[mrsorcerer:37248] Fwd: မြန်မာ့စက်မှုလက်မှုနှင့်ဝန်ဆောင်မှုများကိုလေ့လာခြင်း (အမှတ် ၃၊ နေပြည်တော်)


မြန်မာ့စက်မှုလက်မှုနှင့်ဝန်ဆောင်မှုများကိုလေ့လာခြင်း (အမှတ် ၃)
နေပြည်တော်ကို တစ်ခါမှမရောက်ဖူးသူများထဲမှ ကျွန်တော်လည်းပါတယ်။ ဘယ်လောက်ကြီးကျယ်သလဲ ဆိုတာကို ကြုံဖူးမှသိပါလိမ့်မယ်။ နိုင်ငံခြားသားများ နဲ့ ပြည်ပရောက် မြန်မာများအဖို့တော့ သိပ်ထူးခြား ခံစားလှမယ်မထင်ပါဘူး။ ပြည်တွင်းက မြန်မာတစ်ဦးခံစားချက်ကတော့ ... ဟာ ..ကြီးကျယ်လိုက်တာ နေပြည်တော်မရောက်သေးဘူး၊ အ၀င် မုတ်ဦးတွေကလည်း မြန်မာတော်တော်ဆန်တယ်။ ဘုရား၊ကနုတ်ကမာ၊ စုချွန်တွေနဲ့ လှပခန့်ငြားလှပါတယ်။ ကားနဲ့လိုက်ပြတဲ့ သူငယ်ချင်းကတော့ ပြောတယ် ..ဟာကွာ၊ အကြီးကြီးပဲ ..အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဘယ်မှာနေသလဲမသိဘူး။ သမ္မတဦးသိန်းစိန်နေအိမ်၊ ၀န်ကြီးတွေနေအိမ် အကြီးကြီးတွေကွာ..။ တနေ့လုံး ကားနဲ့လျှောက်ကြည့်တောင် စုံအောင်မရောက်နိုင်ဘူး။ ၀န်ကြီးများရုံးကို မနက်ပိုင်း၊ ညနေပိုင်း ရုံးတက်၊ ရုံးဆင်းဆို ကားတွေ အများကြီးပဲ...။ အခုတော့ လမ်းကြီးက ဧရာမ ကား၈စီး သွားလို့ရပေမဲ့ နေ့ခင်းဆို ရှင်းနေတာပဲ။ ဟော်တယ်ဇုံကြီးဆို အကြီးကြီးပဲကွ၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေက လူကြီးတွေ တည်းခိုဖို့ အကြီးအကျယ်ဆောက်ထားကြတယ်။ ဟိုတယ်ဆောက်တာကတော့ အမြက်အစွန်းအလွန်ရတာမို့ ၆လအတွင်း အမြန်ဆောက်တယ်။ အောက်ထပ်ပြီးတာနဲ့ စပြီးငှားတော့တယ်။ တခြားအဆောက်အဦကြီးတွေလည်း အများကြီး ..ဘာတွေမှန်းကိုမသိတော့ပါဘူး ... ဟုပြောရင်း၊ လိုက်ပြပါသည်။
 


အော် ..ဒေါ်အောင်ဆန်းစုကြည်တို့ တက်တဲ့ လွှတ်တော်လား၊ အထဲတော့ ၀င်ချိန်မရလို့ နောက်တစ်ခေါက်ကြုံမှပဲ ၀င်ကြည့်တော့မယ်။ တီဗွီထဲမှာတော့ လွှတ်တော်အစည်းအဝေးကျင်းပနေတာ တော်တော်ကြီးကျယ်ခမ်းနားပါတယ်။ လွှတ်တော်စရိတ် တစ်ရက် ကျပ်သိန်း၂၀၀ကုန်တယ်ဆိုတော့ ဒေါ်လာနဲ့တွက်ရင် ဒေါ်လာ၂သိန်းပဲရှိပါတယ်။ ကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ကျော် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုနဲ့ ဒေါ်လာဘီလျှံ၇၀ကျော် အမျိုးသားထုတ်လုပ်မှု နိုင်ငံတော်ကြီးအတွက် ၀ိုင်းဝန်းဆွေးနွေးကြတဲ့ ဌာနချုပ်ဆိုတော့ ဒါလောက် တစ်ရက် ဒေါ်လာ၂သိန်းကုန်တာ မဖြစ်စလောက်ပါ။ သို့သော် လွှတ်တော်ကိုယ်စားလှယ်များရဲ့လစာ ဒေါ်လာ၅၀၀၊ အစိုးရ၀န်ကြီးလစာ ဒေါ်လာ၅၀၀ ပဲရှိတယ်။ လစာနဲ့မလောက်တော့ ပြည်သူတွေက ကိုယ်စားလှယ်များနဲ့အစိုးရအဖွဲ့အတွက် စားဝတ်နေစရိတ်၊ ခရီးစရိတ်၊ ဆေးကုသ စရိတ် သီးသန့်ပေးထားရပါတယ်။ ဒါမှမဟုတ်ရင် လာပ်စားကုန်မှာစိုးရပါတယ်။


လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ အသစ်တွေ၊ လူကောင်းလေးတွေ များပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင်များကဇေတာ့ လူဟောင်းတွေ (စစ်ဗိုလ်ချုပ်ဟောင်းအများစု) ဖြစ်နေပါတယ်။ ခေါင်းမာသူများ Hard Liner အုပ်စု တဖြေးဖြေး နည်းပါးလာတယ်၊ အရပ်သားတွေလည်း တစစ တိုးမြှင့်ခန့်ထားလာတာုကို တွေ့ရပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းအားလုံးဟာ ဗဟိုချုပ်ကိုင်မှုမှာ ထားတဲ့အတွက် စီးပွားရေးအဖြစ်ဆုံး မြန်မာ့သယံဇာတ ထုတ်လုပ်ရောင်းချတဲ့ ကုမဏီများဟာ နေပြည်တော်မှာပဲ ရှိနေပါတယ်။ ကျောက်မျက်ထုတ်လုပ်ခြင်း၊ ရွှေ၊ ကြေးနီ၊ သတ္တုတွင်းများ၊ အိမ်မြေ၊ စက်မှုဇုံနယ်မြေ ရောင်းဝယ်၊ခွဲတမ်းချခြင်း၊ ဆက်သွယ်ရေး (အင်တာနက်နဲ့မိုဘိုင်းဖုန်း)လုပ်ငန်းများ၊ NGO နဲ့ လူမှုရေး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းများ ..စတဲ့ဝန်ဆောင်မှုလုပ်ငန်းများစွာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်ငန်းကိုတော့ စက်မှုဇုံတစ်ခု လုပ်ပေးထားပေမဲ့ အဖြစ်သဘောလောက်ပဲ စတင်နိုင်ပါတယ်။ 



အလုပ်အဖြစ်ဆုံး စီးပွားရေးအမြက်အထွက်ဆုံး လုပ်ငန်းကတော့ ဆောက်လုပ်ရေးပဲဖြစ်ပါတယ်။ ဆောက်ခွင့် ပါမစ်ရပြီးရင် မြန်မာအစိုးရရဲ့ ပါမစ်ရတဲ့လူဆီကို တရုပ်စီးပွားရေးသမားများ ချဉ်းကပ်ပါတယ်။ ရှောင်ပြေးလို့မရပါ။ တရုပ်စီးပွားရေးသမားက အဲဒီ ပါမစ်ကိုယူ။ တရုတ်ပြည်က တရုပ်ဘဏ်ကြီးတခုက ဒေါ်လာဘယ်နှစ်သန်းချေးမလဲ ..လုပ်ငန်းပမာဏ လိုအပ်သလောက် ချေးပေးတယ်။ အတိုးနှုန်း ၃၅ရာနှုန်းနဲ့ ချေးပေးတဲ့အတွက် တရုပ်၊ မြန်မာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဟာ အမြန်တကာ အမြန်ဆုံးပြီးအောာင်ဆောက်ရတယ်။ ဒါကြောင့် ဟိုတယ်မပြီးခင်၊ အပေါ်ထပ်များ ဆောက်နေဆဲမှာ အောက်ဆုံးထပ်ကို စတင်ဖွင့်လစ် ငှားရမ်းတော့တာပဲ။ ဒါမှ မြန်မြန်စီးပွားဖြစ်မှာကိုး။

အခုတော့ သိပ်စီးပွားမကောင်းတော့တဲ့ ကျောက်မြက်လုပ်ငန်းကိုတော့ နေပြည်တော်မှ ကျောက်ရာဖြတ်၊ အစိုးရလုပ်ငန်းကြီးရှိပါတယ်။ အထူးသဖြင့် ကျောက်စိမ်းများကို နေပြည်တော်မှာ တန်ဖိုးဖြတ်ပြီး၊ အခွန်ဆောာင်လက်မှတ်ရပြီးရင်၊ မူဆယ်ဖက်ကနေ တရုပ်ပြည်ဖက်ကို ဒလဟော ထွက်သွားတဲ့ ဒေါ်လာသန်း၊ ထောင်နဲ့ချီတဲ့ ကျောက်စိမ်း၊ ကျောက်မြတ်၊ ပုလဲရတနာများစွာ ဖြစ်ပါတယ်။ လာရောက်ဝယ်ယူကြတဲ့ နိုင်ငံခြားသားများဟာ တကယ်တော့ ပြည်ပမှာ ဂိုဏ်းဖွဲ့ (ချစ်ကြည်ရေးလုပ်ထားပြီး) ဖြစ်ပါတယ်။ မြန်မာအစိုးရကို အုပ်စုဖွဲ့ ချိလုပ်မဲ့ အထူးသဖြင့် တရုပ်ကျောက်မျက် ကုမဏီကြီးများဖြစ်ပါတယ်။ အရည်အသွေး အကောင်းဆုံးကျောက်ကိုတော့ ကချင်လက်နက်ကိုင်နယ်မြေက အခွန်နဲနဲပေးပြီး တရုပ်ပြည်ထွက်သွားတယ်။ အလယ်လတ်တန်းကျောက်တွေတော့ နေပြည်တော်သယ်လာတယ်။ အညံ့ဆုံးကျောက် (ရေမဆေးကျောက်)များကတော့ ပြည်တွင်းကုမဏီများ အရိုးအရင်းကိုက်ဖို့ပါ။ ဖားကန့်၊လုံးခင်း ကျောက်စိမ်းတွင်းများ တူးခွင့် ပါမစ်ရရင် တရုပ်ကုမဏီကြီးများ ဒီပါမစ်ကိုယူ၊ တရုပ်ဘဏ်မှာ လိုသလောက်ငွေချေးပြီး တစ်မိုင်လောက်နက်တဲ့ ကျောက်တွင်းကြီးတွေ၊ ရေစုတ်စက်ကြီးတွေနဲ့ရေထုတ် ကျောက်စိမ်းတွင်းကို ပါမစ်ရတဲ့ လပိုင်းအတွင်း စက်၊ယန္တယားအင်အားကြီးမားစွာနဲ့ တူးထုတ်ယူသွားကြတယ်။ ကျောက်စိမ်းနှစ်စဉ် ဒေါ်လာ ၂ဘီလျှံလောက် တရားဝင် ၀င်ငွေရှိနေတဲ့ လွန်ခဲ့တဲ့ နှစ်များက လုပ်ရပ်များဟာ ဆောင်းပါးသီးသန့်ရေးမှ ဖြစ်ပါမယ်။

ယခင်က မန္တလေးမှာ အလွန်ကြီးမားလှတဲ့ ကျောက်စိမ်းဈေးကွက်ကြီး ရှိပါတယ်။ အလွန်တော်တဲ့ ကျောက်အကဲဖြတ်သမား၊ ကျောက်စီးပွားရေးသမား၊ ကျောက်ဖြတ်သမားများစွာ တနေရာထဲမှာ စုပေါင်းနေပါတယ်။ သူတို့အများစုဟာ မြန်မာလူမျိုး၊ တိုင်းရင်းသားများ ဖြစ်ကြပြီး ကျောက်မျက်လောကကို အုပ်စီးထားပါတယ်။ တရုပ် ကျောက်ကုန်သယ်များကို ယှဉ်ပြိုင်နိုင်သူများဖြစ်ပါတယ်။ ၂၀၀၀နောက်ပိုင်းမှာ မြန်မာအစိုးရရဲ့ ကျပ်သထက်၊ ကျပ်လာတဲ့ တရုပ်ဦးစားပေး ပေါ်လစီများကြောင့် အဲဒီ ကျောက်မျက်ပညာရှင်၊ စီးပွားသမားများ မန္တလေးမြို့ကနေ ရေကြည်မျက်နုရာ တရုပ်ပြည်ကို ထွက်ခွာသွားရပါတယ်။ တရုပ်ပြည်အစိုးရက ပိုမိုမျှတတဲ့ ကျောက်ရောင်းဝယ်၊ ကျောက်သွေးလုပ်ငန်းများကြောင့် မြန်မာသူဌေး၊ကျောက်ပညာရှင်များစွာ တရုပ်ပြည်မှာ ရွှေ့ပြောင်းသွားတာ ၀မ်းနည်းစရာကောင်းလှပါတယ်။ မြန်မာကျောက်ဖြတ်ပညာရှင်များဟာ အလွန်တော်ပါတယ်။ ဟိုး..မှော်တွင်း တောင်ထိပ်၊ တောင်အောက်ကျင်းတွေထဲက တန်ချိန်များစွာရှိတဲ့ ကျောက်စိမ်းအကောင်းစားများရှိတဲ့နေရာထိ အရောက်သွားပြီး ကျောက်ဖြတ်ပေးနိုင်ပါတယ်။ အကောင်းစားကျောက်တွေ ဖြစ်တဲ့အတွက် မြန်မာအစိုးရကို မတင်ပြပဲ အောက်လမ်းက တရုပ်ပြည်ထွက်သွားပါတယ်။

အခုနောက်ပိုင်းမှာ မြန်မာအစိုးရ ကျောက်မျက်ကော်ပိုရေးရှင်းမှာ စစ်မှန်တဲ့ မြန်မာမျိုးချစ်စိတ်ရှိသူများနဲ့ သွေးသစ်လောင်းပေးရမှာပါ။ မြန်မာ့သယံဇာတများဖြစ်တဲ့ ရေလုပ်ငန်း (ငါး၊ပုဇွန်)၊ ကျောက်မျက်၊ သစ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ရွှေ၊ ရေနံ၊ ဓါတ်ငွေ လုပ်ငန်းများမှာ တကယ်တတ်ကြွမ်းသူ မြန်မာမျိုးချစ်စိတ်ရှိတဲ့ ၀န်ကြီး၊ ညွန်ကြားရေးမှုးချုပ်၊ ဒါရိုက်တာဂျင်နရယ်များနဲ့ အစားထိုးလျှက်ရှိပြီး၊ လုပ်ပိုင်ခွင့်ကို (တရုပ်ဝိသမလောဘ သမားများ နောက်ခံထားတဲ့) ကုမဏီကြီးများထံ ရောင်းစားခံနေရတဲ့ လက်ရှိအဖြစ်ကနေ ရုန်းထွက်ဖို့ဇြစ်ပါတယ်။

နေပြည်တော်မှာ စက်မှုဇုံတစ်ခု ဖွင့်ထားပါတယ်။ ထုံးစံအတိုင်း တရုပ်ပြည်က အခွန်မဲ့ စားကုန်၊ လူသုံးကုန်တွေ ဒလဟော ၀င်ရောက်လာတဲ့အတွက် SME Small & Median Enterprises အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းများ တစ်နိုင်ငံလုံး ပြိုလဲ၊ ရပ်နားနေရချိန်မှာ ၊ နေပြည်တော် စက်မှုဇုံလည်း လှုပ်ရှားတက်ကြွမှုမရှိပါ။ မြန်မာပြည်မှာ ပထမဆုံး နိုင်ငံတော်ကတောင် စက်မှုထူးချွန်ဆုပေးခံရတဲ့ စတားမော်တော်ဆိုင်ကယ်စက်ရုံ STAR Motor Cycle Factory ဆိုရင် တရုပ်ပြည်က အင်ဂျင်တခုပဲမှာတယ်။ ကျန်တဲ့
ပစ္စည်းတွေ အားလုံးနီးပါး မြန်မာပြည်မှာပဲ တွင်ခုံ၊ မိုလုပ်ငန်းများနဲ့ ထုတ်လုပ်တယ်။ တရုပ်ဆိုင်ကယ်များက အလုံးအရင်း၊ အခွန်မဲ့ ၀င်လာတော့ မြန်မာပြည်က လုပ်သမားခ၊ ကုန်ဈေးနှုန်းတွေ ကြီးလာတာတစ်ကြောင်း ဆိုင်ကယ်ထုတ်လုပ်မှု တစ်စီး ကျပ်၈သိန်းလောက် ကျသင့်လာတယ်။ အမျိုးစား၊ အရည်အသွေးတူတဲ့ တရုပ်ဆိုင်ကယ်များက ကျပ်၆သိန်းလောက်နဲ့ ဒလဟောဝင်လာတယ်။ မြန်မာအစိုးရကလည်း အခွန်ကောက်လုပ်ငန်းကို ဖိဖိစီးစီးမလုပ်နိုင်တာရော၊ တရုပ်ပြည်နဲ့ ဆက်ဆံရေးအခက်ခဲများကြောင့်တစ်ကြောင်း နောက်ဆုံး STAR MOTOR CYCLE FACTORY ဒေါ်လာသန်းပေါင်းများစွာ ရှုံးနေပါတယ်။ တရုပ်အင်ဂျင်ထက်စာရင် အရည်အသွေးပိုကောင်း၊ စိတ်ချရတဲ့ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ ဗီယက်နမ်ဆိုင်ကယ်စက်ရုံများ မြန်မာပြည် မကြာမီရောက်လာနိုင်ပေမဲ့ .. တရုပ်သွင်းကုန်များကို စနစ်တကျ မျိုးချစ်စိတ်နဲ့ အခွန်ကောက်စနစ်တခု  အကောင်အထည်မဖေါ်နိုင်သေးသရွှေ့  မြန်မာစက်မှုလုပ်ငန်းဟာ အလွန်စိုးရိမ်ဘွယ်ဖြစ်နေပါတယ်။


နိဂုံးချုပ်

အစိုးရ အမှုထမ်း အရာထမ်းများ နေပြည်တော်မှာ ပျော်လာကြပြီ စန္ဒာလွင်  အတွဲ ၂၆ ၊ အမှတ် ၅၁၀ မြန်မာတိုင်း မှာ "နေပြည်တော်သွားရမယ်ဆိုလို့ ငိုခဲ့ကြတာတွေ အခုတော့ အသံတိတ် သွားပြီလေ" တဲ့ ..ရေးထားပါတယ်။ အစိုးရ၀န်ထမ်းများ မိသားစုလိုက် အစိုးရပေးသည့် နေအိမ်များကို လာရောက်နေထိုင်ကြခြင်း၊ စားဝတ်နေရေး၊ သွားလာရေး အခွင့်ထူးအချို့ပေးခြင်း၊ တိရိစ္ဆာန်ဥယာဉ်၊ ဘာသာရေးဘုန်းကြီးကျောင်း၊ ဘုရားများကို တည်ဆောက်ပေးထားခြင်း၊ လေဆိပ်၊ အဝေးပြေးကားဂိတ်၊ ဈေးများ၊ လူကြီးတွေအတွက် ဂေါက်ကွင်းများစွာ၊ အပမ်းဖြေစရာများစွာ၊ အလွန်မြန်ဆန်လှသော အင်တာနက်နှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ် ..စသဖြင့် ၀န်ဆောင်မှုများပေးထားပါတယ်။
နေပြည်တော်ဟာ မလေးရှားနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နမူနာယူပြီး တည်ဆောက်ထားပါတယ်။ မလေးရှားစတိုင်များစွာ ရှိပေမဲ့ မြန်မာအင်ဂျင်နီယာများကိုယ်တိုင် ပုံစံထုတ်ကြတယ်လို့ သိရပါတယ်။ စီးပွားတိုးတက်ဖို့ နံပါတ်တစ် ကြိုးစားတဲ့အခါ ကော်ပီလုပ်ခြင်းနဲ့ပဲ အစပြုရပါတယ်။ ဒါကြောင့် မြန်မာ့နေပြည်တော်မြို့တော်သစ်ကြီးဟာ ချဲံရင်း၊ ချဲ့ရင်းနဲ့ ဆင်းရဲတဲ့တိုင်းပြည်နဲ့ မတန်အောင် အဆမတန်ကြီးမားလာခြင်းဖြစ်ပါတယ်။ မြန်မာများဟာ အပြောကောင်းလှ၊ အကျယ်ချဲံလွန်းလို့ ပြည်ပရောက်မြန်မာများဟာ သူတို့ကိုယ်ကို ရွှေ (ရွှေမြန်မာ)လို့ ခေါ်ဝေါ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းဟာ ကောင်းပေမဲ့၊ မြန်မာနိုင်ငံ တစ်ဦးခြင်း ၀င်ငွေ GDP per capital (ppp) ပြိုင်လိုက်ရင် အရှေ့တောင်အာရှ ၁၀နိုင်ငံမှာ အနိုမ့်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ဘင်္ဂလားဒျေဒ်နိုင်ငံထက်တောင် တစ်ဦးချင်းဝင်ငွေ နိုမ့်ကျနေတာလည်း မမေ့သင့်ပါ။ အများကြီး လုပ်ရမဲ့နေရာမှာ Nationalist ဆိုတဲ့ စစ်မှန်တဲ့မျိုးချစ်မြန်မာများနဲ့ လုပ်ဆောင်ရပါမယ်။

 စစ်အာဏာရှင်ဟောင်းများစွာ ကိုယ်တိုင်ရေး အထုပတ္တိစာအုပ်များ ထုတ်နေပါတယ်။ သူတို့ဟာ နိုင်ငံအတွက် အသက်စွန့်လုပ်ဆောင်ခဲ့တဲ့ ပုံစံ၊ သူရဲကောင်းပုံစံ ..ရေးထားပါတယ်။ အမှန်တော့ ရှက်တတ်ရင် သူတို့ ချဲ့ကားရေးတာ၊ ကြွားလုံးတွေ မထုတ်ပဲ အမှန်အတိုင်း ကျွန်တော်တို့ စစ်ဗိုလ်ချုပ်များ တိုင်းပြည်ကို နှစ်၅၀အတွင်း အာရှထိတ်တန်းကနေ အာရှဘိတ်ချီးအဖြစ်သာမက၊ ဟိုး..အာဖရိက ငတ်ပြတ်နေတဲ့ အီသီယိုပီးယားတွေထက်တောင် ပြည်သူဘ၀နိုမ့်ကျ၊ စုတ်ပျက်သွားအောင် လုပ်ခဲမိပါတယ်..လို့ ၀န်ခံသင့်ပါတယ်။ သိပ်ရှက်ရင်တောင့် ဘုရားမှာ တိတ်တိတ်လေး တစ်ယောက်တည်း အပြစ်ဝန်ခံသင့်ပါတယ်။ ထိုဗိုလ်ချုပ်ဟောင်းများလည်း သူတို့စာအုပ်ထဲ နောင်လာနောင်သားများ သင်ခဏ်းစာယူစေရန် လို့ ရေးထားတော့ တတ်နိုင်သရွေ့ "ကျွန်တော်နိုင်ငံအတွက်လုပ်ခဲ့သည်" ဆိုတာ နောက်နောင် အလားတူ စစ်အာဏာရှင်ဟောင်းများရဲ့ စာအုပ်မှာ မမြင်လိုကြောင်း ရေးသားရင်း၊ နေပြည်တော် စက်မှု၊၀န်ဆောင်မှု တစိတ်တဒေသကို အဆုံးသပ်လိုက်ပါတယ်။

သာယာဝပြောသောမြန်မာနိုင်ငံအဖြစ် မျှော်လင့်လျှက်
ဇော်အောင် (မုံရွာ)   ၁၀-ဖေ-၂၀၁၃

 

 

 


Blog Link

 http://burmeseamericasingapore.blogspot.sg/

 


--
With Faithfully
Zaw Aung
Mobile: Singapore +65 93360662
Email: uzawaung-At-gmail.com  Web: murann-dot-com

Grace be with you all




--
With Faithfully
Zaw Aung
Mobile: Singapore +65 93360662
Email: uzawaung-At-gmail.com  Web: murann-dot-com

Grace be with you all

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] ဒီ noti ပဲခဏခဏပေါ်နေတယ် နဲနဲအမြင်ကပ်လာပြီနော်

Posted: 09 Feb 2013 07:11 AM PST

[Information & Technology Network] idk where did i use it...

Posted: 09 Feb 2013 07:02 AM PST

[Information & Technology Network] ဒီဟာလေးကို uninstall လုပ်ချင်ဒါ လုပ်လို့ မ၇...

Posted: 09 Feb 2013 06:53 AM PST

[Information & Technology Network] Samsung galaxy s2 myanmar fornt no install...

Posted: 09 Feb 2013 06:32 AM PST

[Information & Technology Network] window 7 မှာ ကွန်ပျူတာ ပိတ်တာတို့...

Posted: 09 Feb 2013 06:29 AM PST

[Information & Technology Network] recycle virus ကို သတ်ချင်တယ်ကူညီကြပါလား

Posted: 09 Feb 2013 06:17 AM PST

[Information & Technology Network] ဒါဘာကြောင့်လဲခင်ဗျ

Posted: 09 Feb 2013 06:01 AM PST

[Information & Technology Network] Pls share me download link Teamviwer version8

Posted: 09 Feb 2013 05:18 AM PST

[Information & Technology Network] သူများတွေ name ကို blue font နဲ့ tag...

Posted: 09 Feb 2013 04:48 AM PST

[Information & Technology Network] New photo

Posted: 09 Feb 2013 03:32 AM PST

[Information & Technology Network] The Voice Weekly ရဲ့ Facebook Page ကို...

Posted: 09 Feb 2013 03:23 AM PST

[Information & Technology Network] 1 LIKE=1 HELP :) :) :)

Posted: 09 Feb 2013 03:01 AM PST

[Information & Technology Network] ဟုတ်ကဲ့ S3 မှာ download mode ကိုဝင်ဖို့ကို...

Posted: 09 Feb 2013 02:31 AM PST

[Information & Technology Network] Seagate Harddisk နဲ့ WD Harddisk...

Posted: 09 Feb 2013 01:12 AM PST

[Information & Technology Network] ဘာမှမသိနားမလည်တဲ့သူကို ၀န်ကြီးခန့်လို့ရရင်...

Posted: 09 Feb 2013 12:10 AM PST

[Information & Technology Network] internet shop က user pc တွေမှာ IDM...

Posted: 08 Feb 2013 10:56 PM PST

[Information & Technology Network] kumpulan software untuk percepat koneksi internet Trisatya Blog

Posted: 08 Feb 2013 10:12 PM PST

[Information & Technology Network] my hp laptop u ka 15.6 " Display par

Posted: 08 Feb 2013 09:57 PM PST

[Information & Technology Network] Laptop က အသံတွေထွက်နေတယ် ပျက်မယ့် sign တော့...

Posted: 08 Feb 2013 09:08 PM PST

[Information & Technology Network] အကိုတို့ ရေ dual boot window ကို တစ်ခု...

Posted: 08 Feb 2013 08:41 PM PST

[Information & Technology Network] အစ်ကို တိုရေ ကျတော် တစ်ခုလောက်...

Posted: 08 Feb 2013 08:26 PM PST

[Information & Technology Network] အစ်ကို တိုရေ ကျတော် တစ်ခုလောက်...

Posted: 08 Feb 2013 08:26 PM PST

[Information & Technology Network] Window 7 မှာ linux os...

Posted: 08 Feb 2013 07:52 PM PST

[Information & Technology Network] Adobe Photoshop Lightroom free download လေး...

Posted: 08 Feb 2013 07:10 PM PST

[Information & Technology Network] ကျနော့် memory stick လေး 4GB က 3.2G...

Posted: 08 Feb 2013 06:44 PM PST