admin posted: " ကာတွန်းကူမိုးကြိုး - ၂၀၀၈ သမ္မတကြီးအတွက် ၂၀၁၃ ဆန္ဒခံယူပွဲ အဖြေထွက်ပြီ မတ် ၁၊ ၂၀၁၃"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[New post] ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် – Thu Rain Htet
admin posted: " ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် သူရိန်ထက်၊ မတ် ၁၊ ၂၀၁၃ ခုတလော လူမှုကွန်ယက်တွေမှာရော လူထုအတော်များများကြားမှာပါ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးသံတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ တဖက်က ကြည့်ရင်တော့ မျိုးချစ်စိတ်တွေ ရှင်သန်ထက်မြက်လာတယ်လို့ အကောင်းဖက်က တွေးယူ"
|
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
| RCSS/SSA နှင့် တိုက်ပွဲဖြစ်ရာနေရာဘက်သို့ အစိုးရတပ် အင်အားထပ်ဖြည့် Posted: 28 Feb 2013 09:01 AM PST ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများကပြောပါသည်။ ![]() တိုက်ပွဲဖြစ်ပွားပြီး ၃ ရက်အကြာ ယမန်နေ့က မူတပ်အပြောင်းအလဲဟုဆိုကာ နမ့်စန်မြို့နယ်မှ တက်လာသည့် စစ်ဖိုးဝီးကား အစီး ၄၀ ခန့် မှာတိုက်ပွဲဖြစ်ပွားရာနေရာဘက်တို့ သွားနေသောကြောင့် ဒေသခံလူထုက စစ်ရေးပြန်လည်တင်းမာလာမည်ကို စိုးရိမ်နေကြောင်း ရပ်ရွာအကြီးအကဲများကပြောသည်။ "တချို့က စစ်သားအပြည့်တင်တယ်။ လက်နက်တွေတော့ကိုင်ထားတာမတွေ့ဘူး။ တချို့အစီးတွေမှာလဲ ဘာတွေအပြည့် တင်ထား လဲတော့မသိဘူး မိုးကာကြီးတွေနဲ့ ဖုံးထားတယ်။ တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်တဲ့ဘက်ကိုဘဲ သွားတာနဲ့တူတယ်" ဟု အဆိုပါဒေသအတွင်းခရီးသွားနေသည့် နိုင်ငံရေးပါတီဝင်တဦးကပြောသည်။ အခုလ ၂၄ ရက်က ခိုလမ်မြို့နယ်ခွဲအတွင်း ခလရ ၆၆ စစ်ကြောင်းတကြောင်းနှင့် သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၃၇၆ လက်အောက်ခံ တပ်ခွဲတခုတိုက်ပွဲဖြစ်ပွါးရာ မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကျဆုံးခဲ့ကြောင်း သျှမ်းပြည် တပ်မတော်က ပြောပါသည်။ "တိုက်ပွဲအတွင်းမှာ RCSS/SSA ဘက်က စစ်ပစ္စည်းများနဲ့အတူ လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရတယ်။ ဗမာတပ် ဘက်ကလဲ ပြန်လိုချင် တယ်။ ဒါကို သူတို့က အဲဒီလက်နက်တွေကို ကျေးလက်လူထု နဲ့ ရွာသူကြီးတွေဆီမှာဘဲ ထားပေးပါ။ သူတို့လာယူမယ်တဲ့။ ဒါကို RCSS/SSA က လက်မခံဘူး။ ဘာဘဲဖြစ်ဖြစ် တရားဝင်ပြန်အပ်ချင်တာလေ" - ဟု RCSS/SSA ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူ ပုဂ္ဂိလ်တဦးကပြောပါသည်။ ထိုသို့တိုက်ပွဲများဖြစ်ပွါးပြီးသည့်နောက် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ RCSS/SSA ၏ဆက်ဆံရေးရုံးထိုင် ဗိုလ်မှူး တေဝိန်အား မြန်မာစစ်တပ်ကဖမ်းဆီးထားသည်ဟု ဒေသခံများကြား ပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုခြင်းမရှိခဲ့ပေ။ ဗိုလ်မှူးတေဝိန် နှင့်နီးစပ်သူတဦးက ရလခတိုင်းရုံးခေါ်ယူတွေ့ဆုံမေးမြန်းမှုမှာ မှန်ကြောင်း၊ ထိန်းသိမ်းထားခြင်းမျိုးမဟုတ်ဘဲ တွေ့ဆုံမှုကြန့်ကြာသွားခြင်းသာဖြစ်သောကြောင့် ပြောပါသည်။ "တိုက်ပွဲဖြစ်တဲ့နေ့က တိုင်းရုံးကခေါ်သွားတာပါ။ မေးမြန်းဖို့သက်သက်ပါဘဲ။ ဖမ်းတယ်လို့တော့မဟုတ်ပါဘူး။ အဲ့ချိန်မှာလဲ သူ့ကိုဆက်သွယ်လို့မရတော့ လူထုက စိတ်ပူပြီးတော့ အဖမ်းခံရတယ်ထင်ပြီး ဒီသတင်း ကြီးသွားတာ။ အခုတိုင်းရုံးက ပြန် လွှတ်ပေးပါပြီ။ မနေ့ညကတောင်ကျနော်တို့ အတူတူထမင်းစားနေသေးတယ်" - ဟု အဆိုပါရုံးထိုင်ကိုယ်စားလှယ်နှင့် နီးစပ်သူ ခိုလမ်ရပ်မိရပ်ဖတဦးကပြောပါသည်။ ယမန်နှစ် ဩဂတ်စ်လကလည်း နမ္မတူမြို့နယ် ဒေသခံတချို့အား သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ အမာခံ လူ ဟု စွပ်စွဲကာ မြန်မာ့တပ်မတော်က ၁၀ ဦးထက်မနဲ ဖမ်းဆီးခဲ့သည်။ ထိုနောက်ပိုင်း SSPP/SSA က ခမရ ၃၂၄ ၏တပ်ရင်း ဗိုလ်ကြီး သက်စိုးကို ဖမ်းဆီးခဲ့သည်။ ၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ မေးမြန်းရန်ဟုဆိုကာ ရမခ တိုင်းရုံးက လားရှိုးမြို့ရှိ SSPP/SSA ၏ ဆက်ဆံရေးရုံးထိုင်ကိုယ်စားလှယ်ကို ၄၈ နာရီကြာ ခေါ်ယူထားခဲ့ဖူးသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Burma News International - February 28, 2013
| ||||||||||||||||
|
[New post] နောက်ဆုံးကျ ဒီလိုလူတွေပဲ
Aung Htet posted: " ကာတွန်း - ကျော်သူရိန် ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ ကာတွန်း ကျော်သူရိန်ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ "
|
[New post] ‘သုခ’ အကျိုး ရွက်သယ်ပိုး
Aung Htet posted: "ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ 'သုခ' ဟူသည် ချမ်းသာခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်မျိုးစေ့ချ ထူထောင်ခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ ပင်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်"
|
[New post] တော်လှန်ရေးကောင်စီဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၁)
Aung Htet posted: "သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ ယခုနှစ် (၂၀၁၃ ခုနှစ်) မတ်လ ၂ ရက်နေ့သည် ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီက ပါလီမန်ဒီမိုကရေစီ အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သည့် (၅၁) နှစ် မြောက်နေ့ ဖြစ်သည်။ နှစ် ၅၀ ကျော်ကြာခဲ့ပြီဖြစ"
|
သစ်ထူးလွင်
သစ်ထူးလွင် |
- စက်မှုဇုန်မှ စက်ရုံများ ရေဆိုးစွန့်ပစ်မှုကို စစ်ဆေးနေပြီ
- ဥရောပဈေးကွက်သို့ မြန်မာ့သစ်များ ဇွန်လတွင် တင်ပို့နိုင်ဖွယ်ရှိ
- မအူပင်က လယ်သမားနဲ့ ရဲကြားက အဓိကရုဏ်းကြောင့် ရဲတစ်ဦးသေ၊ ၄၅ဦး ဒဏ်ရာရ (ရုပ်/သံ)
- နယ်စပ်ရေးရာ ၀န်ကြီးသစ် မလုံမခြုံ ဖြစ်နေတဲ့ နယ်စပ်ကို လာရောက်စစ်ဆေး
- ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး
- သမ္မတဦးသိန်းစိန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာများတွေ့ဆုံပွဲ (ရုပ်/သံ)
- မလက်တို ပဋိပက္ခ ဖြစ်ပွါးခဲ့ ရတဲ့ နောက်ဆုံး အခြေအနေ (ရုပ်/သံ)
- မြန်မာမှတင်သွင်းသော စားသောက်ကုန်လေးမျိုးကို အိန္ဒိယနိုင်ငံ မဏိပူရတွင် ရောင်းချခွင့်ပိတ်ပင်
- ဒေါ်ခင်သန္တာကို ဖြုတ်ချရန်လုပ်ဆောင်ခဲ့သော အင်န်အယ်လ်ဒီ ပါတီဝင်များကို ဗဟိုကအရေးယူမည်
- Generation Youth အဖွဲ့မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တစ်ခု ပြုလုပ်
- ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် ဒေါသထွက်တဲ့နေ့
- ရှားခဲအင်းဒေသခံများမှ ဝန်ကြီးချုပ် ရုံးရှေ့ တွင် ဆန္ဒဖော်ထုတ်မည်
- ပြောင်းရွှေ့ရေး လိုက်နာမှုမရှိပါက ဥပဒေအတိုင်း အရေးယူမည်
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၅၁
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ ၉ အမှတ် ၉
- နော်ဝေရောက် ဦးသိန်းစိန်နဲ့အဖွဲ့ မြန်မာများကို စည်းရုံးဟောပြော
- ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ
- သိမ်းဆည်းရမိသည့် အစိုးရတပ် လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော
- လက်ပန်းတောင်းတောင်မှာ အစာငတ်ခံ ဆန္ဒပြ (ရုပ်/သံ)
- ရှမ်းပြည်နယ်က ဒေသခံ ၃၀ ကျော် နယ်စပ်တွင် ပျောက်ဆုံး
- နော်ခမ်းကို ဆေးထိုးသတ်မည်
- နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်
- မလက်တို ပဋိပက္ခ (ရုပ်/သံ)
- ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း
- လမ်းမထက်တွင် နေ၀င်သည်
| စက်မှုဇုန်မှ စက်ရုံများ ရေဆိုးစွန့်ပစ်မှုကို စစ်ဆေးနေပြီ Posted: 28 Feb 2013 07:16 AM PST ရန်ကုန်တိုင်း၊ စက်မှုဇုန်များရှိ စက်ရုံများမှ ရေဆိုး စွန့်ပစ်မှုများအား စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စစ်ဆေးရေးအဖွဲ့က ဆိုသည်။ ထိုသို့ စစ်ဆေးရာတွင် အာဆီယံ စံချိန် စံညွှန်းမီ စက်ရုံများအား --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ဥရောပဈေးကွက်သို့ မြန်မာ့သစ်များ ဇွန်လတွင် တင်ပို့နိုင်ဖွယ်ရှိ Posted: 28 Feb 2013 06:59 AM PST သစ်နှင့် သစ်အချောထည် ပစ္စည်းများအား ဥရောပ ဈေးကွက်သို့ တင်ပို့နိုင်ရေး အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးတော့ မည်ဖြစ်ရာ လာမည့် ဇွန်လတွင် စတင် တင်ပို့သွားနိုင် ချေရှိကြောင်း ပြည်ပသို့ သစ်တင်ပို့ နေသူများက ဆိုသည်။ "မြန်မာသစ်တွေ ဥရောပဈေးကွက်ကို တင်ပို့ရာမှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| မအူပင်က လယ်သမားနဲ့ ရဲကြားက အဓိကရုဏ်းကြောင့် ရဲတစ်ဦးသေ၊ ၄၅ဦး ဒဏ်ရာရ (ရုပ်/သံ) Posted: 28 Feb 2013 05:57 AM PST မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေက ဒေသခံ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကြောင့် ရဲတစ်ယောက် သေဆုံးခဲ့ပြီး ၄၅ယောက် ဒဏ်ရာတွေရခဲ့ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| နယ်စပ်ရေးရာ ၀န်ကြီးသစ် မလုံမခြုံ ဖြစ်နေတဲ့ နယ်စပ်ကို လာရောက်စစ်ဆေး Posted: 28 Feb 2013 05:36 AM PST အသစ်ခန့်အပ်ခြင်း ခံရတဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဟာ ဒီနေ့ မနက်က ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ကပ်ရပ် တည်ရှိတဲ့ တောင်ပြိုမြို့ကို လာရောက် သွားခဲ့ပါတယ်။ အခု ခရီးစဉ်ဟာ နယ်စပ်ရေးရာ ၀န်ကြီးဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်းရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး Posted: 28 Feb 2013 05:22 AM PST သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ် လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန်လည် တူး ဖေါ်ရာတွင် နောက်ဆုံး အဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| သမ္မတဦးသိန်းစိန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာများတွေ့ဆုံပွဲ (ရုပ်/သံ) Posted: 28 Feb 2013 05:08 AM PST နော်ဝေးနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေးနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| မလက်တို ပဋိပက္ခ ဖြစ်ပွါးခဲ့ ရတဲ့ နောက်ဆုံး အခြေအနေ (ရုပ်/သံ) Posted: 28 Feb 2013 05:03 AM PST ဧရာဝတီတိုင်း မအူပင်မြို့ နယ် မလက်တို ကျေးရွာ ဒေသခံတွေရဲ့ ယာမြေတွေကို သိမ်းယူ ထားကို လယ်သမားတွေက ပြန်လည်ရယူ လိုတာနဲ့ ပက်သက်ပီး ဒေသခံတွေနဲ ပဌိပက္ခဖြစ်ပွားခဲ့ရတဲ့ အခြေအနေကို ဒီဗီဘီ သတင်းထောက် ဦးအောင်ထွန်းမြင့် က အခင်းဖြစ်ရာနေရာကို သွားရောက် သတင်းယူခဲ့တာကို ရူစားရမှာ ဖြစ်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| မြန်မာမှတင်သွင်းသော စားသောက်ကုန်လေးမျိုးကို အိန္ဒိယနိုင်ငံ မဏိပူရတွင် ရောင်းချခွင့်ပိတ်ပင် Posted: 28 Feb 2013 04:46 AM PST မြန်မာမှ တင်သွင်းသော စားသောက်ကုန် လေးမျိုးကို ထုတ်လုပ်သူ အမည်၊ ကုန်ပစ္စည်း သက်တမ်းလွန်ရက်စွဲနှင့် ထုတ်ပိုးမှု အမှတ်များ မပါဝင် သည့်အတွက် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်တွင် ရောင်းချခွင့် ပိတ်ပင် လိုက်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ဒေါ်ခင်သန္တာကို ဖြုတ်ချရန်လုပ်ဆောင်ခဲ့သော အင်န်အယ်လ်ဒီ ပါတီဝင်များကို ဗဟိုကအရေးယူမည် Posted: 28 Feb 2013 04:30 AM PST မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို ကြိုက်နှစ်သက်ခြင်း မရှိတော့သဖြင့် မဲဆန္ဒရှင် ပြည်သူများက ပြန်လည် ဖြုတ်ချရန် ကြိုးပမ်းခဲ့ရာ ထိုသို့ ဆောင်ရွက်ရာ၌ ပါဝင်သောပါတီဝင် များအပေါ် အင်န်အယ်လ်ဒီပါတီ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က အရေးယူသွားမည်ဟု ထုတ်ပြန်လိုက်သည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV | ||
| Generation Youth အဖွဲ့မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တစ်ခု ပြုလုပ် Posted: 28 Feb 2013 04:23 AM PST Generation Youth အဖွဲ့မှဦးဆောင်ပြီး ၊ ရန်ကုန်မြို့ ၊ ဆူးလေစေတီ ကုန်းတော်ပေါ်တွင် ယနေ့ နေ့လည် ၃ : ၃ဝ ခန့်တွင် ဆန္ဒထုတ်ဖော် ဆုတောင်းမှု တစ်ခုပြု လုပ်ခဲ့သည်။ ထိုဆန္ဒဖော်ထုတ်မှု တွင် မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောက်ပန်းတောင်း နှစ်ကျပ်ခွဲကျေးရွာ တို့တွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသော ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေ ကွဲကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV | ||
| ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် ဒေါသထွက်တဲ့နေ့ Posted: 28 Feb 2013 03:56 AM PST လက်ရှိကျင်းပနေဆဲ လွှတ်တော် အသီးသီးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပနေချိန် တရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။ သူရဦးရွှေမန်း တယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့်များ ဒေါသ ထွက်ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ --- အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ရှားခဲအင်းဒေသခံများမှ ဝန်ကြီးချုပ် ရုံးရှေ့ တွင် ဆန္ဒဖော်ထုတ်မည် Posted: 28 Feb 2013 03:39 AM PST ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော် မြို့နယ်အတွင်းရှိ ရှားခဲအင်း ဒေသခံများမှ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ရှေ့တွင် ယင်းတို့၏ ခံစားရမှု များအား တောင်း ဆိုရန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ ခန့်အချိန်တွင် အင်အား ၄၀၀ ခန့်ဖြင့် ရှားခဲကျေးရွာမှ ပုသိမ်မြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV | ||
| ပြောင်းရွှေ့ရေး လိုက်နာမှုမရှိပါက ဥပဒေအတိုင်း အရေးယူမည် Posted: 28 Feb 2013 03:32 AM PST ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး ထားပြောင်း ရွေ့ပေး ရန် နှိုးဆော်ထား သော်လည်း လိုက်နာမှု မရှိပါက ဥပဒေအတိုင်း အရေးယူ သွားမည် ဖြစ်ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၅၁ Posted: 28 Feb 2013 03:22 AM PST ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၅၁ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ ၉ အမှတ် ၉ Posted: 28 Feb 2013 03:20 AM PST ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ ၉ အမှတ် ၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| နော်ဝေရောက် ဦးသိန်းစိန်နဲ့အဖွဲ့ မြန်မာများကို စည်းရုံးဟောပြော Posted: 28 Feb 2013 03:11 AM PST နော်ဝေးနိုင်ငံဆီ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ နော်ဝေရောက် မြန်မာ မိသားစုတွေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက အော်စလို မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့ အတူ သမ္မတရုံး ၀န်ကြီး ဥိးစိုးသိန်း၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နဲ့ အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့ အစုံအညီ တက်လာပါတယ်။ မြန်မာ မိသားစုတွေ ၈၀ လောက်အထိ တက်လာတာလည်း တွေ့ရပါတယ်။ သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုး အဖြစ် တာဝန် ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်း ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဒီအခန်းအနားအတွင်း သမ္မတဦးသိန်းစိန် အဓိကပြောသွားတာကတော့ နော်ဝေနိုင်ငံကို ဘာကြောင့် ပထမဆုံး လာဖို့ရွေးချယ်ခဲ့သလဲဆိုတာနဲ့ ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ လက်တွဲ ပါဝင်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပထမဆုံး ထောက်ခံတဲ့နိုင်ငံဟာ နော်ဝေးဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အတွက် အဓိကကူညီနေပြီး အင်းလေးထိန်းသိမ်းရေးကို သမ္မတက ဥပမာပေး ထောက်ပြသွားပါတယ်။ ပြီးတော့ နော်ဝေနိုင်ငံဆီ ပြန်လည်ပေးဆပ်ရန် ကျန်နေတဲ့ ခရိုနာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်)ကို နော်ဝေအစိုးရက လျှော်ပေးလိုက်တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီအတွက် လူကိုယ်တိုင်လာပြီး ကျေးဇူးတင်စကား လာပြောတာဖြစ်တယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။ တခါ နော်ဝေက ဒီလို အကြွေးလျှော်လိုက်တဲ့အတွက် တခြားနိုင်ငံတွေကလည်း အလားတူအကြွေးတွေ လျှော်ကြတာကြောင့် အခုဆိုရင် ကြွေးဟောင်းကျေလို့ ကြွေးသစ်ပြန်ချေးနိုင်ပြီ။ IMF, ADB, ODA တို့ကနေ အတိုးနှုန်းသက်သာစွာနဲ့ နှစ် ၄၀ စာချေးဖို့ပြင်နေပြီး အဲဒီချေးငွေတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်မယ်လို့ သမ္မတက ရှင်းပြပါတယ်။ ပြီးတော့ KIA နဲ့ဆွေးနွေးမှု နောက်ဆုံးအခြေနေကိုပြောပြီး အပစ်အခတ်ရပ်စဲ ထားရုံနဲ့မရ နိုင်ငံရေးအဖြေရတဲ့အထိ ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ဖွဲစည်းပုံအခြေခံဥပဒေနဲ့ပါ ကာကွယ်ပေးဖို့ လိုနေတယ်လို့ သမ္မတက ထည့်ပြောသွားပါတယ်။ သမ္မတပြောတဲ့ နောက်ဆုံးအချက်ကတော့ "ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်။ ကျနော်တို့ အချင်းချင်းကြားမှာ အားလုံး တူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့စိတ်ကတော့ တူကြပါတယ်" လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် "မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စု ချစ်စိတ်ပေါ်အခြေခံပြီး ကိုယ့်နိုင်ငံ အကျိုးအတွက် တဖက်တလမ်းက လက်တွဲဆောင်ရွက်ကြပါ" လို့ သမ္မတက တိုက်တွန်းသွားပါတယ်။ သမ္မတဦးသိန်းစိန်က ၅ မိနစ်ပဲ အမှာစကားပြောပြီး ပရိသတ်မေးတာကို ၀န်ကြီးအဖွဲ့က ဖြေပေးပါလိမ့်မယ်၊ သူ့မှာ တခြားကိစ္စရှိသေးတယ်လို့ ပြောပြီး ပြန်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က တခုခုပြောမလားလို့ ထင်ထားပေမယ့် တကယ်တန်း ဒိုင်ခံပြောသွားသူကတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တဦးတည်းသာ ဖြစ်ပါတယ်။ ရေ တပ်ဦးစီးချုပ် စစ်ဗိုလ်ဘ၀နေ ၀န်ကြီးဖြစ်လာသူပါလို့ မိတ်ဆက်ရင်းနဲ့ နိဒါန်းချီလိုက်တဲ့ ဦးစိုးသိန်းဟာ မိနစ် ၂၀ လောက်အထိ မနားတမ်းပြောနေတဲ့အတွက် ပရိသတ်ကို မေးခွင့်ပေးပါဦး၊ အချိန် သိပ်မရဘူးလို့ အခန်းအနားမှုးက ၀င်ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ "၀န်ကြီးက သိပ်ပွားတာပဲ" ဆိုပြီး ပရိသတ်တဦးက ထပြောတဲ့အထိလည်း ၀န်ကြီးက စကားကို အပြောမရပ်ပါဘူး။ (အခန်းအနားတခုလုံးအတွက် အချိန် တနာရီစာပဲပေးထားကြောင်း ဖိတ်စာမှာ အတိအလင်း ဖော်ပြထားပါတယ်) မိနစ် ၂၀ ကျော်ကြာ မိန့်ခွန်းအတွင်း ၀န်ကြီးဦးစိုးသိန်း အဓိကပြောသွားတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် တာကာလ သူတို့အစိုးရသစ်ဆောင်ရွက်ခဲ့ရတဲ့ "စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြောင်းလဲခြင်း" ဖြစ်စဉ် ခက်ခဲကြမ်းတမ်းပုံအကြောင်း ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နိုင်ငံရေးရော၊ စီးပွားရေးပါ တပြိုင်တည်း တိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ ၀န်ကြီးက ဆိုပါတယ်။ နောက်တခါ ဒီလိုပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ပြောင်းလဲရေး မလိုချင်သူတွေနဲ့လည်း ရင်ဆိုင်ရကြောင်း၊ သူ့လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ အစိုးရအဖွဲ့ထဲမှာ အားနည်းနေဆဲဖြစ်တဲ့အတွက် အပြင်က အင်အားစုတွေအပါအ၀င် ဒီမိုကရေစီအင်အားစု အားလုံးက ၀ိုင်းကူလုပ်ဖို့လိုတယ်လို့ ၀န်ကြီးက ဆိုပါတယ်။ "အခုဆိုရင် ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ၊ ခင်ဗျားတို့လည်း ဒီမိုကရေစီ၊ ဒီမိုကရေစီဆီ သွားနေသူကို ခဲနဲ့ပေါက်ရင်တော့ ဆက်လုပ်မယ့်သူမရှိဘူး ဖြစ်သွားနိုင်တယ်၊ ဒါကိုတော့ ခင်ဗျားတို့ သတိထားဖို့ လိုပါတယ်" ဆိုပြီး သမ္မတဦးသိန်းစိန်ကို ၀ိုင်းထောက်ခံကြဖို့ ၀န်ကြီးက တိုက်တွန်းခဲ့ပါတယ်။ ၀န်ကြီးအဖွဲ့အတွက် ပထမဆုံး မေးခွန်းကတော့ ၂၀၁၅ မှာ ဒီမိုကရေစီ အင်အားစုတွေဖက်က ရွေးကောက်ပွဲနိုင်ရင် စစ်တပ်က အာဏာမသိမ်းဘူးလို့ ၀န်ကြီးအာမခံသလားတဲ့။ ဒီအတွက် ဦးစိုးသိန်းရဲ့ အဖြေကတော့ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်။ စစ်တပ်က အာဏာသိမ်းစရာ အကြောင်းမရှိဘူး။ သိမ်းလို့လည်း မရဘူး၊ အခြေနေတွေက ပြောင်းသွားခဲ့ပြီ။ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ လတ်တလော အခြေနေတွေကိုသာ ကြည့်ပါ ဆိုပြီး ၀န်ကြီးက ဥပမာပေး ဖြေကြားသွားပါတယ်။ နောက်ထပ်မေးခွန်းတွေထဲက ထူးခြားချက်တချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် အမျိုးသမီး အခွင့်အရေးတွေအတွက် အစိုးရက ဘာတွေ ဆောင်ရွက်ပေးနေသလဲဆိုတာကို အမျိုးသမီးတဦးက မေးပါတယ်။ ဒီမေးခွန်းကိုတော့ အမျိုးသမိးရေးရာ အဖွဲ့ ဥက္ကဌကနေ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာသူက နိုင်ငံအနှံ့ အမျိုးသမီး ပညာပေး သင်တန်းတွေ ဖွင့်နေပါတယ်လို့ ဖြေကြားပါတယ်။ War Crime စစ်ရာဇ၀တ်မှု ကျုးလွန်ခဲ့သူတွေကို လက်ရှိအစိုးရက ဘယ်လို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ ဆိုတာဖြစ်ပြီး ဒီမေးခွန်းကိုကြားတော့ ပရိသတ် အတော်များများ လက်ခုတ်ထ တီးကြပါတယ်။ ဒီမေးခွန်းအတွက် ဦးစိုးသိန်းရဲ့အဖြေကတော့ "ကျနော်တို့ ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး"။ ဒါကို ပထမနေရာထားရင် ရှေ့မတိုးနိုင် ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။ နောက်တခါ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ် လက်ထဲမှာ အာဏာ အများကြီး ရှိနေတယ်၊ သမ္မတထက် ကာချုပ်က ပို အာဏာရှိနေတယ်ဆိုတဲ့ မေးခွန်းကိုလဲ ဦးစိုးသိန်းက မဟုတ်ပါဘူးလို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြု ပြင်ပြောင်းလဲရေးဟာ အင်ဒိုနီးရှားထက် အခြေအနေ ပိုကောင်းတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ဖို့အတွက် ပါလီမန် သက်တန်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီ လောက်အထိ စောင့်စရာ မလိုလောက်ပါဘူးလို့ ဦးစိုးသိန်းက ခန့်မှန်းပါတယ်။ ပြီးတော့ "ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ Icon ဖြစ်သလို သမ္မတဦးသိန်းစိန်ဟာလည်း လက်ရှိသွားနေတဲ့ Reform ရဲ့ Icon ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဦးကို ခင်ဗျားတို့ ကူညီဖို့ လိုတယ်" လို့ ဦးစိုးသိန်းက တိုက်တွန်းသွားပါတယ်။ သမ္မတနဲ့အဖွဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံရာ Litteratur huset အပြင်ဖက်မှာတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီ အင်အား ၁၀ ကျော် ဆိုင်းဘုတ်တွေ ထောင်ပြိး ဆန္ဒပြနေပါတယ်။ ဒီကိစ္စကို လက်ရှိအစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ဘယ်တော့ ထွက်လာမလဲ။ မေးစရာတွေ ကျန်နေဆဲပါ။ ဒီလို စဉ်းစားရင်း အိမ်ပြန်ရောက်လို့ ကွန်ပြူတာဖွင့်လိုက်တော့ ပထမဆုံး တွေ့ရတဲ့ ထူးခြားသတင်းက လွန်ခဲ့တဲ့ ၂၁ နှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရပြီးချိန်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ နော်ဝေ အခြေစိုက် DVB သတင်းဌာနရဲ့ အသံလွှင့်မှု အားလုံးကို နော်ဝေးမှာ လုံးဝမထားတော့ဘဲ အမိမြေကို ပြန်တော့မယ်လို့ ဒုညွန်မှုးကပြောတယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့ NRK သတင်းဌာန ၀က်ဆိုက်မှာ ဓာတ်ပုံတွေနဲ့တကွ ရှင်းပြထားပြီး ဒီနေ့ပြုလုပ်တဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်နဲ့ အင်တာဗျူးကို လွင့်ပြီးတဲ့နောက် DVB နော်ဝေးကနေ ထုတ်လွှင့်မှု အားလုံးကို ရုပ်သိမ်းလိုက်ပါပြီလို့ ကြေညာထားပါတယ်။ တဆက်တည်း သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် နော်ဝေ မီဒီယာတွေ ဘယ်လိုမြင်ကြသလဲဆိုပြီး လိုက်ဖတ်တော့ နော်ဝေးအစိုးရက ရှယ်ယာအများစုထည့်ထားတဲ့ Statoil ရေနံကုမ္ပဏီနဲ့ Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ မြန်မာနိုင်ငံဆီ ၀င်ဖို့ ပြင်နေကြောင်း ရေးထားတာ တွေ့ရပါတယ်။ တခါ နော်ဝေးနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထွက်တာ၊ ပင်လယ်ပြင်နဲ့ သစ်တောတွေရှိတဲ့နေရာ၊ သယံဇာတ ကြွယ်ဝတဲ့နေရာမှာ တူညီနေတယ်လို့ နှိုင်းယှဉ်ပြထားတာကိုလည်း ဖတ်ရပါတယ်။ ဒါကြောင့် ဒီလို သယံဇာတ ကြွယ်ဝမှုအပေါ် အခြေခံပြီး တိုင်းပြည် ချမ်းသာလာအောင် လုပ်နိုင်ခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ လာလေ့လာတာလား။ အုပ်ချုပ်မှုစနစ်သာ မှန်မယ်ဆိုရင် မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေလွတ်အောင် ဒီသယံဇာတတွေက ကူညီနိုင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ မြန်မာနိုင်ငံ ဖွံဖြိုးရေးအတွက် ကူညီနိုင်ပါလိမ့်မယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ ဒါဆို ဒီလို ဖြစ်လာစေဖို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရက မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ဘယ်တော့လောက် ဘယ်လိုစတင် ကျင့်သုံးနိုင်မလဲ။ ပြည်ပရောက်မြန်မာတွေကရော ဒီ လုပ်ငန်းစဉ်အပေါ် ဘာတွေများ ဘယ်လောက် ကူညီပေးနိုင်လေမလဲ။ ထက်အောင်ကျော် http://feeds.feedburner.com/thithtoolwin/yIWV | ||
| ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ Posted: 28 Feb 2013 02:57 AM PST ၂၈၊၂၊၂၀၁၃ ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူး တာဝန်ထမ်းဆောင် နေသော ရဲအုပ်မျိုးမြင့်သိန်း ဆိုသည့် ရဲအရာရှိတစ်ဦး တာဝန်ထမ်းဆောင် နေစဉ်အတွင်း တရားခံမှ ဓါးဖြင့်ထိုးခဲ့သခြင့် ယခုအချိန်တွင် ကသာခရိုင်ပြည်သူ့ဆေးရုံကြီးခွဲစိပ်ခန်းတွင် အရေးပေါ် ခွဲစိပ်ကုသမှု ခံယူနေရကြောင်း သိရှိရပါသည်၊ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သတင်း-ဓါတ်ပုံ (ဟာဂျူလီ-ကသာ) http://feeds.feedburner.com/thithtoolwin/yIWV | ||
| သိမ်းဆည်းရမိသည့် အစိုးရတပ် လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော Posted: 28 Feb 2013 02:43 AM PST သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် မြန်မာအစိုးရ တပ်မတော် အကြား ယခုအပတ်အတွင်း ဖြစ်ပွါးခဲ့သော တိုက်ပွဲမှ သိမ်းဆည်း ရမိသော လက်နက် ပစ္စည်းများအား အစိုးရဘက်မှ ပြန်လိုချင်ပါက ပြန်လည် ပေးအပ်မည့် အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော် ကပြောဆိုသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| လက်ပန်းတောင်းတောင်မှာ အစာငတ်ခံ ဆန္ဒပြ (ရုပ်/သံ) Posted: 28 Feb 2013 02:30 AM PST လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးနဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းသူကို ဖော်ထုတ် အရေးယူပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ရှမ်းပြည်နယ်က ဒေသခံ ၃၀ ကျော် နယ်စပ်တွင် ပျောက်ဆုံး Posted: 28 Feb 2013 02:25 AM PST ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့နယ်ခွဲက ရွာသား ၃၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က တောထဲကို သစ်ခုတ်သွားရင်း လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါ်ဆောင်ခံခဲ့ရပြီး မိသားစုထံ ပြန် မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေတြိဂံနယ်မြေအပေါ်ဘက် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| Posted: 28 Feb 2013 02:10 AM PST တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည် Posted: 28 Feb 2013 02:05 AM PST မြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခို ခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ တရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| Posted: 28 Feb 2013 01:40 AM PST မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စု၊ ပလောင်းကျေးရွာ မှာ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ.မှုကြောင့် ဒါဏ်ရာရရှိခဲ့တဲ့ ဒေသခံလယ်သမားတွေကို ရွှေည၀ါဆရာတော် ဦးဆောင်တဲ့ ဆရာတော်ကြီးတွေ သွားရောက်တွေ.ဆုံခဲ့ပါတယ်။ ဒေါ်ညိုမာသက် သတင်းပေးပို. ထားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV | ||
| ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း Posted: 28 Feb 2013 01:31 AM PST ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂ ကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။ "ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး""ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့် အခန်းသုံးခန်းရှိကြောင်း ၎င်းက ဆက်ပြောသည်။ "ဘိန်းရှူရင်တော့ လုံတဲ့ ခန်းထဲမှာပဲ ရှူကြတယ်။ ဆေးထိုးတဲ့သူတွေကတော့ ဂူတွေကြားထဲမှာပဲ ထိုးကြတယ်" ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။ ယခုအခါ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အမှတ်(၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဂျေယောဝူက ပြောသည်။ "တစ်ပြည်နယ်လုံး သုံးစွဲနေကြတာ၊ ဖမ်းတာကလည်း ရောင်းတဲ့ဆိုင်ကြီးတွေကို မဖမ်းဘဲ အောက်က အသေးစားတွေကိုပဲ ဖမ်းနေတာ"ဟု ဦးဂျေယောဝူကပြောသည်။ အဆိုပါ တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးဆေးထိုးလျှင် ကျပ် ၁၀၀၀ ဖိုးမှ စတင်ထိုးနိုင်ပြီး ဘိန်းရှူလိုလျှင် ကျပ် ၅၀၀၀ ဖိုးမှ စတင်ဝယ်ယူရကာ ရောင်းဝယ်သုံးစွဲနေကြသူများမှာ သဲဖြူချောင်းမှာကဲ့သို့ စည်ကားနေပြီး ကျောင်းသားများအပါအ၀င် နေ့စဉ်လူဦးရေ ရာနှင့်ချီရောင်းဝယ်သုံးစွဲနေကြောင်း ဒေသခံအချို့ကပြောသည်။ ၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးရရှိပြီး၊ ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလတွင်တစ်မှု ဖမ်းဆီးရရှိထားကြောင်း ဟိုပင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစခန်းမှူးဦးမျိုးမြင့်ဦးက ပြောသည်။ အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသော တရုတ်သင်္ချိုင်းသို့ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ နေ့စဉ် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်ပို့ဆောင်ပေးနေရကြောင်း သတင်းရရှိသည်။ အဆိုပါ တရုတ်သင်္ချိုင်းသည် ယခင်ရောင်းချသော သဲဖြူချောင်းနှင့် တစ်မိုင်ဝန်းကျင်သာ ကွာဝေးသည်။ 7Day News Journal http://feeds.feedburner.com/thithtoolwin/yIWV | ||
| Posted: 28 Feb 2013 01:29 AM PST ပုံမှန်နေ့တွေလို အိမ်ရှေ့မှ ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း သမီးလေးများလားဟု ဒေါ်သိန်းမြင့် လှမ်းမျှော်ကြည့်နေမိသည်။ သတိလက်လွတ်ဖြစ်သွားတိုင်း ထွက်ထွက်ကြည့်မိသည်မှာ ခဏခဏ။ သူမ၏မြေးမလေး အိမ်ပြန်မလာနိုင်တော့သည်ကို ဒေါ်သိန်းမြင့် လက်ခံ၍မရနိုင်သေး။ အိမ်ထရံပေါ်မှာကတော့ သမီးလေးဓာတ်ပုံက လှပစွာရှိနေဆဲ။ ဇန်န၀ါရီ ၂၅ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် မတိုးတိုးဝင်းသည် နေ့စဉ်ပြုနေကျအတိုင်း ဆိုင်ကယ်စီးကာ ရတနာပုံတက္ကသိုလ်သို့သွားရန် ပြင်ဆင်နေခဲ့သည်။ ဒေါ်သိန်းမြင့်က နေ့စဉ်မှာနေကျအတိုင်း စိတ်ပူပန်စွာမှာသည်။ "သမီးလေး သတိထားစီးနော်။ ဘေးကကပ်စီး။ ဖြည်းဖြည်းလည်းစီး"။ ထိုအရာများမှာ မြေးအဘွားနှစ်ယောက်၏ နေ့စဉ်ဖြတ်သန်းမှုပုံစံ ဖြစ်သည်။ အဘွားကို အမေလို သဘောထားကာ မိသားစုအပေါ် အနစ်နာခံ၊ စိတ်ရင်းစိတ်ထားဖြူစင်သော တိုးတိုးဝင်းလို မိန်းကလေးမျိုး သေမင်းက အလွယ်တကူ ခေါ်ယူမည်ဟု ထိုစဉ်က ဒေါ်သိန်းမြင့် ထင်မထားခဲ့။ နေ့လယ်ပိုင်းတွင် ကြားလိုက်ရသည်က ရတနာပုံတက္ကသိုလ်နှင့် ကန်ပတ်လမ်းဆုံအနီးတွင် မတိုးတိုးဝင်း စီးလာသည့် ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိ၍ လဲနေချိန် ၀င်လာသည့်ကားကြီးတစ်စီးဖြင့် ထပ်မံတိုက်မိခဲ့ရာမှ ပြင်းထန်သော ဒဏ်ရာများဖြင့် ပွဲချင်းပြီး ဆုံးသွားပြီဆိုသည့် သတင်းပင်ဖြစ်သည်။ ဒေါ်သိန်းမြင့် ပဋာမြေလူးခဲ့သည်။ "အမေကြီးတို့က အိုကြီးအိုမတွေပါ။ သူက ကျောင်းတစ်ဖက်တက်ရင်း အလုပ်လုပ်တယ်။ ညဘက်ကလေးတွေ စာပြတယ်။ သူ့လုပ်စာလေး မှီခိုပြီး စားနေရတာပါ။ ခုလိုဖြစ်သွားတော့ လက်မောင်းနှစ်ဖက်စလုံး ပြုတ်တော့တာပါပဲကွယ်"ဟုပြောရင်း ဒေါ်သိန်းမြင့်ငိုသည်။ သင်္ချာအဓိကဖြင့် တတိယနှစ်တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် မတိုးတိုးဝင်းသည် ဘွဲ့ရပြီးလျှင် ကျောင်းဆရာမလုပ်မည့်အကြောင်း ကလေးတွေကိုလည်း ပျော်ရွှင်စေသော နည်းများဖြင့် စာသင်ကြားပေးချင်သည့် ရည်ရွယ်ချက်မျိုး ထားခဲ့ကြောင်း ဒေါ်သိန်းမြင့်က ပြောပြသည်။ မတိုးတိုးဝင်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် ဆိုင်ကယ်အစီးရေအများဆုံး မန္တလေးမြို့တွင် နေထိုင်သူများမှာ ယာဉ်အန္တရာယ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူများထဲတွင် တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် အခြားတက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၊ အစိုးရ၀န်ထမ်းများ စသည်ဖြင့် လူကြီး၊ လူလတ်၊ ယောက်ျား၊ မိန်းမ အရွယ်စုံ ပါဝင်နေကြသည်။ မန္တလေးမြို့ပေါ်တွင် နေ့စဉ်ဖြစ်ပွားနေသော ယာဉ်တိုက်မှုများကြောင့် လူငယ်လူရွယ်များ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားနေရာ လူသားအရင်းအမြစ်များ ဆုံးရူံးနေရကြောင်း၊ မြို့လူထု ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ လျော့နည်းအောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းကပြောသည်။ "ယာဉ်တိုက်မှုဖြစ်ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနကို ရောက်လာတဲ့ လူဦးရေဟာ တစ်နေ့ပျမ်းမျှ အယောက်ငါးဆယ်ကျော်တယ်"ဟု မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှုခင်းအရာရှိကပြောသည်။ မန္တလေး၏ အားလပ်ရက်ဖြစ်သော အခါကြီးရက်ကြီး လပြည့်နေ့များတွင် အရေးပေါ်လူနာဌာနသို့ ရောက်ရှိလာသူ လူအများစုမှာ အသက် (၂၀) နှင့် (၄၀) ကြားအရွယ် အများဆုံးဖြစ်ပြီး အချို့လူနာများမှာ ယာဉ်တိုက်မှုဖြစ်ချိန်တွင် အရက်သေစာ သောက်စားထားသည်ကို တွေ့ရကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။ ယခုရက်ပိုင်းအတွင်း ယာဉ်ထိန်းရဲအင်အား တိုးချဲ့ပြီးနောက် မန္တလေးမြို့အတွင်းတွင် စစ်ဆေးမှုများ ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ယာဉ်ထိန်းရဲ၊ မန္တလေးစည်ပင်၊ ပို့/ဆက်၊ က .ည. န စသည့် ဌာနဆိုင်ရာခုနစ်ခုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ၎င်းအဖွဲ့က မန္တလေးမြို့ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊ သတ်မှတ်ထားသည့် မိုင်နှုန်းထက် ပိုမိုကာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သောက်စား မူးယစ်မောင်းခြင်း၊ တစ်ဖက်ယာဉ်ကြောကို မကြည့်ဘဲ အရှိန်နှင့်ကျော်တက်ခြင်း၊ လမ်းကြောရှုပ်ထွေးခြင်း၊ စည်းကမ်းပျက် မောင်းနှင်သူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စနစ်တကျ စည်းကမ်းကြပ်မတ်နိုင်မှု အားနည်းခြင်းနှင့် မန္တလေးမြို့၏ မြို့တည်ဆောက်ပုံအရ လမ်းဆုံလမ်းခွ ပေါများခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်သည်။ မန္တလေးမြို့ခံများအနေဖြင့် ယာဉ်တိုက်မှုများ အမြန်ဆုံးလျော့ကျသွားစေရန် ဆန္ဒရှိနေကြသည်။ အွန်လိုင်းလူမှုအဖွဲ့အစည်းတစ်ခု အသွင်ဖြစ်နေသော မန္တလေးသတင်းပုံရိပ် အဖွဲ့သားများကလည်း ယာဉ်တိုက်မှုများ လျော့ကျစေရန်အတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပညာပေးဆောင်ရွက်ရန် ကြိုးစားနေကြသည်။ မန္တလေးမြို့ ရပ်ကွက်တိုင်းနီးပါးတွင် ဖွဲ့စည်းတည်ထောင်ထားသော လူမှုကူညီရေးအသင်းများတွင် နာရေးကားနှင့် အရေးပေါ်လူနာတင်ကားများ ၀ယ်ယူထားရှိရပြီး နာရေးပို့ဆောင်ပေးရခြင်းတို့ကို အဓိက အကူအညီပေးရကြောင်း လူမှုကူညီရေးအသင်းအချို့က ဆိုသည်။ "တစ်ညကို ယာဉ်တိုက်လူနာ နှစ်ယောက်လောက်တော့ သွားကောက်ပေးရတယ်"ဟု မန္တလေးမြို့ဟောင်း ဘူတာအနီးတွင် ရုံးခန်းဖွင့်လှစ်ထားသော ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ လူဦးရေတစ်သန်းကျော် နေထိုင်သည့် မန္တလေးမြို့တွင် သွားလာသယ်ယူ ပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်ကို အဓိကအားထား အသုံးပြုနေရပြီး မြို့နေလူသုံးဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း ပိုင်ဆိုင်နေသည်။ မန္တလေးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် (၄၇၈၃၂၃) စီးရှိသည်ဟု တိုင်း က.ည.န မှ သိရသည်။ မန္တလေးမြို့ပေါ် ငါးမြို့နယ်နှင့် အမရပူရ၊ ပုသိမ်ကြီးမြို့နယ် အပါအ၀င် မန္တလေးခရိုင်ခုနစ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုများကြောင့် ပျမ်းမျှနှစ်ရက်လျှင် လူတစ်ဦးသေဆုံးနေပြီး တစ်ရက်လျှင်လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိနေသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူအများစုမှာ အသက်(၄၀)နှင့် အသက်(၂၀)ကြား အမျိုးသားများ အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ညနေ ၆ နာရီနှင့် ၁၂ နာရီကြား အချိန်အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ပြုစုထားသော စာရင်းဇယားများအရ သိရသည်။ "ယာဉ်တိုက်မှုတွေ လျော့ကျဖို့ ကျွန်တော်တို့ဘက်ကလည်း စနစ်တကျ လုပ်ဆောင်နေပါတယ်။ ယာဉ်၊ လမ်း အသုံးပြုသူတွေအနေနဲ့လည်း စည်းကမ်းတကျ စီးနင်းအသုံးပြုကြဖို့ လိုအပ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဦးကျော်ဆန်းကဆိုသည်။ "မကျန်းမာလို့ဖြစ်သွားရင် ဆေးကုပေးလိုက်ရတယ်ဆိုပြီး ဖြေလို့ရသေးတယ်။ ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတော့ အမေကြီးသေရင်တောင် ဒီစိတ်နဲ့သေရတော့မယ်။ ရာသက်ပန် အသည်းမှာ ဒဏ်ရာရသွားပြီ"ဟု ဒေါ်သိန်းမြင့်ကပြောသည်။ မန္တလေးမြို့တွင် ဆိုင်ကယ်စီးကာ အိမ်မှထွက်ခွာသွားသူများအား ဒေါ်သိန်းမြင့်လို မိခင်များနှင့် ချစ်သူခင်သူ မိသားစုဝင်များကတော့ သူတို့အိမ်ပြန်မရောက်မချင်း အိမ်ပေါက်ဝမှထိုင်ကာ စောင့်မျှော်နေကြရဦးမည် ဖြစ်ပါသည်။ ။ ရေးသားသူ- မောင်တာ၊ ညီညီဇော် - 7Day News Journal http://feeds.feedburner.com/thithtoolwin/yIWV |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



























