[mrsorcerer:37475] Fwd: [လူဗိုလ်ဟူသည် ...] ဗုဒ္ဓဘာသာတိုင်း ရင်နာခဲရသောဖြစ်ရပ်မှန်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] ဗုဒ္ဓဘာသာတိုင်း ရင်နာခဲရသောဖြစ်ရပ်မှန်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 12:12:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37474] Fwd: [လူဗိုလ်ဟူသည် ...] ဆေးလိပ်မတို နေမညိုပါဘဲနဲ့
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] ဆေးလိပ်မတို နေမညိုပါဘဲနဲ့
To: lubo601@gmail.com
by ဘဘကြီး ဘဘလတ် on Monday, March 4, 2013 at 4:13am ·
04 March 2013  | By 7Day News
(တစ်)
နိုင်ငံကျော် ကဗျာဆရာကြီး "တင်မိုး"က ကဗျာတစ် ပုဒ် ရေးခဲ့ဖူးပါသည်။ "ဧည့်သည်ကြီး"ဆိုသည့်ကဗျာ။ "ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ" တဲ့။ ကဗျာတိုကလေးဖြစ်သည့်တိုင် အနက် အဓိပ္ပာယ်က တာသွားလှပါသည်။ လူသည် ဧည့်သည်။
ဤမြေကမ္ဘာ ပေါ်သို့ခေတ္တ ခဏလာ ရောက်နေ နားခွင့်ရသည့် ဧည့်သည်။ အချိန်တန်တော့ ဘယ်မှန်း မသိသည့် အိမ်သို့ ပြန်ကြရစမြဲ။
သြော်.... လူဟာ ဧည့်သည် ပါတဲ့။ ဆေးလိပ်တိုကာ နေညိုချိန် ရောက်ပြီမို့ ပြန်ပို့ပေးကြပါတော့ တဲ့။ သေခြင်းတရားနှင့် လိုက်ဖက်လွန်းလှသည့်ကဗျာ။ နောက်ထပ် ကဗျာဆ ရာကြီး တစ်ယောက် ရှိပါသေးသည်။
"ဒေါင်းနွယ်ဆွေ" ..တဲ့။ ဆရာ့ကဗျာအမည်က "နောက်ဆုံးရထား"။ "အလှကိုရှာ ဘယ်မှာမတွေ့။ တစ်နေ့အချိန်တန်တော့ ဆူညံညံငိုသံကြားရတယ် ရထားရွေ့ရွေ့တဲ့" လှချင်ယောင်ဆောင်ထားသည့် လောကကြီးထဲ၌ ယောင်ချာချာ လျှောက်သွားနေခဲ့ကြရင်း အချိန်တန်တော့ မသာရထားပေါ်၌ ခေါင်းတလားကိုတင်ကာ တရွေ့ရွေ့ တွန်းသွား ခံရပြီးနောက် ငိုသံတွေ စီခနဲကြားလိုက်ရခြင်းနှင့်အတူ လူ့ဘ၀သည် ဇာတ်သိမ်းရစမြဲဖြစ်ကြောင်း ဖွဲ့ဆိုထားသည့် ကဗျာကလေးပဲဖြစ်ပါသည်။ မှန်ပါသည်။ ဆေးလိပ်တိုမှ နေညိုမှဖြင့် ကျွန်တော်တို့တစ်တွေ ပြန်ဖို့ပြင်ကြရစမြဲ။
အချိန်တန်မှဖြင့် ငိုသံတို့ဝန်းရံသည့် ရထားပေါ်မှာ တွန်းရာသို့ ပါသွားကြရစမြဲ။ မဆန်းပါ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ၀ဲယာ ဘာသာမရွေး၊ လူမျိုးမရွေး သေခြင်း၏ တံခါးပေါက်အ၀သို့ ရောက်ကြရစမြဲပါ။ သို့သော် အခုတလောမှာ ဆန်းကြယ်နေသည်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် သတင်းတွေကို သတင်းစာနှင့် ဂျာနယ်စာမျက်နှာများပေါ်၌ ခပ်စိပ်စိပ် တွေ့မြင်လာရခြင်းပင် ဖြစ်ပါသည်။ ဖခင်ကြီး ကျန်းမာရေးမကောင်းသည့် သတင်းကို ကြားရာက ငွေလည်းမပို့နိုင်၊ လူလည်း မသွားနိုင်ဖြစ်သဖြင့် မိမိအလုပ်လုပ်နေသည့် ဆောက်လက်စတိုက် တစ်နေရာမှာ ဆွဲကြိုးချကာ အဆုံးစီရင်သွားသူက တစ်ယောက်။ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးပြိုကွဲ၍ဟုဆိုကာ လယ်တောထဲက တဲတစ်လုံးမှာ ဆွဲကြိုးချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။
မိန်းမက အရက်ဖိုးမပေး၍ဟုဆိုကာ ရေတွင်းထဲသို့ခုန်ချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။ ခုနစ်တန်းကို သုံးနှစ်ကျလောက်အောင် ဉာဏ်ထိုင်းပြီး စာကျက်၍မရလွန်းသဖြင့် အိမ်အပေါ်ထပ်က အခန်းထဲမှာ ဆွဲကြိုးချ၍ စီရင်ခဲ့သူ မိန်းကလေးကတစ်ယောက်။ သူငယ်ချင်းများနှင့် ၀ါဆိုပန်းခူးထွက်ရန် ချိန်းထားပြီးကာမှ အိမ်ကမသွားနှင့်ဟုဆိုသဖြင့် ကြိုးဆွဲချသေဆုံးခဲ့သူက တစ်ယောက်။
ဇနီးနှင့် သားသမီးများက ဦးဆောင်သည့် မိသားစု စီးပွားရေးအောက်တွင် မိမိကိုယ်မိမိ လူပိုကြီးတစ်ယောက်ဟု မြင်လာကာ ရထားရှေ့မှောက်သို့ ၀င်ရောက်ပြီး ဘ၀ကိုဇာတ်သိမ်းခဲ့သူက တစ်ယောက်။ လောင်းကစားနွံထဲ၌ ကျွံကျကာ အကြွေးပြဿနာကို ဘယ်လိုမှ မရှင်းနိုင်တော့သည့်အတွက် အဆိပ်သောက်ပြီး ရှောင်ပြေးသွားသူက တစ်ယောက်။ ယောက်ျားပို့ပေးသမျှ ငွေအားလုံး ကုန်ရုံမျှမက တိုက်ခန်းကိုပါပေါင်ပြီး ထီအမျိုးမျိုးထိုးရာက ယောက်ျားဖြစ်သူ ပြန်လာသော် မည်သို့ရှင်းရမှန်းမသိသဖြင့် ကလေးများကို ယောက္ခမများဆီသို့ ပို့ထားကာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် စီရင်သွားသူ အမျိုးသမီးကတစ်ယောက်။
သြော်... သားအိမ်ကင်ဆာဝေဒနာကို ရင်မဆိုင်လိုတော့၍ဟုဆိုကာ တက္ကသိုလ်ကျောင်းထဲက ရေကူးကန်ထဲဆင်းပြီး အဆုံးစီရင်သွားသူ၊ ဆီးချိုရောဂါကြောင့် ခြေထောက်ကို တစ်စတစ်စ ဖြတ်ပစ်လာရာက ဆက်လက်ရင်မဆိုင်လိုတော့၍ မြစ်ဝကျွန်းပေါ်သွား သင်္ဘောပေါ်ကနေ ညအချိန် မြစ်ထဲသို့ ခုန်ချကျန်ရစ်နေခဲ့သူ။ လူတွေ....လူတွေ။ တုန်လှုပ်ချောက်ချားစရာ ကောင်းလိုက်တာ။
(နှစ်)
ကမ္ဘာပေါ်၌ မိမိကိုယ်မိမိ သတ်သေမှုများပြားသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပါသည်။ ၁၉၉၈ တုန်းက လူပေါင်းသုံးသောင်းကျော် သတ်သေခဲ့ကြသည်ဟု ဆိုပါသည်။ ၁၉၉၇ တုန်းက သုံးသောင်းမျှသာ သတ်သေခဲ့ရာက ၁၉၉၈ တွင် ၃၂၈၆၃ ဦးဟု ဆိုပါသည်။ ကျားက ၂၃၀၁၃ ဦး၊ မ က ၉၈၅၀ ဦးတဲ့။ သည်အထဲမှာ မန်နေဂျာ ၇၁၃ ဦး ပါလေသတဲ့။ အလုပ်လက်မဲ့ ၁၅၂၆၆ ဦး ပါလေသတဲ့။ အင်းလေ... မိမိကိုယ်မိမိ သတ်သေနည်းစာအုပ်ကိုပင် ရောင်းမလောက်၍ ဒုတိယအကြိမ် ပြန်ရိုက်ရသော နိုင်ငံဆိုတော့ သည်လောက်တော့ ရှိပေမပေါ့ဟု မှတ်ချက်ချမိပါသည်။
သြော်.. Internet မှာပင် သတ်သေနည်းလမ်းညွှန်သော နိုင်ငံမဟုတ်လား။ စင်ကာပူနိုင်ငံသည်လည်း သတ်သေမှုများပြားသော နိုင်ငံထဲ၌ ပါဝင်ပါသည်။ စင်ကာပူအတိုင်ပင်ခံအဖွဲ့ (SOS)၏ ထုတ်ပြန်ချက်အရ ၂၀၀၈ မှာ ၃၆၄ ယောက် သတ်သေခဲ့လေသတဲ့။ ၂၀၀၉ မှာက ၄၀၀ ဦးဝန်းကျင် သတ်သေကြရာ ကျားက ၂၄၆ ယောက်၊ မက ၁၃၄ ယောက်တဲ့။ လူငယ်သတ်သေမှုက ၁၂ မှုကနေ ၁၉ မှုဆိုလား။ စီးပွားရေးကြောင့်က အဓိကဖြစ်ကာ အခြားအခြားသော အကြောင်းတရားတို့ကလည်း များစွာရှိပါလေသတဲ့။ အံ့သြစရာကောင်းတာက နယ်သာလန်နှင့် ဆွစ်ဇာလန်ဖြစ်ပါသည်။
သည်နိုင်ငံတွေမှာက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ရာအတွက် ၀န်ဆောင်မှုပေးသော လုပ်ငန်းများပင် ရှိလေသတဲ့။ ပြည့်ဝသော ဒီမိုကရေစီစနစ်နှင့်အတူ ချမ်းသာကြွယ်ဝသော နိုင်ငံတွေ ဖြစ်ပါလျက် ဘာကြောင့်များ သေချင်နေကြရပါလိမ့်။
(သုံး)
ကမ္ဘာပေါ်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ကမ္ဘာကျော်တွေ ရှိပါသည်။ ဂျပန်စာရေးဆရာကြီး ကာဝါဘာတာ(Kawabata) ၊ အမေရိကန်စာရေးဆရာကြီး ဂျက်လန်ဒန် (Jack London) ၊ ပြင်သစ်ပန်းချီကျော် ဗင်းဆင့်ဗင်ဂိုး (Vincent Van Gogh) ၊ အမေရိကန်စာရေးဆရာကြီး အန့်နက်စ်ဟဲမင်းဝေး(Ernest Hemingway) စသည် စသည်။ လူသည် မည်သည့်အချိန်မှာ သေသင့်သလဲဆိုသည်က ပြဿနာပဲဖြစ်ပါသည်။ စာရေးဆရာမကြည်အေး၏ ဇာတ်ဆောင် "မီ"ကတော့ ပျော်တုန်းမှာပဲ သေချင်သည်ဟု ဆိုပါသည်။ ပျော်တုန်း သေရမှ လောကကို အနိုင်နှင့်ပိုင်းတာဟု ဆိုပါ၏။ ဒင်းအာချီဆန် (Dean Acheson)ကတော့ "The greatest mistake I made was not to die in office." ဟု ဆိုပါသည်။
သူလုပ်သမျှအမှားထဲတွင် အကြီးဆုံးအမှားက အလုပ်ထဲမှာ မသေခြင်းဟု ဆိုပါသည်။ ရာထူးရာခံရှိတုန်းသေတော့ သိုက်မြိုက်စည်ကားဝေဆာတာပေါ့ဟူသည့် အဓိပ္ပာယ်။ လက်ရှိ ဂျပန်ဝန်ကြီးချုပ်ကမူ သက်ကြီးရွယ်အိုများကို လူပိုဟုယူဆကာ သေသင့်သေထိုက်တဲ့ အသက်ကိုရောက်ရင် သေဖို့သင့်တယ်ဟုပင် ဆိုပါသည်။ သြော်... လူဟာ ရှင်သန်နိုင်ခွင့် လွတ်လွတ်လပ်လပ် မရှိဘူးတဲ့လား။ သေချိန်ကို ဘယ်သူက သတ်မှတ်ပေးမှာတဲ့လဲ။
စိတ်ပျက်စရာ ကောင်းလွန်းလှပါဘိ။
(လေး)
ကျွန်တော်ကတော့ သင်္ချာပညာရှင်ကြီး ပိုက်သာဂိုရပ်စ် (Pythagoras)၏ အဆိုကို ကြိုက်သည်။ "ခန္ဓာကိုယ်သည် ၀ိညာဉ်၏ဂူ ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် သတ်သေခြင်းဖြင့် လွတ်မြောက်မှုကို မရှာရ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အပိုင်ပစ္စည်းများ ဖြစ်ကြပြီး ဘုရားသခင်က ထိန်းကျောင်း ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်မရဘဲ ကျွန်ုပ်တို့သည် လွတ်မြောက်မှုကို ပြုလုပ်ခွင့်မရှိ" တဲ့။ ဗုဒ္ဓဘာသာ ၀င်များကတော့ အဖန်ငါးရာငါးကမ္ဘာဟူသော အဆိုနှင့် ရင်းနှီးပါသည်။
ပါဏာတိပါတာဟူ၍ သူ့အသက်ကိုပင် မသတ်ဖို့ တားမြစ်ထားသေးပေရာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ဆိုသည်မှာကား ဟိုး..အဝေးအဝေးမှာ။ သံသရာတွေ ဘာတွေ အသာထား၊ နောက်ဘ၀တွေ ဘာတွေ အသာထား၊ ယခုတစ်ကြိမ် လူ့ဘ၀ကို ရရှိခိုက်တွင် တတ်စွမ်းသမျှ လောကအကျိုး၊ လူ့အကျိုး ဆောင်ရွက်ကာ လူ့အဖွဲ့အစည်းအတွင်း၌ ပျော်ရွှင်စွာ နှစ်မြှုပ်ထားရင်း ကြုံလာသမျှဒုက္ခကို မိတ်ဆွေသင်္ဂဟများနှင့် ဖွင့်ဟတိုင်ပင်ကာ အကျိုးရှိရှိ ကျော်ဖြတ်သွားနိုင်ခြင်းကသာ ဘ၀၏အဓိပ္ပာယ်ဟု ယူဆချင်ပါသည်။
သေခြင်းတရားကိုပင် ရင်ဆိုင်ဖို့ သတ္တိရှိနေပြီဆိုမှဖြင့် ကျန်တာတွေကို ဘာကြောင့် ရင်မဆိုင်နိုင်ရမှာတဲ့လဲ။ ရှင်သန်ဖို့။ ရှင်သန်နေဖို့။ နောက်တစ်ခါပြန်ရဖို့ မသေချာသော လူ့ဘ၀ကို ရှင်သန်နိုင်သမျှ ရှင်သန်နေဖို့ ကြိုးစားရင်းက ရင်ဆိုင်ဖြေရှင်းသွားကြရုံသာ။ ။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 12:07:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37473] Fwd: [လူဗိုလ်ဟူသည် ...] ကျွန်မနာမည် မပျော်ရွှင်သူကြီးလို့ ခေါ်ပါတယ်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] ကျွန်မနာမည် မပျော်ရွှင်သူကြီးလို့ ခေါ်ပါတယ်
To: lubo601@gmail.com
by Manor Hary on Monday, March 4, 2013 at 4:00pm ·
အရောင်တွေ တလက်လက်ထနေတဲ့ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ တစ်နေရာကနေ တစ်နေရာ ခုန်ကူးရင်း သိလိုက်ရတဲ့ အချက်အလက်တွေအရ ကမ္ဘာကြီးဟာ ကျွန်မတစ်ဦးတည်း အတွက်ပဲ သီးသန့် နှေးကွေးစွာ လည်နေခဲ့သတဲ့။ ဘုရားသခင်။ အဲဒါ တကယ်ပဲလား။
ကယောင်ကတမ်း၊ ထိတ်လန့်တကြား၊ စိုးရိမ်တကြီး ဆိုသလို ကျွန်မရဲ့ ထင်ယောင်ထင်မှား ပျော်ရွှင်မှုတွေကို ရေခဲသေတ္တာထဲ အလျင်အမြန် ပစ်ထည့်လိုက်မိတယ်..။ ရက်လွန်သက်တမ်း စစ်စစ် မကပ်ထားတဲ့ စားသောက်ဖွယ်တချို့လို အဲဒီ ထင်ယောင်ထင်မှား ပျော်ရွှင်မှုတွေကို ကျွန်မ မျိုချဖို့ မသတီတော့ဘူး။ ကျွတ် .. ကိုယ့်ညံ့ဖျင်းမှုကို ကိုယ်ထိန်ချန်ပြီး အခြားသော အရာတွေကို လက်ညှိုးထိုးနေမိတာ ရှက်စရာကောင်းလိုက်တာ။ တကယ်ဆို နဂိုတည်းက ကျွန်မ ရွေးချယ်တတ်ခဲ့ရမှာလေ။
အကြောင်းကြောင်းကြောင့် မပွင့်ဖြစ်လိုက်တဲ့ ပန်းဝါဝါလေးတွေရဲ့ ရနံ့ကို နံနက်ခင်း အသစ်စက်စက်တွေမှာ ရှာမရတော့တာ သိပ်တော့ မဆန်းလှသလို အရေးပါလှတဲ့ အချက်အလက်တစ်ခုလည်း မဟုတ်ပြန်ဘူး။ ဒါဆို လောကမှာ ဘာက အရေးပါသတဲ့လဲ ..။ အချက် အလက်ကလား။ အကြောင်းအရာ ကလား၊ ဒါမှမဟုတ် ပျော်ရွှင်မှု ဆိုတာကြီးလား (ဘယ်နားက ချိုးကွေ့ဝင်လာမှန်းမသိပဲ မဆီမဆိုင် အဲဒီစကားလုံးက ခွင့်ပြုချက် မပါပဲ ဖြတ်ဝင်လာတယ်)။ ရှင်သန် နေထိုင်မှု သက်သက်လား။ ( ဦးနှောက်က မသိမသာ လမ်းကြောင်း ပြောင်းပစ်လိုက်တယ်။) အနေအထိုင်တတ်မှု ဆိုတဲ့ အတတ်ပညာလား။ (ဟော .. လမ်းက ပြန်လွဲလာပြန်ပြီ)  စိတ်အထားအသို ဆိုတဲ့ အခန်းကြီးလား (နောက်ဆုံးကျတော့လည်း နာမည်မတူတဲ့ ဘူတာဟောင်းပဲ ပြန်ဆိုက်တာပါပဲလား)..။
တကယ်တော့ ပျော်ရွှင်မှု ဆိုတာက သိပ်ချစ်စရာကောင်းပေမယ့် သစ္စာမရှိတဲ့ စုန်းပြူး ခွေးလေးတစ်ကောင် လိုပါပဲ။ သိပ်အရောတဝင်လုပ်ဖို့ မကောင်းတဲ့ အရာတွေထဲမှာ  ပါတယ်လို့ ဆိုကြပြန်တယ် ။ မေးထူး ခေါ်ပြော အဆင့်တောင် မဟုတ်ပဲ ဘာသိဘာသာလေး နေပစ်လိုက်တော့မှ လောကမှာ သူရှိနေမှန်း မသိတော့ပဲ နေသာထိုင်သာ ရှိလာမယ်ဆိုလား ??? ။ ကြိုးစားရှင်သန် နေထိုင်ရခြင်းမှာ ၂၄/၇ ဆိုတဲ့ သီချင်းက အကောင်းဆုံး တေးသွား။ Workaholic ဆိုတာက မူးယစ်ဆေးတစ်ခုလို အမြဲတမ်း မူးအောင် သောက်ထားသင့်တဲ့ အရာ။
သွားလေရာ တကောက်ကောက် လိုက်ပူနေတဲ့နေက နည်းနည်းပြင်းတယ် လို့ ခင်ဗျား မထင်ဘူးလား။ နေကာမျက်မှန် ခပ်နက်နက် တစ်လက်ကို ထုတ်တပ်ကြည့်လိုက်တော့ ကျွန်မရှေ့က မပျော်ရွှင်မှုတွေ ဘောင်တစ်ခုထဲ အကျဉ်းကျသွားရ ရှာတယ်။ အတုံး အရုံး။ ပြည့်ကျပ်မွန်းသိပ်လို့။ ကျွန်မပါ အသက်ရှူ မရတော့ဘူး။ တကယ်ဆို ကျွန်မလည်း မငိုချင်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ အသိပေးစရာမလိုပဲ တိတ်တိတ်ကလေး ပျော်မောခွင့်ကိုပဲ လိုချင်ခဲ့တာပါ။ ခုတော့ ဘယ်လို သံစဉ်နဲ့မှ ကိုယ့်ရဲ့ မပျော်ရွှင်မှုတွေက ရပ်တံ့မသွားကြတော့ဘူး။ သူတို့ ရှင်သန် ပေါက်ရောက်နေပုံကိုက ရင်နင့်စရာ။ ဒိထက်ပိုပြီးတော့လည်း ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အလွယ်တကူ ဖျော်သောက်လို့ ရတဲ့ ကော်ဖီထုတ် တစ်ထုတ်လို မလွယ်ကူတဲ့ ကျွန်မကို ခပ်ဝေးဝေးကနေ လှမ်းကြည့်ပြီး မြေခွေးတစ်ကောင်လို ချဉ်တယ်လို့ ပြောလိုက်တဲ့အသံ ကျွန်မ ဘေးက နံရံကိုမှန်ပြီး ပြန်လွင့်စင် ထွက်သွားတယ်။ ဆေးစပ်မှားနေတဲ့ အရောင်တွေနဲ့ စွန့်ပစ်ခံ ပန်းချီကားတစ်ချပ်လို ကိုယ့်ကိုယ်ကို နေဝင်ချိန်လို့ နာမည် ပေးထားလိုက်ရတာက တစ်ကဏ္ဍပေါ့။ နေ့ရက်တွေက သိပ်အရောင်မမှန်လှပါဘူး။ အပေါစား စုတ်တံတွေရဲ့ လက်က လွတ်မြောက်အောင် ရှောင်နေရတာလည်း ဝဋ်ဒုက္ခတစ်မျိုးပါပဲ ။ တန်ဖိုးကြီးတယ်လို့ အလွယ်တကူ မှတ်ယူနို်င်တဲ့ အသွင်အပြင်နဲ့ ကနုတ်ပန်းဘောင် တစ်ခုရဲ့ အတွင်းမှာ ပိုးထိုးလှိုက်စားထားတာ၊ တကယ်တမ်းက လှချင်ယောင်ဆောင်ထားတဲ့ ကနုတ်ပန်းတွေလိုပဲ ကွေ့ကောက်ပြီး ဝင်္ကဘာ ဆန်နေခဲ့တာ ဘယ်သူသိနိုင်မှာတဲ့လဲ။ ကျွန်မသိတာ သိပ်များနေခဲ့ပြီလား။ တကယ်က ကျွန်မ အဲတစ်ခုပဲ သိတယ်လို့ ထင်တာပဲ။ သိပ်များများ သိထားတဲ့သူဟာ အန္တရာယ်များပြီး စိုးရိမ်ကြောင့်ကျနေရတတ်သတဲ့။  အဲဒီ စိုးရိမ်ကြောင့်ကျမှု အနက်ရောင်တွေနဲ့ပဲ နေဟာ ဝင်သွားခဲ့ပြန်ပေါ့။
သွေးပျက်ဖွယ်ရာဂီတတွေ၊ တပြေးတည်း ပြေးနေရတဲ့ မလွတ်မြောက်မှုတွေ၊ တောထနေတဲ့ ရန်သူတွေ အပြည့်အသိပ်နဲ့ လွန်းထိုးနေတတ်တဲ့ အိပ်မက်တွေကလည်း ပျော်ရွှင်မှု နဲ့ ခပ်ဝေးဝေးမှာ အတည်တကျ သောင်ထွန်းလို့ ..။ စိတ်ရဲ့ ရာသီဥတုက တဖြည်းဖြည်း  ပူပူလာနေပြီ။ မောပမ်းနွမ်းနယ်မှုတွေနဲ့ အိပ်ရာကနိုးလာလို့ နေရောင်ခြည်နုနုလေးတွေကို တပျော်တပါး ရိတ်သိမ်းပစ်လိုက်မဟဲ့ လို့  ကြိုးစားလိုက်တိုင်း ဇာတ်ညွှန်းမဲ့ မိုးတိမ်တွေက ကျွန်မဆီကိုမှ တိတိပပ လမ်းမှားသယောင် ဟန်ဆောင် လွင့်မျော လာနေကြတာကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေခဲ့ရတယ်။
ပျော်ရွှင်မှု ဆိုတာကြီးက ဘာတဲ့လဲ ။ (မကြာခဏ ဖြေနေရတဲ့ ဘယ်တော့မှ မအောင်တဲ့ စာမေးပွဲတစ်ခုလိုပဲ ဒီမေးခွန်းကြီးက အရူးတွေ စစ်တဲ့ စာမေးပွဲဆန်တယ်။) ဆုပ်ကိုင်ဖမ်းယူလို့ တကယ်လည်း မရနိုင်ပဲနဲ့ စိတ်နှလုံးတွေကို တိုက်စားနိုင်လွန်းလှချည့်။ စွမ်းအားကြီးလွန်းလှချည့်။ တွန်းလှန်နိုင်စွမ်း ချို့တဲ့လွန်းလှချည့်။ ပစ္စက္ခမှာတော့ ကျွန်မက စိတ္တဇနာမ်တွေကို စိတ်နဲ့ ဖမ်းယူရတဲ့နည်းကို သင်ခန်းစာအပြည့် မသင်လိုက်ရသူပမာ ဝိဘစ္ဆတွေ၊ ရုဒ္ဒတွေ၊ ဘယာနကတွေ နဲ့ချည်း ပက်ပင်းတိုးနေခဲ့ရတယ်။
အလိုလောဘကြီးသူတွေဟာ မပျော်ရွှင်နိုင်ဘူးတဲ့။ အသိဥာဏ်ကြီးတဲ့သူတွေဟာ မပျော်ရွှင်နိုင်ဘူးတဲ့။ ဘယ်သူတွေပြောခဲ့လဲ မသိပေမယ့် ကျွန်မနဲ့ကျ တိတိပပကြီးကို လာလွဲချော်နေတော့တာပဲ။ ပျော်ရွှင်မှု ခပ်သေးသေး တစ်ခုလောက်ကို မြည်းစမ်းချင်တာကလွဲရင် ဘာဆိုဘာမှ လောဘမတက်ရပါပဲကို မပျော်နိုင်ဖြစ်နေခဲ့တာ။ အသိဥာဏ် ဟုတ်တိပတ်တိလည်း ရှိလှတယ်မဟုတ်ပါပဲကို မပျော်ရွှင်နိုင်ခဲ့တာ။ ဒါက ချွင်းချက်ဆိုရင်တော့ သတိပေး alarm တစ်ခုလို ကိုယ့်ဆီမှ တိတိပပ လာပြီး ချွင်းကနဲ အော်မြည်နေတဲ့ အချက်အလက်ပဲ ဖြစ်ရမယ်။
ပျော်ရွှင်မှု ဆိုတာ ဘာတဲ့လဲ။ (ဒီမေးခွန်းက ပြန်လှည့်လာပြန်ပြီ။) သွေးမျက်ရည်နဲ့ ငိုနေတဲ့ အပြုံး လား။ တိမ်ဖြူတစ်စလား။ ကြောင်တစ်ကောင်လား။ မုန်လာဥလား။ ကန္တာရခရီးသွား တောလား တစ်ပုဒ်လား။ ကြေးအိုးတစ်ပွဲလား။ ဝက်သား တုတ်ထိုးလား။ မုန့်ဗိုင်းတောင့် တစ်ထုတ်လား။ ဇော်ဝင်းထွဋ်ရဲ့ live Show လား။ ပြည်တော်ပြန် လားရှိုးသိန်းအောင် ရဲ့ သီချင်းသံလား။ နှင်းတွေ စွတ်စိုနေတဲ့ ဒေါ်မာမာအေးရဲ့ ရင်ပြင်ပေါ်က ညလား။ အမြဲတမ်း ရီဝေနေတဲ့ ၁၉ လမ်းလား။ အိုဇု ပြောသလို ကိုယ့်အားထုတ်မှုကနေမှပဲ ရနိုင်တဲ့ အရာလား။ (အဲဒါဆို ကျွန်မ ညံနေသေးတယ်။ အားထုတ်နေပါလျက် မရနိုင်သေးဘူး) မျိုးကျော့မြိုင်ရဲ့ မအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လား။ celebration လို့ အမည်ရတဲ့  ဒင်္ဂါးသုံးခု tarot card တစ်ချပ်လား။
Happiness ဆိုတာကြီးက lies not in getting but in giving လို့ ဆိုကြပြန်ရဲ့ ။ စိတ်ရဲ့ ငြိမ်းချမ်းမှု လို့လည်း ဆိုကြပြန်ရဲ့ ။ ဝေးဝေးက အမေ့အိမ် နဲ့ မိတ်ဆွေစစ်တွေလို့ ဆိုသူက ဆိုရဲ့။ ဒါမှမဟုတ် ပျော်ရွှင်မှု ဆိုတာက  ၁၃လမ်းက ဦးဘဂျမ်း ကာတွန်းပွဲတော်လား။ စိမ်းလန်းစိုပြေ ဥယာဉ်ထဲက နောက်ဆုံးညနေခင်းလား။ မော်ဒန် လက်ဘက်ရည်ဆိုင်က ထမင်းကြော် ပွဲတစ်ဝက်လား။ Shake က ကော်ဖီခါးခါး အေးအေး တစ်ခွက်လား။  သဲနာရီလေးကို စောင့်ကြည့်ရင်း သောက်ရတဲ့ ရေနွေးကြမ်း တစ်အိုးလား။ ဒါမှမဟုတ် စစ်တုရင်ခုံပေါ်က အရွှေ့ခံ ဘဝတွေလား။
ပဲပင်ပေါက်ကလေးတွေ အညှောင့်ထွက်လာတာကို စောင့်ကြည့်ခွင့် ပျော်ရွှင်တတ်သူကတော့ ကံထူးသူပေါ ..။ စည်းကမ်းကြီးတဲ့ မြေပဲစေ့လေးတွေ အကန့်လိုက် အကန့်လိုက် တန်းစီနေထိုင်နေကြတာကရော ပျော်ရွှင်မှုများလား …။ သစ်ရွက်ကလေးတွေ နုရာက စိမ်း စိမ်းရာကရင့်၊ ရင့်ရာကကြွေရတာကရော ပျော်ရွှင်မှုလား။ အနိစ္စ၊ အနတ္တ၊ ဒုက္ခ ဆိုတာတွေကရော ပျော်ရွင်မှုလား။ အဲဒီ ပျော်ရွှင်မှု ဆိုတဲ့ စကားလုံးကြီးကိုက ကျွန်မတို့ နဲ့စိမ်းဝေး နေခဲ့ရှာတာပါ။ အဲဒီ စိမ်းဝေးမှုကြီးက ဆီလ်ဗက်စ်တာ လိုက်လို့ ပြေးပြေးနေရတဲ့ တွီတီလေးဖြစ်နိုင်သလို သူတစ်ပြန် ကိုယ်တစ်ပြန် အခွင့်သင့်တိုင်း ဆော်နေကြတဲ့ တွမ်နဲ့ ဂျယ်ရီလည်း ဖြစ်နိုင်တာပဲ။ .. တပြေးတည်းပြေးနေရတဲ့  load runner လေး.. သူ့လိုပဲ မနိုင်ဝန်တွေထမ်းပြီး ပြေးပြီးရင်း ပြေးနေရတဲ့ ကျွန်မကို ဘယ်သူမှ တိတိကျကျ အဖြေမပေးနိုင်ခဲ့သေးဘူး။
ကျောင်းဆရာကတော့ ပြောပါတယ်။ လက်တွေ့ဘဝမှာ ပျော်စရာဆိုတာ တစ်ခုမှ မရှိတော့ဘူး ဆိုလား။ ကဗျာဆရာကတော့ ပန်းပင်လေးတွေ စိုက်ပြီး ရေလောင်းပေါင်းသင် ရတာက ပျော်ရွှင်မှုတဲ့။ နောက် ကဗျာဆရာ တစ်ယောက်ကတော့ မပျော်ရွှင်မှုတွေဆီက လွတ်မြောက်ရတာဟာ ပျော်ရွှင်မှုလို့ ဆိုပြန်တယ် ။ ခုထိ မပျော်ရွှင်မှုတွေဆီက မလွတ်မြောက်နိုင်သေးတဲ့ ပျော်ရွှင်မှုကို မသိသေးတဲ့ ကျွန်မကို ဟိုကဗျာဆရာလေး စကားအတိုင်း နှိမ်ပါ။  အထင်သေးပါ။ တတ်သမျှ မှတ်သမျှ နည်းတွေနဲ့ နှိမ်ပါ။ အထက်အောက် ခုန်ဆွခုန်ဆွ လုပ်ပြီး နှိမ်ပါ။ ဘေး ဘယ်ညာ ယိမ်းထိုးပြီး နှိမ်ပါ။ ရှေ့တစ်လှမ်း တိုးပြီး နှိမ်ပါ။ ထိုးမယ့် ဆင် နောက်တစ်လှမ်းဆုတ်သလို နောက်တစ်လှမ်းဆုတ်ပြီး နှိမ်ပါ။ ခေါင်းတငြိမ့်ငြိမ့်နဲ့ နှိမ်ပါ။ ခေါင်းတခါခါနဲ့ နှိမ်ပါ။ အကြည့်နဲ့နှိမ်ပါ။ အသံနဲ့နှိမ်ပါ။ အသံတိတ်နှိမ်ပါ။ အရုပ်နဲ့နှိမ်ပါ။ အဖြူအမည်းနဲ့ နှိမ်ပါ။ အရောင်လေးရောင်နဲ့ နှိမ်ပါ။ Special color တစ်ရောင် ထပ်နင်းပီး နှိမ်ပါ။ ကပ်ထူဖုံး အခန့်ချုပ်နဲ့ နှိမ်ပါ။ နောက် ပျော်လို့ရတဲ့ နည်းတွေနဲ့ သင်ပျော်နေတဲ့ အခါတိုင်း ကျွန်မကို သတိတရ ရှိနေလိုက်ပါ။
သိပ်ကြာကြာမခံတတ်ဘူးလို့ ဆိုကြတဲ့ ပျော်ရွှင်မှုတွေက တကယ်ပဲ ကျွန်မဆီလာသွားကြပြီး ကျွန်မက မသိလိုက်လေတာလား၊ ကျွန်မကိုပဲ ကွေ့ပတ် ကျော်လွှား သွားခဲ့တာလား၊ ကျွန်မပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုတွေ ဖြတ်သန်းသွားလာဖို့ လမ်းတစ်လမ်း တကယ်ပဲ မရှိခဲ့တာလား ပညာရှိ တစ်ယောက် ယောက်က ဖြေပေးပါ။ ဘာဆို ဘာမှ မသိခဲ့တဲ့ အတွက် ကျွန်မ တကယ်ညံ့ခဲ့ပါတယ်။ နောက်ဆုံး ကြံရာမရသူလို  ဟေး .. ပျော်ရွှင်မှု လို့ အကျယ်ကြီး အော်ခေါ်လိုက်ပေမယ့် ပဲ့တင်သံတွေ ကျွန်မဆီ ပြန်မလာခဲ့ကြဘူး။ ဝမ်းနည်းစရာကောင်းတဲ့ ပြဇာတ်ရှည်ကြီး တစ်ပုဒ် ထိုင်ကြည့်ရသလို ခင်ဗျားတို့ နှစ်သက်နိုင်ကြလိမ့်မယ် မထင်ဘူး။ ဘာဆိုဘာမှ ပြန်မပေးနိုင်တဲ့ ကျွန်မကိုပဲ ခွင့်လွှတ်လိုက်ကြပါတော့။
မပျော်ရွှင်တတ်သူကြီးရဲ့ အတတ်ပညာ ချို့တဲ့နုံချာမှုလမ်းမှာတော့ အဖော်တွေက တရုန်းရုန်းပါပဲ။ လမ်းမပေါ် တက်လာလိုက်၊ ထင်ယောင်ထင်မှားမှုတွေနဲ့ ပြန်လည်ဖဲခွာထွက်သွားလိုက်၊ နောက်တစ်ဆစ်ချိုးမှာ ပြန်လည် ဆုံဆည်းလိုက်နဲ့ပေါ့ ..။ တကယ်ပါ။ ကျွန်မဟာ မပျော်ရွှင်သူကြီးပါ။ စိတ်အထားအသိုတွေ မှားပြီးရင်း မှားနေတတ်သူ လူညံ့ တစ်ယောက်ပါ။ ၂၀၀၄ ခုမြောက်လမ်းမပေါ်ကို ရောက်တာတောင် လမ်းတွေကို ဇဝေဇဝါ ကြည့်နေမိတဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ဖြေသိမ့်ရမယ်ဆိုတာ မသိနိုင်ခဲ့သေးဘူး။ တကယ့်ကို ညံ့ဖျင်းလွန်းလှပါတယ်။
မပျော်ရွှင်မှုတွေဟာ ညံ့ဖျင်းမှုတွေနဲ့ ဘယ်လို အချိုးကျလဲ သိချင်လိုက်တာ။ 1001 Ways to Happiness ဆိုတဲ့ စာအုပ်ကို ပစ်ချလိုက်မိတယ်။ တိကျတဲ့လမ်း ၁၀၀၁လမ်းနဲ့ မတိကျတဲ့ ကြားလမ်း ၁၀၀၃လမ်း စုစုပေါင်း ၂၀၀၄လမ်း အထက်မှာ ရှိမယ့် လမ်းတွေကို တစ်လမ်းမှ ကျွန်မ မသိဘူး။ လမ်းတွေ ဒီလောက်များနေမှတော့ ပျော်ရွှင်မှုတွေဆီ ကျွန်မတို့ မရောက်တာ မဆန်းသလို ပျော်ရွှင်မှုတွေ ကျွန်မတို့ဆီ မလာနိုင်တာလည်း မဆန်းဘူးလို့ စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ရတော့မလား။
ဒါထက် စကားမစပ် ပျော်ရွှင်မှု နှင့် သူ၏ ဆက်စပ်ပစ္စည်းများ အရောင်းဆိုင် ဆိုတာကိုများ တွေ့ခဲ့ မယ်ဆိုရင် ကျွန်မဆီ email  လေး ပို့ပေးပါ။  အင်တာနက် ကွန်နက်ရှင်တွေ မကောင်းဘူးဆိုရင်တော့ ပျော်ရွှင်စွာ ဖုန်းခေါ်လိုက်ပါ။ တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားသေးပါရှင် ဆိုရင် တက်တက်ကြွကြွ လှမ်းအော်ခေါ်ပစ်လိုက်ပါ။ သင့်နှလုံးသားနဲ့ မလှမ်းမကမ်းမှာ မပျော်ရွှင်သူ တစ်ယောက်ရှိနေခဲ့ပါတယ်။
မနော်ဟရီ
၁.၂.၂၀၁၃
March'2013, Fashion Image Special Annual Issue 
thanks are due to Naw May Zin, Thin Nu Swe, Soe Min Aung and the illustrator Ko Ngu Eain Htet Myet
ကိုငုအိမ်ထက်မြက်ရဲ့ သရုပ်ဖော်ပုံ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 11:56:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37471] Fwd: [လူဗိုလ်ဟူသည် ...] ဒူးနာခြင်းအကြောင်း
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] ဒူးနာခြင်းအကြောင်း
To: lubo601@gmail.com
ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။
ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ
တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။
ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ
ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။
အရွတ်ဒါဏ်ရာများ
မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။
တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။
ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ
ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ် ။
အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။
ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။
သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://www.medicinenet.com/total_knee_replacement/article.htm>.
Additional resources from WebMD Boots UK on Knee Pain
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 11:38:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37470] Fwd: [လူဗိုလ်ဟူသည် ...] ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်။
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်။
To: lubo601@gmail.com
Tin Min Latt shared Aye Chan Mon's photo.
စတုတ္တမဏ္ဍိုင်    ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်။    သားကြီးလာရင် ဘာလုပ်မလဲ  ကလေးအမေက သူ့ ကလေးငယ်လေးကို ခေါင်းလေးပွတ်ပြီးမေးတယ်    မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....  သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်းကောက်နေတယ် ပြောခံနေရဦးမယ်    မေမေ။ ။ အင်္ဂျနီယာကြီးလုပ်မလား ဒါဆို  သား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့  တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမကျဘူးလို့ ပြောနေတာကို    မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်  သား။ ။မေမေကလဲ စစ်ခွေးလို့  အဆဲခံနေရဦးမယ်    မေမေ။ ။ဒါဆို ကျောင်းဆရာကွာ  သား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက်ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။  တော်ကြာ ကျူရှင်ပြစားတယ်ဆိုပြီး လွှတ်တော်သွားတိုင်နေဦးမယ်    မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်  သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာပြောတာ မေမေမသိဘူးလား    မေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်  သား။ ။သား က အအိပ်မက်တယ် မေမေရ။    မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်  သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။    မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်  သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။  သမ္မတ ခြေအိတ်ချွတ်တဲ့ ပုံကို အိုဘာမားနဲ့  နှိုင်းထားတာ မတွေ့ ဘူးလား။မလုပ်ချင်ပါဘူး    မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာ  သား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။    တိန်    ရီမောစေရန်သာ    credit to original owner :)    အေးချမ်းမွန်မှ ( Lon Ely ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
သားကြီးလာရင် ဘာလုပ်မလဲ
ကလေးအမေက သူ့ ကလေးငယ်လေးကို ခေါင်းလေးပွတ်ပြီးမေးတယ်
မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....
သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုးတွေအရမ်းကောက်နေ တယ် ပြောခံနေရဦးမယ်
မေမေ။ ။ အင်္ဂျနီယာကြီးလုပ်မလား ဒါဆို
သား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့  တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမကျဘူးလို့ ပြောနေတာကို
မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်
သား။ ။မေမေကလဲ စစ်ခွေးလို့  အဆဲခံနေရဦးမယ်
မေမေ။ ။ဒါဆို ကျောင်းဆရာကွာ
သား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက်ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။
တော်ကြာ ကျူရှင်ပြစားတယ်ဆိုပြီး လွှတ်တော်သွားတိုင်နေဦးမယ်
မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်
သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာပြောတာ မေမေမသိဘူးလား
မေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်
သား။ ။သား က အအိပ်မက်တယ် မေမေရ။
မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်
သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။
မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်
သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။
သမ္မတ ခြေအိတ်ချွတ်တဲ့ ပုံကို အိုဘာမားနဲ့  နှိုင်းထားတာ မတွေ့ ဘူးလား။မလုပ်ချင်ပါဘူး
မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာ
သား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။
တိန်
ရီမောစေရန်သာ
credit to original owner :)
အေးချမ်းမွန်မှ ( Lon Ely ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 11:33:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37470] Fwd: [လူဗိုလ်ဟူသည် ...] မိခင်သေနုန်းကျဆင်းဖို့  ဆိုရာဝယ်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] မိခင်သေနုန်းကျဆင်းဖို့  ဆိုရာဝယ်
To: lubo601@gmail.com
by Thurein Naywinaung on Sunday, March 3, 2013 at 6:51am ·
ဒီိတစ်ခါတော့ MMR အကြောင်းပြောကြည့်ရအောင်
ကဲ တိုက်နယ်ဆရာဝန်များနှင့် မြို့ နယ်ဆရာဝန်များ ခင်ဗျား ခင်ဗျားတို့ ကုပေးနေတဲ့ ကိုယ်ဝန်ဆောင်သေဆုံးတာကို ၀မ်းသာပါသလား…………
ကျွန်တော်ကတော့ ကိုယ်ကုတဲ့သူ မည်သူမဆို ရှင်စေချင်တာပါပဲ…ကိုယ်ဝန်ဆောင်ဆိုလည်း ရှင်စေချင်တာပဲ…
သူက အသက်နှစ်သက်တောင်ကယ်နိုင်တဲ့အလုပ်မို့ လား……..
ဒါဆို သားဖွားဆရာမကရော သေစေချင်တယ်ထင်သလား…ကိုယ့်ထက်တောင်ဆိုးသေးတယ်…
သူက အကြောက်ဆုံးပဲ….
MMR တက်နေသေးတာ ဘယ်သူ့ ကြောင့်လို့ ထင်သလဲ….သားဖွားဆရာမ စသည်ဖြင့် အောက်ခြေ၀န်ထမ်းကြောင့် တော့မဟုတ်ပါဘူး…………ချမ်းသာတဲ့သူနှင့်ဆင်းရဲတဲ့သူ ဘယ်သူသေတာပိုများ
သလဲ………ကိုယ်ဝန်ဆောင်ကာလနှင့် မွေးဖွားစဉ်ကာလ ဘယ်အချိန်မှာ သေတာပိုများသလဲ…….
ခင်ဗျားတို့ က ပြောလိုက်ရင် HE……HE ဆိုတဲ့စကားကို အရမ်းပြောတယ်…တကယ်ရင်ဆိုင်ရတဲ့အခါ
ဆင်းရဲခြင်းရောဂါက ဘယ်လိုHE ပေးလို့ မှမရဘူး…………မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတယ်ဆိုတာ
ပိုက်ဆံတစ်ခုတည်းမဟုတ်ဘူး…..အသိပညာ……လူမှုဆက်ဆံရေး…….ပညာရေး……..စသည်ဖြင့် အားလုံးနီးပါးဆင်ရဲနေတာဖြစ်တယ်…….
တစ်အချက်……ဒေသဆက်သွယ်ရေးတွေ မကောင်းဘူး……ကိုယ်ဝန်ဆောင်တွေကို ထိုက်သင့်တဲ့ စောင့်ရှောက်မှု
ပေးနိုင်တဲ့ဆီ မစေလွတ်နိုင်ဘူး…….ဥပမာ=PIH တစ်ယောက်ကို  OG ဆီကိုလွတ်ဖို့ မလွယ်သလိုမျိုး…အလွန် အလှမ်းဝေးတဲ့ဒေသတွေဆိုရင် တိုက်နယ်ဆရာဝန်ဆီကို လာဖို့ တောင် မလွယ်ဘူး…………
ဒီကိစ္စက ကျန်းမာရေးဝန်ကြီးဌာနကြောင့်မဟုတ်ဘူး……..ဆောက်လုပ်ေ၇းနှင့်စည်ပင်ကြောင့်…လမ်းမကောင်းတာ..
နစ်အချက်….ကိုယ်ဝန်ဆောင်ကိုယ်တိုင်က သွားဖို့ ငြင်းဆန်တဲ့ကိစ္စ
       ဒီနေရာမှာ ကိုယ်ဝန်ဆောင်မိခင်က အကြောင်းပြချက်တစ်ခုခုကြောင့် မိမိအသက်ပင်သေပါစေ မသွားနိုင်ပါဘူး ဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲ……..ကိုယ်တွေ့ ဖြစ်ဖူးလို ပြောတာ သားဖွားဆရာမအတွက်ဆိုရင် တော်တော် ခေါင်းစားရမဲ့ကိစ္စ……….
သုံးအချက်……..အသိပညာနည်းပါးလွန်းတာ
မြန်မာလူမျိုးတွေက သေတာတောင် အိမ်မှာပဲသေချင်တဲ့လူမျိုး
မွေးတာဆိုရင်တော့ ပြောမနေနှင့်……..နောက်ပြီး ကျေးလက်ကျန်းမာရေးဌာနတိုင်းမွေးခန်း မရှိဘူး……….
တိုက်နယ်ဆရာဝန်ကတော့ မွေးခန်းရှိရင် ဆေးရုံလာမွေးပါလို့ ပြောလိုက်ရုံလေးပဲ….ဒါတောင် လူတိုင်းမလာဘူး
လေးအချက်……..အစောင့်အဖော်မရှိတာ
ဒီအချက်က အလွန်အရေးကြီးပါတယ်….လက်တွေ့ မှာ လူနာစောင့်ကိစ္စက အတော်အရေးကြီးပါတယ်
ယောင်္ကျားလုပ်သူက ဆေးဝယ် ဘာဝယ်သွားရမယ်…ဟိုဟာဒီဟာ သွားဝယ်ရမယ်……ကျွန်တော်တို့ ရဲ့ တိုက်နယ်ဆေးရုံတိုင်း အားလုံးပြည့်စုံတာမဟုတ်ပါဘူး……ဒီအချိန်မှာ မီးနေသည် အားငယ်နေသူအတွက်
ဘယ်မလဲ အစောင့်..ဘယ်မလဲ အားပေးမဲ့သူ………….ဒါတွေကိုလည်း ကိုယ်ဝန်ဆောင်က စဉ်းစားတယ်
သူစိမ်းကိုကြောက်တဲ့စိတ်……..နေရာသစ်ကိုကြောက်တဲ့စိတ်…….အားလုံးကို စဉ်းစားပြီးကြောက်နေတာ
ငါးအချက်…………ပိုက်ဆံမရှိတာ
ဆေးရုံရောက်တဲ့အချိန်မှာ ဘယ်လောက်ပဲ အလကားကုပေးနေဦးတော့ အိမ်ကနေ ဆေးရုံလာဖို့ စာရိတ်၊
တခြားရွာမှာ စားသောက်နေထိုင်ရမဲ့စာရိတ်……….လာရောက်မေးမြန်းသူတွေကို အမြင်ကောင်းအောင် ၀တ်စားရမဲ့ အ၀တ်အစား……စသည့်ဖြင့် ဆေးကုသမှုပြင်ပက စားရိတ်များစွာရှိနေပါတယ်………….
ခြောက်အချက်……….လုပ်အားဆုံးရှုံးမှု
မိန်းမမီးဖွားတာနှင့် အဖေရော အမေရော အလုပ်မလုပ်နိုင်တော့………..၀င်ငွေမရှိတော့………
လူနာစောင့်လည်း ဒီလိုပဲ…………ဒီတော့ ကိုယ့်အိမ်မှာကိုယ်မွေးခြင်ကြတယ်
အိမ်မှာမွေးရင်သေနိုင်တာ မသိဘူးမဟုတ်ဘူး သိပြီးသားပါ
ယောင်္ကျားဖောင်စီး မိန်းမမီးနေဆိုတာ အလကားပြောနေတဲ့စကားမှမဟုတ်တာ
သို့ သော်လည်းပဲ အိမ်မှာမွေးဖို့ ကြိုးစားကြတယ်……….
ဒါ  ဘာကြောင့်ဖြစ်မလဲ……….မိုက်မဲတယ်လို့ ပြောချင်ပြောနို်င်တယ်………
သို့ သော်လည်း သူတို့ နေရာက( တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ အခြေခံလူတန်းစားတွေရဲ့ နေရာက )ကိုယ်တိုင်ဝင်ပြီး ခံစားကြည့်ပါဦး
MMR များနေခြင်းမှာ ကျန်းမာရေ၀န်ကြီးဌာနတစ်ခုတည်းကြောင့် မဟုတ်ပါ
 မြန်မာနိုင်ငံမှာ ဆင်းရဲခြင်းရောဂါ မတိုက်ဖျက်နိုင်သမျှ ဘာမှလုပ်လို့ မရပါ...သက်သာဖို့ လောက်ပဲ တတ်နိုင်ပါတယ်....
အရေးထဲ ၀င်ပြီး တကယ်လည်းမကူညီနိုင်ပဲ ဟိုပါ ဒီပါ အုပ်စုတွေကရှိသေးတယ်....
ပြည်သူ့ ကျန်းမာက လူတွေများ စဉ်းစားပေးနိုင်မလားမသိဘူး....ဆင်းရဲခြင်းရောဂါကို ဘယ်လို ကုသင့်တယ်ဆိုတာ...
သားတို့ ကတော့ ဆေးပေးရင် ပြန်ပေးမယ်...ချမ်းသာတဲ့သူဆီက အလှူခံပြီး ဆင်းရဲတဲ့သူ ပြန်ပေးမယ်...ဒါပဲတတ်နိုင်တယ်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 11:12:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
[mrsorcerer:37470] Fwd: [လူဗိုလ်ဟူသည် ...] လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၃)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/4
Subject: [လူဗိုလ်ဟူသည် ...] လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၃)
To: lubo601@gmail.com
Nyein Chan Burma shared The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား's photo.
လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၃)     ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။  မူရင်း သတင်းအား http://www.photayokeking.org/hot-news/1117-discussion-about-weak-president-administration-among-breaking-security-network-3 တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။    အယ်ဒီတာ။ ။ အုပ်ချုပ်ရေး ယန္တရား အဓိက အားနည်းချက်တွေက ဘာလဲ။    ဗိုလ်မှူးကြီး။ ။ အစိုးရအဖွဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရအောင် ပြည်တွင်းပြည်ပ ဖြစ်ပေါ်လာနေတဲ့ သတင်းတွေကို အချိန်နှင့် တပြေးညီ တည်ဆောက်နိုင်ဖို့လိုတယ်။ သတင်း အခြေအမြစ်နှင့် သတင်းဌာန အမျိုးအစား၊ သတင်းပေးပို့တဲ့ ပုဂ္ဂိုလ် အဆင့်အတန်း၊ အဖွဲ့အစည်း လွမ်းမိုးမှု၊ နောက်ခံ Background နဲ့ ရာဇဝင် စတာတွေကို မူတည်ပြီး သတင်းမှန်ကန်မှုကို ဆုံးဖြတ်ရတယ်။ ပိုဆိုးတာက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ တရားဝင် မဖွဲ့သေးတာကြောင့် သတင်း တည်းဖြတ်မှု စီစစ်မှု အားနည်း နေပါတယ်။ ဟိုတစ်လောက ထောက်လှမ်းရေးမှာ လုပ်ခဲ့တဲ့ ဘန်ကောက်က သံအမတ်ကြီး ဦးကျော်ဝင်းဟာ ဒုဝန်ကြီးနဲ့ သမ္မတရုံးကို ရောက်လာပြီး အမျိုးသား လုံခြုံရေး အဖွဲ့ကို ကိုင်ရတာ ကြားရတာပဲ။    အယ်ဒီတာ။ ။ သမ္မတဟာ ဝန်ကြီးတွေနဲ့ လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေတာ အဆင်မပြေတာကို တွေ့ရှိရတယ်။ ဖြုတ်ဆိုဖြုတ်၊ ရွှေ့ဆိုရွှေ့၊ ထွက်တူထွက်၊ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားက အတော့ကို လျော့တိလျော့ရဲ နိုင်တယ် ဗျာ။ ဗိုလ်မှူးကြီး ဘယ်လိုမြင်သလဲ သုံးသပ်ပြပါဦး။    ဗိုလ်မှူးကြီး။ ။ ယခင် နအဖ၊ နဝတ ခေတ်တုန်းက အတွင်းရေးမှူး (၁/၂/၃) ဆိုပြီး ဖွဲ့စည်းကာ နိုင်ငံတော် ကောင်စီရုံးမှ ရုံးအဖွဲ့ ငယ်များနှင့် ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြတယ်။ ညွန်ကြားရေးမှူးချုပ် ဦးဖေငြိမ်းက အတွင်းရေး (၁) အတွက် တာဝန်ခံပြီး ဦးမြသိန်း၊ အထူးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး သန်းတင်က အတွင်းရေးမှူး (၂) အတွက် တာဝန်ခံ လုပ်ပေးတယ်။ နောက်ပိုင်း ဦးဇော်မြင့်ဖေတို့ လုပ်ကိုင် ဝိုင်းရံပေးကြတာဖြစ်တယ်။ ယခင်က အတွင်းရေးမှူး (၁/၂) ဆိုရင် ဝန်ကြီးတွေဟာ ဖင်တုန်အောင် ကြောက်ရတယ် ဗျ။ ဒါကြောင့် အဖိုးကြီး ဦးသန်းရွှေအဖို့ ဂေါက်ရိုက်ချိန်၊ ဒူးနှံ့ချိန်ရတာပေါ့ ဗျာ။ သမ္မတ ဦးသိန်းစိန် စဖြစ်လာကတည်းက သမ္မတ အကြံပေးတွေနဲ့ ဝိုင်းရံပြီး သမ္မတရုံး ဝန်ကြီး တစ်ပါး၊ နှစ်ပါးသာ ထားကာ အရှိန်ယူစတင်တာ ထွက်လာခဲ့တယ်။ ခက်တာက သမ္မတရုံးမှာ ရှိတဲ့လူတွေဟာလည်း သမ္မတကို အထောက်အကူပြုဖို့ အားနည်းဟန်တူတယ်။ DSA-23 က ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး သန့်ရှင်းဆိုရင် သင်တန်းမှာ ကတည်းက အီးရောင်ဝါး (Easy Going) လုပ်ခဲ့တာ ဗျ။ အကြံပေး အရာရှိ ဦးကိုကိုလှိုင်ကလည်း တော်ပါတယ်ဆိုမှ လူထုကို ဖရောင်းတိုင်နဲ့ ချွေတာခိုင်းနေလို့ Out သွားတယ်။ ယခုခေတ် ဝန်ကြီး အချင်းချင်းကလည်း အပြန်အလှန် ဘောလီဘောပုတ်၊ ခြေရာခြင်း တိုင်းနေကြတာကြောင့် အပြန်အလှန် ညှိနှိုင်းမှု ဟန်ချက်ညီ လှုပ်ရှားမှု အားနည်းခဲ့ဟန် တူတယ်။ နိုင်ငံတကာများနှင့် ထိတွေ့ ဆက်ဆံနေရလို့ ဝန်ကြီးဌာနများ အောက်ခြေကို ဆင်းမကြည့်နိုင်တဲ့ သမ္မတ ဦးသိန်းစိန်အဖို့ ခါးဆက် ပြတ်သွားတယ်လို့ ယူဆရတယ်။ အရေးထဲ ဒုသမ္မတ ရှစ်လုံး ထွက်သွားတာကြောင့် သမ္မတ ဦးသိန်းစိန် အဖို့ ပိုပြီးအကြပ် ရိုက်သွားပါတယ်။ ဝန်ကြီးတွေ လုပ်ချင်ရာ ပေးလုပ်သလို ဖြစ်သွားတယ်။ မကြာခင်မှာဘဲ ပြဿနာတွေပေါ်လာလို့ တချို့ ဝန်ကြီးတွေ ဖြုတ်လိုက်ရင် ပြဿနာ ပိုကြီးသွားမှာ စိုးတာကြောင့် သမ္မတရုံးဝန်ကြီးများ အဖြစ် ရွေ့ပေးလိုက်ရတယ်။ ဒါနဲ့ပဲ သမ္မတရုံးမှာ ဝန်ကြီးတွေ တစ်အုပ်တစ်မကြီး ရောက်လာတော့တာပဲ။ တချို့ကတော့ ယခုခေတ် သမ္မတရုံး ဝန်ကြီးတွေကတော့ ဩဇာပိုရှိတယ်လို့ ပြောကြပါတယ်။ နယ်စပ်စည်ပင် ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး နံမည် ရလာပြီးမှ ရခိုင်ပြည်နယ်ကိစ္စ မထိန်းနိုင်လို့ စစ်ဖက်ကို ပြန်သွားရတယ်။ သဘာဝ မကျတာ တခုက လေချုပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နယ်စပ်စည်ပင် ဝန်ကြီးများအဖြစ် အသီးသီး ခန့်အပ်ခဲ့တာဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှု ပိုပြီး ပေါ်လွင်စေတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခြေခံ ဥပဒေအရ ခွင့်ပြုထားတာဟာ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်စည်ပင်ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး (၃) ပါးသာ တိုက်ရိုက် အမည်စာရင်း တင်သွင်းခန့်ခွင့် ရပေမဲ့ အခြား ဝန်ကြီးဌာနတွေကိုတော့ ညှိနှိုင်းပြီးမှ ခန့်ရတယ်လို့ ရေးထားတာကြောင့် စစ်တပ် သြဇာပိုရှိနေတယ်။    အယ်ဒီတာ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတ သဘောထားကွဲလွှဲ ခဲ့တာရော ဘယ်လိုသုံးသပ်မလဲ ဗိုလ်မှူးကြီး ခင်ဗျာ။    ဗိုလ်မှူးကြီး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာ၊ အနေနဲ့ နယ်ဘက် အုပ်ချုပ်ရေးမှာ ပါဝင်ခဲ့ရင်ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး စစ်ရေး ကဏ္ဍပါဝင် ပတ်သက်လာပြီးဆိုရင် သမ္မတနှင့် တပ်ချုပ် ထိပ်တိုက် တွေ့ကြစမြဲ ဖြစ်တာမို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကတည်းက အခြေခံဥပဒေမှာ မဖော်ပြရင်တောင် နည်းဥပဒေမှာ ကွဲကွဲပြားပြား အသေးစိတ် တိတိကျကျ ဖော်ပြမထားတဲ့အတွက် ဒီပြဿနာ ဖြစ်ပေါ် လာရခြင်းဖြစ်တယ်။ အခြေခံ ဥပဒေမှာ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြီးဆုံးသေးတဲ့ အချိန်အခိုက်အတန့်တွင် ရှေ့တန်းတပ်များအား ရိက္ခာပို့ အစီအစဉ် ဆောင်ရွက်ရမည် ဆိုလျှင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပါက သမ္မတက မည်သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို ဖော်ညွန်းထားခြင်း မရှိသလို တစ်ဖက်သတ် တပ်မတော်အား အပစ်ရပ်ခိုင်းပါက သတ်မှတ်တဲ့ အချိန်ကာလ ညှိနှိုင်းပေးမည်ဆိုတာကို တွက်ချက်ပါသင့် ပါတယ်ဗျာ။ သမ္မတ ကိုယ်တိုင်ကလည်း အမျိုးသား ညီလာခံမှာ ကော်မရှင် ဥက္ကဌ အနေနဲ့ ပါဝင် ခဲ့တာဖြစ်ပေမယ့် အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ကြိုးကိုင်ချယ်လှယ်မှု အပေါ် မလွန်ဆန်နိုင်ခဲ့တဲ့ အကျိုးဆက် ခံစားရတာ ဖြစ်တယ်ဗျာ။ အချုပ်ဆိုရရင် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေဟာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေကို လုပ်ပိုင်ခွင့် အာဏာအား သူ့နေရာနဲ့သူ တိတိကျကျ သတ်သတ်မှတ်မှတ် မပေးပဲ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေအနေနဲ့ သူ့အား အန္တရာယ် ပြုလာမှာ စိုးရိမ်လို့ အခြေခံ ဥပဒေကို ထက်ခြမ်းခြမ်းပြီး အချင်းချင်း ထိန်းညှိနေအောင် ရောထွေး စီစဉ်သွားခဲ့တာ ဖြစ်ပါတယ်။    အယ်ဒီတာ။ ။ ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ် ဘယ်လိုသုံးသပ် မြင်ပါသလဲ။     ဗိုလ်မှူးကြီး။ ။ ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ် ပီပီပြင်ပြင် တိတိကျကျ မလုပ်ခဲ့လို့ ဟိုတလောက အစည်းအဝေးခေါ်ပြီး သမ္မတက ပြန်လည်သတ်မှတ် ပေးလိုက်ရတယ်။ ဒုသမ္မတ နှစ်ဦးကိုလည်း ဝန်ကြီးတွေ အပေါ် အုပ်စုလိုက် ကွပ်ကဲပိုင်ခွင့် ပေးလိုက်တယ် ထင်တယ်။ ဒုသမ္မတ အသစ်တစ်ယောက် ရောက်လာတာမို့ သူတို့ နှစ်ဦးလည်း သမ္မတ အရိပ်အခြေ ကြည့်ပြီး လှုပ်ရှားနေဟန် တူတယ်။ နိုင်ငံတော်အဆင့် စီမံကိန်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ နိုင်ငံတကာနှင့် ဆက်စပ် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များ၊ နေ့ကြီးရက်ကြီး အခမ်းအနား ကျင်းပရေးနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အခမ်းအနား ကျင်းပရေး စတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တွေကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ဒုသမ္မတတွေအား အမျိုးအစားလိုက် တာဝန်ခွဲဝေမှု ပေးလိုက်ဟန်တူတယ်။ အဲဒီမှာ အဂတိ လိုက်စားမှုနဲ့ စပ်လျဉ်းပြီး စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တာဝန်ပေးလိုက်တာတော့ ကောင်းပါတယ် ဗျာ။    အယ်ဒီတာ။ ။ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားအပေါ် ခြုံငုံသုံးသပ်ပေးပါဦး ခင်ဗျာ။    ဗိုလ်မှူးကြီး။ ။ သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေအကြား ဆက်သွယ်မှု ရုံးလုပ်ငန်းအဆင့်ဆင့် တင်ပြနိုင်မှု၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ တို့အကြား ဆက်သွယ်မှု ရုံးလုပ်ငန်း အဆင့်ဆင့် တင်ပြနိုင်မှု Duty and Function လမ်းကြောင်း ပီပီပြင်ပြင် ဖြစ်စေဖို့ ရုံးလုပ်ငန်း ကျွမ်းကျင်တဲ့ ဦးစီးအရာရှိများ ခန့်ထားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ လမ်းကြောင်းများ၊ ခိုင်ခိုင်မာမာ စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းတွေကို Mandate ပေးထားမှု ဟာလည်း လက်ရှိ ခေတ်ကာလနှင့် လျော်ညီစွာ အသက်ဝင် လှုပ်ရှားပံ့ပိုးသင့်ပါတယ်။ ဘဏ္ဍာရေး ဘတ်ဂျက်ကို ဗဟိုပြည်ထောင်စုကသာ ထိန်းချုပ်မထားသင့်ပဲ အလတ်စားနဲ့ အသေးစားအဆင့် စီမံကိန်းတွေကို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက တာဝန်ယူနိုင်စွမ်းရှိပါက ခွဲဝေသတ်မှတ် ချပေးသင့်တယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူက ပိုပြီး ရာထူးကြီးတယ် ဆိုတာကို မသဲကွဲသေးပါ။ တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီးများကလည်း သတင်းစာဖတ် ဂေါက်ရိုက်ယုံကလွှဲလို့ အလုပ်မယ်မယ်ရရ မရှိသေးတာကို တွေ့ရပါတယ်။ အာဏာကို စုစည်းထားပါက အာဏာရှင် ဖြစ်သွားနိုင်လို့ အာဏာခွဲဝေ သုံးစွဲသူများကလည်း အချင်းချင်းအပြန်အလှန် လေးစားမှုရှိရှိ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။    အယ်ဒီတာ။ ။ ဟုတ်ကဲ့ အခုလို စိတ်ရှည် လက်ရှည် ရှင်းပြပေးတဲ့အတွက် ဗိုလ်မှူးကြီးအား အထူးပဲ ကျေးဇူးတင်ပါတယ်။ လေးစားပါတယ်။
အယ်ဒီတာ။ ။ အုပ်ချုပ်ရေး ယန္တရား အဓိက အားနည်းချက်တွေက ဘာလဲ။
ဗိုလ်မှူးကြီး။ ။ အစိုးရအဖွဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရအောင် ပြည်တွင်းပြည်ပ ဖြစ်ပေါ်လာနေတဲ့ သတင်းတွေကို အချိန်နှင့် တပြေးညီ တည်ဆောက်နိုင်ဖို့လိုတယ်။
သတင်း အခြေအမြစ်နှင့် သတင်းဌာန အမျိုးအစား၊ သတင်းပေးပို့တဲ့ ပုဂ္ဂိုလ် အဆင့်အတန်း၊ အဖွဲ့အစည်း လွမ်းမိုးမှု၊ နောက်ခံ Background နဲ့ ရာဇဝင် စတာတွေကို မူတည်ပြီး သတင်းမှန်ကန်မှုကို ဆုံးဖြတ်ရတယ်။ ပိုဆိုးတာက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ တရားဝင် မဖွဲ့သေးတာကြောင့် သတင်း တည်းဖြတ်မှု စီစစ်မှု အားနည်း နေပါတယ်။ ဟိုတစ်လောက ထောက်လှမ်းရေးမှာ လုပ်ခဲ့တဲ့ ဘန်ကောက်က သံအမတ်ကြီး ဦးကျော်ဝင်းဟာ ဒုဝန်ကြီးနဲ့ သမ္မတရုံးကို ရောက်လာပြီး အမျိုးသား လုံခြုံရေး အဖွဲ့ကို ကိုင်ရတာ ကြားရတာပဲ။
အယ်ဒီတာ။ ။ သမ္မတဟာ ဝန်ကြီးတွေနဲ့ လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေတာ အဆင်မပြေတာကို တွေ့ရှိရတယ်။ ဖြုတ်ဆိုဖြုတ်၊ ရွှေ့ဆိုရွှေ့၊ ထွက်တူထွက်၊ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားက အတော့ကို လျော့တိလျော့ရဲ နိုင်တယ် ဗျာ။ ဗိုလ်မှူးကြီး ဘယ်လိုမြင်သလဲ သုံးသပ်ပြပါဦး။
ဗိုလ်မှူးကြီး။ ။ ယခင် နအဖ၊ နဝတ ခေတ်တုန်းက အတွင်းရေးမှူး (၁/၂/၃) ဆိုပြီး ဖွဲ့စည်းကာ နိုင်ငံတော် ကောင်စီရုံးမှ ရုံးအဖွဲ့ ငယ်များနှင့် ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြတယ်။ ညွန်ကြားရေးမှူးချုပ် ဦးဖေငြိမ်းက အတွင်းရေး (၁) အတွက် တာဝန်ခံပြီး ဦးမြသိန်း၊ အထူးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး သန်းတင်က အတွင်းရေးမှူး (၂) အတွက် တာဝန်ခံ လုပ်ပေးတယ်။ နောက်ပိုင်း ဦးဇော်မြင့်ဖေတို့ လုပ်ကိုင် ဝိုင်းရံပေးကြတာဖြစ်တယ်။ ယခင်က အတွင်းရေးမှူး (၁/၂) ဆိုရင် ဝန်ကြီးတွေဟာ ဖင်တုန်အောင် ကြောက်ရတယ် ဗျ။ ဒါကြောင့် အဖိုးကြီး ဦးသန်းရွှေအဖို့ ဂေါက်ရိုက်ချိန်၊ ဒူးနှံ့ချိန်ရတာပေါ့ ဗျာ။ သမ္မတ ဦးသိန်းစိန် စဖြစ်လာကတည်းက သမ္မတ အကြံပေးတွေနဲ့ ဝိုင်းရံပြီး သမ္မတရုံး ဝန်ကြီး တစ်ပါး၊ နှစ်ပါးသာ ထားကာ အရှိန်ယူစတင်တာ ထွက်လာခဲ့တယ်။ ခက်တာက သမ္မတရုံးမှာ ရှိတဲ့လူတွေဟာလည်း သမ္မတကို အထောက်အကူပြုဖို့ အားနည်းဟန်တူတယ်။ DSA-23 က ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး သန့်ရှင်းဆိုရင် သင်တန်းမှာ ကတည်းက အီးရောင်ဝါး (Easy Going) လုပ်ခဲ့တာ ဗျ။ အကြံပေး အရာရှိ ဦးကိုကိုလှိုင်ကလည်း တော်ပါတယ်ဆိုမှ လူထုကို ဖရောင်းတိုင်နဲ့ ချွေတာခိုင်းနေလို့ Out သွားတယ်။ ယခုခေတ် ဝန်ကြီး အချင်းချင်းကလည်း အပြန်အလှန် ဘောလီဘောပုတ်၊ ခြေရာခြင်း တိုင်းနေကြတာကြောင့် အပြန်အလှန် ညှိနှိုင်းမှု ဟန်ချက်ညီ လှုပ်ရှားမှု အားနည်းခဲ့ဟန် တူတယ်။ နိုင်ငံတကာများနှင့် ထိတွေ့ ဆက်ဆံနေရလို့ ဝန်ကြီးဌာနများ အောက်ခြေကို ဆင်းမကြည့်နိုင်တဲ့ သမ္မတ ဦးသိန်းစိန်အဖို့ ခါးဆက် ပြတ်သွားတယ်လို့ ယူဆရတယ်။ အရေးထဲ ဒုသမ္မတ ရှစ်လုံး ထွက်သွားတာကြောင့် သမ္မတ ဦးသိန်းစိန် အဖို့ ပိုပြီးအကြပ် ရိုက်သွားပါတယ်။ ဝန်ကြီးတွေ လုပ်ချင်ရာ ပေးလုပ်သလို ဖြစ်သွားတယ်။ မကြာခင်မှာဘဲ ပြဿနာတွေပေါ်လာလို့ တချို့ ဝန်ကြီးတွေ ဖြုတ်လိုက်ရင် ပြဿနာ ပိုကြီးသွားမှာ စိုးတာကြောင့် သမ္မတရုံးဝန်ကြီးများ အဖြစ် ရွေ့ပေးလိုက်ရတယ်။ ဒါနဲ့ပဲ သမ္မတရုံးမှာ ဝန်ကြီးတွေ တစ်အုပ်တစ်မကြီး ရောက်လာတော့တာပဲ။ တချို့ကတော့ ယခုခေတ် သမ္မတရုံး ဝန်ကြီးတွေကတော့ ဩဇာပိုရှိတယ်လို့ ပြောကြပါတယ်။ နယ်စပ်စည်ပင် ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး နံမည် ရလာပြီးမှ ရခိုင်ပြည်နယ်ကိစ္စ မထိန်းနိုင်လို့ စစ်ဖက်ကို ပြန်သွားရတယ်။ သဘာဝ မကျတာ တခုက လေချုပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နယ်စပ်စည်ပင် ဝန်ကြီးများအဖြစ် အသီးသီး ခန့်အပ်ခဲ့တာဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှု ပိုပြီး ပေါ်လွင်စေတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခြေခံ ဥပဒေအရ ခွင့်ပြုထားတာဟာ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်စည်ပင်ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး (၃) ပါးသာ တိုက်ရိုက် အမည်စာရင်း တင်သွင်းခန့်ခွင့် ရပေမဲ့ အခြား ဝန်ကြီးဌာနတွေကိုတော့ ညှိနှိုင်းပြီးမှ ခန့်ရတယ်လို့ ရေးထားတာကြောင့် စစ်တပ် သြဇာပိုရှိနေတယ်။
အယ်ဒီတာ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတ သဘောထားကွဲလွှဲ ခဲ့တာရော ဘယ်လိုသုံးသပ်မလဲ ဗိုလ်မှူးကြီး ခင်ဗျာ။
ဗိုလ်မှူးကြီး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာ၊ အနေနဲ့ နယ်ဘက် အုပ်ချုပ်ရေးမှာ ပါဝင်ခဲ့ရင်ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး စစ်ရေး ကဏ္ဍပါဝင် ပတ်သက်လာပြီးဆိုရင် သမ္မတနှင့် တပ်ချုပ် ထိပ်တိုက် တွေ့ကြစမြဲ ဖြစ်တာမို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကတည်းက အခြေခံဥပဒေမှာ မဖော်ပြရင်တောင် နည်းဥပဒေမှာ ကွဲကွဲပြားပြား အသေးစိတ် တိတိကျကျ ဖော်ပြမထားတဲ့အတွက် ဒီပြဿနာ ဖြစ်ပေါ် လာရခြင်းဖြစ်တယ်။ အခြေခံ ဥပဒေမှာ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြီးဆုံးသေးတဲ့ အချိန်အခိုက်အတန့်တွင် ရှေ့တန်းတပ်များအား ရိက္ခာပို့ အစီအစဉ် ဆောင်ရွက်ရမည် ဆိုလျှင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပါက သမ္မတက မည်သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို ဖော်ညွန်းထားခြင်း မရှိသလို တစ်ဖက်သတ် တပ်မတော်အား အပစ်ရပ်ခိုင်းပါက သတ်မှတ်တဲ့ အချိန်ကာလ ညှိနှိုင်းပေးမည်ဆိုတာကို တွက်ချက်ပါသင့် ပါတယ်ဗျာ။ သမ္မတ ကိုယ်တိုင်ကလည်း အမျိုးသား ညီလာခံမှာ ကော်မရှင် ဥက္ကဌ အနေနဲ့ ပါဝင် ခဲ့တာဖြစ်ပေမယ့် အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ကြိုးကိုင်ချယ်လှယ်မှု အပေါ် မလွန်ဆန်နိုင်ခဲ့တဲ့ အကျိုးဆက် ခံစားရတာ ဖြစ်တယ်ဗျာ။ အချုပ်ဆိုရရင် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေဟာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေကို လုပ်ပိုင်ခွင့် အာဏာအား သူ့နေရာနဲ့သူ တိတိကျကျ သတ်သတ်မှတ်မှတ် မပေးပဲ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေအနေနဲ့ သူ့အား အန္တရာယ် ပြုလာမှာ စိုးရိမ်လို့ အခြေခံ ဥပဒေကို ထက်ခြမ်းခြမ်းပြီး အချင်းချင်း ထိန်းညှိနေအောင် ရောထွေး စီစဉ်သွားခဲ့တာ ဖြစ်ပါတယ်။
အယ်ဒီတာ။ ။ ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ် ဘယ်လိုသုံးသပ် မြင်ပါသလဲ။
ဗိုလ်မှူးကြီး။ ။ ပြည်ထောင်စု ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု အပေါ် ပီပီပြင်ပြင် တိတိကျကျ မလုပ်ခဲ့လို့ ဟိုတလောက အစည်းအဝေးခေါ်ပြီး သမ္မတက ပြန်လည်သတ်မှတ် ပေးလိုက်ရတယ်။ ဒုသမ္မတ နှစ်ဦးကိုလည်း ဝန်ကြီးတွေ အပေါ် အုပ်စုလိုက် ကွပ်ကဲပိုင်ခွင့် ပေးလိုက်တယ် ထင်တယ်။ ဒုသမ္မတ အသစ်တစ်ယောက် ရောက်လာတာမို့ သူတို့ နှစ်ဦးလည်း သမ္မတ အရိပ်အခြေ ကြည့်ပြီး လှုပ်ရှားနေဟန် တူတယ်။ နိုင်ငံတော်အဆင့် စီမံကိန်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ နိုင်ငံတကာနှင့် ဆက်စပ် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များ၊ နေ့ကြီးရက်ကြီး အခမ်းအနား ကျင်းပရေးနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အခမ်းအနား ကျင်းပရေး စတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တွေကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ဒုသမ္မတတွေအား အမျိုးအစားလိုက် တာဝန်ခွဲဝေမှု ပေးလိုက်ဟန်တူတယ်။ အဲဒီမှာ အဂတိ လိုက်စားမှုနဲ့ စပ်လျဉ်းပြီး စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တာဝန်ပေးလိုက်တာတော့ ကောင်းပါတယ် ဗျာ။
အယ်ဒီတာ။ ။ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရားအပေါ် ခြုံငုံသုံးသပ်ပေးပါဦး ခင်ဗျာ။
ဗိုလ်မှူးကြီး။ ။ သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေအကြား ဆက်သွယ်မှု ရုံးလုပ်ငန်းအဆင့်ဆင့် တင်ပြနိုင်မှု၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ တို့အကြား ဆက်သွယ်မှု ရုံးလုပ်ငန်း အဆင့်ဆင့် တင်ပြနိုင်မှု Duty and Function လမ်းကြောင်း ပီပီပြင်ပြင် ဖြစ်စေဖို့ ရုံးလုပ်ငန်း ကျွမ်းကျင်တဲ့ ဦးစီးအရာရှိများ ခန့်ထားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ လမ်းကြောင်းများ၊ ခိုင်ခိုင်မာမာ စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းတွေကို Mandate ပေးထားမှု ဟာလည်း လက်ရှိ ခေတ်ကာလနှင့် လျော်ညီစွာ အသက်ဝင် လှုပ်ရှားပံ့ပိုးသင့်ပါတယ်။ ဘဏ္ဍာရေး ဘတ်ဂျက်ကို ဗဟိုပြည်ထောင်စုကသာ ထိန်းချုပ်မထားသင့်ပဲ အလတ်စားနဲ့ အသေးစားအဆင့် စီမံကိန်းတွေကို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက တာဝန်ယူနိုင်စွမ်းရှိပါက ခွဲဝေသတ်မှတ် ချပေးသင့်တယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူက ပိုပြီး ရာထူးကြီးတယ် ဆိုတာကို မသဲကွဲသေးပါ။ တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီးများကလည်း သတင်းစာဖတ် ဂေါက်ရိုက်ယုံကလွှဲလို့ အလုပ်မယ်မယ်ရရ မရှိသေးတာကို တွေ့ရပါတယ်။ အာဏာကို စုစည်းထားပါက အာဏာရှင် ဖြစ်သွားနိုင်လို့ အာဏာခွဲဝေ သုံးစွဲသူများကလည်း အချင်းချင်းအပြန်အလှန် လေးစားမှုရှိရှိ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
အယ်ဒီတာ။ ။ ဟုတ်ကဲ့ အခုလို စိတ်ရှည် လက်ရှည်ရှင်းပြပေးတဲ့အတွက် ဗိုလ်မှူးကြီးအား အထူးပဲ ကျေးဇူးတင်ပါတယ်။ လေးစားပါတယ်။
ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်
မူရင်း သတင်းအား http://www.photayokeking.org/hot-news/1117-discussion-about-weak-president-administration-among-breaking-security-network-3 တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/05/2013 10:27:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့သို့ ထွက်ခွာ
Posted: 05 Mar 2013 01:38 AM PST
မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည် ။
Lizar                                                          လိုင်ဇာမြို့
အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါဝင်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့ စတင်ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။
"ဗန်းမော်မှာ ၂ ညအိပ်ပြီး မနေ့ကမနက်ပဲ မိုးမောက်ကို ထွက်သွားတယ်။ လမ်းတစ်လျှောက်အလှူခံလို့ရ တဲ့ငွေတွေကို လိုင်ဇာ မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်းမယ်ပေါ့ ။လိုင်ဇာအရောက် သွားမယ် " ဟု သူက ပြောသည် ။
ဗန်းမော်မြို့မှ NLD ပါတီဝင်တချို့လည်း အဆိုပါအဖွဲ့နှင့် လိုက်ပါသွားပြီး သာသနာ့အလံ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလံနှင့် ငြိမ်းချမ်းရေး ကိုယ်စားပြု အောက်ခံအပြာရောင်နှင့် ချိုးဖြူငှက် အလံများ ကိုင်ဆောင်လာကြောင်း မျက်မြင် မြို့ခံများ အဆိုအရ သိရသည် ။
နောက်ထပ် ရန်ကုန်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့သို့ ရောက်ရှိလာကြောင်း စောစောက မြို့ခံ NLD လူငယ်က ဆက်ပြောသည် ။
သျှမ်း၊မြောက် နမ့်ခမ်းမြို့တွင် SSPP/SSA စီးပွားရေးရုံးဖွင့်လှစ်
Posted: 05 Mar 2013 01:36 AM PST
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ စီးပွားရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
SSPP SSA open economic   office at Muse                                         SSPP/SSA ၏ စီးပွားရေးရုံးဖွင့်ပွဲ
"ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ်  ဖွင့်ပေး တယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက်  တယ်၊ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်းပြောကြားတယ်၊အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်" ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သောဒေသခံ လုံးစိုင်းပီးက ပြောသည်။
ဖွင့်ပွဲ တက်ရောက်ကြသည့် ဒေသခံပြည်သူလူထုအား နေ့လည်စာ တည်ခင်းကျွေးမွေးခဲ့ကြကြောင်း၊ နေ့လည် စာအတွက် ပေါက်တိုက်မ ရပ်ကွက်သူ ရပ်ကွက်သားများက ချက်ပြုတ်ကူညီပေးခဲ့ကြောင်း ၄င်းကဆိုသည်။
စဝ်စိုင်းထူးမိန့်ခွန်းပြောကြားချက်တချို့မှာ "ကျနော်တို့ SSPP/SSA သာမက ဗမာပြည်မှာရှိတဲ့ လူမျိုးစုအားလုံး သည်ငြိမ်းချမ်းရေးလာလုပ်ကြပြီ၊   ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရနှင့်တကွ သမ္မတကြီးကို ကျနော်တို့ လေးစား ဂုဏ်ပြုပါတယ်၊ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်အတွက် အရေး ၃ ပါးဆိုတဲ့ ပြည်ထောင် စုမပြိုကွဲ ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အချာအာဏာ  တည်တံ့ခိုင်မြဲရေးဆိုတာကိုလဲ  လက်ခြံကိုဆိုပါတယ်" ဟု ဆိုပါသည်။
ပြည်ထောင်စုမပြိုကွဲရေးဆိုရာတွင် စစ်မှန်သည့်ပြည်ထောင်စုကို လိုလားကြောင်း ၊ တိုင်းရင်းသား စည်း လုံး ညီညွှတ်ရေး ဟူရာတွင်လည်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်မူ ဒီမိုကရေစီနှင့် human rights လူ့အခွင့်အရေးကို လိုလားကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့်  အဆိုပါ အရေးသုံးပါးကို လေးစား၊ ယုံကြည်ပါကြောင်း ၄င်းကဆိုသည်။
"နောက်ပြီးတော့   နဂိုကတည်းက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ ကျ နော်တို့ပြည်ထောင်စုကြီးကို  အရင်းခံပြီးတော့   (၁) ပင်လုံစိတ်ဓါတ်နှင့်ပြည်ထောင်စုစိတ်ဓါတ်ကို နိုင်ငံသားအားလုံး တိုင်းရင်းသားပြည် ထောင်စုသားအားလုံး သဘောပေါက်ဖို့ လိုလားပါတယ် (၂) ပင်လုံကို အသိအမှတ်ပြုခြင်းဖြင့် ပြည်ထောင်စုကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်(၃) ပင်လုံစိတ်ဓါတ်ဆိုတာ ပြည်ထောင်စုနိုင်ငံထူထောင်ကာ အတူတကွ နေထိုင် ရန်လိုလားသောစိတ်ဓါတ်နှင့် တိုင်းရင်းသားလူမျိုးစုများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန် အလှန် လေး စားစေသောစိတ်ဓါတ် တိုင်းရင်းသားလူမျိုးအချင်းချင်း တန်းတူရေးကို အခြေခံသော စိတ်ဓါတ်များကို ဆိုလို တာဖြစ်ပါတယ်"  ဟု စီးပွားရေးရုံးဖွင့်ပွဲ မိန့်ခွန်း၌ စဝ်စိုင်းထူးက  ပြောသည်။
SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့တွင်ဖွင့်လှစ်ပြီးနောက် မူစယ်မြို့တွင်လဲ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရ သည်။
http://www.itn-group.org/
http://www.itn-group.org/
Link to ITN
[Information & Technology Network] ကျွန်တော့်လပ်တော့မှာ mozilla သုံးရင် stop...
Posted: 05 Mar 2013 07:36 AM PST
[Information & Technology Network] macbook မှာမြန်မာလိုဖတ်မရလို...
Posted: 05 Mar 2013 06:38 AM PST
[Information & Technology Network] External Hard Drive လေးကို Partition...
Posted: 05 Mar 2013 06:05 AM PST
[Information & Technology Network] avast...လိုင်စင်ကီးလေး..လိုချင်လို့ပါ...ရှိ၇င်..မစ...
Posted: 05 Mar 2013 05:59 AM PST
[Information & Technology Network] New Video
Posted: 05 Mar 2013 05:31 AM PST
[Information & Technology Network] 填問卷索取迪士尼《幼兒美語學習組》
Posted: 05 Mar 2013 05:29 AM PST
[Information & Technology Network] New photo
Posted: 05 Mar 2013 04:03 AM PST
[Information & Technology Network] ဆော့ဝဲလ်မြို့တော်: facebook 2.2.1 {Android အတွက်}
Posted: 05 Mar 2013 03:00 AM PST
[Information & Technology Network] ဆော့ဝဲလ်မြို့တော်: Laptop ကနေ Wifi ပြန်လွှင့်ပေးမယ့် Connectify Ho...
Posted: 05 Mar 2013 02:50 AM PST
[Information & Technology Network] ဆော့ဝဲလ်မြို့တော်: CS HALFLIFE Zombie (For Android) သရဲဂိမ်းလေးပါ...
Posted: 05 Mar 2013 02:48 AM PST
[Information & Technology Network] ဆော့ဝဲလ်မြို့တော်: Horror Ringtune For Android (သရဲကြောက်တက်သူမျာ...
Posted: 05 Mar 2013 02:47 AM PST
[Information & Technology Network] ရောမဂဏာန်းကို ပန်းအလှစလုံးရေးချင်ရင်ဘယ်မှာရှာရမလဲ
Posted: 05 Mar 2013 01:48 AM PST
[Information & Technology Network] ၂၀၁၂ ကိုရောမလို ဘယ်လိုရေးပါသလဲ သိရင်ပြောပြပါ။
Posted: 05 Mar 2013 01:21 AM PST
[Information & Technology Network] You see this ... so you are one of my lovers...
Posted: 04 Mar 2013 11:30 PM PST
[Information & Technology Network] You see this ... so you are one of my lovers...
Posted: 04 Mar 2013 11:30 PM PST
[Information & Technology Network] ဆရာသမားတို့ရေ window 8 မှာ zaw gyi font...
Posted: 04 Mar 2013 11:17 PM PST
[Information & Technology Network] Model မြင့်စမတ်ဖုန်းအရောင်းအ၀ယ်ကို...
Posted: 04 Mar 2013 11:05 PM PST
[Information & Technology Network] Model မြင့်စမတ်ဖုန်းအရောင်းအ၀ယ်ကို...
Posted: 04 Mar 2013 11:05 PM PST
[Information & Technology Network] window 7 မှာ Speaker & Headph ကိုတွဲပီး...
Posted: 04 Mar 2013 09:41 PM PST
[Information & Technology Network] facebook က group ကို ဖျက်ဖြစ်ချင်လို့...
Posted: 04 Mar 2013 09:33 PM PST
[Information & Technology Network] My top Lovers <3 >>>...
Posted: 04 Mar 2013 09:12 PM PST
[Information & Technology Network] အစ်ကိုတို.ရေ nokia c6-00...
Posted: 04 Mar 2013 08:42 PM PST
[Information & Technology Network] Vacancy Announcement for IT / Telecom Engineers
Posted: 04 Mar 2013 08:38 PM PST
[Information & Technology Network] Job Announcement ( Urgent)
Posted: 04 Mar 2013 08:36 PM PST
[Information & Technology Network] Virtual DJ သုံးနည်းစာအုပ်လေးရှိရင် ပေးကြပါဗျ...
Posted: 04 Mar 2013 08:28 PM PST