- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:37618] မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း
Attached is a religious based "Attitude Article"...
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:350613
--
With Faithfully
Zaw Aung
Mobile: Singapore +65 93360662
Email: uzawaung-At-gmail.com Web: murann-dot-com
Grace be with you all
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- RCSS ၏ စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်
- စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ်
- မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင်သင့်
- ဓါးထိုးသတ်ခံရ ကျားဖြူဥက္ကဌတူ အမှုကို မတ်လ ၂၂ ရက် နေ့တွင်ရုံးပြန်ချိန်း
- မြစ်ကြီးနား - ဗန်းမော် ကားလမ်း ပြန်ဖွင့်ပြီ
- တာချီလိတ်မြို့ဆန်ဆိုင်းဈေး စည်ပင်မြေတွင်တရားမဝင်ငွေကြေးကောက်ခံခြင်းအား ဖြေရှင်းပေးပါရန်
- မူစယ်မြို့မှ အကျော်ကြားဆုံး၂၀၁၃ ဆီးဂိမ်းအကြို အကောက်ခွန် နှင့် န.က.သ လက်ဝှေ့ပွဲ
| RCSS ၏ စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက် Posted: 18 Mar 2013 07:41 PM PDT သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်အတွင်းရှိ RCSS/SSA ၏ လွယ်နဂါးတောင်ကြောရှိ လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရစစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောပါသည်။ စခန်းတခုမှ သျှမ်းပြည်တပ်မတော်တပ်သားများ (jamesrobertfuller.photoshelter.com)" ၁၅ နဲ့ ၁၆ ရက်နေ့ ၂ ရက်စလုံး ပစ်တယ်။ ၁၂၀ မမ၊ ၁၀၅ မမ တွေနဲ့ ပစ်တယ်။ ကျနော်တို့ စခန်းဟောင်း ဆီကိုပစ်တာ။ အဲဒီစခန်းကနေ ကျနော်တို့ အရင်အပတ်ကတည်းက ခွါလိုက်တာလေ။ ကျနော်တို့ဘက်ကတော့ ပြန်မပစ်ခတ်ပါဘူး" ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦးကပြောပါသည်။ မြန်မာစစ်တပ် စကခ ၂ လက်အောက်ခံ မိုင်းနောင် ၊ ကျေးသီး အခြေစိုက် ခလရ ၂၈၆၊ ၂၈၇၊ ၁၃၂ တို့မှ တပ်ရင်း များက ဟိုမိန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ တပ်စခန်းများအား လိုက်လံတိုက် ခိုက်နေကြောင်း၊ ဖေဖော်ဝါရီလကုန်နောက်ဆုံးထား၍ လွယ်လန်းတပ်စခန်းမှ ဆုတ်ခွါရန် ရလခ တိုင်းရုံးက ညွှန်ကြားလာကြောင်း၊ သို့သော် သျှမ်းပြည်တပ်မတော်က မတ်လ ၁၁ ရက်နေ့မှ ဆုတ်ခွါသဖြင့် မြန်မာစစ်တပ်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိကပြောပါသည်။ "လူမရှိတော့တဲ့ စခန်းအလွတ်ကို ၂ ကြာတိုက်ခိုက်တယ်။ ကျနော့်အမြင်ကတော့ - အထက်က တိုက်ဖို့ အမိန့် ချလာလို့ လုံးဝစစ်ဆင်တိုက်ခိုက်ရတယ်။ ဒါမှ မဟုတ် ကျနော်တို့ တပ်စခန်းကို သူတို့တိုက်ယူရတယ် ဆိုတာကို အထက်ကို တင်ပြချင်လို့ တိုက်ပွဲအတု ဆင်နွဲတာဖြစ်နိုင်တယ်။ နောက်တခုက စခန်းကနေ ရုပ်ပေးဖို့ ညွှန်ကြား ထားလို့ မပြောင်းပေးရင် မရုပ်ပေးရင် မြန်မာစစ်တပ်ဘက်က အင်အားသုံးတိုက်ယူရမယ် ဆိုတာ သူတို့မှာ ပေါ်လစီ ရှိလို့ - လို့ဘဲ ထင်တယ်။ ဒါပေမယ့် ကျနော်တို့က ၁၁ ရက်နေ့ကတည်းက ထွက်ထားပြီးပြီ" ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။ ယခု လွယ်လန်းတပ်စခန်းအားတိုက်ခိုက်နေသည်မှာ မြန်မာစစ်တပ်မှ အင်အား ၂၀၀ ခန့်ရှိပြီး ဟိုမိန်း နယ်ခြား ကာကွယ်ရေးတပ်ဖွဲ့ ( နမ့်စန်၊ ကျိုင်းတောင်းဘက်) မှ အင်အား ၁၀၀ ခန့်လည်း ပါဝင်ပူးပေါင်းခဲ့ကြောင်း၊ စစ်ယာဉ်တန်း ၁၃ စီးထက်မနည်း ရှိကြောင်း၊ အဖွဲ့ ၃ ဖွဲ့ခွဲ၍ နေရာ ၅ နေရာမှ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါသည်။ လွယ်နဂါးတောင်ကြောသည် ဟိုမိန်းမြို့နယ် အနောက် တောင်ဘက် ကီလိုမီတာ ၂၀ ကျော်အကွာတွင် တည်ရှိ သည်။ RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ပြည်ထောင်စုအဆင့် ဆွေးနွေးကြစဉ် ဟိုမိန်း၊ မိုင်းထားနှင့် မိုင်းတော့တို့တွင် သျှမ်းပြည်တပ်မတော်၏ တပ်မိသားစု နေရာချထားရန် သဘောတူညီမှုရရှိထားကြသော်လည်း မြန်မာစစ်တပ်က ယနေ့တိုင် အကောင်အထည်ဖော်ခွင့်မပေးဘဲ တိုက်ခိုက်နေဆဲဖြစ်ပါသည်။ |
| စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ် Posted: 18 Mar 2013 07:40 PM PDT ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု၌စွပ်စွဲခံရပြီး တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးခံရသော စိုင်းနော်ခမ်းအမှုအတွက် နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်အား တရုတ်အစိုးရက မြန်မာ အစိုးရထံ ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်"မနေ့က ၁၁ နာရီ လောက်ပေါ့ ကျိုင်းတုံကိုရောက်လာတာ။ လောလောဆယ်တော့ သူ့ရဲ့လုံခြုံရေးအတွက် သူ့ကိုဘယ်မှာ ထားတယ်ဆိုတာ အာဏာပိုင်တွေ မပြောပြသေးဘူး။ နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ သွားထားမယ်လို့လဲ သတင်းတွေ ထွက်နေတယ်၊ သူ့မိသားစုကော ခေါ်မယ်လို့ ကြားတယ် " ဟု စိုင်းအောင်မြတ်၏ မိတ်ဆွေတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ ယမန်နှစ် ဩဂတ်စ်လ က နိုင်ငံတော်သက်သေအဖြစ် ကျိုင်းတုံ-မိုင်းလားလမ်းမှ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းခံရသော စိုင်းနော်ခမ်း၏တပည့်တဦးဖြစ်သူ စိုင်းအောင်မြတ်အား စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး ၂ ပတ်အကြာ မတ်ခ်ျလ ၁၇ ရက် တနင်္ဂနွေနေ့၌ ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ "နေပြည်တော်ကနေ လာတဲ့ စရဖအရာရှိ ကျိုင်းတုံကိုရောက်လာတယ်။ မိုင်းလားဘက်ဆက်တက်သွားပြီး စိုင်းအောင်မြတ် ကိုသွား ကြိုတာလေ။ သူအသွားတုန်းကလမ်းအတိုင်းဘဲ ပြန်ပို့တာ၊ တရုတ်ရဲတွေလဲ မိုင်းလားအထိလာပို့တယ်" ဟုလည်း ဆွေမျိုးတော်စပ်သူ တဦးကပြောပါသည်။ စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက်နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးရန် တရုတ်ကတောင်းဆိုသဖြင့် မြန်မာအစိုးရ မှ တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနားအဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကျိုင်းတုံ - မိုင်းလားလမ်း မှတဆင့် တရုတ်နယ်စပ် ဖြတ်သန်းကာ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ စိုင်းနော်ခမ်းကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အစိုးရက မတ်လ ၁ ရက်နေ့ ဆေးထိုးသတ် သေဒဏ်ပေး လိုက်ပြီး ၂ ပတ်အကြာ ဆွေမျိုးမောင်နှမများက တာချီလိတ်မြို့နယ် ပါမိတ်ရပ်ကွက်တွင် (စိုင်းနော်ခမ်း၏အလောင်းအစား ၎င်း၏ အဝတ်အစားများ အသုဘ အခေါင်းထဲထဲ့၍ ) ၎င်း၏ဓါတ်ပုံဖြင့် အသုဘအခမ်းအနား ကျင်းပပေးခဲ့ ကြောင်း၊ သတင်းထောက်များနှင့် အစိုးရစစ်တပ်ပိုင်းမှ လာရောက်မေးမြန်းမှုများကြောင့် အသုဘ ၇ ရက်ထားမည့် အစီအစဉ်အား ဖျက်လိုက်ရပြီး အလောင်းမဲ့အခေါင်းကို ၃ ရက်မြောက်နေ့၌ မီးသဂြိုဟ်လိုက်ရကြောင်း နီးစပ်သည့်ဆွေမျိုးတဦးကလည်းပြောပါသည်။ စိုင်းနော်ခမ်းအား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင်အမိန့်ပေးသူအဖြစ် စွပ်စွဲခံရသော်လည်း တရုတ် အစိုးရ ဆေးထိုးသတ်သေဒဏ်ပေးလိုက်သည်အထိ အမှုဝန်ခံသွားခြင်းမရှိပေ။ ၎င်းအလောင်းအားလည်း မြန်မာသို့ ပြန်ပို့ ပေးမည်ဟု တရုတ်အစိုးရ ပြောဆို ခဲ့ဘူးသော်လည်း မြန်မာအစိုးရဘက်မှ အရေးယူပြောဆိုမှုမရှိသဖြင့် အလောင်း အား ပို့ဆောင်ပေးခြင်းမရှိကြောင်း ၎င်း၏ဆွေမျိုးဘက်မှ တောင်းဆိုခြင်းလည်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြန်လည်ပြောပြပါသည်။ |
| မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင်သင့် Posted: 18 Mar 2013 07:39 PM PDT တိုင်းရင်းသားမီဒီယာများစုပေါင်းဖွဲ့စည်းထားသည့် ဘီအဲန်အိုင် က မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ 'မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အမေရိကန် တိုက်ရိုက်ပတ်သက်သင့်' သည်ဟု ပြောကြားလိုက်ပါသည်။ ![]() "ထိုင်းနိုင်ငံမှာလုပ်တဲ့ တွေ့ဆုံပွဲမှာဆို ဂျပန်က ကမကထ ပြုတယ်။ မူစယ်တဘက်ခြမ်းရွှေလီမှာ တွေ့ဆုံ တာက တရုတ်က တိုက်ရိုက်ပတ်သက်တယ်။ ဝင်ရောက်စွက်ဖက်တယ်လို့တောင် ကြားရတယ်။ ဂျပန်နဲ့ တရုတ်က ရန် ဘက်လေ။ ငြိမ်းချမ်းရေးလမ်းစဉ်က ဖြောင့်တော့မှာမဟုတ်ဘူး။ သူတို့နှစ်ဦးဘဲ ပြိုင်လုမနေ ရအောင် အမေရိကန် ပါဝင်လာသင့်တယ်" - ဟု Deciphering – Myanmar's Peace Process အစီရင်ခံစာ ထုတ်ပြန် မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောပါသည်။ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဉက္ကဌ ဦးအောင်မင်း အဖွဲ့ နှင့် UNFC ကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း မှ ကမကထ ပြု၏။ မတ် ၁၁ ရက်နေ့ ကေအိုင်အို နှင့် ဦးအောင်မင်းတို့အဖွဲ့ တရုတ်နယ်စပ် ရွှေလီမြို့၌ တွေ့ ဆုံရာတွင် တရုတ်အစိုးရက ကမကထပြုသည်ဟုဆို၏။ "ရွှေလီတွေ့ဆုံပွဲ တရုတ်က ဝင်ပါလာလို့ တချို့ဟာတွေ ဆုံးဖြတ်ချက်ထဲ မပါလိုက်ရဘူး။ humanitarian assistant တို့ ceasefire monitoring တို့ မပါဘူးလေ။ အဲဒီကိစ္စထည့်ထားရင် အနောက်နိုင်ငံက NGO တွေဝင်လာမယ်။ ဒါကိုတရုတ်က မကြိုက်ဘူး၊ အဲဒါကြောင့် တရုတ်က တဘက်၊ ဂျပန်က တဘက် လွန်ဆွဲ နေရင် မြန်မာ့ငြိမ်းချမ်းရေးလဲ ဟိုမရောက်ဒီမရောက် ဖြစ်သွားနိုင်တယ်၊ ပိုမိုကြန့်ကြာသွားနိုင်တယ်" - ဟု ပြောပါသည်။ Deciphering – Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား သတင်းစာရှင်းလင်းပွဲကို ဘီအဲန်အိုင် အကြီးအကဲများဖြစ်သည့် ဦးခွန်စိုင်း၊ နန်းဖေါ့ကေ နှင့် စိုင်းလိတ် တို့က ဦးဆောင်ပြီး ဘန်ကောက်မြို့ FCCT -The Foreign Correspondents' Club of Thailand ၌ ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ၁၉၆ စာမျက်နှာ ရှိ Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား ဖတ်ရှုရန် - http://www.mmpeacemonitor.org/#!deciphering-myanmars-peace-process/chz2 |
| ဓါးထိုးသတ်ခံရ ကျားဖြူဥက္ကဌတူ အမှုကို မတ်လ ၂၂ ရက် နေ့တွင်ရုံးပြန်ချိန်း Posted: 18 Mar 2013 07:37 PM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် လူသတ်မှုကျူးလွန်သော ပြည်သူ့လွှတ်တော်အမတ်(ပန်းဆေး ပြည်သူစစ်ခေါင်း ဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန် နှင့် အပေါင်းအပါ အိုက်ဆမ် တို့အား ယခုလ ၁၄ ရက်က မူစယ်ခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက် ကြောင်း သိရှိရသည်။ မတ်ခ်ျလ ၁၄ ရက်က တရားခံအား ရုံးထုတ်စစ်ဆေးစဉ်" ၁၄ ရက် မနက်ပိုင်း ၁၀ နာရီခွဲမှာ တရားခံ ၂ ယောက်ကို တရားရုံးကို ခေါ်လာတယ် ၊ လုံခြုံရေးတော့ အပြည့်ပဲဗျာ၊ ရဲ ၃၀ လောက်ရှိမယ်၊ တရားခံ ရဲအောင်ထွေးကိုတော့ ဘာမှမမေးဘူး ၊ အိုက်ဆမ် ကိုတော့ "မင်းကော ရှေ့နေ ငှားပြီး အမှု လိုက်မလား" လို့ရုံးတော်ကမေးတော့ အိုက်ဆမ်က " မငှားဘူး၊ မလိုက်ဘူး" ပြန်ဖြေတယ်။ ပြီးတော့ နမ့်ခမ်းရဲအုပ်ကျော်စိုး ၊ နမ့်ခမ်းမြို့စာရေးတန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းထွန်းလှ နဲ့ နမ့်ဖတ်ကာ အုပ်ချုပ်ရေးမှူး တို့ကို တရားရုံးက ဆက်ပြီး မေးမြန်းတယ်" ဟု သေဆုံးသူ၏ ဆွေမျိုး တော်စပ်သူတစ်ဦးကပြောသည်။ တရားခံ အိုက်ဆမ်နှင့် လိဖန်နမ့်ခမ်း မြို့နယ် ဝိန်းဆာကျေးရွာ ဇာတိဖြစ်သည့် (လူသတ်တရားခံအား ဆိုင်ကယ်မောင်းပေးသူ ) အိုက်ဆမ်ကိုလည်း နမ့်ခမ်းအာဏာပိုင်များက ယခုလဆန်းပိုင်းက ဖမ်းဆီးရမိခဲ့သည်။ ကျန်တရားခံ ၂ ဦး ဖြစ်သော နမ့်ခမ်းမြို့ စာရေးတန်း ရပ်ကွက် နေ တရုတ်လူမျိုး အားကျိ နှင့် နမ့်ဖတ်ကာ မြို့နယ်နေ ကချင်လူမျိုး အားနော် တို့မှာထွက်ပြေးလွတ်မြောက် လျှက်ရှိရာ သက်ဆိုင်ရာမှ ဖမ်းဝရမ်းထုတ်ထားကြောင်းသေဆုံးသူ၏ အမျိုးတော်စပ်သူက ဆက်လက်ပြောပြသည်။ " ရုံးချိန်းတဲ့ ၁၄ ရက်တုန်းက မူစယ်တရားရုံးမှာ မူစယ်၊ နမ့်ခမ်း ကလာရောက်စောင့်ကြည့်တဲ့ ဒေသခံ ၁၀၀ လောက် ရှိတယ်။ နေ့လည်စာ ကိုတော့ မူစယ်စက်မှုဇုံက စေတနာရှင်က လာရောက် ကျွေးမွေး တယ် ၊ သက်ဆိုင်ရာကနေ ဒီအမှုကို တရားမျှတစွာ မကိုင်တွယ်ပေးရင်တော့ အခြေအနေက မလွယ်ဘူး ။ ကျနော်တို့တွေ ဒီအတွက် စိုးရိမ်နေကြတယ် " ဟု မူစယ်မြို့မှ နိုင်ငံရေးပါတီ ၀င်တစ်ဦးကပြော သည်။ ဓါးခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်သော စိုင်းလိုင်းပန်အတွက် ဆေးကုသစရိတ် နှင့် သေဆုံးသူ မိသားစု အတွက် ငွေကြေးထောက်ပံ့မှုရရှိရေး လက်ကမ်းစာစောင်များကိုလည်း မူစယ်နှင့်နမ့်ခမ်းမြို့ အတွင်း ဖြန့်ဝေနေကြသည်ကိုတွေ့ရပြီး ယခုလက်ရှိ ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၃၀ ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း လှုပ်ရှားမှု၌ပါဝင်သော လူငယ် တစ်ဦးကဆိုသည်။ မတ်လ ၁၄ ရက်နေ့ တရားခံနှင့်တရားလိုသက်သေများကို ရုံးထုတ်စစ်ဆေးပြီးနောက် မူစယ်တရားရုံးမှ ယခုလ ၂၂ ရက် ထပ်မံရုံးချိန်းလိုက်ကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်းသိရှိရပါသည်။ |
| မြစ်ကြီးနား - ဗန်းမော် ကားလမ်း ပြန်ဖွင့်ပြီ Posted: 18 Mar 2013 07:36 PM PDT ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ခဲ့သည့် KIOနှင့် အစိုးရတပ် နှစ်ဘက်တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ကား အသွား အလာများ ရပ်ဆိုင်းနေသော မြစ်ကြီးနား - ဗန်းမော်ကားလမ်းကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီး ဗန်းမော်မှ မြစ်ကြီးနားသို့ ကား ၈ စီး စတင်ထွက်ခွာကြောင်း သိရသည် ။ ယနေ့ နံနက် ၈ နာရီချိန်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းတိုက် အရှေ့တွင် အဆိုပါ ကားလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဗန်းမော်မြို့ အခြေစိုက် စကခ ၂၁ မှူးကိုယ်တိုင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။ "ဒီမနက် ၈ နာရီမှာ ဖွင့်ပွဲလုပ်တယ် မနောဧရာယာဉ်လိုင်းပေါင်းစုံပေါ့။ စကခမှူးကိုယ်တိုင်လာဖွင့်သွားတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဗင်ကား ၅ စီး ဟိုင်းလက် ၃ စီး မြစ်ကြီးနားကို ထွက်သွားပြီ " ဟု အဆိုပါ မြို့ခံက ပြောသည် ။ ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အပြီး ယခု ကားလမ်းပြန်ဖွင့်မည့် အစီအစဉ်အား ဗန်းမော်မြို့တွင် ဆိုင်းဘုတ်များချိတ်ဆွဲ၍ ကြိုတင် အသိပေးကြေငြာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။ ရွှေလီ တွေ့ဆုံပွဲ၌ အစိုးရဘက်မှ အပစ်ရပ်ရေး လက်မှတ်ထိုးရန် အပါအဝင် မြစ်ကြီးနား - ဗန်းမော်ကားလမ်းဖွင့်ရေး စသည့် အချက်များကို KIO ထံ တောင်းဆိုခဲ့သည် ။ သို့သော် ဆွေးနွေးပွဲအပြီး နှစ်ဘက် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၄င်းအချက် ပါဝင်ခြင်း မရှိသော်လည်း လက်ရှိတွင် အခြေအနေများ တိုးတက်လာပုံရသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည် ။ "တရုတ်နိုင်ငံသားတွေ အရင်တိုက်ပွဲစဖြစ်တဲ့ ၁၇ မိုင်နားက ရေအားလျှပ်စစ်စက်ရုံ ပြန်ပြင်နေပြီ။ ကားလမ်းမှာ မိုင်းရှာတာ တွေလည်း လုပ်နေတယ်။ တပ်တွေပြန်ရုပ်တာတော့ မကြားသေးဘူး။ အရင်တပ်မ ၁၀၁ နေရာကို တပ်မ ၃၃ နဲ့ လဲလှယ် တယ်။ အခုကားလမ်းပြန်ဖွင့်ပြီဆိုတော့ အခြေအနေတွေ ကောင်းလာပုံရတယ် " ဟု ၄င်းက ဆိုသည် ။ မြစ်ကြီးနား - ဗန်းမော်လမ်း၌ ကားအသွားအလာများ ရပ်ဆိုင်းထားသည့် ကာလအတွင်း ဒေသခံများ အနေဖြင့် ရေလမ်း ခရီးကိုသာ အားထား သုံးစွဲခဲ့ရကြောင်း သိရသည် ။ |
| တာချီလိတ်မြို့ဆန်ဆိုင်းဈေး စည်ပင်မြေတွင်တရားမဝင်ငွေကြေးကောက်ခံခြင်းအား ဖြေရှင်းပေးပါရန် Posted: 18 Mar 2013 07:34 PM PDT သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ တာချီလိတ်မြို့ဆန်ဆိုင်းဈေးကားလမ်းဘေးတွင် ဈေးလာဝယ်သောကားများဆိုင်ကယ်များသည် ရပ်နားခအဖြစ် အခကြေးငွေပေးဆောင်နေရပါသည်။ ![]() ဈေးဝယ်ရန်အတွက်ခဏလေးရပ်လျှင်လည်း မရကြောင်း ရပ်နားခ အခကြေးငွေပေးမှရပ်ခွင့်ရှိကြောင်း ပြောဆိုမောင်းထုတ်နေပါသည်။ ထို့ကြောင့်မည်သူ့ခွင့်ပြုချက်နှင့်ကောက်ခံနေပါသလဲ ဟု စုံစမ်း မေးမြန်းရာ ဆန်ဆိုင်းဈေးသူဌေးအား တနေ့လျှင် (၅၀၀)ဘတ်ပေးသွင်း၍ ကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။ ကျနော်တို့ကားများဆိုင်ကယ်များရပ်သောနေရာသည် ၄င်းတို့၏ဈေးဧရိယာနှင့် လည်း မသက်ဆိုင်သော ဈေးတဖက်ခြမ်း ကားလမ်းမတဖက် စည်ပင်ပိုင်မြေတွင်လည်း ရပ်၍ မရဖြစ်နေပါသည်။ အထက်ပါ ဖြစ်စဉ်အား သက်ဆိုင်ရာမှတာဝန်ယူဖြေရှင်းပေးနိုင်ရန်ဓါတ်ပုံနှင့်တကွတင်ပြလိုက်ပါသည် ![]() ![]() ![]() တာချီလိတ်သား |
| မူစယ်မြို့မှ အကျော်ကြားဆုံး၂၀၁၃ ဆီးဂိမ်းအကြို အကောက်ခွန် နှင့် န.က.သ လက်ဝှေ့ပွဲ Posted: 18 Mar 2013 07:33 PM PDT သို့- သျှမ်းသံတော်ဆင့် ၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ရး၃၀ အချိန်ခန့် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းနှင့်ဆက်နွယ်ပြီး ည ၁၁: ၃၀ ခန့်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ထပ်မံဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ၇:၃၀နာရီအချိန်တွင် မူဆယ် ၁၀၅ မိုင်မောင်းတံဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အကောက်ခွန်ဝန်ထမ်း ဦးထွန်းဝင်းနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ ဒေသတွင်းစားသုံးရန်တင်ဆောင်လာသောအာလူး၊ မုန်လာဥအနီ၊ မုန်လာဥအဖြူ၊ ငရုတ်ပွနှင့်အခြားသစ်သီးများ တင်ဆောင်လာသောကားနှစ်စီးအားစစ်ဆေးနေစဉ် ဟိုင်းလပ်ကားအဖြူရောင်မှ အမည်မသိလူနှစ်ဦးက ဓါတ်ပုံရိုက်ယူနေကြောင်းတွေ့ရှိရသဖြင့် မည်သည့်အတွက်ကြောင့် ဓါတ်ပုံရိုက်နေကြောင်း မေးမြန်းရာ မချေမငံပြောဆိုမှုဖြစ်ပွားပြီး ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့ ပါသည်။ ထိုအမည်မသိလူနှစ်ဦးမှာ၎င်းတို့သည် နယ်စပ်ကုန်သွယ်ရေး Mobile Team တွင်တာဝန် ထမ်းဆောင် နေသော တပ်မတော်မှအသွင်ပြောင်းဦးစီးအရာရှိတစ်ဦးနှင့် အခြားအဆင့်တစ်ဦး ဖြစ်ကြောင်း ပြောဆို သည်ဟုသိရပါသည်။ ၄င်း ၀န်ထမ်းနှစ်ဦးမှာ တာဝန်ကျဝန်ထမ်း ယူနီ ဖောင်းဝတ်ဆင် ထားခြင်း မရှိဘဲ အရပ်ဝတ်သာဝတ်ဆင်ထားပြီး သောက်စားမူးယစ်ထားသည်ဟုသိရပါသည်။ Mobile Team ၏ တာဝန် အမှန်မှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အခြားမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် အကောက် ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့များဖြင့် ကုန်သွယ်ရေးဇုန်၏ အပြင်ဖက်မှ အခွန်တိမ်းရှောင်သည့်တရားမဝင်ကုန်စည်များသယ်ဆောင်နေသည့် လမ်းကြောင်းများပေါ်တွင် တာဝန်ထမ်း ဆောင်ရန်သာ ဖြစ်ပါသည်။ သို့သော် ယခုဖြစ်စဉ်တွင်လည်း န.က.သ ၀န်ထမ်းမှာ ၄င်းတို့၏ အစဉ်အလာအတိုင်း တာဝန် ထမ်းဆောင်နေသည့် မည်သည့်အဖွဲ့အစည်း ကိုမှ လေးစားမှုမရှိဘဲ ရာထူးအရှိန်အဝါသုံးကာ ရိုင်းပြစွာပြုမူ ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများအားလည်း ကိုယ်ထိလက်ရောက် တုန့်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ကိုယ်ထိလက်ရောက်တုန့်ပြန့်သည့်အပြင် ၄င်းမှာ ထိခိုက်မှု ကြီးကြီးမားမားမရှိပါ ဘဲ မူစယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ပါသည်။ ထို့အတွက် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဌာန ဆိုင်ရာဝန်ထမ်းအချင်းချင်းပြေလည်မှုရရှိစေရန် မည်သူမှားသည်၊ မှန်သည်ဟု သဘောမထားဘဲ တောင်းပန်ရန်ဆေးရုံသို့ လာရောက်ခဲ့ပါသည်။ ဆေးရုံသို့ရောက်ရှိလာစဉ် ဦးဟန်( ညွှန်ကြားရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ) အား ဦးလွင်ဦး( အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီး ဌာန )မှ ထပ်မံဓါတ်ပုံရိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ပြောဆိုရာ ဦးဟန်မှ စတင်ပြီးကိုယ်ထိ လက် ရောက် ထိုးကြိတ်ခဲ့ရာမှ ဦးလွင်ဦးကလည်း ပြန်လည် ထိုးကြိတ်ခဲ့ပါသဖြင့် ဆေးရုံတာဝန်ကျဝန်ထမ်း များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖြန်ဖြေခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးမြဟန်မှာ မူစယ် ၁၀၅-မိုင်ဒေသတွင် ၄င်းတို့ န.က.သ ပြီးမှသာ ပြီးရမည်ဖြစ်ကြောင်း၊ ဒီဒေသမှာငါတို့ န.က.သ ဆိုတာဘယ်ဌာနကိုမှ ဂရုမစိုက်ခဲ့ကြောင်း စသဖြင့် အာဏာကိုအလွှဲသုံးစားလုပ်ကာအာဏာရှင်ဆန်ဆန် ပြောဆိုပြုမူခဲ့ပါသည်။ ၄င်းညွှန်မှူးဆိုသူမှာ ယခင်န.က.သ ဦးဆောင်ခဲ့သည့်ခေတ်တွင် လာဘ်ပေး လာဘ်ယူတွင်လည်း ဘုရင် တစ်ဆူ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်ကာ ကြိုးစားတည် ဆောက်နေသည့် ပြောင်းလဲနေပြီဖြစ်သောခေတ်အခြေအနေကို ၄င်းအနေဖြင့်လက်ခံလိုခြင်းမရှိဘဲ နောက်ပြန်သွားလိုသည့် ဆန္ဒသာရှိကြောင်း ၄င်း၏ န.က.သဌာနမှ ၀န်ထမ်းများကိုယ်တိုင် ပြော ဆိုသည်ကို ကြားဖူးကြောင်း မူစယ်ဒေသခံများမှ ပြောဆိုနေကြပါသည်။ ၄င်းဖြစ်ရပ်မှာ တစ်နိုင်တစ်ပိုင်ကုန်သွယ်နေသောဒေသခံများ၊ ကုန်သည်များနှင့် တိုင်းရင်းသား များအတွက် အာဏာရှင်ဆန်ဆန်ဖိနှိပ်နေသည်ဟုခံစားနေကြရပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်း အချင်းချင်းလည်း ဂုဏ်သိက္ခာမဲ့စွာခွဲခြားဆက်ဆံခံနေကြရကြောင်း၊ စည်းကမ်းပြည့်ဝသော ခေတ်မှီ ဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖော်ဆောင်ရာတွင်လည်း ခလုတ်ကန်သင်း၊အတားအဆီး၊ အမှိုက်တစ်ခုဖွယ် ဖြစ်နေကြောင်း သုံးသပ်မိပါသည်။ ဂိုးချေ (မောမြေ) |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[New post] လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ ကင်းဝေးကြပါစေ – Min Myo Win (Rangoon University)
admin posted: " လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ ကင်းဝေးကြပါစေ မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)၊ မတ် ၂၀၊ ၂၀၁၃ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီ။ အမြင်မတူသူတွေကြားမှာလည်း ကွဲပြားမှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ"
|
[mrsorcerer:37616] Fwd: [လူဗိုလ်ဟူသည် ...] သင်ကြားခြင်း အနုပညာ
From: Blogger <no-reply@blogger.com>
Date: 2013/3/19
Subject: [လူဗိုလ်ဟူသည် ...] သင်ကြားခြင်း အနုပညာ
To: lubo601@gmail.com

"ဆရာ ဒီနေ့ ပုံပြင်တပုဒ်လောက်ပြောပြပါလား၊ သားတို့လည်း မောနေပြီ" လို့ Grade 12 ကျောင်းသားလေးတွေက ကျနော် သင်ရတဲ့ နိုင်ငံရေးသိပ္ပံတန်း နောက်ဆုံးအချိန်မှာ တောင်းဆို လာတော့ ငယ်ဘ၀ ဆရာ့ဆီက ကြားခဲ့ရတဲ့ ပုံပြင်တပုဒ်ကို ပြန်လည် ဖေါက်သည်ချမိလိုက်ပါတယ်။
ပုံပြောမယ်ဆိုတော့ ကျောင်းသားတွေက လက်ခုတ် တဖြောင်းဖြောင်းတီးလို့။
ပြန်တွေးကြည့်ရင် ငယ်ငယ်က ပညာသင်ခဲ့ရတဲ့ အချိန်တွေဟာ ပျော်စရာ အတိပါလားလို့ အောက်မေ့ သတိရပါတယ်။ တောရွာဓလေ့အတိုင်းညနေပိုင်း ကျောင်းမလွှတ်မှီ တနာရီလောက်အလိုဆိုရင် ဆရာ၊ ဆရာမတွေကို ပုံပြင်ပြောပြဖို့ ကလေးတွေက တောင်းဆိုလေ့ ရှိတတ်ကြ ပုံမှန်လိုပါဘဲ။
ဆရာတွေကလည်း နယ်စုံကလာတဲ့ သူတွေ ဖြစ်တော့ ရိုးရာပုံပြင်တွေကလည်း တယောက်တဂါထာ တရွာတပုဒ်ဆန်း သလိုမျိုး ဖြစ်နေတတ်တယ်။ ကလေးတွေကတော့ ပုံပြောကောင်းတဲ့ ဆရာဆိုရင် သဘောကျတယ်။ စာကိုမဲပြီး သင်နေတဲ့ ဆရာတွေထက် ပုံပြောကောင်းတဲ့ ဆရာအနားမှာ မိုးစိမ့်စိမ့်ညနေခင်းတွေမှာ ကလေးတွေ ၀ိုင်းဝိုင်းလည်နေတတ်တာ ဓမ္မတာပါ။
ကျနော်ဘွဲ့လွန်တက်တဲ့အချိန်ထိ မှန်မိနေတဲ့ သင်ခန်းစာတွေက မရှိသလောက် ဖြစ်ပေမယ့် ဆရာတွေပြောပြတဲ့ ရိုးရာ ပုံပြင်တွေကတော့ ခုချိန်ထိ ကျနော့်နားထဲ၊ မှတ်ညဏ်ထဲ ကိန်းအောင်းနေဆဲ ဖြစ်ပါတယ်။ ဆရာတွေပြော ဖြစ်တဲ့ ပုံပြင်တွေထဲက ရခိုင်ရိုးရာ "ဖားပြုတ်ငယ်" ပုံပြင်ကလည်း တပုဒ်အပါအ၀င် ဖြစ်ပါတယ်။ ဖားပြုတ်ငယ်၏ အမှတ်မထင် စကားတခွန်းကြောင့် တတောလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်ကာ ဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရပုံကို ဖေါ်ကျူးထားတဲ့ ပုံပြင်ကောင်းတပုဒ်ဖြစ်သလို တရားခံကို အဆင့်ဆင့် ဖေါ်ထုတ်ပြတဲ့ အစဉ်အလာ ကောင်းရှိပုံရသော ရခိုင့်လူ့အဖွဲ့အစည်းကို ဖေါ်ညွန်းသလားလို့ တွေးမိတယ်။
ပုံပြင်ကတော့ ဒီလိုပါ။
တနေ့မှာ ဖားပြုတ်ငယ် တစ်ကောင်ဟာ ဓနိလက်ကို စီးပြီး ချောင်းငယ်တခုကို ၀င်ရောက်လာပါတယ်။ ဖားပြုတ်ငယ် ဓနိလက် စီးလာတာကို မြင်တဲ့ ချောင်းဝနား သစ်ပင်ပေါ်မှာ နားခိုနေတဲ့ " ပန်ဇင်း" ငှက်က သတင်းမေးတယ်။ " အဆွေ ဖါးပြုတ် ဘယ်ကလာပါသလဲ" လို့မေးလိုက်တယ်။ ဖါးပြုတ်ငယ်ကလည်း ခပ်ကြွားကြွားဘဲ " မြို့ရွာနယ်စုံကို လှည့်ပတ်ပြီး ပြန်လာတယ်" လို့ပြန်ဖြေလိုက်တယ်။ ပန်ဇင်း ငှက်ငယ်ကလည်း "ဒါဆို ဘာသတင်းထူးတွေ ကြားခဲ့သလဲ" မေးမြန်း ပြန်တယ်။ ဖားပြုတ်က စိတ်ထဲရှိတာကို ပြန်ဖြေလိုက်တယ်။
"သမုဒ္ဒရာ ၊ သီတာ ရေမြေ၊ မိုးလေ မုန်းတိုင်း အုန့် မှိုင်းမှိုင်းနှင့် တော်လဲ ပဲ့တင်၊ ငလျင်မြေကြီး လှုပ်လတ္တံ။ ထိုသို့ လှုပ်ခါ ကျွန်းဒီပါမှာ၊ ကမ္ဘာ ကျောက်ကြီး ကွဲလတ္တံ။ လူလည်း လေးစု ကွဲလတ္တံ" စီကာပတ်ကုံး ဖြေလိုက်တော့ ပန်ဇင်းငှက်က အဟုတ် ထင်သွားတယ်။ ဒါဆို ဒီလို အန္တရာယ်မျိုးကို ဘယ်လို ကာကွယ်ရမလဲ မေးမြန်း ပြန်တယ်။ ဒီလိုမေးတော့ ဖားပြုတ်က "အိုအို မိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ် စင်စစ် ထိုသို့ ဖြစ်မူ၊ ကြီးသူ ၀မ်းခေါင်း ငယ်သူ အောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာ အင်ကို မြင်လိမ့်မည်ဟု" ပြန်ဖြေလိုက်တော့ ပန်ဇင်းငှက်က ကြောက်လန့်သွားပါတော့တယ်။
ညဘက်ရောက်လာတော့ ပန်ဇင်း ငယ်ဟာ သူနဲ့အတူ တပင်တည်းမှာ အိပ်နေတဲ့ ငှက်ကြီ "ရောင်ရင်း" ရဲ့ ၀မ်းဗိုက်ထဲကို ၀င်ဖို့ကြိုးစားလာပါတော့တယ်။ ငှက်ကြီး ရောင်းရင်လည်း သူ့ရဲ့ ဖင်ခေါင်း ကနေ ၀င်ဖို့ကြိုးစားတဲ့ ပန်ဇင်း ငှက်ရဲ့အပြုအမူကို ကြောက်လန့်အားနဲ့ တအားအော်ချလိုက်ပါတော့တယ်။ ရောင်ရင်း ငှက်ရဲ့ အော်သံကြောင့် သပြုပင်ပေါ်မှာ သပြုသီးကို ကိုင်လျက် စားဖို့ပြင်နေတဲ့ မျောက်ကျော် "မက္ကဋ" ရဲ့လက်က သပြုသီး ပြုတ်ကျပြီး သစ်ပင်အောက်ကို ရောက်နေတဲ့ "ဆတ်မ" ကျောကုန်း ပေါ်ကို ကျပါလေရော။ ဆတ်မလည်း ကြောက်လန့်အားနဲ့ ပြေးလိုက်တာ လမ်းတလျှောက်မှာ ရှိနေတဲ့ "တောကြက်မ" ဥတွေကို နင်းသွားပါတော့တယ်။ တောကြက်မလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ "ခြ" တောင်ပို့ကို ဖြိုလိုက်ပါတော့တယ်။ ခြတွေကလည်း တောင်မြောက် ဘယ်ညာ ထွက်ပြီး အိပ်နေတဲ့ "တောဝက်မ" ရဲ့ ကိုယ်ပေါ်ကို တက်ကိုက်ပါတော့တယ်။ တောဝက် မလည်း ယားယံ၊ နာကျင်ပြီး ပြေးလွှားပါတော့တယ်။ ၀က်မဟာပြေးရင်း လွှားရင်းနဲ့ မျောက်နဲ့တိုးတော့ တောင်ယာ စိုက်ခင်းတခုကို ၀င်ရောက်ပြီး စပါးတွေကို ၀င်ရောက်စားသွားဖို့ အကြံပေးလိုက်ပါတော့တယ်။
ယာလုပ်သား ငမဲ ရောက်လာတော့ ၀က်မရဲ့ မဟားတရား ပြုမှုထားပုံကို တွေ့တော့ ယာခင်းပိုင်ချင် သူကြီးဆီကို သွားတိုင် ပါတော့တယ်။ သူကြီးက ငမဲကို အမိန့်ပေးပြီး "တောဝက်မ" ကိုဖမ်းဆီး စေပြီး တောဝက်မကို သူကြီးက စစ်ဆေးမေးမြန်းတော့
"ဘာသာဘာဝ၊ ကျွန် ၀က်မသည်၊ အိပ်ထနေရာ၊ ခြများစွာလျင်၊ ရောက်လာ ဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြေးထ ယောင်ခွာ၊ မလွတ်သာလို့၊ ရောက်ရာ ရောက်မိ၊ ဖြစ်ပါစေဟု၊ ပြေးလေ သောအခါ၊ လမ်းမှာတွေ့ပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ အဘယ်ကြောင်းကြောင့် ပြေးသနည်းဟု၊ မေးသော ကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလေ စားပါလေဟု၊ ဆိုခြင်းပြုက၊ ဗိုက်မှာ ဆာမွတ်၊ တွေ့တဲ့အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိပါသည်" ဖြေဆိုလိုက်ပါတော့တယ်။
ဗီလိန် မျောက်ကတော့ တောဝက်မ မတိုင်ခင်က သူကိုယ်တိုင် ၀င်ရောက်မွှေနှောက်ထားတဲ့ ယာခင်းကို တရားခံလိုချင်နေတဲ့အတွက် ၀က်မကို မြှေင့်ပေးလိုက်တာ ဖြစ်ပါတယ်။ သူကြီးကတော့ သူတောင်ယာ ပျက်စီးသွားတဲ့အတွက် တရားခံတွေဖြစ်တဲ့ ခြ၊ တောကြက်မ၊ ဆတ်မ၊ မျောက်၊ ပန်ဇင်းငှက်၊ ရောင်ရင်း ငှက်နဲ့ ဖားပြုတ်ငယ် အထိအဆင့်ဆင့် ခေါ်ယူစစ်ဆေးခြင်းကို ခံလိုက်ရပါတော့တယ်။
ဖားပြုငယ်ဟာ သူကြီးရှေ့တော်မှောက်ကို ရောက်တော့ မျက်လုံးကို ပေကလပ်လုပ်ပြီး သူရဲ့ မာယာပရိယာယ်တွေကို ပြပါလေရော။
"ခြေလက်ပြောင်းပြန်၊ မျက်ဆံဆီသုတ်၊ ဖားပြုတ်ငယ်မှာ၊ လျှာကို ထုတ်လျက်၊ သေရုပ်လုပ်ကာ၊ အဖြာဖြာနဲ့၊ မာယာပရိယာယ်၊ ညဏ်ဆန်းကြယ်စွာ၊ ပြလေသောအခါ၊ ယာကြီးသခင် စပါးရှင်က၊ ဖားပြုတ်ကေကို လိမ်လည်ပြောမှု၊ ကျောက်နဲ့ထု" ဟုအမိန့် ချလိုက်တော့တယ်ဟု အဆုံးသတ်လိုက်လေတော့ပါတယ်။
ပုံပြင်ပြောပြီးသွားတာနဲ့ ပုံပြင်နဲ့ ပတ်သက်တဲ့ အကြောင်အရာလေးတွေကို ဆွေးနွေးခန်းလေး ဖွင့်လိုက်တော့ ကျောင်းသားလေးတွေရဲ့ ပုံပြင်ပါ ဇာတ်ဆောင်တွေရဲ့ အမြင်လေးတွေကို ရှုထောင့်ပေါင်းစုံက ပြောပြဖို့ ကျောင်းသားတွေကို ဖိတ်ခေါ်လိုက်တယ်။
ကျောင်းသားတွေကတော့ သူတို့ရဲ့ ထုံးစံအတိုင် ဒီလိုမှတ်ချက် ပေးခဲ့ကြတယ်။
(၁) ဖားပြုတ်ငယ်မှာ တာဝန်မရှိဘူး၊ သူ့လမ်းကြောင်းအတိုင်းသွားတာ မေးမြန်းလို့ ပြောလိုက်ရတာပါ။ ဟုတ်မဟုတ် မှန်မမှန်ကို ဆန်းစစ်ရမှာက ပန်ဇင်းငှက်သာ ဖြစ်ပါတယ်။
(၂) ပန်ဇင်းငှက်မှာ အပြစ်မရှိဘဲ၊ ဆန်းစစ်ဝေဘန်မှု အားနည်းချက်ကြောင့် စတင်ဖြစ်ပေါ်လာရတာပါ။ သူကသာ ဆန်းစစ်ဝေဘန်မှု ကောင်းရင် ပြသနာကကြီးမှာ မဟုတ်ဘဲ သူ့ဆီဘဲ အဆုံးသတ်ခဲ့မှာ။ ဒါကြောင့် သူ့မှာ အပြစ်မရှိဘူး။
(၃) ဆုံးရှုံးမှုတွေ ကြုံရတဲ့ တောကြက်မ၊ သိုက်မြုံ ဆုံးရှုံးတာ ခံလိုက်ရတဲ့ ခြ၊ တောင်ယာရှင်က ပြသနာမှာ တန်းတူရည်တူမရှိဘဲ စစ်ဆေးမေးမြန်းနိုင်တဲ့ အာဏာရှိတာ တရားမျှတမှု မရှိဘူး။
(၄) ဒီပုံပြင်လေးမှာ အပြစ်ရှိသူက ဖားပြုတ်မဟုတ်ဘူး၊ ရည်ရွယ်ချက် ရှိရှိလုပ်တာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တဲ့၊ ကိုယ့်အပြစ်ကို သူတပါးအပေါ် အပြစ်ပုံချလိုစိတ်ရှိတဲ့၊ ဓါးခုတ်ရာမှာ လက်လျို ခိုင်းတဲ့ မျောက်ရဲ့ လုပ်ရပ်ကသာ အပြစ်ရှိတယ်။
(၅) စဉ်းစားဆင်ခြင်ညဏ် နည်းတဲ့သူတွေ တရားဆိုင်ရာ ဆုံးဖြတ်ချက်တွေ လုပ်တဲ့အခါ အားနည်းချက် ရှိကြောင်း ဒီပုံပြင်က သက်သေ ပြသွားတယ်လို့ မှတ်ချက် ပေးခဲ့ကြတယ်။
စာသင်ခန်းတွင်းမှာ စာအုပ်ထူထူထဲက သီအိုရီတွေအပြင် မိမိတို့နဲ့ အကျွမ်းတ၀င် ရင်းနှီးနေတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာ ပုံပြင်တွေကို ပြောဆိုရင်း လူ့လောကရဲ့ တရားမျှတမှုမရှိခြင်း၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ လူမှုရေးဆိုင်ရာ သဟဇာတ မဖြစ်မှု စတာတွေကို ဆန်းစစ်ဖေ၀န်ရင်း စာသင်ခန်းရဲ့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အခြေအနေကို ပြောင်းလိုက်နိုင်တာ၊ ပုံပြင်ထဲက အဖြစ်အပျက်တွေကို သင်ခန်းစာထုတ်ရင်း မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အမှန်ဖြစ်ပျက်နေတာတွေနဲ့ ထပ်ဟပ်ကြည့်တတ်တဲ့ အလေ့တွေဟာလည်း ကျောင်းသားတွေရဲ့ အရည်အသွေးကို မြင့်တက်စေမှာဘဲလို့ ယုံကြည်မိတယ်။
လှရွှေ
ရည်ညွန်း။ ရခိုင်ရိုးရာ ပုံပြင်များ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/19/2013 11:55:00 PM
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:37615] Fwd: [လူဗိုလ်ဟူသည် ...] လူမှုရေးအကဲစမ်းမှု မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကုလ လေ့လာ
From: Blogger <no-reply@blogger.com>
Date: 2013/3/19
Subject: [လူဗိုလ်ဟူသည် ...] လူမှုရေးအကဲစမ်းမှု မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကုလ လေ့လာ
To: lubo601@gmail.com
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုလိုက်ပါတယ်။ လူထုကို ဗဟိုပြုတဲ့ မူဝါဒတွေချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရေးကို အားပေးနေတဲ့အကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးလ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အန်တိုနီယို မာခေစ် ပေါ်တို အီး ဆန်းတို့စ် (Antonio Marques Porto e Santos) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် ပွင့်လင်းမြင်သာမှုအရ ပူးပေါင်ညှိနှိုင်းရေး၊ မိုးမကျမှီ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အချိန်မှီ ခိုလှုံစရာ ရရှိရေးအတွက် အစိုးရနဲ့ အပူတပြင်း ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။
နိုင်ငံတကာ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ဖြစ်ထွန်းမှု အနေအထားနဲ့ လူနေမှု အဆင့်အတန်း တိုးတက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂ ရန်ပုံငွေနဲ့ အစီအစဉ်များဆိုင်ရာ ပူးတွဲ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီး ရောက်ရှိခဲ့ တာဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးလ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အန်တိုနီယို မာခေစ် ပေါ်တို အီး ဆန်းတို့စ် (Antonio Marques Porto e Santos) က မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေအပေါ် အခုလို မှတ်ချက်ချပါတယ်။
လူမှုရေးနယ်ပယ်အပါအ၀င် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်း
စေတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ ကြိုဆိုပါတယ်။ လူထုကို ဗဟိုပြုတဲ့မူဝါဒတွေနဲ့ အစီအစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုကတဆင့် ဖွံ့ဖြိုးမှု အညွှန်းကိန်း တိုးတက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို မီးမောင်း ထိုးပြနိုင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်တွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ကျား-မ တန်းတူညီမျှရေး စတဲ့ စီမံချက် တွေကတဆင့် ဖွံ့ဖြိုးရေးနဲ့ လူလူချင်း စာနာမှုဆိုင်ရာ စိန်ခေါ်အကဲစမ်းမှုတွေကို အစိုးရနဲ့ ပူးပေါင်းပြီး ဘယ်လို အာရုံစိုက် လုပ်ဆောင်သွားနိုင်မလဲဆိုတာကို လေ့လာနေတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ လူမှုစီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာ မှာ အဂတိလိုက်စားမှုတွေ ကင်းဝေးရေးအတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးတဲ့ အကြောင်းကို အခုလို ထောက်ပြသွားပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ အချက် ၂ ချက် ရှိပါတယ်တဲ့။ ပထမတချက်က ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြတယ်ဆိုတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုက အဓိက အချက်အခြာကျပါတယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။
အာဂျင်တီးနား၊ သြစတြီးယား၊ ဘရာဇီး အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ၂၁ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ရေစကြို၊ ညောင်ဦး၊ ပခုက္ကူ၊ ကလော၊ တောင်ကြီး၊
ညောင်ရွှေ၊ ဆီဆိုင် စတဲ့မြို့တွေကိုသွားရောက်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို အကဲခတ်လေ့လာခဲ့တာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အေဂျင်စီ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ အာရွှတ် နီဂန် (Ashok Nigam) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"စိန်ခေါ်အကဲစမ်းမှုတွေကတော့ သဘာဝ ဘေးအန္တရာယ်ကော၊ လူတွေက ဖန်တီးတာတွေ ပါ ရှိနိုင်ပါတယ်။ ရာသီဥတုအခြေအနေက စိုးရိမ်ရပါတယ်။ မေလ နဲ့ ဇွန်လမှာ မုတ်သုန်မိုးကြီး ရွာနိုင်ပါတယ်။ ဒါက တကယ့် ပြဿနာပါ။ ကျနော်တို့က အစိုးရနဲ့ ပူးပေါင်းပြီး တက်သုတ်ရိုက် ကူညီကြရမှာပါ။ လိုအပ်တာတွေ ပံ့ပိုးဖို့လည်း အသင့်ရှိပါ တယ်။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဆွေတွေကလည်း ပံ့ပိုးပေးကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ပြန်လည် သင့်မြတ်ကြဖို့ အရေး ဆောင်ရွက်ဖို့ကလည်း စိန်ခေါ် အကဲစမ်းမှုကြီးတရပ် ဖြစ်နေပါတယ်။"
ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံကို ပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေထဲမှာ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူရေးလည်း ပါဝင်ပါတယ်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂကနေ ဒေါ်လာ သန်း ၂၀ ကူညီ ပံ့ပိုးသွားဖို့ ရှိတယ်လို့လည်း ပြောဆိုပါတယ်။
"ကျနော်တို့ သိပ်အရေးကြီးတဲ့ အချက် ၂ ချက်ကို ပံ့ပိုးပေးသွားမှာပါ။ ပထမအချက်က မှန်မှန်ကန်ကန် မျှမျှတတနဲ့ လွတ်လပ်စွာ စာရင်းတွေ ကောက်နိုင်ပြီး ယုံကြည်ကိုးစား ရမယ့် လူဦးရေ စာရင်းပြုစုနိုင်အောင် ကူညီမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရန်ပုံငွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ စွမ်းရည်မြင့်မားရေး မြန်မာအစိုးရကို ကူညီမှာဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခဲ့ရာမှာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျုင်သူတွေကနေ နည်းပညာ အကူအညီတွေ ပေးသွား မှာဖြစ်ပါတယ်။"
ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ UNDP ၊ UNFBA ၊ UNOPS ၊ UNICEF၊ WFP နဲ့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့တွေလည်း ပါဝင်ပြီးတော့ နေပြည်တော်ဒုသမ္မတ ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ၀န်ကြီးချုပ်တွေနဲ့အတူ တာဝန်ရှိသူတွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်ရှင်။ ဒေါ်ခင်စိုးဝင်း / 18.03.2013
http://burmese.voanews.com/content/un-press/1624155.html
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးလ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အန်တိုနီယို မာခေစ် ပေါ်တို အီး ဆန်းတို့စ် (Antonio Marques Porto e Santos) က မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေအပေါ် အခုလို မှတ်ချက်ချပါတယ်။
လူမှုရေးနယ်ပယ်အပါအ၀င် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်း
စေတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ ကြိုဆိုပါတယ်။ လူထုကို ဗဟိုပြုတဲ့မူဝါဒတွေနဲ့ အစီအစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုကတဆင့် ဖွံ့ဖြိုးမှု အညွှန်းကိန်း တိုးတက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို မီးမောင်း ထိုးပြနိုင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်တွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ကျား-မ တန်းတူညီမျှရေး စတဲ့ စီမံချက် တွေကတဆင့် ဖွံ့ဖြိုးရေးနဲ့ လူလူချင်း စာနာမှုဆိုင်ရာ စိန်ခေါ်အကဲစမ်းမှုတွေကို အစိုးရနဲ့ ပူးပေါင်းပြီး ဘယ်လို အာရုံစိုက် လုပ်ဆောင်သွားနိုင်မလဲဆိုတာကို လေ့လာနေတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ လူမှုစီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာ မှာ အဂတိလိုက်စားမှုတွေ ကင်းဝေးရေးအတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးတဲ့ အကြောင်းကို အခုလို ထောက်ပြသွားပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ အချက် ၂ ချက် ရှိပါတယ်တဲ့။ ပထမတချက်က ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြတယ်ဆိုတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုက အဓိက အချက်အခြာကျပါတယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။
အာဂျင်တီးနား၊ သြစတြီးယား၊ ဘရာဇီး အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ၂၁ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ရေစကြို၊ ညောင်ဦး၊ ပခုက္ကူ၊ ကလော၊ တောင်ကြီး၊
ညောင်ရွှေ၊ ဆီဆိုင် စတဲ့မြို့တွေကိုသွားရောက်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို အကဲခတ်လေ့လာခဲ့တာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အေဂျင်စီ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ အာရွှတ် နီဂန် (Ashok Nigam) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"စိန်ခေါ်အကဲစမ်းမှုတွေကတော့ သဘာဝ ဘေးအန္တရာယ်ကော၊ လူတွေက ဖန်တီးတာတွေ ပါ ရှိနိုင်ပါတယ်။ ရာသီဥတုအခြေအနေက စိုးရိမ်ရပါတယ်။ မေလ နဲ့ ဇွန်လမှာ မုတ်သုန်မိုးကြီး ရွာနိုင်ပါတယ်။ ဒါက တကယ့် ပြဿနာပါ။ ကျနော်တို့က အစိုးရနဲ့ ပူးပေါင်းပြီး တက်သုတ်ရိုက် ကူညီကြရမှာပါ။ လိုအပ်တာတွေ ပံ့ပိုးဖို့လည်း အသင့်ရှိပါ တယ်။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဆွေတွေကလည်း ပံ့ပိုးပေးကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ပြန်လည် သင့်မြတ်ကြဖို့ အရေး ဆောင်ရွက်ဖို့ကလည်း စိန်ခေါ် အကဲစမ်းမှုကြီးတရပ် ဖြစ်နေပါတယ်။"
ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံကို ပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေထဲမှာ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူရေးလည်း ပါဝင်ပါတယ်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂကနေ ဒေါ်လာ သန်း ၂၀ ကူညီ ပံ့ပိုးသွားဖို့ ရှိတယ်လို့လည်း ပြောဆိုပါတယ်။
"ကျနော်တို့ သိပ်အရေးကြီးတဲ့ အချက် ၂ ချက်ကို ပံ့ပိုးပေးသွားမှာပါ။ ပထမအချက်က မှန်မှန်ကန်ကန် မျှမျှတတနဲ့ လွတ်လပ်စွာ စာရင်းတွေ ကောက်နိုင်ပြီး ယုံကြည်ကိုးစား ရမယ့် လူဦးရေ စာရင်းပြုစုနိုင်အောင် ကူညီမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရန်ပုံငွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ စွမ်းရည်မြင့်မားရေး မြန်မာအစိုးရကို ကူညီမှာဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခဲ့ရာမှာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျုင်သူတွေကနေ နည်းပညာ အကူအညီတွေ ပေးသွား မှာဖြစ်ပါတယ်။"
ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ UNDP ၊ UNFBA ၊ UNOPS ၊ UNICEF၊ WFP နဲ့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့တွေလည်း ပါဝင်ပြီးတော့ နေပြည်တော်ဒုသမ္မတ ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ၀န်ကြီးချုပ်တွေနဲ့အတူ တာဝန်ရှိသူတွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်ရှင်။
ဒေါ်ခင်စိုးဝင်း / 18.03.2013
http://burmese.voanews.com/content/un-press/1624155.html--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/19/2013 11:54:00 PM
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[mrsorcerer:37615] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၃)
From: Blogger <no-reply@blogger.com>
Date: 2013/3/19
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၃)
To: lubo601@gmail.com
သစ်ထူးလွင် |
- ရဲဝန်ထမ်းနှင့် အရပ်သားတို့ ထိုးကြိတ်ရာမှ အပြန်အလှန်တရားစွဲ
- ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပြိုင်ကားပေါ်မှ ပစ်ချသည့် တရားခံဖမ်းမိဟုဆို
- ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြောင်းလဲမှုရှိ
- လုပ်ငန်းသစ် စတင်လုပ်ကိုင်မည့်သူများ အတိုးနှုန်း သက်သာစွာ ငွေချေးယူနိုင်
- မတ်လ ၁၉ ရက်နေ့ ထုတ် Flower News Journal အတွဲ ၉ အမှတ် ၁၂
- မတ်လ(၁၉)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊ အမှတ်(၂၀)
- မတ်လ ၁၈ ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် Issue 11
- RCSS စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်
- သမ္မတဦးသိန်းစိန် ကို သြစတြေးလျရောက် တိုင်းရင်းသားများ ဆန္ဒပြ
- မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်
- လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ
- စစ်တွေ ၀န်ကြီးများ အိမ်ရာအနီးမှာ ဘင်္ဂလီများသတ်ပုတ် ရိုက်နှက်မှုတစ်ရပ် ဖြစ်ပွါးခဲ့
- ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြု
- Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို
- ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်
- ဓါးထိုးသတ်ခံရ ကျားဖြူဥက္ကဌတူ အမှုကို မတ်လ ၂၂ ရက် နေ့တွင်ရုံးပြန်ချိန်း
- ရခိုင်ပြည်နယ်မှ ဒုက္ခသည် ခြောက်သောင်းခွဲအတွက် အဆောက်အဦးများကို တည်ဆောက်ပေးမည်
- မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင်
- မတ်လ ၂၀ ရက်နေ့ ထုတ် shade journal အတွဲ(၇)၊ အမှတ်(၁၅)
| Posted: 19 Mar 2013 05:15 AM PDT အနောက်ပိုင်း တက္ကသိုလ်ရဲကင်းမှ ရဲဝန်ထမ်း အပါအ၀င် သတင်းပေး လေးယောက်တို့နှင့် အရပ်သားသုံးဦး ထိုးကြိတ်ကြရာမှ ဆွဲကြိုးဖြတ်လု ယက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် အပြန်အလှန်အမှု ဖွင့်ထားကြကြောင်း သတင်းရရှိသည်။ အရပ်သား လူငယ် ၃ ဦးသည် မတ် ၁၇ရက် ည ခုနှစ်နာရီခန့်က ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 19 Mar 2013 05:07 AM PDT ရန်ကုန်၊ မတ်-၁၉ လှိုင်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူအနီးတွင် ယခုလ ၁၇ ရက် ည ၈ နာရီခွဲအချိန်၌ ပြိုင်ကားတစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ယနေ့ မတ်လ ၁၉ ရက်တွင် တရားခံဟု ယူဆသူအား ဖမ်းမိခဲ့ပြီး စစ်ဆေးလျက်ရှိရာ ဖြစ်စဉ်အသေးစိတ်အား ထုတ်ပြန်ခြင်း မပြုသေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 7Day News Journal | ||
| Posted: 19 Mar 2013 05:03 AM PDT မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်း တို့နှင့်အတူ ပြည်တွင်း အခေါက်ရွှေဈေးပါ လိုက်ပါပြောင်းလဲမှု ရှိခဲ့ကြောင်း ရွှေကုန်သည်များက ဆိုသည်။ "ဒီတပတ်ထဲမှာ ပြင်ပ ဒေါ်လာပေါက်ဈေးက ၈၇၃ ကျပ်ကနေ ၈၉၁ ကျပ်အထိ တက်လာတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 19 Mar 2013 04:49 AM PDT အသေးစားနှင့် အလတ်စား လုပ်ငန်းသမားများ (SMEs) နှင့် လုပ်ငန်းသစ် စတင် လုပ်ကိုင်မည့် သူများအား အတိုးနှုန်း သက်သာစွာဖြင့် ACLENDA မြန်မာ ကုမ္ပဏီက ချေးပေးနေသည်ဟု ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 19 Mar 2013 04:50 AM PDT | ||
| Posted: 19 Mar 2013 04:40 AM PDT | ||
| Posted: 19 Mar 2013 04:17 AM PDT | ||
| Posted: 19 Mar 2013 03:58 AM PDT သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်အတွင်း လွယ်နဂါး တောင်ကြောရှိ RCSS/SSA ၏ လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရ စစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 19 Mar 2013 03:13 AM PDT မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် သြစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာမှာ ရောက်ရှိနေစဉ်မှာပဲ မဲလ်ဘဲန်းမြို့၊ ကင်ဘာရာမြို့နဲ့ ဆီဒနီမြို့မှာ နေထိုင်ကြတဲ့ မွန်၊ ကချင်၊ ကရင်နဲ့ ချင်းတိုင်းရင်းသားတွေ အပါအဝင် ရိုဟင်ဂျာတွေလည်း ကင်ဘာရာမြို့ကိုလာရောက် ဆန္ဒပြခဲ့ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 19 Mar 2013 03:04 AM PDT ထားဝယ်-မတ်၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မျှော်ရစ်ကမ်းခြေ (ကမ်းပနီ)တွင် မတ်၁၆ရက်နေ့က ဝေလငါး အမျိုးအစား ငါးအသေကောင်တစ် ကောင်လာ ရောက် သောင်တင် နေကြောင်း သိရသည်။ အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှ အမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့ အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံရေလုပ်သား ကဆိုသည်။ ၂၀၀၅ ခုနှစ်အတွင်းကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသထားကြောင်းသိရသည်။ အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။ သတင်း - ဖိုေးဇာ်(ထားဝယ်) ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ) နှင့် ဖိုးဇော်(ထားဝယ်) Popular Myanmar News Journal | ||
| Posted: 19 Mar 2013 02:51 AM PDT ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား ပြိုင်လောင်းတောင်တန်း အနီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 18 Mar 2013 08:31 PM PDT စစ်တွေမြို့၊ ၀န်ကြီးများ အိမ်ရာအနီးရှိ ဘာဆာရာ ဘင်္ဂလီရွာမှ ဖြတ်သန်းမောင်းနှင်သော သဲတင်ကား(တေပါ) တစ်စီးအား မောင်းနှင်လာသူ အောင်နိုင်ကြီး(အသက်- ၃၀ ခန့်)အား ဘင်္ဂလီ ၅၀ ခန့်မှ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒရိုက်ဘာဖြစ်သူ ဦး နိုင်ကြီး မှာ ထွက်ပြေးခဲ့သော်လည်း နောက်မှ လိုက် လံ ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 18 Mar 2013 08:00 PM PDT ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်က စတင်ပြီး ပြန်လည်သွားလာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 18 Mar 2013 07:49 PM PDT ကမ္ဘာပေါ်မှာ IT သတင်းနည်းပညာ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ မြန်မာနိုင်ငံကို ဒီအပတ်ထဲ လာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။ "ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ၀မ်းသာပါတယ်။" Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအ၀င် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ်လို့ ကိုသောင်းစုငြိမ်းက ပြောပါတယ်။ အဲဒီတော့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ရှမစ်ရဲ့ အခုလိုလာရခြင်း အကြောင်းရင်းကို မေးရာမှာတော့ ကိုသောင်းစုငြိမ်းက သူ့အနေနဲ့ အခြား အာရှနိုင်ငံတွေကိုလည်း သွားရာမှာ အဓိကဦးတည်ချက်ကတော့ လူငယ်ခေါင်းဆောင်တွေ နဲ့ တွေ့ပြီး အင်တာနက်အရေးပါပုံကို ရှင်းပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ "အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။" မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက - "Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ CEO တွေလည်း ဒီလိုပဲ ဆက်ပြီးလာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။" ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။ "Google ရဲ့ တချို့ ၀န်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေ၀င်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။" မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။ "ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ၀င်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။" တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအ၀ိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။ ကိုဝင်းမင်း (ဗွီအိုအေ)
| ||
| Posted: 18 Mar 2013 12:02 PM PDT ပုဂံဒေသ ဟိုတယ် လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များ အနေဖြင့် ရှေးဟောင်း အဆောက်အဦများ ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာ စားပွဲများ ပြုလုပ်နိုင် တော့မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် များထံက သိရသည်။ ပုဂံဇုန်သို့ လည်ပတ်သည့် ခရီးသည်များ အတွက် စိတ်ရွှင်လန်းမှု ရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 18 Mar 2013 11:49 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် လူသတ်မှု ကျူးလွန်သော ပြည်သူ့ လွှတ်တော် အမတ်(ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန် နှင့် အပေါင်းအပါ အိုက်ဆမ် တို့အား ယခုလ ၁၄ ရက်က မူစယ်ခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက် ကြောင်း သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 18 Mar 2013 11:41 AM PDT ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ မိုးရာသီတွင် နေထိုင်နိုင်ရန် မိုးဒဏ်ခံနိုင်သော ယာယီဒုက္ခသည် အဆောက်အဦးများကို ကုလသမဂ္ဂ အဖွဲ့အ စည်းများမှ စုပေါင်းပြီး တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူ မစ္စတာ အန်တိုနီယိုက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိ တည်ဆောက် ပေးထားသော ယာယီဒုက္ခသည် စခန်းများမှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 18 Mar 2013 11:27 AM PDT ကမ္ဘာတ၀ှမ်း လက်နက်တင်ပို့မှုမှာ အခုနောက်ဆုံး ဗြိတိန်နိုင်ငံ ကို ကျော်လွန်ပြီး နံပါတ် ၅ နေရာအထိ ရောက်လာတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တင်ပို့မှုမှာတော့ ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ လက်နက်ရေးရာ ဆန်းစစ်မှုအဖွဲ့တခုက ပြော လိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ လက်နက်တင်ပို့မှုဟာ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 18 Mar 2013 11:24 AM PDT |
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/19/2013 11:53:00 PM
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.





























