သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

Posted: 27 Mar 2013 03:34 AM PDT

 ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက်  မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက  အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။
0101ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ၀ယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။

"ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် " ဟု သူက ဆိုသည် ။

မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀၀ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈  သောင်း ၀န်းကျင် (ကျပ်သိန်း ၁၀၀ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - " အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့  ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ၀ယ်ထားကြတယ် " ဟု ဆိုသည် ။

ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။

ကချင်စစ်ဘေးသင့် ကလေးများအတွက် ရံပုံငွေရှာပွဲ မူစယ်တွင် ကျင်းပ

Posted: 27 Mar 2013 03:33 AM PDT

ကချင်စစ်ဘေးသင့် ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ထောက်ပံ့ရန် ရံပုံငွေရှာဖွေပွဲ တစ်ခုကို မဇ္ဇျိမလှိုင်းတေးဂီတအဖွဲ့က ကမကထပြု၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖျော်ဖြေ ကျင်းပခဲ့ကြောင်း သိရသည် ။



မဇ္ဇျိမလှိုင်းနှင့် ငြိမ်းချမ်းရေးသံစဉ်များ ခေါင်းစဉ်ဖြင့် မတ်လ ၂၄ ရက်နေ့ ညပိုင်းက ကိုနေဝင်း ၊ ဂျေမောင်မောင် ၊ ကိုခိုင်ထူး ၊ ချစ်ကောင်း စသည့် နာမည် ကြီး အဆိုတော်များနှင့် တက်သစ်စ အဆိုတော်များပါဝင် သီဆိုဖျော်ဖြေခဲ့ကြောင်း မူစယ်မြို့ ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
alt

"မူစယ် ရွှေသမင်ဘုန်းကြီးကျောင်းရှေ့မှာ ကျင်းပတယ်။ မနေ့ည ၇ နာရီလောက်ကနေ မနက်ပိုင်း ၁ နာရီလောက်အထိပေါ့။ ပရိသတ် ၃၀၀၀ ကျော်လောက်လာအားပေးကြတယ် " ဟု သူက ပြောသည် ။

ကချင်ဒေသစစ်ဘေးသင့် ကလေးငယ်များအတွက် အကူအညီပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ မဇ္ဇျိမလှိုင်းတေးဂီတ အဖွဲ့နှင့် အတူလိုက်ပါလာသည့် ကချင်ဒေသ စစ်ဘေးသင့် ပြည်သူများကို ကူညီနေသော အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ယခုကဲ့သို့ ရှင်းပြသည် ။

"ပွဲစီစဉ်သူထဲမှာတော့ ကျနော်တို့မပါဘူးပေါ့။ မနေ့ကပွဲမှာ ၄၄ သိန်းရတယ်လို့ သိရတယ် ။ ရတဲ့အလှူငွေတွေကိုတော့ ကျနော်တို့အဖွဲ့ကိုလှူမယ်။ အဲဒီကမှ တဆင့် အိုင်ဒီပီ စခန်းတွေမှာ ပြန်လှူမယ်။ နောက်တစ်ခုက သူတို့အိုင်ဒီပီစခန်းတွေ သွားချင်တယ်ဆိုရင် ကျနော်တို့ လိုက်ပို့ပေးမယ် ခွဲပြီးလှူမှာပေါ့နော်။ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေနဲ့ ခရစ်ယန် သာသနာက စောင့်ရှောက်ထားတဲ့ စစ်ဘေးသင့် ကလေးတွေပါမယ် " ဟု သူက ပြောသည် ။

အဆိုပါ ဂီတဖျော်ဖြေပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပါတ်သက်၍ သူက ဆက်ပြောရာတွင် - "ရည်ရွယ်ချက်က ၂ ခုရှိ တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခုအချိန်အထိ မငြိမ်းချမ်းသေးဘူးဆိုတဲ့ကိစ္စ အထူးသဖြင့် ကချင် ပြည် နယ်မှာ ကျနော်တို့ညီအကိုမောင်နှမတွေ ရုန်းကန်နေရဆဲဆိုတဲ့ မက်ဆေ့ကို ပေးချင်တယ်။ သူတို့စခန်းတွေမှာ လိုအပ်တာ တွေကို ကူညီတယ်ဆိုတဲ့ စကားလုံးထက် တစ်ဦးနဲ့တစ်ဦး ဒုက္ခရောက်နေချိန်မှာ တကယ်ညီအကို မောင်နှမ စိတ်ရင်း ထားပြီးတော့မှ မျှဝေခံစားလိုတဲ့ စိတ်နဲ့ ဒီပွဲလေးကျင်းပရတာ ဖြစ်ပါတယ် " ဟု ဆိုသည် ။

ယခုလ ၂၆ ရက်နေ့တွင် သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့၌ မဇ္ဇျိမလှိုင်းအဖွဲ့မှ တေးဂီတဖျော်ဖြေပွဲ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည် ။

စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်ပေးရန် တရုတ်တောင်းဆို

Posted: 27 Mar 2013 03:32 AM PDT

စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆိုရန် မြန်မာအစိုးရထံ ပြန်ပို့ပြီးနောက်ပိုင်း တရုတ်အစိုးရက တောင်းဆိုလိုက်သည်ဟု ကျိုင်းတုံ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

" ၁၇ ရက်နေ့ တုန်းကရောက်လာတယ်။ အဲဒီ နေ့ ညနေပိုင်းမှာဘဲ သူ့ကို ကျိုင်းတုံ အကျဉ်းထောင်ပို့လိုက် တယ်။ သီးသန့်အခန်းနဲ့ထားတယ်။ သူ့ကို အမှု တခုခုနဲ့ တရားစွဲဆိုဖို့ တရုတ်ကတောင်းဆိုလာလို့ ၂၉ ရက် နေ့ သူ့ကို တရားရုံးတင်မယ်တဲ့" - ဟု ကျိုင်းတုံမြို့အကျဉ်းဦးစီး အသိုင်းအဝိုင်းကပြော သည်။
003- Sai Aung Myat                                                            စိုင်းအောင်မြတ်

မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦးသတ်ဖြတ်သည့်အမှု၌ စိုင်းနော်ခမ်း နှင့်အတူ စိုင်းအောင်မြတ် ပါဝင်သည်ဟု တရုတ်အစိုးရက စွပ်စွဲထားကြောင်း၊ လူသတ်မှုဖြင့်ဖြစ်စေ၊ မူးယစ်ဆေးဝါးမှုဖြင့်ဖြစ်စေ စိုင်းအောင်မြတ်အား တရားစွဲပြီး ပြစ်ဒဏ်တခုခု ချမှတ်ရန် မြန်မာအစိုးရထံ တရုတ်အစိုးရတောင်း ဆိုလာ ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"စိုင်းအောင်မြတ်က လက်နက်ချပြီး ဥပဒေဘောင်အတွင်း ဝင်လာတဲ့သူလေ။ ၁၉ (ခ) အမှု နဲ့ ဖွင့်ပြန်ရင်လဲ သူ့မှာလက်ဝယ်မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးတာမဟုတ်ဘူး၊ လူသတ်မှုနဲ့လဲကျနော်တို့မှာ ဘာမှသက်သေမရှိဘူး။ မလွှဲသာလို့လေ - ဘာလုပ်ရမှာလဲမသိဘူး။ ၂၉ ရက်နေ့တော့ သူ့ကို ရုံးထုတ်မယ်လို့တော့ အမိန့်လာပြီ" - ဟု ကျိုင်းတုံမြို့ စစ်ဖက်လုံခြုံရေး စရဖ အသိုင်းအဝိုင်းက ပြောသည်။

စိုင်းအောင်မြတ်လက်နက်မချမီ ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း၏ လက်ထောက်ဖြစ်ဖူး၏။ စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်ခန့် လက်အောက်ငယ်သား ၂၅ ယောက်နှင့်အတူ တာချီလိတ်မြို့ အစိုးရ တပ်မတော်ထံ တရားဝင်လက်နက်ချခဲ့၏။ ထို့နောက်ပိုင်း တရုတ်အစိုးရဖိအားကြောင့် လက်နက်ချပြီး ဖြစ် သော်လည်း မြန်မာအစိုးရက ၎င်းအားဖမ်းဆီးအကျဉ်းချကာ စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်အစိုးရက ဩဂတ်စ် ၂၀၁၂ - ၁၇ ရက် မတ်ခ်ျ ၂၀၁၃ အထိ တောင်းယူသွားခဲ့သည်။ စိုင်းနော်ခမ်းအား လည်း တရုတ်အစိုးရက မတ်ခ်ျ ၁ ရက်နေ့ ကသေဒဏ်ပေးခဲ့သည်။

SNLD ၏ ၆ လပတ် မြို့နယ်စုံညီ အစည်းအဝေး အမျိုးသမီးနှင့် လူငယ်များဆပ်ကော်မတီဖွဲ့စည်း

Posted: 27 Mar 2013 03:30 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ၆ လပတ် မြို့နယ်စုံညီအစည်းအဝေး မတ်လ ၂၄-၂၅ လားရှိုး၌ ကျင်းပရာ အမျိုးသမီးနှင့် လူငယ်များ ပါဝင်သည့် အလုပ် အမှုဆောင်အသစ် နှင့်ဆပ်ကော်မတီကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

002- shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

" ဥက္ကဌ ၊ ဒု-ဥက္ကဌ နဲ့အတွင်းရေးမှူး တာဝန်ကို ပုဂ္ဂိုလ်ဟောင်းတွေကိုဘဲ ပြန်ပြီးတော့တာဝန်ပေးအပ်တယ်။ စည်းရုံးရေးမှူး ကိုတော့ တောင်ကြီးက ပါတီဥက္ကဌ ဖြစ်တဲ့ စိုင်းခမ်းပိုင်ဖ ကိုတာဝန်ပေးတယ်။ CC အဖွဲ့ဝင် ၂၅ ယောက်ကနေ ၃၉ ယောက် အထိ တိုးချဲ့တယ်။ စည်းရုံးရေးအပိုင်း၊ ဥပဒေရေးရာအပိုင်း၊ အမျိုးသမီးအပိုင်းနဲ့လူငယ်အပိုင်းအတွက် ဆိုပြီးတော့ ကော် မတီ ငယ် ၄ ခု ထပ်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတော့ လူငယ်လူရွယ်တွေ အမျိုးသမီးငယ်လေးတွေ CC ထဲမှာအများ ကြီး ပြန်ပါလာတယ်။ လုပ်ငန်းလဲ အရင်ထက်စာရင် မြန်ဆန်ထိရောက်မယ်။ စည်းရုံးရေးလဲ အရင်ကထက်ထိထိ ရောက် ရောက် လုပ်နိုင်မယ်လို့ မြင်ပါတယ် " ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါအစည်းအဝေးအား လားရှိုးမြို့ရှိ SNLD ရုံး၌ကျင်းပခဲ့ကြောင်း၊ သျှမ်းပါတီများ ပေါင်းစည်းရေးကိစ္စအပြင် လာမည့် အောက်တိုဘာလ၌ကျရောက်မည့် ပါတီ၏ငွေရတုမွေးနေ့အတွက် လှုပ်ရှားမှုတခုခုလုပ်ရန်အတွက်ပါ ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့ကြောင်း စိုင်းလိတ်ကပြောပါသည်။

" ကျနော်တို့ SNLD ပါတီကို ၁၉၈၈ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ပါတီတည်ထောင်လာတာ ဒီနေ့အထိ စဉ်ဆက် မပြတ် ပါတီလှုပ်ရှားမှုရှိခဲ့တယ်။ လာမယ့် အောက်တိုဘာလမှာ ၂၅ နှစ်ငွေရတုတိုင်မယ် ။ ကျနော်တို့ ငွေရတု လှုပ်ရှားမှု မှတ်တမ်း ပြည်သူတရပ်လုံးကိုချပြဖို့ရှိတယ်။ ဥပမာအားဖြင့် SNLD ရဲ့သမိုင်းကြောင်းဆိုင်ရာစာအုပ် ထုတ်တာမျိုးပေါ့နော်။ အဲတာကို ၆ လပတ်အစည်းအဝေးမှာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။" ဟု စိုင်းလိတ်ကပြောသည်။

SNLD သည် ၁၉၉၆ ခုနှစ်ကတည်းက SSPP/SSA ၊ SSNA တို့နှင့် ရှိခဲ့သည့် SSJAC သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမူအတိုင်း အခုလည်း SSPP/SSA ၊ ပြည်သူ့စစ်အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်နှင့် SNLD တို့ ပူး ပေါင်း၍ နိုင်ငံရေးအရ မည်သို့ပူးပေါင်းမည်၊ ငြိမ်း ချမ်းရေးတည်ဆောက်မှုလုပ်ငန်း၌ မည်သို့ လက်တွဲဆောင်ရွက်နိုင်မည်၊ လူငယ်စွမ်းရည်မြင့်တင်ရေး ၌ မည်မျှလက်တွဲဆောင်ရွက်နိုင်မည် ဟူသည်ကို တွေ့ဆုံဆွေးနွေးပြီး လက်တွဲဆောင်ရွက်နေ ကြောင်းလည်း စိုင်းလိတ်ကပြောပါသည်။

သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်

Posted: 27 Mar 2013 03:29 AM PDT

သျှမ်းပြည်ထွက် သယံဇာတများဖြစ်သော သစ်တော၊ သတ္တုတွင်းထွက်ပစ္စည်းများတူးဖော်ခြင်း နှင့် လူထုအတွက် အကျိုးယုတ်စေသည့် စီမံကိန်းများအား RCSS ထံခွင့်ပြုချက်ရယူခြင်းမရှိ က အားလုံးပိတ်ပင်တော့ မည်ဟုဆိုသည်။
alt
 "ကျနော်တို့ သျှမ်းပြည်မှာသစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္တုတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြောင့် လူထုဘ၀ ရှင်သန်ရပ်တည်ဖို့ အနှောင့်အယှက်ဖြစ်တယ်။ သောက်ရေထွက်ရာကိုသစ်တောတွေ ခုတ်လိုက်တော့ နွေဘက်ဆို ရေက သုံးဖို့မရှိဘူး။ တာချီလိတ် တာလေဘက်ဆိုလဲ ရွှေတူးဖေါ် ရေး ကုမ္ပဏီတွေကြောင့် လယ်သမားတွေ လယ်လုပ်လို့မရဘူး၊ အဲဒါကြောင့် ကျနော်တို့က ဟန့်တားသွားမှာဖြစ်ပါတယ်" - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြော ပါသည်။

altသျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်း ပြည်အတွင်း သစ်၊ တွင်းထွက်နှင့်အခြားသော သယံဇာတများအား သျှမ်းပြည်လူထုအကျိုး ခံစားခွင့်ရရှိသကဲ့သို့ ထိန်းသိမ်းကာကွယ်ဖို့ရန်လည်းတာဝန်ရှိသည်၊ ထို့ကြောင့် လူထုနှင့်လက် တွဲပြီး RCSS/SSA က သျှမ်းပြည်သဘာဝအရင်းအမြစ်များနှင့် သယံဇာတများအားထိန်းသိမ်း ကာကွယ်သွားမည်ဟု ကြေငြာချက် ချက် သုံးချက်ဖြင့် မတ်ခ်ျ ၂၁ ရက်နေ့ကထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

"အခု အခြေအနေက နေပြည်တော်အစိုးရဆီကနေဘဲ သူတို့ ပါမစ်ယူပြီး သစ်တွေ၊ သယံဇာတ တွေတူးဖေါ် နေကြတယ်လေ။ နောက်ဆို ကျနော်တို့ဆီကပါ ခွင့်ပြုချက်ယူရမယ်။လုပ်ကိုင်ခွင့် ပေးဖို့ မပေးဖို့ ကျနော်တို့ကွင်းဆင်းစစ်ဆေးမယ်။ လူထုကိုထိတွေ့မေးမြန်းမယ်။လူထုအကျိုး မထိခိုက်ရင်တော့ တမျိုး။ မြစ်ဖျား ချောင်းဖျား၊ ကျွဲနွားစားကျက်လိုနေရာများဆိုရင်တော့ ခွင့်ပြုမှာမဟုတ်ဘူး" - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက ဆက်ပြော၏။

အဆိုပါကြေငြာချက်တွင် လာမည့် ၂၀၁၄ ဂျန္နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားကာ လုပ်ကိုင် ခွင့် ပေးထားမည်ဟုပါရှိသည်။

ထို့နောက်ပိုင်း၌နေပြည်တော်အစိုးရထံခွင့်ပြုချက်ရခဲ့ပြီးဖြစ်သော်လည်း သျှမ်းပြည်တပ်မ တော်ထံခွင့်ပြုချက်မရယူပါက လုပ်ကိုင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ လုံခြုံရေးအတွက်လည်း တာဝန်ယူမည်မဟုတ် ကြောင်းပါရှိသည်။

သျှမ်းပြည်အနှံ့သစ်ထုတ်နေသော ကုမ္ပဏီ၊ သတ္တုတူးဖေါ်နေသော ကုမ္ပဏီကြီးအခု ၂၀ ထက် မနည်းရှိနေကြောင်း၊ ထိုကုမ္ပဏီကြီးများမှ ကုမ္ပဏီခွဲလည်း အများအပြားရှိကြောင်း၊တာချီလိတ် ခရိုင်တာလေမြို့နယ်ခွဲ တခုတည်း၌ ရွှေ၊ ရွှေဖြူနှင့် အခြားတွင်းထွက်ပစ္စည်းများ တူးဖေါ်နေ သည့် ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း ထိုကုမ္ပဏီများမှစွန့်ပစ်သောအညစ်ကြေးများကြောင့် စိုက်ပျိုးလယ်မြေနှင့် ကျွဲနွားများအား ပျက်စီသေကြေစေကြောင်း  RCSS ပြောခွင့်ရကပြော သည်။

ဒေသအတွင်းကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အောင်မြင်မှုရ

Posted: 27 Mar 2013 03:27 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စုတွင် ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှားပြီး နောက် ပိုင်း ဒေသတွင်း မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဖြစ်ကြောင်း လူငယ်များက ပြောပါသည်။

alt

" ကျနော်တို့ အဖွဲ့ရဲ့ ပေါ်လစီအတိုင်း စစ်ဆေးမှုတွေ မရပ်မနားလုပ်တယ်။ နှိမ်နင်းစရာတွေလဲ ဖမ်းဆီးနှိမ်နင်းတယ်။ ဒါကြောင့် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ ၃-၄ လအတွင်းမှာဘဲ မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွား ပါတယ်။ အမှန်ဆိုရင် ထိရောက်မှုက ဒီ့ထက်ပိုသင့်ပါတယ်။  အကြောင်းကတော့ ကျနော်တို့အခက်အခဲက အားနည်းချက် ၂ ခုရှိနေလို့ပါ" ဟု အဖွဲ့ဝင်လူငယ် တဦးကပြောသည်။

အဆိုပါအားနည်းချက် ၂ ခုမှာ မူးယစ်တရားခံအား ခရိုင်တရားရုံးပို့ဆောင်ရန်ငွေကြေး အခက် အခဲရှိခြင်းနှင့် တခြားသို့ဆေးသွားသုံး၍  ပြန်လာသည့် မိမိတို့အုပ်စုမှ ဒေသခံများအားဖမ်းဆီး အရေးယူရန် ခက်ခဲခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆိုပါသည်။

" လက်နက်ကိုင်တပ်ဖွဲ့တွေဆီက ပူပေါင်းမှုရရင်တော့ ကျနော်တို့လုပ်ငန်းက ပိုပြီးတော့ထိရောက် မယ်လို့ မြင်ပါတယ်။ အာဏာပိုင်နဲ့ပူးပေါင်းလုပ်ဆောင်ရင် ကျောက်မဲခရိုင်တရားရုံးအထိသွား လုပ်ရမယ်။ သျှမ်းတပ်ဖွဲ့နဲ့ပူးပေါင်း မယ်ဆိုပြန်တော့လဲ အစိုးရတပ်ကနေ လိုက်လံအနှောင့် အယှက်ပေးနေလို့ သူတို့လဲ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ တိကျတဲ့ အခြေချစခန်း လဲ သူတို့မှာမရှိဘူးလေ" ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နမ္မတူမြို့နယ် မိုင်းယင်အုပ်စု၌ ဖါဆွမ်၊ ဝိန်းနန်၊ ဆာလုံနှင့် မိုင်းယင် အုပ်စုတို့မှ ကျေးရွာ ၂၅ ရွာက ရပ်မိရပ်ဖ နှင့်လူငယ် ၅၆ ယောက်က အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အားဖွဲ့စည်းလိုက်သည်။ အဆို ပါကျေးရွာများသည် နမ္မတူမြို့၏ အရှေ့မြောက် ဘက် ၁၅ မိုင် ခန့် ဝေးသောကျေးရွာများဖြစ်သည်။

အဖွဲ့အစည်း၏စည်းကမ်းချက်အရ မူးယစ်ဆေးဝါးလက်ဝယ်ရှိသူ၊ ရောင်းဝယ်ဖေါက်ကား သူများ အား ဖမ်းဆီးရမိပါက - ပထမ အကြိမ် ဗြုန်းသဲ ၅ ကျင်း(တကျင်းလျှင် အလျား/အနံ ၁၀ ပေ အမြင့် ၁ ပေ) ဖြင့် လမ်းခြင်းရမည်၊ ဒုတိယ အကြိမ် ဗြုန်းသဲ ၁၅ ကျင်းဖြင့် လမ်းခင်းရမည်၊ တတိယ အကြိမ်တွင်မူ အိမ်ခြံ နှင့် ပိုင်ဆိုင်မှုပစ္စည်းများအား ရပ်ရွာဘုံပိုင်အဖြစ် သိမ်းယူ၍ ရွာမှ တမိသားစုလုံးမောင်းထုတ်မည် သျှမ်းသံတော်ဆင့်အားပြောပြဖူးပါသည်။

မူစယ်တရားရုံး လူသတ်မှုအတွက် တရာခံရုံးထုတ် တရားလိုကိုသာစစ်ဆေး

Posted: 27 Mar 2013 03:26 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင်  ဓါးထိုးသတ်ခံရသော ကျားဖြူဥက္ကဌ၏တူအမှု အတွက် တရားခံအား (ရုံးထုတ်သော်လည်း) မစစ်ဆေးဘဲ တရားလိုဘက်မှ သက်သေများကိုသာ စစ်ဆေးမေးမြန်းကာ ယခုလကုန် ထပ်မံရုံးချိန်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

003- li fan 22 march

မတ်ခ်ျလ ၂၂ ရက်နေ့က တရားခံအားရုံးထုတ်စဉ်
"၂၂ ရက်နေ့ မွန်းတည့်ကနေ ညနေ ၅ နာရီအထိ  တရားလိုဘက်က သက်သေ ၃ ဦးကို မူစယ် တရားရုံးမှာ  စစ်ဆေးမေးမြန်းတယ်၊  နမ့်ခမ်းတရားရုံးမှာထွက်ဆိုတဲ့ အချက်အလက်တွေနဲ့ တူမတူပြန်စစ်ဆေးတာတဲ့။ ကျန်တဲ့တရားလို ၂ ဦးကိုတော့ နောက်အပတ်ထဲမှာထပ်မေးမယ် လို့ပြောတယ်"  ဟု သေဆုံးသူတရားလို ဘက်မှ ဆွေမျိုးသား ချင်းတစ်ဦးကပြောသည်။

တရားလိုဘက်မှ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးမည့်သူများမှာ စိုင်းစံမိန်း၊ စိုင်းဆိုင်မိန်း၊ စိုင်းလောဝ်ကွမ်း၊ စိုင်းအိုက်လိန် တို့ဖြစ်ရာ ၂၂ ရက်နေ့က သေဆုံးသူ၏ဖခင် ဦးစိုင်းဆမ်(ကောင်လွန်)  နှင့် သူငယ်ချင်းများဖြစ်သည့်  စိုင်းအိုက်လိန် ၊ စိုင်းလောဝ်ကွမ်းတို့အားစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း၊ လူသတ်တရားခံ  ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ)လိဖန်နှင့်  စိုင်းအိုက်ဆမ်တို့အား ရုံးထုတ်လာသော်လည်း  စစ်ဆေးမေးမြန်းမှု မရှိကြောင်း ၄င်းကဆိုသည်။

"ကျနော်တို့တော့ မနက်အစောကြီးက နမ့်ခမ်းကနေလာကြတယ်။  နေ့လည် ထမင်းစားချိန်ပြီးမှ တရားခွင်ကစတာလေ၊  ဒီအမှုကိုသက်ဆိုင်ရာအာဏာပိုင်ဘက်က တရားမျှတစွာလုပ်ပေးဖို့နဲ့ တရားလို မိသားစုကိုအားပေးဖို့ အစောကြီးကတည်းက နမ့်ခမ်းမြို့ကနေလာရတာဖြစ်ပါတယ်" ဟု အမှုစစ်ဆေးရာတွင် လိုက်လံစောင့်ကြည့်အားပေးသော နမ့်ခမ်းလူငယ်စိုင်းပီးကပြောသည်။

မတ်ခ်ျလ ၂၂ ရက် ရုံးချိန်း နေ့တွင် မူစယ် နမ့်ခမ်းမှ ဒေသခံ ၁၀၀ နီးပါးလာရောက် ကြည့်ရှုအား ပေးကြရာ  အများစုမှာ  နမ့်ခမ်းမြို့မှ ဒေသခံများ ဖြစ်ကြသည်။ မူစယ်မြို့နှင့်နမ့်ခမ်းမြို့သည် ၁၇ မိုင်ဝေးပါသည်။

ဖမ်းဝရမ်းထုတ်ထားသော တရားခံ ၂ ဦးဖြစ်သော နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်နေတရုတ် လူမျိုး အားကျိနှင့်နမ့်ဖတ်ကာမြို့နယ်နေ  ကချင်လူမျိုး မနော်တို့သည် ယခုထိဖမ်ဆီးနိုင်ခြင်း မရှိကြောင်း၊ ထိုဝရမ်းပြေးနှစ်ဦးသည် ပန်းဆေးဒေသဘက် ရှိတောတောင်ထူထပ်သောဘိန်းခြံ များ၌ပုန်းခိုနေသည်ဟု ဒေသတွင်း၌ သတင်းများထွက်ပေါ် နေကြောင်းသိရှိရသည်။

လားရှိုးငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေ

Posted: 27 Mar 2013 03:24 AM PDT

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့တွင်ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ အား မတ်ခ်ျလ ၂၀ မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပရာ အစည်း အဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း သိရသည်။ ထို့အပြင် လေ့လာသူအဖြစ်တက်ရောက်လာသည့်ပြင်ပအဖွဲ့အစည်း ၂၂ ဖွဲ့ရှိကြောင်းလဲသိရသည်။ အစည်းအဝေးနောက်ဆုံးရက်ဖြစ်သော မတ်လ ၂၂ ရက် ၄ နာရီမှ ၄ နာရီ မိနစ် ၅၀ ခန့်အထိ သတင်းစာရှင်း လင်းပွဲ နှင့်သဘောထားထုတ်ပြန်ကြေငြာချက် ၆ ချက်ကိုထုတ်ပြန်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲမှ တက်ရောက်လာသည့်သတင်းသမားများ၏မေးမြန်းချက်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂိုလ်များ၏ ဖြေကြားချက်များကို အောက်ပါအတိုင်းတင်ပြလိုက်ပါသည်။




မေး- လာမယ့် ဆွေးနွေးပွဲကို ဘယ်လိုဆက်လုပ်သွားမလဲ။

ဖြေ- သျှမ်းချည်းချည်းလုပ်လို့မရပါဘူး။ သျှမ်းပြည်နယ် အဆင့် ကယားပြည်နယ်အဆင့်ပြီးတဲ့ နောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာပါဝင်လာအောင်လုပ်သွားမယ်။ အစိုးရလုပ်လာလို့ရှိရင်လည်း အစိုးရနဲ့ အံဝင်ဂွင်ကျဖြစ်အောင်ညှိနှိုင်းပြီးတော့လုပ်ဆောင်သွားမယ်။

မေး-အပစ်ရပ်စဲရေးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ-အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ကျိုင်းတုံမှာ ဒု-ကာချုပ်ကပါဝင်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေး ကိုလုပ်ဆောင်ခဲ့တယ်။ အဲတာပြီးတော့လဲတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။တခါ တလေအစိုးရဘက်က တာဝန်မယူနိုင်သလိုလို ပြောလာတာရှိ တယ်။ကရင်ပြည်နယ်ကိုသွားတုန်းကလည်း ဦးအောင်မင်းက ပြောဖူးတယ် - ဟိုကလဲနားမထောင် ဒီကလည်းနားမထောင် ဖြစ်နေတယ်လို့ကြားရတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့အပစ်ရပ်စဲရေးဟာအခုစိတ်ချရမယ့်အခြေအနေတော့မဟုတ်သေးဘူး။

မေး- အခုလွှတ်တော်ထဲမှာအခြေခံဥပဒေပြန်လည်လေ့လာဖို့အဖွဲ့တွေဖွဲ့နေပြီ။ ဘယ်လိုလုပ်မလဲ။

ဖြေ- အခုကျနော်တို့ သျှမ်းနဲ့ ကယားနဲ့ ဆွေးနွေးတာဘဲရှိသေးတယ်။တူညီတဲ့သဘောတူညီချက် ကိုရယူဖို့ ဆက်လက်လုပ်သွားရမယ်။ ပြီးမှ အခြေခံဥပဒေကိုပြင်ဆင်ရမယ်။ သို့မဟုတ်အသစ်ရေးရမယ်။ သို့မဟုတ် လွှတ်တော်ကလုပ်ဆောင်နေတာနဲ့ချိတ်ဆက်နိုင်ရင်တော့အကောင်းဆုံးပေါ့။

မေး - အက်အဲန်ဒီဖီတို့  ဒဗလျူဒီဖီတို့မတက်ရောက်နိုင်တာ ရှေ့ဆက်လုပ်ရင်ဖိတ်ကြားမလား။

ဖြေ- အဲတာတော့သေချာပေါက်ကျနော်တို့ဖိတ်မှာဘဲ ။ ဘာကြောင့်မလာတာတော့မသိရပါဘူး။ရှေ့ဆက် အစည်း အဝေးလုပ်လို့ရှိရင်ကျနော်တို့ဖိတ်ခေါ်သွားမှာပါ။ ကျနော်တို့သပိတ်မှောက်မှုတော့မရှိပါဘူး။

မေး- တပ်မတော်ကိုကောဖိတ်မလား

ဖြေ- အခုအဆင့်မှာတော့မဖိတ်သေးပါဘူး။ ကျနော်တို့ အခြေခံဥပဒေပြင်ဆင်ရမယ် ၊ အသစ်ထပ်ရေးရမယ် ဆိုရင်တော့ဖိတ်ကိုဖိတ်ရမှာပါ။ လာတက်ပေးဖို့အထူးအနူးအညွတ်ပန်ကြားရမှာပါ။

မေး- အပစ်ရပ်စဲရေးပျက်မယ့်အနေအထားရှိပါသလား

ဖြေ- အပစ်ရပ်ပျက်မှာစိုးလို့အခုလဲကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်တဲ့အဆင့်မှာ ဘဲရှိပါတယ်။ ဒီထက် ကြီးမား တဲ့စစ်ဆင်ရေးရှိလာရင် အပစ်ရပ်ရေးပျက်ချင်ပျက်ဆိုတဲ့လုပ်ဆောင်မှုတွေရှိလာမယ် ဆိုရင်တော့ တပ်မတော်အပေါ်မှာဘဲရှိပါတယ်။

မေး- တပ်မတော်တခု တိုင်းပြည်တခုတည်းရှိဖို့ဆိုတာကော ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုအခြေအနေမှာ လက်နက်စွန့်ပြီး ပါတီထောင်မလဲ။

ဖြေ- တိုင်းပြည်တခုတပ်မတော်တခုဆိုတဲ့မူကိုကျနော်တို့ဘယ်လိုမှမဆန့်ကျင်ပါဘူး။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အပေါ် မှာဘဲမူတည်ပါတယ်။ လက်နက်စွန့်ပြီး ပါတီဖွဲ့မယ် မဖွဲ့မယ်ဆိုတာလဲဒီအပေါ်မှာဘဲမူတည်ပါတယ်။

မေး- အခုအခြေခံဥပဒေလေ့လာရေးကော်မတီအပေါ် ဘယ်လောက်ယုံကြည်မှုရှိနိုင်ပါသလဲ။

ဖြေ- ကျနော်တို့ဟိုးအရင်တုန်းကပြောသလိုဘဲ လမ်းညွန်မူ ၈ ချက်ထဲက ၁-၄ ကိုဆန့်ကျင်ဖို့မရှိဘူး။ ၅ ကနေ ၈ ကိုတော့ အခုချိန်ထိ သဘောမတူနိုင်သေးပါဘူး။ အခုကျနော်တို့က လောက်လေးစာမိတဲ့စာကလေး လိုဖြစ်နေတာပေါ့။   ဒါကြောင့်မို့လို့အခြေခံဖွဲ့စည်းပုံလေ့လာရေးကော်မတီကဘယ်လိုရုပ်ပုံပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်။ခုတော့မသိသေးပါဘူး။

၃ ရက်တာဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက် ၆ ချက်အကြမ်းဖျင်းအား အောက်ပါအတိုင်း တင်ပြလိုက် ပါသည်။

၁- တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ရန်

၂- နယ်မြေအတွင်း တပ်မတော်မှ စစ်အင်အားတိုးချဲ့မှု တိုက်ခိုက်မှုများကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အန္တရယ်ရှိပြီး အပစ်ရပ်စဲရေး ငြိမ်းချမ်းရေးကိုထိခိုက်နိုင်သော ပြသနာဖြစ်သည်။

၃- နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်ဖြေရှင်းရန်လိုအပ်သည်။

၎- ၂၀၀၈ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုပြန်လည်ပြင်ဆင်ရန်သော်လည်းကောင်းသို့ အသစ်ရေးရန်သော် လည်းကောင်း ပင်လုံကိုအခြေခံသောညီလာခံကြီးကျင်းပရမည်။

၅- တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေသော လုပ်ရပ်များကိုပြင်းထန်စွာရှုတ်ချသည်။

၆- သင့်လျော်သောဆွေးနွေးပွဲများကိုအနာဂတ်တွင်ထပ်မံပြုလုပ်သွားမည်။

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ အမျိုးသမီးကဏ္ဍဖြင့်အဆုံးသတ်

Posted: 27 Mar 2013 03:20 AM PDT

ယနေ့ လားရှိုးမြို့၌ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း - သျှမ်းပြည်နယ်၊ ကယားပြည်နယ် ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ အမျိုးသမီးကဏ္ဍဖြင့် အဆုံးသတ်ခဲ့ကြကြောင်း စုံစမ်းသိရှိ ရ ပါသည်။

shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

"ဒီနေ့တော့ အမျိုးသမီးတွေ တက်ရောက်စကားပြောတယ်။ သျှမ်းအမျိုးသမီးမှာဆိုရင် ဒေါ်နန်းဆိုင် နောင့်ကတက်ပြောတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ CSOs (Civil Society Organizations ) က မပါမဖြစ် ပါဝင်ရမယ်လို့ ပြောသွားတယ်" ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးကပြောပါသည်။

နန်းဆိုင်နောင့်၏ ဆွေးနွေးမှုကို ထောက်ခံကြသူများများပြားကြောင်း ဆိုပါသည်။ အလားတူ ကယား အမျိုးသမီးများလည်း တက်ရောက်ဆွေးနွေးပြောကြားကြပြီး  နန်းထွေးမှုံကလည်း စစ်မှန်သော ငြိမ်းချမ်းရေးရလိုပါက တရားဥပဒေပိုင်းဆိုင်ရာလည်း ပြုပြင်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟုဆို၏။

" စစ်မှန်သောငြိမ်းချမ်းရေးရလိုရင် တရားစီရင်ရေးအပိုင်းမှာလဲ ပြုပြင်ရမယ်။ အခု တရားစီရင်ရာမှာ ဘက်လိုက်လွန်းတယ်။ လာဘ်စားတယ်။ တရားမျှတမှုမရှိဘူး။ ဒီလိုလုပ်ခြင်းဟာဖြင့် တယောက်နဲ့ တယောက် တရွာနဲ့တရွာ လူမျိုးတမျိုးနဲ့တမျိုးကြားမှာ ပဋိပက္ခတွေ၊ ကွဲပြားမှုတွေ ဖြစ်လာနိုင်တယ် " ဟု ပြောခဲ့၏။

ယနေ့နောက်ဆုံးရက်ဖြစ်သောဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၈၃ ဦးရှိကာ အမျိုးသမီးများ ဆွေးနွေး မှုဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ညနေပိုင်းတွင်မူ  သဘောထားကြေငြာချက်ထုတ်ပြန်ရန်ရှိကြောင်း လည်းသိ ရပါသည်။

Burma News International - March 27, 2013

Burma News International

Burma News International
March 27, 2013

Private donations needed after refugee camp blaze

The Border Consortium (TBC), an umbrella group of NGOs which supplies humanitarian relief to some 140,000 refugees at the Thai-Myanmar border, has launched an emergency appeal to collect 13 million Thai baht (US $433,000) which it says it needs to replace essential food, homes and community buildings destroyed at Mae Surin refugee camp in a devastating fire on Friday.       

Chinese timber resumes in Kachin state

Hundreds of Chinese owned trucks laden with timber have crossed from Kachin state into China over the past few weeks. Timber being transported to China has increased during the recent lull in fighting between Kachin Independence Army (KIA) and Burma army.

Two Burmese monks held in Bangladesh

Two Burmese monks were arrested by the Bangladesh border security force, BGB, on Thursday at a border checkpoint located at Teknaf and Cox’sbazar highway where they entered into Bangladesh illegally, said an authority report.

American ambassadors visit Kayah state to discuss landmine eradication

The US Assistant Secretary for Conflict and Stabilization Operations Mr. Fredrick Barton attended a press conference in Loikaw for discussions on conflict resolution and landmine education during his first trip to Kayah state in Myanmar. Mr. Barton was accompanied by US Ambassador Derek Mitchell during the visit to the Kayah's state capital city. Both US politicians met with Kayah State Minister Khin Maung Oo for frank discussions about assistance for landmine victims, the peace process and other items related to development of the state.

New monthly news journal to be published in Chin state

Khonumthung News Group will start publishing a monthly print newspaper in Burmese in May. The news group just received the green light from the Ministry of Information and Publication Department (Copyrights and Registration Division). A registration card was issued for the monthly publication on March 22.

Competition heats up as 8 more newspapers get licenses

The Ministry of Information announced on March 25 that in a second round of licensing eight more private daily newspapers have been granted permission to publish, bringing the total of permitted daily publications in Myanmar to 16.

Indian firm fails to compensate farmers

Punj Lloyd Upstream Ltd, an Indian company which is building an extension of the Myanmar-China natural gas pipeline, has been accused of failing to compensate for damages relating to the construction of the pipeline.

Military will continue to play political role, says army chief

Addressing more than 6,300 soldiers on Wednesday morning, Myanmar's Commander-in-Chief Snr-Gen Min Aung Hlaing said that the military will continue to play a political role as the country transforms itself into a democracy, according to a report by Associated Press (AP).

ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွား

ပဲခူးတိုင်း မင်းလှ၊ နှင့်ဇီးကုန်းမြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့နေ့လည်က ဆူပူဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြည်တွင်းပြန်နိုင်မည်ဟု KRC သဘော ထားထုတ်ပြန်

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ ဒုက္ခသည်များ နေရပ်သို့ ပြန်လည်နေရာချထားရေး အစီအစဉ် ဖြစ်မြောက်နိုင်မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီ (KRC) မှ မတ်လ ၂၅ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

သျှမ်း-ကယား ဆွေးနွေးပွဲမှ ယုံကြည်မှု ပိုမိုရရှိလာဟု SNLD ပြော

လားရှိုးမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများ အချင်းချင်းကြား၊ တိုင်းရင်းသားနှင့် အစိုးရကြား ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရသူ စိုင်းလိတ်ကပြောသည်။

လိုင်ဇာဒေသသို့ စီးပွားရေးသမားများ ပြန်လည် ၀င်ရောက်လို

ပွင့်လင်းရာသီ ရောက်သည်နှင့် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လူစည်ကားလာပြီး တရုတ်ကုန်သည် စီးပွားရေးသမားများနှင့် ကချင်စီးပွားရေးသမား အယောက် (၂၀)ကျော်က ၄င်းတို့လုပ်ငန်းအတွက် နေရာများ နေ့စဉ် လိုက်လံရှာဖွေနေကြောင်း လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် ကပြောသည်။

ရခိုင် အစိုးရ နေပူတောင် ကိစ္စ တောင်ကုတ် လူထုအား ရှင်းလင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှ လုပ်ကိုင်မည့်  နေပူတောင် စီမံကိန်းနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုအား ရခိုင် အစိုးရမှ တောင်ကုတ်မြို့တွင်  ယမန်နေ့က ပြူလုပ်ခဲ့သည်။

ပူတာအို ဒေသအတွက် ကျပ်သိန်းပေါင်း တသောင်းခွဲ သုံးမည်ဟု ဦးသိန်းဇော် ပြော

စားနပ်ရိက္ခာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွက် ဧပြီလ ၁ ရက်နေ့မှ စတင်မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ဘဏ္ဍာရေးသုံးစွဲမှုများမှ ကျပ်သိန်းပေါင်း တသောင်းခွဲခန့် သုံးစွဲသွားမည်ဟု မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ပြောကြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

BGF နှင့် ရဲအဖွဲ့ ပူးပေါင်း၍ မြ၀တီမြို့မှ မူးယစ်ဆေးရောင်းဝယ်သူ ၄ ဦးကို ဖမ်းဆီး

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် နယ်ခြားစောင့်တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များ ပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

နွေဦးကာလသို့ ရောက်ရှိလာချိန် မီးဘေး အန္တရာယ်ကာကွယ်ရန် အတွက် မြန်မာပြည်ဘက်မှ တရုတ်လုပ် မီးသတ်ကားများ ပိုမိုဝယ်ယူနေသဖြင့် တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကား အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်

ကော်သူလေ-ကရင်လူငယ်အစည်းအရုံး(KYO) သည် အမျိုးသားရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးလုပ် ငန်းများသာ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ကြောင်း မတ်လ ၂၅ ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းအပေါ် ပါတီခေါင်းဆောင်အချို့ ကြိုဆို

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်း အနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြောကြားခဲ့သည့် မိန့်ခွန်း အပေါ်ပါတီ ခေါင်းဆောင်အချို့က ကြိုဆိုလိုက်သည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


မိတ္ထီလာဆူပူမှု သေဆုံးသူ ၄၀ ရှိကြောင်း အစိုးရ ကြေညာ

Posted: 27 Mar 2013 12:30 AM PDT

မအေးအေးမာ 26.03.2013 မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်တဲ့အကြောင်း  အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မြို့ခံတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ သွေးထွက်သံယို ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြဆဲပါ။ မိတ္ထီလာမြို့က

"စိတ်ချရသည့် အချိန်အထိ ရန်ကုန်တွင် ရဲလုံခြုံရေး တိုးမြှင့်ကင်းလှည့်မည်"

Posted: 26 Mar 2013 10:31 PM PDT

ရန်ကုန်၊ မတ် ၂၆ ဆူပူအကြမ်းဖက်ဖြစ်စဉ်များ ရန်ကုန်တွင် မပေါ်ပေါက်စေရေးအတွက် ရဲယာဉ်တန်းများဖြင့် နေ့ညပတ်ကာ လုံခြုံရေးတိုးမြှင့်ရယူနေမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြုလုပ်လျက်ရှိသည်။ မတ်လ ၂၅ ရက်နေ့ ည ၉ နာရီမှစ၍ ယာဉ် ၁၆ စီးဖြင့် ရဲ အင် အား ၂၁ဝ က မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး အနော်ရထာ လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်လမ်းတစ် လျှောက် အပါအဝင် အနောက်ပိုင်း ခရိုင် တစ်ခုလုံးအား နံနက် ၃

[mrsorcerer:37710] သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် တွေ့ဆုံခြင်း

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် တွေ့ဆုံခြင်း
Wednesday, March 27, 2013

Voice : အခု မိတ္ထီလာမှာဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခနဲ့ပတ်သက်ပြီး ဆရာတော့် အမြင်ကို မိန့်ပါဘုရား။

ဆရာတော် : ကမ္ဘာမြေကြီးပေါ်မှာ နေကြတဲ့လူတွေဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ၊ အသားအရောင်တွေ၊ ဓလေ့ထုံးစံတွေ မတူကြပေမယ့် တူတာတွေ အများကြီးရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ ဒီလိုဘာသာကြီးလေးခု ကွဲပေမယ့် ချစ်ခြင်းမုန်းခြင်း ဆိုတဲ့အပေါ်မှာ အားလုံးတူတယ်။ တူနေတဲ့အပေါ်မှာ အကုန်လုံးဟာ ပေါင်းနိုင်ရမယ်။ အိန္ဒိယလိုပြောရင် ဂင်္ဂါ၊ ယမုံနာ မြစ်တွေနာမည်သာ ကွဲနေတာ မြစ်ထဲမှာ
ရေပဲရှိတယ်။ ရေခြင်းတူရင် ပေါင်းလို့ရတယ်။

မြန်မာပြည်မှာလည်း မေခနဲ့မလိခ မပေါင်းနိုင်ရင် ဧရာဝတီဆိုတာ မရှိဘူး။ အဲ့ဒါကြောင့် အားလုံးသော ဘာသာဝင်တွေ အားလုံးသော လူမျိုးစုတွေ
မြန်မာဆိုတဲ့ မြေကြီးပေါ်မှာ ရေရေချင်း ရောသလို အကုန်လုံး
ရောရောနှောနှောရှိကြဖို့ တိုက်တွန်းတယ်။ မေတ္တာရပ်ခံတယ်။ နောက်
တစ်ခုက ဘုရား တွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့ God တို့၊ အလ္လာတို့၊ ယေဟိုဝါတို့၊ ဗြဟ္မာတို့၊ ရှီဝတို့၊ ဗိဿနိုးတို့ ဗုဒ္ဓတွေ ကိုးကွယ်စရာတွေ နာမည်တွေတော့ အများကြီးပဲ။

ကိုးကွယ်ခံတဲ့ ဘုရားတွေအမျိုး မျိုးရှိကြပေမယ့် ဘုရားတွေ ဟောတော်
မူတာက သစ္စာတရားနဲ့ ငြိမ်းချမ်းရေးနဲ့ဒါပဲ။ သစ္စာတရားကို လေးစားလိုက်
နာတဲ့ ပုဂ္ဂိုလ်တွေဟာ သစ္စာတရားကို သိမြင်နားလည်တဲ့ ပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေး ကို တည်ဆောက်လို့ရတယ်။ သစ္စာတရားကိုသာ မလိုက်နာရင် မသိမြင်ရင် ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်လို့မရဘူး။ ဘုရားတိုင်းရဲ
့နှလုံးသား မှာ မေတ္တာရော၊ ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုး အေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်း အေးတယ်။ ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေ ချိုးလည်း အေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင်လည်း အေးတယ်။ အဲ့ဒါကြောင့် အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။ အေးချမ်းသော ဘုရားသခင်တွေရဲ့ အရိပ်အောက်
မှာ နေကြတဲ့ဒီလူသားတွေဟာ အဲ့ဒီဘုရားသခင်တွေရဲ့ အဆုံးအမကို လိုက်နာပြီးတော့ အေးအေးချမ်းချမ်းနေ ကြဖို့ တိုက်တွန်းပါတယ်။

နောက်တစ်ခါ အဲ့ဒီဘုရားရှင်တွေရဲ့ အဆုံးမထဲမှာ ကရုဏာဆိုတာ ရှိတယ်။ ဘယ်ဘုရားမဆို ကရုဏာရှိတယ်။ ကရုဏာ ဆိုတာကလည်း ဘယ်သူ့
အပေါ်မှ ဒုက္ခဖြစ်အောင် မလုပ်ဘူး။ ဒုက္ခရောက်သူတိုင်းကို စောင့်ရှောက်
မယ်။ အဲ့ဒီကရုဏာစိတ်ဓာတ်ရှိတဲ့ ဘုရားသခင် တွေကို ကိုးကွယ်တဲ့ ဒီလူတွေဟာ ဘုရားရဲ့အဆုံးမတွေကို ကောင်းကောင်းလိုက်နာပြီးတော့ ဘယ်သူ့ အပေါ်မှ ဒုက္ခမပေးရဘူး။ ဒုက္ခရောက်တဲ့ လူတိုင်းကိုလည်း ကူညီစောင့်ရှောက်ရမယ်။ လူသားတိုင်းမှာရှိတဲ့ ဘုံအရည်အသွေးတွေပဲ။
နောက်တစ်ခါ ဘုရားသခင်တွေအားလုံးဟာ ပညာနဲ့လောကကြီး ကိုဆုံးမတယ်။ ပညာဆိုတာက သစ္စာတရားကို သိတဲ့ အသိဟာပညာရဲ့ အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒီ တော့ ဘုရားသခင်တွေရဲ့ သားတွေသမီးတွေ ဘုရားသခင် ဆုံးမတော်မူတဲ့အတိုင်း ဘုရားသခင်ဆိုတာက ခရစ်ယာန်ဘုရား၊
အစ္စလာမ်ဘုရား၊ ဟိန္ဒူဘုရား နောက် ဗုဒ္ဓဘုရား၊ ဂျူးဘုရား၊ ဒီဘုရား တိုင်းဆုံးမတဲ့မေတ္တာ၊ ကရုဏာ၊ ပညာ အဲ့ဒီ တရားသုံးပါး လက်ကိုင်ထား
ပြီးတော့ အဲ့ဒီမေတ္တာ၊ ကရုဏာ ဆိုတဲ့ဘုံ အခြေခံပေါ်မှာ အားလုံးလက်တွဲပြီး
တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်ကြဖို့ ဘာသာဝင်တိုင်းကို အားလုံး
တိုက်တွန်းပါတယ်။

Voice : ပဋိပက္ခတွေကိုဖြေရှင်းဖို့ သက်ဆိုင်တဲ့ နှစ်ဖက်ဘာသာရေး
ခေါင်းဆောင်တွေကို ဆရာတော် ဘာများမိန့်ကြားချင်ပါလဲ။

ဆရာတော် : ဒီတော့ ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကိုလည်း အထူး မေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့ နေရာတွေကို ရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသော
သံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကို ထိန်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့
စောင့်ရှောက်တော်မူကြပါလို့ သံဃာတော်များကို တောင်းပန်တယ်။

အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းသော
ဘုရား သခင်ရဲ့အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး
ကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။

Voice : မြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရ ဘေးက လူဦးရေပိုများတဲ့ နိုင်ငံတွေကပြည်တွင်း ကို စိမ့်ဝင်လာကြတဲ့အခါ ပဋိပက္ခပြဿနာ မဖြစ်အောင် ဘာတွေဆောင်ရွက်ဖို့ လိုပါသလဲဘုရား။

ဆရာတော် : အိမ်နီးနားချင်း တိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန် ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်း အရှေ့ပိုင်းကလူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလို East ကလူတွေ လည်း ဥရောပကို တစိမ့်စိမ့် ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မှ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကို သူတို့တွေက သိပ်အသားပြုတဲ့ အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့ Middle East က လူတွေဟာ ဖြည်းဖြည်းချင်း အင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။

မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက် ရှိတယ်။ ဒါပေမဲ့ မြန်မာ၂သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ မြန်မာ အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ ဆူပူသောင်းကျန်းမှုကို ဘယ်မှာမှမလုပ်ဘူး။ မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ ဒီတိုင်းပဲ။ မလေးရှား မွတ်ဆလင်တွေရဲ့လက်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ဆူပူသောင်းကျန်းအောင် မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ အရပ်မှာ မြန်မာတွေဟာ အဲ့ဒီ တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့ အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်းအောင် ဘယ်သူမှမလုပ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ကြီး တွေ။ အဲ့ဒီ ခေါင်းဆောင်ကြီးတွေထဲမှာ မွတ်ဆလင် ခေါင်းဆောင် ရာဇတ်ပါတယ်။ အဲဒီတော့ ဒီကနေ့ မွတ်ဆလင်လူမျိုး တွေဟာ မွတ်ဆလင်အမျိုးသား အမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ယူသွားတဲ့ ခေါင်းဆောင်ကြီး ရာဇတ် တို့လို စိတ်ဓာတ်မျိုးကို မွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။ ရာဇတ်ဟာ မန္တလေးရွှေမြို့တော်မှာ သူက မွတ်ဆလင်သာဖြစ်တာ ဘုန်းကြီးတွေနဲ့လည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး၊ National High School ကို တည်ထောင်တဲ့နေရာမှာ ရာဇတ် ခေါင်းဆောင်သွားတာ။ အဲ့ဒါကြောင့် ရာဇတ်ရဲ့ စိတ်ထားမျိုး မွေးကြစေချင်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီ၊ ရတော့မယ်ဆိုတဲ့ အချိန်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ ရာဇတ်တို့လည်း အသတ်ခံလိုက်ရတယ်။အဲဒါက နိုင်ငံခြားက ကျူးကျော်တဲ့ ပုဂ္ဂိုလ်တွေက သတ်တာမဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးက ကိုယ့်ဟာကို ပြန်သတ်သွားတာ။ အဲဒါကြောင့် အလွန် ဝမ်းနည်းစရာကောင်းတဲ့ ကြမ်းတမ်းသော ခရီးလမ်းကြီးကို အဲဒီကတည်းက လျှောက်လာတာ အခုထိ။

အဲ့ဒါကြောင့် ဆူးခင်းသောလမ်းကြီးကို လျှောက်ရတာကြာပါပြီ။ မွတ်ဆလင်တွေ မစ္စတာ ရာဇတ်ရဲ့ စိတ်ဓာတ်မျိုး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ မစ္စတာရာဇတ်ရဲ့ စိတ်ဓာတ်မျိုးနဲ့ ဆူးခင်းသောလမ်းကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းနိုင်အောင်၊ ပန်းခင်းသော လမ်းပေါ်မှာ ချမ်းချမ်းသာသာ လျှောက်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးတော့ ဒီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ကြပါ။ ဝိုင်းဝန်းကူညီကြပါလို့ မွတ်ဆလင်တွေကို အလေးအနက် မေတ္တာရပ်ခံ ချင်တယ်။

Voice : ပဋိပက္ခမှာ နှစ်ဖက် ပါဝင်ပတ်သက် နေတဲ့ ပုဂ္ဂိုလ်အဖွဲ့
အစည်းတွေကို ဘာများ တိုက်တွန်းချင်ပါလဲ။

ဆရာတော် : အနည်းငယ်မျှသော ကိစ္စတွေကို အကျယ်မချဲ့ဖို့ အကုန်လုံးကို တောင်းပန်ချင်တယ်။အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ တွေ့တွေ့၊ ခွေးတွေယိုသွားတဲ့ မစင်ပုံပဲတွေ့တွေ့ "ဟ … မစင်ပုံကြီးဟေ့" ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ မဟုတ်ဘူး။မစင် တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံ တုတ်နဲ့ ထိုးမွှေပြီးတော့ အော်ပြောနေတာ တစ်ရပ်ကွက်လုံး နံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကို အကြီးအကျယ် ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်း စိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက် ဆိုးတယ်။

Voice : ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် ဘာများ မိန့်မှာချင်ပါလဲ ဘုရား။

ဆရာတော် : အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေ အားလုံးကတော့ စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့
အေးအေးချမ်းချမ်း ဆောင်ရွက် ကြဖို့လိုလိမ့်မယ်။ စိတ်တွေက မြန်တယ်။
ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြ
တာတွေ စုနေကြမယ် ဆိုရင် ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲအားကောင်းရမယ်။ မြင်းလိုလည်းပဲ
မြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။
ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီးပါတယ်။ အဲဒီ မူလေးချက်နဲ့
ဆောင်ရွက်ကြပါ ဆိုတာကို တိုက်တွန်းပါတယ်။

The Voice Weekly


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

[mrsorcerer:37709] မုန်တိုင်းကြီးမတိုက်ခင်က မိတ္ထီလာ

မုန်တိုင်းကြီးမတိုက်ခင်က မိတ္ထီလာ
(Geofferey Hiller မှ ကိုယ်တွေ့ဖြစ်ရပ်အား ရင်ဖွင့်တင်ပြသည်။)


ပြီးခဲ့တဲ့လက ကျနော်မြန်မာပြည်ရောက်တော့ နေပြည်တော်နဲ့ မန္တလေးအကြား မြန်မာပြည်အလယ်ပိုင်းက မိတ္ထီလာမှာ ရက်အနည်းငယ် နေခဲ့ပါတယ်။ တောင်ငူကနေ ကားစီးလာလိုက်တာ ကားက ကြက်တွေ၊ ၀ါးစည်းတွေနဲ့အတူ လူအပြည့်ပါပဲ၊ မိနစ်နည်းနည်းလေးမောင်းလိုက် လူစောင့်တင်လိုက်နဲ့ သွားနေတာကြောင့် မိုင် ၁၅၀ ခရီးကို ၈ နာရီလောက်ကြာသွားတယ်။

ရောက်တဲ့နေရာမှာပဲ အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် ဟိုတယ်ကြီးကြီးတစ်ခုမှာ ဘွတ်ကင်လုပ်ကြည့်ပေမယ့် လူပြည့်နေတာကြောင့် မရတော့ဘူး။ ရန်ကုန်ဘက်လည်း ပြန်မလှည့်ချင်တော့ဘူး၊ မန္တလေးလည်း ဆက်မသွားချင်တာကြောင့် မိတ္ထီလာကို သွားဖြစ်တယ်။ အဲဒီမှာတော့ ဟိုတယ်ခန်းအလွတ်တွေ အများကြီးပေါ့ဗျာ။

ဘတ်စ်ကားက မွတ်စလင်တွေအများကြီးရှိတဲ့ ဗလီကြီးကြီးတစ်နေရာမှာ ကျနော့်ကို ချပေးတယ်။ အနီးနားက လက်ဖက်ရည်ဆိုင်မှာတော့ လူတစ်ယောက် ရွှံ့မီးဖိုနဲ့ နံပြားဖုတ်နေတယ်။ မော်တော်ဆိုင်ကယ် တစ်စင်းငှားပြီး ဟိုတယ်ကို သွားတယ်၊ ညစာစားပြီးတော့ မြို့အသစ်မှာ ကျနော့်ရဲ့ ပထမဆုံးညကို ဖြတ်သန်းဖို့ အနီးအပါး လမ်းလျှောက်ထွက်ဖြစ်တယ်။ ရန်ကုန်လို ရှုပ်ရှုပ်ထွေးထွေးမြို့ကနေရောက်လာတော့ ဒီလိုမြို့ငယ်လေးရဲ့ အငွေ့အသက်က ကြိုဆိုနေသလိုပဲ။ ဘေးနှစ်ဘက်မှာ သစ်ပင်တွေရှိနေတဲ့ လမ်းမကြီးတွေမှာတော့ ဆိုင်ပိုင်ရှင်အချို့ အေးအေးလူလူ အနားယူနေကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲရစ်တို့ လက်ထပ်ပြီးတော့လည်း ဒီမြို့ကို ၁၉၇၂ မှာ ပျားရည်ဆမ်းထွက်ခဲ့ကြတယ်။ ရေကန်ကြီးရှိပြီး နှစ်လိုဖွယ်မြို့ကလေးပါ။ အင်္ဂလိပ်ပုံစံ နာရီစင်ကြီးကလည်း မြို့အလယ်ကို လွှမ်းမိုးထားတယ်။ တစ်ဦးတည်းသော နိုင်ငံခြားသားကို တွေ့လိုက်ရတယ်၊ အသက်အလယ်အလတ်လောက်ရှိမယ့် ရုရှလူမျိုးတစ်ဦးပါ။ သူက ကျနော့်ကို စပိန်လို စကားပြောတယ်။

နောက်နေ့ကျတော့ မီးရထားလမ်းတဘက်က ဗလီတလုံးစီကျနော်ရောက်ဖြစ်တယ်။ သောကြာနေ့ဆိုတော့ ဗလီမှာ နမာဇ်ဖတ်သူတွေနဲ့ ပြည့်နေတယ်။ ပြီးတော့ သူတို့တွေ ဗလီရှေ့က ဟောကြီးမှာ စကားလက်ဆုံကျနေကြတယ်။ သူတို့ထဲက တယောက်က ကျနော့်ကို ငှက်ပျောသီး ကျွေးတယ်။ လမ်းရဲ့ အောက်ဘက်မှာတော့ ပန်ချာဘီအမျိုးသားကြီးတွေ ဖွင့်ထားတဲ့ အိန္ဒိယကုန်စုံဆိုင်ရှိတယ်။ ဒီပန်ချာဘီကြီးတွေက ဗြိတိသျှတွေ မြန်မာပြည်က ထွက်သွားအပြီးမှာ မြန်မာပြည်ထဲကို ၀င်လာတဲ့သူတွေဖြစ်တယ်။ သူတို့ကုန်စုံဆိုင်က လက်မလည်ဘူး၊ ဈေးဝယ်သူတွေကလည်း လူမျိုးစုံလို့၊ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနဲ့ မွတ်စလင်တွေ။

နောက်တစ်နေ့မနက်စာကိုတော့ Golden Rain လက်ဖက်ရည်ဆိုင်ရာ စားဖြစ်တယ်။ အဲဒီဆိုင်ကလေးက တခြားဆိုင်ကြီးသုံးဆိုင်နဲ့အတူ သစ်ပင်တွေ ထူထူထဲထဲရှိလှတဲ့ လမ်းပေါ်မှာပါ။ အလှပြင်ဆိုင်လို့ ထင်ရတဲ့ ဆိုင်တစ်ဆိုင်ကတော့ ထိန်ထိန်ညီးနေတာပါပဲ။ ဘွဲ့ယူကြတဲ့ကာလလည်းဖြစ်နေလေတော့ အမျိုးသမီးတွေက ဘွဲ့နှင်းသဘင်အတွက် အလှပြင်ဆင်နေကြတာပေါ့ဗျာ။ အဲ ဓာတ်ပုံဆိုင်တွေကလည်း လက်မလည်လောက်အောက် အလုပ်ဖြစ်နေတယ်။

အလှပြင်ဆိုင်တစ်ဆိုင်ကိုတော့ မန္တလေးက အလှဖန်တီးရှင်တွေ ဖွင့်ထားတာဗျ။ အထဲမှာတော့ သတို့သမီးတစ်ယောက် ဆံပင်အလှပြင်နေပြီး သူရဲ့သတို့သားအလာကို စောင့်နေတယ်။

နောက်တစ်နေ့မှာတော့ အုတ်တွေခွဲပြီး လမ်းဖို့နေတဲ့ အမျိုးသမီးတဦးကို ကျနော်ဓာတ်ပုံရိုက်ခဲ့တယ်။ သူက ကျောင်းကနေထွက်ပြီး ကျပန်းလုပ်တယ်၊ ဈေးထဲမှာ ကုန်စိမ်းရောင်းတယ်။ ဒီလိုမျိုး အသေးအနုတ်ကလေးတွေကပဲ မြန်မာပြည်ကြီးကို ရာစုနှစ်ပေါင်းများစွာ ဘယ်လိုဘယ်ပုံပြောင်းလဲနေစေလဲဆိုတာ ကျနော်တွေးမိသွားတယ်။

ကျနော်ပြန်လာပြီး တလလဲကြာရောဗျာ၊ မွတ်စလင်ရွှေဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာလင်မယား စကားများရာကနေ ပေါက်ကွဲပြီး ဆူပူသောင်းကျန်းကြတဲ့အကြောင်း သတင်းတွေ ဖတ်ရတော့တာပါပဲ။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းရှိလှတဲ့မြို့ကလေးကို ကိုယ်တိုင်ရောက်ဖူးခဲ့တော့လည်းဗျာ၊ ဒီလိုမျိုး တိုက်ခိုက်တာတွေ၊ သတ်ကြဖြတ်ကြ မီးရှို့ကြတာတွေက မယုံနိုင်စရာတွေပဲ။ ကျနော်က မိတ္ထီမြို့ခံ ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်စလင်တွေ ဒါဇင်နဲ့ချီပြီးတော့ကို စကားပြောဖြစ်ခဲ့တယ်။ ဒီလိုပြောဖြစ်ခဲ့တဲ့အပေါ်မှာ ကျနော့်အနေနဲ့ ဒါမျိုး ဆူပူသောင်းကျန်းမှုကြီးဖြစ်လာလိမ့်မယ်ဆိုတာ လုံးဝခန့်မှန်းလို့ မရဘူး။

မိတ္ထီလာနောက်ဆုံးနေ့မှာတော့ အာရှကမ္ဘာဘတ်စ်ကားမှတ်တိုင်ကနေ ရန်ကုန်ပြန်ဖို့ ဘတ်စ်ကားစောင့်ဖြစ်တယ်။ ဒီအာရှကမ္ဘာမှတ်တိုင်ကတော့ ဆိုင်နဲ့အိမ်တွဲဖွင့်ထားတဲ့ မွတ်စလင်မိသားစုကြီးတစ်စုနေတဲ့ နေရာမှာပါပဲ။ မန္တလေးကလာတဲ့ ဘတ်စ်ကားက နှစ်နာရီလောက်နောက်ကျနေတော့ အိမ်ထဲက ဖခင်ဖြစ်သူက ကျနော့်ကို ခေါ်ပြီး စပျစ်သီးတွေနဲ့ ဧည့်ခံတယ်ဗျာ။ သူက ကျနော့်ကို နံရံမှာချိတ်ထားတဲ့ မိသားစုဓာတ်ပုံတွေပြတယ်၊ ဒီလို သောင်းကျန်းမှုပဋိပက္ခသတင်းတွေကြားရတော့လည်းဗျာ၊ သူ့အတွက်ကျနော်စိုးရိမ်တယ်၊ သူ့မိသားစုက ကျနော့်လို သူစိမ်းတရံဆန်ကို ကြင်ကြင်နာနာကြီး ဆက်ဆံခဲ့တယ်လေ။

ဘတ်စ်ကားလာတော့ ကျနော်တက်လိုက်သွားတယ်။ ထိတ်လန့်ဖွယ်အဖြစ်အပျက်တစ်ခုကို ကျနော် သတိပြုမိလိုက်တယ်၊ ရှေ့မှာထိုင်တဲ့ အသက်ကြီးကြီး ဘုန်းကြီးတပါးက သူရဲ့ ပလတ်စတစ် သောက်ရေခွက်ကို ထိုင်ခုံနဲ့ စပြီး အသံခပ်ကျယ်ကျယ် ထုတော့တာပါပဲ။ ကျနော့်ဘေးက တစ်ယောက်ပြောပြလို့ သိရတာက ဘတ်စ်ကားနောက်ကျလို့တဲ့ဗျာ၊ ဘုန်းကြီးက ဒေါသအမျက်တွေ ထွက်နေတာပါတဲ့။ ဒါမျိုးမြင်ကွင်းက မြန်မာပြည်ရဲ့ ပုံမှန်သရုပ်တော့ မဟုတ်ခဲ့ဘူး၊ ဒီဗုဒ္ဓဘာသာဘုန်းကြီးကတော့ တမူထူးလို့ နေတာပေါ့။ ခုတော့ဗျာ၊ ဒီဖြစ်ရပ်ကပဲ ဒါမျိုး ပဋိပက္ခစိုးကြီးအတွက် ရှေ့ပြေးနိမိတ်ဖြစ်နေပါလားဆိုတာ ကျနော် အံ့သြနေမိတယ်ဗျာ။

Geofferey Hiller
ဧရာဝတီမဂ္ဂဇင်းမှ
...................................................................................................................................



ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး၏ မြန်မာပြည်ငြိမ်းချမ်းရေး သြဝါဒ
(၂၀၁၃ မတ်လ ၂၆ရက် DVB မှ အသံလွှင့် မိန့်ကြားချက်)

ဆရာကြီးဦးရာဇတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ငဲ့ပါ။
"သူတို့နှစ်ယောက်ရဲ့ ဝါဒ အတူတူ"
သဘောထားချင်း တူတာတွေ ပြောပြမယ်။
၁။ ငါတို့ဟာ မြန်မာပြည်မှာ မွေးဖွားတယ်။
၂။ ငါတို့ဟာ မြန်မာထမင်း အာဟာရ စားသုံးတယ်။
၃။ ငါတို့ဟာ မြန်မာပြည်မှာ ကျောင်းနေတယ်။
၎။ ငါတို့ဟာ မြန်မာပြည်မှာ ပညာသင်တယ်။
၅။ ငါတို့ဟာ မြန်မာပြည် လွတ်လပ်ရေး ရဖို့က တို့တာဝန်ဆိုပြီး
သဘောတူပြီး လုပ်လာခဲ့ကြတယ်။
ဆရာကြီး ဦးရာဇတ်က မိတ္ထီလာမှာ မွေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်မှာ မွေးတယ်။
မင်းကဘယ်ဘာသာ - ငါဘယ်ဘာသာဆိုပြီး နှီးနှောပြောဆိုတာ မရှိဘူး။
မြန်မာပြည်ချမ်းသာဖို့၊ လွတ်လပ်ရေးရဖို့ သူတို့ လုပ်ခဲ့ကြတယ်။
ဒါ့ကြောင့် လွတ်လပ်ရေးရတာ။
သူတို့ နှစ်ယောက်မှာ ဦးရာဇတ်က မွတ်စလင်မ် ၊ ဗိုလ်ချုပ်အောင်ဆန်းက ဗုဒ္ဓဘာသာ
ဘာသာနဲ့ ပတ်သက်ပြိး ပြောရိုးထုံးစံမရှိဘူး။
ကိုယ့်အလုပ်ကိုယ် လုပ်ကြတယ်။
ခုလည်း လွတ်လပ်ရေး ရကြပြီ။
ဒီအတိုင်းသာ တစ်ယောက်နဲ့တစ်ယောက် မခန့်လေးစားဖြစ်ပြီးတော့ သတ်ဖြတ် ပုတ်ခတ်နေကြရင် လွတ်လပ်ရေးက ပြန်ဆုံးရှုံးသွားလိမ့်မယ်။
ဆရာတော့်အနေနဲ့ စိုးရိမ်တယ်။
လွတ်လပ်ရေး မဆုံးရှုံးအောင်၊ လွတ်လပ်ရေး တည်တံ့ခိုင်မြဲအောင် နေကြထိုင်ကြပါ။
လွတ်လပ်ရေး ဗိသုကာ မွတ်စလင်မ် ဆရာကြီး ဦးရာဇတ်နဲ့
လွတ်လပ်ရေး ဗိသုကာ ဗုဒ္ဓဘာသာ ဗိုလ်ချုပ်အောင်ဆန်းကို ငဲ့ပြီး
ရပ်တန်းက ရပ်ကြပါ။
ဒေါသတွေ ဖြေကြပါ။
ရှေ့ရေးအတွက် ၊ တိုင်းပြည်အတွက် စိုးရိမ်ပြီး ပြောတာပါ။



--

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကျွန်တော်တို့ အဖွဲ့သားကိုချစ်အောင် ဆက်သွယ်မေးမြန်းခဲ့တာပါခင်ဗျာ။

>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။

အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။

>> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။

ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။

ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။

>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။

အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။

>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။

ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။

>> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။

ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။

>> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။

အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။

>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။

ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။


May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.