သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သမဝါယမချေးငွေကိစ္စ

Posted: 04 Feb 2013 05:17 AM PST

သို့- နိုင်ငံတော်သမ္မတနှင့်ပြည်ထောင်စုသမဝါယမဝန်ကြီး

လင်းခေးမြို့သမဦးစီးမှူး ဦးလှကျော်မှ ရပ်ကွက်တွင်း သမအဖွဲ့ ဖွဲ့စည်း၍ နိုင်ငံတော်မှပေးသော ချေးငွေများယူကြပါရန်လိုက်လံ တိုက်တွန်းနေပါသည်။


သို့သော်ပြည်သူအများက အစိုးရအဖွဲ့ယုံကြည်မှု မရှိသောကြောင့်လုံးဝစိတ်မဝင် စားကြပါ။ ၎င်းသည် စစ်မှုထမ်းဟောင်းဖြစ်ကာနေရာတကာတွင်  လိုက် လံခြယ် လှယ်နေပါသည်။ နိုင်ငံတော်ငွေဖြင့် စစ်မှု ထမ်းဟောင်း အဖွဲ့မှလိုင်စင်မဲ့ကား ဝယ်စီးနေသည်ကို လည်း ပြည်သူများ သိနေပါသည်။

ပုံးထွန်နှင့်တောင်ရွာခြံပိုင်ရှင်များက (ငါတို့ခြံ)တွေလဲသိမ်းပြီ။ ချေးငွေယူပြီးဘာလုပ်ရမှာလဲ။တော်
ကြာငါတို့အိမ်ပါသိမ်းလိမ့်မယ် ဟုပြောကြပါသည်။ ငါတို့ခြံတွေပြန်ရရင်တော့ချေးကောင်း ချေးမယ် ဟုပြောကြပါသည်။ဒါပေမဲ့ထမင်းတော့လျှော့မစားနိုင်ဘူးဟုပြောကြပါသည်။

သို့ဖြစ်ပါ၍ ၎င်းတို့သိမ်းထားသောခြံများအား အမြန်ဆုံးပြန်ပေးပါရန် သျှမ်းသံတော်ဆင့်မှ တင်ပြလိုက်ပါသည်။

 ရပ်မိရပ်ဖများ (ပုန်းထွန်+တောင်ရွာ)

ဆရာဝန်များ ထပ်မံပို့ပေးစေလို

Posted: 04 Feb 2013 05:16 AM PST

သို့ - သမ္မတ ဦးသိန်းစိန်  ခင်ဗျား

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းဒေသ ဟိုပန်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နီးစပ်လျှက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးပွားလာပါတယ်။


တပ်မတော် အစိုးရလက်ထက် နိုင်ငံတော်အာဏာ လွှဲမပြောင်းခင်က ဟိုပန်မြို့ ပြည်သူ့ဆေးရုံကြီးအား အသစ်တည်ဆောက် ပေးခဲ့ပါတယ်။ ယခုအခါ အဆိုပါ ဆေးရုံကြီးသည် ခမ်းနားထည်ဝါလျက်ရှိပါတယ်။ တောင်ပေါ် ဒေသ တိုင်းရင်းသားများ၊ ကွမ်းလုံမြို့နယ်မှ ပြည်သူများ၊ ဟိုပန်မြို့နေ ပြည်သူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းနေထိုင်သော သျှမ်းမျိုးနွယ်စုများ အများအပြား လာရောက် ဆေးဝါးကုသ လျက်ရှိသည့် ဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းဆေးရုံကြီး၌ ဆရာဝန် တစ်ဦးတည်းရှိပြီး နေ့မအား ညမနားဖြင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဟိုပန်မြို့နေ ပြည်သူများသာမက ရဟန်းသံဃာများပါ အဆိုပါ ဆရာဝန်အား ချစ်ခင်ရိုသေလေးစားလျက်ရှိပြီး ၎င်းပြောင်းရွှေ့သွားမှာကိုလည်း စိုးရိမ်လျက် ရှိပါတယ်။

ဟိုပန်မြို့သည် ဆေးရုံကြီးသာရှိပြီး ဆရာဝန်နှင့် ဆေးရုံသုံး ပစ္စည်းကိရိယာ လုံလောက်မှုမရှိပါ။ ခွဲစိတ် တာလည်း ဒီဆရာဝန်၊ မေ့ဆေးပေးတာလည်း ဒီဆရာဝန်၊ ကလေးခွဲမွေးတာလည်း ဒီဆရာဝန်၊ အရိုး အကြောလည်း ဒီဆရာဝန်၊ ရိုးရိုးဖျားနာတာလည်း ဒီဆရာဝန်ပဲ ဖြစ်တဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်း၊ မညီးမညူဖြင့် လူနာများအား ဆေးဝါးကုသပေးခဲ့ပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ကျန်းမာရေးဝန်ကြီး တို့ခင်ဗျား ။ ဟိုပန်မြို့ ပြည်သူ့ ဆေးရုံကြီးအတွက် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ OG ဆရာဝန်၊ အရိုးအကြော ဆရာဝန်များ ထပ်မံပို့ပေးစေလိုကြောင်း ရဟန်းသံဃာများနှင့် တိုင်းရင်းသားလူမျိုး ဘာသာပေါင်းစုံတို့မှ တောင်းဆိုအပ်ပါ တယ်။

စိုင်းစွမ်

လာဘ်ပေးလာဘ်ယူ သူတို့ကြည်ဖြူ

Posted: 04 Feb 2013 05:15 AM PST

သို့- သျှမ်းသံတော်ဆင့်မှတဆင့်

၂၀၁၃-၂၀၁၄ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်(၀က်)သားသတ်လိုင်စင်လေလံပွဲကို ၂၅-၁-၂၀၁၃ နေ့လည်က မကာဟိုခမ်း၊အောင်မြတ်ခန်းမ၊တာချီလိတ်မြို့တွင်ကျင်းပခဲ့သည်။


ထိုလေလံပွဲတွင် စည်ပင်ဝန်ကြီးဦးတူးမောင် နှင့်စည်ပင်ဝန်ထမ်းများအပါအဝင် သားသတ်လိုင်စင် ဆွဲမည့်သူများ တက်ရောက်ကြပါသည်။ ၀က်သားသတ် လိုင်စင် လျှောက်သူများမှ ဦးစိုင်းကျောက်၊ ပါလျှံ(၃)မှရရှိသွားသည်။ ပြတ်သွားသည့်ကြေးမှာ ကျပ် ၅၈၄ သိန်းဟုသိရသည်။လေလံပွဲမကျင်းပမည် ၂၄-၁-၂၀၁၃ ညတွင်ဦးစိုင်းကျောက် တို့သည် စာရေးမကြီးဒေါ်လဲ့လဲ့သင်းနှင့်ကြိုတင်တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု သိရပါသည်။

ထို့ကြောင့်ထိုလေလံဆွဲပွဲ သည်ရိုးသားမှုမရှိဟုလေလံဆွဲသည့် ကျန်အဖွဲ့မှမကျေနပ် ပြောဆိုနေကြ သည်။အပြင်တွင် ကျပ် ၅၈၄ သိန်းပေးချင်မှပေးရမည်။ ကြိုတင်ညှိထားသောကြေးဖြစ် သည်။

  မကျေနပ်သူဟောင်လိတ်အဖွဲ့

သျှမ်း/မြောက်၌ ခိုးဆိုးလုယက်မှု နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေ

Posted: 04 Feb 2013 05:15 AM PST

သို့ - သမ္မတကြီးနှင့်သျှမ်းပြည်ဝန်ကြီးများသိစေလို

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်၊နမ့်ခမ်းမြို့နယ် အတွင်းရှိ ဘောလုံးလောင်းကစားဒိုင် များသည် ၂၁.၁.၂၀၁၃ နေ့  သျှမ်းသံတော်ဆင့်သတင်းဌာန တွင် ဘောလုံးသတင်းပါလာသောကြောင့် ထိုနေ့ကစပြီး ဘောလုံး လောင်းကစား ဒိုင် ၂ ဒိုင်စလုံး ၅ ရက်တည်းသာပိတ်ခဲ့ရပြီး အခုတွင် အရင်လို ဘောလုံးလက်မှတ်များ ယခင်ရောင်းခဲ့သောနေရာများတွင် လွတ်လပ်စွာပြန်လည် ရောင်း နေ ပါသည်။


ဘောလုံးလောင်းကစားလုပ်ငန်းသည် ဘာလောင်းကစားဥပဒေမှ မငြိစွန်းနေတဲ့ ဥပဒေလား (သို့မဟုတ်) ဒေသခံ အာဏာပိုင်များနှင့် လိုင်းကြေးပေးနိုင်လျှင်လုပ်ကိုင်နိုင်ပါသလား ၊အထက်က သမ္မတ ကြီးနှင့် တကွ သျှမ်းပြည်ဝန်ကြီးများကို မေးမြန်းချင်ပါကြောင်း၊ လောင်းကစားတွေပေါများလာ သောကြောင့် ခိုးဆိုးလုယက်မှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပါကြောင်း အထက်က တာဝန်ရှိ လူကြီးများအမြန် ဆုံး သိရှိရန်သျှမ်းသံတော် သတင်းဌာန မှတဆင့် တင်ပြလိုက်ပါတယ်ရှင်။

 နန်းနန်း (နမ့်ခမ်း)

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသောတိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်

Posted: 04 Feb 2013 05:04 AM PST

ယနေ့ ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ ( သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ တွေ့ဆုံရာ  ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း ကြားသိရပါသည်။

KIA n govKIA နှင့်အစိုးရ ဆွေးနွေးပွဲ (ဓါတ်ပုံ- Jade Land)

ယနေ့ ဖေဖေါ်ဝါရီ ၄ ရက် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ကိုယ်စား လှယ်များဖြစ်သည့် ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင်သည့်အဖွဲ့၊ မြန်မာအစိုးရဘက်မှာမူ သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒု ဉက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မွေးမြူရေးဝန်ကြီးဦးအုန်းမြင့်၊ အကျိုးတော်ဆောင် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် ၈ ဦး တက်ရောက်သည်ဟု ဆိုသည်။

"ကေအဲန်ယူ က ဗိုလ်ချုပ်မူတူးဆေးဖိုးပါတယ်။ သျှမ်း RCSS/SSA ကတော့ ဗိုလ်မှူးချုပ်စိုင်းလူးပါတယ်" - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

ထူးခြားစွာ ပါဝင်လာသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကေအဲန်ယူ ဉက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နှင့် ၎င်း၏ PSO ၊ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ယူရိုဘားမားရုံးက စဝ်ဟန်ယောင်ဟွေ့ နှင့် ဗစ်ခ်ထာ ဘိုက်လီယန်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးချုပ် စိုင်းလူး နှင့် ၎င်း၏ PSO တို့လည်း တက်ရောက်သည်ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုစစ်ဦးစီးချုပ် နှင့် နိုင်ငံတော်အဆင့် ဒုဝန်ကြီး များပါတက်ရောက်သောကြောင့် မီဒီယာသမားများ မွန်းလွဲပိုင်းအထိ ဝင်ခွင့်မရသေးကြောင်း   ကြားသိရပါသည်။

သျှမ်းအရှေ့ ကျိုင်းတုံ မိုးသီးကြီးကျ ခေါင်မိုးများပျက်စီး

Posted: 04 Feb 2013 05:02 AM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မိုးသီးကျသဖြင့်  ဆုံးရှုံးမှုများပြားကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

000- roofအိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

" မိုးသီးခဲကြီးက လိမ္မော်သီးလောက်ရှိတယ်။ အိမ်မိုးသွပ်ပြားတောင်မှ ပေါက်တယ်ဆိုတော့ ကျန်တဲ့ ကျောက်ပြား၊ အုတ်ကျွတ်တွေဆိုရင် ဘယ်ခံနိုင်တော့မလဲ။ ပေါက်ကုန်တယ်" ဟု ဒေသတွင်း ရပ်မိ ရပ်ဖတဦးကပြောပါသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီက  မိုးစတင်ရွာသွန်းရာ၌ လေပြင်းများပါတိုက်ခတ်ကာ မိုးသီးကြီးများ ကျ သဖြင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စုအတွင်း လူနေအိမ်များ ဘုန်းကြီး ကျောင်းများ၏ အိမ်ခေါင်မိုးပေါက်ပြဲကုန်ကြောင်း၊ သေကြေဒဏ်ရာရမှုများသတင်းတော့ ယနေ့မနက် ပိုင်းအထိ မကြားသိရသေးကြောင်း ဒေသတွင်း ဘုန်းတော်ကြီးတပါးက မိန့်ဆိုပါသည်။

ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စု ကတ်ထိုက်ရွာ၊ နောင်ဟုမ်းရွာ၊ ယန်းလုံရွာ၊ ဝမ့်ဟေ့ရွာတို့တွင် လည်း ကောင်း၊ ကတ်တောင်အုပ်စု ဝမ့်ကွမ်းရွာတို့တွင်လည်းကောင်း အိမ်ခေါင်မိုးများ ပေါက်ပြဲလှန် ထွက် ကုန်ကြောင်း ဒေသတွင်းလူငယ်တဦးကပြောပါသည်။
001- roofအိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

" ကျိုင်းတုံမြို့ထဲမှာ အိမ်ခေါင်မိုးပေါက်တာ ၁၀၀ ကျော်တယ်။ ဘုန်းကြီးကျောင်းက ၁၀ ကျောင်းကျော် တယ်။ အသေအပျောက်တော့မရှိပါဘူး" ဟု လည်း လူငယ်တဦးကပြောပါသည်။

အလားတူ ထိုင်းနယ်စပ် တလျှောက်ဖြစ်သော တာချီလိတ်မြို့၊ မိုင်းတုံ၊မိုင်းဆတ်နှင့် ပုံပါကျင်၊ ထိုင်း နိုင်ငံ ဘက်ခြမ်းတွင်မူ ချင်းရိုင်းက မယ့်ဆိုင်၊ မယ့်ဖှလုံ၊ ချင်းမိုင်က မယ့်အိုင်း၊ နောင်အုပ်တို့တွင်လည်း မိုးသက်လေ ပြင်း နှင့် မိုးသီးများကျကြောင်း၊သို့သော် ကျိုင်းတုံမြို့၌ကျသော မိုးသီးလောက် မကြီးကြောင်း ဒေသခံများထံမှာ သိရှိရပါသည်။

ယခင်နှစ်များက ဧပြီလဆန်းလောက်မှ မိုးသီးလေကြီးများကျလေ့ရှိသော်လည်း ယခုနှစ် မိုးလေစောစွာ ကျရောက်ကြောင်းလည်း တာချီလိတ်မှရပ်မိရပ်ဖတဦးကပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလဆန်း တုန်းကလည်း ထိုင်းနယ်စပ်တလျှောက် မြို့ရွာများ၌   မိုးသံ လေသံမကြားရ ဘဲ ရုတ်တရက် မိုးသီးခဲကြီးပြင်းထန်စွာရွာကျပြီး မိုးကြီးလေကြီးသက်ရောက်ရာ စိုက်ခင်းများ အိမ်ခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့ရဖူးပါသည်။

002-လိမ္မော်သီးအရွယ် မိုးသီးများ ( ဓါတ်ပုံ- facebook / ไตยขึน เชียงตุง )

Burma News International - February 4, 2013

Burma News International

Burma News International
February 4, 2013

Myanmar govt, KIO head for peace talks in China

Myanmar will hold another round of talks with Kachin rebels on Monday in a bid to end a conflict raging in the country's far north, a federation of ethnic minority groups said.

Burma army blocks aid group from entering Hpakant

The Burma military blocked Kachin Baptist Convention (KBC) representatives from delivering aid to internally displaced persons (IDPs) living in the Hpakant (Hpakan) jade mining district in western Kachin State, according to church officials.

Students and teachers angry they can't take part in Chin National Day celebrations

Teachers and students won’t be able to participate in the 65th Chin National Day because the historic day on Feb.20 is the same day final examinations are scheduled in schools across Chin state.

Border Security Affairs Minister talk economic zones, repatriation and rule of law with armed groups

Government ministers, police officers, the government’s military and representatives of all of the state’s armed groups met and discussed the setting up of economic zones in Myawaddy, refugees repatriation and the country’s legislation system.

Sea voyagers rescued from sinking fishing boat near Sri Lanka

Sri Lanka’s navy has rescued 138 people from a sinking fishing vessel off the island’s east coast. The vessel had been adrift for 10 days until finally sinking just before the navy intervened, according to a Zee News article.

Over 130 Bangladeshi Buddhists resettled to Arakan state

State authorities have resettled over 130 Buddhists from neighboring Bangladesh to Maungdaw Township in Arakan state recently, according to a local villager who didn’t want his name used.

US Ambassador to Myanmar meets Arakanese leaders in Yangon

Yangon: US ambassador to Burma Derek Mitchell invited and met on Tuesday some Arakanese leaders in the US embassy in Yangon regarding the recent situation in Rakhine state, said RNDP general Secretary U Hla Saw, who attended the meeting.

Judicial committee overwhelmed by volume of letters of complaint

The Lower House of Parliament’s Judicial Committee Chairman Thura Aung Ko said that his office has been unable to keep up with the deluge of letters of complaint sent to it by members of the public.

KIO called for dialogue days ahead of peace talks

The Kachin Independence Organization (KIO) has reiterated the group's long stated position that political problems must be solved through dialogue, according to a Feb. 1 statement released by the central committee.

Karen Revolution Day Unites

Hundreds of people attended a ceremony to mark the 64th anniversary of the Karen revolution and to commemorate its fallen heroes.

Govt pledges Japanese loans to be used for development

Myanmar’s Ministry of Finance and Revenue announced on January 30 that loans from Japan will be used in the education, health, social and administrative sectors, including a focus on people-oriented development projects.

Bye-bye Burma, mingalarbar Myanmar

As from today, Mizzima will refer to the country as “Myanmar” on its English-language website.

တိုက်ပွဲ ဖြစ်နေသည့် ကြားမှ KIA နှင့် အစိုးရတို့ အလွတ်သဘော ဆွေးနွေး

အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက် ကိုယ်စားလှယ်များ ယနေ့ နံနက်က ဆွေးနွေးခဲ့သော်လည်း ယမန်နေ့အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲဟု KIA က ဆိုသည်။

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသော တိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်

ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ (သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIO တပ်ရှိရာနယ်မြေသို့ အစိုးရတပ် အင်အားတိုးချ

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည် လွပ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေတွင် လောလောဆယ် ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးသော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများပြောသည်။

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အတန်း တင်စားမေးပွဲနဲ့ တိုက်ဆိုင်

၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော် သဘင်တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။

မော်လမြိုင်အခြေစိုက် သံလွင်လှိုင်းမဂ္ဂဇင်းထုတ်ဝေရန်စီစဉ်နေ

မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်း(မ်)သတင်းဂျာနယ် ဝိုင်းတော်သားများ အနေဖြင့် လစဉ်ထုတ် သံလွင်လှိုင်းမဂ္ဂဇင်း တစ်စောင်ကိုလည်း ထုတ်ဝေရန် စီစဉ်နေကြောင်း အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိ

ကယား(ကရင်နီ)ပြည်နယ်အတွင်း မြို့နယ်တချို့တွင် လျှပ်စစ်ဓာတ်အား လိုင်းခွဲစက်ရုံများ တည်ဆောက်ဖို့ အစီအစဉ် ရှိနေတယ်လို့ ပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။  

တောင်ကလေးဆရာတော်၏ မျက်လုံးဒဏ်ရာ ပြန်ကောင်းလာပြီ

တောင်ကလေးဆရာတော် ဦးပညာသာမိသည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ ရန်ကုန်မြို့ရှိ နိုင်ငံတော် သံဃာ့ မဟာနယကရုံးသို့ သာသနာ့တာဝန် ထမ်းဆောင်ရန် သွားရောက်စဉ် ကားအက်စီးဒင့်ဖြစ်ပွားပြီး မျက်လုံးတစ်ဖက် ထိခိုက်သွားခဲ့ရာ ယခုအချိန်တွင် နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန် လာပြီ ဖြစ် ကြောင်းသိရသည်။

တောင်ကုတ် နေပူတောင်ကျောက် ဗီယက်နမ် ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်မည်

အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် ရင်းနှီးမြုပ်နှံမည့် စီမံကိန်း တစ်ခုကို ဗီယက်နမ် ကုမ္ပဏီ တစ်ခုက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင် မာဘဲလ် ကျောက်ချော ထုတ်လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံသွားမည် ဟု သတင်း ရရှိသည်။

တမူးတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

အိန္ဒိယ မြန်မာ နယ်စပ် တမူးမြို့စန္ဒာကူး ၃ ရပ်ကွက် အတွင်းရှိ အိမ်တအိမ်မှ လက်နက်နှင့် မူးယစ်ဆေးဝါး အမြောက်အများ တနင်္ဂနွေနေ့က ဖမ်းဆီးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။

ဘိန်းစာပင်များကို ကိုင်းဆက်မျိုးပွားနည်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချနေ

ထိုင်းဘာသာအားဖြင့် “ကရထောင်” ခေါ် ဘိန်းစာပင်များကို ယခုအခါ မွန်ပြည်နယ်တောင် ပိုင်းဒေသများတွင် ကိုင်းဆက်ပွားနည်းဖြင့် စိုက်ပျိုးနေကြပြီး စီးပွားဖြစ်လုပ်ကိုင်နေကြသည်။

သျှမ်းအရှေ့ ကျိုင်းတုံ မိုးသီးကြီးကျ ခေါင်မိုးများပျက်စီး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မိုးသီးရွာကျသဖြင့်  ဆုံးရှုံးမှုများပြားကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုသည်။

ဆိုင်ကယ်ခိုးရန် ကြိုးစားခဲ့သူကို ဖမ်းမိခဲ့သည့် လူငယ် ၄ ဦး ဂုဏ်ပြုခံရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဇန်န၀ါရီလ ၂၆ ရက်နေ့က ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူ တစ်ဦးကို လိုက်လံဖမ်းဆီးနိုင်ခဲ့သည့် လူငယ် ၄ ဦးအား မြို့ရှိ ရပ်မိရပ်ဖများမှ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဂုဏ်ပြု အခမ်းအနားတရပ် ပြုလုပ် ကျင်းပပေး ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၁၂၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၄ ဦး သီရိလင်္ကာ ရေတပ်က ကယ်တင်

လူအများအပြားကို တင်ဆောင်လာသော  ငါးဖမ်း စက်လှေ တစ်စီး သီရိလင်္ကာ ပင်လယ် ကမ်းခြေအလွန်တွင် နစ်မြုပ်သွားရာ သီရိလင်္ကာရေတပ်မှ လူပေါင်း ၁၃၈ ဦးကို ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ New Age သတင်းစာတွင် ဖေါ်ပြသည်။

ချင်းလူငယ်အဖွဲ့ နိုင်ငံခြားသားအပန်းဖြေ စခန်းနေရာ လေ့လာ

ချင်းတောင်တွင် နိုင်ငံခြားသားများ အပန်းဖြေ စခန်းပြုလုပ်နိုင်ရန် နေရာအတွက်  ဒေါက်တာမှုထန်း (ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအ၀င် ဟားခါးမြို့ပေါ် လူငယ်များနှင့် မြို့မိမြို့ဖ ၁၅ ဦးတို့က ဇန္န၀ါရီလ ၃၁ ရက်နေ့က လေ့လာမှုပြုခဲ့ကြာင်း သိရသည်။

ဥပဒေအရ အရေးယူပါက ခံယူမည်ဟု ကျူးကျော်မြေတွင် နေထိုင်သူများပြော

ကျူးကျော်နေထိုင်မှုများအား တရားဥပဒေအရ အရေးယူပါက အရေးယူခံမည်ဟု လှိုင်သာယာ ၅ ထိပ် ရပ်ကွက် ပီမိုးနင်းလမ်းရှိ ကျူးကျော်နေထိုင်သူအချို့က  မဇ္ဈိမ သို့ပြောသည်။

ဆီတင်သင်္ဘော ပေါက်ကွဲမှု အနည်းဆုံး တစ်ဦးသေ

ရန်ကုန်မြို့ လှိုင်မြစ်အတွင်း ဆီတင်သင်္ဘော ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးများက ပြောသည်။

ပြည်သူ့ တိုင်ကြားစာများ သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေး

ပြည်သူ့လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားစာများကို သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေးဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥက္ကဌ သူရ ဦးအောင်ကိုက ပြောသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:37189] Fwd: [လူဗိုလ်ဟူသည် ...] အူတက်အောင်ရီရသောဟာသများ (၃-၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/3
Subject: [လူဗိုလ်ဟူသည် ...] အူတက်အောင်ရီရသောဟာသများ (၃-၂)
To: lubo601@gmail.com


အလကားညှပ်ရမယ်ဆိုလို့


 လူတစ်ယောက်သည် ကလေးငယ်တစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာပီး ဆံပင်ညှပ်လေသည်။
ပထမဆုံး ထိုလူမှဆံပင်အညှပ်ခံလေ၏။ ဆံပင်ညှပ်ပီးသွားသောအခါ....... ဆံသဆရာအား ထိုသူမှ ပြောလိုက်သည်။

" ဒီကလေးကိုဆံပင်ညှပ်ပေးလိုက်ပါ။ ကျနော် ဟိုဘက်ခန်းက ဆိုင်မှာ တခုခု သွားသောက်လိုက်ဦးမယ် "
သို့နှင့် ဆံသဆရာလည်း ကလေးကိုဆံပင်ညှပ်ပေးလေ၏။
ထို့နောက် ဆံသ ဆရာသည် ထိုသူပြန်အလာကို စောင့်နေသည်။
ကြာလာသဖြင့် ကလေးငယ်ကို ဆံသ ဆရာမှမေးလိုက်၏။
" ဟေ့ .. မင်းအဖေက ဘယ်တွေလျှောက်သွားနေတာလဲကွ။ ကြာလိုက်တာ.."
ထိုအခါ ကလေးကပြန်ပြောလိုက်သည်မှာ.....
" ဟာ....သူက ကျနော့်အဖေ မဟုတ်ဖူး ...လမ်းမှာတွေ့တော့ သူက မင်းဆံပင် အလကားညှပ်ရမယ် လိုက်ခဲ့ ဆိုလို့ပါ...".ဟူ၍ ဖြစ်သည်။
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely.....



အသက်သခင်

ရန်ကုန်မြို့လည်လမ်းတခု တွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ဆုံကြ၏။ ထိုစဉ် တဦးမှ.....

" ဟာ ဗိုလ်ကြီးမဟုတ်လား။တွေ့ရတာဝမ်းသာလိုက်တာဗျာ။ရန်သူနဲ့ တိုက်ပွဲဖြစ်တော့ ကျနော့်အသက်ကို ဗိုလ်ကြီးကယ်ခဲ့တာ။
ဗိုလ်ကြီးရဲ့ ကျေးဇူးကို ကျနော် တစ်သက်မေ့ မှာ မဟုတ်ပါဖူး ဗိုလ်ကြီးရယ်.."...ဟုဝမ်းသာအားရဆိုလေ၏။
ထိုအခါ တဘက်လူမှ....
" အင်း....ဟုတ်ပါတယ်ကျနော်ဗိုလ်ကြီးဟောင်းတဦးပါ....ဒါပေမဲ့ဘယ်တိုက်ပွဲတုန်းကပါလိမ့်။ကောင်းကောင်းမမှတ်မိဖူး ဆိုစမ်းပါဦး။
ကျုပ်ကဘယ်လိုများကယ်တင်ခဲ့တာလဲ ..."
ထိုအခါ အသက်ဘေးမှလွတ်လာသူပြန်ပြောလိုက်တာက.....
" ဟို ရိုဟင်ဂျာတိုက်ပွဲတုန်းကလေ...ဗိုလ်ကြီးက ရှေ့ကစပြီးပြေးတယ်။ ကျနော်ကလည်း ဗိုလ်ကြီးအနောက်ကနေ အတင်းပြေးလိုက်ခဲ့တာလေ....မှတ်မိပီလားဗိုလ်ကြီး.."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ

Lon Ely.....


မာစတာကီး....

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ " ယောက်ျားကောင်း
မောင်းမတစ်ထောင် " တဲ့။
. မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ
ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။
အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင်
**"**မာစတာကီး**"**လို့ ခေါ်တယ်လေ။
သော့ခလောက်တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....တဲ့

 
ရီမောပျော်ရွှင်ပါစေ

Lon Ely.......


ကြောင်တာမဟုတ်ဖူး

ရထားတစ်စီးပေါ်တွင် ခရီးသည်တယောက်သည် လက်မှတ်စစ်မှ လာစစ်ရာ.....
သူ့လက်မှတ်ကိုဘောင်းဘီအိပ် ထဲရှာလိုက်.....အင်းကျီအိပ်ထဲရှာလိုက်.....ပိုက်ဆံအိတ် ထဲ ရှာလိုက်နှင့် ပျာယာခပ်လျက်ရှိသည်။
အမှန်မှာ ထိုလူသည် လက်မှတ်အား ပါးစပ်တွင်ကိုက်ကာ လိုက်ရှာနေသဖြင့် ကျန်ခရီးသည်များက သူ့ကိုကြည့်ပီး ရီ စရာဖြစ်နေကြ၏။
ထိုအခါ လက်မှတ်စစ်သည်ပြုံးလျက် သူ့ ပါးစပ်ထဲမှ လက်မှတ်ကို ဆွဲယူကာ ရေးမှတ်ပီး ပြန်ပေးလိုက်၏။
လက်မှတ်စစ်ထွက်သွားသောအခါ သူနှင့်အတူပါလာသော သူငယ်ချင်းက ထိုသို့ပြောလိုက်သည်။
" မင်းကွာ။တကယ်ကြောင်တဲ့ကောင်ပဲ။ လက်မှတ်ကို ပါးစပ်ထဲကိုက်ပီး လိုက်ရှာနေရတယ်လို့......"
ထိုအခါ ထိုသူ ပြန်ပြောလိုက်သည်မှာ........
" ဘာကွ။ ကြောင်တာမဟုတ်ဖူး။ငါက လက်မှတ်ပေါ်က ရက်စွဲ ကို ကြိတ်ပီး ၀ါးနေတာ......"....တဲ့
တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.......



မီးခလုတ်ခုံ

တစ်နေ့တွင် ပန်းချီဝါသနာကြီးလှသော ကျောင်းသားတစ်ယောက်သည် ပန်းချီပြပွဲ တစ်ခုသို့
သွားရောက်ကြည့်ရှု့လေ၏။
ထိုပန်းချီပြပွဲတွင်ပြသ ထားသော ခေတ်ပေါ်ပန်းချီကားများကို စိတ်ဝင်တစားလိုက်လံကြည့်ရှု့လေသည်။
သို့ဖြင့် ပြခန်းတစ်နေရာအရောက်တွင် အဖြူရောင်ပေါ်တွင် အနက်ရောင် အတုံးကလေးများနှင့် သရုပ်ဖော်ထားသည့်
ကြေးဘောင်နှင့် ပန်းချီကားတစ်ချပ်က်ုတွေ့ရသဖြင့် ဈေးဘယ်လောက်လဲဟု မေးလိုက်လေ၏။
ထိုအခါ ပြခန်းအရောင်းတာဝန်ခံမှ ပြန်ဖြေလိုက်သည်မှာ........
" အဲဒါမီးခလုတ်ခုံပါ ခင်ဗျာ......."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ

Lon Ely......




နောက်တစ်ခါ......
ကျနော့်မိတ်ဆွေ...တစ်ဦးသည်...အမျိုးသမီးတစ်ဥိးနဲ့ လက်ထပ်လိုက်၏။
ထိုအမျိုးသမီးမှာ ယခင် အိမ်ထောင်နှင့် ကလေး နှစ်ဦးပါရှိလေ..၏။
လက်ထပ်ပွဲကျင်းချိန် အခမ်းအနားတွင်..အသက် ၄နှစ် ၅ နှစ် အရွယ်.ကလေး..နှစ်ဦးမှာ... မိန်းမဖြစ်သူ၏ အမေ.....
ယောက်ခမ( အဘွား) နဲ့ အတူလိုက်ပါလာလေသည်။
ကလေးတို့သဘာဝ အခန်းအနားမစမီ ဟိုဝိုင်းပြေးလိုက်။ဒီဝိုင်းပြေးလိုက်နှင့်ဧည့်သည်များအကြားပြေးလွှားဆော့ကစားကြလေကုန်၏။ ထိုအခါ အဖွားလုပ်သူမှ.....ကလေးများအား ကပ်ကာ တိုးတိုးလေးပြောလိုက်ပုံက....

" ငြိမ်ငြိမ် မထိုင်နေပဲ ဟိုဆော့ ဒီဆော့ လုပ်နေမယ်ဆိုရင် နောက်တစ်ခါ ကျရင်မခေါ်တော့ဖူး......." .....တဲ့
တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.......

တွေ့ပီကွ

ကျနော်သည်...ငယ်စဉ်မှစလို့ ယခုအထိ ကျန်းမာရေးလိုက်စားသူ တစ်ဦးဖြစ်ပါသည်။
သင်တန်းစုံလည်းတက်ဖူးပါပီ....အသက်လည်း၄၅...နှစ်ကျော်သူ..ဖြစ်ပါသည်။
တစ် ရက်...မြို့နယ်....ပြိုင်ပွဲတစ်ခုတွက် လေ့ကျင့်နေစဉ်.....လူတစ်ယောက်သည်... အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်နေသည်ကို မြင်မိ၏။
ထိုသူသည်...မော်တ်ာကား..ေ၇ှ့ခန်းအတွင်းသို့ ခြေတစ်ဘက်ထဲ့ပီး ကျန်ခြေတဘက်ကိုမြေပြင်ပေါ်
တွင်ထားထား၏။
တို့နောက် ...သူ့ဦးခေါင်းကို မြေပြင်နဲ့ ထိလုနီးပါး ငုံ့ထားသည်ကို တွေ့ ရသည်။( သင်တန်းများတွင်မမြင်ဖူးပေ)
သို့နှင့် ကျနော်လည်း မော်တော်ကား ရှိရာသို့ ပြန်လာပီး သူလုပ်သလို လိုက်လုပ်ကြည့်ပါသည်။
မြေပြင်ပေါ်သို့ ထိလုနီးပါး ခေါင်း ငုံ့ လိုက်သောအခါ အကြောအချဉ်များ ဆန့် ထွက်သွားသည်ကို ထူးဆန်းစွာ ခံစားလိုက်ရသဖြင့်...
ထိုလေ့ကျင့်ခန်းအသစ်ကို များစွာ သဘောကျ ကျေနပ်မိ၏။ကောင်းလိုက်တဲ့ အကြောလျှော့နည်း ။
ထိုစဉ်မော်တော်ကားပေါ်မှ လေ့ကျင့်ခန်းလုပ်နေသူမှ သူ့ဇနီးသည်အား လှမ်းအော်ပြောလိုက်သည်ကို ကြားရသည်မှာ.......
" ဟေ့......မိန်းမရေ...ကားသော့ တွေ့ပြီကွ။မော်တော်ကား အောက်ထဲ ရောက်နေတာ
ကိုး......".......တဲ့
တိန်
ရီမောပျော်ရွှင်အကြောပြေပါစေ......

Lon Ely


အရေးပေါ်

အရေးပေါ်လူနာတင်ကားတစီး ရန်ကုန်ဆေးရုံကြီးသို့ အမြန်မောင်းကာရောက်လာ၏။
ဆေးရုံရှိ ၀န်ထမ်းများ ပြေးဆင်းလာကြ၏။
ဝန်ထမ်းတဦးမှ ကားထဲသို့ ချောင်းကြည့်ပီး နားမလည်သောအသံဖြင့် လူနာတင်ကား ဒရိုင်ဘာကို လှမ်းမေး၏။
" မင်း တယ်လီဖုန်းကနေ သတင်းပို့တော့ ကားတိုက်ခံရတဲ့ လူနာတစ်ယောက်ကို တင်လာမှာဆို။အခု လေးယောက်တောင် ဖြစ်နေပါလားကွ "
ဒရိုင်ဘာက ဂုဏ်ယူဝင့်ကြွားသံဖြင့်ပြန်ပြောလိုက်တာက....
" ကျန်တဲ့ လူတွေက အလာလမ်းမှာ ကျနော်တိုက်လာခဲ့တာ.." ..တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ.....

ကိုလုံ


ခွဲရခက်ပုံ

အများသုံးအိမ်သာအတွင်းမှ မကျေနပ်သံတခု ထွက်ပေါ်လာ၏။
" တောက်......အများသုံးအိမ်သာဆိုပ
ီး တော့ ရေလဲ မရှိဖူး။ .....ဒုက္ခပဲ စက္ကူ ကလဲပါမလာဖူး။ " ဟူ၍ ဖြစ်၏။
ထိုသူ၏ စိတ်ထဲတွင်လည်း......
ရှိတဲ့ ပိုက်ဆံ တွေက လည်း အရွက်ကြီးတွေချည်းပဲ။
ဘယ်နဲ့ လုပ်ရပါ့။ထို့နောက် ...ဖြတ်ကနဲ ..အကြံတခုပေါ်လာ၏။သို့နှင့်
" ဟိုဘက်ခန်းက အစ်ကိုကြီး...ခင်ဗျားမှာ စက္ကူ အပိုမပါဖူးလား။ပါရင် အပေါ်ကလှမ်းပေးပါဗျာ။..." ဟုကပ်လျက်အိမ်သာခန်းသို့ဆိုလေ၏။
တဘက်မှ ပြန်ပြောလိုက်တာက....." .ရှင်အိမ်သာမှားနေပီ....ဒါမိန်းမအိမ်သာမဟုတ်ဖူးလား....."
" ဗျာ .....မိန်းမအိမ်သာ။ ဟုတ်လား။သူတို့ က စာရေးမထားဖူး ။ ပုံပဲ ဆွဲထားတာ။ ခင်ဗျားမှားတာလား။ ကျနော်မှားတာလား။"
တဘက်မှ ....အံသြသံဖြင့်....
" ရှင်.....ယောက်ကျားအိမ်သာလား။ ကျမ ပုံကိုကြည့်တော့ ဂါဝန်ပုံ ထင်တာပဲ ရှင့် "ဟု ဆို၏။
" ကျနော်လဲသေချာကြည့်တာပဲဗျ။ အဲ...ဘောင်းဘီပုံ ဆိုပီး ၀င်လာတာပဲ။
..ကဲပါဗျာ.....ဘာပဲဖြစ်ဖြစ်ဗျာ။ ရောက်နေမှတော့ မထူးတော့ပါဖူး။
ဒါနဲ့ စက္ကူ အပိုပါရင် အပေါ်ကလှမ်းပါဦးဗျာ။ "
ထိုအခါ တဘက်ခန်းအိမ်သာမှ ပြန်ပြောလိုက်တာက....
" စက္ကူတော့ မပါဖူးရှင့် ။ဘောပင်တော့ပါတယ်။ ယူမလား ".......တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ...

ကိုလုံ.......( 23-1-13 )


အကြမ်းဖက်သမား

မည်သည့်နိုင်ငံတွင် အရက်သမား ပိုနည်း သနည်း ဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ယခင်)နှင့် ထိုင်းဝန်ကြီးချုပ်သက်ဆင်( ယခင်) တို့ အလောင်းအစားလုပ်ကြ၏
ပထမဆုံး အလှည့်အဖြစ်မြန်မာပြည်သို့ သက်ဆင်ရောက်လာ၏။
၎င်းလက်ထဲသို့ အော်တိုမစ်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပီး...".မြို့ ထဲလျှောက်ကြည့်ပါ အရက်သမားတွေ့ရင် ပစ်သာသတ်လိုက်" ဟု ဦးသန်းရွှေမှ ပြော၏။
ဒါနဲ့သက်ဆင်လဲ ရန်ကုန်ဘူတာကြီး ၊ဆူးလေ ကမ်းနားလမ်းဘက်နှင့်ပန်းဆိုးတန်းကုန်းကျော်တံတား ဘက်သို့သွား၏။
မီးတိုင်များအောက်တွင် ရေချိန်လွန်နေသာ လူများ၊ လမ်းဘေးအမှောင်ထဲရှိဇိုးသမားများ ၊လမ်းပေါ်တွင် အော်ဟစ်ဆဲဆိုနေသူများကို တွေ့၏။
တွေ့သမျှ ကို ကျည်ကပ် တကပ်ပီးတကပ် ကုန်အောင် ဆွဲချလိုက်၏။
ထို့နောက် တပ်ချုပ်ကြီး ထံပြန်လာပီး ဤသို့ပြော၏။
" ခင်ဗျားတို့ဆီမှာ၊တွေ့တဲ့သူတိုင်း အရက်သမားကြီးပါလား ကျုပ်တို့ဆီလာခဲ့စမ်းပါ "
" စိတ်ချ ၊ကိုယ့်လူ လာကိုလာခဲ့မယ်၊ကျုပ်က လက်ယဉ်ပီးသားဗျ...ငှဲငှဲ..." .ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။

သို့နှင့် တစ်လခန့်ကြာသော် ။တပ်ချုပ်ကြီးလဲ...ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်၏။
အမ် ၁၆ - သေနတ်ကိုကိုင်ကာဘန်ကောက် မြို့ထဲလျှောက်ကြည့်၏။
နေရာအနှံ့ ဆေးသမားတို့ကိုသာတွေ့ရလေသည်။
ညနေပိုင်း ရောက်သောအခါ ပင်ပန်းပီး စိတ်တိုနေသော တပ်ချုပ်ကြီးသည် စီလုံ ၄ လမ်းဘက် သို့သွား၏။
အဆောက်အအုံ တခု၏ ၁၀ ထပ်မြောက်ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပီး ဆူညံအော်ဟစ်သံ၊ရီမောသံ၊ပုလင်းကွဲသံ များကိုကြားရ၏။
ဒီနေရာမှာတော့ အရက်သမားတွေရှိမှာပဲဟု တွေးကာ ယင်းအထပ်သို့တက်လေတော့သည်။
ရောက်သောအခါ အရက်ဘားတခုဖြစ်နေပီး လူ ၆၀ ခန့် သောက်စားပျော်ပါးနေသည်ကိုမြင်ရ၏။ အားလုံးလည်း မူးနေကြ၏။
တပ်ချုပ်ကြီးလည်း အမ်-၁၆ ဖြင့်အားပါးတရ မွှေ့ချလိုက်၏။

နောက်တစ်နေ့မနက် ထုတ် ဘန်ကောက်ပို့စ် သတင်းစာများတွင်....
" ဘန်ကောက်မြို့ရှိဘားတခု၌....မျက်နှာထားဆိုးသော လက်နက်ကိုင် အကြမ်းဖက် သမားတဦးက မြန်မာသံရုံးဝန်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း.."...
ဟူသောခေါင်းစဉ်ဖြင့်မျက်နှာဖုံးသတင်းပါလာလေတော့၏။။။။
တိန်
ရီမောစေရန်သာ......

ကိုလုံ
 


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/04/2013 12:04:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37188] Fwd: [လူဗိုလ်ဟူသည် ...] “ကံ ကံ၏အကျိုး” (စူဠကမ္မ၀ိဘင်္ဂသုတ်)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/3
Subject: [လူဗိုလ်ဟူသည် ...] "ကံ ကံ၏အကျိုး" (စူဠကမ္မ၀ိဘင်္ဂသုတ်)
To: lubo601@gmail.com


Ko Myoe and Ahh Maung shared Honey Lay's photo.

ကံ ကံ၏ အကျိုး.. အကြောင်း ဆိုလျင် စူဠကမ္မ၀ိဘင်္ဂသုတ် ကို ရှေးဦးစွာ ပြောဆိုရမည်ဖြစ်သည်။ ကံ ကံ၏ အကျိုးနှင့် ပက်သက်လျင် ထိုတရားတော်မှာ အခြေခံလည်း ဖြစ်သလို အရေးလည်းကြီးပေသည်။
ထိုတရားတော်တွင် ကံ ကံ၏ အကျိုး သဘောတရားများကို သင်ကြားထားခြင်းဖြစ်သည်။


ထိုတရားတော်ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့၏။ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်အား အကြောင်းပြု၍ ဟောတော်မူခဲ့ခြင်းဖြစ်၏။
သုဘလုလင်သည် မြတ်ဗုဒ္ဓအား မေးခွန်း ပြဿနာ (၁၄)ချက်ကို မေးလျှောက်ခဲ့၏။
သူမေးလျှောက်သော မေးခွန်းပြဿနာများမှာ…

လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
အချို့မှာ အသက်ရှည်ပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
အချို့မှာ အဆင်းလှပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
အချို့မှာ အမျိုးမြတ်ပါသနည်း။
လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။

ထို မေးခွန်း ပြဿနာ (၁၄)ချက်တို့ဖြစ်၏။ ထိုမေးခွန်းများသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၄)ကျော်အထက်က..သုဘလုလင်က..မြတ်ဗုဒ္ဓအား မေးလျှောက်ခဲ့ခြင်းဖြစ်၏။
ယခုခေတ်အခါတွင်လည်း ထိုမေးခွန်းများကိုပင် နေ့စဉ်နေ့တိုင်း အကြောင်းတခုခုနှင့် စပ်လျဉ်း၍ လူအများတို့ မိမိဘာသာ စဉ်းစားနေခြင်းဖြင့်လည်းကောင်း အပေါင်းအသင်းများနှင့်
အပြန်အလှန်အားဖြင့်လည်းကောင်း မေးမြန်းနေကြစမြဲဖြစ်၏။
သဗ္ဗညုတ ဉာဏ်ပိုင်ရှင် မြတ်ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း များစွာအထက်ကပင် ထိုမေးခွန်းများကို တိကျပြည့်စုံစွာ ဖြေဆိုထားပြီးသားဖြစ်၏။

သုဘလုလင်၏ အမေးများအား မြတ်ဗုဒ္ဓက..အကျဉ်းချုပ် ဤသို့ ဟောတော်မူခဲ့၏..
လုလင်
သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏။
ကံ၏ အမွေခံတို့ ဖြစ်ကုန်၏။
ကံသာလျှင် အကြောင်း ရှိကုန်၏။
ကံသာလျှင် ဆွေမျိုး ရှိကုန်၏။
ကံသာလျင် မှီခိုရာ ရှိကုန်၏။
ကံသည်သာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏။ ….
ဟု ဟောတော်မူလေ၏။

မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ်ဟောတော်မူချက်ကို သုဘလုလင်က..နားမလည်သဖြင့် အနက်အဓိပ္ပါယ်နှင့်တကွ ဝေဖန်ဖြေကြားပေးပါရန် တောင်းပန်လျောက်ထားပြန်၏။..
ထိုအခါ မြတ်ဗုဒ္ဓသည် သုဘလုလင်၏ အမေး (၁၄)ချက်တို့ကို ဤသို့ဟောတော်မူလေသည်..

သုဘလုလင်အမေး….
၁။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
၂။ အချို့မှာ အသက်ရှည်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက်ကို သတ်ဖြတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
(ရှေးက ကုသိုလ်ကံ တစုံတခု၏ အထောက်အပံ့ကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရစေကာမူ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ သူ့အသက်သတ်ရမည်ကို ရှက်ခြင်းရှိ၏။ သနားကြင်နာကြ၏။ ထိုသူမျိုး သေလျှင်
နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်သော်လျှင်ပင် အသက်ရှည်စွာ နေရတတ်လေသည်။

သုဘလုလင်အမေး….
၃။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
၎။ အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တစ်ပါးသော သတ္တ၀ါအား လက်ဖြင့်လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်များဖြင့်လည်းကောင်း ညှဉ်းဆဲလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ ရောဂါထူပြော အနာပေါများတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ထိုသို့ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိ။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပေသည်။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းဝေးကြရပေ၏။

သုဘလုလင်အမေး….
၅။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
၆။ အချို့မှာ အဆင်းလှပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန် ဒေါသကြီးကြ၏။ စကားပြောစရာရှိလျှင်ပင် သူတပါးအား ထိပါးပုတ်ခတ်၍ ပြောလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျပါဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အမျက် ဒေါသ ထွက်လေ့မရှိ။ ထိုသို့ ဒေါသမကြီးသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် ကြည်လင်လှပသော အဆင်းကို ရပေသည်။

သုဘလုလင်အမေး….
၇။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
၈။ အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာအားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက်ရတတ်သည်။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်စေကာမူ
ခြွေရံစိုးမိုး တန်ဖိုးနည်းပါးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာ မရှိ။ သူတပါးအပေါ် မနာလိုခြင်း မရှိ။ ထိုသူမျိုးသေလျှင် နတ်ပြည်သို့ရောက်ရတတ်ပေသည်။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့
ရောက်ရလျှင်ပင် နာမည်ကျော်ကြား ခြွေရံပေါများ၍ တန်ခိုးအာဏာ သြဇာကြီးမားတတ်လေသည်။
(သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း၊ ဂုဏ်သိန်ကြီးမားခြင်း၊ ကျော်စောခြင်း စသည်တို့ကို မနာလိုမှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့သည် ဣဿာပင်ဖြစ်၏။)

သုဘလုလင်အမေး….
၉။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ။ မစ္ဆေရတရား အားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
ငရဲမကျ လူ့ပြည်သို့ ရောက်ရလျှင်ပင် ဥစ္စာမဲ့မွဲ ဆင်းရဲရတတ်သည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်သည်။ နတ်ပြည်သို့မရောက်ဘဲ
လူ့ပြည်သို့ ရောက်ပြန်လျှင်ပင် ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝ ရပေသည်။
(မိမိ၌ ရှိသော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ်မျိုးကို သူတပါးရမည်ကို စိုးခြင်းသည်လည်းကောင်း မစ္ဆေရပင်ဖြစ်၏။)

သုဘလုလင်အမေး….
၁၁။ လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
၁၂။ အချို့မှာ အမျိုးမြတ်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန်မာနကြီးကြ၏။ သူတပါးကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေလေးစားထိုက်သူကိုပင်
ရိုသေရမှန်းမသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မာန်မာန မကြီး။ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစား၏။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရတတ်ပေသည်။

သုဘလုလင်အမေး….
၁၃။ လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
၁၄။ အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊
နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။
ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း
မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။

မြတ်ဗုဒ္ဓ၏ ထိုတရားတော်အဆုံးတွင် သုဘလုလင်သည် တရားတော်အား လွန်စွာ နှစ်သက်အားရကျေနပ်မှု ဖြစ်ကာ..
ဘုရား(ဗုဒ္ဓ)၊ တရား(ဓမ္မ)၊ သံဃာ..ရတနာ(၃)ပါးအား ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဖြစ်လေသည်။

"မှတ်မိလွယ်ရန် ဆောင်ပုဒ်များ"
••••••••••••••••••••••••••••••••
သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။
မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။
နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောထူရောဂါဆို။
သနားစိတ်သွင်း မနှိမ်နင်း ကင်းရှင်းရောဂါကို။
ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။
ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။
မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။
ဣဿာမထား ၀မ်းမြောက်ငြား ပေါများခြွေရံကို။
မလှူမဒါန်း မပေးကမ်း ခြောက်ခန်းဥစ္စာဆို။
စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။
မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို။
သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။
ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။

(စာ-၂၇၈၊ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ)
အောက်ပါတရားတော်နှင့် စာမျက်နှာ မှရေးသားထားပါသည်။
အပိုင်း(၁၀)၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာမျက်နှာ-၂၇၃၊ ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံသ

_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …_/|\_


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/04/2013 12:04:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.