သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းပါတီ ၂ ခုပူးပေါင်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း

Posted: 03 Apr 2013 02:30 AM PDT

သျှမ်းပါတီပေါင်းစည်းရေးအတွက် ယခုနှစ်ဆန်းပိုင်းက သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်၌ကျင်းပသော ကျားဖြူပါတီနှစ်ပတ် လည်အစည်းအဝေးမှ ကော်မတီဖွဲ့စည်း ထားသော်လည်း ယနေ့တိုင်  လှုပ်ရှားမှု မရှိသေးကြောင်း ကျားဖြူပါတီ အမတ်ကပြောသည်။ 
white tiger  meeting TCLတာချီလိတ် ကျားဖြူပါတီ နှစ်ပတ်လည်ညီလာခံ 
 
"ဧပြီ ၂ ရက်မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ စိုင်းအိုက်ပေါင်းက ညီနောင်တိုင်းရင်းသားပါတီ ၇ ပါတီ ၁၀ ပါတီ နဲ့ပူးပေါင်းပြီးအကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ ပြောတယ်။ အဲဒီမှာ မိုင်းပန်က အမတ် ဦးမိုးကြည်က ထမေးတယ်။ သျှမ်းမှာက ၂ ပါတီ ၃ ပါတီဘဲရှိတယ် ဘာလို့ မပေါင်း နိုင်သေး တာလဲ - ဆိုတော့ ဥက္ကကြီးက လဲချားက အမတ် စိုင်းတင်ကို ထ ကော ပါလေရော။ ဘယ်လိုလဲ ခင်ဗျားကို တာဝန် ပေးထားတာ ခုထိ မလုပ်ရသေးဘူးလား ဘာညာပေါ့။ အဲတာနဲ့ စိုင်းတင်က - တာဝန်ပေးတယ်ဘဲပြောတာ။ ညွှန်ကြားမှု မှမပေးတာ- လို့ပြန်ဖြေတယ်။  ဂျန္နဝါရီလ တာချီလိတ်အစည်းအဝေးတုန်းက ကော်မတီ ၅ ဦးဖွဲ့ ထားတယ်လေ။ ကျားဖြူနဲ့ကျားခေါင်းပေါင်းစည်းရေးအတွက်ပေါ့နော်။ ကျနော်တို့ ကျားဖြူ ဒု-ဥက္ကဌ စိုင်းဆောင်ဆီက အဲ့ဒီမှာ ဥက္ကဌပေါ့" ဟု  ကျားဖြူပါတီ၏ မိုင်းတုံမြို့နယ်အမတ် စိုင်းဝင်းမြတ်ဦးကပြောသည်။

ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၄ နာရီကကျင်းပသော ကျားဖြူပါတီ တွေ့ဆုံဆွေးနွေးပွဲ၌ ထိုကဲ့သို့ပြောဆိုမှုရှိ ခဲ့ခြင်းဖြစ် သည်။

တာချီလိတ်၌ကျင်းပသော ကျားဖြူပါတီ နှစ်ပတ်လည်အစည်းအဝေး၌ သျှမ်းပါတီများပူးပေါင်းရေးအတွက် လှုပ်ရှားမှု ကော်မတီ ၅ ဦးကိုဖွဲ့စည်းလိုက်သည်။ ဦးစိုင်းဆောင်ဆီက ဥက္ကဌဖြစ်ပြီး အဖွဲ့ဝင်များမှာ လဲချားပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင်၊ စဝ်ယွန်းပိုင်၊ မိုင်းကိုင်မြို့ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်နှင့် အမျိုးသားလွှတ်တော်အမတ် ဦးကျော်ဇော သန်းတို့ဖြစ်ကြောင်း စိုင်းဝင်းမြတ်ဦးကပြောပါသည်။

အဆိုပါ ကော်မတီ မဖွဲ့မီကလည်း ကျားဖြူပါတီစတင်တည်ထောင်ရာတွင်ပါဝင်သော စဝ်ဆိုင်မိန်းပါဝင်သည့်ကော်မတီ ၆ ဦးအဖွဲ့လည်း ဖွဲ့စည်းခဲ့ဖူးကြောင်း ဆိုပါသည်။ သို့သော် တာချီလိတ်နှစ်ပတ်လည်အစည်းအဝေးတွင် စဝ်ဆိုင်မိန်း တက် ရောက်ခြင်းမရှိသဖြင့် ကော်မတီ ပြန်လည်  ဖွဲ့စည်းရာတွင်စဝ်ဆိုင်မိန်း ပါဝင်ခြင်းမရှိခဲ့ကြောင်း ယမန်နေ့အစည်း အဝေး တက်ရောက်သူများက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ ကိစ္စထပ်မံဆွေးနွေးရန် ယနေ့ညနေပိုင်း အစည်းအဝေးပြန်ခေါ်မည်ဖြစ်ကြောင်း လည်း မိုင်းတုံမြို့နယ် ပြည်နယ် လွှတ် တော်အမတ် စိုင်းဝင်းမြတ်ဦးကပြောပါသည်။

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော

Posted: 03 Apr 2013 02:29 AM PDT

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ တင်ပြတောင်းဆိုသည့် ၀ ပြည်နယ်ထူထောင် ခွင့်ပေးရန်အတွက် အာဏာမှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင်မင်းက ပြောပါသည်။
samkun-aungminလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ၌တွေ့ရသော သျှောင်းဆမ်ခွန်းနှင့်ဦးအောင်မင်း (ဓါတ်ပုံ- SNLD)

"  ဆွေးနွေးပွဲဖွင့်ပွဲရက်မှာဘဲ ဝ ပြည်နယ်ကိုယ်စားလှယ်အဖြစ်တက်ရောက်တဲ့ သျှောင်းဆမ်ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ။  ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင်မင်းနဲ့တွေ့တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာဏာမှ မရှိဘူး။  လွှတ်တော်ထဲမှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်" ဟု ဆွေးနွေးပွဲတက်ရောက်သူ တဦးကပြောသည်။

သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ၏ ပထမရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ကိုယ်စားလှယ်အဖြစ်တက် ရောက် သော UWSP / ဒုပြင်ပဆက်ဆံရေးမှူး သျှောင်းဆမ်ခွန်းက "  သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။  ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ  ပြောတယ်။  ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ် " ဟု ပြောဆိုသည့်အပေါ် ဦးအောင် မင်းက တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်းလိတ်က- ၀ ပြည်နယ်တောင်းတယ်ဆိုတာ သူ့မှာတောင်းပိုင်ခွင့်ရှိလို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက  ကျနော်တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေဖန်ချက်ပေးဖို့မရှိပါဘူး- ဟုသျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းသို့လည်း  တခြားသော တိုင်းရင်းသားနယ်မြေများကဲ့သို့  မြန်မာအစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန်ဆန္ဒရှိကြောင်း    သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆိုပါသည်။

သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွားမည်ဟုဆိုပါသည်။

နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသားမှတ်ပုံတင်မရှိသော ၀ အမျိုးသားများကို ၀ ပြင်ပဆက်ဆံရေးဌာနမှ လက်မှတ်ထုတ်ပေးလျှင်တန့်ယန်းကိုကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့် အပတ်မှစ၍ မြန်မာအာဏာပိုင်များက ပြင်ပဆက်ဆံရေးဌာနလက်မှတ်ကိုင်ဆောင်သူများဖြတ်သွားခွင့်အား ပိတ်ပင်ခဲ့ကြောင်း ကြားသိရပါသည်။

မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။

ဒေသတွင်းအာဏာပိုင်နှင့်ပေါင်း လောင်းကစားဝိုင်းဖွင့်နေဆဲ

Posted: 02 Apr 2013 07:28 PM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒေသတွင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်မြို့တွင်း ဆင်ခြေဖုံးရပ်ကွက်များတွင် လောင်း ကစား ဝိုင်းများဖွင့်နေကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

casino
" လောင်းကစားဝိုင်းကို ကန်ထရိုက်ဆွဲတာက ကုလားရွှေအုန်းဆိုတဲ့သူပေါ့။  သူက ကျိုင်းတုံသားဘဲ။ သူကအရင်က မိုင်း ယောင်း မြို့နယ် (၀ တပ်ထိန်းချုပ်နယ်မြေ)မှာလောင်းကစားဝိုင်းဖွင့်တယ်။ တြိဂံတိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးနဲ့ခင်တော့ အခုနောက်ပိုင်း ကျိုင်းတုံမြို့တွင်းမှာ လောင်းကစားဖွင့်ဖို့ နေရာပေးလာတယ်။ ရဲတွေ၊ စစ်တပ်တွေနဲ့ ပြည်သူ့စစ်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို လဲ လာဘ်သိပ်ထိုးတယ်လေ။ " ဟု ကျိုင်းတုံဒေသခံ စိုင်းဆမ်ကပြောပါသည်။

ကျိုင်းတုံမြို့နယ် ကတ်တောင်အုပ်စု၌ လောင်းကစားဝိုင်းနေရာရထားသော ကုလားရွှေအုန်းမှာ ကတ် တောင်အုပ်စု ဥက္ကဌ နှင့် ပြည်သူ့စစ်အတွက် တဖွဲ့လျင် ကျပ် ၅ သောင်း၊ ရဲနှင့်စစ်တပ်အတွက် တရက်လျင် ကျပ် ၁ သိန်းပေးရပြီး၊ လောင်း ကစားဝိုင်းမှရလာသောအကျိုးအမြတ်များကို ၃ ပုံခွဲကာ အထူးရဲများအတွက် တပုံ၊ ၎င်း၏ အဖွဲ့အတွက် ၂ ပုံခွဲဝေကြောင်း အကြောင်းသိသူ ဒေသခံများကပြောသည်။

" နေပြည်တော်ကလာတဲ့အထူးရဲတွေဆိုလဲ လောင်းကစားဝိုင်းဖမ်းဖို့လာတယ်ဆိုပေမယ့် ဖမ်းတာဆီးတာမတွေ့ရဘူး။ ရဲစခန်းကလဲ - အသုဘအိမ်မှာဆိုရင် ဝေယျာဝစ္စတွေများအောင် ကူတဲ့လူများအောင် သိပ်မကြီးတဲ့ လောင်းကစား ဝိုင်းဖွင့်လို့ရတယ်လို့ပြောထားတာကိုး။  ဦးရွှေအုန်းက  ဝင်ငွေရဖို့အတွက်ဆိုရင် ဘယ်သူ့ကိုမှအားမနာ  ဘူးလေ။ အသုဘသတင်းယူပေးတဲ့လူ ငှားထားပြီး အသုဘအိမ်မှာဖဲဝိုင်း ၃ ရက်ကနေ ၅ ရက်အထိ ဖွင့်တယ်။ အသုဘစရိတ်အကုန်အကျ တာဝန်ယူတယ်။" ဟု စိုင်းဆမ်က ပြောသည်။

သမ္မတကြီးက တာဝန်စတင်ထမ်းဆောင်စဉ် မြန်မာနိုင်ငံတွင်ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် လောင်းကစား ဝိုင်းများကိုပိတ်ပင်သည်ဟု ကြေငြာခဲ့သော်လည်း ယနေ့တိုင် လောင်းကစားဝိုင်းများပပျောက်ခြင်းမရှိသေးပေ။

မူစယ် ရွှေဆိုင်ဓါးပြ တိုက်မှု ရွှေတစ်ပိဿာကျော်ခန့် ဆုံးရှုံး

Posted: 02 Apr 2013 07:27 PM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် စည်ပင်သာယာဈေး ရွှေရောင်းတိုက်တန်း တွင် မနေ့က ၁၂ နာရီခွဲအချိန်  ဓါးပြတိုက်မှုဖြစ်ပွားပြီး ရွှေ ၁ ပိဿာခန့်ကျော် ပါသွားကြောင်း ရွှေ အရောင်းဆိုင်များ ထံမှ သိရသည်။

gold shop
"ဓါးပြ က ၃ ယောက်ပါ ၊ အားလုံးက ဖုံကာ(ပါးစပ်အုပ်) အုပ်ထားကြတယ်၊  ဗ မာလူမျိုးဘဲ။ တစ်ယောက်က ကျနော် နဖူးကို ပစ္စတိုနဲ့ ထောက်ထားတယ်၊တစ်ယောက်က ကျနော် ဇနီးကိုသေနတ်နဲ့ချိန်ထားတယ် ၊ကျန် တဲ့တစ် ယောက် ရွှေခင်းထားတဲ့ ရှိုးကေ့ဗီဒို၏ထဲကရွှေကို အိတ်နဲ့အမြန်ကောက်ထည့်တာ ၊ ကျနော်ဘယ်အော် ရဲမလဲ သေနတ်က အစစ်ဗျ" ဓါးပြတိုက်ခံရသော ဆိုင်ရှင် စိုင်းရီမွန်းက ပြောပြကြောင်း အနီးရှိရွှေ ကုန်သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ပြောသည်။

ဓါးပြတိုက်ခံရသောဆိုင် နာမည် မှာ ရွှေလင်းရောင် ဖြစ်ပြီး ပိုင်ရှင်မှာစယ်လန့်ကျေးရွာအုပ်စုနေ စိုင်းရီမွန်း နန်းအေယိမ်း ဖြစ်ကြောင်း၊ ဓါးပြထံပါသွားသောရွှေမှာ ၁ ပိဿာကျော်ခန့်ရှိပြီး ကာလတန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁ ထောင်နီးပါးရှိကြောင်း ၄င်းကဆိုသည်။

"ဒီနေ့ ဓါးပြတိုက် တဲ့ အဖွဲ့ကတော်တော် ရဲတင်းတာပဲ ၊ မူစယ်ဈေးနေ့လဲဖြစ် ၊ နေ့ခင်းကြောင်တောင် ကြီးလဲဖြစ် နေသေးတယ်၊ ဓါးပြတိုက်ပြီးတော့ မိနစ် ၂၀ လောက်မှ ရဲတွေက ရောက်လာတာ ဘယ်ဖမ်းမိ မလဲ၊ ရွှေဆိုင်တိုင်း တော့ လုံခြုံရေးကင်မရာ(CCTV) တပ်ဆင်ထားကြတယ်။ ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင် ဓါးပြတိုက်ခံရတဲ့ ဆိုင်က (Memory card) ကို မနေ့ကပဲ အိမ်မှာကြည့်ဖို့ ဖြုတ်ထားပြီး ပြန်မတပ်ရသေး ဘူး၊ ဓါးပြက ဘယ်သူဘယ်ဝါဆို တာ ဘယ်မှတ်မိတော့မလဲ" ဟု  အခြားသောရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကြီး တစ်ဦး က ပြောသည်။

မူစယ်ခရိုင် တရုတ်နယ်စပ် ဂျေကောင်နှင့် ထိစပ်နေသောမြို့ ဖြစ်ပြီး ဓါးပြတိုက်မှု ၊လုယက်မှု နှင့် လူသတ် မှုတို့ သည် တစ်လ တစ်ကြိမ် ပုံမှန်ဖြစ်ပေါ်နေပြီး တရားခံများကို တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးအရေး ယူနိုင် ခြင်း မရှိကြောင်း ဒေသခံများကပြောပါသည်။

မြန်မာစစ်တပ် မိုင်းနင်းမိသေဆုံး ကျေးလက်ရွာသားများ ခြိမ်းခြောက်ရိုက်နှက်ခံရ

Posted: 02 Apr 2013 07:26 PM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ ကမိုင်းနင်း မိကာ သေကြေဒဏ်ရာရပြီးနောက် ဒေသခံလူထုအား တားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ ကြောင်းစုံစမ်းသိရှိရသည်။
MM  soldier
" မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်ကပေါ့။ တောနင်းတဲ့ နမ္မတူအခြေစိုက် ခမရ ၃၂၄ မိုင်းရင်ကား လမ်း နဲ့ ၉ မိုင်လောက်ဝေးတဲ့ ကောင်းခါးရွာနဲ့ ကောင်းဟုန်းရွာကြားမှာ မိုင်းနင်း မိတာ။ ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်သေတယ်" - ဟု နမ္မတူဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေသည်မှာ သုံးလေးရက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ်ကြောင်း ရွာသားများကပြောပါသည်။

၎င်းတို့၏ ဒဏ်ရာရရဲဘော်များနှင့် အလောင်းများသယ်ယူရန် ယာဉ်အခက်အခဲရှိသဖြင့် ထိုအနီးတဝိုက်၌ပင် မြေမြုပ်သဂြိုဟ် လိုက်ကြောင်းဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောပါသည်။

" သူတို့ ချောဆွဲဖို့ အဲဒီနားတဝိုက်ကရွာတွေမှာကားတွေထော်လာဂျီတွေကိုလိုက်ရှာတယ်။ မရှိဘူး။ ဆိုတော့သေဆုံး ရဲဘော် အလောင်းတွေကိုလဲဖြစ်သလိုဘဲ မြေမြုပ်လိုက်တယ်။ သူတို့က နားန ရွာမှာ အခြေချတာ။ ရခိုင်ပြည်နယ်မှာ ရှုပ်နေတုန်း အစိုးရတပ်က လိုင်ဇာကို ထိုးစစ်ဆင်တယ်။ အခုလဲ မိတ္ထိလာမှာ ရှုပ်နေတဲ့အချိန်နဲ့တိုက်ဆိုင်စွာ သျှမ်းတပ်ကိုတိုက်ခိုက်ဖို့ ဒါအကွက်ချ စီမံချက်ဖြစ်နိုင်တယ်လို့တောင်လူတွေပြောနေကြတယ်" ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ထိုနေ့တွင် နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စု ဘက်လှုပ်ရှားသည့် ကျောက်မဲမြို့ အခြေစိုက်တပ် ခမရ ၅၀၁  အင်အား ၅၀ ခန့်ကလည်း ဆိုက်ခေါင်အုပ်စု ပန်ဝိုးရွာအလွန် ၂ မိုင်ခန့်နေရာ၌ တိုက်ပွဲအတု ဆင်နွှဲကြောင်း၊ ကျေးလက်ရွာသားများ ထိခိုက်မှုမရှိသော်လည်း တောင်ယာဆင်းရန်အခက်ကြုံနေရကြောင်း ဆိုက်ခေါင်မှ ရပ်ရွာအကြီးအကဲတဦး ကပြောပါသည်။

၎င်းတို့သည် လက်နက်ကြီး ၆ လုံး  စက်သေနတ်များအား အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

"  အဲဒီအခင်းဖြစ်ပြီးနောက်တရက်မနက်ပိုင်း ဆိုက်ခေါင်အုပ်စုသားလက်သမား ၂ ယောက် စိုင်းထွန်းအေးနဲ့ စိုင်းလင်း မိုင်းရင်အုပ်စုဘက်အိမ်ဆောက်ဖို့အသွားမှာ အဲဒီ ၅၀၁ အဖွဲ့နဲ့တိုးတော့ တားဆီးစစ်ဆေးခံရတယ်။ သူတို့ ၂ ယောက်ကလဲ နားဟိုင်းရွာမှာ အိမ်သွားဆောက်ပေးမယ့်အကြောင်းပြောတော့ ဘာလူမျိုးလဲလို့ဆက်မေးတယ်တဲ့။ သျှမ်းပါ လို့လဲဖြေရော စိုင်းထွန်းအေးရဲ့ မျက်နှာကိုလှမ်းထိုးတော့တာဘဲ။ မျက်နှာမှာ အဖုအယောင်တွေခုထိ ရှိနေတုန်းဘဲ" ဟု ဒေသခံ စိုင်းအိုက် ကပြောသည်။

အဆိုပါ ဒေသဘက်တွင် လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထား သည်ဟု ဆိုသော်လည်း အစိုးရစစ်ကြောင်း မကြာခဏတိုက်ပွဲဖြစ်ပွား၏။ အဆိုပါတိုက်ပွဲအားအကြောင်းပြုပြီး ဒေသခံ လူထုလည်း လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်ခံရေဆဲ ဖြစ်သည်ဟု ဒေသခံ ကျားဖြူပါတီအကြီးအကဲတဦး ကပြောသည်။

မူစယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

Posted: 02 Apr 2013 07:25 PM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။

gold-market
စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူစယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ် ။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး " ဟု မြို့ခံတစ်ဦးက ဆိုသည် ။

၎င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီရုံး မူစယ်မြို့တွင် ဖွင့်လှစ်

Posted: 02 Apr 2013 07:24 PM PDT

ဦးအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီရုံးခန်းကို သျှမ်းပြည် (မြောက်ပိုင်း ) မူစယ်မြို့ စွမ်စော်ရပ်ကွက်တွင် မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။


၎င်းပါတီ ရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးအေးလွင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဟူ၍ ခေါင်းစဉ် နှစ်မျိုးဖြင့် ဖွင့် လှစ်ခဲ့ကြောင်း မူစယ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သူတို့က ခေါင်းစဉ်နှစ်မျိုးနဲ့ပေါ့နော်။ ပါတီအနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံ ရေး အဖွဲ့ချုပ် တစ်ခုက ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပေါ့နော်။ ၈၈ မျိုးဆက်ကတော့ အုပ်စုစည်းရုံးရေး ကော်မတီပေါ့။ တနင်္ဂနွေနေ့နံနက် ၁၀ နာရီမှာ ၁၀၅ မိုင်ကနေ  သီချင်းဖွင့်ပြီး ဆင်းလာပြီးတော့ မူစယ်မှာလာဖွင့် သွား တယ်" ဟု မြို့ခံက ပြောသည် ။

ဖွင့်ပွဲအခမ်းအနားသို့ မူစယ်မြို့ရှိ နိုင်ငံရေးပါတီများကို ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း တက်ရောက်သူ ဦးရေနည်းပါးပြီး မွတ်စလင်ဘာသာဝင်အများစု တက်ရောက်ခဲ့ကြောင်း သိရသည် ။

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

Posted: 03 Apr 2013 08:10 AM PDT

ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီ ယာများ

နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် အပန်းဖြေစခန်းများကို နိုင်ငံအနှံ့မှ လူရည်ချွန် ၅၀၀ ကျော်ဖြင့် ပုဂံ၊ အင်းလေးနှင့် ငွေဆောင်ကမ်းခြေတို့၌ ပြန်လည်ဖွင့်လှစ်

Posted: 02 Apr 2013 09:24 PM PDT

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် အပန်းဖြေ စခန်းများကို ဧပြီလ ၁ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၁၉၈၈ နောက်ပိုင်း ရပ်နားထားခဲ့သော ဘက်စုံထူးချွန်သော လူရည်ချွန်များကို ပြီးခဲ့သည့် ၂၀၁၂ -၂၀၁၃ ပညာသင်နှစ်အတွက် စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှ စုစုပေါင်းကျောင်းသူ၊ ကျောင်းသား ၅၁၀ အား ရွေးချယ်ခဲ့သည်။

ဗလီကျောင်းမီးလောင်မှု အဖြစ်မှန်စုံစမ်းဖို့ နိုင်ငံတကာတိုက်တွန်း

Posted: 02 Apr 2013 08:53 PM PDT

ကိုသားညွန့်ဦး02.04.2013မနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဗလီ စာသင်ကျောင်း မီးလောင်မှုမှာ သေဆုံးခဲ့သူတွေကို၊ မနေ့ကပဲ ရန်ကုန် ရေဝေး သုသာန်မှာ ဈာပန ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ရပ် အသေးစိတ်ကို အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ တဘက်မှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေချိန် အခုလို ဖြစ်ရပ်ကြောင့်၊ သံသယ ဖြစ်မှုတွေ မရှိအောင်

Burma News International - April 3, 2013

Burma News International

Burma News International
April 3, 2013

Expert warns against turning Shwe pipeline on while Kachin conflict continues

A leading oil security expert has weighed in on the potential dangers of operating twin gas and oil pipelines in northern Shan state while fighting between the Burma army and the Kachin Independence Army (KIA) is ongoing near the pipeline route.

RCSS/SSA appeal for the observation of terms outlined in cease-fire agreement with Myanmar government

The Restoration Council/Shan State Army(RCSS/SSA) sent an official letter to the Myanmar government asking them for clear demarcations of military controlled areas in the region after repeated clashes since a ceasefire was inked in December 2, 2011.

Burma army clashes with KIO in Shan state continue

The entrance of KIA's 4th Brigade headquarters in Loikang, Kutkai Township in northern Shan state.

Ta’ang celebrate literature and culture

Many people attended the 10th Ta’ang Literature Conference and  Shwe Phe Tea season festival in Mantung Township in northern Shan state.

Landmine kills Burma army soldiers, villagers threatened

According to SHAN sources, a Burmese unit from Light Infantry Battalion (LIB) 324 patrolling in Mong Yen tract, east of Namtu, northern Shan State, stepped on the landmines causing death and injuries.

HRW calls for govt to crackdown on instigators

In a report released on April 1, Human Rights Watch (HRW) has called for the Myanmar government to thoroughly investigate and punish those responsible for the recent riots in Meiktila and central Myanmar.

Investigation team formed to probe Yangon mosque fire

An investigation team has been formed by the Yangon Region Government to find out the exact cause of the fire that resulted in the deaths of 13 boys at the 48th Street Mosque on Tuesday.

Meiktila: Waiting to return home

In the week after shocking satellite images were released that showed the extent of the devastation in Meiktila following the riots, in which an estimated 41 people were killed and 12,000 displaced, some of the victims who lost their homes have spoken of how immediate aid is being provided, but say that what they really need is the opportunity to go back home.

Sustaining change in Myanmar

Myanmar owes much of its new-found success to President Thein Sein’s prioritized and action-oriented style of governance, says Indian analyst Col. R Hariharan. Photo: Ye Min / Mizzima

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြောသည်။

မတည်ငြိမ်မှု ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရခိုင် ၁၄ ဦး အရေးယူခံထားရ

မတ်လမှ စ၍ ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြမှုများ အပါအဝင် လတ်တလောမတည်ငြိမ်မှု ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရခိုင်အမျိုးသား အနည်းဆုံး ၁၄ ဦး အရေးယူခံထားရကြောင်း ရခိုင်လူမှုကွန်ယက် တာဝန်ရှိသူများ က ဆိုသည်။

သျှမ်းပါတီ ၂ ခုပူးပေါင်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း

သျှမ်းပါတီပေါင်းစည်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ မည်သူက ဘာတာဝန်ဆိုတာကိုလည်း ခွဲဝေထားပြီးဖြစ်ကြောင်း ယမန်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးအပြီး ကျားဖြူပါတီဝင်များတွေ့ဆုံစဉ် ပါတီဥက္ကဌဖြစ်သူ စိုင်းအိုက်ပေါင်း က ပြောသည်ဟုသိရပါသည်။

ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်ထွေးမြင့်သည် ဘုရားသုံးဆူမြို့ ရှိပါတီဝင်များကို ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကာဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့သည် ဟုသိရသည်။

ဖားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံသစ်များတည်ဆောက်ရေး ဒေသခံများမလိုလား

ကရင်ပြည်နယ်၊ဖားအံမြို့နယ်အတွင်း ဘိလပ်မြေ စက်ရုံသစ်များ တည်ဆောက်လာပါက ဒေသခံများ အတွက် စားဝတ်နေရေးအပြင် သဘာဝပတ်ဝန်းကျင် များကို ပါထိခိုက်လာနိုင်သဖြင့် ထပ်မဆောက်လုပ် ကြရန် ဒေသခံများ အနေဖြင့်သက်ဆိုင်ရာဌာနများသို့ တင်ပြမည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

တန်ဖိုးဖြတ်လို့ မရတဲ့ အကူအညီ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ကရင်နီဒုက္ခသည်စခန်း နှစ်ခုရှိပါတယ်။ မယ်ဟောင်ဆောင် မြို့ကနေ အမှတ် (၁) စခန်းကို ကားဖြင့်သွားလျှင် တနာရီလောက်တောင် မမောင်းရပါဘူး။ ဒါပေမဲ့ စခန်း (၂) ခါကျတော့ သုံးနာရီဝန်းကျင်လောက် သွားရပါတယ်။ တချိန်က စခန်း ၂ ခုအတွင်းမှာနေထိုင်တဲ့ ကရင်နီ ဒုက္ခသည်တွေဟာ စခန်းတခုနဲ့တခု အပြန်အလှန် ၀င်ထွက်သွားလာလို့ ရပါတယ်။

စာသင်ကျောင်းများရှိရာ ကျေးရွာတိုင်းသို့ ကျောင်းဆရာ/ မများ ကျောင်းတိုင်းစေ့ မရောက်နိုင်သေး

ကယားပြည်နယ်တွင် စာသင်ကျောင်းများရှိရာ ဝေးလံခေါင်ပါးတဲ့ ကျေးလက်ကျောင်းတိုင်းသို့ ကျောင်း ဆရာ/မများ ကျောင်း တိုင်းစေ့အောင် သွားရောက်တာဝန် မထမ်းဆောင်နိုင်သေးကြောင်း ကယားပြည်နယ် ဗမာတိုင်းရင်းသားဝန်ကြီး ဦးစိန်ဦး က ပြောပါတယ်။

ရှမ်းပြည်နယ်(မြောက်) ၌ KIA တပ်အား အစိုးရတပ်ဆက်လက် ထိုးစစ်ဆင်နေ

အစိုးရတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေသို့ ဆက်လက်၍ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[New post] စ စ်

Aung Htet posted: "အိုကေလင်း ဧပြီ ၃၊ ၂၀၁၃ စစ်ကြီးကဖြစ်ခဲ့တယ် အချစ်ရယ် အရွယ်ကောင်း ယောကျာ်း မိန်းမတွေ ရေကြည်ရာ မြက်နုရာ... စစ်တိုက်ထွက်ရာ... စစ်ကြီးကဖြစ်ခဲ့တယ် အချစ်ရယ် ပံျ့နှံ့နေတဲ့ ကမ္ဘာအရပ်ရပ် မြို့ကြီးများနောက်ခံ ငါတို့ဓါတ်ပုံများ တယ်လီဖုန်းထဲ ပိုက်ဆံနည်းနေပြီလား "

[New post] အစွမ်းလေး ပြပါဦး

Aung Htet posted: "ကာတွန်း - ဆလိုင်းစွမ်းပီ ဧပြီ ၃၊ ၂၀၁၃  "

[New post] Baby Only

Aung Htet posted: "ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၃၊ ၂၀၁၃ ကမ္ဘာမြေပြင်ပေါ်သို့ လူ့ဘဝအဖြစ် ရောက်ရှိလာခဲ့ပြီး မည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့် အချိန်၊ မည်သည့်အသက်အရွယ်တွင် ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားရမည်ကို မည်သူတစ်ဦးတစ် ယောက်မှ မသိရှိနိုင်ပေ။ အချို့သည် လူ့ဘဝသ"

[mrsorcerer:37780] မိတ္ထီလာမြို့ ဘာသာရေး၊ လူမျိုးရေး ပဋိဎက္ခများဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သော Fan Page တချို့နှင့် အင်အားကြီးမားသော ခရိုနီတချို့၏ သံသယဖြစ်ဖွယ် ဆက်နွယ်နေမှု



မိတ္ထီလာမြို့ ဘာသာရေး၊ လူမျိုးရေး ပဋိဎက္ခများဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သော Fan Page တချို့နှင့် အင်အားကြီးမားသော ခရိုနီတချို့၏ သံသယဖြစ်ဖွယ် ဆက်နွယ်နေမှု
===============

မိတ္တီလာမြို့ အရေးအခင်းဖြစ်နေစဉ်မှစပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ Fan Page များ၊ Media များကို စနစ်တကျ စောင့်ကြည့်လေ့လာပြီး၊ မကြီးထွားအောင် Activities များကို Post တင်သတိပေးခဲ့ပါတယ်၊

Fan Page များ၏ Post တခုချင်း Screen Shot များဖမ်းပြီး သိမ်းစီးထားသော်လဲ၊ မထိခိုက်သင့်သူတွေကို မထိခိုက်စေလိုသဖြင့် Shot အားလုံးကို Post အဖြစ်မတင်ပါ၊

Screen Shot များကိုပြန်လေ့လာ ကြည့်သောအခါ အံ့အားသင့်ဖွယ် "၉၆၉" ဘတ်စကားလိုင်း မေတ္တာလှိုင်းကို လှုံ့ဆော် Fan Page များမှ Promotion လုပ်သွားတာကိုပြန်စစ်ဆေး တွေ့ရှိခဲ့ပါတယ်၊

"၉၆၉" သည် ဘာသာရေး၊ လူမျိုးရေးကို ဦးတည်ထားသော်လည်း ၂၀၁၂ နှစ် နှစ်လည်ပိုင်းမှ စတင်လာခဲ့ပြီး ဘတ်စကားလိုင်းကြီးတခု ထောင်နိုင်သည်အထိ အင်အားကြီးထွားလာမှုကို အံ့ဩလာမိသည်၊

ထိုဘတ်စကားလိုင်းအကြောင်း စုံစမ်းသောအခါ မေတ္တာလှိုင်းဘတ်စကားလိုင်းမှာ ဘက်စုံမြင်ကွင်းကုမ္ပဏီ ဦးကျော်သီဟ ဦးဆောင်လုပ်ကိုင်နေသော ဘတ်စကားလိုင်းတခု အဖြစ်သိရပါတယ်၊

လှုံဆော် Fan Page များပါမက တပ်မတော် Website တခုဖြစ်သော မြဝတီ Site မှလဲ အထူး ကြော်ညှာပေးသွားတာ တွေ့ရပါတယ်၊

ကျန်တာတော့ ဆက်စပ်စဉ်းစားကြပါကုန်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)
>>> https://www.facebook.com/myanmarnationalmovementcomittee777?fref=pb <<<

ဗဟုသုတ ဟင်းပေါင်းအိုးကြီး
>>> https://www.facebook.com/photo.php?fbid=347861785330957&set=a.314647161985753.73088.308669855916817&type=1&theater <<<

၉၆၉ ဘတ်(စ်)ကားစီးလိုသူ ရန်ကုန်သူ/သားများအတွက်သတင်းကောင်း
>>> http://shannnews.blogspot.sg/2013/03/blog-post_3018.html <<<

သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၏ နည်းပညာ ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ကိုကျော်သီဟ (

MyanmarGateway ) မှ ရှင်းလင်းတင်ပြနေစဉ်။
>>> http://luthuorthan.blogspot.sg/2013/03/blog-post.html <<<

ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်သီဟမှ လှူဒါန်းရခြင်းအတွက်ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားစဉ် ။
>>> https://www.facebook.com/photo.php?fbid=564343133599358&set=a.564339393599732.1073741830.195013827198959&type=1&theater

<<<

မေတ္တာလှိုင်း ဘက်စုံမြင်ကွင်းကုမ္ပဏီ ဦးကျော်သီဟ နှင့် ဦးတေဇ(ထူး ကုမ္ပဏီ)၏ ဆက်နွယ်မှု
>>> http://airbagan.com/ma_dwe_myanmar_version.swf <<<

မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် အင်္ဂလန်နိုင်ငံမှ ငွေကြေးဒဏ်ခတ်မှု(၄)
>>> http://deyea.blogspot.sg/2008/10/blog-post_4314.html <<<

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 

http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] Facebook ဝင်လိုက်တိုင်း အဲလိုလေး ဖြစ်ဖြစ်နေလို့...

Posted: 03 Apr 2013 07:23 AM PDT

[Information & Technology Network] http://help.instagram.com/182492381886913/

Posted: 03 Apr 2013 07:11 AM PDT

[Information & Technology Network] အစ်ကိုတို့ ရေ mozilla ကို vesrion မြှင့်လိုက်တာ...

Posted: 03 Apr 2013 04:02 AM PDT

[Information & Technology Network]ိDota play ချင်လို့ warcraft 3 ရယ်..frozenthrome...

Posted: 03 Apr 2013 02:08 AM PDT

Mg Zaw Min Soe added a new photo to the album Timeline Photos

Posted: 03 Apr 2013 02:04 AM PDT

[Information & Technology Network] USB 2.0 မှာ Data Transfer Rate က 480 Mbit/s ရှိပြီး

Posted: 03 Apr 2013 01:29 AM PDT

[Information & Technology Network] အောင်ကျော်ခိုင်(ပုသိမ်): Mozilla Firefox 20.0

Posted: 02 Apr 2013 11:10 PM PDT

[Information & Technology Network] အဲ.လို ဖြစ်ရင် ဘယ် လို လုပ် ရ မလဲ Brother တို.ေ၇...

Posted: 02 Apr 2013 10:24 PM PDT

[Information & Technology Network] အောင်ကျော်ခိုင်(ပုသိမ်): Facebook ကို ဘယ်လိုဟက်မလဲ?- ပထမပိုင်း

Posted: 02 Apr 2013 10:19 PM PDT

[Information & Technology Network] including home-service too. let me know if u need...

Posted: 02 Apr 2013 06:03 PM PDT

Top news for Moses C.: The Mental Shift That Can Change Everything at Work, And Beyond

Posted: 02 Apr 2013 05:26 PM PDT

[Information & Technology Network] Luxand Blink လိုမျိုး ၀င်းဒိုးကိုတက်တဲ့အခါမှာ

Posted: 02 Apr 2013 04:26 PM PDT

Tin Aung Linn's new skill, and other updates from your network

Posted: 02 Apr 2013 03:30 PM PDT

[Information & Technology Network] Sun MicroSystems Sun Blade 2500 Server Computer...

Posted: 02 Apr 2013 12:46 PM PDT

[Information & Technology Network] ဒီ Group နဲ့တော့မဆိုင်ပါဘူ။ ဒါပေမယ့်...

Posted: 02 Apr 2013 12:32 PM PDT

[Information & Technology Network] ပျင်းလိုက်တာနော်။ ဦးဇင်းကလဲ တီဗွီထဲက ဘ၀ချမ်းသာ...

Posted: 02 Apr 2013 11:59 AM PDT

[Information & Technology Network] glaxy ace gt5830 ဖုန်းမှာmobile network...

Posted: 02 Apr 2013 10:40 AM PDT

[Information & Technology Network] glaxy ace gt5830 ဖုန်းမှာmobile network...

Posted: 02 Apr 2013 10:39 AM PDT

[Information & Technology Network] Warranty 1 Year ပေးထားတဲ့ China Mother Board ကို...

Posted: 02 Apr 2013 09:14 AM PDT

Tweets from deepthroat, ゆうき まさみ, and 6 others

Posted: 02 Apr 2013 08:14 AM PDT

[Information & Technology Network] Gmail ဖွင့်လိုက်တိုင်း code 310 error...

Posted: 02 Apr 2013 08:03 AM PDT