[mrsorcerer:37502] Fwd: [လူဗိုလ်ဟူသည် ...] ၀န်ကြီးချုပ် သာအေး သား၏သူငယ်ချင်းဆိုသူက အဘွားအိုအား ရိုက်နှက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] ၀န်ကြီးချုပ် သာအေး သား၏သူငယ်ချင်းဆိုသူက အဘွားအိုအား ရိုက်နှက်
To: lubo601@gmail.com



Myat Thu and 11 other friends shared Classic Burma News's photo.
ဝန်ကြီးချုပ် သာအေး သား၏သူငယ်ချင်းဆိုသူက အဘွားအိုအား ရိုက်နှက်      နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်ပြီး အိမ်ရှိပရိဘောဂများအား ဖျက်ဆီးခဲ့သော ဖြစ်စဉ်တစ်ခု မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ ဆောက်လုပ်ရေးဌာနမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ အောင်စိုးထွန်း(ဘ)ဦးတင်မြင့် အသက်(၄၁) သည် ၂၀၁၃ခုနှစ် မတ်လ(၆)ရက် ည(၁၁)နာရီခန့်တွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် နေထိုင်နေသော သူ၏သူငယ်ချင်းဖြစ်သူ မစံပယ်အား မိမိလာရောက်တည်းခိုလိုပါသည်ဟု ခွင့်တောင်းခဲ့သည်။ မစံပယ် (အသက် ၄၁) ၏ ယောကျာ်းဖြစ်သူမှာ ခရီးထွက်နေသဖြင့် မစံပယ်သည် မိမိ၏မိခင်ဖြစ်သူ ဒေါ်ညွှန့်ရင် (အသက် ၈၁)နှင့်အတူ မိမိ၏ သားသမီး သုံးဦးနှင့်တကွ နေထိုင်လျက်ရှိသည်။ အောင်စိုးထွန်းသည် နေအိမ်သို့ ရောက်ရှိလာပြီးနောက် အသင့်ယူဆောင်လာခဲ့သော Dam 5 အရက်ပုလင်းဖြင့် အရက်သောက်ကာ အနားယူနေခဲ့သည်။ ထို့နောက် အဆိုပါ အောင်စိုးထွန်းသည် မစံပယ် ချောင်းဆိုးနေသည်ကို တွေ့ရှိပြီး ချောင်းဆိုးပျောက်လိုပါက အရက်အနည်းငယ် သောက်ကြည့်သင့်ကြောင်း၊ ချောင်းဆိုးပျောက်သွားမည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် မစံပယ်သည် အောင်စိုးထွန်းတိုက်သော အရက်ကို နှစ်ပက်မျှ သောက်ပြီးနောက် နေအိမ်၏ အောက်ထပ်ရှိ အခန်းတွင် အိပ်ရာဝင်ခဲ့သည်ဟု ဆိုသည်။ အိပ်ရာဝင်ချိန်တွင် အခန်းတံခါးကို အတွင်းမှ သော့ခတ်၍ အိပ်စက်ခဲ့သည်။ နေအိမ်၏အောက်ထပ်တွင် မစံပယ်နှင့်အတူ မစံပယ်၏မိခင်၊ မစံပယ်၏သားသမီးများ အိပ်စက်နေကြသည်ဟုဆိုသည်။ ည (၁)နာရီခန့်တွင် နေအိပ်အပေါ်ထပ်တွင် တည်းခိုနေထိုင်သူ အောင်စိုးထွန်းသည် အကြိမ်ကြိမ်အခါခါ အပေါ်ထပ်မှအောက်ထပ်ဆင်းလိုက်၊ အောက်ထပ်မှ အပေါ်ထပ်သို့တက်လိုက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။ ထိုသည်ကို အဘွားအိုဖြစ်သူ ဒေါ်ညွှန့်ရင်မှ တွေ့ရှိပြီး နင်ဘာဖြစ်နေတာလဲဟု ပြောဆိုငေါက်ငမ်းရာမှ ဒီအဘွားကြီး အတော်လျှာရှည်တာပဲဟု အော်ဟစ်ကာ အနီးမှ သနပ်ခါးတုံးဖြင့် အဘွားအို၏ခေါင်းကို ရိုက်နှက်ခဲ့သည်။ ထို့နောက် အိမ်အတွင်းရှိ ပရိဘောဂများကိုလည်း တွန်းထိုး ဖျက်ဆီးခဲ့သည်။ ထိုကဲ့သို့ အသံဗလံများစွာဖြင့် ဖြစ်ပျက်နေချိန်တွင် ရပ်ကွက်အတွင်းမှာ လူများမှ မစံပယ်တို့၏ နေအိမ်ရှေ့တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။ ထိုသည်ကို အောင်စိုးထွန်းမှ တွေ့မြင်ပြီးနောက် ၀င်းထရံမှ နှစ်တစ်လက်မ အသားချောင်းကို ဆွဲချိုးပြီး "ငါ့နားကပ်ရဲတဲ့ကောင် ကပ်ကြည့်စမ်း၊ ငါ့များဘာမှတ်နေလဲ၊ သာအေး သားရဲ့သူငယ်ချင်းကွ၊ အကုန်ဒုက္ခရောက်သွားမယ်၊ကြားလား" ဟု ပြောဆိုကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။ မနက်(၄)နာရီခန့်တွင်မှာ မုံရွာ အမှတ်(၁)ရဲစခန်းမှ ရဲများရောက်ရှိလာပြီး တရားခံအောင်စိုးထွန်းအား ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ယခုအခါ မုံရွာအမှတ်(၁)ရဲစခန်းတွင် တရားခံအောင်စိုးထွန်းအား ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၂၉၄ ဖြင့် မစံပယ်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။      ThanLarWaddy Times

နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်ပြီး အိမ်ရှိပရိဘောဂများအား ဖျက်ဆီးခဲ့သော ဖြစ်စဉ်တစ်ခု မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ ဆောက်လုပ်ရေးဌာနမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ အောင်စိုးထွန်း(ဘ) ဦးတင်မြင့် အသက်(၄၁) သည် ၂၀၁၃ခုနှစ် မတ်လ(၆)ရက် ည(၁၁)နာရီခန့်တွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် နေထိုင်နေသော သူ၏သူငယ်ချင်းဖြစ်သူ မစံပယ်အား မိမိလာရောက်တည်းခိုလိုပါသည်ဟု ခွင့်တောင်းခဲ့သည်။ မစံပယ် (အသက် ၄၁) ၏ ယောကျာ်းဖြစ်သူမှာ ခရီးထွက်နေသဖြင့် မစံပယ်သည် မိမိ၏မိခင်ဖြစ်သူ ဒေါ်ညွှန့်ရင် (အသက် ၈၁)နှင့်အတူ မိမိ၏ သားသမီး သုံးဦးနှင့်တကွ နေထိုင်လျက်ရှိသည်။ အောင်စိုးထွန်းသည် နေအိမ်သို့ ရောက်ရှိလာပြီးနောက် အသင့်ယူဆောင်လာခဲ့သော Dam 5 အရက်ပုလင်းဖြင့် အရက်သောက်ကာ အနားယူနေခဲ့သည်။ ထို့နောက် အဆိုပါ အောင်စိုးထွန်းသည် မစံပယ် ချောင်းဆိုးနေသည်ကို တွေ့ရှိပြီး ချောင်းဆိုးပျောက်လိုပါက အရက်အနည်းငယ် သောက်ကြည့်သင့်ကြောင်း၊ ချောင်းဆိုးပျောက်သွားမည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် မစံပယ်သည် အောင်စိုးထွန်းတိုက်သော အရက်ကို နှစ်ပက်မျှ သောက်ပြီးနောက် နေအိမ်၏ အောက်ထပ်ရှိ အခန်းတွင် အိပ်ရာဝင်ခဲ့သည်ဟု ဆိုသည်။ အိပ်ရာဝင်ချိန်တွင် အခန်းတံခါးကို အတွင်းမှ သော့ခတ်၍ အိပ်စက်ခဲ့သည်။ နေအိမ်၏အောက်ထပ်တွင် မစံပယ်နှင့်အတူ မစံပယ်၏မိခင်၊ မစံပယ်၏သားသမီးများ အိပ်စက်နေကြသည်ဟုဆိုသည်။ ည (၁)နာရီခန့်တွင် နေအိပ်အပေါ်ထပ်တွင် တည်းခိုနေထိုင်သူ အောင်စိုးထွန်းသည် အကြိမ်ကြိမ်အခါခါ အပေါ်ထပ်မှအောက်ထပ်ဆင်းလိုက်၊ အောက်ထပ်မှ အပေါ်ထပ်သို့တက်လိုက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။ ထိုသည်ကို အဘွားအိုဖြစ်သူ ဒေါ်ညွှန့်ရင်မှ တွေ့ရှိပြီး နင်ဘာဖြစ်နေတာလဲဟု ပြောဆိုငေါက်ငမ်းရာမှ ဒီအဘွားကြီး အတော်လျှာရှည်တာပဲဟု အော်ဟစ်ကာ အနီးမှ သနပ်ခါးတုံးဖြင့် အဘွားအို၏ခေါင်းကို ရိုက်နှက်ခဲ့သည်။ ထို့နောက် အိမ်အတွင်းရှိ ပရိဘောဂများကိုလည်း တွန်းထိုး ဖျက်ဆီးခဲ့သည်။ ထိုကဲ့သို့ အသံဗလံများစွာဖြင့် ဖြစ်ပျက်နေချိန်တွင် ရပ်ကွက်အတွင်းမှာ လူများမှ မစံပယ်တို့၏ နေအိမ်ရှေ့တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။ ထိုသည်ကို အောင်စိုးထွန်းမှ တွေ့မြင်ပြီးနောက် ၀င်းထရံမှ နှစ်တစ်လက်မ အသားချောင်းကို ဆွဲချိုးပြီး "ငါ့နားကပ်ရဲတဲ့ကောင် ကပ်ကြည့်စမ်း၊ ငါ့များဘာမှတ်နေလဲ၊ သာအေး သားရဲ့သူငယ်ချင်းကွ၊ အကုန်ဒုက္ခရောက်သွားမယ်၊ကြားလား" ဟု ပြောဆိုကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။ မနက်(၄)နာရီခန့်တွင်မှာ မုံရွာ အမှတ်(၁)ရဲစခန်းမှ ရဲများရောက်ရှိလာပြီး တရားခံအောင်စိုးထွန်းအား ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ယခုအခါ မုံရွာအမှတ်(၁)ရဲစခန်းတွင် တရားခံအောင်စိုးထွန်းအား ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၂၉၄ ဖြင့် မစံပယ်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။


ThanLarWaddy Times

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:44:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37501] Fwd: [လူဗိုလ်ဟူသည် ...] နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
To: lubo601@gmail.com



Nay Myo and New MyanmarFoundation shared Myanmar Online News's photo.
နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ  Friday, March 8, 2013    တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။    သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း  ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။    အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။    ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။    Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့  ပညာ သင်ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။  --    ➤ Massachusetts Institute of Technology (MIT)/OpenCourseWare  ✤ Link: http://is.gd/0pm1n1    ➤ Udacity / Free interactive College Classes  ✤ Link: http://is.gd/xiFMtf    ➤ Open Yale Courses / Freely Downloadable  ✤ Link: http://is.gd/74Xwb4    ➤ Coursera Free Online Courses  ✤ Link : http://is.gd/LIDgMa    ➤ ALISON Database / Free Online Diplomas  ✤ Link: http://is.gd/cqkuBQ    ➤ Khan Academy / Free Online Education  ✤ Link : http://is.gd/qpJwVP      ➤ Johns Hopkins OpenCourseWare  ✤ Link: http://is.gd/YWSx0O    ➤ Academic Earth Free Online Courses  ✤ Link: http://is.gd/BIZJQz    ➤ UC Berkeley Free Online Lectures  ✤ Link: http://is.gd/mNyFEM    ➤ Open University LearningSpace  ✤ Link: http://is.gd/84CXnA    ➤ Carnegie Mellon Open Learning Initiative  ✤ Link: http://is.gd/ADEBmj    ➤ University of Washington Video Lectures  ✤ Link: http://is.gd/ePO5Me    ➤ Tufts OpenCourseWare  ✤ Link: http://is.gd/8ABGyb    ➤ UC San Diego Podcast Lectures  ✤ Link: http://is.gd/oGOjth    ➤ AMSER (Applied Math and Science Education Repository)  ✤ Link: http://is.gd/N51Mvh    ➤ Utah State OpenCourseWare  ✤ Link: http://is.gd/ZRew6t    ➤ Free Video Lectures.com  ✤ Link: http://is.gd/ObsSL5    ➤ How-Stuff-Works / Free Online Science-Related Courses  ✤ Link: http://is.gd/XEHory    ➤ Wolfram Demonstrations Project  ✤ Link: http://is.gd/0vbMWk    ➤ Free Science and Video Lectures Online!  ✤ Link: http://is.gd/JoOFQg    ➤ LearningScience.org  ✤ Link: http://is.gd/te9NqS    ➤ Science.gov Databases  ✤ Link: http://is.gd/g4ZK7B    ➤ Connexions - Open-Content Library  ✤ Link: http://is.gd/C9Inr5    ➤ Sophia Free Online Courses  ✤ Link: http://is.gd/JBsj55    ➤ Honorable Mention: Peoi.org  ✤ Link: http://is.gd/QbtScO    For more - http://is.gd/y7Fukg    Aung Kham (TSJ team)    http://blog.techspace.com.mm/2013/03/blog-post_8.html    --  TechSpace Journal
Friday, March 8, 2013

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း
ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့
ပညာ သင်ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_8.html

--
TechSpace Journal


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37501] Fwd: [လူဗိုလ်ဟူသည် ...] ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်
To: lubo601@gmail.com


Myanmar Volunteer

ပညာရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍနှင့် ပတ်သက်ပြီး ပညာရေးလွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို အောက်တိုဘာလ ၆၊ ၇ ရက်နေ့များတွင် အင်းစိန်မြို့နယ်၊ ခရစ်ယာန် ဓမ္မတက္ကသိုလ် တွင် မြန်မာ့ပညာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ စိတ်ပါဝင်စားသူများစွာ ဘပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်ကို သတင်းများအရသိရပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပညာရေးနှင့်ပတ်သက်သည့် အချက်အလက်များစွာ ဆွေးနွေးခဲ့ကြသည့် အနက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃ တွင်ပါဝင်သည့် "နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည်"

ဆိုသည့်ပြဋ္ဌာန်းချက် ပြင်ဆင်ပေးရန် ဆွေးနွေးကြရာတွင် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူ Thinking Foundation Class မှ ဒေါက်တာ သိန်းလွင် က အတွေးအခေါ်မှန်ကန်ရေးကို မည်သို့အဓိပ္ပာယ်ဖွင့်မည်မှာ အခက်အခဲရှိကြောင်း၊ ထို့ကြောင့် အဆိုပါ အတွေးအခေါ်မှန်ကန်ရေး ဆိုသောအချက်ကို ပယ်ဖျက်ပြီး ၎င်းအစား ပညာသင်ကြားပိုင်ခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ခွင့် ရှိရမည်ဟု ပြင်ဆင်ပေးဖို့လိုကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။

ဖော်ပြပါဆွေးနွေးချက်တွင် ပါဝင်သည့် လွတ်လပ်စွာ တွေးခေါ်ခွင့် ကို ရင့်သန်အောင် ပညာရေးစနစ်မှ မည်သို့ထောက်ပံ့ပေးသင့်သည်ကို စာရေးသူ လက်လှမ်းမီသလောက် တင်ပြပါမည်။ ပညာရေးဟူသည် မိဘ၊ ဆရာနှင့် နိုင်ငံတော် အစိုးရတို့ ပူးပေါင်းကာ အနာဂတ်မျိုးဆက်သစ်များအား မျက်မှောက်ခေတ် နှင့် အနာဂတ်၏လိုအပ်ချက်၊ တောင်းဆိုချက်တို့ကို လေ့ကျင့် သင်ကြား ပြုစု ပျိုးထောင် ပေးခြင်းဖြစ်သည်။ ပညာရေး၏ အဓိကတာဝန်မှာ လူသားတို့အား လေ့ကျင့်ပေးရန်ဖြစ်သည်။ မည်သည်တို့ကို လေ့ကျင့်ပေးရမည်နည်း ?
အနာဂတ် မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန်အတွက် လူသားတို့၏ အသိဉာဏ်ကို သရုပ်ခွဲကြည့်ရန် လိုပါသည်။ လူတို့တွင် အသိဉာဏ် မျိုးစုံ ရှိပါသည်။ အခြေခံအားဖြင့် အသိဉာဏ်တို့သည် မွေးဖွားချိန်ကတည်းက များစွာ မကွာခြားသော်လည်း လူတန်းစားအလိုက် ပြန်လှန်သုံးသပ်၍ မွေးရာပါ အသိဉာဏ်များ ရှင်သန်လာစေရန် လေ့ကျင့်ပေးရမည်မှာ ပညာရေး၏ ပဓာန တာဝန်ဖြစ်ပါသည်။ လေ့ကျင့်သင်ကြားပေးရမည့် အခြေခံ အသိဉာဏ် (၈) မျိုးရှိပါသည်။

၁။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ( Spatial Visual Intelligence )

လူသားတို့သည် တွေးလိုက်တိုင်း စိတ်ကူးနယ်ပယ်သို့ရောက်သည်။ စိတ်ကူးနယ်ပယ်တွင် မိဘဆွေမျိုး မိသားစု၊ အပေါင်းအသင်း၊ နေရာဒေသ၊ အဆောက်အဦ စသည်တို့ အပါအဝင် အားလုံးကို ပုံဖော်ရသည်။ ဤသို့ ပုံဖော်ရမည့် အရင်းခံအကြောင်းအရာမှာ ဦးနှောက်တွင်းရှိ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် သာဖြစ်သည်ကို သိပ္ပံပညာရှင်များက သက်သေပြခဲ့ပြီးဖြစ်သည်။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ကြောင့်သာ အက်ဒီဆင်က လျှပ်စစ်မီလုံးကို တီထွင်ခဲ့သလို စတိဗ်ဂျော့က i pad ကို ကျွန်တော့်တို့ရှေ့မှောက် အရောက်ပို့ပေးခဲ့သည်။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ရင့်သန်ဖွံ့ဖြိုးစေရန် ကြိမ်ဖန်များစွာ စိတ်ကူးဖြင့် ပုံဖော်ခွင့်ပေးရန်သာ ဖြစ်သည်။ ဥပမာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း များသည် ကလေးများ၏ စိတ်ကူးတွင် ပုံဖော်စေတတ်သည့် အသိဉာဏ်ရင့်သန်အောင် လေ့ကျင့်ရာတွင် အသုံးပြုသည့် အကြောင်းပြုချက်(Subject) ဖြစ်ပါသည်။ သမိုင်းပါအချက်အလက်များကို အကြောင်းပြု၍ စိတ်ဝင်စားစရာဖြစ်အောင် ဖွယ်ဖွယ်ရာရာ ဆရာတို့၏ အတတ်ပညာဖြင့် တန်ဆာဆင်ပြီး ပြောပြဖန်များလာသော အခါ ကျောင်းသားများ၏ စိတ်ကူးတွင် ပုံဖော်တတ်လာသည်။ (၁ဝ) တန်းသို့ရောက်သောအခါ ၁ဝ နှစ်ခန့်လေ့ကျင့်ခဲ့ပြီဖြစ်၍ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် သည် အခြေခံအားဖြင့် ကောင်းစွာရင့်သန်ပြီဖြစ်ပြီး ၎င်းရင့်သန်ပြီးဖြစ်သော စိတ်ကူးတွင် ပုံဖော်တတ်မည့် အသိဉာဏ်အား တက္ကသိုလ်ကြီးများတွင် ဆက်လက်ရှင်သန် ရင့်ကျက်အောင် ပြုစုပျိုးထောင်လေ့ကျင့်မှသာ ငယ်စဉ်က လက်ဦး ဆရာ/ ဆရာမများ ကြိုးစားထားသမျှ သဲထဲရေသွန် မဖြစ်မည်ဖြစ်သည်။ အခြေခံပညာ(ကျောင်းများ)နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်များ) ဆက်စပ်ထားမှု၊ ဆက်စပ်လေ့ကျင့်ရန် စီစဉ်ထားမှု မရှိပါက လက်ဦးဆရာများ၏ တန်ဖိုးရှိသော အချိန်နှင့် လုပ်အားများ အလဟသ ဖြစ်သွားးပါလိမ့်မည်။

အကယ်၍ စိတ်ကူးတွင် အသိဉာဏ်ရှိသော်လည်း ကောင်းစွာလေ့ကျင့်ပေးရန် ပျက်ကွက်ခဲ့ပါလျှင် ထိုကလေးများ ကြီးပြင်းလာသောအခါ ကျင်လည်ရာကဏ္ဍများတွင် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်လာရန် အခြေအနေ အလွန်နည်းပါးသွားသောကြောင့် ဆရာ၊ ဆရာမများက ဤအသိဉာဏ် ရင့်သန်စေရန် သမိုင်း၊ ပထဝီ အစရှိသော အကြောင်းပြုချက်(Subject) များအသုံးပြု၍ ငယ်စဉ်ကလေးဘဝ ကတည်းက လေ့ကျင့်ပေးလိုက်ရန် အထူးအရေးကြီးပါသည်။ ထိုသို့လေ့ကျင့်ပေးရမည့် အစား အလွတ်ကျက်ခိုင်းလိုက်ခြင်းဖြင့် ထိုအသိဉာဏ် မဖွံ့ဖြိုးနိုင်တော့ဘဲ မူလရည်ရွယ်ချက် ပျောက်သွားပါလိမ့်မည်။ ဤနေရာတွင် လေ့ကျင့်သင်ကြားရာ၌ အသုံးပြုသော အကြောင်းပြုချက်များကို အင်္ဂလိပ်ဘာသာဖြင့် Subject များဟု ဘာသာပြန်ဆိုပါသည်။ ထို့ကြောင့် သမိုင်း၊ ပထဝီ စသည်များကို ယေဘုယျအားဖြင့် Subject များဟုခေါ်ပါသည်။ သို့ရာတွင် Subject ဟူသော အင်္ဂလိပ်စကားကို မြန်မာမှုပြုရာဝယ် (ဘာသာရပ်)ဟု ဘာသာပြန်ဆိုသောကြောင့် မူရင်းမူလ အဓိပ္ပာယ်ဖြစ်သော လေ့ကျင့်ရန် အကြောင်းပြုချက်ဟူ၍ အနှစ်သာရပါသည့် အဓိပ္ပာယ်နှင့် ၎င်း၏လုပ်ငန်းများကို မေ့လျော့ကုန်ကြပြီး ကလေးများအား အသိဉာဏ်ရင့်သန်စေရန် လေ့ကျင့်မှုပေးရမည့်အစား အနာဂတ်ဘဝအတွက် အထောက်အကူမပြုသည့် အလွတ်ကျက်မှတ်ခိုင်းခြင်း ပုံစံကိုတွေ့ရမည်ဖြစ်သည်။ ကလေးများအား သင်ရိုးပါအတိုင်း ကျက်မှတ်ခြင်းထက် သင်ရိုးပါ အချက်အလက်များကို အကြောင်းပြုကာ ဦးနှောက်အတွင်း ပုံဖော်တတ်မှု အားကောင်းလာစေရန် ဆရာ၊ ဆရာမ များက အပင်ပန်းခံ လေ့ကျင့်ပေးရန်သာ အဓိကဖြစ်ပါသည်။

စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ကြောင့်

- စိတ်ကူးတွင် အဆင့်များစွာ ပုံဖော်စဉ်းစားလာနိုင်သည်။
- ပစ္စည်းအသစ်များကို ကြံဆတီထွင် စဉ်းစားလာနိုင်သည်။
- အလုပ်တစ်ခုကြောင့် ရလာမည့် ရလဒ်များကို နီးစပ်စွာ ခန့်မှန်းနိုင်လာသည်။
- အလုပ်လုပ်တိုင်း အလုပ်ကို သရုပ်ခွဲလေ့လာအားကောင်းလာသည်။
ထိုအသိဉာဏ်များ မြင့်မားလာလျှင် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာတွင် အဆင်ပြေပါ လိမ့်မည်။

၂။ သဘာဝသရုပ်ကို တွက်ချက်တတ်သော အသိဉာဏ် (Logical Mathematical Intelligence)

လူသားအားလုံးတို့သည် ဘဝတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ရန်လိုအပ်ပါသည်။ မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် လေ့ကျင့်ပေးလိုလျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ ကြိမ်ဖန်များစွာ အခွင့်အရေး ပေးလေ့ကျင့်ပေးမှသာ အထိရောက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် ပညာရေးတွင် သင်္ချာကို အကြောင်းပြုကာ မှန်ကန်သော ဆုံးဖြတ်ချက်ပေါင်းများစွာကို ချစေရန်၊ သဘာဝသရုပ်ကျ တွက်ချက်တတ်သော အသိဉာဏ်ကို တိုးပွားစေရန် လေ့ကျင့်ပေးရပါသည်။ ဥပမာ ၁ + ၁ = ၂ ဟူသော သင်္ချာပုစ္ဆာကို ကလေးများတွက်ချက်ရာတွင် (=) ညီမျှခြင်း ချရေးသည့် ခဏတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရသည်။ ညီမျှခြင်းတစ်ခု ရေးချတိုင်း ရေးချတိုင်း ဆုံးဖြတ်ချက်တစ်ခု ချကြရပါသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆုံးဖြတ်ချက်တော့ ချကြရပါသည်။ မှားယွင်းသော ဆုံးဖြတ်ချက်များကို ဆရာ/ဆရာမ များက ပြုပြင်ပေးကာ မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်ပါက ကိုယ်ပိုင်ယုံကြည်မှု တိုးပွားလာပါသည်။ သို့ပါ၍ ကျောင်းနေစဉ်ကာလ တစ်လျှောက် ညီမျှခြင်းပေါင်းများစွာ ရေးသားကာ ဆုံးဖြတ်ချက်ပေါင်းများစွာ လေ့ကျင့်ခဲ့သောကြောင့် သဘာဝသရုပ်ကျ တွက်ချက်တတ်သော အသိဉာဏ် ရင့်သန်လာပါသည်။ (သို့ရာတွင် ထိုသို့ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ဆရာ/ဆရာမ များက ပံ့ပိုးပေးရမည့် အစား အဆင်သင့်တွက်ပြကာ ဒါသင်၊ ဒါမေး စသည့် လွဲမှားသည့်ပုံစံများကို တွေ့မြင်နေကြရပါသည်။)

၃။ ဘာသာစကားဆိုင်ရာ အသိဉာဏ် (Verbal Linguistic Intelligence)

စကားပြောကောင်းခြင်းသည်လည်း လူမှုပတ်ဝန်းကျင်တွင် ဦးဆောင်မှုပြုနိုင်ရန် ထောက်ကူပေး ပါသည်။ စကားပြောကျွမ်းကျင်သူများဖြစ်လာရန် ပညာရေးတွင် ဘာသာစကားနှင့် စာပေ များကို သင်ရိုးတွင်ထည့်သွင်းကာ လေ့ကျင့်သင်ကြားပေးရပါသည်။ ဘာသာစကားများကို လေ့လာခွင့် ပေးခြင်းသည် ဘာသာစကားဆိုင်ရာ အသိဉာဏ်ကို အကောင်းဆုံးလေ့ကျင့်ပေး ခြင်း ဖြစ်သောကြောင့် မိခင်ဘာသာစကား အပြင် ဒုတိယဘာသာစကား(Second Language) တစ်ခုခုကိုပါ ထည့်သွင်း သင်ကြားပေးရပါသည်။ ဘာသာစကားကို လေ့ကျင့်သင်ကြားပေးရာတွင် နားထောင်၊ ပြော၊ ရေး၊ ဖတ် ၄ မျိုးလုံးကို အစီအစဉ်တကျ လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ မိမိပြောလိုရာကို ဘာသာစကား ကြားခံဖြင့် တစ်ဖက်သား နားလည်စေရန် ကောင်းစွာပြောဆိုဆက်ဆံ တတ်လာမည်၊ အခြေအနေသစ်များကို စူးစမ်းလေ့လာနိုင်လာမည်။

၎။ ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ် (Bodily Kinestatic Intelligence)

လူသားတို့သည် နေစဉ်နှင့်အမျှ လှုပ်ရှား သွားလာနေကြရပါသည်။ ထိုသို့ ပုံမှန် လှုပ်ရှားသွားလာ နေနိုင်လျှင် ကျန်းမာရေး ကောင်းနေပါသည်။ ထိုသို့ ခန္ဓာကိုယ် လှုပ်ရှားကာ ကျန်းမာရေးကောင်းနေ စေရန် PE(Physical Education) ခေါ် ကာယပညာကို ပညာရေးတွင် ထည့်သွင်း လေ့ကျင့်ပေးရပါသည်။ နေ့စဉ်နှင့် အမျှ လေ့ကျင်နိုင်ပါလျှင် ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ် ပိုမို ရင်သန်လာသည့်အပြင် ကျန်းမာရေးပါ ကောင်းလာသည်။ ထိုသို့ ကျောင်းများတွင် လေ့ကျင့်ခြင်း မရှိခဲ့လျှင် တစ်ကိုယ်ရည် ကျန်းမာရေး ချို့တဲ့ကာ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကျန်းမာရေး တာဝန်ယူထားသည့် အဖွဲ့အစည်း(ဝါ) ဌာနများအတွက် နောင်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါသည်။ ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ်ကို လေ့ကျင့်ပေးခြင်းကြောင့် အနာဂတ်ကျန်းမာရေး ပြဿနာများကို ကြိုတင်လျော့ချနိုင်ပါသည်။ အဆိုပါ အသိဉာဏ်ရင့်သန်လာခြင်းဖြင့် နေ့စဉ်လုပ်ငန်းခွင်တွင် အမြဲတမ်း လန်းဆန်းတက်ကြွကာ အလုပ် လုပ်နိုင်စွမ်း ပိုမို မြင့်မားစေသည်၊ စုပေါင်းလုပ်ကိုင်မှုကို နားလည်တတ်လာသည်၊ တစ်ကိုယ်ကောင်း စိတ်များ လျော့နည်းစေသည်၊ မျှဝေ ခံစား/ စံစား လိုစိတ်များဖြစ်ပေါ်လာစေပါသည်။

၅။ သံစဉ်မှန် အနုပညာအသိဉာဏ် (Musical Rhythmic Intelligence)

လူသားတို့ နူးညံ့သိမ်မွေ့လာစေရန် သံစဉ်မှန် အနုပညာအသိဉာဏ်ကို ပညာရေးတွင် လေ့ကျင့် သင်ကြားပေးရပါသည်။ သံစဉ်မှန် အနုပညာအသိဉာဏ် ရင့်သန်အားကောင်းလာခြင်းဖြင့် လူသားတို့၏ စိတ်သဏ္ဌာန်တွင် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုများ အားကောင်းလာပါသည်။ ထို့အပြင် အလုပ်တစ်ခု တွင် စူးစူး စိုက်စိုက် လုပ်ကိုင်နိုင်လာသည်။ တည်ငြိမ်သော လူမှုဘဝပုံစံကိုပါ ထောက်ပံ့ပေး နိုင်သည်။ နားလည်လွယ်အောင် ပြောရလျှင် ဂီတ၊ အနုပညာသည် လူသားတို့၏ သဘောထားကို နူးညံ့သိမ်မွေ့ စေပါသည်။ ထိုအသိဉာဏ်က လူသားတို့ တစ်ဦးနှင့် တစ်ဦး စာနာ နားလည် ရိုင်းပင်းကူညီ သောစိတ်ဓာတ် ကို မွေးမြူပေးပါသည်။

၆။ သဘာဝတရား အသိဉာဏ် (Naturalist Intelligence)

သဘာဝတရားကို ချစ်မြတ်နိုးတတ်စေရန်အတွက် သဘာဝတရားအသိဉာဏ်ကို သင်ကြားပေးရ ပါသည်။ သဘာဝတရားအသိဉာဏ် အားကောင်းပါမှ သဘာဝတရားကို တန်ဖိုးထားတတ်ပါသည်၊ သဘာဝတစ်ရား၏ အလှကို ခံစားတတ်ပါသည်၊ သဘာဝတရား ၏ အကျိုးသက်ရောက်မှု အကောင်း/ အဆိုးကို နားလည်တတ်ကြသည်။ အဆိုပါ အသိဉာဏ်ဖွံ့ဖြိုးသော သူတို့သည် မိမိ နေထိုင်ရာ ပတ်ဝန်းကျင် သာမက ရှင်သန်ရာသဘာဝပတ်ဝန်းကျင် အားလုံးကိုပါ တန်ဖိုးထား ထိမ်းသိမ်းစောင့်ရှောက်တတ်လာသည် ။ သဘာဝတရားအသိဉာဏ်မြင့်မားမှသာ သဘာဝတရားကို ပျက်စီးရာပျက်စီးကြောင်း မကြံတော့ပါ၊ ထို့အပြင် သဘာဝ သတ္တလောကကြီးတန်ဖိုးကို နားလည်သူသည် အမိမြေ၏ တန်ဖိုးကိုကား ပြောစရာပင်မလိုတော့ပါ၊ အမိမြေကို ချစ်မြတ်နိုးရန် စာရေးပြီး ကပ်ထား၍မရပါ၊ ဆောင်ပုဒ်ကြီး အကြီးကြီးရေးထားယုံနှင့် မလုံလောက်ပါ၊ ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ငယ်စဉ်ကပင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရပါသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှင်သန်ထက်မြက်ရေး အတွက် အလွန် အရေးကြီးသော အသိဉာဏ် ဖြစ်ပါသည်။ ထိုအသိဉာဏ်ကို ပညာရေးတွင် လေ့ကျင့်သင်ကြားပေးရာ၌ သိပ္ပံနှင့် ပထဝီ ဘာသာရပ်များကို အကြောင်းပြုချက် များအဖြစ် အသုံးပြုကြပါသည်။

၇။ လူမှုဆက်ဆံရေး အသိဉာဏ် (Interpersonal Intelligence)

လူမှုပတ်ဝန်းကျင်တွင် ဝင်ဆန့်ကာ အခြားသူများ၏ အရည်အသွေး/ အရည်အချင်း၊ လုပ်နိုင်စွမ်းအား ခံစားချက်များကို နားလည်တတ်စေရန် လူမှုဆက်ဆံရေး အသိဉာဏ်ကို လေ့ကျင့်သင်ကြားပေးရပါသည်။ ထိုအသိဉာဏ် ကြောင့် စုပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ မိမိ၏ မိတ်ဆွေ/ အပေါင်းအသင်းများအပေါ်တွင်ရှိသော တာဝန်၊ ဝတ္တရား၊ ကျင့်ဝတ် များ၊ မိမိ၏ ပတ်ဝန်းကျင်တွင်ရှိသော တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်ကာ လက်ခံကျင့်သုံးကြပါသည်။ လူမှုဆက်ဆံရေး အသိဉာဏ် ရင့်သန်သူများသည် မိမိနိုင်ငံနှင့် လူမျိုးအပေါ်ရှိသည့် တာဝန်နှင့် ဝတ္တရားများကို လက်ခံနားလည် ကျင့်သုံးကြပါသည်။ တာဝန်သိသော နိုင်ငံသားကောင်း တစ်ယောက်ဖြစ်လာစေရန် လူမှုဆက်ဆံရေး အသိဉာဏ်ကို အထူးလေ့ကျင့်ပေးရပါမည်။

၈။ မိမိကိုယ် မိမိသိသော အသိဉာဏ် (Intrapersonal Intelligence)

မိမိ၏ ခန္ဓာကိုယ်၊ မိမိ၏ ဂုဏ်သိက္ခာ၊ အိနြေ္ဒ၊ အဆင့်အတန်း စသည်တို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တတ် စေရန် မိမိကိုယ် မိမိသိသော အသိဉာဏ် ကို လေ့ကျင့်သင်ကြားပေးရပါသည်။ ဤအသိဉာဏ်မြင့်မားအောင် လေ့ကျင့်ပေးထားပေးခြင်း မရှိပါက မိမိကိုယ်ကို တန်ဖိုးမထားတတ်ပါ။ မိမိကိုယ်ကို မိမိသိသော အသိဉာဏ်ဖွံ့ဖြိုးသူများသည် မိမိ၏ တာဝန်/ ဝတ္တရား၊ မိသားစုအပေါ်တွင်ရှိသည့် တာဝန်/ ဝတ္တရား၊ မိမိ၏ မြို့၊ ရွာ၊ ပတ်ဝန်းကျင်၊ နိုင်ငံ အပ်ါတွင်ရှိသည့်တာဝန်/ ဝတ္တရားများကိုပါ ကောင်းစွာ နားလည် ကျင့်သုံးကြသည်။ သိုပါ၍ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်လာစေရန်၊ နိုင်ငံသားကောင်း ပီသစေရန် ဤအသိဉာဏ်ကို စနစ်တကျ လေ့ကျင့်သင်ပေးရန် အထူးအရေးကြီးပါသည်။ ဤအသိဉာဏ်မြင့်မားသူများသည် အိမ်ထောင်ဦးစီးကောင်းများ၊ မိမိ ကျင်လည်ရာ ပတ်ဝန်းကျင် နေရာဒေသတွင် ခေါင်းဆောင်ကောင်းများ၊ မိမိတို့၏ လုပ်ငန်းများတွင် ဦးဆောင် ဦးရွက် ပြုသူများ ဖြစ်လာကြပါသည်။
ယခုတင်ပြခဲ့သည့် အသိဉာဏ် (၈) မျိုးကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ ကာယပညာ နှင့် အနုပညာ စသည့် ဘာသာရပ် များကို အကြောင်းပြုကာ စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးရပါသည်။ ဖော်ပြခဲ့သော အသိဉာဏ်များသည် အခြေခံအဆင့်မှာပင် လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ပြီး လေ့ကျင့်သင်ကြားပေးရန် အသိဉာဏ်များစွာ ရှိပါသေးသည်။ ထိုရည်ရွယ်ချက် ကို လွဲချော်ပြီး အမှန်တကယ် အဓိကထား အကောင်အထည်ဖော်လေ့ကျင့် သင်ကြားပေးရမည့် အစား အကြောင်းပြုချက်များဖြစ်သည့် ဘာသာရပ်များကို အာဂုံဆောင် အလွတ်ကျက် ပုံစံဖြင့် စခန်းသွားကြလျှင် ကလေးငယ်များ၏ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင် အသိဉာဏ်များဆုံးရှုံးကာ လွပ်လပ်စွာတွေးခေါ်နိုင်စွမ်း လည်း ပျောက်ဆုံးသွားပါလိမ့်မည်။ မူလရည်ရွယ်ချက်ကို မှန်ကန်စွာ လေ့ကျင့်ပေးနိုင်လျှင် လူသားကောင်းကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကြသူများဖြစ်လာပြီး မိမိကိုယ်ကိုလည်း ထိန်းသိမ်းလာနိုင်ကြကာ ဗြဟ္မစိုရ်တရားများ ဖြစ်တည်လာ၍ လောကပါလတရားများ ထွန်းကားလာပါလိမ့်မည်။ ပညာရေးစနစ်၏ ရည်ရွယ်ချက်မှာ ကျန်းမာကြံခိုင်၍ ဉာဏ်ရည်ပြည့်ဝသည့် နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန် ဖြစ်သည့်အတွက် ဆရာ/ ဆရာမများ အနေဖြင့် မိမိပခုံးပေါ်တွင် ရှိနေသော သင်ကြားရေးတာဝန်ကို အဓိက ရည်မှန်းချက်များ အပျက်မခံဘဲ ရင်နှင့်အမျှ သင်ကြားလေ့ကျင့်ပေးရပါမည်။ နိုင်ငံတော်အနေဖြင့်လည်း ဆရာ/ ဆရာမများ ဖော်ပြပါကဲ့သို့ စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်စေရန် မြန်မာပြည် တစ်နံတစ်လျား အခြေခံပညာအဆင့်မှသည် အဆင့်မြင့်ပညာအဆင့်အထိ သင်ကြားမှု/ သင်ယူမှုအတွက် အခြေအနေ ကောင်းများကို အချိန်မီဖန်တီးပေးရပါမည်။ သို့မှသာ အယောက်စီတိုင်း ကိုယ်ပိုင် အသိဉာဏ်၊ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် အယူအဆများဖြင့် ကိုယ်တိုင်ဆန္ဒရှိရာလမ်းကို လွပ်လပ် မှန်ကန်စွာရွေးချယ်နိုင်ပြီး နိုင်ငံသားတို့၏ ဆန္ဒနှင့် ဘဝ တစ်ထပ်တည်းကျကာ နိုင်ငံသားတိုင မိမိချစ်မြတ်နိုးရာ လုပ်ငန်းခွင်တွင် ပျော်ရွင်စွာ တာဝန်ယူ နိုင်ကြမည်ဖြစ်ပါသည်။ သို့ပါလျှင် နိုင်ငံတော်အစိုးရ နှင့် ပြည်သူတစ်ရပ်လုံး၏ ဦးတည်ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အမြန်ချီတက် ရောက်ရှိနိုင်ပါလိမ့်မည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ တွေးဆနိုင်ကြပါစေကြောင်း နားလည်သမျှ တင်ပြလိုက်ပါသည်။

Ref: "Modern Education Outlook & Character Education" by ILBC
"Research on Multiple Intelligences Teaching and Assessment" by Jingchen Xie and Ruilin Lin (Chienkuo Technology University, Taiwan)
"Howard Gardner's Theory Multiple Intelligences" (Northern Illinois University, Faculty Development and Instructional Design Center)
"Multiple intelligences" by TE Editor
(http://www.teachingenglish.org.uk/articles/multiple-intelligences)

အောင်ကိုကို(အမ်း)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:33:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37501] Fwd: [လူဗိုလ်ဟူသည် ...] www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/7
Subject: [လူဗိုလ်ဟူသည် ...] www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း
To: lubo601@gmail.com


Photo: နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။    လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။  တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။    ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။  မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။    အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ်      တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။  ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။    ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။  စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက်ဆိုတဲ့ စိတ်တွေ။    အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။  ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့   သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။    ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။  ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။    အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန်မှုတွေ လုပ်ပေးသေးသလား ဘုရား။  တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။    မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။  အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။    ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။  အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။    ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ  ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။  သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ်ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။    လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။  မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။    ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။  အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။    ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။  နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။    ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။  ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။  တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။  တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုးထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။    ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။  အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။  အခုလို အချိန်ပေးပြီး  ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။ 
နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိ ရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များ ကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။

လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက်ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့
သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန်မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။
သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ်ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။
ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။
တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုးထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။
အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/08/2013 02:03:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37499] Fwd: [လူဗိုလ်ဟူသည် ...] ABC ထဲက သင့်စရိုက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] ABC ထဲက သင့်စရိုက်
To: lubo601@gmail.com


Myawady News's photo.


သင့်နာမည်ရဲ့ ရှေ့ဆုံး စာလုံးလေးတွေကို ကြည့်ပြီး ဟောကိန်း
ထုတ်ကြည့် ကြစို့

A― Romantic (စိတ်ကူးယဉ်ဆန်သူ)
B― Proud (ဂုဏ်ယူဝင့်ကြွားတတ်သူ)
C― Innocent (အပြစ်ကင်းစင်သူ)

D― Lovable (ချစ်ခင်နှစ်သက်ဖွယ် ကောင်းသူ)
E― Good but Hurtful (စိတ်ထားနူးညံ့သူ -သို့သော် -ခံစားလွယ်သူ)
F― Compassionate (မေတ္တာဂရုဏာတရားကြီးမားသူ)
G― Logical Minded (သဘာဝကျစွာ တွေးတောတတ်သူ)
H― Leadership Potential (ခေါင်းဆောင်နိုင်စွမ်းရှိသူ)
I― Helpful (ကူညီမှုတွေနဲ့ ရှင်သန်သူ)
J― Free-Spirited (လွတ်လပ်ပွင့်လင်းစွာ နေထိုင်သူ)
K― Irritating (စိတ်တို ထိခိုက်လွယ်သူ)
L― Funny (ပျော်ရွှင်တတ်သူ)
M― Emotional (စိတ်လှုပ်ရှား ထိခိုက်လွယ်သူ)
N― Sensible (စဉ်းစားတွေးခေါ် တတ်သူ)
O― Supportive (အထောက်အကူ ပံ့ပိုးပေးနိုင်သူ)
P― Crazy Q―Unpredictable (အရူးအမူး စွဲလမ်း နှစ်သက်တတ်သူ)
R― Practical (လက်တွေ့သမား)
S― Loving (ချစ်ခင် ကြင်နာတတ်သူ)
T― Fake (ဟန်ဆောင်ကောင်းသူ)
U― Sensitive (ဆတ်ဆတ်ထိမခံ ရန်စောင်တတ်သူ)
V― Genius (ထူးခြားသည့် ဉာဏ်ရှိသူ)
W― Calm (အေးဆေးတည်ငြိမ်သူ)
X― Easy-Going (အေးဆေးတည်ငြိမ် ဖော်ရွေသူ)
Y― Intelligent (ဉာဏ်ရည် ဉာဏ်စွမ်းထက်မြက်သူ)
Z― Jovial (ပျော်တတ်သော၊ ရွှင်ပျသောသူ)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:32:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:37499] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၃)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 08 Mar 2013 07:00 AM PST
ကျွန်တော်တို့ မိတ္ထီလာမြို့တွင် မ.ထ.သ အမည်ခံ အဖွဲ့တစ်ဖွဲ့သည် မိတ္ထီလာမြို့မှ ကျောက်ပန်းတောင်းမြို့လမ်းအထွက်..ဗဟို ပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းရှေ့ နှင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့အထွက် ၀မ်းတော်ပြည့်ဘုရား ရှေ့  နေရာများတွင် မ.ထ.သ ယူနီဖောင်းဝတ်ပြီး စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးချကာ ဖြတ်သွားဖြတ်လာ သုံးဘီးယာဉ်များကို ခရာမှုတ် အတင်းအဓမ္မတားဆီးကာ မ.ထ.သ ကြေး သုံးဘီးယာဉ်တစ်စီးလျှင် ၁၀၀ကျပ်နှုန်းကို ဆပ်ကြေးကောက်သလို အတင်းအဓမ္မတောင်းခံနေသည်မှာ စနေ၊တနင်္ဂနွေပါ မရှောင်နေ့စဉ်နှင့် အမျှဖြစ်ပါသည်။

တကယ်ဆိုလျှင် သုံးဘီးယာဉ်များမှာ တစ်စီးလျှင် ငွေကျပ် ခြေက်သိန်းကျပ်(၆၀၀,၀၀၀) ဖြင့်လိုင်းကြေးကို မတန်တဆအပြည့် ပေးသွင်းပြီး တရားဝင် ပြေးဆွဲနေခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ...ယခုကဲ့သို့ အတင်းအဓမ္မ ဆက်ကြေးကောက်သလို ငွေကောက်ခံနေခြင်း
ကိုသက်ဆိုင်ရာမှ လိုအပ်သလို စစ်ဆေးကြပ်မတ်ပြီး တားဆီးနိုင်ပါရန် နိုင်ငံတော် လူကြီးမင်းများသို့တင်ပြအပ်ပါ
သည်။     
                              
                          မိတ္ထီလာမြို့ သုံးဘီးယာဉ်အသင်းသားများ။

Posted: 08 Mar 2013 06:23 AM PST
ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးမျိုးဝင်း သည် (၂-၃-၂၀၁၃) ရက်နေ့ ညက ဌာနမှ တာဝန်အရ ထုတ်ပေးထားသည့် မော်တော်ယာဉ်နှင့် အားကစား သမား (၃) ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ တိုက်ခိုက်မိရာ မွန်ပြည်နယ်မှ အားကစား သမား (၂)ဦး နှင့် မကွေးတိုင်း ဒေသကြီးမှ အားကစား သမား တစ်ဦးတို့ မှာ ထိခိုက် ဒဏ်ရာရရှိ ခဲ့သည့် ကိစ္စနှင့် ပါတ်သတ်၍ ဌာနတွင်း စစ်ဆေးမှူးများ ပြုလုပ်နေပြီလို့ သိရပါတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း

Posted: 08 Mar 2013 06:09 AM PST
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာ သူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီ ခေါင်းဆောင်တ ဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Mar 2013 06:01 AM PST
မတ်လ ၇ ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် (၈၀၅)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Mar 2013 05:36 AM PST
မတ်လ (၇) ရက်နေ့ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်း ဂျာနယ် အမှတ် (၄၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Mar 2013 05:33 AM PST
Posted: 08 Mar 2013 03:56 AM PST
ဦးပိုင်ကုမ္ပဏီ လီမီတက် ကကြေးနီ တောင်စီမံကိန်း အတွက်သိမ်းယူ ထားတဲ့တောင် ၃၃လုံးအနက်လိပ်ခွံတောင် နဲ့ အင်ကြင်းတောင်ကို လက်ပံတောင်း တောင် ဒေသ ခံပြည်သူ တွေဟာ ပြန်လည်မတ်လ ၇ ရက်နေ့ည ၇နာရီမှာ ပြန်လည်သိမ်း ယူခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 08 Mar 2013 03:44 AM PST
ဒီနေ့ စတင်ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့ အကြိုဆွေးနွေးပွဲနေ့မှာ ဗဟိုကော်မတီဝင် ၁၀၀ တိတိကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက် တင်မြှောက်ခဲ့ပြီး နောက်ရက် ညီလာခံကျင်းပတဲ့အခါ နောက်ထပ် ဗဟိုကော်မတီဝင် ၂၀ ဦး ကို ထပ်မံ ရွေးချယ်မှာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Mar 2013 03:46 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ အကြို ဆွေးနွေးပွဲနေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၃ ဦးကို လာမယ့် ညီလာခံ သက်တမ်းအတွက် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ ထားပါတယ်။--
 
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 08 Mar 2013 03:26 AM PST
ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့အနေဖြင့် သဘာဝလွန် ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံမှုများ ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 08:34 PM PST
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် တည်ရှိသော ကျီးကန်းပြင် နစက ဌာနချုပ် လက်အောက်ရှိ စီမံခန့်ခွဲရေး ဌာနသည် တပ်သား အပြောင်းအရွှေ့ လုပ်ရာတွင် နစက အောက်ခြေ တပ်သားများထံမှ လာဘ်ငွေ များ ယူဆောင်နေကြောင်း သတင်း ရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 08:17 PM PST
Posted: 07 Mar 2013 08:15 PM PST
မတ်လ ၈ ရက်နေ့ ထုတ် Prefmier Eleven ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 07:52 PM PST
Osama Bin Laden ရဲ့ သားမက်ဖြစ်သူ al-Qaida အဖွဲ့ ပြောခွင့်ရသူဟောင်း ကို အမေရိကန် က ဖမ်းဆီးရမိထားပြီး၊ တရားစွဲဖို့  နယူးယောက်မြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ Sulaiman Abu Ghaith ကိုသောကြာနေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 02:14 PM PST
ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၁၉/၂၀၁၃ ဖြင့် နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးဖွဲ့စည်းခဲ့သည်။ အဆိုပါ အမိန့်ကြော်ငြာစာ ကို ဇန်န၀ါရီ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းကြီးကြပ်မှု ဗဟိုအဖွဲ့တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 02:04 PM PST
အမေရိကန် ပြည်ထောင်စုက ဖွံ့ဖြိုးမှုအထောက်အ ပံ့တွေပေး တဲ့နေရာမှာ အစိုးရကို ငွေသားချက် လက်မှတ် ထုတ်ပေး လိုက်တာမျိုး မဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အုပ်ချုပ်မှု ဖြစ်ထွန်းအောင် တွန်းအားပေး နေတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။  ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံက အဓိကကျပါတယ်လို့ လည်း USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးရောက်ရှိနေတဲ့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုေ
အဂျင်စီ အကြီးအကဲ Dr. Rajiv Shah က   မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဖွံ့ဖြိုးမှုအထောက်အပံ့တွေပေး
တဲ့နေရာမှာ အစိုးရကို ငွေသားချက်လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု    တာဝန်ခံပြီး အထိခိုက်အလွယ်ဆုံး အကူညီလိုအပ်ဆုံး လူထုအတွက် ၀န်ဆောင်မှုပေးအောင်၊  ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း တွန်းအားပေးနေတာဖြစ်ပါတယ်။ တကယ်လို့ အစိုးရက အဲဒီတာဝန်ကျေပွန်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့ရဲ့ တာဝန်ယူမှုကိုလည်း တိုးချဲ့သွားမှာဖြစ်ပါတယ်။"

အရပ်ဖက်အခြေပြုလူမှုအဖွဲ့အစည်းေ
တွရဲ့ အခန်းကဏ္ဍဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်ဆိုတဲ့ သမ္မတအိုဘားမားရဲ့ မှတ်ချက်ကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

"ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းေ
တွက အဓိကကျပါတယ်။  ဒီကနေ့ ကျနော်တွေ့ခဲ့ရတဲ့ မကွေးမြို့က HIV ပိုးရှိတဲ့ ဝေဒနာရှင်တယောက်က အများပြည်သူ HIV ရောဂါနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးအောင် သူကိုယ်တိုင်အားတက်သရော ကူညီနေပါတယ်။ မန္တလေးက လူငယ်တယောက်ဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်မှာ ပြည်သူ့နီတိ နဲ့ အခွင့်အရေးတွေအတွက် ပညာပေးနေပါတယ်။ ရခိုင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေဟာလည်း အကြမ်းဖက်မှုတွေကြားက ဖြန်ဖြေရေးလုပ်နေကြတာပါ။ ကရင်ပြည်နယ်က သတင်းထောက်တယောက်ဆိုရင်လည်း အပစ်အခတ်ရပ်ရေးသဘောတူညီချက်နဲ့ ပတ်သက်တဲ့ တိကျမှန်ကန်တဲ့သတင်းတွေကိုပေးနေတာပါ။ သူတို့တွေဟာ အရေးပါတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေဖြစ်ပါတယ်။"

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုေ
အဂျင်စီအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး မြင့်မားရေး အဲ့ဒီ့ဝန်ဆောင်မှုတွေကို လူတိုင်း၊ လူတိုင်း လက်လှမ်းမှီရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့်အပြင် ကလေးငယ်တွေ အတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးကိုလည်း ပံ့ပိုးပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

"ကျနော်ဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဟာရကို မကြာခဏ အာရုံစိုက်လေ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ ကလေး ၄၀% ဟာ လောလောဆယ် အလွန်အမင်း အဟာရဓါတ် ချို့တဲ့နေတယ်လို့ သိရလို့ သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဟာရချိုတဲ့မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်း
ကြပြီး ပညာသင်ဖို့ အခက်တွေ့ကြမယ်။ လူ့ဘောင် အသိုင်းအ၀ိုင်း အတွက်လည်း ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ သူတို့ကို ကူညီဖို့ နည်းပညာတခုတည်း မလုံလောက်ပါဘူး။ သူတို့အကူအညီလိုအပ်နေတယ်ဆိုတာကို သူတို့ကိုယ်စားပြောပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံက သိပ်အရေးကြီးပါတယ်။"

ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)

Posted: 07 Mar 2013 02:02 PM PST
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါ သွားပြီဖြစ်ပါတယ်။  သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘောတူ ညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

ဥရောပ ၅ နိုင်ငံကို ဆယ်ရက်ကြာခရီးထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ခရီးစဉ်ရဲ့  နောက်ဆုံးနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး  အီတလီနိုင်ငံမှာ သမ္မတ Giorgio Napolitano၊  လက်ရှိ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ
့ မာရီယိုမွန်တီ (Mario Monti) အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီတလီအစိုးရ က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာဖို့ အတတ်နိုင်ဆုံး အကူညီတွေပေးဖို့ ရှိတယ်လို့  အီတလီနိုင်ငံ တူရင်း (Turin) မြို့တော်ဝန်  ပီယဲရိုဖဆီနို (Piero Fassino) ကပြောပါတယ်။

"ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံက   အစိုးရကလည်း  အခုလက်ရှိမှာ အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် အကူအညီတွေပေးဖို့ ဆန္ဒရှိပါတယ်။ ဒီလိုကူညီဖို့ရာအတွက် ဆက်ဆံရေးကဏ္ဍ အသစ်တရပ် ဖွင့်လှစ်ပြီး နိုင်ငံရေး မှာရော၊ လူမှုရေးပြဿနာတွေနဲပ စီးပွါးရေး အထောက်အကူတွေ ပေးပြီး အားပေးမှာပါ။  မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းတဲ့ကာလ အခြေအနေတွေဟာ ပြောင်းလဲနေတာ မို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဒီပြောင်းလဲမှု ခိုင်ခိုင်မာမာဖြစ်လာဖို့ အတွက် ကူညီရမှာဖြစ်ပါတယ်။"

မစ္စတာ ဖဆီနိုဟာ  ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ  EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားစေဖို့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့သူဖြစ်ပါ
တယ်။ အခု သမ္မတ ဦးသိန်းစိန် ရဲ့ အီတလီခရီးစဉ်အတွင်းမှာ အီတလီအစိုးရ ကနေ မြန်မာနိုင်ငံချေးငွေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့် သဘောတူစာချုပ် တရပ်ကို အီတလီနိုင်ငံခြားရေး ၀န်ကြီး Giulio Terzi နဲ့  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင် တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။  လက်ကျန်ကြွေးငွေပေါ်မူတည်ပြီး အတိုးဆက်ပေးစရာ မလိုတဲ့ ငွေချေးမှုဆိုင်ရာ ပုံစံ ပြန်လည်ပြင်ဆင်ဖို့  သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ အီတလီနိုင်ငံကိုပေးရမယ့် ကြွေးမြီ ဒေါ်လာ ၃ သန်းကို ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ပြောင်းလဲပေးအပ်ဖို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ် ယူရိုငွေ သန်း ၂၀ ချထားပေးဖို့ရှိပါတယ်။  အခုလို အကူအညီပေးတာတွေဟာ မြန်မာနိုင်ငံ လက်ရှိအနေအထားကြောင့်ဖြစ်ပြီး အပြောင်းအလဲကာလအတွက် အီးယူအပါအ၀င် အားလုံးကပံ့ပိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

"အခုလို သဘောတူစာချုပ် ချုပ်တာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်နေတာ မှန်သမျှကို ကျွန်တော်တို့ နိုင်ငံက ထောက်ခံပံ့ပိုးပေးတဲ့ သဘောပါ။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေဟာ သိပ်ကို အရေးပါတဲ့ အနေထားရောက်နေလို့ပါ။   အကူညီကောင်းကောင်းပေးနိုင်ဖို့ တကယ်ဆိုရင် မြန်မာလူမှု အသိုင်းအ၀ိုင်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လုပ်ရမှာလည်း ဖြစ်ပါတယ်။  ငွေရေးကြေးရေး၊ စီးပွါးရေးမှာ ပံ့ပိုးရမှာဖြစ်သလို နိုင်ငံရေးမှာလည်း အားလုံးက ၀ိုင်းပြီး ပံ့ပိုးဖို့ လုပ်ရမှာပါ။"

အီတလီနိုင်ငံ ရဲ့ အခုလုပ်ဆောင်မှုတွေ ဟာ မကြာသေးခင်က မြန်မာနိုင်ငံက ပေးဖို့ ရှိနေတဲ့ကြွေးမြီတွေထဲက Paris Club မှာ ထက်ဝက်လျှော်ပစ်ဖို့ သဘောတူညီမှုရခဲ့တာကို တစိတ်တပိုင်း အကောင်ထည်ဖေါ်တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ၂၀၁၂ - ၂၀၁၃ ခုနှစ်မှာ ယူရိုငွေ သန်းပေါင်း ၁၅၀ ကျော်ချထားပေးဖို့  အစီအစဉ်ရှိသလို  ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အစီစဉ်တွေ ရေးဆွဲနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို
့အပြင်၊  အီးယူကနေ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အဆိုပြုမူကြမ်းကို ရပ်စဲပေးဖို့ ပြောဆိုခဲ့ပေမယ့် ဥရောပလွှတ်တော် လူ့အခွင့်ရေး ဆပ်ကော်မတီအကြီးအကဲ Babrara Lochbihler က တော့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ဆိုင်ရာ တိုးတက်အောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါ်ခင်မျိုးသက် (ဗွီအိုအေ)

မြန်မာသမ္မတဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီ (Credit to အီတလီသမ္မတ ဝဘ်ဆိုက်ဒ် http://www.governo.it)

Posted: 07 Mar 2013 01:54 PM PST
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်ဟာ မတ်လ ၇ ရက်နေ့မနက်မှာတော့ ကလေးမြို့ကနေ မနက် ၉နာရီက ထွက်ခွာလာခဲ့ပြီး နေ့လည် ၃ နာရီမှာ တီးတိန်မြို့ကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ တီးတိန်မြို့မှာတော့ နေ့လည် ၃နာရီမှာ CCJ Hall မှာ ကိုမင်းကိုနိင် ကိုကိုကြီး တို့က လူထုနဲ့တွေ့ဆုံဆွေးနွေးပြောကြခဲ့ပါတယ်။ အဲ့ဒီမှာတော့ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ နဲ့ တောင်ပေါ်မြေပြန့် လူငယ်တိုင်းရင်းသားတွေ အားလုံး စည်းလုံးစွာနဲ့ နိင်ငံတော်ကို ကောင်းအောင် ဆက်လက်ကြိုးစားသွားဖို့ပြောကြားခဲ့ပါတယ်။ (ရိုက်ကူး - စူပါ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 12:49 PM PST
ရခိုင်ပြည်နယ် ထဲက မြို့နယ် ငါးမြို့နယ်မှာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ပြည်ပ အကူ အညီနဲ့ လုံးချင်း အိမ်ရာ တွေ ဆောက်လုပ် ပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက် လူတွေ ထောင်နဲ့ ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။ စစ်တွေ၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့တို့က မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့  ကျောက်တော် မှာ ဆန္ဒပြ ။ ဓါတ်ပုံ - ကိုကျော်သက် - Myanmar News Now

Posted: 07 Mar 2013 12:45 PM PST
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မစ္စတာ သောမတ် အိုဟေး ကင်တားနား

Posted: 07 Mar 2013 12:43 PM PST
အသက် ၅၈ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဗင်နီးဇွဲလားနိုင်ငံ သမ္မတ ဟူဂိုရှာဗက်ဇ်ရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန်မှာ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ လူသေပေမယ့် သမ္မတရှာဗက်ဇ်ဟာ လက်တင်အမေရိကရဲ့ ကြယ်ပွင့်ကြီးအဖြစ် ကမ္ဘာ့သမိုင်းမှာ အမွေအနှစ်ထားခဲ့ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်တင်အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ တက်လာအောင် ရှာဗက်ဇ်နဲ့ ကတ်စ်ထရိုတို့ လက်တွဲ ဆောင်ရွက်ခဲ့ကြပါတယ်။

Posted: 07 Mar 2013 12:41 PM PST
မတ်လ (၇) ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ ၉ အမှတ် ၁၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Mar 2013 12:38 PM PST
မတ်လ(၅)ရက်နေ့ ထုတ် မဇ္ဈိမ အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၂) အမှတ် (၂၄)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 07 Mar 2013 10:50 AM PST
၁၉၆၂ ခုနှစ်မှ စ၍ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ရန်ကုန်-မန္တလေးကို ပြေးဆွဲပေး လျက်ရှိသော မြဧရာဈေး သင်္ဘောကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပြုမည်ကို ဈေးသူ ဈေးသားများက မကျေမနပ်ဖြစ်နေကြကြောင်း ယင်းဈေးသင်္ဘောပေါ်တွင် စဉ့်အိုးများ ရောင်းချသူ ကိုသက်ထွန်းဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  The Myanma Age

Posted: 07 Mar 2013 10:38 AM PST
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ် ကားလမ်း တနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ "အလင်းရောင်"အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲ စီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:32:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.