[mrsorcerer:37326] Fwd: [လူဗိုလ်ဟူသည် ...] မတော်မလျော် အဆိုမတင်သွင်းကြစေလို



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/15
Subject: [လူဗိုလ်ဟူသည် ...] မတော်မလျော် အဆိုမတင်သွင်းကြစေလို
To: lubo601@gmail.com


Saturday, February 16, 2013

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်
အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ မျက် ခြည်မပြတ်စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။
လွှတ်တော်အစည်းအဝေးများကို လည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်းတင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေဟောင်းများထဲမှ
ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက်ရမည့်ကိစ္စများ
သြာ ဖစ်နေပါ တော့သည်။

ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့် ကိစ္စတစ်ခုကို ကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ "အမျိုးသမီး လိင်အလုပ်သမားများအတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံ
ပေးမည်"ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။

တစ်ဆက်တည်း ၎င်းသတင်းထဲ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သော
ဒေါ်လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလို ခံစားသွားရပြန်ပါသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသားရေးတစ်ရပ်အနေဖြင့်သော်လည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း၊ ယင်း ဥပဒေသစ်လုံးဝပေါ်ပေါက်မလာစေရန် အထူးတလည် ကာကွယ်ကြရမည်သာ ဖြစ်ပါသည်။

မြန်မာမိန်းကလေး တစ်ဦး၏ ခြေတစ်လှမ်းသည် ကုဋေ တစ်သန်းပင်တန်သည်ဟု တင်စားဖွဲ့ ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာအရပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
ပွဲတော်များမှာပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စားဆင်ယင်မှုများကို တွေ့မြင်နေရသဖြင့် ရင်မောရသည့်အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆို
ကြဦးမည် ဆိုသည်ကတော့ လားလားမျှမသင့်တော် ကျွန်မတို့ဗိုလ်ချုပ်ပြောသလို ဟိုနိုင်ငံဖြစ်ဖို့ ကြိုးစားနေ ကြပြီလားဟု မေးလိုက်ချင်ပါသည်။

အမျိုးသမီး Sex worker ဆိုတာ ဟိုဟာကဟိုဟာပဲမဟုတ်လား။ Worker ဆိုတာ ဘယ်လိုပဲ ဘာသာပြန်ပြန်လုပ်သား (သို့) အလုပ်သမားပဲ မဟုတ်လား။ ရုံးလုပ်သား၊ ပညာရေးလုပ်သား၊ အထည် ချုပ်လုပ်သား၊ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စသဖြင့် အလုပ်လုပ်နေသူ
အားလုံးကပဲ။ လိင်အလုပ် သမားများဖြင့်ရောထွေးမသွားစေချင်ပါ။

ကျွန်မတို့မြန်မာလူ့ဘောင်အသိုင်းအ၀န်း မှာ Sex Worker ဆိုတာ လုံးဝမရှိအပ်ဘူး၊ ဘယ်ခေတ်ဘယ်အခါကမျှ ဒါမျိုးလုပ်စား နေသူတွေကို ရှေ့တန်းမတင်ဘူး၊ ဘုရင် ခေတ်ကလည်း အောက်ဆုံးအလွှာပဲ၊ ခေတ်အဆက်ဆက်အောက်ဆုံး အလွှာပဲ၊ လူတွေရဲ့ အထင်သေးရှုတ်ချ ခံခဲ့ရတဲ့သူ တွေပဲ။

အမျိုးသမီးလိင်အလုပ်သမားများ အတွက် ဥပဒေသစ်ပေါ်ထွက်စေရေး
ထောက်ခံပေးမည့် လူ့အခွင့်အရေးများ လှုပ်ရှားမှုများဆောင်ရွက်နေသူ မဟာ ကရုဏာရှင် အမျိုးသမီးကို မေတ္တာရပ်ခံ ချင်ပါသည်။

သူတို့လေးတွေရဲ့ ဘ၀ကို ကူညီချင်တယ်ဆိုရင် သူတို့ကို ဒီဘ၀ တွေထဲက ဆွဲထုတ်ရမှာမဟုတ်ဘူးလား။ အခုဆိုရင် ပြောင်းလဲလာသည့်ခေတ် အခြေအနေအရ အလုပ်အကိုင် အခွင့် အလန်းသစ်တွေ အမျိုးကြီးပေါ်နေပြီ၊ သူတို့ကို နိမ့်ကျသည့်ဘ၀လေးတွေထဲက ဆွဲထုတ်ပြီး မှန်ကန်တဲ့
ဘ၀လမ်းကြောင်း ပေါ်ကို ဆွဲတင်နိုင်မှသာ သူတို့ရဲ့ဘ၀ကို ကယ်တင်ရာ
ရောက်မှာဖြစ်ပါသည်။

အခုတော့ လူ့လောကအ၀န်းအ၀ိုင်း ထဲမှာ သိက္ခာမဲ့သထက်မဲ့ ရပ်ကွက်ထဲ မျက်နှာငုံ့ပြီး လျှောက် လှမ်းနေရတဲ့ဘ၀ ချိုင့်ဝှမ်းထဲဆွဲသွင်းနေသလိုဖြစ်မနေဘူး လား။ မြန်မာ့လူ့ဘောင်မှာ Sex worker ဆိုတဲ့ မိန်းကလေးတွေကို လမ်းမှာတွေ့ ရင်တောင် လက်ဆွဲနှုတ်ဆက်ကြလိမ့် မည်ဟု ထင်ပါသလား၊ တွေ့လျှင်ကွေ့ ရှောင်သွားမည့် သူများချည်းဖြစ်ပါလိမ့်မည်။

သူတို့၏ မိသားစုဝင်များသည်ပင် လျှင် ရပ်ကွက်ထဲ ရဲရဲဝံ့ဝံ့လျှောက်လှမ်း နိုင်မည် မဟုတ်၊ သူတို့လေးတွေကို သနားလျှင်ကယ်တင်လိုသည်ဆိုလျှင် လူ့အသိုင်းအ၀န်းမှာ ခေါင်းမော့ပြီးလျှောက် လှမ်းနိုင်အောင် Factory Worker,Sewing Worker,Sale Worker စသဖြင့် လမ်း ကြောင်း မှန်ပေါ်ဆွဲတင်ပေးလိုက်စမ်းပါ၊

သွေးသား Worker တွေဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့၊ရေနစ်သူကို ၀ါးကူ ထိုးသလို မလုပ်ကြပါနဲ့။ မြန်မာအမျိုးသမီးများ ကမ္ဘာ့ အလယ်မှာ တင့်တယ်နိုင်ကြပြီး မြန်မာ့ ကျက်သရေဆောင်
နိုင်သူများဖြစ်ကြပါ စေဟု မြန်မာကိုချစ်သော မြန်မာအမျိုးသမီးတစ်ယောက်အနေဖြင့် လေးလေးနက်နက် ဆန္ဒပြုလိုက်ရပါတော့သည်။

ခင်နွဲ့မူ (အင်းစိန်)
The Hot News


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/16/2013 01:17:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37324] Fwd: [လူဗိုလ်ဟူသည် ...] ဖေ့စ်ဘုတ် ကာတွန်းစုစည်းမှု (၁၅-၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/15
Subject: [လူဗိုလ်ဟူသည် ...] ဖေ့စ်ဘုတ် ကာတွန်းစုစည်းမှု (၁၅-၂)
To: lubo601@gmail.com





















--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/16/2013 12:38:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37322] Fwd: [လူဗိုလ်ဟူသည် ...] သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/15
Subject: [လူဗိုလ်ဟူသည် ...] သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ
To: lubo601@gmail.com


Ko Ko Thiha shared အူတက်အောင်ရီရသောဟာသများနဲ့အခြား's photo.
သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ  ----------------------------------------------------------------------------------  ***************************************************    ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။  ...  စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။    ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။    ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။    CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။    ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။    အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)    ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။    အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။    အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။    ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။    ကျေးဇူးတင်ပါတယ်....အဆင်ပြေကြပါစေ.....    ရီမောစေလိုသောဆန်ဒသာ...By Lon Elys...

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်....အဆင်ပြေကြပါစေ.....

ရီမောစေလိုသောဆန်ဒသာ...By Lon Elys...


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/16/2013 11:39:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37322] Fwd: [လူဗိုလ်ဟူသည် ...] လူမှုဆက်ဆံရေးတာဝန်များ.....



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/15
Subject: [လူဗိုလ်ဟူသည် ...] လူမှုဆက်ဆံရေးတာဝန်များ.....
To: lubo601@gmail.com



ဒီpage လေးကိုလာရောက်လည်ပတ်ကြသော သူငယ်ချင်းတို့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ မည်သူမဆို ရှောင်လွဲမရအောင် လိုအပ်လှတဲ့ " လူမှုဆက်ဆံရေး တာဝန် " လေးတွေကို သိမှသာလျှင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ လွယ်ကူအဆင်ပြေချော့မွေ့စေမှာမို့ ဗဟုသုတအဖြစ် ဖတ်ရှုကြနိုင်ရန် ပြန်လည်မျှဝေလိုက်ရပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးမှုသည် များစွာအရေးကြီးပေသည်။ အကျင့်စာရိတ္တ ကောင်းရန် လိုအပ်သကဲ့သို့ပင် ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ယဉ်ကျေးခြင်းကို အလိုရှိအပ် ၏။

၂။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမှုအရာယဉ်ကျေးခြင်းသည် မတူညီကြချေ။ အချို့သော သူတို့သည် ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းကြပါလျက် အမှုအရာ၊ အပြောအဆို၊ ယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင်သလောက် မရှိရုံမျှမက တစ်ခါတစ်ရံ အကျိုးယုတ် ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။ ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာ ဆက်ဆံ တတ်သူက ယဉ်ကျေးခြင်းမရှိသူထက် အဆင့်အတန်းများစွာသာလွန်ကာ အကျိုးခံစားနေရ သည်ကို များစွာတွေ့မြင်နိုင်ပေသည်။ ယဉ်ကျေးခြင်းအမှုအရာသည် ၀မ်းတွင်းပါ သဘောတ ရားမဟုတ်ချေ။ သင်ကြားပြသ အတုယူခြင်းဖြင့် ပြုပြင်၍ ရကောင်းသောအရာများဖြစ်ချေ သည်။

၃။ အကျင့်စာရိတ္တကောင်းရာတွင် ယဉ်ကျေးခြင်း ထပ်လောင်းပါက အလွန်အဖိုးတန်လာပေ လိမ့်မည်။

၎။ ယဉ်ကျေးမှုဓလေ့ထုံးစံတို့သည် လူမျိုးအသီးသီးအလိုက် ခြားနာခြင်းရှိသော်လည်း လူမျိုးတစ်မျိုးထံမှ တစ်မျိုးက အတုယူသင့်သောအချက်၊ ရှောင်ကြဉ်သင့်သောအချက်များ လည်း ရှိကြပေသည်။ မိမိလူမျိုး၏ ဓလေ့ထုံးစံများပင်လျှင် အချို့ကိုကား ပယ်ဖျောက်သင့်၍ အချို့ကိုပြုပြင်သင့်ပြီးလျှင် အချို့ကိုမှုကား ဆက်လက်လိုက်နာသင့်ပေသည်။

၅။ ယဉ်ကျေးမှုအရပ်ရပ်ကို အောက်ပါအတိုင်း မှတ်သားသင့်ပေသည်။

(က) အိမ်၌ ယဉ်ကျေးခြင်း။

(ခ) ကျောင်း၌ ယဉ်ကျေးခြင်း။

(ဂ) လမ်း၌ ယဉ်ကျေးခြင်း။

(ဃ) ကစားဉ် ယဉ်ကျေးခြင်း။

(င) ခရီးသွားစဉ် ယဉ်ကျေးခြင်း။

(စ) အထွေထွေ ယဉ်ကျေးခြင်း။



(က) အိမ်၌ ယဉ်ကျေးခြင်း

၁။ မိမိနှင့် သင့်လျှော်သောနေရာတွင် နေရာ၏။

၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရ။

၃။ ရွှင်ပျသော မျက်နှာထားအမှုအရာ ရှိအပ်၏။

၎။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်း မရှိစေရ။

၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။

၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။

ရ။ အိပ်ရာကိုသန့််ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျရှိစေရာ၏။

၈။ အိပ်ခန်းမှအထွက်မီ နေရာတကျ ရှိ-မရှိ ကြည့်ရှုစီစဉ်ရာ၏။

၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာ မပြုနှင့်၊ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။

၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှုမမှန်ဖြစ်တတ်သည်။

၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင် လည်း လက်နှင်ဘက်ဖြင့် ပေးရာ၏။

၁၂။ တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊ ၀င်သည်ထွက်သည့်အခါ တိုင်း တံခါးကိုပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာပိတ်ရာ၏။

၁၃။ အိမ်ကိုဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။

၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ် စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။

၁၅။ အစားစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။

၁၆။ အလျင်စလို မစားရာ။

၁၇။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။

၁၈။ ထမင်းလုတ် အနီးသို့မရောက်မီ ပါးစပ်ကို ဟ၍မထားပါနှင့် ပျတ်ပျတ်မြည်အောင် မစားပါ နှင့်။

၁၉။ ဟင်းရည်သောက်လျှင် မမြည်စေရ၊ ဇွန်းနှင့်သွားကို မထိစေရ။

၂၀။ ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။

၂၁။ ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။

၂၂။ လက်ကို ဟင်းရည်မပေစေရ၊ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို လက်နှင့်မနှိုက်နှင့်။

၂၃။ ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမ မြင်ရာသို့ သွားပါလေ။

၂၄။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။

၂၅။ တည့်တည့်ထိုင်၍ စားရာ၏။

၂၆။ တစ်စုံတစ်ရာကိုအလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။

၂၇။ သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။

၂၈။ ထမင်းစားပွဲပေါ်ရှိအရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။

( က္ကုနြေ္ဒမရသော အပြုအမှုဖြစ် သည်။ )

၂၉။ လူကြီးမိဘများ ဧည့်သည်များသည်၊ ဘာကိုအလိုရှိသနည်းဟု သတိနှင့်ကြည့်ရာ၏။ သိလျှင်အသံမကြားရစေဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။

၃၀။ လက်ဖက်ရည်၊ ကော်ဖီသောက်သောအခါ အောက်ခံပန်ကန်ပြားထဲတွင်ထည့်၍ သောက် ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၄င်းပန်ကန်ပြားသည် ဖိတ်၍ မကျန်ရန်၊ မပေရန် အောက်ကခံသောအရာဖြစ်၏။

၃၁။ ဖဲ့၍စားနိုင်သောအရာကို ဖဲ့၍ စားပါ။ ကိုက်၍ မစားပါနှင့်။

၃၂။ ထမင်းစားစဉ် စကားများများမပြောရ၊ ရွှင်ပျသောမျက်နှာ ထားရာ၏ ၊ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။


(ခ) ကျောင်း၌ ယဉ်ကျေးခြင်း

၁။ စာသင်ခန်းသို့ အချိန်မှန်စွာရောက်ရာ၏။ နောက်ကျ၍ ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်းနှင့်ဆရာ့အား ခွင့်တောင်းရာ၏။

၂။ အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ၊ စကားမများရ။

၃။ အခြားကျောင်းသားများအား မည်သို့မျှ အနှောက်အယှက်မပြုရ။

၎။ စာအုပ်၊ စာရေးကိရိယာများကို ရိုသေစွာကိုင်တွယ်ပါ၊ ညစ်ညမ်းအောင် ပျက်စီးအောင် မပြုလုပ်ရာ။

၅။ စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်၊ စာရွက်ထောင့်က ဖွင့်ရာ၏။

၆။ စာရွက်ကို ချိုး၍မမှတ်နှင့်၊ စာအုပ်ကို မှောက်၍မထားနှင့်၊ စာရွက်လွတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။

ရ။ စာဖတ်နေစဉ်၌လည်ကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲ သို့လက်ကိုမသွင်းနှင့်၊ လက်သည်းကို မကိုက်နှင့်။

၈။ မိန်းကလေးများသည် နိးစပ်ရာစုပေါင်း၍ တစ်ယောက်ယောက်ကို မခေါ်မပြော ၀ိုင်းပယ် သောအကျင့် ရှိတတ်၏။ အပယ်ခံရသူသည် အလွန်စိတ်ဆင်းရဲရသောကြာင့် ထိုအပြုအမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။

၉။ အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသောအမှုအရာဖြစ်၏။

၁၀။ တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။

၁၁။ ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို အလျဉ်းမပြုဘဲ ရှောင်ကြဉ်ရာ၏။

(မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကိုပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြဉ်ပြီး ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသော စကားအသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။)

၁၂။ ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ ၏။

၁၃။ ကျောင်းသူကလေးများနှင့်ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့် ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။
၁၄။ သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ၊ အပြုအမှုယဉ်ကျေးသော လူငယ်တစ် ယောက်ဖြစ်သည်ဟု စံနမှုနာယူလောက်သူဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။

" မောင်ကျောင်းသား၊ အတတ်သင်ပါ။
လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ
မာနချလျက်၊ မြန်မာ့အကျိုး
တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည၊ ကြိုးပါကြ"။


(ဂ) လမ်း၌ ယဉ်ကျေးခြင်း

၁။ လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လမ်းလျှောက်စဉ် ကျယ်လောင် စွာသီချင်းဆိုခြင်း မပြုရ။)

၂။ လမ်းတွင် ရပ်၍စကားပြောလျှင် လွတ်ရာသို့ရှောင်၍ ပြောရာ၏။

၃။ လမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောက်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြံမှသွားလာခြင်း၊ အခြားကန့်သတ်နေရာများမှသွားလာခြင်း စသောကန့်သတ်ချက်များ ထားတတ်၏။ ကန့်သတ်သည့်အတိုင်း လိုက်နာရန်သတိပြုရာ၏။

၎။ ရဟန်သံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို မိမိက လမ်းဖယ်၍ ပေးရာ၏။

၅။ ထီး၊ တုတ်စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက် သို့စိုက်ကာ ကိုင် ဆောင်ရာ၏။

၆။ လမ်းပေါ်တွင် သစ်သီးခွံများကို ပစ်မထားပါနှင့်။

၇။ မီးရှိသော ဆေးလိပ်တို့ကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်၊ နင်းမိသူ အပူလောင်တတ် သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။

၈။ အမှိုက်၊ စက္ကူစုတ် စသည်တို့ကို လမ်းမပေါ်တွင် မပစ်ပါနှင့်၊ လမ်းဘေးရှိ အမှိုက်စွန့်ရာပုံး များထဲသို့ထည့်ပါ။

၉။ လူကို ဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင်တွေ့ရှိပါ ကဖယ်ရှားပစ်ရာ၏။

၁၀။ ၀န်လေး သယ်ဆောင်လာသောလူများအား မိမိက ရှောင်ဖယ်ရ၏။

၁၁။ လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။

၁၂။ လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ "လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်" လေးမြတ်စွာ ဂါရ၀ ပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မျာချီ၍လည်းကောင်း၊ "ဦးညွတ်နှုတ်ဆက်" တန်သူကို ဦးညွတ်၍လည်းကောင်း၊ "ပြုံး၍နှုတ်ဆက"်သင့်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။

၁၃။ မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး စ ကားဖြင့်နှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်နိုင်သမျှ ရှောင်ရာ၏။

၁၄။ တစ်ဦးတစ်ယောက် မတော်တဆ ထိခိက်မိ၍ဖြစ်စေ၊ အခြားကိစ္စအတွက် တောင်းပန်ရန် ဖြစ်စေ ရှိခဲ့လျှင် သင့်လျော်ရာ ယဉ်ကျေးသော စကားအသုံးနှုန်းတို့ဖြင့် ယဉ်ကျေးစွာ တောင်း ပန်ရမည်။ မိမိအား တောင်းပန်လျှင်လည်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုရာ၏။


(ဃ) ကစားစဉ် ယဉ်ကျေးခြင်း

၁။ ကစားသောအခါ စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းမျိုးများကိုသာလျှင် ကစားရာ၏။

၂။ ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သောစိတ် ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။ (တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ ကစားခြင်းကို ပြုရာသည်။)

၃။ အပျော်အရွှင် အနိုင်အရှုံးကစာခြင်း၌ အရှုံးအနိုင်ကို မဓာနမထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။

၎။ ကစားရာ၌ ၀မ်းသာဝမ်းနည်းခြင်းကို ထင်ရှားမပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သို့ပင် ရှုံးသော ပွဲကို စိတ်မပျက်ဘဲ ကစားရာ၏။

၅။ အငြင်းအခုန်ဖြစ်လျှင် တစ်ဖက်သားဆန္ဒ ပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပါ။ အငြင်းမသန်ပါစေနှင့်။

၆။ ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။

ရ။ ဒိုင်လူကြီးမရှိလျှင် အသင်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။

၈။ ကစားစဉ် မတော်တဆထိခိုက်မလျှင် အပြစ်မယူပါနှင့် တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။

၉။ မိမိကလည်း မရည်ရွယ်ဘဲနှင့် ဤသို့ပြုလုပ်မိတတ်သည်ကို သတိပြုပါ။

၁၀။ ကြမ်းတမ်းသောစကား၊ ကြမ်းတမ်းသောအပြုမှုတို့ကို အလျဉ်မသုံးပါနှင့်။ (ရူံး၌ ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမှုဖြစ်၏။)


(င) ခရီးသွားစဉ် ယဉ်ကျေးခြင်း
၁။ ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသောယာဉ်တို့ဖြင့်ဖြစ်စေ ခရီးသွားသောအခါ အတင်းတိုး၍ မ၀င်ရ။ အားနည်းသူများကို ပထမဦးစွာ အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ် သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား တတ်နိုင်သမျှ ကူညီရာ၏။ အကယ်၍ တစ်စုံရစ်ရာ မကူညီနိုင်စေကာမှု မိမိအတွက်အနှောက်အယှက်မဖြစ်စေသင့်၊ တံခါးကို ဖွင့်ပေး ခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာရှိစေရန်ကူညီခြင်း၊ လေးသော ၀န်ကိုပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။

၂။ မိမိအတွက် သင့်လျော်သည်ထက် ပို၍နေရာမယူသင့်။

၃။ ထိခိုက်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တောင်းပန်ရန်ရှိ ခဲ့လျှင် နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ တောင်းပန်ရာ၏။

၎။ ကျေးဇူးတင်သင့်လျှင်တင်ကြောင်း၊ အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာပြောအပ် ၏။

၅။ လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဥပဒ်အန္တရာယ်ကိုလည်းဖြစ်စေ၏။

၆။ ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စ်ကားအတွင်း စသည့်လူအများနှင့် ဆက်ဆံရာနေ ရာများတွင် စကားကျယ်စွာ မပြောရ။ အော်ဟစ်ခြင်းကို မပြုရ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောရာ၏။

ရ။ ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ။ သူတစ်ပါး မခံသာသောအနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ၊

၈။ စက္ကူစုတ်၊ မုန့်ထုပ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မတင်မရှိအောင် သတိပြုရာ၏။

၉။ ချောင်းဆိုးခြင်း၊ ချေးဆတ်ခြင်းကို လူရှေ့တွင် မပြုလုပ်ရာ၊ တခြားနေရာသို့ ထသွားခြင်းငှာ တတ်နိုင်ပါလျှင် လက်ကိုင်ပ၀ါဖြင့်အုပ်၍ ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်၏။

၁၀။ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ စသည်တို့၌ လက်မှတ်ခံခြင်း၊ ၀င်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သောနေရာမျိုးတွင် မိမိအတွက် အလျင်ရရန်၊ ရောက်ရန် တိုးဝှေ့၍ တက်ခြင်း၊ မိမိကိုသာလျှင် ဦးစွာဆောင်ရွက်စေလိုခြင်း စသော အပြုအမှုတို့သည် ယဉ်ကျေး သော နိုင်ငံကြီးသားတို့၏ အပြုအမှုမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။

၁၁။ လူစည်ကားရာအရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ နောက်ပြောင် ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသောအမှုအရာဖြစ်၍ ရှက်ဖွယ်ကောင်းလှ၏။


(စ) အထွေထွေ ယဉ်ကျေးခြင်း


၁။ လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ၍ မပြောပါနှင့်။ ထိုသူကိုကြည့်၍ ပြောရာ၏။

၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမှုအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။ (သူတစ်ပါးသည် သင့်အား အပြစ်ရှာနေသည်ဟု မထင်လေနှင့်။)

၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ ၏။

၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမှုအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့်သဘော၊ ဆရာလုပ်လို သည့်သဘောဖြင့် ပြောဆိုခြင်းမပြုရ၊)

၅။ သူတစ်ပါး၏ အပြစ်ကိုမပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။

၆။ ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့် လည်း ယှဉ်ပြီးပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။

ရ။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သောစကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။

၈။ လူကြီး လူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကာအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန် သတိထားရာ၏။ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကိုထိန်းနိုင်လာလိမ့်မည်။ )

၉။ မကောင်းသော စကားကို မပြောမိစေရန်၊ မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင် ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာ အားပေးခြင်းမပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ (ဤကား ၀တ္တရား ဖြစ်ကြောင်းမမေ့အပ်။)

၁၀။ မိမိနှင့်မဆိုင်သောနေရာ အရာဝတ္တုပစ္စည်း အလုပ်အကိုင်များတွင် မပါမ၀င် ရှောင်ကြဉ်ရာ၏။

၁၁။ မိမိနှင့်ဆိုင်သောကိစ္စဖြစ်စေကာမှု မိမိအား သိစေသောအခါမှသာလဆင် သိရာ၏။ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့်။ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။

၁၂။ အခြားသူများ၏ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင်မကြည့်ရာ။ (စည်းကမ်းစနစ်ကြီး သူဖြစ်ပါစေ။ )

၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမ၀င်ချေ။ အများ၏ အနှောင့်အယှက်ဖြစ်စေရုံမျှမက ကြားသူတို့စိတ် တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။

၁၄။ မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာထားရာ၏။ မကောင်းသော ဘေးဒုက္ခတွေ့သည့် အခါမှာပင် စိတ်မညစ်ဘဲမှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။

၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။

၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသောအမှုအရာဖြစ်၍ မိတ်တွေပေါများကြာင်း ဖြစ်၏။

၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍သုံးပြိးလျှင် စိတ်ချမ်း သာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။

၁၈။ " နှုတ်ချို သျှိုတစ်ပါး"၊ နှုတ်ကောင်းလျှင်ပြည်စိုး"၊ "နှုတ်ကြောင့်သေ လက်ကြောင့်ကြေ" ဆိုသော စကားပုံများကို သတိပြုပါ။

၁၉။ "စကားကျွံသော် နုတ်မရ" ဟူသော စကားပုံတို့သည် နှုတ်မှုယဉ်ကျေးခြင်းဆိုင်ရာ စကား ပုံများဖြစ်ပေသည်။

၂၀။ သူတစ်ပါး၏ပျော်ရအင်မှုကို မနှောင့်ယှက်ပါနှင့်၊ လူတိုင်းအပေါ် ဖြောင့်မတ်သောစိတ်စေ တနာကောင်းထားပါ။

၂၁။ မိမိမှာ တာဝန်ပေးခံရ၍ သြဇာအာဏာရှိလာလျှင် ငယ်သားကိုမညှဉ်းပါနှင့်၊ မကြိမ်းမောင်း ပါနှင့်၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်ပါစေ။

Credit to မေတ္တာရိပ်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/16/2013 11:44:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37322] Fwd: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/15
Subject: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ
To: lubo601@gmail.com


ထက်နိုင်ဇော်| February 16, 2013

ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့ တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် / ဧရာဝတီ)

အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြ ရန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။

"ကျနော်တို့ စံပြခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ" ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ပေါင်တွင် ထိုနေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ Generation Youth နှင့် ရန်ကုန်မြို့အခြေစိုက် လူငယ်အင်အားစု ၁၀၀ ခန့် တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားတွင် အထက်ပါအတိုင်း ၄င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို ငွေစက္ကူနှင့် တံဆိပ်ခေါင်းများပေါ်တွင် ပြန်လည် သုံးစွဲနိုင်ရန် တောင်းဆိုသော လက်မှတ်များ ရေးထိုးခဲ့ကြပြီး ရရှိသော လက်မှတ်များနှင့် တခြားနေရာများမှ စုဆောင်းရရှိထားသော လက်မှတ် ၅၀၀ ကျော် ကို ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့်ပေးအပ်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် ပို့ဆောင်ခဲ့ကြောင်း Generation Youth မှ ကိုနေထွဋ်ပိုင်က ပြောသည်။

အစိုးရသို့ တိုက်ရိုက် မတင်ပြရခြင်းမှာ ယခုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်ပြီး သူ၏ တုန့်ပြန်ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

"ပြဿနာ အခက်အခဲရှိရင် သူ့ဆီကို အရင်လာပြီး အကူအညီတောင်းပါ ဆိုပြီးတော့ ပြည်ထောင်စုနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ အဲဒါကြောင့် သူ့ဆီကို အရင်သွားပြီး အသိပေးတာ" ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ခြင်္သေ့ရုပ် ငွေစက္ကူများ ပေါ်ပေါက်လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။

"၁၉၅၂ ခုနှစ် မှာ ဗဟိုဘဏ်ဥပဒေ ပေါ်လာတော့ ဗိုလ်ချုပ်ပုံနဲ့ ငါးကျပ်တန်တွေ ထွက်လာတယ်။ ဆိုရှယ်လစ် တခေတ်လုံးလည်း ဗိုလ်တေဇပုံ သုံးခဲ့တာပဲ။ နိုင်ငံတကာမှာတော့ ကိုယ့်တိုင်းပြည်ထူထောင်တဲ့ သူရဲကောင်းပုံတွေကို သုံးကြတယ်။ တိုင်းပြည်အတွက် အမှတ်တရ ဖြစ်မယ့်သူတွေကို သုံးကြတယ်။ ကိုယ့်ခေါင်းဆောင်တွေကိုလည်း တန်ဖိုးထားတတ်ဖို့ လိုတယ်" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည်တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်းစသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ အချို့နိုင်ငံများတွင် ခေတ်ကာလနှင့် လျော်ညီသော ရုပ်ပုံများကို အသုံးပြုကြကြောင်း ဦးသန်းလွင်က ရှင်းပြသည်။

"ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကလေးများနေ့လို့ သတ်မှတ်ခဲ့ပေမယ့် မည်ကာမတ္တပဲ ရှိခဲ့တယ်။ ကလေး လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေပဲ။ အခု လူငယ်တွေ သမိုင်းကို မသိတဲ့အတွက် တိုင်းပြည်က မျိုးဆက်နဲ့ချီပြီး နစ်နာနေပြီ။ အဲဒါကို ဖော်ထုတ်ကြဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓာတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဆိုသည်။

"အနေအထိုင် ရိုးစင်းတာနဲ့ နိုင်ငံနဲ့ပတ်သက်လို့ အသက်စွန့်လွှတ် အနစ်နာခံပြီးတော့ အဲဒီခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ရေးကို ရူးသွပ်တာမျိုးပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ဘယ်လောက် ရူးသွပ်လဲဆိုတာ နိုင်ငံနဲ့ချီပြီးတော့ ရူးသွပ်မှုတွေ မွေးမြူကြရမှာပါ" ဟု သူက ထပ်ပြောသည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီ ဆရာတော် အရှင် ဥူးကောသလ္လက ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။

မဟာဝိဇယဘုရားသို့ လာရောက်သူတိုင်းကိုလည်း သရုပ်ဆောင် Chan Moe Lay မှ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို လှူဒါန်းခဲ့သေးသည်။

"သူ အသက်ရှင်နေထိုင်စဉ် ကာလအတွင်းမှာ တိုင်းပြည်အကျိုးကို အများကြီး လုပ်ခဲ့တဲ့အတွက် လေးစား မိပါတယ်" ဟု အင်းလျားကန်ပေါင် အခမ်းအနားသို့ တက်ရောက်လာသော စမ်းချောင်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးသူ က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု၍ တမိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သီချင်းများ သီဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/16/2013 11:33:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

February 16, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ

“ကျနော်တို့ စံပြခေါင်းဆောင် က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ” Read More

 

၂၀၁၃ ကျောင်းသားငြိမ်းချမ်းရေး ဆုရှင်ကို ဦးမင်းကိုနိုင် ဂုဏ်ပြုမိန့်ခွန်းပြော

နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့၌ ကျင်းပနေသည့် နိုင်ငံတကာ ကျောင်းသားပွဲတော်တွင် ယခုနှစ် ကျောင်းသားငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည့် အကျဉ်းစံ အီရန် ကျောင်းသားခေါင်းဆောင်နှင့် ဖြစ်ရပ်တူညီခဲ့သူ မြန်မာနိုင်ငံမှ ကျောင်းသား Read More

 

ထိုင်းရှိ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် အမြန်ရရှိရေး စီစဉ်

ထိုင်းနိုင်ငံရောက် အထောက် အထားမဲ့ မြန်မာ အလုပ်သမားများကို စခန်း ၁၁ ခုဖွင့်လှစ်ပြီး ယာယီနိုင်ငံကူး လက်မှတ် အမြန်ဆုံး ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။ Read More

 

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေး တောင်းယူမှုများ ရှိနေ Read More

 

“တရှက်က နှစ်ရှက်”

တကူးတက ကင်မရာတွေနဲ့ ခိုးရိုက်ပြီး အွန်လိုင်းပေါ် တင်ဖို့၊ ဖြန့်ဖို့ ကြိုးစားသူတွေ ရှိနေတာကြောင့် သွားသတိ၊ နေသတိလို့ နေရာတိုင်းမှာ ဆိုင်းဘုတ်တွေ ထောင်ထားရ မလိုတောင် ဖြစ်နေပါတယ်။ Read More

 

ခရိုနီတွေ နာလန်ထချိန်

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတိုက်အခံ လှုပ်ရှားမှုကို အရင်က တိတ်တဆိတ် ထောက်ပံ့ခဲ့တဲ့ ခရိုနီတွေဟာ အခုမှ NLD ကို ငွေပုံပေးပြီး လူလုံးပြကြတဲ့ ခရိုနီတွေကို ကြည့်ပြီး ခံစားချက် မကောင်းကြဘူး။ Read More

 

SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

အပစ်ရပ်ပြီးပြီ ဆိုရင်တော့ ကျနော်တို့ ခေါင်းဆောင်တွေက အကုန်လုံး တွေ့ရမှာပဲ။ မတွေ့ကြဘူးဆိုရင်တော့ နားလည်မှု မရနိုင်ဘူးပေါ့နော်။ ယုံကြည်မှုလည်း ရနိုင်မှာမဟုတ်ဘူး။ တယောက်နဲ့တယောက် အထင်မှားနေကြမယ်။ Read Mo re

 

တရုတ်နှစ်သစ်ကူး ဆုတောင်းနဲ့ ရိုးရာအက အလှ

တရုတ်နှစ်သစ်ကူး ဆုတောင်းနဲ့ ရိုးရာအက အလှ ကိုရုပ်သံနဲ့ တင်ဆက်ထားပါတယ်။ Read More

 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။

 

သစ်ထူးလွင်

သစ်ထူးလွင်


ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး နေပြည်တော်တွင် ဖမ်းမိ

Posted: 16 Feb 2013 06:54 AM PST

နိုင်ငံတော် သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ရှိသော ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော်သို့ ခိုးဝင်လာသည့် ရခိုင် ပြည်နယ်မှ ဘင်္ဂါလီ ၁၂ ဦးကို လူအင်အားသုံး၍ ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး နေ၀င်က ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် The Voice Weekly သို့ ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကလေးမြို့နယ် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား
အောက်တိုဘာလ (၁၄) ရက်နေ့ ၂၀၁၂ တွင် ဖမ်းဆီးမိစဉ်။

မြို့ နယ် အုပ်ချုပ်ရေးမှူးနှင့် အရက်အတူ သောက်တဲ့ လောင်းကစား ဒိုင်ကြီးများ လောင်းကစားဥပဒေ ကင်းလွတ်ခွင့် ရသလား

Posted: 16 Feb 2013 05:23 AM PST

ဧရာဝတီ တိုင်းဒေသကြီး အိမ်မဲ မြို့ တွင် ဟိုစိန်တရုတ်ဗုဒ္ဓဘာသာကျောင်းတွင် ၃၅ ကြိမ်မြောက် နှစ်သစ်ကူး ပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက် နှင့် ၁၈ ရက်နေ့ များတွင်ကျင်းပရန်စီစဉ်ခဲ့သည်။

အဆိုပါပွဲတော်တွင် ပျော်ပွဲရွှင်ပွဲ အနေဖြင့် လိုင်စင်ပါ လျှပ်စစ် ဆိုင်ကယ် ငါးသိန်းတန်ကို ကံစမ်းမဲ ထည့်၍ ကံစမ်းမဲ အလှူငွေ ဖြတ်ပိုင်းကို နှစ်ထောင်ကျပ် ဖြင့် လှူဒါန်းကံစမ်းနိုင်ပြီး ပွဲတော်ကျင်းပရာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ တွင် ကံထူးသူကို အမှတ်တရ ရွေးချယ်ပေးရန် အိမ်မဲမြို့ နေ တရုတ်လူငယ် အမျိုးသားများမှ စီစဉ်ခဲ့သည် ဟု သိရသည်။ အဆိုပါ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွင် နေရာလေးခု၌ စတင်ဖြတ်ပေးခဲ့ကြသည်။

 ၁၄.၂.၂၀၁၃ ည ၈း၀၀ အချိန်တွင် အိမ်မဲမြို့ ရဲစခန်း မှ တာဝန်ရှိသူများက ထိုသို့ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများ ပြုလုပ်ခြင်းအား မြို့ နယ်အုပ်ချုပ်ရေးမှူးက ရဲစခန်းကို စာထွတ်ပြီး လောင်းကစား ဥပဒေနှင့်ငြိစွန်းသည် ဟု တားမြစ်ခိုင်းခဲ့သည်။ တာဝန်ရှိ ရဲတပ်ဖွဲ့ မှ လောင်းကစားဥပဒေနှင့် ငြိစွန်းနေသဖြင့် မပြုလုပ်ရန် ကံစမ်းမဲ အလှူခံဖြတ်ပိုင်း ဖြတ်ပေးသော နေရာလေးခုမှ လူငယ်များကို ပြောကြားသဖြင့် ထိုလူငယ်လေးဦးမှ   ထိုသို့ ကံစမ်းမဲအလှူခံဖြတ်ပိုင်းပြုလုပ်ခြင်းမှာ ဥပဒေနှင့်ငြိစွန်းသည်ကို မသိနားမလည်၍ ပြုလုပ်မိခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းမှာ ပျော်ပွဲရွှင်ပွဲ နှင့် အမှတ်တရ ဖြစ်စေရန်သာ ရည်ရွယ် ကြောင်း ၊ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းတခုလျှင်  နှစ်ထောင်ကျပ် နှုန်းဖြင့်လှူဒါန်းခိုင်းပြီး အစောင်ရေ ၃၀၀ ပြည့်လျှင် ငါးသိန်းတန်လျှပ်စစ်ဆိုင်ကယ်ကိုရန်ကုန်မှ မှာယူပေးကာ ကံထူရှင်ရွေးချယ်ပေးပြီး ပိုလျှံသော ငွေ အား ဟိုစိန် တရုတ် ဘုရားကျောင်း အဆောက်အဦ ပြုပြင်ရန် အတွက် လှူဒါန်းရန်ရည်ရွယ်ကာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကံစမ်းမဲ အလှူခံဖြတ်ပိုင်းပြုလုပ်ရာတွင် အိမ်မဲမြို့ နယ်ရှိ ကျေးရွာများနှင့် အခြားမြို့ များမှ သိမ်ဆောက် ကျောင်းဆောက် ၊ကံစမ်းမဲ အလှူခံဖြတ်ပိုင်း နမူနာများကိုကြည့်ကာ ပြုလုပ်ခဲ့ကြောင်း ဥပဒေ နှင့်မလွတ်ကင်းသည်ကိုမသိနားမလည်၍ ပြုလုပ်မိကြောင်း ရဲစခန်းမှ တာဝန်ရှိသူများကို ရှင်းပြ ပြောဆိုပြီး လှူဒါန်းပြီးသား ကံစမ်းမဲ အလှူခံ ဖြတ်ပိုင်းများကို ငွေများပြန်လည်ပေးခဲ့ကြသည် ဟု  သိရသည်။

 သို့ ရာတွင် ၁၅.၂.၂၀၁၃ ည ၇း၀၀ နာရီ အချိန်တွင် မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း မှ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းဖြတ်ပေးသော လူငယ်လေးဦးအား အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့  ခေါ်ယူခဲ့ပြီး ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများကို လက်ရောက်ပေးအပ်စေ၍  အာဏာသုံးကာ အတင်းအဓမ္မ ခံဝန်လက်မှတ် များထိုးခိုင်းခြင်း၊ ဥပဒေ အရ ရေးယူနိုင်အောင် ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့သည်။ အိမ်မဲ မြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူများကိုလည်း အမိန့် အာဏာသုံးလျက် အမှု့ ဖွင့်ခိုင်းခဲ့ကြောင်း၊ သိခဲ့ရပါသည်။ ဘာသာရေး ပျော်ပွဲရွှင်ပွဲ ဖြစ်စေရန် စီစဉ်သော လူငယ်များကို ခံဝန်လက်မှတ် အဓမ္မ ထိုးခိုင်းခြင်းအကြောင်း ကြားသိရသော အိမ်မဲမြို့ နေ ဒေသခံ တစ်ဦး မှ " မြို့ ကနယ်မြို့ လေးပါ ဘာသာရေး အကြောင်းပြု ပျော်ပွဲရွှင်ပွဲ တခုအနေနဲ့ လူငယ်တွေစီစဉ်ကြတာပါ ဥပဒေ အရငြိစွန်းတယ်သိရင် ကိုယ်ကျိုးမပါတဲ့ ကိစ္စ ကို ဘယ်သူကလုပ်ရဲ မှာလဲ? လောင်းကစား ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ရဲ လက်စွဲ ဥပဒေ စာအုပ်ပြ အုပ်ချုပ်ရေး ဥပဒေ စာအုပ်ပြပြီး အရေးယူမယ်  ဆိုရင် အိမ်မဲမြို့ မှာ လောင်းကစား အကြီး အကျယ် လုပ်နေတဲ့ ဒိုင်ကြီးတွေ ရှိပါတယ် လောင်းကစား ဒိုင်ကြီး ဦးကျော်ကျော် နှင့် မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း တို့ နှစ်ဦး ရွှေပင့်ကူ စားသောက်ဆိုင်မှာ အရက် အတူတူ သောက်တာ ခဏခဏ တွေ့ ရတယ်၊ အရက် အတူ တူ သောက်ဖော် သောက်ဖက် မို့ လို့ လောင်းကစားဥပဒေ နဲ့ ကင်းလွတ်ခွင့် ရသလား လို့ မေးစရာ တစ်ခုဖြစ်နေပြီ ၊၊

ဆင်းရဲသားပပျောက်ရေး စီမံချက်နဲ့  လောင်းကစားပြုလုပ်ခြင်းကို (၈.၈.၂၀၁၂) တွင် အိမ်မဲမြို့ မှာ ရှင်းလင်းဖမ်းဆီးရေးတွေ လုပ်ခဲ့ကြတယ် အဲ့ဒီမှာ လောင်းကစားဒိုင်ကြီးတွေ တစ်ယောက်မှ အဖမ်းမခံခဲ့ရဘူး မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်းက ငွေကြေးယူ ကာ အကာအကွယ် ပေးခဲ့တယ်၊ လောင်းကစား လုပ်သားလေးတွေသာ အဖမ်းခံခဲ့ရတယ်၊ ဘာသာရေး ပျော်ပွဲရွှင်ပွဲ နဲ့  လှူဖို့ ကြိုးစားကြတဲ့လူငယ်တွေကို အာဏာရှင် စနစ်သုံးကာ အရေးယူနိုင်အောင် ကြိုးစားတယ် " ဟု ရင်ဖွင့်ပြောကြားခဲ့သည်။

မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း  အားဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ '' ရပ်ကျေး အုပ်ချုပ်ရေးမှူးသင်တန်းပေးနေတဲ့ အတွက် လက်အောက်ငယ်သားတွေ ဥပဒေမှာ ပါလာတဲ့ အတိုင်း ဆောင်ရွက် လိုက်နာနိုင်အောင်လုပ်ပြရမယ် ခွင့်လွှတ်ပေးလို့ မဖြစ်ဘူး "ဟု ဖြေကြားခဲ့သည်။

ယခုလက်ရှိချိန်တွင် အိမ်မဲမြို့၌ ဘောလုံးလောင်းကစားခြင်း။ သုံးလုံး ချဲထီ လောင်းကစားခြင်းများကို လည်းကောင်းနှင့် အရက် အတူသောက် လောင်းကစား ဒိုင်ကြီး နှင့် အခြားဒိုင်ကြီး များ မှ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိသည်ကို ဒေသခံများပြောကြားချက်အရ သိခဲ့ရသည်။

 လင်းရောင်ရှင်( အိမ်မဲ )


ဓနုဖြူမြို့မှ ဆက်သွယ်ရေးဝန်ထမ်း တချို့  လူငယ်များအား ထိုင်နိုင်ငံသို့ တရားမ၀င် ပို့ ဆောင်နေ

Posted: 16 Feb 2013 04:59 AM PST

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ တမြာကျေးရွာအုပ်စု အလမျိုးကျေးရွာတွင် လူငယ်များကို ဆက်သွယ်ရေး ၀န်ထမ်းများက မသမာသူများနှင့် ပေါင်းကာ ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင် ပေးနေကြောင်း သတင်းရရှိပါသည်။ ဓနုဖြူမြို့နယ် အလမျိုး ကျေးရွာတွင်
 နေထိုင်သော ဒေါ်အေးအေးသန်းမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြ၀တီ - မဲဆောက် စက်လှေ ဂိတ်တခုအားတွေ့ ရစဉ်

ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

Posted: 16 Feb 2013 04:46 AM PST

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကွမ်းခြံကုန်းမြို.နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးရုံးတွင် လာဘ်ပေး၊ လာဘ်ယူမှုများ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လျှက်ရှိ

Posted: 16 Feb 2013 04:39 AM PST

ရန်ကုန် တောင်ပိုင်း ခရိုင် ၊ကွမ်းခြံကုန်း မြို.နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစားဌာန ရုံးတွင် မြေတိုင်း(၅)ရာထူးခန်.ထားခြင်း နှင့် ခန်.ထားရန် လျှောက်လွှာ ခေါ်ဆိုချိန်တွင် လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ မြေတိုင်း(၅) ရာထူးခေါ်ဆို ချိန်တွင် ဦးစီးမှုး အပြောင်းအလဲနှင့် ဦးစီးမှုး မရှိချိန်ဖြစ်သဖြင့်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပေါက်ခေါင်းမြို့ တွင် ၀ါယာရှော့ ဖြစ်၍ မီးလောင်မှု ဖြစ်ပွါးခဲ့

Posted: 16 Feb 2013 04:31 AM PST

ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ် အချိန်ခန့် က ပဲခူးတိုင်း ဒေသကြီး၊
 ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ၊ ပြည်-ပေါက်ခေါင်း-တောင်ငူလမ်း အမှတ်(၃/၁၂၂)ရှိ ဦးမောင်မောင် (ခ) ဦးသန်းဦး (ဟိန်းမိတ္တူလုပ်ငန်း) နေအိမ်တွင် မီးပျက်၍ မီးစက်ဖြင့် မီးစက်ဖြင့် မိတ္တူလုပ်ငန်း ဆောင်ရွက်နေစဉ် နေအိမ် အပေါ်ထပ်မှ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပေါက်ခေါင်းမြို့ မီးလောင်မှု မြင်ကွင်း ဓါတ်ပုံများ




အင်းတော်မြို့နယ်အတွင်း (၁၄၄) အမိန့် ထပ်ထုတ်ပြန်

Posted: 16 Feb 2013 04:18 AM PST

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း မီးရထားလမ်း ၀ဲယာ(၇၅)ပေအား Feb 15 , 2013 မှ March 16 , 2013 နေ့အထိ ည(၈)နာရီမှ နောက်တစ်နေ့ နံနက်(၅)နာရီအတွင်း ဖြတ်သန်း သွားလာခြင်း မပြုရန် အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ၂၀၁၃၊ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ရက်စွဲပါ စာအမှတ်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲဂိတ်တွေ ခေတ်စားလာပြန်ပြီ

Posted: 16 Feb 2013 03:59 AM PST

လွန်ခဲ့တဲ့ ၁၀-၂-၁၃ ရက်နေ့ တနင်္ဂနွေနေ့မှာ မန္တလေးယာဉ်ထိန်းက ရဲအရာရှိ ကားနဲ့သယ်လာတဲ့ ကျွန်းတံခါး ပေါက်တွေအတွက် ရဲအချင်းချင်း မညှာမတာ ပိုက်ဆံတောင်းတဲ့ အတွက် အနားမှာရှိတဲ့ ဦးလေးကြီး စားသောက်ဆိုင်မှာ အော်ကြီး ဟစ်ကျယ် စကားတွေ များကြပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစီရင်ခံစာကို စောင့်ကြည့်ပေးပါရန် oမ်ပေါင်ကုမ္ပဏီမှ မေတ္တာရပ်ခံ

Posted: 16 Feb 2013 03:31 AM PST

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပက်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ကို စောင့်ကြည့် ပေးပါရန် သတင်း မီဒီယာများနှင့် ဒေသခံ ပြည်သူများအား မေတ္ကာ ရပ်ခံကြောင်း ဇန်နဝါရီ ၂၈ ရက်တွင်  ဝမ်ပေါင်ကုမ္ပဏီ၏  ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့ နယ်ခရီးစဉ် (27 photos)

Posted: 16 Feb 2013 03:11 AM PST

ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့ နယ်ခရီးစဉ် (၁၆.၂.၂၀၁၃) ဓါတ်ပုံ - Burma VJ Media Network

ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ငှက်အော်နမ်း ကျောင်းတွင် ထမင်း အတူ စားရင်း စကား လက်ဆုံ ကျနေစဉ်။ ဓါတ်ပုံ - Burma VJ Media Network

နေပြည်တော်မှ ဘုန်းတော်ကြီးကျောင်းများ ကျူးကျော်အဖြစ် သတ်မှတ်ခံရ (ရုပ်/သံ)

Posted: 16 Feb 2013 02:53 AM PST

မန္တလေးတိုင်း ဒေသကြီး နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ကျူးကျော် အဖြစ် မတရား သတ်မှတ်ခံရတဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ဒီကနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ မြန်မာသတင်းများ ကွန်ယက်ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ပတ်သတ်ပြီး ဘုန်းကြီးကျောင်းအဖြစ် မသတ်မှတ်ဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ဆုံးဖြတ်ချက်ကနေ ဆုံးဖြတ်လိုက်တဲ့အတွက် အဲ့ဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတွေ စုပေါင်းပြီး ဥက္ကဌဆရာတော်ထံ လက်မှတ်ရေးထိုး တင်ပြလျှောက်ထားခဲ့ကြပါတယ်။

အဲ့ဒီကျောင်းတွေထဲက ငါးကျောင်းကိုတော့ မြို့နယ်သံဃနာယက (လယ်ဝေး) က ခွင့်ပြုချက်ပေးလိုက်သလို ကျန် နှစ်ကျောင်းကိုလဲ မြို့နယ်သံဃနာယကအဖွဲ့ (ပျဉ်းမနား) က ခွင့်ပြုချက် ပေးထားတဲ့အတွက် အဖျက်ဆီးမခံရပေမဲ့ အောင်သိဒ္ဓိကျောင်း ပါဝင်တဲ့ ကျောင်း ၁၀ ကျောင်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ဘုန်းကြီးတွေ အနေနဲ့ကတော့ ဒီကျောင်းနေရာတွေကို သိမ်းယူမယ်ဆိုရင်လဲ မြေနေရာ အစားပြန်ပေးဖို့နဲ့ တာဝန်ရှိသူတွေ အနေနဲ့ တရားမျှမျှတတ လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Burma VJ Media Network


ဓါတ်ပုံ - Burma VJ Media Network


ပြည်တွင်းစစ်၏အရိပ်အောက်မှ လွတ်မြောက်ကာစ ထရေဖိုးကွီး ရွာကလေး

Posted: 16 Feb 2013 02:46 AM PST

ဖုန်များ တလိမ့်လိမ့် ထနေသော တောလမ်း ကြမ်းထဲတွင်ကားများ သတိထားပြီး မောင်းနှင် နေကြသည်။ ထရေဖိုးကွီး ဆိုသော ကရင်ရွာလေးမှ ရွာပုန်းရွာရှောင် ဒုက္ခသည် များကို အကူအညီပေးရေး ပစ္စည်းများ သွားရောက် လှူဒါန်းရန် သွားနေကြခြင်း ဖြစ်သည်။ လေးဘီးကားများ ဖြစ်သော ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရွှေကို မလို ရေကိုသာ လိုတဲ့ ပခုက္ကူနယ် မြိုင်မြို့နယ်ထဲက ရွာကလေး (ရုပ်/သံ)

Posted: 16 Feb 2013 02:27 AM PST

လယ်တွင်းကိုးခရိုင် စိမ်းလန်း စိုပြေရေး ဆိုပေမဲ့ ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းက ဒီတဲကြီး ရွာကလေး ကတော့ ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေ ရပါတယ်။

 ရွာသူရွာသား ၄၀၀ ကျော် ရှိတဲ့ ဒီရွာကလေးရဲ့ ဆောင်ပုဒ်ကိုက ရွှေကိုမလို ရေကိုသာ လိုပါသတဲ့။ မနက် မလင်းခင်ကတည်းက ရေခပ်ဆင်းနေကြတဲ့ ရွာကလေးရဲ့အသံကတော့ အမြဲဆူညံနေတာ ဖြစ်ပါတယ်။

 ဆောင်းရာသီကနေ နွေရာသီကို ကူးပြောင်းတဲ့ အခုလို ရာသီမျိုးမှာ မိုးရေလှောင်ကန်တွေကလဲ တဖြည်းဖြည်း ခမ်းခြောက်လာတဲ့အတွက် တရွာလုံး မှီခိုအားထားနေရတဲ့ ဒီရေကန်ကြီးကတော့ နောက် ၁၀ ရက် ၁၅ ရက်လောက်ဆို ခမ်းတော့မှာ ဖြစ်ပါတယ်။

ကန်ရေကိုသာ အားထားနေရတဲ့ ဒီရွာလေးမှာတော့ တွင်းရေ ဆိုတာ ကရော အားကိုးလို့ မရဘူးလားလို့ မေးတဲ့ အခါမှာတော့ အတောင် ၂၀ အထိ တူးတာတောင် ရေမထွက် သေးဘူးလို့ ရွာသားတဦးက ပြောပါတယ်။

နွေရာသီ ရောက်ပြီ ဆိုတာနဲ့ ရေကိုသာ အဓိကထား ရှာဖွေ ခပ်ယူ နေရတဲ့အတွက် အခြားအလုပ်တွေကို မလုပ်နိုင်ဘူးလို့ ရွာသားတွေက ညည်းတွား နေကြပါတယ်။

ရေခပ်ရင်း ရေငတ်နေကျ ရွာကလေးအတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဏာရေးနှစ်မှာ ရေတွင်းတူးပေးနိုင်ဖို့အတွက် အထက်ကို တင်ပြထားပါတယ်လို့ တာဝန်ရှိသူတွေကတော့ ဆိုနေကြပါတယ်။

လူကြီးချိုးပြီးသား ရေကို ကလေးက ချိုး၊ နောက်ဆုံး ရေဆိုးကိုမှ နွားတွေကို တိုက်ဖို့ စီမံနေရတဲ့ ဒီရွာကလေးကတော့ သူတို့မှီခိုအားထားနေရတဲ့ ဒီရေကန်ကြီး မခမ်းသေးခင် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေ လာရောက် လှူဒါန်းမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Burma VJ Media Network


နေပြည်တော် ကောင်စီနယ်မြေရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်း မဖယ်ရှား၍ တရားစွဲဆိုထား

Posted: 16 Feb 2013 02:13 AM PST

နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော်များအား နေပြည်တော် သာသနာရေးမှူးမှ တရားစွဲ ဆိုထားကြောင်း အဆိုပါကျောင်းမှ သံဃာတော်များက မိန့်ကြားသည်။ အဆိုပါ သံဃာတော်များသည် ယနေ့ နံနက် ၁၀ နာရီတွင် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နေပြည်တော်ကောင်စီနယ်မြေမှ ဘုန်းတော်ကြီးကျောင်းများ သတင်းစာရှင်း

မန္တလေးတိုင်းဒေသကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် မတရား သတ်မှတ်ခံရသော ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီကနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ မြန်မာသတင်းများကွန်ယက်ရုံးခန်းမှာ ကျင်းပခဲ့ပါသည်။ ဓါတ်ပုံ - Burma VJ Media Network




ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.7

Posted: 16 Feb 2013 01:58 AM PST

ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.7

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ရဲအရာရှိ တစ်ဦးကို ပုဆိန်ဖြင့် ခုတ်သတ်

Posted: 16 Feb 2013 01:54 AM PST

ကော့သောင်း မြို့လယ်ကောင် ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းတွင် ရဲအရာရှိ တစ်ဦးကို အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




facebook အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့

Posted: 16 Feb 2013 01:41 AM PST

ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လူမှုဆက်ဆံရေး ကွန်ယက်ဖြစ်သည့် facebookအား ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ ရယူ သွားနိုင်ခြင်းမရှိခဲ့ဟုေfacebookလုံခြုံရေးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကွမ်းခြံစောင့် ၄ ဦးအား ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

Posted: 16 Feb 2013 01:32 AM PST

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ အုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ ၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ ()၊ အမှတ်(၂၉)

Posted: 15 Feb 2013 03:17 PM PST

ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ ()၊ အမှတ်(၂၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၅၈)

Posted: 15 Feb 2013 03:16 PM PST

ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၅၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၄)

Posted: 15 Feb 2013 03:14 PM PST

ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့ ထုတ် Monitor News Journal အတွဲ (၂)၊ အမှတ်(၄၂)

Posted: 15 Feb 2013 03:11 PM PST

ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့ ထုတ် Monitor News Journal အတွဲ (၂)၊ အမှတ်(၄၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ယခုအပါတ်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄)၊ အမှတ်(၁၀)

Posted: 15 Feb 2013 03:09 PM PST

ယခုအပါတ်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄)၊ အမှတ်(၁၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


အမျိုးသားစီမံကိန်း ဥပဒေကြမ်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး

Posted: 15 Feb 2013 02:37 PM PST

ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၃-၂၀၁၄၊ အမျိုးသား စီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကောင်အထည် ပေါ်လာ ခဲ့ရင် ပြည်သူတွေရဲ့ဆန္ဒတွေ အတိုင်းအတာ တစ်ခုအထိ ရောင်ပြန်ဟပ်မယ် ထင်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ Photo : RFA

အင်းတွေကြောင့် လယ်သမားတွေ ဒုက္ခရောက်

Posted: 15 Feb 2013 02:28 PM PST

ညောင်လေးပင်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၆ ရွာမှာ စပါးစိုက်လို့ရတဲ့ လယ်မြေ ဧက နှစ်သောင်း ကျော်ဟာ အင်း တွေကြောင့် လယ်မစိုက် နိုင်ဖြစ် နေတယ်လို့ လယ်သမား တွေက ပြောပါတယ်။ အဲဒီလယ်မြေ တွေမှာ မိုးတွင်းမှာ ရေတွေလျံ ၊ နွေဘက်မှာ ရေတွေမရ ဖြစ်နေတဲ့ အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ညောင်လေးပင်းဘက်မှာ အင်းပေါင်း ၆၀ ကျော် ရှိတယ်လို့ လယ်သမားတွေ ပြော