admin posted: " အမေရိကန်နိုင်ငံမှ မြန်မာအဖွား အသက် ၁၀၀ ကျော်ပြီ ဓမ္မဗိမာန်သတင်းအဖွဲ့၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃ မြန်မာနိုင်ငံသူ အမျိုးသ္မီးကြီး (အဖွား) ဒေါ်လှခင်သည် သ္မီးနှင့် သားမက်ဖြစ်သူတို့  နှင့်အတူ အမေရိကန်နိုင်ငံ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဖဲရားဗီးမြို့ တွင် နေထိုင်လှ"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
RFA Burmese Weekly Newsletter-2013 February 15
လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ ၂ဝ၁၃ ဖေဖော်ဝါရီ ၁၅ ရက် အထိ
အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။
သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။
Radio Free Asia
2025 M Street NW, Suite 300,
Washington DC 20036, USA
[New post] မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း
admin posted: " မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း မြ၀တီကားသမား၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃ မြ၀တီမြို့ ကျက်သရေဆောင် မြ၀တီ-မဲဆောက် နယ်စပ်တံတားကြီး၏ ပတ်လမ်းသည် ကားတစ်စီးသာ သွားနိုင်သော လမ်းကျင်းလေးဖြစ်ပါတယ် ။သို့ပါသော်လည်း အဆိုပါလမ်းတွင် စည်းကမ်းမဲ့ ရပ်ထားသော "
|
[New post] Best Friends Library က ဦးက္ကုဿရ – အမှောင်ကိုခွင်း၍ အလင်းဆောင်တဲ့သူ ဆောင်းပါးစုစည်းမှု
admin posted: " Best Friends Library က ဦးက္ကုဿရ - အမှောင်ကိုခွင်း၍ အလင်းဆောင်တဲ့သူ ဆောင်းပါးစုစည်းမှု သန်းဝင်းလှိုင် စုစည်းရေးသားသည်၊ မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော သံဃာတော်အများအနက် ရဟန်းသံဃာတော်တပါးဖြစ်သည့် "
|
[New post] ဆန်ဖရန်စစ္စကိုဒေသကောလိပ် မြန်မာကျောင်းသူကျောင်းသားများ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ
admin posted: " ဆန်ဖရန်စစ္စကိုဒေသကောလိပ် မြန်မာကျောင်းသူကျောင်းသားများ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တော်၊ စီးတီးကောလိပ်ရှိ Burmese Student Club (CCSF)မှဦးဆောင်၍ မြန်မာကျောင်းသား၊ ကျောင်းသူများက ၆"
|
[mrsorcerer:37305] အချိန်တိုတိုနဲ့ အင်္ဂလိပ်စာလေ့လာကြမယ်
http://www.thebestenglish4you.com/
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- သျှမ်းပြည်သားများ တရုတ်နယ်စပ်ဖြတ်ခွင့်ရရေး ခက်ခဲနေဆဲ
- ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တောင်တန်းမြေပြန့် ကွာဟနေမှုကို ညှိနှိုင်းပေးဖို့ ကျားဖြူအမတ်တောင်းဆို
- တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ
| သျှမ်းပြည်သားများ တရုတ်နယ်စပ်ဖြတ်ခွင့်ရရေး ခက်ခဲနေဆဲ Posted: 15 Feb 2013 06:30 AM PST တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မြန်မာလဝက ရုံးစိုက်ရာမြို့များ၌ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြု လုပ်ရာတွင် သျှမ်းပြည် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) နေနယ်ခံများ အတွက် အခက်အခဲ ပိုရှိနေကြောင်း သိရသည် ။ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် မြောက်ပိုင်း အိမ်ထောင်စုစာရင်းရှိသူများကိုသာ အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးခြင်း ဖြစ်သည် ။ မြန်မာပြည် အရပ်ရပ်မှ ဒေသခံများမှာ (မူစယ်မြို့မှလွဲ၍ ) တရုတ် - မြန်မာနယ်စပ် တစ်လျှောက် မြန်မာ လဝက ရုံးစိုက်ရာ အခြားမြို့များတွင် ၎င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်ခွင့်ရရှိနေပါသည်။ သို့သော် သျှမ်းတောင် နှင့် အရှေ့ပိုင်း ဒေသခံများမှဪမူ နယ်စပ်ဖြတ်ခွင့်စာအုပ်ရရေး ပိုမိုခက်ခဲနေကြောင်း မြန်မာလဝကနှင့် နီးစပ်သူ သျှမ်းပြည်သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "သျှမ်းပြည် မှတ်ပုံတင်နံပတ်က ၁၃ / နဲ့စတာပေါ့နော်။ သျှမ်းပြည် (မြောက်ပိုင်း) ကျတော့ မူစယ်မှာလုပ်လို့ရတယ်။ အဲဒီ သျှမ်းပြည် တောင်ပိုင်း နဲ့ အရှေ့ပိုင်း ဒေသခံတွေက တခြားဒေသခံတွေထက် ရဖို့ပိုခက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြား ဒေသခံတွေက မူစယ် မဟုတ်တဲ့ တခြားနေရာမျိုးမှာ သွားလုပ်လို့ရတယ်။ ဒီ ၁၃/ နဲ့စတဲ့ တောင်ပိုင်းတို့ အရှေ့ပိုင်းတို့ ဆို လုပ်မပေးဘူး။ တကယ်လို့လုပ်ပေးခဲ့ရင်တောင် တရုတ်နိုင်ငံထဲဝင်ဖို့ မူစယ်လဝက ခွင့်မပြုဘူး " ဟု သူက ဆိုသည် ။ ယခင် စစ်အစိုးရ နဝတ ၊ နအဖလက်ထက်က သျှမ်းပြည်အား မြောက်ပိုင်း ၊ တောင်ပိုင်း ၊ အရှေ့ပိုင်းဟူ၍ ၃ ပိုင်းခွဲ အုပ် ချုပ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် သျှမ်းပြည်ကို ထိုသို့ခွဲခြားထားခြင်း မရှိတော့ကြောင်း၊ ထို့ကြောင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် သျှမ်းဒေသခံအားလုံးအတွက် ၄င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးသင့်ကြောင်း သူက ဆက်ပြောသည် ။ |
| ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တောင်တန်းမြေပြန့် ကွာဟနေမှုကို ညှိနှိုင်းပေးဖို့ ကျားဖြူအမတ်တောင်းဆို Posted: 15 Feb 2013 06:29 AM PST မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားပြည်နယ်များဖွံ့ဖြိုး တိုးတက် မှုကို မျှမျှတတဆောင်ရွက်ပေးရန်အစည်းအဝေး၏ ၂၀ ရက်မြောက်နေ့က လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့ရသည်ဟု ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် အမတ်က ပြောပါသည်။ ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ် (ဓါတ်ပုံ- facebook)"ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အချိန်မှာ နေပြည်တော်မှာ တိုးချဲ့ပြီးရင်း တိုးချဲ့ဆောက် လုပ်ပြီးရင်းဆောက်လုပ်နေတယ်။ ဥပမာ ကားလမ်းမကြီးတွေဆိုရင် ၁၀ လမ်းသွားကို ထပ်ပြီးတိုးချဲ့နေချိန် သျှမ်းပြည်မှာ ကားလမ်းက တလမ်းသွားကနေ မတက်နိုင်ဘူး။ ဆေးရုံဆေးခန်းကြီးတွေဆိုရင်လဲနေပြည်တော်မှာ ကုတင် ၁၀၀၀ ဆန့်တို့ ကုတင် ၅၀၀ ဆန့်တို့ ဆောက်ပြီးထပ်ဆောက်နေတယ်။ စတာတွေပေါ့နော် ။ ကျနော် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြ ဆွေးနွေးမှုထဲမှာလဲ ထဲ့သွင်းတင်ပြသွားပါတယ်" ဟု မိုင်းရယ်မြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ်ကပြောပါသည်။ ဥပမာ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေး ကောင်းမွန် ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ပညာရည်မြင့်တင်ရေး၊ ကျန်းမာရေးဆိုင်ရာပံ့ပိုးမှု စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်သည့်အခါ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အတတ်နိုင်ဆုံးအချိုးညီ မျှမျှတတဖြစ်အောင်ဆောင် ရွက်ပေးရန် လိုအပ်သည်ဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြခဲ့ကြောင်းဆိုပါသည်။ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး မူ နှင့်အခြေခံသဘောများအပေါ် အကြံပြု တင်ပြဆွေးနွေးရာတွင် ၁- လက်နက်ကိုင်အဖွဲ့အစည်းများစုနှင့်အပစ်အခတ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ သော်လည်း လက်နက်ကိုင်ပဋိပက္ခလုံးဝ ချုပ်ငြိမ်းခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေခြင်း၊ ၂- ဆန္ဒပြတောင်းဆို မှုအမျိုးမျိုး ပေါ်ပေါက်နေလျှက်ရှိခြင်း၊ ၃- နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် နိုင်ငံသားမဟုတ်သူများ အကြား ပဋိပက္ခဖြစ် ပွါးခြင်း၊ ၄- နိုင်ငံအနှံ့ လယ်ယာမြေများ မတရားသိမ်းဆည်းခံရမှုများကြောင့် တောင်သူသမားများ မြေယာပြန်လည် လုပ်ကိုင်ပိုင်ဆိုင်လိုခွင့် တောင်းဆိုမှုများမြင့်မားနေခြင်း၊ ၅- ဆင်းရဲနွမ်းပါးမှုများ အမြန်လျှော့ချနိုင်ရေး ကောင်းမွန်သော အစီအမံများလိုအပ်နေခြင်း အစရှိအချက်များကို တင်ပြခဲ့ရသည်ဟု စိုင်းဟတ်ကပြောပါသည်။ "အစိုးရတရပ်ဟာ နိုင်ငံတော်တည်ဆောက်ရာမှာ လူထုရဲ့ဆန္ဒသဘောအတိုင်းလိုက်နာပြီးလုပ်ရမယ်လေ။ အခု လူထုက သူတို့လိုအပ်တာကို ကျနော်တို့ကို တင်ပြတယ်။ ကျနော်တို့က လွှတ်တော်ထဲကိုသွားပြီးတင်ပြတယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့တင်ပြချက်ကို အလေးမထားဘူး အဲ့လိုသဘောမျိုးဖြစ်နေတယ်" ဟု ဆိုပါသည်။ နိုင်ငံတော်အေးချမ်းမှုမရှိခြင်းသည် ခေတ်အဆက်ဆက် ယုံကြည်မှု တည်ဆောက်နိုင်ခြင်းအကျိုးဆက်ပင်ဖြစ်ကြောင်း၊ နှစ်ကာလကြာရှည်စွာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့ထိ ချုပ်ငြိမ်းခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကာ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကျန်းမာရေး အဘက်ဘက်နိမ့်ကျနေလျက်ရှိသဖြင့် အမြန်ကုစား ရန်လိုအပ်နေရာ တိုင်းရင်းသားများအခြင်းခြင်းကြား ယုံကြည်မှုတည်ဆောက်ရန် အထူးလိုအပ်သည်ဟု လည်းပါရှိပါသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် ဂျန္နဝါရီလ ၁၁ ရက်နေ့ကတည်းက စတင် ကျင်းပခဲ့ရာမှ မတ်လအတွင်း ပြီးဆုံးဖွယ်ရှိကြောင်း ကြားသိရသည်။ |
| တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ Posted: 15 Feb 2013 06:28 AM PST သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရပါသည်။ တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)" အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှုး ဗင်ကားတွေကြီးဘဲ ဓါးပြတိုက်ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်" - ဓါးပြတိုက်ခံရသူ အားဖှန်ကပြော ပါသည်။ ဖေဖေါ်ဝါရီ ၈ ရက်နေ့က နံနက် တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်အခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်း များအားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော်ပါသွားကြောင်း ကား ဆရာများအသိုင်းအဝိုင်းက ပြောပါသည်။ "တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်" - ဟု အားဖှန်ကဘဲပြော ပါသည်။ အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့်သာ ဝေးကြောင်း၊ အစိုးရစစ်တပ်အနေဖြင့် ဒေသအတွင်းခရီးသွားများအတွက် လုံခြုံရေးယူပေးလိုသည့် ဆန္ဒရှိ လျှင် ပေးနိုင်သည့်အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင် ကြောင်း ကြားသိရပါသည်။ အဆိုပါ အက်စ်ကွေ့ဒေသသည် ယမန်နှစ် မေ ၂၉ နှစ်ဦးပိုင်းကလည်းမကြာခဏ ဓါးပြတိုက်မှုဖြစ်ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့ ဓါးပြနှင့် တိုးရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရသည်။၂၀၁၁ မှ ယနေ့အထိ အဆိုပါဒေသအတွင်းတွင် ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန်မယူ ပေးနိုင် ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုက ပြောဆိုပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Re: [mrsorcerer:37304] Fwd: [လူဗိုလ်ဟူသည် ...] "ခါးအောက်ပိုင်း"
------------ Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/14
Subject: [လူဗိုလ်ဟူသည် ...] "ခါးအောက်ပိုင်း"
To: lubo601@gmail.comSoe Gyi and 5 other friends shared မင်းလူ၏ ၀တ္တုတိုများ's photo.
လောကကြီးမှာ ရယ်စရာတွေအလွန်ပေါများသည်။ ကြည့်တတ်၊မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကိုတွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။
☼ ☼ ☼ ☼ ☼
ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီထဲမှာမှ ဟာသဇာတ်ကားစစ်စစ် တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။ စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။
ရေးတဲ့လူကလည်းနည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်းသိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။
ခုတော့ ဒီလိုမဟုတ်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားထွက်လျှင် ကိုးကားက ဟာသကားဖြစ်နေ၏။ ဒါမှလည်း ပရိသတ်ကြိုက်တယ်၊
ပိုက်ဆံရတယ်လို့ ဆိုကြတာပဲ။ အလွမ်းအဆွေးဇာတ်လမ်း တစ်ကားတစ်လေလောက်စွန့်စားပြီး ရိုက်ကူးသူများမှာ ပိုက်ဆံမရ။
အကယ်ဒမီပဲရကြရှာသည်။ ထို့ကြောင့် အတည်အခန့် သရုပ်ဆောင်လေ့ရှိသော မင်းသားများမှာ ပေါတောတောတွေလုပ်ပြကြရသည်။
အငိုသန်သော မင်းသမီးများလည်း ဟာသမယ်တွေဖြစ်ကုန်ကြရသည်။
စာပေနယ်မှာကျတော့ကော။ လုံးချင်းဝတ္ထုတွေဆိုလျှင် 'အချစ်ဟာသ'ဆိုတာမျိုးတွေသာ အလုပ်ဖြစ်သည်။ အချစ်သက်သက်တောင်
သိပ်အဆင်မပြေ။ ဘဝသရုပ်ဖော်သမားအများစုမှာ ဟိုအရင်လိုလက်မ မထောင်နိုင်ဘဲ မျက်နှာငယ်နေကြရရှာသည်။ ဒီလိုစာအုပ်မျိုး
ထုတ်တဲ့ထုတ်ဝေသူဆိုလျှင် သူရဲကောင်းလို့ ပြောရမလား၊ လူမိုက်ပဲဟုဆိုရမလားမသိ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဟာသပါမှ
ဂုဏ်ရှိတယ်ထင်နေကြဟန်တူသည်။ ရယ်စရာစာမူမျိုးမှ လိုလိုချင်ချင်ရှိကြသည်။ တည်တည်တံ့တံ့ဆိုလျှင် အားနာပါးနာနဲ့ထည့်ပေးချင်
ပေးမည်။ သိပ်တော့ဟက်ဟက်ပက်ပက်မရှိလှ။ ဟာသဝတ္ထုဆိုလျှင်တော့ အိမ်တိုင်ယာရောက်လာယူရမလား။ စာမူခတစ်ခါတည်း
ရှင်းမယ်လေ။ အခုကြိုယူသွားပါလားဆရာ။ ဒီလိုနဲ့ နာမည်ကြီးဟာသစာရေးဆရာများမှာ ဟိုအရင်က အရင်းရှင်ဟု ချိုးနှိမ်ခံခဲ့ရပြီး
ခုကျတော့လုပ်ငန်းရှင်ဆိုပြီးမြှောက်စားခံနေရသော စီးပွားရေးသမားတွေလို ခွင်ကောင်းခေတ်ကောင်းနဲ့ တိုးမိနေကြလေသည်။
(ကျွန်တော့်လိုပေါက်ကရတွေလျှောက်ရေးတဲ့ကောင်မျိုးတောင် လူရာဝင်နေတာကိုပဲ ကြည့်တော့။)
☼ ☼ ☼ ☼ ☼
မြေအောက်ရေလိုပေါ့။ အစပိုင်းမှာတော့ ဖောဖောသီသီရနိုင်သည်။ ထုတ်ယူသုံးစွဲဖန်များသောအခါ ခန်းခြောက်လာတတ်၏။ ဟာသမှာလည်း
ဒီအတိုင်းပဲ။ သူကလည်းဟာသ၊ ကိုယ်ကလည်းဟာသဆိုပြီး အလုအယက်လုပ်စားလိုက်ကြတာ၊ ကြာတော့ ရယ်စရာကုန်ကြမ်းတွေ
ရှားပါးလာသည်။ အကြောင်းအရာတွေလည်း ထပ်လာသည်။ ထိုအခါ ကြံမိကြံရာ လုပ်လာကြတော့သည်။
နိုင်ငံခြားဟာသဇာတ်လမ်းတွေကို မှီးသည်။ မြန်မာ့ရိုးရာဟာသပုံပြင်တွေကို ပြန်လည်ဆန်းသစ်သည်။ အငြိမ့်စင်ပေါ်က သမားစဉ်ပြက်လုံးတွေကို
ယူသုံးသည်။ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲက ဟာသကွက်တွေကိုမသိမသာ (တချို့လည်းသိသိသာသာ)ခိုးချသည်။
(ကျွန်တော်တောင် ဆရာသော်တာဆွေကို တုပပြီး စာပေလောကသားတွေ ဇာတ်ကောင်လုပ်၍ နောက်တီးနောက်တောက်တွေရေးပြီး
ခွင်ရိုက်ခဲ့သေးတာကော။)
ဒါတွေကလည်း ကြာတော့ ရိုးအီလာသည်။ ဒါမျိုးချည်း ထပ်တလဲလဲဖြစ်လာ၏။ ပရိသတ်တွေလည်း ငြီးငွေ့လာပြီ။ ဟာသဇာတ်လမ်းဆိုပြီး
ရယ်စရာလည်း သိပ်မကောင်းတော့။ အားနာပါးနာ လိုက်ရယ်ပေးရသလိုဖြစ်လာသည်။ ထိုအခါ အသစ်ထပ်ထွင်ဖို့မကြိုးစားဘဲ လွယ်လွယ်ကူကူ
ဆွဲသုံးနိုင်မယ့်နည်းလမ်းကို ရှာကြတော့သည်။ ညစ်တီးညစ်ပတ်ဟာသတွေဘက် လှည့်လာကြခြင်းပင်ဖြစ်၏။ ဒါမျိုးကို 'ခါးအောက်ပိုင်းပြက်လုံး'ဟု
ခေါ်ကြသည်။ တချို့ကလည်း 'ချက်အောက်ပိုင်း'ဟုဆိုသည်။ ဟိုတစ်ချိန်ကတော့ ဒီလိုဟာသမျိုးတွေက အငြိမ့်စင်တွေ ဇာတ်စင်တွေပေါ်မှာ
တွေ့ရတတ်သည်။ သို့တိုင်အောင် မင်းသား၊ မင်းသမီးစသော အဓိကပုဂ္ဂိုလ်တွေက ဒီစကားမျိုးတွေမပြောရ။ လူရွှင်တော်တွေကသာ ပြက်လုံး
ထုတ်ရသည်။ ဒီနေရာမှာလည်း ဗြောင်ကျကျကြီးမပြောရ။ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးတွေမပါရ။ တစ်ကွက်ကျော်၊ နှစ်ကွက်ကျော်တွေးပြီးမှ
နားလည်အောင် ဝင်္ကဝုတ္တိအလင်္ကာ သုံးရသည်။
ဥပမာလေးတစ်ခု ဖော်ပြပါမည်။
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး
ယပ်ခပ်ပေးသည်။ ထိုအခါနောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
ဒီပြက်လုံးမှာ ညစ်ညမ်းတဲ့စကားလုံးတစ်လုံးမှ မပါ။ တွေးယူမှ တခစ်ခစ်ကြိတ်ပြီး ရယ်ရခြင်းဖြစ်၏။ ကလေးသူငယ်တွေ နားမလည်နိုင်။
လူရွှင်တော်ရဲ့စကားဆိုတော့ ပရိသတ်က အလေးအနက်မထားကြ။ ပျော်စေပြက်စေသာဖြစ်၏။ စင်ပေါ်မှာပြောခြင်းဖြစ်သောကြောင့် ပွဲပြီးလျှင်
လေထဲမှာပျောက်ကွယ်သွားသည်။ မှတ်တမ်းမကျန်ခဲ့။
ခုကျတော့ အငြိမ့်ပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေတွေထုတ်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။
အငြိမ့်ဆိုတော့ ထုံးစံအတိုင်း ခါးအောက်ပိုင်းပြက်လုံးတွေပါလာသည်။ ဒါမျိုးက လူတွေရဲ့သည်းခြေကြိုက်ဆိုတော့ သဘောကျကြသည်။
ဒီခွင်တွေက ဟာသဝတ္ထုတွေ၊ ဗီဒီယိုရုပ်ရှင်တွေဘက်ကူးစက်လာသည်။ သမားစဉ်ပြက်လုံးတွေလို ပညာသားပါပါမဟုတ်တော့။ ပရိသတ်ကြိုက်တယ်
ဆိုပြီး အတင့်ရဲလာသည်။ ခပ်ပြောင်ပြောင် ခပ်ကြမ်းကြမ်းတွေဖြစ်လာ၏။ တချို့စကားလုံးတွေဆို တော်တော်ရိုင်းစိုင်းသည်။ ပိုဆိုးတာက ဒါတွေကို
မင်းသားမင်းသမီးတွေကပါ ခံတွင်းတွေ့ပြီးလိုက်ပြောလာကြခြင်းပင်ဖြစ်၏။ ကျောင်းဆရာမဇာတ်ရုပ်ဖြစ်ပါလျက် 'နင်တော်တော်နှာဘူးထနေပါလား'
ဆိုသော စကားမျိုးပြောတာကတော့ တော်တော်ဆိုးသည်။ နှမလုပ်သူကိုဘေးမှာထားပြီး အစ်ကိုဖြစ်သူက သူငယ်ချင်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း
ပြောတာမျိုးတွေလည်း တွေ့ရကြားရသည်။ ထိုအခါ စာနယ်ဇင်းတွေက ဝေဖန် ထောက်ပြလာကြသည်။ မိသားစုအတူတကွကြည့်ကြသော
ပရိသတ်တွေက နှာခေါင်းရှုံ့လာသည်။ လူငယ်ပရိသတ်တချို့ဆီကတောင် မနှစ်မြို့သောလေသံတွေ ထွက်ပေါ်လာလေသည်။
☼ ☼ ☼ ☼ ☼
တကယ်တော့ ခါးအောက်ပိုင်းဟာသဆိုတာ ခုမှပေါ်လာခြင်းမဟုတ်။ ရှေးပဝေသဏီကတည်းကရှိနှင့် ပြီးဖြစ်၏။ 'တီးတိုးပုံပြင်များ' သို့မဟုတ်
'တိုးတိုးပုံပြင်များ'ဟု ခေါ်ကြသည်။ လူပျိုကြီးတွေက လူပျိုပေါက်ကလေးတွေကို ပြောပြသည်။ အပျိုကြီးတွေက အပျိုပေါက်ကလေးတွေကို
ကျိတ်ပြီးဖောက်သည်ချသည်။ တဟားဟား၊ တခစ်ခစ်ရယ်ကြရသည်။ ရှေးခေတ်က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လိင်ကိစ္စပညာပေးခြင်းတစ်မျိုးဟု
ဆိုကောင်းဆိုနိုင်သည်။ တချို့အကြောင်းအရာလေးတွေဆို မြန်မာ့ရိုးရာဟာသပုံပြင်ထဲမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရသေးသည်။
ဒီလိုကိစ္စမျိုးဆိုတာ လူတိုင်းစိတ်ဝင်စားကြတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုဟာသမျိုးရှိသည်။ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှ ကာတွန်းပုံတစ်ပုံတွေ့ဖူးသည်။
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။ အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့် လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"ဟူ၍ဖြစ်၏။
ခါးအောက်ပိုင်းဟာသဆိုတာက တော်တော်သိမ်မွေ့သည်။ ညစ်ညမ်းမှုနှင့် ဟာသကြားမှ နယ်နိမိတ်မျဉ်းကပါးပါးလေးဖြစ်၏။ အတိမ်းအစောင်းမခံ။
ခံစားသူပရိသတ်၏ ပင်ကိုယ်ဓာတ်ခံပေါ်မှာလည်း မူတည်သည်။ မုဆိုးမတစ်ယောက်အတွက် ရယ်ရွှင်ဖွယ်သက်သက်သာဖြစ်သော်လည်း
ဣနြေ္ဒကြီးလွန်းသော အပျိုကြီးတစ်ယောက်အတွက်တော့ နားရှက်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြက်လုံးတစ်ခုဟာ ညစ်ညမ်းမှုရှိမရှိ ဆိုတာကလည်း
လူအပေါ်မူတည်ပြီးအငြင်းပွားစရာလည်း ဖြစ်နိုင်၏။
ခါးအောက်ပိုင်းဟာသဆိုပေမယ့် တကယ်အနုပညာမြောက်လျှင် ဂန္ထဝင်စာရင်းထဲ ဝင်နိုင်ပါသည်။ ရှေးခေတ်စာဆိုမင်းသားကြီး ဦးကျောက်လုံး၏
'တော်သလင်းဖော်ကင်းပါတဲ့ ခွေးတွေအူ၊ အိပ်မပျော်တစ်ညလုံး အုံးကျွက်ကျွက်ဆူ'ဆိုသော ကဗျာမျိုး။ စလေဦးပုည၏ ကဗျာတစ်ပုဒ်ထဲမှာ ပါသော
'ဥတုနှင့် ပုဇွန်ဆီ'ဆိုသော စကားလုံးစသည်တို့ဖြစ်၏။ အလားတူ မှတ်မိသမျှလေးတွေတင်ပြလိုက်ပါသည်။
☼ ☼ ☼ ☼ ☼
ဟိုအရင် မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်းမှာ မကြာခဏလွှင့်လေ့ရှိသော လူရွှင်တော်ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ရေနံချောင်းက ဖေကံကောင်း
ဓာတ်ပြားထဲတွင်....
ဒေါ်ကြင်ဆိုသော မိန်းမလည်ကြီးက သူဌေးသားရေနံချောင်းက ဖေကံကောင်းကို အိမ်ပေါ်ခေါ်တင်ပြီး သမီးဖြစ်သူနှင့် ဖြားယောင်းသွေးဆောင်သည်။
ရွှေငွေကအစ တန်ဖိုးကြီးအဝတ်အစားအထိ ချူယူပြီးနောက် အိမ်ပေါ်မှနှင်ချသည်။ ဖေကံကောင်းက မဆင်းဘဲ ပေကပ်နေသော်အခါ သမီးလုပ်သူက
"ဟော ဒီမှာ အမေရေ၊ အမေ့လင်ကြီးက မသွားနိုင်ဘူးတဲ့"
ဟု ပြောသောအခါ ဖေကံကောင်းက-
"အမယ်၊ အမယ် အမေ့လင်ကြီးတဲ့ လိုချင်တာအကုန်ယူပြီး ခုကျမှ ငါ့ကိုချောက်ထဲတွန်းချလို့ဘယ်ရမလဲ"
ဟု ပြန်ပြောလေသည်။
☼ ☼ ☼ ☼ ☼
ရွှေကျီးညိုနှင့်ပဲခူးမြတို့ ပါဝင်သော 'သဒ္ဓါသုမနဇာတ်'ဓာတ်ပြားကို ဘုန်းကြီးကျောင်းအလှူမှ ဖွင့်တာ ငယ်ငယ်က ကြားဖူးသည်။ ဇာတ်၏သဘောမှာ
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့်
အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွားရသည်။ လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။ ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရားဖြစ်နေကြောင်းတွေ့ရ၏။ သုမနက
စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။)
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ
လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"
☼ ☼ ☼ ☼ ☼
ဇာတ်ဆရာ ဦးဖိုးစိန်ကြီးကပြခဲ့သော 'တာနောယက္ခ'ဇာတ်ထဲက အကွက်ကလေးတစ်ကွက်အကြောင်း လူကြီးတွေပြောပြတာကြားဖူးသည်။
(နောက်ပိုင်းတွင် စိန်မဟာသဘင်မှ ရဲစိန်၊ ညီဝင်းစိန်တို့က ပြန်လည်တင်ဆက်ခဲ့သည်။)
တာနောယက္ခဘီလူးသည် မိန်းမဖြစ်သူ သမုခသိင်္ဂီကို အလွန်ချစ်သည်။ မိန်းမက လှလည်းအတော်လှသဖြင့် စိတ်မချနိုင်ဘဲဖြစ်နေ၏။ ထို့ကြောင့်
ကျုတ်ကြီးထဲမှာ အလုံထည့်ပိတ်ပြီး သွားလေရာထမ်းခေါ်သွားသည်။
လမ်းတစ်နေရာတွင် ဇော်ဂျီနှင့်ဆုံသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင်ဖျောက်နိုင်သည်။ ကျုတ်ထဲကို ထွင်းဖောက်ဝင်သွားပြီး သမုခသိင်္ဂီနှင့်ပျော်ပါးသည်။
ကျုတ်ထဲမှာ မှောင်နေသဖြင့် သမုခသင်္ဂီက ဇော်ဂျီကို သူ့ယောက်ျားမှတ်ပြီး ကြည်ဖြူစွာလက်ခံသည်။ တာနောကတော့ ဘာမှမသိ။ ကျုတ်ကြီးကိုထမ်းပြီး
ခရီးဆက်လာခဲ့ရာ ရသေ့ကြီးတစ်ပါး၏ကျောင်းသင်ခန်းရှေ့က ဖြတ်လျှောက်လာသည်။ ရသေ့ကြီးကတော့ အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့်....
"ဟဲ့...တာနော်တို့လင်မယား သုံးယောက်ဘယ်သွားကြမလို့လဲ"ဟု မေးလိုက်သည်။
ဒီတော့မှ တာနောလည်းအထာပေါက်ပြီး သံသယဝင်လာသည်။ ကျုတ်ကြီးကို အလျင်အမြန်ဖွင့်ကြည့်သည်။ ဇော်ဂျီကလည်း လူလည်ပဲ။ ကိုယ်ရောင်
ဖျောက်ပြီး လစ်ထွက်သွားပြီ။ သို့ရာတွင်ခြေရာလက်ရာတွေ ပျက်ကျန်ခဲ့သည်။ သမုခသိင်္ဂီကလည်း ဖရိုဖရဲဖြစ်နေသည်။ ဒီမှာတွင် တာနောပေါက်ကွဲတော့သည်။
သမုခသိင်္ဂီကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲသည်။ သမုခသိင်္ဂီကလည်း
"ဒီလောက်အလုံပိတ်ထားတဲ့ ကျုတ်ထဲကို တာနောကလွဲပြီး ဘယ်သူဝင်နိုင်မှာလဲ"
"အဲဒါငါမဟုတ်ဘူး၊ မင်းဖောက်ပြန်တာ"
"ကျုတ်ထဲမှာ မှောင်မည်းနေတာပဲ၊ ဘယ်သူဘယ်ဝါခွဲခြားနိုင်တာမှမဟုတ်ဘဲ၊ ကိုတာနောပဲ ထင်မိတာပေါ့"
ထိုစဉ်တွင် လူရွှင်တော်တစ်ယောက်က....
"သမုခသိင်္ဂီနှယ် ကိုယ်သောက်နေကျဆေးပေါ့လိပ်တောင် နှစ်ပြားတန်လား၊ တစ်မူးတန်လား ခွဲခြားပြီးမသိတာအံ့ပါရဲ့"
ဟု ဝင်ဖောက်လိုက်သေးသည်။
☼ ☼ ☼ ☼ ☼
နောက်ဆုံးအနေဖြင့် ခါးအောက်ပိုင်းဟာသ စစ်စစ်တစ်ပုဒ်ကိုတင်ပြလိုက်ပါသည်။ ပေါက်ကရတွေပြောပြတတ်သော အဒေါ်တစ်ယောက်ဆီက ကြားဖူးခဲ့ခြင်း
ဖြစ်၏။ ညစ်ညမ်းသလား၊ ဟာသရသမြောက်သလားဆိုတာ ဆန်းစစ်ကြည့်ကြပါ။
တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာတစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင်
အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန် 'ရွှေဥ'ကို
ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။
အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က
'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ
အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ
အစားထိုးတပ်ဆင်ပေးလိုက်သည်။
လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။
ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက
စာတစ်စောင်ရောက်ရှိလာသည်။
"ဆရာကြီးခင်ဗျာ....
ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကုသပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း
လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှ
အရှိန်ဖြင့်ထွက်သွားသော ဘတ်စကားနောက်သို့ပင် အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။ ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး
လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေပါသည်။
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ
ပေါင်တစ်ဘက်ကိုမြှောက်၍ကားပြီးမှ ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။
လေးစားအားကိုးလျက်
မောင်မောင်စနေ"
(မှတ်ချက်။ ။ စာနယ်ဇင်းကျင့်ဝတ်အရ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ဆရာဝန်ကြီး၏အမည်ကို လူနာအဖြစ်လည်းကောင်း၊ လူနာ၏အမည်ကို
ဆရာဝန်ကြီးအဖြစ်လည်းကောင်း လွှဲပြောင်းဖော်ပြပေးထားပါသည်။)
-----------------------------------------------------------
မင်းလူ
ရယ်စရာမဂ္ဂဇင်း။
(ဩဂုတ်၊ ၂၀၁၁)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/15/2013 11:33:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[Real Family: 24972] Fwd: အင်းလေးကန်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေ Source: MM Times
On 14 Feb 2013 20:26, "khin thidar"အင်းလေးကန်တင်မကပါ လွန်ခဲ့တဲ့အပါတ်က ဧည့်သည် ၂၅ ယောက်နဲ့ ပုဂံမှာ နေ၀င်
ပြသဒါး ဘုရားကိုသွားပါတယ် ဧည့်သည်တွေဆင်းပြီးတော့ ဒရိုင်ဘာအကူကလေးက
အမှိုက်ပုံးကြီးကို မပြီးအောက်ချပါတယ် ဟဲ့ ဘာလုပ်မလို့လဲ ဆိုတော့
အမှိုက်သွန်မလို့ပါတဲ့ မလုပ်ပါနဲ့
ဘုရားပေါ်ရောက်နေတဲ့ဧည့်သည်တွေမြင်မကောင်းပါဘူးဆိုတော့ အမရေ
ကျွန်တော်တို့မှာ အမှိုက်ပစ်စရာနေရာမရှိပါတဲ့ ပုဂံ ညောင်ဦး စည်ပင်ကလဲ
အမှိုက်မသိမ်းပါဘူးလို့ပြောပါတယ် ပြောရင်းဆိုရင်းနဲ့ဘဲ အမှိုက်တွေ ဝေါကနဲ
ကျွန်မမှာတော့ ကျွန်မခေါင်းပေါ်ပစ်ချသလိုခံစားရပါတယ်
နေ၀င်ချိန် လာကြည့်ပြီး အပီခံစားကြတဲ့ ရွှေမြန်မာများကလဲ အားကျမခံ
ေ၇သန့်ဘူး အာလူးကြော်အိပ် တစ်ရှုးပေပါ သူတို့ဘတ်စကားပြူတင်းကနေ အပြင်ကို
ဖွေးကနဲ ဖွေးကနဲပေါ့
ပုဂံမှာ ပြသဒါး အဆိုးဆုံးလို့ထင်တာဘဲ
ဓမ္မရာဇက မှာတော့ အပေါ်ပစ္စယံမှာ အီးတောင်ပါသွားကြပါသေးရဲ့
ဆိုတော့ စည်ပင်က ကောက်နေတဲ့ အမှိုက်ခွန်ဆိုတာ ဘာလုပ်ဘို့ပါလိမ့်
On 2/14/13, Nansein Than <nansein.than@gmail.com> wrote:
> The people do throw all the plastics not only at Inlay Lake but also
> in the whole country. We should better give education to the children
> since primary school. Thanks Buddha! This is the 1st time I have seen
> the officers discussed about the plastics. The best suggestion is to
> shut down all the plastics producing factory. It's not too late if
> every one takes care not to throw it carelessly.
> Best regards, NST
>
> On 2/14/13, Than Tun Oo
>> အင်းလေးကန်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေ
>> ပြည့်သက်ဖြိုး | Wednesday, 13 February 2013
>>
>> [image: အင်းလေးကန်ဒေသအတွင်း စွန့်ပစ်ထားသည့် အမှိုက်များကို ဖေဖော်ဝါရီလ
>> အစောပိုင်းက တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)]အင်းလေးကန်ဒေသအတွင်း
>> စွန့်ပစ်ထားသည့် အမှိုက်များကို ဖေဖော်ဝါရီလ အစောပိုင်းက တွေ့ရစဉ်။
>> လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
>>
>> ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်တွင်းနေထိုင်သူများ
>> စွန့်ပစ်လိုက်သည့်အမှိုက်များကို စနစ်
>> တကျစွန့်ပစ်ရန် လိုအပ်နေသော်လည်း အမှိုက်များမှ ပြန်လည်အသုံးပြုနိုင်မည့်
>> ပစ္စည်းများ ထုတ်
>> လုပ်နိုင်မည့် စက်ရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း စက်မှုဝန်ကြီးဌာန
>> ဒုတိယ၀န်ကြီး
>> က ပြောကြားခဲ့သည်။
>>
>> အင်းလေးကန်ဒေသ စိမ်းလန်းစိုပြည် စေရန် အင်းလေးကန်အရှေ့ဘက်ကမ်း ၌သော်
>> လည်းကောင်း၊ အနောက် ဘက်ကမ်း၌သော်လည်းကောင်း စွန့်ပစ် အမှိုက်များ
>> ပြန်လည်ထုတ်ယူအသုံးပြု နိုင်ရန် ၀န်ကြီးဌာနများအနေဖြင့် စက်ရုံ တစ်ရုံ
>> တည်ဆောက်ပေးစေလိုသည်ဟု ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်
>> ဦးဝင်းဆွေက လွှတ်တော်တွင် တင်ပြခဲ့သည်။ လက်ရှိအင်းလေးဒေသ ရွာပေါင်း ၂၀ ကျော်၌
>> စွန့်ပစ်အမှိုက် ထွက်ရှိမှု မှာ တစ်ရက်လျှင် ပိဿာ ၅၀ ခန့်ရှိပြီး
>> ငါးရက်တစ်ကြိမ်
>> အမှိုက်သိမ်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ငါးလနီးပါးရှိပြီ ဖြစ်ကြောင်း၊
>> ယင်းအမှိုက်များကိုလည်း နန်းပန်၊ ဆေးကုန်း မီးသဂြုင်္ိဟ်စက်နံဘေး ၌ ခြံဝင်းခတ်၍
>> ခေတ္တယာယီ စုပုံထား ကြောင်း သိရသည်။ "သာလေးရွာနဲ့ အိုးကုန်းရွာ နှစ်ရွာ
>> အတွင်းမှာပဲ ငါးရက်တစ်ကြိမ် သိမ်း ဆည်းတဲ့အခါ စွန့်ပစ်အမှိုက်ကုန်ချိန်
>> ပေါင်း
>> ၅၀၀ ပိဿာဝန်းကျင် ရှိပါတယ်" ဟု ဦးဝင်းဆွေက ပြောသည်။ ယင်းသို့သော ခေတ္တယာယီ
>> စုပုံထား ခြင်းကြောင့် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲဖြစ်လာပြီး
>> ပလတ်စတစ်များ
>> ကို မြေကြီးတွင်းတူးမြှုပ်ခြင်း၊ ရေထဲ ပြန်လည်စွန့်ပစ်ခြင်းနှင့်
>> မီးရှို့ဖျက်ဆီး ခြင်းများ ပြုလုပ်လာကြသည့်အတွက် မသင့်တော်သည့် ကိစ
>> ၥျဖစ္သည္ဟု
>> လည်း ဦးဝင်းဆွေက ပြောသည်။ သို့ရာတွင် စွန့်ပစ်ပစ္စည်း အမျိုးအစား
>> လေးမျိုးရှိသည့်အတွက် စွန့်ပစ်အမှိုက် များ ပြန်လည်ထုတ်ယူ အသုံးပြုရန်
>> လုပ်ဆောင်၍မရကြောင်း၊ အဆိုပါ စက်ရုံ တည်ဆောက်မည်ဆိုပါက ဖြစ်နိုင် ခြေ
>> လေ့လာမှုကို (င်္နျေငဘငူငအပှအကိပ) ကို ပထမဆုံးပြုလုပ်မည်ဖြစ်ကြောင်း စက်မှု
>> ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်း အောင်က ပြန်လည်ပြောကြားခဲ့သည်။
>> "စက်ရုံတည်ဆောက်နိုင်ရေးအတွက် လည်း စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်"ဟု
>> ၎င်းက
>> ပြောသည်။ စက်ရုံတည်ဆောက်ရန်အတွက် မှန် ကန်သော တည်နေရာ၊ အနေအထား၊
>> လူနေအိမ်များ၊
>> ယဉ်ကျေးမှုအမွေအနှစ် ၀န်းကျင်ဒေသများနှင့် ဝေးကွာသော သီးသန့်အနေအထားဖြစ်ရန်၊
>> စက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှာ ဓာတုဗေဒဆိုင်ရာများ၊
>> ပလတ်စတစ်များ နှင့် ဇီဝဆိုင်ရာ စသည်တို့ မျိုးစုံပါဝင် သည့်အတွက်ကြောင့်
>> ပတ်ဝန်းကျင် လေထု၊ မြေထုကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့်
>> မြင့်မားသည့်စနစ်များကို လည်း အသုံးပြုရန်၊ စောင့်ကြည့်ရေးအဖွဲ့
>> ဖွဲ့စည်းပြီး
>> စနစ်တကျစောင့်ကြည့်လေ့ လာအကဲခတ်ရန်၊ စက်ရုံတည်ထောင် လုပ်ကိုင်သူများသည်
>> ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက် သော ဗဟုသုတအချက်အလက်များကို
>> လည်း
>> သိရှိနားလည်ထားပြီး စွန့်ပစ် ပစ္စည်းအမျိုးမျိုးကိုအသုံးပြု၍ ဆိုးကျိုး
>> နည်းနိုင်သမျှနည်းအောင် လုပ်ကိုင် ဆောင်ရွက်နိုင်သူများကိုသာ စက်ရုံ
>> တည်ထောင်ခွင့်ပြုမည်စသည့် အချက် များပေါ်တွင် မူတည်သည်ဟုလည်း ဒုတိယ၀န်ကြီး
>> ဦးသိန်းအောင်က ပြောကြားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ထိုကဲ့သို့
>> စက်ရုံတည်ဆောက်ရန် အစီ အစဉ်မရှိသေးဟုလည်း ၎င်းက ပြန်လည် ပြောကြားခဲ့သည်။
>> အင်းလေးကန်ဒေသရှိ လူနေထူထပ် သည့် ကျေးရွာများ၌ အမှိုက်များကို စည်းကမ်းမဲ့
>> စွန့်ပစ်မှုများကို မြင်တွေ့နေ ရဆဲဖြစ်ရာ အချို့သောနေရာများတွင်
>> ရေပြင်ပေါ်တွင်
>> အမှိုက်များမျောပါနေ သည်ကိုလည်း မြင်တွေ့နေရသည်။ ထို့ပြင် အမှိုက်စုပုံရန်
>> နေရာအခက် အခဲကြောင့် အမှိုက်များကို ရေပြင်ပေါ်၊ သို့မဟုတ် ရေစပ်များတွင်
>> စုပုံစွန့်ပစ်မှု များ ရှိသဖြင့် အင်းလေးကန်ရေကို ညစ်ညမ်းမှု
>> ဖြစ်ပေါ်စေသည်ကိုလည်း တွေ့ရသည်။
>>
>> Source: MM Times
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
---
You received this message because you are subscribed to the Google Groups "Real Family" group.
To unsubscribe from this group and stop receiving emails from it, send an email to real-family-mm+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.

