admin posted: " မိုးမခသို့ ကျေးဇူးစကား ၀င်းအောင်ကြီး၊ မတ် ၂၉၊ ၂၀၁၃ အပတ်စဉ်ဝတ်ပြုပွဲသို့အသွား မိတ်ဆွေကသူ့ကားနဲ့လာခေါ်လေ့ရှိပြီး အပြန်မတော့ ကျွန်တော်လမ်းလျှောက် လာလေ့ရှိတယ်။ နေပူလွန်းတဲ့အခါ သစ်ပင်ကြီးအောက်မှာ ခိုနားရတဲ့အရသာဟာ အအေးဓာတ်ပေးထားတဲ့ ဧည့်ခန်းဆိုဖာပေါ်"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- တာချီလိတ် သတ်ဖြတ်မှုကြောင့် စစ်ဗျူဟာမှူးအား တြိဂံတိုင်းခေါ်ယူစစ်ဆေး
- တရုတ်တောင်းဆိုချက်ကြောင့် စိုင်းအောင်မြတ်အား မြန်မာအစိုးရရုံးတင်စစ်ဆေးမည်
- သျှမ်း - ကယား ဆွေးနွေးပွဲ ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာ ဟု SNLD ပြော
| တာချီလိတ် သတ်ဖြတ်မှုကြောင့် စစ်ဗျူဟာမှူးအား တြိဂံတိုင်းခေါ်ယူစစ်ဆေး Posted: 28 Mar 2013 04:14 AM PDT ခလရ ၃၃၁ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူး ပစ်ခတ်သတ်ဖြတ်သည့် အမှုနှင့် ပတ်သက်ဆက်နွယ်ကာ တာချီလိတ်စစ်ဗျူဟာမှူး အား ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးက ဆင့်ခေါ် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်တွင်းမိသားစု သတင်းရပ် ကွက် ကဆိုပါသည်။ "တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်အခု ကျိုင်းတုံရောက်နေတယ်။ တြိဂံစစ်တိုင်းရုံးက သူ့ ကို တိုက်ရိုက်ကိုင် တာ။ တပ်မတော်စစ်ဆေးရေးမှူး ဗိုလ်ချုပ်သောင်းအေးလဲ တာချီလိတ်မှာ ရှိနေ တုန်းဘဲ။ စစ်လို့ဆေးလို့ မပြီးသေးဘူး။ မြို့နယ်ရဲမှူး၊ စခန်းမှူးတွေလဲ ထိကုန်တယ်ပြောတယ်၊ ရဲ အရာရှိ တယောက်ကတော့ သင်တန်းနဲ့ ညှိနေလို့ ကံကောင်းသွား တယ်" ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သည့် ဒေသခံတဦးကပြောသည်။ ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျားဝင်းနှင့် တပ်ခွဲမှူးတို့ မူးယစ် ဆေးကိစ္စ၊ လိုင်စင်မဲ့ကားများနှင့်အခြားသော လာဘ်ပေးလာဘ်ယူမှုများကြောင့် အချေအတင် စကားများရာမှ ကျည်လွှတ် ထွက်ကာ တပ်ရင်းမှူး ထိမှန်သေဆုံးသွားကြောင်း၊ ထို ကိစ္စကြောင့် တာချီလိတ်စစ်ဗျူဟာမှူးအားလည်း တြိဂံစစ်တိုင်းရုံးက ထိန်းသိမ်းစစ်ဆေးနေ ကြောင်းဆို ပါသည်။ "တပ်တွင်းအရာရှိတွေအကုန်အစစ်ခံရတာ။ တပ်ကြပ်ကြီးအဆင့်အထိဘဲ။ အခုလဲ တပ်တွင်း မိသားစု တွေ အနေအထိုင် အဝတ်အစားကအစ ဆင်ခြင်နေရတယ်။ အဖမ်းခံရတဲ့လူတွေကို ဘယ်လို ထပ်ပြီး အရေးယူမလဲတော့မသိသေးဘူး" ဟု တပ်တွင်းမိသားစု အသိုင်းအဝိုင်းတဦးကလည်းပြောပါသည်။ ဖေဖော်ဝါရီလဆန်းခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဝမ့်ဆမ်ဖူးရွာ (စိုင်းနော်ခမ်းအခြေချ လှုပ်ရှားနေထိုင်သည့်ရွာ) အတွင်း ယာဘ အစည်းပေါင်း ၇၀၀ ကို ခမရ ၃၃၁ ပူးပေါင်းပါဝင်သည့် အဖွဲ့က ဖမ်းဆီးခဲ့သည်။ သိမ်းဆည်းရမိသော ယာဘ အစည်း ၇၀၀ (တစည်းလျှင် ယာဘ ၁၀ ထုပ်၊ တစ်ထုပ်= အပြားပေါင်း ၂၀,၀၀၀ ၊ တပြား= အနည်းဆုံး ၄၅ ဘတ်ခန့်၊ တဘတ်= ၂၉ ကျပ်ခန့်) အနက် ဗျူဟာမှူးတဦးတည်း အစည်း ၂၀၀ ကျော် ခွဲယူသွားသည်ဟု တပ်ရေးဗိုလ်ကြီးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။ တာချီလိတ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်သည် တာချီလိတ်မြို့သို့ ရောက်ရှိလာ သည်မှာ တနှစ်ပင်မရှိသေးဟု ဒေသခံများက ဆိုသည်။ |
| တရုတ်တောင်းဆိုချက်ကြောင့် စိုင်းအောင်မြတ်အား မြန်မာအစိုးရရုံးတင်စစ်ဆေးမည် Posted: 28 Mar 2013 04:14 AM PDT တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ်စစ်ဆေးပြီးနောက် ယခုလအတွင်းပြည်တော်ပြန်ပို့ခံရသော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်သား စိုင်းအောင်မြတ်အား တရုတ်အစိုးရတောင်းဆိုမှုအတိုင်း တရားစွဲဆိုရန် မနက်ဖြန်ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ "သူ့ကိုကျိုင်းတုံမှာဘဲထားနေတုန်းဘဲ။ မတ်ခ်ျလ ၂၉ ရက် နက်ဖြန်ရုံးတင်စစ်ဆေးမယ်။ သူ့အမနဲ့သူ့မိန်းမသွားနားထောင် ကြမယ်။ အမှန်ကတော့ တရုတ်ဩဇာကြောင့်သာ သူ့ကို အချုပ်ခန်းပို့ထားတယ်၊ ရုံးတင်စစ်ဆေးမယ်လုပ်နေကြတာ။ နေ ပြည်တော်က အရာရှိတွေကဆိုရင် 'လက်နက်ချတဲ့လူကို တရားစွဲလို့မရဘူး' လို့ပြောကြတယ်" ဟု စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူတဦးကပြောသည်။ စိုင်းအောင်မြတ်အား အမှန်တကယ် ရုံးတင်စစ်ဆေးမည်ဆိုပါက တရုတ်နိုင်ငံသည် မြန်မာအစိုးရအပေါ် ချုပ်ကိုင်နိုင်မည့် အကြောင်းတခုခုရှိနိုင်ကြောင်း၊ KIO နှင့် အစိုးရတို့ ရွှေလီ၌ ဆွေးနွေးစဉ်ကလည်း ဆွေးနွေးပွဲအပေါ်တရုတ်အစိုးရက ခြယ်လှယ်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေသည့်ပုဂ္ဂိုလ်တဦးက သုံးသပ်ပြောဆိုသည်။ စိုင်းအောင်မြတ်အား ယခုလ ၁၇ ရက်နေ့ ကျိုင်းတုံသို့ပြန်လည်ပို့ဆောင်ပြီးနောက်ပိုင်း တရုတ်အစိုးရက အမှုတခုခုဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးရန် မြန်မာအာဏာပိုင်များထံတောင်းဆိုလာကြောင်း၊ ထို့ကြောင့် ထိုနေ့ညနေပိုင်း ၎င်းအား ကျိုင်းတုံအကျဉ်းထောင် အထူးခန်း၌ ပြန်လည်ထိန်းသိမ်းထားကြောင်း၊ လုံခြုံရေးအရ ၎င်း၏ မိသားစုအပါအဝင် ၎င်းအား ရန်ကုန် သို့မဟုတ် နေပြည်တော်သို့ပို့ဆောင်မည်ဟု ကျိုင်းတုံရှိ မြန်မာအာဏာပိုင်များပြောဆိုသော်လည်း ယနေ့တိုင် ကျိုင်းတုံအကျဉ်းစခန်း၌ပင်ရှိနေသေးကြောင်း အမျိုးဖြစ်သူတဦးကပြောသည်။ စိုင်းနော်ခမ်း၏လက်ထောက်ဖြစ်သော စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်အလို တာချီလိတ်ရှိ မြန်မာအစိုးရထံ နောက်လိုက်၂၅ ဦးဖြင့် လက်နက်ချခဲ့သည်။ " စိုင်းနော်ခမ်းအသတ်ခံရမယ့် ရက်တွေတုန်းက စိုင်းအောင်မြတ်ကို အကျဉ်းထဲမှာ ဆလိုက်မီးကြီးနဲ့နေ့ရောညပါထိုးထား တယ်။ နေ့လားညလား တောင် မသိရဘူး။ မနက်မိုးလင်းပြီလို့ခန့်မှန်းရတဲ့ အချိန်မှာ ဆိုရင် ပေါက်စီ ၃ လုံးလာပေးတယ်။ မနက်စာတလုံး နေ့လည်စာတလုံး ညစာတလုံး စားရတယ်။ ရေဆာရင် တစွန်းဘဲတိုက်တယ်။ ရိုက်တာနှက်တာတော့မရ ပါဘူး- လို့ သူကပြန်လာပြောပြတယ်" ဟု စိုင်းအောင်မြတ်အား ကျိုင်းတုံ၌ သွားတွေ့ခွင့်ရခဲ့သော အမျိုးတော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြန်လည်ပြောပြသည်။ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား လှေသမား ၁၃ ဦး အသတ်ခံရသည့်အမှု၌ ညွှန်ကြားသူအဖြစ်စွပ်စွဲခံရသော စိုင်းနော် ခမ်းအား အမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်သေအဖြစ်ထွက်ဆိုပေးရန် စိုင်းအောင်မြတ်ကို ယမန်နှစ် ဩဂတ်စ်၌ တရုတ် အစိုးရထံသို့ မြန်မာအစိုးရမှလွှဲပြောင်းပေးခဲ့သည်။ လူသတ်မှု၌ စိုင်းနော်ခမ်း ကိုယ်တိုင် အမိန့်ပေးကြောင်း လက်ထောက် ဖြစ်သူ စိုင်းအောင်မြတ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု တရုတ်မီဒီယာများက ပြောသော်လည်း ၎င်းဘာမှမသိရကြောင်း၊ ကျိုင်းတုံ၌ပြောသည့်အတိုင်း တရုတ်တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု မိသားစုဝင်နှင့် မိတ်ဆွေများက ပြောပါသည်။ |
| သျှမ်း - ကယား ဆွေးနွေးပွဲ ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာ ဟု SNLD ပြော Posted: 27 Mar 2013 07:17 PM PDT လားရှိုးမြို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများအချင်းချင်းကြား၊ တိုင်းရင်း သား နှင့်အစိုးရကြား ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရ စိုင်းလိတ်ကပြောပါသည်။ "အားနည်းချက်က ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတိုင်းကို တင်ပြဆွေးနွေးမယ့်အစီရင်ခံစာ ကြိုတင်ပို့ပေးဖို့ သတင်းပို့ထား ပေမယ့် ပြင်ဆင်လာကြတာမရှိတဲ့အတွက် တင်ပြမှုတွေကို ကော်မတီအနေနဲ့ စီစစ်မှုမလုပ် လိုက်ရဘူး။ နောက်ပြီး မျှော်မှန်း ထားသလောက် ပြည့်ပြည့်စုံစုံနဲ့ကျေနပ်လောက်တဲ့တင်ပြမှုမျိုးတွေမရှိခဲ့ဘူး။ အားသာချက်ကတော့ ကျနော်တို့ သျှမ်းပြည်နဲ့ ကယားပြည်နယ်ကြား၊ တိုင်းရင်းသားများအချင်းချင်း၊ တိုင်းရင်း သား နဲ့ အစိုးရ နီးစပ်မှု ယုံကြည်မှုတွေပိုရှိလာတယ်" ဟု စိုင်းလိတ်ကပြောပါသည်။ ![]() ယခုလ ၂၀ ရက်မှ ၂၂ ရက်အထိ လားရှိုးမြို့၌ကျင်းပသော သျှမ်းပြည်နယ် - ကယားပြည်နယ်ကြားငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ မကျင်းပမီကတည်းက ကြိုတင်တင်ပြထားရန် အကြောင်း ကြားထားသော်လည်း ကြိုတင်ပို့ပေးမှုမရှိသဖြင့် စီစစ်မှုမလုပ်လိုက်ရကြောင်းဆိုပါသည်။ သို့သော် သျှမ်းပြည် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ပဒေသရာဇ်ခေတ်ကတည်းကတွေ့ကြုံခံစားခဲ့ရမှုများအပေါ် သဘောထားနှင့် ယနေ့ခေတ်၌ မိမိတို့ယုံကြည်ချက်များပြောင်း လဲလာခဲ့သည်ဟု စိုင်းလိတ်ကပြောသည်။ "ပြည်ထောင်စုကနေခွဲထွက်လိုမှုကြောင့်မဟုတ်ဘူး။ စစ်မှန်သောပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ ၊လူမျိုးကြီး ကနေ လူမျိုးငယ်လေးတွေအပေါ်၊ အင်အားကြီးကနေ အင်အားငယ်တဲ့အုပ်စုတွေအပေါ် နိုင်လိုမင်းထက် စိတ် ထားမျိုး၊ အပေါ် စီးစိတ်ထား မျိုးမရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ် နေတာဖြစ် ပါတယ်။ ဒီလိုပြည်ထောင်စု စစ်စစ်ဖြစ်ပေါ် လာဖို့ဆိုတာ တိုင်းပြည်ကြီးအေးချမ်းမှဖြစ်မယ်။ ပြည်တွင်းစစ်မီး မငြိမ်းရင် ငြိမ်းချမ်းရေးဆိုတာအပြောဘဲရှိမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာမဟုတ်ပါဘူး" ဟု စိုင်းလိတ်က ပြောသည်။ ၃ ရက်ကြာ ကျင်းပသော အဆိုပါဆွေးနွေးပွဲမှ - 'စစ်မှန်သော ဖက်ဒရယ်ပြည်ထေင်စုစစ်စစ်တည်ဆောက်ဖို့ ၊ ၂၀၀၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေးဖို့ ၊ မြန်မာပြည်အလယ်ပိုင်းမှာဖြစ်နေတဲ့ပြသနာဟာ ငြိမ်းချမ်းရေးလမ်း ကိုပျက်ပြားစေတဲ့အတွက်ကြောင့် ၊ Rule of law ကိုထိခိုက်စေတဲ့အတွက်ကြောင့် ဒီကိစ္စ ဖြစ်အောင် တားဆီးဖို့ (လှုံ့ဆော် တဲ့လူတွေကို ရှုတ်ချဖို့) နောက်တခုက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် ဒီဆွေးနွေးပွဲလုပ်သင့် တယ် ထင်လို့ ကြိုးစားလုပ်ဆောင်ရတယ်' - ဟုလည်း စိုင်းလိတ် ကပြောပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံတိုးမြင့်လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့်ဆွေးနွေးပွဲ ၂ ရပ် (ရန်ကုန် - သျှမ်းသီး သန့် ၊ လားရှိုး - သျှမ်း + ကယား) ကို ပြန်လည်ဆန်းစစ်ရဦးမည်ဖြစ်ကြောင်း စိုင်းလိတ်ကဆက်လက် ပြောပြပါ သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[aurorageneration] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ
အကြောင်းအရာ။ အဖွဲ့ချုပ်ဥက္ကဌနှင့်တကွ NLD ပါတီဝင်များဂုဏ်ယူဝမ်းမြောက်စေမည့်
သတင်းပေးခြင်း
လှိုင်သာယာမြို့နယ် ၊ အမှတ်(၁၃)ရပ်ကွက်၊ ဂန္တ၀င်လမ်း ရှိ အိမ်အမှတ်၊ ၂၁၂-ခ သည်
ထောင့်အစွန်ကွက်ဖြစ်သဖြင့် စည်ပင်ပိုင်မြေပိုများမှ ၅ပေခန့်အား ကျော်လွန်ဆောက်လုပ်ထားခဲ့ရာ
ဥပဒေနှင့်မညီညွတ်သောကြောင့် အဖွဲ့ချုပ်၏လှိုင်သာယာစည်းရုံးရေးမှူး ဒေါ်မြတ်မာလာမှ
လက်ပိုက်ကြည့်မနေနိုင်ဘဲ မြို့နယ်စည်ပင်သာယာရုံးသို့ တိုင်ကြားခဲ့ပါသည်။NLD ပါတီစည်းရုံးရေးမှူး
ဒေါ်မြတ်မာလာမှ နိုင်ငံတော်အတွင်း တရားဥပဒေအတိုင်းလိုက်နာနေထိုင်မှုရှိစေရေး ရည်စူးကာ တိုင်ကြားချင်းဖြစ်ကြောင်း အိမ်နီးချင်းများမှ အိမ်ရှင်အားပြောကြားကြသဖြင့် အိမ်ရှင်၏သားဖြစ်သူမှ
" ယခုကဲ့သို့တိုင်ကြားခြင်းသည် မည်သူ့အတွက်မှအကျိုးကျေးဇူးများမည်မထင်ကြောင်း၊ မိမိတို့မှာသာ
အလွန်ထိခိုက်နစ်နာသွားမည်ဖြစ်သဖြင့် ဖြစ်နိုင်ပါက တိုင်စာအားပြန်လည်ရုပ်သိမ်းပေးစေ လိုပါကြောင်း၊ အခြားသူများလည်း ယခင်ကတည်းက မိမိတို့ကဲ့သို့ ကျူးကျော်ဆောက်လုပ် ထားခြင်းများရှိသဖြင့် မိမိတစ်ဦးတည်းသာကွက် ဒုက္ခပေးသလိုဖြစ်နေပါကြောင်း ၊ မိမိတို့နှင့် ဒေါ်မြတ်မာလာတို့ကြားထဲတွင် ရန်ငြိုးရန်စ၊ စကားပြောအဆင်မပြေမှုစသည်တို့လုံးဝမရှိခဲ့ပါသဖြင့်
ဖြစ်နိုင်ပါက တိုင်စာအားပြန်လည်ရုပ်သိမ်းပေးစေလိုပါကြောင်း " အမျိုးမျိုးတောင်းပန်ခဲ့ပါသည်။
သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ လှိုင်သာယာစည်းရုံးရေးမှူး
ဒေါ်မြတ်မာလာမှ " မိမိ၏တိုင်စာအား မည်သည့်အကြောင်းနှင့်မှ လုံးဝပြန်လည်ရုပ်သိမ်းပေးမည် မဟုတ်ကြောင်း ၊ အကယ်í မြို့နယ်စည်ပင်သာယာရုံးမှ အရေးယူဆောင်ရွက်မှုမရှိပါက မြို့တော်ဝန်ရုံး အထိ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း ၊ အခြားကျူးကျော်ဆောက်လုပ်နေထိုင်သူများကိုတော့ မိမိမှတိုင်ကြားသွားမည်မဟုတ်သော်လည်း
တစ်ယောက်တည်းအရေးယူခံရခြင်းမဖြစ်စေလိုလျှင် အခြားသူများကိုတိုင်နိုင်ကြောင်း" စသဖြင့်
စည်းရုံးရေးမှူး ပီသစွာ စည်းရုံးပြောဆိုခဲ့ပါသည်။
ထို့ကြောင့် စည်ပင်ရုံးမှာလည်းအရေးမယူဘဲမနေရဲတော့ပဲ အိမ်အားပြန်ဖျက်ရန်၊ မဖျက်ပါက
ဥပဒေအရဆက်လက်ဆောင်ရွက်လျှင် ဒဏ်ငွေ ၅သောင်းရိုက်ခံရမည်ဖြစ်ပြီး နေ့စဉ် ဒဏ်ငွေ
၁သောင်း ပေးဆောင်ရမည်ဖြစ်သဖြင့် ပိုဆိုးမည်ဖြစ်သောကြောင့် အိမ်ကိုအမြန်ဆုံးဖျက်ရန်
အင်းစိန်စည်ပင်ရုံးသို့ခေါ်ယူပြောဆိုခဲ့ရာ အိမ်ရှင်မှဖျက်ပါမည်ဟု (ယနေ့ ၂၈-၃-၂၀၁၃ရက်နေ့တွင်) ကတိပေးပြီး ဒဏ်ငွေ၃သောင်းပေးဆောင်ခဲ့ရပါသည်။
သို့ဖြစ်ပါ်í အတိုက်အခံပါတီဝင်ဘ၀ကတည်းက ၄င်း၏စည်းရုံးရေးနယ်မြေအတွင်း
(မလိုအပ်သော်လည်း) ကွက်ကြားဒုက္ခမိုး ရွာသွန်းဖြိုးစေခဲ့သော ၊ အကယ်í အာဏာရပါတီဝင်သာ
ဖြစ်ပါက ၄င်းပိုင်နယ်မြေတစ်ခုလုံး ဒုက္ခမိုးဖြိုင်ဖြိုင်ရွာသွန်းစေနိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လှိုင်သာယာစည်းရုံးရေးမှူး ဒေါ်မြတ်မာလာ ၏ ဂုဏ်ယူဖွယ်လုပ်ရပ်အား ပြည်သူတို့လေးစားချစ်ခင်ရပါသော အမေစုနှင့်တကွ NLD ပါတီဝင်များ အားရ၀မ်းသာ ဂုဏ်ယူ
ဝင့်ကြွားနိုင်စေရန် သတင်းကြားလျှင်ကြားချင်း ချက်ချင်း ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျား။
အထက်ပါအဖြစ်အပျက်များမှာ ယခုလက်ရှိဖြစ်ပွားနေသော အမှန်တကယ်အဖြစ်မှန်များသာ ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မှတ်ပုံတင်အမှတ်၊ ၈/တတက(နိုင်)၁၀၇၀၉၃ ကိုင်ဆောင်သူ ကျွန်တော် အောင်လှိုင်မြင့်ထွန်း ၊ ဖုန်းနံပါတ် 09420025874 သို့ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါကြောင်းနှင့်BBC, VOA , RFA စသည့် သတင်းဌာနများမှ သတင်းထောက်များလည်းဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ၊ မိမိမှာ NLD ပါတီဝင်တစ်ဦး၏ နိုင်ငံအကျိုးသယ်ပိုးမှုကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုပါသော်လည်း အဆက်အသွယ်မရှိသဖြင့် အခက်အခဲရှိနေပါကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

--
*I am just a person.*
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To unsubscribe from this group and stop receiving emails from it, send an email to aurorageneration+unsubscribe@googlegroups.com.
To post to this group, send email to aurorageneration@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
[New post] ဟန်ရေးပြင်တဲ့ မိန်ရာသီ – Ashin Dhammapiya
admin posted: " ဟန်ရေးပြင်တဲ့ မိန်ရာသီ ဒေါက်တာဓမ္မပိယ (ITBMU)၊ မတ် ၂၉၊ ၂၀၁၃ "မိန်ရာသီ လတပေါင်းပေမို့ ရွက်ဟောင်းကကျွေ" ဆိုတဲ့ အဖွဲ့အနွဲ့မျိုးတွေ၊ "ဟန်ရေးပြင်တဲ့ မိန်ရာသီ" ဆိုတဲ့ ဂီတသံစဉ်အဖွဲ့အနွဲ့မျိုးတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြတ်နိုးစရာကောင်းလှတဲ့ မိန်ရာသီ … "
|
[mrsorcerer:37721] ဦးဝီရသူကိုဘင်လာဒင်ဟုနိုင်း၍ဝေဖန်ထားသော မီဒီယာသို့ ရင်ဖွင့်သံ
ဦးဝီရသူကိုဘင်လာဒင်ဟုနိုင်း၍ဝေဖန်ထားသော မီဒီယာသို့ ရင်ဖွင့်သံ …
ဆောင်းပါး
မတ်လ-၂၆ ၊ ၂၀၁၃
ရေးသားသူ – သာကီ ထက်ကောင်း
ကျွန်တော် မြန်မာသတင်းဆိုဒ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။ ဖွတာတွေ အရိုးအရွက်ဖုံးတာတွေ မုန့်ကြိုးလိမ် သတင်းဖော်ပြချက်တွေ ကျင့်ဝတ်မညီတဲ့အရေးအသားတွေက သတင်းအမှန် ငတ်မွတ်နေသူတွေအတွက် အလွန်အင်မတန် စိတ်ပျက်သွားစေပါတယ်။ နှလုံးသား နဲ့ အတွေးအခေါ်တွေကို တမင် အရောင်လိုက်ဆိုးနေသလားလို့ ထင်ရတယ်။ နိုင်ငံခြားကိုမှ အထင်ကြီး တာမျိုး မဟုတ်ပေမယ့် နိုင်ငံတကာ သတင်းဆိုဒ်တွေကို မြှားဦးလှည့်ဖြစ်တာ ကြာသွားပါပြီ။ သူတို့ဆီမှာက မီဒီယာကျင့်ဝတ်ကို အလေးထားကြတော့ အချက်အလက်အကြောင်းအရာပိုင်းမှာ (အားလုံးမဟုတ်ပေမယ့် အများစုက) ခိုင်မာမှု ရှိကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ခိုင်မာမှန်ကန်တဲ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးတဲ့ဆိုဒ်တွေလည်း လက်တစ်ဆုပ်စာ ရှိနေပါရဲ့။ ဒါပေမယ့် ညစ်ပတ်ရိုင်းစိုင်းလွန်းစွာ ၀င်ပေးနေကြတဲ့ ကွန့်မန့်တွေမြင်ရတာ စိတ်မချမ်းသာစရာကောင်းချက်ကတော့ ကမ်းကုန်ဘဲဗျာ။ လက်ရှိပြင်ပမှာ ဖြစ်ပျက်နေတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိသေးတာလည်း အားလုံးက သိကြမှာပါ။
ဒီနေ့ ၂၆.၃.၂၀၁၃ အင်္ဂါနေ့၊ The Straits Times ရဲ့ Asia reports မှာ ဖတ်ကြည့်တော့ ထုံးစံအတိုင်း မြန်မာသတင်းက ဦးစားပေးဖော်ပြချက်မှာပါနေတယ်။ 18,000 displaced' in Myanmar riots ခေါင်းစဉ်နဲ့ပါ။ NLD က လွှတ်တော်အမတ် ဦးဝင်းထိန်ရဲ့ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်၊ ဒေသခံတို့ရဲ့ပြောကြားချက်နဲ့တစ်ကွ မိတ္ထီလာပြဿနာ အကြောင်း၊ ပြီးခဲ့ တဲ့နှစ် ရခိုင်က ရိုဟင်ဂျာတွေကို ဘင်္ဂလားကခိုးဝင်လာသူလို့စွပ်စွဲပြီး အစွန်းရောက်ဗုဒ္ဓ၀ါဒီတွေရဲ့ တစ်ဖက်သတ်နှိပ်စက်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လာရောက်ကြည့်ရှုသုံးသပ်မှုအကြောင်း – ဒီသတင်းတွေက သိရှိထားပြီးသားမို့ သိပ်မထူးလှပါဘူး။ အဲ့ – နောက်ဆက်တွဲ ရေးသားဖော်ပြမှုတွေမှာတော့ ၉၆၉ အကြောင်း ပါလာတာတွေ့ရတယ်။
'18,000 displaced' in Myanmar riots
မူဆလင်တွေရဲ့ ၇၈၆ ကိုဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာတရားသဘောတွေထည့်သွင်းထားတဲ့ ၉၆၉ နံပါတ်ကိုအသုံးပြု၊ သြဇာကြီးမားတဲ့ အင်အားစုများကို ကျောထောက်နောက်ခံပြုထားပုံရတဲ့ ဗုဒ္ဓ ဘာသာ ၀င် အုပ်စု တစ်စုဟာ မကြာသေးခင် လများအတွင်း ပေါ်ထွန်းလာပါတယ်တဲ့။ သဘောထားပြင်းထန်တဲ့ မန္တလေးမြို့က ဦးဝီရသူဟာ မွတ်စ်လင်မ်ဆန့်ကျင်မှု မုန်းတီးရေး တရားတွေ ကို ဟောပြောနေတုန်းပါဘဲတဲ့။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ယင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
Burmese Bin Laden
တစ်ခါ International Bussiness Time ကို ၀င်ကြည့်ပြန်တော့ ဒီစာမျက်နှာ မှာ မြန်မာပြည်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူဟာ ဦးဝီရသူလား လို့ခေါင်းစဉ်တပ် သတင်းဆောင်း ပါးကို တွေ့ရပြန်ရော။ အဲ့ဒီမှာ ဦးဝီရသူကို ကြံကြံဖန်ဖန် " မြန်မာဘင်လာဒင် " ဆိုတဲ့ tittle တပ်ထားတာ ကျွန်တော့်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ်။ ဘင်လာဒင်ကို အကောင်းမြင်တဲ့ မူဆလင်အုပ်စု တစ်ချို့ကတော့ နှိုင်းရကောင်းလားဆိုပြီး ထအော်ဦးမှာ သေချာသဗျို့။ ဓါးတရမ်းရမ်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဂျာနယ်လစ်တွေရဲ့ ကင်မရာမင်မိုရီ ကဒ်တွေ ကို ခြိမ်းချောက်တောင်းယူတာ၊ Burma Campaign UK's director Mark Farmaner က " ရိုဟင်ဂျာဆန့်ကျင်ရေး ဖြစ်မလာခင်ကတည်းက မူဆလင်ဆန့်ကျင်ရေးအုပ်စုဖွဲ့ခဲ့တဲ့ အဖွဲ့ အစည်းတွေ ရှိနေခဲ့ကြတယ် " လို့ IBTimes UK ကို ပြောတာ၊ ဦးဝီရသူဦးဆာင်တဲ့ မြန်မာပြည်တစ်ခွင် မူဆလင်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ပြီးသွားတဲ့ ဒေသတိုင်း ဒီလိုအဓိကရုဏ်းတွေ မီးခိုး ကြွက်လျှောက် ဆက်တိုက်ဖြစ်ပေါ်လာတာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကလည်း မူဆလင်တွေအပေါ် ရမယ်မျိုးစုံရှာပြီး ဝေဖန်ရှုတ်ချတဲ့ စာရွက်စာတမ်း လက်ကမ်းစာစောင်တွေကို လပေါင်းများစွာ ဒိုင်ခံဖြန့်ချိနေတာ စသဖြင့် လိုတိုရှင်းဖော်ပြထားတာ တွေ့လိုက်ရတယ်။ ဒါက နာမည်ကြီးမီဒီယာ အချို့သာရှိပါသေးတယ်။ အတိုချုပ်ဆိုရယင် ကမ္ဘာ့မီဒီယာမှန်ချပ်ထဲက ဘယ်နေရာကြည့်ကြည့် 969 group/gang တို့၊ Extremist Buddhist Nationalism တို့၊ Neo-NarzI Buddhism တို့၊ Burmese Buddhist monks တို့ စတင် ပလူပျံနေ ပါပြီ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအပေါ် တစ်ကမ္ဘာလုံးစောင့်ကြည့်နေချိန်ကျမှ နိုင်ငံတကာမီဒီယာနံရံထဲ ဒီသံတစ်ချောင်း ရိုက်သွင်းလိုက်သလိုဖြစ်ကုန်ပါပြီ။ ဒီပုံရိပ်တွေ ဒီအက်ကြောင်းတွေကို ဘယ်လိုပယ်ဖျက်လို့ရနိုင်တော့မလဲ။ The Golden Land လို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင် The Bloody Land & Hands အဖြစ် အမည်တွင်တော့မှာလား။ ဘာသာရေး၊ လူမျိုးရေး ဆိုတာတွေကို ဘေးဖယ်ချထားပြီး မြန်မာပြည်သားတစ်ယောက် လူသားတစ်ယောက် အနေနဲ့ကြည့်မြင်ရင်တောင်မှ ရှက်စရာကောင်းလွန်းနေပါပြီ။
ခုတစ်လော နိုင်ငံရပ်ခြားမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်အချို့ကို Are you traditional Buddhist or 969 Myanmar Buddhist ? လို့ မေးတဲ့အဆင့်ထိရောက်နေပြီလို့ သိရတယ်။ ပြည် တွင်းနေ သူများ အဖို့ သိပ်မသိသာသေးပေမယ့် နိုင်ငံရပ်ခြားက မြန်မာအလုပ်သမားတွေ တဖြည်းဖြည်းခေါင်း မဖော်နိုင်တဲ့ဘ၀ကို ရောက်ဖို့အလွန်နီးစပ်နေပါပြီ။ တကယ့်လက်တွေ့အခြေအနေကို ကြည့်ယင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း/စာသင်ကျောင်းတွေကို မူဆလင်တွေ လိုက်ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အိုးအိမ်လုပ်ငန်းတွေကို မူဆလင်တွေက အုပ်စုဖွဲ့ ရန်စမီးရှို့လုယက်တာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ မူဆလင်တွေက ၇၈၆ ဂိုဏ်းအမည်နဲ့ သောင်းကျန်းတာ အစုလိုက်အပြုံလိုက် ရမ်းကားသတ်ဖြတ်တာလည်း မကြားဖူးပါဘူး။ မူဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားနေတယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း မမြင်ဖူးပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်တွေကိုဘဲ တွေ့မြင်ကြားသိနေရတယ်။
ဒီနေရာမှာ အလွန်ထူးခြားတဲ့အချက် ၂ ချက် သတိထားမိတယ်။ (အစစ်လား အတုလား မသိတဲ့) သံဃာတော်အချို့နဲ့အတူ အကြမ်းဖက်သမားများဟာ မိမိကိုယ်ကို ၉၆၉ အဖွဲ့သားလို့ တရား ၀င်ကြွေးကြော်နေသော်လည်း – (ဦးဝီရသူ အပါအ၀င်) ၉၆၉ ဦးသျှောင်သံဃာတော်များက လက်ရှိအကြမ်းဖက်မှုများဟာ မိမိတို့နဲ့မပတ်သက်ကြောင်း ငြင်းဆိုမှုလုံးဝမရှိယုံမက မုန်းတီးရေး တရားပွဲတွေ ပိုလို့အရှိန်မြှင့်လာတာက တစ်ချက်။ နောက်တစ်ချက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဘုန်းတော်ကြီးတိုင်းက ဒီအယူအဆနဲ့ဂိုဏ်းဂဏကို လိုလားမှုရှိမနေတာက တစ်ချက်။
ဆိုတော့ကာ …… ၉၆၉ ဆိုတာ မူလဗုဒ္ဓဘာသာ လမ်းကြောင်းကနေ ထပ်မံ လမ်းခွဲထွက်ပေါ်လာသော ၂၁ရာစုရဲ့ဗုဒ္ဓဂိုဏ်းကွဲတစ်ခုအဖြစ် သတ်မှတ်ရမလို ဖြစ်လာပါပြီ။
ဘာကြောင့်လဲဆိုယင် တခြားဗုဒ္ဓဂိုဏ်းကွဲတွေ အားလုံးက မေတ္တာ၊ ခွင့်လွှတ်မှု၊ ငြိမ်းချမ်းရေး စတဲ့ တန်ဖိုးများနဲ့တည်ဆောက်ထားပေမယ့် ၉၆၉ မှာ အာဃာတ၊ နိုင့်ထက်စီးနင်းအမူအကျင့်၊ ပျက်လိုဖျက်ဆီး စတဲ့ ပူလောင်ခြင်းအချက်တွေပေါ် အခြေခံထားလို့ပါဘဲ။
ပေါ်ထွန်းလာသမျှသော ဘာသာတရားအသစ်၊ ဂိုဏ်းဂဏအသစ်တွေဟာ မိမိတို့ရဲ့ ကျင့်ရပ်၊လမ်းစဉ်တွေ မတူကွဲပြားကြောင်း ချပြနိုင်ကြတယ်။ ဒါပေမယ့် လက်ရှိ ၉၆၉ ကျတော့ ဘုရားရှင် လက်ထက် ဒေ၀ဒတ္တဂိုဏ်းသားတွေလို ရောထွေးရပ်တည်နေတော့ ခက်တယ်။ ကျွန်တော်အဖြေရှာကြည့်မိတယ်။ ဘယ်လိုခွဲခြားသတ်မှတ်ရမလဲပေါ့။ အဲ့ဒီအဖြေကလည်း ဘုရားရှင်လက်ထက် ကအဖြစ် အပျက်တွေထဲမှာဘဲ ပြန်တွေ့လိုက်ရတယ်။ မာရ်နတ်ရဲ့ဘက်တော်သား ဒေ၀ဒတ္တဂိုဏ်းသားတွေဟာ သူတို့ရဲ့လုပ်ရပ်၊ အပြုအမူတွေကြောင့်သာ အလဇ္ဖီရဟန်းတုများဖြစ်ကြောင်း ကွဲပြားသွား ခဲ့ရတယ်။ ရဟန်းတု ရဟန်းယောင်တွေရဲ့ ဦးဆောင်မှုက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ရာဇ၀င်မှာ အထင်အရှားပါ။ ကွဲကွဲပြားပြားဖြစ်အောင် အလျဉ်မီ မရှင်းနိုင် ယင်တော့ သမိုင်းနဲ့ချီပြီး ကောင်းရနံ့သင်းပျံ့ခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်က ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ကြီး ရေစုန်မျောရတော့မှာလားလို့ ကျွန်တော် ၀မ်းနည်းသွားရပါတယ်။ ကမ္ဘာ့ဗုဒ္ဓ သမိုင်းစဉ်တစ်လျှောက်မှာလည်း ဤမျှလောက်ရက်စက်ကြမ်းကြုတ်တဲ့ အယူအဆနဲ့လုပ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေလို့လည်း တစ်ကြိမ် တစ် ခါမျှ ခေါင်းစဉ်အတပ်မခံခဲ့ဖူးပါဘူး။ ဘာသာတရားတစ်ခုထဲ – မသိနားမလည်တဲ့လူကြားထဲ နိုင်ငံရေးလှည့်ကွက်တွေ မုသားမှိုင်းလုံးတွေ အတင်းအဓမ္မအင်အားသုံးသွတ်သွင်းလို့ အကြမ်း ဖက် အကောင်အထည်ဖော်နေမှုတွေကို ကျွန်တော်တို့ ကန့်ကွက်တားဆီးရမယ့်အချိန်တန်ပြီဖြစ်ပါတယ်။ မူဆလင်တွေ ခရစ်ယျာန်တွေဖက်ကို အမြဲမပြတ် မျက်စေ့ဒေါက်ထောက် ကြည့်ပြီး အ၀ိဇ္ဖာပွားနေမယ့် အစား မိမိရဲ့အမျိုးဘာသာသာသနာကို နည်းမှန်လမ်းမှန်ထိန်းသိမ်းစောင့်ရှောက်မှသာ ဗုဒ္ဓတရားတော်နဲ့ ညီညွတ်တင့်တယ်မှာမို့လို့ သံဃာ့အကြီးအကဲများ၊ သာသနာ့ဒါယ ကာနိုင် ငံခေါင်းဆောင်များ အထူးသတိထားရတော့မယ့်ကာလရောက်သွားပြီလို့ ကျွန်တော် မြင်မိပါတယ်။ ဒီပြဿနာကို အမြစ်လှန်ပြီး အမှန်တကယ် ထိထိရောက်ရောက် ဖော်ထုတ် အရေး ယူခြင်း ရှိရပါတော့မယ်။ အကြမ်းဖက်မှု/မတရားမှုကို မတားဆီးသူဟာ မတရားမှုကို အသံတိတ် အကာ အကွယ်ပေးမြှောက်စားသူ ဖြစ်တယ်လို့ ပညာရှိစကားတွေမှာ ကြားဖူးပါတယ်။ အာဏာ ရူးမျက် ကန်းတစ်စုရဲ့ပုံဖော်မှုကြောင့် မတော်တဆ နိုင်ငံတော် ရဲ့ဦးတည် လမ်းကြောင်း နောက်ပြန်လှည့်သွားယင်တော့ မြန်မာ့သမိုင်းမှာ ရုပ်အဆိုးဆုံးကိစ္စအဖြစ် တကယ် ကို အစိပ် စိပ် အမြွာမြွာ ကွဲထွက်ကုန်မယ့်အနေအထားအထိ ရောက်သွားနိုင်ပါတယ်။
ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ်မိတဲ့ နိုင်ငံတိုင်း၊ ပုဂ္ဂိုလ်ကျော်တိုင်း ကမ္ဘာ့ပုံရိပ်မှာ ဦးကျိုးအမြီးပြတ်လို့ အမည်းစက်စွန်းထင်း ပေကျံခဲ့ရစမြဲ ………
တစ်လွဲအသုံးချမီဒီယာတိုင်းကလည်း ကမ္ဘာ့မီဒီယာစင်မြင့်ထက်က ကြိုးစင်ကိုတက်သွားရစမြဲ ……………..
အမှန်တရားဆိုတဲ့မှတ်ကျောက်ရှေ့မှာ အတုအယောင်များ ပြယ်လွင့်ပျောက်ကွယ်ရစမြဲပါ။
ကျွန်တော်တို့အမိမြန်မာပြည်ကြီး ဒီသံသရာစက်ဝိုင်းထဲက မလွတ်ကျွတ်နိုင်တော့ဘူးလား လို့ အားပျော့ပျော့တွေးမိယင်း …
အချိန်ရှိပါသေးတယ် – အချိန်မှီဖို့ဘဲ လိုအပ်ပါတယ် လို့ ငြီးတွားယင်း …
ရင်ဖွင့်ခံစားရေးသားမိပါတယ်ခင်ဗျား။
(စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)
အမေရိကန် မှုခင်း စိတ်ပညာရှင်တဦး၏ လေ့လာ သုံးသပ်ချက် =============================================== ၀ီရသူပြောတဲ့မိန့် ခွန်းကို ကျနော် အမေရိကန် မှုခင်း စိတ်ပညာရှင်တဦးကို ပြကြည့်တယ်။
သူပြောတာက He is under drug influence လို့ ပြောပါတယ်။ သူဆိုလိုတာက ဒီဘုန်းကြီးဟာ Ecstasy Drug လိုမျိုးသုံးစွဲထားပုံရတယ်လို့ ဆိုတယ်။
အက်ဖါတမင်းဓါတ်သတ္တိ ပါတဲ့ ဆေးမျိုးပါ။ ဒီလိုဆေးမျိုးကိုသုံးစွဲထားပုံရတယ်။
သူစကားပြောတဲ့အခါမှာမျက်လုံးထောင့်ကပ်သွားတယ်။ လျှာလေးနေတာ။ မတည်မငြိမ်ဖြစ်နေတွေကဆေးသုံးစွဲသူတွေရဲ့လက္ခာဏာဖြစ်တယ်လို့ ကျနော် မှုခင်းစိတ်ပညာရှင် ကပြောပါတယ်။
သူမိန့် ခွန်းထဲမှာ မိထ္တီလာ က တယောက် ခွပ်ဒေါင်းတွေလဲ မွတ်ဒေါင်း တွေဖြစ်ကုန်ပြီလို့ ရည်ညွန်းသွားတဲ့အတွက် သူဟာ မိထ္တီလာကို ပစ်မှတ်ထားနေတာ
ထင်ရှားနေပါတယ်။
သူဟာစကားပြောရင် မမှတ်မိတဲ့ခါမှာစာရွက်ကို ပြန်ကြည့်နေတယ်။ ဒီလိုလုပ်တာ က
သူမှာ Team Work ရှိနေတာကို ပြနေတယ်။
သူမိန့်ခွန်းအနစ်ချုပ်က ဘာသာရေး ပြသနာဖြစ်အောင်ရည်ရွယ်ထားတယ်။ လှုံ့ ဆော်ထားတယ်။
တခါသူက မိထ္တီလာမှာ သတ်ဖြတ်မှုတွေ တကယ်ဖြစ်လာတော့ သူဟာ မေတ္တာရှင်လို့ ငြိမ်းချမ်းရေးသမားလိုဖြစ်နေပြန်တယ်။ သူစိတ်က ၁၈၀ ဒီဂရီ ပြောင်းပြန်လှည့်သွားတတယ်။ ဒါက ဆိုက်ကိုဖြစ်နေသူတွေရဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
သူဟာ သူတော်ကောင်းယောင်ဆောင်ပြီး မင်းကိုနိင်နဲ့အတူ ငြိမ်းချမ်းရေးတရားတွေလိုက်ဟောနေတာ၊ မူဆလင်ဒုက္ခသည်တွေကိုကြင်နာသနားယောင်ဟန်ဆောင်နေပါတယ်။ ဒီနည်းက ဝေသာလီကိုဖျက်ဆီးလိုက်တဲ့ ၀သက ဗျူဟာလို ဖြစ်နေပါတယ်။
ဦးဝီရသူကို အရေးယူစစ်ဆေးလိုက်ရင် ဘာသာရေးအဓိကရုဏ်းကို ဘယ်သူဖန်တီးတာလဲဆိုတာ ပေါ်လာပါ လိမ့်မယ်။ သူကိုစစ်တဲ့အခါမှာ ဒီဆေးကိုပဲပြန်ကျွေးလိုက်ရင် အစတွေပြန်ထွက်လာပါလိမ့်မယ် လို့  အမေရိကန် မှုခင်း စိတ်ပညာရှင်ကအကြံပေးပါတယ်။ ( မှတ်ချက် - ကျွန်တော့်ရဲ့ email မှာ ပို့ထားခြင်းကြောင့် ပါ )
လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါဆရာတော် မိန့်ကြား

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါဆရာတော် မိန့်ကြား
မအူပင်၊ မတ် ၂၆။
မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက် ရှိစဉ် မိန့်ကြားသွားသည်။
"နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာ အချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်း မီးလောင် သွားနိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ"ဟုဆရာတော်က ဒေသခံရွာသားများအားဆုံးမစကားပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)စသည့် (၈၈)မျိုးဆက်ကျောင်းသားများသည်ရဲနှင့်ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိ
ဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။
"ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ လျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ်
နေ တာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် "ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ "အဲလို သွားနေရတာကြီးက ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာ ဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး" ဟုမိန့်ကြားသည်။
ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သားတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများအနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်း သည် လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်ကာ ဒေသခံများ၏ ဘဝနေရေး ထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့် ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။
ထက်နောင်နောင်
May Peace Be Upon You
Ruby
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
[New post] …… ….. …..
Aung Htet posted: "ကာတွန်း- လိုင်လုဏ် မတ်လ ၂၈၊ ၂၀၁၃ "
|
[New post] မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ
Aung Htet posted: "ကျော်သူ မတ်လ ၂၈၊ ၂၀၁၃ မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်က"
|
[New post] ရေးခဲ့မိသော မှတ်တမ်းများ (၂၂)
Aung Htet posted: "အုန်းနိုင် မတ်လ ၂၈၊ ၂၀၁၃ ● အာဇာနည်နေ့ အလေးပြုကြဖို့ ဇူလိုင်လမှာတော့ နေ့ကြီး ရက်ကြီးတွေများပါတယ်..။ ဇူလိုင်လ (၇) ရက်နေ့မှာ ဗိုလ်နေ၀င်းစစ်အစိုးရက ပထမဆုံး ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ပြီး နောက်တနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂအဆေ"
|
http://www.itn-group.org/
http://www.itn-group.org/ | |
- [Information & Technology Network] စက်က ယူကျုပဲကြည့်နေရင်းနဲ့...
- [Information & Technology Network] ငယ်ချင်းတို့  မြန်မာ ပြည်ကို text mess ပိုးလို...
- [Information & Technology Network] စက်ကလေ ၀င်းဒိုးတက်တက်ထချင်း...
- Getting back onto Facebook
- [Information & Technology Network] ကျွန်တော့ ipad mini ကမြန်မာလိုလည်း...
- [Information & Technology Network] ဒေါင်းလို့ဆွဲလိုက်ရင် IDM...
- [Information & Technology Network] Video Editing နဲ့ ပတ်သက်တာတွေ Share မယ့် GROUP ,...
- [Information & Technology Network] Video Editing နဲ့ ပတ်သက်တာတွေ Share မယ့် GROUP ,...
- [Information & Technology Network] Guitar hero world tour ကို pc မှာ game controller...
- [Information & Technology Network] USB ကို လော့ချချင်သူတွေအတွက် အသုံးဝင်မှာပါ မိမိ...
- [Information & Technology Network] excel 2007မှာ save ထားသော file ကို excel 2003...
- [Information & Technology Network] လူသန်းပေါင်းများစွာတို့အား...
- [Information & Technology Network] New photo
- [Information & Technology Network] Android နဲ့ပါတ်သတ်လို့ ဓါတ်ပုံ ရိုက်တဲ့ ပြင်တဲ့...
- [Information & Technology Network] play store က apk တွေကို...
- [Information & Technology Network] သိပြီးသူများလည်းအတော်များနေလောက်ပါပြီ
- [Information & Technology Network] Kasper Antivirus 2012 Licence Key လေးများရှိရင်...
- [Information & Technology Network] အောင်ကျော်ခိုင်(ပုသိမ်): လိုင်းမကောင်းလည်း Facebook သုံးလို့အဆင်ေ...
- [Information & Technology Network] computer networking...
- [Information & Technology Network] ကျွန်တော်လွန်ခဲ့တဲ့ (၅)ရက်လောက်က...
- [Information & Technology Network] Unicode က တစ်ခုနဲ့ တစ်ခု မတူဘူးလား mm3. Zawgyi...
- [Information & Technology Network] Unicode တင်ချင်လို့ပါ။
- [Information & Technology Network] မြန်မာလို ပီပီသသပေါ်အောင်...
- [Information & Technology Network] လပ်တော့ ဝယ်ချင်လို့ပါ။
- [Information & Technology Network] http://www.myanmarimmortal.blogspot.com/
| You are subscribed to email updates from ITN To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

