[New post] ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၂ ) – Aung Way

admin posted: " MARCH FOR PEACE OUR JOURNEY IS NOT COMPLETE ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၂ ) အောင်ဝေး၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃ ရဲဘော်တို့ - ဆက် လျှောက်။ ငါတို့ နောက်မှာ ငါတို့ ဟာ တောင်ကိုလည်း မုန်းသူတို့ ဘေးရန်က ခုခံ နေရ။ ထောင်ကိုလည"

[New post] မြေကြီးရယ်သံ (Kan Tun Thit)

admin posted: " မြေကြီးရယ်သံ ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃          အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။          အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော "ဝှစ်တနီဟူစတန်" ကြောင့်"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တရုတ်ဘက် သစ်မှောင်ခိုတင်သွင်းမှု ဒေသခံများအတွက် အကျိုးမရှိဟု ဆို

Posted: 06 Feb 2013 09:47 PM PST

သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူနှင့် မိုးမိတ်မြို့နယ် တစ်ဝိုက်မှ သစ်များကို နမ့်ခမ်းမြို့နယ်မှ တဆင့် ဖြတ်သန်း၍ တရုတ် နယ်စပ်သို့ တရားမဝင် သယ်ယူနေရာ အဆိုပါသစ်မှောင်ခိုသမားများထံမှ အာဏာပိုင်များ ၀င်ငွေရနေသော်လည်း ဒေသခံ များ အတွက် အကျိုးမရှိဟု နမ့်ခမ်းမြို့နယ် မုံးဝီးရွာ ဒေသခံများက ဆိုသည် ။

truckနေ့စဉ်မြင်တွေ့နေရသော တရုတ်၏ သစ်လုံးတင်ကားကြီးများ

နေ့စဉ် သစ်ကားအစီးရေ ၂၀ ခန့် နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာလမ်းအတိုင်း ဖြတ်သန်း၍ တရုတ်နယ်စပ် နောင်တောင်းမြို့ သို့ သယ်ယူနေရာ သစ်ကားတစ်စီးလျှင် ကျပ်ငွေ ၁၀ သိန်းခန့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသ ခံများကဆိုသည်။

အဆိုပါ ၀င်ငွေများကို အာဏာပိုင်အဆင့်ဆင့်က အချိုးကျ ခွဲဝေယူကြပြီး သစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ပျက် စီးသွားသော လမ်းများကိုမူ ပြုပြင်ပေးခြင်း မရှိကြောင်း မုံးဝီးရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သစ်တွေက မုံးဝီးကိုဖြတ်ပြီး နမ့်ခမ်းဘက်ကို တက်သွားတာ။ မုံးဝီးမှာဆိုရင် သစ်ကားတစ်စီးကို ၁၀ သိန်းကောက်တယ်။ တစ်ရက်ကို အနည်းဆုံး အစီး ၂၀ လောက်ဖြတ်တယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက သူတို့ကိုယ်ပိုင်ငွေဖြစ်သွား တာပေါ့နော်။ သစ်ကားဖြတ်လို့ ပျက်သွားတဲ့လမ်းတွေကျတော့ မပြင်ပေးဘူး။ ဒေသခံတွေအတွက်ကတော့ ဘာမှ အကျိုး မရှိဘူး " ဟု သူက ဆိုသည် ။
roadမိုးရွာပါက လမ်းများပျက်စီးကြသည်ကိုတွေ့ရစဉ်

၎င်းသစ်မှောင်ခိုကားများထံမှ ငွေတောင်းယူနေသည် ဆိုသည့် အပေါ် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ယခုလို တုန့်ပြန် ပြောဆိုသည် ။

"သစ်ကားတွေဖြတ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ငွေတောင်းတယ်တာ မရှိဘူး။ လမ်း တွေပျက်လို့ မပြင်ဘူးဆိုတာလည်း ဒီလမ်းတွေက နိုင်ငံတော်က ဖေါက်ထားတဲ့လမ်းတွေမဟုတ်ဘူးလေ။ သစ်မှောင်ခို သမားတွေ သူ့ဟာသူ ဖေါက်ထားတဲ့လမ်းတွေပဲ ။ ဒေသခံတွေကမှ ပိုတောင်အကျိုးရှိသေးတယ်။ လမ်းမှာဈေး ရောင်းကြ တယ်ဗျာ။ သစ်ကယ်ရီသယ်ကြတယ်ဗျာ ။ အဲလိုတော့ရှိပါတယ်" ဟု အဆိုပါ နီးစပ်သူက ဆိုသည် ။

နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ သစ်မာများ တရုတ်နယ်စပ်ဘက် တရားမဝင်သယ်ယူလေ့ရှိကြောင်း သိရသည် ။

[mrsorcerer:37229] Fwd: သမ္မတဦးသိန်းစိန်သမီးနဲ့မိတ်ဆွေဖြစ်လိုခြင်း (၁)


သမ္မတဦးသိန်းစိန်သမီးနဲ့မိတ်ဆွေဖြစ်လိုခြင်း (၁)


ဝန်ထမ်းပြေးတစ်ဦးရဲ့ဘ၀  နေ့ရက်၊ ၆ ဇန်-၂၀၁၂၊ မင်္ဂလာဒုံလေဆိပ်
မြန်မာပြည်မရောက်တာကြာပကော။ ၁၉၉၀ ကနေ ၂၀၀၃အထိ မကြာခဏ၊ အလည်ပြန်နေကျ၊ ၂၀၀၃မှာ ၀န်ကြီးဌာနက ၀န်ထမ်းပြေးအချို့၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်း (လူဦးရေသောင်းဂဏန်းခန့်) ကြောင့်၊ ပြန်မိသူတွေလည်း ပတ်စပို့အသိမ်းခံရ၊ အဆမတန်ပေးကမ်းပြီးမှ ပြည်ပပြန်ထွက်ရ၊ အချို့ဆို အောက်လမ်းကနေ ပြည်ပပြန်ထွက်ရနဲ့ မြန်မာပြည်မပြန်ရဲတာကြောင့် ၁၀နှစ်ကြာသွားပါတယ်။ အခုတော့ အစိုးရသစ်တက်လာပြီလေ။ ဒီမိုကရေစီတဲ့၊ ၀န်ထမ်းပြေး သတ်မှတ်ခံရသူ ဥပမာ ကျွန်တော်ဆိုရင် တစ်နှစ် ကန်ဒေါ်လာ၁၅၀၀ (S$150 per month) နဲ့ နိုင်ငံတော်ကို မှန်မှန်အခွန်ဆောင်ရင်း တနေ့မြန်မာပြည် ပြန်လည်အခြေချမယ် စိတ်ကူးယဉ်နေတဲ့လူကိုး။ အေးဗျာ... အင်္ဂလန်နေသူတွေက အခွန်ဆောင်စရာမလို၊ ဂျပန်၊ အမေရိကန်၊သြစတြေလျှား နေသူမြန်မာများလည်း အခွန်မဆောင်ကြ၊ ဘာကြောင့် စင်ကာပူနေတဲ့ ကျုပ်က အခွန်ဆောင်နေရသလဲ ..မေးရင်၊ ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာပဲ၊ တတ်နိုင်သရွေ့ အပြစ်နည်းအောင်နေရတဲ့ လူ့ဘ၀ပါဗျာ။ သူများတွေ အခွန်မဆောင်ပဲ အောက်လမ်းနဲ့ ပတ်စပို့အသစ်ပြန်လဲနေသူတွေလို မလုပ်ချင်တော့ ၂နှစ်ပဲသက်တမ်းရှိတဲ့ ပတ်စပို့ကို သက်တမ်းတိုးဖို့ လိုတာကိုးဗျာ၊

ဒါနဲ့ ၀န်ထမ်းပြေးဖြစ်သူ မြန်မာပြည် အရဲစွန် ပြန်လည်ပတ်တဲ့ သူငယ်ချင်းတစ်ချို့က အိုကေတယ်၊ ပြသနာမဖြစ်ပဲ ပြည်ပကို ပြန်ထွက်လာနိုင်တာတွေ့တော့ ကျုပ်လည်း မိသားစုနဲ့ ၁၀နှစ်ကြာမရောက်ဖြစ်တဲ့ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ အ၀င်မှာတော့ အိုကေတယ်ဗျို့။ တစ်ချို့လည်း ဒေါ်လာ၁၀ ပတ်စပို့ကြား၊ ညှပ်ပေးရင် ပိုအဆင်ပြေတယ်ဆိုပေမဲ့ .. ဒါမျိုး လပ်စားချင်လာအောင် အားပေးအလုပ်မလုပ်ချင်ပါဘူး။ လ.၀.က အ၀င်ကောင်တာမှာ အခွန်ဆောင်ပြီးသား စလစ် (ငွေရပြေစာဖြတ်ပိုင်း နဲ့ ဇနီးသည်အတွက် အလုပ်မလုပ်ကြောင်း သံရုံးထောက်ခံစာ) တွေတောင် မတောင်းတော့ဘူး။ သြော်.. အစိုးရသစ်၊ မူဝါဒသစ်... ဒါမှ ဒို့မြန်မာပြည်အစိုးရသစ် သမ္မတဦးသိန်းစိန်ကွ ..လို့ စိတ်ထဲက ကြွေးကြော်မိပါတယ်။ တကယ်ပါ။

ပျော်တာပေါ့ဗျာ။ ၁၀နှစ်ကြာ မရောက်ခဲ့တဲ့ ကိုယ်မွေးရပ်မြေ၊ မိဘ၊ သူငယ်ချင်းများနဲ့ တွေ့ဆုံ၊ ပျော်ရွင်၊ ၀မ်းမြောက်မှုတွေ ၂ပတ်ကြာခံစားပြီးတဲ့နောက်တော့ ပြည်ပသို့ ပြန်လည်ထွက်ခွာဖို့ အချိန်ရောက်လာပါတယ်။ မိသားစုနဲ့မိတ်ဆွေများ ၆ယောက်အုပ်စုဆိုတော့ ကျုပ်မိတ်ဆွေက စ.သုံးလုံးဝန်ထမ်းတစ်ဦးနဲ့ လ.၀.က ၀န်ထမ်းတစ်ဦးပါ ပိုပြီးအဆင်ပြေအောင် ထည့်ပေးလိုက်တယ်။ မလိုပါဘူး ပြောလည်းမရ၊ လိုအပ်ရင် လုပ်ကိုင်ပေးဖို့ အချွေအရံတွေပေါ့။ လိုလေသေးမရှိ။ လေဆိပ်မှာလည်း အိတ်တွေ အတင်းမသယ်ပေးတဲ့ လူငယ်အားကောင်းမောင်းသန် ရည်ရည်မွန်မွန်လေးတွေ အများကြီးပဲ၊ ငွေမပေးလဲရတယ်ဆိုပေမဲ့ ကျပ်၅၀၀ဆီ ကျုပ်သူငယ်ချင်း ကိုဝေသံတရာ အဖြစ်နဲ့ ပေးလိုက်ပါတယ်။ ပေးကမ်းခြင်းသည် အောင်မြင်သည် ...ဆိုပဲ ..မြန်မာပြည်မှာလေ။ ကျပ်၅၀၀ ဆိုတော့ ဒေါ်လာဝက်တောင်မရှိပေမဲ့ ..သယ်ပေးတဲ့လူငယ်လေးများအတွက် မနည်းပါဘူး။

ကျွန်ုပ်၏ လ.၀.က နဲ့ အခက်အခဲ စတင်ခြင်း
ကျုပ်ဇနီးနဲ့ မိသားစု၊ မိတ်ဆွေများကတော့ Immigration Counter ကိုဖြတ်ကျော်ပြီး ကျုပ်ကို စောင့်နေကြပါပြီး ကျုပ်အလှည့် ကောင်တာထိပ်မှာ ရပ်ပြီး ပတ်စပို့ပေးလိုက်တယ်။ အသက်၂၅နှစ်အရွယ် ၀န်ထမ်းအမျိုးသမီးလေးက အန်ကယ်၊ ကင်မရာကို ကြည့်ပေးပါ ဆိုလို့ ဓါတ်ပုံအရိုက်ခံတယ်။ ၃မိနစ်လောက် စစ်ဆေးပြီး၊ အမျိုးသမီးက ကျုပ်ကို ဘာမှမပြောပဲ၊ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ လ.၀.က အမျိုးသားငယ် တစ်ဦးကို လှမ်းအော်ခေါ်လိုက်တယ်။ ပြသနာတော့ စပြီလို့ စိတ်ထဲမှာ ရှိပေမဲ့၊ အဆင်မပြေလဲ အလွန်ဆုံးဖြစ်လှ နောက်နေ့လေယာဉ်နဲ့ လိုက်မယ် ဆုံးဖြတ်ထားတော့ အေးအေးဆေးဆေး၊ စိတ်ငြိမ်ငြိမ်နဲ့ လ.၀.က အမျိုးသားငယ်ရဲ့ မေးခွန်းကို အမှန်အတိုင်းဖြေလိုက်တယ်။
ဦးဝတ်မှုန်၊ အဖေနာမည်ပြောပါခင်ဗျာ ... ဦးလှမောင် ပါ..။
အစိုးရ၀န်ထမ်း ဘယ်မှာလုပ်ဖူးပါသလဲ .. စက်မှု(၁) မှာပါ..။
အန်ကယ်.. ခဏလောက် တာဝန်ခံဆီ လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။ အဆင်ပြေသွားပါလိမ့်မယ် .. ပြောပြီး ကောင်တာကနေ တာဝန်ခံအခန်းကို လိုက်သွားရတယ်။ စောင့်ကြည့်နေတဲ့ ဇနီးသည်ကို သွားနှင့်ဖို့ လက်နဲ့အချက်ပြပြီး လ.၀.က တာဝန်ခံရုံးကို ရောက်သွားတယ်။ စ.သုံးလုံး ၀န်ထမ်းကတော့ လ.၀.က တာဝန်ခံရုံးထိ လိုက်လာတယ်။ လ.၀.က ၀န်ထမ်းလေးကတော့ လိုက်မလာတော့ဘူး။ အခြေအနေက သူမတတ်နိုင်ဘူးသိတော့ ချန်နေရစ်ပြီလေ..။ ကျွန်တော်ရဲ့ ၀န်ထမ်းပြေးပြသနာဆိုတာ သေချာပေါက်သိပေမဲ့ ကျွန်တော့ဘက်တော်သား စသုံးလုံးဝန်ထမ်းကတော့ ဘုမသိ၊ ဘမသိနဲ့ လ.၀.က တာဝန်ခံရုံးအထိ လိုက်လာတယ်။ သူတို့ကို ဒီပြသနာရှိတယ်လို့ ကျုပ်က ကြိုတင်ပြောမထားပဲကိုး။

လ.၀.က တာဝန်ခံရုံးမှာ နာရီဝက်လောက် အစစ်ဆေးခံပြီး၊ ခင်ဗျားတို့ ၀န်ကြီးဌာနက ကင်းရှင်းစာရွက်ပါမှ ကျွန်တော်တို့ လ.၀.က အနေနဲ့ ပြည်ပထွက်ခွာခွင့်ပေးနိုင်ပါမယ်။ အေးဗျာ.. အနှစ်၂၀ကျော်တုန်းက ကိစ္စဆိုတာ သိပါတယ်။ ၀န်ထမ်းတွေ ဒီလို ထွက်ပြေးပြီး ပြည်ပထွက်အလုပ်လုပ်ရတာလည်း အပြစ်ကြီးမဟုတ်ပေမဲ၊ ခင်ဗျားတို့ ၀န်ကြီးဌာနက စာထုတ်ထားတော့ BL စာရင်းထဲဝင်နေပြီ၊ ဘီအယ်လ် ဆိုတော့ ကျွန်တော်တို့လည်း လွှတ်ပေးဖို့မလွယ်ဖူးဗျာ။ ညွန်ကြားချက်အတိုင်း လုပ်ရတာပါဗျာ။ လွယ်လွယ်လေးပါ.. အခုလေယဉ်နဲ့တော့ လိုက်လို့မရတော့ဘူ။ ခင်ဗျား ၀န်ကြီးဌာနကို သွားပြီး ကင်းရှင်းကြောင်း (ငွေ၅၀၀၀ ဘွဲ့ရော်ကြေးငွေပေးပြီးကြောင်း) စာလေးသွာိးယူလိုက်ပါ။ တရက်ထဲနဲ့ ပြီးပါတယ်။ မနက်ဖန်လေယဉ်နဲ့ပဲ လိုက်ပေါ့..လို့ပြောတယ်။ ဟာ... သူ့အတွက်တော့ သိပ်လွယ်တာပေါ့။ ဒီလူ အကြံဖန်လုပ်နေပြီ ဆိုတာ သိလိုက်ပြီ။ တစ်ပြားမှ မပေးဘူး.. ဆုံးဖြတ်ထားပြီး .. နောက်ဆုံး ခင်ဗျားတို့သဘောပဲ ကျုပ်ဘာဆက်လုပ်ရမလဲ ..မေးတော့လည်း လ.၀.က ကိုအောင်ဆိုသူက ဘာမှမပြောပဲ၊ နောက်လာတဲ့ လူတွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးနေတယ်။ တကယ်လဲ ကိုအောင် အလုပ်ရှုပ်လှပါတယ်။ ကျုပ်ကတော့ ထိုင်လျှက်ပါပဲ။ ကျုပ်ဖက်တော်သား စသုံးလုံး ၀န်ထမ်းမိတ်ဆွေကတော့ ကိုအောင်ရေ၊ အဆင်ပြေအောင်လုပ်ပေးပါ..ခင်ဗျားတို့ကလည်း ဗျာ... ဘာညာနဲ့ ဘေးက ၀င်ပြောတော့ လ.၀.က ကိုအောင်က ဖုန်းနံပါတ်တစ်ခုကို လှည့်ပြီး မနက်၇နာရီအချိန်ဆိုတော့ ..ဟဲလို. ဗိုလ်ကြီးလား။ နိုးပြီလားဗိုလ်ကြီး... ၀န်ကြီးဌာနကိစ္စ တစ်ယောက်အခက်အခဲရှိလို့ပါ ..အတိုချုံးရှင်းပြတယ်။ လွှတ်ပေးလိုက်ရမလားဗိုလ်ကြီး ..မေးရင်း... ဟုတ်ကဲ့ပါဗိုလ်ကြီး..ပြောပြီးဖုန်းချလိုက်တယ်။ ကျုပ်တို့ဘက်ကိုလှည့်ပြီး ဗိုလ်ကြီးကပြောတယ် .. ကျုပ်ပြောတဲ့အတိုင်းပါပဲ...ကျွန်တော်တို့လဲ ၀န်ကြီးဌာနညွန်ကြားချက်အတိုင်း လုပ်ရတာပါ ..လို့.. စိတ်ပျက်သံနဲ့ ပြောပါတယ်။



ဟိုလှည့်သည်လှည့်၊ လက်ဆောင်တောင်းခံနည်း
နောက်ဆုံးတော့ စသုံးလုံးမိတ်ဆွေလည်း လ.၀.က တာဝန်ခံရုံးကို ၀င်ချည်ထွက်ချည် ၂ခါလောက်လုပ်ချိန်၊ စင်ကာပူနိုင်ငံထွက်ခွာမဲ့ လေယဉ်က ၀န်ထမ်း၂ဦး လ.၀.က တာဝန်ခံရုံးအထိ ရောက်လာပြီး၊ ခရီးသည်တစ်ဦးကျန်နေပါတယ်။ လေယဉ်တံခါးပိတ်တော့မှာမို့ လိုက်ဖြစ်၊မဖြစ် လာမေးတယ်။ ကျုပ်ရဲ့ အိတ်တွေ စင်ကာပူပါသွားတော့မယ်၊ ပြန်ရွေးထုတ်ဖို့ မဖြစ်နိုင်တော့ စင်ကာပူကိုပါသွားမယ် ..နောက်မှ ပြန်လာပေးပါမယ်၊ ဖြစ်မလားလို့ လေယဉ်ဝန်ထမ်းကမေးတော့ ကျုပ်က ကိစ္စမရှိဘူး၊အိတ်တွေ စင်ကာပူသယ်သွားလဲကိစ္စမရှိဘူး။ ခင်ဗျားတို့ ကြိုက်သလိုလုပ်တော့ဗျာ။ ကျုပ် ဘာမှမတတ်နိုင်ဘူး။ ဘုရားသခင်အလိုတော်ပဲ ..လို့ပြောလိုက်ပါတယ်။  လ.၀.က တာဝန်ခံ ကိုအောင်က သူ့အရာရှိဗိုလ်ကြီးဆိုသူထံ ဒုတိယအကြိမ်ဖုန်းဆက်ပြီ၊ ဒီလူက တစ်ယောက်ထဲမဟုတ်ဘူးဗျ၊ မိသားစုပါတယ်။ သူ့အိတ်ကို ပြန်ထုတ်ရင် လေယဉ် Delay ဖြစ်တော့မယ်၊ ဘယ်လိုလုပ်ရမလဲဗိုလ်ကြီး..မေးပြီး ဖုန်ချလိုက်တယ်။

ပြီးတော့ လေယဉ်ဝန်ထမ်း၂ယောက်နဲ့ ကျုပ်မိတ်ဆွေ စသုံးလုံးဝန်ထမ်းရှေ့မှာ ခင်ဗျားကိုထောက်ထားညှာတာမှုနဲ့ ဒီတစ်ခေါက်ခွင့်ပေးလိုက်မယ်။ ၀န်ကြီးဌာနက ကင်းရှင်းကြောင်းစာယူလာပေးပါမယ် ..ဆိုတဲ့ ကတိခံဝန်ချက်ကို လက်မှတ်ထိုးပါ။ ဆိုပြီး စာအုပ်တစ်အုပ်ထုတ်လိုက်ပြီး အထဲကစာရွက်ဗလာကြီးကို လက်မှတ်အမြန်ထိုးခိုင်းနေတယ်။ ကျုပ်က စာအုပ်လှန်လှောကြည့်တော့ ဗကပကိစ္စ၊ လက်နက်ကိုင်ကိစ္စ၊ ထောက်လှမ်းရေး၊ နိုင်ငံတော်ပုန်ကန်မှု၊ NCGBU, ABSDF  နိုင်ငံရေးအမှု..တွေကို လွှတ်ပေးထားတဲ့ ခံဝန်ချက်စာတွေ ဖြစ်နေတယ်။ လ.၀.က တာဝန်ခံ ကိုအောင်က အချိန်မရှိရတဲ့အထဲ ခင်ဗျားကလဲဗျာ ..ပြောရင်   ၀န်ကြီးဌာနက ကင်းရှင်းကြောင်းစာယူလာပေးပါမယ် ...လို့ အမြန်ရေးလိုက်ပြီး၊ ကဲ ..လက်မှတ်ထိုးဗျာ...ပြောလို့ ထိုးလိုက်တယ်။ ထိုးပြီးတာတဲ့ ကျုပ်ရဲ့ ကြောပိုးအိတ်၊ လက်ပတော့အိတ်၂ခုကို လေယဉ်ဝန်ထမ်း၂ဦး ဆွဲပြီး၊ အန်ကယ်၊ လေယဉ်ထွက်တော့မယ်။ မြန်မြန်..မြန်မြန် ..ပြောပြီး .. ပြေးပါလေရော၊ အသက်၅၀အရွယ် ကျုပ်လည်း ပုံပျက်ပန်းပျက်၊ လေယဉ်ဝန်ထမ်း မိန်းကလေးနဲ့ယောင်္ကျားလေး၂ယောက်နောက် ပြေးလိုက်ရတာပေါ့။ ဂိတ်အဆင့်ဆင့်ကလည်း အမြန်လုပ်ပေးတော့ ၂မိနစ်အတွင်း လေယဉ်ဆီရောက်တယ်။ တံခါးပိတ်၊ ဂျိတ်၊ လေယဉ်လဲထွက်တော့တာပါပဲ။

စင်ကာပူလေဆိပ်ရောက်မှ ကျန်ခဲတဲ့မိတ်ဆွေကို တယ်လီဖုန်းဆက်ပြီ၊ ရောက်ပြီ၊ အဆင်ပြေသွားပါတယ် ..ပြောရတယ်။ ပြေမှပေါ့ကွ...ငါက ယူအက်ဒေါ်လာ ၂၀၀ ပေးလိုက်တာကိုး...လို့ပြောတော့ ကျုပ်လည်း လဒငိုင် ဖြစ်သွားတယ်။ ကျုပ်ကိုယ်တိုင် လပ်မပေးချင်လို့ တောင့်ခံထားတာ ..အခုတော့ ကျုပ်လည်း ဒီပုပ်ထဲက ပဲဖြစ်သွားတာကိုး....။ (မြန်မာ့ဝန်ထမ်းများလစာနှင့်မလောက်ပြောပြီး အာဏာရှိသူများက သူတို့အိပ်ထဲရသရွေ့ထည့်နေဆဲပါ)။


လ.၀.ကနှင့်အခက်အခဲ ဒုတိယအကြိမ်၊  နေ့ရက်၊ ၁၇ ဇန်-၂၀၁၃၊ မင်္ဂလာဒုံလေဆိပ်
မြန်မာပြည်က မိတ်ဆွေက မင်းအတွက် ၀န်ကြီးဌာနက ကင်းရှင်းကြောင်းထောက်ခံစာ ငါယူပေးမယ်၊ ကျပ်၅ထောင် ရော်ကြေးငွေပေးပြီးကြောင်း ချလံ၊ ငွေရပြေစာ ပို့ပေးပါ ..ပြောပေမဲ့၊ ပေါ့ပေါ့ပဲနေလိုက်ပါတယ်။ နောက်တစ်ခေါက်လာမှ ဒီကိစ္စ မကြေပွဲနွဲလိုက်ဦးမယ် စိတ်ကူးထားတယ်။  ဒီတစ်ခေါက်ပြန်တော့ ထုံးစံအတိုင်း ပြည်တွင်းအ၀င်ကတော့ အိုကေပါတယ်။ မိဘ၊မိတ်ဆွေများနဲ့တွေ့ပြီး မြန်မာပြည်ပြုပြင်ပြောင်းလဲမှု အံ့မခန်းဖြစ်နေတာတွေ မြင်ရတယ်။ လစဉ် ပြည်ပအလုပ်လုပ်သူများ အခွန်ပေးစရာမလိုတော့ကြောင်း သမ္မတဦးသိန်းစိန် အစိုးရကကြေညာလိုက်တော့ ၁-ဇန်-၂၀၁၂ ကစပြီး သံရုံးအခွန် အနှစ်၂၁နှစ် ပေးရတာ တစခန်းသိမ်းသွားတယ်။ အခွန်နှုန်းကို ၂၀၀၈ကစပြီး ကန်ဒေါ်လာ၁၀၀ပဲပေးရပေမဲ့ တစ်နှစ် ဒေါ်လာ၁၀၀၀ ဆိုတော့ ပေါက်ဈေးအရ ကျပ်၁၂သိန်း ဖြစ်နေတယ်။ ကျပ်၁၂သိန်းဆိုတော့ မြန်မာပြည်မှ ပိုမိုလှုဒါန်း၊ ပေးကမ်းနိုင်မှာဖြစ်လို့ ပျော်ရွှင်ရပါတယ်။ စကားမစပ်ရေးရရင် စင်ကာပူရောက်တဲ့ ၁၉၉၀ ကနေ ၂၀၁၂ အထိ ၂၁နှစ်လုံး တစ်လ ကန်ဒေါ်လာ ၁၂၀နှုံးနဲ့ အသက်အာမခံစုဆောင်းထားရင် အတိုး၊အရင်းငွေ စုစုပေါင်း ဒေါ်လာတစ်သိန်းလောက် နိုင်ငံတောက်ကို လှုဒါန်း၊ အခွံဆောာင်ခဲ့ပြီးတဲ့ တာဝန်ကြေ နိုင်ငံသားကောင်းပေါ့ဗျာ။ ကားပါမစ်လျှောက်ပါလား..ပြောလာသူများကိုလည်း ... ရှုပ်ရှုပ်ရှက်ရှက် မလုပ်လိုဘူး ပြောပြီး ..မလျှောက်ခဲ့ပါဘူး။ အေးအေးနေခွင့်ရတာပဲ ဘုရားသခင်ကို ကျေးဇူးအထူးတင်မိ
သမ္မတရုံးအင်တာနက်ဝက်ဆိုက် Black List စာရင်းများ
ထုံးစံအတိုင်း လေဆိပ်ကွန်ပြူတာမှာ ဘီအယ်လ် Black List သွင်းခံထားရတဲ့ စက်မှု(၁)က ကျွန်တော့မိတ်ဆွေများ ....စာရင်းကိုကြည့်မိတယ်။ ညွန်ကြားရေးမှုးအဆင့်အထိ လူပေါင်း ၄၀၀လောက် ရှိတယ်။ သြော် ..ဒါလောက်များတဲ့လူတွေ၊ ၀န်ကြီးဌာန၃၀စလုံးကို ပေါင်းလိုက်ရင် သောင်းနဲ့ချီ စာရင်းရှိမှာပဲ၊ ၀န်ကြီးဌာနနဲ့ ပိုင်လို့ စာရင်းဖျောက်နိုင်သူများလည်း ရှိတာပေါ။ သမ္မတရုံးအင်တာနက်ဝက်ဆိုက်မှာ ဗကပကိစ္စ၊ လက်နက်ကိုင်ကိစ္စ၊ ထောက်လှမ်းရေး၊ နိုင်ငံတော်ပုန်ကန်မှု၊ NCGBU, ABSDF  နိုင်ငံရေးအမှု.တွေနဲ့ Black List စာရင်းမှ ပယ်ဖျက်ပေးသူများ ထောင်ပေါင်းများစွာမှာ ကိုယ့်နာမည်များ ပါနေမလား .. ကြည့်တော့ ဘယ်ပါမလဲဗျာ.... ။ ကျုပ်အမှုက ၀န်ထမ်းပြေးဆိုတော့ အရမ်းအပြစ်ကြီးနေသလားမသိ၊ အသိပညာရှင်၊ အတတ်ပညာရှင်ဆိုတော့ တိုင်းပြည်ကထွက်ပြီး ပြည်ပထွက်အလုပ်လုပ်၊ အခွန်လစဉ်ဆောင်ပေးတာလဲ ၀န်ကြီးဌာနတွေက အခဲမကြေနိုင်သေးသလားမသိပါ။


ကျွန်ုပ်၏ လေဆိပ် လ.၀.က ပြသနာဖြေရှင်းနည်း
လေဆိပ်ကွန်ပြူတာမှာ Black List ရှိသေးသလား သေချာအောင် ကြည့်ပေးဖို့လည်း ဘယ်သူမှ လုပ်မပေး၊  ညွန်ကြားရေးမှုး (ဗိုလ်မှုး ဦးဆွေနဲ့ သိတယ်ဆိုသူလည်း လှမ်းမေးတော့ ဘာမှမထူး၊ ညွန်ကြားရေးမှုးချုပ် ဗိုလ်မှုးကြီး ကိုကိုနဲ့ ဗိုလ်သင်တန်းမှာ ကုတင်ချင်းကပ်အိပ်ဖူးသူ စစ်ဗိုလ်ဟောင်းကို အကူညီတောင်းတော့လည်း ထုံဏှိဘာဝေ၊ ၀န်ကြီးဦးစိန်ရရဲ့ တူတော်စပ်သူကလည်း ...ကြုံရင်မေးပေးပါမယ်  ..ပြောတယ်။ မြန်မာပြည်အလည်ပြန်လာတဲ့ ၄ပတ်ခရီးစဉ်မှာ လေဆိပ် Black List ၀န်ထမ်းပြေး သောင်းနဲ့ချီတဲ့စာရင်းဝင် လူဆိုးကြီးများကို ခွင့်လွှတ်ပါရန် နိုင်ငံတော်အစိုးရဆီ တင်ပြပေးမဲ့လူ လိုနေပါတယ်။  နောက်ဆုံး သမ္မတကြီးရဲ့ သမီးနဲ့ မိတ်ဆွေဖြစ်ရင်တောင် .. ရှင်တို့ ..ဆေးရိုးသယ်ကိစ္စ ဒယ်ဒီလဲစိတ်မ၀င်စားဖူ၊ ကျမလည်း စိတ်မပါဘူး။ အောက်လမ်းနဲ့ပဲ ရှင်းလိုက်ကြပါနော်...လို့ အပြောခံရမှာ မြင်ယောင်သေးတယ်။

နောက်ဆုံးတော့ လေဆိပ် လ.၀.က ပြည်ပထွက်ခွာရုံးကို ကိုယ်တိုင်သွားပြီး အောက်ပါ စာလေးကို လိုက်ပြတယ်။ လေဆိပ် တာဝန်ခံများနဲ့ ဗမာပီပီ အော်ဟစ် အခြေတင်ပြောရတဲ့အထိ ဖြစ်လာတယ်။ ခင်ဗျားတို့ ၀န်ကြီးဌာနတွေက ညွန်ကြားထားလို့ ကျွန်တော်တို့ လ.၀.က ကလုပ်ရတာ၊ လုပ်ချင်တာမဟုတ်ဘူး။ ကြားထဲက လူလူချင်းထောက်ထား၊ စာနာမှုနဲ့ ကျွန်တော်တို့လုပ်ပိုင်ခွင့်ထဲက လက်မှတ်ထိုး၊ ပြည်ပထွက်ခွာခွင့်ပေးရတာလည်း ကျွန်တော်တို့ တာဝန်ကြီးတယ်။ ဘာညာပေါ့ဗျာ...။

 

တာဝန်ခံဦးစီးမှုး
လူဝင်မှုကြီးကြပ်ရေးဌာန (လ.၀.က)
မင်္ဂလာဒုံလေဆိပ် (ပြည်ပထွက်ခွာ)
ရန်ကုန်                                                                                            Date: 6th Feb 2013

အကြောင်းအရာ။    ။ ၂၀၁၂တွင် ၀န်ထမ်းပြေးအဖြစ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခံရခြင်းကိစ္စ

လူကြီးမင်းခင်ဗျား

ကျွန်တော်သည် မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ စက်မှု(၁) ၀န်ကြီးဌာနတွင် အလုပ်ရုံခွဲမှုးအဖြစ် ၄နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ၁၉၉၀တွင် ပြည်ပမှ အင်ဂျင်နီယာအလုပ်အကိုင်ရရှိသဖြင့် အလုပ်ထွက်စာတင်ခဲ့ရာ ထွက်ခွင့်မရသဖြင့် လစာမဲ့ခွင့်တင်ကာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ခဲ့သည်။ ၁၉၉၂တွင် ၀န်ကြီးဌာနမှ အလုပ်ထုတ်ပယ်စာ ရရှိပါသည်။ ထိုစာတွင် ဘွဲ့ရော်ကြေးငွေ ကျပ်၅၀၀၀ မသွင်းပါက အရေးယူမည်ဟူသော ပါရှိသဖြင့် ပြည်ပမထွက်ခင် ကတည်းက ကျပ်၅၀၀၀ နိုင်ငံတော်အစိုးထံသို့ပေးသွင်းခဲ့ပြီး ဘဏ်ချလံကို ၀န်ကြီးဌာနသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

၁၉၉၂မှစပြီး မကြာခဏဆိုသလို မြန်မာပြည်သို့ မိဘဆွေမျိုးများထံ အလည်ပတ် လာရောက်နိုင်ခဲ့ပါသည်။ သို့သော် ၂၀၀၃တွင် ကျွန်တော်အပါအ၀င် ၀န်ထမ်းများစွာအား စက်မှု(၁) ၀န်ကြီးမှ ၀န်ထမ်းပြေးအဖြစ် ကြေငြာပြီး၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ပဲ အစိုးရသစ် ၂၀၁၀ အစိုးရသစ် ပြောင်းလဲပြီးနောက်တွင် လာရောက်နိုင်ခဲ့ပါသည်။

သို့သော် ပြည်ပထွက်ခွာ ကွန်ပြူတာစနစ်တွင် ကျွန်တော်တို့အား Black List အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်ကို ၀မ်းနည်းစွာ လက်တွေ့ သိရှိရပါသည်။ ကျွန်တော်ပြည်ပသို့ ပြန်လည်ထွက်ခွာစဉ် လေဆိပ်တွင်မှအခက်အခဲမဖြစ်လိုပါ။  ထိုကိစ္စကို ပြည်ပမထွက်ခွာမှီ ရှင်းလင်းလိုပါသည်။

သို့ဖြစ်၍ လူကြီးမင်းတို့၏ လ.၀.က ဌာနမှ လမ်းညွန်မှုလိုအပ်ပါသဖြင့်၊ မည်သို့ လုပ်ဆောင်ရမည်ကို ရှင်းလင်းပြောပြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးဝတ်မှုန် (မှတ်ပုံတင်  x x x x )
Peanut Media,  Singapore 
Tel: +65 x x x     Email:  xxx@gmail.com
Website: www.peanutmedia.com

နောက်ဆုံးတော့ အဲဒီ လေဆိပ် လ.၀.က အရာရှိအုပ်စုကြီးထဲက တာဝန်ခံတစ်ဦးက ခင်ဗျားအတွက် ကျုပ်လုပ်ပေးပါမယ်။ စိတ်ချပါ၊ ပြသနာလုံးဝမဖြစ်စေရပါဘူး..ပြောပြီး ပြေလည်သွားပါတယ်။ နောက် တကယ် ပြည်ပထွက်ချိန်မှာ ပြသနာမဖြစ်ပဲ အေးဆေးစွာ ထွက်လာနိုင်ခဲ့ပါတော့တယ်။ ကိုယ့်ပြသနာ..ကိုယ်တိုင်ရှင်းမှရပါမယ်။ ဟိုး. န.အ.ဖ ခေတ်ဆိုရင် ကျွန်တော် ဘယ်..ကိုယ်တိုင်သွားရှင်းရဲပါ့မလဲဗျာ... ဆွဲစိ ခံလိုက်ရမှာပေါ့။
 



ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်မှ ၀န်ထမ်းများ
လေဆိပ်က ၀န်ဆောင်မှုဝန်ထမ်းတွေကို အေးရှားဝါးက အရှုံးခံလုပ်ပေးနေတယ်။ လေဆိပ် မြို့ပြ၊ စက်မှု၊ လျှပ်စစ် အင်ဂျင်နီယာတွေတောင် အိတ်သယ်ပေးတာ၊ ဒီဖေါင် D.Form လုပ်ပေးတာ၊ Foreigner Overstay $3.00 per day penalty ဆောင်ပေးတာ စတဲ့ ဆားဗစ်လုပ်ငန်းတွေပဲ အောက်ဆိုက်လုပ်ရင်း ၀င်ငွေရှာရတယ်.တဲ့။ တကယ့် လုံခြုံရေး၊ ခရီးသွားများကို ကူညီရေး၊ လေဆိပ်နဲ့လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးကို အေးရှားဝါးကုမ္ပဏီကပဲ လုပ်နေတယ် သိရတယ်။ ဒါနဲ့ လေဆိပ် လ.၀.က ခရီးသယ်ကောင်တာက၊ အမျိုးသမီးငယ်လေးများကို ..Immigration ကိုလည်း ကန်ထရိုက်မပေးသေးဘူးလား..ရယ်စရာပြောတော့ ..မေခလာ နာမည်ရင်ထိုးနဲ့ အမျိုးသမီးက ...ဒါဆိုရင် သိပ်ကောင်းတာပေါ့။ ကျွန်မတို့မှ လစာငွေ ကျပ်၈သောင်းနဲ့ အိုဗာတိုင်လဲမရ၊ နားရက်မရှိ လုပ်လိုက်ရတာ.. ဟေ့.. မစန္တာရေ ၊ ဟောဒီ အစ်ကိုကြီးက စင်ကာပူမှာဆို အင်မီဂရေးရှင်းကောင်တာ အလုပ်က ဒေါ်လာ၂ထောင်လောက် ရတယ်တဲ့။ ငါတို့များ ဒေါ်လာ၁၀၀ နဲ့ လုပ်လိုက်ရတာ ...ပြောရှာပါတယ်။ အင်းလေ... သူတို့ခမြာ အောက်ဆိုက် (လက်ဆောင်) မရပဲ လုပ်ရရှာတယ်။ တာဝန်ခံများကတော့ ခြစားစနစ်ကနေ မျှစားစနစ်ကို အောင်မြင်စွာ ပြောင်းလဲနေကြပြီ၊ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်ကတော့ လစာတစ်သိန်းအောက် ၀န်ထမ်းများမပါသေးပါ။ (မှတ်ချက်၊  အေရှားဝါးသည် အမေရိကန်တွင် သေဒဏ်ပေးခံထားရသော ၀ိသမလောဘသမား၊ ဘိန်းဘုရင်ဟောင်း ခွန်ဆာ ၏ ဆွေမျိုးများပိုင်ဖြစ်ပါသည်)။


ပြသနာဖြေရှင်းနည်းနှင့်လူကိုပြုပြင်ပြောင်းလဲမှု
ထုံးစံအတိုင်း ဘယ်နည်းနဲ့လုပ်ရမလဲ ပြောပါခင်ဗျာ ..ဆိုတော့ လ.၀.က တာဝန်ခံက ၀န်ကြီးဌာန ကင်းရှင်းကြောင်းစာသွားယူတာ အကောင်းဆုံးပဲတဲ့။   အလိုလေး၊ နေပြည်တော်ထိ သွားရမှာဗျ၊ ပြီးတော့ အများကြီးပေးကမ်းရဦးမယ်။ ရက်ပိုင်းနဲ့ ပီးချင်မှပြီးမယ်။ ဒါက ၀န်ကြီးကိုယ်တိုင် လက်မှတ်ထိုးရမလို ဘာလိုလိုပေါ့ဗျာ။ ဒါကြောင့်ပဲ ကျုပ်မိတ်ဆွေ၊ ၀န်ကြီး၊ ဒုဝန်ကြီး၊ ညွန်ချုပ်၊ ညွန်မှုးများနဲ့ သူတို့စာရေးများ လစာ၂သိန်းအောက်ပဲရပြီး၊ လက်မှတ်တွေထိုးလိုက်ရတဲ့ ဗဟိုဦးစီးစနစ်က ရှိနေဆဲကိုး၊  ဟ..၀န်ကြီးဌာနတင် ဗဟိုဦးစီးစနစ် (လက်မှတ်ချည်းထိုးရတာ) ရှိတုန်းပဲလား ..မေးကြည့်တော့ ..ပြည်တွင်းကုမ္ပဏီတွေလည်း ဒီအတိုင်း ဗဟိုဦးစီးစနစ်ပဲ၊ လက်မှတ်ချည်းထိုးနေရတယ်...တဲ့။ .ပြည်တွင်းကုမ္ပဏီ ဒါရိုက်တာ၊ မန်နေဂျာ လူကြီးတွေလည်း နိုင်ငံတော်အစိုးရဌာန စစ်အမှုထမ်း၊ ရုံးမှုထမ်း ၀န်ထမ်းဟောင်းတွေပဲ ဆိုတော့ အိုမင်းဆွေးမြေ့နေတဲ့ စနစ်ဟောင်းကြီးကို အစိုးရသစ်၊ ကုမ္ပဏီအသစ်ချက်ချွတ်၊ နေပြည်တော်အသစ်ချက်ချွတ်မှာ စနစ်ဟောင်းကို ဖျောက်ဖို့တော့ ခဲယဉ်းနေဆဲပါ။ အီဘော်လူရှင်းနည်းနဲ့ပဲလုပ်နေရပါတယ်။ ရီဘော်လူးရှင်းမဟုတ်တာပဲ ကောင်းသလိုပဲ။ မြန်မာဓါတုအင်ဂျင်နီယာ RIT စီနီယာတစ်ဦးကတော့ နိုင်ငံခြားစံချိန်မီ စီးပွားရေးစနစ်ပြောင်းရင် အနည်းဆုံး ၅နှစ်အထက် ကြာမှာပဲလို့ ပြောတယ်။ လျှပ်စစ်အင်ဂျင်နီယာ RIT စီနီယာတစ်ဦးကတော့ ကွန်ပြူတာဖေါ်မက်လုပ်သလို Format လုပ်ပစ်လိုက်၊ လူဟောင်းတွေ ရှင်းပစ်လိုက်ပြီး၊ အသက်၃၀အရွယ် (ဗိုလ်ချုပ်အောင်ဆန်းအရွယ်) လူသစ်တွေနဲ့ အစားထိုးပစ်လိုက်တာကောင်းတယ် ..ပြောပြန်တယ်။ အပြောကောင်းသူတွေ များပြီးလက်တွေ လုပ်နိုင်သူတွေ ရှားတဲ့ မြန်မာပြည်မှာ စာရေးဆရာ ဆရာအောင်သင်း စာပေဟောပြောပွဲ စစ်ခွေး အယ်လဇေးရှင်းခွေးတွေအကြောင်း Black Pearl Engineering ကလာတဲ့ အီးမေးမှာ ဖတ်လိုက်ရတယ်။ စစ်ခွေးတွေ အလွန်တော်ကြောင်း၊ ခိုင်းတဲ့အတိုင်းလုပ်တတ်ကြောင်း၊ မြန်မာခွေးကို လေ့ကျင့်ပေးရင် ဖြစ်နိုင်မလားလို့ ဆရာအောင်သင်းက မေးတော့ စစ်ခွေးလေ့ကျင့်ရေးမှုး ဗိုလ်ချစ်မောင်က ဖြေတယ်...မြန်မာခွေးကိုသင်ပေးရင် တတ်တာပေါ့ဗျာ၊ မြန်မာခွေးက သင်ပေးရင် အကုန်တတ်လွယ်တယ်။ ဒါပေမဲ့ စိတ်မပါရင် ခိုင်းတာမလုပ်တော့ဘူးဗျ။ စစ်မြေပြင်မှာ စိတ်ပါမှလုပ်မယ်ဆိုတာမျိုး မရဘူး၊ မြန်မာခွေးကို မျိုးဆက် အနည်းဆုံး ၁၅ဆက်လောက် လေ့ကျင့်ပေးမှ အယ်လဇေးရှင်းစစ်ခွေး စရိုက်ကိုရမယ်..လို့ရေးထားတယ်။ အဲ.. ကျုပ်ကတော့ မှတ်ချက်ရေးရမယ်။..



နိဂုံးချုပ်
မြန်မာခွေးကို သင်ကြားပေးဖို့ ဆရာအောင်သင်းအဆိုအရ မျိုးဆက်၁၅ဆက်လောက် (အနှစ်၁၅၀) လိုပေမဲ့ လူဖြစ်တဲ့ မြန်မာလူမျိုးကို လေ့ကျင့်သင်ကြားပေးရင် ဥပမာ..သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်သင်ကြားပေးရင် မျိုးဆက်တစ်ဆက်နဲ့ ဖြစ်နိုင်မှာပါ (အကောင်းမြင်ဝါဒ Positive Attitude ပေါ့ဗျာ)။ စင်ကာပူမှာတော့ ကျောင်းဆရာမတွေကို လစာကောင်းကောင်းပေးပြီး အရင်သင်ကြားပေးပါတယ်။ ဆရာမတွေက တစ်တန်းကနေ ၁၀တန်း (Sec 2) အထိသင်ပေးတော့ မျိုးဆက်တခု ၁၀နှစ်ဆို သိသိသာသာ Attitude စိတ်နေသဘောထား ပြောင်းလဲလာပါတယ်။ မြန်မာလူမျိုးက နာခံမှုနည်းတော့ မျိုးဆက်တစ်ဆက်နဲ့ မရရင် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ်၂၀ မျိုးဆက်၂ဆက် သင်ကြားပို့ချရမယ်။ အဲဒီ နောက်အနှစ်၂၀အချိန်ဆို မြန်မာသမ္မတအသစ်က ကျွန်တော် ဦးဝတ်မှုန် ဖြစ်နေပြီး၊ သမ္မတဟောင်းဦးသိန်းစိန် နဲ့ အင်အယ်ဒီပါတီဥက္ကဌဟောင်းဒေါ်အောင်ဆန်းစုကြည် တို့က သမ္မတအကြံပေး စီနီယာသမ္မတရာထူးပေါ့ .. ဟဲဟဲ...ရယ်စရာရေးတာပါ။

ဝန်ထမ်းပြေး၊ ရာဇ၀တ်ကောင်များခင်ဗျား... ကျွန်တော်တို့အတွက် မကြာခင် သမ္မတထံ အသနားခံစာတင်သွင်းပေးမဲ့ ရှစ်လေးလုံးမျိုးဆက်သစ် ကိုဖိုးပါ ထံသို့ အကူညီတောင်းထားပါပြီ။ မကြာခင်မှာ ပညာမတောက်တခေါက်တတ်သူ  ကျွန်တော်တို့ ၀န်ထမ်းပြေး၊ရာဇ၀တ်သားအဖြစ်မှ လွတ်မြောက်မယ်မျှော်လင့်ပါကြောင်း။ ကိုဖိုးပါ ဆီတော့  အမည်၊နာမ၊အချိန်များကို အမှန်အတိုင်းရေးပို့ထားပါတယ်။ သို့သော် အားနာစရာရှိလို့ ဒီဆောင်းပါးမှာတော့ အမည်၊နာမ၊အချိန်များကို ပြောင်းလဲရေးထားပါတယ်။

အားလုံးရွှင်လန်းပါစေ
ပြည်ပရောက်ဝန်ထမ်းဟောင်းတစ်ဦး

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37228] အချိန်တိုတိုနဲ့ အင်္ဂလိပ်စာလေ့လာကြမယ်

အချိန်တိုတိုနဲ့ အင်္ဂလိပ်စာလေ့လာကြမယ်
http://www.thebestenglish4you.com/

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

Burma News International - February 7, 2013

Burma News International

Burma News International
February 7, 2013

KNU attends ‘peace talks’ between Govt and Kachin

The Kachin Independence Organization (KIO) met with representatives of the Burma government’s peace committee on the China Burma border early this week.

Rice shortages in Chin State due to bad weather, pests

There have been severe rice shortages in Htantlang Township, Chin State due to bad weather and pest attacks, according to MPs from the Chin National Party (CNP).

Rohingya villagers convicted for sectarian violence

Eleven Rohingya villagers were sentenced to ten years for taking part in the June sectarian in Arakan during a trial in Maungdaw on Tuesday.

Impending release of aid to those in Kachin state

After facing mounting pressure, both domestically and internationally to allow humanitarian aid to displaced Kachins and Shan affected by the ongoing conflict in northern Shan and Kachin states the Myanmar government has finally relented granting the UN and other international aid groups access to areas controlled by the Kachin Independence Organization (KIO).

Diversity added to President Thein Sein’s administration

Personnel changes are shifting the focus of President Thein Sein’s administration, and helping to mold a more diverse political system for the country of Myanmar.  Yesterday, Myanmar's president appointed opposition lawmaker Tin Shwe, to his cabinet.

Authorities increase harassment in Maungdaw

Military Affairs Security officers (MAS), also known as Sarapa, arrested three Muslim merchants at the Maungdaw checkpoint. At the time of press, it’s unknown why the 3 men were arrested.

Army shells KIO positions while leaders meet for peace

At the same time Kachin Independence Organization (KIO) leaders met with central government representatives for peace talks in the Chinese border city of Ruili, soldiers stationed at Lajayang were shelling KIO positions.

Govt to grant amnesty to political prisoners

The Myanmar government will form a committee to scrutinize the remaining political prisoners in the country with a view to granting them liberty soon, The New Light of Myanmar reported on February 7.

KIO anniversary marked in besieged Laiza

The Kachin Independence Organization (KIO) held a short ceremony at their besieged Laiza headquarters to commemorate the anniversary of the group's original uprising against Burma's central government.

Sino-Myanmar jade trade in for a bumpy ride

It didn’t take much to have the grapevine buzzing with concern. A rumor, said to originate in Myanmar, quickly spread to China. The gist of it was that there was an official message from the Nayptitaw government about plans to ban the export of raw jade stone starting sometime this year. It was part of an alleged scheme to have the country’s new capital become the go-to place for stone-cutting and polishing, giving a desired value-added element to a very important export commodity.

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်လုပ်ငန်း ခွင့်မပြုကြောင်း အစိုးရပြော

ကယား(ကရင်နီ)ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းအတွက် လာရောက် ရင်းနှီးမြုပ်နှံသည့် မည်သည့်အဖွဲ့အစည်းမဆို ပြည်နယ်၏ အရင်းအမြစ်တွေ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မည်ဆိုပါက ၎င်းကုမ္ပဏီကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသအတွင်း လေထု ရေထု ညစ်ညမ်းမူများ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများနှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေး-ဘုရားသုံးဆူ ကားလမ်းတွင် ဂိတ်ကြေးအလွန်များ

မွန်ပြည်နယ်၊ ရေးမြို့မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နုယ်ခွဲ ဘုရားသုံးဆူမြို့ အထိ မော်တော်ကားလမ်း တလျှောက်တွင် ဂိတ်ကြေးများပြားစွာ ပေးဆောင်နေကြရသည်ဟု ယင်းလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

နေရပ်ပြန်ပို့မည့် ကိစ္စအပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်သံ မှတ်တမ်းရုပ်ရှင်ပြသ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို မြန်မာအစိုးရ မှ နေရပ်သို့ ပြန်လည်နေရာချထားမည့်ကိစ္စအပေါ် ဒုက္ခသည်များ၏ကိုယ်တိုင် စိုးရိမ်ပူပန်မှု ရင်ဖွင့်စကားသံ မှတ်တမ်းရုပ်ရှင်တစ်ခုကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယနေ့မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြသခဲ့သည်။

ဟားခါး ချင်းလူငယ်တွေ ပေါင်းစည်းပြီ

ချင်းပြည်နယ်မြို့တော် ဟားခါးရှိ ချင်းလူငယ် အဖွဲ့ (၄) ဖွဲ့ ပေါင်းစည်း၍ ချင်းလူငယ် အဖွဲ့ ချုပ် (Chin Youth Organization) ကို  ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူ

တနှစ်ကျော်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံ စီမံကိန်းရှိ တရုတ်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပို ရေးရှင်း(CPI) က စက်ပစ္စည်းများကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူနေ သည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ပြောသည်။

ပြည်ထောင်စုနေ့ တက်ရောက်ရန် PSLF အား ဖိတ်ကြား

နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာ စားပွဲကို တက်ရောက်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) အား မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ယမန်နေ့ ညနေပိုင်းက ဖိတ်ကြားစာ ပေးပို့လိုက်သည်။

တရားမ၀င်သေးသည့် လမ်းများ အသုံးမပြုဖို့ ဆက်ဆံရေးရုံး သတိပေး

ကယား(ကရင်နီ)ပြည်နယ်နဲ့ နယ်ချင်းစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသက နယ်စပ်လမ်းတွေဟာ တရားဝင် ဖွင့်လှစ်ထားခြင်း မရှိသေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာမှု မပြုလုပ်သင့်သေးကြောင်း ကရင်နီဆက်ဆံရေးရုံးက ပြောပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်ရွှေးရန် ဖိအားပေးသူ မြို့နယ် အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ

ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်သည် ကူးတို့ဆိပ် ကျေးရွာ အုပ်စုတွင် သူလိုလားသူ ကျေးရွာ အုပ်ချုပ်ရေးမှူး မဖြစ်လာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွှေးချယ်ရန် ကျေးရွာသားများကို ဖိအားပေးရာ ကျေးရွာသားများက စုပေါင်း လက်မှတ်ထိုးပြီး ဦးတင့်လွှင်အား အရေးယူရန် စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:37227] Fwd: [လူဗိုလ်ဟူသည် ...] “အရည်အချင်းရှိသူတို့၏ ခေတ်”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/6
Subject: [လူဗိုလ်ဟူသည် ...] "အရည်အချင်းရှိသူတို့၏ ခေတ်"
To: lubo601@gmail.com



မတ်လ (၂၄) ရက်၊ တနင်္ဂနွေနေ့ ညနေက ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရှိ ကိုဒတ်ရုပ်ရှင်ရုံကြီး၌ ကျင်းပသော အ မေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်သည့် (၇၄) ကြိမ်မြောက် အော်စကာဆုနှင်းသဘင်ကို တီဗွီ ဖန်သားပြင်ပေါ် တွင် ကျနော် တိုက်ရိုက်ကြည့်ရှုခွင့်မကြုံခဲ့ဘဲ ထိုအပတ်ထုတ် ဂျာနယ်များတွင်မှ မှတ်တမ်း ဓာတ်ပုံ စုံစုံလင်လင် ဖြင့် ပြည့်ပြည့်စုံစုံ ဖတ်ရှုခဲ့ရပါသည်။

အော်စကာဆုပေးပွဲသမိုင်းတွင် လူမည်းသရုပ်ဆောင်တို့ မကြုံစဖူး ထူးကဲစွာ အောင်ပွဲခံခဲ့သည့် ၀မ်းမြောက် ဖွယ် အထိမ်းအမှတ်ပွဲကြီးလည်းဖြစ်ခဲ့သည်။ လူမည်းမင်းသားကြီး ဆစ်ဒနီပွိုင်တီးယေးက ဘ၀တသက်တာအ တွက် ဂုဏ်ထူးဆောင် အော်စကာဆုကိုလည်းကောင်း၊ လူမည်းမင်းသား ဒင်ဇယ်ဝါရှင်တန်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုလည်းကောင်း၊ လူမည်းမင်းသမီး ဟယ်လီဘာရီက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိကြပြီးဖြစ်ပေမည်။

မင်းသားကြီး ဆစ်ဒနီပွိုင်တီးယေးနှင့် မင်းသား ဒင်ဇယ်ဝါရှင်တန်တို့၏ သရုပ်ဆောင်မှု အတတ်ပညာကောင်း ခြင်းကို ကျနော့်အနေနှင့် ကြိမ်ဖန်များစွာ ကြည့်ရှုခဲ့ဖူးသော်လည်း မင်းသမီး ဟယ်လီဘာရီ၏ သရုပ်ဆောင်မှု အတတ်ပညာနှင့်မူ အနည်းငယ် စိမ်းနေခဲ့ပါသည်။ ဓာတ်ပုံကို သေချာစွာ ကြည့်ရှုမိသည့်အခါမှ ကျနော်ကြည့်ရှု ခဲ့ဖူးသော ရုပ်ရှင်ဇာတ်ကားတကားတွင် သူမ၏ သရုပ်ဆောင်မှု အနုပညာကို စွဲလမ်းနှစ်ခြိုက်ခဲ့ရသည့် လူမည်း မင်းသမီးလေး ဖြစ်နေသည်ကို ပြန်လည်မှတ်မိသွားတော့သည်။

ကျနော် ကြည့်ရှုခဲ့ဖူးသော ထိုဇာတ်ကားမှာ မင်းသား ကတ်ရပ်ဆဲလ်နှင့် မင်းသား စတီဗင်ဆီးဂဲလ်တို့ အပြိုင်ပါ ၀င်ကြပြီး ဒါရိုက်တာ စတူးဝပ်ဘိုင်းရပ်ဒ် ရိုက်ကူးသော Executive Decision ဆိုသည့် ဇာတ်ကားပင်ဖြစ်သည်။ ထိုဇာတ်ကားတွင် မင်းသမီး ဟယ်လီဘာရီက အပိုင်စီးခံရသည့် လေယာဉ်ပေါ်မှ ရဲဝံ့စွန့်စားသော ချစ်စဖွယ် လေယာဉ်မယ်ကလေးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်ကားတွင် သူမ ပါဝင်ခွင့်ရသည့် အခန်း နည်းပါးသော်လည်း ကြည့်ရှုခွင့်ရသလောက် အခန်းနည်းနည်းနှင့်ပင် သရုပ်ဆောင်ကောင်းတို့၏ အ ရည်အချင်းရှိမှန်း ကျနော် မှတ်မှတ်ရရ ရှိခဲ့သူဖြစ်သည်။

ယခုဆုရရှိသော Monster's Ball ရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးသော်လည်း ကျနော့်စိတ်ထဲတွင် သရုပ် ဆောင်ကောင်းတို့၏ အရည်အချင်းရှိမှန်း မှတ်မှတ်ရရရှိခဲ့သော သူမ ဆုရရှိသည့်အတွက် အထူးပင် ၀မ်း မြောက်မိပါသည်။ အထူးသဖြင့် လူမည်းသရုပ်ဆောင်များထဲမှ ဆုရရှိခဲ့ခြင်းဖြစ်၍လည်း ပို၍ပင် ၀မ်းမြောက်ရ ပေသည်။

ဆုပေးပွဲအခမ်းအနားတွင် သူမက "နာမည်မရှိ၊ ဂုဏ်မရှိတဲ့ လူမည်းအမျိုးသမီးတွေ အားလုံးအတွက်လည်း ဂုဏ်ရှိတဲ့အချိန်ပေါ့။ သူတို့တွေအားလုံးအတွက် ပိတ်ထားတဲ့ တံခါးကြီး ပွင့်သွားပြီလို့ ကျမ ယုံကြည်ပါတယ်" ဟု မျက်ရည်လည်ရွဲဖြင့် ပြောကြားခဲ့ကြောင်းလည်း ၀မ်းနည်းဝမ်းသာ ဖတ်ရှုခဲ့ရပါသည်။

*****

လူဖြူ လူမည်း အသားအရောင်ခွဲခြားမှု သမိုင်းတလျှောက်တွင် လူမည်းများသည် ခေတ်အဆက်ဆက် အနှိမ်ခံ၊ အဖိနှိပ်ခံများ ဖြစ်ခဲ့ရလေသည်။ ထိုကဲ့သို့ ကြမ်းတမ်းသောဘ၀များမှ ကြိုးစားရုန်းကန်ရင်း ပညာခေတ်သို့ ရောက်ရှိနေသည့် ယနေ့အချိန်အခါတွင် အရည်အချင်းရှိသော လူမည်းများကို လူဖြူများက အသိအမှတ်မပြု၍ မရတော့ဘဲ အမြင်ကျယ်စွာဖြင့် နေရာပေးလာကြရပေတော့သည်။

လူမည်းအာကာသယာဉ်မှူး၊ လူမည်းဆေးသိပ္ပံပညာရှင်၊ လူမည်းစာရေးဆရာ၊ လူမည်းအဆိုတော်၊ လူမည်းရုပ် ရှင်သရုပ်ဆောင် … စသည် စသည်ဖြင့် နယ်ပယ်အသီးသီးတွင် အရည်အချင်းရှိသူ လူမည်းများကို အသိအ မှတ်ပြုလာကြရတော့သည်။ လူမျိုးကြီးဝါဒအစွဲရှိသော အီတလီ၊ ဂျာမဏီနိုင်ငံတို့၏ နိုင်ငံလက်ရွေးစင် ဘော လုံးအသင်းများတွင်ပင် အရည်အချင်းရှိသော လူမည်းဘောလုံးသမားများကို ပစ်ပယ်မထားနိုင်တော့ဘဲ နိုင်ငံ လက်ရွေးစင်အဖြစ် အသိအမှတ်ပြု ရွေးချယ်လာကြသည်ကို တွေ့လာရပေသည်။

ဆိုရလျှင် ယနေ့ခေတ်သည် ပညာခေတ်သို့ ရောက်ရှိနေပြီး ယခင်ကာလများကထက် ပိုမိုအမြင်ကျယ်လာကြ ပြီဖြစ်သည့်အလျောက် အရည်အချင်းရှိသူ မည်သူမဆို ထိုက်တန်သည့်နေရာ၊ ထိုက်တန်သည့် ဆုလာဘ်များ ကို ရရှိလာကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။ အသားရောင်ခွဲခြားမှုပြဿနာနှင့် ရင်ဆိုင်ရုန်းကန်ခဲ့ကြရသော လူမည်းများမှမဟုတ်၊ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ကိုယ်ကျွမ်းကျင်ရာ ပညာရပ် တွင် အရည်အချင်းပြည့်မီသူဖြစ်ပါက ထင်ပေါ်လျှင် စင်တော်ကောက်ခံရမည့် အခွင့်အလမ်းများ အပြည့်အ၀ ရှိ လာနေပြီဖြစ်သည်။

သို့ဖြစ်၍ လူတိုင်းလူတိုင်းသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်တွင် မိမိတို့ကိုယ်တိုင် အရည်အ ချင်းပြည့်မီအောင် ကြိုးစားကြဖို့သာလိုပေသည်။ အရည်အချင်း ပြည့်မီခြင်း၊ မမီခြင်းဆိုသည်မှာလည်း သင် တန်းဆင်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များ တထပ်ကြီး ထုတ်ပြနိုင်ရုံနှင့် ပြည့်စုံလုံလောက်သည်မဟုတ်ပေ။ မိ မိကိုယ်တိုင် အရည်အချင်း ပြည့်မပြည့်ဆိုသည်ကို မိမိကိုယ်တိုင်ပင် အသိဆုံးဖြစ်ပါသည်။ ထို့ကြောင့် ကိုယ့် စိတ်ကိုယ် မလှည့်စားဘဲ မိမိအသက်မွေးဝမ်းကျောင်းမှုပြုရာ ပညာရပ်၌ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိ သော အရည်အချင်းပြည့်မီသူဖြစ်အောင် အပတ်တကုတ် ကြိုးစားသူတိုင်း ပညာခေတ်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်မည်ဟု ထင်မြင်မိပါသည်။

တာဝန်ခံအယ်ဒီတာစကား
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၂ ခုနှစ်)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/07/2013 01:48:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[New post] ကျွန်တော့် ကွမ်းအစ်များ

Aung Htet posted: " ဖိုးထက် ဖေဖော်ဝါရီ ၇၊ ၂၀၁၃ ကျွန်တော် ကွမ်းကြိုက်တာ လူတိုင်းသိကြသည်။ အမေကိုယ်တိုင် ဘုရားရှေ့မှာ ကျိန်ဆိုပြီး ကျွန်တော့်ကို ကွမ်းဖြတ်ခိုင်းခဲ့တာတောင်မှ ငရဲသွားမည့် အကောင်က ကွမ်းမပြတ်နိုင်ခဲ့ပါ။ "နင့်ဟယ် ဆေးလိပ်သောက်တာကမှ စတိုင်လ်ကျရင် ကြည့်ကောင်းသေး။ ကွမ"