သျှမ်းသံတော်ဆင့် |
- ကြိုးစားမှုကလွဲရင်…… ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ စကား
- လွတ်လပ်ရေးရပြီးမှ သူတောင်းစားဘ၀ရောက်
- ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော
| ကြိုးစားမှုကလွဲရင်…… ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ စကား Posted: 12 Feb 2013 04:57 AM PST ![]() ပြည်ထောင်စုဆိုပေမယ့် ကနေ့ခေတ်အခြေအနေဟာ စည်းလုံးညီညွတ်မှု မရှိသေးပါဘူး။ ပြည်ထောင်စု အတုကြီးဖြစ်နေလို့ပါဘဲ။ ကျနော်တို့က ပြည်ထောင်စုဆိုရင် အစစ်အမှန်ကိုမှလိုချင်တာ။ တန်းတူညီမျှ သော အခွင့်အရေးတွေရှိစေချင်တယ်။ သျှမ်းပြည်နယ်ကလဲ သူရသင့်တာကို ရစေချင်သလို တခြား ပြည်နယ်တွေလဲ အဲလိုဘဲ သူတို့ရသင့်တာကိုရစေချင်တယ်။ အဓိကကတော့ တိုင်းရင်းသားတွေ ကိုယ် ပိုင်ဆုံးဖြတ်ခွင့်ရစေချင်တယ်။ ရဖို့အတွက် ကျနော်တို့ ကြိုးစားသင့်တယ်။ အခုမရသေး ပေမယ့် ကြိုးစားရင် မကြာခင်မှာရလာလိမ့်မယ်လို့ယုံကြည်တယ်။ ဖြစ်နိုင်ရင်တော့ သျှမ်းပြည်တွင်း မှာ နေထိုင်တဲ့ သျှမ်းပြည်သားအားလုံး တန်းတူညီမျှမှုရဖို့ လက်တွဲကြိုးပမ်းစေချင်ပါတယ်။ တခြားတိုင်း ရင်း သားတွေရောဘဲ။ လူတိုင်းလူတိုင်း ကြိုးစားရပါမယ်။ အားသွန်ခွန်စိုက် ကြိုးစားရပါမယ်။ ကြိုးစားမှု မရှိရင် ဘာကိုမှ အလွယ်တကူ မရနိုင်ပါဘူး ။ တန်းတူညီမျှမှုကို လိုချင်ရင်တော့ ကြိုးစားမှုကလွဲလို့ တခြားဘယ်နည်းလမ်းမှမရှိဘူး။ စိုင်းနွတ် ခေါ် စိုင်းညွန့်လွင် |
| လွတ်လပ်ရေးရပြီးမှ သူတောင်းစားဘ၀ရောက် Posted: 12 Feb 2013 04:56 AM PST ပြည်ထောင်စုနေ့အခါသမယမှာ ပြည်ထောင်စုသားတွေနဲ့ဆိုင်တဲ့ ပင်လုံညီလာခံ အကြောင်းသွားစဉ်းစားမိပါတယ်။ ပင်လုံ ညီလာခံဆိုတာနဲ့တပြိုင်နက် အခု နိုင်ငံရေးအခြေအနေမှာလဲ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒုတိယ ပင်လုံညီလာခံလုပ်မယ်လို့ ပြောနေကြတာကိုလဲတွေးမိပါတယ်။ ပင်လုံကျောက်တိုင်ဒုတိယပင်လုံညီလာခံလုပ်တော့မယ်ဆိုရင် ပထမပင်လုံလောက် ကောင်းအောင်လုပ်နိုင်မလား။ အဲဒီထက်ပိုကောင်းလာ မလား သို့မဟုတ် အဲဒီထက်ပိုဆိုးနေမလား- စဉ်းစားစရာဖြစ်နေပါတယ်။ ဘာပြုလို့လဲဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တချို့က မလုပ်ရသေးတဲ့ ဒုတိယပင်လုံကိုသိပ်ပြီးလက်မခံချင်ဘဲ ပထမပင်လုံကဘဲ အကောင်းဆုံးဖြစ်တယ်လို့ ပြောနေကြပါတယ်။ ပထမပင်လုံမှာကော ဘာတွေပါလို့လဲ။ ပြန်ကြည့်မယ်ဆိုရင် ပင်လုံမှာ သဘောတူညီချက် ၉ ချက်ရှိတယ်လို့ဆိုပေမယ့် ချုပ်ကြည့်ရင်တော့ အဓိကအချက်ကြီး ၅ ချက် တွေ့ရပါမယ်။ Full authority on frontier affairs ( ပင်လုံစာချုပ်ပါ အချက် ၁ မှ ၄ ထိ) နယ်စပ်ဒေသရေးရာ နှင့် ပတ်သက်၍ တိုင်းရင်းသားတို့သည် အာဏာ အပြည့်အ၀ရှိရမယ်လှိုဆိုလိုတာပါ။ လက်ရှိကျနော်တို့ရဲ့ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ကြည့်ရအောင်။ သူ့မှာ ဘာမှဆုံးဖြတ်ပိုင်ခွင့်အာဏာရှိပါသလဲ။ ပင်လုံစာချုပ်Full autonomy on internal administration (ပင်လုံစာချုပ်ပါ အချက် ၅ ) မိမိပြည်နယ်အတွက် ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိရပါမယ်။ လက်ရှိမှာတော့ ကျနော်တို့ရဲ့ဝန်ကြီးချုပ်ကို ကျနော်တို့ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါဘူး။ To have a Kachin State (ပင်လုံစာချုပ်ပါ အချက် ၆ )ကချင်ပြည်နယ်ရှိရမည်။ ကချင်ပြည်နယ်တော့ ရှိပါရဲ့ ။ ပြည်နယ်သားတွေတော့ ဒီနေ့အထိ ဘာအခွင့်အရေးမှ မရရှိခဲ့ပါဘူး။ Rights/ Privileges fundamental in democratic countries (ပင်လုံစာချုပ်ပါ အချက် ၇ ) ဒီမိုကရေစီ နိုင်ငံများကဲ့သို့ အခြေခံကျသော ရပိုင်ခွင့်နှင့်အထူးရပိုင်ခွင့်များရှိရမည်။ လက်ရှိအစိုးရ စွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာတော့ အခွင့် အရေးတွေပေးထား ပါတယ်။ သို့ပေမယ့် ပေးထားတဲ့အချက်တိုင်းမှာ အဲဒီအခြေခံဥပဒေကဘဲ အားလုံးပြန်လည်သိမ်း ပိုက်ထားပါတယ်။ အားလုံးကိုဘဲ ပြန်ယူထားတာတွေ့ရတယ်။ ဥပမာဆိုပါစို့- အဓမ္မလုပ်အား ခိုင်းစေမှုလုံးဝ မရှိစေရ။ ချွင်းချက် - နိုင်ငံတော် လုံခြုံရေးအတွက် ခိုင်းစေမှုမှလွဲ၍ တို့လိုပေါ့။ Financial autonomy (ပင်လုံစာချုပ်ပါ အချက် ၈ - ၉ ) ငွေကြေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိမယ်။ အင်္ဂလိပ် ၊ ဗြိတိသျှလက်အောက်ခံ ကျွန်ဘ၀တုန်းကတောင်မှ ကျနော်တို့ မတောင်းစားခဲ့ရပါဘူး။ သျှမ်းပြည်မှာ သဘာဝ အရင်းအမြစ်တွေ၊ သယံဇာတတွေပေါများတယ်။ ကျနော်တို့ရသင့်ရထိုက်တာတွေလဲ အင်္ဂလိပ်အစိုးရက ပြန်ပေး ပါတယ်။ ခုလွတ်လပ်ရေး ရပြီးပါပြီဆိုကာမှ သျှမ်းပြည်နယ်ထဲကထွက်တဲ့ သယံဇာတတွေ အတွက် ဘာအခွန်မှ မရဘူး။ ငွေကြေးသုံး စွဲမှု ဘာဆိုဘာမှ မသိရှိရပါဘူး။ နေပြည်တော်ကို ပြန်တောင်းရတယ်။ အစိုးရကိုယ်တိုင်ကလဲ ကျနော်တို့ကိုဘယ်လောက် ထောက်ပံ့တယ်။ လမ်းအတွက်ဘယ်လောက်၊ တံတားအတွက်ဘယ်လောက်စသဖြင့်ပေါ့။ ရယူသွားတာတော့ ဘာမှ စာရင်းပြန်မရှင်းဘူး။ အဲတော့ ခုမှ သူတောင်းစား ဘဝ လုံးလုံးဖြစ်သွားရတာပါ။ ဒီကြားထဲ အတိုက်အခံအဖွဲ့အစည်းတွေအချို့က ဆန့်ကျင်နေတဲ့ Autonomy ဆိုတဲ့အကြောင်း လေး စဉ်းစားမိပါတယ်။ Autonomy ဆိုတာ ဂရိဘာသာစကားပါ။ Auto နဲ့ Nomos နဲ့ပေါင်းထားတာလို့ ဆိုပါတယ်။ Auto ဆိုတာက မိမိကိုယ်ကို လို့အဓိပ္ပါယ်ရပြီး Nomos ဆိုတာကတော့ ဥပဒေ လို့ အဘိဓာန်မှာဖော်ပြထားပါတယ်။ မိမိကိုယ်ကို ဥပဒေပေးခြင်းလို့ ဆိုပါ တယ်။ နိုင်ငံရေးအဘိဓာန်မှာတော့ Autonomy ဆိုတာ Self Rule သို့မဟုတ် Independence လို့ အဓိပ္ပါယ်ရပါတယ် ။ အဲဒီထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်တွေရှိပါတယ်။ ဒါကြောင့် Autonomy ကိုလွတ်လပ်ရေးလို့လည်းပြောနိုင်ပါတယ်။ ပင်လုံစာချုပ်မှာ Autonomy in internal administration ဆို တာကို Internal Rights of self determination ပြည်နယ်အတွင်းကိုယ်ပိုင်ပြဌာန်းခွင့်လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွင်မကဘဲ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင် တရားစီရင်ပိုင်ခွင့် အပြည့်အ၀ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်ကနေ ပထမပင်လုံကိုဘဲစွဲကိုင်ချင်သူတွေအတွက်ရော ဒုတိယပင်လုံအတွက် ကြိုးစားနေတဲ့သူတွေရော စာဖတ်ပရိသတ်တွေကိုပါ စဉ်းစားစေချင်တာက ဒုတိယပင်လုံ လုပ်တော့မယ်ဆိုရင် ပထမ ပင်လုံ လိုကောင်းအောင်လုပ်နိုင်မလား။ အဲဒီထက်ပိုကောင်းအောင်လုပ်မလား သို့မဟုတ် ပြင်လွန်းရင်ဖင်ချွန်းတယ် ဆိုတဲ့စကားလိုဖြစ်နေမလား ----?? စစ်မှန်သောပြည်ထောင်စုကြီးမြန်မြန်ပေါ်ပေါက်ပြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ။ |
| ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော Posted: 12 Feb 2013 04:54 AM PST ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။ " ၁၉၄၇ ပထမပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ်ဆိုပေမယ့် ကျနော် ကတော့ ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစားသွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ရပိုင်ခွင့်တွေတောင်ထပ်မံဆုံးရှုံးသွားနိုင်ပါတယ် " ဟု မကြာသေးခင်က ကျင်းပသော အစည်းအဝေး တခု၌ပြောကြားကြောင်း ဆိုပါသည်။ ယခင်က မလေးရှားနိုင်ငံအား Federated Malay States ဟုခေါ်ဆိုသကဲ့သို့ ထိုစဉ်က သျှမ်းပြည်နယ်ကိုလည်း Federated Shan States ဟု အမည်တွင်ခဲ့သည်။ ထို့ကြောင့် မလေးရှားနိုင်ငံကဲ့သို့ အင်္ဂလိပ်လက်အောက်ဆက်လက်နေ သွားပါက ယခုပင်လျင် လွတ်လပ်သော နိုင်ငံတခု ဖြစ်နေပြီဟူသည်မှာ သျှမ်းခေါင်းဆောင်အချို့၏ယုံကြည်ချက်ဖြစ်သည်။ ထိုစဉ်က ပင်လုံစာချုပ်၌ ၁- ချင်း၊ ကချင်၊ သျှမ်းတို့သည် နယ်စပ်ဒေသရေးရာနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရှိ သည်။ ၂- မိမိပြည်နယ်အတွက် ကိုယ့်ကြမ္မာကိုဖန်တီးပိုင်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမည်။ ၃- ဒီမိုကရေစီ နိုင်ငံများကဲ့သို့ အခြေခံကျသော ရပိုင်ခွင့်များရှိရမည်။ ၄- ငွေကြေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိသည်။ အစရှိသည်တို့ ပါဝင် သည်။ ၎င်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဦးဆောင်ဦးရွက်ပြုခဲ့သော RCSS/SSA ဒု-ဗိုလ်မှူးကြီးပေါင်ခေးက " ဒုတိယပင်လုံမသွားခင်မှာ ပထမ ပင်လုံဆီကိုပြန်လှည့်ရမှာမလွဲပါဘူး။ ပထမ ပင်လုံတုန်းက အချက်အလက် တွေကိုပြန်လည် ဖော်ထုတ်ရမယ်။ လိုအပ်တာတွေ ဆွေးနွေးရမယ်။ ဒါကြောင့် ကျနော်တို့အတွက် ပထမ ပင်လုံဟာ အလွန်အရေးကြီးပါတယ် " ဟု ပြောပါသည်။ ဒုတိယပင်လုံအပေါ် ယုံကြည်စိတ်ချမှုမရှိသည်မှာ RCSS/SSA တခုတည်းမဟုတ်ဘဲ ချင်းအမျိုးသားတပ်ဦး CNF ၏ အဓိပတိကောင်စီ Supreme Council ၌ပါဝင်သူတဦးဖြစ်သော ဆလိုင်းကစ်ခေါ်လျန် ကလည်း - ဒုတိယပင်လုံတို့၊ ပင်လုံကဲ့သို့ လို့ ဘယ်လို ဘဲပြောပြာ ဒုတိယပင်လုံဆိုတာကြီး ရှင်းပြရခက်ကြီး ယုံရခက်ကြီး။ ဘာဘဲဖြစ်ဖြစ် ပထမ ပင်လုံကိုဘဲအာရုံစိုက် စေချင်ပါ တယ်။ ပင်လုံဟာ ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့ တကယ့်ခိုင်မာတဲ့အုဋ်မြစ်ဆိုတာ သေချာ ပေါက်ပါဘဲ အာဏာနဲ့အုဋ်မြစ်လုပ်ယင်မခံနိုင်ပါဘူး။ ပင်လုံကဲ့သို့သော ဆိုတဲ့စကားလုံးသုံးတာထက် ပင်လုံစိတ်ဓါတ် အခြေ ခံ တဲ့ ဆိုတာမျိုးက ပိုကောင်းမယ်လို့ထင်ပါတယ်။ ပထမ ပင်လုံဟာ ကောင်းလွန်းအားကြီးလို့ အခြားပြည်နယ်တွေ ပါလာ တာဘဲ။" ဟု ၂၀၁၃ ဂျန္နဝါရီလထုတ် ကုမုဒြာသတင်းဂျာနယ် ၌ဖော်ပြထားပါသည်။ စစ်မှန်သော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များအားလုံးပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုသားအား လုံးပါဝင်သည့် ညီလာခံ တရပ်ကို ၂၀၁၄ အတွင်း ကျင်းပရန်စီစဉ်နေကြောင်း အစိုးရနှင့်လက်နက်ကိုင်အင်အားစုများကဆိုပါသည်။ အဆိုပါ ညီလာခံကြီး၌ ဆွေးနွေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် လူငယ်ထု အပါအဝင် အရပ်သား လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး "နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်" (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |






































