လိုပါတယ်။ ဆရာလိုပါတယ်။ ဒါကြောင့် ဆေးကျောင်းကို တက်ဖို့ လိုပါတယ်။ ဟောက်စ်ဆင်းဖို့ လိုပါတယ်။

မောင်မောင်ဦး။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/02/2013 12:11:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37122] Fwd: [လူဗိုလ်ဟူသည် ...] 2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/31
Subject: [လူဗိုလ်ဟူသည် ...] 2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး
To: lubo601@gmail.com


8:16:00 am  အောင်အောင်(မကစ)  
ကျွန်တော်တို့ရဲ့ Computer , Network , Personal Information တွေကို နှောက်ယှက်ဖျက်စီးနေတဲ့ virus တွေက တနေ့ တနေ့ကို မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ တစ်ချို့ကလဲ Target တစ်ခုအတွက် ရည်ရွယ်ရေးသားကြသလို ၊ တချို့ကလဲ မိမိရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ အပြုသဘော မျိုး ရေးသားကြတယ် ။
တစ်ချို့ကလဲ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင် တိုက်ခိုက်ကြပေါ့။ အဲဒီလိုနဲ့ Internet World မှာ cyber crime တွေဖြစ်ကြ၊ Cyber War တွေ ဖြစ်ကြနဲ့ ကြားထဲက PC User တွေမှာ မြေဇာပင်သဘောမျိုး ဖြစ်ကြရတယ်။ အင်တာနက် သုံးရင်း အဖျက်အမှောက်၊ အနှောက်အယှက်တွေက မိမိတို့ရဲ့ computer ထဲကို မိမိ သတိမထားမိလိုက်တဲ့ အချိန်မျိုးတွေမှာပဲ ၀င်ရောက်လာကြတယ်။ ပုန်းအောင်နေကြတယ်။ သတိမမူ ဂူမမြင် ဆိုသလိုပဲ နောက်ဆုံး ကိုယ့်ရဲ့ အရေးကြီး Information တွေ ပျောက်ဆုံး ပျက်စီးကုန်တော့မှပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ့ ဖြစ်ကုန်ကြရော။

ဒီ post ကို ရေးသားလိုက်တဲ့ အကြောင်းအရင်းက အဲဒါပါပဲ။ computer တစ်လုံးမှာ Antivirus Software ကောင်းကောင်း တစ်ခုတော့ ရှိနေသင့်ပါတယ်။ Virus ရေးသားသူတွေ ရှိနေကြသလို တနေ့ တနေ့ မရေမတွက်နိုင်အောင် များပြားနေတဲ့ Virus တွေကို စောင့်ကြည့်ကာကွယ်ပေးနေကြတဲ့ (ICSA Lab, NSS Lab … etc ) အဖွဲ့အစည်းတွေလဲ အများကြီး ရှိနေပါတယ်။ Personal Computer တစ်လုံးမှာ Antivirus Software ဆိုတာက မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ software တစ်ခုဖြစ်တာကြောင့် ဒီနေ့ 2013 ခုနှစ်အတွက် အင်တာနက်ပေါ်မှာ ရေပန်းစား နာမည်ကြီးနေတဲ့ Antivirus Software  (၁၀) မျိုးကို ကျွန်တော့် မိတ်ဆွေများအတွက် ကျွန်တော် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 


အခု ကျွန်တော် Share ပေးလိုက်တဲ့ software တွေက Full Version တော့ မဟုတ်ပါဘူး။ Free Version တွေပါ။ ကျန်တဲ့ အပိုင်းကတော့ မိမိတို့ရဲ့ လိုအပ်ချက်အရ Licence Version ၀ယ်သုံးရင်သုံး ဒါမှ မဟုတ် ထုံးစံအတိုင်း အွန်လိုင်းက Crack Version လေးတွေ ရှာသုံးကြပေါ့နော် … :P ။ အဆင်ပြေရင်လဲ ကျွန်တော် ရှာပြီး တင်ပေးပါ့မယ်။ တခြားနည်းပညာ site တွေမှာလဲ တင်ထားပေးတာ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ connection အခက်အခဲကြောင့် http://download.cnet.com နဲ့ http://www.scanwith.com/ တို့ကနေ ရှာပြီး တင်ပေးလိုက်ရပါတယ်။

(1) Bitdefender Antivirus 2013


(2) Kaspersky Antivirus 2013


(3) Norton Antivirus 2013


(4) F-Secure Antivirus 2013


(5) BullGuard Antivirus 2013


(6) AVG Antivirus 2013


(7) VIPRE Antivirus 2013


(8) G DATA Antivirus 2013


(9) Webroot Antivirus 2013


(10) Avast! Pro Antivirus 7


အားလုံးပဲ အဆင်ပြေကြပါစေ .. လေးစားစွာဖြင့် ... စဦးသူ

                မူရင်း သည်က  ကူးးလာတာပါ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/01/2013 10:11:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.