[mrsorcerer:37516] Fwd: [လူဗိုလ်ဟူသည် ...] သင်ရိုးကုန် (ဂုဏ်ထူး) COURSE OF LOVE (Distinction)

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/9
Subject: [လူဗိုလ်ဟူသည် ...] သင်ရိုးကုန် (ဂုဏ်ထူး) COURSE OF LOVE (Distinction)
To: lubo601@gmail.com

When I know what is love;
She is the one the most I loved.
That is till now what a new story;
But in the length of time glory.

She, who made me this smile;
Still come and comfort me with lies.
My heart was then blind and spent;
Sound sl**ping in the year tenth.

And all the heart has been a wound;
With attachment that she had bound.
But, in spite of many flowers there;
I had never tried for a fragrant smell.

And still floating alone in the bitter sea;
That is what a cunning wave of thee.
But, I love her forever more;
In the deepest heart I adore.

Please, set me free from my nightmare;
And let me see the morning care.
The Oasis, be with all the others;
But her, sure will last forever.

That's the real I got a fl**;
And never sought for the sake of free.
Honestly, I were to be dull and mad;
Just in the deep precipice of death.

And my breath when to be stopped;
With all the miss what I forgot.
But there, a loss of joy in vein;
Coz Fate is ill and still in pain.

Then, when I were to love;
Till the exhaled breath is last.
And coz of you now I realize;
That I have been hating Love...

Jungle Koyin
သင်ရိုးကုန် (ဂုဏ်ထူး)
ငါ...
ချစ်တတ်တုန်းက
အချစ်ခဲ့ဆုံးက မင်းပါ
ဒါဟာ...
အချိန်ကြာညောင်းပေမယ့်
မဟောင်းနိုင်တဲ့ပုံပြင်တစ်ပုဒ်ပေါ့
နှစ်တစ်ကျိပ်မှာ
ငါ့ရဲ့နှလုံးသားကို
မနိုးတမ်းအိပ်ပျော်စေခဲ့သူ
အခုများ...
မုသားတွေနဲ့ချော့မြူပါဦး
ရင်ဘတ်တစ်ခုလုံး
ထုံဆေးထိုးထားသလို
တောင့်တင်းအေးစက်
ပန်းပေါင်းများစွာခူးတတ်ပေမယ့်
မခူးရက်ခဲ့သူ
ငါဟာ...
မင်းရဲ့မာယာကွန်ယက်ထဲ
နစ်မွန်းပျော်ဝင်လို့ကောင်းဆဲလေ
အိပ်မက်ဆိုးတွေများလှပြီ
ငါ့ကို...
နိုးထခွင့်ပြုပါတော့
အချစ်အတွက်
မင်းရှေ့မှာမရှက်မကြောက်
ဒူးထောက်ရဲခဲ့တဲ့ငါ
လက်တွဲဖော်ကိုအခုထိ
မရှာနိုင်သေးဘူး
မင်းမှတပါး
အခြားပန်းတစ်ပွင့်ဆို
ငါရဲ့အိုအေစစ်
ထာဝရရှင်သန်ရစ်မယ်
တကယ်...
ရုန်းထွက်နိုင်စွမ်းရှိပါလျှက်နဲ့
ထွက်ပြေးလွတ်မြောက်ဖို့ကို ငါ
မကြိုးစားခဲ့မိတာကအမှား
ရိုးသားစွာနုံအခဲ့ပြီးမှ
ကိုယ်တိုင်...
ခုန်ချမိတဲ့ချောက်နက်ထဲမှာ
အလွမ်းများစွာနဲ့
သေမယ့်အချိန်ကိုတောင်မျှော်တတ်လာတယ်။

ချစ်တတ်ခဲ့တုန်းက
နောက်ဆုံးထွက်သက်ကြွေချိန်အထိ
အခုတော့လည်း
အချစ်ကိုမုန်းတတ်နေမိပြီပဲလေ...။

တောက ကိုရင်

情课( 高级 )

Qing ke( gao ji)

当我会爱时
dang wo hui ai shi

最爱的
zui ai de

就是你
jiu shi ni

而这一段故事
er zhe yi duan gu shi

不管有多久
bu guan you duo jiu

依然还在新
yi ran hai zai xin

十多年以来
shi duo nian yi lai

你让我的心
ni rang wo de xin
总睡眠不醒
zong shui ming bu xing
而现在
er xian zai
渴望你
ke wang ni
还再撒谎安慰我
hai zai sa huan an wei wo
麻木的心
ma mu de xin
冷冻 一场
leng dong yi chang

尽管中有多花
jing guan zhong you duo hua
虽会而不舍
sui hui er bu she
从来未试
cong lai wei shi
香味芬芬
xiang wei fen fen
在她鬼网中

zai ta gui wang zhong
早已陷入
zao yi xian ru
真无法自拔
zhen wo fa zi ba
从种种恶梦
cong zhong zhong er meng
宁愿醒来
ning yuan xing lai

我为爱
wo wei ai
厚颜无耻
hou yan wu chi
向你求情
xiang ni qiu qing
也如今
ye ru jin
还未有知己
hai wei you shi ji
而为你唯一
er wei ni wei yi
在我的 心底
zai wo de xin di

总会有录洲
zong hui you lu zhou

其实
qi shi
我可以逃避
wo ke yi tao bi
但偏偏勿动
dan pian pian wu dong
且笨傻傻地
qie ben sha sha di

挑下了深井
tiao xia le shen jing
与苦难
yu ku nan
盼望着死亡
pan wang zhe si wang

当我会爱时

dang wo hui ai shi
虽祈祷
sui qi dao

白头谐老
bai tou xie lao
而如今
er ru jin
我已恨爱了.....
wo yi hen ai liao.....

乡下人KOYIN
xiang xia ren KOYIN
(Chinese Version by KHINE)
http://www.facebook.com/akoyin

Credit ....ပုံကို Painting World မှယူသည်။
ချစ်သူဖတ်ဖို့  အချစ်စာမျက်နှာ
http://www.facebook.com/shweeaimsi1

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/10/2013 12:59:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
[mrsorcerer:37513] Fwd: [လူဗိုလ်ဟူသည် ...] ညီမလေးအတွက် စကားလက်ဆောင် (၁၉)

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/9
Subject: [လူဗိုလ်ဟူသည် ...] ညီမလေးအတွက် စကားလက်ဆောင် (၁၉)
To: lubo601@gmail.com

ညီမလေးရေ....
တောင်သာမြို့နယ်က ရွာသစ်ဆိုတဲ့ ရွာကလေးမှာ ဒေါ်တဆုပ် ဆိုတဲ့ အသက်၈၀ကျော် ရူးသွပ်နေတဲ့ အဘွားကြီး တစ်ယောက်ရှိတယ်။ နေစရာလည်း မရှိ။ စားစရာက တောင်းစားနေတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် အသက် ၈၀ ကျော်မှ ၀မ်းရေးအတွက် လည်ပြီးတောင်းစားနေရရှာတယ်။

သူက အမြဲမရူးပါဘူး။ ခံစားချက် အရမ်းပြင်းထန်မှ ရူးသွပ်သွားတာ။

ဒေါ်တဆုပ် ငယ်ငယ်က ပေါ့။
မတဆုပ်ပာာ အပျိုဖျန်းလေးမို့ ရွာက ကာလသားတွေ သိပ်သဘောကျနေခဲ့တာ။ အင်မတန် ချောမောလှပတယ်။တစ်ကောင်ကြွက်ဆိုတော့ မွေးစားအမေ ဒေါ်တင်ထွေးနဲ့ အတူနေတယ်။

သူမကို ကြိတ်ပြီးကြိုက်နေတာက မောင်တင်ကြီးဆိုတဲ့ လူချမ်းသာရဲ့ သားပေါ့။ တိုတိုပြောရရင် မတဆုပ်ကို မောင်တင်ကြီးက တစ်နေ့မှာ မတရား စော်ကားလိုက်တယ်။

မတဆုပ်ပာာ မောင်တင်ကြီးနဲ့ သမီးလေးတစ်ယောက်ရပေမယ့် မောင်တင်ကြီးက သူ့ကိုယ်ဝန်မပာုတ်ပာု ငြင်းဆန်ခဲ့လို့ အဖေမပေါ်ဘဲမွေးခဲ့တယ်။

သမီးလေး စကားပြောတတ်စအရွယ်မှာ ရန်ကုန်က အရာရှိကြီးတစ်ဦးက မွေးစားဖို့ အပြီးခေါ်သွားတယ်။ မတဆုပ်ပာာ သမီးကို လွမ်းပြီး အရူးတစ်ပိုင်း ဖြစ်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ရူးသွပ်လာလိုက်တာ အရူးမကြီးတစ်ယောက် လုံးလုံး ဖြစ်သွားရရှာတယ်။

သမီးလေးကတော့ ကံကောင်းခဲ့တယ်။ ပညာကလည်းတတ်။ ငွေကလည်း ချမ်းသာ။ လင်ယောက်ျားကလည်း အကောင်။

သမီးလေးက ဒေါ်တဆုပ်ကို အမေအရင်းဆိုတာ သိပေမယ့် ရှက်နေတာထင်တယ်။ အဖက်မလုပ်ဘူး။ အသိအမှတ် မပြုဘူး။ တောင်းစားနေရရှာတဲ့ အမေအရင်းကို မိမိဂုဏ်သိက္ခာကို ငဲ့ပြီး ဖုန်းကွယ်နေတယ်။

လွန်ခဲ့တဲ့ ၁၃နှစ်က ၀န်ကြီးဦးအောင်သောင်း ရွာသစ်ကို ရောက်လာတော့ VIPအဖွဲ့ထဲမှာ သူ့ယောက်ျားပါတယ်။ ဒုဗိုလ်မှူးကြီး.........ပါ
ဒေါ်တဆုပ်ရဲ့ သားမက်ပေါ့ ။

သနားစရာဒေါ်တဆုပ်ကတော့ သမီးကို VIP အဖွဲ့ထဲမှာပါလာပေမယ့် မသိရှာဘူး။ သမီးကတော့ သိပါတယ်။ ဒေါ်တဆုပ်က လက်ကလေးမြှောက်ပြီး "၀န်ကြီးနှင့် အဖွဲ့ ကျန်းမာပါစေ"လို့အော်နေတယ်။ ဒီမြင်ကွင်းကို အကြောင်းသိသူတွေက စိတ်မကောင်းရှာဘူး။

အခုထိ ဒေါ်တဆုပ်ပာာ ရှိနေပါသေးတယ်။ သမီးကလည်း တော်တော် အဆင့်မြင့်သွားပြီ။ အမေကတော့ အသက်၈၀ကျော်အထိ အိမ်တကာလည်းပြီး တောင်ဝှေးတစ်ချောင်းနဲ့ ထမင်းတောင်းနေရရှာတယ်။

ညီမလေးရေ....
အရူးကလည်း အမေပါပဲ။ သမီးကို ချစ်လွန်း လွမ်းလွန်းလို့ ရူးခဲ့ရတာပါ။ နို့တစ်စက် တန်ဖိုးလေးတောင် ကျေးဇူးမသိတဲ့သမီးမျိုးကို လူတိုင်းမုန်းတီးကြတယ်။

အမေပာာ ကောင်းကောင်း ဆိုးဆိုး အမေပါပဲ။ ညီမလေးပာာ ဒီလို သမီးမိုက်မျိုးကို သင်ခန်းစာယူပြီး မိဘကို ပြစ်မထားပါနဲ့လို့ သတိပေးပါရစေ။
အားလုံးကို လေးစားခင်မင်လျက်
ပြည်ငြိမ်း

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/10/2013 12:53:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
[mrsorcerer:37513] Fwd: [လူဗိုလ်ဟူသည် ...] ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/9
Subject: [လူဗိုလ်ဟူသည် ...] ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
To: lubo601@gmail.com

Nay Ko Ko shared Myanmar Online News's photo.
ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်  Saturday, March 9, 2013    မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။    အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး  မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင် လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
Saturday, March 9, 2013

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး
မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင် လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
"မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်" ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန် ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ် မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။

The Voice Weekly

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/10/2013 12:50:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
[mrsorcerer:37513] Fwd: [လူဗိုလ်ဟူသည် ...] လျှပ်စစ်မီး မလိုတဲ့ မြေအိုးရေခဲသေတ္တာ

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/9
Subject: [လူဗိုလ်ဟူသည် ...] လျှပ်စစ်မီး မလိုတဲ့ မြေအိုးရေခဲသေတ္တာ
To: lubo601@gmail.com

Thein Moe and 4 others shared Myanmar Online News's photo.
လျှပ်စစ်မီး မလိုတဲ့ မြေအိုးရေခဲသေတ္တာ  Saturday, March 9, 2013    လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို  နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက်  ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။     အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။     ၂၀၀၀ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀၀ ပါဝင်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။     သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီ၈ျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။     မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀၀ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ သုံးခဲ့ဖူးပါတယ်။      သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀၀ လောက်က မြေထည် အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ   အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။     ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။     အသုံးပြုပုံကတော့…     စဥ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်။ ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွှံ့နဲ့ပိတ်ထားရပါမယ်။     ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။ ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။      အဲဒီသဲထဲ ကို ရေ လုံးဝ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။ ပြီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီးဝလံတွေ ထည့်လိုက်ပြီး အ၀ကို ရေစို အ၀တ်နဲ့ အုပ်ထားလိုက်ပါ။     ဒါဆို မြေအိုး ရေခဲသေတ္တာရဲ့အစွမ်းကို သိရပါတော့မယ်။ အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာ မှာထားရပါမယ်။ အဖုံးအုပ်ထားတဲ့ ရေစိုဝတ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။  -     ၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄၀ ကျော် လျော့ကျပြီး   အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။    တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့် လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ လေးတွေကို ရောင်းစားလာတာ   အခုထိပါပဲ။      ၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅၀ နိုက်ရာ   ( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀၀ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ   သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။     ဒီအကြောင်း အပြည့်အစုံကိုလည်း ၀ီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။     လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ၊   စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။     အိမ့်သံစဉ်   ဧရာဝတီ
Saturday, March 9, 2013

လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို
နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက်
ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။

အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။

၂၀၀၀ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀၀ ပါဝင်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။

သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီ၈ျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။

မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀၀ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ သုံးခဲ့ဖူးပါတယ်။

သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀၀ လောက်က မြေထည် အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ
အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။

ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့…

စဥ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်။ ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွှံ့နဲ့ပိတ်ထားရပါမယ်။

ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။ ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။

အဲဒီသဲထဲ ကို ရေ လုံးဝ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။ ပြီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီးဝလံတွေ ထည့်လိုက်ပြီး အ၀ကို ရေစို အ၀တ်နဲ့ အုပ်ထားလိုက်ပါ။

ဒါဆို မြေအိုး ရေခဲသေတ္တာရဲ့အစွမ်းကို သိရပါတော့မယ်။ အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာ မှာထားရပါမယ်။ အဖုံးအုပ်ထားတဲ့ ရေစိုဝတ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။ -

၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄၀ ကျော် လျော့ကျပြီး
အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။

တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့် လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ လေးတွေကို ရောင်းစားလာတာ
အခုထိပါပဲ။

၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅၀ နိုက်ရာ
( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀၀ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ
သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။

ဒီအကြောင်း အပြည့်အစုံကိုလည်း ၀ီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။

လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ၊
စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/10/2013 12:42:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
[mrsorcerer:37513] Fwd: [လူဗိုလ်ဟူသည် ...] ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/9
Subject: [လူဗိုလ်ဟူသည် ...] ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ
To: lubo601@gmail.com

Nay Ko Ko and 3 other friends shared TechSpace Journal's photo.
ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ     အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။     ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။     Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။     မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။     ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။   ---  Ref: wiki  Aung Kham (TSJ team)    --  http://blog.techspace.com.mm/2013/03/blog-post_9.html    --

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင်ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
---
Ref: wiki
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/blog-post_9.html

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/10/2013 12:44:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] C++ သင်တန်းလေးတွေအကြောင်း ဆွေးနွေးပေးပါဦး...

Posted: 10 Mar 2013 07:09 AM PDT

[Information & Technology Network] gtalk idle windows 7 လိုချင်လို့ပါ

Posted: 10 Mar 2013 05:49 AM PDT

[Information & Technology Network] gtalk idle windows 7

Posted: 10 Mar 2013 05:48 AM PDT

[Information & Technology Network] 500 GB external hard disk (Western Digital) good...

Posted: 10 Mar 2013 03:11 AM PDT

[Information & Technology Network] Programmer လိုချင်ပါသည်။ Senior Programmer ရော...

Posted: 10 Mar 2013 03:00 AM PDT

[Information & Technology Network] တော်တော်များများ သတိမထားမိကြတဲ့ ကိစ္စတစ်ခုကို...

Posted: 10 Mar 2013 12:59 AM PST

[Information & Technology Network] AOC Monitor တွေအကြောင်း သိချင်ပါတယ်။

Posted: 10 Mar 2013 12:09 AM PST

[Information & Technology Network] အင်တာနက်ကွန်ရှင်ကို အခြားကွန်ပျူတာကနေပီး...

Posted: 09 Mar 2013 10:56 PM PST

[Information & Technology Network] Yastor...software..လေး..သိကြလား..ခင်ဗျ..

Posted: 09 Mar 2013 10:31 PM PST

[Information & Technology Network] PSP ထဲကို ဂိမ်းဘယ်လို ထည့်ရမလဲ ခင်ဗျာ

Posted: 09 Mar 2013 08:46 PM PST

[Information & Technology Network] iphone 3G ios 4.2.1 ကို ဘယ်လို jail ရမလဲဆရာတို့ရေ...

Posted: 09 Mar 2013 08:42 PM PST

[Information & Technology Network] http://www.aungkyaw.com/2013/03/scan-pdf.html

Posted: 09 Mar 2013 08:01 PM PST

[Information & Technology Network] အကိုတို့ကူညီပေးပအါနော် ကေန်ပျူတာတစ်လုံးနဲ့တစ်လုံး...

Posted: 09 Mar 2013 07:46 PM PST

[Information & Technology Network] ဘောလုံးပွဲ အဖြေကြည့်ရှုလိုသူများအတွက်

Posted: 09 Mar 2013 07:35 PM PST

[Information & Technology Network] ဆော့ဝဲလ်မြို့တော်: CCleaner တို့ System Care တို့ထက်ကောင်းတဲ့ Wis...

Posted: 09 Mar 2013 06:43 PM PST

[Information & Technology Network] http://phpusergroup.com/

Posted: 09 Mar 2013 06:12 PM PST

[Information & Technology Network] မန်းလေးမှာ ဂိမ်းဆိုင်ဖြစ်ဖြစ်...

Posted: 09 Mar 2013 05:38 PM PST

[Information & Technology Network] facebook ကို ဘယ်နေရာကနေ သုံးနေသလည်းဆိုတာ......

Posted: 09 Mar 2013 04:16 PM PST

[Information & Technology Network] ကျွန်တော့်ရဲ့...

Posted: 09 Mar 2013 01:30 PM PST

[Information & Technology Network] Photo ထုတ်လို့ရတဲ့ ပရင်တာ အသေးလေးတွေ...

Posted: 09 Mar 2013 12:21 PM PST

[Information & Technology Network] ဆော့ဝဲလ်မြို့တော်: ကွန်ပျူတာ Shutdown နဲ့ Restart ... ကို ကြိုတင်...

Posted: 09 Mar 2013 11:25 AM PST

[Information & Technology Network] Guys. New Facebook Version is 2.2 or 2.2.1? For...

Posted: 09 Mar 2013 10:46 AM PST

[Information & Technology Network] ဆော့ဝဲလ်မြို့တော်: ezPDF Reader Multimedia PDF ( Android )

Posted: 09 Mar 2013 10:07 AM PST

[Information & Technology Network] ဘော်ဘော်တို့...

Posted: 09 Mar 2013 09:51 AM PST

[Information & Technology Network] တခုလောက်မေးချင်ပါတယ် ကျနော့အကောင့်က Like Page...

Posted: 09 Mar 2013 09:17 AM PST