သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ကုန်ထမ်းအလုပ်သမားများ နေ့စဉ်ဝင်ငွေ ကျဆင်း

Posted: 19 Mar 2013 09:28 PM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်ထမ်းအလုပ်သမားဦးရေပိုတိုးခန့်အပ် နေ သဖြင့် အလုပ်သမားများ နေ့စဉ်ရရှိသည့် ၀င်ငွေမှာ ၃ ချိုး ၁ ချိုးခန့် ကျဆင်းသွားကြောင်း သိရသည်။

105 mail - phot - mmtimes                                            မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်

ယခင် ၄င်းကုန်သွယ်ရေးဇုန်အတွင်း အလုပ်သမားဦးရေ ရ၀၀ ကျော် အလုပ်လုပ်ကိုင်နေရာမှ ယခုနှစ်ဂျန္နဝါရီလပိုင်းမှ စ၍ ယနေ့အထိ အလုပ်သမားဦးရေ ၂၀၀ ကျော်ထပ်မံတိုးခန့်အပ်ခဲ့ရာ လက်ရှိတွင် ကုန်ထမ်းအလုပ်သမား ဦးရေ ၉၀၀ ကျော် ခန့်ရှိနေကြောင်း သိရသည်။

ယခင် အလုပ်သမားတစ်ဦး၏ တစ်ရက် ၀င်ငွေမှာ ကျပ်တစ်သောင်းခွဲခန့် ရရှိပြီး ယခုအခါ ကျပ်တစ်သောင်းဝန်းကျင် သာ ရရှိတော့ကြောင်း ၁၀၅ မိုင်ကုန်ထမ်း အလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"၂၀၁၂  - ၁၂ လပိုင်းထဲမှာ ဦးစီးအရာရှိအသစ်ရောက်လာတယ်ပေါ့ဗျာ၊ သူရောက်ကတည်းက ခန့်လိုက်တဲ့အလုပ် သမားဟာ ဒီ နေ့အထိပဲ အရင် အလုပ်သမား ရ၀၀ ကျော်ကနေ အခု ၉၀၀ ကျော်သွားပြီ၊ ၀င်ငွေကလည်း အလုပ်သမား တစ်ယောက် တစ်ရက် တစ်သောင်းခွဲ ၀န်းကျင်ရတာကနေ အခု တစ်သောင်းဝန်းကျင်လောက်ပဲရတော့တယ်" ဟု သူက ပြောသည်။

ကုန်ထမ်းအလုပ်သမား အဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်ရန် အတွက် အလုပ်သမားရုံး ၀န်ထမ်းအဆင့်ဆင့်အား ကျပ်ငွေ ၁၅ သိန်း ပေးရကြောင်းလည်း သူက ဆိုသည်။

"ပြုတ်သွားတဲ့စုမှူးရယ် ကြီးကြတ်ရေးမှူး ၂ ဦးရယ် သူတို့ဦးဆောင်ပြီး အလုပ်သမားတွေသွင်းနေတာ အဲဒီလူတွေ က လည်း သူတို့နဲ့အဆင်ပြေမှ ထည့်ပေးတာပေါ့နော်။ အစကတော့ လူတစ်ယောက်ကို ကျပ် ၁၀ သိန်းပေါ့၊ အဲဒီကနေပြီး အလုပ်ရဖို့ ငွေတွေတိုးပေးရာကနေ အခု ၁၅ သိန်း ဖြစ်သွားတာ၊ အဲလို ငွေတွေရနေလို့ မူဘောင်မရှိပဲ အလုပ်သမား တွေ ခန့်နေတာ" ဟု ဆိုသည်။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိက လမ်းကြောင်း တစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းပေါ်တွင် တည်ရှိ သည့် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုအခါ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပုံမှန်အနေအထားရှိကြောင်း လာ မည့် သင်္ကြန်ကာလ နောက်ပိုင်း မိုးကျချိန်တွင် ကုန်အဝင်အထွက်များ ကျဆင်းလေ့ရှိရာ ကုန်ထမ်းအလုပ်သမားများ၏ နေ့စဉ်ဝင်ငွေမှာ ပိုမိုကျ ဆင်းလာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုအခါ မြန်မာဘက်မှ ရာသီပေါ်သီနှံများ တင်ပို့ပြီး တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်း၊ မြေဆီ၊ ဓါတ်မြေသြဇာ နှင့် တရုတ် ထွက် အသီးအနှံများ မြန်မာဘက် တင်သွင်းကြောင်း သိရသည်။

ဒေသခံကားသမားအား တံတားစောင့် စစ်ဗိုလ်ရိုက်နှက်

Posted: 19 Mar 2013 09:27 PM PDT

သျှမ်းပြည်အလယ်ပိုင်း လဲချားမြို့နယ်တွင် တံတားပိတ်ချိန် ညနေ ၆ နာရီထက် အနည်းငယ်နောက်ကျ၍ ရောက်သော မြို့ခံကားသမားအား တံတားစောင့်တာဝန်ကျ မြန်မာစစ်ဗိုလ်က သေနတ်ဒင်ဖြင့်ထုရိုက်ရာ ကားဆရာမှာ ဆေးရုံ တက်လိုက် ရကြောင်း စုံစမ်းသိရှိရသည်။

Sai Tar                                            ဆေးရုံရောက် ကားဆရာ စိုင်းသား

"တံတားစောင့်တာဝန်ကျတာက ခလရ ၆၄ ပေါ့။ ဗင်ကားမောင်းတဲ့ စိုင်းသားကို သေနတ်ဒင်နဲ့ထုတာက ဗိုလ်ကြီးနေမျိုး ဇော်။ နောက်ကျကြေးအတွက် ပိုက်ဆံ တစ်သောင်းကျပ်တောင်းတယ်။ စိုင်းသားက ငါးထောင်ဘဲကျန်တယ်။ ငါးထောင် ဘဲပေးပါရစေလို့တောင်းပန်ပြောတာကို မခန့်လေးစားပြုတယ်။ သူပုန်ကိုတော့ ထောက်ပံ့ကျွေးမွေးပြီး ဗမာ့တပ်မတော်ကို ကျတော့ စေတနာမရှိဘူး ဘာညာကြိမ်းမောင်းပြီးတော့ ရိုက်နှက်တာ။ အခု စိုင်းသားတယောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်" ဟု လဲချားမြို့ခံ လင်းယဉ်ကပြောပါသည်။

ယခုလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲက လဲချားမြို့အဝင် ခိုမလန်း (နမ့်တိန်းချောင်းကူးတံတား) ဂိတ်စောင့် မြန်မာစစ်တပ် ခလရ ၆၄ မှ ဗိုလ်ကြီးနေမျိုးဇော်က ရပ်ကွက် ၁ ဟော်ဝင်းအတွင်းနေထိုင်သည့် ဗင်ကားဆရာ စိုင်းသားအား တားဆီးရိုက် နှက်ခြင်းဖြစ်ပါသည်။

သွေးထွက်သံယို ဒဏ်ရာဖြင့် ဆေးရုံရောက်နေသော  ကားသမားစိုင်းသားအား အဆိုပါ တပ်ရင်းဗိုလ်ကြီးက လာရောက် တောင်းပန်ရာ သတင်းမပေါက်ကြားစေလိုကြောင်း၊ အာမခံချက်အနေဖြင့် လက်မှတ်ထိုးပေးစေလိုကြောင်း ထပ်မံတောင်း ဆိုပြန် သည်ဟုဆို၏။

" စိုင်းသားက လက်မှတ်မထိုးပေးဘူး။ သူသာ စတင်ထိုးကြိတ်တဲ့သူဖြစ်ခဲ့ရင်တော့ တမိသားစုလုံး ရွာမှာနေနိုင်မှာမဟုတ်ဘူး လို့ပြောတယ်။ တကယ်ဆိုရင်တော့ ဒီလို လုပ်ရပ်တွေက မရှိသင့်တော့ဘူးပေါ့။ အခုလို ဒီမိုကရေစီကိုဦးတည်နေတဲ့အချိန်မှာ ပြည်သူတွေ ပါဝင်လာဖို့ စည်းရုံးနေရမယ့်အချိန်ဖြစ်လို့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကို ယဉ်ကျေးပြရမဲ့အချိန်ပေါ့ မဟုတ်ဘူးလား။   လက်နက်ကိုင်ဆိုတာ ပိုအရေးကြီးတဲ့ နေရာမှာရှိရမယ်လေ။ ဒီလိုလက်နက်ကိုင်တွေကြောင့် နှစ် ၆၀ လောက် ခါးကော့အောင် ပြည်သူတွေ အမျိုးမျိုးခံစားလာခဲ့ရပြီလေ"   ဟုလည်း လဲချားမြို့မှ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျကလည်း ပြောပါသည်။

လူထု စားဝတ်နေရေး အတွက် အခက်အခဲမဖြစ်အောင် အဆိုပါတံတားပိတ်ချိန် ၆ နာရီ အား ထပ်မံနောက်ဆုတ်ပေးရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ လဲချားမြို့သို့ရောက်ရှိစဉ် လဲချားမြို့မှ လွှတ်တော်အမတ်တဦးက တင်ပြတောင်းဆိုခဲ့ဖူးသော်လည်း ယနေ့တိုင် ထူးခြားမှုမတွေ့ရသေးကြောင်း လဲချားဒေသခံ လင်းယဉ်ယဉ်က ဆက်လက် ပြောပြသည်။

ဌာနချုပ်ထားရှိရေးသဘောတူညီချက် တပ်မတော်ကဖျက်နေဟု RCSS ပြော

Posted: 19 Mar 2013 09:25 PM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်နှင့် တောင်ပိုင်းရှိ ဟိုမိန်းမြို့နယ်အား RCSS/SSA ဌာန ချုပ်ထားရှိ ရန်၊ တပ်သားမိသားစုများ နေရာချထားရန် အစိုးရနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေးဆွေးနွေးစဉ် သဘောတူညီမှုရ ထား သော်လည်း ယနေ့တိုင်အကောင်အထည်ဖော်ခွင့်ကို မြန်မာ့တပ်မတော်က အဟန့်အတားပြုနေသည်ဟု RCSS/SSA ကပြောသည်။

Mong tarမိုင်းတော့ မိုင်းထားနေရာပြမြေပုံ

" ကျနော်တို့ဘက်ကတော့အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း လိုက်နာမယ်။ နောက်ဆုံးရွေးလမ်းမရှိရင် တော့ မတတ်နိုင်ဘူး။ ဟိုမိန်း၊ မိုင်းထား ကျနော်တို့ကို အစိုးရကပေးထားတယ်ဆိုပေမယ့် စစ်တပ်ကလုံးဝ မပေးချင်ဘူးလေ။ သူတို့ထားမယ့်နေရာမှာဘဲနေရမယ်။  သူတို့လက်ခုပ်ထဲကရေလိုဘဲ ထားချင်တာလေ။ လက်နက်မပါဘဲ။ သွားလာစေချင် တယ်။ ကျနော်တို့က စစ်တပ်ဘဲဗျာ။ လက်နက်မပါလို့ဘယ်ဖြစ်မလဲ။ အဲဒီနေရာကနေ ထွက်မယ်မထွက်မယ် ကျနော်တို့ ဆုံးဖြတ်ရသေးဘူး" ဟု ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

သံလွင်အရှေ့ခြင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲ ဌာနချုပ်ရုံးဆိုက်ရာစီမံကိန်းဧရိယာအတွင်းရှိ RCSS ၏ လွယ်မွတ်နန်းလျဲန်းစခန်းအား မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တပ်ဆုတ်ပေးရန် တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက ညွှန်ကြားလာကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြပါ သည်။

"ဆိုလိုတဲ့သဘောက ကျနော်တို့ကို ဌာနချုပ်ရုံး ပေးမဆိုက်တော့ဘူးဆိုတဲ့သဘောဘဲ။ ကျနော်တို့ နေဖူးတဲ့ နေရာဟောင်း တောင်မှ ပေးမနေချင်ဘူးဆိုရင် တခြားနေရာဆိုပိုဆိုးမှာပေါ့။ သူတို့ဘယ်ပေးမှာလဲ။ အခုအပစ်ရပ်ကာလ တနှစ်ကျော်လာပြီ သဘောတူညီချက်လဲ ဘာမှအကောင်အထည်မဖေါ်နိုင်သေးဘူးဘဲ" - ဟု ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်က ဆက်ပြောပါသည်။

ထို့အတူ သျှမ်းပြည်တပ်မတော်၏ ဟိုမိန်းမြို့နယ်အတွင်းရှိ တပ်စခန်းများအား ဖေဖော်ဝါရီလအကုန် စခန်းဆုတ်ပေးရန် မြန်မာစစ်တပ်က ညွှန်ကြားလာသော်လည်း မတ်လဆန်းမှ တပ်ဆုတ်သဖြင့် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ၂ ရက် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးသည်။

တိုင်းရင်းသားနယ်စပ်များ၌ တိုက်ပွဲများရှိနေသယောင် ဆင်နွဲနေခြင်းဖြင့် မြန်မာစစ်တပ်မှ အင်အားဖြည့်တင်း နိုင်မည်ဖြစ် ကြောင်း၊ အင်အားများ ဖြည့်တင်းခြင်းဖြင့် ၎င်းတို့၏ ဩဇာအာဏာ ကြီးမားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဤကဲ့သို့ ဆက်၍ပြောပြပါသည်။

" မနှစ်က မိုးမကျခင်တုန်းက ဟိုမိန်း နဲ့ မိုင်းထားမှာ RCSS/SSA ရဲ့ ဌာနချုပ်ထားရှိဖို့၊ နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နေရာချထားပေးဖို့  ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ် ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြော ထားတာဘဲ။ စစ်တပ်က ကြီးစိုးချင်လို့ နယ်မြေမငြိမ်မသက်ဖြစ်အောင်ဖန်တီးချင်တယ်။ ဒါကြောင့်အကောင်အထည်ဖေါ်မှုကို စစ်တပ်က အဟန့်အတားပြုနေတယ်" ဟု RCSS လည်းဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးသဘောတူညီချက်ရထားကြသော်လည်း အပစ်ရပ်သက်တမ်း တလျှောက်၌ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားခဲ့သည်။

[mrsorcerer:37628] Fwd: [လူဗိုလ်ဟူသည် ...] ခန္ဓာကိုယ်ရဲ့ အဆီပိုတွေဖယ်ရှားပေးနိုင်မည့်း နည်းလမ်းများ ....



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/20
Subject: [လူဗိုလ်ဟူသည် ...] ခန္ဓာကိုယ်ရဲ့ အဆီပိုတွေဖယ်ရှားပေးနိုင်မည့်း နည်းလမ်းများ ....
To: lubo601@gmail.com



သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါ နည်းလမ်းတွေ ကို လိုက်နာကျင့်သုံးလိုက်ပါ။

၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ
ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာ အတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။


(၂) ကုလားပဲ စားပါ
ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှု ကို ဖြစ်စေပါ တယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေ တယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ
စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ
မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ
အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေ ကို လောင်ကျွမ်းစေနိုင် တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ
ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ
တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ
ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ
ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုး စားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှု တစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


Ref - Good Health


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/21/2013 01:15:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37626] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/20
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၃)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 20 Mar 2013 07:32 AM PDT
မိတ္ထီလာမြို့ခံနဲ့ ဒေသခံရဲစခန်းရဲ့ အတည်ပြုချက်တွေနဲ့ ဘီဘီစီ ရန်ကုန်သတင်းထောက်ရဲ့ နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Mar 2013 06:16 AM PDT
မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ ရွှေဆိုင် တစ်တွင် ရွှေလာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် ၀ယ်သူ တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ခန်း နှစ်ခန်း ဖျက်ဆီးခံလိုက်ရ သည်အထိ ဖြစ်ပွားခဲ့ကြောင်း မိထ္ထီလာ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်က ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Mar 2013 06:01 AM PDT
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့နံနက် ၉နာရီ ခန့်က ရွှေဆံကုပ် လာရောင်းသော ဇနီးမောင်နှံ နှင့် ရွှေဆိုင်ပိုင်ရှင်တို့ ခိုက်ရန်ဖြစ်ပွားရာ ဒေသခံလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။ မိတ္ထီလာမြို့ ကွက်ငယ်အုပ်စု ပြန်ကောက်ရွာတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Mar 2013 05:43 AM PDT
မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ပဋိပက္ခ ဖြစ်ပွါးမှုကြောင့် ရွှေဆိုင် တခုပျက်ဆီးခဲ့ ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတဲ့ မိတ္ထီလာ ပဋိပက္ခ မြင်ကွင်း ရုပ်/သံ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Mar 2013 05:36 AM PDT
မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ပဋိပက္ခ ဖြစ်ပွါးမှုကြောင့် ရွှေဆိုင် တခုပျက်ဆီးခဲ့ ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတဲ့ မိတ္ထီလာ ပဋိပက္ခ မြင်ကွင်း ရုပ်/သံ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Mar 2013 05:27 AM PDT
မိတ္ထီလာမြို့ ရွှေဆိုင်တခုမှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ရွှေအရောင်းအ၀ယ်ပြုလုပ်ရာကနေ မကျေမလည်ဖြစ်ပြီး ရွှေဆိုင်ဖြိုဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။ "ဖြစ်တာက ရွှေလာရောင်းတဲ့ လင်မယား ၂ ယောက်။ ရွှေဆိုင်မှာ ရှိတာက ၃ ယောက်။ အဲမှာ ရွှေရောင်းရွှေဝယ်လုပ်နေရင်း အချင်းများပြီး ရန်ဖြစ်ကြတာ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 20 Mar 2013 05:17 AM PDT
မိတ္ထီလာမြို့ဈေးကြီးအနားက ရွှေဆိုင်တဆိုင်ကို လင်မယားနှစ်ယောက် ရွှေလာရောင်းရာက အရောင်းအ၀ယ်မှာ ပြဿနာတက်ပြီး ဆိုင်ရှင်က ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခုတော့ အခြေအနေတွေကို ရဲတွေက ထိန်းသိမ်းထားလိုက်တယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 မိတ္ထီလာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွါးမှု ဓါတ်ပုံများ








Posted: 20 Mar 2013 12:28 AM PDT
ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်-  ဓာတ်ပုံ - zaw zaw myeik

Posted: 20 Mar 2013 12:29 AM PDT
မတ်လ ၁၉ ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၂ အမှတ် ၅၂
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Mar 2013 12:04 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်မှ အကြောင်းမဲ့ အပြစ်ရှာ အနိုင်ကျင့်ကာ ဒုမြို့နယ်တရား သူကြီးရာထူးမှ တိုင်းတရားလွှတ် တော်ရုံး ဒုဦးစီးရာထူးသို့ ရွှေ့ ပြောင်းခဲ့သည်ဟု ဆိုလာသည့် ယခင်အရာတော်မြို့နယ် ဒုတိယ တရားသူကြီး (လက်ရှိ စစ်ကိုင်း တိုင်းဒေသကြီး တရားလွှတ်တော် ဒုဦးစီး ဦးမင်းသော်ထွေးမှ ယင်း အနေဖြင့် ထိုသို့အနိုင်ကျင့်နေ သော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Mar 2013 11:40 PM PDT
ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့ နယ် အမှတ် (၉) ရပ်ကွက်၊ အင်းယားလမ်း မီးပွိုင့်တွင် မတ်လ ၁၄ ၇က်နေ့ က ဖြစ်ပွါးခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ၏ မြေးဖြစ်သူက တာဝန်ထမ်းဆောင် နေသော ယာဉ်ထိန်းရဲအား လက်ရောက်ကျူးလွန်ခဲ့မှု အတွက် ကာယကရှင် ဖြစ်သူ တပ်သား ကိုစံသိန်းထွေးက အန္တရာယ်ကင်းရန် တိုင်းကြားခြင်း ပြုလုပ်သွားမည် မဟုတ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

Posted: 19 Mar 2013 11:16 PM PDT
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာ လမ်းတွင် (၁၉-၃-၂၀၁၃) နေ့၊ ည (၁၀း၁၅) အချိန်ခန့်၌ ညီအစ်ကိုချင်း စကားများရာမှ ဓားထိုးမှုဖြစ်ကာ အစ်ကိုကြီး ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးပြီး၊ အစ်ကိုလတ်မှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူ လျှက်ရှိသည် ဟု သတင်းရရှိသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Mar 2013 11:05 PM PDT
ဒလမြို့နယ်၊ သမ္မတ ကမ်းခြေရွာ၊  သပြေကုန်းရပ်ကွက်၊ အံ့ကြီးအနောက် ရပ်ကွက်နှင့် ညောင်တုန်းရပ်ကွက်တို့ တွင် ရေပြတ်လပ်ရှားပါးမှု စောစီးစွာ ကြုံတွေ့နေ ရကြောင်း ဒေသခံများက မတ် ၁၉ ရက်တွင် မြန်မာအင်ဒီပဲန် ဒင့်သို့ ပြောကြားသည်။ ဒလမြို့ခံတစ် ဦးဖြစ်သူ မအိသက်နှင်းက "ဒလမြို့ နယ်က ရပ်ကွက်တိုင်း မှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 19 Mar 2013 10:53 PM PDT
ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် နိုင်ငံတော် သမ္မတ၏ ပြောကြားချက်ကြောင့် နိုင်ငံ့ဝန်ထမ်းများအကြား လစာငွေမလုံလောက်မှုကို အတိုင်းအတာတစ်ခုအထိ ပြေလည်စေမည့် မျှော်လင့်ချက်များ ရှိလာသည်။

နိုင်ငံ့ဝန်ထမ်းများ ခံစားနေရသော လုပ်ခ၊ လစာများသည် လောက်ငမှုမရှိသဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာပြီး သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေးတွင် အဟန့်အတားများ ဖြစ်ပေါ်လာနိုင်သဖြင့် ၀န်ထမ်းများအား ထိုက်သင့်သော လစာနှုန်းထားများ တိုးပေးနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စတင်တိုက်တွန်းမှု ပြုခဲ့သည်။

အဆိုပါ တိုက်တွန်းမှုကပင် ၀န်ထမ်းများကို လစာတိုးပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။

"ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနဲ့ စရိတ်ကို ခေတ်ကာလအခြေအနေနဲ့ ဆီလျော်မှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့် ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားပါတယ်" ဟု ယခုလ ၁၂ ရက်တွင် ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ နိုင်ငံတော်သမ္မတက ပြောကြားသည်။

လစာတိုးမည့် ကိစ္စရပ်နှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ၀န်ထမ်းတစ်ဦးက "လစာတိုးမယ်ဆိုရင်တော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ ထူးခြားတဲ့ ပြောင်းလဲမှုနှုန်းနဲ့ တိုးတာမဟုတ်ရင်တော့ သိပ်မထူးခြားဘူးပေါ့။ အတိုးပြတာမျိုးတော့ မဖြစ်စေချင်ဘူး" ဟု ပြောသည်။

လစာများ တိုးမြှင့်ပေးရန် စီစဉ်ထားသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားပြီး သုံးရက်အကြာတွင် ၀န်ထမ်းများအား လစာငွေ နှစ်သောင်းကျပ် ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြော
င်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းရာ၌ ထည့်သွင်းပြောဆိုသွားသည်။

ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးခြင်းသည် ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယမန်နှစ်က ငွေ ကျပ်သုံးသောင်း တိုးမြှင့်ပေးခြင်းသည် ထောက်ပံ့ကြေးသာဖြစ်သည်။

ဝန်ထမ်းများအား လစာတိုးပေးခြင်းဖြင့် နိုင်ငံတွင်းလည်ပတ် သုံးစွဲနေသော ငွေကြေးစနစ်တွင် ဖောင်းပွမှုများ ဖြစ်ပေါ်လာမည် ကိုလည်း စိုးရိမ်မှုများရှိနေသည်။

"အခုကတော့ ပြည်ထောင်စုလွှတ်တော်က အသုံးစရိတ်တွေ စိစစ်ပြီး လစာတိုးပေးတာပေါ့။ အရင်ကတော့ ပိုက်ဆံမရှိရင် စက်နဲ့ ရိုက်ထုတ်တာဆိုတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတယ်။ အခုတော့ ငွေကြေးဖောင်းပွမှုတွေ မဖြစ်အောင် ထိန်းသိမ်းရမယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

ငွေကြေးဖောင်းပွမှုအခြေအနေနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(အငြိမ်းစား) ဦးသန်းလွင်က "လက်ရှိ မြန်မာနိုင်ငံအနေနဲ့ကလည်း ကျပ်ငွေကမာနေတော့ လစာတိုးပေမယ့် ငွေကြေးဖောင်းပွမှုတော့ နည်းနိုင်တယ်" ဟု ၎င်း၏ အမြင်ကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် ၃၅၀၀၀ သာရှိပြီး တိုးမြှင့်မည့်လစာ ကျပ် ၂၀၀၀၀ အပါအ၀င် ကျပ် ၅၅၀၀၀ ခံစားခွင့်ရရှိမည်ဖြစ်သဖြင့် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပြင်ပပုဂ္ဂလိက၀န်ထမ်းများ၏ အနိမ့်ဆုံးလစာသည် ကျပ် ၄၀၀၀၀ ၀န်းကျင်သာရှိကြောင်း ပုဂ္ဂလိက၀န်ထမ်းအချို့က ဆိုသည်။

"ကုမ္ပဏီဝန်ထမ်းဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အဆင်မပြေရင် အချိန်မရွေးအလုပ်ပြုတ် သွားနိုင်တယ်။ နိုင်ငံ့ဝန်ထမ်းကတော့ စည်းကမ်းနဲ့အညီ နေမယ်ဆိုရင် အလွယ်တကူ အလုပ်ပြုတ်တာမျိုး မဖြစ်နိုင်ဘူးလေ။ အစိုးရ အလုပ်တွေက ပင်စင်လည်းရှိတော့ အနာဂတ် အာမခံချက်လည်း ရှိတယ်လို့ပြောလို့ရတယ်" ဟု ကုမ္ပဏီ
ဝန်ထမ်းဘ၀မှ နိုင်ငံ့ဝန်ထမ်းအလုပ်သို့ ပြောင်းလဲလုပ်ကိုင်နေသောဝန်ထမ်း
တစ်ဦးက ဆိုသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက "အစကတော့ ရာထူးကလည်းမတိုး။ လစာနည်းနည်းလေးနဲ့ လုပ်နေရတော့ အလုပ်ထွက်တော့မယ်လို့ စဉ်းစားထားတာ။ အခုလို တဖြည်းဖြည်း တိုးနေရင်တော့ ထွက်ရမှာတောင် နှမြောလာပြီ" ဟု ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာခံစားခွင့်များ တိုးမြှင့်ရန် လုပ်ဆောင်ခြင်းသည် ၀န်ထမ်းများ၏ အနာဂတ်ဘ၀ ခိုင်မာပြီဟုဆို၍ မရနိုင်သေးဘဲ တိုးပေးလိုက်သော လုပ်ခလစာနှင့် ၀န်ထမ်းများ၏ ဘ၀အနာဂတ်လုံလောက်မှုရှိ၊ မရှိ ဆိုသည်မှာ သုတေသနစစ်တမ်းကောက်မှသာ အဖြေထွက်နိုင်မည်ဖြစ်ကြောင်း ဦးသန်းလွင်က ဆိုသည်။

"လက်ရှိ အတိုးနှုန်းက လုံလောက်ပြီလို့ မပြောနိုင်ပေမယ့် နည်းနည်းတော့ လုံလောက်လာပြီလို့ ပြောနိုင်တယ်။ ဒါကြောင့် ဖြစ်သင့်တဲ့ အနိမ့်ဆုံးဝင်ငွေကို အမြန်ဆုံးသတ်မှတ်သင့်တယ်။ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲလာရင် ၀န်ထမ်းတွေအတွက် ကောင်းသလို နိုင်ငံတော်အတွက်လည်း သွယ်ဝိုက်ပြီးတော့ အကျိုးပြုတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

ယခုကဲ့သို့ လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းဖြင့် အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများကို အထိုက်အလျောက် လျော့ပါးစေနိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။

"၀န်ထမ်းတွေ လစာတိုးလာတယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုအပိုင်းလည်း တဖြည်းဖြည်း လျော့သွားမယ်လို့ စဉ်းစားထား တယ်" ဟု နိုင်ငံတော်သမ္မတ၏ အ ကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

လာဘ်ပေးလာဘ်ယူမှုကိစ္စရပ်များနှင့
် ပတ်သက်၍ ဦးသန်းလွင်က ၎င်း၏ အမြင်ကို ပြောရာတွင် စားဝတ်နေရေး မလုံလောက်မှုကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး ယခုကဲ့သို့ လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုများ တဖြည်းဖြည်း ပပျောက်လာနိုင်ကြောင်း သုံးသပ်သည်။

"အူမတောင့်မှ သီလစောင့်နိုင်မှာ ဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်။ တစ်ဖက်က အခွင့်အရေးနဲ့ သက်သာချောင်ချိရေး၊ အခြားတစ်ဖက်က စည်းကမ်းနဲ့ ဥပဒေ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာ မှာ ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

လစာတိုးမြှင့်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အနာဂတ် ခိုင်မာလာပြီဟု ယူဆနေသူများရှိနေသကဲ့သို့ ယခုတိုးလိုက်သည့် လစာနှုန်းထားသည် နည်းပါးနေသေးကြောင်း ၀န်ထမ်းအချို့က ဆိုသည်။

"အနာဂတ်ခိုင်မာပြီလို့ ပြောလို့မရသေးဘူး။ အခုတိုးထားတယ်ဆိုတာတောင် အပြင်ကုမ္ပဏီဝန်ထမ်းတွေထက်စာရင် နည်းနေသေးတယ်" ဟု စာရင်းစစ်ချုပ်ရုံးမှ မသက်သက်က ပြောသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်သော အနိမ့်ဆုံးရာ ထူးဖြစ်သည့် တပ်သားတစ်ဦး၏ လစာသည် ကျပ် ၃၆\၀၀၀ ဖြစ်ကာ သက်စွန့်ဆံဖျားစရိတ် ကျပ် ၅၀၀၀ ပေါင်းပါက ကျပ် ၄၁၀၀၀ ရရှိပြီး အရပ်သားဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် ၃၅၀၀၀ ဖြစ်သဖြင့် တပ်မတော်သားနှင့် အရပ်သားဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် လစာငွေကွာဟမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထိုကဲ့သို့ လစာငွေကွာဟမှုအပေါ် "ခုလို အခွင့်အရေးဖြစ်တဲ့ လစာခွဲခြားထားမှုတွေ အပေါ်မှာတော့ လုံးဝမကျေနပ်ဘူး။ နိုင်ငံ့ဝန်ထမ်းချင်းအတူတူ နှိမ့်ချဆက်ဆံတာ လုံးဝမကျေနပ်ဘူး။ လုပ်ရတဲ့ လုပ်ငန်းချင်းမတူပေမယ့် တာဝန်ကတော့ ၀န်ထမ်းတိုင်းမှာ အတူတူပဲ။ သူတို့မှာက လစာအပြင် နေရေး၊ ထိုင်ရေး၊ ရိက္ခာနဲ့ အခြားအခွင့်အရေးတွေရှိတယ်။ ဒီမကျေနပ်မှုတွေ ကြီးလာရင် အမျိုးသားစည်းလုံးညီညွတ်ရေးအတွ
က် စိုးရိမ်ရတယ်" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ၀န်ထမ်းတစ်ဦး ကပြောသည်။

အရာရှိအဆင့်မဟုတ်သည့် အခြားအဆင့်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အများစုသည် လစာငွေဖြင့် လောက်ငမှုမရှိဘဲ တပ်မတော်သားဘ၀မှ အငြိမ်းစားယူလျှင် နေထိုင်စရာ အခက်အခဲများကိုပါ ရင်ဆိုင်ရသဖြင့် အာမခံချက်ရှိသည်ဟုလည်း ပြော၍မရကြောင်း တပ်မတော်ဆေးရုံတွင် အထက်တန်းသူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

"၀န်ထမ်းတွေရဲ့ အနာဂတ် တောက်ပလာဖို့ဆိုတာ သူတို့ကို လစာဒီထက် တိုးပေးဖို့လိုတယ်။ အဲဒါကလည်း နိုင်ငံ့စီးပွားရေးပေါ် မှာ မူတည်တယ်။ စီးပွားရေးကို ဒီထက်ထိပိုပြီး တွန်းတင်နိုင်မယ်ဆိုရင်တော့ ၀န်ထမ်းတွေဘ၀က ဒီထက်ပိုပြီး အဆင်ပြေလာနိုင်တယ်" ဟု ဦးရဲထွန်းက သုံးသပ်သည်။

"အခုတိုးလိုက်တဲ့ပမာဏက လောက်ငမှုတော့ မရှိနိုင်ဘူး။ အခြေခံအနိမ့်ဆုံးလစာက တစ်သိန်းခွဲလောက်ရမှပဲ အဆင်ပြေမယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး တိုးပေးတာဆိုရင်တော့ ဒီလောက်နဲ့ မထိရောက်နိုင်ဘူး" ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ထောက်ကထိကတစ်ဦးက ပြောသည်။

ဝန်ထမ်းဘ၀မှ အငြိမ်းစားယူရာတွင် ခံစားခွင့်ရှိသည့် ပင်စင်ခံစားခွင့်နှင့်ပတ်သက်၍ လက်ရှိ ပင်စင်ပေးရေးဥပဒေအရ ၀န်ထမ်း
ဘ၀တွင် လုပ်သက်အများဆုံး ၄၂ နှစ်ဖြင့် အငြိမ်းစားယူကြရသော အမှုထမ်းများအနက် အနိမ့်ဆုံးအမှုထမ်းတစ်ဦး ရရှိသော တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေသည် ကျပ်ရှစ်သိန်းကျော်နှင့် လစဉ်ပင်စင်ငွေ ကျပ် ၂၀၀၀၀ ကျော်သာ ရရှိနိုင်မည်ဖြစ်ပြီး အမြင့်ဆုံးအမှုထမ်းတစ်ဦးအနေဖြင့
် တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေ ကျပ် ၁၄ သိန်းကျော်နှင့် လစဉ်ပင်စင်
ငွေကျပ် ၄၀၀၀၀ ကျော်သာ ရရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကဆိုသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထား တိုးမြှင့်ခြင်းကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၁ ရက်က နောက်ဆုံး တိုးမြှင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ကို ခံစားခွင့်ပြုခဲ့သည်။

ဝန်ထမ်းများ၏ အနာဂတ်နှင့်ပတ်သက်၍ "အခုဆိုရင် အနိမ့်ဆုံးလစာကို သင့်တင့်ရုံဆိုတဲ့ ကျပ်တစ်သိန်း သတ်မှတ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတာရှိပါတယ်" ဟု ဦးအေးမောက်က ပြောကြားသည်။


 ရေးသားသူ- သတင်းအဖွဲ့ - 7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal


Posted: 19 Mar 2013 10:49 PM PDT
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်အပြီး နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များမှ တိုင်းရင်းသား ဒေသများအတွက် သင်ခန်းစာယူနိုင်ကြောင်း တိုင်းရင်းသားအဖွဲ့ အစည်းများက ပြောသည်။ သယံဇာတကကို အခြေခံသော လုပ်ငန်းများ တိုင်းရင်းသားဒေသ အသီးသီးတွင် ရှိနေခြင်းသည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ် ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့သည် (Photo -EPA)

Posted: 19 Mar 2013 10:40 PM PDT
ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည် နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် "အ"သုံးလုံး သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ် မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - villagethar2011blogspot.com

Posted: 19 Mar 2013 10:42 PM PDT
ကချင်လွတ်မြောက်ရေး အဖွဲ့မှ ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက် နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီမြို့တွင် ပြောကြားခဲ့သည်။ "လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ"ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 19 Mar 2013 10:22 PM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ ''ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု အဆင့်ရှိတဲ့ သူတွေက ပါတီတာဝန် ထမ်းဆောင်လို့မရဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Mar 2013 10:03 PM PDT
အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာပါ။ ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မကြာခင်ကပဲ ပါတီညီလာခံ ကျင်းပခဲ့ပေမဲ့ ကြံ့ခိုင်ရေး ပါတီကတော့ ပြည်လုံး ကျွတ်ညီလာခံ ကျင်းပဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့လည်း သူ့ပါတီတွင်း ကြံ့ခိုင်အားကောင်းရေး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Mar 2013 09:55 PM PDT
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုကို အာဏာရ ကြံ့ခိုင်ရေး ပါတီက တင်သွင်းခဲ့တာဟာ အများ စိတ်ဝင်စား စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံပါ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ်ပဲ လျှော့ချမလား။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အာမခံချက်တွေ တကယ်ပဲ တိုးလာမလား။ စိုးရိမ်သံသယတွေ ရှိနေတာ တွေ့ရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Mar 2013 09:48 PM PDT
မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာက လယ်ဧက ၂ သိန်းကျော်ကို စစ်တပ်ကနေ သိမ်းယူထားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ တောင်သူ ၂၀၀ ကျော်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Mar 2013 09:39 PM PDT
ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ် ထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ တို့ ပူးပေါင်းပြီး ၂၅ ဖွဲ့ ညီလာခံ တရပ်ကို လားရှိုးမြို့ မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့ အထိ ကျင်းပပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုင်းရင်းသား ပါတီ ၂၅ ခု ညီလာခံ

Posted: 19 Mar 2013 03:20 PM PDT
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ်ပိုင် တပ်ကုန်းတွင် အခြေချ နေထိုင်ကြသူများကို လက်ရှိနေရာမှ ထွက်ခွာသွား ကြရန် အရှေ့တောင်တိုင်းဗျူဟာနှင့် မြို့ခံအာဏာပိုင်များက သတိပေးခဲ့သကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့က တပ်ကုန်းရှိ လူထုအားလုံး၏ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘုရားသုံးဆူ


Posted: 19 Mar 2013 02:45 PM PDT
အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြဗွီဒီယိုကို မြောက်ကိုရီးယားက အင်္ဂါနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ်ထားပုံကိုလည်း ပြသထား ပါတယ်။

ကုလသမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားစစ် ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ လက်တွဲပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တဲ့ တောင်ကိုရီးယားနိုင်ငံကိုလည်း တိုက်ခိုက်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါ တယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာလို့ မြင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်တဲ့အနေနဲ့
နျူကလီးယား ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ B-52 ဗုံးကျဲယာဉ်တွေကို တောင်ကိုရီးယားမှာ ပျံသန်းပြသခဲ့တာမို့ အခြေအနေတွေဟာ ပိုပြီး တင်းမာလာနေပါတယ်။

ဒီလအစောပိုင်းမှာတုန်းကတော့ ၁၉၅၃ ခုနှစ်ကတည်းက တောင်ကိုရီးယားနဲ့ ချုပ်ဆိုခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို သူ့ဘက်က ဖျက်ပစ်မယ်လို့ မြောက်ကိုရီးယားဘက်က ကြေညာ ခဲ့ပါတယ်။

ဗွီအိုအေ(မြန်မာဌာန)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Mar 2013 02:37 PM PDT
မတ်လ ၂၁ ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-134

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/21/2013 01:07:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.