သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS/SSA နှင့် ဦးအောင်မင်း ချင်းမိုင်၌ တွေ့ဆုံဆွေးနွေး

Posted: 19 Feb 2013 04:26 AM PST

ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့ ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana Hotel ၌ RCSS/SSA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့တွေ့ဆုံစဉ် (ဓါတ်ပုံ- Hla Maung Shwe facebook)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana Hotel ၌ မွန်းလွဲ  ၁ နာရီမှ ၂ နာရီထိ တွေ့ဆုံခဲ့ကြရာ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ၊ အပစ်ရပ်အပေါ်  စောင့်ကြည့်ရေး၊  မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနှင့် ယနေ့ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဆို၏။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတကြီး ဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်ရပ်သဘောတူညီချက်စာချုပ်ချုပ်ခဲ့သည်။

(အသေးစိပ်အချက်အလက်များကို ဆက်လက်ဖော်ပြပါမည်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန် သမျှကိုထောက်ခံကြောင်း - SNLD ပြော (SNLD ပြောခွင့်ရပုဂ္ဂိုလ်နှင့်ဆက်သွယ်မေး မြန်းခန်း)

Posted: 19 Feb 2013 04:25 AM PST

ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ်  ဖို့ အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ လုပ်မယ်လို့ UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေကပြောကြောင်း သတင်းတွေထွက် ပေါ်နေပါတယ်။  ဒီကြားထဲမှာ ဒီအခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေ တယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်။ SNLD ရဲ့သဘောထား အစစ်အမှန်သိရအောင်လို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို   သျှမ်းသံတော်ဆင့်ကဆက်သွယ်မေးမြန်းထားပါတယ်။
unfc-govt-cm                နိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနှင့် UNFC တွေ့ဆုံကြစဉ် (facebook)

မေး။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကြားသိရပါတယ်။ SNLD အနေနဲ့ ဘယ်လိုသုံးသပ်ပြော ဆိုလို ပါသလဲ။

ဖြေ။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ် သက်ပြီး ကျနော်တို့ အနေနဲ့ အရေးတယူနဲ့ ဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးခဲ့တာမျိုးတစုံတရာမရှိခဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန်သမျှကို ကျနော်တို့ ကြိုဆို ထောက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ ဒါပေမယ့် အဲလိုတွေ့ဆုံဆွေးနွေးခွင့်ဟာ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝ ပြီးတော့ မှ ပွင့်လင်းမြင်သာမှုရှိဖို့ဘဲလိုအပ်ပါတယ်။

မေး။    ။ ဦးအောင်မင်းက UNFC နဲ့ တွေ့ဆုံဖို့လုပ်နေတာရယ် ဆရာတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရယ် ကွာခြားချက်လေး ရှိပါသလား။ ဒီနှစ်ခုရဲ့ကွာခြားချက်လေးပြောပြပေးပါလားခင်ဗျ။

ဖြေ။    ။ ကျနော်တို့လဲ ပြည်တွင်းမှာ ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ကြိုးစားနေသလို ပြည်ပက အဖွဲ့အစည်းတွေကိုလည်းဘဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက သွားရောက်ဆွေးနွေးတယ်ဆိုတာ ကောင်းမွန်မှန်ကန်တဲ့အချက်ပါ။ ဒါပေမယ့်လို့ တချိန်ချိန်ကျ ရင်တော့ ပြည်တွင်းကော ပြည်ပကော လက်နက်ကိုင်အဖွဲ့အစည်းကော နိုင်ငံရေးပါတီကော အားလုံးတွေ့ဆုံပြီးတော့မှ ဆွေးနွေးနိုင်တဲ့ ပြည်ထောင်စုလုံးဆိုင်ရာညီလာခံကြီးတခုတော့ မဖြစ်မနေကျင်းပဖို့လိုအပ်ပါတယ်။ အဲလိုအခြေအနေ မျိုးရောက်အောင်အဖက်ဖက်က ကြိုးစားနေတယ်လို့မြင်ပါတယ်ခင်ဗျ။

မေး။    ။ ဆရာဆိုလိုတဲ့သဘောက အခု သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲပြီးရင် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ဆွေးနွေးမှုကြီးတရပ်မှာ UNFC လဲဘဲ ပါဝင်လာမယ်လို့ဆိုတာလားခင်ဗျ။

ဖြေ။    ။ ဟုတ်တယ်ခင်ဗျ။ နိုင်ငံရေးရည်မှန်းချက်ရှိပြီးတော့မှ နိုင်ငံရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းမှန်သမျှ ပြည်ထောင် စု ထဲမှာဘဲရှိနေတဲ့သူတွေဖြစ်ဖြစ် ပြည်ထောင်စုပြင်ပကိုရောက်နေတဲ့သူတွေဘဲဖြစ်ဖြစ် ဒီနိုင်ငံကြီးကောင်းစားဖို့ ကြိုးစား နေတဲ့ အဖွဲ့အစည်းမှန်သမျှအကုန်လုံးတွေ့ဆုံပြီးလုပ်ဖို့လိုအပ်ပါတယ်။ အဲ့ခါကျရင် UNFC တင်မကဘူး တခြားသောအဖွဲ့ အစည်းအားလုံးပါလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျ။

မေး။    ။ သျှမ်းကယား ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်အဆင့်အထိရောက်နေပြီလဲခင်ဗျ။

ဖြေ။    ။ လာမယ့်အပတ်ထဲမှာဘဲ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးထိုင်သွား မှာဖြစ်ပါ တယ်။  ၂၃ ရက်နေ့မှာ တောင်ကြီးမှာအစည်းအဝေးထပ်ထိုင်ပါမယ်။ အဲ့ချိန်ကျရင် ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်းများ ပုဂ္ဂိုလ် များ နောက်ပြီး ဆွေးနွေးမယ့် အာဂျဲန်ဒါ(agenda) အစရှိ အသေးစိပ်အချက်အလက်တွေကို ဆက်လက်ပြီးဆွေးနွေး သွားဖို့ ရှိတယ်။ လုပ်ငန်းသဘောအရတော့ တော်တော်လေးအဆင်ပြေပြီးတော့မှ တော်တော်လေး သွားနေပါပြီ။ ရည်မှန်းတဲ့အနေ အထား တခုကိုရောက်နေပါပြီလို့ပြောလို့ရပါပြီ။

မေး။    ။ လာမယ့်အခုပြောတဲ့ သျှမ်း-ကယား ဆွေးနွေးပွဲမှာကော လေ့လာသူအနေနဲ့တက်ရောက်ဖို့ ဥပမာ UNFC တို့ဘာ တို့အဖွဲ့အစည်းတွေကို ဖိတ်ဖို့ကော ရှိပါသလား ။

ဖြေ။    ။ အဲဒါ ကျနော်တို့ဘက်က စဉ်းစားထားပြီးသားရှိပါတယ်။ ဖိတ်သင့်တယ်မဖိတ်သင့်ဘူးဆိုတာ ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကျမှဘဲ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကိုလည်းဘဲ ညှိ နှိုင်းသွားဖို့ရှိပါတယ်။ တကယ်လို့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကလဲ ကန့်ကွက်စရာမရှိဘူး။ ဖြစ်မြောက်ရေး ကော်မတီ မှာပါတဲ့ လူပုဂ္ဂိုလ်ကအများစုကလဲ သဘောတူမယ်ဆိုရင်တော့ အဲဒီအတိုင်းဖြစ်လာမှာဖြစ်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

ဖြေ။    ။ အခုကျနော်တို့ ကြားသိနေရတာကတော့ UNFC နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တွေ့ဆုံဆွေးနွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ SNLD ကနေပြီး ဆန့်ကျင်ကန့်ကွက်ဖို့အတွက် လိုက်လံပြီး လှုံ့ဆော်စည်းရုံးနေတယ် အဲလိုမျိုး ဘာညာ ကြားမိနေတာဟာ အဲတာ လုံးဝ မဟုတ်ဘူး။  ကျနော်တို့ရဲ့သဘောထားနဲ့လုံးဝမပတ်သက်ဘူး။ ကျနော်တို့ကတော့ စောစောကပြောသလို အဲဒီကိစ္စနဲ့ပတ်သက်ပြီးအရေးယူဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးတာမျိုးတစုံတရာလုံးဝ မလုပ်ခဲ့ ဘူးဆိုတာ ပြောကြားလိုပါတယ်။

SSPP/SSA ဌာနချုပ်ဘက်သို့ ရလခတိုင်းမှ စစ်အင်အား ပို့ဆောင်နေ

Posted: 19 Feb 2013 04:23 AM PST

သျှမ်းပြည်အလယ်ပိုင်း ရလခတိုင်းမှ စကခ ၂ နှင့် သျှမ်းပြည်တောင်ပိုင်း စကခ ၁၇ လက်အောက်ခံတပ်ရင်းများမှ စစ်ယာဉ် တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဘက်သို့တက်သွားကြောင်း ဒေသခံ ရွာသားများပြောပြချက်အရသိရသည်။

Burma-Army-                                   မြန်မာစစ်ယာဉ်တန်း (ဓါတ်ပုံ-freeburmaranger)

"တမြန်နေ့က လင်းခေးအခြေစိုက် ခမရ ၅၂၅ က စစ်ယာဉ်တန်း မိုင်းနောင်ဘက်တက်သွားတယ်။ မိုင်းနောင်အလွန်မှာယာဉ် တန်းရပ်ပြီး ဝမ့်ဟိုင်းဘက်ခြေကျင်နဲ့တက်သွားကြတယ်လို့ မိုင်းနောင်က လူတွေပြောတယ်။ ယာဉ်တန်းတချို့ မိုင်းအောတ် ဘက်ဆက်တက်သွားတယ်ပြောတယ်။ မနေ့ကမနက်ဘဲ ယာဉ်တန်း ၄-၅ စီးမိုင်းနောင်ကနေ ပြန်ထွက်လာတာ တွေ့ရတယ် " ဟု မျက်မြင်ဒေသခံ စိုင်းဆမ်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံတပ်ရင်းများမှလည်း စစ်ယာဉ်တန်း ၈ စီး ဆင်းလာရာ  ခိုင်းဆင်မ် တွင် ခေတ္တနားခဲ့သေးကြောင်း၊ တစီးလျင် အင်အား ၃၀ ထက်မနည်းတင်ဆောင်လာကြောင်း သီပေါဒေသခံများကပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်ပြီးနောက်ပိုင်း ယခုတကြိမ်သည် ဝမ့်ဟိုင်းဘက်သို့ စစ်အင်အားအများဆုံး ပြန် လည်ပို့ဆောင်သည်ကိုတွေ့ရကြောင်း ၊ မြန်မာစစ်ယာဉ်တန်းဖြတ်သန်းမည့်အကြောင်း ဝမ့်ဟိုင်းဌာနချုပ် မှလည်း သိရှိထား ကြောင်း ၊ သို့သော် မြန်မာစစ်တပ် ဘာဆက်လုပ်မည်ကိုစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခလက်အောက်ရှိ မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံ သျှမ်းပြည်တောင် ပိုင်းလင်းခေးမြို့အခြေစိုက် ခမရ ၅၂၅ မှ စစ်ယာဉ်တန်း ၁၅ စီးအပြင် သျှမ်းပြည်တောင်ပိုင်း ရပခတိုင်းအောက်မှ မိုင်းပန် အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများမှ စစ်ယာဉ်တန်းတို့ ယခုလ ၁၇ ရက်ကမိုင်းနောင် ဘက်တက်သွား ကြောင်း၊ တစီးလျှင် စစ်အင်အား ၂၅ ဦးထက်မနည်းတင်ဆောင်သွားကြောင်း မိုင်းနောင် ဒေသခံ စိုင်းဆမ်ကပြောသည်။

" လားရှိုးဘက်ကလဲ  စစ်ယာဉ်တန်း ဆင်းလာတယ်လို့ကြားရတယ်။  အတိအကျတော့ မသိရသေးဘူး။  ကချင်မှာစစ်ပွဲ ရပ်ပြီး သျှမ်းဘက်ကိုပြန်လှည့်မလားလို့လဲ လူထုကစိုးရိမ်နေကြတယ်။ တချို့ကလည်း ယာဉ်တန်းစုစုပေါင်းအစီး ၄၀ တောင် ရှိတယ်လို့ပြောတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က လွယ်လန်းဘက်မှာ  မြန်မာစစ်ကြောင်း မိုင်းနင်းမိပြီး ၄ ယောက်သေတဲ့ ကိစ္စ ပြန်ပြီးရှင်းလင်းဖို့ဖြစ်နိုင်တယ်လို့ပြောတယ်  " ဟု မိုင်းရှူးဒေသခံတဦးကလည်း ဆိုပါ သည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ မိုင်းရှူး၌စခန်းထိုင်သော မိုင်းနောင် စကခ ၂  စကခမှူးအပြောင်းအလဲ လုပ်ရန်၊ ၎င်း၏လုံခြုံရေးတပ်များ အပြောင်းအလဲလုပ်ရန် အဆိုပါယာဉ်တန်းများတက်သွားခြင်းဖြစ်ကြောင်းလည်း မိုင်းရှူးဒေသခံက ပြောပါသည်။ အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း အဆိုပါ စစ်ယာဉ်တန်းမှာ စကခ ၂  နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ တပ်အပြောင်းအလဲလုပ်ခြင်းသာဖြစ်နိုင်ကြောင်း၊ သို့သော် ပေါ့လျော့ထားလို့မရ ၊ သတိဝိရိယထား၍စောင့်ကြည့်သင့်ကြောင်း သျှမ်းသံတော်ဆင့် အားပြောပြပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့်  ၂၀၁၂ နှစ်အစောပိုင်း ဂျန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည် ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘော တူညီမှု ရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေး ဖူး သည်။ သို့သော်ယနေ့တိုင်တပ်မရုပ်သည့် အပြင် SSPP/SSA ၏ တန့်ယန်းမြို့နယ် ၇ မိုင်စခန်း၊ မိုင်းရှူး မြို့နယ် မိုင်းအောက် ကျေးရွာအုပ်စုအတွင်းရှိတပ်စခန်းအချို့ တို့အား တပ်ရုပ်ခိုင်းခဲ့သေးသည်။  အဆိုပါရုပ် သိမ်းသွားသော တပ်စခန်းများ အပါအဝင် ထိုအနီးတဝိုက်ရှိ တန့်ယန်း - နမ့်လောင်း(ဝ်း)- မိုင်းအောက် - မိုင်းရှူး လမ်းမ တလျှောက်တို့ တွင်လည်း အစိုးရ၏ စကခ ၂ လက်အောက်ခံတပ်ရင်းများ  တိုးချဲ့နေရာချထားခဲ့သည်မှာယနေ့တိုင်ဖြစ်ကြောင်း တောင်ကြီး - မိုင်းရှူး ခရီးသည်များပြောပြချက်အရသိရပါသည်။

လူမျိုးနေရာ၌ မိမိလူမျိုးအမည်မထည့်ပါက အမျိုးသားရေးအခွင့်အရေးဆုံးရှုံးမည်ကို နိုင်ငံရေးသမားများစိုးရိမ်

Posted: 19 Feb 2013 04:21 AM PST

နိုင်ငံသားမှတ်ပုံတင်လုပ်ပေးရာတွင် လူမျိုးနေရာ၌ မိမိလူမျိုးမဟုတ်သော တခြားလူမျိုးထည့်ရေးပါက အမျိုးသား ရေး အခွင့်အရေး လူ့အခွင့်အရေးဆုံးရှုံးမည်ဖြစ်ကြောင်း ကျားဖြူပါတီ လွှတ်တော်အမတ် ကပြောပါသည်။

form                                                          သန်းခေါင်စာရင်း

" တိုင်းလျဲန် တွေနဲ့ တိုင်းနေ တွေကို သျှမ်း- ဗမာ၊ သျှမ်း-တရုတ်၊ ဗမာ အစရှိ လူမျိုးနာမည်တွေထည့်လိုက်ရင် ကြာလာတော့ သျှမ်းတွေက ပြုတ်ကျ ကျန်ခဲ့ပြီး ဗမာ၊ တရုတ် လောက်ဘဲကျန်တော့တယ်။ အဲလိုဆိုရင် တိုင်းရင်းသားအခွင့်အရေး တွေဆုံး ရှုံးမယ်။ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမယ်ပေါ့နော်။ အဲတာကြောင့် သူတို့တွေကို သူတို့လိုချင်တဲ့ လူမျိုးနာမည် ရစေချင်ပါတယ်။  အိမ်မှာ သန်းခေါင်စာရင်းလာကောက်ရင်၊ မှတ်ပုံတင်လာလုပ်ပေးရင် လူမျိုးနေရာမှာ သျှမ်း၊ တိုင်းလျဲန် အစရှိလိုချင်တာကို ပြောပြဖို့ တိုက်တွန်းလိုပါတယ်" ဟု ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက သျှမ်းသံတော် ဆင့်အားပြော ပြသည်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း သျှမ်းနီ (တိုင်းလျဲန်)သျှမ်းများနှင့်တွေ့ဆုံပြီးနောက်ပိုင်း ယခုလ ၁၄ ရက်နေ့က လဝက နှင့် သန်းခေါင်စာရင်းဥပဒေကြမ်းဆွေးနွေးခဲ့စဉ် လူမျိုးကိစ္စနှင့်ပတ်သက်ပြီး  တင်ပြခဲ့ကြောင်း နန်းဝါနုက ဆိုပါသည်။

"သျှမ်းနီခေါ်တိုင်းလျဲန်တွေဟာ ကချင်နဲ့စစ်ကိုင်းနဲ့ချင်းတွင်းမြစ်ရိုးတလျှောက်မှာနေထိုင်တယ်။  နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုရယ် ၊ လူမျိုးရေးဖိနှိပ်မှုရယ်တို့ကြောင့် သျှမ်းနီတွေဟာမှတ်ပုံတင်မှာ သျှမ်း-ဗမာ  လို့ထဲ့ထားတယ်။   အစိုးရပြောပြောနေတဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားထဲမှာ ဆိုရင် တိုင်းလျဲန်လို့ ရေးထားတာ တွေ့ရတယ်။ ဒါကြောင့် သျှမ်းနီ ဖြစ်ဖြစ် တိုင်းလျဲန်ဖြစ်ဖြစ်   ထည့်ပေးစေချင်တယ်လို့  တောင်းဆိုလာတော့  လွှတ်တော်ထဲမှာ ကျမတင်ပြပေး လိုက် တယ်။ လဝက ဖြေသွားတာကတော့ သန်းခေါင်စာရင်း အစမ်းကောက်ရင်  လဝက အနေနဲ့  လွှတ်တော်ထဲမှာ တင်ပြ ပေးမယ်။ အဲ့ချိန်ကျရင် သျှမ်းနီရဲ့သမိုင်း၊   ဖြစ်ပေါ်လာပုံ တွေကိုရေးပြီးတော့လွှတ်တော်ထဲမှာတင်ပြ လိုက်ပါ။ လဝက တွေကိုယ်တိုင်အနေနဲ့တော့ပြင်ဆင်ခွင့်မရှိပါဘူးလို့ပြန်ဖြေတယ်။"

အလားတူ လောလောလတ်လတ် ကချင်ပြည်နယ်စစ်ပွဲကြောင့် ကချင်ပြည်နယ်နေ  သျှမ်းလူမျိုးများလည်း စစ်ဘေး စစ်ဒဏ်ခံရကာ စစ်ဘေးဒုက္ခသည်စခန်း ၂ နေရာကိုလည်း သွားရောက်ကြည့်ရှုခဲ့ရသည့် နန်းဝါနုကဆိုပါသည်။ 

" နောက်တခုက တိုင်းနေ တွေပေါ့။ သူတို့မှတ်ပုံတင်ထဲမှာ သျှမ်းတရုတ် လို့ရေး ထားတယ်။ နောက်ပိုင်းကြာ လာတော့သျှမ်း ကပြုတ်ပြီးတရုတ် ဘဲကျန်တယ်။ ဆိုတော့မြန်မာပြည်မှာနေထိုင်ဖို့၊ မြေဝယ်ဖို့ စီးပွါးရေးလုပ်ဖို့အခွင့်အရေး နိုင်ငံသားဖြစ်ခွင့် နဲ့ တိုင်းရင်းသားအခွင့် အရေး တွေက ဆုံးရှုံးသွားတယ်။ အဲလိုလဲ အများကြီး တွေ့ ရတယ်။  လဝကရုံးတွေမှာ ရေးထား သလို ပေါ့နော်။ မြေမျို၍လူမျိုးမသုဉ်း လူမျို၍ လူမျိုးပြုတ်မယ်ဆို တာလေ။ သျှမ်းဖြစ်ပေမယ့် လူမျိုးနေရာမှာ သျှမ်းလို့ မထဲ့ထားရင် ကျမတို့တိုင်းရင်းသား ရေးရာဝန်ကြီး အတွက်လဲအခွင့် အရေးဆုံးရှုံးတာပေါ့နော်။ ဥပမာ ကချင်ပြည်နယ်မှာ ဆိုရင် သျှမ်းလူဦးရေ  ငါးသောင်းပြည့်ရင် သျှမ်းတိုင်းရင်း သားရေး ရာဝန်ကြီးရွေးလို့ရတယ်လေ။  "

သို့သော် ၂၀၁၄ သန်းခေါင်စာရင်းကောက်ပါက လူမျိုးနေရာ၌ ကာယကံရှင်ပြောသည့်အတိုင်းသာ ရေးမှတ်ပေးမည်ဖြစ် ကြောင်း လဝက အရာရှိကပြောသည်ဟု  ဆိုပါသည်။

[New post] ပြည်ထောင်စုထမနဲပွဲ – Phone Shan (London Vihara)

admin posted: " ပြည်ထောင်စုထမနဲပွဲ ဘုန်းသျှံ၊ လန်ဒန်ဝိဟာရ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ထမနဲပွဲတော်ရက် ၂၀၁၃-ခု ဖေဖေါ်ဝါရီ (၂၅) ရက်သည် နီးကပ်လို့လာခဲ့ပါပြီ။ ထမနဲပွဲနေ့ရက်နီးလာတာနဲ့အမျှ ထမနဲထိုးကြမည့် အဖွဲအစည်း အသင်းအဖွဲ့တိုသည့်  လိုအပ်သည်"

[New post] သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂) (Letter to MoeMaKa)

admin posted: "သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂) ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃   ငြိမ်းချမ်းပါစေ မနောမြေစာအုပ် စာရေးဆရာ "ဆိုး" ရေးသားထုတ်ဝေသော ငြိမ်းချမ်းပါစေ မနောမြေ (၄၀)မျက်နှာ စာအုပ်ငယ်မျက်နှာဖုံးဖြစ်သည်။ ခရစ်ယာန်သင်"

[mrsorcerer:37353] Fwd: [လူဗိုလ်ဟူသည် ...] ရင်ခွင်မဲ့ ဘ၀များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/18
Subject: [လူဗိုလ်ဟူသည် ...] ရင်ခွင်မဲ့ ဘ၀များ
To: lubo601@gmail.com


လောကမှာ တရားအရိပ်ပြီးရင် မိဘမေတ္တာရိပ်ထက် လုံခြုံတဲ့အရိပ် မရှိနိုင်ဘူးဆိုတာ လူတိုင်း လက်ခံထားတဲ့ အမှန်တရားပါ။ မိခင်တွေကသာ သားသမီးတွေကို အသက်ပေးပြီး စောင့်ရှောက်ကြသလို၊ ဖခင်တွေက သားသမီးတွေကို ဘ၀တခုလုံးပေးဆပ်ပြီး ကျွေးမွေးစောင့်ရှောက် ကြသူတွေပါ။
မိဘအရိပ်နဲ့ကင်းကွာပြီး ရင်ခွင်မဲ့ဘ၀နဲ့ ကြီးပြင်းရတဲ့သူတွေ ဘ၀ကိုဘယ်လို အဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
ကျွန်မ သူနာပြူတက္ကသိုလ်တက်တုန်းက ရွှေဂုံတိုင် မိဘမဲ့ကလေးထိန်းကျောင်းကို လေ့လာရေးသွားခဲ့ ရပါတယ်။ အသက် (၅)နှစ်အောက် မိဘမဲ့ကလေးတွေကို စောင့်ရှောက်တဲ့ လူမှုဝန်းထမ်းဦးစီဌာန လက်အောက်က ဌာနတခုဖြစ်ပါတယ်။
ကျွန်မတို့ ရောက်သွားတော့ ဌာနအကြီးအကဲနဲ့ ၀န်ထမ်းအချို့က ကလေးထိန်းကျောင်း ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကျွန်မတို့ သိချင်တာတွေကို ရှင်းပြပေးပါတယ်။သူတို့ရှင်းပြတာတွေ နားထောင်ပြီးတော့ ကျွန်မတို့ ကလေးတွေနဲ့တွေ့ရ ပါတယ်။ဆင်တူဝတ်စုံတွေနဲ့ ကလေးငယ်တွေ ကျွန်မတို့ကို အပြေးအလွှား ဆီးကြိုဖက်တွယ်ကြပါတယ်။ သူတို့လေးတွေ ယုယချီပိုးခံချင် လို့ ပြေးဖက်လာကြတာပါ။ ကျွန်မတို့သူငယ်ချင်းတစုလည်း တယောက်ကို ကလေးနှစ်ယောက်စီ ချီထားကြပါတယ်။ ကြာကြာမချီနိုင်တော့ ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး၊ ကလေးနှစ်ယောက်ကို ပေါင်တဖက်စီပေါ် တင်ထားကြပါတယ်။ ကြင်နာယုယမှုကို အငန်းမရ လိုချင်မွတ်သိပ်နေရှာတဲ့ ရင်ခွင့်မဲ့ကလေးတွေကို မြင်ရတာ ကြေကွဲစရာကောင်းပါတယ်။
ကလေးထိန်းကျောင်းမှာ ကလေးတချို့က မိနှစ်ပါးလုံး ကွယ်လွန်သွားကြပြီး စောင့်ရှောက်မဲ့သူ မရှိလို့ လာပို့ထားကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ဆေးရုံမှာကလေးမွေးပြီး မိခင်ဆေးရုံကဆင်းပြေးလို့ ထားခဲ့တဲ့မွေးကင်းစကလေးကို သက်ဆိုင်ရာက လာအပ်ထားတဲ့ ကလေးတွေပါ။ အဆိုးဆုံးကတော့ လမ်းဘေးမှာ စွန့်ပစ်ခံရလို့ တာဝန်ရှိတဲ့ လူမှု ၀န်ထမ်းကို လာအပ်ထားတဲ့ ကလေးတွေပါ။ ကလေးထိန်းကျောင်းကို ပုံစံအမျိုးမျိုးနဲ့ ရောက်လာတဲ့ကလေးတွေထဲမှာ ကံကောင်းတဲ့ ကလေးအနည်းစုကိုတော့ မွေးစားချင်တဲ့လူတွေက ခေါ်ယူမွေးစားသွားကြတယ်လို့ သိရပါတယ်။
ကလေးထိန်းဌာနမှာ ကြီးပြင်းရတဲ့ ကလေးတွေဟာ နေစရာနဲ့ စားစရာဝတ်စရာ ရကြလို့ ရုပ်ပိုင်းရာလုံခြုံမှု ရကြပါလိမ့် မယ်။ မိဘမေတ္တာရိပ်အောက်မှာ ကြီးပြင်းရတဲ့လူတွေလို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မရကြတဲ့အတွက် သူတို့ဘ၀မှာ ဟာနေတဲ့ကွက်လပ်က ဘယ်အရာတွေနဲ့မှ အစားထိုးဖြည့်စွက်လို့ ပြည့်မသွားနိုင်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် နေတဲ့ခေတ်ကြီးမှာ  မိဘမဲ့ကလေးဦးရေ ပိုလို့များလာပါတယ်။ AIDSရောဂါကြောင့် မိဘနှစ်ပါး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ရပြီး၊ ကလေးတွေ မိဘမဲ့ဘ၀ရောက် ရတာတွေလည်းအများကြီးပါ။ တချို့ကတော့ တာဝန်မယူနိုင်၊ ဖခင်အမည် မဖော်နိုင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေပါ။ လူတွေမေတ္တာနဲ့ သစ္စာတရားကို တန်ဖိုးထားကြပြီး၊ ကိုယ်ကျင့် သီလတွေ စောင့်ထိန်းကြရင် AIDSလိုကူးစက်ရောဂါတွေ၊ မွေးကင်းစကလေးတွေ စွန့်ပစ်ခံရတာတွေ ပပျောက်သွားမှာပါ။
အဖေအမေ မရှိတော့တဲ့ တူတူမလေးယောက်နဲ့ ကျွန်မက တိုက်ရိုက်ပတ်သက်နေတော့ မိဘမဲ့ကလေးတွေကို ပိုပြီးစာနာ မိပါတယ်။ မိဘမေတ္တာရိပ်အောက်မှာ ကြီးပြင်းခွင့်မရတဲ့ သူတို့လေးတွေရဲ့ဘ၀ဟာ မပြည့်သောအိုးတွေလိုပါပဲ။ ရွာမှာ ဆင်းရဲတဲ့ကလေးတွေ ကျောင်းမတက်ရပဲ ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရ ပါတယ်။ ကျွန်မတူတူမတွေက ကျောင်း တက်ခွင့်ရကြတာမို့ ရွာကလူတွေက သူတို့ကိုကံကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကလေးတွေကတော့ သူတို့ ကိုယ်သူတို့ ကံကောင်းတယ်လို့ မထင်မှတ်ကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း သူတို့ကို ကံကောင်းတယ်လို့ မယူဆပါဘူး။ ကျွန်မက အဒေါ်တယောက်အနေနဲ့ သူတို့ရဲ့မိခင်နေရာမှာ အစားထိုးပေးတဲ့အနေနဲ့ အနီးကပ် စောင့်ရှောက်ပေးသင့် ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ကလေး (၄) ယောက်နဲ့ အတူနေပြီး သူတို့ပညာသင်စရိတ်ရအောင် ငွေရှာနိုင်တဲ့ အရည် အချင်း ကျွန်မမှာမရှိတော့ သူတို့ရဲ့လိုအပ်ချက်တွေကို လစ်လျူရှုထားရပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးကိုပဲ ကျွန်မတို့ မောင်နှမတွေ ကြိုးစားပြီးဖြည့်ဆည်း ပေးနေရပါတယ်။
အမေနဲ့အဖေ အသက်ရှင်စဉ်က ပြည့်စုံအောင် မထောက်ပံ့နိုင်ခဲ့တာကို ကျွန်မတွေးမိတိုင်း စိတ်မကောင်းဖြစ် ပါတယ်။ တာဝန်မကျေခဲ့တာကို ပြန်ပေးဆပ်ဖို့ရန် အမေတို့အဖေ စိတ်ချမသွားတဲ့ မိဘမဲ့မြေးတွေကို စောင့်ရှောက်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်မမှာ တာဝန်အရှိဆုံး ဖြစ်နေပါတယ်။ မောင်နှမလေးယောက်လုံးကို ဘွဲ့ရတဲ့ထိပညာသင် စောင့်ရှောက်ပေးချင်ပါတယ်ဆိုပြီး ခရစ်ယာန်အသင်းတော်တခုက ရွာရောက်အောင်လာခေါ် ပါတယ်။ အတိတ်ကံ ၀ဋ်ကြွေးတွေကို အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ကျွန်မရဲ့ တ၊ူတူမလေးတွေ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ကင်းကွာတဲ့ ပတ်ဝန်းကျင်မှာ လူလားမြောက်ရမှာကို လက်မခံနိုင်တဲ့အတွက် ကျွန်မငြင်းခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် သူတို့ကို ပြည့်စုံအောင် မပံ့ပိုးနိုင်ရင် နီးစပ်ရာအကူအညီနဲ့ ပညာစုံပြီး သူတို့ဘ၀ကို ရပ်တည်နိုင်တဲ့ အချိန်ထိကြိုးစားပြီး စောင့်ရှောက်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်နိုင်တဲ့အတွက် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်အရှင် ဇနကဘိဝံသရဲ့ ကျေးဇူးတော်ကို ရှိခိုးဦးခိုက်မိပါတယ်။
ကျွန်မငယ်ငယ်က မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်သာရှိပြီး၊ တောင်မြို့ဆရာတော်ရေးတဲ့ ရတနာ့ဂုဏ်ရည် စာအုပ်ကိုဖတ် ရလို့ ရတနာသုံးပါးကို ခိုင်မြဲစွာယုံကြည်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်က သံဃာတော်အရှင်မြတ်တွေဟာ အသက် သွေးတွေစတေးပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ကို စောင့်ရှောက်တော်မူခဲ့ကြတယ်။ တောင်မြို့ဆရာတော်ဘုရား ကလည်း မြန်မာပြည်အနာဂတ် သာသနာအတွက် နောက်ဆုံးအချိန်ထိ  ပင်ပန်းဆင်းရဲခံပြီး ဆောင်ရွက်တော်မူခဲ့တယ်။ ဆရာတော်ဘုရားရေးတဲ့ စာအုပ်တွေဖတ်၊ တရားတွေနာပြီး သာသနာတော်ကို ယုံကြည်စွာ ကြည်ညိုမှီခိုခွင့် ရခဲ့တဲ့ကျွန်မ အနေနဲ့ ဗုဒ္ဓဘာသာသွေးပါပြီးနေတဲ့ ကလေး(၄)ယောက်ကို ဗုဒ္ဓဘာသာစစ်စစ် တွေဖြစ်အောင် စောင့်ရှောက်ပေးခြင်းဖြင့် သာသနာကိုကာကွယ် စောင့်ထိန်းသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ပါလို့ ခံယူထားသူတိုင်း သာသနာကို အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက် သင့်တယ်မဟုတ်ပါလား။
အောင်မြင်မှုဆိုတာ ဘယ်ဆီနေမှန်းမသိသေးတဲ့ ကျွန်မဘ၀မှာ ဘယ်တုန်းကမှ စိတ်သွားတိုင်းကိုယ်မပါ ခဲ့ပါဘူး။ ဒီကလေးတွေ ပညာစုံလို့ သူတို့ဘ၀ကိုယ်တိုင် ရပ်တည်နိုင်တဲ့ အချိန်ရောက်ရင်တော့ ကျွန်မဘ၀မှာ တစုံတရာအောင်မြင် မှု ရခဲ့တယ်လို့ မှတ်ယူရမှာပါ။ တခါတလေ စိတ်အားလူအားရှိတဲ့ အချိန်တွေမှာ ကလေးတွေအကြောင်းတွေးမိရင် သူတို့ ဘ၀လေးတွေကို ကျွန်မဂရုဏာဖြစ်မိ ပါတယ်။ လူတိုင်းအပြစ်အနာအဆာ မကင်းနိုင်ကြသလို ကလေးတွေလည်း အပြစ်နဲ့ မကင်းနိုင်ကြပါဘူး။ မလိမ်မိုးမလိမ်မာ သားသမီးတွေကို မိဘတွေကသာ အမြဲခွင့်လွတ်တတ်ကြသလို၊ အပြစ်ကိုကာကွယ် ပေးကြပါတယ်။ ကျွန်မရဲ့ တူတူမလေးတွေမှာတော့ ကာကွယ်ရပ်တည်ပေးမဲ့သူ မရှိကြတော့၊ အပြစ်တခုလုပ်မိတာနဲ့ သူများတံတွေးခွက်ထဲ ပက်လက်မျောရမဲ့ အဖြစ်တွေပါ။ ကျွန်မငယ်ငယ် မြီးကောင်ပေါက်အရွယ်ကဆိုရင် အဖေကမားမား မတ်မတ်၊ အကိုမောင်တွေကြားမှာ ဣနြေ္ဒရရ ကြီးပြင်းခဲ့ရတာမို့ ရွာမှာဘယ်သူကမှ မထီမဲ့မြင်မပြုရဲ ကြပါဘူး။ အကာ အကွယ်မဲ့စွာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မတူမလေးတွေရဲ့ ဘ၀အကြောင်းကို တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်မရဲ့မိဘနှစ်ပါးမရှိတော့တဲ့ နောက်ပိုင်းမှာ မိဘမဲ့ကလေးတွေရဲ့ ဘ၀ကိုပိုပြီး စာနာတတ်ခဲ့ပါတယ်။ ကျွန်မကျောင်းပြီး လို့ ဘ၀ရပ်တည်နိုင်တဲ့အချိန်ထိ မိဘနှစ်ပါးလုံး သက်ရှိထင်ရှား ရှိနေခဲ့တာတောင် အဖေအမေ မရှိတော့တဲ့နောက်ပိုင်း ဘ၀ကဟာနေသလို ခံစားရပါတယ်။ ပျော်စရာကြုံလို့ ၀မ်းသာအားရပြောပြစရာ အမေမရှိ၊ အဆင်မပြေအားငယ်နေချိန်မှာ အားပေးနှစ်သိမ့်မဲ့ အဖေမရှိတဲ့ ဘ၀အခြေအနေမျိုးကို ကိုယ်တိုင်ခံစားဖူးမှ အပြည့်အ၀နားလည်နိုင် ပါလိမ့်မယ်။ ဘ၀လမ်းကို ဘယ်လိုလျှောက်ရမယ်ဆိုတာ မသိသေးတဲ့ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေရဲ့ဘ၀မှာ မိဘနှစ်ပါးမရှိခြင်းဟာ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးပါပဲ။
မိဘမဲ့ဘ၀တွေကို ရေနဲငါးလို၊ ရေးဝေးကြာလို စပ်ဆိုကြတာကို ကျွန်မစိတ်ထဲမှာတော့ အတိအကျထပ်တူကျတဲ့ ဥပမာ အလင်္ကာတွေလို့ မြင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရကြတဲ့ ရင်ခွင်မဲ့ကလေးတွေရဲ့ နှလုံးသားမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ အမြစ်တွယ်နေ တတ်ပါတယ်။ သိမ်ငယ်စိတ်ဓာတ်ခံ ရှိထားတဲ့သူတို့အပေါ် အထင်အမြင်သေးစွာ နှိမ့်ချဆက်ဆံတဲ့အခါ ပြန်လှန်တုန့်ပြန်မှုတွေဟာ အဖျက်သဘောဆောင် နေတတ်ပါတယ်။ လောကကြီးကို မကျေမနပ် ဖြစ်ပြီး၊ ရန်လိုစိတ် အနိုင်ရလိုစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ သိပ်အစွန်းရောက်သွားရင် ဖျက်လိုဖျက်ဆီးစိတ်တွေ ၀င်လာပြီး လောကကို ကောင်းကျိုးမပေးသူ၊ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီသဘောလေးတွေကို နားလည်ပြီး၊ စာနာစိတ်အပြည့်နဲ့ ပြုပြင်စောင့်ရှောက် ပေးကြမယ်ဆိုရင် လူကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
ဘ၀ဇာတ်ခုံပေါ်မှာ ပျော်စရာ လွမ်းမောစရာ ဇာတ်စုံကနေရတဲ့ ကျွန်မတို့တွေ မိစုံဖစုံနဲ့ကြီးပြင်းခဲ့ရတယ်ဆိုရင် ကံကောင်း ခြင်းတမျိုးကို ပိုင်ဆိုင်ကြတယ်လို့ မှတ်ယူရမှာပါ။ ကံမကောင်းရှာကြတဲ့ ရင်ခွင်မဲ့ကလေးတွေကိုတော့ ညှာတာထောက် ထား ဂရုဏာပွားကြပြီး၊  တတ်နိုင်သလောက် ကူညီပံ့ပိုးသင့်ပါတယ်။ မိမိရဲ့ပရောဂကြောင့် ကလေးတယောက် မိဘမဲ့ဘ၀ ရောက်မသွားစေဖို့ကိုလည်း သတိထားရှောင်ကြဉ်သင့် ပါတယ်။ ပွင့်သောပန်းတွေ အကြွေမစောစေဖို့နဲ့၊ ရေဝေးပန်းတွေ နွမ်းမသွားစေဖို့ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြစို့လို့ ဂရုဏာစိတ်နဲ့ တိုက်တွန်းလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၂ တွင်ဖော်ပြခဲ့သည်။

Read more: ရင်ခွင်မဲ့ ဘ၀များ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A805453&xgs=1&xg_source=msg_share_topic#ixzz2LE1V0OEB

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:59:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37350] Fwd: [လူဗိုလ်ဟူသည် ...] Library Talk: Business Model များနှင့် မိတ်ဆက်ခြင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/18
Subject: [လူဗိုလ်ဟူသည် ...] Library Talk: Business Model များနှင့် မိတ်ဆက်ခြင်း
To: lubo601@gmail.com


Business Model တစ်ခုသည် ကုမ္ပဏီ တစ်ခု၏ တည်ဆောက်မှုနှင့် လုပ်ငန်းလည်ပတ်ရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

Business Model တစ်ခုတွင် ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၊ အမြတ်ငွေ၏ မူလ အရင်းအမြစ်များ၊ စားသုံးသူအခြေပြုပုံများ၊ အဖွဲ့အစည်း၏ တည်ဆောက်ထားပုံများ၊ ရှေ့ချမည့်ဗျူဟာ များ၊ လက်တွေ့လုပ်ငန်းလည်ပတ်မှု ဖြစ်စဉ်များနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ အစရှိသည့် လုပ်ငန်း တစ်ခု၏ အခြေခံအချက်အလက်များ ပါဝင်နေပါသည်။


Model တစ်ခုချ၍ ပြုလုပ်သော စီးပွားရေးလုပ်ငန်းတစ်ခုသည် စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ အခွင့်အလမ်းများကို အများဆုံးရရှိနိုင်၍ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ဆုံးရှုံးမှုတို့မှ ရှောင်ရှားနိုင်ပြီး ရေရှည်အောင်မြင်သည့် လုပ်ငန်း တစ်ခုအဖြစ် ရပ်တည်နိုင်ပါသည်။
 ဆွေးနွေးပွဲတွင် အောက်ပါအချက်အလက်များကို အဓိကထား၍ ဆွေးနွေးမည် ဖြစ်ပါသည်။

  • Business Model ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • Business Model နှင့် Business Plan တို့၏ ကွာခြားချက်များ
  • Business Model ၏ တည်ဆောက်ပုံ အဆင့် ၉ ဆင့် တို့၏အကြောင်းများ နှင့်
  • Business Model Canvas တို့အကြောင်းများ ပါဝင်ပါမည်။
 ဟောပြောပွဲတွင် ဦးဆောင်ဆွေးနွေးမည့် ဆရာဦးမျိုးမင်းသည် UK နိုင်ငံ ABE College အသိအမှတ်ပြု PS Business School ၏ ဥက္ကဌနှင့် ကျောင်းအုပ်ကြီး ဖြစ်ပါသည်။

ဆရာသည် စင်ကာပူနိုင်ငံ CIM စီးပွားရေးအဖွဲ့အစည်းမှ ၂၀၀၉ ခုနှစ် တွင်ကြီးမှူးကျင်းပခဲ့သော International Marketing Competition (IMC 09) တွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းကို ဦးဆောင်၍ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထို့ပြင် မြန်မာ့စီးပွားရေး စီမံကိန်းရေးဆွဲခြင်း ပြိုင်ပွဲ (MBPC 2010) ကို ဦးဆောင် ကျင်းပပေးခဲ့သူဖြစ်ပါသည်။
ထို့ပြင် မြန်မာ့လူငယ်ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်မှု အစီအစဉ် (YLDP 2012) ကိုလည်း ဦးဆောင်ကျင်းပပေးခဲ့သူတစ်ဦး ဖြစ်ပါသည်။

ဆွေးနွေးပွဲကျင်းပမည့်နေ့ရက်  ။           ။ ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်
                               အချိန်  ။           ။  ညနေ ၅ နာရီတိတိ
                               နေရာ  ။           ။  ဗြိတိသျှကောင်စီစာကြည့်တိုက်
 ဆွေးနွေးပွဲတက်ရောက်လိုသူများ စာကြည့်တိုက်ကောင်တာတွင်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ (သို့) ဤနေရာမှ အွန်လိုင်းဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

စာကြည့်တိုက်အသင်းဝင်များနှင့်အသင်းဝင်မဟုတ်သူများကိုပါဆွေးနွေးပွဲသို့တက်ရောက်ပါရန် ဖိတ်ခေါ်ပါသည်။
စာကြည့်တိုက်အသင်းဝင်မဟုတ်သူများသည် နိုင်ငံသားမှတ်ပုံတင်ကဒ် (သို့) နိုင်ငံကူးလက်မှတ် ကိုယူလာ၍ ဟောပြောပွဲသို့ တက်ရောက်နိုင်ပါသည်။

Read more: Library Talk: Business Model များနှင့် မိတ်ဆက်ခြင်း - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A807096&xgs=1&xg_source=msg_share_topic#ixzz2LETXaqbF

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:57:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37350] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/18
Subject: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း
To: lubo601@gmail.com


by Myo Set on Saturday, February 16, 2013 at 4:08pm ·

(ပါးစပ်သမိုင်း၊ ပါးစပ်ရာဇဝင်နဲ့ နိုင်ငံရေးမှာအရေးကြီးတဲ့ကောက်ချက်တွေကို ဆွဲရင် အန္တရာယ်များတတ်တယ်။ ယမန်နေ့က သမိုင်းသုတေသနနဲ့ Political Behavior ကို ဆန်းစစ်ခြင်းကို အနည်းငယ်ရေးပြခဲ့တယ်။ Research methodology in History ကိုရေးဖို့ရာမှာ ကျယ်ပြန့်လွန်းလို့အချိန်အခက်အခဲရှိလာတယ်။ ကိုယ်အကျွမ်းတစ်ဝင်သိပ်ရှိနေတဲ့နယ်မှမဟုတ်တာကိုး။ ဒီတင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာကိုဖတ်မိတော့ မြန်မာနိုင်ငံကလိုအပ်တာနဲ့ကွက်တိပဲလို့ ခံစားမိတယ်။ ဒါကြောင့် စာပြန်စီပေးလိုက်ပါတယ်။)

 
သမိုင်းသုနေသနအကြောင်းဟာ လူတွေအများကြီးသိရင်အကောင်းဆုံးပဲ။ သိတဲ့သူတွေကလဲ သုတေသနလုပ်သူတွေကို ကူညီရင်အကောင်းဆုံးပဲ။ ကျောင်းသားတွေဆိုရင် သမိုင်းသုတေသန လုပ်နည်းလုပ်ထုံးသိထားရင် ကိုယ့်နယ်ကိုယ်ပြန်တဲ့အခါ ဘယ်ဟာက သမိုင်းအထောက်အထား ပစ္စည်းဆိုတာကို နားလည်ပြီး သုတေသနလုပ်သူကို ကူညီတတ်လာမှာပါ။
အခုပြောနေတာက အခုနားထောင်သူတွေထံက အကူအညီလိုလို့လဲပါပါတယ်။

မြန်မာနိုင်ငံသမိုင်းသုတေသနနဲ့ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့

(၁)ဘာကြောင့်သုတေသနလုပ်ရသလဲ
(၂) သုတေသနနဲ့ပတ်သက်တဲ့ပြဿနာ
(၃) သုတေသနနဲ့ပြည်သူ့အကူညအညီ ဆိုတာတွေပါပဲ
ပထမအနေနဲ့ပြောလိုတာက အခု လူတော်တော်မျာျးမားက သုတေသနအကြောင်းပြောနေကြတယ်။ တစ်ချို့က အသင့်အတင့် ဟိုမေးဒီမေးဟိုဖတ် ဒီဖတ် ဖတ်ပြီးရေးသားကြတယ်။ ဒါဟာမပြည့်စုံပါဘူး။

သမိုင်းသုတေသနဆိုတာ အသစ်ရှာတာမဟုတ်ဘူး။ ရှိပြီးသားတိမ်ကောပျောက်ကွယ်နေတာ။ အဓိပ္ပါယ်မပြည့်စုံတာကိုပြည့်စုံအောင်လ်ုပရတာ။ မသိသေးတာကိုသိအောင်လုပ်တာ။ ရှာဖွေဆန်းစစ်တာပါပဲ။ ဒီအလုပ်ကစိတ်ရှည်ရတယ်။ တစ်ခုတည်း၊ တစ်ကြောင်းတည်း၊ တစ်နေရာတည်းမှာ ရှာလို့မရပါဘူး။ ပြည့်စုံအောင်၊ လက်လှမ်းမှီအောင်ရှာရမယ်။

ခုခေတ်  သမိုင်းသုတေသနလုပ်တယ်ဆိုတာလဲ လူမှုရေးတိုးတက်ခြင်းကို လေ့လာခြင်းပါပဲ (Developments of Civilizations)။ အဲ့ဒျွှီာ ရည်ရွယ်ချက်ရှိပါတယ်။ လူတွေဟာ သမိုင်းဦးဘုံမြေခေတ်ကနေစတင်ပြီးခုထက်ထိဘယ်လိုဘဝတွေနဲ့ဖြဆတ်သန်းလာသလဲ။ ဖြစ်ပြီးသားအဖြစ်တွေမှာ ဘာသင်ခန်းစာတွေရှိခဲ့သလဲ။ အဲ့ဒါတွေနဲ့ပြန်လည်ဆန်းစစ်သင်ခန်းစာယူနိုင်ဖို့ပါပဲ၊ မြန်မာနိုင်ငံမှာ အရင်က ရေးပြီးသားသမိုင်းစာအုပ်တွေရှိပါတယ်။ အဲ့ဒီစာအုပ်တွေက သင်ခန်းစာမပေးနိုင်လို့လားမေးစရာရှိပါတယ်။ မပေးနိုင်လို့ပါပဲ။ ပြီးခဲ့ပြီးသားစာ အုပ်တွေအကြောင်းလဲပြောချင်ပါတယ်။

ရှေ့ကနေရးတဲ့ ရာဇဝင်ကျော်၊ ဦးကုလား မဟာရာဇဝင်ကြီး၊ ရာဇဝင်သစ်၊ မုရွေးရာဇဝင်၊ မှန်နန်းရာဇဝင်၊ ဒုတိယမှန်နန်းရာဇဝင်စသဖြင့်ရှိပါတယ်။ ညမန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် ရှေးကရေးတဲ့ ရာဇဝင်ကျမ်းတွေများပါတယ်။ အဲ့ဒီအချက်မှာ မြန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံအပေါ်မှာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အိန်နီးချင်းတို့ နိုင်ငံတွေထဲက အချို့နိုင်ငံတွေမှာဆိုရင်ရှေးကရေးတဲ့ ရာဇဝင်ကျမ်းတွေမကျန်ခဲ့ပါဘူး။ မြန်မာနိုင်ငံကို ယဉ်ကျေးမှုလွှမ်းမိုးခဲ့တဲ့အိန္ဒိယမှာတောင် ရာဇဝင်ကျမ်း မြန်မာလောက်များများမရှိပါဘူး။


မြန်မာနိုင်ငံက ရာဇဝင်ကျမ်းတွေဟာ ရေးနည်းနည်းကတော့မဟာဝင်ရေးနည်းပါပဲ။ ရှေးကမင်းတွေ ရဲ့မင်းစဉ်မင်းဆက်အရေးထားရေးပါတယ်။ တိုင်းသူပြည်သားအကြောင်းအရေးထားမရေးပါဘူး။ မင်းရဲ့မျိုးရိုး၊ မင်းရဲ့မိဘ၊ မင်းရဲ့ တန်ခိုး၊ မင်းရဲ့စစ်ပွဲ အဲ့ဒါတွေပဲရေးတယ်။ ဒါဟာမဟာရာဇဝင်ကျမ်းမှာရေးတဲ့နည်းပဲ။ ဒီနည်းနဲ့ထင်ရှားလာတဲ့ကျမ်းဟာ ရာဇဝင်ကျော်ပဲ။ ရှင်မဟာသီလဝံသရေးတယ်၊ ဘယ်နေ့ဘယ်ရေရေးတယ်လို့မသိရဘူး။ခရစ်နှစ် ၁၅၂ဝ ခန့်ကလို့ခန့်မှန်းရပါတယ်။ အဲ့အထဲမှာပါတာက ကမ္ဘာတည်တယ်။ ပြီးတော့မှ မဟာသမ္မတဘယ်လိုပေါ်လာတယ်ဆိုတာကိုရေးပါတယ်။ အဲ့အချက်မှာတော့ မြန်မာ့ယဉ်ကျေးမှုအခြေခံအချက်ဖြစ်ပါတယ်။ မှတ်သားစရာကောင်းပါတယ်။ လူတွေဟာ သစ္စာရှိသူ၊ အကျင့်ကောင်းသူနဲ့အများအကျိုးဆောင်နိုင်သူတွေကိုရှာတယ်။ တွေ့တော့အများအကျိုးကိုဆောင်ပေးပါလို့ဆိုတယ်။ အုပ်ချုပ်ပေးတဲ့အတွက်တန်ရာတန်ကြေးပေးပါမယ်လို့ ကတိခံတယ်။ မဟာသမ္မတက ပြည်သူတွေရဲ့ လုံခြုံမှုကိုတာဝန်ယူရတယ်။ အခွန် ၁ဝဘို့တစ်ဘို့ကိုပေးရတယ်။ အပြန်အလှန်စောင့်ရှောက်ရတယ်။ သမ္မတကချွတ်ယွင်းရင်သမ္မတကဖယ်ရှားခံရတယ်။ ပြည်သားကချွတ်ယွင်းရင်ပြည်သားကခံရတယ်။ ဟုတ်တာမဟုတ်တာထားလိုက်..ရာဇဝင်ကျော်ဟာ ဒီအချက်နဲ့ရေးလာလိုက်တာ မင်းဆက်တွေကျော်ပြီး ဂေါတမဘုရားလက်ထက်ကိုရောက်လာတယ။် ဂေါတမဟာ မင်းမလုပ်ဘဲ အများအကျိုးအတွက်သံသရာကလွတ်အောင်လုပ်ပုံကိုရေးတယ်။ နောက်တော့ မြန်မာနိုင်ငံအကြောင်းရေးတယ်။ မင်းဘူးခရိုမှာ ၇ ရက်နေတယ်။ အိန္ဒိယနဲ့ယဉ်ကျေးမှုဆက်ဆံပုံ၊ မြန်မာတွေယဉ်ကျေးပုံကိုရေးတယ်။ တကောင်း၊ ပုဂံနဲ့အင်းဝအကြောင်းရေးတယ် ခရစ်နှစ် 1250လောက်အထိရေးတယ်။ ဒါဟာ မဟာဝင်ပုံစံနဲ့ရေးနည်း။

ဒီပုံစံနဲ့နောက်လူတွေရေးကြပါသေးတယ်။ ဒီအကြောင်းတွေအားလုံးကိုပေါင်းပြီးစဉ့်ကိုင်က သူဌေးသားမောင်ကုလားက မဟာရာဇဝင်ကြီးကိုရေးတယ်။ ဘယ်နေ့ဘယ်ရက်မှာရေးတယ်မသိဘူး။သူကနိဒါန်းရေးရာမှာ အတွေးအခေါ်သစ်ထည့်ရေးတယ်။

မင်းဆက်အကြောင်း၊ စစ်ပွဲတွေအကြောင်း ပါတဲ့ဘုရင်စကား၊ မှုးမတ်စကား၊ စစ်ပွဲစကာတွေသာရေးပါတယ်။ ဒါဟာ ဘုရားဟောကျမ်းတွေနဲ့မညီ့ပါဘူး။ ဒီလို မင်းစကား၊ အမတ်စကား၊ စစ်စကား စတာတွေဟာ တိရစ္ဆာနကထာတွေဖြစ်တယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေမဟုတ်ဘူး။ သမိုင်းဟာ တိရစ္ဆာနကထာပဲ။ သမိုင်းဟာ နိဗ္ဗာန်ရောက်ကြောင်းတရားစာမဟုတ်ဘူး။ သို့သော်လဲ စကြာမင်းတောင်မှ သေခြင်းတရားနဲ့မကင်းဘူး။ သီရိဓမ္မာသောကမင်းတောင် ဇဗ္မူဒိပ်ကျွန်းတစ်ခုလုံးကို ပိုင်တယ်လို့ယူဆပေမယ့် သေခါနီးမှာသူ့ပိုင်နက်တွေကိုသာ သူ့သားကပိုင်တယ်။ သေခါနီးသူပိုင်တာ ဓါတ်စာစားဖို့ရှိတဲ့သစ်သီးသာဖြစ်တော့တယ်။ ဒီအကြောင်းအရာတွေကိုနမူနာယူပါ။ သမိုင်းစာအုပ်ကိုဖတဆ်ရင် ဖြစ်ခြင်းပျက်ခြင်း နဲ့ဆင်ခြင်ပြီးနိဗ္ဗာန်ရကြောင်းဆင်ခြင်ပါလို့ ထည့်ရေးတယ်။ ကမ္မဌာန်းသဘောနဲ့ဖတ်ပါလို့ထည့်ရေးတယ်။ ရေးတဲ့အခါမှာလဲ ဘုရင်တွေ ကြီးကျယ်တာ၊ ခမ်းနားတာတွေကိုမရေးဘူးမကောင်းတာ၊အားနည်းတာတွေကိုလဲရေးတယ်။ေ၇းတဲ့အခါမှာလဲ ဒီဘုရင်ဟာ ရုပ်ချောတယ်၊ ကြာခိုတတ်တယ်။ ဒီဘုရင်ဟာ အသားစားကျုးတယ်၊ ဒေါသကြီးတယ်၊ ဒီဘုရင်ဟာ အကျင့်ပျက်လို့ ပြည်သူ့ဒဏ်ခံရတယ်။ စလေငခွေးဆိုရင် ပြည်သူက ရွှံ့နဲ့ဝိုင်းပေါက်လို့သေရတယ် စသဖြင့်ရေးပြတယ်။ ဒီကျမ်းတွေ ရှေးကရေးလို့ မကောင်းဘူးလို့မပြောထိုက်ပါဘူး။ သူ့ခေတ်နဲ့သူ့အတွေးမှာ ထည့်ရေးထားတာတွေပါ။ ဘုရင်တွေစာ သက်ဦးဆံပိုင်အာဏာ အပြည့်ရထားတယ်။ အဲ့ဒီလိုလွူေကို သမိုင်းဆရာတွေက ဆုံးမတာပါပဲ။ နောက်တစ်ယောက်ရှိသေးတယ်၊။ တွင်းသင်းဝန်တိုက် ဦးထွန်းညိုပါပဲ။ သူက ရာဇဝင်သစ်ကိုရေးတယ်။ ဘယ်တုန်းက ရေးတယ်မသိပါဘူး။ ၁၇၈ဝ ပြည့်နှစ်လို့မန်းရပါတယ်။ သူအရေးတကြီးပြောတာက...

အရင်တုန်းက ပါးစပ်ရာဇဝင်တွေကို မစစ်ဆေးခဲ့ဘူး။ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ညှိပြီးမှန်မမှန် စစ်ဆေးရမယ်။ ခေတ်ပြိုင်မှတ်တမ်းဆိုတာ ကျောက်စာတို့ မော်ကွန်းတို့ပါပဲ။ သူ့ရာဇဝင်သစ်မှာ ရှေးက ပါးစပ်ရာဇဝင်ကိုခေတ်ပြိုင်မှတ်တမ်းဖြစ်တဲ့ ကျောက်စာတို့ မော်ကွန်းတို့နဲ့ ဆန်းစစ်တဲ့နည်းကိုပြသွားတယ်။ ခုခေတ်လုပ်နေတဲ့ သမိုင်းသုတေသနဲ့တူပါတယ်။ 

ရာဇဝင်သစ်ကိုပြန်ရေးတဲ့တွင်းသင်းဝန်တို်က်ဦးထွန်းညိုရဲ့ သမိုင်းဆန်းစစ်ပုံကို ဥပမာပြရရင် နေနတ်သားနဲ့ နဂါးမရကြတယ်။ ဒီကနေ ပျူစောထီးကိုမွေးလာတယ်။ ဒါဟာ နတ်နဲ့နဂါးညားရင် မွေးလာတာ နတ်နဂါးကပြားပဲဖြစ်မယ်။ လူမဖြစ်နိုင်ဘူး ဆိုတာမျိုးပေါ့။ အလောင်းစည်သူ ဖောင်စကြာနဲ့ ခရီးသွားပုံလည်း ဒီအတိုင်းပဲ ဆန်းစစ်ပြတယ်။ ဦးထွန်းညိုရဲ့ တင်ပြချက်က တိုးတက်တဲ့
ခေတ်ဆန်တဲ့ အမြင်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ခေတ်သစ်သမိုင်း သုတေသနရဲ့ အယူအဆကို ပထမဆုံးပြောရတဲ့ စာအုပ်လို့လည်း ပြောလို့ရပါတယ်။

ကုန်းဘောင်ခေတ်ကျတော့ ရာဇဝင်ကို ဘုရင်ကရေးခိုင်းတယ်။ ရေးတဲ့လူတွေကလည်း ပဒေသရာဇ်ကို
ချီးကျူးရေးတယ်။ ဘုရင်တွေဟာ သာမန်မဟုတ်ဘူး ဘုရားရဲ့ ဗျာဒိတ်ရသူတွေ ဖြစ်တယ်။ ဘုရားက နောင်ကျရင် ဒီဒေသမှာဘယ်သူဘုရင်ဖြစ်မယ်ဆိုဖူးတယ် ဆိုတာတွေပါတယ်။ မြန်မာ ဘုရင်တွေဟာ ဗျာဒိတ်ဘုရင် ဖြစ်ရတာကို သိပ်သဘောကျတယ်။ ရာဇဝင်ရေးတဲ့ ပညာရှိတွေကလည်း ဘုရင်အကြိုက်ရေးပေးတယ်။
ပဒေသရာဇ်တွေ ထွန်းတောက် နေဆဲမှာ သာသနာကို အကာအကွယ် ယူပြီး သူတို့လုပ်ချင်တာ လုပ်ဖို့ပါပဲ။
ဒီဘုရင်ဟာ ဘုရား ဗျာဒိတ်ရ၊ သူပြောရင် နားထောင် သူ့ကို ပုန်ကန်ရင် အပြစ် ကြီးတယ်။ သာသနာပြု မင်းလည်း ဖြစ်တယ်။
သာကီဝင်မျိုး ဖြစ်တယ်။ ဘုရားနဲ့ ဆွေမျိုး တော်တယ် စသဖြင့် ရာဇဝင် ဆရာတွေက ရေးပေးရတယ်။ ဒါဟာကုန်းဘောင်ခေတ် မင်းဆက်ကျမှ ပဒေသရာဇ်ကို အမွှန်းတင် လာတာ ဖြစ်မယ်။
၁၈၂၉ နှစ်မှာ ပညာရှိပေါင်း ၁၃ ဦးနဲ့ မှန်နန်းရာဇဝင်ကို ဘုရင်ခိုင်းလို့ ရေးကြတယ်။ ကမႝာဟောင်း ပျက်တာကနေပြီး စတယ်။ မိုးကြီးရွာ၊၊ အနယ်ထိုင်၊ ကမ္ဘာအသစ်ဖြစ်၊ ဗြဟ္မာ လေးယောက်ပေါ်၊ လူတွေဖြစ်၊ မဟာသမ္မတပေါ်၊ အဲဒီကတဖန် ဂေါတမ အထိ ရေးတယ်၊ မြန်မာနိုင်ငံဘက် ဆက်ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ စသဖြင့်အလောင်းမင်းတရားထိ မျိုးနွယ် ဆက်လာပုံ ရေးတယ်။

ပဒေသရာဇ်ကို အမွှန်းတင်ချင်လို့ ဘုရားနဲ့ အမျိုးဆက်ပေးတဲ့ ရာဇဝင်ကျမ်းပါပဲ။ ၁၈၂ဝ ပြည့်နှစ် အထိ ဖြစ်ပျက်ပုံကိုရေးပါတယ်။ ၁၈၆၇ ခုနှစ်ကျတော့ မင်းတုန်းဘုရင်က မှန်နန်းကို ဆက်ရေးခိုင်းတယ်။ ပညာရှိ သုံးဦးက ရေးတယ်။
အဖြစ်အပျက်က ၁၈၆ဝ ပြည့်နှစ်အထိ ဖြစ်ပျက်တာကိုရေးတယ်။ ဒုတိယမှန်နန်း ရာဇဝင်လို့ ခေါ်တယ်။
သီပေါပါပြီးတဲ့နောက် မြို့အုပ်မောင်တင်က ဒုတိယမှန်နန်းအဆက်ကို ၁၈၆ဝ ပြည့်နှဏ်ကစပြီး ၁၈၈၅ နှစ်ထိ
ရေးတယ်။ ၂၅ နှစ်သမိုင်းကို ထပ်ဖြည့်တာပါပဲ။ နန်းတွင်းမှတ်တမ်းတွေကို စုပြီးရေးတယ်။ တကယ်တော့ သူဖြည့်ရေးတာမဟုတ်ပါဘူး။ လွှတ်တော်စာရေးတဦးကို ခေါ်ပြီး ရေးခိုင်းတာပါ။ စာအုပ်ထုတ်တော့လည်း သူရေးတာကမစဘဲ မှန်နန်းနဲ့ ဒုတိယမှန်နန်းထဲကရေးတဲ့ စောစောပိုင်း ၁၇၅၂ နှစ်က အဖြစ်တွေ ပါ ဖြုတ်ထည့်တယ်။ စာအုပ်အမည်ကို ကုန်းဘောင်ဆက်ရာဇဝင်ကြီးလို့ ပေးပြီး ၁၉ဝ၅ ခုနှစ်မှာ မန္တလေးတိုင်း သတင်းစာပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတယ်။
နောက် အင်္ဂလိပ်ဝင်လာတော့ မြန်မာရာဇဝင်ကို အင်္ဂလိပ်လိုရေးကြတယ်။ မှန်နန်းကို အကြမ်းဘာသာ ပြန်တာပါပဲ။
ဆာအာသာဖယ်ရာက ၁၈၉ဝ ပြည့်နှစ်မှာ History Of Burma (Myanmar) ရေးထုတ်တယ်။ ၁၉၂၅ ခုနှစ်မှာ ဂျီအီးဟာဗေးက History of Burma (Myanmar) ရေးထုတ်တယ်။

အင်္ဂလိပ်ရေးတဲ့ ရာဇဝင်တွေဟာ ဝါဒဖြန့်ရာဇဝင်တွေဖြစ်တယ်။ အဂၤလိပ္ရဲ့ နယ္ခဲ့်ဝါဒဟာ တျခားနယ္ခဲ့်ေတြနဲ့မတူဘူး။ တဆင့်သာတယ်။ သူတပါးကို ကျွန်ပြုပြီး သူတို့ သခင်ဖြစ်လာပေမယ့် ညှာတာတယ်။ ကိုလိုနီလက်အောက်ခံနိုင်ငံကို တိုးတက်မှုတွေဖြစ်အောင် လုပ်ပေးတယ်။ ဘာ၊ ညာ စသဖြင့် ဝါဒဖြန့်တယ်။ တိုက်ရိုက်တမျိုး သွယ်ဝိုက်တမျိုး
ဝါဒဖြန့်တာချည်းပဲ။ တိုက်ရိုက်နည်းကို လူတွေလက်ခံစရာမရှိလို့ သွယ်ဝိုက်တဲ့နည်းကို သုံးတယ်။
အဲဒီနည်းကတော့ မြန်မာဘုရင်တွေဟာ ရက်စက်တယ်။ အုပ်ချုပ်ပုံစည်းကမ်းမရှိဘူး။ မြန်မာမင်း လက်အောက်မှာ စီးပွားရေး၊ လူမှုရေး တိုးတက်မှု မရှိဘူးဆိုတာတွေ ရေးပြီး ကျောင်းတွေမှာ သင်ခိုင်းတယ်။ Cox တို့ Harvey တို့ ရေးတာဟာ အင်္ဂလိပ်နယ်ချဲ့ပုံကို ထောက်ခံစေချင် လို့ ရေးတယ်။ မြန်မာမင်းတွေ ရက်စက်တယ်။ အုပ်ချုပ်ပုံ စည်းကမ်းမဲ့တယ်။ စီးပွားရေး၊
လူမှုရေး သူတို့လက်ထက်မှာ သိပ်ညံ့တယ်ဆိုတာတွေ ထည့်ရေးတယ်။ အခြေအနေအမှန်ကို မရေးဘူး။

အလောင်းစည်သူ ဖောင်စကြာနဲ့ ခရီးသွားပုံလည်း ဒီအတိုင်းပဲ ဆန်းစစ်ပြတယ်။ ဦးထွန်းညိုရဲ့ တင်ပြချက်က တိုးတက်တဲ့ခေတ်ဆန်တဲ့ အမြင်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ခေတ်သစ်သမိုင်း သုတေသနရဲ့ အယူအဆကို ပထမဆုံးပြောရတဲ့စာအုပ်လို့လည်း ပြောလို့ရပါတယ်။
ကုန်းဘောင်ခေတ်ကျတော့ ရာဇဝင်ကို ဘုရင်ကရေးခိုင်းတယ်။ ရေးတဲ့လူတွေကလည်း ပဒေသရာဇ်ကို
ချီးကျူးရေးတယ်။ ဘုရင်တွေဟာ သာမန်မဟုတ်ဘူး ဘုရားရဲ့ ဗျာဒိတ်ရသူတွေ ဖြစ်တယ်။ ဘုရားက နောင်ကျရင် ဒီဒေသမှာ ဘယ်သူဘုရင်ဖြစ်မယ်ဆိုဖူးတယ် ဆိုတာတွေပါတယ်။ မြန်မာ ဘုရင်တွေဟာ ဗျာဒိတ်ဘုရင် ဖြစ်ရတာကို သိပ်သဘောကျတယ်။ ရာဇဝင်ရေးတဲ့ ပညာရှိတွေကလည်း ဘုရင်အကြိုက်ရေးပေးတယ်။
ပဒေသရာဇ်တွေ ထွန်းတောက် နေဆဲမှာ သာသနာကို အကာအကွယ် ယူပြီး သူတို့လုပ်ချင်တာ လုပ်ဖို့ပါပဲ။
ဒီဘုရင်ဟာ ဘုရား ဗျာဒိတ်ရ၊ သူပြောရင် နားထောင် သူ့ကို ပုန်ကန်ရင် အပြစ် ကြီးတယ်။ သာသနာပြု မင်းလည်း ဖြစ်တယ်။
သာကီဝင်မျိုး ဖြစ်တယ်။ ဘုရားနဲ့ ဆွေမျိုး တော်တယ် စသဖြင့် ရာဇဝင် ဆရာတွေက ရေးပေးရတယ်။ ဒါဟာကုန်းဘောင်ခေတ် မင်းဆက်ကျမှ ပဒေသရာဇ်ကို အမွှန်းတင် လာတာ ဖြစ်မယ်။
၁၈၂၉ နှစ်မှာ ပညာရှိပေါင်း ၁၃ ဦးနဲ့ မှန်နန်းရာဇဝင်ကို ဘုရင်ခိုင်းလို့ ရေးကြတယ်။ ကမႝာဟောင်း ပျက်တာကနေပြီး စတယ်။ မိုးကြီးရွာ၊၊ အနယ်ထိုင်၊ ကမ္ဘာအသစ်ဖြစ်၊ ဗြဟ္မာ လေးယောက်ပေါ်၊ လူတွေဖြစ်၊ မဟာသမ္မတပေါ်၊ အဲဒီကတဖန် ဂေါတမ အထိ ရေးတယ်၊ မြန်မာနိုင်ငံဘက် ဆက်ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ စသဖြင့် အလောင်းမင်းတရားထိ မျိုးနွယ် ဆက်လာပုံ ရေးတယ်။

ပဒေသရာဇ်ကို အမွှန်းတင်ချင်လို့ ဘုရားနဲ့ အမျိုးဆက်ပေးတဲ့ ရာဇဝင်ကျမ်းပါပဲ။ ၁၈၂ဝ ပြည့်နှစ် အထိ ဖြစ်ပျက်ပုံကိုရေးပါတယ်။ ၁၈၆၇ ခုနှစ်ကျတော့ မင်းတုန်းဘုရင်က မှန်နန်းကို ဆက်ရေးခိုင်းတယ်။ ပညာရှိ သုံးဦးက ရေးတယ်။
အဖြစ်အပျက်က ၁၈၆ဝ ပြည့်နှစ်အထိ ဖြစ်ပျက်တာကိုရေးတယ်။ ဒုတိယမှန်နန်း ရာဇဝင်လို့ ခေါ်တယ်။
သီပေါပါပြီးတဲ့နောက် မြို့အုပ်မောင်တင်က ဒုတိယမှန်နန်းအဆက်ကို ၁၈၆ဝ ပြည့်နှဏ်ကစပြီး ၁၈၈၅ နှစ်ထိ
ရေးတယ်။ ၂၅ နှစ်သမိုင်းကို ထပ်ဖြည့်တာပါပဲ။ နန်းတွင်းမှတ်တမ်းတွေကို စုပြီးရေးတယ်။ တကယ်တော့ သူဖြည့်ရေးတာ မဟုတ်ပါဘူး။ လွှတ်တော်စာရေးတဦးကို ခေါ်ပြီး ရေးခိုင်းတာပါ။ စာအုပ်ထုတ်တော့လည်း သူရေးတာကမစဘဲ မှန်နန်းနဲ့ ဒုတိယမှန်နန်းထဲကရေးတဲ့ စောစောပိုင်း ၁၇၅၂ နှစ်က အဖြစ်တွေ ပါ ဖြုတ်ထည့်တယ်။ စာအုပ်အမည်ကို ကုန်းဘောင်ဆက်ရာဇဝင်ကြီးလို့ ပေးပြီး ၁၉ဝ၅ ခုနှစ်မှာ မန္တလေးတိုင်း သတင်းစာပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတယ်။
နောက် အင်္ဂလိပ်ဝင်လာတော့ မြန်မာရာဇဝင်ကို အင်္ဂလိပ်လိုရေးကြတယ်။ မှန်နန်းကို အကြမ်းဘာသာ ပြန်တာပါပဲ။
ဆာအာသာဖယ်ရာက ၁၈၉ဝ ပြည့်နှစ်မှာ History Of Burma (Myanmar) ရေးထုတ်တယ်။ ၁၉၂၅ ခုနှစ်မှာ ဂျီအီးဟာဗေးက History of Burma (Myanmar) ရေးထုတ်တယ်။

နောက်တော့ မြန်မာတွေ အမျိုးသားစိတ် နိုးကြားတယ်။ ၁၉၂ဝ ပြည့်နှစ်လောက်မှာ အမျိုးသားကျောင်းတွေ
ပေါ်လာတယ်။ အမျိုးသားပညာရေး ပေါ်လာတယ်။ ဗြိတိသျှတွေက မြန်မာတွေအကြောင်း နှိမ်ရေးလို့ဆိုပြီး
မြန်မာတော်ကြောင်း၊ ကောင်းကြောင်း ပြောချင်လာကြတယ်။ ဗြိတိသျှတွေရေးတာကို ပြန်လည်ချေပတဲ့အနေနဲ့
စာအုပ်ရေးကြတယ်။
ဦးဖိုးကျားရေးတဲ့ မြန်မာ့ဂုဏ်ရည်ဆိုရင် ပြန်ချေပတဲ့စာအုပ်ပဲ။ မြန်မာတွေကောင်းတယ်၊ တော်တယ်၊ သတ္တိရှိတယ်။
စစ်တိုက်တာတွေအောင်တယ် စသည်ဖြင့် ရေးလိုက်တာ တဖက်စွန်းရောက်လွန်းသွားတယ်။ ဟုတ်တာ မဟုတ်တာ မစဉ်းစားတော့ဘူး။ တအားမြှောက်ရေးတယ်။ ပြည်ထောင်စုသားအချင်းအချင်း ချစ်ကြည်တယ်ဆိုတာပြောချင်တဲ့အခါကျတော့လည်း ဇာတ်လမ်း မှန်မမှန် မတွေးကြတော့ဘူး။ အတင်းလုပ်ယူကြတယ်။
ဒါကြောင့် ပြီးပြီးသား သမိုင်းစာအုပ်တွေဟာ စိတ်မချရဘူး။ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ညှိပြီး မှန်မမှန် စစ်ဆေးသုတေသနလုပ်ရမယ်။ သူတို့ထဲကလည်း ကောင်းတာယူ မကောင်းတာပယ်ရမယ်။
မင်းအကြောင်းသက်သက်ရေးတာ၊ မင်းကို အမွှန်းတင်တာ၊ မြန်မာမင်းတွေ ရက်စက်ညံ့ဖျင်း တာ၊ မြန်မာတွေ ညံ့တာ၊ မြန်မာတွေ သိပ်တော်တာ စသဖြင့် တဖက်သတ် အစွန်းထွက်ရေးပုံမျိုးမပါဘဲ မှန်ကန်တဲ့ သမိုင်းအချက်အလက်ကို ရှာဖို့လိုပါတယ်။

ပြီးပြီးသား အမှားတွေကို ဆင်ခြင်၊ ရှေ့မှာ ဘယ်လို တိုင်းသစ်ပြည်သစ် ထူထောင်မယ်ဆိုတာ ရည်ရွယ်ပြီး ရေးရမယ်။
လူလူချင်း ခေါင်းပုံဖြတ်မှုကင်းတဲ့ သင်ခန်းစာယူဖို့၊ ခေတ်သစ်အတွေးအခေါ် ပါတဲ့ဟာမျိုး လိုတယ်။
ခေတ်ပြိုင်မှတ်တမ်းတွေရှာပြီး စီစစ်ဖို့ လိုပါတယ်။ အဒါကြောင့် မြန်မာနိုင်ငံ သမိုင်းသုတေသနကို လုပ်ရပါတယ်။
နောက်တချက်ကတော့ သုတေသန ဘယ်လိုလုပ်တယ်။ ဘယ်လိုပြဿနာ ရှိတယ်ဆိုတာပဲ။
ရှေးရာဇဝင်တွေမှာရေးတဲ့ ကမ္ဘာဖြစ်လာပုံ၊ လူတွေဖြစ်လာပုံတွေဟာ မမှန်ပါဘူး။ သူတို့ရေးတဲ့ထဲမှာ မင်းနဲ့ပြည်သူ ဘယ်လိုဆက်ဆံသင့်ပုံကို ရေးပြတာသာ ကောင်းပါတယ်။ သမိုင်းဦးဘုံမြေခေတ်မှာ မြန်မာနိုင်ငံမှာ ဘယ်သူတွေနေသွားတယ်ဆိုတဲ့အကြောင်း ရှေးရာဇဝင် စာအုပ်တွေမှာ မပါပါဘူး။ ခု သုတေသနလုပ်ပြီး ရေးတဲ့အခါမှာ ပါလာပါလိမ့်မယ်။
ကမ္ဘာဖြစ်တာ ကြာလှပါပြီ။ လူဖြစ်တာ နှစ်တသန်းရှိပြီ။ လူစစ်စစ်တောင်ဖြစ်တာ မဟုတ်သေးဘူး။ ခုလူတွေနဲ့ ကိုယ်တူညဏ်တူ မဖြစ်သေးဘူး။ လက်နက်က ကျောက်ကို သုံးတယ်။ ကျောက်ခေတ် လို့ ခေါ်တယ်။ ကျောက်ခေတ်ရဲ့ လူမှုဆက်ဆံရေး၊ စီးပွားရေးစနစ်က ဘုံစနစ်ဖြစ်တယ်။ ဒါကြောင့် သမိုင်းဦးဘုံမြေခေတ် ခေါ်တယ်။
အရင်တုန်းက ကမႝာကြီးမှာ ရာသီသတု အကြီးအကျယ် ပြောင်းမှုရှိတယ်။
တခါက ရေခဲတွေဟာ ကသာမြို့ ဥတ္တရယဉ်စွန်းတန်းထိ ဖုံးနေတယ်။ ပြန်ဆုန်သွားတယ်။ အဲဒါ ရေခဲခေတ်၊ ရေခဲခေတ် ၆ ခါ ရှိတယ်။ ရာသီဥတု သိပ်ကြမ်းတယ်။ ရေခဲခေတ်မှာ မြစ်တွေ ပိုကျယ်တယ်။ မိုးပိုကြီးတယ်။ ဧရာဝတီမြစ် သိပ်ကျယ်တယ်။
ခုခေတ် အရှေ့ကမ်းဟာ ညောင်ဦးမြို့။ အဲဒီခေတ် အရှေ့ကမ်းဟာ ပုပ္ပါးတောင်ပဲ။ အဲဒီခေတ်က လူတွေရဲ့ လက်နက်တွေကို ရှာပြီး လေ့လာချင်ရင် ခုကမ်းမှာ ရှာလို့မရဘူး။ ကမ်းဟောင်းမှာ ရှာရတယ်။ ကမ်းတွေ အဆင့်ဆင့် ၅ ခုရှိတယ်။ ခုကမ်းဟာ ပဉ္စမ၊ စတုတ္တ၊ တတိယကမ်းတွေမှာ ရှာလို့ မရပါဘူး။ ဒုတိယကမ်းမှာ ရပါတယ်။ ဒုတိယရေခဲခေတ် အလွန်လောက်မှာ သုံးတာတွေပါပဲ။
သူတို့လက်နက်တွေကြည့်ပြီး သူတို့ဘာလုပ်စားတယ်။ ဘယ်လိုနေတယ် ဆိုတာတွေ သိတယ်။ သုတေသန လုပ်ရေးတဲ့ မြန်မာနိုင်ငံသမိုင်းမှာ အဲဒါတွေပါမှာပဲ။
မြန်မာနိုင်ငံရဲ့ သမိုင်းဦးဘုံမြေခေတ် အထောက်အထားတွေကို ဧရာဝတီမြစ်ရဲ့ ဒုတိယကမ်းမှာ ရှာလို့ ရပါတယ်။


အဲဒီ လူတွေနေတဲ့ ဒေသက ယခုခေတ်လူတွေကို အောက်ပြည်ကလူတွေက အညာသားလို့ခေါ်တယ်။ အဲဒါနဲ့
မြန်မာနိုင်ငံကျောက်ခေတ်ကို စပြီး သုတေသနလုပ်တဲ့ 'မောဗီးယပ်' ဆိုသူက မြစ်ညာပိုင်းမှာတွေ့တဲ့
ကျောက်ခေတ်ယဉ်ကျေးမှုကို အညာသားယဉ်ကျေးမှုလို့ နာမည်ပေးမယ်။
နောက်ပိုင်းကျတဲ့ ကျောက်ခေတ်သစ်ယဉ်ကျေးမှုကို ရှာချင်ရင်တော့ ဧရာဝတီတတိယကမ်းမှာ ရှာရပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်ခေတ်သစ်အချိန်ကို မှန်းရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝဝ ကစပြီး ၄ဝဝဝ မှာဆုံးတယ်၊
ခန့်မှန်းပါတယ်။ ကမႝာ့နိုင်ငံတွေနဲ့စာရင် နောက်ကျပါတယ်။ ခရစ်တော်မပေါ်မီဆိုတဲ့ စကားနဲ့ ပြောရရင်တော့ ၆ဝဝဝ ဘီစီကနေပြီး ၂ဝဝဝ ဘီစီထိပါပဲ။
မြန်မာ့ကျောက်ခေတ်သစ် လက်နက်တွေတွေ့တာ မြောက်ပိုင်းက စပြောမယ်။ ခေတ်သစ်မှာ လူနေများလာပြီ။
မြစ်ကြီးနားဝန်းကျင်မှာ တွေ့တယ်။ ဧရာဝတီနဲ့ ချင်းတွေင်းဆုံရာမှာ တွေ့တယ်။ သိပ်တော့ မများဘူး။ ဒါပေမယ့်ချင်းတွင်းနောက်ကမ်းမှာ များတယ်။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆထုံးရွာအနားမှာ ကျောက်ခေတ်သစ်တွင်မကဘဲကျောက်ခေတ်ဟောင်းတုန်းက လူတွေ နေသွားနိုင်တာမျိုးတောင် တွေ့တယ်။ မန္ဈလေးဝန်းကျင်၊ အမရပူက
တောင်မင်းကြီးဘုရား၊ တောင်လေးလုံးကျောင်းအနီးမှာ အများကြီးတွေ့တယ်။ ပုသိမ်ကြီးဘက်လည်း အများကြီးတွေ့တယ်။
ရှမ်းပြည်နယ်ဆိုရင် မိုးကုတ်၊ လွိုင်ကော်ဝန်းကျင်။ အလယ်ပိုင်းဆိုရင် ရေနံချောင်း၊ ချောက်၊
ကျောက်ပန်းတောင်းဝန်းကျင်။ တောင်ဘက်ဆိုရင် မြိတ်၊ ထားဝယ်၊ တနင်္သာရီမှာ တွေ့တယ်။ ဒါတွေဟာ ခုဖြစ်တာ မဟုတ်ဘူး။ အရင်က ရှိပြီးသားတွေ။

သမိုင်းသုတေသနဆိုတာ အရင်ကရှိပြီးသား ထပ်ရှာတာပါပဲ။ ခု သုတေသနလုပ်လို့ မြန်မာနိုင်ငံ သမိုင်းဦးဘုံမြေခေတ်အကြောင်း ရပြီ။ မကြာခင်က တောင်ပြဒါးလင်းဂူကို ထပ်တွေ့ကြသေးတယ်။
သမိုင်းဦးဘုံမြေခေတ်လွန်တဲ့ မြန်မာနိုင်ငံရဲ့ ကျွန်ခေတ်ကိုလည်း သုတေသန လုပ်ဖို့လိုသေးတယ်။ ကျွန်ခေတ်မှာဘယ်လိုနေထိုင် လုပ်စားတာ ခုထိ မသိသေးဘူး။ သိတာလည်း နည်းတယ်။ ဆရာတို့ လက်ထက်မှာ သိမလား
မပြောတတ်ဘူး။ ဆရာတော့ အခု ခေါင်းဖြူနေပြီ။ နောက်လူတွေလက်ထက် ဆက်လုပ်ကြရမှာပဲ။
ပြီးတော့ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံမှာ ဗိဿနိုးကစမယ်။ ဒါတောင် ဗိဿနိုးဟာ ကျွန်ခေတ်လား
ပဒေသရာဇ်ခေတ်လား မသိသေးဘူး။ ပဒေသရာဇ်ခေတ်ရဲ့ အစလား မရှင်းသေးဘူး။
၎ ရာစုနှစ်မှာပေါ်တဲ့ ဟလင်း၊ သရေခေတ္တရာ၊ ပျူယဉ်ကျေးမှုဟာ ပဒေသရာဇ် ခေတ်အစပဲ။ ခုထိ ပျူစာ ၇၅ လုံးပဲဖတ်လို့ ရသေးတယ်။ ထပ်ဖတ်တတ်ဖို့လိုတယ်။ ဒါတွေ သုတေသနမှာ ဟာကွက်တွေပဲ။ ဟာကွက်မှာ ဖြည့်ဖို့ လိုပါတယ်။
လုပ်တဲ့လူတွေဟာ စိတ်ရှည်ရမယ်။ ဇွဲရှိရမယ်။ အများပြည်သူရဲ့ အကူအညီကို ယူမှဖြစ်ပါတယ်။
ပျူတွေအကြောင်းမှာတောင် ယဉ်ကျေးမှု အနုပညာအကြောင်းသာ ပြောနိုင်ပေမယ့် စီးပွားရေး၊ လူမှုရေး အကြောင်းမသိသေးဘူး။ ဒါတွေ သုတေသနလုပ်ဖို့ ကျန်သေးတယ်။ အဲဒီလိုနဲ့ ပဒေသရာဇ်ခေတ်ဟာ ၄ ရာစုနှစ်ကနေ ၁၉ ရာစုနှစ်ထိပါပဲ။ ဒီခေတ်သမိုင်းအတွက် အားကိုးရဆုံး ခေတ်ပြိုင်မှတ်တမ်း က ကျောက်စာ၊ ပေ၊ ပုရပိုက်တွေပဲ။
ကျောက်စာထဲမှာ သမိုင်းအချက် အကုန်တော့ မပါပါဘူး။ ရေးပုံက ဘယ်သူလှူတယ်။ ဘာလှူတယ်၊ ဘယ်နေ့လှူတယ်၊
ဘာဆုတောင်းတယ်တွေပဲ။ အလှူရှင်ဟာ များသောအားဖြင့် ချမ်းသာသူ၊ မင်းစိုးရာဇာ၊ ဘုရင်ပဒေသရာဇ် အသိုင်းအဝိုင်းတွေများပါတယ်။

ကျောက်စာတွေထဲကနေပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ သာသနာရေး၊ ယဉ်ကျေးမှုသမိုင်း
ပြအထောက်အထားတွေ ရပါတယ်။
အကုန်တော့ မရဘူး၊ ကျောက်စာထဲမပါလို့ မရှိဘူး၊ မဖြစ်ဘူးလည်း ပြောလို့မရပါဘူး။ ကျောက်စာဟာ သူ့ခေတ်ကို ရက်စွဲအတိအကျနဲ့ အထောက်အထား ပေးပါတယ်။ ပုဂံခေတ်မှာ ကျောက်စာ ၇ဝဝ ကျော်လောက် တွေ့ထားပါတယ်။
ပေကတော့ သက်တမ်း အနှစ် ၁ဝဝဝ လောက် ခံပါတယ်။ မြန်မာနိုင်ငံမှာ မီး၊ မိုး၊ စစ် စသည်တွေကြောင့် ပေတွေပျက်ရတယ်။ ခြကိုက်တာလည်း ရှိတယ်။ ဘုရားထဲ ဌာပနာလို့လည်း ဆုံးရှုံးတယ်။
ခရစ်နှစ် ၉ဝဝ လောက်က ပေတွေဟာ အထက်ပါနည်းအတိုင်း မပျက်ရင် ရှိနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ် ၁ဝဝဝလောက်က ပေတွေပေါ့။ ခုအစောဆုံးရထားတဲ့ ပေတွေဟာ ခရစ်နှစ် ၁၆၇ဝ ကပေပဲ။ ဗြိတိသျှပြ တိုက်မှာ ရှိတယ်။ ပေကြည့်ပြီးလက်ရေးသမိုင်း ရေးနိုင်ပါတယ်။
ပုရပိုက်မှာလည်း သမိုင်းအထောက်အထားတွေ ရှိတယ်။ ပုရပိုက်သက်တမ်းက နှစ် ၁၅ဝ လောက်ခံတယ်။ လူမှုရေး၊စီးပွားရေး မှတ်တမ်းတွေ ပါနိုင်ပါတယ်။ လူသူ အရောက်နည်းတဲ့၊ ခြောက်သွေ့တဲ့ နေရာတွေမှာ ပိုပြီး ကျန်တယ်။ ဥပမာရွှေဘိုခရိုင်၊ ဝက်လက်၊ တန့်ဆည်တို့လိုပေါ့။
သမိုင်းသုတေသနမှာ မပြီးသေး၊ မတွေ့သေးတာတွေ ပြီးအောင်လုပ်ဖို့ ရှာဖို့တွေ အများကြီးရှိပါတယ်။ လိုနေတဲ့အပိုင်းကို ဖြည့်ဖို့သာပါပဲ။ ဗြိတိသျှက မြန်မာတွေမကောင်းဘူး ရေးခဲ့တာတွေကို ရန်တွေ့တာမျိုး မဟုတ်ပါဘူး။ အမှန်ကိုရေးဖို့ပါ။

လူငယ်တွေကအစ မျိုးချစ်စိတ်ရှိဖို့၊ နယ်ချဲ့ကို မုန်းဖို့ လုပ်ချင်ရင် ချစ်ကွာ၊ မုန်းကွာ ပြောရုံမရပါဘူး။
သက်သေသာဓကနဲ့ ပြောပြမှ မျိုးချစ်စိတ်ရှိနိုင်၊ နယ်ချဲ့ကို မုန်းနိုင်ပါတယ်။
အရင်းရှင် ကိုလိုနီခေတ် သမိုင်းသုတေသနမှာလည်း အထောက်အထား စုံစုံရဖို့ လိုပါတယ်။ အိမ်တွေမှာ
စာအုပ်ဟောင်းတွေ ချောင်ကြိုချောင်ကြားမှာ ဖြစ်ဖြစ်၊ ဘုရားစင်တွေမှာဖြစ်ဖြစ် တင်ထားတတ်တယ်။ တို့ဘိုးဘွားလက်ထက်တို့အဖေငယ်ငယ်က စာအုပ်ဆိုပြီး ဖတ်လည်းမဖတ်ကြတာလည်း ရှိတယ်။ အဲဒီစာအုပ်တွေထဲမှာ ဂျီစီဘီအေအကြောင်း၊ ဝိုင်အမ်ဘီအေအကြောင်း၊ တွဲရေးခွဲရေးအကြောင်း ပါတတ်တယ်။ ဒါတွေကနေပြီး ကိုလိုနီခေတ် မြန်မာ့သမိုင်းကိုဖြည့်ရေးစရာ အချက်တွေပါတယ်။

ဒါတွေ အစုံစုဖို့၊ ရဖို့ လိုပါတယ်။ တတိယအချက်အနေနဲ့ ပြောချင်တာကတော့ သမိုင်းသုတေသနအတွက်
အားလုံးသော ပြည်သူအများက ကူကြပါ။ မကူညီရင် ပြည့်စုံတဲ့ သမိုင်းတခု ဆရာတို့ချည်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

ရှုမဝ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:56:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37350] Fwd: [လူဗိုလ်ဟူသည် ...] တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား။။။ မျိုးသန့်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/18
Subject: [လူဗိုလ်ဟူသည် ...] တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား။။။ မျိုးသန့်
To: lubo601@gmail.com


by Myo Thant on Thursday, April 12, 2012 at 11:11pm ·


တရုပ်နိုင်ငံကို နောင်တက်လာမည့် မဟာအင်အားကြီးနိုင်ငံတခုအဖြစ် ကမ္ဘာ့မီဒီယာတွေကပြော ဆိုနေကြတယ်။ တရုပ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှေ့အကျဆုံးသော ယဉ်ကျေးမှုပေါ်ထွန်းလာခဲ့ သည့် နိုင်ငံတွေအနက်က တခုဖြစ်ပါတယ်။
လူဦးရေက အဆမတန် များပြားနေပြီး၊ ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခု အဖြစ် ပေါ်ထွန်းလာနေတယ်။

တရုပ်နိုင်ငံအကြောင်းကို မီဒီယာတွေကပြောဆိုနေဒါတွေနဲ့ ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်ပါက လုံးဝ မတူညီ ကြီးမားစွာ ကွာခြားနေဒါကို တွေ့ရှိရမှာဖြစ်တယ်။

တရုပ်နိုင်ငံ၏ အား ဟာ စီးပွားရေုးုဖြစ်တယ်လို့ လူအများကထင်နေကြတယ်။  ကမ္ဘာပေါ်မှာ အမေရိကန်ပြီးလျင် တရုပ်စီးပွားရေးဟာ ဒုတိယလိုက်နေဒါကိုတွေ့ရှိရမှာဖြစ်တယ်။ ဒါပေမယ့် တရုပ်နိုင်ငံ၏ အမျိုးသားတစ်ဦးချင်းဝင်ငွေဟာ ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့ နဲ့ နှိုင်းယှဉ်လိုက်လျင် (၁၀) ဆကျော်လောက် လျော့နည်းနေဒါကို တွေ့ရှိရမှာဖြစ်ပြီး၊ လူနေမှု့ အဆင့်အတန်းကို ကြည့်လိုက်လျင် နိုင်ငံ၏ (၈၅) ရာခိုင်းနှုန်းရှိသော ပြည်သူတွေ၏ လူနေမှု့ အဆင့်အတန်းက များစွာ နိမ့်ကျစွာ နေထိုင်နေရတုန်းပါပဲ။ ဒီအချက်က အာဖရိကရှိ နိုင်ငံတွေနဲ့ လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏ ထက်ဝက်ကျော်မှာ ကျေးလက်ဒေသတွေမှာ နေနေကြရတုန်းဖြစ်တယ်။ အများစုက အခြေခံကျသော လိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိမှု၊ ကျမ္မာရေးစောင့်ရှောက်မှု (သို့မဟုတ်) အခြေခံပညာသင်ကြားနိုင်မှုများ မရှိကြပါဘူး။

မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀) မှ (၂၀၃၀) အတွင်းကို တွက်ဆကြည့် ပါက နှစ်စဉ် (၁) ရာခိုင်နှုန်းလောက်ပဲ တိုးတက်နေတယ်။ ဒီနှုန်းဖြင့် ဆက်သွားပါက တရုပ်နိုင်ငံအနေဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်း အနည်းဆုံး (၃) ခုလောက်ကြာသည့်အခါမှ့ နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်း နိမ့်ကျမှုတွေက နိုင်ငံ၏ စီးပွားရေးကို များစွာ သက်ရောက်စေပါတယ်။ အကြောင်းက ပြည်တွင်းစားသုံးမှုနှုန်းက သိပ်ကို ကျဆင်းနေသောကြောင့် ပြည်ပသို့ ကုန်များတင်ပို့နိုင်ရေးကိုသာ အားထားနေရတယ်။ ပြည်ပသို့ တင်ပို့သည့် စီးပွားရေးလုပ်ငန်းများအပေါ်မှာသာ မှီခိုနေရသော အချက်က တရုပ်နိုင်ငံအတွက် အဓိကအချက်တရပ်ဖြစ်၍ လာတယ်။

အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့် ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲသို့ တိုးဝင်လာတော့တယ်။ ထို့ကြောင့် တရုပ်နိုင်ငံဟာ နိုင်ငံခြားကုန်သွယ်ရေးစနစ်ကို မှီခိုအားထားနေရတယ်။

အဆမတန်များပြားနေသော အနောက်နိုင်ငံတွေမှ စားသုံးသူများအပေါ်မှာ များစွာ မှီခိုလာရပြီး၊ အဓိကစားသုံးသူတွေကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်နေတယ်။ နောက်တချက်က တရုပ်၏ ထွက်ကုန်တွေကို သယ်ယူပို့ဆောင်ရေးအတွက် ကမ္ဘာ့ရေကြောင်းကို အသုံးပြုနေရတယ်။ ဒီကမ္ဘာ့ရေကြောင်းကို အမေရိကန်ရေတပ်က လွှမ်းမိုးထားတယ်။ ဒီအချက်က တရုပ်နိုင်ငံအတွက် စိန်ခေါ်မှု့တရပ်အဖြစ် ရှိလို့နေဒါပေါ့။ အကြောင်းက အမေရိကန်အနေဖြင့် ကမ္ဘာရေးကြောင်းကို ပိတ်စို့ချင်လျင် ပိတ်စို့လို့ရနေတဲ့အချက်က တရုပ်နိုင်ငံအတွက် စိတ်မသက်မသာဖြစ်နေရတယ်။

အကယ်၍များ  တရုပ်က ယူဆထားသလို အမေရိကန်အနေဖြင့် သူတို့ကို ရေကြောင်းပိတ်စို့မှုတွေ လုပ်လာလျင်တော့၊ တရုပ်အတွက် အကြီးမားသော အခက်အခဲများ ရင်ဆိုင်လာရမှာ ဖြစ်တယ်။ ဒါကြောင့် တရုပ်နိုင်ငံအနေဖြင့် ခေတ်မှီသော ရေတပ်အင်အားကို တည်ဆောက်ပြီး၊ မိမိ၏ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာတယ်။

တကယ်လို့ တရုပ်အနေဖြင့် ၎င်းတို့၏ ရေတပ်ကို ခေတ်မှီတိုးတက်အောင်လုပ်ရလျင်၊ စစ်သင်္ဘောတွေရယ်၊ ၎င်းစစ်သင်္ဘောတွေအတွက် ဆိပ်ကမ်းနေရာများရယ်၊ မစ်ဆိုင်းလက်နက်တွေရယ် စသည်များကို လိုအပ်လာပါမယ်။ အဲဒီရေတပ်မျိုးကို တည်ဆောက်ဖို့ဆိုဒါဟာ တရုပ်နိုင်ငံအတွက် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာမှ့ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။

ကဲ... စီးပွားရေးနဲ့ ရေတပ်တည်ဆောက်ရေးတို့ကို ခဏဘေးဖယ်ထားကြည့်ပါစို့။

တရုပ်နိုင်ငံဟာ ပြည်တွင်းရေးကိစ္စများစွာကို ရင်ဆိုင်နေရတယ်။  ပထ၀ီအနေအထားကို ကြည့်လျင် တရုပ်နိုင်ငံဟာ သဘာဝ တောတောင်တွေက နိုင်ငံကို ကာကွယ်ပေးထားပါတယ်။ တရုပ်နိုင်ငံ၏ မြေပုံကိုကြည့်လိုက်လျင် ဂိုဘီသဲကန္တာရကို ထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တိဖက်ကုန်ပြင်မြင့်ရယ်၊ ဟိမန္တာတောင်ကြောတွေနဲ့ ဗမာ ယူနန်သစ်တောအုပ်များကိုပါ တွေ့ရှိရမှာ ဖြစ်တယ်။ တိဖက်ကုန်မြေမြင့်နဲ့ ဂိုဘီသဲကန္တာရအကြားရှိ ပိုးလမ်းမဟာ တရုပ်နိုင်ငံကနေပြီး ကာကစ္စတန်နိုင်ငံဖက်မှတဆင့် ဥပရောပအထိ ခရီးပေါက်နေတယ်။ နောက်ပြီးတော့ ဗီယက်နမ်နယ်စပ်နားတ၀ိုက်နဲ့ ဗမာ ယူနန်လမ်း( တရုတ်မြန်မာလမ်းမ)က နောက်ထပ်လမ်းတပေါက်ရှိနေတယ်။ အဲဒီလို သဘာဝတောတောင်တွေက နိုင်ငံ၏ နေရာဒေသများစွာကို ကာကွယ်ပြုပေးထားတယ်။


တရုတ်နိုင်ငံ၏ သဘာဝတောတောင် ကန္တာရများနဲ့ ထွက်ပေါက်လမ်းများပြပုံ

ဒါပေမယ့် တကယ့် အပေါက်က မန်းချူးရီးယားက လမ်းပေါက်ဖြစ်တယ်။ မွန်ဂိုလီယားနဲ့ ရုရှားတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသောနေရာဖြစ်တယ်။ (၁၃) ရာစုနှစ်လောက်က ဒီလမ်းပေါက်ကနေပြီး  ဂျင်းဂျစ်ခန်း၏ မွန်ဂိုတပ်တွေဟာ တရုပ်ပြည်ကို အောင်မြင်စွာ ကျူးကျော် ၀င်ရောက်လာနိုင်ခဲ့ဒါကို တွေ့ရှိရမှာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အချိန်မှာလည်း ဂျပန်တွေက အဲဒီလမ်းပေါက်ကိုပဲ အသုံးပြုပြီး၊ တရုပ်ပြည်ကို ကျူးကျော်လာခဲ့ပြန်တယ်။ တရုပ်တွေအတွက် ပြည်ပက ဘယ်လို ကျူးကျော်မှုမျိုးမဆို လာလျင် ဒီလမ်းပေါက်ကိုပဲ အဓိက အသုံးပြုပြီးတော့၊ ကျူးကျော်လာခဲ့ဒါကို သမိုင်းစဉ်တလျောက်မှာ တွေ့ရှိရမှာဖြစ်တယ်။

လူဦးရေက သိပ်ကို ထူထပ်များပြားနေသောကြောင့် တရုပ်ပြည်ကို ကျူးကျော်ဖို့ကလည်း ခက်ခဲပါတယ်။ ကျူးကျော် သိမ်းပိုက်ထားဖို့ ဆိုရင်တော့ ပို၍တောင် ခက်ခဲနေတယ်။ ပထ၀ီအနေအထားအရ တရုပ်ပြည်ဟာ နေရာဒေသ၏ အလယ်ဗဟိုမှာ တည်ရှိနေတယ်။

လူဦးရေဘီလီယံလောက်ရှိနေသော ဟန်လူမျိုးတရုပ်တွေဟာ လယ်ယာစိုက်ပျိုးရေးဒေသများမှာ နေထိုင်ကြပါတယ်။ ဝေးလံပြီး ခက်ခဲစွာ သွားလာရသော ဒေသများတွင် ဥဂရက်မူဆလင်၊ မွန်ဂိုနဲ့ တိဘက်တန်လူမျိုးတွေနေထိုင်ကြပါတယ်။ တရုပ်နိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်နေတယ်ဆိုဒါကို နားလည်ထားရပါမယ်


တရုပ်နိုင်ငံ၏ အမျိုးသားဝင်ငွေများတနေရာနဲ့တနေရာခြားနားမှုများပြပုံ

တရုပ်နိုင်ငံကို အနောက်ပိုင်းနဲ့ အရှေ့ပိုင်းရယ်လို့ ခွဲခြားကြည့်ပါက အနောက်ဘက်မှာ ဥဂရက်မူဆလင်တွေ၊ တိဖက်တွေက အနောက်တောင်နဲ့ မွန်ဂိုတွေက အနောက်မြောက်မှာ ရှိနေပြီး၊  အရှေ့ဘက်မှာလည်း ခွဲထွက်လိုသော စိတ်သဘောထားရှိသည့် လူနည်းစုတို့ ရှိနေကြတယ်။ တရုပ်နိုင်ငံ၏ သမိုင်းစဉ်တလျှောက်လုံးမှာ အရှေ့ဘက်နဲ့ အနောက်ဘက် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အမြဲတမ်း ကြိုးပမ်းအားထုတ် ရုန်းကန်နေရတယ်။ ဒီအချက်က အနာဂတ်ကာလမှာ ဆက်လက်ပြီး ရှိနေပါလိမ့်မယ်။

ထိုသို့သော အချက်များကြောင့် တရုပ်ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို ရွေးချယ်ခဲ့ကြဒါပါ။ နိုင်ငံ၏ အရှေ့ဘက်နဲ့ အနောက်ဘက် နှစ်ဘက်စလုံးကို ချိန်ခွင်လျှာမျှအောင် လုပ်ထားနိုင်ရန်ဖြစ်တယ်။ နောက်ပြီးအရှေ့ဘက်ကို ဆက်လက်၍ ထိန်းချုပ်ထားနိုင်ရေးအတွက်  ငွေတန်ဖိုးဘီလီယံပေါင်းများစွာကို စီးပွားရေးမှာ ရင်းနှီးမြုပ်ထားရပြီး၊ နိုင်ငံ၏ တည်ငြိမ်ကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်တယ်။


တရုပ်နိုင်ငံ၏ လူဦးရေသိပ်သည်းမှု့အနည်း အများပြပုံ

ရင်းနှီးမြုပ်နှံမှုတွေဟာ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနဲ့အခြားလိုအပ်ချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အလုပ်အကိုင်ရေးရာများတို့မှာ ဖြစ်ပြီး၊ တခြားကြီးမားသော ရင်းနှီးမြုပ်နှံ့ထားမှုတွေက စစ်ရေးနဲ့ လုံခြုံရေးအင်အားများအတွက် ဖြစ်တယ်။ အဲဒါမှ ၎င်းတို့၏ ပိုင်နက်နယ်မြေတွေနဲ့ နိုင်ငံ၏ အချုပ်အချာအာဏာတို့ကို ဆက်လက်တည်မြဲအောင် ထိန်းချုပ်ထားနိုင်ဖို့ ဖြစ်ပြီး၊ ဒီကိစ္စက တရုပ်နိုင်ငံ၏ စီးပွားရေးမှာ ၀န်ထုတ်ဝန်ပိုးဖြစ်နေစေပါတယ်။


ပြည်တွင်းရေးရာကိစ္စတွေပြီးတော့၊ တခြားကိစ္စကို ဆက်ကြည့်ကြစို့။

အမေရိကန်နဲ့မတူညီဒါက တရုပ်ဟာ ပြင်ပက ဖိအားများစွာကို ရင်ဆိုင်နေရတယ်။ ဂျပန်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားရှိတဲ့နိုင်ငံတွေနဲ့ ရယ်။ ထိုနိုင်ငံများသာမက တိုင်ဝမ်၊ တောင်ကိုရီယား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်တို့လို နိုင်ငံငယ်တွေနဲ့ရယ်၊ ထိုအပြင့် ဗီယက်နမ်တောင်ပါ လိုက်သေးတယ်။ ထိုသို့ရင်ဆိုင်နေခြင်းဖြင့် တရုပ်ဟာ မိမိပိုင်နက်မြေတွေတည်တံ့ရေးအတွက် စစ်ရေး၊ စီးပွားရေးတို့ဖြင့် အသုံးချနေရတယ်။ ဒါတွေဟာ တရုပ်၏ ပထ၀ီနိုင်ငံရေးဖြစ်တယ်။


တရုပ်နိုင်ငံအပေါ်ရှိနေသော ဒေသဆိုင်ရာဖိအားများပြပုံ

အဲဒါတွေကြောင့် တရုပ်ဟာ နောင်တက်လာမည့် မဟာအင်အားကြီးနိုင်ငံတခု မဖြစ်လာနိုင်ပါဘူး။ ဒေသဆိုင်ရာအတွင်းမှာသာ အင်အားတခုအနေဖြင့် ရှိနေမှာဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ အမေရိကန်အနေဖြင့် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်သော အခွင့်အရေးများ ရှိနေပြီး၊ တရုပ်၏ သြဇာကြီးမားမလာနိုင်ရေးကို ထိန်းချုပ်ထားနေသောကြောင့်ဖြစ်တယ်။

တရုပ်အနေဖြင့် ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံ တခုအနေဖြင့်ဖြစ်မှာ ဖြစ်ပြီး။ တခြားသော ကုန်သွယ်ရေး အင်အားကြီး နိုင်ငံတွေလို ဖြစ်လာပါမယ်။ စစ်ရေးနဲ့ စက်မှုကုန်သွယ်ရေးတွေဟာ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်။ နိုင်ငံ၏ အရှေ့မှာ ညီမျှမှုတွေရှိနိုင်ပေမယ့်၊ အနောက်ဖက်မှာတော့ မညီမျှမှုတွေ ဆက်ဖြစ်နေမှာပါ။ အနာဂတ်မှာ တရုပ်အနေဖြင့် မိမိပိုင်နက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နဲ့ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနိုင်ရန် အလို့ဌာ စစ်ရေးတွင် အကြီးအမာဆုံး ရင်းနှီးမြုပ်နှံ့ရမှာဖြစ်တယ်။ ထို့ကြောင့် အရှေ့ကို တက်လှမ်းဖို့ လုပ်လိုက်တိုင်းမှာ အနောက်ကို ပြန်ပြန်ကြည့်နေရမှာဖြစ်တယ်။

                                                                    ။။။။။။။

ဘာသာပြန်သူ၏ အမြင်နဲ့သုံးသပ်ချက်။။။။ တရုပ်နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းကုန်ထုတ်ရေးဖြင့် ပြည်ပပို့သို့တင်ပို့သော စီးပွားရေးဖြစ်နေ၍ တရုပ်နိုင်ငံ၏ လျှပ်စစ်၊ ဓါတ်ငွေနဲ့ လောင်စားဆီ လိုအပ်ချက်များ ကြီးထွားလာသည့် အတွက် မြန်မာနိုင်ငံ၏ မြစ်ချောင်း အင်းအိုင် တောတောင် ကမ်းခြေ ပင်လယ်တွေက သံယံဇာတများအားလုံးကို တရုပ်အစိုးရပိုင်ကုမ္ပဏီတွေက ယခင်စစ်အုပ်ချုပ်ရေး သမားတွေနဲ့ စီးပွားရေးစာချုပ်ချုပ်ဆိုပြီး၊ သွယ်ဆောင်နေကြသည်ကို မြန်မာပြည်သူတွေအားလုံးအသိဖြစ်တယ်။ တရုတ်စီးပွားရေး ကုမ္ပဏီတွေ ဒီလိုမလုပ်နိုင်အောင် တားဆီးရန်အလို့ဌာ၊ နိုင်ငံ၏အစိုးရမှာ တာဝန်ရှိနေတယ်။ ပြည်သူလူထု၏ နိုးကြားမှုက အစိုးရကို ဖိအားပေးသလိုဖြစ်နေ၍ အရေးကြီးတယ်။ တရုပ်၏ စီးပွားရေးကြီးထွားမှု့သည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အနုတ်လက္ခ္စဏာဖြစ်ပေါ်စေသည်ကို သက်သေအဖြစ် ဧရာဝတီမြစ်ဆုံဆယ် တည်ဆောက်ရေးကိစ္စတွေလိုမျိုးက သက်သေထူနေတယ်။ ဧရာဝတီအပါအ၀င် မြန်မာ့ သံယံဇာတများနဲ့တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံသူ မြန်မာနိုင်သား အားလုံး၏ မွေးရာပါ တာဝန်တရပ်ဖြစ်တယ်။


မှတ်ချက်။ အဲဒီစာတမ်းသည် သုတေသနပြုအဇာဘိုင်ဂျန်ကျောင်းသားလူငယ်တစ်စု၏ လေ့လာသုံးသပ်ချက်များကို မြန်မာလို ဘာသာပြန်ပြီး၊ ရုပ်ပြပုံများကို ကျွန်တော် ဖန်တီးတင်ပြထားပါတယ်။

ဒီဘာသာပြန်စာကို ဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ဘာသာပြန်သူ။။။။ မျိုးသန့်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:56:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[New post] ဖြစ်ချင်သူများ

Aung Htet posted: "ဆောင်းလူ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃ ကျွန်ဖြစ်တဲ့သူ ဖြစ် …. နွံနစ်တဲ့သူ နစ် …. ….. …. ခေတ်ကြီး .. မနေ့ကထိတော့ သူဟာ သူထား အကောင်းတိုင်းကြီးလိုလိုနဲ့ ….။ နာနေကျတရား ထပ်များ နာရဦးမလား … ပါနေကျ စကား ထပ်များ ပါရဦးမလား …. …. …. ခေတ်က … စနစ်ကို မှီ စနစ်က … ခေတ်ကိုချ"