သျှမ်းသံတော်ဆင့် |
- တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် မြန်မာအစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
- အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်မှု ငြိမ်းချမ်းရေးထိခိုက်နိုင်ဟု SSPP/SSA ဆို
- အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော
| တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် မြန်မာအစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ Posted: 20 Feb 2013 12:08 AM PST ယနေ့မနက်ပိုင်း က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ နှင့် တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေး နွေး ခဲ့ကြသည်။ UNFC နှင့် မြန်မာအစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲ (ဓါတ်ပုံ-Hla Maung Shwe facebook)ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဟောလီးဒေးအင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်မနက် ၉ နာရီက စတင်ခဲ့ပြီး ကချင်တိုက်ပွဲ အရေးနှင့် နိုင်ငံရေးတွေ့ဆုံရေးအတွက် မူဘောင်ချမှတ်နိုင်ရေး အဓိကထားဆွေးနွေးမည့် တံခါးပိတ်အစည်းအဝေး ဖြစ်ကြောင်း နီးစပ်သည့် သတင်းရပ်ကွက် ကဆိုပါသည်။ မြန်မာအစိုးရ ဘက်မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့်အတူ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ အကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးကျော်စိုးလှိုင်၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးသီဟန်၊ ဦးညိုအုန်းမြင့်နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၇) ဦးခန့် တက်ရောက် ကြကြောင်းလည်း UNFC သတင်းရပ်ကွက်များက ဆိုပါသည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ဘက်က တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (၁၂) ဦးအား အတွင်း ရေးမှူး နိုင်ဟံသာ နှင့် ဒေါက်တာ လဂျာ တို့ကဦးဆောင်၍ တက်ရောက် ဆွေးနွေးခဲ့ကြသည် ဟုလည်း ဆိုပါသည်။ ဆွေးနွေး ပွဲဖြစ်မြောက် ရေးအတွက် ထိုင်းအစိုးရ နှင့် ဂျပန် နိုင်ငံမှ လူသားခြင်း စာနာမှု အကူအညီ ပေးရေးအဖွဲ့ နိပွန် ဖောင်ဒေးရှင်းက ကမကထပြုသည်ဟုဆိုပါသည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း ရွှေလီ၌ ပြုလုပ်သော ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာအစိုးရ ဆွေးနွေးစဉ်က ဆွေးနွေးပွဲဖြစ်မြောက် ရေး အတွက် တရုတ်ဘက်က ကမကထ ပြုခဲ့ပါသည်။ |
| အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်မှု ငြိမ်းချမ်းရေးထိခိုက်နိုင်ဟု SSPP/SSA ဆို Posted: 20 Feb 2013 12:07 AM PST ယခုတပတ်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းဘက်သို့ အစိုးရတပ် များ ဦးတည်နေပြီးနောက်ပိုင်း ယမန်နေ့ နှင့် ယနေ့အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးထိခိုက် လာ နိုင်သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ရှေ့တန်းတပ်သားများ"တန့်ယန်း- မိုင်ကောင်ဝ်ကြားက ကျနော်တို့လှုပ်ရှားတဲ့ဘက်ကို မြန်မာအစိုးရစစ်ကြောင်းတွေ ဝင်လာပြီး ကျနော်တို့ကို ပစ်ခတ်တယ်။ မနေ့ညနေ ၃ နာရီကနေ ၅ နာရီအထိ မိုင်းကောင်ဝ်အရှေ့ဘက် ၆ မိုင်အကွာမှာ တကြိမ်၊ ဒီနေ့မနက် ၁၀ နာရီ ခွဲကနေ နေ့ခင်းထမင်းစားချိန်အထိ လွယ်လန်းမှာ ပစ်ခတ်နေတုန်းဘဲ" ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။ ယနေ့မနက်ပိုင်းက မွန်းတည့်ချိန်အထိ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လောင်းဝ် ကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် SSPP/SSA ၏ တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေအတွင်း မိုင်းကောင်ဝ်အခြေစိုက် အစိုးရတပ် ခလရ ၃၃ နှင့် လောက်ကိုင် အခြေစိုက် ခမရ ၃၂၂ တို့ ဝင်ရောက်ကာ နမ့်တောင်စင်ရွာအနီး၌ တိုက်ခိုက်ခဲ့ကြောင်း၊ အသေအပျောက်စာရင်း မသိရသေး ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။ ပြီးခဲ့သည့် အပတ်တည်းက ရလခတိုင်းအောက်မှ ခမရ ၅၂၅ တပ်ရင်း၊ ရပခတိုင်းအောက်မှ တပ်ရင်းတချို့တို့ ယာဉ်တန်း ၁၅ စီး မိုင်းနောင်ဘက်တက်သွားပြီး ယမန်နေ့က ၁၃ စီးပြန်ဆင်းလာကြောင်း၊ ရမခတိုင်းအောက်မှ ယာဉ်တန်း ၇၀ ကျော် သီပေါသို့ ဆင်းလာရာ ၅၁ စီးမှာ ခိုင်းဆင်(ယခင် SSNA ဌာနချုပ်ဟောင်း) ၌ ခရီးတထောက်နားခဲ့သေးကြောင်း၊ ဒေသခံများပြောသော်လည်း အဆိုပါအစိုးရစစ်ယာဉ်တန်းများမှာ ကိုးကန့်ဘက်သို့ တက်သွားကြောင်း SSPP/SSA ကပြောပါသည်။ "အစိုးရရဲ့ တပ်မတော်က ငြိမ်းချမ်းရေးအပေါ်မှာ သစ္စာမရှိဘူး။ ကချင်ဘက်မှာ တိုက်ပွဲက ငြိမ်ခါစဘဲရှိသေးတယ်။ ကျနော် တို့ကို လာပြီးတိုက်နေပြန်ပြီ။ သူတို့ ဒီတိုင်းဆက်လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့အားလုံးက တည်ဆောက်နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာ အမှန်ဘဲ" ဟု ဗိုလ်မှူးစိုင်းလက သုံးသပ်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်ပေါ်နေသည့်အပေါ် ရမခတိုင်းရုံးသို့ SSPP/SSA က ဆက်သွယ်မေးမြန်းရာ မိမိတို့ ရမခ(အရှေ့မြောက် တိုင်းစစ်ဌာနချုပ်) တိုင်းအောက်မှ တပ်ရင်းများမဟုတ် ရလခ(အရှေ့အလယ်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်)အောက်မှ တပ် များဖြစ်ကြောင်း၊ ရလခတိုင်းကလည်း မိမိတို့ညွှန်ကြားချက် မဟုတ်ကြောင်း ငြင်းနေကြသည်ဟု ဆိုပါသည်။ ယမန်နေ့က ထိုင်းနိုင်ငံ၌ RCSS/SSA သျှမ်းပြည်တပ်မတော်အား တွေ့ဆုံစဉ် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် ခေါင်း ဆောင် ဦးအောင်မင်းက စစ်ဘက်နှင့်အစိုးရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရ တပ် မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ပြောကြားခဲ့သည်။ သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်က ပဏာမအဆင့်၊ ပြည်ထောင်စု အဆင့်တို့ဖြင့် ဆွေးနွေးခဲ့သည့်အဖွဲ့ဖြစ်သည်။ |
| အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော Posted: 20 Feb 2013 12:06 AM PST ယမန်နေ့ ဖေဖော်ဝါရီ ၁၉ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel ဟိုတယ်တွင် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာ၌ စစ်ဘက်နှင့်အစိုးရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ် ရပ်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ဦးအောင်မင်းက ပြောသည်ဟု RCSS/SSA သတင်းရပ်ကွက်က ဆိုပါသည်။ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ Sheik Istana Hotel ဟိုတယ်၌တွေ့ဆုံစဉ် (ဓါတ်ပုံ- Hla Maung Shwe facebook)"အပစ်ရပ် သဘောတူညီခဲ့ပြီဆိုပေမယ့် ခုချိန်ထိ အစိုးရစစ်တပ်နဲ့ ကျနော်တို့ ပစ်ခတ်မှုရှိနေတုန်းဘဲ ။ အရင်တုန်းက ကျနော်တို့ထင်တာက အစိုးရစစ်တပ်ရဲ့ အောက်ခြေတပ်သားတွေ အရာရှိတွေဟာ အထက်ရဲ့အမိန့်ကို မနာခံဘဲ မိမိဆန္ဒ အလျောက် ကျနော်တို့ကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ထင်မိတယ်။ ကျနော်တို့ လေ့လာကြည့်တော့ အထက်ရဲ့ ညွှန်ကြား ချက်ကြောင့် ပစ်ခတ်ရတာလို့ သိရတယ်။ ဒီကိစ္စတွ မေဖြစ်စေချင်တော့ဘူးလို့ စဝ်ယွက်စစ်က ပြောတော့ ဦးအောင်မင်းက စစ်ဘက်နဲ့အစိုးရတို့ ဆွေးနွေးပြီးပြီ။ ရှေ့ဆက်မဖြစ်တော့ပါဘူးလို့ ပြောသွားတယ်" ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် RCSS/SSA အရာရှိတဦးက ပြောသည်။ ရှေ့ဆက်တိုက်ပွဲများဆက်မဖြစ်အောင် အစိုးရအပေါ် အပစ်ရပ်တပ်ဖွဲ့များမှ ယုံကြည်မှုရှိသင့်သည်ဟု ဦးအောင်မင်းက ပြောဆိုရာ ၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရအပေါ်တွင်သာ မူတည်ကြောင်းပြောခဲ့သည်ဟုဆိုပါသည်။ ထို့အပြင် အပစ်ရပ် ငြိမ်းချမ်းရေး တည်တံ့ဖို့ ပြည်သူလူထု ပါဝင်သင့်သည်ဟု စဝ်ယွက်စစ်က တင်ပြရာ ဦးအောင်မင်း က သဘောတူညီခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်များဖြစ်သည့် ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီဖွဲ့ဖို့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစရှိသည်တို့လည်း လက်တွေ့အကောင်အထည် မဖော်ရသေးသည့်အချက်နှင့် ပတ်သက်၍ လည်း ဦးအောင်မင်းက အဟန့်အတား အခက်အခဲများအား ဖြေရှင်းခဲ့ပြီးဖြစ်သဖြင့် စတင်အကောင်အထည်ဖော်နိုင်တော့ မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟုဆို၏။ "ဒါ့အပြင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားတပ်မတော် တည်ထောင်ဖို့ အစရှိတာတွေကိုလည်း ဆွေးနွေးခဲ့တယ် " ဟု အဆိုပါအရာရှိက ပြောပါသည်။ ယခုတကြိမ် တွေ့ဆုံမှုမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် အလွတ်သဘော အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က ပြောဆိုပါသည်။ ဆွေးနွေးပွဲသို့ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ ဒု- ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူး လောင်ဆိုင်၊ ဗိုလ်ကြီး စိုင်းဆိုင်မိဏ်း တို့ပါဝင်ပြီး အစိုးရကိုယ်စားလှယ် ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့် ပါဝင်သည့် အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ၂ ကြိမ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |




























